title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကင်ဆာ
ကင်ဆာ ဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေကို ဖျက်ဆီးတာ၊ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကင်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်ဆာအမျိုးအစားကွဲပေါင်း ၂၀၀ လောက်ကိုရှိပါတယ်။အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကတော့အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ မှဲ့ကင်ဆာတို့ပါ။ ကင်ဆာက အမျိုးအစားအပေါ်လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကုသနည်းကလည်း အခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပြ ကုသတာ၊ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။အမျိုးသား ၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းလောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။ကင်ဆာဆဲလ် စတင်ဖြစ်ပွားတဲ့ တစ်ရှူးအမျိုးအစား၊ အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး ကင်ဆာရဲ့ အမည်နာမတွေ ကွာခြားနိုင်ပါတယ်။ အချို့သောကင်ဆာတွေက ဖြစ်ခဲပေမယ့် အချို့သောကင်ဆာတွေကတော့ အတော်လေးကို အဖြစ်များပါတယ်။အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များတဲ့ ကင်ဆာတွေက။ဒီကင်ဆာတွေအပြင်ခံတွင်းကင်ဆာ၊လည်မျိုကင်ဆာတို့က အမျိုးသားတွေမှာ အဖြစ်များသလို အမျိုးသမီးတွေမှာဆိုရင်သားအိမ်ကင်ဆာက အဖြစ်များတဲ့ကင်ဆာတစ်မျိုးပါ။ပန်ကရိယကင်ဆာကတော့ အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များတဲ့ ကင်ဆာတစ်ခုပါ။ကင်ဆာရောဂါမှာ သတိထားမိနိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ အခုပြောပြမယ့် လက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါမယ်။ကင်ဆာဖြစ်နေပြီဆိုရင်။ဒီလက္ခဏာတွေ ပြလာပြီဆိုရင် ကိုယ့်သဘောအတိုင်း ဆေးမြီးတိုတွေနဲ့ ကုသတာမျိုး မလုပ်ဘဲ တတ်သိနားလည်သူတွေနဲ့ သေချာပြပါ။ ကင်ဆာကနေ ရှင်သန်ခဲ့ကြသူတွေက ရောဂါလက္ခဏာတွေ တွေ့ပြီဆိုတာနဲ့ လိုအပ်တဲ့ ကုသမှုတွေကို အမြန်ဆုံး ခံယူခဲ့လို့ပါ။သာမန်ဆဲလ်တစ်ခုကနေ ကင်ဆာဆဲလ်ဖြစ်လာဖို့ ပြောင်းလဲရမှုတွေက အဆင့်ဆင့်ပါ။ ဒီလို အဆင့်ဆင့် ပြောင်းလဲမှုမှာ –။DNA (မျိုးဗီဇဆဲလ်) ထိခိုက်ပျက်စီးတာ– အချို့သော အရာဝတ္ထုတွေနဲ့ တိုက်ရိုက်ထိတွေ့မှုက ဆဲလ်တွေထဲမှာ ရှိတဲ့ မျိုးဗီဇဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဥပမာပြောပြရရင် ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှု၊ ပတ်ဝန်းကျင်က ကာစီနိုဂျင်တွေနဲ့ ထိတွေ့မှုကြောင့် ကင်ဆာဖြစ်နိုင်ပါတယ်။နာတာရှည် နာကျင်ရောင်ရမ်းမှု– ဆဲလ်တွေထဲက မျိုးဗီဇ ပြောင်းတာအပြင် ဆေးလိပ်သောက်တာကြောင့် အသက်ရှူ လမ်းကြောင်း၊ အစာရေမျိုပြွန်တွေ အမြဲလိုလို ရောင်ရမ်းမှုကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။နေထိုင်မှု ပုံစံ– ဆေးလိပ်သောက်တာက ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပေါ့။ဆေးလိပ်သောက်တာက အမျိုးမျိုးသော ကင်ဆာတွေကိုဖြစ်စေနိုင်သလို ကင်ဆာကြောင့် အသက်ဆုံးရှုံးသည်အထိလည်း ဖြစ်စေပါတယ်။ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့အပြင် အဝလွန်တာ၊ အရက် အလွန်အကျွံသောက်သုံးတာတွေကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ နေထိုင်မှု ပုံစံတွေပါ။ပတ်ဝန်းကျင်က ထိတွေ့မိတဲ့အရာတွေ-ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ထိတွေ့မိနေတဲ့အရာတွေကလည်း ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ နေအိမ်ထဲမှာ ရှိနေတဲ့ ဓာတ်ငွေ့တွေက အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်သလို လုပ်ငန်းခွင်တွေမှာ ရှိနေတဲ့ ကာစီနိုဂျင်လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကလည်း ကင်ဆာဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။မျိုးရိုး– မိဘမျိုးရိုးမှာ ကင်ဆာရောဂါဖြစ်ဖူးမယ်ဆိုရင် မိဘဆီကနေ ကင်ဆာကို လက်ဆင့်ကမ်း ရရှိတာမျိုးလည်း ရှိနိုင်ပါတယ်။ဗိုင်းရပ်စ် နဲ့ အခြားသောအရာတွေ– ​ဗိုင်းရပ်စ်တွေကလည်း ကင်ဆာ ဖြစ်စေတဲ့ အရာတွေပါ။ ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ဥပမာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့human papillomavirus (HPV)နဲ့ အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့H. pyloriဗိုင်းရပ်စ်တွေကြောင့်လည်း ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ကင်ဆာဖြစ်တဲ့အခါ အရေးကြီးတဲ့အချက်ကprimary( မူလအရင်းခံ)ကင်ဆာဆိုတာ ရှိသလိုsecondary (တဆင့်ခံ)ကင်ဆာဆိုတာလည်း ရှိပါတယ်။ ဥပမာ ကင်ဆာစဖြစ်တဲ့နေရာက အဆုတ်မှာ အဆုတ်က မူလအရင်းခံ ကင်ဆာဖြစ်တဲ့နေရာ၊ အဆုတ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေက ရင်သားကို ပြန့်သွားလို့ ရင်သားကင်ဆာဖြစ်တာက တဆင့်ခံ ဖြစ်တဲ့ ကင်ဆာပါ။ ဒီကင်ဆာ နှစ်ခုရဲ့ ကင်ဆာဆဲလ်တွေက မတူနိုင်ပါဘူး။ကင်ဆာရှိနေလားဆိုတာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။Screening tests (ကင်ဆာ စစ်ဆေးခြင်း) –ဒီကင်ဆာ စစ်ဆေးနည်းက ကင်ဆာ အမျိုးအစားတော်တော်များများကို စစ်ဆေးရာမှာ အသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလိုမျိုး ကင်ဆာတွေကို စစ်ဆေးရာမှာ အသုံးပြုကြပါတယ်။ ကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတွေ့ပြီဆိုရင် အရင်ဆုံး လုပ်ဆောင်တဲ့ စစ်ဆေးမှု တစ်ရပ်ပါ။နောက်တဆင့် စစ်ဆေးမှုကတော့ ဒီစစ်ဆေးမှုကနေ ထွက်လာမယ့် ကင်ဆာ အမျိုးအစားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ သွေးစစ်တာ၊ ဆီးစစ်တာတွေက အခြားကျန်းမာရေး အခြေအနေတွေကို ဖော်ပြနိုင်သလို သွေးထဲက အချို့သောအရာဝတ္ထုတွေရဲ့ ပမာဏ အနည်းအများကို ကြည့်ပြီး သွေးကင်ဆာ နဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်အခြေအနေတွေ ရှိနေလားဆိုတာကို သိရှိနိုင်ပါတယ်။Imaging studies(ပုံရိပ်ဖော် စစ်ဆေးခြင်း) –ဒီစစ်ဆေးနည်းက အကျိတ်တွေကို စစ်ဆေးတဲ့နည်းလမ်းပါ။ ဒီစစ်ဆေးနည်းမှာ X-rays၊ CT scans၊ ultrasound၊ MRI၊ PET scans နဲ့ nuclear scans တို့ ပါဝင်မှာပါ။အကျိတ်ရှိပြီဆိုရင် အရင်ဆုံး အကျိတ်က ရိုးရိုးကျိတ်လား၊ ကင်ဆာကျိတ်လားဆိုတာကို သိနိုင်စေဖို့ အသားစယူ စစ်ဆေးတာ (biopsy)ကို အရင်လုပ်ဆောင်မှာဖြစ်ပါတယ်။Local treatments–  ဒီကုသမှု နည်းလမ်းမှာ ခွဲစိတ်ကုသမှု နည်းလမ်းရယ်၊ ဓာတ်ရောင်ခြည်ပြတဲ့ နည်းလမ်းရယ်ဆိုပြီး ပါဝင်မယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက သွေးကြောတွေ၊ ပြန်ရည်ကြောစနစ်တွေထဲကနေ ပြန့်နှံပနေပြိဆိုရင်တော့ ဒီနည်းက ထိရောက်မှု အားနည်းနိုင်ပါတယ်။ ကင်ဆာကို စောစောသိမယ်ဆိုရင်တော့ ဒီကုသမှုက ကင်ဆာကို အထိရောက်ဆုံး ကုသပေးနိုင်မှာပါ။Systemic treatments –ဒီကုသမှုမှာတော့ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ targeted therapies၊ ဟော်မုန်းအစားထိုး ကုထုံး၊ ကိယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့ ကုထုံးဆိုပြီးရှိပါမယ်။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့က ကင်ဆာဆဲလ်တွေကို ကုသပေးနိုင်ပါတယ်။ ဒီကုသမှုနည်းလမ်းကို သွေးနဲ့ဆိုင်တဲ့ ကင်ဆာ အမျိုးအစားတွေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်နှံ့နေတဲ့ အခြေအနေမျိုးမှာ အသုံးပြုပါတယ်။ကင်ဆာကုထုံးလို့ ဆိုလိုက်ရင် ဒီကုထုံးတွေ အားလုံး ပါဝင်ပါတယ်။Surgery (ခွဲစိတ်ကုသမှု) –အကျိတ်တွေကို ဖယ်ရှားဖို့အသုံးပြုတဲ့ ကုထုံးတစ်ရပ်ပါ။ ခွဲစိတ်ကုသတာက တစ်ခါတလေမှာ အထိရောက်ဆုံး ကင်ဆာ ကုထုံးတစ်ရပ်လည်း ဖြစ်ပါတယ်။Chemotherapy (ဆေးသွင်းကုထုံး) –ဆေးသွင်းကုထုံးဆိုတာက ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ ဆေးရည်ထိုးသွင်းတဲ့ ကုထုံးတစ်ရပ်ပါ။Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး) –ဒီကုထုံးမှာတော့ ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ စွမ်းအားမြင့် ရောင်ခြည်ကို အသုံးပြုထားပါတယ်။Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) –ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။Immunotherapy(ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး) –ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။Hormonal therapies (ဟော်မုန်းကုထုံး) –အချို့သော ကင်ဆာတွေမှာ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ ဟော်မုန်းတွေက ကင်ဆာဆဲလ်တွေ ကြီးထွားစေဖို့ လှုံ့ဆော်ပါတယ်။ ဒီကုထုံးကတော့ ထွက်လာမယ့် ဟော်မုန်းတွေကို ဟန့်တားပေးပြီးကင်ဆာဆဲလ်တွေကို မကြီးထွားစေဖို့ လုပ်ပေးတဲ့ ကုထုံးပါ။Stem cell transplant (ပင်မဆဲလ် အစားထိုးကုထုံး) –ဒီကုထုံးက ရိုးတွင်းခြင်ဆီထဲက သွေးဆဲလ်တွေကို အစားထိုးကုသဖို့ ဆေးသွင်းကုထုံးတွေ၊ ဓာတ်ရောင်ခြည့်ပြတဲ့ ကုထုံးတွေ အသုံးပြုပြီးတဲ့နောက်မှာ ပင်မဆဲလ်တွေကို အစားထိုးတဲ့ ကုထုံးပါ။ကင်ဆာက စောစောသိ စောစောကုသရင် အထိရောက်ဆုံး ကုသနိုင်မှာပါ။ ဒါကြောင့် ကင်ဆာလက္ခဏာလို့ယူဆရတဲ့ လက္ခဏာတစ်ခုခု တွေ့ရပြီဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။ ကင်ဆာက စောစောသိ စောစောကုသမှုခံယူရင် သက်တမ်းစေ့စေ့နေနိုင်မှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cancer/
အစားရွေးတဲ့ သားသားမီးမီး... အစားစားစေဖို့
ကလေးက ပြင်ဆင်ပေးသမျှကို အားပါးတရစားတာကို မြင်ရချိန်က မေမေတစ်ယောက်အတွက် အပျော်ဆုံးအချိန်ဖြစ်မှာပါ။ ဒီလိုဖြစ်ဖို့ဆိုတာက လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ အကြောင်းကတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့စားသောက်မှုပုံစံချင်းမတူကြလို့ပါ။ အချို့ကလေးတွေက အစားမရွေးတတ်ပေမယ့် အချို့ကလေးတွေကတော့အစားရွေးတတ်ကြပါတယ်။ အစားရွေးတဲ့သားသားမီးမီးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အစားရွေးတဲ့ သားသားမီးမီး… အစားစားစေဖို့ ဘာတွေ လုပ်ဆောင်ပေးရမလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ မေမေတို့ရေ…….။ကိုယ့်ရဲ့ သားသားမီးမီးက ဟိုဟာကျွေးလည်း မစားချင်ဘူး၊ ဒီဟာဆိုလည်း ဟင့်အင်းလုပ်မယ်။အာဟာရပြည့်တဲ့ ထမင်းတွေ။ ဟင်းတွေထက် အာဟာရပါဝင်မှုနည်းတဲ့အချိုစာတွေကိတ်မုန့်၊ ရေခဲမုန့်စတာတွေကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားနေတယ်ဆိုရင်တော့ သေချာတာက အစားရွေးတဲ့ သားသားမီးမီးကို ပိုင်ဆိုင်ထားပြီဆိုတာပါ။အစာရွေးတော့နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ…..။အစာရွေးတော့ သေချာတာက လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာမရဘူးပေါ့။ ဒီတော့ ဘာဖြစ်လာမလဲဆိုရင်ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေရချိန်မှာ လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝမရတော့။အစားရွေးတဲ့ သားသားမီးမီး… အစားစားစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။(၁)ကလေးမဆာတာကိုအတင်းမကျွေးပါနဲ့။အစားအသောက်က ဆာတဲ့အချိန်။ စားချင်စိတ်ရှိတဲ့အချိန်မှာ စားတာက အရသာအရှိဆုံးပါ။ ကလေးတွေမှာလည်း ဒီလိုပါပဲ။ မစားချင်တာကို စားရတဲ့အခါ နောက်တစ်ကြိမ် ဒီအစားအစာကို ထပ်မစားချင်တာမျိုး၊ အစားစားချင်စိတ်မရှိတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးက မဆာတာကို အတင်းစားခိုင်းတာမျိုးမလုပ်ပါနဲ့။ အစားစားဖို့ ဖိအားမပေးမိပါစေနဲ့။(၂)ကုန်နိုင်သလောက်ပဲစားခိုင်းပါ။ကလေးကို ထမင်းစားတဲ့အခါ အများကြီးအားရပါးရ စားစေချင်တာက မေမေ့ရဲ့ ဆန္ဒဆိုပေမယ့် ကလေးကုန်နိုင်တာထက် အများကြီးကျွေးတာက ကလေးကို အစားရွေးတဲ့ကလေးဖြစ်အောင် ကိုယ်တိုင် တွန်းပို့မိသလိုဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကလေးကို ကုန်နိုင်သလောက် နည်းနည်းချင်းပဲ ထည့်ကျွေးပေးပါ။(၃)စားချင်စရာကောင်းအောင်လုပ်ပေးပါ။ကလေးတွေက လှလှပပ ပြင်ဆင်ကျွေးမွေးတာကို သဘောကျကြပါတယ်။ ဒါကြောင့် ကလေးကိုအသီးအရွက်ကစလို့ အသား၊ငါး။ ဥအမျိုးမျိုးအထိ စားစရာတိုင်းကို စားချင်စဖွယ်ပြင်ဆင်ပေးပါ။(၄)မိသားစုထမင်းဝိုင်းမှာပါဝင်ခွင့်ပေးပါ။ကလေးကလည်း မိသားစုတွေနဲ့ ထမင်းစားချင်မှာပါ။ ဒါကလည်း ကလးကို အစားစားချင်စိတ်ဖြစ်စေပြီး အစားရွေးတဲ့ ကလေးမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို မိသားစုထမင်းဝိုင်းမှာ အတူတူစားခွင့်ပေးလိုက်ပါ။(၅)စိတ်ရှည်ရှည်ထားပါ။ကလေးက မသိသေးတဲ့အရသာကို စမ်းစားခိုင်းတဲ့အခါ နည်းနည်းလောက်တော့ အင်တင်တင်လုပ်နေနိုင်ပါတယ်။ ဒါကို မိဘတွေဘက်က စိတ်ရှည်ရှည်ထားပေးဖို့လိုပါမယ်။ ဒါမှ ကလေးက အစားမရွေးဘဲ အားပါးတရ စားသုံးတတ်သူလေး ဖြစ်လာမှာပါ။(၆)အတူတူပြင်ဆင်ပါ။အစားအစာတွေကို အတူတူ ပါဝင်ပြင်ဆင်ခွင့်ပေးတာ၊ ဟင်းသီးဟင်းရွက်ကို ရေကူဆေးခိုင်းတာမျိုး၊ ဟင်းမြည်းခိုင်းတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အစားစားချင်စိတ်ဖြစ်လာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကိုယ်နဲ့ အတူတူ ပါဝင်ပြင်ဆင်ခွင့်ပေးလိုက်ပါ။(၇)အပြောင်းအလဲလုပ်ပေးပါ။လူကြီးတွေတောင်နေ့တိုင်း ဟင်းတစ်မျိုးတည်းကို မစားနိုင်တာ ကလေး​တွေလည်း အပြောင်းအလဲလုပ်ဖို့ လိုပါမယ်။ ဒါကြောင့်ကလေးကို ဟင်းအမည်လေးတွေ အပြောင်းအလဲလုပ်ပေးပါ။(၈)အတူတူဈေးဝယ်ထွက်ပါ။ကလေးနဲ့အတူတူ ဟင်းချက်စရာတွေကို ဝယ်ယူပါ။ ကလေးကို အသီးအရွက်တွေရွေးခွင့်ပေးတာ၊ စားချင်တဲ့ အသီးရွက်တွေက ဘာတွေလဲဆိုတာကို မေးပြီး ဝယ်ပေးတာမျိုးလုပ်ပါ။ ဈေးဝယ်တာကအစ ဟင်းချက်တာအထိ ကူညီခွင့်ပေးလိုက်တာက ကလေးကို အစားစားချင်စိတ်ဖြစ်လာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။(၉)ထမင်းစားချိန်ကိုပျော်စရာအချိန်လေးဖြစ်အောင်ဖန်တီးပေးပါ။ထမင်းစားချိန်ပျော်အောင်လုပ်ပေးတာကလည်း ​ကလေးကို အစားစားချင်စိတ်တိုးစေနိုင်ပါတယ်။ ဒါကြောင့် မိသားစုအားလုံး ထမင်းဝိုင်းမှာပျော်ပျော်ပါးပါး လက်ဆုံစားတတ်တဲ့ အကျင့်လေးကို မွေးမြူပေးပါ။ ထမင်းစားချိန်ကို ပျော်ရွှင်စေတာကလည်း ကလေးကို အစားရွေးဖို့ မေ့သွားစေမှာပါ။(၁၀)အားရပါးရစားပြပါ။ကလေးရဲ့ စံထားရတဲ့ပုဂ္ဂိုလ်တွေကမေမေ နဲ့ ဖေဖေပါ။ ဒါကြောင့် ကိုယ်တိုင်က ကလေးရှေ့မှာ အစားမရွေးပါနဲ့။ ထမင်းစားတဲ့အခါ အားရပါးရ စားပြပေးပါ။ ဒါကလည်း ကလေးအစားမရွေးအောင် အထောက်အကူပေးနိုင်မယ့် နည်းလမ်းတစ်ခုပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/tips-for-picky-eaters/
ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။အဆစ်ရောင်လက္ခဏာေတွကို သက်သာစေတယ်။ရွှေကလေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီးရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။နာကျင်မှုကို လျော့စေတယ်။နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ရွှေကသွေးကြောတွေကိုပြေလျော့စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓါကိုယ်အတွင်းအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ရွှေက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊hot flashဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။သွေးလည်ပတ်မှုကောင်းစေတယ်။သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓါကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ရွှေကိုအသုံးပြုကြတယ်။သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီးရောဂါကင်းစေနိုင်တာပေါ့။အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်။ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ရောမခေတ် ကတည်းကရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့သုံးကြပါတယ်။ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပိုအသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင်အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံးအမျိုးမျိုးမှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။စိတ်ကျန်းမာတယ်။ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ရှားပါတယ်။ အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ရောရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကိုပြုံးနေကြတာ။ တကယ်တော့ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ဆေးတစ်လက်အဖြစ်ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ်မြင်ရမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%9d%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%80/
လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်
အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့် ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်မှုတွေ များလာသလို ကမ္ဘာကြီးရဲ့ကျန်းမာရေးရောလူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေ တိုးတက်လာတာကြောင့် နေ့စဉ် အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ရေ၊ လေနဲ့အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။ ဒီတစ်ခေါက်တော့ လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လို သက်ရောက်နေလဲ ဆိုတာကို ပြောပြပေးမယ်နော်။လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေး အပေါ်မှာ တော်တော်လေး သက်ရောက်မှု ရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး ကျန်းမာရေး ထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး တော်တော်လေး ထိခိုက်နိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံး ခံစားရမယ့် လက္ခဏာတွေကတော့။လေထုညစ်ညမ်း တဲ့အခါ လေထု ထဲမှာ ရှိနေတဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့ အရာတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကို ရောက်ရှိသွားနိုင်သလို အသက်ရှူလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကို ရောက်ရှိပြီးအဆုတ်၊ နှလုံး နဲ့ဦးနှောက်တို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့် –။လေထုညစ်ညမ်းမှုကို ကာလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-effects-of-air-pollution/
Listeriosis (လစ်စတီရီရိုးစစ်)
Listeriosisဆိုသည်မှာဘတ်တီးရီးယားများဖြင့် ညစ် ညမ်းနေသောအစာများကိုစားခြင်းကြောင့် ဖြစ်ပွားသောပြင်းထန်သောရောဂါကူးစက်မှုတစ်မျိုး ဖြစ်ပါသည်။ထိုဘတ်တီးရီးယားသည် မကျက်တကျက် ချက်ထားသောအသား နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရလေ့ရှိပါသည်။ Listeriosisသည် ပြင်းထန်သောကူးစက်ရောဂါ တစ်မျိုး ဖြစ် သော်လည်းအဖြစ်မများပါ။မည်သူမဆို ဖြစ်နိုင်ပါသည်။ သို့သော်လည်းကိုယ်ဝန် ဆောင် အမျိုးသမီးများ၊ သန္ဓေသားစသည်တို့တွင် ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ Listeriosisသည် လမစေ့ဘဲမွေး ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားပြီးမကြာမီပင် ကလေးသေဆုံးခြင်းတို့ကို ဖြစ်စေပါသည်။မမွေးဖွားခင် ရောဂါကူးစက်ခံရပါကကလေးငယ်များသည် ပြင်းထန်စွာဖျားနာခြင်း ဖြစ်လာနိုင်ပါသည်။ ကိုယ်ခံအားစနစ် အားနည်းသောသူများသည် လည်းရောဂါဖြစ်နိုင်ပါသည်။ ဥပမာ- ကင်ဆာရှိသူများ၊ AIDS ၊ ကိုယ်အင်္ဂါအစားထိုးခြင်း နှင့် အသက်ကြီးသူများ။အချို့လူများတွင် အဖျားတက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှော ခြင်း နှင့် အစာအိမ်နာခြင်းစသောတုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများဖြင့် ဖျားနာပါသည်။ဘတ်တီးရီးယားသည် အာရုံကြောစနစ်အတွင်းသို့ ရောက်ရှိပါကရောဂါလက္ခဏာများသည် ပို၍ ဆိုးရွားလာနိုင်ပါသည်။ ခေါင်းကိုက်ခြင်း၊ ဇက် ကြောတက်ခြင်း၊ တက်ခြင်း၊ မျှခြေမထိန်းနိုင်ခြင်း နှင့် စိတ် ရှုပ်ထွေးခြင်း၊ မျက်စိလည်ခြင်းတို့ ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ဖျားနာခြင်း၊ ကြွက်သားနာခြင်း၊ မအီမသာဖြစ်ခြင်းသို့မဟုတ် မကျိုချက်ရသေးသော နို့၊ အသားအူချောင်းစသောရောဂါပိုးရှိနိုင်သောအစာများစားပြီးနောက် ဝမ်းလျှောခြင်း ဖြစ်ပါကဆရာဝန်နှင့် ဆက်သွယ်ရန် လိုအပ်ပါ သည်။အလွန်ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ဇက် ကြောတက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းသို့မဟုတ် အလင်းထိမခံ နိုင်ခြင်းတို့ဖြစ်ပါကအရေးပေါ်ကုသမှု ရှာဖွေခံယူပါ။ ထိုရော ဂါ လက္ခဏာများသည် ဘတ်တီးရီးယားကြောင့်ဖြစ်သောဦးနှောက် အမြှေးရောင်ရောဂါ ၏ လက္ခဏာများ ဖြစ်နိုင် သည်။ ထိုရောဂါသည် Listeriosis ၏ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်သည်။ရောဂါဖြစ်စေသောအကြောင်းရင်းသည် Listeria monocytogenesဟုခေါ်သောဘတ်တီးရီးယားပါသော အ စားအစာကိုစားခြင်းကြောင့် ဖြစ်ပါသည်။ Listeria ကိုမြေ ကြီးနှင့် ရေထဲတွင် တွေ့ရပြီးဓါတ်မြေသြဇာများအသုံးပြု ထားသောမြေနှင့် ဟင်းသီးဟင်းရွက်များတွင် မြဲမြံစွာနေထိုင် နိုင်သည်။Listeria သည် အသားစိမ်း၊ နို့ထွက်ပစ္စည်း နှင့် ပြု လုပ်ထားသောအစာများ ( ဒိန်ခဲ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်ညှပ် ပေါင်မုန့်) တို့တွင် လည်းကပ်တွယ်နိုင်ပါသည်။ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကိုယ်ခံအားစနစ် အားနည်းသောသူများတွင် Listeriosis ဖြစ်နိုင်ချေ အမြင့်ဆုံး ဖြစ်ပါသည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများ။ Listeriosisသည် မိခင် တွင် မပြင်းထန်သောရောဂါသာလျှင် ဖြစ်စေသော်လည်းသန္ဓေသားအတွက် အကျိုးဆက်များမှာအလွန်ဆိုးရွားပါ သည်။ဥပမာ- ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ရောဂါပိုးကူးစက်ပြီးမွေးဖွားပြီးသေဆုံး ခြင်း။Listeriosisသည် အောက်ပါ ကိုယ်ခံအားစနစ် အားနည်းသောသူများတွင် လည်း ဖြစ်ပွားပါသည်။လေးဖက်နာရောဂါအတွက် ဆေးအချို့ သောက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် သင်ခံစားရသောရောဂါလက္ခဏာများ အ ပေါ်မူတည်၍ Listeria ကူးစက်မှု ဟုတ်မဟုတ်ကိုအဖြေရှာစစ်ဆေးပါမည်။ ဆရာဝန်သည် ကျန်းမာရေး နှင့် ဆေးမှတ် တမ်းကိုလည်း ကြည့်ရှုစစ်ဆေးပါမည်။ လိုအပ်ပါကရောဂါ အဖြေရှာမှု တိကျစေရန် သွေးစစ်ခြင်း၊ ရိုးတွင်းခြင်ဆီစစ်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ပါသည်။ပဋိဇီဝဆေးများဖြင့် ကုသသောနည်းလမ်းသည် အမြန် ဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်။ လူနာများသည် ဆေးရုံတွင် ကုသမှုခံယူသင့်ပါသည်။ ပဋိဇီဝဆေးများကိုသွေးစီးကြောင်းတွင်းသို့ တိုက်ရိုက် ထိုးသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ပဋိဇီဝဆေးဖြင့် ကုသမှုသည် ၂ ပတ်လောက် ကြာနိုင်ပါ သည်။ ကိုယ်ခံအားစနစ် မကောင်းသောသူများသည် ရောဂါ ပြန်ဖြစ်နိုင်သောကြောင့် ကြာရှည်စွာကုသရန် လိုအပ်ပါ သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် Listeriosisကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် Listeriosisထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/listeriosis-%e1%80%9c%e1%80%85%e1%80%ba%e1%80%85%e1%80%90%e1%80%ae%e1%80%9b%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%85%e1%80%ba/
