title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သင့်ခန္ဓာကိုယ်အပေါ် ကဖိန်းရဲ့ သက်ရောက်မှု
များသောအားဖြင့် လူသားများရဲ့ တနေ့တာ စအဖွင့်မှာကော်ဖီဟာ မပါမဖြစ်ပါကြပါတယ်။ ကော်ဖီမှာကဖိန်းဓာတ်အဓိက ပါဝင်ပြီး သောက်သုံးသူများကို တက်ကြွလန်းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်စေတဲ့ အာနိသင်ရှိပြီးကိုယ်ခန္ဓာအပေါ် သက်ရောက်စေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ကဖိန်းမှာ သူ့ချည်းသက်သက်ဆိုရင် အာဟာရတန်ဖိုး မရှိပါဘူး။ ဒါပေမယ့် ပမာဏနည်းနည်းပါဝင်ရုံနဲ့ သင့်ကို စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကဖိန်းများများ သောက်သုံးမိရင် မသောက်ရမနေနိုင်ဖြစ်သလို ကြုံလာရပါတယ်။ သုတေသနလေ့လာချက်များအရ အရွယ်ရောက်ပြီး ကျန်းမာသူတယောက်ဟာ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိ ဘေးကင်းစိတ်ချစွာ သောက်သုံးနိုင်ပါတယ်။ ပုံမှန် ကော်ဖီတခွက်ဆိုရင် ၈အောင်စ ပါဝင်ပါတယ်။သင်ဟာ ကော်ဖီကို နေ့တိုင်းသောက်သွားမယ်ဆိုရင် သင့်ကိုယ်ခန္ဓာဟာ ကဖိန်းဓာတ်ကို ယဉ်ပါးသွားပါပြီ။ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအဆ၊ တကိုယ်ရေကျန်းမာရေး စတာတွေပေါ်မူတည်ပြီး ကဖိန်းစွဲလန်းခြင်း ဖြစ်ပေါ်လာပါတယ်။ တကယ်လို့ ကဖိန်းဓာတ်ကို လျှော့ချချင်တယ်ဆိုရင် ကော်ဖီသောက်သုံးမှုကို ဖြည်းဖြည်းချင်းပဲ လျှော့ချသင့်ပါတယ်။ကဖိန်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ဦးနှောက်ဆီရောက်သွားရင် သင့်ကို နိုးကြားလာစေပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေအတွက် ပေးတဲ့ဆေးဝါးတွေမှာလည်း ကဖိန်းဟာ တစိတ်တပိုင်း ပါဝင်ပါတယ်။သုတေသနတွေအရ ကော်ဖီကို နေ့စဉ်သောက်သုံးသူတွေမှာ အယ်လ်ဇိုင်းမားနဲ့ အတိတ်မေ့ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကဖိန်းများများ သောက်သုံးရင်တော့ ခေါင်းကိုက်တတ်ပါတယ်။ ဒါဟာ ကဖိန်းစွဲလန်းမှုနဲ့ ဆိုင်ပါတယ်။ ဦးနှောက်ထဲက သွေးကြောတွေဟာ ကဖိန်းရဲ့ အာနိသင်ကို ယဉ်ပါးနေရာကနေ ရုတ်တရက် သုံးစွဲခြင်း ရပ်တန့်လိုက်တဲ့အခါခေါင်းကိုက်ခြင်းဖြစ်စေပါတယ်။– စိတ်ပူပန်ခြင်း။– ကသိကအောင့်ဖြစ်ခြင်း။– အိပ်ငိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ တခါတရံ ခြေတုန်လက်တုန်ခြင်းပါ ဖြစ်စေတတ်ပါတယ်။တခါတရံမှာ ကဖိန်းဓာတ်လွန်ကဲခြင်းလည်း ဖြစ်စေတတ်ပါတယ်။ ကဖိန်းလွန်ကဲခြင်းလက္ခဏာတွေကတော့။– စိတ်ရှုပ်ထွေးခြင်း။– အာရုံမှောက်မှားခြင်း။– အန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ကဖိန်းလွန်ကဲလွန်းရင် တက်တတ်ပြီး သေဆုံးခြင်းထိပါ ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။ ကဖိန်းလွန်ကဲလွန်းရင် ဖြစ်တတ်ပြီး စွမ်းအားဖြည့်အချိုရည်၊ ဆေးပြားတွေ သုံးစွဲခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိတော့ သုံးစွဲနိုင်ပါတယ်။ ဒါဟာ ကော်ဖီလေးခွက်စာလောက်နဲ့ ညီမျှပါတယ်။ကဖိန်းဟာ အစာအိမ်ထဲက အက်ဆစ်ပမာဏကို မြင့်တက်စေပါတယ်။ အစာမကြေ ရင်ပူခြင်း၊ အစာအိမ်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ကဖိန်းကို ခန္ဓာကိုယ်ထဲမှာ အပိုဆောင်းတော့ သိုလှောင်ခြင်း မရှိပါဘူး။ အသည်းထဲကို ဝင်ရောက်ပြီး ဆီးကနေပြန်စွန့်ထုတ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးချိန်မှာ ဆီးရွှင်တတ်ပါတယ်။ တကယ်လို့ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်း စတာတွေ ဖြစ်ပွားနေရင်တော့ ကော်ဖီသောက်ခြင်း၊ ကဖိန်းသုံးစွဲခြင်းများ မပြုသင့်ပါဘူး။ကဖိန်းကို အစာအိမ်ကနေ စုပ်ယူသွားပြီး တနာရီ နှစ်နာရီအတွင်း သွေးကြောထဲမှာ အမြင့်ဆုံးကို ရောက်လာပါတယ်။ ကဖိန်းဟာ သွေးပေါင်ချိန်ကို ခဏတာ မြင့်တက်စေပါတယ်။ ဒါဟာ အဒရီနယ်လင်ကို မြင့်တက်စေခြင်း၊ သွေးကြောကို သဘာဝအလျောက် ကျယ်စေတဲ့ ဟော်မုန်းကို ယာယီပိတ်ဆို့ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။လူအများစုမှာတော့ သွေးပေါင်ချိန်အပေါ် ရေရှည်သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် နှလုံးခုန်တဲ့ စည်းချက်ကိုတော့ သက်ရောက်မှုရှိပါတယ်။ နှလုံးခုန်မြန်စေပါတယ်။ တကယ်လို့ သွေးတိုးခြင်းနဲ့ တခြားနှလုံးပြဿနာတွေ ရှိနေရင် ကဖိန်းသုံးစွဲခြင်း မပြုသင့်ပါဘူး။ကဖိန်းဓာတ် အလွန်အကျွံသုံးစွဲမိရင် နှလုံးခုန်မြန်ခြင်း၊ စည်းချက်မမှန်ခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကဖိန်းများများသုံးစွဲရင် ကယ်လ်ဆီယမ်စုပ်ယူမှုနဲ့ ဇီဝဖြစ်ပျက်မှုပေါ် ထိခိုက်စေပါတယ်။ အရိုးပွခြင်းကို ဦးတည်စေနိုင်ပါတယ်။ ဒါ့အပြင် ကြွက်တက်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ ကြွက်သားများ နာကျင်ကိုက်ခဲစေပါတယ်။ကဖိန်းဟာ သွေးကြောထဲကတဆင့် အချင်းကို ဖြတ်သန်းသွားနိုင်ပါတယ်။ ကဖိန်းဟာ အာရုံကြောလှုံ့ဆော်တဲ့အရာဖြစ်တာမို့ ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ကဖိန်းဓာတ်လွန်ကဲလွန်းရင် ကလေးရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးစေပြီး ပျက်ကျစေခြင်းလည်း ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ ကဖိန်းကို တနေ့တာမှာ ၂၀၀ မီလီဂရမ်နဲ့ ၃၀၀ မီလီဂရမ်ကြားပဲ သုံးစွဲသင့်ကြောင်း သိရပါတယ်။ ကဖိန်းလွန်ကဲရင် အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းကို အနှောက်အယှက်ဖြစ်စေပြီး သန္ဓေအောင်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-%e1%80%80%e1%80%96%e1%80%ad/
ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ
ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ……. ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင်တော်တော်လေးနေရခက်ကြပါတယ်။ ခေါင်းနားကပ်တိုင်း အနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကို သတိထားမိတာက ကိုယ်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဘေးနားက သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ခေါင်းက နံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်က နံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင် အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်က နံတာမဟုတ်ဘဲ ဦးရေပြားက အနံ့ထွက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ …… ခေါင်းချွေးနံရတဲ့ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်း(၈)ခုကို ဖော်ပြလိုက်ပါတယ်။(၁) ခေါင်းမှန်မှန်မလျှော်ခြင်း။ခေါင်းမလျှော်ဘဲနေလေဦးရေပြားမှာ အဆီတွေ ပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီး အနံ့ဆိုးတွေဖြစ်လာစေပါတယ်။(၂) ခေါင်းခဏခဏလျှော်ခြင်း။ခေါင်းလျှော်တယ်ဆိုပေမယ့် ခဏခဏလျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်း သုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင်မှာရှိတဲ့ သဘာဝအဆီဓာတ်တွေ ခမ်းခြောက်စေတာကြောင့် ဦးရေပြားက အဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာ အဆီတွေ ပိုပြန်လာမယ်၊ ချွေးတွေပိုထွက်မယ်၊ အနံပိုထွက်လာပါလိမ့်မယ်။(၃) ဆံသားအလှကုန်တွေနဲ့ ဓာတ်ပြုခြင်း။တချို့အလှကုန်တွေက သင့်ခေါင်းက သဘာဝအဆီတွေနဲ့ မကောင်းတဲ့ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။ခေါင်းလျှော်ရည်သို့မဟုတ် ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်က အနံ့ဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။(၄) ဆံသားအနံ့ပြင်းလက္ခဏာ(SHS)။ဦးရေပြားမှာ ချွေးနဲ့ အဆီဂလင်းတွေ လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ SHS လက္ခဏာ ဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ ချွေးတွေထွက်တာ များလွန်းရင် အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင်ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကို ဖြစ်စေပါတယ်။(၅) မှိုပိုးဝင်ခြင်း။တစ်ခါတလေ အဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကို အနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကို tinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။(၆) ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်။ဦးခေါင်းမှာရှိတဲ့ apocrine ချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကို ထွက်ရှိစေတတ်ပါတယ်။ အဲဒီချွေးတွေက ဦးရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတဲ့အခါ အနံ့ဆိုးထွက်စေပါတယ်။ ဘက်တီးရီးယားတွေကို သေစေတာ ကောင်းပါတယ်။ အနံ့ဆိုးမထွက်အောင်တော့ ခေါင်းပုံမှန်လျှော်ပေးရပါမယ်။(၇) စိတ်ဖိစီးမှု။စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာ အဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။(၈) အစားအသောက်ကြောင့်။ဦးရေပြားအနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့ ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။ ကိုယ်စားသုံးတဲ့ အစာအာဟာရထဲမှာ တဆေးပါဝင်မှုလွန်ကဲနေရင်လည်း ဖြစ်နိုင်ပါတယ်။ တဆေးစားသုံးမိတာများရင် သိသိသာသာချဉ်စုပ်တဲ့ အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့အစားအစာ ဘယ်ပမာဏလောက်စားမိသလဲ သတိထားကြည့်ပြီးလျှော့စားရင် အနံ့အသက်လျော့ပါးစေနိုင်ပါတယ်။အနံ့အသက်ထွက်နေတဲ့ ဦးရေပြားနဲ့ ဆံသားကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/why-your-scalp-so-smelly/
ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး
ဖရဲသီးလို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေကကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ။ရေဓာတ်၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက။ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီးခန္ဓာကိုယ်အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဖရဲသီး အဝါမှာဗီတာမင် Aနဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီးဖျားနာမှုကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီးသွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် Aအမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေး အဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့အာဟာရဓာတ်တွေပါဝင်နေပါတယ်။အရိုး သိပ်သည်းဆကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/yellow-watermelon-nutritional-content/
အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။
ကလေးပြုစုစောင့်ရှောက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေးတွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းပါတယ်။ ဒါ‌ကြောင့် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို ရေးမှတ်ထားသင့်ပါတယ်။တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်ကြိုတောင်းပြီးကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း ကြိုတင်ပြင်ဆင်မှုရှိထားတာက ကလေးတွေကို ထိန်းတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူ ဖြစ်စေမှာပါ။၂။ ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း နို့တိုက်နိုင်အောင် ကြိုးစားပါ။တစ်ယောက်တစ်ခါ မိခင်နို့ကို တိုက်နေမယ်ဆိုရင် ကလေးတွေ အသက် ၆လ မပြည့်မီအထိ တစ်ယောက်ကို တစ်နေ့ ပျှမ်းမျှ ၇ကြိမ်၊ ရှစ်ကြိမ်လောက် နဲ့ နှစ်ယောက်ဆိုတော့ အကြိမ်၂၀ နီးပါး (တစ်ခါတိုက်ရင် အနည်းဆုံး၁၅ မိနစ်မှ ၃၀ မိနစ်ထိ) ဆိုတော့ တစ်နေကုန်နို့တိုက်ရင်း အချိန်ကုန်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနှစ်ယောက်လုံးကို နို့တစ်ဖက်စီမှာတစ်ခါတည်း တိုက်နိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။၃။ ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက် သိပ်နိုင်အောင် နည်းလမ်းတွေ ရှာဖွေပါ။ဥပမာ- ပုခက်ထဲတည့်ပြီး သိပ်ခြင်း၊ ချီပြီးသိပ်ခြင်း၊ တွန်းလှဲလေးနဲ့ တွန်းပေးခြင်း၊ ခြင်းတောင်းလေးထဲ အတူတူထည့်ပြီး သိပ်ခြင်း၊ သီချင်းဆိုပြခြင်း စတဲ့ နည်းလမ်းတွေကို ကြိုတင်လေ့လာပြီး သူတို့နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် နည်းလမ်းကို တဖြည်းဖြည်း သိလာအောင် ကြိုးစားသင့်ပါတယ်။၄။ ကလေးကို ထိန်းပေးဖို့ အခြားသူတွေဆီက ကူအညီယူပါ။အထူးသဖြင့် အမြွှာမွေးထားတဲ့အခါမှာ မိခင်တစ်ယောက်တည်း ပြုစုစောင့်ရှောက်တာထက် အဖေရော၊ အဘိုးအဘွားတွေနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေထံကပါ အကူအညီရယူသင့်ပါတယ်။ ကလေးမွေးထားတဲ့ မိခင်အနေနဲ့ ကျန်းမာရေးအတွက်လည်း အထိုက်အလျောက် အနားယူသင့်တာကြောင့် မိခင်တစ်ယောက်တည်း ကလေးကို ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ပါဘူး။ဒါ့ကြောင့် အဖေအပါအဝင်၊ အဘိုးအဘွားတွေ နဲ့ ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေကလည်း ကလေးနဲ့ ကစားပေးတာ၊ ကြည့်ရှုပေးတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ အခြား အိမ်မှုကိစ္စတွေအတွက်လည်း မိဘဆွေမျိုး မိတ်ဆွေတွေကို အကူညီတောင်းသင့်ပါတယ်။၅။ မိမိအတွက်လည်း ကိုယ်ပိုင်နားနေချိန် သတ်မှတ်ထားပါ။မိခင်က ကျန်းမာ ပျော်ရွှင်နေမှ ကလေးလေးတွေကို ကောင်းကောင်း ပြုစုနိုင်မှာ ဖြစ်တာကြောင့် ကလေးနှစ်ယောက်နဲ့ အလုပ်များတာမှန်ပေမယ့် မိမိကိုယ်ပိုင် အနားယူဖို့လည်း အချိန် တစ်ခု သတ်မှတ်ထားသင့်ပါတယ်။၆။ တစ်ယောက်ချင်းစီအတွက် သတ်သတ်မှတ်မှတ် အချိန်ပေးပါ။အမြွှာဆိုပေမယ့် မတူနိုင်တဲ့ အချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ နှစ်ယောက်လုံးကို တူတူပဲလို့ သတ်မှတ်ပြီး အမြဲအတူတူ အချိန်ပေးတာမျိုးထက် တစ်ယောက်ချင်းစီကို အချိန်တစ်ခု သတ်သတ်မှတ်မှတ် ထားပေးသင့်ပါတယ်။ သူတို့ စိတ်ဝင်စားတာလေးတွေကို သင်ကြားပေး၊ လုပ်ဆောင်ပေးသင့်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စိတ်ပါဝင်စားမှုနဲ့ အရည်အချင်းတွေကို အသိမှတ်ပြုပေးသင့်ပါတယ်။၇။ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်တာမျိုး မလုပ်မိပါစေနဲ့။တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားဖွံ့ဖြိုးလာနိုင်တဲ့ နှုန်းထားတွေ မတူညီနိုင်ပါဘူး။ တစ်ယောက်က ဒါလုပ်နိုင်ပေမယ့် နောက်တစ်ယောက်က လုပ်နိုင်ချင်မှ လုပ်နိုင်မယ်ဆိုတာကို နားလည်ထားရမှာပါ။ အမြွှာဆိုပြီး နှစ်ယောက်လုံးကို အတူတူပဲ ဖြစ်ရမယ်လို့ မုချ တွေးထားလို့မရပါဘူး။မွေးစမို့လို့ မသိနိုင်လောက်ဘူးထင်ပေမယ့် ငယ်ဘဝမှာ ဒီလိုနှိုင်းယှဉ်ပြီး ပြောလိုက်ခြင်းဟာ ကလေးငယ်ကို အားငယ်စေပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနှစ်ယောက်ကို တစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဉ်ပြီး မပြောမိဖို့က အရေးကြီးပါတယ်။၈။ ကိုယ်ပိုင် ပစ္စည်းလေးတွေ ထားပေးပါ။နှစ်ယောက်လုံးကို ဘုံ ပစ္စည်းတွေ ထားပေးတာထက် ကိုယ်ပိုင်အဝတ်အစား၊ အရုပ်၊ စာအုပ် သပ်သပ်စီ ပေးထားသင့်ပါတယ်။ ကလေးတိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်နာမည်နဲ့ ပစ္စည်းလေးတွေ ရှိခြင်းက သူတို့ကို အားတစ်ခု ဖြစ်စေနိုင်ပါတယ်။၉။ တစ်ယောက်ချင်းစီကို အားပေး ချီးမြှောက်ပါ။တစ်ယောက်ချင်းစီကို “တော်လိုက်တာ” “ လိမ္မာလိုက်တာ” “လုပ်နိုင်ပါတယ်” စတဲ့ချီးကျူးစကားလေးတွေကို ပြောပေးသင့်ပါတယ်။ ကလေးတိုင်းက သူတို့ကို အားပေး ချီးမွမ်းတဲ့ စကားလေးတွေကို လိုအပ်ပါတယ်။ အပြစ်တင်တဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ စကားတွေက သူတို့ကို ထိခိုက်အားငယ်စေပြီး၊ လုပ်နိုင်တဲ့ စွမ်းရည်တွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် “ဒါလေးတောင် မလုပ်နိုင်ဘူးလား” “ မှားပြန်ပီလား” ဆိုတာမျိုးထက် “လုပ်နိုင်မှာပါ” “ထပ်လုပ်ကြည့်ပါဦး”  စတဲ့ ကောင်းတဲ့ စကားလေးတွေ သုံးပေးသင့်ပါတယ်။ဒီဆောင်းပါးလေးက နည်းလမ်းလေးတွေကို ဖတ်ပြီး အမြွှာလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးလေးတွေကိုအကောင်းဆုံးပြုစု ပျိုးထောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-take-care-of-baby-twins/
Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )
Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ သည် အဆုတ်အားရောဂါပိုးကူးစက်မှုတစ်မျိုးဖြစ်သည်။ ဤ ရောဂါသည် Mycoplasma pneumoniae ကြောင့် ဖြစ်ပွား ပါသည်။ ဤရောဂါသည် ထုံးစံမဟုတ်သော အဆုတ်ရောင် ခြင်းတစ်မျိုးဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အခြား ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော အဆုတ် ရောင်ခြင်း၏ ရောဂါလက္ခဏာများ ရှိသောကြောင့် ဖြစ်ပါ သည်။ဤရောဂါသည် အသက်၄၀ အောက်လူများတွင် အဖြစ် များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါလက္ခဏာများသည် မပြင်းထန်ပါ။ ရောဂါပိုး ကူးစက်ပြီး ၂-၃ပတ်အကြာတွင် စတင်ပါသည်။ အဖြစ်များ သော ရောဂါလက္ခဏာများမှာ-။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ရောဂါလက္ခဏာများ ဆက်လက်တည်ရှိနေပါက၊ သက် သာမလာပါက ဆရာဝန်ခေါ်ပါ သို့မဟုတ် ဆေးရုံသို့ သွားပါ။ ရောဂါ အခြေအနေသည် လူအများတွင်ကွဲပြားနိုင်ပါသည်။ ရောဂါအဖြေရှာမှုများ၊ ကုသမှုများပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံးကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ရောဂါရှိသောသူ ချောင်းဆိုးသောအခါ ထွက်လာသော အမှုန်များကို ရှူမိခြင်းဖြင့် ရောဂါကူးစက်နိုင်ပါသည်။ တံတွေး တွင် Mycoplasma pneumoniae ဟုခေါ်သော ဘတ်တီးရီး ယားတစ်မျိုး ပါလာပါသည်။ Mycoplasma ကြောင့်ဖြစ်သော ကူးစက်မှုသည် မိသားစု၊ ကျောင်း သို့မဟုတ် အလုပ်ခွင် ကဲ့ သို့ ကျဉ်းမြောင်းသော နေရာတွင် နေထိုင်သော သို့မဟုတ် အလုပ်လုပ်သော လူများတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင် ပါသည်။လက်ရှိတွင် Mycoplasma ကြောင့်ဖြစ်သော အဆုတ် ရောင်ရောဂါဖြစ်နိုင်ချေကို မြင့်စေသောအချက်များအား အတိ အကျသတ်မှတ်ရန် လုံလောက်သော သတင်းအချက် အလက် မရှိသေးပါ။သို့သော်လည်း ကိုယ်ခံအားစနစ် အား နည်းသောသူများသည် ရောဂါဖြစ်နိုင်ချေ မြင့်ပါသည်။ လူ ထူထပ်သော နေရာများတွင် နေထိုင်သူများသည်လည်း ရောဂါ ကူးစက်လွယ်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် ဆေးစစ်ချက် အဖြေတို့မှ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါလိမ့်မည်။ ဆရာဝန်သည် ရောဂါဆိုးရွားမှုကို သိရှိရန် ဓါတ်မှန်ရိုက်ခြင်း၊ ရင်ဘတ်အား CT scan ရိုက်ခြင်း၊ သွေးစစ်ခြင်း နှင့် တံတွေး စစ်ခြင်းတို့လုပ်ရန် ညွှန်ကြားပါမည်။ ပိုပြင်းထန်သော ကိစ္စ များတွင် ဆရာဝန်သည် ရောဂါကို ပို၍တိကျစွာ အဖြေရှာနိုင် ရန် အဆုတ် တစ်ရှူးစယူခြင်းကို လုပ်ဆောင်နိုင်ပါသည်။Aspirin, စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေး များ (NSAIDs, ibuprofen or naproxen) သို့မဟုတ် acetaminophen တို့သောက်သုံးနိုင်ပါသည်။ သို့သော်လည်း aspirin သည် ကလေးငယ်များတွင် ဆရာဝန်အား တိုင်ပင် ပြီးမှသာ သုံးစွဲသင့်ပါသည်။ ရောဂါသက်သာစေရန် အနားယူ ခြင်း၊ အရည်များများသောက်ခြင်း ပြုလုပ်ပါ။အိမ်တွင်ကုသမှုခံယူပြီး မသက်သာပါက ဆေးရုံသို့ သွားရန် လိုအပ်ပါသည်။ ဆရာဝန်သည် ပဋိဇီဝဆေး ထိုးသွင်းခြင်း နှင့် အောက်စီဂျင် သွင်းခြင်းတို့ကို ပြုလုပ်နိုင် ပါသည်။ (ရောဂါပြင်းထန်လာသောအခါ)။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်း များရှိပါက သင့်အတွက် သင့်တော်သော အဖြေ ရှာဖွေနိုင် ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/pneumonia/mycoplasma-pneumonia-mycoplasma-%e1%80%80%e1%80%95%e1%80%b9%e1%80%95%e1%80%ab%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8-%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb/
မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား
တော်တော်များများက မနက်ခင်းရေချိုး ရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်း ရေစောစောချိုးတာက ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့စေလို့ ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေ ဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့် မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုး တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ ချိုးသင့်ပါတယ်။ အချို့က မနက်ခင်းရေချိုးရတာ နှစ်သက်ပြီး အချို့ကတော့ ညပိုင်းချိုးရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ ရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကို ရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။မနက်ခင်းရေချိုးရင် အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အပြည့်အဝမမှန်ပါဘူး။ မနက်ခင်းမှာ ရေအေးအေးလေးချိုးလိုက်တာက စိတ်ရောလူပါ လန်းဆန်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာဖြစ်စေပါတယ်။မနက်ခင်းရေချိုး တာကနေ ရရှိနိုင်မယ့် နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ခန္ဓာကိုယ်ကို သန့်ရှင်းစေတာပါ။ ညဘက်မှာ ချွေးတွေ၊ Skin careတွေ လိမ်းပြီး အိပ်ထားတာဆိုတော့ မနက်ပိုင်းမှာ ရေချိုးလိုက်ရင် ခန္ဓာကိုယ်ကသန့်ပြီး နေလို့ ကောင်းမှာ ဖြစ်ပါတယ်။မနက်ခင်း စောစောမှာ ရေချိုး ပေးတာက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်အောင် အထောက်အကူ ပေးပါတယ်။ လေ့လာမှု အချို့အရ မနက်ခင်းမှာ ရေအေးအေးလေးနဲ့ ချိုးပေးတာက သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။ညဘက်မှာ ခန္ဓာကိုယ်ကို ခွေခေါက်ပြီး အိပ်တာ၊ အိပ်တာ ပုံစံမကျတာ ရှိရင် မနက်ကျရင် ကြွက်သားတွေ တင်းပြီး နာနေမှာပါ။ ‌မနက်ခင်းမှာ ရေကြက်သီးနွေးနဲ့ ရေချိုးလိုက်တာက ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။မနက်ခင်းရေချိုး ပေးတာက ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ညဘက်မှာ မလှုပ်မယှက် အကြာကြီး လှဲနေတဲ့အတွက် အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ် သွေးလည်ပတ်မှုက သိပ်မကောင်းဘဲ ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မနက်ခင်းစောစောမှာ ရေချိုးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က သက်သောင့်သက်သာ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာ ဖြစ်ပါတယ်။မနက်ခင်းရေချိုး တာက ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း နေ့စဉ် ရေချိုးပေးမယ်ဆိုရင် အသားအရေကို ကောင်းမွန်စေပြီး ခြောက်သွေ့မှု ကင်းစင်စေမှာလည်း ဖြစ်ပါတယ်။ မနက်ခင်းမှာရေအေးနဲ့ ရေချိုးပေးတာက မျက်ကွင်းညိုတာနဲ့ မျက်နှာ အသားအရ မညီညာတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာ ရေချိုးတာက ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်ပြီး ခြောက်သွ့ကွဲအက်တာတွေကနေ ကင်းဝေးစေမှာ သေချာပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/benefits-of-early-morning-shower/
Influenza (တုပ်ကွေးမိခြင်း )
တုပ်ကွေး ဆိုသည်မှာ အဖြစ်များသော အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ နှစ်စဉ် တုပ်ကွေးဖြစ်မှုပေါင်း ၁၀-၁၅ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂၅၀၀၀၀- ၅၀၀၀၀၀ လောက် ရောဂါခံစားနေကြပါသည်။ တုပ်ကွေးသည် လျင်မြန်စွာ စတင်ဖြစ်ပွားပြီး ၇-၁၀ ရက် အတွင်း ပျောက်သွားနိုင်ပါသည်။ သို့သော် အဆင့်မြင့်သော တုပ်ကွေးရောဂါပိုး ကူးစက်သောသူများတွင် အန္တရာယ် ရှိနိုင်ပါသည်။လူအတော်အများတွင် တုပ်ကွေးသည် ရုတ်တရက် စဖြစ်တတ်ပြီး ၇-၁၀ လောက် ကြာကာ ပျောက်ကင်း သွား ပါသည်။ လူအများစုသည် လုံးဝပြန်လည်ကျန်းမာလာပါသည်။ သို့သော်လည်း အသက်ကြီးသူများ၊ ကလေးငယ်များနှင့် ကိုယ်ခံအား အားနည်းသူများတွင် ပြင်းထန်နိုင်ပြီး ဆိုးကျိုးများကြောင့် သေဆုံးနိုင်ပါသည်။တုပ်ကွေးသည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်နှစ်လျှင် တုပ်ကွေး အနည်းဆုံး ၂-၃ ခါဖြစ်နိုင်ပြီး ကလေးများတွင် တစ်နှစ်လျှင် အနည်းဆုံး ၆-၇ ခါ ဖြစ်နိုင် ပါသည်။ တုပ်ကွေးသည် ဆောင်းဦးရာသီတွင် အဖြစ်အများ ဆုံးဖြစ်ပါသည်။ တုပ်ကွေးရာသီဟု ခေါ်ပါသည်။တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ပြီး ၂၄-၄၈ နာရီအတွင်း တုပ်ကွေး၏ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ ရောဂါလက္ခဏာများသည် ၃-၅ ရက်ကြာနိုင်ပါသည်။ တုပ်ကွေး၏ ရောဂါလက္ခဏာအချို့မှာ-။အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်တွင် တုပ်ကွေးလက္ခဏာများ ရှိပါက ဆရာဝန် နှင့် ချက်ချင်း ဆက်သွယ်ပါ။ ရောဂါလက္ခဏာများကို စသတိပြုမိပြီး ၄၈နာရီ အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ သောက်ခြင်းသည် အဖျားရှည်ခြင်းကို လျှော့ချပေးပြီး ပြင်းထန်သော ပြဿနာများကို ကာကွယ်ရန် ကူညီပေးပါသည်။တုပ်ကွေးသည်ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်များကို အမျိုးအစား A, B, C ဟု ခွဲခြားထားပါသည်။ အမျိုးအစား A သည် အဖြစ်အများဆုံးဖြစ်ပါသည်။ အခြား တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားများမှာ ဝက်တုပ်ကွေး (H1N1), ငှက်တုပ်ကွေး (H5N1,H7N9) အစရှိသည်တို့ ဖြစ်ပါသည်။ဗိုင်းရပ်စ်ပါသော အမှုန်အမွှားများကို ရှူမိခြင်းဖြင့် တုပ်ကွေးကူးခံရပါသည်။ ရောဂါပိုးရှိသော ပစ္စည်း သို့မဟုတ် တိရစ္ဆာန် ကို ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်များ ကူးစက်ခံရပါသည်။ တုပ်ကွေး ဗိုင်းရပ်စ်သည် ကူးစက်ခံရသောသူ ချောင်းဆိုးလိုက်သော နှာချေလိုက်သော ရေမှုန်ထဲတွင်လည်း ပါဝင်လာနိုင်ပါသည်။ ကူးစက်ခံရသော တိရစ္ဆာန် အသားကို အစိမ်းစားခြင်းဖြင့်လည်း တုပ်ကွေးကူးနိုင်ပါသည်။တုပ်ကွေးဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ သင်သည် ဗိုင်းရပ်စ်ရှိသော ပတ်ဝန်းကျင်နှင့် မကြာခဏ ထိတွေ့ရပါက သို့မဟုတ် သင့်တွင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးကူးရန် ဖြစ်နိုင်ချေ မြင့်ပါသည်။ တုပ်ကွေးဖြစ်နိုင်ချေကိုမြင့်စေသော အချက်အချို့မှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တုပ်ကွေးသည် အများအားဖြင့် သူ့အလိုလို ပျောက်ကင်း ပါသည်။ အဖျားတက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသော ရောဂါလက္ခဏာများကို သတိပြုခြင်းဖြင့် တုပ်ကွေးရကြောင်း သိနိုင်ပါသည်။ တုပ်ကွေးဗိုင်းရပ်စ်ကို Flu Test (Rapid Flu Test and Influenza Antigen Test) ဖြင့် စစ်ဆေးနိုင်ပါသည်။ ဤစစ်ဆေးခြင်းကို တုပ်ကွေးရာသီတွင် ကူးစက်မှု ထိန်းချုပ်ရန် အသုံးပြုကြပါသည်။ ဤစစ်ဆေးမှုတွင် နှာခေါင်းမှ နှာရည်ယူခြင်း သို့မဟုတ် သွေးနမူနာယူခြင်းတို့ ပြုလုပ်ရသည်။ တုပ်ကွေး၏ ဆိုးကျိုးတစ်ခု ဖြစ်သော အဆုတ်နာရောဂါကို စစ်ဆေးရန် ရင်ဘတ်အား ဓါတ်မှန်ရိုက်ခြင်း ပြုလုပ်နိုင်ပါသည်။ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်းသည် ဆေးရုံတက်နေသော လူနာများတွင် လုပ်ဆောင်ပါသည်။ ကိုယ်ခံအားနည်းသူများနှင့် ရောဂါဆိုးကျိုးများ ခံစားရနိုင်သူများတွင်လည်း ပြုလုပ်ပါသည်။ ရပ်ကွက်အတွင်းတွင် တုပ်ကွေးဖြစ်ပွားပါက ကျန်းမာရေး ပညာရှင်များသည် ရောဂါအဖြေရှာ အတည်ပြုရန် Flu test လုပ်ရန် စီစဉ်ပြီး လိုအပ်သော ဗိုင်းရပ်စ်ကာကွယ်ကုသမှု ကို ပြုလုပ်ရမည်ဖြစ်သည်။တုပ်ကွေးဖြစ်သူအများစုသည် အိမ်တွင် ကုသနိုင်ပြီး ဆရာဝန် သွားပြရန် မလိုအပ်ပါ။ အနားယူခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်သည်။ လူအတော်အများသည် တုပ်ကွေးကို ပဋီဇီဝဆေးများဖြင့် ကုသ၍ ရသည်ဟု အထင် မှားနေကြပါသည်။ ပဋီဇီဝဆေးများသောက်ခြင်းသည် တုပ်ကွေးသက်သာမလာစေသည့်အပြင် ပဋီဇီဝဆေးမတိုးခြင်းကိုပါ ဖြစ်စေပါသည်။ရောဂါလက္ခဏာများ မသက်သာပါ က ဆရာဝန်အား ရောဂါလက္ခဏာတစ်ခုချင်းကို သက်သာစေသော ဆေးများသောက်ရန် မေးနိုင်ပါသည်။ ထိုဆေး အချို့ကို သင်ကိုယ်တိုင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ acetaminophen, ibuprofen စသော non-aspirin ဆေး များကို နာကျင်ခြင်းသက်သာရန်၊ ချောင်းဆိုးပျောက် ဆေးရည်ကို လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းသက်သာရန် နှင့် နှာပိတ်ပျောက်ဆေးများကို နှာပိတ်ခြင်းပျောက်ရန် အသုံးပြုနိုင်ပါသည်။အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် တုပ်ကွေးကို ထိန်းချုပ်နိုင် ပါသည်။တုပ်ကွေးကူးခြင်းနှင့် အခြားလူများသို့ ပျံ့နှံ့ခြင်းအား ကာကွယ်ရန် အောက်ပါ အချက်အချို့ကို ပြုလုပ်သင့်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/influenza/
အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား
အရိုးတွေကခန္ဓာကိုယ်အတွက်ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာအရိုးတွေ ကျန်းမာနေစေဖို့မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။အရိုးကျန်းမာစေဖို့ အလေ့အကျင့်ကောင်းတွေ မွေးမြူဖို့ နောက်ကျတယ်။ စောတယ်ရယ် မရှိပါဘူး။ အရွယ်ငယ်စဉ်ကတည်းက သေချာ ဂရုစိုက်နိုင်ရင်တော့ ပိုပြီး ကောင်းတာပေါ့။အရိုးတွေကို ကျန်းမာစေမယ့် အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးတာက အသက်အရွယ်ကြောင့် အရိုးသိပ်သည်းဆ ကျဆင်းနိုင်ခြေကို လျှော့ချနိုင်ပါတယ်။အရိုးသိပ်သည်းဆ ကျဆင်းလာတာကအရိုးပါးတာ၊ အရိုးပွတာ၊ အရိုးကျိုးလွယ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။သန်စွမ်းကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်။နေ့စဉ်စားသုံးမှုမှာ အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ ပရိုတင်း၊ ဗီတာမင် K၊ ဗီတာမင် D တို့ ပါဝင်အောင် စားသုံးပေးပါ။အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဥအမျိုးမျိုးကို စားပေးလို့ ရပါတယ်။ တစ်နေ့တာမှာ အာဟာရပြည့်ဝအောင် စားသုံးပေးတာက အရိုးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းနိုင်တာကြောင့် အရိုးတွေ ကျန်းမာစေဖို့ နေရောင်ခံပါ။ နေရောင်ခြည်က စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။နေရောင်ဆိုတဲ့နေရာမှာ မနက်ခင်း နေခြည်နွေးနွေးလေးကို ဆိုလိုချင်တာပါ။လှုပ်လှုပ်ရှားရှား နေတာကလည်း အရိုးတွေကို ကျန်းမာသန်စွမ်းစေတဲ့ အလေ့အကျင့်ကောင်း တစ်ရပ်ပါ။ တစ်ပတ်ကို ၂.၅ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။လမ်းလျှောက်တာ၊ အလေးမတာ၊ ခပ်ရွရွ ပြေးတာ၊ ယောဂလေ့ကျင့်တာတွေက အရိုး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆေးလိပ် သောက်တာ၊ အရက်သောက်တာတွေက အရိုးသိပ်သည်းဆကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ ကျန်းမာသန်စွမ်းချင်တယ်ဆိုရင် ဆေးလိပ် နဲ့ အရက် လျှော့ပါ။ဖြစ်နိုင်ရင်တော့ ဆေးလိပ်တွေ၊ အရက်တွေကို ဖြတ်လိုက်တာက အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ။ကဖင်းက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ကဖင်း များများ စားသုံးတာက အရိုးတွေကို ကယ်လ်ဆီယမ် ရရှိမှု နည်းစေပြီး အရိုးသိပ်သည်းဆ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတဲ့ စားစရာတွေကို လျှော့စားပါ။လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ပက်ပ်စီ၊ အားဖြည့်အချိုရည်တွေ၊ ချောကလက် စတာတွေပါ။ ကဖင်းပါတာတွေထဲမှာ ချောကလက်ကတော့ ကဖင်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုရပါမယ်။ကဲ ……. အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဘယ်နှချက်လောက်များ ပိုင်ဆိုင်ထားပါသလဲ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/healthy-habits-healthy-bones/
အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ
အရက်သေစာနဲ့ ဆေးဝါးများဟာ တစ်ခါတစ်ရံမှာ ယှဉ်တွဲသောက်သုံးမိရင် အန္တရာယ်များပါတယ်။ ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ အရက်သေစာကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက တိုက်တွန်းတတ် ပါတယ်။ ဆေးဝါးများ သုံးစွဲပြီးချိန် အရက်သောက်တဲ့အခါ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမို မြင့်တက်လာတတ် ပါတယ်။ အထူးသဖြင့်တော့ အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ က မသေးလှပါဘူး။ယေဘုယျအားဖြင့် အရက်သောက်ခြင်းကြောင့် ပဋိဇီဝဆေးတွေရဲ့ အာနိသင်လျော့ပါးမသွားပေမယ့်ဘေးထွက်ဆိုးကျိုးအချို့ကိုတော့ ပိုမိုမြင့်တက်လာစေပါတယ်။အောက်ပါဆေးဝါးတွေကတော့ အရက်သေစာနဲ့ တွဲဖက်မသုံးစွဲသင့်တဲ့ ပဋိဇီဝဆေးတွေပဲ ဖြစ်ပါတယ်။• cefoperazone။• cefotetan။• doxycycline။• erythromycin။• metronidazole။• tinidazole။• ketoconazole။• isoniazid။• linezolid။• griseofulvin။အထက်ပါဆေးဝါးများကို အရက်သေစာနဲ့ တွဲဖက်သုံးစွဲမိရင် အန္တရာယ်များပါတယ်။Metronidazole, tinidazole, cefoperazone, cefotetan, and ketoconazole စတဲ့ဆေးဝါးတွေဟာ အရက်သေစာနဲ့ ပေါင်းစပ်မိရင် အောက်ပါပြဿနာများ ဖြစ်ပေါ်စေပါတယ်။•ပျို့တက်ခြင်း။• အန်ခြင်း။• မျက်နှာနီမြန်းခြင်း။•ခေါင်းကိုက်ခြင်း။• နှလုံးခုန်မြန်ခြင်း။• အစာအိမ်အောင့်ခြင်း။အဆိုပါဆေးဝါးတွေ မသောက်သုံးမီနဲ့ သောက်သုံးအပြီး ၃ရက်အတွင်း အရက်မသောက်သင့်ပါဘူး။Griseofulvin ဆေးကို အရက်နဲ့သောက်မိရင်တော့ မျက်နှာနဲ့အသားအရေ နီမြန်းခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။Isoniazid နဲ့ linezolid ကို အရက်နဲ့တွဲပြီး သုံးစွဲမိရင်တော့အသည်းပျက်စီးခြင်း၊သွေးတိုးခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ Doxycycline and erythromycin ကို အရက်နဲ့တွဲသုံးမိရင် ဆေးဝါးများရဲ့ အာနိသင်ကို လျော့ပါးစေပါတယ်။အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ က ဆေးတစ်မျိုးချင်းစီအလိုက် ဘေးထွက်ဆိုးကျိုးကွာခြားနိုင်ပေမယ့် တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– ပျို့တက်ခြင်း။– အိပ်ငိုက်ခြင်း။– မူးဝေခြင်း။– သတိလစ်ချင်သလိုဖြစ်ခြင်း။–ဝမ်းပျက်ခြင်း။အရက်သေစာတစ်မျိုးတည်းနဲ့တင် အစာအိမ်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊အစာအိမ်အူလမ်းကြောင်းထိခိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။များသောအားဖြင့် ဘေးထွက်ဆိုးကျိုးများဟာ သူ့ဘာသာ ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေ ကြုံလာရင်တော့ ဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူသင့်ပါတယ်။တစ်ခါတစ်လေ အရက်သောက်ခြင်းကြောင့် ပဋိဇီဝဆေးရဲ့ အာနိသင်ကို တိုက်ရိုက်မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် တခြားသောနည်းလမ်းနဲ့ သက်ရောက်ခြင်းတွေ ရှိပါတယ်။ ဥပမာဖျားနာနေခြင်းကနေ သက်သာစေဖို့ အစာအာဟာရ ကောင်းကောင်းလိုပါတယ်။ အရက်သေစာဟာကိုယ်ခန္ဓာကနေ အာဟာရဓာတ် ကောင်းစွာမရအောင် တားဆီးစေပါတယ်။ဒါ့အပြင် အိပ်စက်ခြင်းပုံစံကိုလည်း ပြောင်းလဲစေတတ်လို့ ကျန်းမာရေးကို ပျက်ယွင်းစေပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင် ဒဏ်ရာအနာကျက်အောင် ကိုယ်ခန္ဓာက တုံ့ပြန်မှုဖြစ်စဉ်များကို အရက်သေစာက နှေးကွေးသွားစေလို့ ပဋိဇိဝဆေးများကိုပါ အာနိသင်လျော့သွားသလို ဖြစ်စေပါတယ်။ပဋိဇီဝဆေးဝါးတွေ ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲပါ။ ဆေးဝါးပေါ်မှာ ရေးထားတဲ့ အညွှန်းစာတွေကို သေချာဖတ်ပါ။ မသေချာတဲ့ အချက်အလက်တွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။ အရက်ကို ပုံမှန်သောက်သုံးနေသူတစ်ဦးဆိုရင် ဆရာဝန်ကို ဖွင့်ပြောပါ။ ရံဖန်ရံခါမှသာ သောက်သုံးတတ်သူဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် အသက်အရွယ်၊ကျန်းမာရေးအခြေအနေ၊ သုံးစွဲနေတဲ့ ဆေးအမျိုးအစား စတာတွေပေါ် မူတည်ပါတယ်။ဆရာဝန်က အရက်သောက်ခြင်းကို ရပ်ထားခိုင်းရင် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ များသောအားဖြင့် ၇၂ နာရီလောက် အချိန်ခြားထားရတတ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/antibiotics-alcohol/
ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း
ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ အခိုးအငွေ့တွေ ထွက်လာပါတယ်။ ကာဗွန်မိုနောက်ဆိုက် အိမ်အတွင်းမှာ ပိတ်မိခြင်းဟာ လူတွေနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိပါတယ်။ကာဗွန်မိုနောက်ဆိုက် ပမာဏအနည်းငယ်နဲ့ ထိတွေ့ခြင်းဟာ မြင်ရလောက်တဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ မပြင်းထန်တဲ့ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ ခေါင်းကိုက်တာလောက်ပဲ ဖြစ်စေတတ်ပါတယ်။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့ စိတ်ရှုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ပမာဏ အများကြီး ရှူမိတယ်ဆိုရင် ဒါဟာ သင့်ကို ဒုက္ခရောက်စေပြီး သေစေနိုင်ပါတယ်။ အိပ်နေစဉ် (သို့) အရက်မူးနေတဲ့သူတွေမှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ အခြားလက္ခဏာတွေ သတိမထားနိုင်ခင်မှာပဲ သေစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%ac%e1%80%97%e1%80%bc%e1%80%94%e1%80%b9%e1%80%99%e1%80%ad%e1%80%af%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%af%e1%80%ad%e1%80%80%e1%80%b9-%e1%80%a1%e1%80%86%e1%80%ad/
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ
ဒီ နှစ်ကောင်စလုံးက လူတွေကိုကူးစက်ရောဂါဖြစ်စေနိုင်စွမ်းရှိပါတယ်။ အဓိက ကွာတဲ့အချက်ကဘက်တီးရီးယားပိုးတွေကို ပိုးသတ်ဆေးတွေသောက်ပြီး နှိမ်နင်းနိုင်ပေမဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဒီလိုသတ်ပစ်လို့မရပါဘူး။ နောက်ပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယားတွေမှာ တခြားကွာခြားချက်တွေလည်းရှိပါသေးတယ်။ပထမဦးဆုံးပြောရရင် သူတို့ နှစ်ကောင်က တည်ဆောက်ပုံကစပြီး ကွဲပြားပါတယ်။ ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းပါတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးကောင်တွေဖြစ်ပြီး မျိုးစိတ်အတော်များများမှာ အပြင်ဖက်အခွံလွှာအမာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ ဘက်တီးရီးယားတွေက ဘယ်သူ့ကိုမှမမှီခိုဘဲ အသက်ရှင်နိုင်သလို မျိုးလည်းပွားနိုင်ပါတယ်၊ နောက်ပြီးပတ်ဝန်းကျင်မျိုးစုံမှာလည်း နေထိုင်နိုင်ပါသေးတယ်။တချို့ဘက်တီးရီးယားမျိုးစိတ်တွေဆို အရမ်းပူ၊ အရမ်းအေးတဲ့နေရာတွေမှာတောင် ရှင်သန်နိုင်တာတွေ့ရပါတယ်။ နေတဲ့နေရာစုံတဲ့အတွက် နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့အူလမ်းကြောင်းထဲမှာလည်း ဘက်တီးရီးယားတွေရှိသလို နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ တကိုယ်ရည်ပစ္စည်းတွေပေါ်မှာလည်း ရှိတာပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဘက်တီးရီးယားမျိုးစိတ်၊ မျိုးကွဲတွေအများကြီးရှိပေမဲ့ အတော်များများက လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး။ တချို့ဆို အကျိုးတောင်ပြုပါသေးတယ်၊ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ဒိန်ချဉ်တချို့နဲ့ သောက်ဆေးတွေမှာပါဝင်တဲ့ probiotic ဆိုတာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်း လူတွေကို အန္တရာယ်အကြီးအကျယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတချို့လည်းရှိပါသေးတယ်။ အသိသာဆုံးပြောရမယ်ဆို ၁၃ ရာစုနှစ်က ဥရောပတိုက်မှာစတင်ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောပါကိုပြရမှာပါ။ Yersinia Pestis ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ပလိပ်ရောဂါကြောင့် ဥရောပတိုက်လူဦးရေ ထက်ဝက်လောက် သေကြေပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဆေးပညာတိုးတက်လာတာကြောင့် ပိုခေတ်မှီပြီးပိုအစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေနဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းလာနိုင်ပေမဲ့ တန်ဆေး လွန်ဘေးဆိုသလိုပဲ ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးစွဲရင် အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားပိုးတွေက ဆေးယဉ်ပါးသွားပြီး ဆေးမတိုးတော့တဲ့အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။ဗိုင်းရပ်စ်တွေကလည်း သာမန်မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးမွှားတွေဖြစ်ပြီး ဘက်တီးရီးယားထက် အစပေါင်းမြောက်များစွာသေးငယ်ပါတယ် (မျက်စိထဲမြင်သာအောင်ပြောရရင် ဘက်တီးရီးယားတစ်ကောင်က ဆင်တစ်ကောင်ရဲ့အရွယ်အစားရှိမယ်ဆို ဗိုင်းရပ်စ်တစ်ကောင်က ရွှေငါးလေးတစ်ကောင်အရွယ်လောက်ပဲရှိပါတယ်)။ ဘက်တီးရီးယားတွေနဲ့မတူတဲ့အချက်က ဗိုင်းရပ်စ်တွေက သူ့ချည်းသက်သက်ဆို မရှင်သန်နိုင်ပါဘူး။သူတို့အသက်ရှင်ဖို့နဲ့ မျိုးပွားဖို့အတွက် မှီခိုရမဲ့သက်ရှိတစ်ခုခုလိုအပ်ပါတယ်။ ဒီလိုမှီခိုခွင့်ရမှ သက်ရှိရဲ့ကိုယ်တွင်းကဆဲလ်တွေထဲဝင်ရောက်ပူးကပ်ပြီး နေထိုင်တာ၊ မျိုးပွားတာတွေလုပ်နိုင်မှာပါ။ ဗိုင်းရပ်စ်တွေကိုပိုးသတ်ဆေးနဲ့ သတ်ပစ်လို့မရပေမဲ့ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့တော့ရပါတယ်။၂၀ ရာစုအစလောက်ကစပြီး တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ ကာကွယ်ဆေးအသစ်တွေပါ တီထွင်ထုတ်လုပ်လာနိုင်ပြီး တချို့ဗိုင်းရပ်စ်ရောဂါတွေကို ကုသတဲ့နေရာမှာအကြီးအကျယ်အကျိုးပြုခဲ့ပါတယ်၊ အသိသာဆုံးကတော့ပိုလီယိုရောဂါ၊ ဝက်သက်ရောဂါ၊ ရေကျောက်ရောဂါတွေမှာပါ။ အသည်းရောင်အသားဝါ ဘီပိုး၊ လိင်အင်္ဂါကြွက်နို့ လိုရောဂါတွေကိုလည်း ကာကွယ်ဆေးကြိုတင်ထိုးပြီး ကာကွယ်နိုင်နေပါပြီ။ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပညာရှင်တွေခေါင်းခဲရတာတစ်ခုက သူ့ရဲ့ပတ်ဝန်းကျင်အပေါ်လိုက်ပြီး ပြုလွယ်ပြောင်းလွယ်နေနိုင်စွမ်းကြောင့်ပါ။ ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ဗိုင်းရပ်စ်က ကိုယ်တွင်းကဆဲလ်တွေထဲဝင်ပေါင်းလိုက်ပြီး ပုံဖျက်နေလိုက်ပြီး နောက်ထပ်ဗိုင်းရပ်စ်တွေထပ်ထုတ်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ဗိုင်းရပ်စ်အမျိုးအစားကိုလိုက်ပြီး ဦးတည်တိုက်ခိုက်မဲ့အစိတ်အပိုင်းသီးသန့်ရှိနေတာပါ၊။ဥပမာ တချို့ဗိုင်းရပ်စ်တွေကအသည်းမှာကူးစက်ပျံ့နှံ့ပြီး တချို့ကျတော့ အသက်ရှုလမ်းကြောင်းစနစ်ကို တိုက်ခိုက်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ (အခုတလော အတော်လေးလေးလျင်လျင်မြန်မြန်ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကတော့ အသက်ရှုလမ်းကြောင်းကနေအဓိကကူးစက်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်)။ဒါပေမဲ့လည်း ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ဝင်လာရင် ပြန်တုန့်ပြန်တဲ့စနစ်တချို့ရှိပါတယ်။ ကိုယ်တွင်းကဆဲလ်တွေက ဝင်လာတဲ့ဗိုင်းရပ်စ်ပိုးကိုထောက်လှမ်းသိရှိနိုင်ပြီး ပိုးကောင်ရေအလွယ်တကူတိုးမလာအောင်တားဆီးပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က T-cells လို့ခေါ်တဲ့ ဆဲလ်တွေကိုထုတ်လုပ်ပေးပြီးလည်း ဗိုင်းရပ်စ်ပိုးတွေကို သတ်ပစ်နိုင်ပါသေးတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါအများစုကို တိုက်ထုတ်တဲ့နေရာမှာတော့ကိုယ်ခန္ဓာခုခံအားစနစ်ကအဓိကကျပါတယ်။ တချို့သော ဗိုင်းရပ်စ်ရောဂါတွေကိုတော့ သောက်ဆေးနဲ့ ကုသတာမျိုးလည်း ရှိပါတယ်။ရေးသားသူ – Dr.Htoo Tint။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%98%e1%80%80%e1%80%ba%e1%80%90%e1%80%ae%e1%80%b8%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b/
ရုတ်တရက် ဝိတ်ကျသွားတာဘာကြောင့်လဲ? ကင်ဆာကြောင့်လား?