Oral Herpes (ပါးစပ်ရေယုန်)
ပါးစပ်တွင်ပေါက်သောရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်း ရပ်စ်ကြောင့် ဖြစ်သော ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံး တွင် ရောဂါပိုးကူးစက်ခြင်း တစ်မျိုးဖြစ်သည်။ ရောဂါသည် ပါးစပ်နှင့် သွားဖုံးပတ်လည်တွင် အဖုများအဖြစ် စတင်ပေါ် လာသည်။ ထိုဗိုင်းရပ်စ်သည် ရေကျောက်၊ shingles, ပါးစပ် အနာများ နှင့် mononuclear leukemia တို့ကိုဖြစ်စေသော ဗိုင်းရပ်စ်နှင့် မျိုးနွယ်တူ ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် ထိတွေ့ မှုဖြင့် ကူးစက်ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများ၏ ၈၀ ရာ ခိုင်နှုန်းသည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကို ကူးစက်ခံ ရပါသည်။ ရေယုန်အမျိုးအစား ၂ သည် လိင်ဆက်ဆံရာမှ ကူးစက်ပါသည်။ပါးစပ်တွင်ပေါက်သောရေယုန်သည် HIV ကူးစက်ခံရ သူများနှင့် ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ စသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါရှိသူများတွင် တွေ့ရတတ်ပါသည်။ သို့သော်လည်း ကလေးဘဝတွင် ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတိုင်း ရောဂါပြန်ရ နိုင်ပါ သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။အချို့လူများတွင် ရေယုန်ဗိုင်းရပ်စ် စဝင်ပါက ပါးစပ်တွင် အနာများ ဖြစ်နိုင်ပါသည်။ သို့သော် အချို့လူများတွင် ရော ဂါ လက္ခဏာ မပြပါ။ ရောဂါလက္ခဏာများသည် အသက် ၁- ၅ နှစ်အရွယ် ကလေးများတွင် ဖြစ်ပေါ်လေ့ရှိပြီး မပြင်းထန် သို့မဟုတ် ပြင်းထန်နိုင်ပါသည်။ ထိုလက္ခဏာများသည် ဗိုင်း ရပ်စ်ကို ထိတွေ့ပြီး ၁-၃ ပတ်အတွင်း ပေါ်လာပြီး ၃ပတ်အထိ ကြာနိုင်ပါသည်။သတိပြုရန်လိုသော လက္ခဏာများမှာ-။အဖုများ ပေါ်မလာခင် အောက်ပါတို့ ဖြစ်နိုင်ပါသည်။အဖုများနှင့် နီရဲခြင်းသည် အောက်ပါနေရာများတွင် ဖြစ်ပေါ် နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိ ပါက သို့မဟုတ် မေးလိုသည်များရှိပါက ဆရာဝန်နှင့် တိုင် ပင် ဆွေးနွေးပါ။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါ အ ခြေအနေချင်း မတူပါ။ ရောဂါအဖြေရှာရန် နည်းလမ်းများ၊ ကုသခြင်းများ အတွက် ဆရာဝန်နှင့် အမြဲတန်း တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ကုသမှုကို ရယူပါ။ပါးစပ်တွင်ပေါက်သောရေယုန် ကိုဖြစ်စေသော အ ကြောင်းရင်းမှာ ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ဖြစ်ပြီး ရော ဂါပိုးရှိသူ၏ တံတွေးကို ထိတွေ့ခြင်းဖြင့် အဓိက ပျံ့နှံ့ပါ သည်။ ဥပမာ- ရောဂါပိုးရှိသူက ကလေးအား နမ်းသောအခါ ဖြစ်သည်။ ဗိုင်းရပ်စ်များသည် ကိုယ်ခန္ဓါအတွင်းသို့ အရေပြား အနာများ ပါးစပ်အနာများမှ တစ်ဆင့်လည်း ဝင် ရောက်နိုင်ပါသည်။ ပထမအကြိမ် ရောဂါပိုးကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ်သည် မလှုပ်ရှားဘဲ ငြိမ်နေကာ အချိန်တစ်ခု အကြာတွင် ပါးစပ်အနာများ ပြန်ဖြစ်စေပါသည်။ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၂သည် လိင်ဆက်ဆံ ခြင်း မှတစ်ဆင့် ပျံ့နှံ့ပြီး လိင်အင်္ဂါပေါက်သော ရေယုန်ကို ဖြစ်စေပါသည်။ သို့သော်လည်း ရေယုန် ဗိုင်းရပ်စ် အမျိုး အစား ၂သည် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် ပါးစပ်တွင် ဖြစ်ပွားနိုင်သည်။ပါးစပ်တွင်ပေါက်သောရေယုန် ဖြစ်နိုင်ချေကို မြင့်စေ သော အချက်များမှာ-။ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့် အား ရောဂါမရနိုင်ဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုး ကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါ သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ပါးစပ် နှုတ်ခမ်းရှိ အဖုများကို ကြည့်ခြင်း ဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်သည် နမူနာတစ်ခု ယူကာ ပို၍ အသေးစိတ်သော စစ်ဆေးမှု အတွက် ဓါတ်ခွဲခန်းသို့ ပို့ပါမည်။ ထိုစစ်ဆေးမှုများမှာ-။ပါးစပ်တွင်ပေါက်သောရေယုန်၏ လက္ခဏာများသည် ကုသခြင်း မရှိဘဲ တစ်ပတ် နှစ်ပတ်အတွင်း ပျောက်ကင်း သွားနိုင်ပါသည်။ ဆရာဝန်သည် နာကျင်ခြင်း သက်သာရန် နှင့် ရောဂါလက္ခဏာများ သက်သာရန် ဗိုင်းရပ်စ်ပျောက် ဆေးများကို သောက်သုံးရန် ညွှန်ကြားနိုင်ပါသည်။ ပါးစပ် တွင် ပေါက်သောရေယုန်တွင် အသုံးပြုနိုင်သော ဆေးများ မှာ-။ထိုဆေးများသည် ရေယုန်၏ အန္တရာယ်ရှိသော ရောဂါ လက္ခဏာ များတွင် အသုံးပြုရာတွင် အကျိုးအရှိဆုံး ဖြစ်ပါ သည်။ဗိုင်းရပ်စ်ပျောက်လိမ်းဆေးကို လည်း အသုံးပြုနိုင်ပါ သည်။ သို့သော်လည်း ၎င်းတို့သည် ဈေးကြီးပြီး ဖျားနာမှု ကြာချိန်ကို နာရီအနည်းငယ်မှ တစ်ရက် သာ တိုစေပါသည်။Penciclovir နှင့် acyclovir အပေါ်ယံလိမ်းဆေး သည် ရေယုန် အစုအပြုံလိုက်ဖြစ်ခြင်းတွင် အလွန် အသုံးဝင်သည်။ နှုတ်ခမ်းလိမ်း ပရုပ်ဆီ နှင့် စိုစွတ်စေသော အဆီများသည် လုံးဝ အကျိုးမရှိပါ။နာကျင်ခြင်း သက်သာစေရန် aspirin, acetaminophen သို့မဟုတ် ibuprofen သောက်နိုင် ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ပါးစပ်တွင်ပေါက်သောရေယုန်ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ပါးစပ်တွင် ပေါက်သော ရေယုန်ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/herpes/oral-herpes-%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%9a%e1%80%af%e1%80%94%e1%80%ba/
အကြောက်လွန်ခြင်း အမျိုးမျိုး
Phobia (ကြောက်ခြင်း)သည် စိုးရိမ်စိတ်လွန်ကဲသောပြဿနာများထဲမှ တစ်ခုဖြစ်ပြီးအမှန်တကယ်မရှိ(သို့) အန္တရာယ်မရှိသည့် တစ်ခုခုကို အဆမတန်ကြောက်ရွံနေခြင်းဖြစ်သည်။ ထိုကဲ့သို့အရာများကိုရှောင်ရှားရန် ကြိုးစားခြင်းအားဖြင့် ကြောက်ရွံစိတ်ကိုပို၍ဖြစ်စေသည်။ အတွေ့ရများတဲ့ကြောက်ရွံ့မှုတွေအကြာင်းကို လေ့လာကြည့်ကြရအောင်။ကြောက်ခြင်းအကြောင်း။မြွေတို့၊ ရေတို့ကိုကြောက်လန့်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ထိုကြောက်ရွံစိတ်သိပ် ပြင်းထန်လျှင် သင်ကိုဖိအားများစေသည်။ ၎င်းကိုကြောက်ရွံခြင်းဟု ခေါ်သည်။ ကြောက်ရွံခြင်းတို့သည် ငယ်စဉ်ဘဝကတည်းက ဖြစ်တတ်ပြီး ကြွက်၊ ပိုးကောင်၊ ကျောင်း၊ သွားဆရာဝန်၊ ရေ၊ မြွေ၊ လူအုပ်(သို့) တစ်ယောက်တည်းဖြစ်နေခြင်းတို့ကို ကြောက်တတ်ကျသည်။ ပုံမှန်အားဖြင့် လူတို့သည် အရာဝတ္ထုများသက်သက်ကို မကြောက်ပါ။ သို့သော် ၎င်းတို့က ဘယ်အရာတွေကိုဖြစ်စေသည် သင့်အပေါ်မည်သို့ သက်ရောက်စေနိုင်သည်ကို သင်ကြောက်ရွံ့ခြင်းဖြစ်နိုင်ပါသည်။ကြောက်ရွံခြင်းကိုသေချာမကုသလျှင် ၎င်းသည် သင့်ကိုစိတ်ဓါတ်ကျခြင်းနှင့် အခြား စိတ်ရောဂါဝေဒနာများ(သို့) ကျန်းမာရေးညံ့ဖျင်းမှုများ ဖြစ်စေနိုင်ပါသည်။ နေစဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အလုပ်လုပ်ခြင်း၊ အိပ်ခြင်းတို့ကိုလည်းထိခိုက်နိုင်ပါသည်။ကြောက်ခြင်းအမျိုးအစားများ။• Acrophobia; အမြင့်ကြောက်ခြင်း။ သင်ကိုယ်သင် အမြင့်တွင်မနေနိုင်ဟုခံစားရမည်။ သင်အမြင့်တွင်ရှိသောအခါတွင် ချွေးစေးပြန်ခြင်း၊ အသက်ရှူမဝခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ကိုခံစားရနိုင်သည်။• Agoraphobia ; လူသွားလူလာများသည့် နေရာများကိုကြောက်ရွံခြင်း။ လူအုပ်ထဲတွင်နေရသည်ကို ကြောက်လန့်နေလိမ့်မည်။ ထိုသူတို့ကအလွန်နားညည်းပြီးစိတ်မနှစ်မြို့စရာနှင့် ကြောက်စရာကောင်းသည်ဟုခံစားနေလိမ့်မည်။• Claustrophobia ; အလုံပိတ်ခန်းကိုကြောက်လန့်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဓါတ်လှေကား၊ ကား။• Animal phobia; တိရိစ္ဆာန်များကိုကြောက်ရွံခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခွေး၊ ကြောင်၊ ကြွက်၊ မြွေနှင့် ပိုးကောင်များဖြစ်သည်။ အတော်များများသည် ငယ်စဉ်ဘဝကပင်စ၍ ကြောက်ကြလေ့ရှိသည်။• Natural environment phobia; သဘာဝပတ်ဝန်းကျင်ရှိ ရေကြီးခြင်း၊ ရေ၊ မုန်တိုင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ကိုကြောက်လန့်ခြင်းဖြစ်သည်။• Blood-injiection-injury phobias; သွေးနှင့် အပ်တို့မြင်ရခြင်းကိုကြောက်ခြင်းဖြစ်သည်။ ၎င်းသည် အရင်တုန်းကဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကြောင့်သော်လည်းကောင်း၊ ကာကွယ်ဆေးထိုးရာမှလည်းကောင်းပေါ်ပေါက်လာနိုင်သည်။အခြားအမျိုးအစားများ- လေယာဉ်ပျံပေါ်မှ ပြုတ်ကျမည်ကိုကြောက်ခြင်း၊ အဆောက်အအုံများကိုကြောက်ခြင်း၊ အလုပ်ကိုကြောက်ခြင်း၊ ကျောင်းကိုကြောက်ခြင်းတို့ဖြစ်သည်။သင့်ဘဝတွင် ပိုးကောင်မှ အစလေယာဉ်ပျံအထိကြောက်ရွံမှုဖြစ်နိုင်သည်။ သင့်ငယ်စဉ်ဘဝတုန်းက ဖြစ်ပျက်ခဲ့သောအရာများကြောင့် သင့်တွင် ကြောက်ရွံမှုမျိုးစုံရှိနိုင်သည်။ သို့သော် ၎င်းတို့ကိုမကုသလျှင် စိတ်ကိုသာမက ခန္ဓါကိုယ်ကိုပါ ထိခိုက်စေနိုင်သော စိတ်ဓါတ်ကျခြင်းများဖြစ်လာနိုင်သည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-relieve-finger-pain-due-to-smart-phone-and-laptop/
ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ
ကင်ဆာလို့ဆိုလိုက်တာနဲ့ ကြောက်စရာရောဂါဆိုးကြီးကို ပြေးမြင်မိကြမှာပါ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကင်ဆာဖြစ်ပြီဆိုရင် သေမိန့်ကျသလိုပါပဲ။ ကုသနည်းတွေ အခုချိန်လောက် မတိုးတက်မထွန်းကားသေးတဲ့ အတွက်ကင်ဆာရောဂါကြောင့် သေဆုံးသူများပြားခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာမတူတော့ပါဘူး။သုတေသန လုပ်ငန်းတွေကျေးဇူးကြောင့် ကင်ဆာရောဂါကုသနည်းမျိုးစုံပေါ်ပေါက်နေပါပြီ။ ဒါ့ကြောင့်ဒီတစ်ခေါက်တော့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးအကြောင်း ပြောပြပေးချင်ပါတယ်။မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ကင်ဆာဆဲလ်တွေ မပွားလာအောင်လည်းတားနိုင်သလို လုံးဝနှိမ်နင်းပစ်နိုင်စွမ်းရှိတဲ့ အဆင်မြင့်ဆေးဝါးတွေဖြစ်ပြီး သောက်ဆေး၊ အကြောထဲသွင်းဆေး၊ လိမ်းဆေး စတဲ့ပုံစံမျိုးစုံရှိပါတယ်။ ကြောက်စရာကောင်းတဲ့ ကင်ဆာဆဲလ်ကိုတောင်သတ်ပစ်နိုင်အောင်စွမ်းမှတော့ ဆေးအရှိန်ဘယ်လောက် ပြင်းမယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါ့ကြောင့် ကင်ဆာဆေးသွင်းကုသရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တချို့ပါ ထိခိုက်သွားတတ်ပါတယ်။ဒီနည်းက ကင်ဆာရောဂါတိုင်းအတွက်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်လိုကင်ဆာမှာသုံးလဲဆိုတော့ခန္ဓာကိုယ်က နေရာတစ်ခုတည်းမှာ ကွက်ဖြစ်နေပြီး နေရာအနှံ့အပြားကိုပျံ့နှံ့မနေတဲ့ ကင်ဆာရောဂါတွေ ကုသရင်ပိုအဆင်ပြေပါတယ်။ (ဒါ့ကြောင့် သွေးကင်ဆာလို ကင်ဆာမျိုးကိုတော့ကုသနိုင်မှာ မဟုတ်ပါဘူး)။ ခွဲစိတ်ကုသမှုဖြစ်တဲ့အတွက် အရေပြားကတစ်ဆင့် ကင်ဆာကျိတ်ရှိနေတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားကုသပါတယ်။ ခွဲစိတ်ရင်းနဲ့ ကင်ဆာအမျိုးအစားနဲ့ ပျံ့နှံ့နှုန်းကိုပါ စစ်ဆေးဖို့အတွက် အသားစနမူနာပါ တပါတည်းထုတ်ယူပါတယ်။ပိုအဆင့်မြင့်တဲ့ တခြားခွဲစိတ်ကုသနည်းတွေလည်းရှိပါသေးတယ်။ Laparoscopic surgery လို့ခေါ်တဲ့ ခွဲစိတ်ကုသနည်းမှာဆိုရင် အရေပြားမှာ အပေါက်သေးသေးလေးတွေပဲ ဖောက်ပြီး ဒီအပေါက်လေးတွေကနေ မှန်ပြောင်းထည့်ကြည့်ရှုပြီး ခွဲစိတ်ပါတယ်။ အားသာချက်ကတော့ ရိုးရိုးခွဲစိတ်မှုလို ခွဲရာအကြီးကြီးမလိုတဲ့အတွက် ခွဲစိတ်ပြီးဒဏ်ရာအကျက်မြန်တာပါပဲ။ကင်ဆာရောဂါတချို့အတွက် သီးသန့်ခွဲစိတ်မှုတွေလည်းရှိပါသေးတယ်။ တချို့အရေပြားကင်ဆာကျိတ်တွေ ဆိုရင် cryosurgery လို့ခေါ်တဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီးကုသတဲ့နည်းကိုအသုံးပြုပါတယ်။ နောက်ပြီး အရေပြားပေါ်က ကင်ဆာအကျိတ်ကအရမ်းသေးမယ်ဆိုရင် လေဆာပစ်ပြီး ဖယ်ရှားတဲ့နည်းလည်း အသုံးပြုပါတယ်။ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အဆင့်မြင့်ပေးပြီး ကင်ဆာရောဂါကို တိုက်ထုတ်ပစ်တဲ့ကုထုံးဖြစ်ပါတယ်။ ခုခံအားစနစ်ကိုပိုအားကောင်းစေပြီး ကိုယ်တွင်းက ကင်ဆာဆဲလ်တွေကို ပိုလျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက်ရှာဖွေဖျက်စီးနိုင်အောင်လုပ်ပေးပါတယ်။ သောက်ဆေး၊ ထိုးဆေး ပုံစံမျိုးစုံနဲ့လာပြီး cancer vaccines, monoclonal antibodies စတာတွေက ကိုယ်ခံအားမြှင့်ကုထုံးထဲမှာပါဝင်ပါတယ်။သူကတော့နည်းနည်းထူးခြားပါတယ်။ ကိုယ်ထဲကဟော်မုန်းဓာတ်ကိုသုံးစွဲပြီး ကြီးထွားလာတဲ့ ကင်ဆာအမျိုးအစားတွေကို ကုသတဲ့နေရာမှာ သုံးပါတယ်။ အကြမ်းဖျင်း ၂ မျိုးရှိပြီး ကိုယ်တွင်းက ဟော်မုန်းဓာတ်တွေထက်မထုတ်တော့အောင်လုပ်တဲ့ ကုသနည်းရယ်၊ ကိုယ်တွင်းဟော်မုန်းတွေကို ပုံမှန်အလုပ်မလုပ်အောင် လုပ်တဲ့နည်းရယ်ဆိုပြီး ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ဟော်မုန်းထုတ်ပေးတဲ့ အစိတ်အပိုင်းတွေကိုပါ ခွဲစိတ်ဖယ်ရှားပစ်ဖို့ လိုအပ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီလိုကုထုံးကို ကင်ဆာအကျိတ်တွေကို ခွဲစိတ်ဖယ်ရှားမပစ်ခင်အကျိတ်တွေကျုံ့သွားအောင်လုပ်ဖို့အရင်သုံးစွဲတတ်ကြပါတယ်။ရိုးတွင်းခြင်ဆီထဲက ပင်မဆဲလ်တွေကိုသွင်းပြီးကုသတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ပင်မဆဲလ်တွေက အလွန်အစွမ်းထက်တဲ့ဆဲလ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်ကဆဲလ်အမျိုးအစားအတော်များများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အများအားဖြင့် သွေးကင်ဆာ၊ multiple myeloma နဲ့ တချို့ ကင်ဆာအကျိတ်တွေကို ကုသဖို့ သုံးပါတယ်။ဒီကုထုံးကို တခြားကင်ဆာကုထုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။ ကင်ဆာဆေးလိုအားကောင်းတဲ့ဆေးဝါးတွေ ပါဝင်ပေမဲ့ ကင်ဆာဆဲလ်တွေကိုတန်းသတ်ပစ်တာမျိုးမဟုတ်ဘဲ အရင်ဆုံးကင်ဆာဆဲလ်တွေနဲ့အတူသွားပေါင်း ပါတယ်။ ပြီးတဲ့အခါမှာ ကင်ဆာဆဲလ်တွေဆက်ကြီးမလာအောင် ရပ်တန့်ပစ်တာမျိုး၊ ဆက်အလုပ်မလုပ်နိုင် အောင်နှောင့်ယှက်တာမျိုးတွေ ပြုလုပ်ပါတယ်။ ပြောရရင်တော့ ပိုပြီးအဆင့်မြင့်တဲ့ကင်ဆာဆေး အမျိုးအစားတွေပဲဖြစ်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%be%e1%80%94%e1%80%ba%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%80/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/how-to-help-depressed-elderly/
အအေးမိ တုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု
ဟတ်ချိုး ဟတ်ချိုးနဲ့ နှာချေသံထွက်လာပြီး နှာရည်ပါကျလာပြီ၊ နေလို့မကောင်းတော့ဘူးဆိုရင် ဖျားတော့မယ်လို့ သိကြတယ်။ ရာသီကြောင့်အအေးမိဝေဒနာဖြစ်တာလား၊တုပ်ကွေးဖြစ်တော့မှာလား စိုးရိမ်ရပါပြီ။သာမန်အအေးမိဝေဒနာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် နှာစေး၊နှာပိတ်၊လည်ချောင်းနာ၊ချောင်းဆိုး၊ ကိုယ်ပူ စတဲ့လက္ခဏာတွေထဲမှာ လည်ချောင်းနာက ခံရအခက်ဆုံးပါ။အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းလို့ဆေးပညာအရခေါ်ကြတဲ့ အအေးမိဝေဒနာမှာရောဂါပိုးတွေက ပုံမှန်အားဖြင့် လည်ချောင်းနဲ့ခံတွင်းမှာ ရှိနေတတ်ပါတယ်။ဒီဝေဒနာတွေ စပြီး ခံစားလာရတဲ့အခါ ဒါမှမဟုတ် ဖြစ်ဖို့ အစပျိုးနေပြီလို့ ခံစားရရင် နာမကျန်းတဲ့ အဆင့်မရောက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ကိုယ့်အတွက်တင်မကဘဲ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ်ချစ်ခင်ရသူတွေမှာ ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။ ကြိုတင်ကာကွယ်နိုင်တဲ့ အလွယ်ဆုံးနည်းက အားရှိအောင်ကျွေး၊ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပြီးကိုယ်ခံအားကို မြှင့်တင်ပေးရမှာပါ။ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်လာရတဲ့ ဒီဝေဒနာတွေအတွက်က ဒီလောက်နဲ့မလုံလောက်ပါဘူး။ ပဋိဇီဝဆေးတွေ သုံးစရာမလိုဘဲ ကြိုတင်ကာကွယ်ပေးမယ့်၊ ဖြစ်လာခဲ့ရင်တောင် ဝေဒနာသက်သာအောင် ကူညီပေးမယ့်အရာတစ်ခုရှိတယ်။ အဲဒါကတော့ခံတွင်းသန့်ဆေးရည်ပါ။ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။ ရောဂါပိုးတွေသေစေနိုင်တဲ့ခံတွင်းသန့်ဆေးရည်နဲ့ဆို လည်ချောင်းနာတာလိုမျိုးအအေးမိလက္ခဏာဝေဒနာတွေကို သက်သာစေပြီး ဝေဒနာခံစားရတဲ့ရက်တွေကို တိုစေနိုင်ပါတယ်။လည်ချောင်းထဲက ပိုးမွှားတွေ၊ဗိုင်းရပ်စ်တွေကို ရှင်းလင်းပေးတဲ့ခံတွင်းသန့်ဆေးရည်က အအေးမိဝေဒနာတွေကိုသက်သာစေရုံမက ထပ်ပြီးဖြစ်မလာအောင်လည်းတားဆီးပေးတဲ့အတွက် ကြိုတင်ကာကွယ်ဖို့လည်း သုံးလို့ရပါတယ်။ စစချင်း လည်ချောင်းယားတာ၊ လည်ချောင်းစပ်တာစတဲ့ လက္ခဏာတွေကတည်းကခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ဝေဒနာတချို့တစ်ဝက် သက်သာစေနိုင်ပါတယ်။ စက္ကန့် ၃၀လောက်ပဲအချိန်ပေးပြီး ပလုပ်ကျင်းလိုက်ရုံနဲ့ လွယ်ကူထိရောက်တဲ့ ကာကွယ်မှုကို ရရှိနိုင်ပါတယ်။အများအားဖြင့် ခံတွင်းသန့်ဆေးရည်ရဲ့ အကျိုးကျေးဇူးတွေကတော့ –။နေမကောင်းဖြစ်နေချိန် အထူးသဖြင့်အအေးမိတုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ နှာစေး၊ချောင်းဆိုးဖြစ်နေမှာပဲဆိုတော့ လည်ချောင်းထဲက၊ ခံတွင်းထဲက ကပ်ကျန်နေတဲ့ ချွဲသလိပ်အစအနတွေကိုခံတွင်းသန့်ဆေးရည်နဲ့ ဆေးကြောရှင်းထုတ်နိုင်ပါတယ်။ နောက်ထပ်ထိရောက်တဲ့ အကျိုးကျေးဇူးကတော့ အအေးမိလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်ပြီး ဖြစ်လာခဲ့ရင်လည်း အချိန်တိုတိုနဲ့အမြန်သက်သာစေတာပါပဲ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/mouthwash-for-cold/
သင့်ရင်သွေး ဘာလို့ ကောင်းကောင်း အိပ်မပျော်တာလဲ
အိပ်မပျော်တဲ့ဝေဒနာဟာ ပူပင်သောကတွေနဲ့ ရုံးကန်လှုပ်ရှားနေရတဲ့ လူကြီးတွေမှာသာမကပါဘူး ငယ်ရွယ်နုနယ်လှတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါတယ်။သားသားမီးမီးလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၉ နာရီ အိပ်စက်ပေးဖို့ လိုအပ်ပြီး ဒီလိုအိပ်စက်ပေးမှသာသူတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကြွက်သား၊ နှလုံးနဲ့ ဦးနှောက်တို့ ဖွံ့ဖြိုးလာစေဖို့ အိပ်စက်မှုက အထောက်အကူဖြစ်စေပါတယ်။အိပ်စက်ခြင်းဟာ ရင်သွေးတွေရဲ့ အစာစားချင်စိတ်ကိုလည်း မျှတအောင်ထိမ်းချုပ်ပေးတာမို့ ငယ်ရွယ်စဉ်မှာတင်ကိုယ်အလေးချိန်မြင့်မားနေတဲ့ ပြဿနာကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရင်သွေးလေးတွေ ကောင်းမွန်စွာ မအိပ်စက်နိုင်ကြတာကို မိဘတိုင်း ကြုံဖူးကြမှာပါ။ ဘာကြောင့် ရင်သွေးလေးတွေ ခုလို မအိပ်ပျော်နိုင်ဖြစ်နေကြတာပါလိမ့်နော်။ငယ်ရွယ်စဉ်အချိန်မှာရင်သွေးငယ်တွေဟာကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိပ်မပျော်တာတွေကို ခံစားနေရတဲ့ ကလေးတွေဟာ နေ့စဉ်လူနေမှုဘဝနဲ့ ကျောင်း၊ လူမှုပတ်ဝန်းကျင်တွေမှာ ပြဿနာတွေရှိလာမှာဖြစ်သလို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ကြုံလာရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ကလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၉ နာရီ အိပ်စက်ဖြစ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက အကြံပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သောအခြေအနေတွေမှာ သားသားမီးမီးလေးတွေဟာ အိပ်မပျော်တဲ့ ဝေဒနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ကလေးတွေကို အိပ်မပျော်စေတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ ဖေဖေမေမေတွေအနေနဲ့ ရင်သွေးတွေ ဘာကြောင့် အိပ်မပျော်ကြတာလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကလေးတွေ အိပ်မပျော်မှုဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။စတာတွေကြောင့်ပါပဲ။ဒါ့အပြင် စိတ်ဖိစီးမှု၊ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပမာဏအများအပြား စားသောက်ဖြစ်နေမှု၊ မှီဝဲနေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများနဲ့ မူလအခံ ကျန်းမာရေးပြဿနာတွေကြောင့်လည်း အိပ်မပျော်ခြင်းဖြစ်နိုင်ပါသေးတယ်။တကယ်လို့ မိမိတို့ရဲ့ ရင်သွေးမှာ အောက်ပါ လက္ခဏာတွေရှိနေပြီဆိုရင် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေရှိနေပြီလို့ မှတ်ယူလို့ရပြီးတော့ ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒါတွေကတော့။အိပ်စက်ခြင်းဟာ ရင်သွေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အိပ်မပျော်တာ၊ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရှိနေတာဟာ ရင်သွေးဖွံ့ဖြိုးရေးကို တားဆီးနှောင့်ယှက်နေတာနဲ့ အတူတူပါပဲ။ဒါကြောင့် ဒီလိုပြဿနာတွေဖြစ်မလာအောင် တားဆီးကာကွယ်ထားဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ရင်သွေးလေးတွေ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ခုဖော်ပြခဲ့တဲ့အချက်တွေကို လိုက်နာပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် မိမိတို့ရဲ့ ရင်သွေးတွေ ကောင်းစွာအိပ်စက်အနားယူနိုင်အောင် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ ကျန်းမာရေးကို အကျိုးပြုမှာဖြစ်တဲ့အပြင် စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးမှုကိုလည်း ပံ့ပိုးနိုင်မှာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/children-sleep-problems/
null
null
cancer
cancer
https://hellosayarwon.com/cancer/other-cancers/my-journey-of-oesophageal-cancer/
အဆုတ်ကင်ဆာ ကာကွယ်ပါ
မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာအဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီတော့ခန္ဓာကိုယ်မှာ အဆုတ်ကင်ဆာ ဝင်မလာစေဖို့ ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ခန္ဓာကိုယ်အတွက် အရေးပါတဲ့အဆုတ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကင်းစေဖို့ဆိုရင်။ဆေးလိပ်သောက်တာကကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတာတော့ အဆုတ်ပေါ့။ ဆေးလိပ်ကို ရေရှည် စွဲသောက်တဲ့အခါအသက်ရှူလမ်းကြောင်းကျန်းမာရေး ထိခိုက်လာသလို အဆုတ်လည်း နာမကျန်းဖြစ်ပြီး အဆိုးဆုံး အနေနဲ့ အဆုတ် ကင်ဆာဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အဆုတ်ကင်ဆာ ကာကွယ်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။တဆင့်ခံ ဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အတော်လေး ထိခိုက်စေတဲ့အရာပါ။ ဆေးလိပ်သောက်သလိုကို အသက်ရှူလမ်းကြောင်းနဲ့ အဆုတ် ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ပတ်ဝန်းကျင်က တဆင့်ခံ ဆေးလိပ်ငွေ့တွေကိုလည်း ဂရုပြုစေချင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။အရက်ကအသည်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ တစ်ပတ်မှာ ၅ ရက်နဲ့ အထက် အရက်၊ ဘီယာ သောက်သုံးသူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေက ၁၀ ရာခိုင်နှုန်းထက် မနည်း ရှိနေပါတယ်။ ဒါ​ကြောင့် အဆုတ်ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင်အရက်ဖြတ်ဖို့မမေ့ပါနဲ့။လေ့ကျင့်ခန်းလုပ်တာက ချွေးထွက်ပြီး အကြောတွေကို ပြေလျော့စေလို့စိတ်ရော ကိုယ်ပါ ကျန်းမာ လန်းဆန်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အဆုတ်ကို ကျန်းမာစေသလို အခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေပါတယ်။နောက်တစ်ချက်က လေ့ကျင့်ခန်း လုပ်တာက အဆုတ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ ကင်းချင်တယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။အိမ်တွင်းမှာ ဓာတ်​ငွေ့တွေ ယိုစိမ့်နေတာကလည်း အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ အချို့ဓာတ်ငွေ့တွေက အနံ့မရှိပေမယ့် သူတို့ရဲ့ ယိုစိမ့်မှုက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ အဆုတ်ကင်ဆာ ဖြစ်စေတာပေါ့။ဒါကြောင့် အိမ်တွင်းမှာ ဓာတ်ငွေ့တွေ ယိုစိမ့်မှု မရှိစေဖို့ သတိပြုပေးပါ။ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာက အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့်အာဆင်းနစ်လိုမျိုး ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့မိနိုင်ခြေကို တတ်နိုင်သမျှ လျှော့ချပါ။အဆုတ်ကင်ဆာကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးမှုက အဆုတ်ကင်ဆာကို ကာကွယ်ပေးသလိုကျန်းမာရေး ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။အဆုတ်ကင်ဆာ ကာကွယ်ပါ လို့ ပြောရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ကာကွယ်ရမလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/tips-for-lung-cancer-prevention/
သံလွင်သီး စားဖြစ်လား
သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက နှလုံးရောဂါဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ သံလွင်သီးမှာပါတဲ့ Oleic acid က သွေးတွင်းကအကျိုးမပြု ကိုလက်စထရော(LDL) ပမာဏကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရကတော့ သံလွင်သီး က သွေးမတိုးစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။အသက်အရွယ်ရလာတဲ့အခါ အရိုးပွလာတာကအရိုးသိပ်သည်းဆနည်းလာတာကြောင့်ပါ။ ဒီလို သိပ်သည်းဆနည်းလာတာက အရိုးတွေကို ကျိုးလွယ်စေနိုင်ပါတယ်။ ဒီပြဿနာကင်းစေဖို့ဆိုရင် သံလွင်သီး ကို ပုံမှန် စားပေးသင့်ပါတယ်။လေ့လာမှုတွေအရ သံလွင်သီးမှာပါတဲ့ အပင်ဒြပ်ပေါင်းက အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးတယ်လို့ တွေ့ရပါတယ်။သံလွင်သီး စားသုံးတဲ့သူတွေ သံလွင်ဆီ စားသုံးသူတွေဟာ ကင်ဆာနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်တာက သံလွင်သီးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ oleic acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ် ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနေပါတယ်။သံလွင်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် E၊ ဆိုဒီယမ်၊အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ် နဲ့phosphorus တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။သံလွင်သီးမှာ သံဓာတ် ပြည့်ဝစွာပါဝင်နေတာကြောင့်သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။သံလွင်သီးကလည်းအမျှင်ဓာတ်ပြည့်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။ဒါတွေအပြင် သံလွင်သီးက။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/olives-nutrition-and-health-benefits/
သင့်အသားအရေအတွက် အကောင်းဆုံးဗီတာမင်များ
သင့်ရဲ့အသားအရေကို ဂရုစိုက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်အရေပြားဟာ သင့်ကိုယ်ခန္ဓာရဲ့ အကြီးမားအကျယ်ပြန့်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။အသားအရေကို မပျက်စိးအောင် ထိန်းသိမ်းဖို့ဆိုရင် အများစုအနေနဲ့ ပြောနေကြကတော့ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်း မရှိအောင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ဖို့၊ အပြင်ထွက်တဲ့အခါ အကာအကွယ်တွေ သေချာဝတ်ဆင်သွားဖို့ ဖြစ်ပါတယ်။ဒါပေမယ့် နေရာင်ခြည်ဟာ ဆိုးကျိုးပဲပေးတာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၀-၁၅ မိနစ်ခန့်နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ ဗီတာမင် D ကို ရရှိစေပါတယ်။ ဗီတာမင် D အပါအဝင် ဗီတာမင် C၊ ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အသားအရေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့ ဗီတာမင်တွေပဲ ဖြစ်ပါတယ်။ယခုဆက်လက်ပြီး သင့်အသားအရေကို အထောက်အကူပြုတဲ့ အကောင်းဆုံးဗီတာမင်တွေအကြောင်း ဖော်ပြသွားမှာဖြစ်ပါတယ်။နေရောင်ခြည်ကနေတဆင့် ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဗီတာမင် D ကို အသည်းနဲ့ ကျောက်ကပ်ကနေ ရယူပြီး ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ အဲဒီအထဲမှာ အရေပြားလည်း ပါဝင်ပါတယ်။ ဗီတာမင် D ဟာ အသားအရေရဲ့ တင်းရင်းမှုကို ထိန်းသိမ်းပေးပါတယ်။Psoriasisခေါ် အရေပြားရောဂါကို ကုသရာမှာတောင် အထောက်အကူပြုပါတယ်။Calcitriol ဟာ ဗီတာမင် D ကို တုပထုတ်လုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ Psoriasis ရောဂါကို ကုသနေသူတွေမှာ Calcitriol ခရင်မ်ကိုလိမ်းပေးခြင်းဟာ ထိရောက်မှုရှိကြောင်း သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ Calcitriol ဟာ Psoriasis ဖြစ်ပွားနေသူတွေမှာ အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း စတာတွေကို သက်သာစေတယ်လို့ သိရပါတယ်။ဗီတာမင် D ကို တစ်နေ့တာ လိုအပ်ချက်ကတော့ တစ်ရက်ကို 600 IU ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက် ၇၀ ကျော်အရွယ်တွေမှာ ပိုမိုလိုအပ်ပါတယ်။ဗီတာမင် D ကို ရရှိနိုင်တဲ့ နည်းလမ်းတွေကတော့ နေရောင်ခြည်ကို တစ်ရက်မှာ ၁၀ မိနစ်ခန့် ထိတွေ့ပေးခြင်း၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာများစားသုံးခြင်း (ဥပမာ လိမ္မော်ရည်၊ ဒိန်ချဉ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး) စတာတွေပဲ ဖြစ်ပါတယ်။ဗီတာမင် C ကို အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ အများဆုံး တွေ့ရပါတယ်။ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကော်လာဂျင်ထုတ်လုပ်ပြီး အရေပြားကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် နုပျိုလှပစေဖို့ဆိုပြီး ထုတ်လုပ်ကြတဲ့ အလှအပရေးရာပစ္စည်းတွေမှာ ဗီတာမင် C ဟာ အဓိက ပါဝင်ရခြင်း ဖြစ်ပါတယ်။ဗီတာမင် C ကို သောက်သုံးခြင်းဟာ အရေပြားကနေ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရာမှာ အားဖြည့်ကူညီပေးပါတယ်။ အရေပြားဆဲလ်တွေ ပျက်စီးခြင်းကို သက်သာစေပြီး အနာကျက်လည်း မြန်စေပါတယ်။ သဘာဝအလျောက် ကော်လဂျင်ဖွဲ့စည်းရာမှာ ပါဝင်တဲ့အတွက်ကြောင့် အိုမင်းရင့်ရော်ခြင်းကိုပါ အတိုင်းအတာတခုအထိ ကာကွယ်နိုင်ပါတယ်။ အရေပြား အတွန့်အခေါက် အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကိုလည်း သက်သာစေပါတယ်။ဗီတာမင် C ရဲ့ တစ်နေ့တာလိုအပ်ချက်ကတော့ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာများကတော့ လိမ္မော်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီ၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ် စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် C ဆေးပြားလည်း သောက်သုံးနိုင်ပါတယ်။ဗီတာမင် C ဟာလည်း ဗီတာမင် E လိုပဲ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး နေရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ခရင်မ်ကို အရေပြားပေါ်လိမ်းလိုက်ရင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ အရေပြားပေါ်မှာ အမည်းစက်များ၊ အရေးအကြောင်းများ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဗီတာမင် E ကို တစ်နေ့တာလိုအပ်ချက်ကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။ ဗီတာမင် E ကို အစေ့အဆန်များနဲ့ အခွံမာသီးများ (ဥပမာ နေကြာစေ့၊ သစ်ချသီး) စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် E အားဖြည့်ဆေး သုံးစွဲနိုင်သလို လိမ်းဆေးအနေနဲ့လည်း ရရှိပါတယ်။ဗီတာမင် K ဟာ သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး အနာများ၊ ထိခိုက်ရှနာများ၊ သွေးခြေဥဒဏ်ရာများ သက်သာပျောက်ကင်းအောင် ကူညီပေးပါတယ်။ ဗီတာမင် K ဟာ အရေပြားပေါ်မှာ အကြောပြတ်ရာများ၊ အမာရွတ်များ၊ အမည်းစက်များ စတာတွေ လျော့နည်းစေပါတယ်။ဗီတာမင် K ကို တစ်နေ့တာလိုအပ်ချက်ကတော့ တစ်နေ့ကို ၉၀ ကနေ ၁၂၀ မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ ဗီတာမင် K ရရှိနိုင်တဲ့ အစားအစာတွေကတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ပဲစိမ်း စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-vitamins-for-skin/
သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။ ။
လူတိုင်းမှာ သူတို့ ကိုယ်စီကြိုက်တဲ့အရောင်တွေရှိကြပါတယ်။ အဲဒီကိုယ်ကြိုက်တဲ့ အရောင်တွေက ကိုယ့် စိတ်အတွင်းပိုင်းကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်သိပါသလား။ တနည်းပြောရမယ်ဆိုရင် အရောင်တွေ မှာ ကိုယ်ပိုင်စိတ်စွမ်းအားတွေရှိနေပြီး လူတွေကို လွှမ်းမိုးတာမျိုးပေါ့။ ကဲ ဘယ်အလိုအရောင်တွေက ဘာတွေကို ကိုယ်စားပြုလဲ ။ ။အားလုံး သိကြတဲ့အတိုင်း အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတာပါ။ အနီရောင်ကို မြင်လိုက်ပြီဆိုတာနဲ့ ရဲရင့်မှုတွေရှိလာသလိုလိုဖြစ်တတ်ကြပြီး အားအင်ပြည့်ဝမှုကို ခံစားဖူးကြမှာပါ။ ဒါ့အပြင်စိတ်ဆိုးတဲ့အချိန်ဆိုရင်မျက်လုံးထဲမှာ အနီရောင်ကို မြင်တတ်ကြပါတယ်တဲ့။အစားစားချင်စိတ်ကိုလည်း ဒီအနီရောင်က အများဆုံး လှုံ့ဆော်ပေးတာပါ။ ဒါကြောင့် အနီရောင် ကြိုက်တဲ့သူတွေဟာ ဒေါသလည်း ကြီးတတ်သလို ရဲလည်းရဲရင့်တဲ့သူတွေပါ။ ။လူတော်တော်များများက အဝါရောင်ကို တောက်လွန်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် နေမင်းရဲ့ တမန်တော်လို့ တင်စားကြတဲ့ ဒီလင်းလက်လွန်းတဲ့ အဝါရောင်လေးဟာ နုနယ်ပျိုမျစ်ခြင်း၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် အဝါရောင်ဟာ ဦးနှောက်ကို လှုံဆော်ပေးပြီး ဆုံဖြတ်ချက်များကို ရှင်းလင်းစွာချနိုင်ဖို့အတွက်လည်း ကူညီပေးပါသေးတယ်။ ဒါကြောင့် အဝါရောင်ကြိုက်တဲ့သူတွေဟာ ဆုံဖြတ်ချက်ချတဲ့နေရာမှာ ပြတ်သားကြတာဖြစ်ပါတယ်။ယုံကြည်မှုကို ကိုယ်စားပြုတဲ့ အရောင်ဆိုလို့ အပြာရောင် တစ်ရောင်တည်းရှိတာပါ။ ကောင်းကင်ကြီးနဲ့ ပင်လယ်တို့ရဲ့ ကိုယ်စားပြု အရောင်ဖြစ်တဲ့ အပြာရောင်ဟာ သင့်ဆီကို အေးချမ်းမှုတွေ ယူဆောင်လာပေးမှာ အသေအချာပါ။ အပြာရောင်ဟာ အစားစားချင်စိတ်ကိုလည်း လျော့ကျစေတာကြောင့် သင်ဝိတ်ချေနတယ်ဆိုရင် သင့်ထမင်းစားခန်းကို အပြာရောင် ပန်းကန်ပြားတွေ၊ အပြာရောင်ခုံတွေနဲ့ အလှဆင်လိုက်ပါ။သဘာဝတရားကြီးရဲ့ အရောင်ဖြစ်တဲ့ အစိမ်းရောင်ဟာ သင့်စိတ်ကို လန်းဆန်းစေတဲ့အပြင့် လုံခြုံမှုကိုလည်း ပေးစွမ်းပါတယ်။ အစိမ်းရောင်ကို ကြည့်လိုက်တာနဲ့တင် အပန်းပြေသွားသလိုမျက်စိညောင်းညာခြင်းကိုလည်း ပြေလျော့စေတဲ့ အရောင်တစ်ခုပါ။မဟာဆန်ခြင်း၊ ကြီးကျယ်ခမ်းနာခြင်း၊ဆွဲဆောင်မှုရှိခြင်းနဲ့ အားလုံးကို သြဇာညောင်းတဲ့ အရောင်တစ်ခုအဖြစ်အားလုံးက သတ်မှတ်ထားကြတာပါ။ ဒါ့အပြင် ကြောက်မက်ဖွယ်ကောင်းခြင်းနဲ့ အမှောင်လောကကို ကိုယ်စားပြုတဲ့ အရောင်တစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် အနက်ရောင်ကြိုက်တဲ့ သူတွေရဲ့ စိတ်ဟာ အလင်းနဲ့ အမှောင်လောက နှစ်ခုလုံးကို တစ်လှည့်စီသွားနေတတ်ပါတယ်။ငြိမ်းချမ်းခြင်း၊ အရှုံးပေးခြင်း၊ သန့်စင်ခြင်း တရားတို့နဲ့ ပြည့်နေတဲ့ အဖြူရောင်လေးဟာ အနက်ရောင်ရဲ့ ဆန်ကျင်ဘက်အရောင်တစ်ခုပါ။ ဘာအရောင်နဲ့ပဲ ဖြစ်ဖြစ် ပေစွန်းသွားရင်သူပဲ အစွန်းထင်းကျန်ခဲ့တာမို့ အားနွဲ့တဲ့ အရောင်တစ်ခုပါ။အလွမ်းဓာတ်ခံရှိတဲ့သူတွေအတွက်တော့ မီးခိုရောင်ဟာ ရှိရင်းစွဲ အလွမ်းဓာတ်ခံကို ပိုပြီးအားကောင်းစေတဲ့ အရောင်တစ်ခုပါ။ ဒါ့အပြင် မီးခိုးရောင်ကြိုက်တဲ့သူတွေဟာစိတ်ဓာတ်ကျလွယ်တတ်ပြီး အမြဲဝမ်းနည်းနေတတ်တဲ့သူတွေပါတဲ့ ။ ။ကဲ ဒါတွေကတော့ အရောင်တွေထဲမှာမှ လူတို့ရဲ့ စိတ်ကို အလွှမ်းမိုးနိုင်ဆုံး အရောင်တွေပဲဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုအရောင်ကြိုက်တတ်လဲ။ ပြောထားတဲ့အချက်တွေကတွေကရော ကိုယ်နဲ့ ကိုယ်နဲ့ ကိုက်ညီမှု ရှိရဲ့လား ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/colour-psychology/
ကလေးငယ် အိမ်မွေးတိရစ္ဆာန် အကိုက်ခံရခြင်း
အကြမ်းအားဖြင့် အမေရိကမှာဖြစ်ပွားတဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ၈၀၀၀၀၀ ခန့်က တိရစ္ဆာန်ကိုက်ခြင်းကြောင့်ဖြစ်ပြီး ဒီထဲကတစ်ဝက်လောက်ကကလေးငယ်လေးတွေပါ။ တောရိုင်း တိရစ္ဆာန်တွေ ကိုက်ခံရတာမျိုးရှိသလို အိမ်မွေးတိရစ္ဆာန်လေးတွေ အဓိကအားဖြင့် ခွေးကိုက်ခံရတာပါ။ ခွေးရောကြောင်ပါ အကြောင်းတော်တော်များများကြောင့် ကိုက်တတ်ကြပါတယ်။ တိရစ္ဆာန်ကို ကလေးရှိတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ မိတ်မဆက်ပေးခင် ဒီလိုဖြစ်တတ်တယ်ဆိုတာကို နားလည်ထားဖို့အထူးလိုအပ်ပါမယ်။ကလေးငယ်များ အထူးသဖြင့် ငါးနှစ်အောက်ကလေးများသည် တိရစ္ဆာန် သို့မဟုတ် လူအကြောင်း ကောင်းစွာနားမလည်သေးပေ။ ကလေးက အိမ်မွေး တိရစ္ဆာန်အနားကို အရမ်းနီးကပ်အောင်သွားပြီး ခြောက်လန့်သလိုဖြစ်သွားတတ်သည်။ သိပ်အဖြစ်မများတဲ့အကြောင်းအရင်းတွေကြောင့်လည်း အိမ်မွေးတိရစ္ဆာန်တွေက ကိုက်တတ်ကြတယ်။ ဥပမာ ကလေးကပြေးနေတဲ့အခါ ခွေးကသားကောင် အဖြစ်မြင်ပြီး တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း၊ ခြစ်မိခြင်းတို့က အနာသေးရင် သေးပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာကတော့ များပါတယ်။အဖြစ်အများဆုံး ရောဂါပိုးဝင်သည့် လက္ခဏာမှာ နာခြင်း၊ ရောင်ခြင်း၊ နီခြင်း တို့ဖြစ်နိုင်ပါတယ်။အနာတွင်းသို့ ရောဂါပိုးဝင်သွားမယ်ဆိုရင် ပြည် သို့မဟုတ် အရည်များ အနာမှ စိမ့်ထွက်လာခြင်း၊ နာခြင်း၊ ထိလို့ထိမှန်း မသိတော့ခြင်းတို့ဖြစ်လာနိုင်ပါတယ်။ လက်မှာကိုက်မိမယ်ဆိုရင် လက်ချောင်း (သို့မဟုတ်) လက် သိပ်မလှုပ်နိုင်တော့ခြင်း၊ နီခြင်း၊ အဖျားတက်ခြင်း (၃၈ဒီဂရီဆဲလ်စီးရပ် ၁၀၀ .၄ ဒီဂရီဖာရင်ဟိုက်) ချွေးထွက်ခြင်း၊ ချမ်းတုန်နေခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။ကုသမှုက အနာဘယ်လောက်ဆိုးသလဲပေါ် မူတည်ပါမယ်။ သိပ်မပြင်းထန်ပါက ရေနှင့် ဆပ်ပြာသုံးပြီးသေချာစွာဆေးပါ။ အညစ်အကြေးပေနိုင်သောနေရာဖြစ်ပါက ကြပ်ထုပ်စည်းပါ။ သို့မဟုတ်ပါက လေသလပ်ခံပါ။အရေပြားကွဲပြီး သွေးထွက်နေပါက ပြင်းထန်တဲ့ အခြေအနေပါ။ ဂွမ်း (သို့မဟုတ်) သန့်သောအဝတ်နှင့်ပတ်ပြီး အနာကို လက်ချောင်းများဖြင့်ဖိထားပါ။ဒီလို ဖိထားပေမယ့် သွေးမတိတ်ဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးပါ။သွေးထွက်သွားရင်တောင် ကလေးအနာချုပ်ရန်နှင့် အခြားသောဆေးကုသမှုလို၊ မလိုသိရန်ဆရာဝန်နဲ့ တိုင်ပင်ပါ။တိရစ္ဆာန်ကိုက်ခံရခြင်းက အခြားသောဒဏ်ရာထက်စာရင် ပိုပြီးပိုးဝင်နိုင်သည်။ ဆရာဝန်မှ ပိုးသတ်ဆေးတစ်ပတ်လောက်ပေးနိုင်ပါတယ်။ကလေးက ခွေးရူးရောဂါရှိသော ခွေးအကိုက်ခံရသည်ဟုသံသယရှိခြင်း သို့မဟုတ် လည်ပင်း၊ ခေါင်းမှာ အကိုက်ခံရခြင်းရှိပါက နီးစပ်ရာ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသပေးပါ။ ကလေးလည်ပင်းမှာ ပေါက်ပြဲဒဏ်ရာ၊ အပေါ်ယံအရေပြား ထိခိုက်သွားတာ၊ အနာနက်တာမျိုးတွေဖြစ်မယ်ဆိုရင် နီရဲရောင်ရမ်းပြီးနာလာနိုင်သည်။သင့်ကလေးအား တိရစ္ဆာန်ကိုက်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများသင်ပေးပါ။ ခွေး (သို့မဟုတ်) ကြောင်တို့ရဲ့ အစာ၊ ကစားစရာစသည်တို့ကို လုယူပြီးမစရန် ကလေးတွေကိုသင်ပေးထားပါ။ အော်ခြင်း၊ ပြေးခြင်း၊ ရိုက်ခြင်းစသည့် ရုတ်တရက် လှုပ်ရှားမှုတွေ  မလုပ်မိဖို့ သင်ထားပေးပါ။ ခွေး အစာစားနေချိန်၊ အိပ်နေချိန် သွားမစရန်သင်ပေးပါ။ ကလေးငယ်ငယ်လေးတွေကို ခွေးထိန်းခိုင်းတာ၊ အစာကျွေးတာ၊ ရေချိုးတာမျိုးတွေ မခိုင်းပါနဲ့။ ကလေးက ဆန္ဒရှိရင်တောင် ပေးမလုပ်ပါနဲ့။ ကလေးနှင့် ခွေးအတူရှိပါက သေချာစွာစောင့်ကြည့်ပါ။ ခွေးပိုင်ရှင်ရှိပါက ခွင့်ပြုချက်တောင်းပါ။ ခွေးကိုမြင်ဖူးထားခြင်း သို့မဟုတ် ခွေးကရင်းနှီးသောပုံပေါက်ရင်တောင်မှ လက်လွတ်စပယ် ပေးကိုင်တာမျိုး မလုပ်ပါနဲ့။သင့်ကလေးအား အိမ်မွေးတိရစ္ဆာန်နှင့် ထိခိုက်မှုမရှိဘဲ နေထိုင်ဆက်ဆံနည်းကိုသင်ပေးလိုပါက လွယ်ကူပါတယ်။ အကိုက်မခံရတဲ့နည်းသာမက ဘယ်လိုဆက်ဆံရတယ်၊ တိရစ္ဆာန်က မိသားစုရဲ့ ဘယ်လိုနေရာမှာရှိတယ်ဆိုတဲ့ အချက်တွေကိုပါ သင်ပေးပါ။ သင်တွင် ကလေးငယ်ငယ်လေးရှိမယ်ဆိုရင် ကလေးငယ်က ခွေး၊ ကြောင် နှင့်အခြားသတ္တဝါဘေးနားတွင်ရှိချိန်အမြဲစောင့်ကြည့်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%80%e1%80%af%e1%80%ad%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%9b%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%99/
အတွင်းစိတ်ပုပ်တယ်ဆိုတာလည်း စိတ်ရောဂါတစ်မျိုးပဲနော်
ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ၊ စိတ်ထဲက မကျေနပ်တာကို ပေါ်တင်မပြောဘဲ ချောက်တွန်းတာ၊ အနောက်ကနေ သွားပုပ်လေလွင့်တာ၊ ပြဿနာရှာတဲ့သူမျိုးတွေပေါ့။ တကယ်တော့ ဒီလိုလုပ်တာကို အတွင်းစိတ်ထဲကနေ လူတစ်ယောက်ကို မုန်းတီးစိတ် တစ်နည်းအားဖြင့် Passive-Aggressive Behavior လို့ ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။သိသာအောင် ဥပမာ ပေးရမယ်ဆိုရင်တော့။၁။ အလုပ်ကအစည်းအဝေးမှာ လူတစ်ယောက်က ဒီလိုလုပ်သင့်တယ်လို့ အကြံပေးတယ်။ ကိုယ့်စိတ်ထဲမှာက ဒီလိုလုပ်တာကို သဘောမတူပေမဲ့ ပါးစပ်က သဘောတူပါတယ်ပဲ ပြောတယ်။ ပြီးတော့ နောက်ကွယ်မှာ ဒီအကြံအတိုင်း လုံးဝမလုပ်ဘဲ မသိမသာ သို့မဟုတ် သိသိသာသာ ဆန့်ကျင်တယ်။၂။ လူတစ်ယောက်ကို မုန်းတယ်ဆိုပါစို့။ သူ့ရှေ့မှာတော့ ပုံမှန်အတိုင်း ပြုံးရွှင်နေပြီး သူ့ကွယ်ရာရောက်မှ သူ့ရဲ့ မကောင်းကြောင်းတွေလွှတ်ပြောမယ်၊ အတင်းချတယ်။၃။ ပြဿနာတစ်ခုဖြစ်တယ်။ ဒီပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ မဆိုင်တဲ့သူတွေကို အပြစ်လုပ်တယ်။ ရှင်းလိုက်ရင် ပြီးသွားမယ့်ပြဿနာကို ပိုဆိုးသွားအောင် မီးထပ်မွှေးတယ်။၄။ ကိုယ့်ချစ်သူနဲ့ စကားများရန်ဖြစ်တယ်။ မကျေနပ်တဲ့ အကြောင်းကို ပေါ်တင်ဖွင့်မပြောဘဲ စိတ်ထဲကနေ မုန်းနေတဲ့ခံစားချက်တွေ ဖြစ်တယ်။ ပြဿနာကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ရှာတယ်။ စိတ်အနှောင့်အယှက်ပေးတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ဆိုးအောင်ပိုလုပ်တယ်။ဒါတွေဟာ အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့မနာလိုစိတ်၊ မုန်းတီးစိတ်တွေကို တခြားသူတွေအပေါ် ပုံချတတ်တဲ့ အပြုအမူပိုင်းဆိုင်ရာ မူမမှန်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုအမူအကျင့်မျိုးရှိတဲ့သူတွေမှာ တခြားပြင်းထန်တဲ့ စိတ်ရောဂါတွေ ရှိနေတတ်ပါတယ်။ လူမှုရေး၊အလုပ်ခွင်နဲ့ အချစ်ရေးမှာ ပြဿနာများစွာ ဖြစ်လာနိုင်တဲ့ ဒီအမူအကျင့် ကိုယ့်မှာရှိတယ်လို့ သိထားရင်တော့ စောစောစီးစီး ဖျောက်ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲ။ဒီစိတ်ရောဂါရှိတဲ့သူတွေမှာ။အကြောင်းရင်းအတိအကျကိုတော့ ရှာဖွေတွေ့ရှိထားခြင်း မရှိသေးပေမဲ့ ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်အခြေအနေ၊ မျိုးရိုးဗီဇတွေဟာ ဒီစိတ်ရောဂါဖြစ်စေဖို့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာ အစပျိုးလာတတ်ပြီး မိဘတွေ အထိန်းအကျောင်းမတတ်တာ၊မိသားစုရေးရာ ပြဿနာ၊ တခြား ကလေးဘဝမှာအနိုင်ကျင့်ခံရတာ၊ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာတွေကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ဒီလိုမျိုး အတွင်းစိတ်ထဲက မကျေနပ်တဲ့ အပြုအမူမျိုးတွေ ရှိတဲ့သူတစ်ယောက်မှာ။ကိုယ့်မှာ၊ ကိုယ့်မိသားစုဝင်မှာ ဒီလိုအပြုအမူမျိုးရှိရင်တော့စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်လို့ ရပါတယ်။ ကိုယ့်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပညာရှင်တွေက ကုသမှု လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကို ခွဲခြားပေးမှာ ဖြစ်ပါတယ်။ အကယ်လို့ စိတ်ကြောင့်ဖြစ်တာမဟုတ်ဘဲ တခြားဦးနှောက်အာရုံကြော ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုရင်တော့ သွေးဖောက်စစ်တာ၊ ဦးနှောက်ကို စစ်ဆေးတာအပြင် တခြား အာရုံကြောလက္ခဏာတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ကုသမှုခံယူရမယ်ဆိုရင်လည်း သိပ်ပြီး မစိုးရိမ်ပါနဲ့။ အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် တခြားပြဿနာတွေလို သိပ်ပြီး ကုရခက်တာမဟုတ်ပါဘူး။ အဓိက ကိုယ့်ရဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ငြိမ်းအေးစေဖို့၊ ရင်ထဲမှာ ရှိတဲ့ မကောင်းတဲ့အတွေးတွေ၊ဒေါသတွေ၊ မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့၊ သွယ်ဝိုက်တာထက် တိုက်ရိုက် ပြဿနာကို ဖြေရှင်းပုံတွေကို စိတ်ရောဂါကုထုံးနဲ့ ကုသပေးသွားမှာပါ။ များသောအားဖြင့် ဒီရောဂါဟာ ဆေးသောက်ဖို့မလိုအပ်ပါဘူး။ဒီအပြုအမူရှိတဲ့သူတွေမှာ လူမှုရေး၊ မိသားစု၊ အချစ်ရေးတွေမှာ ပြဿနာမျိုးစုံကြုံလာနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ့်မှာရှိတဲ့ ပြဿနာကို စောစောစီးစီး ကုသမှုခံယူဖို့ပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%95%e1%80%af%e1%80%95%e1%80%b9%e1%80%90%e1%80%9a%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
Tetanus (မေးခိုင်ရောဂါ)
မေးခိုင်ရောဂါသည် Clostridium tetaniဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပွားပါသည်။ ထိုဘတ်တီးရီးယားသည် ကမ္ဘာအနှံ့ရှိပြီးအဓိကအားဖြင့် မြေကြီးထဲတွင် တွေ့ရပါသည်။ ဘတ်တီးရီးယားသည် အာရုံကြောပျက်စီးမှု ကိုဖြစ်စေသောအဆိပ်အတောက်များကိုထုတ်လွှတ်ပါသည်။ အာရုံကြောများကထိန်းချုပ်ထားသော ကြွက်သားများသည် တောင့်တင်းလာပြီးထုံထိုင်းလာပါသည်။ လျင်မြန်စွာမကုသပါကအသက်ရှုမှုကို ပြုလုပ်ပေးသော ကြွက်သားများအလုပ် လုပ်ခြင်းရပ်ကာလူနာသေစေနိုင်ပါသည်။ မေးခိုင်ခြင်းအမျိုးအစားတွင် ခန္ဓါကိုယ်အနှံ့၊ တစ်နေရာတည်း နှင့် မွေးကင်းစဟူ၍ ရှိပါသည်။ မေးခိုင်ရောဂါသည် ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။ ကာကွယ်ဆေးလည်းရှိပါသည်။မေးခိုင်ရောဂါသည် အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ ကလေးငယ်များ နှင့် လူငယ်များတွင် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ခန္ဓါကိုယ် မေးခိုင်ရောဂါသည် အဖြစ်အများဆုံးအမျိုးအစား ဖြစ်သည်။ ထိခိုက်မှု သို့မဟုတ် ရောဂါပိုးဝင်ပြီး ၇ရက် အတွင်းသင်၏ ကြွက်သားများသည် တင်းမာလာပြီးနာကျင် သောတက်ခြင်းတို့ဖြစ်နိုင်ပါသည်။ မေးရိုး၊ လည်ပင်း၊ ပုခုံး၊ ကျော၊ ဝမ်းဗိုက် အပေါ်ပိုင်း၊ လက်မောင်း နှင့် ပေါင်တို့တွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ အချို့လူများတွင် ခန္ဓါကိုယ် အနှံ့ နာကျင်ခြင်း ဖြစ်နိုင်ပါသည်။ ရောဂါသည် မပြင်းထန် ( တက်ခြင်းအနည်းငယ်ဖြင့် ကြွက်သားနာခြင်း)၊ အသင့်အ တင့် ( မေးခိုင်ပြီးမျိုချရာတွင် ခက်ခဲခြင်း) သို့မဟုတ် ပြင်းထန် ( ပြင်းထန်စွာတက်ခြင်း၊ အသက်ရှု ရပ်ခြင်း) ဖြစ်နိုင်ပါ သည်။မေးခိုင်ခြင်းသည် တစ်နေရာတည်းတွင် ဖြစ်ခြင်းမဟုတ် ပါ။ ရောဂါလက္ခဏာများသည် အနာဝန်းကျင် ရှိ ကြွက်သားများတွင် ပေါ်လာပါသည်။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင်သည် ထိခိုက်ဒဏ်ရာရပါကအနာသည် ညစ်ပတ်ပြီးနက်ပါကမြေကြီးများတိရစ္ဆာန်မစင်များရှိပါကသင်သည် ဆရာဝန် နှင့် သွားရောက်ပြသပြီးမေးခိုင်ကာကွယ်ဆေးထိုးသင့်ပါသည်။ သင်သည် မေးခိုင်ကာကွယ်ဆေးမထိုးဘဲ ၁၀ နှစ်ကြာပါကဆရာဝန်နှင့် ပြသပြီးကာကွယ်ဆေးထိုးပါ။အထက်တွင် ဖော်ပြထားသောရောဂါလက္ခဏာများရှိ ပါကသို့မဟုတ် မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင် ပင် ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ် တုံ့ပြန်မှုသည် မတူညီပါ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်အောင် ဆရာဝန် နှင့် အမြဲတိုင်ပင်ပါ။အနာတွင် ရောဂါပိုးဝင်ခြင်းသည် မေးခိုင်ရောဂါကို ဖြစ် စေသည်။ ဘတ်တီးရီးယားမျိုးစေ့သည် အရေပြာအနာအားဖောက်ဝင်ကာကွဲပွားပြီးအဆိပ်အတောက်များကိုထုတ်လုပ် ပါသည်။ ထိုအဆိပ်အတောက်များသည် အာရုံကြောအမျှင် များ၏ အမြီးတွင် ကပ်တွယ်ပါသည်။ အဆိပ်သည် ကျောရိုးမနာဗ်ကြောနှင့် ဦးနှောက်ဆီသို့ တဖြည်းဖြည်းပျံ့နှံ့သွားပါ သည်။ အဆိပ်အတောက်သည် ဦးနှောက်နှင့် ကျောရိုးမနာဗ် ကြောမှ ကြွက်သားများသို့ပို့သောဓါတုအချက်ပြမှုများကိုပိတ်ပင်ပါသည်။ တက်ခြင်းကို ဖြစ်စေပါသည်။ အသက်ရှုရပ် ကာသေသည်အထိ ဖြစ်နိုင်ပါသည်။ မွေးကင်းစတွင်ဖြစ် သောမေးခိုင်ရောဂါသည် ချက်ကြိုးဖြတ်ရာတွင် ရောဂါပိုးဝင် ခြင်းကြောင့် ဖြစ်နိုင်ပါသည်။မေးခိုင်ရောဂါဖြစ်နိုင်ချေကို မြင့်စေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးစစ်ခြင်း၊ အသေးစိတ် ကြွက်သားနှင့် အာရုံကြောဆိုင်ရာစစ်ဆေးခြင်းတို့ဖြင့် မေးခိုင်ရောဂါကိုအတည်ပြုနိုင်ပါသည်။ ဆရာဝန်သည် သင့်အနာပေါ်တွင် အ ဝတ်စဖြင့် ပွတ်ပြီးနမူနာယူကာဓါတ်ခွဲခန်းသို့ပို့ပါသည်။ မေးခိုင်ရောဂါပိုးကိုရှာဖွေရန် ဖြစ်ပါသည်။ ဆရာဝန်သည် သွေးစစ်ခြင်းလည်း ပြုလုပ်နိုင်ပါသည်။ မွေးကင်းစကလေးများတွင် ဖြစ်သောမေးခိုင်ရောဂါကိုကလေး၏ ရောဂါလက္ခ ဏာများအပေါ်မူတည်၍ အဖြေရှာနိုင်ပါသည်။ဆရာဝန်သည် အဆိပ်များ၏ ရင်းမြစ်ကိုဖယ်ရှားခြင်း၊ အဆိပ်ဖြေခြင်း၊ တက်ခြင်းကိုကာကွယ်ကုသခြင်းတို့ဖြင့် မေးခိုင်ရောဂါကိုကုသပါသည်။ အောက်ပါတို့ပါဝင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် မေးခိုင်ရောဂါကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် မေးခိုင်ရောဂါ ကိုထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/tetanus-%e1%80%99%e1%80%b1%e1%80%b8%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia)
ကိစ္စတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း ဖိုးဘီးယား (Phobia)စိတ်ဝေဒနာတွေထဲက မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia) ဆိုတာ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များတဲ့ ပုံမှန်မဟုတ် ကြောက်ရွံ့ခြင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိတ်မှာ အမျိုးသမီးရဲ့အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ယောက်ျားမာနကို ချိုးနှိမ်ခံရခြင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေစိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ဒီစိတ်ဝေဒနာက အမြစ်တွယ်ပြီး ကြီးလာတဲ့အခါ မိန်းမတွေနဲ့ ပတ်သက်လာရင် ကြောက်ရွံ့တဲ့ စိတ်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ ရွံရှာခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ကာ နေ့စဉ်ဘဝမှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ Gynophobia လို့ခေါ်တဲ့ မိန်းမကြောက် စိတ်ဝေဒနာဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia) လက္ခဏာတွေက။များသောအားဖြင့် အရွယ်ငယ်သေးတဲ့အချိန်မှာ ဒီကြောက်ရွံ့မှုဟာ အစပျိုးလာတတ်ပါတယ်။မိဘတွေအနေနဲ့ ကိုယ့်ကလေးကို သူစိမ်းအမျိုးသမီးတွေ လာထိမှာ၊ ကိုင်မှာကို အရမ်းစိုးရိမ်နေတာ၊ မကြိုက်တာ၊ လုံးဝအသားထိခွင့်၊ စကားပြောခွင့်မပေးတာမျိုးတွေ လုပ်တဲ့အခါ၊ မိန်းမတွေရဲ့ မကောင်းကြောင်းကို ငယ်ငယ်ကတည်းက သင်ပေးတာ၊ အမြဲလိုလို ပြောဆိုနေတဲ့အခါ ကလေးက မိဘတွေရဲ့ အပြုအမူကိုကြည့်ပြီးတော့ အမျိုးသမီးတွေအပေါ် ကြောက်ရွံ့စိတ်ဝင်သွားနိုင်ပါတယ်။ဆယ်ကျော်သက်အရွယ်၊ လူငယ်ဘဝမှာ အသက်ကြီးကြီး သို့မဟုတ် ရွယ်တူ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ အလိုမတူဘဲမုဒိမ်းကျင့်ခံရတာတွေကြောင့် စိတ်ဒဏ်ရာအနေနဲ့ အမျိုးသမီးတွေအပေါ် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းလက္ခဏာတွေ ပြလာတတ်ပါတယ်။ဖိုးဘီးယားဆိုတာ နေ့စဉ်လူမှုဘဝကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ကြောက်ရွံ့စိတ်ဖြစ်ပါတယ်။ တခြားအရာတွေနဲ့ မတူဘဲ လူ့ဘဝကြီးက နေ့စဉ် အမျိုးသားတွေရော၊ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တာကြောင့် ဝေဒနာရှင်ရဲ့ စိတ်ထဲမှာလည်း တော်တော်လေးကို အနေရကြပ်နေမယ်။ လူ့ပတ်ဝန်းကျင်မှာလည်း တခြားသူတွေ ပြောစရာ၊ အထင်သေးစရာ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ တခြားသူတွေလိုမျိုးမဟုတ်ဘဲ အမျိုးသမီးတွေအပေါ် ပုံမှန်ထက်ပိုတဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်နေတယ်ဆိုရင် စိတ်ဆရာဝန် သို့မဟုတ်စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်ဖို့ လိုအပ်ပါတယ်။လူမှုရေးရာဆိုင်ရာ ကြောက်ရွံ့မှုကို အခြေခံတဲ့ စိတ်ဝေဒနာဖြစ်တာကြောင့် ဒီကြောက်ရွံ့မှုနဲ့ပတ်သက်ပြီး ဝေဒနာရှင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်ဖို့၊ ကြောက်ရွံ့မှုကို ကျော်လွှားဖို့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အစပိုင်းမှာ စိတ်ပညာရှင်တွေအနေနဲ့ ဝေဒနာရှင်ရဲ့ ဘဝဇာတ်ကြောင်း၊ အတိတ်မှာဖြစ်ဖူးတဲ့ အဖြစ်အပျက်တွေ၊ ဝေဒနာရှင်ရဲ့ လက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်အခြေအနေ၊ မိသားစု၊အချစ်ရေးစတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေကို သုံးသပ်ပြီးသွားတဲ့အခါမှာ စိတ်ကုထုံးဖြင့် စတင်ကုသပေးသွားမှာပါ။ ဒီကုထုံးတွေထဲမှာတော့။များသောအားဖြင့် Gynophobia ကို ကုသဖို့ ဆေးဝါးတွေမလိုအပ်ပါဘူး။ စိတ်ကိုငြိမ်အောင် ကိုယ်တိုင်ထိန်းချုပ်ပေးတဲ့ ကုထုံးနည်းလမ်းတွေကသာ အကောင်းဆုံးပါပဲ။ စိတ်ရှည်ပြီး ဆရာဝန်ပြောတဲ့လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်၊ ရက်ချိန်းကို မှန်မှန်သွားပြီး ပြသမယ်ဆိုရင်တော့ ပျောက်ကင်းဖို့ ပိုလွယ်နိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/what-is-gynophobia/
သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်
အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ။ အဲဒါကအအေးမိ၊နှာစေးဖြစ်ဖူးသူတွေ သိပြီးသားဖြစ်မယ့် အဖြစ်များတဲ့ရောဂါဖြစ်စဉ်ပါ။ဒါပေမယ့် အသက်ရှုူလမ်းကြောင်းဆိုတာမှာ ခန္ဓာဗေဒအရ အထက်ပိုင်းနဲ့အောက်ပိုင်းနှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်လွယ်တဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ရက်တိုဝေဒနာတွေက နှာခေါင်း၊လည်ချောင်း၊လေပြွန်၊လည်ချောင်းဝနဲ့ အသံအိုးတို့လို အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာ ရောဂါပိုးဝင်တာ(URI)ဖြစ်ပါတယ်။နှာစေးနှာပိတ်နဲ့လည်ချောင်းနာတို့လို အအေးမိလက္ခဏာတွေဆိုရင်တော့ အဖြစ်များဆုံး URIတွေဆိုတာ သေချာပါတယ်။ တခြား URIတွေကတော့ထိပ်ကပ်နာ၊ အသံအိုးရောင်ခြင်း စတာတွေပါဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာတော့ အဆုတ်နဲ့သက်ဆိုင်ပါတယ်။ ဒါ့ကြောင့်လေပြွန်ရောင်ခြင်းနဲ့နမိုးနီးယားတို့ကတော့ ဒီလက္ခဏာထဲမှာပါဝင်ပါတယ်။အအေးမိဝေဒနာတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး လက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းယားခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါတွေကို ကုသရာမှာ ဆရာဝန်ပေးတဲ့ဆေးဝါးအကူအညီတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဆေးဝါးအပြင် ကိုယ်ခံအားက ခုခံပေးနိုင်ဖို့လည်း လိုတာကြောင့် ဆင်ခြင်နေထိုင်သင့်တဲ့အချက်တွေရှိပါတယ်။ အနေအထိုင်၊ အပြုအမူအမှားတွေကြောင့် ရောဂါမသက်သာဘဲ ဆေးကုလျက်နဲ့ ပိုဆိုးလာနိုင်လို့ပါ။(၁) ဆေးလိပ်သောက်တာ/ဆေးလိပ်ငွေ့ကို မရှောင်တာ။ဆေးလိပ်သောက်တာက ဖြတ်ရခက်တဲ့ အမူအကျင့်တစ်ခုဖြစ်ပေမယ့် သွားအတွက်ရော ခံတွင်းကျန်းမာရေးအတွက်ပါ အတော်ဆိုးတဲ့အရာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက မေးရိုးရဲ့အရိုးသိပ်သည်းဆကို လျော့ပါးစေနိုင်သလို တံထွေးဂလင်းရောင်ရမ်းခြင်း၊ သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာအထိလည်းဖြစ်နိုင်ပါတယ်။ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းက (ဆေးလိပ်ငွေ့တဆင့်ခံရှူရှိုက်ရသူတွေအပါအဝင်) အသက်ရှူလမ်းကြောင်းအတွက် ဆိုးကျိုးများပါတယ်။ အထူးသဖြင့် နေမကောင်းချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။ ကိုယ့်အနားမှာ ဆေးလိပ်လာသောက်ရင်လည်း အမှုမဲ့အမှတ်မဲ့နေတာပဲဖြစ်ဖြစ် အားနာလို့ပဲဖြစ်ဖြစ် မရှောင်ဘဲ ဆက်ရှူမနေပါနဲ့။ နှာစေးလို့ အသက်ရှူမဝချိန်၊ ချောင်းဆိုးရင်ကျပ်နေချိန်ဆို အသက်ရှူရတာပိုဆိုးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းနဲ့ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာအထိဖြစ်နိုင်ပါတယ်။(၂) ရေလုံလောက်အောင် မသောက်တာ။ရေလုံလောက်အောင် မသောက်တဲ့အခါရေဓာတ်ခမ်းခြောက်မှုဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ အဆုတ်ကပြန့်ကားလာပါတယ်။ အဲ့ဒီအခါအဆုတ်အားနည်းစေလို့ ဝေဒနာပိုဆိုးစေနိုင်ပါတယ်။ ရေများများသောက်မှ အသက်ရှူလမ်းကြောင်းစနစ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားထုတ်နိုင်ဖို့ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။(၃) ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိမယ့်အပြုအမူတွေလုပ်တာ။လမ်းသွားရင်းဆို ရှောင်လွှဲရမလွယ်ပေမယ့် အိမ်မှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်တာမျိုး၊ ဖုန်ထူတဲ့ပစ္စည်းတွေသွားကိုင်တွယ်တာမျိုး၊ အိပ်ရာခင်းနဲ့ စောင်တွေဖုန်ခါတာမျိုး၊ စာအုပ်စင်ရှင်းတာမျိုးကို နေမကောင်းနေချိန်မှာ မလုပ်မိအောင် တတ်နိုင်သလောက်ရှောင်ပါ။ ဖုန်မှုန့်တွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ဒုက္ခပေးနိုင်သလို ချောင်းဆိုးရင်ကျပ်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ပန်းဝတ်မှုန်၊ မှို၊ တိရစ္ဆာန်အမွေး စတဲ့ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေလည်းပါနိုင်တာမို့ နေမကောင်းဖြစ်နေသူအနီးတဝိုက်မှာ သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။(၄) အအေးမိတုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာတွေသွားတာ။အအေးမိနာမကျန်းဖြစ်သူများနေတဲ့အချိန် ဖျော်ဖြေရေးပွဲတွေ၊ ပါတီတွေ၊တွေ့ဆုံပွဲတွေလို လူထူထပ်ရာနေရာတွေသွားတာကလည်း အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်လာနိုင်ခြေများစေပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက လေထဲမှာပါလာတဲ့ နာမကျန်းဖြစ်သူဆီက တံထွေးနဲ့ အမှုန်အမွှားတွေကတဆင့် ကူးစက်နိုင်တာကြောင့် နေမကောင်းဖြစ်နေသူ နှာချေတာ၊ ချောင်းဆိုးတာကြုံရင် လက်ကိုင်ပဝါနဲ့ဖြစ်ဖြစ် ကာကွယ်ပါ။(၅) အယ်ကိုဟော (အရက်နဲ့ အရက်ပါဝင်တာ)တွေသောက်တာ။အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ အယ်ကိုဟောသောက်သုံးမှုကြားက ဆက်နွှယ်မှုကိုသက်သေပြခဲ့တဲ့ သုတေသနတွေအများကြီးရှိပါတယ်။ အရက်ဖြစ်ဖြစ်၊ ဘီယာ သို့မဟုတ် ဝိုင်ပဲဖြစ်ဖြစ် အယ်ကိုဟောပါတဲ့သောက်စရာတွေက ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးစေပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့အခါကိုယ်ခံအားနည်းစေပြီး အသက်ရှူလမ်းကြောင်းရောဂါကူးစက်ခံရလွယ်စေပါတယ်။(၆) အာဟာရပြည့်အောင်မစားတာ။စားတော့စားနေပေမယ့် အာဟာရပြည့်မယ့် အစာတွေမဟုတ်ဘဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့သရေစာတွေ တစွတ်စွတ်စားနေရင်လည်း အားမဖြစ်စေတဲ့အပြင် ရောဂါဝင်ဖို့ပိုလွယ်စေပါတယ်။ အားမပြည့်လို့ ကိုယ်ခံအားမကောင်းတဲ့အခါ ရောဂါပိုးနဲ့ထိတွေ့မိရင် ကူးစက်ခံရလွယ်တတ်ပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ညီညွတ်မျှတအောင် စားပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/tips-for-healthy-respiratory-system/
အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။
အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။ အိမ်တွင်းအကြမ်းဖက်ခြင်း ဆိုတာက ခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်ပါတယ်။ ဒါက ဘယ်သူ့ဆီမှာမဆို ဖြစ်နိုင်ပြီးထိခိုက်ခံရသူရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိပါတယ်။ အကြမ်းဖက်သူများက ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကို အသုံးပြုပြီး သင့်ကို စိတ်ပင်ပန်းအောင် (သို့) ထိခိုက်အောင် လုပ်သလိုမျိုး သင်နဲ့ သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်ခြင်းရဲ့ ပြဿနာများနဲ့ လက္ခဏာများကို နားလည်ထားခြင်းက သင် အကြမ်းဖက်ခံရတဲ့အခါ ဘယ်လိုကိုင်တွဲမလဲနဲ့ ကိုယ့်ကိုကိုယ် ကူညီနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုတာက လူတစ်ယောက်ကို ထိခိုက်စေလိုတဲ့ (သို့) အန္တရာယ်ရှိစေနိုင်တဲ့ ရည်ရွယ်ချက်များနဲ့ အင်အားသုံး အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်ခံရသူရဲ့ ခန္ဓာကိုယ်မှာ အနာများ (သို့) ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းကလည်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးဖြစ်ကြောင်း သိထားရပါမယ်။ အကယ်၍ သင်က သင်မလိုချင်တဲ့ (သို့) အရှက်ရတဲ့ လိင်ဆက်ဆံခြင်းတစ်ခုမှာ ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ဒါကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းလို့ သတ်မှတ်နိုင်ပါတယ်။သင့်ခင်ပွန်း (သို့) လက်တွဲဖော်က လုပ်ခိုင်းရင်တောင် တွန်းအားပေးတဲ့ ဆက်ဆံမှုက အကြမ်းဖက်တဲ့ အပြုအမူပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း (သို့) အသတ်ခံရခြင်းတို့တောင်ဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။အိမ်တွင်းအကြမ်းဖက်ခြင်းကနေ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းက ရုပ်ပိုင်းဆိုင်ရာဘာမှမဖြစ်ပေမယ့် သင်တွေးထားသည်ထက်ပိုပြီး ကြီးမားတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။အကြမ်းဖက်သူများက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်ခြင်း (သို့) စူးစူးဝါးဝါးအော်ခြင်း၊ အပြစ်တင်ခြင်း၊ အရှက်ရစေခြင်းစတဲ့ ပါးစပ်ဖြင့် အကြမ်းဖက်ခြင်းကို အသုံးပြုနိုင်ပါတယ်။ နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကနေ သင့်ကို တန်ဖိုးမရှိတဲ့ သူတစ်ယောက်အဖြစ်၊ အသုံးမကျတဲ့ သူတစ်ယောက်အဖြစ် ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ သူပြောတာတာတွေ တစ်ခုမှမရှိကြောင်းကို သတိရရပါမယ်။အကြမ်းဖက်သူများက သင့်ကို သိမ်ငယ်ဝမ်းနည်းအောင် ပြုလုပ်ပြီး သူတို့ကိုယ်ကို အင်အားကြီးအောင်လုပ်ကြပါတယ်။ ဒါ့ပြင် အခြားလက္ခဏာများဖြစ်တဲ့ သီးသန့်ဖြစ်အောင်လုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ ရှိပါသေးတယ်။စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ သူများက ကိုယ့်ကိုကိုယ် တန်ဖိုးမရှိ၊ အကူအညီမဲ့တယ်လို့ထင်နေပြီး  လွတ်လမ်းမရှိ ဖြစ်နေနိုင်ပါတယ်။ အဆိုးဆုံးရလဒ်မှာခံစားရသူများက ကိုယ့်ကိုယ်ကိုသတ်သေရန် တွေးကာ ပြုမူတတ်ကြပါတယ်။တစ်ခါတစ်ရံမှာ သင်ကိုယ်တိုင်က အကြမ်းဖက်ခံရသူဖြစ်ပါက အိမ်တွင်းအကြမ်းဖက်ခြင်းပြုတဲ့ လက္ခဏာများကို သိရှိရန် ခက်ခဲပါတယ်။ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားထားပေမယ့် သင့်အဖော်ကို ဆက်ချစ်နေပါလိမ့်မယ်။ ဒါက သင့်ကို အကြမ်းဖက်မှုမှာ ဖက်တွယ်နေစေပါလိမ့်မယ်။ အောက်ပါတို့က အိမ်တွင်းအကြမ်းဖက်ခြင်းရဲ့ သတိပေး လက္ခဏာများဖြစ်ပါတယ်။ထုတ်ဖော်စကားပြောဖို့ မနှောင့်နှေးပါနဲ့။ သင်က အိမ်တွင်းအကြမ်းဖက်ခံရဖို့ မထိုက်တန်ပါ။ ဘယ်လိုအကြမ်းဖက်မှုအတွက်မဆို ဆင်ခြေမရှိသင့်ပါ။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုမှာ ဖြစ်ပါတယ်။ သင့်အဖော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ မကြိုးစားပါနဲ့။ဒါက အိမ်တွင်းအကြမ်းဖက်ခြင်းကို ပိုပြီး ပြင်းထန်စေပြီး သူတို့ကိုပိုပြီး ဆိုးဝါးစေပါတယ်။ သင်နဲ့ အနီးစပ်ဆုံးသူငယ်ချင်းကို အရင်ဆုံးပြောပြခြင်းက အကူအညီဖြစ်ပါလိမ့်မယ်။ သူတို့က သင်ဘာလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်မှုပေးနိုင်မှာပါ။အကြမ်းဖက်သူများက သင့်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ ကိုင်တွယ်ရမလဲဆိုတာကို သိကြပါတယ်။ အတိုင်ခံရတဲ့တိုင် သင့်ကို လူရှေ့သူရှေ့မှာ အကြမ်းဖက်နိုင်ပါသေးတယ်။ ဒါကြောင့် ဘေးနားမှာ သူမထိန်းချုပ်နိုင်တဲ့ သူတစ်ယောက်ပါရင် အကြမ်းဖက်မည့်သူက လက်လွတ်စပယ်လုပ်မှာ မဟုတ်ပါဘူး။သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သတိရပါ။ သင့်မိတ်ဆွေနဲ့ မိသားစုက သင့်ကိုကူညီပြီး လုံခြုံစွာထားချင်ပါတယ်။ သူတို့ကို အဝေးကို တွန်းမထုတ်ပါနဲ့။ သင့်စိတ်ထဲမှာအကြမ်းဖက်ခံနေရတယ်ဟု မထင်ပေမယ့် သင့်မိသားစုနဲ့ သူငယ်ချင်းများက ပြောလာတဲ့အခါ ပြန်စဉ်းစားကြည့်ပါ။ သင့်လုံခြုံမှုက ပထမဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/domestic-violence/
ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား
ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ဆိုပြီး ခေါင်းထဲမှာ တွေးပူနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။မေမေတွေက ဘေဘီလေး အိပ်ရင်းနဲ့ အိပ်မက်ဆိုးမက်ပြီး လန့်နေမှာကိုတောင် တွေးကြောက်နေတတ်တဲ့ သက်ရှိတွေပါ။ ဒါကြောင့်လည်း မိခင်မေတ္တာ ကြီးမားတာ်လို့ ဆိုကြတာပါ။ ဘေဘီလေးအတွက် တစ်ခုခု ဝယ်တော့မယ်၊ ဘေဘီလေးကို တစ်ခုခု ကျွေးတော့မယ်ဆိုတိုင်း ဘေဘီလေး အဆင်ပြေပါ့မလား။ တစ်ခုခုများ ဘေဘီလေးမှာ ထိခိုက်မိသွားမလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ဒီတစ်ခေါက်လည်း မေမေတွေ စိုးရိမ်မိတတ်တဲ့ အချက်တွေထဲက တစ်ခုဖြစ်တဲ့ ဘေဘီလေးကကာကွယ်ဆေး ထိုးခါနီးဖျားနေရင်ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ကာကွယ်ဆေး ထိုးလိုက်တာကြောင့် ဘေဘီလေးကိုများ ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေအတွက် အဖြေလေး ပြောပြပေးချင်ပါတယ်။ဘေဘီလေးက ရောဂါတစ်ခုခုကြောင့် ဖျားနေတာ မဟုတ်ဘူး။ သာမန်အအေးမိပြီး နည်းနည်းလေးပဲ ကိုယ်နွေးနေတာမျိုးဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်။ ကာကွယ်ဆေးက အချိန်ကိုက် ထိုးနှံရတာ ဖြစ်တာကြောင့် သာမန် ဖျားနာနေရုံနဲ့ ကာကွယ်ဆေး ထိုးတာကို ဆိုင်းထားတာမျိုး မလုပ်သင့်ပါဘူး။ဘေဘီလေးက ဖျားနေတယ်ဆိုပေမယ့် အခုလိုမျိုးလောက်ပဲ ဖျားနေတာဆိုရင်ကာကွယ်ဆေးကို ထိုးပေးလို့ ရပါတယ်။ကာကွယ်ဆေးထိုးတယ်ဆိုတာကကိုယ်ခံအားကို ရောဂါပိုးတွေကို တိုက်ဖျက်နိုင်အောင် လေ့ကျင့်ပေးတာပါ။ ဒီလို ကာကွယ်ဆေး ထိုးချိန်မှာ ဘေဘီလေးက ဖျားနေမယ်ဆိုရင် ကိုယ်ခံအားက ဖျားနာမှုကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ရသလို ကာကွယ်ဆေးကိုပါ တစ်ချိန်တည်းမှာ တုံ့ပြန်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး။ကာကွယ်ဆေး ထိုးနှံတာကြောင့် ခံစားနေရတဲ့ ဖျားနာမှုကို ပိုဆိုးမသွားစေပါဘူး။ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုအနေနဲ့ ကိုယ်နည်းနည်းနွေးတာ၊ အဖျားငွေ့ငွေ့ ရှိတာ၊ ဆေးထိုးထားတဲ့နေရာက ရောင်တာ၊ နာတာလိုမျိုးပဲ ဖြစ်နိုင်ပါတယ်။ဒီလို လက္ခဏာတွေကို သက်သာစေဖို့အတွက် ပါရာစီတမောဆေးရည်လေး တိုက်တာ၊ ရေအေးဝတ်ကပ်ပေးတာ၊ ဆေးထိုးထားတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဒီလက္ခဏာတွေက ဆေးထိုးပြီး အများဆုံး ၂ ရက်အတွင်းမှာ သက်သာသွားမှာပါ။ကလေးက သာမန်အအေးမိတာမျိုး မဟုတ်ဘဲ။ဒါ့ပြင် ကာကွယ်ဆေး အမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။ ကာကွယ်ဆေး အများစုကို သာမန်ဖျားနာနေရင်တောင် ထိုးပေးဖို့ ရတယ်ဆိုပေမယ့် ဘေဘီလေး ထိုးရမယ့် ကာကွယ်ဆေးက ဗိုင်းရပ်စ် အရှင် ဒါမှမဟုတ် အားလျော့နေတဲ့ ဗိုင်းရပ်စ်တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့MMR (ရေကျောက်) ကာကွယ်ဆေးမျိုးဆိုရင်တော့ ဘေဘီလေး ဖျားနာမှု ကသက်သာသွားတဲ့အထိ စောင့်ပြီးမှ ထိုးတာက အကောင်းဆုံး ဖြစ်မှာပါ။ထိုးလို့ရပါတယ်။ပဋိဇီဝ ပိုးသတ်ဆေးတွေက ဘေဘီလေး ခန္ဓာကိုယ်ရဲ့ ကာကွယ်ဆေးအပေါ် တုံ့ပြန်မှုကို ထိခိုက်စေတာမျိုး မဖြစ်စေတဲ့အတွက် သာမန်ပိုးသတ်ဆေးတွေဆိုရင် ကာကွယ်ဆေးထိုးတာကို ရက်ရွေ့စရာ မလိုပါဘူး။ဘေဘီလေးက အဖျားရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ အခုလို အခြေအနေမျိုးဆိုရင်တော့ ကာကွယ်ဆေးမထိုးသင့်သေးပါဘူး။ဒီအခြေအနေတွေက လုံးဝမထိုးရတာ မဟုတ်ဘဲ ရောဂါသက်သာလာမယ်၊ ခုခံအားပြန်တက်လာမယ်ဆိုရင် ဆရာဝန်ခွင့်ပြုချက်နဲ့ ထိုးလို့ရပါတယ်။ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ဆိုပြီး ခေါင်းထဲမှာ တွေးပူနေသေးလား မေမေတို့ရေ …………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/baby-can-get-vaccine-when-sick/