တခါတလေမှာ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတွေကြောင့် ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင်ဝိတ်ချနေချိန်မဟုတ်ပဲ ဒီလိုရုတ်တရက် ကိုယ်အလေးချိန်လျော့နည်းလာတာဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် သိပ်ပြီး ကောင်းမွန်တဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး။များသောအားဖြင့် ဒီလို ရုတ်တရက်ကိုယ်အလေးချိန်အကြီးအကျယ်လျော့ကျသွားတာမျိုးကိုကင်ဆာရောဂါလက္ခဏာ ရှေ့ပြေးလက္ခဏာအဖြစ် မှတ်ယူထားကြတာများပါတယ်။ ဒါပေမယ့် ဒီလို မထင်မှတ်ပဲ ကိုယ်အလေးချိန် လျော့ကျတာမျိုးက အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ကိုယ်အလေးချိန်လျှော့ချမှု အစီအစဉ် တစ်စုံတစ်ရာမရှိပဲ ၆ လ အတွင်း ခန္တာကိုယ်ရဲ့ အလေးချိန် ၅% လောက်ကျဆင်းသွားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရင်ဆိုင်နေရတာကြောင့်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ကင်ဆာဟာ လူကို ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားစေနိုင်အောင် ပြင်းထန်တဲ့ ဝေဒနာဖြစ်ပေမယ့် အဓိကအားဖြင့်တော့ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့အဆုတ်ကင်ဆာဝေဒနာတွေကို ခံစားရချိန်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒါဟာ ဒီဝေဒနာတွေ ခံစားနေရပြီဆိုတာကို ပြသတဲ့ ဦးဆုံးလက္ခဏာဖြစ်ပါတယ်။အဆိုပါ ကင်ဆာဝေဒနာတွေ ခံစားနေရပြီဆိုရင် အော့အန်တာ၊ အစာစားချင်စိတ် နည်းပါးတာနဲ့ အစာဝါးမျိုရခက်ခဲတာတွေ ဖြစ်လာနိုင်တာမို့ ခုလို ကိုယ်အလေးချိန် လျော့ကျရတာဖြစ်ပါတယ်။တကယ်လို့ မိမိမှာ ခံစားနေရတဲ့ ဝေဒနာက ကင်ဆာမဟုတ်ဘူးဆိုရင် ဘယ်လို ရောဂါတွေကြောင့် ခုလို ဖြစ်နိုင်သလဲဆိုတာကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်အလေးချိန် အလွန်အမင်းလျော့ကျတာဟာ ကင်ဆာတစ်မျိုးတည်းကြောင့်မဟုတ်ပဲ တခြားသော ဝေဒနာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဒါ့အပြင် ရောဂါတစ်စုံတစ်ရာကြောင့်မဟုတ်ပဲ ယာယီခံစားနေရတဲ့ ဝေဒနာတွေကြောင့်လည်း ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းနိုင်ပါတယ်။ဒါတွေကတော့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/weight-loss-cancer/
လက်ချောင်းမှာပြတ်ရှဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ
ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ်၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ဖြစ်ဖြစ်၊ အားကစားတစ်ခုခုလုပ်ရင်း၊ သွားရင်းလာရင်းနဲ့လည်း လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ ဘာလုပ်လုပ်မပါမဖြစ်အသုံးပြုလုပ်ဆောင်နေရတဲ့ လက်ချောင်းလေးတွေက အခြားအင်္ဂါအစိတ်အပိုင်းတွေထက်လည်း ထိမိခိုက်မိနိုင်ခြေပိုများပါတယ်။ အခန့်မသင့်ရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကစားရင်းက မတော်တဆအကိုက်ခံရတာမျိုးတောင်ရှိနိုင်ပါတယ်။ တစ်ခါတလေဆို ဘာရယ်မဟုတ်ဖန်ကွဲစလေးတွေကောက်ရင်းက လက်ကို ဖန်ကွဲစရှသွားတာမျိုးတောင်ဖြစ်တတ်ပါသေးတယ်။ အများဆုံးအသုံးပြုရတဲ့ လက်ချောင်းလေးတွေ ထိခိုက်မိရင် အခုဖော်ပြပေးမယ့်နည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်လို့ရပါတယ်။လက်ကိုအရင်သန့်စင်ရပါမယ်။ထိရှမိတဲ့ဒဏ်ရာကို မကိုင်တွယ်ခင်မှာ လက်ကိုအရင်သန့်အောင်ဆေးကြောရပါမယ်။ ဒီလိုမျိုးလက်ကိုဆေးလိုက်တာက အနာထဲကို လက်မှာကပ်ညှိနေတဲ့ပိုးတွေမဝင်ရောက်နိုင်အောင် အတိုင်းအတာတစ်ခုအထိတားဆီးလိုက်နိုင်ပါလိမ့်မယ်။ တကယ်လို့များ လက်အိတ်သန့်သန့်လေးအလွယ်တကူရှိနေရင် အနာမဖြစ်တဲ့လက်ကို လက်အိတ်စွပ်ပြီး အနာကို ကိုင်တွယ်ပါ။အနာသွေးတိတ်အောင်လုပ်ရပါမယ်။အနာကနေသွေးထွက်လာမှာကတော့ အသေအချာပါပဲ။ အနာက ၅ မိနစ် – ၁၀ မိနစ်ကြာတဲ့အထိမှသွေးမတိတ်ဖူးဆိုရင် အနာကို ဂွမ်းစသန့်သန့်လေး (သို့မဟုတ်) ပတ်တီးစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိထားပေးပါ။ အနာကသွေးမတိတ်ဘဲကြာနေရင် အဝတ်စသန့်သန့်တစ်ခုထဲမှာရေခဲတုံးလေးတွေထည့်ပြီး အနာကို ကပ်ပေးလို့ရပါတယ်။ ရေခဲကပ်တာက အရောင်လည်းကျစေနိုင်ပါတယ်။ သွေးအရမ်းထွက်ရင်တော့ သွေးကြောကိုထိသွားတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။အနာကိုဆေးကြောပါ။အနာကိုရေသန့်သန့်နဲ့ဆေးကြောပေးပါ။ အနာကိုညင်ညင်သာသာဆေးကြောဖို့လိုပါမယ်။ အနာကို ဝန်းကျင်ကိုပဲဆပ်ပြာတိုက်ပါ။ အနာပေါ်ကိုဆပ်ပြာမတိုက်ပါနဲ့။ စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ပြီးရင် အနာကိုခြောက်အောင် ဂွမ်းစ၊ တစ်သျှူးစ (သို့မဟုတ်) အဝတ်စနဲ့ သုတ်ပေးပါ။အနာထဲမှာ အမှိုက်စ၊ ဖန်ကွဲစနဲ့ပြင်ပအရာဝတ္ထုတစ်ခုခုဝင်နေမယ်ဆိုရင် ဇာဂနာကို အရက်ပြန်စွပ်ပြီး တစ်စချင်းစီဖယ်ရပါမယ်။ အနာကိုhydrogen peroxide နဲ့လောင်းဆေးတာ အရက်ပြန်နဲ့ ပွတ်တာ၊ iodine (သို့မဟုတ်) iodine ပါတဲ့ အနာသန့်ဆေးမျိုးနဲ့မဆေးပါနဲ့ ။ တစ်ရှုးတွေပျက်စီးပြီး အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ အနာထဲက အစအနတွေကို ဖယ်ရခက်နေရင် နီးစပ်ရာဆေးခန်းမှာသွားပြတာကအကောင်းဆုံးပါ။အနာကဘယ်လောက်နက်သလဲ ဆန်းစစ်ပါ။ထိခိုက်မိတဲ့ဒဏ်ရာကအရမ်းနက်သွားလား၊ ကြွက်သားတွေ အရွတ်တွေကိုများထိမိလားဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်။ အဆီပြင်နဲ့ ကြွက်သားတွေကို ထိမိသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။ ပြတ်ရှဒဏ်ရာအရမ်းကြီးရင်ပြန်ချုပ်ဖို့လိုအပ်ပါတယ်။အနာက ၃ စင်တီမီတာလောက်ပဲရှိပြီး အနက်က စင်တီမီတာဝက်လောက်ပဲရှိတယ်ဆိုရင်တော့ အသေးစားပြတ်ရှဒဏ်ရာလို့သတ်မှတ်လို့ရပါတယ်။ ဆရာဝန်ဆီသွားစရာမလိုပါဘူး။ အိမ်မှာပဲဆေးထည့်လို့ရပါတယ်။အနာကို ပဋိဇီဝဆေးတစ်ခုခုလူးပါ။အနာထဲကို ပိုးမဝင်နိုင်စေဖို့အတွက် အနာကို ပဋိဇီဝဆေးတစ်မျိုးမျိုးလူးပေးပါ။ပြီးရင်တော့ အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ရပါမယ်။ အနာကို အစိုဓါတ်လည်းရရှိစေပါတယ်။ ပဋိဇီဝဆေးလူးပေးတာက အနာကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကျက်လည်းမြန်စေပါတယ်။အချို့သူတွေမှာ ပဋိဇီဝဆေးနဲ့မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ ယားယံတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေခံစားရရင်ဆေးပြောင်းသုံးပေးပါ။ပလာစတာကပ်ပါ။ ပတ်တီးစည်းပါ။အနာထဲကိုပြင်ပကဘက်တီးရီးယားတွေနဲ့ မသန့်စင်တဲ့အရာတွေမဝင်ရောက်နိုင်အောင် အနာကို ပလာစတာကပ်ပြီးပဲဖြစ်ဖြစ် ပတ်တီးစည်းပြီးပဲဖြစ်ဖြစ် ကာကွယ်ပေးပါ။အနာမှာပလာစတာကပ်ထားမယ်ဆိုရင် အနာထဲကိုပြင်ပက မသန့်စင်တဲ့အရာတွေ၊ရောဂါပိုးတွေမဝင်ရောက်နိုင်ကာကွယ်ပြီးသားဖြစ်မှာပါ။ အမာရွတ်မထင်အောင်ကာကွယ်နိုင်သလို အနာပြန်မဖြစ်အောင်ကာကကွယ်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။ အနာရင်းတာအပါအဝင် မလိုလားအပ်တဲ့နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ဖြစ်နိုင်ရင်ရေစိုခံ ပလာစတာကိုအသုံးပြုပေးပါ။ရေချိုးတဲ့အခါမျိုး၊ရေကိုင်တဲ့အခါမျိုးမှာ အနာကိုရေမထိအောင် ပလပ်စတစ်လက်အိတ်၊ရော်ဘာလက်အိတ်တွေ စွပ်ပြီးရေမထိအောင်လုပ်ဆောင်ရပါမယ်။ အနာမှာကပ်ထားတဲ့ ပလာစတာ၊ ပတ်တီးတွေရေစိုသွားပြီဆိုရင် အသစ်လဲပေးပါ။ အနာကိုခြောက်အောင်သုတ်ပြီးဆေးလည်းပြန်ထည့်ပေးပါ။ ပလာစတာနဲ့ ပတ်တီးကို နေ့တိုင်းလဲပေးနိုင်ရင် အကောင်းဆုံးပါ။ရေစိုသွားရင် ညစ်ပေနေရင်လည်းလဲပေးပါ။လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။အနာကအရမ်းနက်တဲ့အခါမျိုး၊ သံချေးတက်နေတဲ့ သံစူးမိတဲ့အခါမျိုး၊ တိရစ္ဆာန်ကိုက်ခံရတာ၊ လူကိုက်ခံရတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။ အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့အခါ အနာထဲကိုပိုးဝင်နိုင်ခြေပိုများသွားလို့လည်းဖြစ်ပါတယ်။နောက်တစ်ခုက လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံးတစ်ခါမှမေးခိုင်ကာကွယ်ဆေးမထိုးထားဖူးဘူး။ပြီးတော့ အနာကအရမ်းပြင်းထန်နေမယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။မြန်နိုင်သမျှမြန်မြန်ထိုးတာအကောင်းဆုံးပါ။လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ အခုလိုမျိုးလက္ခဏာတွေဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပါလိမ့်မယ်။လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်ကြပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%95%e1%80%90%e1%80%b9%e1%80%9b%e1%80%bd%e1%80%92%e1%80%8f%e1%80%b9/
အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ
မနေ့ညက ဘော်ဒါတွေ ဆုံသွားလို့၊ TGIF မို့လို့ဆိုပြီး တော်တော်လေး ကစ်လိုက်မိတယ်။ ခုမနက် တော်တော်လေးကို အဆင်မပြေဖြစ်လို့အရက်နာကျနေပြီလား။ ဒါဆိုရင်တော့ ကျနေတဲ့ အရက်နာ ပိုဆိုးမသွားစေဖို့ အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ ကြည့်လိုက်ရအောင်လား။အရက်သောက်တာ များသွားတဲ့အခါ။အရက်နာ ကျနေတဲ့အခါ ခံစားရမှု ပိုဆိုး မသွားဘဲ သက်သာစေဖို့ဆိုရင် အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ ဆိုတော့။အရက်နာကျရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က ကိုယ်တွင်းမှာရေဓာတ်ဆုံးရှုံးမှု များတာကြောင့်ပါ။ ဒီ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ ပြန်လည် ပြည့်ဝမှုက အရက်နာကျတာကို သက်သာစေမှာပါ။ ဒါကြောင့် ရေဓာတ် ပြည့်ဝစေဖို့ အုန်းရည် သောက်ပေးပါ။ အုန်းရည်က ရေဓာတ် ပြည့်စေတဲ့ အပြင်ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကိုယ်တွင်းက Electrolytes တွေကို မျှတ စေပါတယ်။ပျားရည် ချိုချိုလေးကလည်း အရက်နာ ကျတာကို သက်သာစေနိုင် ပါတယ်။ သွေးထဲကအယ်လ်ကိုဟောကို အမြန်ဆုံး ဖယ်ရှားပေး နိုင်ပါတယ်။ ပျားရည်မှာပါတဲ့ fructose ကအသည်းကို အရက်ကြောင့် ထိခိုက်မှု သက်သာစေသလို အရက်နာ ကျတာကို မြန်မြန်လေး သက်သာစေနိုင် ပါတယ်။ အရက်နာကျနေတဲ့ မနက်ခင်းမှာပျားသံပုရာရည်လေးဖြစ်ဖြစ်၊ ပျားရည်ကိုရေနွေးလေးထဲ ထည့်မွှေပြီး ဖြစ်ဖြစ် သောက်ပေးပါ။အရက် နာကျတဲ့အခါ ကြက်ဥ၊ ဘဲဥ စားတာတွေ စားပြီးရင် သက်သာစေနိုင်ပါတယ်။ ​ကြက်ဥ ၂ လုံးကို ကြော် စားပေးပါ။ ကြက်ဥက အမိုင်နို အက်ဆစ် ကြွယ်ဝတာကြောင့် အယ်လ်ကိုဟောမှာပါတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အရာကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အရက် နာကျတဲ့အခါ ကြက်ဥ စားပေးပါ။ပိုတက်ဆီယမ်၊ဗီတာမင် B6တို့ ကြွယ်ဝစွာ ပါဝင်နေတဲ့ ငှက်ပျောသီးက အရက်နာ ကျတာကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးက မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် အရက်နာ ကျတာကို သက်သာစေနိုင်ပါတယ်။ပူပူစပ်စပ် အရသာရှိတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ ချင်း (ဂျင်း) က အရက်နာ ကျတာကြောင့် မအီမသာဖြစ်တာ၊ အော့အန်တာတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အရက်နာ ကျတာကို အရက် နဲ့ဖြေရတယ် ဆိုတာ မမျန်ပါဘူး။ အရက်နာကျနေချိန်မှာ အရက် ထပ်သောက်တာက အရက်နာ ကျတာကို ပိုဆိုးစေနိုင်တာကြောင့် မသောက်တာ ကောင်းပါတယ်။အချိုရည်ကအစာအိမ်က အယ်လ်ကိုဟော စုပ်ယူနိုင်စွမ်းကို မြင့်တက်စေနိုင် ပါတယ်။ အရက်နာ ကျတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရက်နာ ကျတာကို သက်သာချင်ရင် အချိုရည် မသောက်ပါနဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/the-best-and-worst-foods-for-a-hangover/
စပ်စုစိန်တွေရဲ့ လူမသိသူမသိ ကောင်းကျိုးများ
စပ်စုစိန်တွေရဲ့ လူမသိသူမသိ ကောင်းကျိုးများ အကြောင်း သိပြီးပြီလား။ နာမည်ကျော် ကာတွန်းပညာရှင်ကြီး ဝေါ့တ် ဒစ်စနေက ပြောဖူးတယ် “ခင်ဗျားစူးစမ်းစပ်စုချင်စိတ်ဖြစ်လာရင် စိတ်ဝင်စားစရာ အရာတွေအများကြီး ရှာတွေ့လိမ့်မယ်” တဲ့။ ကမ္ဘာကျော်ဆိုစကားတစ်ခုရယ်ပါ။များသောအားဖြင့် လူအတော်များများမှာ စပ်စုတတ်တဲ့ သဘာဝရှိတတ်ပါတယ်။ ဒါပေမယ့် သူများက ကိုယ့်ကို စပ်စုရင်တော့ မကြိုက်တတ်ကြပါဘူး။ စပ်စုတတ်တဲ့ အလေ့အထကို ယျေဘုယျအားဖြင့် နှစ်လိုဖွယ်ရာအမူအကျင့်လို့ မမြင်တတ်ကြပါဘူး။ဟုတ်တော့လည်း ဟုတ်တယ်လေ။ စပ်စုခံရတယ်ဆိုတာ သိပ်တော့ ကောင်းလှတာမဟုတ်ဘူး။ တစ်ဖက်လူက ပြောချင်တာ၊ မပြောချင်တာ စသဖြင့် စိတ်အခြေအနေအမျိုးမျိုးရှိနေနိုင်တာကိုး။ဒါပေမယ့် စပ်စုတတ်တဲ့သူတွေအနေနဲ့ကတော့ ဒီစိတ်လေးကို အပြစ်လို့ မမြင်ကြပါနဲ့။ စပ်စုတတ်တာက လူအမြင်ကပ်စရာချည်း၊ ဆိုးနေတာချည်းတော့လဲ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ကောင်းတဲ့ အကျိုးတွေလည်းရှိနေပါတယ်။စပ်စုတတ်တဲ့သူတွေရနိုင်တဲ့အကျိုးကျေးဇူးတွေက ယျေဘုယျအားဖြင့် အချက် ၁၀ ချက်ရှိပါတယ်။ ဘာတွေလဲဆိုတာပြောပြပေးမယ်နော်။စပ်စုစိန်တွေရဲ့ လူမသိသူမသိ ကောင်းကျိုးများ ကတော့။တကယ်လို့များ ဘယ်သူမှ စူးစမ်းလေ့လာချင်စိတ်၊ စပ်စပ်စုစု လုပ်ချင်စိတ်မရှိကြဘူးဆိုရင် ဘာမှတီထွင်ဖြစ်ကြတော့မှာမဟုတ်ဘူးလေ။ ဘာပစ္စည်းသစ်တွေမှလည်း ရှိလာမှာမဟုတ်ဘူး။ လူသားတွေဟာ ဒီနေ့ ဒီအချိန်မှာ ကမ္ဘာဦးတုန်းကအတိုင်း ဆက်ရှိနေကြဦးမှာနော်။ဒီစိတ်ရှိတဲ့သူတွေအတွက် သူတို့ သိချင်တာ သိလိုက်ရတဲ့စိတ်ခံစားချက်ဟာ အလွန် ကျေနပ်ပျော်ရွှင်ဖွယ်ရာပါတဲ့။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ စပ်စုချင်စိတ်ဟာ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ခံစားချက်ဖြစ်ပြီး သောကတွေ၊ ပူပင်မှုတွေကို လျှော့ချပေးနိုင်သလို ဘဝအပျော်ကျေနပ်ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုအပေါ် ကျေနပ်နှစ်သက်စေတယ်လို့ ဆိုထားပါတယ်။ ပြောရရင် စိတ်ချမ်းသာစေတယ်ပေါ့။လိုချင်စိတ်၊ သိချင်စိတ်ရှိမှ ရှေ့ဆက်ပြီး လှမ်းလျှောက်နိုင်မှာပါ။ အောင်မြင်မှုတွေကို ဆွတ်ယူနိုင်ဖို့ တွန်းအားလိုအပ်ပါတယ်။ ဒီတွန်းအားတွေထဲမှာ သိချင်စိတ်၊ စပ်စုချင်စိတ်၊ စူးစမ်းလိုစိတ်တွေလည်း အပါအဝင်ပါပဲ။စပ်စပ်စုစုလုပ်တတ်သူတွေက မျှဝေတတ်ကြတယ်ဆိုတာကို မြန်မာကားတွေ ကြည့်ရင်ကို သိနိုင်ပါတယ်နော်။ ရပ်ကွက်ထဲပတ်ပြီး အတင်းတုတ်တဲ့သူတွေအဖြစ် အနုတ်လက္ခဏာဆောင်တဲ့ ဘက်ကနေ ရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ကူးပြနေကြပေမယ့် တကယ်တမ်းမှာတော့ စပ်စုတတ်သူတွေဟာ ကောင်းတဲ့ဘက်ကနေလည်း မျှဝေတတ်ကြပါတယ်။ အသိပညာဖြန့်ဝေချင်တဲ့စိတ် ရှိသူတွေဖြစ်ပါတယ်။Reciprocal self-disclosure လို့ ခေါင်းစဉ်ပေးထားတဲ့ သိပ္ပံနည်းကျလေ့လာမှုတွေအရ စပ်စပ်စုစု သိချင်ကြားချင်စိတ် ရှိကြတဲ့ စပ်စုစိန်လေးတွေကို ချစ်ဖို့ကောင်းတယ်၊ ပိုချစ်တတ်တယ်လို့ လူတွေက အမြင်ရှိကြပါတယ်တဲ့။ သူတို့ရဲ့ အဲ့လိုအပြုအမူလေးတွေကြောင့် ချစ်သူခင်သူတွေအကြား ဆက်ဆံရေးပိုခိုင်မြဲစေတယ်လို့လည်း အဆိုပါ စစ်တမ်းကဆိုပါတယ်။ ဒီလိုပြုမူတာဟာ နွေးထွေးမှုရှိတယ်လို့ လူတွေက ခံစားကြရတာကြောင့်ဖြစ်ပါတယ်။စပ်စုတာ ကျန်းမာစေလို့လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်ဟုတ်ပါတယ်။ စပ်စုတတ်တဲ့လူနာတွေဟာ ဒေါသစိတ်နည်းပြီးစိတ်ပျက်စိတ်ဓာတ်ကျတာမျိုးနည်းပါးတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။ သူတို့တွေဟာ အကောင်းမြင်တတ်ပြီး စပ်စပ်စုစုသိထားရတဲ့ အချက်အလက်တွေကို အသုံးချကာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြတယ်ပါသေးတယ်။ ဒါကြောင့် ဆေးကုသရာမှာ ထိရောက်လေ့ရှိမှာဖြစ်ပါတယ်။စပ်စုစိန်တွေလောက် တက်ကြွတဲ့သူမရှိပါဘူး။ သူတို့က အရာရာ စူးစမ်းချင်၊ စပ်စုချင်နေတတ်သူတွေပါ။ သူတို့လို လူမျိုးတွေဟာ အပျင်းမကြီးတတ်သလို သူများကိုလည်း မပျင်းရိစေတဲ့သူမျိုးတွေပါ။စပ်စပ်စုစုသမားတွေဟာ တခါတခါလူအမြင်ကပ်စရာဖြစ်စေမယ့်လုပ်ငန်းခွင်ထဲမှာဆိုရင်တော့ အလုပ်ကြိုးစားသူတွေပါတဲ့။ အသိပညာ၊ဉာဏ်ရည်ဉာဏ်သွေးလည်း မြင့်မားတတ်ကြပြီးအာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်ကြပါတယ်။သူတို့တွေဟာ ကိုယ်တိုင် စပ်စုတတ်ရုံသာမက သူတို့ကိုယ်တိုင်ကလည်း စိတ်ဝင်စားစရာ လူတွေဖြစ်နေကြပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ၊အပြုအမူတွေဟာ တခြားသူတွေအတွက် စိတ်ဝင်စားစရာ အခြေအနေတွေဖြစ်နေတတ်ပါတယ်။ နောက်ပြီး သူတို့က ပွင့်ပွင့်လင်းလင်းတွေးခေါ် ပြောဆိုတတ်သူတွေလည်းဖြစ်ပါတယ်။စပ်စုစိန်တွေက ပွင့်လင်းတယ်၊ ဒီတော့ ပြောရဆိုရ ပေါင်းရသင်းရကောင်းတယ်။ သူတို့ရဲ့ စပ်စုတတ်တဲ့ အမူအကျင့်လေးကို သဘောမကျကြရင်တောင်မှ ပွင့်လင်းရိုးသားမှုကို ချစ်ခင်ကြတာမို့ လူချစ်လူခင်ပေါကြတယ်။ အပေါင်းအသင်းကောင်းတွေအဖြစ် သတ်မှတ်ခံရတတ်တယ်။ကဲ စပ်စုတာမကောင်းဘူးလို့ ပြောလို့ရသေးလား။ စပ်စုတာက ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်စေတဲ့အပြင် စိတ်ရောလူပါ ကျန်းမာစေတယ်ဆိုတာကို သိပြီမဟုတ်လား။ စူးစမ်းချင်စိတ်၊ စပ်စုချင်စိတ်လေးကို ဖျောက်မပစ်ပါနဲ့။ တစ်ဖက်သားနစ်နာအောင် မပြုမူဖို့ပဲ လိုအပ်တယ်ဆိုတာ နားလည်ထားရင်ရပါပြီ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/the-secret-benefits-curious-mind/
သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့
သင့်တော်မျှတတဲ့သက်သတ်လွတ်စားသောက်ပုံဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။ကိုယ်အလေးချိန်ထိန်းနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ကို အမှန်အတိုင်းသိရှိမှ စားသင့်မစားသင့်ဆုံးဖြတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ ဖြစ်ပါတယ်။သက်သတ်လွတ်စားသူဆိုတာနဲ့ ကျန်းမာရေးကောင်းသူလို့ ယူဆလိုက်တာတွေ ရှိပါတယ်။ အမှန်တော့ ဘာစားသလဲ၊ စားလိုက်တဲ့ အစာမှာ ဘာတွေပါဝင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ သက်သတ်လွတ်ဟမ်ဘာဂါမှာ အဆင့်ဆင့်ပြုပြင်ထားတဲ့ ပစ္စည်းတွေပါဝင်ပြီး ကယ်လိုရီလည်း များပါတယ်။ သက်သတ်လွတ်စားတယ်ဆိုပေမယ့် ကယ်လိုရီနည်းပါးပြီး ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသုံးနိုင်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ဗီတာမင် B12 ဟာ သွေးနီဥဆဲလ်များထုတ်လုပ်ခြင်း၊ မျိုးရိုးဗီဇ ဒီအန်အေဖွဲ့စည်းခြင်း နဲ့ တခြားအရေးကြီးလုပ်ငန်းတာဝန်များစွာ ထမ်းဆောင်ပေးပါတယ်။ ဗီတာမင် B12 ကို အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိပါတယ်။ ဒါကြောင့် အသားမစားသူတွေမှာ ဗီတာမင် B12 ချို့တဲ့ခြင်း ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် ဗီတာမင် B12 အားဖြည့်ထုတ်လုပ်ထားတဲ့ သက်သတ်လွတ်စားစရာတွေ ရှိသလို အားဆေးအနေနဲ့လည်း သောက်သုံးနိုင်ပါသေးတယ်။သက်သတ်လွတ်စားသူများဟာ အသားနေရာမှာ ဒိန်ခဲကို အစားထိုးပြီး စားသုံးတတ်ကြပါတယ်။ ဥပမာ ဆန်းဒဝစ်ချ်ပြုလုပ်ရာမှာ အသားအစား ဒိန်ခဲညှပ်စားသုံးခြင်း ဖြစ်ပါတယ်။ ဒိန်ခဲမှာ ပရိုတိန်းအပြင် ဗီတာမင်တွေလည်း များစွာပါဝင်ပါတယ်။ ဒါပေမယ့် အသားမှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုတော့ ပြည့်မီခြင်း မရှိနိုင်ပါဘူး။ ဥပမာ အမဲသားတစ်အောင်စမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ဇင့်ဓာတ်ဟာ ဒိန်ခဲမှာပါဝင်တဲ့ သံဓာတ်နဲ့ ဇင့်ပမာဏထက် လေးဆပိုများပါတယ်။ ဒါကြောင့် အသားမစားသူများအနေနဲ့ ပရိုတိန်းဓာတ်ပိုပြိး ရရှိအောင် ပဲအမျိုးမျိုးကို ပိုမိုစားသုံးသင့်ပါတယ်။သက်သတ်လွတ်စားသူများဟာ အစားအသောက်အတော်များများကို ရှောင်ရှားရတဲ့အတွက် ကယ်လိုရီများတဲ့ အစာတွေကို ရှောင်ပြီးသားဖြစ်သွားပါတယ်။ သုတေသနတွေအရ သက်သတ်လွတ်စားသူများရဲ့ တစ်နေ့တာ ကယ်လိုရီ ပမာဏဟာ ပုံမှန်စားသောက်သူများထက် ၆၀၀ ခန့် လျော့နည်းကြောင်း သိရပါတယ်။ ဒီအချက်ဟာ ယေဘုယျအားဖြင့်တော့ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆစရာပါပဲ။ ဒါပေမယ့် ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကယ်လိုရီကို စွမ်းအင်အနေနဲ့ လိုအပ်ပါသေးတယ်။ ကယ်လိုရီနည်းပါးလွန်းရင်လည်း မောပန်းနွမ်းနယ်ခြင်း၊ ဇီဝဖြစ်ပျက်မှုများ နှေးကွေးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံနိုင်ပါသေးတယ်။ဟင်းသီးဟင်းရွက်များမှာလည်း သံဓာတ်ပါဝင်တာမို့ အသားစားသူများနည်းတူ သံဓာတ်ကို လုံလောက်စွာ ရရှိနိုင်မယ်လို့ ယူဆကြပါတယ်။ ယေဘုယျအားဖြင့် မှန်ကန်ပေမယ့် အသားမှာပါတဲ့ သံဓာတ်ဟာ heme အမျိုးအစားဖြစ်ပြီး အသီးအရွက်မှာပါဝင်တဲ့ သံဓာတ်ဟာ non-heme အမျိုးအစားဖြစ်ပါတယ်။ heme သံဓာတ်ကို ကိုယ်ခန္ဓာကနေ အလွယ်တကူစုပ်ယူနိုင်ပေမယ့် အပင်များကရတဲ့ non-heme ကိုတော့ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် အသီးအရွက်ပဲစားသူများဟာ သံဓာတ်ကို ပိုမိုရရှိအောင် ဂရုပြုစားသုံးဖို့ လိုပါတယ်။ သံဓာတ်အားဖြည့်ထားတဲ့ သက်သတ်လွတ်စားစရာတွေစားတဲ့အပြင် သံဓာတ်စုပ်ယူမှု ပိုမိုအားကောင်းအောင် ဗီတာမင် C သောက်သုံးသင့်ပါတယ်။Omega 3 ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓာတ်တစ်မျိုးဖြစ်ပြီး အဆီဓာတ်များတဲ့ ငါးတွေမှာ တွေ့ရှိနိုင်ပါတယ်။ အသားမစားသူများအနေနဲ့ Omega 3 ရရှိနိုင်မှုနည်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ချီယာစေ့၊သစ်ကြားသီး၊ နှမ်းကြတ်စေ့ စတာတွေမှာလည်း Omega 3 ကြွယ်ဝတာမို့ သက်သတ်လွတ်စားသူတွေမှာလည်း Omaga 3 ကို အသားစားသူများနည်းတူ ရရှိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/vegetarian-and-vegan-mistakes/
အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ
လူဆိုတာ မွေးကတည်းက အရပ်က ရှည်ရှည်လာပြီးgrowth plateလို့‌ခေါ်တဲ အရိုးထဲက အရပ်ရှည်တဲ့နေရာလေး ပိတ်သွားရင် ဆက်မရှည်တော့တာ ပုံမှန်ပါပဲ။ အရပ်က ရှည်တတ်သလို ပြန်လည်း ပုတတ်ဆိုတာကိုရော သိကြပါသလား။ အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ။တစ်ယောက်နဲ့ တစ်ယောက် အရပ်တွေ မတူဘူးဆိုတာက မိဘမျိုးရိုးနဲ့ သက်ဆိုင်ပါတယ်။ ဒါတွေအပြင် ကျား/မ၊ ကိုယ်တွင်းက ဟော်မုန်းပမာဏ၊ ကိုယ်စားသောက်တဲ့ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့ အချက်တွေ အပေါ်လည်း မူတည်ပါတယ်။ကိုယ်အရပ်ဘယ်လောက်ရှည်မလဲဆိုတာကို အကြမ်းအားဖြင့် တွက်နိုင်တဲ့ နည်းကတော့။နောက်ထပ် လွယ်ကူတဲ့ နည်းကတော့ ယောကျာ်းလေးဆို အသက် ၂နှစ်မှာ ရှိတဲ့ အရပ်ကို ၂ဆ၊ မိန်းကလေးဆို အသက် ၁နှစ်ခွဲမှာရှိတဲ့ အရပ်ကို ၂ဆလုပ်လိုက်ရင် ကြီးလာတဲ့ အရပ်ဘယ်လောက်ရှည်မလဲဆိုတာကို ခန့်မှန်းခြေ သိနိုင်ပါတယ်။များသောအားဖြင့်တော့ အသက် ၁၈-၂၀လောက်ဆိုရင်အရပ်ရှည်တာရပ်သွားပါပြီ။၁၈-၂၀နောက်ပိုင်းမှာ အရပ်က ထပ်မရှည်တော့ဘူး။ ဒါပေမယ့် ပြန်ပုသွားတာတော့ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့။လူကြီးတစ်ယောက်ရဲ့ ကျောရိုးမှာ ကျောရိုးဆစ်ပေါင်း ၂၀ကျော် ရှိပါတယ်။ ဒီအဆစ်တွေ ကောင်းကောင်းလှုပ်ရှားနိုင်အောင် ကြားထဲမှာ ‌ရာဘာလိုမျိုး အရိုးနုပြားလေးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အသက်ကြီးလာတဲ့အခါ၊ ကျောရိုးကို ဝန်ပိတာ များတဲ့အခါ (ဥပမာ အထိုင်များတာ) အဆစ်ကြားကအရိုးနုပြားလေးတွေက တဖြည်းဖြည်း ပါးလာပါတယ်။ ဒီတော့ ကျောရိုးတိုပြီး အရပ်ပုသွားတာပေါ့။အသက်ကြီးလာတာနဲ့အမျှ အရိုးရဲ့ တည်ဆောက်ပုံတွေက နှေးနှေးလာပါတယ်။ အရိုးသိပ်သည်းဆနည်းပြီး အရိုးပွလာပါတယ်။ အရိုးပွလာတဲ့အခါ အရပ်ပါ ပုလာပါတယ်။ နောက်ပိုင်းမှာ အရိုးကျိုးနိုင်လည်း များလာပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အရပ်ပုလာတာကအရိုးပွတာရဲ့ အစောဆုံး လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ပုံမှန်အားဖြင့်လည်း အသက်ကြီးလာရင် အရပ်ပြန်ပု လာတတ်ပါတယ်။ အသက် ၄၀လောက်က စပြီး ၁၀နှစ်ကြာတိုင်းမှာ ၂လက်မလောက် ပြန်ပုသွားနိုင်ပါတယ်။ ကျန်တဲ့ ဘဝတလျှောက်လုံးမှာ အမျိုးသမီးတွေက ၂လက်မလောက်၊ အမျိုးသားတွေက ၁လက်မခွဲလောက် အရပ်ဆုံးရှုံးတာ ဖြစ်တတ်ပါတယ်။အသက်ကြီးလာရင် အရပ်ပြန်ပုတာ ပုံမှန်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အရိုးပွရောဂါကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။အာဟာရပြည့်ဝအောင် စားသောက်တာက အလုံးစုံကျန်းမာရေးအတွက်ရော အရိုးတွေ ကျန်းမာစေဖို့ရော အထောက်အကူဖြစ်ပါတယ်။ အစားအသောက်ပုံစံမကျလို့ အာဟာရချို့တဲ့တာ၊ အဝလွန်တာတွေက အရိုးအပေါ်မှာ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ကယ်ဆီယမ်က အရိုးတွေကို သန်မာစေရုံသာမကဘဲ ကြွက်သားတွေနဲ့ နှလုံးတို့ ပုံမှန်လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ အသက် ၅၀အောက်ဆိုရင် တစ်ရက်ကို ကယ်ဆီယမ် ၁,၀၀၀ မီလီဂရမ် လိုအပ်ပါတယ်။ အမျိုးသမီးတွေမှာ အသက် ၅၀ကျော်လာရင် ဒါမှမဟုတ် အမျိုးသားတွေမှာ အသက်၇၀ကျော်လာရင် တစ်ရက်ကို ကယ်ဆီယမ် ၁,၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။အသက်ကြီးလာရင် ကြွက်သားတွေလည်း ဆုံးရှုံးလာပါတယ်။ အသက် ၃၀ကျော်လာတာနဲ့ ၁၀နှစ်ပြည့်တိုင်း ကြွက်သား ၃-၅ ရာခိုင်နှုန်း ဆုံးရှုံးနေပါတယ်။ကြွက်သားတွေ ဆုံးရှုံးလာတာကြောင့် အရိုးတွေပါ အားနည်းပြီး လျော့ရဲလာပါတယ်။၁၈-၂၀နောက်ပိုင်းမှာ အရပ်က ဆက်မရှည်တော့ဘူးဆိူပေမယ့် အရပ်ပြန်ပုတာ နည်းသွားအောင်တော့ လုပ်လို့ ရပါသေးတယ်။ အရပ်ပြန်ပုတာကလည်း လူငယ်တွေမှာလည်း လူကြီးပိုင်းတွေနဲ့ ဘိုးဘိုးဘွားဘွားတွေ အရွယ်မှာ ဖြစ်တာ များပါတယ်။အရပ်ပြန်မပုဖို့ဆို အရိုးနဲ့ ကြွက်သားတွေ သန်မာဖို့ လိုပါတယ်။ ဒီအတွက် လုပ်ပေးနိုင်တာတွေကတော့။အထူးသဖြင့်တော့အရိုးတွေကို သန်မာစေမယ့် ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ၊ ကြွက်သားတွေ မဆုံးရှုံးစေဖို့ ပရိုတင်း ကြွယ်ဝတာတွေ စားပေးဖို့ လိုပါတယ်။အသား၊ ငါး၊ အသီးအရွက်၊ နို့၊ ဥ စတာတွေကို နေ့စဉ်ပါဝင်အောင် စားမယ်ဆိုရင် အရိုးနဲ့ ကြွက်သားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝနိုင်ပါတယ်။အသက်ကြီးတဲ့သူတွေမှာတော့ အာဟာရလိုအပ်ချက် များတဲ့အတွက် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးသောက်ပေးပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ အရိုးဆုံးရှုံးတာကို ကာကွယ်ပေးပြီးကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ဦးစားပေး လုပ်ပေးပါ။လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အလေးမတာ၊ ယောဂ စတာတွေ လုပ်လို့ရပါတယ်။ တကယ်လို့ ရောဂါအခံတွေ ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ဖို့ လိုပါတယ်။ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာတွေက အရိုးပွနိုင်ခြေ များစေပါတယ်။ အဝလွန်တာ၊ လူငယ်လူလတ်ပိုင်းတွေမှာ အထိုင်များတာတွေကလည်း အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တာကြောင့် ဒါတွေကို ပြုပြင်ဖို့ လိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/why-are-you-getting-shorter/
သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး
မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။နိုင်ငံတကာမှာတော့ ဂီတကုထုံးကိုစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်းစိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် ။ ကုထုံးတွေမှာတော့။လေ့လာချက်တွေအရ မိမိကြိုက်နှစ်သက်တဲ့ နူးညံ့တဲ့ဂီတ သို့မဟုတ် ပေါက်ကွဲသံစဉ်တွေကို နားထောင်အပြီးမှာတော့။အခုခေတ်မှာတော့ ဂီတကုထုံးကိုစိတ်ပိုင်းဆိုင်ရာရောဂါတွေမှာသာ ကုသရုံတင်မက ကင်ဆာဝေဒနာသည်တွေကိုပါ ရောဂါဝေဒနာသက်သာအောင် လုပ်ပေးလာကြပါတယ် ။ စိတ်သောကများတတ်သူများ ၊ စိတ်ဓါတ်ကျခြင်း ၊ အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ပြင်းပြင်းထန်ထန် ထိခိုက်ခြင်းများ ၊ သတိမေ့လျောခြင်း ၊ Autism – အော်တစ်ဇင်ကလေးငယ်များ ၊ စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူပိုင်းဆိုင်ရာ ဝေဒနာသည်များ ၊ ကင်ဆာဝေဒနာရှင်များမှာ ကုထုံး အသုံးပြုတတ်ပါတယ် ။ဂီတကုထုံးရဲ့ အကျိုးကျေးဇူးတွေက ဒါတွေတင် မဟုတ်ပါဘူး ။ သင့်နှလုံးကျန်းမာရေးအတွက် သွေးတိုးထိန်းပေးခြင်း နဲ့သွေးတွင်းကိုလက်စထရောအဆီကျစေခြင်း တွေကြောင့် သင့်နှလုံးနဲ့ သွေးကြောရောဂါတွေကို ကာကွယ်စေတဲ့အတွက် နှလုံးသားကိုပါ ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။ ဒါ့အပြင် ညဘက်အိပ်မပျော်တဲ့ဝေဒနာသည်တွေအတွက်လည်း နူးညံ့တဲ့ဂီတသံစဉ်လေးတွေက ကောင်းကောင်း အကျိုးပြူမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – Dr.အောင်ကျော်မြင့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%ae%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%b0-%e1%80%9e%e1%80%ad%e1%80%af%e1%80%b7/
လူကြီးတွေအတွက် အသင့်တော်ဆုံး အားဆေးရွေးချယ်ခြင်း
အားဆေးလို့ပြောလိုက်တာနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကိုပဲ စဉ်းစားမိကြလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ဆေးဝါးလောကမှာတော့ ဗီတာမင်၊ သတ္ထုဓါတ်၊အမျှင်ဓါတ်၊ အမိုင်နိုအက်စစ်၊ သဘာဝဆေးပင်၊ဟော်မုန်းတွေပါ ဝင်တဲ့ ဓါတ်စာအားဆေးအမျိုးမျိုးကို ဖော်စပ်ထုတ်လုပ်နေကြပါပြီ။ အားဆေးတွေကို သောက်ဆေး၊ ဆေးတောင့်၊ အမှုန့်၊ဂျယ်လ်ဆေးပြား၊အဆီ သို့မဟုတ် ဆေးရည်အသွင်တို့နဲ့ရရှိနိုင်သလို တခါတရံ အသင့်သောက်သုံးနိုင်တဲ့ အားဖြည့်အာဟာရဘူး သို့မဟုတ် အချောင်းပုံစံနဲ့လည်းရရှိနိုင်ပါတယ်။အားဆေးကြော်ငြာတွေကတော့ ပိုကျန်းမာစေမယ်၊ နေမကောင်းမဖြစ်အောင်ကာကွယ်ပေးမယ်၊ အသက်တောင်ပိုရှည်စေမယ်လို့ ကတိတွေပေးနေပါတယ်။ အမှန်တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို တချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်ပါတယ်။ တချို့ကျတော့ ကျန်းမာရေးအကျိုးကျေးဇူးမပေးနိုင်တာ ကြောင့် ငွေဖြုန်းတီးသလိုဖြစ်နေတတ်ပါတယ်။ဒါ့ကြောင့် ကိုယ့်မိဘက အားဆေးသောက်ဖို့လိုအပ်နေသလားဆိုတာ သိရဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးချင်း၊ ဒါမှမဟုတ် စီးပွားရေးသမား တစ်ယောက်ရဲ့အကြံပြုချက်စကားနဲ့ပဲ ကိုယ့်ရဲ့ လူကြီးမိဘတွေကို အားဆေးမတိုက်သင့်ပါဘူး။ဗီတာမင်နဲ့သတ္ထုဓါတ်တွေကတော့ အစားအစာတွေထဲမှာသဘာဝအတိုင်းပါရှိတဲ့ အာဟာရတွေပါ။ ဒါ့ကြောင့် ဆေးတွေဆီကရရှိတာထက် အစားအစာတွေကတဆင့် အာဟာရဓါတ်ရရှိတာအကောင်းဆုံးပါပဲ။အားဆေးကိုသောက်မယ်ဆိုရင် ဘူးမှာပါတဲ့ဖော်ပြချက်တွေကိုသေချာကြည့်ပါ။ တစ်ဖုံစာ၊တစ်ခွက်စာမှာ ပါရှိမယ့် ဗီတာမင်နဲ့သတ္ထုဓါတ်ပမာဏကို နေ့စဉ်စားသုံးတဲ့အာဟာရနဲ့နှိုင်းယှဉ်ပါ။ အားဆေးနည်းနည်းသောက်တာတောင် ကောင်းတယ်ဆိုတော့ များများသောက်ရင်ပိုကောင်းမယ်လို့တချို့ကထင်ကြပါတယ်။ ဒါပေမယ့် အားဆေးကို ပိုသောက်ဖို့မလိုအပ်ပါဘူး။လူကြီးမိဘတွေကို အားဆေးတိုက်ကျွေးဖို့ စဉ်းစားနေပြီဆိုရင် အောက်ပါအချက်တွေကို ထည့်စဉ်းစားသင့်ပါတယ်-။ဗီတာမင် B12 –B12 ကို တစ်နေ့ 2.4 mcg (micrograms)သောက်သုံးနိုင်ပါတယ်။ ဗီတာမင် B12က အနီရောင်ရှိတဲ့အသားနဲ့ ဂုံးကောင်တို့မှာ ပါဝင်မှုများပြီး ငါး၊ကြက်ဥ၊ကြက်၊ဘဲ၊နို့တို့မှာ အတော်လေးပါဝင်ပေမယ့် သက်ကြီးပိုင်းအရွယ် ၃ပုံ ၁ပုံလောက်က အစားအစာထဲကနေ B12 ကိုစုပ်ယူနိုင်စွမ်းမရှိကြတော့ပါဘူး။ B12 ကသွေးနဲ့ အာရုံကြောကို အားကောင်းစေပြီး ဗဟိုအာရုံကြောစနစ်ပြုပြင်ထိန်းသိမ်းမှု၊ သွေးနီဥဆဲလ်ထုတ်လုပ်မှု၊ ဇီဝဖြစ်စဉ်မှန်ကန်စေမှုတို့လို လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အားဖြည့်ပေးနိုင်တာကြောင့် လူကြီးတွေ သောက်သုံးသင့်ပါတယ်။ B12 ဓါတ်ချို့တဲ့သူတွေမှာဆို ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ခံစားရနိုင်ပါတယ်။B12အားဆေးသောက်တဲ့အခါမှာ ပိုသောက်မိရင် စိတ်ပူစရာသိပ်မရှိပေမယ့် Metformin ( အသုံးများတဲ့ဆီးချို ထိန်းဆေး)၊ proton pump inhibitors၊ histamines နဲ့ တခြားပဋိဇီဝဆေးတချို့နဲ့ ဓါတ်ပြုတုံ့ပြန်မှု ဆိုးရွားတတ်ပါတယ်။ကယ်လ်စီယမ် –1200 mg (milligrams)သောက်နိုင်ပေမယ့် တစ်နေ့ကို 2500 mg ထက်တော့မကျော်သင့်ပါဘူး။ လူတွေကအသက်ကြီးလာတာနဲ့အမျှ အရိုးသန်မာနိုင်ဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို ပိုလိုအပ်လာပါတယ်။ ဒါပေမယ့် သောက်သုံးမယ့်သူမှာ တချို့သောရောဂါအခံတွေရှိနေရင် ကယ်လ်စီယမ်သောက်လို့ ဘေးမကင်းနိုင်မှာ ကိုစိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ကယ်လ်စီယမ်သောက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။ ကယ်လ်စီယမ်များလွန်းရင် calcium toxicity လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ဗီတာမင် D— ဗီတာမင် D ကအရိုးနဲ့သွားအတွက်ကယ်လ်စီယမ်စုပ်ယူမှုကိုအားကောင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့အပြင် စိတ်ကျဝေဒနာကို သက်သာစေပါတယ်။ vitamin D ချို့တဲ့ရင် အရိုးပွရောဂါ၊ multiple sclerosis နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ နေရောင်ခြည်ကတဆင့် ရရှိနိုင်သလို ဆီစီရယ်၊လိမ္မော်ရည်၊ နွားနို့၊ဒိန်ချဉ်၊တို့ကနေ vitamin Dကောင်းကောင်းရရှိနိုင်ပေမယ့် လူကြီးတွေမှာတော့ အားဆေးသောက်သုံးမှ အလုံအလောက်ရရှိနိင်မှာပါ။ ဒါပေမယ့် vitamin D သောက်သုံးမှု များလွန်းရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ အစာမစားချင်တာ၊ ဆီးကျောက်တည်တာတွေ ဖြစ်နိုင်ခြေများပါတယ်။သံဓါတ်အားဆေး –အမျိုးသားတွေနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေဟာ တစ်နေ့ကို သံဓါတ် 8 mg လိုအပ်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုခံယူနေရတဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ပိုပြီးလိုအပ်ကြပါတယ်။ သံဓါတ်က သွေးနီဥဆဲလ်တွေကို ကျန်းမာစေတာကြောင့် မရှိမဖြစ်လိုအပ်တဲ့အားဆေးထဲမှာပါဝင်ပါတယ်။ဗီတာမင် B6 –အမျိုးသားတွေမှာ 1.7 mg၊ အမျိုးသမီးတွေမှာ 1.5 mg နေ့စဉ်လိုအပ်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုနဲ့ အလုံးစုံကျန်းမာရေးအတွက် ဒီဗီတာမင်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် B6 သောက်သုံးမှုများသွားရင် အဆိပ်အတောက်ဖြစ်ပြီး အာရုံကြောထိခိုက်မှု၊ ထုံခြင်း၊ ကျဉ်ခြင်းတို့မှာ ဆိုးဆိုးရွားရွားဖြစ်လာစေနိုင်ပါတယ်။ ပမာဏများများ သောက်သုံးမှုတာရှည်လွန်းရင်လည်း အရမ်းကိုအန္တရာယ်များပြီး ဦးနှောက်နဲ့အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။Omega-3 fatty acids –Omega-3 fatty acids တွေဟာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး dementia ရောဂါ၊ အဆစ်ရောင်ရောဂါ၊ကင်ဆာ၊ နှလုံးရောဂါ၊စိတ်ကျရောဂါတို့ကို ကုသရာမှာအထောက်အကူပေးတဲ့ အကျိုးပြုအဆီဓါတ်ဖြစ်ပါတယ်။ ငါးသေတ္တာငါး၊ ဆော်လမွန်ငါး၊ ပဲပိစပ်၊ သစ်ကြားသီး၊ပန်းဂေါ်ဖီစိမ်းတို့မှာ ပါဝင်မှုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိသူတွေ၊ သွေးကျဲဆေး သို့မဟုတ် သွေးကျဆေးသောက်နေရသူ တွေမှာတော့ Omega-3 အားဆေးကိုသောက်တဲ့အခါ သတိထားသင့်ပါတယ်။Omega-3 က သွေးယိုစိမ့်မှုဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်ပြီး သွေးဖိအားကို အန္တရာယ်အဆင့်ထိကျဆင်းစေ နိုင်တဲ့အပြင် ဆီးချိုသမားတွေမှာလည်း သွေးတွင်းသကြားဓါတ်ကိုအမြင့်ဆုံးရောက်စေတတ်တာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေရဲ့ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင် အားဆေးလွယ်လွယ် မတိုက်ကျွေးဘဲ ဆရာဝန်နဲ့ပြသ စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း သောက်သုံးမှသာ ဘေးအန္တရာယ်ကင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကိုရရှိနိုင်မှာဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b1%e1%80%ac/
အသက်အရွယ်ကြီးရင့်လာတဲ့ မိဘများနဲ့အတူ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ
ကျွန်မတို့ချစ်ခင်ရတဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးတွေကိုကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းနေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်သလိုလူကြီးတွေကို စိတ်ဖိစီး တာတွေနဲ့အထီးကျန်တာတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကို ကျန်းမာသန်စွမ်းစေဖို့အတွက် မိဘတွေနဲ့အတူလုပ်ဆောင်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုပါတယ်။ကျွန်မတို့အနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေနဲ့အတူ ရက်သတ္တပတ် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့် လူကြီးမိဘတွေကို ခွန်အားတိုးတက်စေမှာဖြစ်သလိုကိုယ်ခန္ဓါကိုလည်းဟန်ချက်ညီစေမှာဖြစ်ပါတယ်။ဝမ်းဗိုက်ကြွက်သားတွေသန်စွမ်းစေဖို့အတွက် အသက်ကိုပြင်းပြင်းရှုသွင်းပြီးဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းနေအောင်လုပ်ဆောင်လိုက်ပါ။ အသက်အောင့်တဲ့လေ့ကျင့်မှုကို ၃ ကြိမ်လုပ်ဆောင်ပေးပါ၊ အဲ့နောက်မှာကြွက်သားတွေကိုပြန်လည်လျှော့ချပေးလိုက်ပါ။နံရံတွန်းတဲ့လေ့ကျင့်ခန်း –ရင်ဘတ်နဲ့ပခုံးမှာအင်အားတွေတိုးလာစေဖို့အတွက် နံရံတွန်းတဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။ နံရံနဲ့ ၃ ပေအကွာမှာနံရံဘက်ကိုမျက်နှာမူပြီးမတ်မတ်ရပ်ပါ၊ ပခုံးကိုခြေထောက် ခွဲရပ်ထားတဲ့အကွာအဝေးအတိုင်းထားပါ။ လက်တွေကိုနံရံပေါ်မှာပခုံးနဲ့တညီတည်းတင်ထားပါ။ ခန္ဓါကိုယ်ကို ကျောရိုးနဲ့တညီတည်းမတ်မတ်ထားရပါမယ်။ ကိုင်းမနေရပါဘူး။ အဲ့နောက် ခန္ဓါကိုယ်ကိုနံရံဆီကို လက်တွေ ကွေးညွတ်ပြီးကပ်ချရပါမယ်။ ပြီးတဲ့နောက် ကိုယ်ကိုပြန်မတ်ရပါမယ်။Pelvic Tilts လေကျင့်ခန်း –နောက်ကျောကြွက်သားတွေသန်မာစေဖို့အတွက်နဲ့ကြွက်သားတွေပြေလျော့စေဖို့ လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှိုက်ရှုပြီးတင်ပါးကိုတင်းနေအောင်ထားရပါမယ်။ အဲ့နောက် ပက်လက် အနေအထားနဲ့ တင်ပါးကို ဖြည်းဖြည်းချင်းကြမ်းပြင်ကနေ ၃ စက္ကန့်ကြာကြွအောင်လုပ်ဆောင် ရမှာဖြစ်ပြီး ကြမ်းပြင်နဲ့ပြန်ထိပေးရမှာဖြစ်ပါတယ်။Shoulder Blade Squeeze လေ့ကျင့်ခန်း –ခန္ဓါကိုယ်နောက်ဘက်ခြမ်းကြွက်သားတွေနဲ့သန်မာစေဖို့နဲ့ ရင်အုပ်ပိုင်း ကြွက်သားတွေပြေလျော့စေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာခြေထောက်ကိုစင်း ပြီးမတ်မတ်ထိုင်ရပါမယ်။ လက်တွေကိုပေါင်ပေါ်တင်ထားရပါမယ်။ ပခုံးကြွက်သားတွေကိုညှစ်ပေးရပါမယ်။ လက်တွေကိုပခုံးအထက်ကိုမကျော်စေဘဲ ပခုံးကြွက်သားတွေကို ၃ စက္ကန့်ကြာညှစ်ပေးရမှာဖြစ်ပါတယ်။Toe Taps လေ့ကျင့်ခန်း– ခြေထောက်အောက်ပိုင်းတွေသန်စွမ်းစေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ပြီး ခြေဖနောင့်တွေကို ကြမ်းပြင်နဲ့ထိထားပေးပါ၊ အဲ့သည့်နောက် ညို့သကျည်း တလျှောက်ကကြွက်သားတွေကို ထိရောက်မှုရှိတယ်လို့ ခံစားရတဲ့ အထိခြေချောင်းလေးတွေကို မတင်ပေးပါ။ ဒီလိုမျိုးလုပ်ဆောင်ပေးတာကခြေထောက်တွေမှာသွေးလည်ပတ်မှု ကောင်းမွန်စေမှာဖြစ်သလိုခြေထောက် အောက်ပိုင်းကိုလည်းကြံ့ခိုင်စေမှာဖြစ်ပါတယ်။ဒူးမတင်တဲ့လေ့ကျင့်ခန်း– ပေါင်တွေကိုသန်မာစေပါတယ်။ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ပြီး လက်မောင်းတွေကို သက်တောင့်သက်သာဖြစ်တဲ့အနေအထားမျိုးထားပေးပါ။ ဒူးနဲ့ပေါင်နောက်ဘက်ခြမ်းကို ခုံကနေ ၃ လက်မ လောက်ကြွပေးပြီး ၃စက္ကန့်ကြာထားပြီးမှာ ခြေထောက်ကိုဖြည်းဖြည်းချင်းပြန်ချပေးပါ။ တစ်ဖက်ပြီးတစ်ဖက် လုပ်ပေးပါ။ပခုံးနဲ့နောက်ကျောကြွက်သားတွေကို ပြေလျော့စေဖို့ ပခုံးနဲ့နောက်ကျောအပေါ်ဘက်ကြွက်သား ဆန့်ထုတ်ခြင်း လေ့ကျင့်ခန်း၊ခြေသလုံးကြွက်သားတွေသန်မာစေဖို့အတွက်လုပ်ဆောင်ရမယ့် ခြေချင်းဝတ်လေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းတွေ၊နေ့စဉ်လုပ်ဆောင်နေတဲ့လှုပ်ရှားမှုတွေကိုလုပ်ဆောင်နိုင်စွမ်းတိုးတက်စေမယ့် လည်ပင်း ကြွက်သားတွေ ပြေလျော့အောင်လုပ်ဆောင်ပေးရတဲ့လေ့ကျင့်ခန်းတွေနဲ့နောက်ကျောအပေါ်ဘက် ကြွက်သား တွေနဲ့ ပခုံး ကြွက်သားတွေ တောင့်တင်းနေတာကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေနဲ့ လူကြီးမိဘတွေကို အသက်အရွယ် ကြီးရင့်လာတဲ့အခါဟန်ချက်ထိန်းနိုင်အောင်လုပ်ဆောင်ပေးတဲ့လေ့ကျင့်ခန်းတွေလိုမျိုး ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်း စေတဲ့လေ့ကျင့်ခန်းတွေကို မိမိရဲ့မိဘတွေနဲ့အတူလုပ်ဆောင်ပေးနိုင်ပါတယ်။လေ့ကျင့်ခန်း နေ့စဉ်လုပ်ဆောင်ပေးတာကနှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ကင်ဆာ၊ကိုက်ခဲမှုဝေဒနာ၊ အဆစ်ရောင်နာ၊ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကိုသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်ကိုယ်နေဟန်ထားကိုကောင်းမွန်စေပြီး အရိုးသိပ်သည်းစကိုထိန်းသိမ်းပေးနိုင် သလို လှုပ်ရှားသွားလာမှုနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုလည်းကောင်းမွန်စေပါတယ်။ ပိုကြည့်ကောင်းပြီး ပိုမိုကျန်းမာလိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/active-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-2/
တညင်းသီး က အာဟာရဖြစ်လို့လား။
မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီး ကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။အတို့အမြှုပ်အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေ ရှိပါသေးတယ်။ဒီလောက်နဲ့ ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီးပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။တညင်းသီးမှာအဆိပ်အတောက်အနည်းငယ် ပါပါတယ်။ တညင်းသီးမှာအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က တညင်းသီး အဆိပ်တက်တာကို ဖြစ်စေနိုင်ပါတယ်။ဒါ့ပြင် တညင်းသီးကခံတွင်းနံ့ ဆိုးတာ၊ ဆီးအနံ့ နံတာ၊ ဝမ်း အနံ့ဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က တညင်းသီးက အာဟာရ ပါဝင်မှု နည်းသလို အဆိပ် ခပ်ပျော့ပျော့ ပါနေပြီး အာဟာရ ဖြစ်စေမှုကို အဟန့်အတား ဖြစ်စေတဲ့ အရာတွေပါ ပါဝင်နေတာပါ။တညင်းသီး စားပြီးရင် ခံတွင်းမှာ အနံ့ဆိုးဖြစ်တာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်နေတာပါ။ဆီးတွေ၊ ဝမ်းတွေ အနံဆိုးနေရခြင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ခန္ဓာကိုယ်က ကြိုးစားနေတာပါ။ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ဝင်ရောက်တဲ့အခါ အသည်းက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ကျောက်ကပ်ကတော့ ဆီး အနေနဲ့ အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ် တစ်ရပ်ပါ။တညင်းသီး စားလိုက်တဲ့အခါမှာတော့ တညင်းသီးမှာပါတဲ့ အဆိပ်ဖြစ်စေတဲ့ဓာတ်ကအသည်းကို အရင်မရောက်ဘဲ သွေးထဲကို ရောက်သွားပါတယ်။ ပြီးမှ အသည်းဆီကို ရောက်ပါတယ်။အသည်းက ကိုယ်တွင်းကို ဝင်ရောက်သမျှ အဆိပ် အားလုံးကို ဖယ်ရှားပေးနိုင်ပေမယ့် တညင်းသီးရဲ့ အဆိပ်ကိုတော့ မဖယ်ရှား ပေးနိုင်ပါဘူး။ဒီတော့ နောက်တစ်ဆင့်က ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ် မော်လီကျူးတွေက ကျောက်ကပ်ထဲက ဆီးပြွန်လေးတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ဒီလိုကနေ ကျောက်ကပ် ထိခိုက်ပြီး ဆီးသွားတဲ့အခါ သွေးပါလာတာ၊ဆီးသွားရခက်တာ၊ ကျောက်ကပ် ထိခိုက်မှုကြောင့် ခါး တအားနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒီလိုကနေမှ သွေးထဲမှာ အဆိပ်အတောက်တွေ များလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အဆိုးဆုံး အနေနဲ့ ကျောက်ကပ်ပျက်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။အတွေ့အကြုံ တစ်ခုကို မျှဝေရမယ်ဆိုရင် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် တညင်းသီးကို ကြိုက်လွန်းလှချည်ရဲ့ဆိုပြီး တစ်ယောက်တည်း တစ်ခြင်းလုံးကို တစ်ထိုင်တည်းစားပြီး နောက်နေ့ကျ ရုတ်တရက် ကျောက်ကပ်ပျက်လို့ ဆီးလုံးဝမထွက်တော့ဘဲ ဆေးရုံကို ရောက်လာတဲ့ အဖြစ်အပျက်လေး ရှိဖူးပါတယ်။ တညင်းသီး အဓိက ထိခိုက်စေတာက ကျောက်ကပ်ပါ။ သာမန်လူတောင် ဒီလို ဖြစ်သွားရင် နဂိုကျောက်ကပ် မကောင်းတဲ့သူအနေနဲ့ တတ်နိုင်သမျှရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/djenkol-bean/
လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့
တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေ ပြီးမြောက်စေဖို့ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ လက်အစုံပါ။ စားတာသောက်တာ၊ ချက်တာပြုတ်တာ၊ စာရေးတာ၊ ကားမောင်းတာကစလို့ အမျိုးမျိုးသော တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာလေးတွေကို လုပ်ဆောင်ပေးတဲ့ လက် နဲ့ လက်ကောက်ဝတ် တွေမှာ ကိုက်ခဲတာ နာကျင်တာတွေ ဖြစ်မယ်ဆိုရင် အလုပ်မတွင်သလို အတော်လေး မသက်မသာဖြစ်မယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။လက်ချောင်းမှာ ဓားရှရင်တောင် ပစ္စည်းတွေ ကိုင်တွယ်ဖို့ အခက်အခဲဖြစ်တာပါ။ တကယ်လို့ လက်ကြီးတစ်ချောင်း ဒါမှမဟုတ် လက်ကောက်ဝတ်သာ နာမယ်ဆိုရင်တော့ အတော်လေး ခက်ခဲမယ့် ကိစ္စပါ။ ဒီတစ်ခေါက်တော့ လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲရတာက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။လက် နဲ့ လက်ကောက်ဝတ် နာကျင်နေပြီဆိုရင်နာကျင်တာကို ပိုဆိုးစေနိုင်တဲ့အလေ့အထတွေကို ရှောင်ရပါမယ်။ ဥပမာ – ဝက်အူရစ်တာ၊ ဆေးသုတ်တာ၊ အလေးအပင်တွေ မတာလိုမျိုး အရာတွေပါ။ နာကျင်နေစဉ်မှာ ဒီအပြုအမူတွေကို လုပ်မယ်ဆိုရင် နာကျင်တာ ပိုဆိုးသွားနိုင်ပါတယ်။လက်အရွတ်တွေနဲ့ ကြွက်သားတွေကိုသွေးလည်ပတ်မှုကောင်းစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကြွက်သားတွေကို သန်မာစေပြီး အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။နာကျင်ကိုက်ခဲနေတာကို ရေခဲကပ်တာကလည်း သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ကြွက်သားတွေ ရောင်နေမယ်ဆိုရင် အရောင်ကျစေပြီး သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ၁၅ မိနစ်လောက် ကပ်ပြီးတိုင်း ခဏ နားပေးဖို့ သတိရပါ။ ရေခဲကို ပုဝါတစ်ခုခုထဲ ထည့်ပြီးမှ ကပ်ပါ။ရက်ပိုင်းလောက်နေလို့မှ နာကျင်မှု မသက်သာရင် ရေနွေးအိတ်ကပ်ပါ။ ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေက ကြွက်သားတွေ အဆစ်တွေဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲနေတဲ့ နေရာကို ရေနွေးအိတ် ကပ်ပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေပြီး နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲနေတယ်ဆိုရင် လက်ဖက်စိမ်း ရေနွေးကြမ်းကို ၂ ခွက်ကနေ ၃ ခွက်လောက် သောက်ပေးပါ။လက်နဲ့ လက်ကောက်ဝတ် နာကျင်နေတဲ့အခါ အဆီများတာ သကြားများတာတွေကို ရှောင်ပါ။ ဒါတွေက နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းတာကို ပိုဆိုးစေနိုင်လို့ပါ။ နာကျင်ကိုက်ခဲနေချိန်မှာ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အဆီမပါတဲ့ ပရိုတင်းတွေကို စားပေးဖို့ လိုပါမယ်။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး လက်နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ လုပ်ဆောင်ကြည့်လိုက်စို့နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/home-remedy-for-hand-ache/
ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ
လူအများစုဟာကိုယ်အလေးချိန်အတက်အကျမျိုးစုံကို ကြုံဖူးကြပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ နောက်ခံကျန်းမာရေး အခြေအနေများကြောင့် ဖြစ်နေတတ်ပါတယ်။ကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ကျန်းမာရေးပြသနာကြောင့်မဟုတ်ရင် အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။၁။ဆေးဝါးများသုံးစွဲနေခြင်း။ဆေးဝါးအချို့ဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ မြင့်တက်လာစေတတ်ပါတယ်။ အထူးသဖြင့် အတက်ကျဆေး၊ ဆီးချိုဆေး၊ သွေးကျဆေး၊ စိတ်ကျကုသဆေးနဲ့ စိတ်ကျန်းမာရေးဆေးဝါးများဟာ ကိုယ်အလေးချိန် တိုးစေတတ်ပါတယ်။ ဒါပေမယ့် ဆေးဝါးများကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ရပ်တန့်ခြင်း မပြုရပါဘူး။၂။အိပ်မပျော်ခြင်း။သုတေသနတွေအရအိပ်ရေးပျက်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်စေကြောင်း သိရပါတယ်။အိပ်စက်မှုပုံစံပြောင်းလဲခြင်းဟာ စားသောက်မှုပုံစံနဲ့ စိတ်အနေအထားကိုပါ ပြောင်းလဲစေနိုင်ပြီး အလွန်အကျွံ စားသောက်လာစေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့သုတေသနအရ အိပ်ရေးပျက်သူများဟာ စွမ်းအင်လိုအပ်ချက်အတွက် ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးလာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်ကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။၃။သားဥအိမ်အရည်အိတ်တည်ခြင်း။သားဥအိမ်အရည်အိတ်တည်သော ရောဂါလက္ခဏာစု (polycystic ovary syndrome) ခံစားရသူ အမျိုးသမီးများဟာ သက်လတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ဒီရောဂါမှာ ကျားဟော်မုန်းကို ပိုထုတ်လုပ်လာတဲ့အတွက် ဖြစ်ပါတယ်။၄။နှလုံးပျက်စီးခြင်း။ကိုယ်အလေးချိန်တက်လာခြင်း၊ ကိုယ်ခန္ဓာနေရာအချို့ ရောင်ရမ်းလာခြင်း စတာတွေဟာ နှလုံးကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အရည်များစုဝေးလာခြင်းကြောင့် ဖြစ်ပါတယ်။ အမေရိကန်နှလုံး အဖွဲ့ကြီးရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၂-၃ ပေါင် (သို့) တစ်ပတ်အတွင်း ၅ပေါင်ခန့် တက်ခြင်းဟာ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။နှလုံးကောင်းကောင်း အလုပ်မလုပ်ခြင်းရဲ့ အခြားလက္ခဏာတွေကတော့ အဆုတ်အတွင်း အရည်စုခြင်း၊ မကြာခဏ ချောင်းဆိုးခြင်း၊ နားနေချိန်မှာပင် မောပန်းခြင်း၊ မူးဝေခြင်း၊ အစားပျက်ခြင်း၊ အိပ်စက်ရန် လဲလျောင်းရန် ခက်ခဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာ တစ်ခုခုကြုံတွေ့ရပြီး ကိုယ်အလေးချိန်လည်း တက်လာမယ်ဆိုရင် ဆေးဝါးကုသမှုခံယူရန် လိုအပ်ပါတယ်။၅။ကျောက်ကပ်ရောဂါ။ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ရောင်ခြင်း စတဲ့ ကျောက်ကပ်ရောဂါတွေကြောင့် ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်တဲ့အချိန်မှာ ကိုယ်ခန္ဓာထဲက စွန့်ပစ်ပစ္စည်းများနဲ့ အရည်များကို ကောင်းစွာ မစွန့်ထုတ်နိုငတော့ဘဲ အရည်များစုဝေးပြီး ကိုယ်အလေးချိန်လည်း မြင့်တက်လာတတ်ပါတယ်။ကျောက်ကပ်ပျက်စီးခြင်းရဲ့ အခြားလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးကောင်းစွာ မသွားခြင်း၊ ဆီးတွင်အမြှုပ်ပါခြင်း၊ ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်များကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။၆။သိုင်းရွိုက်ရောဂါ။သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ပြသနာဟာ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေနိုင်တာကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာမှာလည်း အရည်များ စုဝေးလာစေပါတယ်။ သိုင်းရွိုက်အလုပ်လုပ်မှု ကျဆင်းတဲ့ ရောဂါရဲ့ တခြားလက္ခဏာတွေကတော့ ဆက်တိုက်မောပန်းနေခြင်း၊ ခန္ဓာကိုယ်အေးခြင်း၊ အရေပြားနှင့် ဆံသားခြောက်သွေ့ခြင်း၊ လက်သည်းများ ကြွပ်ဆတ်ခြင်း၊ အဆစ်အမြစ်များ တောင့်တင်းပြီး ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။၇။ ကူးရှင်းရောဂါလက္ခဏာစု (Cushing Syndrome)။ကူးရှင်းရောဂါလက္ခဏာစုဟာ ကိုယ်ခန္ဓာကနေ ကော်တီစောဟော်မုန်း ပမာဏများများကို အချိန်ကြာကြာ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပွားပါတယ်။ ကော်တီဆောဟာ စိတ်ဖိစီးမှုကို တုံ့ပြန်ရာကနေထွက်လာတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ကူးရှင်းရောဂါလက္ခဏာစုကြောင့် ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်၊ လည်ပင်း၊ မျက်နှာ၊ လက်ပြင် စတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ လက်နဲ့ ခြေထောက်တွေတော့ သေးနေတတ်ပါတယ်။ကိုယ်အလေးချိန် တက်ခြင်း ကျခြင်းဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလာခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း စတာတွေကြောင့် ကိုယ်အလေးချိန် သိသိသာသာ တိုးလတတ်ပါတယ်။ဒါပေမယ့် အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ကိုယ်အလေးချိန်ရုတ်ချည်းတက်လာရင်၊ တခြား ရောဂါလက္ခဏာတချို့လည်း ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/rapid-weight-gain/
လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား
လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာကတော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်လို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာက သူ့ဘာသာ အလွယ်တကူပျောက်သွားတတ်တဲ့ဝေဒနာဆိုပေမယ့် ဂရုတစိုက်မရှိဘူးဆိုရင်တော့နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာတွေအဖြစ်ကို ကူးပြောင်းသွားနိုင်ပြီး မခံမရပ်နိုင်အောင်လည်ချောင်းနာတာ၊ပြည်တည်တာ၊ အသံမထွက်နိုင်တော့တာနဲ့ အသက်ရှူကြပ်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။လည်ချောင်းနာခြင်းလက္ခဏာတွေက ရောဂါအကြောင်းရင်းကိုမူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ များသောအားဖြင့် –။လည်ချောင်းနာစေတဲ့ တချို့အကြောင်းရင်းတွေကတော့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အပါအဝင် တခြားလက္ခဏာတွေဖြစ်တတ်ပါတယ်။ဗိုင်းရပ်စ်လည်ချောင်းနာဝေဒနာက –။ဘက်တီးရီးယားလည်ချောင်းနာဝေဒနာက အများအားဖြင့်Streptococcus pyogenes ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့လည်ချောင်းနာတာတွေကတော့ ဗိုင်းရပ်စ်ထက် ပိုပြင်းထန်တတ်ပါတယ်။ဒါတွေအပြင် လည်ချောင်းနာစေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါသေးတယ်။ဓါတ်မတည့်ခြင်း –ဖုန်မှုန့်တွေ၊မှို၊ ပန်းဝတ်မှုန် ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်အမွေးတွေဆီကအမှုန်အမွှားတွေနဲ့ ဓါတ်မတည့်တာကြောင့် လည်ချောင်းနာတတ်ပါတယ်။ခြောက်သွေ့ခြင်း –အိမ်တွင်းကခြောက်သွေ့တဲ့လေကြောင့် (အထူးသဖြင့် အိမ်မှာအရမ်းပူနေတဲ့အချိန်) လည်ချောင်းမှာ ရှတတဖြစ်နေတာ၊လည်ချောင်းနာတာမျိုး မနက်အိပ်ရာထစမှာဖြစ်တတ်ပါတယ်။ပတ်ဝန်းကျင်လှုံ့ဆော်မှု –ပြင်ပလေထုညစ်ညမ်းမှုကြောင့် လည်ချောင်းကိုဝေဒနာဖြစ်စေတတ်ပါတယ်။ ဆေးလိပ်ငွေ့၊ သို့မဟုတ် ဓါတုပစ္စည်း အငွေ့တွေလို အိမ်တွင်းလေထုညစ်ညမ်းခြင်းကြောင့် အချိန်တာရှည်လည်ချောင်းနာစေတတ်ပါတယ်။ အရက်၊ဘီယာနဲ့ အပူအစပ်တွေကြောင့်လည်း လည်ချောင်းနာစေပါတယ်။ကြွက်သားညောင်းခြင်း –စကားအကျယ်ကြီးအော်ပြောခဲ့တာ ဒါမှမဟုတ် အချိန်အတော်ကြာမရပ်မနား စကားပြောခဲ့ရတာတို့လို လည်ပင်းကြွက်သားတွေအရမ်းအလုပ်လုပ်ရတဲ့အခြေအနေမျိုးတွေကြောင့် ကြွက်သားညောင်းတတ်ပါတယ်။အကျိတ်ဖြစ်ခြင်း –လည်ချောင်း၊လျှာ သို့မဟုတ် အသံအိုးမှာ ကင်ဆာအကျိတ်ရှိနေရင် လည်ချောင်းနာစေနိုင်ပါတယ်။ အသံဝင်ခြင်း၊ မျိုချရခက်ခဲခြင်း၊အသက်ရှူသံပြင်းခြင်း၊လည်ပင်းမှာအဖုအကျိတ်ဖြစ်နေခြင်း၊ တံတွေးမှာသွေးပါခြင်းလက္ခဏာတွေပါဝင်ပါတယ်။ဒီအမျိုးအစားက ကလေးတွေမှာအဖြစ်များဆုံးဆိုပေမယ့် အရွယ်သုံးပါးစလုံးမှာဖြစ်နိုင်ခြေလည်းရှိပါတယ်။ ကိုယ်တိုင် သို့မဟုတ် ကလေးမှာ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကုသသင့်ပါတယ်။ မျိုချရခက်တာ၊အာသီးရောင်တာ၊ အာခေါင်ရင်းမှာအနီစက်လေးတွေဖြစ်လာတာ၊ လည်ပင်းကပြန်ရည်ကျိတ်တွေရောင်လာတာ၊အဖျားရှိတာ၊ခေါင်းကိုက်တာ၊ကလေးငယ်တွေပျို့အန်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေပါဝင်ပါတယ်။လက္ခဏာတွေသိရချိန်မှာသေချာမကုသခဲ့ရင်တော့ကျောက်ကပ်ရောင်ခြင်း ဒါမှမဟုတ် ပိုးလေးဘက်နာ(rheumatic fever) တို့လိုနောက်ဆက်တွဲရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ပိုးလေးဘက်နာဆိုရင် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းစေနိုင်ပြီး နှလုံးအဆို့ရှင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။အအေးမိတာပဲဖြစ်ဖြစ် ဘာအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် လည်ချောင်းနာတယ်ဆိုရင် ဝေဒနာသက်သာစေဖို့၊ လက္ခဏာပိုမဆိုးလာစေဖို့ ဂရုစိုက်ရမှာ အရေးကြီးပါတယ်။အောက်ပါလက္ခဏာတွေဖြစ်လာရင်တော့ အမြန်ဆုံး ဆရာဝန်ပြသင့်ပါတယ်။လည်ချောင်းနာတာက နေရထိုင်ရတာ ခက်ပေမယ့် ဆိုးရွားတဲ့ ရောဂါတစ်ခုတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဂရုတစိုက် ပြုစုမှုတွေ မလုပ်ရင် ကြိုတင်ကာကွယ်တာတွေ မလုပ်ရင်တော့ ကြီးမားတဲ့ပြဿနာတွေဆီကို ဦးတည်သွားနိုင်လို့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်လာခင်မှာ ကြိုတင်ကာကွယ်ကုသမှုတွေလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%a1%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%90%e1%80%b9%e1%80%99/
ပလာစတာတွေ၊ ပတ်တီးတွေက အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ပေးသလဲ
ကိုယ့်မှာ အသေးစားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့ကုသစောင့်ရှောက်မှုကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ကအရေးကြီးပါတယ်။ အချို့ထိခိုက်မိတဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲကုသလို့ရပါတယ်။ အနာကနက်မယ်၊ သွေးတအားထွက်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပေးဖို့လိုပါမယ်။နောက်ထပ်သတိထားရမှာတစ်ခုက ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ အနာပိုးဝင်တာမျိုးမဖြစ်အောင် အနာကိုသေသေချာချာဂရုစိုက်ဖို့ပါ။အနာဖြစ်တဲ့အခါ အများကြီးဂရုမစိုက်နိုင်ရင်တောင်မှ အနာကိုသန့်စင်ဆေးကြောပြီး ပလာစတာကပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင် နောက်ဆက်တွဲပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ အနာကြီးရင်တော့ ပတ်တီးစည်းပေးတာမျိုးလုပ်ရပါမယ်။ ပလာစတာတွေ၊ပတ်တီးတွေက အနာထဲကိုပိုးမဝင်အောင်အကာအကွယ်ပေးနိုင်စွမ်းရှိကြပါတယ်။ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါ အရင်ဆုံးလုပ်ရမှာက အနာကိုကိုင်မယ့်လက်ကို သန့်စင်အောင်လုပ်ဖို့ပါ။ပြီးရင်တော့ အနာသွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်မှာ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ဖိထားတာဖြစ်ဖြစ်၊ရေခဲကပ်ပေးတာဖြစ်ဖြစ်လုပ်ရပါမယ်။ရေခဲအလွယ်တကူမရှိခဲ့ရင်ရေအေးအေးလေးကို အနာပေါ်လောင်းချပြီးဆေးပေးလို့ရပါတယ်။နောက်တစ်ဆင့်က အနာကိုသန့်စင်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ ဆပ်ပြာကိုသုံးပြီးသန့်စင်ပေးပါ။ အနာပေါ်ကိုဆပ်ပြာတိုက်ရိုက်သုံးတာမျိုးတော့မလုပ်ပါနဲ့။ အနာစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ အနာတဝိုက်ကိုပဲသန့်စင်ပေးပါ။ပြီးရင်တော့ အနာမရင်းအောင်ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။နောက်ဆုံးအနေနဲ့ကတော့ အနာသေးရင် ပလာစတာကပ်ပြီး အနာကကြီးရင်တော့ ပတ်တီးစည်းပေးရပါမယ်။ပလာစတာတွေ။ ပတ်တီးတွေကပ်ထားပေးတာက အနာထဲကိုပြင်ပကဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ အနာကိုသေချာဂရုမစိုက်တဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။အနာကိုသေချာဂရုမစိုက်တဲ့အခါ ခံစားရနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကတော်တော်လေးများပါတယ်။ ဒိလိုပြဿနာတွေမဖြစ်အောင်ကာကွယ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ အနာဖြစ်တဲ့သေချာဂရုစိုက်ပေးဖို့ပါ။ အနာကိုအများကြီးဂရုမစိုက်နိုင်အောင် ပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုးလုပ်ပေးပါ။အနာပေါ်မှာ ပတ်တီး ဒါမှမဟုတ် ပလာစတာကပ်ထားတဲ့အခါ အနာထဲကိုရေ၊ပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေ၊အညစ်အကြေးတွေ၊ ပိုးမွှားတွေမဝင်အောင်ကာကွယ်ပေးနိုင်တာကြောင့် အနာရင်းတာ၊အနာပိုးဝင်တာမျိုးတွေမဖြစ်အာင်ကာကွယ်ပြီးသားဖြစ်သွားမှာလည်းဖြစ်ပါတယ်။ သတိထားသင့်တဲ့အချက်တစ်ခုက ပလာစတာတွေ၊ပတ်တီးတွေညစ်ပေနေခဲ့ရင် လဲလှယ်ပေးဖို့ပါ။ အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့လဲလှယ်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%95%e1%80%9c%e1%80%ac%e1%80%85%e1%80%90%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%81%8a%e1%80%95%e1%80%90%e1%80%b9%e1%80%90%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%a1%e1%80%94/
အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား
hydrogen peroxide သို့မဟုတ် အရက်ပြန်နဲ့ အနာကိုသန့်စင်ပေးတာက အမှန်တကယ်တော့ အရေပြားတစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီး အနာကျက်နှေးစေပါတယ်။ အရက်ပြန်နဲ့hydrogen peroxide နှစ်မျိုးစလုံးက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့ ပိုးသတ်ဆေးတွေဖြစ်လို့ အသုံးများကြပါတယ်။Hydrogen peroxide ကို အရေပြားပြတ်ရှရာ၊ပေါက်ပြဲဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိကြပေမယ့် တကယ်တမ်းရောဂါပိုးသေစေဖို့လည်း စိတ်မချရတဲ့အပြင် တစ်ရှူးတွေကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ ထိခိုက်ရှနာတွေလို အသေးစားဒဏ်ရာတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကရေအလျင်နဲ့လောင်းချဆေးကြောတာပါပဲ။ ဆပ်ပြာအပျော့စားလည်းသုံးနိုင်ပါတယ်။ အသေးစားဒဏ်ရာတွေကို အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားနိုင်ဖို့ မိနစ်အနည်းငယ်ကြာအောင်ရေဆေးပေးရပါမယ်။Hydrogen peroxide က အနာထဲမှာ အမှုန်တွေကပ်မကျန်အောင်၊သွေးစတွေကိုဖယ်သုတ်ဖို့ အနာကိုအစိုဓါတ်ပေးပြီး နှူးတဲ့နည်းနဲ့ သန့်စင်ပေးပါတယ်။ အရေပြားကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် သူက အနာကျက်စေဖို့ အကျိုးြ့ပုတဲ့ တွယ်ဆက်တစ်ရှူးကိုပြန်လည်တည်ဆောက်ပေးတဲ့fibroblasts ဆဲလ်တွေကိုလည်း ပျက်စီးစေပါတယ်တဲ့။ ဒါ့ကြောင့်ပဲ မကြာခဏမသုံးဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။Hydrogen peroxide ရဲ့ရောဂါပိုးသေစေနိုင်တဲ့အစွမ်းက အမြဲတော့ မထိရောက်နိုင်ပါဘူး။ရောဂါပိုးတွေကို မျိုးမပွားအောင်တားဆီးနိုင်တဲ့bacteriostatic ဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပေမယ့် ဘက်တီးရီးယားတွေကို အကုန်မရှင်းထုတ်ပစ်နိုင်ဘဲ ပိုဆိုးတဲ့ရောဂါပိုးဝင်ခြင်းတွေပါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သူက မှိုပိုးတွေကိုလည်းသေစေနိုင်ပြီး မှိုပိုးဝင်ခြင်းကို ကာကွယ်နိုင်လို့ စဉ်းတီတုံး သို့မဟုတ် စားပွဲခုံတို့လိုရောဂါပိုးရှိနိုင်တဲ့နေရာတွေကို သန့်ရှင်းဖို့ အသုံးပြုကြတာဖြစ်ပါတယ်။အနာကိုသန့်စင်ဖို့ အသုံးများတဲ့နောက်တစ်မျိုးက အရက်ပြန်ပဲဖြစ်ပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ဂွမ်းမှာအရက်ပြန်ဆွတ်ပြီး အနာကိုဖိထားတာ၊ သုတ်လိုက်တာတွေလုပ်လေ့ရှိကြသလို ဒဏ်ရာကြီးကြီးမားမားတွေမှာတောင် အရက်ပြန်လောင်းချပြီးရင် ပိုးသေတယ်လို့ စိတ်ချလက်ချသုံးကြပါတယ်။ အရက်ပြန်သုတ်ပြီးရင်ပိုးမဝင်တော့ဘူးလို့တွေးပြီး အနာကို ဆေးတောင်မထည့်သူတွေရှိပါတယ်။ ဒါပေမယ့် လူတွေသိပ်မသိကြတာက အရက်ပြန်ဟာ အနာတဝိုက်အရေပြားမှာ ပိုးမွှားတွေကိုဖယ်ရှားနိုင်ဖို့အထောက်အကူပြုတာမှန်ပေမယ့် အရေပြားကိုလည်းလောင်စေနိုင်တာပဲဖြစ်ပါတယ်။ အရက်ပြန်နဲ့ပွတ်လိုက်တဲ့အခါ အရေပြားဆဲလ်တွေ ထိခိုက်ပျက်စီးစေနိုင်ပြီးရောင်ရမ်းလာစေနိုင်ပါတယ်။ဒါ့ကြောင့် ထိခိုက်ရှနာတွေကို သန့်စင်ဖို့အရင်ဆုံးတွေးရမှာကရေနဲ့ဆေးကြောတာဘေးအကင်းဆုံးပါပဲ။ အနာသန့်စင်သွားတဲ့အထိရေလောင်းဆေးပါ။ ဒါမှ အနာမှာ အမှုန်တွေ၊ အစအနတွေကပ်နေသေးရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ ထိခိုက်ရှနာကုသမှုကိုဘယ်တော့မဆို ကိုယ်တိုင်လုပ်ဆောင်နိုင်ပါတယ်။တကယ်လို့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%94%e1%80%b9%e1%82%94%e1%80%85%e1%80%84%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94-peroxide-%e1%80%9e%e1%80%ad%e1%80%af%e1%82%94/
တံတောင်ဆစ်ထဲက နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ
တံတောင်ဆစ်ဆိုတာက လက်တွေ ကွေးဖို့ဆန့်ဖို့ ဟန်ချက်ထိန်းဖို့ အဓိက လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ တံတောင်ဆစ်က အလုပ်များသလို ထိခိုက်နိုင်ခြေလည်း များပါတယ်။ တံတောင်ဆစ် ထိခိုက်တာက အတော်လေး နေရခက်ပါတယ်။ ဒီတစ်ခေါက်တော့ မတော်တဆထိခိုက်မှု တစ်ခုခုကြောင့် တံတောင်ဆစ်ထဲက နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများကို  ပြောပြပေးချင်ပါတယ်။တံတောင်ဆစ် နာကျင်တယ်ဆိုတာက တံတောင်ဆစ်ထဲကနေ တအိအိနဲ့ ကိုက်နေတာမျိုးပါ။ နာကျင်မှုကို အမြဲလိုလို ပြင်းပြင်းထန်ထန် ခံစားနေရတာမျိုးပါ။ တံတောင်ဆစ် နာကျင်တာက ထိခိုက်မိတာကြောင့် ဖြစ်နိုင်သလို အဆစ်လွဲတာ၊အရွတ်ရောင်၊အရိုးအက်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့်လည်း တံတောင်ဆစ်မှာ ထိခိုက်နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။တံတောင်ဆစ်ကို နာကျင်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ တံတောင်ဆစ်ကို  အလွန်အကျွံ အသုံးပြုတာ၊ အဆစ်တွေ ထိခိုက်မိတာ၊ အလုပ်အကိုင်၊  အားကစား လုပ်တာ၊မတော်တဆ ထိခိုက်မိတာတွေကြောင့် တံတောင်ဆစ် နာကျင်ကိုက်ခဲရတာပါ။တံတောင်ဆစ်ထဲက နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့။တစ်ခါတစ်လေမှာ တံတောင်ဆစ် နာကျင်ကိုက်ခဲတာဟာ အကြောတွေနဲ့ကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တံတောင်ဆစ် နာကျင်တာကို သက်သာစေဖို့ဆိုရင် အရင်ဆုံး  လက်တွေကို ဖြည်းဖြည်းချင်း ဆန့်ပြီး အကြောတွေကို  ဖြေလျှော့ပါ။ ဒီလို အကြောလျှော့ပေးတာက တံတောင်ဆစ် နာကျင်တာကို သက်သာစေနိုင်ပါတယ်။တံတောင်ဆစ်က ပြင်းပြင်းထန်ထန် ထိခိုက်မိတာ၊အရိုးကျိုးတာတွေကြောင့် နာကျင်ကိုက်ခဲတာမျိုး မဟုတ်တဲ့ အခြားသော တံတောင်ဆစ် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့အတွက် နာကျင်နေတဲ့ နေရာတဝိုက်ကို ခပ်ဖွဖွလေး နှိပ်ပေးပါ။တံတောင်ဆစ် နာကျင်တာမှ မဟုတ်ပါဘူး။ ဘာကြောင့်ပဲ နာနာ ကြွက်သားနဲ့ အရိုးတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝ အနားယူဖို့ လိုပါမယ်။ နာကျင်နေတဲ့ တံတောင်ဆစ်ကို လှုပ်ရှားတာမျိုး အားစိုက်လုပ်ရတာမျိုးတွေကို မလုပ်ဘဲ အနားပေးလိုက်ပါ။နာတာသိပ်မကြာသေးဘူးဆိုရင်ရောင်ရမ်းနေတဲ့တံတောင်ဆစ်ကို ရေခဲဝတ် ကပ်တာကလည်း တံတောင်ဆစ် နာကျင်ကိုက်ခဲတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်အရောင်ကျစေဖို့ဆိုရင် နာကျင်နေတဲ့ နေရာကိုရေခဲဝတ်ကပ်ပေးပါ။ နာရီပိုင်းလောက်ခြားပြီး ၁၀ မိနစ်ခန့် ရေခဲဝတ် ကပ်ပေးပါ။တံတောင်ဆစ် ကိုက်တာကို သက်သာစေနိုင်တဲ့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ ရေနွေးဝတ် ကပ်ပေးပါ။ နာတာ ၂-၃ရက်‌လောာက်ကြာသွားရင် ရေနွေးအိတ် ကပ်ပေးတာလည်း လုပ်ပေးလို့ ရပါတယ်။ ရေနွေးအိတ်ကို ၁၀ မိနစ်လောက်ကပ်ပြီးတိုင်း  နာရီပိုင်းလောက် ခြားပြီး ထပ်ကပ်ပေးပါ။နနွင်းက အရောင်ကျစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို  သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တံတောင်ဆစ် နာကျင်ကိုက်ခဲလာပြီဆိုရင် နနွင်းကို ရေနွေးပူပူနဲ့ ရောဖျော်ပြီး ဖြစ်ဖြစ် နွားနို့ပူပူထဲကို ထည့်ပြီးပဲ ဖြစ်ဖြစ် သောက်ပေးလို့ ရပါတယ်။ တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်ပေးပါ။နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင် ချင်း (ဂျင်း) လက်တစ်ဆစ်စာကို ထုပြီး ရေနွေးဆူဆူထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေးအနေအထားမှာ  သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရင် လုံလောက်ပါတယ်။ဒီနည်းလမ်းတွေကို သုံးကြည့်ပေမယ့် ၅ ရက် ကြာတဲ့အထိ မသက်သာဘူးဆိုရင် တံတောင်ဆစ် နာကျင်တာကို သက်သာစေဖို့အတွက် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/natural-remedies-for-elbow-joint-pain/
ပရိုတင်း နဲ့ ကိုယ်ခံအား
ရောဂါတွေပိုမိုဆန်းပြားလာတဲ့အချိန်မှာခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအား ကောင်းမှလည်း ရောဂါတွေကူးစက်ခဲ့ရင် အကောင်းဆုံး တိုက်ထုတ်နိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းစေဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအား ကောင်းစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အာဟာရဓာတ်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေ။အသားဓာတ်လို့ သိထားကြတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ကတစ်ရှူးတွေကို ဖြစ်ပေါ်စေဖို့ နဲ့ ပြုပြင်ပေးရာမှာ အရေးပါပါတယ်။ ခန္ဓာကိုယ်ကိုဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကူးစက်မခံရအောင် ကာကွယ်ပေးတဲ့နေရာမှာလည်း အဓိက ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ပါ။ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ဆံပင်တွေ၊ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ လက်သည်းခြေသည်းတွေကို ပရိုတင်းနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းကို တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ ပြုပြင်ရာမှာ အသုံးပြုသလို အင်ဇိုင်းတွေ၊ဟော်မုန်းတွေနဲ့ ခန္ဓာကိုယ်က အခြားဓာတုပစ္စည်းတွေဖြစ်ပေါ်စေဖို့လည်း ပရိုတင်းကိုပဲ သုံးပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။နှလုံးကျန်းမာရေးကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကြီးထွားဖွံ့ဖြိုးဖို့လည်း တာဝန်ယူ ပေးပါသေးတယ်။ ခန္ဓာကိုယ်မှ စီးဆင်းနေတဲ့ သွေးတွေ၊အရိုး နဲ့ ကြွက်သား၊ အရေပြား နဲ့ အရိုးနုလေးတွေ ဖြစ်ပေါ်စေဖို့လည်း ပရိုတင်းက အားဖြည့်ပေးထားပါတယ်။ခန္ဓာကိုယ်တစ်ခုလုံး အကောင်းဆုံးလည်ပတ်စေဖို့အတွက် လိုအပ်တဲ့ လောင်စာပေါ့။ နောက်တစ်ချက်က ခန္ဓာကိုယ်က ပရိုတင်းကို မသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ဆိုရင်နေ့စဉ်တိုင်းမှာ အသစ်အသစ်သော ပရိုတင်းတွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်မှာပါ။ကိုယ်ခံအားစနစ်မှာပါဝင်ဖွဲ့စည်းထားတဲ့ ဆဲလ်တွေ အမြှေးပါးတွေ ကျန်းမာနေစေဖို့လည်း ပရိုတင်းကပဲ အားဖြည့်ပေးထားတာပါ။ ဒီတော့ ရောဂါတွေ ထူပြောလာတာနဲ့အမျှ ကိုယ်ခံအားကောင်းစေဖို့ဆိုရင် မဖြစ်မနေ နေ့စဉ် ပရိုတင်းပါအောင် စားသုံးပေးဖို့လို ပါမယ်။ ဒါမှခန္ဓာကိုယ်မှာ အင်အားပြည့်ဝပြီး ကျန်းမာပျော်ရွှင်နေမှာပါ။ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်နည်းနေတဲ့အခါ။တော်တော်များများ ကြားမိထားနိုင်တဲ့ အယူအဆအမှားတစ်ခုက ပရိုတင်းများများစားရင် ကြွက်သားတွေတက်လာ နိုင်တယ်ဆိုတာပါ။ တကယ်ကတော့ ကြွက်သားတွေ သန်မာစေဖို့ဆိုရင်လေ့ကျင့်ခန်းများများလုပ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ခန္ဓာကိုယ်ကလုပ်ငန်းဆောင်တာတွေအကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင် ပရိုတင်း လုံလောက်မျှတတဲ့ ပမာဏ ရရှိဖို့လိုပါမယ်။ ဒါပေမယ့် ပရိုတင်းများလို့ အင်အားတွေ ပိုများလာမယ် ကြွက်သားတွေ ပိုသန်မာလာမယ်ဆိုတာကတော့ မဟုတ်ပါဘူး။အသက်အရွယ်အလိုက် ပရိုတင်း လိုအပ်ချက်ကတော့ ကွာခြားနိုင်ပါတယ်။ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကများပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို ရဖို့ဆိုရင်တော့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/protein-immune/
Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း
Gym သွားရင်မိတ်ကပ် လိမ်းတာက မျက်နှာ အသားအရေ အတွက် မကောင်းပါဘူး။ဒါဟာ Gym သွားနေကျ လေဒီလေးတွေ သိထားသင့်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကို သွားသွား၊ ဘာပဲ လုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့ အရာပဲလေ။ အားကစား ဝတ်စုံလေးနဲ့ ဆယ်လ်ဖီ ဆွဲတာလေးလည်း ပါတာပေါ့။ နည်းနည်းပါးပါး ဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလို ခံစားရတယ် မဟုတ်ဘူးလား။တချို့တွေ ကျတော့လည်း ညနေမှ အလုပ်က အပြန် ဝင်ရတာဆိုတော့ မနက်တည်းက ပြင်ဆင်ထားတဲ့အတိုင်း gym ကို ရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့ အချိန်ကမရ၊ ဝတ်စုံလေး အမြန်လဲပြီး အချိန်ရှိတုန်း ဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ ကိုယ်လက်လှုပ်ရှားမလုပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကျစ်လျစ်ကျန်းမာဖို့၊ အဆီကျလှပဖို့ လာကစားကြတယ် ဆိုပေမယ့် မျက်နှာ အသားအရေ အတွက်လည်း လေဒီတို့ မေ့မထားသင့်ပါဘူး။ ဘာကြောင့်လဲ။ မိတ်ကပ် လိမ်းထားရင်ရော ဘာဖြစ်လို့လဲ။ မိတ်ကပ် ပျက်ရုံအပြင် ဘာဖြစ်လာနိုင်သေးလဲ ဆိုတာတွေကို ရှင်းပြပေးမယ်နော်။ မိတ်ကပ်တွေနဲ့ အားကစားလုပ်ရင် . . .။ခန္ဓာကိုယ်က လှုပ်ရှားတဲ့အခါ ချွေးထွက်လာတာကအရေပြားကို အအေးဓာတ်ပေးတဲ့ သဘာဝ နည်းလမ်း ဖြစ်ပါတယ်။ မိတ်ကပ် လိမ်းထားရင် ချွေးတွေနဲ့ မိတ်ကပ်တွေ နဲ့ ဘက်တီးရီးယားတွေ နဲ့ ရောထွေးလာပါလိမ့်မယ်။ ရလဒ် အနေနဲ့ ဆားဝက်ခြံ ဖြစ်ခြင်း၊ အရေပြား နီမြန်းခြင်း ဖြစ်စေပြီး ဝက်ခြံ ပိုထွက်စေနိုင်ပါတယ်။အားကစား လုပ်တဲ့အချိန် တောက်လျှောက်မှာ နံရံ၊ ကြမ်းပြင်၊ အလေးမ ဝိတ်တုံး၊ စက်ဘီးလက်ကိုင် စတဲ့ နေရာမှန်သမျှကို လက်က ထိတွေ့မိနေမှာ ဖြစ်ပြီး အဲဒီနေရာတွေက ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေ ရှိနေရင် ဘက်တီးရီးယား ကပ်တွယ်နေဖို့ ပိုလွယ်စေတာကြောင့် ဝက်ခြံအတွက် ပိုဆိုးစေပါတယ်။မိတ်ကပ် လိမ်းထားတယ် ဆိုရင် အရေပြားမှာ ချွေးငုပ်သွားစေနိုင်ပါတယ်။ အဲ့လို ချွေးမထွက်တဲ့အခါ ချွေးမှာပါတဲ့ အက်စစ်ဓာတ် pHပမာဏ ကြောင့် အသားအရေမှာ နီမြန်းရောင်ရမ်းခြင်း၊ တင်းနေခြင်းတို့ ဖြစ်စေတတ်ပါတယ်။ချွေးပေါက်တွေ ပိတ်နေတဲ့အခါ ချွေးထွက်ရ လွယ်အောင် အရေပြား ချွေးပေါက်က ပိုချဲ့လာရပြီး ကြာလာရင် ချွေးပေါက်တွေ ကျယ်လာစေနိုင်ပါတယ်။မိတ်ကပ် လိမ်းထားတဲ့ အပေါ်ယံအလွှာက အရေပြားကို ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးတဲ့ စနစ်ကို အနှောင့်အယှက် ဖြစ်စေပြီး ချွေးပိတ်စေလို့ အဆိပ်အတောက်ဓာတ်တွေ နဲ့ တခြားအညစ်အကြေးတွေကို မသန့်စင်ပေးနိုင်တော့ပါဘူး။ချွေးထွက်များအောင် လှုပ်ရှားကစားပေးပြီး အသားအရေ ကြည်လင်လှပလာစေဖို့ အားကစား လုပ်ကြတာ ဖြစ်ပေမယ့် မျက်နှာ အသားအရေမှာ ချွေးပေါက်ပိတ်မှတော့ ဘယ်လိုအဆင်ပြေပါတော့မလဲ။ မိတ်ကပ်အဖွေးသားနဲ့ အားကစားလှုပ်ရှားတဲ့အခါ ပိုလှမလာတဲ့အပြင် အသားအရောင်ညစ်ပြီး ပိုတောင်ရင့်ရော်နိုင်ပါတယ်တဲ့။ဒါ့ကြောင့် gym ကို ရောက်လို့ အားကစား မလုပ်ခင်မှာ မိတ်ကပ် သေချာဖျက်ပြီး မျက်နှာ သန့်စင်ပေးတာ အကောင်းဆုံးပါ။ သန့်စင်ခန်း မှန်ရှေ့မှာပဲဖြစ်ဖြစ် ၃ မိနစ်လောက် အချိန်ပေးရုံနဲ့ ရပါတယ်။ ပြီးတော့မှ ရေဓာတ်ထိန်းပေးတဲ့ serum တစ်မျိုးမျိုးကို ပါးပါးလိမ်းပေးနိုင်ပါတယ်။မလိမ်းမဖြစ် တစ်ခုခုလိမ်းပြီးမှ သွားချင်တယ်ဆိုရင်တော့ moisturiser တစ်မျိုးနဲ့ ပေါင်ဒါခပ်ပါးပါးပုတ်ပြီး နှုတ်ခမ်းနီအဆီဆိုးပြီး ပြင်ဆင်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်ကတော့ တတ်နိုင်ရင် မလိမ်းပါနဲ့။အားကစား လုပ်နေရင်းမှာ တီရှပ် သို့မဟုတ် တဘက်လေးနဲ့ မျက်နှာကို ချွေးသုတ်ဖို့လည်း မမေ့ပါနဲ့။ လက်နဲ့ သုတ်တာကိုတော့ ရှောင်ကြဉ်သင့်တယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/why-you-should-not-wear-makeup-at-gym/
ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။
ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုDetox Waterသောက်ပြီး ဖယ်ရှားရင် ကျန်းမာတဲ့ ဘေ​ဘီလေး မွေးဖွားလာမယ်လို့များ တွေးမိနေပြီလား။ ကိုယ်ဝန်ဆောင်ချိန်မှာဆေးဝါးတွေကို မသုံးဘဲ အသီးအနှံတွေနဲ့ ဆေးဖက်ဝင် အပင်တွေ ထည့်သွင်းပြုလုပ်ထားတဲ့ Detox water သောက်ရင်ရော ရလားလို့များ သိချင်နေပြီလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။ ဆိုတော့ ကိုယ်ဝန်ဆောင် အနေနဲ့ Detox Water မသောက်သင့်ပါဘူး။ အကြောင်းကတော့ ကိုယ်ဝန်​ဆောင်ချိန်မှာအာဟာရ ပြည့်ဝဖို့လိုတာရယ် Detox Waterကြောင့် ကလေးကို ဘာမှာ အကျိုးထူး မသွားစေတာကြောင့် မသောက်တာ ကောင်းပါတယ်။ပါဝင်ပစ္စည်းတွေကြောင့် အခန့်မသင့်ရင်မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေချိန်မှာ Detox Water သောက်မယ်ဆိုရင်။Detox Water အများစုမှာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ ဆေးဖက်ဝင် အပင်တွေ ပါနေတတ်ပါတယ်။ ဆေးဖက်ဝင် အပင်တွေ၊ အရွက်တွေနဲ့ ဓာတုပစ္စည်းတွေက ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးအတွက် ဘေးမကင်းပါဘူး။ကိုယ်ဝန် အစောပိုင်းမှာ ဆေးဖက်ဝင် အပင်တွေကို အများအပြား စားသုံးမိမယ်ဆိုရင်ကိုယ်ဝန် ပျက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရောဘေဘီလေးပါ ကျန်းမာစေဖို့Detox Waterမသောက်ပါနဲ့။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water  သောက်တဲ့အခါ အရင်ဆုံး ကိုယ်တွင်းအင်္ဂါက အဆိပ်အတောက်တွေကို သွေးထဲကို အရင်ရောက်ရှိမှာပါ။ ပြီးမှအူမကြီး၊ ကျောက်ကပ်၊ အရေပြားနဲ့ အဆုတ်တို့ကနေ တဆင့် အပြင်ကို စွန့်ထုတ်တာပါ။ဒီလိုရောက်ရှိမှုက သာမန်လူတွေအတွက် ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်မေမေအတွက်တော့သွေးထဲမှာ အဆိပ်အတောက်ရှိနေတာက ကိုယ်တိုင်ကိုရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။Detox Water သောက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဆီးဒါမှမဟုတ်ချွေးနဲ့ ဝမ်းကနေ စွန့်ထုတ်ပါမယ်။ ဒါက ပုံမှန် ဖြစ်စဉ်ဆိုပေမယ့် ကိုယ်ဝန်ဆောင် မေမေအတွက်တော့ စိတ်ချရတဲ့ အခြေအနေ မဟုတ်ပါဘူး။ဒီအရာတွေ အားလုံး လုပ်ဆောင်ဖို့က ရေဓာတ်ကို မဖြစ်မနေ လိုအပ်မှာပါ။ ဒီအနေအထားကရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေမှာပါ။ ရေဓာတ် ခမ်းခြောက်တာက ကလေးရဲ့ အနေအထားကို ထိခိုက်စေနိုင်သလို မေမေ့ ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ ကိုယ်တွင်းမှာelectrolyteမမျှတတာကိုလည်း ဖြစ်စေနိုင်ပါတယ်။Detox Water တွေမှာ ဗီတာမင် C ပါဝင်မှုက တအားများပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် C များလွန်းတာက ကိုယ်ဝန်ဆောင်မိခင်အတွက် အရေးပါတဲ့ ဟော်မုန်းဖြစ်တဲ့progesterone ဟော်မုန်းထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့က အရေးအကြီးဆုံးပါ။ ပုံမှန်အတိုင်းဆိုရင် Detox Water  က ဘေးကင်းတယ်ဆိုပေမယ့် အာဟာရပြည့်ဝမှုတော့ အားနည်းပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝဖို့ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝစွာနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ Detox Water  မသောက်ပါနဲ့။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့် Detox Water  ကို လုံးဝမသောက်ဘဲရေများများသောက်ပေးဖို့ ပြောပါရစေ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-and-detox-water/
သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။
ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် “ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။”ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလို သေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က​ ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ရောဂါဗေဒပါ် မူတည်ပြီး။ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး။နှစ်မျိုးပေါင်းလိုက်တဲ့အခါ။သွေးကင်ဆာက သွေးဆဲလ်တွေ အထူးသဖြင့် သွေးဖြူဥတွေမှာရှိတဲ့ ဒီအန်အင်တွေ မျိုးဗီဇပြောင်းပြီး အလွန်အကျွံပွားလာတာပါ။ ဒီပွားလာတဲ့ ပုံမမှန်ဆဲလ်တွေက ကြာလာတဲ့အခါ ရိုးတွင်းခြင်ဆီကို တိုးဝင်လာပါတော့တယ်။ ဘာလို့ဒီလိုဖြစ်ရတယ်ဆိုတာတော့ မသိသေးပါဘူး။တစ်ခါတစ်​လေကျရင် ဒီအချက်တွေရှိတဲ့သူက သွေးကင်ဆာမဖြစ်ဘဲ ဒီအချက်တွေဘာမှမရှိဘဲ သွေးကင်ဆာ ဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။သွေးကင်ဆာ အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေ အနည်းနဲ့အများတော့ ကွာပါတယ်။ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့။ခွဲစိတ်တာကတော့ ဘေလုံးကြီးတဲ့အခါ ထုတ်ဖို့သုံးပါတယ်။ဒါကတော့ ရောဂါအခြေအနေနဲ့ လူနာအခြေအနေပေါ်အများကြီးမူတည်ပါတယ်။ ဆေးပညာမှာ အသက်ရှင်နိုင်နှုန်းကို 5 year survival ratesနဲ့ပြောပါတယ်။ ၅နှစ်အသက်ရှင်နိုင်နှုန်းလို့ အလွယ်ခေါ်ပါတယ်။ ၂၀၀၇-၂၀၁၃အတွင်း 5 year survival rateကို ကြည့်မယ်ဆိုရင်။ဆိုတော့ ရုပ်ရှင်ထဲကလိုမျိုး ဖြစ်တာနဲ့ သေတာ မဟုတ်ပါဘူး။ ကုသမှုခံယူရင် ပျောက်နိုင်ချေများပါတယ်။ ကလေးတွေမှာဆိုရင် ပိုလို့တောင်များပါသေးတယ်။ ဒါကြောင့် စောစောသိ စောစောကုပါ။ ရောဂါရှိလို့လည်း စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/leukemia/about-blood-cancer/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%b1%e1%80%94%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%99/
Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ )
Brucellosis ဆိုတာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးတဲ့ ဘက်တီးရီးယား ရောဂါ တစ်မျိုးပါ။ ယင်းဘက်တီးရီးယားက လူကော တိရိစ္ဆာန်ကော ကူးစက်နိုင်ပါတယ်။ လူအများစုကတော့ တိရိစ္ဆာန်တွေက ရရှိသော ပိုးမသတ်ထားတဲ့ ထုတ်ကုန်များကို စားသုံးခြင်းအားဖြင့် ကူးစက်ခံကြရပါတယ်။လေမှ တစ်ဆင့်ကူးစက်ခြင်း နှင့် ရောဂါရှိသော တိရိစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် ကူးစက်ခြင်းဟာ ရှားရှားပါးပါးဖြစ်စဉ်တွေပါ။ လူလူချင်းကူးစက်တာကတော့ အရှားဆုံးပါပဲ။ယင်းရောဂါက လူပေါင်းရာချီထောင်ချီပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတာပါ။ ပိုးမသတ်ထားသော နို့များကို ရှောင်ကြဉ်ပြီး ဓါတ်ခွဲခန်း ဒါမှမဟုတ် တိရိစ္ဆာန်တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ သေချာကာကွယ်မှု ပြုလုပ်ထားမယ်ဆိုရင်တော့ Brucellosis ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။Brucellosis ရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။• အဖျားတက်ခြင်း။• ချမ်းတုန်ခြင်း။• ချွေးထွက်ခြင်း။• အားနည်းခြင်း။• ပင်ပန်းနွမ်းနယ်ခြင်း။• အဆစ်၊ကြွက်သား နဲ့ နောက်ကျောတို့ နာကျင်ကိုက်ခဲခြင်း။• ခေါင်းကိုက်ခြင်း။• ချောင်းဆိုးခြင်း။• ဗိုက်နာခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Brucellosis ရောဂါ ကို ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ယင်းရောဂါက တုပ်ကွေးကဲ့သို့သော အဖြစ်များတဲ့ အခြားသော ရောဂါများနဲ့ ဆင်တူလို့ပါ။ အောက်ပါ ရောဂါလက္ခဏာတွေ တွေ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။• အချိန်ကြာ အဖျားတက်ခြင်း ကိုက်ခဲခြင်း။• ပုံမှန်မဟုတ်သော အားနည်းခြင်း ဒါမှမဟုတ် ဖြစ်နိုင်ခြေ မြင့်မားစေသော အရာများ ရှိနေခြင်း။• ထပ်ကာ ထပ်ကာ ဖျားနေခြင်း။ပိုးမသတ်ထားသော ထုတ်ကုန်များ။Brucella ဘက်တီးရီးယားပိုးဟာ ပိုးမသတ်ထားသော နို့၊ရေခဲမုန့်၊ထောပတ် နဲ့ ချိစ့်များမှ တစ်ဆင့် လူတွေကို ကူးစက်နိုင်ပါတယ်။ ပိုးကူးစက်ခံထားသော တိရိစ္ဆာန်တွေရဲ့ မချက်ပြုတ် ထားတဲ့ အသားတွေကလည်း လူကို ကူးစက်နိုင်ပါသေးတယ်။အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း။Brucella ပိုးဟာ လေမှတစ်ဆင့်လည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။အထိအတွေ့မှတစ်ဆင့် ကူးစက်ခြင်း။ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေဆီမှ brucella ပိုးတွေဟာ သင့် ခန္ဓါကိုယ်ရှိ ဒဏ်ရာအနာတွေမှ တစ်ဆင့် ကိုယ်တွင်းသို့ ကူးစက်ဝင်ရောက်နိုင်ပါတယ်။ လူတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကနေ Brucellosis ကူးစက်နိုင်ချေတော့ အလွန်နည်းပါတယ်။သို့ပေမဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဟာ ရောဂါပိုးရှိတယ်လို့ သံသယဖြစ်ဖွယ်ရှိတဲ့ တိရိစ္ဆာန်တွေအား ထိတွေ့ ကိုင်တွယ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။Brucellosis က လူတစ်ယောက်ကနေ တစ်ယောက်ကို မပြန့်ပွား နိုင်ပါဘူး။ ဒါပေမဲ့ မိခင်ကနေ ကလေးကိုတော့ နို့တိုက်နေစဉ်အတွင်း ဒါမှမဟုတ် ကလေးမွေးဖွားနေစဉ်အတွင်းမှာ ကူးစက်သွားတတ်ပါတယ်။လိင်ဆက်ဆံခြင်း ရောဂါ ကူစက်ခံထားရသော သွေး သွင်းခြင်း ရိုးတွင်းခြင်ဆီအစားထိုး ကုသခြင်းတို့မှလည်း ရှားရှားပါးပါး ကူးစက်တတ်ပါသေးတယ်။Brucellosis ဖြစ်နိုင်ခြေ မြင့်မားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။• တိရိစ္ဆာန်ဆရာဝန် ဖြစ်နေခြင်း။• တိရိစ္ဆာန်များဖြင့် အလုပ်လုပ်ရသော လယ်သမား ဖြစ်နေခြင်း။• စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ ဖြစ်နေခြင်း။• မုဆိုး ဖြစ်နေခြင်း။• အဏုဇီဝ ပညာရှင်များ ဖြစ်နေခြင်း။• ရောဂါ ကူးစက်ခံထားရသော နို့နှင့် နို့ထွက် ပစ္စည်းများ အသားများကို စားသောက်မိခြင်း။• Brucellosis ဖြစ်ပွားနေသော နေရာဒေသသို့ သွားရောက်ခြင်း။• အသားထုတ်လုပ်သော စက်ရုံများနှင့် သားသတ်ရုံများတွင် လုပ်ကိုင်နေခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Brucellosis ရှိလားမရှိဘူးလားကို သွေးနဲ့ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ Brucella ပိုးစစ်ဆေးခြင်း ဒါမှမဟုတ် Brucella ပိုးရဲ့ ပဋိပစ္စည်းများကို စစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။Brucellosis ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ သိရှိနိုင်ဖို့ အောက်ပါ စစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ပုံရိပ်ဖော်ခြင်း။ X-rays ဓါတ်မှန် ၊ ကွန်ပျူတာဓါတ်မှန် (CT)၊ သံလိုက်ဓါတ်မှန် (MRI) အစရှိတဲ့ စစ်ဆေးချက်တွေက ကိုယ်တွင်းအင်္ဂါတွေကို ပုံဖော်ပေးနိုင်ပါတယ်။ဦးနှောက်ရည်ကြည် စစ်ဆေးခြင်း။ ယင်းက ဦးနှောက်နဲ့ ကျောရိုးမကြီးကို ဝန်းရံထားတဲ့ ဦးနှောက်ရည်ကြည် (CSF) ကို ရောဂါပိုး ဝင်နေလား မဝင်ဘူးလား စစ်ဆေးတာပါ။နှလုံးကို အက်ခိုးရိုက်ခြင်း။ ယင်းက အသံလှိုင်းတွေ နဲ့ နှလုံးကိုပုံဖော်ပြီး ပိုးဝင်နေလား ဒဏ်ရာရတာတွေရှိလား စစ်ဆေးတာပါ။အနည်းဆုံးခြောက်ပတ်လောက် ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။ ရောဂါ လက္ခဏာတွေကတော့ လနဲ့ချီပြီး အရှင်း မပျောက်ပဲ ရှိနေနိုင်ပါတယ်။ ဒီရောဂါက ပြန်ဖြစ်နိုင်ပြီး နာတာရှည် ရောဂါထိဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/brucellosis-%e1%80%90%e1%80%ad%e1%80%9b%e1%80%ad%e1%80%85%e1%80%ac%e1%81%a6%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%90%e1%80%85%e1%80%b9%e1%80%86%e1%80%84%e1%80%b9%e1%80%b7-%e1%80%9c%e1%80%b0/
ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ
ရင်သားကင်ဆာဆိုတာ အဖြစ်အများဆုံး ကင်ဆာတွေထဲကတစ်ခုပေါ့။ အမျိုးသမီးရော အမျိုးသားမှာပါ ဖြစ်နိုင်တဲ့ကင်ဆာ အမျိုးအစားပါ။ ရင်သားမှာတင် မဟုတ်ဘဲ အခြားနေရာတွေဆီကိုပါ ပြန့်နှံ့နိုင်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေများတဲ့ ဒီကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်နေ့စဉ် စားသုံးမှုမှာ ဒါတွေ ပါအောင် စားပေးပါ။မှိုစားသုံးပေးတာက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစ်နေ့ကို မှို ၁၀ ဂရမ်စားသုံးတာက ရင်သား ကင်ဆာ ခံစားရနိုင်ခြေကို ၃ ပုံ ၂ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။မှိုကဗီတာမင် Dကြွယ်ဝတာကြောင့်ကိုယ်ခံအားကို မြှင့်တင်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် မှိုစားပေးပါ။ရင်သားကင်ဆာ ကာကွယ်ဖို့ စားပေးသင့်တဲ့ နောက်ထပ် အစားအစာတစ်ခုက သစ်ကြားသီးပါ။ သစ်ကြားသီးမှာကင်ဆာဆဲလ်တွေရှင်သန်နိုင်မှုကို ဟန့်တားပေးတဲ့ ဗီတာမင်တစ်မျိုးဖြစ်တဲ့ gamma tocopherol ပါဝင်နေပါတယ်။ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို တားဆီးပေးနိုင်တဲ့ အာနိသင်လည်း ရှိနေတာကြောင့် ရင်သား ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် သစ်ကြားသီးက စားပေးသင့်တဲ့ အရာတစ်ခုပါ။ခရမ်းချဉ်သီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ကာရိုတီးနွိုက်က ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး ပုံမှန် စားပေးသင့်ပါတယ်။ခရမ်းချဉ်သီးလိုမျိုး လိမ္မော်ရောင်ပါတဲ့ ကန်စွန်းဥမှာလည်း ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ကာရိုတီးနွိုက်ပါဝင်နေပါတယ်။ လေ့လာမှုတွေအရတော့ကာရိုတီးနွိုက် ပြည့်ဝနေမှုက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၁၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ကာရိုတီးနွိုက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ဆဲလ်တွေ ကြီးထွားမှုကို ထိန်းချုပ်ပေးတာ၊ ဆဲလ်တွေကို ကာကွယ်ပေးတာ၊ ပြုပြင်ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ ဒါ​ကြောင့် ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ​ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ကန်စွန်းဥ စားပေးပါ။တကြွပ်ကြွပ် ဝါးစားလို့ကောင်းတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း ရင်သားကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အကြောင်းကတော့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဒြပ်ပေါင်းက ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာမျိုး မဖြစ်စေဖို့ ဟန့်တားပေးလို့ပါ။ရင်သား ကင်ဆာ ကာကွယ်ဖို့ဆိုရင် ပြုတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် ၂ ကြိမ်လောက် စားပေးသင့်ပါတယ်။ဒါတွေအပြင် ရင်သားကင်ဆာ ကာကွယ်ဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ။ဒီအစားအစာတွေ စားလိုက်ရင်  ရင်သားကင်ဆာ လုံးဝမဖြစ်တော့ဘူးလားဆိုတော့ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဒီအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်တာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို တခြားသော နာတာရှည် ရောဂါတွေ မဖြစ်အောင်လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/best-foods-prevent-breast-cancer/
သားအိမ်ကင်ဆာ (Endometrial cancer)