တရုတ်နံနံဖျော်ရည်၏ ကျန်းမာရေးအကျိုးပြုပုံ
တရုတ်နံနံပင်(celery) ဟာ ဖျော်ရည်လုပ်သောက်လို့ရတဲ့ အရွက်ဖြစ်ပါတယ်။အာဟာရဓာတ်ကြွယ်ဝတဲ့အတွက် သင်နေ့စဉ်သုံးစွဲသင့်တဲ့အစားအသောက်ထဲ တခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ ကယ်လိုရီများစွာပါဝင်ခြင်းမရှိဘဲ ၄၀ ကယ်လိုရီသာ ပါဝင်ပါတယ်။ အာဟာရဓာတ်အားဖြင့်။– ဗီတာမင် A။– ဗီတာမင် K။– ဗီတာမင် C။– ဘီတာကယ်ရိုတင်း။– Flavonoid။– အပင်များမှရရှိသော phytonutrient အာဟာရဓာတ်များ။– ကယ်လ်ဆီယမ်။– သံဓာတ်။– မဂ္ဂနီဆီယမ်။– ဖော့စဖရပ်စ်။– ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။တရုတ်နံနံဖျော်ရည်မှာ အရွက်အနေအထားမှာ ရှိခဲ့တဲ့ အမျှင်ဓာတ်တွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ တရုတ်နံနံဖျော်ရည်ကနေ ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။သုတေသနအချို့အရ တရုတ်နံနံအစေ့ဟာ သွေးတိုးကျစေတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ တရုတ်နံနံမှာပါဝင်တဲ့ ဓာတ်ပစ္စည်းအချို့ဟာ သွေးလွှတ်ကြောနံရံတွေကို ပြေလျော့စေတာကြောင့် သွေးလည်ပတ်မုှကို ကောင်းစေပြီး သွေးတိုးကျစေတယ်လို့ သိရပါတယ်။တရုတ်နံနံဖျော်ရည်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းအချို့ဟာ ဆေးဝါးတချို့ရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် ဆိုးကျိုးတွေကို လျော့ပါးစေပါတယ်။ ၂၀၀၉ ခုနှစ်မှာ တိရစ္ဆာန်များနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ကင်ဆာကုသရာမှာ အသုံးပြုတဲ့ doxorubicin ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နံနံဖျော်ရည်သောက်ခြင်းကြောင့် ဖရီးရယ်ဒီကယ်များက ဖြစ်စေတဲ့ ပျက်စီးမှုများကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဖရီးရယ်ဒီကယ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မညီမျှမှုကြောင့် ဖြစ်ပွားတဲ့ ဓာတ်တိုးဖိစီးမှုကို ကာကွယ်ပေးပါတယ်။တရုတ်နံနံမှာပါဝင်တဲ့ flavonoid ဟာ နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ တရုတ်နံနံက ရရှိတဲ့ flavonoid ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး ကျန်းမာရေးကို အထူးအကျိုးပြုပါတယ်။ အထူးသဖြင့် အသည်း၊ နှလုံး၊ ကျောက်ကပ် စတဲ့အင်္ဂါအစိတ်အပိုင်းများမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပြပါတယ်။တရုတ်နံနံဖျော်ရည်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း စတာတွေကို သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ တရုတ်နံနံဖျော်ရည်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ ဓာတ်ပစ္စည်း ၂၅ မျိုးခန့် ပါဝင်တယ်လို့ သိရပါတယ်။တရုတ်နံနံမှာပါဝင်တဲ့ Apiuman ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အစာအိမ်အနာများကို သက်သာစေခြင်း၊ အစာအိမ်နံရံသားများကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အစာအိမ်အူလမ်းကြောင်းတလျှောက်ကို ရှင်းလင်းစေပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ အမျှင်ဓာတ် ၅ ဂရမ်ပါဝင်ပါတယ်။တရုတ်နံနံမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမုှကျစေတဲ့ ဂုဏ်သတ္တိများဟာ နှလုံးအတွက်ပါ အကျိုးပြုပါတယ်။ သွေးကြောများထဲမှာဖြစ်ပေါ်တဲ့ ဓာတ်တိုးဖိစီးမှုဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပေါ်စေဖို့ အကြောင်းအရင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးလွှတ်ကြောများ မာကြောပြီး ကျဉ်းမြောင်းလာခြင်း ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်မှပြါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အဆိုပါဖြစ်ရပ်တွေကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုပါ ဖြစ်နိုငခြေ လျော့နည်းစေပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-celery/
Cat Scratch Disease (ကြောင်ကုတ်ရောဂါ)
ကြောင်ကုတ်ရောဂါဆိုသည်မှာ ကြောင်လက်သည်းတွင် ရှိသော ဘတ်တီးရီးယားကြောင့်ဖြစ်သည်ဟု ယူဆရသော ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးသည် ကုတ်ရာ နှင့် အနီးဆုံးရှိသော ပြန်ရည်ကြောအဖုများသို့ ပျံ့နှံ့သွားပါ သည်။ ပြန်ရည်ကြော ဂလန်းများသည် တစ်ရှူး အစုအဝေး များဖြစ်ပြီး ရောဂါပိုးကူးစက်မှုကို တိုက်ခိုက်သော ကိုယ်ခံ အားစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ် ပါသည်။ကြောင်ကုတ်ရောဂါသည် အတော်အတန် ရှားပါသည်။ အများစုသည် အစောပိုင်း ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အလယ်တွင် ဖြစ်ပွားပါသည်။ကလေးငယ်များနှင့် အရွယ်ရောက်ပြီးလူငယ်များတွင် ပို၍ အဖြစ်များပါသည်။ ရောဂါဖြစ်ပွားမှု၏ ၈၀ရာခိုင်နှုန်းမှာ အ သက် ၂၁နှစ်အောက်လူများ ဖြစ်ပါသည်။ အများစုမှာ ၃နှစ်နှင့် ၁၂နှစ်ကြား ဖြစ်ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။အကုတ်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါ လက္ခ ဏာများ ပေါ်ပေါက်လာပါသည်။ ကုတ်ရာ နေရာတွင် ပြည် ၊အရည် ပါသော သို့မဟုတ် မပါသော အလုံး တစ်ခုပေါ်လာ ပါသည်။ ၁ပတ်မှ ၃ပတ်ကြာသောအခါ အလုံးအနီးရှိ ပြန်ရည်ကြောဂလန်း များသည် စတင်ရောင်လာပါသည်။ ရောင်ရမ်းခြင်းသည် ရောဂါပိုးကို တိုက်ခိုက်သော သွေးဖြူဥ အရေအတွက်များလာကာ ဘတ်တီးရီးယားများကို တိုက် ခိုက်နေသောကြောင့်ဖြစ်သည်။ အဖျားငွေ့ငွေ့တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ရောဂါကူးစက်မှုသည် မပြင်းထန်ပါက ကူးစက်ခံရသော ဂလန်းများသည် သူ့အလိုလို ပြန်လည်ကောင်းမွန်လာနိုင် သည်။ အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကို အကြောင်း ကြား သင့်ပါသည်။Bartonella henselae ဟုခေါ်သော ဘတ်တီးရီးယား တစ်မျိုးကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားပါသည်။ အိမ်မွေး ကြောင် အများစုတွင် ရောဂါပိုးရှိပြီး ရောဂါကူးစက်ခံရသော လက္ခဏာပြသည်မှာ ရှားပါသည်။ကြောင်ကုတ်ရောဂါဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။ ဥပမာ-။ကျန်းမာသန့်ရှင်းမှု နည်းခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် မကြာသေးမီက ကြောင်ကုတ်ခြင်းနှင့် ကုတ်ရာ၏ ပုံပန်းအပေါ်မူတည်၍ ရောဂါကို အဖြေရှာပါသည်။ ဆရာဝန်သည် ပြည်တည်နေသော ကုတ်ရာအနီးရှိ အရေပြား ပေါ်သို့ စစ်ထုတ်သော ပြန်ရည်ကြောအဖုများ ရောင်ရမ်းနေ သည်ကို တွေ့နိုင်ပါသည်။ခန္ဓါကိုယ် ကိုယ်ခံအားစနစ်သည် ကောင်းစွာ အလုပ် လုပ်နေပါက ရောဂါပိုးကူးစက်မှုသည် ၁-၂ပတ်အတွင်း ပဋိဇီဝ ဆေးများ သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ မပြင်းထန်သော ရောဂါ ဖြစ်ပွားမှု အများစုတွင် ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်သည် ပဋိဇီဝဆေးများ မပါဘဲ ရောဂါပိုး ကူးစက်မှုကို တိုက်ထုတ်နိုင်ပါသည်။ရောဂါပိုးတိုက်ထုတ်မှု စွမ်းအင်နည်းသော လူများ (ဥပမာ HIV,AIDS ရှိသူများ) သည် ပိုဆိုးသော ကူးစက်မှုများ ဖြစ်နိုင် ပြီး အများအားဖြင့် ပဋိဇီဝဆေး သောက်ရန် လိုအပ်ပါသည်။အဖျားကျမသွားမချင်း အားအင်များ ပြန်မရမချင်း အနား ယူခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ အထူး စားသောက်မှု ပြုလုပ်ရန် မလိုပါ။ အရည်များများသောက်ခြင်းသည် အဖျား တက်စဉ်တွင် အကူအညီပေးနိုင်သည်။ ပြဲရာပေါ်တွင် အပူ ပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း သည် ရောဂါ လက္ခဏာများကို သက်သာစေပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ကြောင်ကုတ်ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကြောင်ကုတ်ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/cat-scratch-disease-%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%80%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ ….ကလေးအသက် ၂နှစ်အထက်ကနေ စတင်တဲ့ ကာလဟာ သူတို့လေးတွေရဲ့ နောက်ပိုင်းကျန်းမာဖွံ့ဖြိုးမှုအတွက် သိပ်အရေးကြီးပါတယ်။ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်မှု၊ ကြံ့ခိုင်သွက်လက်မှု တွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ ကာလ လို့ ဆိုနိုင်ပါတယ်။ကလေးရဲ့ ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာ ဖွံ့ဖြိုးလာပါမယ်။ ဒါကြောင့်အာဟာရပြည့်ဝဖို့ဟာ  ဒီလို အပိုင်းအခြားကာလအတွက် အရေးကြီးဆုံး နံပါတ်တစ်ဖြစ်လာပါတယ်။ဒီအချိန်က နုနယ်တဲ့ ဦးနှောက် နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု ကာလလည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၅ နှစ်ပြည့်တဲ့ချိန်မှာ အရွယ်ရောက်ပြီးသူ ဦးနှောက်ရဲ့ ၉၀ရာခိုင်နှုန်းကို ရောက်ရှိနေပါပြီ။ကလေးအသက်ငါးနှစ်အတွင်းDHAကို လုံလောက်အောင်ရရှိခဲ့တဲ့ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံစူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။ဒီကာလမှာ ဦးနှောက်က အမြင့်ဆုံး အရှိန်နှုန်းနဲ့ ဖွံ့ဖြိုးလာလို့ပါပဲ။ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ၅နှစ်တာ ကာလအတွင်းမှာ အထူးသဖြင့် ဒီအာဟာရဓာတ်တွေကို မရှိမဖြစ် လိုအပ်ပါတယ်။ဗီတာမင် A။ကလေးတွေရဲ့ အမြင်အာရုံ အတွက် အဓိက လိုအပ်တဲ့ ဗီတာမင်ဖြစ်ပြီး အသားအရေကိုလည်း ကျန်းမာစိုပြည်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းတစ်ရှူးတွေ ကိုလည်း ပြုပြင်ပေးနိုင်တယ်။ဗီတာမင်B complex။ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2 ၊ B3၊ B6၊ B12, ဖောလိတ် တို့က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်၊ အာရုံကြောစနစ်ကို အားကောင်းစေတယ် စတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။DHA။အကျိုးပြုအဆီဓာတ်(Omega-3 fatty acids) တစ်မျိုးဖြစ်တဲ့ DHA ဟာမျက်စိ၊ ဦးနှောက်နဲ့ အာရုံကြောစနစ် အတွင်း ဖွဲ့စည်းတည်ဆောက်မှု အတွက် အရေးပါတဲ့နေရာက ပါဝင်ပံ့ပိုးပေးပါတယ်။Probiotics (အကျိုးပြုဘက်တီးရီးယား)။အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ကောင်းကောင်းအလုပ်လုပ်တဲ့အခါ  ကလေးဟာ ကိုယ်ခံအားစနစ် ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်း အနေနဲ့ အာဟာရတွေကို စုပ်ယူမှုအားပိုကောင်း စေနိုင်တဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ အပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ဒီ အကျိုးပြုဘက်တီးရီးယားလေးတွေ ကောင်းမွန်သန်မာပြီး ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်အတွက် အလုပ် ကောင်းကောင်းလုပ်ပေးနေနိုင်ဖို့အတွက် သူတို့လေးတွေမှာလည်း အာဟာရဓာတ် (Prebiotics) လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ရော သူတို့အတွက် လိုအပ်တဲ့အာဟာရဓာတ် (Prebiotics) ရော ပြည့်စုံနေမှ ကလေးရဲ့ အရေးအကြီးဆုံး ပထမ သုံးနှစ်တာ ဖွံ့ဖြိုးမှုက အားကောင်းနိုင်မှာပါ။ငယ်စဉ်မှာ အာဟာရမပြည့်ဝတဲ့ကလေးတွေဟာသင်ယူနိုင်စွမ်းအားနည်းတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာလိုမျိုးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အာဟာရတွေကို ကလေးတစ်ယောက် နေ့စဉ် စားသုံးနေကျ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အသား၊ ငါး (ဆယ်လ်မွန်ငါး)၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး တို့ကနေ ရရှိစေဖို့ ကျွေးမွေးပေးနိုင်ပါတယ်။ဒီလို အာဟာရဓာတ်တွေ ကောင်းကောင်းရရှိတဲ့ ကလေးဟာ ဉာဏ်ရည်ပိုင်းတင်မကဘဲ ခန္ဓာကိုယ် ကြီးထွားမှုပိုင်းပါ ဖွံ့ဖြိုးမှုက သူများထက် သာနေမှာ သေချာပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/essential-nutrients-for-brain-development/
မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား
မွေးရာပါ နှလုံးရောဂါရှိသော မိန်းကလေးများသည် အောင်မြင်စွာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်ပါသည်။ သို့သော် သေသေချာချာ ပြင်ဆင်ပြီးမှ ယူရပါမည်။ကိုယ်ဝန်မရခင် မိမိတွင် မွေးရာပါနှလုံးရောဂါ ရှိကြောင်း မိမိ၏ သားဖွားမီးယပ် ဆရာဝန်ကို ကြိုတင်၍ ပြောပြထားရပါမည်။ လူတစ်ဦးနှင့် တစ်ဦးသည် ဆေးစစ်ပုံခြင်း မတူနိုင်ပါ။ မိမိ၏ ဆရာဝန်က ဘယ်နှစ်လ တစ်ကြိမ် ဆေးစစ်ချက် ခံယူရမည်ကို ပြောပါလိမ့်မည်။ သူတို့ ပြောပြသည့်အတိုင်း ဆေးစစ်မှုခံယူပြီး လက္ခဏာတစ်ခုခု ပေါ်လာပါကလည်း ချက်ချင်း အသိပေးရပါမည်။ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးသော ဆေးဝါးများသည် ကလေးကို ထိခိုက်နိုင်ပါသည်။ သို့သော် ကောင်းကျိုးသည် ဆိုးကျိုးထက် ပို၍များပါက ဆရာဝန်သည် အကောင်းဆုံးဆေးနှင့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။ ဆေးကိုလည်း ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ ကိုယ့်ဘာသာကို ဆေးချိန်ညှိခြင်းကို ရှောင်ရှားရပါမည်။ကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိနှလုံးသည် ၄၀ ရာခိုင်နှုန်းပို၍ အလုပ်လုပ်ပြီး တခြားသော အင်္ဂါ အစိတ်အပိုင်းများကို ပို့သည်။သွေးကြောများသည် ထိုသွေးများကို လက်ခံရန် ကျယ်ပေးရသည်။ ထို့ကြောင့် သွေးပေါင်ကျလာသည်။ သွေးသည်လည်း ခဲနိုင်ခြေ ပို၍များလာသည်။ ထိုမှာလည်း ကလေးမွေးစဉ် သွေးထွက်လွန်သော အခြေအနေမျိုးတွင် ကာကွယ်ရန် သဘာဝပင် ဖြစ်ပါသည်။ ပုံမှန်နှလုံးသည် ထိုကဲ့သို့သော အခြေအနေတွင် အဆင်ပြေနိုင်သော်လည်း နှလုံးရောဂါရှိသူအဖို့ အခက်အခဲ ကြုံရနိုင်ပါသည်။ကိုယ်ဝန်ရင့်လာချိန်၊ ကလေးမွေးချိန်များတွင် သေသေချာချာ ဂရုစိုက်သင့်ပါသည်။ သားအိမ်ကျုံ့လာလျှင် သွေးသည် ပို၍ ညှစ်အားကောင်းလာပါသည်။ ထို့ကြောင့် နှလုံးသည် ပို၍ အလုပ်လုပ်ပြီး နာခြင်းနှင့် စိတ်လှုပ်ရှားမှုကြောင့် သွေးပေါင်ချိန် တက်လာနိုင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များသည် ကလေးမွေးစဉ် သွေးသွန်နိုင်ပါသည်။မွေးနိုင်ပါသည်။ ရွေးချယ်သင့်သော နည်းလမ်းဖြစ်ပါသည်။ စီ ခွဲကြောင်းသည် လိုအပ်မှ ပြုလုပ်ပါသည်။မိမိနှလုံးသည် မည်မျှ အလုပ်လုပ်နိုင်သည်ကို တွက်ဆ၍ ဘေးထွက်ဆိုးကျိုးမှာ နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံး အလုပ်မလုပ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မိခင်ရော ကလေးပါ ကျန်းမာစေချင်ပါက ထိုဘေးထွက် ဆိုးကျိုးများကို သိထား၍ ကာကွယ်ရပါမည်။နှလုံးရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန် ပျက်ကျနိုင်ပါသည်။ မွေးရာပါချို့တဲ့ခြင်း၊ အချိန်မတိုင်မီ ကလေးမွေးခြင်း၊ အလေးချိန် မပြည့်ခြင်း၊ ကလေးအသေ မွေးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ကျန်းမာစွာ နေခြင်းသည် ကလေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။မိမိကိုယ်ကို ကျန်းမာစွာနေခြင်းသည် ကလေးအတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။သေချာစွာ ဂရုစိုက်လျှင် နှလုံးရောဂါရှိသော မိခင်များသည်လည်း ကိုယ်ဝန်ဆောင်နိုင်ပါသည်။ မိမိ နှလုံးအထုးကု ဆရာဝန်နှင့် တိုင်ပင်၍ ကိုယ်ဝန်မဆောင်မီ ကာကွယ်မှုများ ပြုလုပ်ရပါမည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/congenital-heart-disease/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%ba%e1%80%b1-3/
စိတ်ကျရောဂါရှိသည့် မိသားစုဝင်ကို သင်ဘယ်လိုအထောက်အပံ့ပေးမလဲ။
စိတ်ကျရောဂါရှိသည့် လူတစ်ယောက်ကိုကူညီခြင်းသည် မလွယ်ကူဘဲအလွန်ခက်ခဲပါသည်။ အကယ်၍ ထိုလူသည် မိသားစုဝင်ဖြစ်ပါက ပို၍ခက်ခဲပါသည်။ သင့်ကူညီမှုသည် သင့်မိသားစုဝင်၏ ပြန်လည်ကောင်းမွန်မှုတွင် ကြီးမားသောသက်ရောက်မှုရှိသည်ကို သိသင့်ပါသည်။စိတ်ကျရောဂါလက္ခဏာများကိုနားလည်ခြင်း။စိတ်ကျရောဂါရှိသူကို aစာင့်ရှောက်ခြင်း၏ပထမအဆင့်မှာ သူတို့၏အခြေအနေကိုနှင့် ရောဂါလက္ခဏာကို နားလည်ရန်လိုကာ သူ(သို့) သူမအပေါ် ဘာတွေတိကျစွာလုပ်ပေးရမည်ကို သိနိုင်မည်ဖြစ်သည်။ စိတ်ကျရောဂါ၏ အတွေ့များသောလက္ခဏာများမှာအောက်ပါတို့ဖြစ်သည်။• ခံတွင်းပျက်ခြင်း(သို့) ရုတ်တရက်အလေးချိန်ကျခြင်း။• အစားအသောက်ပြဿနာဖြစ်ခြင်း (သို့)မိမိကိုယ်ကိုခံယူချက်အားနည်းခြင်း။• အမြဲတမ်းဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ရင်ထဲဘာမှမရှိခြင်းတို့ခံစားနေရခြင်း။• လွယ်ကူစွာစိတ်ဆိုးခြင်း၊ စိတ်တိုခြင်း(သို့) ဝမ်းနည်းခြင်း။• အအိပ်ပြဿနာ၊ အိပ်မပျော်ခြင်း(သို့) အလွန်အမင်းအိပ်ခြင်း။• အားအင်ကုန်ခမ်းပြီးအမြဲပင်ပန်းနေခြင်း။• စိုးရိမ်စိတ်များခြင်း၊ စိတ်တိုခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း။• လူမှုဆက်ဆံရေးတွင် ပြဿနာများရှိခြင်း၊ အတွေးနှင့် တုန့်ပြန်မှုနှေးခြင်း၊ အာရုံစိုက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အကြောင်းအရာများ ပြန်တွေးခြင်းတို့တွင် ခက်ခဲခြင်း၊။• သေဆုံးခြင်း၊ မိမိကိုယ်ကိုသတ်သေရန် အတွေးများ၊ သတ်သေရန်ကြိုးပမ်းခြင်းတို့ကိုမကြာခဏစဉ်းစားခြင်း။• ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း(သို့) အစာအိမ်အောင့်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်းတို့ဖြစ်သည်။အထက်တွင်ဖော်ပြထားသည့် လက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးကွဲပြားနိုင်သည်။ သို့သော် ယေဘူရအားဖြင့် စိတ်ကျခြင်းသည် နေ့စဉ်ကိစ္စများတွင် အနှောင့်အယှက်ပေးနိုင်သည့် အာရုံလျော့နည်းခြင်းကို ဖြစ်စေသည်။ စိတ်ကျခြင်းသည် ကုသနိုင်သော ပြင်းထန်သည့်အခြေအနေတစ်ခု ဖြစ်သည်ကိုသိထားရန်မှာအလွန်အရေးကြီးသည်။ ထို့ကြောင့် သူတို့ဆရာဝန်ဆီ မှန်မှန်သွားပြရန် အရေးကြီးပါသည်။ သင့်မိသားစုဝင်သည် ညွှန်ကြားထားသည့် ကုသမှုကိုလိုက်နာမှုရှိကြောင်သေချာစေရမည်။သင်ကူညီနိုင်မည့် အကြံပြုချက်အချို့ကိုဖော်ပြထားပါသည်။ကုသမှုယူရန်တွန်းအားပေးပါ။စိတ်ကျရောဂါသည် မကုဘဲမထားသင့်သောကြောင့် သင်ချစ်ခင်ရသူကို ဆရာဝန်နှင့် အထိရောက်ဆုံးကုသမှုရရှိရန် သွားပြဖို့အရေးကြီးပါသည်။ တစ်ခါတစ်ရံတွင် စိတ်ကျရောဂါရှိသူတို့သည် သူတို့၏ ရောဂါလက္ခဏာများကိုမသိရှိကြပါ။ ထို့ကြောင့် သူတို့သည် ပုံမှန်ထင်ကာကုသမှုခံယူရန် ရှက်ကြသည်။ သင်ပြုလုပ်ပေးနိုင်သည်မှာသင်သတိထားမိသည်နှင့် သင်စိုးရိမ်သည်များကိုပြောပြရမည်ဖြစ်သည်။ အရေးကြီးသည်မှာသူတို့ကိုကူညီချင်သည့် ဆန္ဒကိုဖော်ပြရမည်ဖြစ်ပြီး ကျွမ်းကျင်သူဆီမှ အကူအညီရှာသင့်သည်။မိမိကိုယ်ကိုသတ်သေခြင်းအခြေအနေရှိနိုင်သည်ကိုနားလည်ပါ။စိတ်ကျရောဂါရှိသူများသည် ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ရှိကြသည်။ အလွန်စိတ်ဓါတ်ကျသူများတွင် ဖြစ်လေ့ရှိသည်။ သင်ချစ်ရသူတွင် ကိုယ့်ကိုကိုသတ်သေခြင်းကိုသတိပြုနိုင်သောအရိပ်အမြွက်များသိရှိပြီးချက်ချင်းရပ်နိုင်အောင် အောက်ပါအချက်များဖော်ပြထားပါသည်။• သူတို့သည် ကိုယ့်ကိုယ်ကိုသတ်သေခြင်း (သို့) ထိခိုက်အောင်လုပ်ခြင်းအကြောင်းကိုထပ်ခါ ထပ်ခါပြောခြင်း။• သတ်သေရန် ပြင်ဆင်မှုများလုပ်ထားခြင်း။• မျှော်လင့်ချက်မဲ့ခြင်း(သို့) မိမိကိုယ်ကိုမုန်းတီးခြင်း။• အန္တရာယ်ရှိသည့် အပြုအမူ(သို့) မိမိကိုယ်ကိုဖျက်ဆီးသည့် နည်းလမ်းများရှိခြင်း။• ဆေးလုံး၊ လက်နက်(သို့) အကြမ်းဖက်မှုရှာဖွေခြင်း။• စိတ်ကျပြီးနောက် ရုတ်တရက် ငြိမ်သွားခြင်းတို့ဖြစ်သည်။သင့်မိတ်ဆွေ(သို့) မိသားစုတွင် ကိုယ့်ကိုယ်ကိုသတ်သေမည်ဟုသင်ထင်ပါက စိတ်ရောဂါဆရာဝန်ဆီမှ အကူအညီရှာပါ။ ထိုသူအားကိုယ့်ကိုယ်ကိုသတ်သေနိုင်ရန် အခွင့်အလမ်းမရှိနိုင်သည့် လုံခြုံသောပတ်ဝန်းကျင်တွင် ရှိအောင်လုပ်ပေးပါ။သင့်ကိုယ်ကိုဂရုစိုက်ပါ။စိတ်ကျရောဂါရှိသူတစ်ဦးကိုစောင့်ရှောက်ရခြင်းသည် စိတ်ပင်ပန်းနိုင်သည်။ ထို့ကြောင့် သင်သည် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားသင့်သည်။ သင့်ကိုယ်သင် ဂရုစိုက်ရန်၊ သင့်ဝါသနာ၊ လှုပ်ရှားမှုများပြုလုပ်ရန် အချိန်ရှာသင့်ပါသည်။ သင်ချစ်ရသူကိုစောင့်ရှောက်နေစဉ် သင့်ကိုယ်ကိုအားလျော့၍မရပါ။ တစ်ခါတစ်ရံသင်သည် မောပန်းလာခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့ ရှိပါကကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါသည်။ နောက်ဆုံးတွင် သင့်လူနာအပေါ်စိတ်ရှည်ပါ။ အကြောင်းမှာကုသမှုထိရောက်ရန် အချိန်ကြာကြာယူရသောကြောင့်ဖြစ်သည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%99%e1%80%ad%e1%80%9e%e1%80%ac/
စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ
လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ဝါသနာတွေဟာ ကိုယ့်ကိုထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေတယ်ဆိုတာ သင်သိပါသလား။ ကဲ ကိုယ့်ရဲ့ စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ က ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရအောင် ။ ။စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ ကတော့ –။ဒါကတော့ အထွေအထူး ပြောနေစရာ မလိုတဲ့အရာတစ်ခုပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတော့ အချိန်ရှိတိုင်း စာအုပ်နဲ့ပဲ အချိန်ဖြုန်းနေတဲ့သူတွေ၊စာဖတ်ဝါသနာထုံတဲ့သူတွေဟာ သူများတွေထက် အသိဉာဏ်၊ ဗဟုသုတကြွယ်ဝတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။စာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတွေးခေါ် ဆင်ခြင်မယ်၊ အသစ်အသစ်သောအရာတွေကို လည်း စာဖတ်ခြင်းကနေ သင်ယူနိုင်တာကြော့င့် စာဖတ်ခြင်းဝါသနာဟာ သင့်ဦးနှောက်ကို ထက်မြက်စေတဲ့ ဝါသနာတစ်ခုပါ။စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ဖို့ အကောင်းဆုံးနည်းဟာတရားထိုင်ခြင်းက လွဲလို့ အခြားမရှိပါဘူး။ ရှုပ်ထွေးနေတဲ့စိတ်ကို တည်ငြိမ်အောင်၊ အာရုံစူးစိုက်မှု ပိုကောင်းအောင် တရားထိုင်ခြင်းကသာ စွမ်းဆောင်ပေးနိုင်တာကြောင့် သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို သူမတူအောင် ထက်မြက်စေမှာပါ။ဂီတနဲ့ အနုပညာဆိုတာ လူတိုင်းရဲ့ စိတ်နှလုံးကို နူးညံ့စေပြီး သင့်ဦးနှောက်ကို အမြဲ လန်းဆန်းနေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ဂီတကြောင့် သင့်တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာစေပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းအားလုံးကို တစ်သွေးတည်း တစ်သားတည်းစီးမျောစေနိုင်တာလည်း ဂီတပါပဲ ။ ။တချို့လူတွေရှိပါတယ်။ ရုပ်ရှင်မကြည့်ရရင်သာ နေမယ်။Gymတော့ မသွားဘဲ မနေနိုင်တဲ့သူတွေ။ ကျန်းမာရေးအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားလုပ်တာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုမှာ လိုက်စားတာပဲဖြစ်ဖြစ်ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တာကြောင့် သွေးလည်ပတ်မှုကောင်းသွားပြီး ဦးနှောက်ဆီကိုလည်း သွေးတွေလုံလောက်စွာရောက်တာကြောင့် ဦးနှောက် ဆဲလ်တွေ အောက်ဆီဂျင် လုံလောက်စွာ မရတဲ့ ပြဿနာတွေ ကနေ ကင်းဝေးစေပါတယ်။ကိုယ့်ဘာသာစကားတင်မဟုတ် အခြားနိုင်ငံတွေကပြောတဲ့ ဘာသာစကားကို လိုက်ပြောနိုင်တဲ့သူကိုမှ ထက်မြက် စမတ်ကျတဲ့သူလို့ မခေါ်ရင် ဘယ်သူ့ကို သွားခေါ်မလဲနော်။ အသစ်အသစ်သော အရာတွေကို မှတ်လေလေ ဦးနှောက်က ပိုပြီး ထက်မြက်လေလေပါပဲ။ကလေးငယ်ငယ်လေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ဆိုပြီး မိဘတွေက ပဟေဠိဖွက်တမ်းတွေ၊ ဆူဒိုခု ကစားနည်းတွေ၊ စကားလုံးဆက်တဲ့ ကစားနည်းတွေ ကစားခိုင်းတာ အားလုံး သိကြပါတယ်။ ဒီလိုပါပဲ။ ကလေးငယ်ငယ်လေးတင် မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် သင့်ဦးနှောက် ထုံထိုင်းမနေစေဖို့ ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေ ကစားပေးသင့်ပါတယ်။ခရီးသွားရတာကို နှစ်သက်တဲ့သူတွေဟာ အခြားသူတွေထက် ဒေသန္တရ ဗဟုသုတတွေ ကြွယ်ဝတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာရော၊ ပြဿနာကို ဖြေရှင်းတဲ့ အပိုင်းမှာရော ထက်မြက်နေတဲ့သူတွေပါ။ ခရီးသွားခြင်းဟာ သင့်ကို စိတ်လန်းဆန်းမှုပေးစွမ်းနိုင်မယ့် အပြင် အပေါင်းအသင်း အသစ်တွေလည်းရစေတဲ့ ကောင်းလွန်းလှတဲ့ ဝါသနာတစ်ခုပါ။ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမြဲတမ်း စမတ်ကျထက်မြက်တဲ့သူဖြစ်ချင်ရင် အမြဲတမ်း အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူနေပါ။ ကိုယ့်ဝါသနာတွေကို ဆက်ထိန်းသိမ်းပါ။ ကိုယ့်မှာ ဝါသနာ မယ်မယ် ရရ မရှိဘူးဆိုရင် အပေါ်မှာပြောထားတဲ့ ဝါသနာတစ်ခုခုကို စပြီး မွေးမြူပေးပါ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/hobby-amd-smart-life/
ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။
ဘေဘီလေးကိုရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့အရာကကာကွယ်ဆေးတွေပါ။ ဒါကြောင့်လည်း ဘေဘီလေးကို မွေးဖွားလာချိန်ကစပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးနေရတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ တစ်ကြိမ်တည်းနဲ့ လုံလောက်တဲ့ ကာကွယ်မှုကို ပေးစွမ်းနိုင်တာမျိုး ရှိသလို ၂ ကြိမ် ၃ ကြိမ်ထိုးပြီးမှ လုံလောက်တဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ဒီတစ်ခေါက်တော့ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် မထိုးရသေးတဲ့ ဘေဘီလေးတွေကိုကြောက်စရာ ရောဂါဆိုးကြီးတွေကနေ အကောင်းဆုံး ကာကွယ်နိုင်စေဖို့အတွက် ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကာကွယ်ဆေးတွေ အကြိမ်ရေ ပြည့်အောင်နဲ့ ကာကွယ်ဆေး စုံအောင် ထိုးနှံပေးခြင်းက ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ရောဂါဆိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့အရာဆိုတာကို လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါထပ်ဆောင်း ကာကွယ်ဆေးတွေထိုးနှံရတာမျိုးလည်း ရှိနိုင်ပါတယ်။ကာကွယ်ဆေးတွေက ကုသဆေး မရှိသေးတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ဥပမာ – ဂျာမန်ဝက်သက်၊ပါးချိတ်ရောင်၊ မေးခိုင်၊ ပိုလီယို၊ ဆုံဆို့နာလိုမျိုး ရောဂါတွေက ကာကွယ်ဆေးနဲ့ ထိထိရောက်ရောက် ကာကွယ်မှသာ ဘေဘီလေးတွေကို မလိုအပ်ဘဲ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ အချို့သော ရောဂါတွေက ဘေဘီလေးကို အသက်ဆုံးရှုံးစေတာမျိုး မဖြစ်စေပေမယ့် မသန်စွမ်းတာလိုမျိုး နာတာရှည်ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးတာက အကောင်းဆုံးသော ကာကွယ်နည်း တစ်ရပ်ပါ။ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေးက ကာကွယ်ဆေးလည်း မစုံသေးဘူးဆိုရင် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ မိဘတွေက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီတော့ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……။ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ရောဂါပိုးတွေ ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင်။ဘေဘီလေးက ကာကွယ်ဆေး မစုံသေးချိန်မှာ ပြင်ပကို ခေါ်သွားတာမျိုး အခြားသူတွေနဲ့ ထိတွေ့စေတာမျိုး မလုပ်တာက အကောင်းဆုံးပါ။ အထူးသဖြင့် ဖျားနာနေသူတွေနဲ့ပေါ့။ဘေဘီလေးက ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးသလို ကာကွယ်ဆေးကလည်း မစုံသေးတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။ အသက် ၃ လ  မပြည့်မချင်း မိသားစုဝင်တွေနဲ့ပဲ ထိတွေ့စေပါ။ မိသားစုဝင်တွေကလည်း သေချာ ပိုးသတ်သန့်စင်ပြီးမှ ဘေဘီလေးကို ချီတာမျိုး လုပ်ပေးပါ။မေမေကကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေးတွေစုံနေအောင် ထိုးထားတာက ဘေဘီလေးကို ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။ဥပမာပြောပြရရင် မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘေဘီလေးကို မွေးဖွားပြီးချိန်ကနေ ၈ပတ်အထိ တုပ်ကွေး အန္တရာယ်ကနေ ကာကွယ်ပေးထားနိုင်မှာပဲ ဖြစ်ပါတယ်။ဘေဘီလေးက အချို့သော ကာကွယ်ဆေးတွေထိုးဖို့ ငယ်လွန်းသေးတာကြောင့် ဘေဘီလေးကို ကူးစက်နိုင်တဲ့ ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် အိမ်သားတွေအားလုံး အထူးသဖြင့် ဘေဘီလေးနဲ့ အနီးကပ် ထိတွေ့နေသူတွေက ကာကွယ်ဆေးတွေကို သေချာ စုံလင်အောင် ထိုးထားဖို့ လိုပါမယ်။ ဒါမှ ဘေဘီလေးကို ရောဂါပိုးတွေကြောင့် ထိခိုက်မှု ကင်းစေမှာပါ။မေမေ့နို့ချိုက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရဓာတ်တွေ သတ္တုဓာတ်တွေကို ပံ့ပိုးပေးရုံတင်မကပါဘူး။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ဘေဘီလေးကို ကျန်းမာစေသလို ကိုယ်ခံအား ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မေမေ့ခန္ဓာကိုယ်က ထုတ်လုပ်လိုက်တဲ့ ဖျားနာမှုတွေကို တိုက်ထုတ်ပေးမယ့် antibodies တွေကိုလည်း မိခင်နို့ကနေတဆင့် ဘေဘီလေးရဲက ခန္ဓာကိုယ်ထဲကို ရောက်ရှိစေနိုင်ပါသေးတယ်။ဒါကြောင့် ဘေဘီလေးကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ပါ။တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာ ဂရုစိုက်တာကလည်း ကာကွယ်ဆေးတွေလိုပဲ ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ ညစ်ပတ်တဲ့ အရာတွေကို ထိတွေ့ပြီးတိုင်း၊ တစ်ခုခု မစားခင်နဲ့ ဘေဘီလေးကို မထိတွေ့ခင်အချိန်တွေမှာ လက်ကို သေချာလေး သင်္န့စင်ဆေးကြောပါ။ ဘေဘီလေးရဲ့ အသုံးအဆောင်တွေ နေအိမ်ပတ်ဝန်းကျင်တွေကို ပိုးသတ်သန့်စင်တာတွေ လုပ်ပါ။နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့ သေချာအုပ်ပါ။ တစ်သျှူးစကို အမှိုက်ပုံးထဲ သေချာစွန့်ပစ်တာ လက်ဆေးတာတွေ လုပ်ပေးပါ။ အစားအစာတွေ သောက်စရာတွေကို ဝေမျှသောက်တာမျိုး မလုပ်ပါနဲ့။ လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်တာမျိုး မလုပ်ပါနဲ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/how-to-protect-unvaccinated-baby/
စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ
သင့်အနေနဲ့ ပြောင်းလဲဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်သွားဖို့ လွယ်လွယ်ကူကူစတင်နိုင်မှာပါ။ ဒါပေမယ့် စပြီးတဲ့နောက်မှာဆက်လုပ်ဖို့ကတော့ လူတော်တော်များများအတွက် စိတ်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။အခက်အခဲတစ်ခုစ နှစ်ခုစတွေ့နိုင်တာပုံမှန်ပါပဲ။ ဒါကိုကိုင်တွယ်ဖို့ အစီအစဉ်တော့ ရှိရပါမယ်။အလုပ်တွေပိပြီးလေ့ကျင့်ခန်းအတွက် လုံးဝအချိန်မပေးနိုင်တဲ့နေ့မျိုး ကြုံလာနိုင်ပါတယ်။ဒီလိုကြုံရရင် အရှိအတိုင်းလက်ခံပြီးအကောင်းဖက်ကတွေးပေးဖို့ပါပဲ။ နောက်တစ်နေ့မှာပုံမှန်ပြန်လုပ်နိုင်မှာပါ။မိမိကိုယ်ကိုအကောင်းမြင်အောင် ဘယ်လိုအားပေးမလဲဆိုတဲ့အကြောင်းလေ့လာပါ။ ဒီအချက်ဟာအခက်အခဲတွေကိုကျော်ဖြတ်ဖို့ အမှန်တကယ် အထောက်အကူုပြုပါတယ်။သင့်လှုပ်ရှားမှုများကိုမှတ်တမ်းတစ်ခုထားပြီးသင်ပုံမှန်လုပ်စရာရှိတာတွေ လုပ်ဖြစ်နေအောင် ကြိုးစားပါ။ဒီလိုလုပ်ခြင်းကြောင့် သင်ဟာဘယ်အချိန်တွေမှာလေ့ကျင်ခန်းအတွက် အချိန်မပေးနိုင်သလဲ၊ ဘယ်အချိန်တွေမှာအချိန်ပေးနိုင်သလဲဆိုတာအထောက်အကူပြုပါလိမ့်မယ်။မှတ်တမ်းတစ်ခုဟာသင့်ရဲ့လုပ်ပုံကိုင်ပုံတွေကိုပိုမြင်သာစေပြီးပုံမှန်လုပ်ငန်းဆောင်တာတွေကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာချိန်ဆနိုင်ပါတယ်။ငြီးငွေ့မှု ဟာသင်ကြုံရတဲ့အခက်အခဲတစ်ခုဖြစ်နိုင်ပါတယ်။(၁) ပုံမှန်လုပ်ငန်းဆောင်တာတွေကိုပေါင်းစပ်လိုက်ပါ။သင့်ပုံမှန်လုပ်ဆောင်စရာတွေကိုသင်နှစ်ခြိုက်တဲ့ လှုပ်ရှားမှုတွေနဲ့ပေါင်းစပ်မိဖို့ အရေးကြီးပါတယ်။ လုပ်စရာရှိတာတွေ ပေါင်းစပ်လိုက်ရင် သင့်ကိုယ်ခန္ဓါရဲ့မတူညီတဲ့ကြွက်သားအားလုံးကိုအလုပ်ပေးရာရောက်နိုင်ပါလိမ့်မယ်။သင်ဟာအာကစားရုံထဲမှာနေ့တိုင်းမိနစ်သုံးဆယ်လုပ်နေရတာကို ငြ်ီးငွေ့လာပြီဆိုကြပါစို့။ အပြောင်းအလဲအနေနဲ့ နှလုံးလေ့ကျင့်ခန်းလုပ်တဲ့ဆီတစ်ပတ်မှာတစ်ရက်သွားလိုက်ပါ။ နောက်တစ်ရက်မှာလမ်းမြန်မြန်လျှောက်တာ၊ သူငယ်ချင်းနဲ့ စက်ဘီးစီးတာမျိုးလုပ်ပါ။ဘယ်လိုပဲလုပ်ရခက်ခဲနေပါစေ၊ သင့်လှုပ်ရှားမှုတွေကိုအမျိုးမျိုးပြောင်းလဲပေးတာဟာကိုယ်ခန္ဓါရဲ့ ကြွက်သားတစ်ခုခုကိုအလွန်အကျွံသုံးရလို့ ဒဏ်ဖြစ်တာမျိုးလည်းမရှိတော့ပါဘူး။(၂) လေ့ကျင့်ဖော် ရှာပါ။တစ်ယောက်ယောက်နဲ့ ဒါမှမဟုတ် အုပ်စုလိုက်လုပ်ရတာတွန်းအားတစ်ခုဖြစ်ပါတယ်။အပေါင်းအသင်းတစ်ယောက်ယောက်နဲ့ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် သင့်ကိုပိုပြီးစိတ်ပါလက်ပါ လုပ်ဖြစ်စေပါတယ်။ပိုပြီးတော့လည်းပျော်စရာကောင်းပါတယ်။(၃) သင်ပျော်တာလုပ်ပါ။သင်ပျော်တဲ့လှုပ်ရှားမှုတွေကိုရွေးချယ်ပါ။ အချိန်ဇယားထဲထည့်ဆွဲပါ။ သင် သုံးနိုင်တဲ့ငွေကြေးအတိုင်းအတာအတွင်းမှာ ဖြစ်ရပါမယ်။ ဒါမှ သင် စိတ်ပါလက်ပါ လုပ်နိုင်မှာပါ။လမ်းလျှောက်တာဖြစ်ဖြစ် ရေကူးတာဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကိုရွေးချယ်ပါ။ ကြွက်သားတောင့်တင်းလာစေမယ့် လေ့ကျင့်ခန်းအချို့ (အလေးမခြင်းကဲ့သို့)လုပ်ပါ။နောက်ထပ်ပြင်ဆင်ထားရမှာကတော့ ပြင်ပမှာဘယ်လိုလေ့ကျင့်ခန်းတွေလုပ်မယ်ဆိုတာနဲ့ ရာသီဥတုမကောင်းချိန်မှာအခန်းတွင်းမှာဘယ်လိုလေ့ကျင့်ခန်းလုပ်မယ်ဆိုတာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%bd%e1%80%94%e1%80%b1%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%98/
ရေနစ်သူကို ရှေးဦးသူနာ ပြုစုနည်း
ရေနစ်ခြင်း (Drowning) ဟူသည်မှာ ရေများစွာ ပြည့်နေသော ရေကန်ကြီးထဲ ပြုတ်ကျမှ ရေနစ်သည်ဟု ခေါ်ဆိုသည် မဟုတ်ပါ၊ သင်၏ အသက်ရှူလမ်းကြောင်းမှ (အသက်ရှူရ ခက်ခဲလောက်အောင်) အဆုပ်ထဲသို့ ရေများ ဝင်လာခြင်းကို ရေနစ်ခြင်းဟု ခေါ်ပါသည်။ လူကြီးတစ် ယောက်သည် တစ်လက်မ၊ နှစ်လက်မ လောက်သာ ရှိသော ရေတွင် ရေနစ်နိုင်ပါသည်။ကလေးငယ်လေးများအဖို့ ဗေဇင်၊ ရေချိုးဇလုံကဲ့သို့ ရေအနည်းငယ်နှင့်ပင် ရေနစ်နိုင်ပါသည်။ မူကြိုအရွယ်များတွင်မူ ရေကူးကန်များတွင် ရေနစ်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ အတက်ရောဂါ ရှိသူများသည် ရေကူးရင်း အတက်ရောဂါ ကြွလာနိုင်သဖြင့် သတိထားရန် လိုအပ်ပါသည်။ ရေနစ်ခြင်းသည် တစ်ခါတစ်ရံ လူမြင်ကွင်း တွင်ပင် အများမှ သတိမပြုမိဘဲ ဖြစ်ပွားတတ်ပါသည်။ရေနစ်သူတိုင်းကို ရေထဲတွင် ယက်ကန်ယက်ကန် အခြေအနေ တစ်ခုတည်းနှင့် တွေ့ရမည်မဟုတ်ပါ။ ငြိမ်သက်စွာနှင့် ဗောလောပေါ်နေခြင်း၊ ရေအောက်ထဲ မြှုပ်နေခြင်းလည်း ရှိနေနိုင်ပါသည်။ မကြာခဏ ရေတွင် ပေါ်လိုက်၊မြှုပ်လိုက် ဖြစ်နေပြီး ခေါင်းအနည်းငယ် မော့နေကာ ပါးစပ်ကို ကျယ်ကျယ်ဟ ထားသည့် ပုံစံဖြင့် တွေ့ရှိရနိုင်ပါသည်။ အများအားဖြင့် ရေပေါ်သို့ တစ်ကိုယ်လုံး ပေါ်နိုင်ရန် ကြိုးစားနေတတ်ပြီး အသက်ကို အားစိုက်ရှူနေပေမည်။ တစ်ခါတစ်ရံလည်း အသက်မျှင်းမျှင်းသာ ရှူနေပေမည်။ မျက်လုံးပြူးနေပြီး အလွန်ထိတ်လန့်နေကာ ကယ်သောသူနှင့် အလိုက်သင့်နေသော အနေအထား ရှိချင်မှ ရှိပါမည်။နှုတ်ခမ်းခြင်းတေ့ပြီး လေမှုတ်သွင်း အသက်ကယ်ဆယ်ခြင်းကို တတ်နိုင်သရွေ့ မြန်မြန်ပြုလုပ်ပါ။ ဖြစ်နိုင်သရွေ့ ဆယ်ယူပြီး သည်နှင့် (လှေပေါ်တွင်ပင် သို့မဟုတ် ရေတိမ်ပိုင်း ရောက်သည်နှင့်) စတင်သင့်ပါသည်။ အကယ်၍ ရေနစ်သူမှာ ကလေးငယ်ဖြစ်ပါက တတ်နိုင်သရွေ့ မြန်မြန် စတင်သင့်ပြီး ဆေးအကူအညီ မရသေးသရွေ့ ပြုလုပ်ပေးသင့်ပါသည်။ဒိုင်ဗင်ထိုးပြီးနောက် ဖြစ်သော ရေနစ်ခြင်းတွင် လည်ပင်းထိ ခိုက်မှု့ ရှိနိုင်သောကြောင့် ဆယ်ယူရာတွင် တတ်နိုင်သရွေ့ လည်ပင်းကို မလှုပ်ရှားစေဘဲ ဆယ်ယူရပါမည်။ ဖြစ်နိုင်ပါက ရေပေါ်ရောက်သည်နှင့် လည်ပင်းကို မလှုပ်အောင် ထိန်းသည့် ဒေါက်ကို တပ်ဆင်ပြီးမှ လူနာကို ရွေ့ပြောင်းသင့်ပါသည်။ရေနစ်ခြင်းတွင် ရေသည် အဆုတ်ထဲသို့သာ မကဘဲ အစာအိမ် ထဲပါ ဝင်သဖြင့် ရေများပြန်အန်နိုင်ပါသည်။ အကယ်၍ ရေအန်ပါက ရေများ အဆုတ်ထဲ ပြန်မဝင်စေရန် ကလေးကို ဘေးစောင်း သို့မဟုတ် မှောက်၍ထားရပါမည်။ အများအား ဖြင့် အသံကြိုးများ ခံနေသောကြောင့် ရေသည်အဆုတ်ထဲသို့ ဝင်နိုင်ခြေနည်းသော်လည်း ဂရုစိုက်ရပါမည်။ ရင်ဘတ်ကိုဖိ၍အသက်ကယ်ခြင်းတွင် အစာအိမ်ကို မဖိမိစေရန် ဂရုစိုက်ရပါမည်။ သို့မှသာ အန်ခြင်းကို တားဆီးနိုင်မည် ဖြစ်ပါသည်။သုံးနှစ်အောက်ငယ်သော ကလေးများကို အစောင့်မရှိဘဲ ရေချိုးဇလုံ သို့မဟုတ် လေမှုတ်ရေကူးကန် အသေးများတွင် လွတ်မထားရပါ။ လမ်းလျောက်ကာစ အရွယ်များသည် နှစ်လက်မခန့် ရေအတက်တွင်ပင် ရေနစ်နိုင်ပါသည်။ ယင်းအရွယ်များကိုမူ ရေပုံးထဲ ရေထည့်ပြီး ပေးမဆော့ရပါ။ ရေပုံးထဲ ခေါင်းစိုက်ပြီး ရေနစ်နိုင်ပါသည်။ကလေးအများစု သည် ပြင်ပရေကူးကန်များထက် ခြံတွင်း မတောတဆမှု့ များဖြင့်သာ ရေနစ်သေဆုံးသည့် ဖြစ်ရပ်သာ ပိုများပါသည်။ ထို့ကြောင့် ကလေးများကို အိမ်တွင်း ရေနှင့်နီးသော နေရာများတွင် ကလေးထိန်းမရှိဘဲ မလွတ်ထားရပါ။ ထိုနည်းတူပင် ခြံတံခါး၊ ခြံစည်းရိုးများကို ကလေးများ အလွယ်တကူ မဖွင့်နိုင် မထွက်နိုင်အောင် ဂရုပြုရပါမည်။ထို့အပြင် ကလေးများကို အသက်ရှစ်နှစ် မတိုင်ခင်ကို ရေကူးသင်ပေးရန် စီစဉ်ပေးသင့်ပါသည်။ (ကလေးများသည် အသက်လေးနှစ် ကျော်လျင်ပင် သင်ပေးနိုင်ပါသည်။) ထိုနည်း တူ ဒိုင်ဗင်မထိုးခင်တွင် ရေအနက်ကို ဂရုပြုရန် လိုအပ်သကဲ့ သို့ ရေအလွန်နက်သော နေရာတွင်လည်း ဒိုင်ဗင် မထိုးမိရန် ဂရုစိုက်ရပါမည်။ ထို့အတူပင် ကလေးများသည် အလေ့အ ကျင့် မရှိပါက ရေမငုပ်နိုင်သည်ကို သတိပြုရန် လိုအပ်ပါ သည်။ ကလေးများ သာမက ကျွမ်းကျင်ရေကူသမား များပင် အဖော်မပါဘဲ တစ်ဦးတည်း ရေမကူးသင့်ဘဲ အဖော်ရှိမှသာ ရေကူးသင့်ပါသည်။Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%9b%e1%80%94%e1%80%85%e1%80%b9%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%9b%e1%80%bd%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%94%e1%80%ac-%e1%80%bb/
plastic surgery လုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ။ ။
Plastic surgery ဆိုတဲ့ အခေါ်အဝေါ်ဟာ ၂၁ ရာစုမှာ အရမ်းကိုခေတ်စားလာတဲ့ အရာတစ်ခုပါ။ စိတ်တိုင်းမကျတဲ့မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်လို့ရလာပြီဆိုတဲ့ နည်းပညာကြီးက နည်းနည်းနောနော အစွမ်းမှ မဟုတ်တာနော်။ ဒါပေမယ့် လောကကြီးမှာ အကောင်းနဲ့ အဆိုး က အမြဲ ဒွန်တွဲနေတာကြောင့် လှပတဲ့ ကောင်းခြင်းတွေကို plastic surgery က ယူဆောင်ပေးသလို သူ့မှာ အခြား ဖြစ်တတ်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါဆို plastic surgery ကြောင့် ရလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေရှိမလဲ ။ကိုယ်က ခုထက်ပိုလှချင်လို့ plastic surgery လုပ်ခါမှ ရုပ်ပိုဆိုးသွားတတ်လို့ သူ့ကြောင့် ရလာမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို မလုပ်ခင် အမြဲချိန်ဆကြည့်ဖို့တော့ လိုတယ်နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/plastic-surgery/
Spider Bite (ပင့်ကူကိုက်ခြင်း)
လူအများစုပင့်ကူကြောက်ကြပေမယ့် ပင့်ကူတွေက သူတို့ကိုမထိခိုက်မခြင်း ကိုက်ခဲပါတယ်။ ပင့်ကူအများစုဟာ အန္တရာယ်မရှိတတ်ဘဲ တခါတရံမှာတော့ ဓါတ်မတည့်ခြင်းကဲ့သို့ လကဏာတွေတွေ့ရတတ်ပါတယ်။ပင့်ကူကိုက်တာမမြင်လိုက်ဘဲ အဖုများ၊ ကိုက်ရာ၊ ယားဖုများ၊ နီရဲခြင်းတို့သာ ဖြစ်လာတတ်တာဖြစ်တယ်။ ထိုအချက်တွေဟာ ပိုးမွှားကိုက်တာမှစလို့ အဖုပေါက်ခြင်း၊ အရေပြားပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ကိုက်သွားသောပိုးကောင်ကိုဖမ်းမိတာ၊ တိကျတဲ့လက္ခဏာတွေပြတာမဟုတ်ရင် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေတောင် ဘာကြောင့်ထိုကဲ့သို့လက္ခဏာတွေဖြစ်လာရသလဲ သေချာမှာမဟုတ်ပါဘူး။ပင့်ကူအများစုကအဆိပ်မရှိသလို သူတို့အစွယ်တွေဟာ လူတွေကိုအန္တရာယ်ပေးဖို့ သေးငယ်လွန်းပါတယ်။ ယားယံခြင်း၊ နီရဲခြင်းတွေဟာ တစ်ပတ်အတွင်းပျောက်သွားမှာဖြစ်တယ်။ဒါပေမယ့် တချို့ပင့်ကူတွေကတော့ အဆိပ်ရှိနိုင်တာကြောင့် သင့်ရရှိသောလက္ခဏာတွေကိုသတိထားကြည့်သင့်ပါတယ်။အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။အကိုက်ခံရသောနေရာတွင်ရောင်ရမ်းခြင်း။ယားခံ၊ စူးခြင်း။ထုံခြင်း၊ ကျဉ်ခြင်း။အဆိပ်ရှိပင့်ကူတွေကတော့-။ကိုက်ရာနေရာတွင်နာကျင်ခြင်း။အဆစ်များနာခြင်း၊ တောင့်တင်းခြင်း။ကြွက်သားများတောင့်ခြင်း။ဗိုက်နာခြင်း၊ ပျို့ခြင်း အန်ခြင်း။ဖျားခြင်း၊ ချမ်းတုန်ခြင်း။အသက်ရှူရခက်ခြင်း၊ မျိုရခက်ခြင်း။အနာဖြစ်ခြင်း၊ တစ်သျူးများပျက်စီးခြင်း။မျူးခြင်း၊ တက်ခြင်း၊ စကားများမပီသခြင်း။ကိုက်ရာနေရာတွင် အနီရောင်ကွင်းဝိုင်းထားသော အပြာရောင်ရင့်ရင့်အကွက်များပေါ်လာခြင်း။ချွေးထွက်ခြင်း။ထိုအချက်တွေအပြင် တခြားလက္ခဏာတွေလည်းရှီနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။အဆိပ်ရှိပင့်ကူဟုတ်မဟုတ်မသေချာတဲ့အခါ။အလွန်အမင်းနာခြင်း၊ ကိုက်ရာနေရာတွင်အနာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊။အကိုက်ခံရသူအသက်မရှူတော့ခြင်း။အင်ပြင်များထခြင်း။ဖျားခြင်း။ပျို့ခြင်း။အန်ခြင်း။မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်းရောင်ရမ်းခြင်း။အသက်ရှူခက်ခြင်း။သွေးလန့်ခြင်း။ဒဏ်ရာဆိုးလာခြင်း၊ ပျံ့သွားခြင်း။တချို့သောပင့်ကူတွေကအဆိပ်ရှိပါတယ်။ အဆိပ်ရှိပင့်ကူတွေကို အမေရိကန်မှာတွေ့ရတတ်ပြီး –။ပင့်ကူညို၊ ပင့်ကူမည်း၊ လေ့လွင့်ပင့်ကူ၊ မြက်ပင့်ကူ၊ ကြွက်ပင့်ကူ၊ ဝံပုလွေပင့်ကူ၊ အိမ်ပင့်ကူမည်း။စသည်တို့ဖြစ်တယ်။လူတိုင်းပင့်ကူကိုက်ခံရနိုင်ပြီး အလွန်အဖြစ်များပါတယ်။ အပြင်မှာနေရချိန်များလျှင်၊ သစ်ပင်ထူထပ်သောနေရာ၊ တောရွာဘက်ဖြစ်လျှင် ပိုကြုံရလေ့ရှိတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ လက္ခဏာတွေပိုပြင်းထန်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကအနာကိုစစ်ဆေးမှုတချို့လုပ်ပါလိမ့်မယ်။ လူအများစုကတော့ အကိုက်ခံရပြီးချိန်မှာ ထိုပိုးမွှားကိုမြင်လိုက်တတ်ကြါတယ်။ ဒါဟာ ဆရာဝန်ကိုကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ပင့်ကူကဲ့သို့အဆိပ်ရှိတတ်သော အကောင်တွေအကိုက်ခံရတဲ့အခါဖြစ်တယ်။အနာကိုသန့်စင်ပါ။ ဆပ်ပြာပျော့ပျော့၊ ရေဖြင့်ဆေးကာ ပိုးသတ်ဆေးရည်ဖြင့်လိမ်းပါ။ရေခဲရေစိမ်ထားသောအဝတ်၊ သို့ ရေခဲကပ်ပါ။ နာကျင်မှု ရောင်ရမ်းမှုတို့သက်သာစေပါလိမ့်မယ်။ လက်၊ ခြေထောက်တွင်အကိုက်ခံရပါက မြှောက်ထားပါ။အလွယ်တကူဝယ်ယူရရှိသော အနာပျောက်ဆေး (ပါရာစီတမော၊ တိုင်လီနော) ၊ antihistamine (Benadryl, chlor-trimeton) ဆေးများသုံးနိုင်ပါတယ်။လွန်ခဲ့တဲ့ငါးနှစ်အတွင်း မေးခိုင်ကာကွယ်ဆေးထပ်မထိုးဖြစ်ပါက ထိုးခိုင်းပါလိမ့်မယ်။ကိုက်ရာပိုးဝင်သွားပါက ပိုးသတ်ဆေးသောက်ရန်လိုနိုင်ပါတယ်။တိကျတဲ့ကုသမှုနည်းမရှိဘဲ ပင့်ကူအမျိုးအစား၊ ပြင်းထန်မှုပေါ်မူတည်နိုင်တယ်။ လက္ခဏာတွေပေါ်လည်းမူတည်နိုင်ပြီး နှလုံးခုန်မြန်ခြင်းရှိပါက နှလုံးဆေးတချို့သောက်ရနိုင်ပါတယ်။ တစ်သျူးထိခိုက်မှုများရှိပါကလည်း သက်ဆိုင်ရာဆေးများသောက်ရနိုင်တယ်။ပြင်းထန်ပါက ဆေးရုံတက်ရနိုင်ပြိး ရှားရှားပါးပါး ခွဲစိတ်ရသည်များလည်းရှိနိုင်တယ်။ အထူးသဖြင့် ပင့်ကူကိုက်ရာနေရာမှာ တစ်သျှူးများပုတ်သွားပါက. သို့မဟုတ် လက္ခဏာများဆိုးရွားပါက။အကိုက်ခံရသောနေရာကိုမထိပါနဲ့၊ မနှိပ်ပါနဲ့၊ အဆိပ်ရှိပါက အဆိပ်မပျံ့အောင် ဒဏ်ရာကိုဘာမှမလုပ်ပါနဲ့။အကိုက်ခံပြီးချိန်တွင်လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့။အပူမပေးပါနဲ့၊ အဆိပ်ပိုပျံ့နိုင်ပါတယ်။စတီးရွိုက်လိမ်းဆေးများရှောင်ပါ။အဆိပ်စုပ်မထုတ်ပါနဲ့။သိလိုသည်များရှိပါက အကောင်းဆုံးအဖြေအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/spider-bite-%e1%80%95%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b0%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်