သားအိမ်ကင်ဆာ လို့ပြောရင် သားအိမ်ရဲ့ အတွင်းသားကဖြစ်တာလား (endometrium)၊ ကြွက်သားက ဖြစ်တာလား(sarcoma)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဖြစ်များတာက သားအိမ်ရဲ့ အတွင်းသားက​နေဖြစ်တာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ သူ့အကြောင်းကိုပြောပါမယ်။ အမျိုးသမီး၁၀၀မှာ ၃ယောက်လောက်ကသားအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က သူကပွားတာနှေးတဲ့အပြင် စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်ဖို့အခွင့်အလမ်းပိုများပါတယ်။တချို့တွေမှာ သားအိမ်ကင်ဆာ က တခြားနေရာကိုပျံ့တော့မှပဲ သိရတာပါ။ ဒါပေမယ့် တော်တော်များများက မိန်းမကိုယ်ကသွေးဆင်းတဲ့လက္ခဏာပြတာကြောင့် စောစောသိကြတာများပါတယ်။ လက္ခဏာတွေကတော့။သားအိမ်ကင်ဆာရဲ့ ၁၀ယောက်မှာ ၉ယောက်က ဒီလက္ခဏာပြပါတယ်။ သွေးမဆုံးခင်မှာတော့ ပုံမမှန် ဒါမှမဟုတ်သွေးဆင်းများတာ၊ ရာသီနှစ်ခုကြား ကြားဖောက်လာတာက အဓိကလက္ခဏာပါ။ သွေးဆုံးပြီးတဲ့သူတွေမှာ သွေးပြန်ဆင်းတာက လက္ခဏာပါ။ဟော်မုန်းကုသမှုခံယူနေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် သားအိမ်ကင်ဆာဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ ဒီလိုပြောလို့ လန့်မသွားပါနဲ့။ သွေးဆုံးပြီး သွေးပြန်ဆင်းသူတွေရဲ့ ၁၅ရာခိုင်နှုန်းကပဲ သားအိမ်ကင်ဆာဖြစ်တာပါ။အဖြူဆင်းတယ်လို့ပြောပေမယ့် တကယ်တော့ ပန်းရောင်ဖျော့ဖျော့ကနေ အညိုပုပ်ပုပ်ဆင်းတတ်ပါတယ်။ အနံ့ဆိုးပါတယ်။ အတုံးအခဲတွေပါတတ်ပါတယ်။သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့အီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းနှစ်ခုကို ထုတ်ပေးပါတယ်။ သူတို့ရဲ့ အတက်အကျက သားအိမ်နံရံအထူအပါးကို ညှိပေးပါတယ်။ အီစထရိုဂျင်တစ်မျိုးပဲများပြီး ပရိုဂျက်စတုန်းပုံမှန်ပဲရှိတဲ့ အခြေအနေမှာဆိုရင် သားအိမ်နံရံထူပြီး ကင်ဆာပြောင်းနိုင်ပါတယ်။ ဥပမာပြောရရင် သားဥအိမ်မှာ အရည်အိတ်အများကြီးတည်တာ (PCOS)၊ အဝလွန်တာနဲ့ ဆီးချိုရောဂါတွေမှာပါ။ နောက်ပြီး သွေးဆုံးကိုင်လက္ခဏာတွေ သက်သာအောင် ဟော်မုန်းဆေးတွေသောက်တဲ့အခါ အီစထရိုဂျင်တစ်မျိုးတည်းပါတာကို သောက်မိရင်လည်း ဖြစ်တတ်ပါသေးတယ်။၁၂နှစ်မတိုင်ခင် သွေးပေါ်တာ၊ သွေးဆုံးချိန်နောက်ကျတာတွေက သားအိမ်ကို အီစထရိုဂျင်နဲ့ ထိတွေ့မှုပိုများစေတဲ့အတွက် သားအိမ်ကင်ဆာပိုဖြစ်နိုင်ပါတယ်။ကိုယ်ဝန်မဆောင်ဖူးတဲ့သူတွေက ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေထက် ဖြစ်နိုင်ချေများပါတယ်။အသက်ကြီးလာလေလေ ဖြစ်နိုင်ချေများလေလေပါပဲ။ သားအိမ်ကင်ဆာက သွေးဆုံးပြီးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။အဝလွန်တဲ့သူတွေမှာ အဆီက ဟော်မုန်းမမျှတမှုကို ဖြစ်စေတဲ့အတွက် ဖြစ်နိုင်ချေများပါတယ်။Lynch syndromeလို့ခေါ်ပြီး အူမကြီးကင်ဆာအပါအဝင်၊ သားအိမ်ကင်ဆာနဲ့ တခြားသောကင်ဆာတွေကို ဖြစ်တတ်ပါတယ်။ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ကင်ဆာလုံးဝမဖြစ်အောင် ကာကွယ်လို့မရပါဘူး။ ဖြစ်နိုင်ချေနည်းအောင် နေထိုင်စားသောက်လို့ရပါတယ်။ ဒါတွေကတော့။သွေးဆုံးကိုင်လက္ခဏာတွေကို မခံစားနိုင်လို့ ဟော်မုန်းဆေးတွေသောက်မယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး တခြားနည်းလမ်းတွေ အရင်သုံးသင့်ပါတယ်။သန္ဓေတားဆေးသောက်တာက တစ်နှစ်လောက်သောက်ရုံနဲ့ နှစ်တော်တော်ကြာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် သောက်သင့် မသောက်သင့်ကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။လေ့ကျင့်ခန်းလုပ်ပါ။ အဆီအဆိမ့်လျှော့ စားပါ။ အာဟာရပြည့်အောင်စားပါ။ကုသနည်းတွေကတော့ ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်ပြီး။သားအိမ်ကင်ဆာ ရဲ့ ဦးဆုံးလက္ခဏာက သွေးဆင်းတာပါ။ ဒါ့ကြောင့် စောသိတာများပါတယ်။ ကုသမှုနည်းလမ်းတွေလည်း တိုးတက်နေတာကြောင့် ပျောက်ကင်းနိုင်ခြေရှိပါတယ်။ စောစောသိ စောစောကုဖို့သာ အရေးကြီးတာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/quick-brief-on-endometrial-cancer/
သာမိုမီတာ နဲ့ ကိုယ်အပူချိန် ဘယ်လိုတိုင်းကြမလဲ။
ခုဆိုရင် ဘယ်သွားသွား အထဲမဝင်ခင် အပြင်ကနေဆီးပြီး နဖူးလေးကို လှမ်းချိန်ပြီး အပူချိန်ကို လှမ်းတိုင်းကြတယ်လေ။ အရင်ကတော့ လူတွေက အပူချိန်တိုင်းရင် ပြဒါးတံကြီးနဲ့ ချိုင်းအောက်ညှပ်မယ်၊ လျှာအောက်ထားမယ် ဒီလောက်ပဲ သိတာပေါ့။ ခုတော့ မဖြစ်မနေ အပူချိန်တိုင်းရမယ်လဲဆိုရော ထွက်လာလိုက်တဲ့သာမိုမီတာအမျိုးအစားဆိုတာ အများကြီးပါပဲလား။ သူတို့တွေကို ဘယ်လိုသုံးမှာလဲ။ တစ်ခုနဲ့ တစ်ခု ဘာတွေကွာလဲဆိုတာ ပြောပြပေးပါမယ်။လူတစ်ယောက်ရဲ့ပုံမှန် ကိုယ်အပူချိန်က98.6°F (37°C) ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် 0.5-1 ဒီဂရီလောက်တော့ အတိုးအလျော့ ရှိနိုင်ပါတယ်။ မနက်ပိုင်းမှာ အပူချိန်ကျမယ်။ နေ့လယ်လောက်မှာ တက်လာမယ်။ ညနေလောက်မှာ ပြန်ကျသွားမယ်။ ဒါကလည်း သဘာဝပါပဲ။ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ ဖျားတယ်လို့ သတ်မှတ်ဖို့ အတွက်။အရင်က မြင်ဖူးတဲ့ ပြဒါးပါတဲ့ သာမိုမီတာအပြင်ဒစ်ဂျစ်တယ် သာမိုမီတာမျိုးစုံ ရှိပါတယ်။ နောက်ပိုင်းမှာတော့ပြဒါးတံ သာမိုမီတာက အသုံးနည်းလာပါပြီ။ အဖြေဖတ်ရခက်တဲ့ အပြင် မတော်တဆ ပြဒါးတံ ကျိုးသွားရင် ပြဒါးတွေ အပြင်ကို ထွက်လာပြီး အဆိပ်သင့်နိုင်တာကြောင့် တဖြည်းဖြည်း အသုံးနည်းလာပါပြီ။အဲ့ဒီအစား ဒစ်ဂျစ်တယ် သာမိုမီတာတွေ သုံးလာကြပါပြီ။ ဒစ်ဂျစ်တယ် သာမိုမီတာ အမျိုးအစားတွေကတော့။ပါးစပ်ထဲ ထည့်တိုင်းတဲ့သာမိုမီတာ။စအိုထဲ ထည့်တိုင်းတဲ့သာမိုမီတာ။ချိုင်းအောက်မှာ တိုင်းတဲ့သာမိုမီတာ။နားထဲထည့်တိုင်းတဲ့ သာမိုမီတာ။(သာမိုမီတာ တစ်မျိုးနဲ့ တစ်မျိုး ကွာခြားချက်ရှိနိုင်သည်။ အသုံးပြုနည်းလမ်းညွှန်ကို သေချာ ဖတ်ပါ။)။နဖူးမှာ တိုင်းတဲ့သာမိုမီတာ။ရှိပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်ရောက်လေလေ အပူချိန် နည်းလေလေပါ။ ခန္ဓာကိုယ် အတွင်းထဲကို တိုင်းတဲ့ အပူချိန် (စအို၊ နား)က ပိုမြင့်ပါတယ်။ Core body temperatureလို့ ခေါ်ပါတယ်။ ကွာခြားချက်တွေကတော့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/thermometers-how-to-take-your-temperature/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-diet-can-crucial-to-fight-diseases/
ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ
လေ့လာချက်အရ အသည်းကင်ဆာ ဖြစ်ပွားမှု ၁၂၅ ခု တွင် တစ်ဝက်နီးပါးသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ် စေသည်။ ဆေးလိပ်သောက်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေသည်။သင်သည် ထိုအချက်ကို နားလည်သော်လည်း ဆေးလိပ်ဖြတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ စိတ်မပူပါနှင့်။ အောက်ပါ နည်းလမ်းများကို လိုက် နာခြင်းသည် ဆေးလိပ်ဖြတ်ရန် တတ်နိုင်သလောက် ကူညီ ပေးနိုင်သည်။တွန်းအားရရန် သင်သည် ဆေးလိပ်ဖြတ်ရန် အားကောင်းသော ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် တခု ချရေးရန် လိုအပ်သည်။ သင်သည် ဘာကြောင့် ဆေး လိပ်ဖြတ်လိုသည်ကို စာရင်းတစ်ခုပြုလုပ်ပြီး သင်လိုအပ်တိုင်း ဖတ်ပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်လိုသည်ကို သင့်ကိုယ် သင် သတိပေးပါ။မိသားစုကို ကာကွယ်ခြင်း၊ သင်ချစ်သော သူကို တဆင့်ခံ ဆေးလိပ်သောက်မှု ဖြစ်စေခြင်း၊ အသည်း ကင်ဆာ၊ နှလုံး ရောဂါ သို့မဟုတ် အခြား အခြေအနေများ ဖြစ်နိုင်မှုကို လျော့ချခြင်း၊ နုပျို ပြီး သန်မာလိုခြင်း၊ သင့် ကလေးများအတွက် ဥပမာကောင်း ဖြစ်လိုခြင်း အစရှိသည် တို့ ဖြစ်သည်။ ထို လက်တွေ့ကျသော အကြောင်းပြချက် များ သည် သင့်အား ဆေးလိပ်ဖြတ်ရန် ကူညီနိုင်သည်။အရက်သောက်ခြင်းသည် ဆေးလိပ်မသောက်ရန် ရည် ရွယ်ချက်ကို ပိုခက်ခဲစေသည်။ ကိုကာကိုလာ စသော အမြှုပ် ထွက်သော အရည်များသောက်ခြင်းသည် လည်း တူညီ သော သက်ရောက်မှုကို ဖြစ်စေသည်။ လက်ဖက်ရည်နှင့် ကော်ဖီသည် စီးကရက် အရသာကို ပိုကောင်းစေသည်။ ၎င်း တို့အစား ရေနှင့် သစ်သီးဖျော်ရည်များကို ပိုသောက်သင့် သည်။ထိုအရည်များသည် သင့်ကျန်းမာရေးအတွက် ကောင်း မွန်ပြီး အရက်သောက်ချင်စိတ်ကို လျော့ချပေးနိုင်သည်။ အစာစားပြီးနောက် ဆေးလိပ်သောက်လေ့ရှိပါက သွားတိုက် ခြင်း၊ လမ်းလျှောက်ခြင်း၊ သူငယ်ချင်းအား စာတိုပို့ခြင်း သို့ မဟုတ် ပီကေဝါးခြင်း စသော အခြားအရာများကို ပြောင်းလုပ် သင့်သည်။ဆေးလိပ်ဖြတ်မည့်အစီအစဉ်အတွက် သူငယ်ချင်းများ၊ မိသားစုများမှ အကူအညီနှင့် အားပေးမှုများ တောင်းခြင်း သည် အကြံညဏ်ကောင်းတစ်ခု ဖြစ်သည်။ ဆေးလိပ်ဖြတ် ချင်သော သူငယ်ချင်းတစ်ယောက်နှင့် ပူးပေါင်း၍ စွဲလန်းခြင်း ကို တိုက်ထုတ်ရန် အချင်းချင်း ကူညီနိုင်သည်။သိပ္ပံနည်းကျ လေ့လာမှုများ အရ လေ့ကျင့်ခန်း သည် အာသာ ပြင်းပြခြင်းကို လျော့ချနိုင်ပြီး သင့်ဦးနှောက်ကို ဆန္ဒ ပြင်းပြခြင်းကို တိုက်ထုတ်သော ဓါတ်ပစ္စည်းများ ထုတ်ရန် နိုး ဆော်ပေးနိုင်သည်။ ငါးမိနစ်လောက် လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း တို့ဖြင့် စတင်နိုင်သည်။စီးကရက် သောက် ချင်လာပါက လမ်းပတ်လျှောက်ခြင်း ဖြင့် မေ့ပစ်ပါ။ ခွေးဖြင့် လမ်းလျှောက်ခြင်း သို့မဟုတ် ဥယျာဉ်အတွင်းမှ ပေါင်းပင်များ ဖယ်ခြင်း စသော မပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ရုံ ဖြင့် ဆေးလိပ်သောက်လိုမှုကို လျော့ချနိုင်သည်။ ၎င်းသည် ဆေးလိပ်ဖြတ်ခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်းကို လည်း ကာကွယ်ပေးသည်။စီးကရက်များ၊ မီးခြစ်၊ ပြာခွက် နှင့် မီးခြစ်ဆံများ အားလုံး ကို လွှတ်ပစ်သင့်သည်။ စိတ်မှပျောက်အောင် ထုတ်ပစ်ပါ။ ၎င်းတို့ကို မမြင်ခြင်း သို့မဟုတ် မစဉ်းစားခြင်းသည် အမှန် တကယ် အကူအညီဖြစ်သည်။အဝတ် လျှော်ခြင်း၊ ရေမွေးဖျန်းခြင်း စသည်ဖြင့် ဆေးလိပ်ငွေ့ကဲ့သို့ အနံ့ထွက် သော အရာများကို ဖယ်ရှားခြင်းသည် ဆေးလိပ်ဖြတ်ရာတွင် အသုံးဝင်သည်။နီကိုတင်း အစားထိုးကုထုံးသည် ဆေးလိပ်ဖြတ်နိုင်မှု အခွင့်အရေးကို နှစ်ဆဖြစ်စေသည်။ အရေပြားကပ်သော နီကိုတင်း အပြားများ၊ ဆေးလုံးများ၊ သကြားခဲဆေးလုံး၊ gum နှင့် နှာခေါင်းမှသုံးသော စပရေး စသည်တို့ ဖြစ်သည်။ ရှုဆေး ဘူး သို့မဟုတ် လျှပ်စစ် စီးကရက် စသည့် လက်ကိုင်ပစ္စည်း များကိုလည်း သုံးနိုင်သည်။လက်တွင် စီးကရက် ညှပ်ထား မည့်အစား သောက်စရာ တစ်ခု ကိုင်ခြင်း၊ ပိုက်ဖြင့် သောက် ကာ ပါးစပ်ကို အလုပ်ရှုပ်အောင်ထားခြင်း စသည်တို့ ပြုလုပ် ပါ။ဆေးလိပ်ဖြတ်ရန်မှာ အသည်းကင်ဆာကို ကာကွယ်ရန် ကျန်းမာရေး အခြေအနေ တိုးတက်စေရန် အရေးကြီးသည်။ ဆေးလိပ်ဖြတ်ရန် အခက်အခဲရှိနေပါက အကြံညဏ်များ ရယူ ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%bb%e1%80%96/
ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က ရောဂါတွေကို ဘယ်လိုခုခံပေးသလဲ
တစ်နေ့ထက်တစ်နေ့ပိုမိုညစ်ညမ်းပြီးရောဂါပိုးတွေပိုမိုများပြားလာတာကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့ သွားရင်းလာရင်း အမှတ်မထင်ရောဂါကူးစက်တာမျိုးတွေခံရနိုင်ခြေကလည်းတော်တော်လေးကိုများလာနေတယ်ဆိုရပါမယ်။ အိပ်ရေးပျက်လွန်းတဲ့အခါဖြစ်ဖြစ်၊အားနည်းနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကအားနည်းနေပြီးရောဂါတွေကအလွယ်တကူဝင်ရောက် တာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်နေမယ်ဆိုရင်တော်ရုံတန်ရုံရောဂါတွေကို တိုက်ထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာကိုပြောပြပေးလိုပါတယ်။ကိုယ်ခံအားစနစ်ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် ခန္ဓါကိုယ်ကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေကြောင့်ရောဂါဘယတွေမခံစားရအောင်ကာကွယ်ရာမှာ အထောက်အပံ့ပေးတဲ့အရာတစ်ခုပါ။ပြင်ပကရောဂါဖြစ်စေတဲ့အရာတွေဆိုတဲ့ထဲမှာလည်း ဗိုင်ဒရပ်စတွေ၊ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ အပါအဝင် ခန္ဓါကိုယ်အတွင်းပိုင်းထဲကိုဝင်ရောက်ပြီး ကူးစက်ရောဂါတွေ၊ အနာရောဂါတွေဖြစ်စေနီုင်တဲ့အရာတွေပါဝင်လို့နေပါတယ်။ ဆဲလ်တွေ၊ တစ်ရှုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးနက်နဲလှတဲ့ ကိုယ်ခံအားစနစ်ကပြင်ပကနေ ဝင်ရောက်လာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓါကိုယ်တွင်းထဲမှာ ကျန်းမာတဲ့ တစ်ရှုးတွေကိုပဲကျန်ရှိစေပါတယ်။ကိုယ်ခံအားစနစ်က အူအတွင်းပိုင်းမှာ ခန္ဓါကိုယ်ကို အကျိုးပြုတဲ့ဘက်တီးရီးယားတွေပေါက်ဖွားအောင် လှုံ့ဆော်ပေးပါတယ်။ အဆိုပါ အကျိုးပြု ဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲကိုရောက်ရှိလာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကိုတိုက်ထုတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာနဲ့ ကျန်းကျန်းမာမာဖြစ်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုသေသေချာချာသိရှိနိုင်အောင် ဒီစာလေးကိုဆက်ဖတ်ကြည့်လိုက်ကြရအောင်ပါ။ခန္ဓါကိုယ်ကဆဲလ်တွေထဲကိုရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်သွားတဲ့အခါရောဂါကူးစက်မှုတွေဖြစ်လာပါတယ်။ ခန္ဓါကိုယ်တွင်းကိုရောဂါကူးစက်ဝင်ရောက်မှုက ကိုယ်ခံအားစနစ်တုံ့ပြန်မှုကိုဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကမြန်ဆန်ထိရောက်လေလေရောဂါကိုခုခံမှုကလည်းမြန်ဆန်လေလေပါပဲ။ ကိုယ်ခံအားကောင်းတဲ့အခါရောဂါတွေကိုခုခံတိုက်ဖျက်မှုကမြန်ဆန်ပြီး နာမကျန်းဖြစ်တာကို သိပ်တောင်မခံစားလိုက်ရပါဘူး။ကိုယ်ခံအားကနည်းနေမယ်ဆိုရင်တော့ တစ်ခါတလေမှာ ကူးစက်မှုဝင်ရောက်တာကရောဂါခံစားရတာအထိတောင်ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းနေတဲ့ အခါမျိုးနဲ့ ကိုယ်ခံအားစနစ် ပျက်ပြားနေတဲ့အခါမျိုးမှာပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေ ခန္ဓါကိုယ်တွင်းကို ဝင်ရောက်နိုင်ခြေကတော်တော်လေးကိုများနေပါတယ်။ကူးစက်ခံလိုက်ရတဲ့ရောဂါပိုးအမျိုးအစားပေါ်မှာမူတည်ပြီးတော့ရောဂါလက္ခဏာတွေကွဲပြားနိုင်ပါတယ်။ ဥပမာပြောပြရရင် ဖျာတဲ့အခါ ကိုယ်ခန္ဓါကအပူချိန်မြင့်တက်လာတာက အဖျားပိုးကို ကိုယ်ခံအားစနစ်က တုံ့ပြန်နေတာပါ။ ကိုယ်တွင်းကိုဝင်ရောက်လာတဲ့ ဖျားစေနိုင်တဲ့ပြင်ပကရောဂါဖြစ်စေတဲ့အရာကို ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကတိုက်ထုတ်နေတာပဲဖြစ်ပါတယ်။နောက်တစ်ခုကရောင်ရမ်းတာပါ။ ထိခိုက်တဲ့နေရာ ပိုးဝင်တဲ့နေရာမှာရောင်ရမ်းတာက ကိုယ်တွင်းကသွေးဖြူဥဆဲလ်တွေကရောဂါဖြစ်စေတဲ့အရာတွေကို တိုက်ထုတ်နေတာပဲဖြစ်ပါတယ်။(၁)Physical Barrier။ခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ဒိုင်းသဖွယ်ကာကွယ်ပေးထားတဲ့အရာပါ။ အဲ့ဒါကတော့ အရေပြားပါပဲ။ အရေပြား ကခန္ဓါကိုယ်တွင်းထဲကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေ၊ရောဂါပိုးတွေနဲ့ အခြားထိခိုက်စေနိုင်တဲ့အရာတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။ အရေပြားပေါ်ကဆဲလ်သေတွေက ကိုယ်တွင်းထဲကိုရောဂါကူးစက်မှုတွေမဖြစ်အောင် အလွှာတစ်ခုအဖြစ်နဲ့ ကာကွယ်ပေးထားပါတယ်။နောက်ထပ် အရံအတားတစ်ခုကတော့ အကျိအချွဲအမြှေးပါးတွေပါ။ အစာချေစနစ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်အတွင်းမှာရှိနေတဲ့အကျိအချွဲအမြှေးတွေက ကိုယ်တွင်းထဲကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေမဝင်ရောက်နိုင်အောင် ဟန့်တားပေးပါတယ်။(၂) Chemical Barrier။အရေပြားကလည်း Chemical Barrier အနေနဲ့ ကိုယ်တွင်းကိုရောဂါဖြစ်စေနိုင်တဲ့အရာတွေမဝင်ရောက်နိုင်အောင်တားဆီးပေးပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ဂလင်းတွေကနေ အဆီနဲ့ချွေးတွေကို ထုတ်ပေးပြီး ပိုးမွှားတွေကို ကင်းစင်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ချွေးထဲမှာပါတဲ့ အက်ဆစ်တွေက ဘက်တီးရီးယားတွေ ကြီးထွားမှုကိုနှေးကွေးစေနိုင်ပြီး အရေပြားကနေထုတ်တဲ့ အဆီတွေမှာပါတဲ့ ဓါတုပစ္စည်းတွေက ဘက်တီးရီးယားအချို့ကိုသေစေနိုင်ပါတယ်။ မျက်ရည်နဲ့တံတွေးတွေကလည်း ဘက်တီးရီးယားအချို့ကိုသေစေနိုင်စွမ်းရှိပါတယ်။(၃) Adaptive Immune Response။ခန္ဓါကိုယ်ရဲ့ Physical Barrier နဲ့ Chemical Barrierတွေကရောဂါဘယဖြစ်စေနိုင်တဲ့အရာတွေကို မတားဆီးနိုင်ဘူးဆိုရင်နောက်ဆုံးအဆင့်ဖြစ်တဲ့ Adaptive Immune Response က ကိုယ်တွင်းကိုရောက်ရှိလာတဲ့ရောဂါဘယဖြစ်စေနိုင်တဲ့ အရာတွေကိုတားဆီးပေးပါလိမ့်မယ်။ ဒီနောက်ဆုံးအဆင့်ဖြစ်တဲ့ Adaptive Immune Response ကရောဂါဖြစ်စေတဲ့အရာတွေကိုတုံ့ပြန်နိုင်စေဖို့အတွက် သီးခြားတုံ့ပြန်မှုတွေနဲ့ memoryတွေကိုထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်တွင်းကိုရောက်လာတဲ့ပြင်ပရောဂါဖြစ်စေနိုင်တဲ့အရာတွေကို ဆန်းစစ်ပြီး တိုက်ထုတ်ပေးပါတယ်။ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေရောက်မလာအောင် ခုခံပေးနိုင်တာကြောင့် ကျန်းမာရေးကောင်းမွန်အောင်လုပ်ဆောင် တဲ့နေရာမှာအရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းနေတာကရောဂါပိုးတွေမဝင်ရောက်အောင်တားဆီးပေးနိုင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်ထဲကို မလိုလားအပ်တဲ့ရောဂါပိုးမွှာေးတွမဝင်ရောက်အောင်လုပ်ဆောင်ဖို့ကလည်း အရေးကြီးလှပါတယ်။ အရေပြားပေါက်ပြဲတဲ့ ဒဏ်ရာတွေရရှိသွားတဲ့အခါ အပေါ်မှာဖော်ပြခဲ့တဲ့ အရံအတားတွေထဲက ပထမဆုံးအရံအတားကျိုးပျက်သွားပြီဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ အနာကိုသေချာသန့်စင်ပြီးဆေးထည့်တာ၊ အနာသေးရင်ပလာစတာကပ်တာနဲ့အနာကကြီးနေရင် ပတ်တီးစည်းတာမျိုးကိုလုပ်ဆောင်ပေးရပါမယ်။ မလိုလားအပ်ဘဲ ကိုယ်ခံအားစနစ်ကိုထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။ အနာကို ပလာစတာကပ်ပေးတာကပြင်ပရောဂါဖြစ်စေနိုင်တဲ့အရာတွေ ဝင်ရောက်နိုင်ခြေကိုလျော့နည်းသွားစေနိုင်ပါတယ်။တစ်ခါတလေမှာ ကိုယ်ခံအားစနစ်ကလျင်လျင်မြန်မြန်တုံ့ပြန်နိုင်တာကြောင့်ရောဂါဖြစ်စေနိုင်တဲ့အရာတွေကိုမြန်မြန်ဆန်ဆန်ထိန်းချုပ် နိုင်ပါတယ်။ ယနေ့ခေတ်လိုမျိုး အန္တရာယ်ကြီးတဲ့ ဘက်တီးရီးယားတွေများပြားလှတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ဆိုရင် ကိုယ်ခံအားစနစ် ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်ခံအားစနစ်ကပြင်းထန်ပြီး အသက်ကိုထိခိုက်စေနိုင်တဲ့ ရောဂါပိုးကူးစက်တာတွေ၊ရောဂါဝင်တာတွေကနေတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်မထိခိုက်စေဖို့အတွက် အသေးစားထိခိုက်ဒဏ်ရာတွေကို သေချာစနစ်တကျ ဂရုစိုက်တာ၊ အိပ်ရေးဝအောင်အိပ်စက်တာ၊ အာဟာရမျှတအောင်စားသုံးတာတွေကို ဂရုတစိုက်လုပ်ဆောင်ပေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9b%e1%80%b2%e1%82%95%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%85%e1%80%94%e1%80%85/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%99%e1%80%bd%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac-%e1%80%95%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%b9/
သင်အချစ်ရေး အဆင်မပြေတာ ဒီစိတ်ရောဂါကြောင့်များလား
ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့်အတက်အကျမြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။သိမ်ငယ်စိတ်ေတွ၊ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူတဲ့စိတ်တွေ၊ လူတစ်ယောက်ကို ကိုယ်ပဲ အပိုင်စားလိုချင်တဲ့ စိတ်တွေဖြစ်လာကာ ကိုယ်တိုင်ကိုရော ကိုယ့်ချစ်သူကိုရော စိတ်ပူလောင်စေတဲ့ ရောဂါဖြစ်ပါတယ်။ ခုခေတ်လူငယ်တော်တော်များများ အချစ်ရေးမတည်မြဲကြတာလည်း ဒီစိတ်ရောဂါကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။စိတ်ရောဂါတော်တော်များများက ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုတာ ရှားပါတယ်။ အချိန်အတော်ကြာအောင် ရင်ထဲမှာ အမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါရှိလို့ရှိမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။ပုံမှန်အခြေအနေမှာ စိတ်အကောင်းကြီးဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်၊ သို့မဟုတ် တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေတဲ့အချိန်ကျမှသာ ဒီလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေထဲက အနည်းဆုံး ၅မျိုးလောက် ရှိနေတယ်လို့ သင့်ကိုယ်သင် သတိထားမိတယ်ဆိုရင်တော့ ဒီရောဂါရှိနိုင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။BPD ဆိုတာ လူငယ်တွေမှာ အရမ်းအဖြစ်များပြီး တော်တော်လေးကို ကုရခက်တဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန်အချိန်မှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းနေတဲ့ လူတစ်ယောက်က တခြားသူစိမ်းတစ်ယောက်နဲ့ ချစ်မိလိုက်တော့မှပဲ အသိစိတ်နဲ့ လူနဲ့မကပ်၊ အမြဲလိုလို ပူလောင်နေပြီး ကိုယ်မသိလိုက်ခင်မှာ ကိုယ့်အပြုအမူတွေက ချစ်သူကို သွားပြီး ထိခိုက်စေမိတော့ အချစ်ရေးက မမြဲတော့ဘူးပေါ့။ ဒါကြောင့် ဒီလိုပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဆုံးက စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်တယ်လို့ပဲ အကြံပေးလိုက်ချင်ပါတယ်။အကယ်လို့ ကိုယ့်မှာ ဒီရောဂါရှိတယ်ဆိုတာ သေချာပြီဆိုရင် စိတ်ရောဂါပညာရှင်မှ ကိုယ့်နဲ့အဆင်ပြေမယ့် စိတ်ကုထုံးနည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။BPD ရှိတဲ့သူတွေအတွက် အကောင်းဆုံး ကုသနည်းလမ်း ဖြစ်ပါတယ်။ ဒီကုထုံးမှာမှ Cognitive Behavioral Therapy (CBT) ၊ Dialectical Behavior Therapy (DBT) နဲ့ schema-focused therapy (SFT) ဆိုပြီး ၃မျိုးခွဲကာ ကုသပေးဖို့လိုပါတယ်။BPD ဟာ စိတ်ခံစားချက် အခြေခံတဲ့ စိတ်ရောဂါဖြစ်တဲ့အတွက် ဆေးဝါးနဲ့ ကုသလို့တော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝေဒနာရှင်မှာ တခြားစိတ်ကျန်းမာရေးပြဿနာတွေပါ ရှိနေရင်တော့ လိုအပ်မယ့် စိတ်ကျရောဂါဆေး၊ စိတ်ငြိမ်ဆေး၊ စိုးရိမ်သောကပျောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်မှု၊ ကျန်းမာရေး ဒါတွေအားလုံးကို စိတ်ကပဲ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် စိတ်ကပြိုလဲသွားပြီဆိုတာနဲ့ ကျန်တာတွေအားလုံး ပြိုလဲဖို့ အချိန်ကာလတစ်ခုပဲ လိုတော့မှာပါ။ ခုလို BPD ဆိုတာလည်း အသက်ငယ်သေးတဲ့ လူငယ်တွေမှာ တော်တော်လေးအဖြစ်များပြီး ကုသရခက်တယ်ဆိုပေမယ့် လုံးဝမပျောက်နိုင်တာ မဟုတ်တာကြောင့် သိပ်ပြီး မစိုးရိမ်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%9e%e1%80%84%e1%80%b9%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8-%e1%80%a1%e1%80%86%e1%80%84%e1%80%b9%e1%80%99%e1%80%b1%e1%80%bb%e1%80%95%e1%80%90%e1%80%ac-%e1%80%92/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/open-wound-basics/
အဆစ်တွေ တောင့်တင်းနေပြီလား
အသက်အရွယ်ရလာတဲ့အခါအရိုးအဆစ်တွေတောင့်တင်းတာကို ခံစားကြရပါတယ်။ အကြောင်းကတော့ နှစ်ရှည်လများ အသုံးပြုထားတာကြောင့် အဆစ်တွေ၊ အရိုးတွေနဲ့ ကြွက်သားတွေကက နာကျင်တာ တောင့်တင်းတာတွေကို ခံစားလာရတာပါ။ ဒီလိုအဆစ်တွေ တောင့်တင်းနာကျင်တာက နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ဒီလို အဆစ်တွေ တောင့်တင်းရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အဆစ်တွေတောင့်တင်းတာကိုမနက် အိပ်ရာ ထထချင်းတွေမှာ ပိုပြီး သိသိသာသာ ခံစားရပါတယ်။ ဒီတော့ အဆစ်တွေ တောင့်တင်းနေတယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို သက်သာအောင်လုပ်ရမလဲ။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။အဆစ်တွေ တောင့်တင်းတယ်ဆိုတာက တောင့်တင်းတယ် ဆိုတဲ့အတိုင်း အဆစ်တွေနေရာမှာ တောင့်တောင့်ကြီး ဖြစ်နေတာမျိုးပါ။ ပြင်းထန်တဲ့ အတိုင်းအတာကို လိုက်ပြီးတော့တော့ သက်သောင့်သက်သာ မရှိတဲ့ အနေအထားက ကွာခြားနိုင်ပါတယ်။ အချို့သူတွေမှာ သိပ်မပြင်းထန်ပေမယ့် အချို့တွေမှာတော့ တော်တော်လေး ပြင်းထန်ပါတယ်။ လှုပ်ရှားလို့ မရတဲ့အထိ အဆစ်တွေ တောင့်တင်းနာကျင်တာမျိုး ရှိနိုင်ပါတယ်။အဆစ်တွေက ရောင်လည်းရောင်မယ်။ နာလည်းနာမယ်ဆိုရင် လမ်းလျှောက်တဲ့အခါ မတ်တတ်ရပ်တဲ့အခါမျိုးမှာ ပိုပြီး တောင့်တင်းနာကျင်တာကို ခံစားရနိုင်ပါတယ်။ အဆစ်တွေ တောင့်တင်း နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ များသလို အဆစ်တွေ တောင့်တင်းတာကို ပိုမိုပြင်းထန်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါပဲ။အသက်အရွယ်ရလာတာတစ်ခုတည်းကြောင့် အဆစ်တွေ တောင့်တင်းတာ မဟုတ်ပါဘူး။အသက်အရွယ်ရလာတာအပြင် အခုလို အချက်တွေကြောင့် အဆစ်တွေတောင့်တင်းနိုင်ပါတယ်။အဆစ်တွေ တောင့်တင်းနေတာက ဆရာဝန်ပြရလောက်အောင် မပြင်းထန်ဘူးလို့ ခံစားရရင် အိမ်တွင်းကုထုံးတွေနဲ့ အရင်ဆုံး သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။အပေါ်မှာ ပြောသလိုတွေ လုပ်ပေမယ့် အဆစ်တွေ တောင့်တင်းတာက မသက်သာဘူး ဆိုရင်တော့ကျန်းမာရေး ပြဿနာတစ်ခုခု ကြောင့် ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။ အဆစ်တွေ နာတာက ရုတ်တရက် ဖြစ်ပြီး ၅ ရက် ကနေ ၇ ရက် အထိ မသက်သာဘူး ဖြစ်နေမယ်ဆိုရင်၊ အဆစ်တွေမှာ ထိခိုက်ထားတာမျိုး ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ စစ်ဆေးမှုလေးတွေကို လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။ကဲ ….. အဆစ်တွေ တောင့်တင်းနေပြီလား …… ဒီနည်းလမ်းလေးတွေနဲ့သက်သာအောင် လုပ်ဆောင်ကြည့်လိုက်နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/stiff-joints-remedy/
အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ
ဒူးခေါင်း၊ တင်ပါးဆုံရိုးနဲ့ ခြေမျက်စိတို့မှာ တကျွတ်ကျွတ်မြည်လာတာက အသက်ကြီးလာတာနဲ့အမျှ ကြုံတွေ့လာရမယ့် အဆစ်ရောင်နာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။ အသက် ၄၀ ကျော်သူတွေမှာအဆစ်ရောင်ဝေဒနာတွေဖြစ်လာတာက အသက်အရွယ်ကြီးရင့်မှုနဲ့ ဆက်နွှယ်နေသလို သဘာဝအလျောက် ယိုယွင်းလာမှုဖြစ်စဉ်မှာ အရိုးကျန်းမာရေးလည်းပါဝင်လာပါတယ်။အသက်ကြီးလာတာနဲ့အမျှအဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေပုံမှန်ခံစားလာရပါတယ်။ ဇရာကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လျော့ပါးသက်သာစေဖို့တော့ကြိုးစားကြည့်နိုင်ပါတယ်။ လူကြီးတွေမှာ တဖြည်းဖြည်း ပိုဆိုးရွားလာတဲ့ အဆစ်အမြစ်နာကျင်မှုဟာ အဆစ်ရောင်နာosteoarthritisလက္ခဏာဖြစ်နေနိင်ပါတယ်။ ဒီတော့ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ ကို အတူတူ ဆက်လေ့လာရအောင်လား …….။အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းဝင်လာချိန် ဖြစ်တတ်တဲ့နာကျင်ကိုက်ခဲမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ အောက်ပါအချက်တွေလည်းပါဝင်ပါတယ်-။Osteoarthritis– အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေ ကြားက အမြဲ ပွတ်တိုက်လှုပ်ရှားနေရတဲ့ အရိုးနုက မာကျောလာပြီး ကျုံ့ဆန့်နိုင်စွမ်းမရှိတော့ဘဲ ထိခိုက်ပျက်စီးဖို့ လွယ်လာပါတယ်။ အရိုးနုတွေ ပျက်စီးသွားတာနဲ့ အရွတ်နဲ့အကြောတွေ လျော့ရဲသွားပြီး နာကျင်မှုကို ခံစားရပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်း အားလုံးနီးပါးမှာ ဖြစ်လာတတ်ပြီး လက်ချောင်း၊ တင်ပါး၊ ဒူးခေါင်းနဲ့ ကျောရိုးမကြီးတို့မှာ အများဆုံး ဖြစ်တတ်ပါတယ်။လေးဖက်နာအဆစ်ရောင်ရောဂါ(Rheumatoid Arthritis) –ခန္ဓါကိုယ်အဆစ်အမြစ်တွေ ရောင်ရမ်းတာပဲ ဖြစ်ပေမယ့် ဘယ်ညာအစိတ်အပိုင်းအားလုံးတညီတည်း အချိုးညီညီနာကျင်ကိုက်ခဲမှုခံစားရတတ်တာကြောင့် တခြားအဆစ်ရောင်နာတွေနဲ့မတူတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့လက္ခဏာတွေကတော့ဆင်တူပါတယ်။အရွတ်ကြောနာ (Fibromyalgia) – ခန္ဓါကိုယ်အနှံ့က နေရာပေါင်းများစွာမှာ နာကျင်မှုနဲ့ အထိမခံနိုင်ကျိန်းစပ်မှု တွေဖြစ်လာပြီး အိပ်စက်ခြင်းပြဿနာတွေနဲ့ ပင်ပန်းနွမ်းလျမှုဖြစ်စေတဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။စိတ်ကျဝေဒနာ –စိတ်ကျဝေဒနာခံစားနေရတဲ့လက္ခဏာဟာ ဝမ်းနည်းစိတ်တစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာပါ အကြောင်းရင်းမည်မည်ရရမရှိဘဲ နာကျင်တာတွေ၊ကိုက်ခဲတာတွေဖြစ်လာတတ်ပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း။အဝလွန်ခြင်း–ခန္ဓါကိုယ်အောက်ပိုင်းကအဆစ်အမြစ်တွေကို ဖိအားပိုများစေနိုင်တဲ့ ကိုယ်အလေးချိန်တိုးလာခြင်း က osteoarthritis ဖြစ်နိုင်ခြေပိုများစေပါတယ်။ အထူးသဖြင့် လူတစ်ကိုယ်လုံးရဲ့အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းတွေက ထိခိုက်နိုင်ဖို့ ပိုအန္တရာယ်များပါတယ်။ထိခိုက်ထားတာ၊ အသုံးများလွန်းတာ –အားကစားသမားတွေနဲ့ ကြိမ်ဖန်များစွာခန္ဓါကိုယ်လှုပ်ရှားနေရတဲ့အလုပ် လုပ်ကိုင်သူတွေမှာ ထိခိုက်ဒဏ်ဖြစ်တာနဲ့ အဆစ်တွေမှာဖိအားများစေတာကြောင့် osteoarthritis ဖြစ်နိုင်ခြေမြင့်မားပါတယ်။ တစ်ရှူးပျော့မှာဒဏ်ဖြစ်တာက osteoarthritis ဖြစ်စေနိုင်သလို အရိုးကျိုးအက်ခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူရဖူးတဲ့အဆစ်တွေမှာပိုဖြစ်တတ်ပါတယ်။ကြွက်သားအားနည်းခြင်း –ဒူးနားတဝိုက်က ကြွက်သားတွေအားနည်းတာက osteoarthritis နဲ့ဆက်နွှယ်နေပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။အရိုးအဆစ်နာခြင်းအတွက် အရှင်းပျောက်ကင်းစေမယ့်ကုသနည်းမရှိပေမယ့် ဆေးဝါးသောက်သုံးတာကနေ ခွဲစိတ်ကုသမှုအထိ ကုသနည်းတွေရှိသလို ကိုယ်တိုင်ကြိုးစားကြည့်နိုင်တဲ့ဆောင်ရန်ရှောင်ရန်တွေကလည်း ကောင်းကျိုးရရှိနိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ဖို့ –ကိုယ်က ဝ နေသူဖြစ်ရင် အရင်ဆုံး အဆီပိုတွေချပစ်ဖို့ လိုပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစလုပ်ဖို့ –နောက်တစ်ချက်က ကိုယ်နဲ့သင့်လျော်မယ့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို အရိုးအဆစ်ဆရာဝန်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်းနဲ့ တခြား အားသိပ်မသုံးရတဲ့လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်တွေအပေါ်ဖိအားမများစေတဲ့လေ့ကျင့်ခန်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ဖိနပ်နဲ့ကုသ –ကွင်းထိုးဖိနပ်၊ ဖိနပ်ကောင်းကောင်း၊နဲ့ လမ်းလျှောက်တုတ် တို့ကလည်း ဒူးနာ၊ တင်ပါးရိုးနာ၊ ခြေဖဝါးနာ တွေအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ဆေးဝါး –Aspirin၊ Ibuprofen နဲ့ Paracetamol တို့က ထိရောက်တဲ့အကိုက်အခဲပျောက်ဆေးတွေဖြစ်ပါတယ်။ အရောင်ကျဆေးတွေလိုမျိုး တခြားဆေးတွေကိုလည်း ဆရာဝန်က ညွှန်ကြားလာနိုင်ပါတယ်။အရိုးအဆစ်နာရောဂါက နွေးနွေးထွေးထွေး အနေအထားမှာ ပိုသက်သာတတ်တာကြောင့် အအေးသိပ်မခံဖို့ သတိထားသင့်ပါတယ်။ ရေနွေးပုလင်းကပ်တာ၊ ရေနွေးဝတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပေးတာက နာကျင်မှုနဲ့ တောင့်တင်းမှုကိုသက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/main-causes-of-joint-pain-in-old-age/
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲကဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေ ပြန့်နှံ့နေချိန်မှာကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့လေဒီတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ ။ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဘေဘီလေးကို မထိခိုက်စေဘဲ ကိုယ်ခံအား ကောင်းအောင် ဘာတွေ စားသောက်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ ဆိုတော့ ဒါတွေစားပါ။ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး၊ အအေးမိ၊တုပ်ကွေးမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာမှိုပိုးကူးစက်ခံရတာနဲ့နှာစေး၊ ချောင်းဆိုးတာက စလို့ အမျိုးမျိုးသောကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။အရေပြားပြဿနာကင်းစေပြီး ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာ ပိုမဆိုးစေဖို့ သင့်တင့်တဲ့၊ ဟင်းချက်တဲ့အခါ ထည့်တဲ့ပမာဏလောက်ပဲ စားပါ။ကယ်လ်ဆီယမ် ကြွယ်ဝသလိုပရိုတင်းပါဝင်မှု မနည်းတဲ့ နို့ကလည်း မေမေရာ ဘေဘီလေးကိုပါ ကျန်းမာ သန်စွမ်းစေဖို့ အများကြီး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို နို့တစ်ခွက် ပုံမှန် သောက်သုံးပေးတာက မေမေ့ကို ကိုယ်ခံအား ကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ကိုယ်ဝန်ဆောင်မေမေက ကိုယ်အလေးချိန်များနေရင်တော့ အဆီထုတ်ထားတဲ့ နို့ကို သောက်ပါ။ကီဝီးသီးက စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ဗီတာမင် Cကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေချင်တယ်ဆိုရင် ကီဝီသီး စားပေးဖို့ လိုပါမယ်။လက်ဖက်စိမ်း ရေနွေးကြမ်းကဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အချိုပါတဲ့ သောက်စရာတွေက မိခင်ရောကလေးကျန်းမာရေးကို ပါထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး သောက်စရာ တစ်ခုကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းပါ။ တစ်ခု သတိထားရမှာကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းမှာကဖင်းပါနိုင်တာကြောင့် အကန့်အသတ်နဲ့ သောက်ဖို့ပါ။ ထမင်းစားချိန်နဲ့ ကပ်သောက်တာ၊ ‌ဆေးတွေနဲ့ တွဲသောက်တာကို ရှောင်ပါ။ကန်စွန်းဥမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ဗီတာမင် Aပါဝင်နေပါတယ်။ မေမေ့ကို ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။အခွံမာသီးတွေ ဖြစ်ကြတဲ့ အယ်လ်မွန်စေ့၊ သစ်ကြားသီးတို့မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလိုစိတ်ခံစားမှုကောင်းစေနိုင်ဖို့လည်း အထောက်အပံ့ပေးပါတယ်။အဆီမပါတဲ့ ကြက်သားကို စွပ်ပြုတ်လုပ်ပြီး သောက်ပေးတာက ကိုယ်ခံအား ကောင်းစေတယ်ဆိုတာ အထွေအထူး မပြောလည်း သိပြီးဖြစ်မှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ စွပ်ပြုတ်တင်မကဘဲ အသားကိုပါ စားပေးပါ။ ဒါမှ အာဟာရပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ကဲ… ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဒါလေးတွေကို စားပေးဖို့ ပြောပါရစေ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/top-foods-to-boost-your-immune-system-during-pregnancy/
ချွေးထွက်များမှ ကျန်းမာရေးကောင်းမယ်
ချွေးထွက်တယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် သိပ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ဆိုရမလားပဲ။ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာချွေးထွက်တတ်သလို၊ လှုပ်လှုပ်ရှားရှား ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်ပြီးချိန်တွေမှာ၊ ပင်ပန်းတဲ့ အခြေအနေတွေမှာလည်း ချွေးတရွှဲရွှဲဖြစ်နေတတ်ပါတယ်။လူတစ်ချို့က ချွေးအရမ်းထွက်တာကို စိုးရိမ်တတ်ကြပါတယ်။ တစ်ချို့ကလည်း မနှစ်သက်တတ်ကြပါဘူး။ ကဲ ချွေးထွက်တာ ကောင်းလား မကောင်းလား ဆန်းစစ်ကြည့်ရအောင်။တကယ်တမ်းအားဖြင့် ချွေးဆိုတာဟာ ရေနဲ့ အသွင်သဏ္ဍာန်ချင်းဆင်တူတဲ့ ခန္တာကိုယ်ရဲ့ စွန့်ပစ်အရည်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်အများစုပါဝင်ပြီး ခန္တာကိုယ်ထဲက ဓာတ်ဗေဒစွန့်ပစ်ပစ္စည်းတွေနဲ့၊အမိုးနီးယား၊ ယူရီးယား၊ ဆားနဲ့သကြားဓာတ်တွေပါဝင်နေပါတယ်။လေ့ကျင့်ခန်းလုပ်လို့ ထွက်တဲ့ချွေးမှာပဲဖြစ်ဖြစ်၊ ဖျားလို့ နာလို့ ထွက်တဲ့ ချွေးမှာပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလို့ ထွက်တဲ့ ဇောချွေးမှာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းက အတူတူပါပဲ။ခုလိုချွေးထွက်ရစေတဲ့အကြောင်းအရင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ခန္တာကိုယ်ကို အလိုအလျောက် အအေးပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကိုယ်တွင်း အပူချိန် မြင့်တက်လာချိန်မှာ ချွေးထွက်ခြင်းနည်းလမ်းနဲ့ အပူချိန်ကို ပြန်လည်လျှော့ချတာကို ချွေးထွက်တယ်လို့ ခေါ်ဆိုပါတယ်။တစ်ခါတစ်ရံမှာ ကိုယ့်ခန္တာကိုယ်က ထွက်ရှိတဲ့ ချွေးတွေဟာ အနံ့အသက် ဆိုးရွားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ သိပ်မဆိုးရွားတတ်ပါဘူး။ ဒီအခြေအနေကတော့ ချွေးထဲမှာ ပါရှိသွားတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ပါတယ်။ချွေးထွက်တာက မကောင်းဘူးလား။ တကယ်တော့ မဟုတ်ပါဘူး။ ချွေးထွက်တယ်ဆိုတာက အကြမ်းဖျဉ်းအားဖြင့် ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ခန္တာကိုယ်ထဲကနေ ချွေးတွေ ထွက်သွားတဲ့အခါမျိုးမှာ ပထမအဆင့်အနေနဲ့ အောက်ပါအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့လူတွေမှာဆိုရင် နောက်ထပ် အကျိုးကျေးဇူးတွေ ထပ်ပြီး ရရှိနိုင်ပါသေးတယ်။ ဒါတွေကတော့။ဒီလိုလဲ မဟုတ်ပြန်ပါဘူး။ တစ်ချို့ အခြေအနေတွေမှာ ချွေးထွက်တာက ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/sweating-benefits/
အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား
မနက်ခင်း အိပ်ရာနိုးလို့လက်ကွေးတော့လည်း ကွေးမရ နာလိုက်တာ၊ အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား ………. ဒီလိုမျိုး မိုးလင်း အိပ်ရာနိုးတိုင်းမှာ အဆစ်တွေ နာနေရတာက အကြောင်းအရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဒီလို အိပ်ရာနိုးတိုင်း အဆစ်နာတာကို ခံစားရသူ အများစုကတော့ အဆစ်ရောင် ရောဂါ ရှိသူတွေပါ။ အကြောင်းကတော့ အဆစ်ရောင်နာ ခံစားနေရသူတွေရဲ့ အဆစ်တွေထဲမှာအရိုးတွေရဲ့ အစွန်းတွေကို ဖုံးအုပ်ထားတဲ့ အရိုးနုတွေ ပျက်စီးနေပြီး အဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ လှုပ်ရှားရ လွယ်ကူအောင် လုပ်ဆောင်ပေးမယ့် ချောဆီတွေ မရှိတာကြောင့်ပါ။ဒီလို အဆစ်တွေ တောင့်တင်းနာကျင်တာကို နောက်ကျော၊ ခါးဆစ်၊ လက်ချောင်းရိုးလေးတွေ၊ လက်ကောက်ဝတ်၊ ဒူး၊ ခြေချင်းဝတ်၊ ခြေဆစ် စတဲ့နေရာတွေမှာ အများဆုံး ခံစားရနိုင်ပါတယ်။ဒီလို နာကျင်မှုကို ခံစားရတာက အချိန် အနည်းငယ် ကြာတတ်ပေမယ့် အများစုက ၁၀ မိနစ် ကနေ ၁၅ မိနစ်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ မနက်ခင်း အိပ်ရာထထချင်းမှာ ခံစားရနိုင်သလို တစ်နေ့လုံးလည်း ခံစားရနိုင်ပါတယ်။အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား ….. ဒါဆိုရင်သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။အိပ်ရေး ဝဝအိပ်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်တာကစိတ်ရောကိုယ်ပါ အနားရအားပြည့်စေနိုင်ပါတယ်။ အနာကျက်စေနိုင်သလို ပျက်စီးနေတဲ့အရာတွေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးတိုင်း အဆစ်တွေ နာတာကို သက်သာချင်တယ်ဆိုရင် ညအိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် နဲ့ အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်စေချင်ပါတယ်။အိပ်ရာခင်း အရမ်းမာတာကြောင့်လည်း အရိုးအဆစ်တွေ တောင့်တင်း နာကျင်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းကို အရမ်းမာလွန်းတာ၊ အရမ်းပျော့လွန်းတာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကင်းစေချင်တယ်ဆိုရင်တော့ အိပ်ရာခင်းကို ဂရုစိုက်ပေးပါ။အိပ်ရာကနေ မထခင်မှာ တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း အကြောလျှော့ပေးပါ။ လက်ကလေးတွေကို ဝိုင်းပြီး လက်ကောက်ဝတ်ကို အကြောလျှော့တာမျိုး အဆစ်တွေကို ဖြည်းဖြည်းချင်း လှုပ်ရှားရင်း အကြောလျှော့တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာကလည်း အဆစ်တွေ တောင့်တင်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ မနက်ခင်းမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်သလို နာကျင်တာတွေကိုလည်း သက်သာစေနိုင်မှာပါ။အလှုပ်အရှား နည်းတာကလည်း အဆစ်တွေကို နာကျင်စေတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တာ၊ လမ်းလျှောက်တာလိုမျိုး အဆစ်တွေနဲ့ ကြွက်သားတွေကို လှုပ်ရှားမှုဖြစ်စေမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးပါ။အချို့သော အစားအသောက်တွေက အဆစ်တွေရဲ့ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် အရောင်ကျစေနိုင်ပြီး အဆစ်တွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မသက်သာဘူး။ အခုလို လက္ခဏာတွေလည်း ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။ကဲ …… အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်မနေနဲ့တော့နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/joint-pain-and-stiffness-in-the-morning/
ခြေဖဝါးဒဏ်ရာတွေကို ဘယ်လိုကုသမလဲ
နေ့စဉ် သင့်ကို နေရာအနှံ့ခေါ်သွားနိုင်ဖို့အတွက် သင့်ခြေထောက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်ဟာ နာကျင်မှု မရရှိမချင်း သူတို့အကြောင်းကို သိပ်စဉ်းစားမိမှာ မဟုတ်ပါဘူး။သင့်ခြေထောက် ဒဏ်ရာရရှိခြင်းကို ကုသဖို့နဲ့ ပိုဆိုးခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးက ခြေထောက် ဒဏ်ရာရရှိခြင်းတွေကို ကုသဖို့ အချက်အလက်တွေကိုပေးမှာ ဖြစ်ပါတယ်။Plantar fasciitis ဟာ ခြေဖဝါးခုံးနာကျင်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မနက်ပိုင်းမှာ ပိုဆိုးနိုင်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။Plantar fasciitis အတွက် ကုသမှုတွေကတော့ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဖြေဖဝါးကို အနားပေးခြင်း၊ ခြေဖဝါးခုံးကို ထောက်ပံ့မှုပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်း၊ ခြေဖဝါးနဲ့ ခြေဖနောင့်ကြွက်သားတွေကို ဆန့်ထုတ်စေခြင်း၊ ခြေဖနောင့်ကို တစ်နေ့ ဆယ်မိနစ်လောက် ရေခဲကပ်ခြင်းတွေပဲ ဖြစ်ပါတယ်။တကယ်လို့ Plantar fasciitis ဟာ ဆက်တိုက်ဖြစ်နေခဲ့ရင် စတီးရွိုက်နဲ့ ထုံဆေးကိုရောပြီး ထိုးပေးခြင်းကလည်း အသုံးဝင်ပါတယ်။Bunion ဟာ ခြေမအောက်က အဆစ်မှာ ဖြစ်တဲ့ ကြီးမားတဲ့အဖုဖြစ်ပါတယ်။ အလွန်တင်းကျပ်တဲ့ ဖိနပ်တွေကို စီးခြင်းဟာ Bunion ကို ပိုဆိုးစေပါတယ်။ ပိုမိုသက်တောင့်သက်သာ ရှိတဲ့ဖိနပ်တွေကို ရွေးချယ်ခြင်း (သို့) ဖိအားသက်ရောက်မှု ညီမျှအောင် ပြုလုပ်ခြင်းတွေ လုပ်သင့်ပါတယ်။တကယ်လို့ Bunion ရောင်လာမယ်ဆိုရင် ရေခဲကပ်နိုင်ပါတယ်။ တကယ်လို့ Bunion ဟာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရမယ်ဆိုရင် ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။– အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ မြှင့်တင်ခြင်းတွေဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။ Peripheral arterial disease (သို့) ဆီးချိုရောဂါ မရှိသူတွေဟာ ဒဏ်ရာရရှိခြင်းမရှိတဲ့ ကပ်လျက်ခြေချောင်းကို ပူးတွဲတိပ်ပတ်ထားပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။သူတို့ကို အတူတကွ တိတ်ပတ်မပေးမီ အရေပြားကို ကာကွယ်ဖို့အတွက် ခြေချောင်းတွေကြားမှာ ပျော့ပြောင်းတဲ့ pudding ထားသင့်ပါတယ်။ ထိခိုက်နေတဲ့ ခြေချောင်းဟာ ပြန်ကောင်းသွားစေဖို့ ၂ ပတ်ကနေ ၄ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီလိုခေါက်ပြီးချိန်မှာ ပိုဆိုးလာတယ်ဆိုရင်တော့ တိပ်ကို ဖယ်ထုတ်သင့်ပါတယ်။ဒဏ်ရာရရှိတဲ့နေရာပတ်လည်က ခြေစွပ် နဲ့ အခြားခြေဝတ်ရတနာတွေကို ဖယ်ထားသင့်ပါတယ်။ အရေပြားအနာကို ရောဂါပိုးမဝင်အောင်၊ အနာအတွင်းကျန်ခဲ့တဲ့ အမှိုက်တွေမှ အမာရွတ်မထင်ကျန်အောင် သန့်ရှင်းရေးလုပ်သင့်ပါတယ်။နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေဖို့အတွက် RICE နည်းလမ်းကို အသုံးပြုသင့်ပါတယ်။သွေးလှည့်ပတ်မှုကောင်းပြီး နာကျင်မှုသက်သာစေဖို့အတွက် ဒဏ်ရာရရှိတဲ့နေရာကို ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ ပွတ်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ နာကျင်မှု ဖြစ်ပေါ်လာရင်တော့ နှိပ်နယ်မှုကို ရပ်တန့်သင့်ပါတယ်။ပထမ ၄၈ နာရီမှာ ရေပူနဲ့ရေချိုးခြင်း၊ အရက်နဲ့ အခြား အရက်ပါတဲ့အချိုရည်တွေသောက်သုံးခြင်း၊ ဒဏ်ရာရရှိထားတဲ့နေရာကို ရောင်ရမ်းခြင်းတွေ ဖြစ်စေတဲ့ အရာတွေကိုရှောင်ကျဉ်သင့်ပါတယ်။တကယ်လို့ ရောင်ရမ်းမှုဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်မယ်ဆိုရင် ပျော့ပြောင်းမှုကို ပြန်လည်ရရှိစေဖို့အတွက် ညင်သာတဲ့လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ နာကျင်မှုသက်သာစေဖို့ အပူကပ်ခြင်းနဲ့ အအေးကပ်ခြင်းတွေကို အလှည့်ကျ ပြုလုပ်နိုင်ပါတယ်။ခြေဖဝါးကို နောက်တစ်ကြိမ် ဒဏ်ရာရရှိခြင်းမှ ကာကွယ်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင့်သင့်ပါတယ်။ သင့်ခြေထောက် ရှေ့ပိုင်းနာကျင်နေတယ်ဆိုရင် အခန်းတွင်းဝတ်တဲ့ ဖိနပ်တွေကို ဝတ်ဆင်သင့်ပါတယ်။ခြေဖဝါးနာကျင်မှု လျော့ကျစေဖို့အတွက် ခြေအခုံးကို ထောက်ပံ့ပေးနိုင်တဲ့ orthotic တွေကို အသုံးပြုသင့်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး တစ်ရှူးပြန်လည်ကောင်းမွန်ခြင်းကို ကြာမြင့်စေကာ ပြန်ကောင်းတဲ့ ဖြစ်စဉ်ကို ရှည်ကြာစေတာကြောင့် ဆေးလိပ်နဲ့ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%92%e1%80%8f%e1%80%ba%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း
အရွယ်ရောက်ပြီးသူ အများစုဟာ အသက် ၃၀ ကျော်ကာလတွေနဲ့ အသက် ၄၀ အစောပိုင်းကာလတွေမှာ အကောင်းဆုံးသောကြွက်သားဖွံ့ဖြိုးမှုကိုပိုင်ဆိုင်ထားကြပြီး အသက် ၄၀ ကျော်လာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းချင်းလျော့ပါးလာပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့လုပ်ငန်းဆောင်ရွက်နိုင်စွမ်းလျော့ပါးလာမှုတွေကို Sarcopenia လို့ခေါ်ဆိုပြီး ဒီဖြစ်စဉ်က ထင်ထားတာထက်ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ကြွက်သား လျော့ပါးမှုဟာ အသက် ၃၀ ကျော်လာတဲ့အခါ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။ကာကွယ်ကုစားဖို့လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် ဆယ်နှစ်တာအတွင်း ကြွက်သား ၇ ပေါင်လောက်ဆုံးရှုံးသွားနိုင် ခြေရှိပါတယ်။ကြွက်သားလျော့ပါးမှုဖြစ်စဉ်ရဲ့အဓိကကျတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်တဲ့ အရာတစ်ခုက ဘာတွေစားလဲ၊ ဘယ်အချိန်တွေမှာစားလဲဆိုတာနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်လဲဆိုတဲ့နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်မှုကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အသက်အရွယ်ရလာတဲ့အခါ ကြွက်သားတွေက အရွယ်အစားနဲ့အင်အားလျော့ကျလာသလို ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့စွမ်းရည်ကလည်းကျဆင်းလို့လာပါတယ်။ ကြွက်သားလျော့ပါးလာမှုက ဇီဝတွင်းဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကိုလည်းကျဆင်းစေပါတယ်။ ကြွက်သားတွေရဲ့ဇီဝဗေဒဆိုင်ရာ အခန်းကဏ္ဍကလှုပ်ရှားနိုင် အောင်လုပ်ဆောင်ပေးတယ်ဆိုတဲ့အတိုင်းအတာထက်ပိုပါတယ်။ ကြွက်သားတွေလျော့ပါးမှုမဖြစ်အောင် ထိန်းသိမ်းတာက ဇီဝတွင်းဖြစ်ပျက်မှုနဲ့ဟော်မုန်းကျဆင်းမှု၊အဝလွန်တာ၊ဆီးချိုရောဂါနဲ့နှလုံးသွေးကြောဆိုင်ရာ ဝေဒနာတွေကိုကာကွယ်ရာမှာလည်းအထောက်အကူပြုပါတယ်။ကြွက်သားတွေက သိမြင်နိုင်စွမ်းကိုတိုးမြှင့်ပေးသလို အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ ကြွက်သားဆုံးရှုံးမှုက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ကိုယ်အလေးချိန်ကိုတိုးစေနိုင်သလို ရောဂါခုခံနိုင်စွမ်းကိုလည်းကျဆင်းစေပြီး အိုမင်းရင့်ရော်မှုကိုလည်းဖြစ်ပေါ်စေပါတယ်။ အသက်အရွယ်ကြောင့် ကြွက်သားလျော့ပါးလာမှု (Sarcopenia) ကချော်လဲနိုင်ခြေပိုများစေနိုင်သလို အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ဘဝနေထိုင်မှုပုံစံကိုအနည်းငယ်ပြောင်းလဲလိုက်ခြင်းဖြင့် အသက်အရွယ်ကြောင့်ကြွက်သား တစ်သျှူးတွေ လျော့ကျတာကိုသိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်ကြောင့်ကြွက်သားတစ်သျှူးတွေလျော့ပါးတာကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာက ကြွက်သားတွေကိုစွမ်းရည် တိုးတက်စေသလို၊ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်းတိုးစေနိုင်ပြီး ကြွက်သားပရိုတင်းတွေ ပေါင်းစပ်မှုကိုလည်းတိုးစေပါတယ်။ ကြွက်သားတွေရဲ့ mitochondrial enzyme activity ကိုလည်းတိုးစေပါတယ်။ပရိုတင်းက ကြွက်သားမျှင်တွေတည်ဆောက်ဖွဲ့စည်းမှုနဲ့ပြင်ဆင်မှုတွေအတွက် တန်ဖိုးကြီးတဲ့ အစားအစာ ဖြစ်ပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝစွာရရှိနိုင်ဖို့အတွက် အမဲသား၊နို့ဒိန်ချဉ်၊ပဲနီလေး၊ဆယ်လ်မွန်၊မက်ကာရယ်၊ တူနာငါး၊ အော်ဂဲနစ်ကြက်သား၊နွားနို့်၊ဥအမျိုးမျိုးနဲ့ ဒိန်ခဲတွေကိုစားသုံးပေးလို့ရပါတယ်။အိုမီဂါ သရီးဖက်တီးအက်ဆစ်က ကြွက်သားပရိုတင်းဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်မှာအဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါဝင်တဲ့အစားအစာတွေကိုနေ့စဉ်စားသုံးတဲ့ အစားအသောက် တွေထဲမှာထည့်သွင်းစားသုံးပေးတာက သက်ကြီးရွယ်အိုတွေမှာကြွက်သားတွင်း ပရိုတင်းဖွဲ့စည်းဖြစ်ပေါ်မှုနှုန်းကို တိုးတက်စေတယ်၊လို့တွေ့ရှိရပါတယ်။ အိုမီဂါ သရီးဖက်တီးအက်ဆစ် EPA က အမျိုးမျိုးသောရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာကြွက်သားတွေကိုမလျော့ကျသွားအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ဟော်မုန်းတွေက ကြွက်သားစုဖွဲ့မှုကိုသိသိသာသာအကျိုးသက်ရောက်မှုရှိစေပါတယ်။ အသက် ၄၀ ကျော်လာပြီ ဆိုပါက လိုအပ်ရင်တစ်နှစ်တစ်ကြိမ်သွေးတွင်းဟော်မုန်းပမာဏကိုစစ်ေဆေးရမှာဖြစ်ပါတယ်။ ကိုယ်ခန္ဓါကြီးထွား စေတဲ့ဟော်မုန်းတွေဖြစ်ကြတဲ့ DHEA နဲ့ testosterone ဟော်မုန်းတွေလျော့နည်းလာပြီဆိုပါက ဆရာဝန် ညွှန်ကြားချက်အတိုင်း ဖြည့်စွက်စာတွေစားသုံးပြီးဖြေရှင်းလို့ရပါတယ်။နာတာရှည်ရောင်ရမ်းမှုဝေဒနာတွေက အသက်အရွယ်ကြောင့်ကြွက်သားတစ်သျှူးတွေဆုံးရှုံးမှုကိုဖြစ်ပေါ်နိုင်ပြီး ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့အစားအစာတွေကိုရွေးချယ်စားသုံးမယ်ဆိုရင် နေ့စဉ်စားသုံးနေတဲ့ အစား အသောက်တွေထဲကနေ အသင့်စားအစားအစာတွေ၊ အာဟာရမျှတမှုမရှိတဲ့ အစားအသောက်တွေကို မစားပါနဲ့။ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ထည့်သွင်း စားသုံးပေးခြင်းဖြင့် ရောင်ရမ်းမှုကိုဖြစ်စေတဲ့အစားအစာတွေကိုနေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲ ကနေဖယ်ရှားပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။အရက်အလွန်အကျွံသောက်သုံးတာက ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။ တကယ်လို့သင့်မှာသာ ကြွက်သားတစ်သျှူးလျော့နည်းစေတတ်တဲ့ဝေဒနာတွေသာရှိရင် သင့်အနေနဲ့ အရက်သောက်သုံးမှုကို ပိုပြီးသတိ ထားစောင့်ကြည့်သင့်ပါတယ်။ဆေးလိပ်သောက်တာက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနည်းပါးတာနဲ့ အာဟာရဓါတ်ချို့တဲ့တာတွေလိုမျိုး နိမ့်ကျတဲ့ဘဝနေထိုင်မှု အလေ့အထတွေနဲ့ဆက်စပ်နေပြီး ဆေးလိပ်သောက်သုံးမှုက အသက်အရွယ်ကြောင့် ကြွက်သားတစ်သျှူးတွေ လျော့ပါးလာတဲ့ နောက်ထပ်ဘဝနေထိုင်မှုပုံစံတစ်ရပ်ဖြစ်ပါတယ်။ အာဟာရပြည့်ဝအောင်စားသုံးပြီး သင့်တော်တဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေမှာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ကြွက်သားတစ်သျှူးတွေလျော့ပါးလာမှုကို ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/24865-%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%bc/
သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ
သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ က ဘာတွေဖြစ်မလဲ။ အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့ အာဟာရ ရရှိမှုက စိန်ခေါ်မှု တစ်ရပ် ဖြစ်လို့ လာပါတယ်။ အသက်အရွယ်ရလာမှုနဲ့အတူ စားနိုင်စွမ်းနည်းလာတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီရရှိမှုပမာဏက စတင်ကျဆင်းလာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က အရေးပါတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။ ဒီလိုနဲ့ အားအင်ချိနဲ့ပြီး တက်တက်ကြွကြွ မရှိတော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကို ဖြည့်စွက်ကျွေးသင့်ပါတယ်။သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကတော့။B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေ ဖြစ်တည်မှုအတွက် အရေးပါသလို ကျန်းမာတဲ့ အာရုံကြော လုပ်ဆောင်မှုတွေကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့သူတွေအတွက် ဗီတာမင် ဘီတွဲ အလုံအလောက် ရရှိနိုင်ဖို့ အစားအသောက်တွေ၊ ဖြည့်စွက်အာဟာရတွေကနေ  ရယူနိုင်ပါတယ်။ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ် ရရှိမှု နည်းပါးတဲ့အခါ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။ လူကြီးတွေမှာ သွေးအားနည်းရောဂါခံစားရရင်  ဒါကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ကယ်လ်ဆီယမ်က ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ အရိုးတွေ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့အတွက် အရေးပါလှ ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ နေ့စဉ် စားသုံးတဲ့ အစားအသောက်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် ပါဝင်အောင်စားသုံးမှု နည်းပါးလာပါတယ်။ ကယ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပြီး ကယ်ဆီယမ်ဓာတ်ကို အလုံအလောက် မရရှိဘူးဆိုရင် အရိုးတွေ ကြံ့ခိုင်မှုကျဆင်းလာမှာဖြစ်ပါတယ်။ဗီတာမင် ဒီက ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဒီနည်းနဲ့ အရိုး သိပ်သည်းမှုကို ထိန်းသိမ်းပေးသလို အရိုးအဆစ်ရောင်ရမ်းနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် ဒီက ကင်ဆာ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊ လေးဖက်နာရောဂါ၊ multiple sclerosis ဝေဒနာနဲ့ ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါတွေ အပါအဝင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ် လုံလောက်စွာရရှိမယ်ဆိုရင် အရိုးတွေ ကြံ့ခိုင်သန်စွမ်းအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် သွေးတိုးတာနဲ့ကျောက်ကပ်မှာ ကျောက်တည်တာတွေ လျော့ကျအောင်လည်း အထောက်အကူပြုပါတယ်။မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ် ၃၀၀ မှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ် အလုံအလောက်ရရှိမယ်ဆိုပါက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးကို ကျန်းမာစေသလို အရိုးတွေကိုလည်း ကြံ့ခိုင်စေပါတယ်။အမျှင်ဓာတ်က အစာခြေလမ်းကြောင်းတစ်လျှောက်က အစာတွေကို ဖယ်ရှားပေးခြင်းဖြင့် အစာခြေဖျက်ခြင်းကို တိုးတက်အောင် အထောက်အပံ့ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက နှလုံးကိုကာကွယ်ပေးနိုင်သလို အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။အိုမီဂါ သရီးဖက်တီးအက်ဆစ်က အသက်အရွယ်ကြီးရင့်လာတာကြောင့် မြင်နိုင်စွမ်းလျော့ကျလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့age-related macular degeneration(AMD) ဖြစ်ပေါ်မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ လေးဖက်နာဖြစ်နိုင်တဲ့အလားအလာတွေကိုလည်း လျှော့ချပေးတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပြီး အသက်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ရေက  ဗီတာမင်မဟုတ်သလို သတ္တုဓာတ်လည်းမဟုတ်ဘူး ဆိုပေမယ့် ကျန်းမာရေးကောင်းမွန်ဖို့ ခန္ဓာကိုယ်အတွက် မရှိဖြစ်လိုအပ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရေဆာမှုနှုန်းက ကျဆင်းလာပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အမျှင်ဓာတ်တွေ ပါဝင်မှု များလေလေ ရေကပိုပြီးအရေးပါလာလေလေပဲဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/best-nutrients-to-active-elderly-person/
ကိုယ်ဝန်ဆောင် မေမေ ဘာတွေ ခံစားရနိုင်လဲ။
မေမေ တစ်ယောက် ဖြစ်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ပြောကြတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်တင် ဆင်ခြင်ရတာမဟုတ်ဘဲ အစစအရာရာ သတိထားရတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေး ပြန်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ သတိထားပေမယ့်လည်း မလွှဲမရှောင်သာ ခံစားရတဲ့ပြဿနာတွေအများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မပြင်းထန်ပေမယ့် သေချာ ဂရုစိုက်ဖို့ လိုအပ်မယ့် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ကံကောင်းတာက ကိုယ်ဝန်ဆောင်တိုင်း ဒီပြဿနာတွေကို မလွဲမသွေ ခံစားရမယ် ဆိုတာမျိုး မဟုတ်ဘဲ ကာကွယ်လို့ ရတယ်ဆိုတာပါ။ ဘယ်လို ကာကွယ်ရမလဲဆိုတော့။ရေများများသောက်တာက ကြွက်တက်တာကို ကာကွယ်နိုင်သလို ကိုယ်ဝန်အစောပိုင်းကာလပျို့အန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အရေပြား ပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်သလိုကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရောဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မေမေက အာဟာရပြည့်ဝအောင် စားဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရ ပြည့်ဝတာတွေကိုပဲ စားစေချင်ပါတယ်။ပြူပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖင်းများတာ၊ အချိုကဲတာတွေ၊ အချိုရည်တွေကို မစားသုံးပါနဲ့။ အာဟာရမဖြစ်သလို ဗိုက်ထဲက ဘေဘီလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်လို့ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် အများစုကဝမ်းချုပ်တဲ့ ပြဿနာကို ခံစားရပါတယ်။ အဆိုးရွားဆုံး အနေနဲ့ကတော့ လိပ်ခေါင်းရောဂါ ခံစားရတာပါ။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာနဲ့လိပ်ခေါင်းပြဿနာ ကင်းစေဖို့ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်လောက် မကောင်းတာတော့ အမှန်ပါ။ ဒါကြောင့် ရောဂါပိုးတွေ ကူးစက်ခံရတာကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်နိုင်စေဖို့အတွက် အိပ်ရေးဝဝအိပ်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးတာက ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။မွေးဖွားရလွယ်စေသလို ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျတာကိုလည်း သိသိသာသာလျော့ချပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရနိုင်တဲ့ ရောဂါ အများစုကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိပြီလို့ သိပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးတွေ သေချာလေး ထိုးနှံစေချင်ပါတယ်။ တုပ်ကွေး ကကွယဆေးကစလို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို စုံလင်အောင် ထိုးပြီး ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ပါ။ကဲ …… ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်တဲ့ ရောဂါတွေကို သေချာလေး ကာကွယ်လိုက်ရအောင်လား………………….။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/common-health-problems-in-pregnancy/
အိမ်မှာအဖြစ်များတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲ
ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဘယ်လိုပဲကြိုးစားပြီး သတိထားပါစေ၊ ကိုယ့်အိမ်ထဲမှာတောင်နေတိုင်းလုပ်နေကျအလုပ်တွေ၊ ကိုင်တွယ်ထိတွေ့နေကျပစ္စည်းတွေနဲ့ မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ အသေးအဖွဲပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားဖြစ်ဖြစ် မတော်တဆ ဆိုမှတော့ ကြိုမှန်းမရနိုင်တဲ့ကိစ္စတွေပါ။ ဒါပေမယ့် အိမ်မှာက ကိုယ်ကိုယ်တိုင်အပြင် ကလေးငယ်တွေရှိမယ်၊ လူကြီးမိဘတွေရှိမယ်၊ မိသားစုတွေရှိသေးတာမို့ ဒီလို မတော်တဆတွေကို နည်းသည်ထက်နည်းအောင် အတတ်နိုင်ဆုံးကြိုးစားကာကွယ်ရပါလိမ့်မယ်။အဖြစ်များတဲ့ အိမ်တွင်းမတော်တဆထိခိုက်မှုတွေက –။ခလုတ်တိုက်၊ချော်လဲခြင်း (ပွန်းပဲ့အနာ၊ခြေပွတ်တိုင်လည်ခြင်း) –ချော်လဲတယ်ဆိုတာ အသက်အရွယ်မရွေး မတော်တဆဖြစ်တတ်ကြပေမယ့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ ကလေးချော်လဲတယ်ဆိုရင် အုံဖွလုပ်ပေးရုံလောက်နဲ့သာ နှစ်သိမ့်ပေးရုံလောက်ပဲလိုတယ်လို့ ထင်ကြပါတယ်။ အခုဘာမှမဖြစ်ရင်တောင်မှ မကြာခဏချော်လဲပြီးခေါင်းနဲ့ကျတတ်တဲ့လူတစ်ယောက်ကခေါင်းမူးတာ၊အော့အန်တာ၊ သတိလစ်တာတွေဖြစ်လာပြီဆိုရင် စိတ်ပူရပါတယ်။ အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါတယ်။ချော်လဲလို့ ဒူးပြဲတာ၊ လက်မှာထိခိုက်တာ၊ စတဲ့ ဒဏ်ရာတွေလည်းဖြစ်လာရင် အနာကျက်စေဖို့ ဂရုစိုက်ပေးရပါတယ်။ထိရှဒဏ်ရာများ –မီးဖိုချောင်မှာဆို အိမ်အလုပ်လုပ်ရင်းရတဲ့ ထိခိုက်အနာတရတွေပိုအဖြစ်များပါတယ်။ ထိရှဒဏ်ရာတွေ မရအောင်လို့ ဓါးကို အရမ်းထက်တာတွေမသုံးပါနဲ့။ မီးဖိုခန်းထဲမှာ ဓါးကို ဟိုနေရာယူလှီး၊ ဒီနေရာယူလှီးနဲ့ လျှောက်ယူသွားတာထက် စဉ်းတီတုံးမှာပဲသုံးသင့်ပါတယ်။ သုံးပြီးရင်လည်း သူ့နေရာနဲ့သူသေချာပြန်သိမ်းဖို့ မမေ့ပါနဲ့။ပစ္စည်းပြုတ်ကျခြင်း– ကလေးတွေက ကိုယ်တိုင်လှုပ်ရှားသွားလာနိုင်လာပြီဆိုတာနဲ့တွေ့ကရာပစ္စည်းတွေကို ဆွဲချတာ၊ လှမ်းဆွဲတာတွေလုပ်နိုင်တဲ့အန္တရာယ်ရှိလာပါတယ်။ စားပွဲခင်းတွေဆွဲချလို့ ပန်းကန်တွေကျကွဲတာ၊ ခက်ရင်းနဲ့ထိုးမိနိုင်တာ၊ လက်လှမ်းမီလောက်တဲ့ အမြင့်ကပစ္စည်းတွေကိုဆွဲလိုက်လို့ ကလေးအပေါ်ကျလာတာ၊စတဲ့ မတော်တဆမှုတွေက ရင်ပူစရာပါ။ ကလေးတင်တော့မဟုတ်ပါဘူး။ လူကြီးတွေလည်း လက်မအားတဲ့အချိန် ပစ္စည်းတွေမနိုင်ဘဲခြေထောက်ပေါ်ပြုတ်ကျတာ၊ မမှီတာကိုလှမ်းယူရင်းပြုတ်ကျကွဲရှတာတွေရှိနိုင်ပါတယ်။အပူလောင်ခြင်းနဲ့ မီးအန္တရာယ် –မီးလောင်ဒဏ်ရာနဲ့အပူလောင်ခြင်းတို့က မီးဖိုချောင်မှာအဖြစ်များတဲ့ပြဿနာဖြစ်သလို မီးဘေးအန္တရာယ်မတော်တဆမှုကလည်း မိသားစုအတွက် အန္တရာယ်ကြီးပါတယ်။အဆိပ်သင့်ခြင်း –အိမ်မှာဖြစ်တတ်တဲ့ အဆိပ်သင့်ခြင်းဟာ သန့်ရှင်းရေးနဲ့အိမ်သုံးပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့အလှကုန်တွေ၊ဆေးဝါးတွေ၊ အပင်တွေ၊ ခဲနဲ့ကာဗွန်ဒိုင်အောက်ဆိုက်တို့ကြောင့်ဖြစ်တတ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%a1%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%b1%e1%80%90/
ရင်သားကင်ဆာ
ရင်သားကင်ဆာက အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။ရင်သားကင်ဆာကအမျိုးအစား အများကြီး ရှိပါတယ်။အချို့သော ရင်သားကင်ဆာတွေမှာ ရင်သား အကျိတ်အဖုတွေ မဖြစ်တာမျိုး ရှိပြီး အချို့သော ရင်သားကင်ဆာတွေမှာတော့ အကျိတ်တွေက တဖြည်းဖြည်းချင်းမှ ကြီးလာတာမျိုးပါ။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။ရင်သားကင်ဆာ အများစုက လက္ခဏာ ပြသတာမျိုး မရှိပါဘူး။ ဒါပေမယ့် အချို့ အမျိုးအစားတွေကတော့ ရင်သားမှာ သိသာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။တစ်ခါတလေမှာ ရင်သားကင်ဆာ လက္ခဏာတွေက အခြား ကျန်းမာရေးပြဿနာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့် လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ကုသစစ်ဆေးမှုတွေ ခံယူဖို့ လိုပါမယ်။ရင်သားအကျိတ်တိုင်းက ရင်သားကင်ဆာလို့ မဆိုလိုနိုင်ပါဘူး။ ရင်သားကင်ဆာ အမျိုးအစားတိုင်းကလည်း အကျိတ် မဖြစ်ပါဘူး။ ရင်သားထဲမှာ အကျိတ် တစ်ခုခုကို မစမ်းမိဘဲ ရင်သားကင်ဆာဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ရင်သား အရေပြားထူလာတာမျိုး ဖြစ်မယ်ဆိုရင် သေချာလေး ကုသစစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။ရင်သားကင်ဆာက ရင်သားထဲမှာရှိတဲ့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားကွဲပွားမှုတွေ ဖြစ်ရာကနေ စတင်တာပါ။ဒါ့အပြင် အခုပြောပြမယ့် အချက်တွေကြောင့်လည်း ရင်သားကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းတွေ အဆင့်တွေကတော့ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအနေနဲ့ ရင်သားကို စမ်းသပ်တာမျိုး လုပ်လို့ ရသလို ရင်သားကို ပုံရိပ်ဖော် စစ်ဆေးတာတွေ လုပ်ဆောင်လို့ ရပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရပါတယ်။ရင်သားတစ်ရှူးတွေမှာ အကျိတ်ရှိနေလားဆိုတာကို သိနိုင်ဖို့ mammogram နဲ့ အယ်ထွာဆောင်းကို အသုံးပြုလို့ ရပါတယ်။ ရင်သားကင်ဆာကို MRI နည်းသုံးပြီးလည်း စစ်ဆေးနိုင်ပါတယ်။နောက်ထပ် နည်းလမ်းတစ်ခုကတော့ ရင်သားကနေ အသားစ နမူနာယူပြီး စစ်ဆေးတာပါ။ ရင်သားအကျိတ်ရဲ့ တည်နေရာ၊ အခြေအနေ၊ အရွယ်အစားကို လိုက်ပြီး စစ်ဆေးမှု နည်းလမ်းတွေ ကွာခြားနိုင်ပါတယ်။ကျွမ်းကျင်သူတွေက ရင်သား အသားစနမူနာကို မိုက်ခရိုစကုပ်စ် အောက်မှာ စစ်ဆေးမှာပါ။ရင်သားကင်ဆာအမျိုးအစားက တစ်မျိုးမက ရှိပါတယ်။ ရင်သားကင်ဆာ အမျိုးအစားကို သိမှ ကုသနိုင်မယ့် နည်းလမ်းကို ရွေးချယ်နိုင်မှာပါ။ရင်သားကင်ဆာကို အဓိကအားဖြင့် အကျိတ်စတင်ဖြစ်ပေါ်ရာရင်သားတစ်ရှူးအပေါ်မူတည်ပြီး ခွဲပါတယ်။ ဥပမာ ရင်သားကင်ဆာက နို့ရည်ပြွန်တွေကနေ စဖြစ်တာဆိုရင် နို့ပြွန်ကင်ဆာ (ductal cancers) လို့ သတ်မှတ်ရပါမယ်။ ရင်သားကင်ဆာရဲ့ ၈၀ ရာခိုင်နှုန်းက နို့ပြွန်ကင်ဆာ အမျိုးအစားပါ။နောက်တစ်မျိုးကတော့ နို့ရည်ထုတ်ဂလင်းတွေကနေစတင်ဖြစ်ပေါ်တဲ့ နို့ရည်ပြုဂလင်းကင်ဆာ (Lobular cancer)ပါ။ ရင်သားကင်ဆာရဲ့ ၈ ရာခိုင်နှုန်းသော အမျိုးအစားပေါ့။ဒါတွေအပြင်။ကင်ဆာဆဲလ်တွေက ရင်သားကနေ ဘယ်လောက်ဝေးတဲ့ ပမာဏကို ပြန့်လဲဆိုတဲ့အပေါ်မူတည်ပြီး ရင်သားကင်ဆာကို အဆင့် သတ်မှတ်နိုင်ပါတယ်။ရင်သားကင်ဆာကိုအကျိတ် အရွယ်အစား၊ ပြန်ရည်ကျိတ် အခြေအနေ၊ ပြန့်နှံ့မှု အကွာအဝေးကို မူတည်ပြီး 0 (ကင်ဆာ အစပျိုးမှု အဆင့်) ကနေ IV ( ကင်ဆာ ပြန့်ပွားနေတဲ့အဆင့်) ဆိုပြီး သတ်မှတ်ပါတယ်။ရင်သားကင်ဆာကို နောက်ထပ် ခွဲခြားနိုင်တာက ကင်ဆာဆဲလ်တွေရဲ့က ပြန့်နှံ့မှု အတိုင်းအတာကိုလိုက်ပြီး။ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်။ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကိုယ်တိုင် စစ်ဆေး သိရှိနိုင်ပါတယ်။ အသက် ၄၀ ပြည့်ပြီးတဲ့အခါ ရင်သားကို ပုံမှန် ပုံရိပ်ဖော် စစ်ဆေးမှု ခံယူရပါမယ်။ တကယ်လို့ ပုံရိပ်ဖော်စစ်ဆေးတာမျိုး မလုပ်ဆောင်ချင်ဘူးဆိုရင် လစဉ် အိမ်မှာ ကိုယ်တိုင် ရင်သားကို စစ်ဆေးတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/breast-cancer/
ဘော်ဒီတက် လာအောင် ဘာတွေ စားရမလဲ
ဘော်ဒီတက် လာအောင် လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ Gym ကစားကြတယ်၊။ Protein Shake တွေ သောက်ကြတယ်။ ပိန်တဲ့သူတွေက ဝချင်တယ်ဆိုပေမဲ့ အဆီတွေနဲ့ ဝလာတာမျိုး မဟုတ်ဘဲ အချိုးအစား ကျကျ ဘော်ဒီတက်လာဖို့ကို ပိုမျှော်လင့်တတ်ကြပါတယ်။ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းက အဓိကအာဟာရ ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပေမယ့် ကြွက်သားအတွက် အကောင်းဆုံးဓာတ်စာက သူတစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓာတ် ညီညွတ်မျှတတဲ့ စားသောက်ပုံဖြစ်ပြီး ပရိုတင်းအပြင် အသီးနဲ့ဟင်းသီးဟင်းရွက်တွေ ခပ်များများနဲ့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓာတ်တွေပါတဲ့ အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ဘော်ဒီတက် ဖို့ဆိုရင်ပရိုတင်းဓာတ် ကြွယ်ဝပြီး အဆီနည်းတဲ့ အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ပရိုတင်းတွေချည်း စားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ အစားအစာတွေ အားလုံးပါအောင် စားသောက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ ပရိုတင်း အပြင် တခြားအာဟာရဓာတ်တွေပါ မျှတအောင် ရရှိနိုင်မှာပေါ့။ဘော်ဒီတက်အောင် စားသင့်တဲ့ အစားအစာတွေကတော့။နွားနို့ဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်ဆိုတာကို ငယ်ရွယ်စဉ်ကတည်းက သိကြပြီးသားပါ။ နွားနို့က တိရစ္ဆာန်ဆီကရတဲ့အစားအစာဖြစ်တာကြောင့် လိုအပ်တဲ့ အမိုင်နိုအက်စစ်တွေ အပြည့်ပါရှိပြီး အဆီဓာတ်လည်း နည်းပါတယ်။ အထူးသဖြင့် အဆီထုတ် နွားနို့တွေက ပိုပြီး ကောင်းပါတယ်။အဆီမပါဘဲ ကြိတ်ချေထားတဲ့ အမဲသားလိုမျိုး အနီရောင်အသားတွေဟာ ပရိုတင်းဓာတ် ကြွယ်ဝပါတယ်။ ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပိုများပါတယ်။ အနီရောင်အသားမှာ ပါတဲ့ ဗီတာမင် B12၊ ဇင့်နဲ့ သံဓာတ်တို့ အားလုံးက ကြွက်သားကြီးထွားဖွံ့ဖြိုးမှု အတွက် အရေးကြီးပါတယ်။ငါးမှာ ပြည့်ဝဆီ နည်းပါးတဲ့အပြင် ပရိုတင်း အပြည့်အဝ ပါဝင်ပြီး အမိုင်နိုအက်စစ် ရရှိနိုင်တဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိုမီဂါ 3 အဆီ၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် D တို့ကိုလည်းရရှိနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ကြွက်သားတည်ဆောက်မှုအတွက် သံလွင်ဆီ ကတော့ မပါမဖြစ် ပါပဲ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ကယ်လိုရီ ၁၂၀ ပါဝင်တဲ့ သံလွင်ဆီ ဟာ ကြွက်သားတည်ဆောက်မယ့်ကယ်လိုရီတွေ ပိုမိုရရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ ကယ်လိုရီတွေမှာ ၂၀ မှ ၃၅ ရာခိုင်နှုန်းအထိက ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီဓာတ်တွေကနေ ရရှိသင့်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ monounsaturated အဆီတွေ အများအပြားပါဝင်မှုကြောင့် အစေ့အဆန်တွေဟာ အရမ်းကို ကယ်လိုရီသိပ်သည်းပါတယ်။ ပမာဏ နည်းနည်းလေး စားရုံနဲ့ ကယ်လိုရီတွေ တပုံတခေါင်း ရရှိဖို့ လွယ်ကူတာကြောင့် ဘော်ဒီတက် အောင်လို့ ကယ်လိုရီများများ စားသုံးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာဆိုရင် အစေ့အဆန်တွေက ကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခုပါပဲ။ပဲပိစပ်ကို အစိမ်းပဲစားစား၊ တို့ဟူး လုပ်စားစား ဒါမှမဟုတ် ပဲနို့ အဖြစ်ပဲ စားစားပဲပိစပ်ရဲ့ ကြွက်သားတည်ဆောက်မှု အစွမ်းသတ္တိတွေကို တခြားဘယ်အပင် ကမှ မယှဉ်နိုင်ပါဘူး။ ချက်ပြုတ်ပြီးသား ပဲပိစပ် ပန်းကန်လုံး တစ်လုံးမှာ အမိုင်နိုအက်စစ် ၂၀ ဂရမ် ပါဝင်ပါတယ်။ ပဲပိစပ်မှာ တခြားအရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လည်းပါဝင်တာကြောင့် ကမ္ဘာမှာ ရှိတဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ကြွက်သားတည်ဆောက်ရေးအစားအစာတွေထဲ အပါအဝင် ဖြစ်စေတာပါ။ကြက်ဥ တစ်လုံးမှာ ပရိုတင်း ၅ ဂရမ်မှ ၆ ဂရမ်ထိပါဝင်နိုင်ပြီး ကယ်လိုရီက ၆၀ လောက်သာ ပါရှိပါတယ်။ ဒါပေမယ့် ကြက်ဥကို အထူးအစားအစာဖြစ်စေတာက ပါဝင်တဲ့ ပရိုတင်းပမာဏကြောင့်ပဲ မဟုတ်ပါဘူး။ အမျိုးအစားကြောင့်ပါ။ ကြက်ဥပရိုတင်းဆိုတာ အစားအစာတိုင်းရဲ့ အမြင့်မားဆုံး ဇီဝတန်ဖိုး နဲ့ သဟဇာတ အဖြစ်နိုင်ဆုံး ပရိုတင်း အဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥမှာ ပါတဲ့ ပရိုတင်းက ကြွက်သားကြီးထွားဖွံ့ဖြိုးမှုအတွက် အသုံးဝင်ဆုံးဖြစ်ပါတယ်။ကြက်သားဟာ ကြွက်သားတည်ဆောက်ရေးမှာ မပါမဖြစ် အစာအာဟာရ ဖြစ်ပါတယ်။ ကောင်းမွန်လတ်ဆတ်တဲ့ ကြက်သား ၁၀၀ ဂရမ်က သင့်ခန္ဓာကိုယ်ကို ပရိုတင်း ၃၁ ဂရမ်နဲ့ အဆီ ၄ ဂရမ်လောက် ထောက်ပံ့ပေးမှာပါ။ကြက်သားရဲ့ ကောင်းမွန်လှတဲ့ အရသာနဲ့ စွယ်စုံသုံးလို့ ရတဲ့ အားသာချက်တို့ကို ပေါင်းလိုက်တဲ့ အခါ ကြက်သားဟာ ကြွက်သားတည်ဆောက်ရေး ထိပ်တန်းဓာတ်စာအာဟာရတွေထဲမှာ ပါဝင်နေတယ် ဆိုတာ ငြင်းစရာ မလိုတော့ပါဘူး။ကြွက်သားတည်ဆောက်မှုအတွက် လူသိအများဆုံး အစားအစာ မဟုတ်ပေမယ့်လည်း ကမာ တွေဟာ အလေးမနေသူ၊ ကိုယ်ခန္ဓာကြီးထွားရေး လေ့ကျင့်နေသူတွေအတွက် အထူးအရေးပါတဲ့ နောက်ထပ်လျှို့ဝှက်ချက် ဖြစ်နေပါတယ်။ ချက်ပြုတ်ထားတဲ့ ကမာ ၁၀၀ ဂရမ်လောက်မှာပဲ ပရိုတင်းက ၂၀ ဂရမ်အထက် ပါရှိပြီး အဆီက ၅ ဂရမ်သာ ပါပါတယ်။ကမာကောင်တွေက တခြားအစားအစာ တွေထက် ဇင့်ဓာတ်လည်း ပိုများပါတယ်။ မဂ္ဂနီဆီယမ်လိုပဲ ဇင့်ဟာလည်း ပရိုတင်းချက်လုပ်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်ပြီး ဒါ့ကြောင့်ပဲ ကမာကောင်တွေကို ကြွက်သားကြီးထွားရေး အတွက် ထိပ်တန်းအစားအစာ ဖြစ်စေတာ ဖြစ်ပါတယ်။အသီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကောင်းကောင်းပါဝင်ပြီး ကာဗိုဟိုက်ဒရိတ် ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ကယ်လိုရီများတဲ့ အသီးတွေဆိုရင်တော့ ငှက်ပျောသီး၊ နာနတ်သီး၊ ဒါမှမဟုတ် စပျစ်ခြောက်၊ ခရမ်ဘယ်ရီသီးခြောက် တို့လို အသီးခြောက်တွေကို ရွေးချယ်နိုင်ပါတယ်။ဒီအသီးတွေကို အုတ်ဂျုံ၊ ဆန်လုံးညို နဲ့ whole wheat ပေါင်မုန့်တို့လို အာဟာရပြည့်အနှံတွေ သို့မဟုတ် ကန်စွန်းဥလို သစ်ဥသစ်ဖုတွေ နဲ့ တွဲဖက်စားသုံးပါ။ ကန်စွန်းဥတွေဟာ အာလူးတွေထက် အာဟာရဓာတ်ပါဝင်မှု ပိုသိပ်သည်းပြီး ချေဖျက်ဖို့နှေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါရှိပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/foods-to-gain-muscle-mass/
Ventilator (အသက်ရှူစက်) တွေအကြောင်းသိကောင်းစရာ
Covid-19ရောဂါဖြစ်စေတဲ့ကိုရိုနာဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းကို အဓိကတိုက်ခိုက်တာ လူအတော် များများသိပြီးဖြစ်မှာပါ။ Covid-19 ဝေဒနာရှင်တွေကို ကုသဖို့အတွက် ventilator ခေါ် အသက်ရှူစက် တွေရဲ့အခန်းကဏ္ဍက အရမ်းအရေးပါလာတဲ့အတွက်Ventilator(အသက်ရှူစက်) တွေအကြောင်း နည်းနည်းလောက်ပြောပြချင်ပါတယ်။အဆုတ်ကသူ့အလိုလို လေရှူသွင်း၊ ရှူထုတ်မလုပ်နိုင်တော့ရင် Ventilator (အသက်ရှူစက်) တပ်ပြီး အသက်ရှူဖို့လိုအပ်ပါတယ်။ တစ်ခုသိထားရမှာက ဒီစက်တွေက လူတစ်ယောက်အသက်ရှူဖို့ အကူအညီပေးရုံသက်သက်ပဲဖြစ်ပြီး ရောဂါ ကုသပေးတဲ့ကိရိယာမဟုတ်ဘူးဆိုတာပါပဲ။ပုံမှန်အတိုင်းဆိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကိုအဆုတ်က ရှူသွင်းပြီးကာဗွန်ဒိုင် အောက်ဆိုဒ်ပြန်ထုတ်ပေးပါတယ်။ အဆုတ်ပုံမှန်အတိုင်း အလုပ်မလုပ်တဲ့အချိန်မှာ Ventilator (အသက်ရှူစက်) တပ်ဖို့လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုလုပ်နေချိန်၊ ခွဲစိတ်ကုသမှုခံယူပြီး နလန်ထစအချိန်၊ အခုဖြစ်ပွားနေတဲ့ covid-19 ရောဂါလိုအဆုတ်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရချိန်တွေမှာ ပုံမှန်အတိုင်း အသက်ရှူနိုင်အောင် ventilator တပ်ဖို့လိုအပ်ပါတယ်။အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းကို အစားထိုးဝင်ပြီးလုပ်ပေးဖို့အတွက် Ventilator လိုအပ်တာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆို Covid-19 ရောဂါက အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းစေပြီး အဆုတ်ကိုပုံမှန် အလုပ်မလုပ်နိုင်တော့အောင် တိုက်ခိုက်ပါတယ်။ Ventilator စက်က ပြင်ပကအောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်ထဲပို့ဆောင်ပေးပြီး လိုအပ်တဲ့အောက်ဆီဂျင်ရအောင်လုပ်ပေးနိုင်ပါတယ်။ ပြောရမယ်ဆို အဆုတ်အစား အသက်ရှူနိုင်အောင်လုပ်ပေးတဲ့သဘောဖြစ်ပါတယ်။Ventilator တပ်ဖို့ လူနာပါးစပ်ထဲကို breathing tube (endotracheal tube) အရင်ထည့်ရပါတယ်။ Tube ကိုသေချာနေရာတကျထည့်နိုင်အောင် ပါးစပ်ထဲကို laryngoscope ခေါ်တဲ့ မှန်ပြောင်းအသုံးပြုပြီးထည့်ရတဲ့ အတွက် လူနာအနေနဲ့ နည်းနည်းတော့ကသိကအောင့်ဖြစ်နိုင်ပါတယ်။ Tube ရဲ့အဆုံးကို အသက်ရှူလမ်းကြောင်းထဲဝင်အောင် သေချာထည့်သွင်းရပါတယ်။ တပ်ဆင်ပြီးတဲ့ tube ကို ventilator စက်နဲ့ဆက်ပေးလိုက်ရင် ပြင်ပ အောက်ဆီဂျင်ဓာတ်က tube ကိုဖြတ်ပြီး ပါးစပ်ထဲကနေတစ်ဆင့်အသက်ရှူလမ်းကြောင်းထဲရောက်အောင် ventilator စက်က လုပ်ဆောင်ပေးမှာပါ။ကိုယ့်ဖာသာအသက်မရှူနိုင်တော့တဲ့အခြေအနေမှာ ventilator တပ်ဆင်အသုံးပြုလိုက်တဲ့အတွက် အသက်မဆုံးရှုံးနိုင်တော့ပေမဲ့ တခြားဆေးကုသမှုနည်းလမ်းတွေလိုပဲ ဘေးထွက်ဆိုးကျိုး တွေတော့ရှိပါတယ်။ အထူးသဖြင့် ventilator ကိုအချိန်ကြာကြာတပ်ထားရတဲ့သူတွေမှာ အောက်ပါ ပြဿနာတွေကြုံရတတ်ပါတယ်။ပိုးဝင်ခြင်း– အသက်ရှူနိုင်အောင်ထည့်သွင်းပေးထားရတဲ့ breathing tube ကနေတစ်ဆင့် အဆုတ်ထဲပိုးဝင် တာက ventilator တပ်တဲ့သူတွေမှာအတွေ့အများဆုံး ပြဿနာပါ။ ပိုးဝင်ပြီးနမိုးနီးယားအဆုတ်ရောင်ရောဂါလို တခြားရောဂါတွေဝင်လာနိုင်ခြေရှိပါတယ်။နေရထိုင်ရအဆင်မပြေခြင်း– လည်ချောင်း ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းကို breathing tube ကပွတ်တိုက်မိနေတဲ့အတွက် မကြာခဏချောင်းဆိုးတတ်ပါတယ်။အဆုတ်ဒဏ်ရာရခြင်း– အဆုတ်ထဲမှာဖိအားများသွားလို့ပဲဖြစ်ဖြစ်၊ အဆုတ်နဲ့ရင်ခေါင်းကြားထဲ လေခိုသွားလို့ ပဲဖြစ်ဖြစ်၊ အောက်ဆီဂျင်ပမာဏအရမ်းများသွားရင်ပဲဖြစ်ဖြစ် အဆုတ်ဒဏ်ဖြစ်သွားနိုင်ပါတယ်။နောက်ပြီးသိထားရမှာတစ်ခုက ventilator တပ်လိုက်လို့ အသက်ရှူနိုင်သွားပြီဆိုပေမဲ့ လူနာအနေနဲ့ tube ထည့်ပြီးရင် စကားပြောဖို့အဆင်မပြေတော့သလို ပုံမှန်အတိုင်းစားလို့သောက်လို့လည်း မရတော့ပါဘူး။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာအာဟာရကို အကြောဆေးသွင်းပြီးပဲ ရယူရမှာပါ။Covid-19 ရောဂါထိန်းချုပ်ဖို့ ventilator တွေကအရေးပါပေမဲ့ ရောဂါကိုမကုသနိုင်တာကိုတော့ သိထားရပါမယ်။ Ventilator တွေက ရောဂါအခြေအနေဆိုးပြီး ကိုယ့်ဖာသာအသက်ရှူဖို့ ခက်ခဲလာချိန်ကနေ ပြန်ကောင်းလာချိန်အထိ အဆင်ပြေပြေအသက်ရှူနိုင်အောင် ကူညီလုပ်ဆောင်ပေးတဲ့ ကိရိယာတွေဖြစ်ပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ventilator တပ်ပြီးနေရတဲ့အချိန် ကွာခြားချက်ရှိမှာ ပါ။ ကိုယ့်ဖာသာအသက်ပြန်ရှူနိုင်တဲ့အခြေအနေရောက်ပြီလို့ ဆရာဝန်ကယူဆရင် လူနာရဲ့အသက်ရှူနိုင်စွမ်းကို စမ်းသပ်စစ်ဆေးပြီး Ventilator နဲ့ tube တွေကိုဖြုတ်ပေးမှာဖြစ်ပါတယ်။ရေးသားသူ – Dr. Htoo Tint။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/ventilator/
ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်... သတိထား!
စိတ်တိုလိုက်တာနော်။ဒေါသတွေဖြစ်လာပြီဆိုရင် စိတ်လေးကိုလျှော့ပါလို့ပြောပါရစေ။ အကြောင်းကတော့ Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးကိုဒေါသကြောင့် အလှပျက်မှာစိုးလို့ပါနော်။ဒေါသထွက်စိတ်ဆိုးလို့ရုပ်ပိုင်းဆိုင်ရာအတွက်ရောစိတ်ပိုင်းဆိုင်ရာအတွက်ပါ သိပ်တော့ကောင်းလှတာမရှိပါဘူး။ဒေါသထွက်တယ်ဆိုတာက တစ်ခါတလေမှာရှောင်လွှဲဖို့တော်တော်လေးခက်သားနော်။နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း အဖုံဖုံကိုး။ ဒါပေမယ့်ဖြစ်နိုင်ရင်တော့ စိတ်လျှော့ပါလို့ပြောပါရစေနော်။ အခုနောက်ပိုင်းပြောင်းလဲလာတဲ့လူနေမှုပုံစံကြောင့်အဝလွန်တာတွေက အဖြစ်များပါတယ်။ အစားအသောက်နဲ့နေထိုင်မှုပုံစံကြောင့်ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့ခက်ရတဲ့ ကြားထဲကမှဒေါသကြောင့် ထပ်ဝလာတာမျိုး မဖြစ်ပါစေနဲ့နော်။လေ့လာချက်တွေအရကတော့ ဒေါသထွက်တာကအစားစားချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဒေါသထွက်တာက ဝလာစေဖို့ အစပျိုးတဲ့ အကြောင်းအရင်းပါ။ဒေါသထွက်တာကြောင့် အမျိုးသားတွေမှာလက်မောင်းနဲ့ခြေထောက်ကြွက်သားတွေလျော့ရဲလာတာ၊ဗိုက်မှာ အဆီတက်လာတာ၊ မေးနှစ်ထပ်ဖြစ်လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လေဒီလေးတွေမှာတော့ ဒေါသကြောင့်ဗိုက်အဆီတက်တာ၊ အသားအရေကြမ်းလာတာ၊ဝက်ခြံတွေဖြစ်တာ၊ ခါးနဲ့ နောက်ကျောမှာ အဆီတက်တာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒေါသကြောင့် တက်လာတဲ့ အဆီတွေက တစ်ခုမကတဲ့ဟော်မုန်းတွေပေါင်းစပ်နေတာကြောင့် ပြန်ကျစေဖို့ဆိုရင်အစားအသောက်ဂရုစိုက်တာ၊လေ့ကျင့်ခန်းလုပ်တာတွေကို သေချာလေးလုပ်ပေးပြီး ပြန်ချဖို့လိုပါမယ်။ နောက်မေ့ထားလို့ မရတဲ့တစ်ချက်က စိတ်လေးကိုအေးချမ်းနေစေဖို့ လုပ်ဆောင်ပေးဖို့ပါ။ကိုယ်အလေးချိန်တက်လာလို့ ချနေပေမယ့်နေ့တိုင်းလိုလို ဒေါသဖြစ်နေမယ်ဆိုရင်လည်း မဟုတ်သေးပါဘူ။ ဒါကြောင့် နေ့တိုင်းမှာ စိတ်ကလေးအေးချမ်းနေစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ တစ်နေ့တာမှာ ဒါသထွက်စရာတွေကြုံခဲ့ရင်တောင် အကာင်းဆုံးကျော်လွှားဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။တကယ်တော့ဒေါသထွက်တာက ဝိတ်တက်စေတာတစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေတဲ့ အခက်တွေအများကြီးပါ။ ဒေါသခဏခဏထွက်မယ်ဆိုရင် ရေရှည်မှာ။ကဲ….. လုပ်သမျှ Dietတွေလေ့ကျင့်ခန်းတွေ အလကားမဖြစ်စေဘဲ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးရစေဖို့ဒေါသမထွက်နဲ့နော်…………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/anger-can-gain-weight/
ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ ရမလား။
အခြားအစေ့အဆန်တွေလိုပဲနေကြာစေ့ကလည်းကျန်းမာရေးအတွက် တော်တော်လေး အကျိုးပြုပေးပါတယ်။ နေကြာစေ့ကကိုယ်ဝန်ဆောင်မေမေတွေအတွက်ရောနို့တိုက်မေမေတွေအတွက်ပါ စားသုံးဖို့ သင့်တော်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာ ကာလတေါကတည်းက ဗီတာမင်၊ သံဓာတ် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတဲ့ နေကြာစေ့ကို ကိုယ်ဝန်ဆောင် မိခင် ကျန်းမာဖို့ရော နို့တိုက်မိခင်နို့ချိုထွက်စေဖို့ပါ စားသုံးဖို့ အကြံပြုခဲ့ကြပါတယ်။ကိုယ်ဝန်ဆောင် မေမေ၊ နို့တိုက်မေမေတွေအနေနဲ့ တစ်နေ့ကို အခွံနွှာပြီးသား နေကြာစေ့ လက်တစ်ဆုပ်စာ စားပေးဖို့ တာက အကောင်းဆုံး ပမာဏပါ။ နေကြာစေ့ကို အေးမြခြောက်သွေ့တဲ့နေရာမှာ သေချာလေး သိမ်းထားဖို့ လိုပါမယ်။နေကြာစေ့ကို သူ့ချည်း သက်သက် စားလို့ရသလို ကြက်ဥ၊ဒိန်ချဉ်၊ကွေကာအုတ်စတာတွေနဲ့ ရောစပ်ပြီးလည်း စားလို့ ရပါတယ်။ကျန်းမာရေးအတွက် အကျိုးများတဲ့ နေကြာစေ့ကကိုယ်ဝန်ဆောင်မေမေတို့နဲ့လည်း သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ နေကြာစေ့ကို စားသုံးမယ်ဆိုရင်။နေကြာစေ့မှာ ဗီတာမင်၊ပရိုတင်း၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ phytochemicals နဲ့ polyunsaturated fat တို့ ၉၀ ရာခိုင်နှုန်း နီးပါး ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ကျန်းမာဖို့ရော ဗိုက်ထဲကဘေဘီလေးကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။နေကြာစေ့မှာ​ဗီတာမင် Eပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကိုဓာတ်တိုး ပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘေဘီလေးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။နေကြာစေ့မှာ မေမေရဲ့ အရိုးတွေ သန်မာစေဖို့ရော ဘေဘီလေးရဲ့ အရိုးတွေ သန်မာစေဖို့ပါ အထောက်အပံ့ပေးနိုင်တဲ့အာဟာရဓာတ်တွေ ဖြစ်တဲ့ Phosphorous နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် မေမေရော ဘေဘီလေးပါအရိုးတွေသန်မာစေဖို့ဆိုရင် နေကြာစေ့ စားသုံးပေးလို့ ရပါတယ် မေမေတို့ရေ။နေကြာစေ့မှာပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်တွင်းကဆိုဒီယမ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလို ထိန်းညှိပေးမှုကသွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နေကြာစေ့မှာပါတဲ့ Phytochemicals က ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်း ကြုံတွေ့ရတဲ့ကိုယ်ခံအားနည်းတဲ့ ပြဿနာ​ကြောင့် ဖျားနာလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဒါတင်မကသေးပါဘူး ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံး ကြီးထွားစေဖို့လည်း အထောက်အပံ့ပေးပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/amazing-benefits-of-eating-sunflower-seeds-during-pregnancy/
အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ
အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့။Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။” အများအားဖြင့်တော့ အသည်းရောင်တာကအသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ “။Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။” အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး ကူးစက်ကြတာကတော့ အသည်းရောင် အသားဝါပိုး အေ၊ ဘီ၊ စီ၊ ဒီ၊ အီး (A,B,C,D,E) တို့ပါ။ အဲဒီထဲမှာ အသည်းရောင်ပိုး အေနဲ့ အီး (A,E) က အစားအသောက်နဲ့ ရေတို့ကနေ တဆင့် ကူးစက်တယ်။ကျန်တဲ့ ပိုးတွေကတော့ သွေး၊တံတွေး၊ သုက်ရည် အစရှိတဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့အရည်တွေ၊ ဆေးထိုးအပ်၊ ဆေးမင်ထိုးတဲ့အပ် အစရှိတာတွေနဲ့လိင်ကနေတဆင့် ကူးစက်နိုင်တယ်။ ဘီပိုးက မိခင်ကနေ ကလေးကိုလည်း မွေးဖွားချိန်မှာ ကူးစက်တတ်ပါသေးတယ်။ “။Q3. ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ ကလေးကို ဘီပိုး၊ စီပိုး မကူးအောင် ဘယ်လိုကာကွယ်မလဲ။”အသည်းရောင် အသားဝါ ဘီပိုးဟာ မိခင်ကနေ ကလေးကို ကူးစက်ဖို့အတွက် အရမ်းများတယ်။ အများအားဖြင့်တော့ မွေးဖွားချိန်မှာ အမေဆီက သွေးတွေ၊ အရည်တွေနဲ့ ထိမိတာကနေ ကူးစက်တယ်။ စီပိုးကတော့ အမေကနေ ကလေးကို ကူးစက်မှု အရမ်းမမြင့်ဘူး။ဘီပိုး ကူးစက်မှုကို ကာကွယ်ဖို့အတွက် ကလေးကို မွေးတာနဲ့ ကာကွယ်ဆေး ထိုးရတယ်၊ ပြီးရင် နောက်ထပ် ၆လအတွင်း ၂ကြိမ် ထပ်ထိုးရမယ်။ မွေးတဲ့အချိန်မှာ ကာကွယ်ဆေးအပြင်ကိုယ်ခံအား ပဋိပစ္စည်း (Immunoglobulin) လည်း ထိုးနှံရပါတယ်။ “။Q4. အသည်းရောင် အသားဝါ ဘီပိုးကို ဘယ်လိုကုသနိုင်သလဲ။”ကာကွယ်ဆေးရှိပေမယ့် အသည်းရောင် အသားဝါ ဘီပိုးကို လုံးဝ ပျောက်သွားအောင်တော့ ကုသလို့ရတဲ့နည်း အတိအကျ မရှိဘူး။ ကုသတဲ့ နည်းလမ်းတွေကလည်း တသက်လုံး လုပ်သွားရတာ များတယ်။ရောဂါရဲ့ ပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး ဗိုင်းရပ်စ်သတ်ဆေး၊ ထိုးဆေးတွေ အသုံးပြုရနိုင်သလို တော်တော်ဆိုးရင် အသည်းအစားထိုးရတာလည်း ရှိနိုင်တယ်။ “။Q5. ဘယ်အသည်းရောင် အသားဝါပိုးတွေက ကာကွယ်ဆေး ရှိသလဲ။” အသည်းရောင်ပိုးတွေထဲ ကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့အသည်းရောင် အသားဝါပိုး အေနဲ့ ဘီတို့အတွက် ကာကွယ်ဆေးတွေ ရှိပါတယ်။ ကျန်တဲ့ပိုးတွေအတွက်တော့ ကာကွယ်ဆေး မရှိသေးပါဘူး။ “။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/most-common-questions-for-hepatitis/
သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်
မိုးရာသီလည်း နီးလာပြီဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဂရုပြုရမယ့် အချိန်ရောက်လာပါပြီ။ လူကြီးတွေမှာလည်း ဖြစ်နိုင်သလို အဓိကအားဖြင့် ကလေးငယ်လေးတွေမှာ ဖြစ်တတ်ပြီး ကလေးလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။ ဒီတော့ သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် ဆိုတဲ့စကားအတိုင်း ဖြစ်လာရင် အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ ဒီ သွေးလွန်တုပ်ကွေးရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ ရောဂါပိုးရှိတဲ့ခြင်( အထူးသဖြင့် Aedes aegypti အမျိုးအစား) မှ တစ်ဆင့် လူကို အကိုက်ခံရပြီး ကူးစက်တာဖြစ်ပါတယ်။ကာကွယ်ဖို့နည်းလမ်းတွေကို အပိုင်း ၂ပိုင်းခွဲပြီး မျှဝေပေးချင်ပါတယ်။(၁)ခြင်တွေပေါက်နိုင်မယ့်နေရာတွေနဲ့ခြင်ဖြစ်လာမယ့်ပိုးလောက်လန်းတွေကိုသုတ်သင်ရှင်းလင်းခြင်း။ခြင်တွေဟာ မှောင်ပြီး စိုစွတ်တဲ့နေရာတွေ၊ ညစ်ပတ်တဲ့ နေရာတွေမှာ ပေါက်ဖွားကြတဲ့အတွက် ခြင်ပေါက်နိုင်မယ့်နေရာတွေ ဖြစ်တဲ့ အမှိုက်သရိုက်တွေ၊ ရေသိုလှောင်ထားတဲ့ ပစ္စည်းတွေ၊ ရေဝပ်နေနိုင်တဲ့ နေရာတွေ၊ ရေကန် နဲ့ ရေစီးရေလာ မကောင်းတဲ့ မြောင်းတွေ ကို မကြာခဏ ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ရေသိုလှောင်ရာ နေရာတွေကို သေသေချာချာ ဖုံးကာထားပြီး ခြင်တွေဥ မဥအောင်လည်း ကာကွယ်နိုင်ပါတယ်။ပိုးလောက်လန်း ဖြစ်ပြီးသားနေရာတွေကို ဆေးခတ်တာတွေ၊ ပိုးလောက်လန်းတွေ စစ်ထုတ်တာတွေကို မိမိအိမ်အတွက် ကိုယ်တိုင်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအတွက်လည်း ကျန်းမာရေးဦးစီးဌာန နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။(၂)ခြင်အကိုက်မခံရအောင်ဂရုစိုက်နေထိုင်ခြင်း။ခြင်ကိုက်မခံရစေဖို့ အတွက်။၁။ ခြင်တွေကို ရှင်းလင်းခြင်း။၂။ မိမိကိုယ်ကိုနဲ့ ကလေးငယ်လေးတွေကို ကာကွယ်ခြင်း။ခြင်တွေကို ရှင်းလင်းနေရုံနဲ့ မပြီးပါဘူး မိမိကိုယ်ကို နဲ့ အထူးသဖြင့် မိမိရဲ့ ကလေးငယ်ကို ခြင်ကိုက်မခံရအောင် အကာကွယ်ယူဖို့ကလည်း လိုအပ်ပါတယ်။အပူပိုင်းဒေသဖြစ်တဲ့ အမိမြန်မာနိုင်ငံကြီးမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ အားလုံးပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/prevention-tips-for-dengue-fever/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%80-down-syndrome-%e1%80%a1%e1%80%94%e1%80%b1%e1%80%94%e1%80%b2%e1%80%b7%e1%80%99%e1%80%bd/
ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ
ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံပေါင်နဲ့ခြေဖဝါးမှာဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာဖြစ်လေ့ရှိပါတယ်။ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတတ်ပါတယ်။ ဥပမာ –။ကြွက်တက်ပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ ဘယ်နည်းကကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။အောက်ပါ နည်းလမ်းတွေထဲက အဆင်ပြေရာကို လုပ်ကြည့်ပါ –။ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –။ကြွက်တက်ခြင်းဝေဒနာက ဆက်တိုက်ပြန်ပြန်ဖြစ်နေရင် ဒါမှမဟုတ်ပြင်းထန်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးပါ။restless legs syndromeလို့ခေါ်တဲ့ ခြေထောက်ရောဂါတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ဒီဝေဒနာကြောင့် ညဘက်အိပ်မရတာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်က သင့်ကြွက်သားတွေပြေလျော့စေမယ့်ဆေးဝါးတွေ ညွှန်းပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ
လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဟာရဓါတ်ရရှိမှုနဲ့ပတ်သက်တဲ့ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတယ်။ အဲ့ဒီကနေမှ ကိုယ်ခံအားစနစ်ချို့ယွင်းလာတာ၊ အားနည်းလာတာ၊ အမျိုးအစား၂ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ နှလုံးရောဂါတို့လို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ကိုယ်အလေးချိန်ထိန်းခြင်း။သက်ကြီးပိုင်းအတော်များများက ကိုယ်အလေးချိန်ကို ပုံသေထိန်းထားနိုင်ဖို့မလွယ်လှပါဘူး။ ခန္ဓါကိုယ်က အိုမင်းလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းလုပ်ဆောင်ချက်နည်းလာပါတယ်။ ဒါဟာ ခန္ဓါကိုယ်က အရင်ကထက် ကယ်လိုရီလောင်ကျွမ်းမှုနည်းလာတာပဲဖြစ်ပါတယ်။ အသက်ကကြီးလာတော့ ကိုယ်လက်လှုပ်ရှားမှုကလည်းနည်းလာပါတယ်။ ဒီနှစ်ချက်ပေါင်းသွားတဲ့အခါ အဝလွန်ခြင်းဘက်ကို ဦးတည်လာစေပါတယ်။ တဖက်မှာလည်း တချို့လူကြီးတွေမှာ အစာစားချင်စိတ်မရှိတာတွေ၊ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတာအပြင် အစာဝင်တာနည်းလာခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်နိုင်ခြေပိုများစေပါတယ်။အရသာခံနိုင်စွမ်း။လူကြီးတွေမှာ အဖြစ်များတဲ့ပြဿနာက အငန်နဲ့အချိုကို အရသာခံနိုင်စွမ်းအားနည်းလာတာပဲဖြစ်ပါတယ်။ ချိုနေမှန်းမသိ၊ ငန်နေမှန်းမသိတဲ့အခါ အစားအစာထဲမှာ အငန်ပိုထည့်မိလာပြီး ကြာလာရင်သွေးတိုးရောဂါဖြစ်လာနိုင်ပါတယ်။ အလားတူပဲ ချိုတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်လာပြီး အချိုရည်တွေပိုသောက်မိနိုင်ပါတယ်။ရေဓါတ်ဆုံးရှုံးခြင်း။အသက်ကြီးရင့်လာတာနဲ့အမျှ ခန္ဓါကိုယ်ကရေဓါတ်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲရေဆာနေတာကိုလည်း သတိမထားမိကြတဲ့အခါရေသောက်နည်းလာပါတယ်။ တချို့ကဆို ကိုယ့်ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးရင်ဘာဖြစ်လာနိုင်မလဲဆိုတာသေချာမသိဘဲ ဆီးအိမ်မှာ လုပ်ဆောင်ချက်လွန်ကဲလာမှာကို စိုးရိမ်ပြီးရေသိပ်မသောက်ဖို့တောင်သေချာသတိထားကြတာရှိပါတယ်။ရေသောက်နည်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ ဝမ်းချုပ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊သွေးဖိအားကျခြင်း၊ နှလုံးခုန်မြန်ခြင်းကနေ တက်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနဲ့ အသက်ဆုံးရှုံးရခြင်းတွေအထိဖြစ်နိုင်ပါတယ်။အရင်ဆုံးလုပ်ရမှာက လူကြီးတွေစားမယ့်အစားအသောက်တွေထဲမှာ လိုအပ်သမျှအာဟာရဓါတ်တွေ အပြည့်အဝပါဝင်စေဖို့ပဲဖြစ်ပါတယ်။နေ့စဉ်စားသောက်ပုံအာဟာရထဲမှာ ဒါလေးတွေပါဝင်ဖို့ ဂရုစိုက်ပါ။ငါး။ငါးအမျိုးမျိုး၊ အထူးသဖြင့်ဆော်လမွန်ငါး မှာ ခန္ဓါကိုယ်နဲ့ဦးနှောက်အတွက်အကျိုးကျေးဇူးများစေတဲ့omega-3 fatsတွေပါဝင်ပါတယ်။Omega-3 fatsတွေဟာ ဦးနှောက်ရဲ့ဖွဲ့စည်းပုံမှာအရေးပါတဲ့အပိုင်းကပါဝင်ပြီး ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။အစိမ်းရောင်ရှိတဲ့အသီးအရွက်များ။ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နဲ့ ဟင်းနုနယ်တို့လို အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေမှာဦးနှောက်တွင်းက homocysteine ပမာဏကိုကျစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်B6၊ B12၊ folate တို့ကြွယ်ဝစွာပါဝင်ပါတယ်။homocysteine ပမာဏမြင့်နေရင် နှလုံးရောဂါနဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေများစေနိုင်ပါတယ်။လက်ဖက်စိမ်း။နှပ်ပြီးကာစgreen tea ကရေဓါတ်ပြည့်ဝစေပြီးcatechin လို့ခေါ်တဲ့ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝမှုကြောင့်free radicalsကြောင့် ခန္ဒါကိုယ်ဆဲလ်တွေထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတချို့အရgreen tea ကသွေးလည်ပတ်မှုကိုကောင်းစေပြီးသွေးတွင်းကိုလက်စထရောဓါတ်ကိုလျော့ကျစေနိုင်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားတချို့နဲ့ အာရုံကြောရောဂါတွေကိုဖြစ်နိုင်ခြေနည်းပါးစေပါတယ်။အသီးအနှံများ။လတ်ဆတ်တဲ့အသီးအနှံတွေက အရည်ဓါတ်၊ အမျှင်ဓါတ်၊ဗီတာမင်တွေနဲ့ သတ္ထုဓါတ်တွေကြွယ်ဝပါတယ်။ အသီးတွေနေ့စဉ်စားသုံးပေးရင် လူကြီးတွေမှာ ဝမ်းမှန်စေပါတယ်။flavanoids လိုမျိုး သဘာဝပါဝင်ပစ္စည်းတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဆဲလ်တွေကိုအကာအကွယ်ဖြစ်စေပါတယ်။အစေ့အဆံများ။အစေ့အဆံတွေမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ မပြည့်ဝဆီတွေနဲ့monounsaturated fats၊ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်ပါတယ်။ အစေ့အဆံအများစုဟာ ဗီတာမင်E၊ ဗီတာမင်B2 နဲ့ အမျှင်ဓါတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဆယ်လီနီယမ်တို့ကြွယ်ဝပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က နာတာရှည်နှလုံးရောဂါ၊ ကင်ဆာ၊လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခေတ္တရပ်ခြင်းတို့ဖြစ်နိင်ခြေလျော့နည်းစေပါတယ်။ဖြည့်စွက်အာဟာရ။ထိုက်သင့်တဲ့အာဟာရကိုရရှိဖို့အရေးကြီးတဲ့အကြောင်း အတော်များများက သိကြပေမယ့် အသက်ကြီးရင့်လာတဲ့သဘာဝတရားကြောင့်ပဲ ဒီလိုအာဟာရတွေရရှိနိုင်ဖို့တော့ မလွယ်ပါဘူး။ ဒါ့ကြောင့် လူကြီးမိဘတွေမှာ အစာစားချင်စိတ်မရှိတာတွေဖြစ်လာပြီဆိုရင်ဖြည့်စွက်အာဟာရတွေကိုကျွေးပေးဖို့ လိုပါမယ်။ နေ့စဉ်ပုံမှန်စားသုံးနေတဲ့ စားသောက်မှုပုံစံမှာ အာဟာရညီညွတ်မျှတစွာပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ၊ အထူးသဖြင့် macro နဲ့ micro nutrients တွေပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ပါ။ရွေးချယ်ပြီးတဲ့ဖြည့်စွက်အာဟာရကို ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%af%e1%80%b6%e1%80%90%e1%80%bd%e1%80%b1/
ဓါတ်မတည့်မှုဖြစ်ခြင်း အတွက် ရှေးဦးသူနာပြုစုမှုများ
သင့်ခန္ဓါကိုယ်ထဲရှိ ကိုယ်ခံအားစနစ်သည် သင့်ကိုနေမကောင်းဖြစ်စေမည့် ပြင်ပမှရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ တခါတရံတွင် သင့် ကိုယ်ခံအားစနစ်သည် သင့်အပေါ်သက်ရောက်လာသော အရာများကို တုန့်ပြန်မှုလွန်ကဲရာမှ ဓါတ်မတည့်မှုဖြစ်လာရခြင်းဖြစ်သည်။သင်သည် အစားအစာ၊ ဆေးဝါးနှင့် ပတ်ဝန်းကျင် စသည်တို့နှင့် ဓါတ်မတည့်မှုများခံစားရနိုင်ပါသည်။ဓါတ်မတည့်မှုကို ပြင်းထန်စွာခံစားနေရသော လူနာများနှင့် အောက်ပါလက္ခဏာများရှိလျှင်ရှေးဦးပြုစုရန် လိုအပ်သည်။ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် အထက်ပါလက္ခဏာများ ခံစားရပါက Epinephrine ဆေး၂ လုံးကိုထိုးရန် ဆောင်ထားသင့်သည်။ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း ဓါတ်မတည့်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်းဖြစ်ပြီး သတိလစ်ခြင်း၊ နှလုံးရပ်ခြင်း နှင့် အသက်ရှုရပ်သွားခြင်းတို့ဖြစ်တတ်သည်။အောက်ပါလက္ခဏာများသည် သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း၏ လက္ခဏာများဖြစ်သည်။Epinephrine ဆေးကို မြန်မြန်ထိုးနိုင်လေလေ လူနာမြန်မြန် သက်သာလေလေဖြစ်ပါသည်။ လူနာအသက်ရှုကျပ်နေသော အချိန်များတွင် ဆေးသောက်ခြင်း၊ အရည်သောက်ခြင်းနှင့် ခေါင်းမော့ခြင်းများကို မပြုလုပ်ပါနှင့်။အကယ်၍ လူနာသည် အသက်မရှု၊ ချောင်းမဆိုးတော့လျှင် ၊ လှုပ်ရှားမှုမရှိတော့လျှင် အရေးပေး အသက်ကယ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများ သည် လေ့ကျင့်သင်ကြားမှုများရှိမှသာ လုပ်နိုင်သည်။လူနာ၏ ရင်ဘတ်ကို ၁ မိနစ်လျှင် အခါ၁၀၀ အကူအညီပေးမည့်သူလာသည်အထိ ဖိနှိပ်ရမည်။ သင်နှင့် အတူ သင့်မိသားစုဝင်များလည်း အရေးပေါ်အသက်ကယ်ခြင်းနည်းလမ်းများကို သင်ပေးသော အတန်းများတွင် လေ့လာထားသင့်သည်။သင်သည် ဓါတ်မတည့်မှုဖြစ်စေသော အရာများကို သိထားပြီးရှောင်ကျဉ်နိုင်လေလေ ဓါတ်မတည့်မှုများလျော့နည်းလေလေဖြစ်သည်။ သင့် လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကို Epinephrine ထိုးဆေးသိမ်းထားသောနေရာကို ပြောပြထားသင့်သည်။ထို့ပြင် သူတို့ကို အထက်ဖော်ပြပါ ရှေးဦးပြုစုနည်းများကို သင်ပေးထားခြင်းဖြင့် သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%99%e1%82%88%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%90/
ကြောင်လျှာသီး က ဆေးဖက်ဝင်သလား။
မီးလေး အုံးစားစား၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ် စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့ သုပ်စားစား စားရ ခံတွင်းတွေ့တဲ့ ကြောင်လျှာသီး ကို  ကြိုက်ကြသူလေးတွေ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ခပ်ရှည်ရှည် ခပ်ထူထူ ပုံစံရှိပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိပါတယ်။ အရသာကခါးသက်သက်ပူရှိန်းရှိန်းလေး ရှိပါတယ်။ အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသေချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်၊ ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။ခါးသက်သက် အရသာရှိတဲ့ ကြောင်လျှာသီးက။ကြောင်လျှာသီး က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ကြောင်လျှာသီးကို နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။ကြောင်လျှာသီးက အသည်း ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေ သောက်သုံးရတာကြောင့် အသည်း ထိခိုက်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ကြောင်လျှာသီး က ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ကျောက်ကပ် ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေပြီး ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ကြောင်လျှာသီးကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးလို့ ရပါတယ်။သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကြောင်လျှာသီး စားသုံးတာက ကိုယ်ခံအား ကောင်းစေမယ့် စားသောက်နေထိုင်မှု တစ်ခုပါ။အစာခြေ အက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။ကြောင်လျှာသီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက လူတိုင်း ကြောက်ကြတဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်စွမ်း ရှိပါသေးတယ်။ကြောင်လျှာသီးက ဆေးဖက်ဝင်တာ မှန်ပေမယ့် ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဆေးပုံမှန် သောက်နေရတဲ့ သူတွေနဲ့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ ဆေးသောက်နေရမယ်ဆိုရင် အလွန်အကျွံ မစားဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-sonapatha/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ad%e1%80%9e%e1%80%ac%e1%80%90%e1%80%b2/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%85%e1%80%bc%e1%80%99%e1%80%b9/
ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း
နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ နဂါးမောက်သီး က အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ …. ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း ပြောပြပေးချင်ပါတယ်။နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာသံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့။– ကယ်လိုရီ (၆၀)။– ပရိုတိန်း (၁.၂ ဂရမ်)။– ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်)။– အမျှင်ဓာတ် (၃ ဂရမ်)။– ဗီတာမင် C (တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း)။– သံဓာတ် (တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း)။– မဂ္ဂနီဆီယမ် (တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း)။နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှု များပြားပြီး ကယ်လိုရီပါဝင်မှု အတော်လေး နည်းပါတယ်။ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ နာတာရှည်ရောဂါများနဲ့ အိုမင်းခြင်းကို ပိုမိုတွန်းအားပေးတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာ တွေ့ရှိရတဲ့ အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• ဘီတာလိန်း (Betalains)။ နဂါးမောက်သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးခြင်းကြောင့် မကောင်းတဲ့ LDLကိုလက်စထရောမြင့်မားမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။• ဟိုက်ဒရိုဆီစင်နမိတ် (Hydroxycinnamates)။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။• ဖလေဗာနွိုက် (Flavonoids)။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း ကဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ နဂါးမောက်သီးမှာအမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းလှပစေမယ့် ကော်လဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။သုတေသန တစ်ခု အရ ကိုယ်အလေးချိန် လျှော့ချရာမှာ၊ အသည်းမှာရှိတဲ့ အဆီဓာတ်တွေကို လျှော့ချရာမှာ အထောက်အကူပြု ပါတယ်။ အင်ဆူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြု ပါတယ်။ ရောင်ရမ်းမှုများကို ကျစေပါတယ်။ ကိုလက်စထရောကို ကျဆင်းစေတာကြောင့်သွေးတိုးရောဂါနဲ့ အခြားနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။နဂါးမောက်သီး မှာပါဝင်တဲ့ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းက အကျိုးပြု ဘက်တီးရီးယားတွေ ပေါက်ပွားသန်စွမ်းဖို့ အားပေးပါတယ်။ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ခြင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။နဂါးမောက်သီးဟာနာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံး သွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ် အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံ တစ်မျိုးပဲ ဖြစ်ပါတယ်။ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အထူးသဖြင့် ဆီးချို နဲ့ သွေးတိုးရောဂါရှိသူတွေပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/dragon-fruit/
Stress Ulcer ဆိုတာ
အနာဆိုတာက အရေပြား ဒါမှမဟုတ် တစ်ရှူးတွေ ကျိုးပေါက်သွားပြီး အနာပေါက်ပွင့်နေတဲ့အရေပြားပြဿနာကို ဆိုလိုတာပါ။ ဒီလို အရေပြားမှာ အနာပေါက်ပွင့်နေတာနဲ့အတူ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကိုပါ ခံစားရနိုင်ပါတယ်။ အရေပြားတင်မကပါဘူး။ Mucosaလို့ခေါ်တဲ့ အချွဲအလွှာမှာလည်း အနာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေကြောင့် ဖြစ်ရတဲ့ Stress ulcer အကြောင်း ပြောပြပေးချင်ပါတယ်။စိတ်ဖိစီးမှုတွေများတာကြောင့် အစာခြေစနစ်ထဲက နေရာအချို့မှာ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားပြီး ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ Stress ulcer တွေက အစာခြေစနစ် အထက်ပိုင်းနားမှာ အဖြစ်များပါတယ်။ ဒီအနာတွေက အစာခြေစနစ် အတွင်းနံရံတွေကို ပျက်စီးစေပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပူပူလောင်လောင် ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ပိုးဝင် ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။ ထိခိုက်မှု အတိုင်းအတာကို လိုက်ပြီး အသေးစား ပူစပ်ပူလောင် ဖြစ်တာကနေ ပြင်းပြင်းထန်ထန် သွေးထွက်တဲ့ အခြေအနေမျိုးအထိ ခံစားရနိုင်ပါတယ်။Stress ulcerက အစာအိမ်အနာနဲ့ မတူပါဘူး။ ဒါပေမယ့် ဒီအနာ အမျိုးအစား နှစ်ခုစလုံးကအစာအိမ်နဲ့ အူနံရံတွေမှာ အနာတွေ ဖြစ်တာပါ။ ဒါပေမယ့် အစာအိမ်အနာက အစာခြေစနစ် အတွင်းနံရံတွေ အားနည်းလာတဲ့အချိန်မျိုးတွေ နဲ့ ဆေးဝါးတွေကြောင့် တဖြည်းဖြည်းချင်း အစပျိုးလာတာပါ။ ဒါပေမယ့် Stress uclerကတော့စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေကြောင့် ရုတ်တရက်ဖြစ်လာတဲ့ အနာပါ။Stress ulcersကို အခုပြောပြမယ့် အခြေအနေတွေနဲ့ မှားယွင်းနိုင်ပါတယ်။Stress ulcers ဖြစ်နေသူတွေထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ အထူးကြပ်မတ်ကုသမှုကို ခံယူနေရသူတွေပါ။ နဂိုကတည်းက မကျန်းမာကြတဲ့သူတွေ များတာကြောင့် အနာရဲ့ လက္ခဏာတွေကို အခြား နာမကျန်းမှုတွေရဲ့ လက္ခဏာတွေနဲ့ ခွဲခွဲခြားခြား သိနိုင်ဖို့ ခက်ခဲပါတယ်။အပြင်းအထန် နာမကျန်းမှုတွေနဲ့ ဆေးကုသမှုတွေက ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး စိတ်ဖိစီးမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှု မြင့်တက်တာက အစာခြေအက်ဆစ် ထွက်ရှိမှု များစေပြီးmucosa လို့ခေါ်တဲ့အစာအိမ်အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ ဒီကနေမှ စားလိုက်တဲ့ အစားအစာတွေ အစာအိမ်ထဲရောက်တဲ့အခါ အစာတွေကို ကြေချက်တဲ့ အူသိမ်ဦးပိုင်းကို ထိခိုက်စေပါတယ်။အစာအိမ်အတွင်းနံရံထိခိုက်ပျက်စီးတာက Stree ulcers ကို ဖြစ်စေတာပါ။ဒီအချက်တွေကြောင့် Stress Ulcerဖြစ်နိုင်ပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ Stress Ulcerက အထူးကြပ်မတ်ကုသမှုကို ခံယူနေရသူတွေ နဲ့ နဂိုကတည်းက မကျန်းမာကြတဲ့သူတွေမှာ အဖြစ်များပါတယ်။Stress ulcersကအစာခြေစနစ်တလျှောက်မှာ ဖြစ်တာပါ။ Stress ulcers  အများစုက အစာခြေစနစ် အတွင်းနံရံ အထူးသဖြင့် အစာအိမ် အလယ်ပိုင်း နဲ့ ထိပ်ပိုင်းတွေမှာ တွေ့ရပါတယ်။ အစာရေမျိုမှာလည်း ဖြစ်နိုင်သလို အူသိမ်ဦးပိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။stress ulcersတွေကို။Stress ulcerက နာမကျန်းမဖြစ်သူတွေမှာ အဖြစ်များပြီး သွေးတော်တော်လေး ထွက်တော့မှ လက္ခဏာတွေကို သိတာမျိုးလည်း ရှိပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/about-stress-ulcer/
ပျားရည်၏ အာနိသင် ၆ မျိုး
ပျားရည်ကို နှစ်ပေါင်းများစွာကတည်းကဆေးဖက်ဝင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေနဲ့သားမက အစားအသောက်များမှာလည်း ထည့်သွင်း သုံးဆောင်ကြပါတယ်။ များသောအားဖြင့် စူပါမားကတ်တွေမှာ ရရှိနေတဲ့ ပျားရည်တွေဟာ ပိုးသန့်စင်ပြီးသား ပျားရည် အမျိုးအစား ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်များဟာ ပိုးမသတ်ရသေးတဲ့ ရိုးရိုး ပျားရည်မှာ ပိုပြီးကြွယ်ဝပါတယ်။ ပိုးသန့်စင်ထားတဲ့ ပျားရည်တွေမှာတော့ အရောင်အသွေးဆွဲဆောင်မှုရှိအောင်၊ တာရှည်ခံအောင် ပြင်ဆင်ထားပေမယ့်အာဟာရဓာတ်တချို့ ပျက်စီးသွားပါတယ်။ပျားရည်ဆိုတာက ပျားကောင်လေးတွေ စုဆောင်းထားတဲ့ ပန်းဝတ်ရည်လေးတွေကို စစ်ထုတ်ထားတဲ့ အရည်ပါ။ အာဟာရဓာတ်တွေ ကြွယ်ဝသလို အရသာက ချိုပါတယ်။ သကာရည်လို စေးပျစ်ပျစ်ရှိပြီး အရောင်က အဝါရောင် ဖျော့ဖျာ့ကနေ အဝါရောင် ရင့်ရင့်တွေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။အရသာရှိတဲ့ ပျားရည်မှာ။ယခုဆက်လက်ဖော်ပြမှာကတော့ ပျားရည်၏ အာနိသင် ၆ မျိုး အကြောင်းပဲ ဖြစ်ပါတယ်။၁။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း။ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။၂။ ရောဂါပိုးသေစေသော အာနိသင်ရှိခြင်း။သုတေသနတွေအရ ပျားရည်မှာဘက်တီးရီးယားများနဲ့ မှိုများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ ရောဂါပိုးများကို သေစေနိုင်ပါတယ်။၃။အနာကျက်မြန်စေခြင်း။ပျားရည်ဟာ ရောဂါပိုးများကို သေစေတဲ့အပြင် တစ်ရှူးများကို အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ အားပေးကူညီတာကြောင့် အနာကျက်မြန်စေပါတယ်။ နိုင်ငံတချို့က ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာများကို ကုသရာမှာ ပျားရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သာမန်ပျားရည်အတိုင်း အနာကုသရာမှာ အသုံးပြုခြင်းတော့ မဟုတ်ပါဘူး။ ဆေးဝါးအဆင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထုတ်လုပ်ရပါသေးတယ်။၄။ စွမ်းအင်ပြည့်ဝစေခြင်း။ပျားရည်ဟာ သင့်ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေ ပေးနိုင်ပါတယ်။ မေပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ညောင်းညာကိုက်ခဲနေခြင်း စတာတွေကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နံနက်စောစောမှာ ပျားရည်တစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးခြင်းဟာ သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။၅။အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း။အစာအိမ်အနာဖြစ်စေနိုင်တဲ့ H Pylori ဘက်တီးရီးယားကို ကုသရာမှာ ပျားရည်ကလည်း အားဖြည့်ကူညီပေးနိုင်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ဝမ်းပျက်ခြင်းအတွက် ပျားရည်ကို ဆေးအနေနဲ့ အသုံးပြုပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နိုင်ဖို့ အထောက်အကူပြုပါတယ်။၆။အအေးမိတုပ်ကွေးကို သက်သာစေခြင်း။အအေးမိချောင်းဆိုးပြီး လည်ချောင်းနာချိန်မှာ ပျားရည်ဟာ ဆေးတခွက်ပဲ ဖြစ်ပါတယ်။ ရေနွေးထဲမှာသံပုရာသီးညှစ်ထည်ပြီး ပျားရည်ထည့်သောက်ခြင်းဟာ လည်ချောင်းနာခြင်းနဲ့ အအေးမိတုပ်ကွေးကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ပျားရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ရောဂါပိုးများကို သေစေနိုင်တယ်ဆိုပေမယ့် ပိုးမသန့်စင်ရသေးတဲ့ ပျားရည်ဟာ အစာအဆိပ်သင့်စေတဲ့ Clostridium botulinum ရောဂါပိုးကို ကူးစက်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ကူးစက်နိုင်ပါတယ်။ဆီးချိုရောဂါ ရှိသူတွေ၊ ကလေးငယ်တွေ၊ နို့တိုက် မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/top-raw-honey-benefits/
သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့
သက်သတ်လွတ် စားတဲ့ သူတွေဟာ အသားဓာတ်ကို ပြည့်ဝအောင် ရရှိဖို့ လိုအပ်ပါတယ်။ အသားမှ မစားရတာကိုး။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အသားဓာတ် က မရှိမဖြစ် ပါဝင်နေလို့ပါပဲ။အသား မစားတဲ့သူတွေဟာ အသားဓာတ် ပါဝင်တဲ့ အသီးအရွက်တွေ၊ သက်သတ်လွတ် အစားအစာတွေကို ရွေးချယ်မစားသုံးတတ်ရင် အသားဓာတ်ချို့တဲ့မှု ကို ခံစားရနိုင်ပါတယ်။ဒါ့ကြောင့် အသားဓာတ် ရရှိနိုင်မယ့် သက်သတ်လွတ် အရင်းအမြစ်တွေကို သိထားဖို့ သင့်တယ် မဟုတ်ဘူးလား။ပဲအမျိုးမျိုးက အသားတွေက ရတဲ့ အသားဓာတ် အတိုင်း ပေးစွမ်းနိုင်တဲ့ အပင်ထွက် အရင်းအမြစ်တွေ ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပဲကို အခြေခံပြီး ပြုလုပ်တဲ့ တို့ဟူး၊ ပဲပြား၊ ပဲလိပ် စတာတွေက တစ်နေ့စာ လိုအပ်တဲ့ အသားဓာတ် ပမာဏကို ကူညီဖြည့်တင်းပေးပါလိမ့်မယ်။မီးလေး ကင်ပြီး ထောင်းစား၊ ကြော်စားကြတဲ့ ရှမ်းပဲပုပ် ပေါ့။ တစ်နေ့စာ ဟင်းလျာထဲ ပဲပုပ်လေး တစ်ခွက်ပါရင် ဒါမှမဟုတ် ပဲပုပ်ကောက်ညှင်းခွက်ကြော်လို သရေစာမျိုး စားမယ်ဆို အနည်းနဲ့ အများတော့ အသားဓာတ် ရရှိနိုင်ပါလိမ့်မယ်။အမျှင်ဓာတ်ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့်အစာခြေစနစ်ကျန်းမာဖို့၊အရိုးနဲ့ ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ ဂရမ် ပါဝင် ပါတယ်။စားရတာ အရသာရှိသလို အသားဓာတ် ပါဝင်မှုလည်း မြင့်ပါတယ်။ ကုလားပဲ တစ်ပန်းကန်စာမှာ ပရိုတင်း ၁၄.၅၃ ဂရမ် ပါဝင်ပါတယ်။ဗာဒံစေ့၊ ဖရုံစေ့၊ သစ်ကြားသီး စတဲ့ အစေ့အဆန် နဲ့ အခွံမာသီးတွေက က အရသာရှိတဲ့ သရေစာဖြစ်သလို အာဟာရဓာတ် လည်း အစုံအလင် ပါဝင်နေပါတယ်။ သူတို့မှာ အသားဓာတ် ကြွယ်ဝသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဗီတာမင် E နဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေပါတယ်။အစိမ်းရင့်ရောင် အသီးအရွက် တစ်မျိုး ဖြစ်တဲ့ ဟင်းနုနွယ်ရွက်က အမျှင်ဓာတ် ၊သံဓာတ်နဲ့ အသားဓာတ် တို့ ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ ဟင်းနုနွယ်ရွက်ကြော် တစ်ပွဲစာမှာ အသားဓာတ် ၂.၉ ဂရမ် ပါဝင်ပါတယ်။ကညွတ်မှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မကပါဘူး။ ဗီတာမင် B၊ ဖောလိတ်၊ ကော့ပါး၊ မဂ္ဂနိ့၊ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ် နဲ့ဗီတာမင် A၊ဗီတာမင် Kတို့ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ ကညွတ် တစ်ပွဲစာမှာ ပရိုတင်း ၂.၉ ဂရမ် ပါဝင်နေပါတယ်။အသားဓာတ် ပါဝင်မှု မြင့်မားသလို အမိုင်နိုအက်ဆစ်၊ဖောလိတ်၊ မဂ္ဂနိ့စ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် C၊ ဗီတာမင် K တို့ လည်း ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီစိမ်း တစ်ခွက်စာမှာ အသားဓာတ် ၂.၆ ဂရမ် ပါဝင်နေပါတယ်။ပန်းဂေါ်ဖီမှာ အသားဓာတ် ပါဝင်မှု များသလို ဗီတာမင် C၊ ဗီတာမင် K နဲ့သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖော့ရပ်စ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီ တစ်ခွက်စာမှာ ပရိုတင်း ၂ ဂရမ်အထိ ပါဝင်နေပါတယ်။အရသာ ချိုချိုလေးနဲ့ စားကောင်းတဲ့ သကြားပြောင်းလေးတွေကလည်း အသားဓာတ် ရရှိနိုင်တဲ့ အစားအစာ အရင်းအမြစ်ပါ။ ချွေထားတဲ့ သ​ကြားပြောင်း တစ်ပန်းကန်လုံးစာမှာ ပရိုတင်းက ၄.၆၈ ဂရမ် အထိ ပါဝင်နေပါတယ်။အာလူး ကလည်း အသားဓာတ် ရရှိနိုင်တဲ့ အစားအစာ တစ်ခုပါ။ အသားဓာတ် အပြင် အတူ ဗီတာမင် C၊ ဗီတာမင် B6 တို့လည်း ပါဝင်နေပါ သေးတယ်။ အာလူး အရွယ်တော် တစ်လုံးမှာ ပရိုတင်း ၄.၅၅ ဂရမ် ပါဝင်နေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%90%e1%80%ba%e1%80%9c%e1%80%bd%e1%80%90%e1%80%ba-%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8/
အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။
အသည်းရောင် အသားဝါ ပိုးတွေထဲမှာ B ပိုးနဲ့ C ပိုးက အဆိုးဆုံးပါ။ သူတို့နှစ်ခုကလည်း မျှမျှတတပါပဲ။ Bပိုးက ကာကွယ်ဆေးရှိပေမယ့် အပြီးပျောက်အောင် ကုလို့ မရပါဘူး။ Cပိုးက ကုသလို့ ရပေမယ့် ကာကွယ်လို့ မရပါဘူး။ ဒါကြောင့် ရောဂါကူးခဲ့ရင်တောင် C ပိုးကူးခံရသူတွေက ကုလို့ရတာပဲလေဆိုပြီး သိပ်စိတ်ဓာတ်မကျကြပါဘူး။ Bပိုး ပျောက်အောင် ကုမရဘူးဆိုပြီးတော့တာ Bပိုးရှိတဲ့သူတွေက စိတ်ဓာတ်ကျတတ်တာပါ။အသည်းရောင် အသားဝါ Bပိုးအထူးသဖြင့် နာတာရှည် အသည်းရောင် အသားဝါ Bပိုးကို အမြစ်ပြတ်ပျောက်အောင်တော့ ကုလို့ မရသေးပါဘူး။ ဒါပေမယ့် ဆေးပညာတွေ တိုးတက်လာတာကြောင့် အရင်ကထက် ပိုပြီး လူနာတွေအတွက် အခွင့်အလမ်းတွေ ပိုများလာပါတယ်။Bပိုးကို  ကုသရတဲ့ အကြောင်းကတော့ နောက်ပိုင်းမှာ ပိုးကြောင့် အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာကို လျှော့ချချင်လို့ပါ။ ဆိုလိုတာကတော့ Bပိုး ရှိနေသည့်တိုင် နောက်ဆက်တွဲပြဿနာကင်းကင်းနဲ့ သက်တမ်းစေ့ နေစေချင်တာကြောင့်ပါ။Bပိုး ကူးစက်ခံရတာမှာ နှစ်ပိုင်းရှိပါတယ်။ လတ်တလော ကူးစက်ခံရတာလား။ အကူးခံရတာ ကြာပြီး နာတာရှည်အဆင့် ရောက်နေပြီလား ဆိုတာရယ်ပါ။Bပိုး ကူးပြီးပြီးချင်း သိတယ်ဆိုတဲ့သူက ခပ်ရှားရှားပါ။ အများစုက လက္ခဏာ မပြကြသလို ပြခဲ့ရင်တောင် တုပ်ကွေးဆန်ဆန် လက္ခဏာလောက်ပဲ ပြကြပြီး ရက်ပိုင်းလောက်နေရင် သက်သာသွားကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာ ဆေးစစ်လို့ သိသွားခဲ့ရင်ရော။ဆေးစစ်လိုက်လို့ Bပိုးတွေ့ရင် အရင်က ကူးတာလား။ လောလောလတ်လတ် ကူးထားတာလားဆိုတာ စစ်ဆေးပါတယ်။ လောလောလတ်လတ် ကူးထားတာဆိုရင် အသည်းအထူးကုနဲ့ ပြသပြီး အသည်းထိခိုက်မှု ရှိမရှိ စစ်ဆေးရပါမယ်။ ပိုးရှိတာကလွဲပြီး တခြားပြဿနာ မရှိဘူးဆိုရင်။လောလောလတ်လတ် Bပိုးကူးထားတဲ့သူတွေကို အများအားဖြင့် လက္ခဏာသက်သာအောင်ပဲ ကုသလေ့ရှိပါတယ်။ အများစုကလည်း လပိုင်းလောက်နေရင် သက်သာသွားကြပါတယ်။Bပိုးကူးခံရတာကို ဘာကြောင့် ဆေးတွေ မတိုက်လဲ။ Bပိုးက အသည်းကင်ဆာဖြစ်တတ်တယ်ဆို ဘာလို့ မကုပေးလဲဆိုပြီး တွေးနေမှာပါ။ Bပိုးကူးခံရသူအများစုက လပိုင်းလောက်နေရင် ပိုးတွေပျောက်သွားတတ်ပါတယ်။ Bပိုးကူးခံရတိုင်း လူတိုင်းကနာတာရှည် အသည်းရောင်အသားဝါအဆင့်ကို ရောက်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် လပိုင်းလောက် စောင့်ကြည့်ပြီး သွေးပြန်စစ်ပါလိမ့်မယ်။ သွေးစစ်လို့ Bပိုးဆက်ရှိနေသေးတယ်ဆိုမှသာ ဆေးဆက်ကုဖို့ လိုပါလိမ့်မယ်။လတ်တလော ပိုးကူးခံရပြီး ၆လကြာလို့ သွေးပြန်စစ်ကြည့်တာ ပိုးဆက်ရှိနေသေးရင်ဖြစ်ဖြစ်၊ ဆေးစစ်ရင်း ပိုးတွေ့လို့ နာတာရှည် ကူးခံထားရတာပဲဖြစ်ဖြစ် Bပိုးနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ဖို့ ဆေးကုဖို့ လိုပါတယ်။အထူးသဖြင့်။C ပိုးနဲ့ မတူတာက အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့မရသေးပါဘူး။ ဆေးတွေက ပိုးတွေကို ထိန်းပေးပြီး အသည်းမပျက်စီးအောင် ကာကွယ်ပေးပါတယ်။ Bပိုးကို ကုတဲ့အခါ တချို့တွေက တစ်သက်လုံး ဆေးသောက်ရတာတွေ ရှိပါတယ်။ ဆီးချိုတို့၊ သွေးတိုးတို့ ကုသလိုပေါ့။ကုလို့ရတဲ့ နည်းတွေကတော့။Entecavir, Tenofovir, Lamivudine, Adefovirနဲ့ Telbivudine စတဲ့ ဆေးတွေ အသုံးများပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့အတွက် အသည်းပျက်စီးတာ နည်းသွားပါတယ်။ ဆေးတွေ အများကြီးရှိတဲ့အတွက် ဘယ်ဆေးက မိမိနဲ့ သင့်တော်သလဲ။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ  ခံစားရနိုင်လဲ။ စျေးနှုန်း စတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။Interferon alfa-2b(Intron A) ဆိုတာကို သုံးလေ့ရှိကြပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုးကူးခံရပြီး အချိန်ကြာကြာ ကုသမှု မခံယူချင်တဲ့သူတွေ၊ နှစ်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားကြတဲ့ အမျိုးသမီးလူနာတွေမှာ သုံးလေ့ရှိပါတယ်။ Interferonကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ သုံးလို့ မရပါဘူး။  ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့တာ၊ အန်တာ၊ အသက်ရှူရခက်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။အသည်းရောင် အသားဝါ Bပိုး ရှိရုံတင် မဟုတ်ဘဲ ပိုးကြောင့် အသည်းပါ ပျက်စီးနေပြီဆိုရင်တော့အသည်းအစားထိုးဖို့ ပြင်ဆင်ရတော့မှာပါ။ အသည်းအစားထိုးပြီးပေမယ့် Bပိုးအတွက် ဆေးတွေ ဆက်သောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ မဟုတ်ရင် သွေးထဲက ပိုးတွေက အစားထိုးထားတဲ့အသည်းကို ထပ်ပြီး တိုက်ခိုက်ပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/treatment-of-hepatitis-b/
စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။
တစ်နေ့တာမှာ မိသားစုတာဝန်တွေကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးနေပြီလား ။ လူရယ်လို့ဖြစ်လာတဲ့အခါစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေဖို့ဆိုတာက လွယ်ကူလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်နိုင်မှ နောက်ထပ်နောက်ထပ်သော ဖိစီးမှုတွေကနေ ကင်းဝေးမှာလေ။ ဒီတော့ ရှောင်လွှဲရခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား။ စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။စိတ်ဖိစီးမှုက ထိုင်ပြီးတွေးနေလေလေ စိတ်ထိခိုက်ရနိုင်ခြေက များလာလေလေပါ။ ဒီတော့ စိတ်ဖိစီးမှုကြောင့်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ မထိခိုက်စေဖို့အတွက် ဒီနည်းလမ်းလေးတွေကို ကျင့်သုံးစေချင်ပါတယ်။ စိတ်ဖိစီးနေပြီလား ။ ဒီလိုကျော်လွှားလိုက်ပါ။(၁) အသက်ကို ခပ်ပြင်းပြင်းရှူပါ။အသက်ကို ရှိုက်ပြီးရှူလိုက်ပါ။ ဒါက စိတ်ဖိစီးမှုကို အထိရောက်ဆုံးဖြေရှင်းနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒီလိုလုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့်။(၂)တရားထိုင်ပါ။ဒီနည်းကတော့ ရှေးအစဉ်အဆက်ကတည်းက စိတ်ကိုရောကိုယ်ခန္ဓာကိုပါ ပြေလျော့စေဖို့ ကျင့်သုံးလာခဲ့တဲ့ နည်းလမ်း တစ်ခုပါ။တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး သက်သောင့်သက်သာဖြစ်တဲ့ အနေအထားမျိုးနဲ့ တရားထိုင်ပေးပါ။ စိတ်က တစ်ခုတည်းသောအရာပေါ်မှာပဲ အာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပေးပါ။ ဒီနည်းကလည်း စိတ်ဖိစီးမှုကို ကင်းစေတဲ့ နည်းတွေထဲက တစ်ခုပါ။(၃)လေ့ကျင့်ခန်းလုပ်ပါ။တစ်နေ့တာမှာ ၁၅ မိနစ်လောက်တော့။ဒီလိုလေ့ကျင့်ခန်းလေးတွေကို အချိန်ပေးလုပ်ပေးတာက ခန္ဓာကိုယ်ကျန်းမာစေသလို စိတ်ဖိစီးမှုကိုလည်း ကင်းစေနိုင်မှာပါ။(၄) စိတ်ကူးယဉ်ပါ။ဒီနည်းလမ်းကလည်း စိတ်ဖိစီးမှုကို အကောင်းဆုံးပြေလျော့စေမှာပါ။ ဖြစ်ချင်တဲ့ စိတ်ကူးတွေကို ပုံဖော်ကြည့်ပါ။ စိတ်ကူးယဉ်တာက အပြုသဘောဆောင်သလို စိတ်ကို အေးချမ်းစေပါတယ်။စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုပေးနိုင်ပြီး စိတ်ဓာတ်ခွန်အားကို တိုးစေနိုင်ပါတယ်။(၅) အစားကောင်းကောင်းစားပါ။ဗီတာမင် Cကြွယ်ဝတဲ့ လိမ္မော်သီး၊ ကဗ္ဗလာသီးတွေ စားသုံးပေးမှုက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ပြင်Omega-3ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။(၆) ကိုယ့်ကိုကိုယ်အကောင်းမြင်ပါ။လူတစ်ယောက်က ကိုယ့်ကိုကိုယ် အဆိုးပဲမြင်နေမယ်ဆိုရင် စိတ်ဖိစီးမှု ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ အတွေးတွေတွေးပါ။ ကိုယ့်စိတ်ခွန်အားကို ဖြည့်ပေးနိုင်သူက ကိုယ်တိုင်ပဲဆိုတာကို မမေ့ပါနဲ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။(၇)အိပ်ရေးဝဝအိပ်ပါ။ညဘက်မှာ အိပ်ရေးဝဝအိပ်တာက စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးအားဖြည့်နည်းတစ်မျိုးပါ။ ဒါကြောင့် ညစဉ်တိုင်းမှ အနည်းဆုံး အိပ်ချိန် ၇ နာရီထားပြီး စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်လွှားလိုက်ပါ။စိတ်ဖိစီးမှုရဲ့ အနိုင်ယူမှုကို မခံဘဲ ဒီနည်းလေးတွေ သုံးပြီး အကောင်းဆုံး ရင်ဆိုင်ကျော်လွှားကြရအောင်လား…Hello ဆရာဝန်ပရိသတ်ကြီးရေ…………..။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/are-you-stressed-out-and-how-to-overcome/
သင့်ကျန်းမာရေးအတွက် ရေကူး ပါ။
စာဖတ် ပရိသတ်ကြီးထဲမှာရေကူးဝါသနာပါတဲ့သူတွေ ရှိပါသလား။ လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူး တတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက်cardio workoutကိုပါ လုပ်ပြီးသားဖြစ်သလို ရေထဲမှာ မိနစ် ၃၀ လောက်ရေကူးရင် gym မှာ ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက်လည်း ရေကူးခြင်း အားကစားက လုပ်သင့်တဲ့ အားကစားတစ်ခုပါ။လှုပ်လှုပ်ရှားရှားလုပ်ရလေနှလုံးကပိုညှစ်ရလေ ဖြစ်တဲ့အတွက် ရေကူး ခြင်း အားကစားက နှလုံးကြွက်သားတွေရဲ့ ညှစ်အားကို ကောင်းစေပါတယ်။ လေ့လာချက်တွေအရ ရေကူးတတ်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းတောင် လျော့ကျတယ်လို့ ဆိုပါတယ်။ရေထဲက အပေါ်ပြန်တက်ပြီး အသက်ရှူရတဲ့အချိန်ဆိုအဆုတ်ကအောက်ဆီဂျင်ရအောင် အစွမ်းကုန် အလုပ်လုပ်တဲ့အတွက်ကြောင့် အဆုတ်ကြွက်သားတွေ အားကောင်းလာပါတယ်။ ဒါ့အပြင် လေတစ်ခါ ရှူထုတ်တိုင်းကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီးပါသွားပြီး ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်အတွက် နေရာလွတ်တွေ အများကြီးရှိသွားလို့ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ပိုပြီး ချေဖျက်အားကောင်းလာပါတယ်။မြေပြင်ပေါ်မှာ အားကစားလုပ်မှ သက်လုံ ကောင်းစေတာ မဟုတ်ပါဘူး။ ရေကူးတယ်ဆိုတာကလည်း သက်လုံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ အပြင်မှာ ပြေးရင်တောင်ချွေးတွေထွက်ပြီး လူက နုန်းတတ်ပါသေးတယ်။ ရေထဲမှာဆို ချွေးမထွက်တဲ့အပြင် လူကလည်း ရေနဲ့ထိနေရတော့ နုန်းတယ်ဆိုတာ ဘာမှန်းတောင် မသိလောက်အောင် ရေကူး နည်း အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာတစ်ခုပါ။ရေထဲမှာဆို ပျော်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမို့ ရေကူး ခြင်း အားကစားဟာစိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဓာတ်ကျတာတွေ ကို လျော့ပါးစေပါတယ်။ လေ့လာချက်တွေ သေချာ မထွက်သေးပေမယ့်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန် ရေသွားကူးလိုက်ရင် ဖိစီးနေတဲ့ စိတ်တွေ ပြေလျော့ပြီး စိတ်လန်းဆန်းသွားတတ်ကြတာ လူတိုင်းပဲလေ။တစ်ကိုယ်လုံးကို အားသုံးပြီး လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက် ရေကူး ခြင်း အားကစားက ချွေးလည်းမထွက်၊ မောပန်းတာလည်း သိပ်မရှိစေဘဲကယ်လိုရီတွေကို အများကြီးလောင်ကျွမ်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ တစ်နာရီလောက် ရေထဲမှာ ကူးခတ်လိုက်ရင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားတဲ့အတွက် ဒါဟာ တစ်နာရီလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီရဲ့ နှစ်ဆပါ။ရေကူးပြီး ရေထဲက တက်လာရင် သုံးလိုက်တဲ့ energy တွေ ပြန်ပြည့်ဖို့ အတွက် ကိုယ်ခန္ဓာက အစားတွေ ပိုတောင့်တနေတတ်တာကြောင့် ပိုပြီး စားဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အားသုံးထားတဲ့အတွက် ညဆို ပိုပြီး အိပ်ကောင်းတတ်ပါတယ်။ဖုန်းတွေ၊ အင်တာနက်တွေ ပေါ်လာတဲ့အတွက် ကလေးတွေ တစ်နေကုန် အိမ်တွင်းပဲအောင်းနေလို့ သူတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးမှု နှောင့်နှေးနေတတ်ပါတယ်။ ဒီလို ဂိမ်းတွေပဲ ဆော့နေတဲ့ကိုယ့်ကလေးကို ထွားစေချင်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ရှိစေချင်တယ်ဆိုရင်တော့ အားကစားနည်းတစ်ခုခု သင်ပေးလိုက်ပါ။ သက်လုံကိုလည်း ကောင်းစေတယ်၊ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတွေ အများကြီးရှိတယ်၊ ရေလမ်းခရီးသွားရင်လည်း ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ရေကူးနည်း သင်ပေးရင် အကောင်းဆုံးပေ့ါ။ ။ကဲ ဒီလောက်ဆို ရေကူးခြင်း အားကစားဟာ လူတိုင်းအတွက် သင့်တော် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကစားနည်းတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ တခြား လေ့ကျင့်ခန်းတွေလို စက်ကိရိယာတွေ ဈေးကြီးပေး မဝယ်ရတဲ့အတွက် လူတိုင်းလည်း တတ်နိုင်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အားကစားတစ်မျိုးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/swimminh-and-health/
အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ
ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ရင်သားကင်ဆာရောဂါ (Men Breast Cancer)ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ ဆိုတာကို မေးစရာ ရှိပါတယ်။ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။လက်ရှိအချိန်အထိ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်သေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်စေဖို့ တွန်းအားဖြစ်စေတဲ့ အချက်တွေကိုတော့ သိရှိထားနိုင်ပါတယ်။အမျိုးသားတွေရဲ့ ရင်သားကင်ဆာ ဖြစ်ခြင်း အကြောင်းရင်းဟာ သေချာမှု မရှိဘဲ ဖြစ်နှုန်းမြင့်စေတဲ့ အချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ပြီဆိုရင် စိုးရိမ်စရာကောင်းတတ်ပါတယ်။ ပျောက်ကင်းဖို့လည်း ခက်ပါတယ်။ အန္တရာယ်လည်းများပါတယ်။ အမျိုးသားအများစုဟာ ကင်ဆာ စတင်ပြန့်ပွားပြီးမှ ရောဂါရှိနေမှန်း သိသွားကြတာ များပါတယ်။ လူသိများတဲ့ရောဂါ မဟုတ်တာကြောင့် နားလည်မှုလွဲမှားပြီး မှားယွင်းကုသမှုခံယူနေတတ်ကြတာ များလို့ပါ။ အခြေအနေကို သိရှိမှု နောက်ကျတတ်တာကြောင့် အန္တရာယ်များရခြင်းဖြစ်ပါတယ်။အမျိုးသားတွေအနေနဲ့ အဆိုပါရောဂါရှိနေပြီဆိုရင် အသက်ရှင်နိုင်ခြေပမာဏဟာ စတင်သိရှိချိန်မှာ ရောဂါဘယ်လောက် ပြန့်နေပြီလဲဆိုတာပေါ် အများအပြား မူတည်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရင် အောင်မြင်စွာ ကုသနိုင်ပေမယ့်ရင်သားတစ်ရှူးတွေ ပြင်ပအထိ ပြန့်သွားပြီဆိုရင်တော့ ထိရောက်စွာ ကုသဖို့ ခက်ခဲပါတယ်။အဓိက လက္ခဏာကတော့ ရင်သားတစ်ဖက်မှာ အကျိတ်တွေ့ခြင်း ဖြစ်ပြီး ဒီအကျိတ်ဟာ နာကျင်ခြင်းမရှိတတ်ပါဘူး။ အကျိတ်ဟာ နို့သီးခေါင်းနဲ့ ပတ်လည်ရဲ့ အောက်မှာ တည်ရှိတတ်ပါတယ်။ဒါပေမယ့် ရင်သားအကျိတ် အတော်များများဟာ Gynaecomastia လို့ ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် လည်းဖြစ်တတ်ပါတယ်။ ဒါဟာ အဖြစ်များပြီး ကင်ဆာမဟုတ်ဘဲ အမျိုးသားတွေရဲ့ ရင်သားကြီးထွားလာခြင်းသာ ဖြစ်ပါတယ်။ များသောအားဖြင့် အဆိုပါ ရောဂါ ၂ ခုကို မှားယွင်းကုသမိတာမျိုးတွေဖြစ်တတ်ပါတယ်။အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့။ဒီရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရောဂါဆိုတာမျိုးက ဖြစ်ပွားချိန်မှာ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်မဟုတ်လား။အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာကို လျှော့ချဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာ အသုံးပြုဖို့လိုအပ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/causes-of-male-breast-cancer/
ကလေးတွေဥာဏ်ကောင်းစေဖို့ စူပါအစားအစာတွေ
ကလေးတွေဆိုတာ သင်ယူမှုအားအကောင်းဆုံး၊ အသွက်လက်အထက်မြက်ဆုံးအရွယ်လေးတွေပါ။ ဒီလိုအချိန်မှာ အာဟာရပြည့်ပြည့်၀၀ရှိဖို့၊ စားတဲ့အစားအသောက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီးဦးနှောက်ကိုအကျိုးပြုတဲ့ ဓာတ်တွေပါ၀င်ဖို့ သိပ်ကိုအရေးကြီးလှပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေး ဥာဏ်ကောင်းအောင် ပံ့ပိုးပေးနိုင်တဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။ ကလေးတွေဥာဏ်ကောင်းစေဖို့ စူပါအစားအစာတွေ ကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် လေ့လာလိုက်ပါဦးနော်။ကလေးတွေဥာဏ်ကောင်းစေဖို့ စူပါအစားအစာတွေ ကတော့။(၁)ဥအမျိုးမျိုး။ဥတွေဟာ အသားဓာတ်ကြွယ်၀တဲ့ အဓိက အစားအစာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ လူသိနည်းသေးတဲ့ အချက်တစ်ခုကတော့ ဥအနှစ်မှာပါတဲ့ Choline ဆိုတဲ့ ဓာတ်တစ်မျိုးဟာ မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာပါပဲ။ဒါကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ်ပြီး စျေးလဲသက်သာတဲ့ ဥအမျိုးမျိုးကို ကလေးတွေကိုကျွေးဖို့မမေ့နဲ့နော်။(၂)အုတ်ဂျုံ(နှံစားပြောင်း)။အုတ်ဂျုံတွေဟာ မြန်မာပြည်မှာ ကလေးတွေကို ကျွေးတဲ့ ဓလေ့နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ အလွန်အာဟာရပြည့်တဲ့ ကောက်နှံအနေနဲ့ ကျွေးတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂျုံမှာ မနက်ခင်းမှာ ကလေးတွေလိုအပ်တဲ့ ဦးနှောက်အတွက် အလွန်ကောင်းမွန်တဲ့ စွမ်းအင်ကိုထုတ်ပေးပါတယ်။အမျှင်ဓာတ်တွေပေါကြွယ်ဝခြင်းကလဲ အစာအများကြီး အလွန်အကျွံစားလိုစိတ်မရှိအောင် ပံ့ပိုးပေးပါတယ်။ ဗီတာမင် ဘီ၊ အီး ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ်တွေက ခန္ဒာကိုယ်နဲ့ ဦးနှောက်ကို အကောင်းဆုံးစွမ်းဆောင်ဖို့ ကူညီပေးပါတယ်။ အုတ်ဂျုံကို အခုအခါ စူပါမားကတ်တွေမှာအလွယ်တကူ၀ယ်လို့ရနေပါပြီ။(၃)ဟင်းသီးဟင်းရွက်အရောင်စုံလေးတွေ။ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖယုံသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ အရောင်အသွေးစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါတဲ့အတွက် ဦးနှောက်ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။(၄)နို့နဲ့ ဒိန်ချဉ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်နဲ့ ဗီတာမင်ဘီဓာတ်တွေပါပါတယ်။ ဒါတွေဟာ ဦးနှောက်တစ်ရှူး၊ နူရိုထရန်စမစ်တာလို့ခေါ်တဲ့ ဓာတ်ပစ္စည်းနဲ့ အင်ဇိုင်းဓာတ်တွေဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကိုလဲ ပေးပါတယ်။(၅)အသားအမျိုးမျိုး။သံဓာတ်ဟာ သွေးအားကောင်းဖို့နဲ့ အာရုံစူးစိုက်နိုင်ဖို့ အလွန်အရေးကြီးတဲ့ ဓာတ်ပါ။ အမဲသားမှာ သံဓာတ်တွေကြွယ်၀စွာပါ၀င်တာမို့ ကလေးတွေကို ကျွေးသင့်ပါတယ်။ဒါ့အပြင် သွပ်ဓာတ်ပါတဲ့အတွက် မှတ်ဥာဏ်ကိုကောင်းစေပါတယ်။သက်သက်လွတ်သမားတွေ၊ အသားမစားတဲ့ ကလေးတွေဆိုရင်တော့ သံဓာတ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပဲပိစပ်အပါအ၀င်ပဲအမျိူးမျိူး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ဟင်းနုနွယ်ရွက်တွေကို စားပေးနိုင်ပါတယ်။(၆)ဘယ်ရီသီးများ။စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီနဲ့ ဘလက်ဘယ်ရီတွေဟာ အရောင်တွေတောက်ပတာနဲ့အညီ အာဟာရတွေလဲ သိပ်သိပ်သည်းသည်း ပါ၀င်ပါတယ်။ ဗီတာမင်စီအပါအ၀င် တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလဲ ကင်ဆာကိုကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေမှန်မှန်စားသုံးပေးတဲ့အခါ မှတ်ဥာဏ်တိုးတက်ကောင်းမွန်တာကိုတွေ့ရပါတယ်။(၇)ပဲအမျိုးမျိုး။ပဲတွေဟာ အသားဓာတ်နဲ့ ကာဘိုက်ဒရိတ်ခေါ် ကစီဓာတ်တွေ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အထူးအစားအစာတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့ ခွန်အားကိုတိုးတက်စေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလဲ တိုးတက်စေပါတယ်။ကျောက်ကပ်ပုံပဲတွေမှာ တခြားပဲတွေထက် အိုမီဂါ 3 ပိုပါပါတယ်။ အိုမီဂါ 3 ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။(၈)ဆယ်လ်မွန်ငါး။အဆီများတဲ့ ငါးတစ်မျိုးဖြစ်ပြီး အိုမီဂါ 3 DHA နဲ့ EPA လို ဓာတ်မျိုးတွေ ပါဝင်တဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကြီးစွာသော အထောက်အပံ့ကိုဖြစ်စေပါတယ်။ တူနာငါးမှာလဲ အိုမီဂါ 3 ပါ၀င်ပေမယ့် ဆယ်လ်မွန်ငါးလောက်တော့ အများကြီးမပါပါဘူး။ ဒါကြောင့် သင့်ကလေးကို ဥာဏ်ကောင်းစေချင်ရင် ဆယ်လ်မွန်ငါး များများကျွေးပေးသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/foods-for-child-brain-development-and-learning-skill/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/cyanide-poisoning-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%b9%e1%80%80%e1%80%b9-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9e%e1%80%84/
အဝလွန် မှုရဲ့ နောက်ဆက်တွဲကင်ဆာအမျိုးအစားများ
ဝလို့ လှလို့ပဲ ရှိတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတုန်းလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုပါပြီ။ အကြောင်းကတော့ ဝတိုင်း မလှပါဘူး။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် အဝလွန် လာမယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် အထဲမှာ ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင်ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ကင်ဆာ အများစုက အဝလွန် ခြင်းကနေ အရင်းခံလာတာ များပါတယ်။ လေ့လာမှု အချက်အလက် အများစုအရ အဝလွန် တာဟာ နောက်ပိုင်းမှာ ကင်ဆာတွေကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။အဝလွန် တဲ့ သူတွေဟာခန္ဓာကိုယ်ထဲမှာ အဆီများသလို ရောဂါဖြစ်နိုင်ခြေကလည်း ပိုများပါတယ်။အဝလွန် မှုရဲ့ နောက်ဆက်တွဲကင်ဆာအမျိုးအစားများ အထဲမှာ အခုလိုကင်ဆာတွေလည်း ပါဝင်နေပါတယ်။အဝလွန် တဲ့ အမျိုးသမီးတွေ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့ အမျိုးသမီးတွေဟာပုံမှန် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် သားအိမ်အတွင်းနံရံမှာဖြစ်တဲ့ သားအိမ်ကင်ဆာ ခံစားရနိုင်ခြေက ပုံမှန်ထက် ၇ ဆလောက်ကို ပိုများနေတာပါ။ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နေတဲ့ လေဒီလေးတွေဟာ အသက်အရွယ်ရလာတဲ့အခါသားအိမ်ကင်ဆာခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေတတ်ပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေသူတွေမှာ ပုံမှန် ကိုယ်အလေးချိန်ရှိသူတွေထက် အစာရေမျိုကင်ဆာ ဖြစ်နိုင်ခြေ ၂ ဆကနေ ၄ ဆ အထိ ပိုများနေပါတယ်။ အစာရေမျိုနံရံကင်ဆာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။အဝလွန် တဲ့သူတွေ၊ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေသူတွေဟာ အစာအိမ်ကင်ဆာ ခံစားနိုင်ခြေက ပုံမှန်ထက် ၂ ဆ ပိုများနေပါတယ်။အဝလွန်သူတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၂ ဆလောက်ပိုများနေပါတယ်။ အဝလွန်ရင် အသည်းကင်ဆာဖြစ်နိုင်ခြေများတာက အမျိုးသားရော၊ အမျိုးသမီးမှာပါ အတူတူပါပဲ။အဝလွန်တဲ့ အခါ သွေးတိုးက အလွယ်တကူ ဝင်လာပါမယ်။သွေးတိုးတာရဲ့ နောက်ဆက်တွဲက ကျောက်ကပ် ပျက်စီးပါတယ်။ ဒီလိုကနေ အချိန်ကြာလာတဲ့အခါ ကျောက်ကပ် ကင်ဆာဖြစ်လာနိုင်ပါတယ်။အဝလွန် နေသူတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် ကျောက်ကပ်ကင်ဆာ ခံစားရနိုင်ခြေ ၂ ဆလောက် ပိုများနေတာကြောင့် သတိထားစေချင်ပါတယ်။အဝလွန် တာဟာ ဦးနှောက် နဲ့ ပင်မအာရုံကြောမကြီးတွေမှာ ကင်ဆာကျိတ် ဖြစ်ပေါ်ခံစားရနိုင်ခြေ များစေပါတယ်။ အဝလွန်နေသူတွေမှာ ဦးနှောက် နဲ့ ပင်မ အာရုံကြောမှာအကျိတ်ဖြစ်နိုင်ခြေက ၁.၅ ဆ လောက်ပိုများနေပါတယ်။ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် အဝလွန်နေသူတွေမှာ ပန်ကရိယ ကင်ဆာ ခံစားရနိုင်ခြေက ၁.၅ ဆ လောက်ပိုများနေပါတယ်။အူမကြီးကင်ဆာက အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုပေမယ့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေမယ်၊ အဝလွန် နေမယ်ဆိုရင်တော့ အူမကြီး ကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၁.၃ဆလောက် ပိုများနေပါတယ်။သည်းခြေအိတ်ကင်ဆာက ရှိနေတဲ့ ကိုယ်အလေးချိန်ပေါ် လိုက်ပြီး ခံစားရနိုင်ခြေ ကွာခြားပါတယ်။ လူတစ်ယောက်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေမယ်ဆိုရင် သည်းခြေအိတ် ကင်ဆာ ခံစားရနိုင်ခြေက သာမန်ထက် ၁.၂ဆ၊ အဝလွန်နေမယ်ဆိုရင် သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေက ပုံမှန်ထက် ၁.၆ဆ ပိုများနေပါတယ်။ဒီကင်ဆာတွေအပြင် အဝလွန်တာကရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ ခံစားရနိုင်ခြေတွေကိုလည်း တိုးစေပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/obesity-and-cancer/
သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ
နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့် ကမ္ဘာနှင့်တစ်ဝှမ်း ခြောက်သန်းမျှသော လူများ သေဆုံးနေရပါတယ်။ ဒီလိုသေဆုံးမှုမျိုးရဲ့ (၆၀၀,၀၀၀) သောသေဆုံးမှုများဟာ ဆေးလိပ်ငွေ့ကို ရှူရိုက်ခြင်း ကြောင့်ဖြစ်ပါတယ်။ဆေးရွက်ကြီးကို သုံးစွဲခြင်းဟာ ရောဂါအမျိုးအစားပေါင်း (၂၅)မျိုးလောက်ရဲ့ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်သူရဲ့ ကလေး (၁)ဦးဖြစ်ခဲ့လျှင် သင့်မိဘကို ၎င်းတို့ရဲ့ ကျန်းမာရေးအတွက်သာမက မိမိကျန်းမာရေးအတွက်ပါ ကောင်းမွန်စေရန် ဆေးလိပ်ဖြတ်ခိုင်းသင့်ပါတယ်။တကယ်တော့ ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဆေးလိပ်သောက်သုံးသူက လိုလိုလားလားနှင့်ဖြတ်လိုသော ဆန္ဒရှိမှ အဆင်ပြေပါတယ်။ ဒီလိုဆန္ဒမျိုးဖြစ်ပေါ်လာအောင် အောက်ပါအချက်များဖြင့် တိုက်တွန်းမှုပြုကြည့်ပါ။အချိန်ကောင်းကိုရှာပြီး သင့်ဖခင်နှင့် သေသေချာချာထိုင်ပြီး စကားပြောဆွေးနွေးကြည့်ပါ။ သင်က သင့်ဖခင်ကို ဆေးလိပ်ဖြတ်စေလိုပြီး ဘာကြောင့်ဖြတ်သင့်သလဲဆိုတာ ပြောပြပါ။ သင့်ဖခင်က လိုလိုလားလား နှင့်ဆွေးနွေး လိုစိတ်ရှိမရှိမေးမြန်းပါ။ဆေးလိပ်ဖြတ်တာနှင့် ပတ်သက်ပြီး မေးခွန်းများနှင့် လိုက်နာနိုင်လောက်တဲ့ သင့်တော်သော နည်းလမ်းများကို ပြောပြပါ။ သင့်ဖခင် ပြောဆိုသမျှကိုလည်း သေချာနားထောင်ဖို့ အရေးကြီးပါတယ်။အချိန်ကြာမြင့်စွာ သောက်လာတဲ့သူအများစုမှာ ဆေးလိပ်ဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ ယူဆထင်မြင်ကြပါတယ်။ ဒါကြောင့် ဒီအတွက်လည်း အခြားနည်းလမ်းများရှိကြောင်း သေချာစွာ ပြောပြဆွေးနွေးပါ။ဒီလုပ်ဆောင်မှုမှာ မိသားစုဝင်အားလုံး ပါဝင်ဖို့ အရေးကြီးပါတယ်။ သင့်ဖခင်နှင့် မောင်နှမသားချင်းများထံမှ အကူအညီတောင်းယူပါ။ မိသားစုဝင်များက ပြောပြနှစ်သိမ့်၍ အချို့ဆေးလိပ်သောက်သူများက ဆေးလိပ်ဖြတ် လိုကြပါတယ်။ သင့်ဖခင်နှစ်သိမ့်အားပေးရန် မိသားစုအဖွဲ့တစ်ခုထူထောင်ပါ။လူများများပါဝင်လေ မေးခွန်းအားလုံးကို သင်တစ်ဦးတည်း ဖြေဆိုစရာ မလိုအပ်တဲ့အတွက် ပိုမိုကောင်းမွန်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နီကိုတင်းအစားထိုးကုထုံးများ၊ ဆေးဝါးများနှင့် ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် သင့်ဖခင်ကို ဆရာဝန်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးစေပါ။ ဒါ့အပြင် ကူညီထောက်ပံ့မူပေးသော အဖွဲ့အစည်းများ (Support group) (သို့မဟုတ်) နှစ်သိမ့်ဆွေးနွေးသူနှင့် တွေ့ဆုံရန် တိုက်တွန်းပါ။သင့်ဖခင်ကိုဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း သိအောင်ပြုလုပ်ပါ။ ဆေးလိပ်သောက်သူများဟာ သာမန်သူများထက် (၁၃)နှစ်စော၍ အသက်ဆုံးရှုံးနိုင်ပါတယ်။သင့်ဘ၀ တစ်သက်တာ ဖြစ်စဉ်များ ဘွဲ့ယူချိန်၊ လက်ထပ်ထိမ်းမြားချိန်၊ သင့်ကလေးမွေးဖွားချိန်များတွင် သင့်ဖခင်ကို အတူရှိစေလိုကြောင်းပြောပြပါ။ ဘဝသက်တမ်း အမှတ်တရများနှင့် သင့်ဖခင်ရဲ့ ဘဝသက်တမ်း အမှတ်တရများကို အတူတကွ အသက်ရှင်လျက် ဖြတ်သန်းသွားလိုသည့်အတွက် ဆေးလိပ်ဖြတ်စေလိုကြောင်း သင့်ဖခင်ကို တိုက်တွန်းပါ။ဆေးလိပ်သောက်ခြင်းကို မစဉ်းစားမိစေရန် မိသားစုဝင်များက သင့်ဖခင်ကို အလုပ်များများ လုပ်ဆောင်စေပါ။ လမ်းလျှောက်ထွက်ခြင်း၊ အားကစားပြုလုပ်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းများတွင် ပါဝင်စေပါ။ လှုပ်လှုပ်ရှားရှား နေခြင်းဖြင့် စီးကရက်ကို မေ့လျော့နေတတ်ကြပါတယ်။ဆေးလိပ်ဖြတ်ခြင်းကြောင့် သင့်ဖခင်အတွက် မည်မျှ ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးပါ။ ဆေးလိပ်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို နှစ်သိမ့်ဆွေးနွေးသူနှင့် တိုင်ပင်ခြင်းဖြင့် အဆိုပါ ဖြစ်စဉ်များကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြတ်သန်းပါ။ ဒီလို အချိန်မျိုးမှာ သင့်ဖခင်မှာ စိတ်အပြောင်းအလဲဖြစ်ခြင်းနှင့် ကတောက်ကဆဖြစ်လွယ်လို့ သင့်ဖခင်ကို စိတ်မဆိုးမိစေပါနှင့်။· နောက်ဆုံးဆေးလိပ်သောက်ပြီး မိနစ် (၂၀)အကြာတွင် ဆေးလိပ်သောက်သူရဲ့ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းများမှာ ပုံမှန်နေရာကို ပြန်လည်ကျဆင်းလာပါတယ်။· ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အတွင်း ဆေးလိပ်သောက်သူရဲ့ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ချေမှာ (၅၀)ရာခိုင်နှုန်းကျဆင်းပါတယ်။· (၁၀)နှစ်မှ (၁၅)နှစ်ကြာ ဆေးလိပ်ဖြတ်ထားသူမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေမှာ လက်ရှိဆေးလိပ်သောက်သူရဲ့ တစ်ဝက်သာရှိပါတယ်။· ဆေးလိပ်ဖြတ်သူတွေမှာ ဘဝနေထိုင်မှုပုံစံ ပိုမိုမြင့်မားပြီး အအေးမိ နှာစေးတုပ်ကွေးမိခြင်း ပိုမိုလျော့ကျလာပြီး မိမိကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာနိုင်ကာ လေပြွန်ရောင်ရမ်းခြင်းနှင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ကိုလည်း လျော့ကျစေပါတယ်။· အစားအသောက် စားရသည်မှာ ပိုမိုကောင်းမွန်လာပါတယ်။ (ခံတွင်းပိုလိုက်လာပါတယ်။)။· အနံခံအာရုံလည်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။· နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ – လှေကားတက်ခြင်း (သို့)အိမ်မှုကိစ္စပြုလုပ်ခြင်း မှာလည်း ယခင်ကဲ့သို့ မောနေခြင်း မရှိပါ။· တစ်နေ့ဆေးလိပ်တစ်ဘူးသောက်သူများဟာ ဆေးလိပ်ဖြတ်လိုက်လျှင် တစ်နှစ်ကို ဝင်ငွေ (၁၄၀၀) ဒေါ်လာ စုဆောင်းနိုင်ပါတယ်။ တစ်နေ့ဆေးလိပ် (၂)ဘူး သောက်သူများမှာဆိုရင် ဝင်ငွေ (၂၈၀၀)ဒေါ်လာကျော် စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။အသက်ကြီးသူများမှာလည်း ချီးမွမ်းခြင်းကို သဘောကျကြပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကို သမိုင်းမှတ်တိုင်ထူပြီး အားပေးခြင်းဖြင့် သင့်ဖခင်အတွက် စိတ်ခွန်အား အပြည့်ရရှိစေမှာ ဖြစ်ပါတယ်။ဆေးလိပ်ဖြတ်ခြင်းမှာ အင်မတန်ခက်ခဲလှပါတယ်။ မိဘကို ဆေးလိပ်ဖြတ်စေဖို့ စည်းရုံးသိမ်းသွင်း ရာမှာလည်း ကသိကအောက်ဖြစ်ပြီး ခက်ခဲပါတယ်။ နောက်ဆုံးမှာ အခြားသူများကို မဟုတ်ဘဲ သင့်ကို သာပြောဆိုကြမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေမျိုးမှာ ဆေးလိပ်သောက်နေသူ တစ်ဦးကို ဆေးလိပ်ဖြတ်ရန်လမ်းကြောင်း ပြသအားပေးတိုင်ပင်ခြင်းသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/give-up-smoking/
နောက်ကျောအောင့်တာကို သက်သာစေဖို့
ခါးနာတာမျိုး မဟုတ်ဘဲ နောက်ကျောထဲက ထိုးပြီး အောင့်နေသလိုမျိုး ခံစားနေရပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီတစ်ခေါက်တော့ခါးနာတာမဟုတ်တဲ့ နောက်ကျောအောင့်တာကို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။နောက်ကျောအောင့်တဲ့အခါဒီလိုခံစားရတတ်ပါတယ်။နောက်ကျောကကြွက်သားတွေ၊ ကျောရိုးဆစ်တွေနဲ့ ဖွဲ့စည်းထားသလိုနေ့စဉ် လှုပ်ရှားမှုတွေအတွက် အရေးပါပါတယ်။ ဒါကြောင့် နောက်ကျောအောင့်တာကို ဖြစ်စေနိုင်တဲ့အချက်တွေကလည်း အများကြီးပါ။ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက။နောက်ကျောအောင့်တာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ကျန်းမာရေး ပြဿနာတစ်ခုပါ။ အာရုံစိုက် လုပ်ဆောင်ဖို့ကိုလည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်လို့ရတဲ့အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ နောက်ကျောအောင့်တာကိုခံစားခဲ့ရဖူးကြပါတယ်။  ဒီတော့ နောက်ကျောအောင့်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် နောက်ကျောအောင့်နိုင်ပေမယ့် နောက်ကျောအောင့်တာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ယောဂလေ့ကျင့်ခန်း လုပ်တာတွေက နောက်ကျောအောင့်တာကို သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာကတောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝအကိုက်အခဲပျောက်ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက နောက်ကျောအောင့်တာကိုသက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။နောက်ကျောအောင့်တဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။စစဖြစ်ခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။အချိန် အတော်ကြာထိ မသက်သာဘဲ နောက်ကျော အောင့်နေမယ်ဆိုရင် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို နာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။အပူလောင်တာနဲ့အရေပြား တစ်ရှူးတွေထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။တစ်ခါတလေမှာ နောက်ကျောအောင့်တာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။ကဲ..နောက်ကျော အောင့်တာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/upper-back-pain-causes/
ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် ပလာစတာ ဒါမှမဟုတ် ပတ်တီးရွေးချယ်မယ်
ကလေးငယ်တွေက မွေးကင်းစကနေလမ်းမလျှောက်ခင်အချိန်ထိကတော့ သူတို့လေးတွေထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပေးဖို့က အရမ်းတော့မခက်လှပါဘူး။ ဒါပေမယ့် လမ်းလျှောက်စမ်းတဲ့အရွယ်ကနေ ပြေးလွှားဆော့တတ်တဲ့အရွယ်မှာတော့ထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပေးဖို့ဆိုတာက နည်းနည်းခက်ခဲလာပြီလို့ပြောရပါမယ်။ ကလေးဆိုတာကလည်း အငြိမ်မနေ ဆော့နေတတ်ကြတာပါ။ ဒါကြောင့် သူတို့လေးတွေကိုထိခိုက်ဒဏ်ရာမရအောင်လုပ်ဖို့ကမလွယ်တာကြောင့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို သိထားဖို့တော့လိုပါမယ်။အလန့်ပြေအောင်လုပ်ပေးပါ။ကလေးမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အရင်ဆုံးလုပ်ရမှာကသူတို့လေးတွေလန့်သွားခဲ့ရင် အလန့်ပြေအောင်ချော့ပေးဖို့ပါ။ ပြီးရင်တော့ရေနည်းနည်းလောက်တိုက်ပေးရပါမယ်။လက်တွေကို ဆေးကြောပါ။ကလေးရဲ့အနာကို မကိုင်တွယ်ခင်မှာ အရင်ဆုံးလက်တွေကို သန့်စင်အောင်ဆေးကြောရပါမယ်။ အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်လုပ်တာက အနာကိုပိုးမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။သွေးတိတ်အောင်လုပ်ပေးပါ။ကလေးက သွေးထွက်တဲ့အနာမျိုးရထားတာဆိုရင်တော့သွေးတိတ်အောင်လုပ်ပေးရပါမယ်။ အဝတ်သန့်သန့်လေးတစ်ခုနဲ့ အနာပေါ်ကို ဖိပေးတာမျိုး၊ ရေခဲဝတ်ကပ်ပေးတာမျိုး၊ရေအေးအေးလေးနဲ့ဆေးပေးတာမျိုးလုပ်ပေးရပါမယ်။ သွေးတိတ်သွားစေဖို့အတွက် အနာပေါ်ကို ၅မိနစ်ကနေ ၁၀ မိနစ်လောက်အထိဖိထားပေးပါ။ အချိန်တော်တော်ကြာတဲ့အထိမှ သွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။အနာကို သန့်စင်ပေးရပါမယ်။အနာကို ပိုးဝင်တာမျိုးမဖြစ်စေဖို့အတွက် အကောင်းဆုံးလုပ်နိုင်မယ့်တစ်ခုက အနာကို သန့်စင်ပေးဖို့ပါ။ အနာကိုရေသန့်သန့်လေး၊ ဆပ်ပြာလေးသုံးပြီးသန့်စင်ပေးလို့ရပါတယ်။ အရက်ပြန်နဲ့သုတ်တာ၊ hydrogen peroxide သုံးတာမျိုးမလုပ်ပါနဲ့။ အနာကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို တစ်ရှူးတွေပျက်စီးစေနိုင်တာကြောင့်ပါ။antibiotic cream တစ်ခုခုသုံးပေးပါ။အနာကို သန့်စင်ဆေးကြောပြီးသွားရင်တော့ အနာကိုantibiotic cream တစ်ခုခုလူးပေးရပါမယ်။ ဒီလိုလူးပေးတာက အနာကိုပိုးမဝင်အောင်ကာကွယ်ပေးပါလိမ့်မယ်။ အနာမကျက်မချင်း တစ်နေ့ကို တစ်ကြိမ်ကနေ ၃ ကြိမ်လောက် ကလေးရဲ့အနာကိုantibiotic cream လူးပေးပါ။အနာကို ပလာစတာကပ်ပေးပါ။အနာကို ပလာစတာမကပ်ဘဲထားမယ်ဆိုရင် အနာကျက်နှေးနိုင်ပါတယ်။ အနာကို သန့်စင်အောင်ဆေးကြောပြီးတာနဲ့ရေခြောက်အောင်သုတ်ပြီး အနာကိုပလာစတာကပ်ပေးပါ။အာဟာရမျှတအောင် ကျွေးပါ။ကလေးငယ်ကို အာဟာရမျှတအောင်ကျွေးမွေးပေးတာက အနာကျက်စေဖို့အတွက်အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကလေးငယ်မှာ အနာတစ်ခုခုဖြစ်နေတယ်ဆိုရင် ကလေးနေ့စဉ်စားသုံးမယ့်အစားအသောက်တွေထဲမှာ ကြက်သား၊ ငါး၊ပဲအမျိုးမျိုး၊ ဗီတာမင် စီပါတဲ့ အသီးတွေ၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊အခွံမာသီး၊ ဂျုံကြမ်းပေါင်မုန့်တွေကိုထည့်သွင်းကျွေးမွေးပေးရပါမယ်။အနာပိုးဝင်နေလားဆိုတာ စစ်ဆေးပေးပါ။အနာကပြည်တည်နေလား၊ အနံ့ဆိုးထွက်နေလား၊ အရင်ကထက်ပိုနာလာတာမျိုးရှိလားဆိုတာကိုစစ်ဆေးပါ။ ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင် အနာကပိုးဝင်နေတာမျိုးဖြစ်နိုင်တာကြောင့် နီးစပ်ရာဆေးရုံဆေးခန်းကိုသွားရောက်ပြသပေးရပါမယ်။အရေပြားပေါက်ပြဲဒဏ်ရာ– ဒီလိုဒဏ်ရာမျိုးဖြစ်မယ်ဆိုရင်တော့ အနာကအရမ်းမကြီးဘူးဆိုရင် သာမန်အနာကပ်ပလာစတာကို သုံးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာပေါ်မှာ ပတ်တီးခေါက်လေးတင်ပြီး စက္ကူတိတ်လေးနဲ့ကပ်ပေးရပါမယ်။ပြတ်ရှဒဏ်ရာ– ဓားတွေ၊ကတ်ကြေးတွေယူဆော့ရင်းက လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်မိရာကနေဖြစ်နိုင်ပါတယ်။ မီးမီးလေးတွေမှာ ပိုဖြစ်မယ်ထင်ပါတယ်။ ကလေးငယ်မှာ ပြတ်ရှဒဏ်ရာရလာခဲ့ရင် အနာကို ပလာစတာကပ်ထားပေးလို့ရပါတယ်။ လိပ်ပြာပုံစံ ပလာစတာက အဆင်ပြေပါတယ်။ ဒီပလာစတာမျိုးကိုပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့ အသုံးပြုကြပါတယ်။သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာအကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ်တည့်တည့်ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ်ထားပေးရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။ပွန်းပဲ့ဒဏ်ရာ– စက်ဘီးစီးရင်း၊ ပြေးလွှားဆော့ကစားရင်း၊ဘောလုံးကန်ရင်းချော်လဲတာကြောင့်ဖြစ်နိုင်ပါတယ်။ ပွန်းပဲ့ဒဏ်ရာဖြစ်တဲ့ အတွက် antibiotic အဆီပုံစံဆေးတစ်မျိုးမျိုးကိုလူးပေးပြီး ပိတ်ပတ်တီးလေးကို စက္က္ကူတိတ်သုံးပြီးကပ်ပေးထားရင်အဆင်ပြေပါတယ်။အပူလောင်ဒဏ်ရာ– မီးပူလိုမျိုး ပူနေတဲ့အရာတွေကို သတိမထားမိဘဲကိုင်မိတာ၊ ကပ်မိတာ၊ဝင်တိုက်မိတာတွေ။ အိုးပူတွေကိုကိုင်မိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အပူလောင်နာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ပိတ်ပတ်တီးနဲ့adhesive tape ကိုအသုံးပြုပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေadhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။ဆီပူလောင်၊ ရေနွေးပူလောင်ဒဏ်ရာ-မတ်တတ်စမ်းရင်း စားပွဲပေါ်မှာတင်ထားတဲ့ ရေနွေး၊ ကော်ဖီနဲ့လက်ဖက်ရည်လိုမျိုးပူတဲ့အရာတွေကို ဆွဲချမိတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဒဏ်ရာမျိုးက အရည်ကြည်ဖုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်အရည်ကြည်ဖုကို မတော်တဆထိမိပြီးပေါက်ထွက်တာမျိုး မဖြစ်စေဖို့အတွက်moleskin type bandage ကိုအသုံးပြုပေးလို့ရပါတယ်။အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူလောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတော်တဆပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေးထားဖို့တော့လိုပါမယ်။အဆစ်လွဲတာ– ကလေးငယ်တွေက ခုန်ပေါက်ဆော့တာ၊ အမြင့်ကခုန်ချတာတွေဆော့ရင်း မတော်တဆ အဆစ်ရောင်သွားတာမျိုး အဆစ်လွဲသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ထိခိုက်မိတဲ့နေရာကို elastic bandageလေးနဲ့ သိပ်မတင်းမလျော့အနောအထားမျိုးစည်းထားပေးရပါမယ်။ကလေးရဲ့အနာအစွန်းလေးတွေက ပန်းရောင်သန်းနေရင်တော့ အနာကပုံမှန်ပါပဲ။ တကယ်လို့များ အနာက။ကလေးငယ်တွေကို အနာဖြစ်တဲ့အခါ တစ်နေ့ကိုတစ်ကြိမ်တော့ အနာပေါ်မှာကပ်ထားတဲ့ ပလာစတာတွေ ပတ်တီးတွေကို အသစ်လဲပေးဖို့လိုပါမယ်။ ဒီလိုလဲပေးတဲ့အခါမှာလည်း ပလာစတာ၊ပတ်တီးတွေခွာတဲ့အခါ ကလေးငယ်ကိုနာကျင်စေတာမျိုးမဖြစ်အောင် အခုပြောပြမယ့် နည်းလေးတွေကို သုံးပြီးခွာပေးလို့ရပါတယ်။Vaseline ကိုသုံးမယ်– တကယ်လို့သင်က Vaseline ကိုသုံးပြီး အနာပေါ်က ပတ်တီး၊ ပလာစတာကိုခွာမယ်ဆိုရင် အရင်ဆုံး Vaseline ပဲစေ့တစ်စေ့စာလောက်ကိုယူလိုက်ပါ။ ပလာစတာတဝိုက်နဲ့ ပလာစတာပေါ်မှာလူးပေးပါ။ မိနစ်အနည်းငယ်ကြာထားပေးပါ။ ပလာစတာက Vaseline ကိုစုပ်ယူပြီးသွားလောက်ပြီဆိုရင်တော့ ပလာစတာကိုဖြည်းဖြည်းချင်းခွာပေးလို့ရပါပြီ။Baby Oil ကိုသုံးမယ်– Baby Oil ကိုသုံးပြီး ပလာစတာကိုခွာမယ်ဆိုရင်တော့ ဂွမ်းစတစ်စနဲ့ Baby Oil ကိုစုပ်ပြီး ပလာစတာတဝိုက်နဲ့ ပလာစတာပေါ်ကို လိုက်တို့ပေးပါ။ ပလာစတာထဲကို အဆီစိမ့်ဝင်သွားတဲ့အထိထားပေးပါ။ပြီးရင်တော့ ခွာလို့ရပါပြီ။ဟင်းသီးဟင်းရွက်ဆီကိုသုံးမယ်– အပေါ်မှာပြောခဲ့တုန်းကလိုပါပဲ။ ဆီကိုဂွမ်းနဲ့စုပ်ပြီး ပလာစတာပေါ်မှာ တင်ထားပေးပါ။ ပလာစတာထဲကိုဆီစိမ့်ဝင်သွားလောက်တဲ့အထိ မိနစ်အနည်းငယ်ကြာအောင်ထားလိုက်ပါ။ ဆီကိုစုပ်ယူထားတာကြောင့် ပလာစတာကကော်က အရမ်းမကပ်တော့ဘဲ ခွာရတာလွယ်ကူသွားပါလိမ့်မယ်။ဆားရည်ကိုသုံးမယ်– ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရေခပ်နွေးနွေးလေးနဲ့ရောစပ်လိုက်ပါ။ပြီးရင်တော့ ပလာစတာကပ်ထားတဲ့နေရာကို ဆားရည်ထဲစိမ်ထားပေးပါ။ရေနွေးကလည်း ပလာစတာကိုခွာရလွယ်စေနိုင်ပါတယ်။ စိတ်ရှည်ဖို့တော့လိုပါမယ်။သားသားမီးမီးလေးတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အခုပြောတဲ့နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပေးပြီး အနာရောဂါကင်းတဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%91%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%b1%e1%80%9c/
ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့
လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်နော်။ တစ်ခါတလေ ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးသွားနေရတာကို ပျော်နေမိတဲ့ အခိုက်အတန့်တွေရှိတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတိုင်း ကိုယ်ကနှစ်သက်ချစ်ခင်မိတဲ့သူတိုင်းက ကိုယ့်အတွက် ကောင်းကျိုးပဲပေးမယ်ဆိုတာသေချာရဲ့လား။ အချို့သောသူတွေက ကိုယ့်ကို တကယ်ချစ်လို့ တကယ်ကို အားဖြစ်စေတဲ့သူတွေဆိုပေမယ့် အချို့ကတော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ ဖို့သက်သက် ကိုယ့်ဘေးမှာရှိနေတတ်ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။လူတိုင်းက သာမန်ကြည့်ရင်တူတူပါပဲ။ ဒါပေမယ့် ရေရှည်ပေါင်းကြည့်တဲ့အခါမှာတော့ အဆိပ်အတောက်ဖြစ်စေ မယ့်သူတွေမှာ အခုလိုလက္ခဏာတွေတွေ့လာရနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်သူတွေက။သင့်အနေနဲ့ သင့်ရဲ့နေ့ရက်တိုင်းကို ပျော်ချင်တယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေတတ်သူတွေကို မဖြစ်မနေဖယ်ထုတ်ဖို့ လိုပါမယ်။ သင့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့သူတွေ၊ သင့်ကို တကယ်လိုလားသူတွေကိုပဲ ထားတာက သင့်အတွက်စိတ်ခွန်အားရရှိစေနိုင်သလို ပျော်ရွှင်မှုတွေကို ခံစားရလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တိုးစေမှာပါ။သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေ သူတွေက သင့်ကိုစိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေနဲ့ စိတ်ထိခိုက်စရာတွေကိုပဲ ပေးတာကြောင့် ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုချစ်ခင်တဲ့ သင့်ပတ်ဝန်းကျင်က လူတွေကတော့ သင့်မျက်နှာမှာ အမြဲအပြုံးဝေနေစေနိုင်သလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေမှာပါ။လုပ်ငန်းခွင်မှာရော နေ့စဉ်လူနေမှုဘဝမှာပါ ယုံကြည်မှုပြည့်ဝစွာနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းလုပ်ဆောင်နိုင်စေမှာပါ။နေ့ရက်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်က အဆိပ်အတောက်ဖြစ်စေသူတွေကို ရှောင်ရှားလို့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်လေးကို ဖန်တီးထားပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကြောင့်စိတ်ဖိစီးမှုက ရေရှည်မှာ နေထိုင်စားသောက်မှုပုံစံတွေကို ထိခိုက်လာစေနိုင်သလိုလူမှုပေါင်းသင်းဆက်ဆံရေးကို ပါထိခိုက်လာစေနိုင်ပါတယ်။ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင်စောင့်ရှောက်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ကိုအမြဲစိတ်ဒုက္ခပေးနေသူတွေကို ခပ်ကင်းကင်းနေပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အဆင့်ရောက်လာပြီဆိုရင်တော့ ခဏတာခံစားရမယ့်နာကျင်မှုကိုမကြည့်ဘဲ ရေရှည်နာကျင်မှုမဖြစ်စေဖို့ မဖြစ်မနေလျစ်လျူရှုနိုင်ဖို့ ကြိုးစားပါ။ စစချင်းမှာ ခက်ခဲနိုင်ပေမယ့် ရေရှည်မှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာမှုအတွက်ပါ အကျိုးများတာကိုတွေ့ရနိုင်ပါတယ်။အဆိပ်အတောက်ဖြစ်စေ သူတွေကို မဖြစ်မနေချန်ထားခဲ့လိုက်တာက အကောင်းဆုံးပါ။ ဒီတော့ အဆိပ်အတောက် ဖြစ်စေသူတွေကို ကိုယ့်ဘဝထဲကနေဖယ်ထုတ်ဖို့ သေချာဆုံးဖြတ်ပြီးပြီဆိုရင် ဒီအဆင့်လေးတွေအတိုင်းလုပ်လိုက်ပါ။ဒီအချက်တွေကို မမေ့မလျော့ဘဲ နေ့တိုင်းကျင့်သုံးသွားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက်ဖြစ်သူတွေကို ကိုယ့်ဘဝထဲကနေဖယ်ထုတ်သွားနိုင်မှာပါ။ကဲ…ဘယ်လိုလဲ။ စိတ်ချမ်းသာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေတဲ့ အဆိပ်အတောက်ဖြစ်စေသူတွေကို ဘဝထဲကနေ ဖယ်ထုတ်လိုက်တော့နော် Hello ဆရာဝန်ပရိသတ်ကြီးရေ…………………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/dont-hesitate-to-leave-toxic-people/
ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး
အခုလိုမိုးဦးကာလဆိုရင် အင်ဥလေးတွေပေါ်တဲ့ကာလပါ။ အင်ဥလေးကို ခပ်ရွယ်ရွယ်လေးလှီးပြီးကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ မွှေးမွှေးစပ်စပ်လေး ကြော်ထားတဲ့ ဟင်းကို ထမင်းပူပူလေးနဲ့ စားရတာက မိုးဦးကျ ကာလမှာ ထမင်းမြိန်စေပြီး မိုးရာသီရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။ကန်စွန်းဥဆိုတာက ကန်စွန်းကြီးပင်ရဲ့ဥ ဖြစ်တာကြောင့် အင်ဥ ဆိုတာကလည်း အင်ပင်ရဲ့ ဥ ဖြစ်မယ်လို့ ယူဆစရာ ရှိပါတယ်။  တကယ်ကတော့ အင်ဥဆိုတာက အင်ပင်ရဲ့ ဥမဟုတ်ပါဘူး။ ကြွေကျနေတဲ့ အင်ရွက်တွေ မိုးရေနဲ့ထိတဲ့အခါ ပေါက်လာတဲ့မှိုအမျိုးအစားတစ်မျိုးပါ။ အရသာရှိတဲ့ မြေအောင်းမှို တစ်မျိုးဆိုလည်း မမှားပါဘူး။မိုးဥှးကျ ကာလမှာ မိုးလေးကျလိုက် နေရောင်လေး ကျလိုက်ဖြစ်ရာက အင်ရွက်တွေ မြေဆွေးတွေကနေ အင်ဥလေးတွေ ဖြစ်လာတာပါ။ သဘာဝ သစ်ဥ သစ်ဖုတစ်မျိုးပေါ့။ အင်ဥက အပြင်ခွံ မဲမဲလေးဖြစ်ပေမယ့် အထဲကို ခွဲလိုက်တဲ့အခါ ဖြူဖြူလေး ဖြစ်နေမယ်ဆိုရင် လတ်ဆတ်ပြီး စားရတာ အရသာရှိပါတယ်။ အလယ်က မဲနေမယ်ဆိုရင်တော့ အင်ဥက ရင့်နေတာပါ။အင်ဥကို သူ့အတိုင်း ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့နဲ့ ခပ်စပ်စပ်လေး ကြော်စားလို့ရသလို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊သံပုရာသီးတို့နဲ့ သုပ်စားတာ၊ ကန်စွန်းရွက်နဲ့ ကြော်စားတာတွေလုပ်လို့ရပါတယ်။  ဟင်းရည် ချက်သောက်တာမျိုးလည်း စားလေ့ရှိပါတယ်။စားလိုက်ရင်ကောက်ရိုးမှိုလိုမျိုး ခပ်တောင့်တောင့်လေးရှိတဲ့ အင်ဥမှာကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။စားလို့ကောင်းတဲ့ အင်ဥလေးက။ရာသီစာ အင်ဥလေးကို ကြော်စားပြီး ကျန်းမာရေးအာနိသင်တွေ ပြည့်ပြည့်ဝဝ ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/false-earthstar-health-benefits/
ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နဲ့ နှလုံးဆိုင်ရာ ရောဂါတွေဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ ?။ဆေးလိပ်မသောက်ရင် မနေနိုင်အောင် စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ရရှိတဲ့ နီကိုတင်းဓါတ်က ဆယ်စက္ကန့်အတွင်း သင်ရဲ့ဦးနှောက်ထဲ ရောက်ရှိသွားပြီး ပိုကောင်းတဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ ဒီနည်းလမ်းက ဆေးလိပ်သမားတွေကို စိတ်အပန်းပြေစေပါတယ်။ ဒါပေမယ့် ခဏခဏသောက်ဖြစ်တဲ့ လူတွေအတွက် ဒီလိုအခြေအနေကို ရရှိစေဖို့ နီကိုတင်းဓါတ်ကို ပိုမိုပြီး လိုအပ်လာပါတယ်။ ဦးနှောက်ကနေ နီကိုတင်းဓါတ်လိုလာပြီဆိုတာကို အချက်ပေးပြီး ဆေးလိပ်ထပ်သောက်ဖို့ ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ ခန္ဓါကိုယ်ထဲမှာ နီကိုတင်း သံသရာလည်ပါတော့တယ်။စိုးရိမ်ပူပန်စိတ်က နောက်ထပ်စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုပါ။ ဆေးလိပ်က ဆေးလိပ်သမားတွေအတွက် စိတ်သက်သာရာ ရစေတဲ့အရာတစ်ခုအဖြစ် ယုံကြည်နေကြတဲ့အတွက် သူတို့အတွက် စိတ်ပူပန်ကြောင့်ကြမှုတွေ လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီလိုသက်သာရာရစေတာက အခိုက်အတန့်လေးတစ်ခုသာ ဖြစ်ပါတယ်။ ဒီအချိန်ပိုကြာစေဖို့ ဆေးလိပ်သမားတွေအတွက် နောက်ထပ်တစ်လိပ်ထပ်သောက်ဖို့ လိုအပ်လာပါတယ်။ ဒီအချိန်ကို ရှည်ကြာစွာရရှိဖို့ ဆေးလိပ်ထပ်မသောက်တဲ့အခါ မိမိစိတ်ကို ပိုပြီးအာရုံထွေပြားစေပါတယ်။စိတ်ဓါတ်ကျခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ကျွန်တော်တို့ခံစားချက်တွေကို ကောင်းမွန်စေတဲ့ ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ ဓါတုဓါတ်တစ်မျိုးကို ထွက်စေပါတယ်။ စိတ်ဓါတ်ကျနေတဲ့ လူတစ်ယောက်မှာ ဒီဓါတ်က လျှော့နည်းနေတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းဖြင့် ကောင်းမွန်တဲ့ခံစားမှုကို ရရှိစေပြီး စွဲလမ်းစေတာပဲဖြစ်ပါတယ်။ ဦးနှောက်ရဲ့ ဒိုပါမင်း ထုတ်လုပ်တဲ့ဖြစ်စဉ်ကို ဆေးလိပ်သောက်ခြင်းဖြင့် ပြောင်းလဲစေပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကျ စိတ်ညစ်နေတဲ့လူတစ်ယောက်က ဆေးလိပ်ပိုသောက်ဖြစ်ပြီး ဖြတ်ဖို့ ခက်ခဲစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်စွဲတဲ့လူတွေက ပိုပြီး စိတ်ဓါတ်ကျတတ်တဲ့လူတွေလား ဆိုတာနဲ့ စိတ်ဓါတ်ကျနေတဲ့လူက ဆေးလိပ်စသောက်တတ်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမပြောနိုင်သေးပါဘူး။ဒီလိုဖြစ်နေတဲ့လူတွေလည်း ဆေးလိပ်သောက်ဖို့ ဦးတည်စေပါတယ်။ ဒီအခြေအနေမှာရှိတဲ့လူတွေက သာမန်လူတွေထက် ဆေးလိပ်သောက်ဖို့ သုံးဆလောက် ပိုများပါတယ်။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတွေရဲ့ လက္ခဏာတချို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးလိပ်သောက်ဖို့ လိုပါတယ်။ကောင်းမွန်တဲ့စိတ်ခံစားချက် ရရှိစေတဲ့ အခိုက်အတန့်လေးတစ်ခု လိုချင်လို့ လူငယ်တော်တော်များများက ဆေးလိပ်သောက်ကြတာဖြစ်ပါတယ်။ အလုပ်ပြီးဖို့လိုအပ်တာ၊ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာတဲ့အခါမှာ ဒီဟာတွေနဲ့ ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ် လွတ်မြောက်ဖို့အတွက် ဆေးလိပ်သောက်ကြပါတယ်။ ၃၀ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူတွေက စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သောက်ဖြစ်တာလို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ရောဂါထိန်းချုပ်မှုစင်တာက ဆိုထားပါတယ်။ စိတ်ဖိစီးမှုတွေကြုံလာပြီး စိတ်မကျန်းမမာဖြစ်တဲ့အခါမျိုးမှာ ဆေးလိပ်ကို ပိုပြီးသောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုကြုံလာတဲ့အခါမျိုးမှာ ဆေးလိပ်အစား တခြားစိတ်ဖြေဖျောက်စရာ တစ်ခုခုကို ရှာဖွေသင့်ပါတယ်။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%81%bf%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b7%e1%80%b9/
ကိုယ်တိုင်တောင် မသိလိုက်တဲ့ ကိုယ့်ရဲ့ အကျင့်ဆိုး တွေ ဘယ်လောက်တောင်ရှိနေသလဲ
တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ်အဆိပ်အတောက်ဖြစ်စေတဲ့အပြုအမူတွေက ညင်သာပါတယ်။ စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည်ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့ အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။ အမှန်တော့ ကိုယ်တိုင်သတိမထားမိလိုက်တဲ့ ကိုယ့်ရဲ့အဆိပ်အတောက်အပြုအမူက အစပြုခဲ့တာလည်းဖြစ်နိုင်နေတာပဲလေ။ ဒီထဲမှာ ကိုယ်လုပ်မိနေကျ အပြုအမူတွေပါနေသလားပြန်စဉ်းစားကြည့်လိုက်ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်လာပါလိမ့်မယ်။တစ်ဖက်လူရဲ့ နာကျင်မှုကို အသေးအဖွဲလို သတ်မှတ်ခြင်း။တစ်စုံတစ်ယောက်ရဲ့ နာကျင်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်ကအလွယ်လေး အပေါ်ယံသုံးသပ်လိုက်တာ သိပ်မှားပါတယ်။ စိတ်မပါတဲ့ အပေါ်ယံအားပေးစကားတွေနဲ့ပြောခဲ့ပေမယ့် ကိုယ့်အမြင်နဲ့ တခြားသူကိုပြန်ပြောပြတဲ့အခါ ဘာမဟုတ်တာလေးကိုခံစားနေတယ်လို့ လျှော့မတွေးလိုက်သင့်ပါဘူး။ ဒီလိုတွေးလိုက်ပြီးပေါ့ပေါ့ဆက်ဆံလိုက်မိတာ၊ သူ့ဘေးမှာ ဟီးဟီးဟားဟားပျော်ရွှင်ပြလိုက်မိတာ၊ သူ့ခံစားချက်ကို လျစ်လျူရှုတာမျိုးနဲ့ ပိုနာကျင်စေခဲ့တာ ကိုယ်ကသတိထားမိမှာမဟုတ်ပါ။ဒါ့ကြောင့် ကိုယ်ကလိုက်နားလည်မပေးနိုင်ရင်၊ မကူညီနိုင်ရင်တောင် သူခံစားနေရတာ ဒီတိုင်းလေးထားလိုက်ပါ။ အပိုတွေဝင်ပြောဖို့ သင့်မှာတာဝန်မရှိပါဘူး။ စာနာမှုနဲ့ဆက်ဆံပေးပါ၊ ထိုက်သင့်တဲ့အားနာမှု၊ သိတတ်မှုလေးရှိထားရင်ဖြစ်ပါတယ်။အမြဲမပြတ်ဝေဖန်နေခြင်း။ဒီလိုမျိုးက လူကြီးမိဘတွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာလည်းဖြစ်တတ်တာပဲ။ အဲဒီလူဘာပဲလုပ်လုပ် ကိုယ့်စိတ်ထဲ မကောင်းမမြင်ရင်တောင်ထောက်ပြစရာလေးရှိနေတာမျိုး။ အပြစ်ပြောဖို့မရည်ရွယ်ပေမယ့် သူ့အပြစ်ကိုမီးမောင်းထိုးပြသလိုဖြစ်စေခဲ့တဲ့ ကိုယ့်ရဲ့ထောက်ပြမှုကြောင့်ပြဿနာရှိနိုင်ပါတယ်။ ဟိုနားလေးက ဟိုလိုဖြစ်နေတယ်နော်၊ ဒါလေးပြင်လိုက်ပါဦး၊ သူများပြောမှာစိုးလို့ပါ ဆိုတဲ့စကားတွေနဲ့ ကိုယ်ကအရင်ပြစ်တင်ဝေဖန်မိနေတာ သင်သိရဲ့လား။ကောင်းစေချင်လို့ပြောတယ်ဆိုလည်း နှစ်ဦးတည်းရှိချိန်မှာပြောပါ၊ သူများရှေ့မှာပြောတာဟာကောင်းစေချင်တာထက် အမှားကိုကြေညာပေးသလိုဖြစ်စေတတ်ပါတယ်။ဒါကတော့ သူစိမ်းတွေကြားမှာ တွေးစရာမလိုတဲ့အချက်ပါ။ လူတစ်ယောက်နဲ့သိပ်ရင်းနှီးတယ်ထား၊ သူအခက်အခဲကြုံနေချိန်မှာ မသိသလိုနေလိုက်မိတာ၊ ကူညီလို့အားပေးလို့ရသားနဲ့ မဆိုင်သလိုနေခဲ့မိတာမျိုးပါ။ ကိုယ့်အကျင့်ကဒီလိုပဲနေတတ်လို့ ဝင်မပါတာဆိုလည်း အပြစ်မရှိပါဘူး။ ဒါပေမယ့် ကူညီချင်ယောင်မဆောင်ဖို့ပါ။ အစပိုင်းမှာ အားပေးသလိုလို၊ အနားမှာရှိသလို ကတိတွေပေးခဲ့ပြီး တကယ့်အချိန်မှ အကြောင်းပြချက်ကောင်းကောင်းနဲ့ရှောင်လိုက်တာမျိုးက တစ်ဖက်ရဲ့မျှော်လင့်ချက်နဲ့ ရင်းနှီးမှုအစစ်အမှန်ကို ရိုက်ချိုးလိုက်နိုင်ပါတယ်။ဒါ့ကြောင့် ကိုယ်ကူညီနိုင်တာကိုပဲပြတ်ပြတ်သားသားပြောပါ၊ မလုပ်ပေးနိုင်တာတွေနဲ့ ပုံမပြောပါနဲ့။ ဘာအကူအညီလိုအပ်သလဲ ပွင့်ပွင့်လင်းလင်းမေးပါ။ မလုပ်ပေးနိုင်တာတွေပဲပြောပြီးရှောင်နေမယ့်အစားသေးသေးလေးပဲဖြစ်ဖြစ် တတ်နိုင်တဲ့အပိုင်းကူညီပေးပါ။ မလုပ်ပေးနိုင်လည်းအဖော်ပြုပေးတာ ခင်မင်ရင်းနှီးမှုအစစ်ပါ။အဆိပ်အတောက်ကင်းတဲ့ ရှင်သန်ခြင်းနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေနော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%99%e1%80%9e%e1%80%ad%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9/
ကလေးများ သွားပိုး မစားစေဖို့
ကလေးတွေဟာ ငယ်စဉ်ကတည်းက အချိုတွေ အစားများတာကြောင့်ရော၊ သွားကို ဂရုမစိုက်တာကြောင့်ရော၊ မေမေတွေက ကလေးတွေကို သွားတိုက်ဖို့ သတိမထားတာကြောင့်ရော သွားပိုး စားတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေက အရွယ်မတိုင်ခင် သွားပိုးစားတာ၊ ငယ်သွားလဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကြည့်လိုက်ရင် သွားမည်းမည်းလေးတွေ၊ သွားကျိုးလေးတွေ ဖြစ်နေတာပေါ့။သွားကိုက်တာကြောင့် ဂျီကျတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ကလေးငယ်ငယ်လေးတွေမှာ ဘာတွေကြောင့်များ သွားပိုးစားရတာလည်း၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။သွားပိုးစားတယ်ဆိုတာသွားကြွေလွှာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာကို ပြောတာပါ။ သွားကြွေလွှာဆိုတာ သွားရဲ့ အပြင်ဆုံးအလွှာပါ။ သွားပိုးစားတာကြောင့် သွားမှာ အပေါက်တွေ ဖြစ်လာပါတယ်။သွားပိုးစားတာက ဘက်တီးရီးယားနဲ့ အခြားအကြောင်းတွေကြောင့်ပါ။ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေ (အထူးသဖြင့် ချိုပြီး စေးကပ်တဲ့) စားပြီးတဲ့အခါ အကြွင်းအကျန်တွေက သွားမှာ ကပ်ပြီး ကျန်ခဲ့တတ်ပါတယ်။ ဥပမာ နို့၊ သစ်သီးခြောက်၊ သကြားလုံး၊ ကိတ်၊ သစ်သီးဖျော်ရည်တွေ၊ ပေါင်မုန့်တို့ စားပြီးရင်ပေါ့။ ဒီအခါမှာ ပါးစပ်ထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေက ဒီအစားအစာတွေကို ချေဖျက်လိုက်ပြီး အက်စစ်ဓာတ်တွေ ထွက်လာပါတယ်။ဘက်တီးရီးယားရယ်၊ အစာရယ်၊ အက်စစ်ရယ်၊ တံတွေးရယ်ပေါင်းပြီးသွားချေးဖြစ်လာပါတယ်။ ဒီသွားချေးက သွားမှာကပ်ပြီး အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားတွေကြောင့် ထွက်လာတဲ့ အက်စစ်ဓာတ်တွေက သွားကြွေလွှာကို ဖျက်ဆီးလိုက်တာကြောင့် သွားပိုးပေါက်တွေ ဖြစ်လာတာပါ။ အပြင်မှာ လူတွေ ထင်သလို သွားထဲကနေ ပိုးကောင်တွေ ထွက်လာတာမျိုး မဟုတ်ပါဘူး။ကလေးတိုင်းရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေတဲ့အတွက် ကလေးတိုင်း သွားပိုးစားနိုင်တယ်လို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် အောက်ကအချက်တွေ ရှိရင်တော့ ပိုပြီး သွားပိုးစားနိုင်ချေ ရှိပါတယ်။ကလေး တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ များသောအားဖြင့်တော့။ခံစားရတာကတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ တချို့ကလေးတွေက သွားပိုးပေါက် ရှိပေမယ့် ဘာလက္ခဏာမှ မပြတာတွေ ရှိပါတယ်။ တစ်ခါတစ်လေ သိတောင်မသိဘဲ သွားဆရာဝန်နဲ့ သွားပြမှ တွေ့တာမျိုးလည်း ရှိပါတယ်။ တချို့ကလေးတွေကျတော့။ကုသနည်းတွေကတော့ ကလေးရဲ့ အသက်၊ ကျန်းမာရေး အခြေအနေနဲ့ ခံစားရတဲ့ လက္ခဏာပေါ်မှာ မူတည်ပါတယ်။ နောက်ပြီး သွားပိုးပေါက်က ဘယ်လောက်အခြေအနေဆိုးလဲပေါ်  မူတည်ပြီး ကုသပေးရပါတယ်။ များသောအားဖြင့်တော့ သွားပိုးစားနေတဲ့အပိုင်းကို ဖယ်ပြီးတော့ပြန်ဖာတာပါ။ ဒါကို Restorationလုပ်တယ်လို့ ခေါ်ပါတယ်။မွေးစမှ ၁၂လ – ကလေးရဲ့ သွားဖုံးလေးတွေကို သန့်စင်တဲ့ ရေစိုဝတ်နဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ သွားပေါက်ပြီဆိုတာနဲ့ ကလေးကို တိုက်တဲ့ သွားပွတ်တံ အပျော့စားလေးနဲ့ ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးသုံးပြီး တိုက်ပေးပါ။၁၂လမှ ၃၆လ – ကလေးတွေကို လူကြီးလိုပဲ တစ်ခါတိုက်ရင် ၂မိနစ်နဲ့ တစ်နေ့ ၂ကြိမ်တိုက်ပေးပါ။ ကလေး အသက် ၃နှစ်ပြည့်တဲ့အထိ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ဆန်စေ့အရွယ်လောက်သုံးပြီး တိုက်ပေးပါ။ လူကြီးတွေလိုပဲ မနက်တစ်ခါ ညတစ်ခါ တိုက်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/how-to-prevent-dental-caries-in-kids/
လူကြီးမိဘတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဉာဏ်စွမ်းရည် လျော့ကျမသွားရအောင် ဘယ်လိုကူညီပေးမလဲ
သက်ကြီးပိုင်းအရွယ်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းတို့က ကျဆင်းသွားပြီလို့ ကာလရှည်ကြာ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် လူကြီးတွေဟာ တီဗီပဲ အဆက်မပြတ် ထိုင်ကြည့်နေတာ၊ ကျန်းမာရေးနဲ့မညီတာတွေစားတာ၊ ပွစိပွစိပိုပြောလာတာ၊ စိတ်ဖိစီးမှုတွေတိုးလာတာ တွေနဲ့ပဲ နေ့စဉ်ဘဝကို ဖြတ်သန်းလာကြပြီး အနာဂတ်အတွက် စိတ်ကူးတွေ၊ ဦးတည်ချက်တွေကို စွန့်ပစ်လိုက်ကြပါတယ်။လူကြီးတွေအတွက်က အားဆေးတွေထက် အစားအစာကရတဲ့အာဟာရတွေကို ပိုဦးစားပေးဖို့ ဆရာဝန်တွေက ညွှန်းပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဓါတ်စာတွေက ဦးနှောက်ဆီကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီနဲ့ကိုလက်စထရောနည်းပါးတဲ့အပြင် ဗီတာမင်တွေ၊ omega-3s နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အကျိုးအာနိသင်တူတူပါပဲ။ ဦးနှောက်ကျန်းမာရေးအတွက် – စွပ်ပြုတ်၊ အသားပေါင်းတွေ၊ ပဲအမျိုးမျိုး၊ အသီးအရွက်တွေရောစပ်ထားတဲ့ ဆော့စ်အချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီး၊ လက်ဖက်ရည်ကြမ်းတို့အပြင် ဆော်လမွန်ငါး၊ သစ်ကြားသီး၊ ငါးသေတ္တာငါး၊ လက်ဖက်စိမ်း၊ ချောကလက်၊ ကြက်ဥတို့က စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ဒီလို လိုအပ်တဲ့အာဟာရဓါတ်တွေ၊ ဗီတာမင်တွေရရှိနိုင်ဖို့ အစားအစာတွေအပြင် လူကြီးတွေအတွက် စီမံထုတ်လုပ်ထားတဲ့ Abbott Nutrition ရဲ့ Ensure လို ဖြည့်စွက်အာဟာရတွေနဲ့လည်း ကူညီအားဖြည့်ပေး နိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓါတ် ၂၆ မျိုးပါဝင်တဲ့ Ensure က ကယ်လိုရီစားသုံးမှု ပမာဏကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးပြီး အာဟာရပြည့်အောင်လည်း အထောက်အကူပေးနိုင်ပါတယ်။ သူ့မှာ ပြည့်ဝတဲ့ ကယ်လိုရီဓါတ်တွေနဲ့ ပရိုတင်းတွေ ပါရှိတာကြောင့် ကျန်းမာတဲ့ပုံမှန်ကိုယ်အလေးချိန်ရရှိအောင် အားဖြည့်နိုင်ပါတယ်။Ensure Plus က သက်ကြီးပိုင်းအရွယ်တွေအတွက်အာဟာရလိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်တဲ့အပြင် နာတာရှည်ရောဂါတွေကြောင့် ခံတွင်းပျက်၊ အစားမဝင်သူတွေမှာလည်း Ensure Plus က ကွက်လပ်ဖြည့်ပေး နိုင်ပါတယ်။ ခဏဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ပုံမှန်သောက်သုံးသွားရင် Ensure Plus ကြောင့် ခန္ဓါကိုယ်မှာလိုအပ် သမျှအာဟာရဓါတ်တွေကို ရရှိစေမှာဖြစ်ပါတယ်။လူကြီးမိဘတွေမှာ အရိုးပွရောဂါ၊ အဆစ်ရောင်ရောဂါနဲ့ ခန္ဓါကိုယ်ကြံ့ခိုင်ရေးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်မလာအောင်၊ ဖြစ်လာရင်လည်း ရောဂါဆက်မတိုးအောင် ကိုယ်လက်လှုပ်ရှားမှုက အရေးကြီးပါတယ်။ တခါတရံ ဦးနှောက် ကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းတွေလိုပါတယ်။သက်ကြီးပိုင်းအရွယ် မိဘတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိုးဆွပေးတဲ့လှုပ်ရှားမှုနည်းလမ်းတွေ စီစဉ်ပေးတာက သူတို့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ နဲ့ ဘဝအရည်အသွေးအတွက် ပိုကောင်းစေပါလိမ့်မယ်။၁။ ကစားနည်းတွေနဲ့အဖြေရှာ –လူကြီးမိဘတွေကို တခုခုမလုပ်ခင် စဉ်းစားဆုံးဖြတ်ရတဲ့ ဉာဏ်သုံးကစားနည်းတချို့ သင်ပြပေးပါ။ တခြားသူတွေနဲ့ ဖဲချပ်ကစားတာကလည်း ဦးနှောက်ဉာဏ်ရည် ကိုနှိုးဆွပေးနိုင်ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံမှုပိုရစေပါတယ်။ စကားလုံးဆက် ကစားနည်းတွေ၊ ရုပ်ပုံပဟေဠိ၊ စကားလုံးပဟေဠိတို့အပါအဝင် ပဟေဠိအဖြေရှာရတဲ့ဂိမ်းတွေက ပိုကောင်းပါတယ်။၂။ မြေးမြစ်တွေကိုပါဝင်ကစားခိုင်းပါ– ကလေးတွေကို ပဟေဠိဂိမ်းတွေမှာ အဘိုးအဘွားတွေနဲ့အတူ နေ့တိုင်းဝင်ကစားခိုင်းပါ။ ကစားလို့ပြီးသွားရင် အဘိုးအဘွားတွေကိုရော၊ ကလေးတွေကိုပါ ဂုဏ်ပြုချီးမွမ်းပေးပါ။ ပျော်ပျော်ရွှင်ရွှင် ပဟေဠိဖြေရှင်းရင်း ချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးရနိုင်တာက အကျိုးအမြတ်တစ်ခုပါပဲ။၃။ ဒိုင်ယာရီ စရေးခိုင်းပါ –လူကြီးမိဘတွေကို ဒိုင်ယာရီစရေးဖို့ အကြံပေးပြီး စာအုပ်ကောင်းကောင်း၊ ဘောပင်ကောင်းကောင်းဝယ်ပေးလိုက်ပါ။ ကိုယ်လုပ်ဆောင်ခဲ့သမျှကို လက်ရှိမှတ်ဉာဏ်နဲ့ မှတ်တမ်းတင် ဖို့အပြင် နောက်ရက်တွေမှာ လုပ်ဆောင်ချင်တဲ့အရာတွေ၊ အစီအစဉ်တွေအကြောင်းကိုလည်း ထည့်ရေးဖို့ အကြံပြုပါ။ တစ်ရက်တစ်ရက် အကြောင်းရေးချလာတာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျခြင်းအကြောင်း တွေ လျော့ပါးပျောက်ကွယ်လာပါလိမ့်မယ်။၄။ အာဟာရကို ဂရုစိုက်ပေးပါ –လူကြီးတွေအတွက် သင့်လျော်တဲ့အာဟာရဓါတ်ရရှိနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများတဲ့အစာအာဟာရဖြစ်ဖို့ပါပဲ။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ ကော်ဖီနဲ့ ကဖင်းဓါတ်ကလည်း ဦးနှောက်အတွက် ကောင်းတယ်လို့ သုတေသနအများစုက ဖော်ပြကြပါတယ်။၅။ ဆေးလိပ်ဖြတ်ခိုင်းပါ –ဆေးလိပ်သောက်တယ်ဆိုတာ ကောင်းကျိုးမရှိဘဲ ဦးနှောက်အပေါ်ဆိုးကျိုးပဲ များစေပါတယ်။ ဆေးလိပ်သောက်တတ်တဲ့ မိဘရဲ့အနီးမှာ ဆေးလိပ်ပြာခွက်တွေ၊ မီးခြစ်တွေကို ဖယ်ရှားထားပြီး ကိုယ်ဆေးလိပ်သောက်ချင်ရင်တောင် ကွယ်ရာမှာသွားသောက်ပါ။၆။ လမ်းလျှောက်ထွက်ခိုင်းပါ –လူကြီးတွေရဲ့ဦးနှောက်ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုက အရေးကြီးပါတယ်။ နေ့တိုင်း အိမ်အနီးတဝိုက် သို့မဟုတ် ခြံဝင်းထဲမှာ အဖော်တစ်ယောက်နဲ့ လမ်းလျှောက်ခိုင်းပါ။ မိဘတစ်ဦးဦးက လမ်းလျှောက်ဖို့အခက်အခဲရှိနေရင် အိမ်ထဲမှာပဲ လမ်းလျှောက်သလိုပုံစံမျိုး ခြေတစ်ဖက်စီကို ၁၀ စက္ကန့်လောက်ကြွပြီး တစ်နေ့ကို မိနစ် ၃၀ လောက် လှုပ်ရှားပေးတာက ပိုကောင်းပါလိမ့်မယ်။ ဒီနည်းက ဦးနှောက်အတွက် သွေးလည်ပတ်မှုကောင်းစေနိုင်တဲ့ အပြင် အဆုတ်၊နှလုံး၊နဲ့တခြားရောဂါဝေဒနာတွေအတွက်လည်း အကျိုးရလဒ်ကောင်းစေနိုင်ပါတယ်။၇။ဧည့်သည်တွေဖိတ်ပါ –အထီးကျန်ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် တကယ့်ကိုရန်သူပါ။ အထူးသဖြင့် ပွဲလမ်းသဘင်တွေ၊ တွေ့ဆုံပွဲတွေ၊ လူမှုဆက်ဆံရေးတွေမှာ မပါဝင်နိုင်တော့တဲ့အခါမျိုးမှာ ပိုဆိုးပါတယ်။ အပတ်စဉ် ဒါမှမဟုတ် ရံဖန်ရံခါလောက်ဖြစ်ဖြစ် အမေနဲ့အဖေ ရဲ့ဧည့်သည်တွေကိုအိမ်လာဖို့ ဖိတ်ကြားပေးပါ။ သူတို့အချင်းချင်း ဇရာအကြောင်း ပြဿနာတွေမဆွေးနွေးကြဘဲ ဟိုးအရင်က အကြောင်းတွေ၊ ပွဲတွေ၊ အထူးသဖြင့် အတွေ့အကြုံဗဟုသုတတွေအကြောင်းပဲ ပြောဆိုဆွေးနွေးကြဖို့ အကြံပြုပါ။ ဒါမှမဟုတ် နောက်လ၊ နောက်နှစ်တွေမှာ သူတို့ဘာတွေလုပ်ချင်တဲ့ဆန္ဒရှိသလဲ၊ မနက်ဖြန်ဘာလုပ်ကြမလဲ စသဖြင့် ပြောဆိုကြဖို့ တိုက်တွန်းပါ။၈။ ရယ်မောပျော်ရွှင်အောင်ထားပါ –ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ပါး လို့ ဆိုရိုးရှိပါတယ်။ ရယ်မောခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ မိဘတွေက အရမ်းကို အထီးကျန်နေတယ်ဆိုရင် ရုပ်ရှင်တွေ၊စာအုပ်တွေက စိတ်ပျော်စေနိုင်ပါတယ်။ ဟာသရုပ်ရှင်တွေ ကြည့်ရင်းနဲ့ စိတ်ဓါတ်ကျခြင်းကို ကုစားနိုင်ပြီး မကောင်းတဲ့ခံစားချက်တွေကို ပြေလည်စေပါတယ်။၉။ အပြင်ခေါ်သွားပါ –တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ ကိုယ့်မိဘတွေနဲ့အတူ အပြင်သွားပါ။ စားသောက်ဆိုင်လိုက်ကျွေးတာ၊ ကိုယ့်အနီးတဝိုက်က အရောင်းပွဲတော်၊ ဖျော်ဖြေပွဲတစ်ခုခုကိုသွားတာမျိုး လည်းအဆင်ပြေပါတယ်။ ဒီလိုခေါ်သွားပေးခြင်းအားဖြင့် အပြင်လောကကို အဆက်အသွယ်မပြတ်တော့ဘဲ ကိုယ်ဟာလည်း ဒီလောကထဲမှာ အပါအဝင်ဖြစ်နေသေးတယ်လို့ လူကြီးမိဘတွေ ခံစားမိလာအောင် လုပ်ပေးနိုင်ပါတယ်။၁၀။ လုပ်ဆောင်နိုင်စွမ်းရှိသေးတယ်လို့ အသိအမှတ်ပြုပေးပါ –ငယ်တုန်းမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ချိန်က အရေးပါတယ်၊လေးစားခံရတယ်လို့ ခံစားခဲ့ရပေမယ့် အသက်ကြီးလာတဲ့အခါ ဒါတွေ ပျောက်ဆုံးသွားပြီလို့ လူကြီးတွေကထင်ကြပါတယ်။ သူတို့ကို တစ်နေရာရာကနေ ဝင်ကူလုပ်ဆောင်ခိုင်းပေးပြီး ကိုယ်တိုင်ဖြစ်မြောက်အောင်လုပ်ဆောင်စေပါ။ လုပ်နိုင်တယ်ဆိုတဲ့ စိတ်လေး ခံစားမိလာစေဖို့ပါ။ မိဘတွေရဲ့ လုပ်ဆောင်ချက်အသေးအမွှားလေးတွေကိုတောင် ချီးမွမ်းအသိအမှတ်ပြုပေးပါ။ချစ်ခင်ရတဲ့ လူကြီးမိဘတွေအတွက် လိုအပ်ချက်တွေက အမြဲပြောင်းလဲနေတာကြောင့် လူငယ်တွေအနေနဲ့ အမြဲမပြတ် လေ့လာပြီး သင့်လျော်သလိုတုံ့ပြန် စောင့်ရှောက်ပေးရမှာပါ။ လမ်းညွှန်ထောက်ပြတာတွေက ကောင်းမွန်ပေမယ့် ကိုယ်တဲ့မိဘချစ်စိတ်ချင်းတူ၊ တွေ့ကြုံနေရတာချင်းတူတဲ့သူတွေနဲ့ အပြန်အလှန်အားပေးပြီး အကြံဉာဏ်တွေ ဖလှယ်တာကလည်း အကျိုးရှိနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%89%e1%80%ac%e1%80%8f/
အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ
အစာမကြေတာကလူတိုင်း ကြုံဖူးမယ့် ကျန်းမာရေး ပြဿနာပါ။ အစာမကြေဖြစ်တဲ့အခါ ဝမ်းဗိုက် အထက်ပိုင်းတာက အောင့်သလိုလို ခံစားပြီး နေရထိုင်ရအတော်လေး မသက်မသာဖြစ်စေတာပါ။ ဒီလိုဖြစ်တဲ့အခါ ဆေးသောက်မှ သက်သာမှာလား။အိမ်တွင်းကုထုံးတွေနဲ့ရော သက်သာအောင် လုပ်လို့ မရဘူးလားဆိုပြီး စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ ကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။အစာမကြေ ဖြစ်တယ်ဆိုတာက အစာအိမ်ထဲက အက်ဆစ် ဟန်ချက်မညီတာကြောင့် ဖြစ်ရတာပါ။ အက်ဆစ်တွေ များတာ၊ အက်ဆစ် နည်းတာတွေက အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကဖင်းပါတဲ့ သောက်စရာတွေ ပါနေတာ၊ အစပ်ကဲတာ နဲ့ အက်ဆစ်များတာတွေကြောင့် အစာမကြေတာကို ဖြစ်စေတာပါ။ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကလည်း အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ဒါတွေအပြင် အသည်းရောဂါ နဲ့ သည်းခြေအိတ်ဆိုင်ရာကျန်းမာရေးပြဿနာတွေကြောင့်လည်း အစာမကြေတာကို ခံစားရနိုင်ပါတယ်။ အစာအိမ်မှာ ပိုးဝင်ရောက် ကူးစက်တာကြောင့်လည်း အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။အစာမကြေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ဒါတွေအပြင်။အစာမကြေဖြစ်ရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် နည်းလမ်းများ ကတော့။ရေသောက်တာက အစာအိမ်ထဲက အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အစာခြေအက်ဆစ်များတာကြောင့် အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အစာမကြေတာကို ခံစားရပြီဆိုရင် ဗေရအေးအေးလေး တစ်ခွက်လောက် သောက်ချပေးပါ။ပန်းသီးရှာလကာရည်လို့ သိကြတဲ့apple cider vinegarက အသားအရေကို ကျန်းမာစေသလို အဆီကျစေတာတင် မဟုတ်ပါဘူး။ အစာမကြေတာကိုလည်း သက်သာစေပါတယ်။ အစာခြေအက်ဆစ် နည်းနေတာကြောင့် အစာမကြေတာ ဖြစ်မယ်ဆိုရင် apple cider vinegar ကို ရေနဲ့ ဖျော်ပြီး သောက်ပေးလို့ ရပါတယ်။ချင်းက အစာမကြေတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး တစ်ရပ်ပါ။ အစာအိမ်အက်ဆစ်တွေကို လျှော့ချပေးပါတယ်။ အစာမ​ကြေဘူးဆိုရင် ရေနွေးဆူဆူထဲကို ချင်း တစ်ပြားလောက် ထည့်ပြီး သောက်ပေးလို့ ရပါတယ်။သံပုရာရည်က ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့တင် ထောက်ကူပေးတာ မဟုတ်ပါဘူး။ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ငှက်ပျောသီးမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်ရှိပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေစနစ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။အုန်းစိမ်းရည်မှာ ပိုတင်ဆီယမ် ပါဝင်မှု မြင့်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်း ဓာတ်ဆားဓာတ်ကို မျှတစေပြီး အစာမကြေတာကိုလည်း သက်သာစေနိုင်ပါတယ်။ဒီနည်းလမ်းတွေက သဘာဝနည်းလမ်း‌တွေ ဖြစ်တာကြောင့် လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ၁-၂ကြိမ် လုပ်ပြီးလို့ မသက်သာရင် ဆေးဝါးတွေကို မှီဝဲဖို့ အကြံပြုချင်ပါတယ်။ညစာကို အများကြီးစားမိလို့ ဖြစ်ဖြစ်၊ မြန်မြန် စားမိလို့ဖြစ်ဖြစ် အစာမကြေ ဖြစ်နိုင်သလို ညနေပိုင်း နောက်ကျမှ အီစိမ့်တဲ့ အစားအစာတွေ စားမိတာ၊ အဆီများတာ၊ အစပ်ကဲတာတွေကို စားမိတာတွေကြောင့် ညဘက်မှာ အစာမကြေတာဖြစ်နိုင်ပါတယ်။ ညဘက်မှာ အယ်လ်ကိုဟောတွေ အလွန်အကျွံ သောက်တာကြောင့်လည်း အစာအိမ်ရောင်ရာကနေ အစာမကြေတာ၊ ရင်ပူတာတွေ ဖြစ်နိုင်ပါတယ်။ဒီလိုမျိုး ညဘက်ကြီး အစာမကြေတဲ့အခါ သက်သာစေဖို့ဆိုရင်။အစာမကြေတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာဆိုပေမယ့်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/home-remedies-for-indigestion/
ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း
စမူဆာ (Samosa) ဆိုတာ ဘယ်လိုအစားအစာမျိုးလဲဆိုတာကို မြန်မာလူမျိုးတိုင်း သိကြတယ်။ ဒီလိုပဲ အရှေ့တောင်အာရှဒေသက လူတွေရော၊ အရှေ့အလယ်ပိုင်းကလူတွေရော၊ ယုတ်စွအဆုံး ဗြိတိန်နဲ့ အမေရိကမှာနေတဲ့ လူတွေတောင်သိကြတယ်။စမူဆာဆိုတာ သာမန်မုန့်လေးတစ်ခုလို့ မြင်ချင်စရာရှိပြီး သိပ်ကို နာမည်ကျော်တဲ့ ဟမ်ဘာဂါလောက် လူသိမများဘူးလို့ ထင်ချင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ သူလည်း ထင်ရှားတဲ့ အဆာပြေဆာ မုန့်တစ်မျိုးဖြစ်ပါတယ်။ပိုပြီး ကောင်းမွန်တဲ့အချက်ကတော့ လေ့လာချက်တွေအရ စမူဆာဟာဟမ်ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာပါပဲ။ Centre for Science and Environment ကတော့ အဲ့ဒီအတိုင်းကို ဆိုထားပါတယ်။ရုတ်တရက်ဆိုရင်တော့ ဆီကြော်မုန့်တစ်မျိုးဖြစ်တဲ့ စမူဆာက ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို ယုံခက်ခက်ကြီးဖြစ်နိုင်ပေမယ့် ပြုပြင်ထားတဲ့အစာပလာဘာမှ ထည့်သွင်းထားခြင်းမရှိတာတစ်ချက်နဲ့တင် ဒီအချက်က ဖြစ်နိုင်ကြောင်း ခန့်မှန်နိုင်ကြမယ်ထင်ပါတယ်။စမူဆာဆိုတာက ၉ ရာစုဝန်းကျင်တုန်းက အရှေ့အလယ်ပိုင်းမှာ စတင်ခေတ်စားလာခဲ့တဲ့ အစားအစာတစ်မျိုးပါ။ အာလူး၊ ကြက်သွန်နီ၊ ပဲနဲ့ တစ်ခါတစ်ရံအမဲသား၊ဆိတ်သားတို့လို အသားတွေကို ရောနှောပြီး ဂျုံရွက်နဲ့ တြိဂံပုံစံထုပ်ပိုးကာ ကြော်ထားတဲ့ အဆာပြေစာတစ်မျိုးဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှဒေသတွေမှာ စတင်ဖန်တီးခဲ့တဲ့ စမူဆာဟာ အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှနဲ့ အာဖရိကတွေကို အရင်ဆုံးပျံ့နှံ့ခဲ့ပြီးနောက်ပိုင်းမှာတော့ အနောက်တိုင်းနဲ့ ဥရောပအထိ ခြေဆံ့ခဲ့တာပါ။စမူဆာဟာ ဆီကြော်စာတစ်မျိုးဖြစ်ပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုတော့ မျက်ကွယ်ပြုထားလို့ မရနိုင်ပါဘူး။ ပုံမှန်အရွယ်အစားရှိပြီး အသားမပါဝင်တဲ့ စမူဆာ ၉၀ ဂရမ်စာကို မှီဝဲမယ်ဆိုရင်။ပုံမှန် ၉၀ ဂရမ် ဟမ်ဘာဂါတစ်လုံးမှာဆိုရင်တော့။ပုံမှန်အားဖြင့် သိပ်မကွာဘူးလို့ ထင်ရပေမယ့် စမူဆာ ၄ ခုနဲ့ ဟမ်ဘာဂါတစ်ခုကို နှိုင်းယှဉ်တွက်ချက်ထားတာမို့ တစ်ခုချင်းစီ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရလဒ်က သိသိသာသာ ကွာဟသွားမှာဖြစ်ပါတယ်။ဒါ့အပြင် စမူဆာရဲ့ ပါဝင်ပစ္စည်းတွေက လတ်ဆတ်တဲ့ အသီးအနှံတွေဖြစ်ပေမယ့် ဟမ်ဘာဂါမှာကတော့ ပြုပြင်ထားတဲ့ အဆာပလာတွေနဲ့ အေးခဲအသားတွေပါဝင်နေပါတယ်။ ဒါကြောင့်လည်း စမူဆာဟာ ဟမ်ဘာဂါထက် ပိုမို အနံ့အရသာကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ အစားအစာတစ်မျိုးလို့ အနောက်တိုင်းမှာ ဆိုကြတာပါ။စမူဆာဟာ အဆီကြော်စာမို့ ကိုယ်အလေးချိန်မြင့်တက်နိုင်စေတဲ့ အန္တရာယ်ရှိနိုင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ မျှမျှတတမှီဝဲမယ်ဆိုရင် သူ့မှာပါဝင်နေတဲ့ အသီးအနှံအဆာပလာတွေက ကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်းပါတယ်။အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနက တည်ထောင်ထားတဲ့ ChooseMyPlate.gov ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ စမူဆာထဲကအဆာပလာတွေမှာ ပါရှိတဲ့ အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေက ကင်ဆာ၊ heart attack၊ သွေးတိုး၊ အရိုးပျက်စီးတာ၊ ဆီးချို၊ ကျောက်ကပ်ကျောက်တည်တာနဲ့ ကိုလက်စထရောမြင့်မားတာကို လျှော့ချနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဖြစ်နိုင်ရင် အပေါ်ယံ အခံလွှာကို မစားဖို့လည်း အကြံပြုထားပါတယ်။ ဒီအချက်တွေကို Harvard T.H. Chan School of Public Health က ကျွမ်းကျင်သူတွေကလည်း ထောက်ခံချက်ပေးထားပါတယ်။အာဟာရဗေဒပညာရှင်တွေအကြားမှာတော့ စမူဆာရဲ့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားမှုတွေ ရှိနေကြဆဲပါ။ အများစုကတော့ စမူဆာရော၊ ဟမ်ဘာဂါရောဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုကြတယ်။ဒါပေမယ့် သုတေသနရလဒ်တွေကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ စမူဆာကပိုပြီး အားသာနေသလို အဆိုပါတြိဂံပုံ အဆာပြေမုန့်လေးဟာ အာဟာရဓာတ်အများအပြား ပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း အားလုံးက လက်ခံထားကြပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-eating-samosa/
ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး
ကမ္ဘာတစ်ဝှမ်းက လူတွေအကုန်လုံး ဆေးလိပ်ဖြတ်ဖို့ ကျိန်တွယ်ပြောဆိုမှုတွေဆိုတာ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေ ပျံ့လွင့်သွားတာ ကြည့်နေရသလိုပါပဲ။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက စွဲလမ်းစေတတ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ဆေးလိပ်ဖြတ်ဖို့အတွက် အခြားနည်းလမ်းတခုဖြစ်တဲ့ အပ်စိုက်ကုထုံးကို ယုံကြည်လက်ခံလာတဲ့ လူဦးရေ တိုးပွားနေပါတယ်။ သူ့ရဲ့ စွဲလမ်းမှုဖြစ်စဉ်အပေါ် ထိန်းချုပ်နိုင်ခြင်းနဲ့ ကိုင်တွယ်နိုင်ခြင်းတို့ကြောင့် အပ်စိုက်ကုထုံးဟာ မူးယစ်ဆေးစွဲခြင်းတွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်လာပါပြီ။ဆေးလိပ်စွဲခြင်း အပါအဝင် မူးယစ်ဆေးစွဲတာတွေကို ကုသပျောက်ကင်းစေတဲ့ အပ်စိုက်ကုထုံးဟာ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ် ဆေးလိပ်ပြတ်ပြီး လုံးဝပြန်မသောက်ဖြစ်အောင် ကုသပေးတဲ့နေရာမှာတော့ တကယ် အသုံးဝင်ပါတယ်။ ဆေးလိပ်ကင်းစင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်လိုတဲ့အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုပါလျှင် အပ်စိုက်ကုထုံးက သင့်ကို ထိန်းချုပ်မှု ပေးနိုင်မှာပါ။အပ်စိုက်ကုထုံးက လူတွေ ဆေးလိပ်ဖြတ်တဲ့အခါ ကြုံတွေ့နေကြဖြစ်တဲ့ ကြောက်ရွံ့ခြင်း၊ ဆေးလိပ်သောက်လိုခြင်း၊ စိုးရိမ်ကြောင့်ကြမှုတွေကို အာရုံစိုက်စေပါတယ်။ဆရာဝန်က သင့်ရဲ့ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနဲ့ လျှာအခြေအနေ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအပြင် သင့်ရဲ့ဆေးလိပ်သောက်တဲ့အလေ့အကျင့်အကြောင်းတွေကို မေးမြန်းပါမယ်။ သင်ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေက သင့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးတာပါ။ ဒါကြောင့် သင့်ဆရာဝန်က သင့်အတွက် ကိုယ်ပိုင်ကုသမှုတစ်ရပ်ကို ဖန်တီးပေးမှာပါ။အပ်စိုက်ကုထုံးတစ်ခုဖြစ်တဲ့ နားအပ်စိုက်ကုထုံးဆိုတာ နားပေါ်မှာရှိတဲ့ တိကျတဲ့ နေရာလေးတွေပေါ် ကုသရာမှသုံးတဲ့အပ်တွေကို ထိုးစိုက်ခြင်းပါ။ အဲဒီနေရာတွေကတော့ shen men (အိပ်စိုက်ရာ နားရွက်အမှတ်နေရာတစ်ခု)၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် တို့ ဖြစ်ပါတယ်။ ထိုအမှတ်တွေကို ထိုးစိုက်လိုက်ခြင်းဖြင့် သင့်ရဲ့ဆေးလိပ်သောက်လိုတဲ့ စိတ်ဆန္ဒကို ကူညီလျှော့ချပေးမှာပါ။Tim Mee လို့ခေါ်တဲ့ အမှတ်နေရာကတော့ ဆေးလိပ်ဖြတ်ဖို့ အပ်စိုက်ကုသတဲ့နေရာမှာ နာမည်ကြီးပါတယ်။ အဲ့နေရာကို ထိုးစိုက်ကုသခြင်းဖြင့် ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို အတော်လျော့ကျစေပါတယ်။အနေအထိုင်နဲ့ အစားအသောက်ပုံစံကို ပြောင်းရပါမယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%9b%e1%80%94%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%95%e1%80%b9/
အစာရေမျိုပြွန် ကင်ဆာ
အစာရေမျို ဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန် တလျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ် ၆ ချိတ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။အစာရေမျိုပြွန် မှာရှိတဲ့ ဆဲလ်တွေကို ခဏခဏ ဆွမိလို့ ဆဲလ်တွေ ခဏခဏ ပျက်စီးရင် ပိုဖြစ်ပါတယ်။ ဥပမာ။အစာရေမျိုပြွန် ကင်ဆာက အစောပိုင်းမှာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ နည်းနည်း ကြာလာရင်တော့။စစချင်းတော့ အစာ လည်ပင်းမှာ ကပ်နေတယ်လို့ ပြောပါမယ်။ အစာ စားရင် သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရ ခက်ပါမယ်။ ဒီထက် ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ ကနေ ရေတောင် ကောင်းကောင်း မျိုနိုင်မှာ မဟုတ်ပါဘူး။ကျဉ်းနေရင် နှာခေါင်းပိုက် ကနေ အစာ ထည့်လို့ ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝ ပိတ်သွားရင်တော့ ဗိုက်ကနေ အပေါက် ဖောက်ပြီး အစာ ထည့်ရပါမယ်။ရောဂါ အခြေအနေ၊ လူနာ အခြေအနေပေါ် မူတည်၍ ကုသနည်း များစွာ ရှိပါသည်။အစာရေမျိုပြွန် ကင်ဆာ ဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/oesophageal-cancer-at-a-glance/
ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား
ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား …… ကီတို Diet ဆိုတာ ကိုယ်အလေးချိန် အမြန်ကျစေဖို့ကစီဓာတ်(ကာဗိုဟိုက်ဒြိတ်) ကို လျှော့စားပြီး ကျန်းမာရေး အကျိုးပြု အဆီနဲ့ အသားဓာတ်တွေကိုသာ ပိုစားပေးတဲ့ Diet အမျိုးအစားပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ဒီ Diet အမျိုးအစားကို ပိုလိုက်နာ စားသုံးလာကြပါတယ်။ ခုဆောင်းပါးမှာတော့ ကီတို Diet နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို လာမေးနေကြတဲ့ အမေးတွေအတွက် ပြန်လည် ဖြေပေးချင်ပါတယ်။ တစ်ခါမှ ကီတို Diet မစဖူးတဲ့သူတွေအတွက်လည်း ကိုယ့်အတွက် သင့်တော်မလား၊ မသင့်တော်ဘူးလားဆိုတာ သေချာ ဆုံးဖြတ်လို့ ရတာပေါ့။ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား …. ဒါဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မေးခွန်း (၁) =Dietလုပ်ပြီးနောက်မှာ ကစီဓာတ် ပြန်စားလို့ ရဦးမှာလား။စားလို့ ရပါတယ်ခင်ဗျ။ သတိထားဖို့ လိုတာက အလွန်အကျွံ မစားလိုက်ဖို့နဲ့Dietကို လုံးဝရပ်ပစ်လိုက်တာမျိုးတော့ လုပ်လို့ မရပါဘူး။ ခဏလေးDietလုပ်ပြီး ပြန်ရပ်၊ နဂိုအတိုင်း ပြန်စားမယ်ဆိုရင်တော့ Diet လုပ်ထားသမျှက အလဟဿ ဖြစ်သွားမှာပါ။ အကယ်လို့ Cheat Day သဘောမျိုးနဲ့ စားမယ်ဆိုရင် Diet လုပ်နေရင်း တစ်ရက်တစ်လေလောက်ကိုကစီဓာတ်ပြန်စားနိုင်ပါတယ်။ ပြီးတာနဲ့ နဂိုလုပ်နေတဲ့ Diet အတိုင်းပဲ ဆက်သွားပါ။မေးခွန်း (၂) = Diet လုပ်နေစဉ်မှာ ရှိပြီးသား ကြွက်သားပမာဏ ဆုံးရှုံးမှာလား။ကီတို Diet သည် ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီနဲ့ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေတဲ့ Diet အမျိုးအစားပါ။ ဒီတော့ မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ပြန်ဖြေပေးရမယ်ဆိုရင် ကြွက်သားပမာဏအနည်းငယ်ခန့် ဆုံးရှုံးနိုင်ပါတယ်။ အကယ်လို့ကြွက်သားပမာဏ မဆုံးရှုံးဘဲ ဒီအတိုင်း ထိန်းထားချင်တယ်ဆိုရင် ခါတိုင်းထက် များများစားပေးလို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ တစ်ပတ် ၅ ရက် အဆီများများစားပြီး ကျန်တဲ့ ၂ရက်ကစီဓာတ်များများစားတဲ့ Cyclical Ketogenic Diet (CKD) အမျိုးအစား ဒါမှမဟုတ် လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးနောက် အချိန်အနည်းငယ် ခြားပြီး ကစီဓာတ် ပါဝင်တဲ့ အစားအစာတွေ စားလို့ ရတဲ့ Targeted Ketogenic Diet (TKD) အမျိုးအစားကို ပြောင်းလဲနိုင်ပါတယ်။မေးခွန်း (၃) = Diet လုပ်နေစဉ် ကြွက်သားထု တက်အောင် လုပ်လို့ရလား။ကြွက်သားထု တက်အောင် လုပ်လို့တော့ ရပါတယ်။ ဒါပေမယ့် ကစီဓာတ်စားသုံးမှုကို လုံးဝလျှော့ချရမှာ ဖြစ်တဲ့အတွက် ခါတိုင်းလောက် ကြွက်သားထုတက်ဖို့ မြန်မှာမဟုတ်ပါဘူး။ ဒီအတွက်အသားများများ ပိုစားလို့ ရတဲ့ ကီတို Diet ပုံစံကို ပြောင်းလဲလို့ ရပါတယ်။မေးခွန်း (၄) =အသားဓာတ်ကို ဘယ်လောက်များများ စားပေးနိုင်မလဲ။စံသတ်မှတ်ထားတဲ့ ကီတို Diet အမျိုးအစားတွေမှာ တစ်ရက်ကို ၂၀ ရာခိုင်နှုန်းပဲ အသားဓာတ် စားသုံးပေးသင့်ပါတယ်။ ကိုယ်ကလေ့ကျင့်ခန်းပါ တွဲဖက်လုပ်နေတယ်၊ ကြွက်သားထု တက်ဖို့လည်း ကြိုးပမ်းနေတာဆိုရင်တော့ အများဆုံး ၃၅ ရာခိုင်နှုန်းထိ စားပေးလို့ ရပါတယ်။မေးခွန်း (၅) = Diet လုပ်နေစဉ် မကြာခဏမောပန်းတာ၊ အားနည်းသလို ဖြစ်နေတာ ပုံမှန်ပဲလား။ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ခန္ဓာကိုယ်က ကိုယ် ပုံမှန်စားနေကျ မဟုတ်တဲ့ အစားအစာတွေ၊ အာဟာရ အချိုးအစားတွေကို ရုတ်တရက် ပြောင်းလဲလိုက်တဲ့အခါ သဟဇာတ မဖြစ်ဘဲ အားမရှိသလို၊ မောပြီး ပင်ပန်းသလို ခံစားရနိုင်ပါတယ်။ ပုံမှန်လေး စားပေးသွားမယ်ဆိုရင် ခန္ဓာကိုယ်က နောက်ပိုင်း အဆင်ပြေသွားမှာပါ။မေးခွန်း (၆) = Diet လုပ်ပြီးတော့မှ ဆီးက သစ်သီးအနံ့ရနေတာ ဘာလို့လဲ။ကီတို Diet ကြောင့် ခန္ဓာကိုယ်က အဆီတွေကို ဖြိုခွဲပြီး ကီတုန်း (Ketone) ကို ထုတ်လုပ်ပေးပါတယ်။ ဆိုးကျိုးအနေနဲ့ ဆီးအနံ့က သစ်သီးလိုမျိုး အနံ့ထွက်လာတတ်ပါတယ်။ စိတ်ပူစရာတော့ မလိုပါဘူး။မေးခွန်း (၇) =ခံတွင်းအနံ့ဆိုးထွက်တာကရော ပုံမှန်ပဲလား။ဒါကလည်း ပုံမှန်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုပါပဲ။ ဒါကို ကာကွယ်ပေးဖို့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားသေချာ တိုက်ပေးတာ၊ ရေများများ သောက်ပေးတာ၊ သကြားမပါဝင်တဲ့ပီကေဝါးတာမျိုး လုပ်ပေးလို့ ရပါတယ်။မေးခွန်း (၈) = ကီတို Diet က အန္တရာယ်များတယ်ဆိုတာ ဟုတ်လား။မဟုတ်ပါဘူး။ ကီတို Diet သည် စားလိုက်တဲ့ အဆီကို ကီတုန်းအဖြစ် ဖြိုခွဲပေးတဲ့ Ketosis ဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ အန္တရာယ်များတယ်ဆိုတာ သူနဲ့ နာမည်ဆင်တူတဲ့ Ketoacidosis အမျိုးအစားပါ။ ထိန်းချုပ်မရအောင် ပြင်းထန်တဲ့ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါကြောင့် ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ကီတို Diet မစခင်မှာ ကိုယ်ပြနေကျ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။မေးခွန်း (၉) = Diet လုပ်ပြီးမှအစာမကြေဝမ်းလျှောချင်သလို ဖြစ်နေတယ် ဆရာ။ကီတို Diet စလုပ်ကာစနဲ့ တစ်ပတ်၊ နှစ်ပတ်လောက် အကြာမှာ ဖြစ်တတ်ပါတယ်။ ပုံမှန်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်ပြီး ၃ပတ်ကနေ ၄ပတ်အထိ ပုံမှန် Diet လုပ်ပေးသွားမယ်ဆိုရင် ဒီလက္ခဏာတွေ ပျောက်သွားပါလိမ့်မယ်။အစာမကြေသလို ခံစားနေရတာအတွက်အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ ပိုစားပေးတာ၊ ဝမ်းလျှောတာ သက်သာဖို့ မဂ္ဂနီဆီယမ်အားဆေးသောက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ကီတို Diet သည်လည်း တခြား Diet အမျိုးအစားတွေလိုပါပဲ၊ ခဏလေးနဲ့ အာနိသင်ပြတယ်ဆိုပေမယ့် အချိန်တစ်ခုကြာအောင် လုပ်သွားဖို့တော့ လိုအပ်ပါတယ်။ Diet စတဲ့ အချိန်မှာကိုယ်ခန္ဓာက ဒါကို အသားမကျသေးတဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာမကြေတာ၊ ဝမ်းလျှောတာ အစရှိတဲ့ လက္ခဏာတွေ ပြတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့အလိုလို ပျောက်သွားမှာဖြစ်တာကြောင့် အရမ်းတော့ စိတ်ပူစရာ မလိုပါဘူးနော်။ ကီတိုDietလုပ်နေသူတွေရော၊ လုပ်ဖို့ စဉ်းစားနေသူတွေအတွက်ရော ခုဆောင်းပါးလေးက အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/faqs-for-ketogenic-diet/
ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ
နုနယ် ငယ်ရွယ်လွန်းတဲ့ဘေဘီလေးတွေကိုရောဂါတွေအန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရပါမယ်။ ဒီလို ဂရုစိုက်တဲ့အခါ အရေးကြီးဆုံးက အာဟာရဖြစ်အောင် ပြင်ဆင်ပေးဖို့ပါ။ အာဟာရဖြစ်အောင် ပြင်ဆင်ပေးပြီးရင်လည်း ကလေးက စားမှ အာဟာရပြည့်ဝမှာပါ။ ဒီတော့ ဘေဘီလေးတွေလည်း ခံတွင်းလည်းတွေ့ကိုယ်ခံအားလည်း ပြည့်စေမယ့်စားစရာလေးတွေအကြောင်း မေမေတို့ သိအောင် ဝေမျှပေးမယ်နော်။ ကဲ … ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဘေဘီလေးက ကိုယ်ခံအားကောင်းတဲ့  ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘေဘီလေးကို ဒီ အစားအစာလေးတွေနဲ့ မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ ကတော့။ဒိန်ချဉ်– ဒိန်ချဉ်မှာ ဘေဘီလေးတို့ရဲ့ အစာခြေစနစ်ကို စောင့်ရှောက်ပေးမယ့် အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါနေလို့ပါ။ ဒီသက်ရှိဘက်တီးရီးယားလေးတွေကအူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှုကိုကောင်းစေသလို ဝမ်းဗိုက်နဲ့အစာခြေစနစ် ပြဿနာကင်းစေနိုင်ပါတယ်။ အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်တာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။နောက်တစ်ချက်က အကျိုးပြုဘက်တီးရီးယား (probiotics) ကြွယ်ဝစွာ စားသုံးတဲ့ ကလေးငယ်တွေဟာအအေးမိ၊ဖျားနာနိုင်ခြေ နည်းသလို နားပိုးဝင်ကူးစက်တာနဲ့လည်ချောင်းနာ၊ လေနာ ပြဿနာတွေ ကင်းပြီး အစားကိုလည်း ကောင်းကောင်း စားကြပါတယ်။သစ်ကြားသီး–omega-3 fatty acids ကြွယ်ဝတဲ့ သစ်ကြားသီးက ဘေဘီလေးတို့ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပါ။omega-3 fatty acidsကဖျားနာမှု ကင်းစေပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီးကို ကြိတ်ခြေပြီး cereal ထဲထည့်ကျွေးလို့ ရပါတယ်။သစ်သီးတွေ–သစ်သီးတွေကလည်း ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ဗီတာမင် Cကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ဂရိတ်ဖရုတို့က ကလေးရဲ့ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပေးနိုင်မှာပါ။ဟင်းသီးဟင်းရွက်တွေ–ဟင်းသီးဟင်းရွက်တွေကအမျှင်ဓာတ်ပါတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဗီတာမင်  ကြွယ်ဝမှုက ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီတွေက ကလေးကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။အဆီမပါတဲ့ အသား– ကိုယ်ခံအားကောင်းစေဖို့ပရိုတင်းက တော်တော်လေး အရေးပါပါတယ်။ ပရိုတင်းပြည့်ဝမှုက ကိုယ်ခံအားကို​ မြှင့်တင်ပေးနိုင်မှာပါ။ အသားတွေမှာက ပရိုတင်းအပြင် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့်ဇင့်ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့သွေးဖြူဥဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကလေးကို အာဟာရပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးမှုအပြင် ဒီနည်းလမ်းလေးတွေ အတိုင်းပါ လိုက်နာဖို့လည်းလိုပါဦးမယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကိုပဲ ရွေးချယ်ပါ– အစားအစာ ရွေးချယ်တဲ့အခါ သတိထားရမှာက အစားအစာတိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာပါ။ ပြင်ဆင်ထားတဲ့ အစားအစာတွေ၊ပြုပြင်ထားတဲ့ အစားအစာတွေကို ကလေးကခံတွင်းတွေ့နိုင်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တာကတော့ အသေအချာပါ။ ကလေးအတွက် အစားအစာ ရွေးချယ်ပေးတဲ့အခါ လွယ်ကူတာထက်လတ်ဆတ်ပြီး အာဟာရပြည့်တာကို ဂရုစိုက်စေချင်ပါတယ်။လိုတာထက် ပိုမကျွေးမိပါစေနဲ့ –ကီဝီသီးစားလို့ ကျန်းမာတာ မှန်ပေမယ့် ကီဝီသီး ၁၀ လုံးစားလို့တော့ ကလေးက ပိုကျန်းမာ မလာပါဘူး။ ကလေးအတွက် လိုအပ်တဲ့ ပမာဏကပဲ အကောင်းဆုံး ဖြစ်စေမှာပါ။ ဒါကြောင့် ကလေးတစ်ယောက်ကို လုံလောက်တဲ့ ပမာဏထက် ပိုမကျွေးပါနဲ့။တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ– ကလေးရဲ့  ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက  တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာလေး ဂရုစိုက်ပေးရပါမယ်။ ဒါမှရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/immunity-boosting-snacks-for-kids/
ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး
ဆီးကျိတ်ကင်ဆာက ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီးစောစောကုသနိုင်ရင် အခွင့်အလမ်းပိုကောင်းပါတယ်။ ဒါပေမယ့် ကုထုံးတွေက ခံရမသက်သာတဲ့အပြင်ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သူ့အတွက်သုံးတဲ့ ကုထုံးတွေထဲမှာဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုဆေးဝါးကုထုံး၊ အအေးဓါတ်ကုထုံး၊ဆီးကျိတ်ဂလင်းနဲ့အနီးတဝိုက်တစ်ရှူးတွေ ခွဲစိတ်ဖယ်ရှားတဲ့ကုထုံးတို့ ပါဝင်ပါတယ်။အရင်ကင်ဆာကုထုံးတွေလို ထိုးဆေးအများကြီးသုံးရတဲ့အစား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထိုးသွင်းပေးရုံနဲ့ရွှေမှုန်တွေက ကင်ဆာအကျိတ်တွေအနီးကို ကပ်သွားစေမယ့်နည်းဖြစ်ပါတယ်။ နာနိုအမှုန်တွေက အကျိတ်တွေနားမှာ ကပ်တွယ်နိုင်စေဖို့ကို လက်ဖက်ကရတဲ့ ဒြပ်ပေါင်းတစ်မျိုးက ကူညီပေးတာဖြစ်ပါတယ်။ရွှေမှုန်လေးတွေက ကင်ဆာဆဲလ်တွေကိုရှာဖွေပြီးရင် ဆဲလ်တွေထဲဝင်ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှ ပညာရှင်တွေက လေဆာသုံးပြီး နာနိုမှုန်တွေကိုလှုံ့ဆော်မယ်၊ တုန်ခါစေပြီးအပူချိန်ပြောင်းလဲစေမယ့်နည်းနဲ့ ကင်ဆာဆဲလ်တွေကို သေစေမှာဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းပြီး အလားအလာကောင်းတဲ့ ဒီကုထုံးသစ်က ကုသမှု ၂၈ ရက်အတွင်း ကင်ဆာကျိတ်ကို သိသိသာသာလျော့သွားစေနိုင်တယ်လို့ သိရပါတယ်။ဒီကုထုံးက ကင်ဆာကျိတ်တွေရဲ့ဘေးပတ်လည်က ကျန်းမာတဲ့တစ်ရှူးတွေ (အရေးပါတဲ့အာရုံကြောတွေနဲ့ ဆီးထိန်းကြွက်သားတွေအပါအဝင်) ကို မထိခိုက်စေပါဘူး။ ဒါ့ကြောင့် ဆီးအောင့်ခြင်း၊ဆီးမထိန်းနိုင်ခြင်းတို့လို ဆီးကျိတ်ကင်ဆာရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ဆီးကျိတ်ကင်ဆာရဲ့ အဖြစ်များတဲ့လက္ခဏာတွေကတော့ –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%86%e1%80%b2%e1%80%9c%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad/
သင့်ခြေဖဝါးလေးတွေ ဘာကြောင့်နာရတာလဲ ။ ။
ခြေဖဝါးဝါးတော်နုနုသွေးခြည်ဥမှာစိုးတယ် ဆိုသလိုမျိုး ကိုယ့်ြေခဖဝါးလေးေတွဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဝန်ကို ထမ်းနေရသူလေးပါ။ နေရာအနှံ့ကို သူလေးနဲ့ ပဲလျှောက်သွားနေရတာဆိုတော့ ကိုယ်မသိလိုက်မိလို့ လုပ်လိုက်တဲ့ အပြုအမူတွေကနေ ခြေဖဝါးနာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လို အကြောင်းအရာတွေကြောင့် ခြေဖဝါးနာရတာလဲ ။ ။လေ့ကျင့်ခန်းလုပ်လွန်းတာကြောင့် ခြေထောက်အသားလေးတွေ ကြေပြီး ခြေဖဝါးနာနိုင်သလို အခန့် မသင့်ရင်လည်းခြေခေါက်လဲတတ်ပြီး ခြေထောက်မှာ သွေးခြည်ဥသွားတတ်ပါသေးတယ်။များလှတဲ့ ကိုယ်အလေးချိန်ကြောင့်ဒူးနာတာအပြင် ခြေဖဝါးလည်းနာတတ်ပါတယ်။ အဆီများတဲ့အဝလွန်တဲ့သူတွေမှာ ခြေဖဝါးနာတာ ပိုဖြစ်တတ်ပါတယ်။ အကြောင်းကတော့အဆီ တစ်ရှူးတွေက ရောင်ရမ်းခြင်းကို ပိုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။ဆေးလိပ်ဟာအဆုတ်နဲ့ နှလုံးကို ဒုက္ခပေးရုံသာမကသွေးကြောတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်ကြောင့်သွေးကြောကျဉ်းတာ၊ သွေးခဲတာတွေဖြစ်လို့ ခြေဖဝါးဆီကို ကောင်းကောင်းသွေးမရောက်တော့ဘဲ ခြေဖဝါးနာကျင်တာကိုဖြစ်စေပါတယ်။ သွေးမရောက်တာ အချိန်ကြာလာတာနဲ့ အမျှ ခြေဖဝါးက တစ်ရှူးတွေ ပုပ်သွားလို့ ြေခထောက်ဖြတ်လိုက်ရတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ဒီလိုသွေးလွှတ်ကြောရောဂါခံစားနေရတဲ့သူတွေမှာ ကျဉ်းနေတဲ့ သွေးလွှတ်ကြောတွေကြောင့် ခြေထောက်ဆီကို သွေးတွေ မရောက်တော့ဘဲ ခြေထောက်နာတာမျိုးတွေ၊ တစ်ရှူးတွေ ပုပ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်ပိုင်း အနာတွေ ဖြစ်လာပြီး ဖြစ်လာတဲ့ အနာတွေလည်း မကျက်တော့လို့ ခြေထောက်ဖြတ်လိုက်ရတဲ့ အဖြစ်မျိုးတွေ ဆက်ကြုံတွေ့နိုင်ပါတယ်။ဒေါက်ဖိနပ်လေးတွေဆိုတာ အပြင်ပိုင်းက ကြည့်ရင်သာ လှပမှုကို ယူဆောင်ပေးပေမယ့် အတွင်းပိုင်း ခြေဖဝါးလေးတွေ အတွက်တော့ တကယ်ကို မသက်မသာခံစားရစေတဲ့ အရာတွေပါ။ ဒေါက်ဖိနပ်စီးထားရတဲ့ အချိန်မှာ ခြေဖဝါးက မြေပြင်နဲ့ အညီ မဟုတ်ဘဲ တစ်ဘက်လျှောဖြစ်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ အားတစ်ခုလုံးက ခြေဖဝါး တစ်နေရာအပေါ်ကိုပဲ ကွက်ကျနေတာကြောင့် ခြေဖဝါးနာရပါတယ်။ ။အရက်ဆိုတာအာရုံကြောကို ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်လို့အရက်သောက်လွန်းတဲ့သူတွေမှာခြေဖဝါးနာတာမျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်မှာ ပူနေတာ၊ ထုံကျင်နေတာမျိုးတွေ ဖြစ်တတ်လို့ သူ့ကို alcoholic neuropathyအရက်ကြောင့် အာရုံကြောထိခိုက်ခြင်းလို့ ခေါ်ပါတယ်။ဆီးချို ေရာဂါ သမားတွေဆိုတာ ခြေထောက်ကို သေချာ ဂရုစိုက်ရတဲ့သူတွေပါ။ ခြေထောက်မှာအနြာဖစ်ရင်လည်း ဆီးချိုကြောင့်အနာကျက်နှေး နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့အာရုံကြောထိခိုက်တာလည်း ဖြစ်တတ်တဲ့အတွက်ကြောင့် ဆီးချို သမားတွေမှာ ခြေဖဝါးနာတတ်ပါတယ်။ဆောင်းရာသီဆိုအသားခြောက်၊အသားပပ်ြပီး ခြေဆီတွေ မထွက်တော့လို့ခြေဖနောင့်ကွဲတာမျိုးတွေ ကြုံဖူးကြမှာပါ။ ကွဲတဲ့ခြေဖနောင့် အစလေးကို သွားသွားဆွနေရင် အသားစိုက်သွားတတ်ပြီး ခြေဖနောင့် နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစိုဓါတ်ရအောင် ခြေဖဝါးကို အလှဆီ လိမ်းပေးပါ။ဒါတွေကတော့ သင့်ခြေဖဝါးကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ခြေဖဝါးနာကျင်ပြီဆို လမ်းလျှောက်ရတာ သက်တောင့် သက်တာ မရှိတော့လို့နေ့စဉ်လုပ်နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ပါဘူး။ ဒီတော့ ကိုယ့်ခြေဖဝါးလေးကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/foot-pain/
ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ
ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ ဆိုလို့ ရင်သားကင်ဆာ ကာကွယ်လို့ ရမယ့် နည်းလမ်း ရှိတာလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့်ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။အခုပြောပြမယ့်နေထိုင်မှုပုံစံလေးတွေကို လုပ်ဆောင် ကျင့်သုံးရင်း ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ လို့ ပြောချင်ပါတယ်။ကိုယ်အလေးချိန်များတာက ရင်သားကင်ဆာ ဖြစ်နိုင်​ခြေ တိုးစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့်သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန် များနေတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။အရွယ်ရောက်လာချိန်ကစပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းမှသာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိနိုင်ပြီးရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ကိုယ်အလေးချိန် ထိန်းသိမ်းတာက ရင်သားကင်ဆာကိုတင် မဟုတ်ဘဲ အခြား ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။လေ့လာမှုတွေအရ နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင် တစ်ပတ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၁၅၀။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း တစ်ပတ်ကို ၇၅ မိနစ်လောက်အထိ လုပ်ပေးဖို့ လိုပါမယ်။အထိုင်များတာကိုလည်း လျှော့ချရပါမယ်။ ဒီလို လှုပ်လှုပ်ရှားရှား နေထိုင်မှုက ရင်သား ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာ အဆီတွေကို လျှော့စားပါ။ အထူးသဖြင့် ပြည့်ဝဆီတွေပေါ့။ နောက်တစ်ချက်က သကြားပါ။ အချိုများတာတွေ စားတာက ရေရှည်မှာ ကင်ဆာဖြစ်စေဖို့ တွန်းအားပေးနိုင်လို့ပါ။သဘာဝမဟုတ်တဲ့ အရောင်တွေပါဝင်နေတဲ့ အစားအစာတွေ၊အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။ သန့်စင်ထားတဲ့ ကောက်နှံတွေရောပါပဲ။ ဒါတွေက အာဟာရဖြစ်ဖို့ထက်ကင်ဆာဖြစ်နိုင်ခြေပိုများနေပါတယ်။ဘေဘီလေး မွေးထားမယ်ဆိုရင်တော့ မိခင်နို့ တိုက်ပေးပါ။ မိခင်နို့ တိုက်တာကဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်ဝစေပြီး ဘေဘီလေးကို ကျန်းမာစေသလို မေမေ့ကိုလည်း ရင်သားကင်ဆာ ခံစားရနိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ဘေဘီလေးကို ၁ နှစ်နဲ့အထက် မိခင်နို့ တိုက်တဲ့ မေမေတွေက ရင်သား ကင်ဆာ ခံစားရနိုင်ခြေ နည်းပါတယ်။ကျန်းမာရေးနဲ့ ညီ​ညွတ်တဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမျာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ အရောင်အသွေးစုံလင်တဲ့ သစ်သီးတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ဒီလို စားသုံးမှုက ရင်သားကင်ဆာကိုတင် ကာကွယ်ပေးတာ မဟုတ်ဘဲ၊ နှလုံးကို ကျန်းမာစေသလို အစာခြေစနစ် ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသေးတယ်။ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဆေးလိပ်ဖြတ်တာက ကျန်းမာစေရုံတင် မကပါဘူး။ ရင်သားကင်ဆာ​ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒါတင်မကပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာက အဆုတ် ကျန်းမာစေသလိုနှလုံးရောဂါ ဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။လေ့လာမှုတွေအရ အရက်၊ ဘီယာ သောက်သုံးတာကရင်သား ကင်ဆာဖြစ်နိုင်ခြေကို တိုးစေတယ်လို့ သိရပါတယ်။ဒါကြောင့် ရင်သားကင်ဆာ ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် အရက်၊ ဘီယာ လျှော့ပါ။ ဖြစ်နိုင်ရင် ဖြတ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/help-reduce-your-breast-cancer-risk/
မိုးရေနဲ့အတူ ပါလာတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း
မိုးဦးလေဦးကျလာပြီဆိုရင် မိုးဖြောက်ဖြောက်မှာနှာစေး ချောင်းဆိုးတာအပြင် ဖြစ်တတ်တဲ့ နောက်ထပ်ကျန်းမာရေး ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာပါ။ ဝမ်းပျက်ဝမ်းလျှောတာက နွေရာသီမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် မိုးရာသီမှာလည်း အစားအစာနဲ့ ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း အဖြစ်များပါတယ်။ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာက ပုံမှန်အခြေအနေထက် ကျော်လွန်နေတဲ့ ဝမ်းသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဝမ်းသွားတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ နေ့စဉ်ဘဝရဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေ များစွာ သွားနေမယ်။ ဝမ်းက အရည်တွေ ဖြစ်နေမယ် ဝမ်းသွားချင်တဲ့အခါ အောင့်ထားလို့ မရအောင် ဖြစ်နေမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာပါ။ဝမ်းပျက်ဝမ်းလျှောတာက ၁ ရက်ကနေ ၃ ရက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ၃ ရက်ထက် ပိုကြာပြီး ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရတယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။ဝမ်းပျက်ဝမ်းလျှောတာကို။ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ဝမ်းပျက်ဝမ်းလျှော တာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးတဲ့အခါ။လူတိုင်းလိုလို ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကတော့။ဝမ်းပျက်ဝမ်းလျှော တဲ့အခါ သက်သာစေဖို့ဆိုရင်။ဓာတ်ဆားရည်ကို အဓိက သောက်ပေးပါ။ ဒါ့ပြင် သန့်ရှင်းတဲ့ သောက်သုံးရေ၊ ရေကျက်အေးတို့ကို သောက်ပေးလို့ ရသလို  ကဖင်းမပါတဲ့ sports drinks၊ စွပ်ပြုတ်၊ သဘာဝ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ ရေဓာတ်ဆုံးရှုံးတာကြောင့် ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ရေ နဲ့ အရည်တွေကို တတ်နိုင်သမျှ များများ သောက်ပေးပါ။ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ အဆီများတာ၊ အပူအစပ် နဲ့ ဆီကြော်စာတွေ အစား။သတိထားရမှာက BRAT dietက လိုအပ်တဲ့ အာဟာရအပြည့်အဝ မပါတာကြောင့် ၁-၂ရက်ထက် ပိုမစားသင့်ပါဘူး။ကဖင်းပါတဲ့ စားစရာတွေ သောက်စရာတွေက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ဆုံးရှုံးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ မသောက်မိစေဖို့ လိုပါမယ်။ ရေဓာတ်ဆုံးရှုံးတာက ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ လက်ဖက်တို့ကို မစားပါနဲ့။ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ နောက်ထပ်ရှောင်ရမယ့် အစားအစာတွေက လေပွစေတဲ့ အစားအစာတွေပါ။ ဒါတွေက ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ခံစားနေရချိန်မှာ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုတ်၊ ဘီယာ၊ အချိုရည် စတာတွေကို ရှောင်ဖို့ လိုပါမယ်။နို့ထွက်ပစ္စည်းတွေကလည်း အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှော တာကို ပိုဆိုးစေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေမယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို မစားမိဖို့လည်း လိုပါမယ်။ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယားတွေ ဒါမှမဟုတ် ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေက ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/about-diarrhea/
ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ
ဝမ်းကိုက်တယ်ဆိုတာကအစာခြေစနစ်ရဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းပြီး ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊  ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဒီလို ဝမ်းကိုက်တာကို ခံစားရချိန်က ၃ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျား ၁၀၀ ဒီဂရီထက် များနေတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့် အဖြစ်များပါတယ်။ အစားအစာ သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းကိုက်တာက ရေဓာတ်ခမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ဝမ်းကိုက်ပိုးက ကူးစက်မြန်လွန်းတဲ့ကူးစက်ရောဂါတစ်မျိုးပါ။ ဒီရောဂါပိုးက အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ ရေအိမ်တစ်ခုတည်း အသုံးပြုမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကို မကူးစက်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို သေချာစွာ ဆေးကြောတာပါပဲ။ ဒီဝမ်းကိုက်တာက ကူးစက်တာ မြန်သလို တိရစ္ဆာန်လေးတွေဆီကနေလည်း ကူးစက်နိုင်ပါတယ်။ ဝမ်းကိုက်တာကို အချိန်ကြာရှည် မကုသဘဲ ထားမယ်ဆိုရင် ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်ပြီး ကိုယ်တွင်းကသတ္တုဓာတ်တွေ မမျှတမှုဖြစ်နိုင်သလို သတိလစ်တာ၊ ကိုမာဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။တကယ်လို့ ဝမ်းတွေလည်း ဆက်တိုက်သွားနေမယ်။အဖျားလည်း တက်နေမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။ဝမ်းကိုက်တာကို မြန်နိုင်သမျှ မြန်မြန်ကုသမှု ခံယူဖို့လိုပါမယ်။ ဝမ်းကိုက်တာကို မကုသဘဲ ထားမယ်ဆိုရင်။ဝမ်းကိုက်ခြင်းဆိုတာ အူတွေထဲကိုဝမ်းကိုက်စေတဲ့ ဘက်တီးရီးယားသို့ ကပ်ပါးပိုး ဝင်ရောက်တာပါ။ ဒီလို ဝမ်းကိုက်စေတဲ့ ပိုးတွေ အစာခြေစနစ်ထဲကို ရောက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာ၊ အချွဲတွေ ပါတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်တာရဲ့ပထမဆုံးသော လက္ခဏာကတော့ တစ်နေ့ကို ၃ ကြိမ် ကနေ ၈ ကြိမ်လောက် ဝမ်းအရည်တွေ သွားတာပါ။ ရောဂါက ပြင်းထန်လာလေလေ ဗိုက်က ပြင်းပြင်းထန်ထန် နာကျင်လာလေလေပါ။အဖျားကလည်း ၁၀၀ ဒီဂရီ နဲ့ ၁၀၀ ဒီဂရီအထက်မှာ ဖြစ်နေနိုင်ပါတယ်။ဝမ်းကိုက်ခြင်းမှာ။အမီဘားရောဂါပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – amoebic dysentery ကတော့သန့်ရှင်းမှု အားနည်းတဲ့ အစားအစာ၊ သောက်သုံးရေတွေကို စားသောက်မိတာကြောင့် ဖြစ်ရတာပါ။ ဗိုက်အရမ်းအောင့်တာကို ခံစားရနိုင်ပါတယ်။လက္ခဏာတွေအနေနဲ့ကတော့။ဘက်တီးရီးယား အစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – bacillary dysentery ကတော့ အတော်လေး အန္တရာယ်များတဲ့ ဝမ်းကိုက်ခြင်းပါ။ ရောဂါပိုး ကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ လက္ခဏာပြပါတယ်။ ပထမဆုံးသော လက္ခဏာအနေနဲ့ကတော့ ဝမ်းသွားတာပါ။လက္ခဏာတွေအနေနဲ့ကတော့။တစ်ခါတလေမှာ ဘက်တီးရီးယားအစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ဝမ်းကိုက်တာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ Shigella၊ E.Coli၊ Campylobacter နဲ့ Salmonella ဘက်တီးရီးယားတွေ ကူးစက်ခံရတာပါ။ ဒီလိုမျိုး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲ ရောက်သွားပြီး လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ ဝမ်းကိုက်တာကို ခံစားရတာပါ။ဝမ်းကိုက်ပိုးတွေက နိုင်ငံဒေသတွေကိုလိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ လက်တင်အမေရိကမှာဆိုရင် Shigella​ကြောင့် ဝမ်းကိုက်တာ အဖြစ်များပါတယ်။ အရှေ့တောင်အာရ ဒေသတွေမှာတော့ Campylobacterကြောင့် ဝမ်းကိုက်တာ အဖြစ်များပါတယ်။ဝမ်းကိုက်တဲ့အခါ သိပ်မပြင်းထန်တဲ့ လက္ခဏာကနေ ပြင်းထန်တဲ့ လက္ခဏာတွေအထိ ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့။ဝမ်းကိုက်တာက က သိပ်မပြင်းထန်ဘူးဆိုရင်တော့ အရည်များများသောက်ပေးတာက သက်သာစေမယ့် နည်းလမ်းပါ။ ပြင်းထန်မယ်ဆိုရင်တော့ ပိုးသတ်ဆေး သောက်ရပါမယ်။ ဆေးပတ်လည်အောင် သောက်ဖို့ အရေးကြီးပါတယ်။ လိုအပ်မယ်ဆိုရင် ရေဓာတ်ဖြည့်တင်းဖို့အတွက် ပုလင်းကြီး ချိတ်ဖို့ လိုပါမယ်။ဝမ်းကိုက်တာကို သက်သာစေဖို့ဆိုရင်တော့ အခုလိုမျိုး အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ဝမ်းကိုက်တာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အခန့်မသင့်ရင် သေဆုံးစေနိုင်ပါတယ်။ ဝမ်းကိုက်ပြီးရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/about-dysentery/
ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရာဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင်အာဟာရတွေကို အချိုးအစား မှန်ကန်မျှတစွာ စားသုံးမိဖို့ လိုပါမယ်။ဒီလိုဆိုတာနဲ့ ဘာတွေကိုများ ထူးထူခြားခြား စားသုံးရတော့မလဲ မသိဘူးလို့ မတွေးလိုက်ပါနဲ့။ ပုံမှန် စားသုံးမှုမှာပဲ အာဟာရပြည့်အောင် စားသုံးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှမေမေက အာဟာရပြည့်ဝပြီး မှန်ကန်စွာ စားသုံးတာက ကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ဒီတော့ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားနိုင်စေဖို့ မေမေတို့အနေနဲ့ ဘာတွေ စားရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ အနေနဲ့။သစ်သီးတွေကဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး မေမေကိုကိုယ်ခံအားကောင်းစေသလို ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ သစ်သီးတွေက ကိုယ်ခံအားကောင်းစေတဲ့ဗီတာမင် Cကြွယ်ဝတဲ့ အစားအစာတွေပါ။အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ် ပါဝင်နေတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုကအစာခြေစနစ်ကို ကောင်းစေပြီးအစာမကြေတာ၊ ရင်ပူတာနဲ့ ဝမ်းချုပ်တာ၊လိပ်ခေါင်းဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ထမင်း၊ ပေါင်မုန့်၊ ကိတ်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။အာလူး၊ ခေါက်ဆွဲ၊ကန်စွန်းဥစတာတွေကိုလည်း စားပေးလို့ရပါတယ်။ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင် မေမေကို အင်အားပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကိုတော့ မစားဖို့ ပြောပါရစေ။ ဥပမာအသင့်စား ခေါက်ဆွဲပြုတ်၊ ပီဇာ စတာတွေပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းက တော်တော်လေး အရေးကြီးပါတယ်။ နေ့စဉ် ပရိုတင်း ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ဒါမှ မေမေလည်းကိုယ်ခံအားကောင်းပြီး ဘေဘီလေးလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်း ပြည့်ဝစေဖို့ ကြက်သား(အရေခွံမပါ)၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အခွံမာသီး စတာတွေ စားပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ဘေဘီလေး အရိုးနဲ့သွားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ကယ်လ်ဆီယမ် မဖြစ်မနေ လိုအပ်ပါတယ်။ဒါကြောင့်ကယ်လ်ဆီယမ်ပြည့်ဝစေဖို့ဆိုရင် နို့၊နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ချိစ်စတာတွေ စားပေးပါ။အဆီ အများကြီးစားတာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ ထိုက်သင့်သလောက် စားပေးဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆို ပိုလို့တောင် လိုအပ်ပါဦးမယ်။ဒါကြောင့် ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝဆီတွေပါဝင်နေတဲ့ အသားအဆီတွေ၊ ထောပတ်၊ ခရင်မ်၊ ကွတ်ကီးစတာတွေကို မစားပါနဲ့။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါတဲ့ပင်လယ်ငါး၊ အခွံမာသီး၊ အစေ့အဆန်၊နေကြာဆီ၊ သံလွင်ဆီ စတာတွေ စားသုံးပေးပါ။ဒါတွေအပြင် လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အားဆေးသောက်တာ၊ ဖြည့်စွက်စာ စားတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/what-to-eat-in-pregnancy-for-a-healthy-baby/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/foods-that-cause-constipation-in-adults/
ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ
ကလေးတွေအတွက်သကြားလုံးဆိုတာ ဆုလာဘ်ပါပဲ။ ငယ်ငယ်တည်းက ကလေး ကောင်းတာတစ်ခုခုလုပ်တိုင်း တော်လိုက်တာဆိုပြီး ချီးကျူးပြီး သကြားလုံးတွေ ဆုချတတ်ကြပါတယ်။ ဒါတွေက နောက်ပိုင်းမှာ အကျင့်ဖြစ်လာပြီး ကလေးက သကြားလုံးကို စွဲလမ်းလာပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားလုံးကနေတဆင့် အချိုပါတဲ့ အစားအစာတွေကို ခုံမင်လာပါတယ်။ တစ်နည်းအားဖြင့် သကြားဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားလာပါတယ်။ အဲ့ဒီတော့မှ မိဘတွေအနေနဲ့ ကလေးကို  ဒီအတိုင်းဆက်ကျွေးရင် ဘာဖြစ်လာမှာလဲဆိုပြီး စိုးရိမ်လာပါတယ်။ ဒါဆိုရင် ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ က ဘာလဲ။ ကလေးတွေ အတွက် သကြားဓာတ်များတဲ့ အစားအစာတွေကဘာလဲ။ သကြားအစားထိုးဘာကျွေးကြမလဲဆိုတာကို ဆက်ကြည့်ရအောင်။အချိုတွေ အစားများရာကနေ ‘သကြားစွဲလမ်းမှု’ဆိုတဲ့ ‌ရောဂါဖြစ်လာပါတယ်။ အရက်စွဲတာ၊ ဆေးစွဲတာလိုမျိုးတော့ မဟုတ်ပါဘူး၊၊ သကြားဓာတ်ကို ဦးနှောက်က အင်မတန်မှ ကြိုက်ပါတယ်၊၊ သကြားဓာတ်နည်းသွားတာနဲ့ ဦးနှောက်က သကြားဓာတ်ကို အတင်းတောင်းဆိုတာကြောင့် မစားရမနေနိုင် ဖြစ်လာတာပါ၊၊ ပမာဏများများ စားလေ့ရှိသူတွေက နည်းနည်းလောက် ကျသွားရင်ကို မနေနိုင်ဘဲ အချိုစားချင်လာတာပါ၊၊။ဒီပြဿနာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ စွဲလမ်းမှုဖြစ်တဲ့အတွက် ရုတ်တရက်သကြားကို ဖြတ်လိုက်ရင် စိတ်တိုစိတ်ဆတ်တာ၊ ကတုန်ကရင်ဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ နုံးတာ စတာတွေဖြစ်လာပါတယ်။(၁)စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ။(၂)ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ။ကလေးတွေနေ့စဥ်စားနေတဲ့ အစားအစာတွေထဲမှာ ကိုယ်မသိလိုက်ဘဲ သကြားဓာတ်တွေအများကြီးပါနေတတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်။ဒါတွေက ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက်‌ရှောင်ကြဥ်ပြီး သကြားဓာတ်နည်းတဲ့ အစားအစာတွေကို အစားထိုးကျွေးသင့်ပါတယ်။သကြားဓာတ်နည်းတဲ့ အစားအစာတွေက ဆန့်ကျင်ဘက်အားဖြင့် ကောင်းကျိုးကို ပေးပါတယ်။ ဥပမာပြောရရင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/dangers-of-sugar-consumption-children/