သွေးတိုးရောဂါက လူကြီးတွေမှာ အဖြစ်များတယ် ဆိုပေမဲ့ လူငယ်တွေလည်း မပေါ့ဆသင့်ပါဘူး။ ဒီနေ့ခေတ်ရဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့် အရွယ်မတိုင်ခင် သွေးတိုးဖြစ်သူတွေ များလာပါပြီ။ သွေးတိုးရောဂါကို သေချာမထိန်းဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ နှလုံးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးထိန်းတဲ့နေရာမှာ ဆေးတစ်ခုတည်းကို အားကိုးလို့ မရပါဘူး။ ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုပါ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်ကို မျှဝေပေးချင်ပါတယ်။(၁) ကျန်းမာစွာစားသုံးပါ။အစားအစာဆိုတာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေးမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားသင့်ပါတယ်။ အဆီများတဲ့အသားတွေစားမယ့်အစား အဆီနည်းတဲ့ငါးတွေ၊ ကြက်ဘဲတွေကို စားသင့်ပါတယ်။ တခြားပြည့်ဝအဆီတွေကိုလည်း ရှောင်သင့်ပါတယ်။(၂) ဆားလျှော့ပါ။အရွယ်‌ရောက်ပြီးသား လူတစ်ယောက်က တစ်ရက်ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထက် ပိုမစားသင့်ပါဘူး။ ၂၃၀၀ မီလီဂရမ်ဆိုတာ လက်ဖက်ရည်တစ်ဇွန်းစာ ပမာဏနဲ့ ကိုက်ညီပါတယ်။ ဆိုဒီယမ်ကို ဟင်းချက်ဆားအပြင် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကနေလည်း ရနေပါတယ်။ ဒါကြောင့် ဆားတွေ လိုတာထက် ပိုပြီး စားနေမိတာပါ။ ဆားတွေ ပိုမစားမိစေဖို့။သွေးတိုးကျစေဖို့က ကိုယ်လက်လှုပ်ရှားပေးခြင်းက နည်းလမ်းတစ်မျိုးပါပဲ။ ဒါက စိတ်ဖိစီးမှုကင်းစေတဲ့အပြင် နှလုံးသွေးကြော၊ ကြွက်သား၊ အရိုးနဲ့ သွေးလည်ပတ်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အရွယ်ရောက်ပြီးသူတွေက တစ်ရက်ကို လေ့ကျင့်ခန်း နာရီဝက်လောက် လုပ်ပေးသင့်ပါတယ်။(၃) ကိုယ်အလေးချိန်ထိန်းပါ။အပေါ်ကပြောသွားတဲ့ ကိုယ်လက်လှုပ်ရှားတာကလည်း ကိုယ်အလေးချိန်ကျစေပါတယ်။  သင့်တော်တဲ့ ကိုယ်အလေးချိန်မှာရှိတာက သင့်ကို သွေးတိုးနဲ့ တခြားရောဂါတွေဆီကနေ ကာကွယ်ပေးနိုင်ပါတယ်။(၄) အရက်သောက်တာ ကန့်သတ်ချက်ထားပါ။အရက်က သွေးတိုးစေတဲ့ အကြောင်းအရင်းဖြစ်တဲ့အပြင် အသည်းထိခိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အမျိုးသားတွေအနေနဲ့ တစ်ရက်ကို စံ၂ယူနစ် (2  drinks)ထပ်မပိုသင့်သလို အမျိုးသမီးတွေဆိုရင်လည်း တစ်ရက်ကို စံ၁ယူနစ် (1 drink)ထပ်မပိုသင့်ပါဘူး။ အရက်က ဖြတ်လိုက်ရင် အ‌ကောင်းဆုံးပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။(၅) စိတ်ဖိစီးမှု လျှော့ချပါ။ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေ အဖြစ်များကြပါတယ်။ လူတိုင်းလိုလိုက အလုပ်၊ ဖျားနာမှု၊ မိသားစုနဲ့ ဆက်ဆံရေးတွေကြောင့် စိတ်ဖိစီးဖူးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကို ရှောင်ကြဉ်ဖို့အတွက် သင့်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ပါ။ဥပမာ – လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဒေါသထိန်းချုပ်ခြင်း စတာတွေဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးစိတ်ဖိစီးမှုကိုလျှော့ကြပါ။(၆) သွေးပေါင် မှန်မှန်ချိန်ပါ။သွေးတိုးချိန်ဖို့ ဆေးရုံဆေးခန်းသွားစရာမလိုပါဘူး။ အိမ်မှာ သွေးတိုးတိုင်းကိရိယာဝယ်တိုင်းနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်လေးတိုင်းပြီး သေချာမှတ်ထားပါ။ သတိထားရမှာက မတိုင်းခင် ဆေးလိပ်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေမလုပ်ထားရပါဘူး။ ဒါတွေက ရလဒ်ကို သက်ရောက်စေလို့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/6-tips-to-control-hypertension/
လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့
လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာကပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။လေပွတာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည့်စွက်စာ စားတာ၊ နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာတွေက လေပွတာကို သက်သာစေမှာပါ။ ဒီတစ်ခေါက်တော့ လေပွတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားပါမယ်။လေပွတယ်ဆိုတာကအစာခြေစနစ် ပြဿနာတစ်ရပ်ပါ။ အစာအိမ်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ နားလည်လွယ်အောင် ပြောပြရရင် အစာခြေလမ်းကြောင်း တလျှောက်မှာ လေတွေပြည့်နေတာမျိုးပါ။ အဖြစ်များတာကတော့ အစာအိမ်မှာပါ၊၊။အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိ ပါဝင်နေပါတယ်။ လေပွတဲ့အခါ အစာအိမ်က တင်းပြီး ပြည့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာနဲ့အတူ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအိမ်က  တင်းကားနေသလို ခံစားရနိုင်ပါတယ်။ မြင်သာတဲ့လက္ခဏာအနေနဲ့ အဝတ်အစားတွေ တင်းကြပ်နေတာမျိုး ဖြစ်တတ်ပါတယ်။အခုလို အကြောင်းအရင်းတွေကြောင့် လေပွနိုင်ပါတယ်။အခုလို ကျန်းမာရေး အခြေအနေတွေကြောင့်လည်း လေပွနိုင်ပါတယ်။လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့။ လေပွတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပိုလျှံနေတဲ့ လေတွေကို လေလည်တာကနေတဆင့် ထွက်ရှိသွားစေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပွလာပြီဆိုရင် လမ်းလျှောက်တာမျိုး ဖြစ်ဖြစ် လှုပ်ရှားမှုလေး တစ်ခုခု လုပ်လိုက်ပါ။ယောဂလ့ကျင့်တာက ဗိုက်ကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပြီး အစာခြေစနစ်ထဲက လေပိုတွေကို ထွက်သွားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ပေးတာက လေပွတာကို သက်သာစေနိုင်ပါတယ်။ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပူဒီနံ ၅ ရွက်ကနေ ၁၀ ရွက်လောက်ထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပါ။ ပြီးရင် သောက်ပေးပါ။ ဒါကလည်း လေပွတာကို သက်သာစေနိုင်ပါတယ်။ ရင်ပူတတ်သူတွေ အတွက်တော့ မသင့်တော်ပါဘူး။ဝမ်းဗိုက်ကို နှိပ်နယ်ပေးတာက အစာခြေစနစ်ရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။ ဗိုက်ကို အပေါ်ကနေ အောက်ဘက်ဆီကို ခပ်ဖွဖွလေး နှိပ်ပေးတာက လေတွေကို ထွက်စေပြီး လေပွတာကို သက်သာစေမှာပါ။ကျောရိုးကို နှိပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။ရေနွေးဝတ်ကို ဗိုက်မှာ ကပ်ပေးတာ၊ ရေနွေးနွေးထဲမှာ စိမ်တာ၊ ရေနွေးနွေးနဲ့ ရေချိုးတာတွေက လေပွတာကို သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဗိုက်ပွတာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။ကဲ ……. လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့ ……. အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ လေပွတာကို သက်သာစေဖို့ လုပ်ဆောင်ကြည့်လိုက်နော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/quick-tips-to-get-rid-of-bloating/
အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့
အစာခြေစနစ် ပြဿနာတွေကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ အစာခြေစနစ် ပြဿနာတွေထဲက အစာအိမ်အနာ ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတဲ့အိမ်တွင်းကုထုံးလေးအကြောင်း ပြောပြပေးချင်ပါတယ်။အနာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။အစာအိမ်နံရံအပါအဝင်ပေါ့။ အစာအိမ်အနာက ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲလွှာကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာကအစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ ဒါမှမဟုတ် အက်စစ်ထွက်တာများလာတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့။အစာအိမ်အနာ ရှိနေတဲ့အခါ အစာအိမ်ထဲမှာ ပူပူလောင်လောင် ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာက တစ်ခါတလေမှာ။ဒီလို နေရထိုင်ရခက်စေတဲ့ အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အစာအိမ် အနာကို သက်သာစေဖို့ဆိုရင် ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အချဉ်ဖောက်ထားတဲ့ အကျိုးပြု ဘက်တီးရီးယား (probiotics) ကြွယ်ဝစွာ ပါဝင်နေတာလေးတွေကို စားပေးလို့ ရပါတယ်။Probiotics တွေက အစာခြေစနစ်ထဲက သက်ရှိ အကျိုးပြုဘက်တီးရီးယားလေးတွကို ကျန်းမာတဲ့ ပမာဏအတွင်း ရှိအောင် ထိန်းညှိပေးပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးရင်း အစာအိမ်အနာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။အကျိုးပြု ဘက်တီးရီးယားတွက အစာအိမ်အနာဖြစ်စေနိုင်တဲ့H.pyloriဘက်တီးရီးယား တွေကို မသုတ်သင်နိုင်ပေမယ့် အရေအတွက် လျော့သွားအောင်တော့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အနာကျက်စေပြီး သက်သာကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ချင်း (ဂျင်း) က အစာအိမ်ကို ကျန်းမာစေတယ်လို့ သိတဲ့သူက နည်းနေသေးပါတယ်။ ချင်း (ဂျင်း) ကို လေချုပ်တာ၊ လေပွတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်အနာအပါအဝင် အစာခြေစနစ် ပြဿနာ အမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုလို့ ရပါတယ်။ချင်း (ဂျင်း) ကH.pyloriဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်အနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သတိထားရမှာက အလွန်အကျွံစားမယ်ဆိုရင်တော့ ရင်ပူတတ်ပါတယ်။သစ်သီး အများစုမှာ polyphenols ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်က အစာအိမ်အနာ သက်သာစေဖို့ ထောက်ကူပေးသလို ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဖလေဗာနွိုက်က အစာအိမ်နံရံမှာ အနာမဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာကြောင့် အစာအိမ်နံရံမှာ အချွဲမြှေးဖြစ်ပေါ်စေဖို့ ကူညီပေးသလိုH. pyloriဘက်တီးရီးယား ပေါက်ဖွားမှုကိုလည်း တားဆီးပေးပါတယ်။ဒါကြောင့် အစာအိမ်အနာ ရှိမယ်ဆိုရင် ပန်းသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ အခွံမာသီးတွေကို စားပေးလို့ ရပါတယ်။သီးမွှေး ငှက်ပျောသီးက အစာအိမ်အနာကို သက်သာစေနိုင်ပါတယ်။ မှည့်ခါစ သီးမွှေးငှက်ပျောသီးတွေမှာ အစာအိမ်နံရံ အချွဲမြှေးကို တိုးစေနိုင်တဲ့ Leucocyanidin လို့ခေါ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် အစာအိမ်အနာကို သက်သာစေဖို့ ထောက်ကူပေးသလို အစာခြေအက်ဆစ် အလွန်အကျွံမထွက်စေဖို့လည်း ထောက်ကူပေးပါတယ်။ပျားရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကိုတော့ တော်တော်များများ သိထားပြီးဖြစ်မှာပါ။ လေ့လာမှုတွေအရတော့ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် အစာအိမ်အနာ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာကျက်မြန်စေပြီး ဘက်တီးရီးယားပေါက်ဖွားမှုကို တားဆီးပေးနိုင်မှာပါ။အဝါရောင်တောက်တောက် နနွင်းလေးက ဟင်းလျာတွေထဲမှာ ထည့်ချက်ရင် ကျန်းမာရေး အကျိုးများတယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ အရောင်ကျစေနိုင်တဲ့ နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာအိမ်အနာ မဖြစ်စေဖို့ ကာကွယ်ပေးသလို အစာအိမ်အနာ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ဟင်းလျာတွေကို အရသာတိုးစေတဲ့ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာအိမ်အနာကို ကုသရာမှာ ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အစာအိမ်အနာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  နေ့စဉ် စားသုံးမှုမှာ ကြက်သွန်ဖြူ ၂ မွှာလောက်ပါအောင် ထည့်သွင်း စားသုံးပေးရုံပါ။အလှအပအတွက် အသုံးဝင်တဲ့ ရှားစောင်းလက်ပပ်က အစာအိမ်အနာကို သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားက အနာကျက်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးပါတယ်။ကဲ …. အစာအိမ် အနာသက်သာစေမယ့် အိမ်တွင်းကုထုံးတွေထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/what-is-the-fastest-way-to-cure-a-stomach-ulcer/
သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ
သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို ပိတ်ဆို့ပါတယ်။ ဒီ ဟော်မုန်းက သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဒါကြောင့်ဒီဆေးက သွေးကြောတွေကို ပြန်ကျယ်လာစေပြီး သွေးတိုးကျစေပါတယ်။ပါဝင်တဲ့ဆေးတွေကတော့ – benazepri, captopril, enalapril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril နဲ့ trandolapril ဖြစ်ပါတယ်။ ဒီဆေးတွေက ဆီးချို၊ နှလုံးရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေအတွက် အကျိုးရှိပါတယ်။ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းရဲ့ လုပ်ငန်းစဉ်ကိုရပ်စေပါတယ်။ အဲဒီဟော်မုန်းက သွေးကြောတွေကိုကျဉ်းစပါတယ်။ အပေါ်ကပြောသွားတဲ့ AC inhibitors တွေလိုဘဲ ဒီဆေးတွေ သွေးကြောတွေကိုကျယ်စေပါတယ်။ARBs တွေထဲမှာ azilsartan, candesartan, irbesartan, losartan, olmesartan, telmisartan နဲ့ valsartan တို့ဘဖြစ်ပါတယ်။Calcium channel blockers တွေက သွေးကြောနံရံတွေနဲ့ နှလုံးကြွက်သားထဲဝင်တဲ့ ကယ်လ်ဆီယမ်တွေကိုလျှော့ချပေးခြင်းဖြင့် သွေးကြောတွေကိုပြေလျော့စေပါတယ်။ Calcium channel blockers နှစ်မျိုးရှိပါတယ်။ Dihydropyridines (amlodipine, felodipine, isradipine, nicardipine, nifedipine နဲ့ nisoldpine) နဲ့ Nondihydropyridines (diltiazem နဲ့ verapamil ). သိထားရမှာက စပျစ်ဖျော်ရည်က ဒီဆေးတွေကို နှောင့်ယှက်နိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်ပါစေတယ်။Beta blockers တွေက နှလုံးရဲ့အလုပ်ကိုလျှော့ချပေးပြီး သွေးကြောတွေကိုပွင့်စေတဲ့အွက် နှလုံးခုန်နှေးစေပြီး နှလုံးခုန်အားမပြင်းတော့ပါဘူး။ ရရှိနိုင်တဲ့ beta blockers တွေထဲမှာ acebutolol, atenolol, betaxolol, bisoprolol, metoprolol, nadolol, nebivolol, pindolol, propranolol နဲ့ timolo တို့ပါဝင်ပါတယ်။ဒါပေမယ့် Beta blockers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပန်းနာရင်ကြပ်ကိုပိုဆိုးစေခြင်း၊ တခြားအဆုတ်ရောဂါများ၊ နှလုံးအပြင်က သွေးကြောရောဂါများဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုပြောသွားတဲ့ ရောဂါရှိတဲ့သူတွေအတွက် ဒီဆေးမပေးပါဘူး။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/33651-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%bd/
ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ
အခုလို မိုးအေးအေးနဲ့ရာသီဥတုမှာ ရေနွေးပူပူလေးတခွက်နဲ့ ဇိမ်ကျနေဖူးပါသလား။ တကယ်တော့ရေနွေးပူပူလေးတခွက်ဟာ သင့်ကိုနွေးထွေးစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့ အစာကြေခြင်း၊ နှာစေးသက်သာစေခြင်း၊ လန်းဆန်းစေခြင်း စတာတွေ ရစေနိုင်ပါတယ်။ရေနွေးတခွက်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီဖာရင်ဟိုက်အကြားပဲ ရှိသင့်ပါတယ်။ ဒီထက် ပူသွားရင် လျှာက အရသာခံအဖုလေးတွေကို ထိခိုက်သွားနိုင်ပါတယ်။ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့။ရေနွေးပူပူကထွက်တဲ့ အငွေ့ဟာ နှာစေးနှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ထွက်လာတဲ့အငွေ့များကို နိုင်သလောက် ရှူပေးခြင်းအားဖြင့် နှာပိတ်ခြင်းနဲ့ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ရေနွေးကို သောက်လိုက်တဲ့အခါ လည်ချောင်းတလျှောက်မှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေပါတယ်။ရေနွေးသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အရည်ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် အညစ်အကြေးများကို စွန့်ထုတ်ဖို့လည်း အထောက်အကူပြုပါတယ်။ အစားအစာများကို ကောင်းစွာပျော်ဝင်စေပြီး အစာချေဖို့ လွယ်ကူစေပါတယ်။ရေနွေးသောက်လိုက်တဲ့အခါ အူများကို ညှစ်အားဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ အူလမ်းကြောင်းထဲ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ထွက်လာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးကို ပုံမှန်သောက်သုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ရေနွေးပဲသောက်သောက်၊ ရေအေးပဲသောက်သောက် ရေက ရေပဲမို့လို့ ခန္ဓာကိုယ်တွင်းက ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာ ရေသောက်နည်းတဲ့အခါ ရေနွေးသောက်တာက ရေဓာတ်ပြည့်ဝဖို့ အထောက်အကူ ဖြစ်စေပါတယ်။အေးလာရင် တုန်လာတာက ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိဖို့ ကြွက်သားတွေကို တဆတ်ဆတ်တုန်ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ ချမ်းတုန်နေတဲ့အချိန်မှာ ရေနွေးလေးသောက်ချလိုက်တာက ခန္ဓာကိုယ်ကို နွေးစေပြီး အချမ်းသက်သာစေပါတယ်။ရေနွေးနဲ့ ရေချိုးခြင်းဟာ သွေးကြောများကို ကျယ်လာစေပြီး သွေးများကို ပိုမိုလည်ပတ်စေပါတယ်။ ရေနွေးသောက်ပေးခြင်းဟာလည်း ယခုအာနိသင်ကိုမျိုး ရစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းကြောင့် သွေးပေါင်ချိန်မှန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။ ညအချိန် ရေနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးသောက်ခြင်းဟာ သင့်ကို သက်သောင့်သက်သာဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ရေနွေးသောက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ရေနွေးသောက်ပြီးချိန်မှာ စိတ်ပူပန်မှု လျော့ပါးတတ်ပါတယ်။ စိတ်လည်းငြိမ်စေတယ်လို့ သိရပါတယ်။ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာပူနွေးလာပါတယ်။ ချွေးလည်း စို့လာစေပါတယ်။ ချွေးထွက်ခြင်းဟာ သက်သောင့်သက်သာဖြစ်စရာမဟုတ်ပေမယ့် ကိုယ်ခန္ဓာထဲက အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပြီးသား ဖြစ်ပါတယ်။ ဒါ့ပြင် ကျောက်ကပ်ကနေ အဆိပ်အတောက် စွန့်ထုတ်တာကိုလည်း ကူညီပေးပါတယ်။အစာရေမျို ရောင်ရမ်းသူအချို့ဟာ အစာကိုမျိုချဖို့ ခက်ခဲပါတယ်။ ဒီအခြေအနေကို achalasia လို့ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ အစာမျိုချရင် နာနေတတ်ပါတယ်။ အဆိုပါပြဿနာအတွက် ရေနွေးပူပူသောက်ပေးရင် အစာရေမြို ရောင်ရမ်းခြင်းကို သက်သာစေပြီး အစာများကိုလည်း ရှောရှောရှူရှူ ဝင်စေပါတယ်။ အထူးသဖြင့် ဆီများတဲ့ စားစရာတွေ၊ အသားကြီးငါးကြီးတွေအတွက် အထောက်အကူဖြစ်ပါတယ်။ရေနွေးဟာ အရမ်း ပူရင်တော့ အဆင်မပြေပါဘူး။ အစာရေမျိုနဲ့ လျှာကို အပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပူချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ရေနွေး မသောက်သင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-drinking-hot-water-3/
Corinda Leaf (နံနံပင်)
နံနံပင်အရွက်ကရော အစေ့ကိုပါ ဟင်းချက်ရာမှာအသုံးပြုကြပါတယ်။ နံနံပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀လောက်ကတည်းက ကမ္ဘာပေါ်မှာပေါက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ နံနံပင်ရဲ့အရွက်နဲ့ အစေ့တွေက အစားအသောက်တော်တော်များများမှာထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လာကြပြီဖြစ်ပါတယ်။နံနံပင်ကိုရှေးယခင်ကာလတွေကတည်းက အစာကျောညက်စေဖို့ ၊ အစာအိမ်ဆိုင်ရာဝေဒနာတွေ၊ကျောက်ပေါက်တာ၊အော့အန်တာ၊သွေးအားနည်းတာ၊ အဖျားတက်တာ၊ဝက်သက်ပေါက်တာ၊အအေးမိတာ၊အူကျွံတာတွေကိုကုသရာမှာအသုံးပြုခဲ့ကြပါတယ်။နံနံပင်က အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့ အရွက်မှာ သံဓါတ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနိနဲ့ ဗီတာမင်အေ၊ဘီနဲ့စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။cineole လို့ခေါ်တဲ့ နံနံပင်မှာပါတဲ့phytochemicalတစ်မျိုးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။နံနံပင်က ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ အရေးပါတဲ့ဆေးဖက်ဝင်အပင်တွေထဲကတစ်မျိုးပါ။ နံနံပင်စားသုံးပေးမှုကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုဖော်ပြလိုက်ပါတယ်။ထိရောက်တဲ့ ပဋိဇီဝဆေးအဖြစ်အသုံးပြုနိုင်ခြင်း။နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာborneol ခေါ် ဓါတုပစ္စည်း တစ်မျိုးပါဝင်နေတာကြောင့်E.coli ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။နံနံပင်မှာ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးပါဝင်ပါတယ်။Dodecenal က အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့salmonella လို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ဓါတ်တိုးဆန့်ကျင် သတ္တိရှိခြင်း။သုတေသနတော်တော်များများမှာ နံနံပင်အရွက်က ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓါတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့free radicalတွေကို ဟန့်တားပေးပါတယ်။ အထူးသဖြင့် အရေပြားပေါ်ကfree radicalတွေကိုဟန့်တားပေးတာဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ နံနံပင်ကို ထည့်သွင်းစားသုံးမယ်ဆိုရင် အန္တရာယ်ရှိတဲ့free radicalတွေကြာင့်ဖြစ်တဲ့ အရေပြားပေါ်က အရေးအကြောင်းတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ကင်ဆာတိုက်ဖျက်နိုင်ခြင်း။နံနံပင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးထဲမှာ ကင်ဆာတိုက်ဖျက်နိုင်စာမ်းလည်းပါဝင်နေတယ်။ လို့ သိပ္ပံပညာရှင်တော်တော်များများက သက်သေထူထားကြပါတယ်။ နံနံပင်က ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ နံနံပင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီး၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့ကကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာကြောင့်ဖြစ်တဲ့oxidative stress riskတွေကိုလျှေ့ချပေးရာမျာထိထိရောက်ရောက်လုပ်ဆောင်ပေးပါတယ်။အရေပြားရောင်ရမ်းမှုနဲ့ အခြားအရေပြားပြဿနာတွေကိုသက်သာစေနိုင်ခြင်း။နံနံပင်အရွက်တွေထဲမှာ Cineole နဲ့linoleat အက်ဆစ်တွေပါဝင်နေပါတယ်။ သည်ဓါတ်နှစ်မျိုးက အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာကို တိုက်ဖျက်ပေးနိုင်စွမ်းရှိသလို ဒူလာရောဂါကိုလည်းသက်သာစေနိုင်ပါတယ်။ နံနံပင်က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာလျေ့ကျစေနိုင်ပါတယ်။ နံနံပင်မှာပါတဲ့atsiri အဆီက ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။ နံနံပင်မှာ ကူးစက်ပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းအာနိသင်၊ မိငပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်တွေလည်းရှိနေပါတယ်။ နံနံပင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက နှင်းခူနာနဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။ဝမ်းလျှောတာကို သက်သာစေနိုင်ခြင်း။နံနံပင်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။ နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ နံနံပင်မှာပါတဲ့Cineole၊ Borneol၊ Limonene နဲ့ Alpha-pineneဒြပ်ပေါင်းတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။beta-phelandrene ကဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ နံနံပင်ပင်မှာ မအီမသာဖြစ်တာနဲ့အော့အန်တာကိုသက်သာစေနိုင်ပါတယ်။ကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း။ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာနဲ့ဆီးချိုတွေလိုမျိုး နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်တဲ့ အဆီတစ်မျိုးက ကိုလက်စထရောဆိုလည်းမမှားပါဘူး။ နံနံပင်မှာ ပိုက်ဆီယမ်နဲ့ဆိုဒီယမ် ပါဝင်တာကြောင့်သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။ နံနံပင်မှာinoleat အက်ဆစ်၊ oleat အက်ဆစ်၊ palmitat အက်ဆစ်၊ stearat အက်ဆစ် နဲ့ askorbat အက်ဆစ် (vitamin C-) တို့လိုမျိုး အက်ဆစ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ အက်ဆစ် ဓါတ်တွေကသွေးတွင်း ကိုလက်စထရောကို ကျဆင်းစေရာမှာ ထိရောက်မှုရှိပါတယ်။အဆိုပါ အက်ဆစ်ဓါတ်တွေကသွေးတွင်းထဲက အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ပမာဏကိုကျဆင်းစေပြီးသွေးကြောအတွင်းနံရံထဲက ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။သွေးတွင်းက အကျိုးပြုတဲ့ ကိုလက်စထရော (HDL) ပမာဏကိုလည်းတိုးစေပါတယ်။သွေးအားနည်းဝေဒနာသည်တွေအတွက် သင့်တော်ခြင်း။နံနံပင်မှာသွေးအာနည်းရောဂါသည်တွေအတွက်အထောက်အကူဖြစ်တဲ့သံဓါတ်တွေပါဝင်တယ်။သေါးတွက်ူသံဓါတ်လျော့နည်းမှုက အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အရမ်းပင်ပန်းနါမ်းနယ်တာ နဲ့ နှလုံးခုန်မမှန်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သံဓါတ်က အရိုးကြံ့ခိုင်သန်စွမ်းစေဖို့လည်း အထောက်အကူပြုပါတယ်။မျက်စိကျန်းမာစေခြင်း။နံနံပင်မှာ ဘီတာကယ်ရိုတီးနွိုက် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အမြင်အာရုံကောငါးစေဖို့အတွက် အထောက်အကူပြုပါတယ်။ခံတွင်း အနာတွေကိုသက်သာစေခြင်း။နံနံပင်မှာပါတဲ့Citronelol ကအနာကျက်စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ခံတွင်းအနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ နံနံပင်က အနာကျက်မြန်စေနိုင်သလို ခံတွင်းအနံ့ကိုလည်းကောင်းစေပါတယ်။ နံနံပင်ကို သွားတိုက်ဆေးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း။နံနံပင်တွေကို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုပြေစေဖို့အတွက် အသုံးပြုကြပါတယ်။ မာကျူရီနဲ့ အလူမီနီယမ် အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။မာကျူရီ၊ အလူမီနီယမ် တို့နဲ့ ကြာရှည်ထိတွေ့မှုက မျိုးအောင်နိုင်စွမ်းကျဆင်းစေသလို၊အော်တစ်ဇင်၊ မှတ်ဉာဏ်ချို့ယွင်းခြင်း(dementia) တို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ကောင်းကောင်းအိပ်ပျော်စေနိုင်ခြင်း။နံနံပင်မှာပါရှိတဲ့fitonutrien နဲ့ အခြားဓါတ်ပစ္စည်းတွေက ခန္ဓါကိုယ်တွင်းထဲက ဓါတုပစ္စည်းတွေကို ညီညွတ်မျှတအောင်လုပ်ဆောင်ပေးပြီး အာရုံကြောတွေကို အနားရစေသလိုကောင်းကောင်းအိပ်ပျော်အောင်အထောက်အပံ့ပေးပါတယ်။ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးခြင်း။နံနံပင်က သဘာဝဆီးရွှင်ဆေးတစ်မျိုးဖြစ်ပြီး ဆီးများများသွားစေတာကြောင့်ကျောက်ကပ်မှာကျောက်တည်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ကျောက်ကပ်ထဲက အဆိပ်တွေကိုပြေလျော့စေတာကြောင့်ကျောက်ကပ်ဲမှာကျောက်တည်တာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ဆီးချိုကာကွယ်ပေးနိုင်ခြင်း။နံနံပင်ကendocrine glandတွေကိုလှုံ့ဆော်ပေးတာကြောင့် ပန်ကရိယကနေ အင်ဆူလင်ထုတ်လုပ်မှုကိုတိုးစေပြီးသွေးတွင်းမှာ အင်ဆူလင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အဆိုပါဖြစ်စဉ်က တိကျတဲ့ အင်ဆူလင်လှုံ့ဆော်မှုကိုလုပ်ဆောင်ပေးပြီးသွေးတွင်းကသကြားဓါတ်တွေကို စုပ်ယူပေးပါတယ်။သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ရဲက ဇီဝတွင်းလုပ်ငန်းစဉ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေပါတယ်။ရာသီသွေးဆင်းတာကိုကောင်းမွန်စေခြင်း။နံနံပင်က ရာသီသွေးစက်ဝန်းကိုမှန်စေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီးendocrine gland ကနေစွန့်ထုတ်မှုတွေကို ထိန်းညှိပေးပါတယ်။ အဆိုပါလုပ်ငန်းစဉ်က ထိရောက်တဲ့ဟော်မုန်းတုံ့ပြန်မှုကိုဖြစ်ပေါ်စေပြီး ရာသီသွေးစက်ဝန်းကို မှန်ကန်အောင်ထိန်းညှိပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ နာကျင်မှုကိုလျော့ပါးသက်သာစေပါတယ်။အရိုးပွခြင်း နဲ့သွေးခဲခြင်းမဖြစ်အောင်ကာကွယ်ပေးခြင်း။နံနံပင်မှာ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေသလိုသေါးမခဲအောင်လည်းကာကွယ်ပေးပါတယ်။နံနံပင်ကို အလွန်အကျွံစားသုံးမယ်ဆိုရင် နံနံပင်မျိုးစိတ်နဲ့ ဓါတ်မတည့်တဲ့သူတွေမှာ အရေပြားဓါတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။နံနံပင်က ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မခင်တွေစားသုံးဖို့သင့်တော်တယ်လို့ အထောက်အထားမရှိတာကြောင့် ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအနေနဲ့ မစားသုံးသင့်ပါဘူး။ နံနံပင်က နို့ထွက်စေနိုင်တယ်ဆိုပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။နံနံပင်ကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့် ဆီးချိုဆေးမှီဝဲနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ်အနေအထားကိုလေ့လာပြီးမှသာ နံနံပင်ကို အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။သွေးပေါင်ကျတတ်သူတွေအနေနဲ့ နံနံပင်ကိုမစားသုံးသင့်ပါဘူး။သွေးပေါင်ကျဆေးမှီဝဲနေရသူတွေအနေနဲ့လည်း နံနံပင်မစားသင့်ပါဘူး။နံနံပင်ကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်သလို ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းသွေးတွင်းသကြားဓါတ်ကို ကျင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲခန်းမဝင်ခင် ၂ ပတ်လောက်ကတည်းက နံနံပင်ကို မစားသုံးသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/corinda-leaf-%e1%80%94%e1%80%b6%e1%80%94%e1%80%b6%e1%80%95%e1%80%84%e1%80%b9/
Borderline personality disorder စိတ်ရောဂါ ဆိုတာဘာလဲ
တကယ်လို့ လူတိုင်းဟာ သင့်ကို ထားခဲ့နိုင်တယ်လို့တွေးပြီး ကြောက်နေတယ်ဆိုရင်၊ မကြာခဏ ပျင်းပြီး အဓိပ္ပါယ်မရှိဖြစ်နေတယ် ဆိုရင် (သို့) တစ်ယောက်တည်းနေလို့မဖြစ်ဖူးလို့ ခံစားနေရတယ်ဆိုရင် သင့်မှာ Borderline personality disorder ရှိနေနိုင်ပါတယ်။ Borderline personality disorder ဟာ သင့်စိတ်ကျန်းမာရေးရော ကိုယ်ခန္ဓါ ကျန်းမာရေးအထိတောင် ထိခိုက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပါတယ်။Borderline personality disorder ဆိုတာဘာလဲ။Borderline personality disorder ဟာ ပြင်းထန်တဲ့ စိတ်ရောဂါ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Borderline personality disorder ရှိတဲ့သူတွေဟာ စိတ်မတည်ငြိမ်ပဲ ဆက်ဆံမှုဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ လုပ်ငန်းဆောင်တာ ပိုင်းဆိုင်ရာ၊ ကိုယ့်ကိုယ်ကို တွေးတော ယူဆပုံပိုင်းဆိုင်ရာမှာ ပြဿနာရှိတတ်ကြပါတယ်။ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို တွေးတောပုံနဲ့ အခြားသူတွေကို တွေးတာပုံတွေကို သက်ရောက်မှု ရှိပါတယ်။ဒီရောဂါ ရှိနေတဲ့သူတွေမှာ စိတ်တိုခြင်း၊ စိတ်ကျခြင်းနဲ့ စိတ်ပူခြင်းတွေကို အကြိမ်များစွာ ဘာအကြောင်းမှ မရှိပဲ ခံစားရတတ်ပါတယ်။ ဒီခံစားချက်တွေဟာ နာရီပေါင်း ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ သင့်ကို ဘယ်သူကမှ မလိုအပ်တော့ဘူးလို့ ခံစားရပါလိမ့်မယ်။ လူတွေအကုန်လုံးက သင့်ကို ထားသွားချင်နေတယ်လို့ ထင်နေမှာပါ။ တခါတရံမှာ Borderline personality disorder မှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တဲ့ အစားစားခြင်း ပြဿနာများ၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်လိုမှုတို့ ဖြစ်ပွားနိုင်ပြီး တခါတရံမှာ သေကြောင်းကြံတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။Borderline personality disorder ဟာ ဆေးကုသည်ဖြစ်စေ၊ မကုသည်ဖြစ်စေ အချိန်ကြာလာတာနဲ့အမျှ သက်သာလာနိုင်ပါတယ်။နောက်ဆက်တွဲ ဆိုးကျိုးများ။Borderline personality disorder ဟာ စိတ်ရောကိုယ်ပါ ထိခိုက်နိုင်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သင့်ဆက်ဆံရေးတွေ၊ အလုပ်တွေ၊ ပညာရေး၊ လူမှုရေးနဲ့ မိမိကိုယ်ကိုယ် ယူဆမှုတွေပေါ် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပြဿနာတွေကြောင့်။• အလုပ်ပြုတ်နိုင်ပြီး အလုပ်ကို အကြိမ်ပေါင်းများစွာ ပြောင်းရနိုင်ပါတယ်။• သင့်ရောဂါဟာ စာဖတ်ခြင်းကို အနှောင့်အယှက်ပေးတာကြောင့် စာဖတ်တာ ရပ်လိုက်ရပြီး ဘွဲ့မရတာမျိုး ဖြစ်နိုင်ပါတယ်။• ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေအောင် (ဒါးနဲ့ လှီးတာမျိုး၊ အပူလောက်စေတာမျိုး) လုပ်ချင်တာမျိုး ဖြစ်ပွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆေးရုံသွားပြီး ဆေးသောက်ဖို့လိုပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေပြီဆိုရင်တော့ ပြန်ကောင်းဖို့ဟာ အရင်အခြေအနေတွေမှာလောက် လွယ်မှာ မဟုတ်တော့ပါဘူး။• တခါတရံမှာ သင့်အပြုအမူတွေကို မထိန်းချုပ်နိုင်တာကြောင့် မလိုချင်ပဲ ကိုယ်ဝန် ရသွားခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါရခြင်းနဲ့ ကားတိုက်မိခြင်းတို့လည်း ဖြစ်တတ်ပါတယ်။• သေကြောင်းကြံခြင်းအကြောင်း စဉ်းစားမိနိုင်ပြီး တကယ်ကိုလဲ သေကြောင်း ကြံနီုင်ပါတယ်။ဒီဆိုးကျိုးတွေအပြင် အောက်ဖေါ်ပြပါ စိတ်အခြေအနေတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။• စိတ်ကျခြင်း။• စိတ်ပူခြင်း။• စိတ် အစွန်းရောက်ခြင်း။• ဒဏ်ရာရပြီး စိတ်ဖိစီးခြင်း။ဒီ စိတ်ရောဂါ အခြေအနေတွေဟာလည်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။Borderline personality disorder ဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဖြစ်လာပြီလိုရင် ခံစားချက်တွေကို ထိန်းချုပ်လို့ မရတော့ပါဘူး။ သင့်မှာ ပြင်းထန်ပြီးအစွန်းရောက်တဲ့ စိတ်တိုမှုတွေ၊ တစ်ယောက်တည်း နေရမှာ ကြောက်ရွံ့မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သင့်ကိုယ်ခန္ဓါ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး နောက်ဆုံးမှာ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/borderline-personality-disorder/
အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား
ဟဲ့…… နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ…… ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။ အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား ဆိုတာလေးတွေပါ။အူမကြီးကင်ဆာက အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်တွေမှာလည်း မဖြစ်နိုင်ဘူးလို့ အတိအကျ တွေ့ရှိချက် ရှိမနေပါဘူး။ သဘောကတော့ ဖြစ်နိုင်ခြေရှိပါတယ်။အူမကြီးဆိုတာ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သူတို့ စဖြစ်တဲ့နေရာကိုလိုက်ပြီး ခေါ်ဝေါ်တာ ပြောင်းလဲနိုင်ပါတယ်။အူမကြီးကင်ဆာက များသောအားဖြင့် အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်နံရံမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ စဖြစ်ရာကနေ အစပြုလာတာပါ။ အစကတော့ အကျိတ်အဖု သေးသေးလေးပေါ့ နောက်မှ အဆမတန် ကြီးထွားရင်း ကင်ဆာဖြစ်လာတာပါ။အူမကြီးကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းကို အခုထိတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကတော့ အူမကြီး ကင်ဆာ ခံစားရနိုင်ခြေများစေပါတယ်။အထူးသဖြင့် မျိုးရိုးလိုက်ရောဂါရှိသူတွေ၊ အူမကြီးအသားပိုရှိသူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။အူမကြီး ကင်ဆာခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အူမကြီးကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတွေ မြင်ရပြီဆိုရင်။ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အ​ခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။အူမကြီးကင်ဆာက စောစောသိ စောစောကုသနိုင်ရင် အကောင်းဆုံးပါ။ ဒီတော့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါ။ ဆရာဝန်က အဆင်ပြေဆုံးဖြစ်မယ့် ကုသမှုကို လမ်းညွှန်ပေးမှာပါ။အူမကြီး ကင်ဆာနဲ့ ပတ်သက်တဲ့ အသုံးအများဆုံး ကုထုံးတစ်ခုကတော့  အူမ​ကြီးထဲက အကျိတ်ကို ဖယ်ရှားတာပါ။ ဒီလို ဖယ်ရှားတဲ့အခါ။ဒါ့ပြင်င်။ကုထုံးတွေကိုလည်း သေချာ ခံယူမယ်။ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းမယ်။ အာဟာရပြည့်ဝ မျှတအောင် စားမယ်။ လေ့ကျင့်ခန်း လုပ်မယ်။ ပုံမှန် စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် အူမကြီးကင်ဆာရှိရင်တောင် သက်တမ်းစေ့စေ့ နေနိုင်မှာပါ။ကဲ…… အသက်ကြီးမှရယ်မဟုတ်ဘဲ သက်လတ်ပိုင်းအရွယ်မှလည်း ခံစားရနိုင်ခြေရှိတဲ့ အူမကြီးကင်ဆာကို သေချာလေး ဂရုစိုက် စောင့် ကြည့် ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/is-colorectal-cancer-not-attacking-only-old-people-or-not/
နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုနည်း
နှလုံးအမောဖောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်အချိန်များစွာရှိတတ်သည်။ထိုသို့ဖြစ်ခြင်းကို နောက်ဆက်တွဲရောဂါများနှင့် ဘေးရန်များ ဖြစ်နိုင်ချေရှိသည့် အရေးပါ်အခြေအနေများအဖြစ်သတ်မှတ်ထားသည်။ထို့ကြောင့် နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုလုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။ထို့အပြင် သင်သည် ရင်ဘတ်အောင့်ခြင်းကို 15 မိနစ်ထက်ပိုခံစားရပါက သင့်တွင်နှလုံးအမောဖောက်နိုင်ချေ အလွန်များနေပြီဖြစ်သည်။ကျန်းမာရေးအကူအညီကို ချက်ချင်းရယူပါ။သင်သည် နှလုံးအမောဖောက်နေသည်ကို မြင်တွေ့ရပါက လူနာတင်ယာဉ်တစ်စီးအားချက်ချင်းခေါ်ဆိုပါ။လူနာတင်ယာဉ်ရရှိရန်ခက်ခဲနေပါက ထိုလူအား အနီးဆုံးကျန်းမာရေးစင်တာသို့မောင်းခေါ်သွားပါ။သင်ကိုယ်တိုင်အမောဖောက်နေပါက ဘေးလူများဆီမှအကူအညီတောင်းပါ။ထိုအခြေအနေများတွင် ကားအက်စီးဒင့် ဖြစ်ခြင်းစသော မလိုအပ်သည့်နောက်ဆက်တွဲပြဿနာများမဖြစ်ရန် သင်ကိုယ်တိုင်ကားမမောင်းပါနှင့်။အက်စပရင်အချို့ကို ရှာဖွေရယူပါ။လူနာတင်ယာဉ်စောင့်နေစဉ်တွင် အမောဖောက်နေသူအား အက်စ်ပရင်တစ်ပြားကို ဝါး၍ မျိုချထားခိုင်းထားပါ။အက်စ်ပရင်နှင့်ဓါတ်မတည့်ခြင်းမရှိပါစေနှင့်။ညွှန်းထားသောဆေးများကို သောက်သုံးပါ။သင်သည်နှလုံးရောဂါသည်ဖြစ်ပါက သင့်တွင် ညွှန်းထားသောဆေးများရှိပြီးဖြစ်သည်။ထိုဆေးများကို ချက်ချင်းသောက်သုံးပါ။သင်နှင့်ရောဂါတူနေသည်ပင်ဖြစ်လင့်စေကာမူအခြားသူများထံမှမည်သည့်ဆေးမှမသောက်ရန်လိုအပ်သည်။အကယ်၍လူနာသည် သတိလစ်သွားပြီး (အသက်ရှူရပ်မှသာလျှင်) သင်သည် စီပီအာ အားလေ့ကျင့်ထားပါက မှန်ကန်စွာပြုလုပ်ပါ။သင့်တွင် အတွေ့အကြုံမရှိပါက ကျန်းမာရေးစင်တာတစ်ခုကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပြုလုပ်လိုက်ပါ။အများအားဖြင့်သင့်အား ပါးစပ်မှလေမှုတ်ထည့်ခြင်းမပါပဲ ရင်ဘတ်ကို မှန်မှန်ကန်ကန်ဖိပေးနိုင်ရန်သာ ပြောပြတတ်ကြသည်။နီသည့်အသားများ၊ပြည့်ဝဆီများ၊ဆား၊သကြားများကို လျှော့စားပါ။အသီးအရွက်များ၊အစေ့အနှံများ၊နှင့် အိုမီဂါ3ပါသည့် ငါးဆီအား များများစားပါ။သိပ်မပြင်းထန်သည့်လေ့ကျင့်ခန်းများဖြစ်သော ရောဂါ (သို့)လမ်းလျှောက်ခြင်းတို့ကို တက်တက်ကြွကြွဖြစ်စေရန်ပြုလုပ်ပါ။စိတ်ဖိစီးမှု(သို့)ပြင်းထန်သောစိတ်ခံစားမှုများမရှိနိုင်ရန်ကြိုးစားပါ။အရက်နှင့်ဆေးလိပ်ဖြတ်ပါ။ထိုအကျင့်ဆိုးများသည် နှလုံးရောဂါများအပြင် ဆီးချို၊သွေးတိုး(သို့)အဝလွန်ခြင်း စသောရောဂါနှင့်ဘေးရန်များစွာလည်း ဖြစ်စေနိုင်ပါသည်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%99%e1%80%b1%e1%80%ac%e1%80%96%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90/
စက္ကူရုပ်လေးတွေခေါက်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေရယူလိုက်ပါ
စက္ကူရုပ်လေးတွေခေါက်ရတာကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ သင်ဟာ ဝါသနာပါတာကိုလုပ်ရင်းကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိနေတဲ့သူတစ်ယောက်လို့ပြောပါရစေ။ စက္ကူရုပ်ခေါက်တာကလက်ချောင်းကြွက်သားလေးတွေကို သန်မာစေနိုင်သလိုအာရုံစူးစိုက်မှုကိုကောင်းမွန်စေပြီး သိမြင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသေးတယ်။စက္ကူရုပ်ခေါက်တာက ရုပ်ကိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ စက္ကူရုပ်ခေါက်တဲ့အခါ လက်ချောင်းလေးတွေကို အသုံးပြုရသလို၊ မျက်လုံးကိုလည်း အသုံးပြုရပါသေးတယ်။နောက်တစ်ခုကတော့စိတ်အာရုံကိုစုစည်းထားရတာပါ။ ဒီလိုလုပ်ပေးခြင်းကြောင့်။စိတ်ဖိစီးမှုတွေရှိတဲ့အခါ စက္ကူရုပ်လေးတွေခေါက်တာကလည်း တရားမှတ်သလိုမျိုးပဲ စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ စက္ကူလေးတွေခေါက်ရင်း အရုပ်လှလှလေးတွေဖြစ်သွားတဲ့အခါ စိတ်ကျေနပ်မှုရရှိစေတာပါပဲ။ ဦးနှောက်ကိုလည်း အသစ်သစ်တွေဖန်တီးနိုင်စွမ်းဖြစ်အောင်လှုံ့ဆော်ပေးပြီးသားဖြစ်စေပါတယ်။ပြန်လည်သန်စွမ်းရေးအတွက်လည်း စက္ကူရုပ်ခေါက်တာက အသုံးဝင်ပါတယ်။လေဖြတ်ထားသူတွေ နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ထားသူတွေအတွက် လေ့ကျင့်ခန်းတစ်ရပ်အနေနဲ့လည်း စက္ကူရုပ်ခေါက်တာကို အသုံးပြုကြပါတယ်။ စိတ်ကျန်းမာရေးကိုကောင်းစေသလို လူမှုပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် စက္ကူခေါက်တာကို ဝါသနာပါတယ်ဆိုရင် အားလပ်တဲ့အချိန်တွေမှာ စိတ်အပန်းဖြေတဲ့အနေနဲ့ခေါက်ရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။စက္ကူရုပ်ခေါက်တာက ကလေးတွေမှာဆိုရင်သင်ယူနိုင်စွမ်းကိုတိုးတက်စေနိုင်သလို လက်ကြွက်သာတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကိုရော ညာဘက်ခြမ်းကိုပါလေ့ကျင့်ပေးရာရောက်ပြီး စိတ်ကူးဉာဏ်ကောင်းစေနိုင်ပါတယ်။ စက္ကူပြန့်ပြန့်လေးတစ်ရွက်ကို ကစားစရာအရုပ်လေးတစ်ရုပ်အဖြစ်ဖန်တီးနိုင်မှုက ကလေးတွေကိုစိတ်ကျေနပ်မှုရစေနိုင်သလို ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်မှာပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကိုလည်း စက္ကူရုပ်လေးတွေခေါက်တတ်အောင် သင်ပေးပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်အောင်ပျိုးထောင်ပေးပါ။ဝါသနာပါတာလေးလုပ်ရင်း ကဲ ဘယ်လိုလဲ စက္ကူရုပ်လေးတွေခေါက်တော့မလား Hello ဆရာဝန်ပရိသတ်ကြီး…….။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%85%e1%80%80%e1%80%b9%e1%80%80%e1%80%b0%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%81%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%9b%e1%80%84/
ဆေးလိပ်မဖြတ်ခင်သိသင့်သောအရာများ
ကျွန်တော်တို့၏ခန္ဓါကိုယ်တွင်ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ဆိုးကျိုးများအား ကျွန်တော်တို့သိကြပြီးဖြစ်သည်။ သို့သော်လည်း လူအများအပြားသည် ဆေးလိပ်သောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအမောများပြေ၍ စိတ်ဖိစီးမှုများအား ဆေးလိပ်သောက်ခြင်းဖြင့် ဖြေဖျောက်နိုင်သည်ဟု လူအများကယုံကြည်နေ၍ဖြစ်သည်။သို့သော် ဆေးလိပ်သောက်ခြင်းသည် ခန္ဓါကိုယ်တွင် ဖိစီးမှုများသာ ပို၍ဖြစ်စေသည်။ လေ့လာမှုများအရ နီကိုတင်းသည် သင်၏နှလုံးအား အလုပ်ပိုလုပ်စေသည်။ သင့်ကိုယ်တွင်းရှိအောက်ဆီဂျင်ထောက်ပံ့မှုကိုလည်း လျော့ကျစေသည်။ သင်သည်ထိုအချက်ကိုသတိထားမိ၍။ဆေးလိပ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးသည်လည်းဖြစ်နိုင်သည်။ နီကိုတင်း၏လှံူ့ဆော်မှုမရှိပါက သင်၏ဖိစီးသည့် ဘဝသည်သင့်ထံ ပြန်ရောက်ရှိလာမည်ဟု သင့်အနေဖြင့် တွေးကြောက်နေသည်မှာ မြင်သာလှသည်။ သင်ဆေးလိပ်မဖြတ်ခင်တွင် ဖိစီးမှုအားကိုင်တွင်ဖြေရှင်းရန် သင်သိသင့်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ရှေးဦးစွာ နီကိုတင်းကိုဖြတ်ပြီးပါက မည်သည့်အရာများနှင့် ရင်ဆိုင်ရတတ်သည်ကို စိတ်ထဲသိအောင်လုပ်ပါ။ ဆေးလိပ်ဖြတ်သောအခါ။သင်သည် စိတ်ဓါတ်ကျစရာကောင်းသော စိတ်ဖိစီးမှု၊စိတ်တိုလွယ်ခြင်း စသည်တို့ကို ရင်ဆိုင်ရမည်ဟုသိထားပါ။ အကောင်းမြင်ရန်ကြိုးစားကြည့်ပါ။ မိမိကိုယ်ကိုယုံကြည်သူများသည် အောင်မြင်ရန်အခွင့်အလမ်းပိုများသူများ။ဖြစ်သည်။ ပထမဦးဆုံးအကြိမ်ဆေးလိပ်ဖြတ်ရာတွင် ကောင်းစွာမဖြတ်တောက်နိုင်ခြင်းလည်း ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း သင့်ကိုယ်သင် စိတ်မပျက်ပါစေနှင့်။ ဆေးလိပ်သောက်သူအများစုသည် ပထမကြိုးစားမှုတွင် မအောင်မြင်ကြပေ။စိတ်ဖိစီးမှုအား ဖြေရှင်းရန်အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပျော်ရွှင်ကြည်နူးစရာအချိန်တခုပေးခြင်းဖြစ်သည်။ ဆေးလိပ်မှလွဲ၍ သင်ကြိုက်သောအခြားအရာများကို တွေးကာ လုပ်ကိုင်ကြည့်ပါ။သင်ကြိုက်တတ်သောသီချင်းအား နားထောင်ခြင်း (သို့) သင်၏အိမ်မှခွေးနှင့် အိမ်နားပတ်ဝန်းကျင်တွင် လမ်းလျှောက်ထွက်ခြင်းတို့သည်လည်း အထောက်အကူပြုနိုင်သည်။ သင့်စိတ်အားပေါ့ပေါ့ပါးပါးထားပြီး ပထမဦးဆုံးအကြိမ်သင်ဘာကြောင့်ဆေးလိပ်သောက်ချင်ခဲ့သည်ကိုသင့်ဘာသာသင် ပြန်တွေးကြည့်ပါ။ ထိုအရာမှ သင်စခဲ့သောအရာအား ပြန်အဆုံးသတ်နိုင်ပေးနိုင်သည့် လုံလောက်သည့် စိတ်ဓါတ်ခွန်အားတို့ကိုပေးပါလိမ့်မည်။ဆေးလိပ်ဖြတ်နေခြင်းအား သင့်တွင်လုံးဝအရှံူးပေးချင်သွားသောအချိန်များလည်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် သင့်အတွက်ရင်ဖွင့်ရန် လူတစ်ဦးလိုပေလိမ့်မည်။ ဆေးလိပ်မဖြတ်ခင်တွင် သင်ချစ်ခင်လေးစားယုံကြည်ရသောသူများနှင့် သင့်အား နားလည်ပြီးထောက်ပံ့ပေးနိုင်သူများအား စဉ်းစားကြည့်ပါ။ သင်စိတ်ဖိစီးလာပါကထိုသူများထံသွားပါ။ ထိုသူ။များနှင့် ပေါင်းသင်းဆက်ဆံခြင်း၊စကားစမြည်ပြောခြင်းသည် သင့်၏ဖိစီးမှုများကို လျှော့ချပေးနိုင်ပါသည်။ သင်လိုအပ်ချိန်တိုင်းလည်း အကြံညံနှင့် အခြားသောအကူအညီတောင်းခံရန် သင့်တော်လှသည်။ တစ်ဦးတည်းသာ ရုန်းကန်၍ ဆေးလိပ်မဖြတ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ဖိစီးမှုသာပိုများလာနိုင်၍ဖြစ်သည်။စိတ်ဖိစီးမှုဆိုသည်မှာ ဘဝ၏ပုံမှန်ဖြစ်နေကျ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာအားသင်မထိန်းချုပ်နိုင်သော်လည်း သင့် လဲကျမသွားစေရန်။မည်ကဲ့သို့ထိုစိတ်ဖိစီးမှုများကို ကိုင်တွယ်ရမည်ကို လေ့လာထားနိုင်သည်။ သင်သည် အထက်ပါအကြံပေးချက်များ၊ပြင်ဆင်မှုများနှင့် ဆေးလိပ်ဖြတ်သောအခါ။တွေ့ကြုံရမည့် ခက်ခဲသောအချိန်ကာလအချို့ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ပါစေဟု မျှော်လင့်ချက် နှင့် ဆုတောင်းပေးလိုက်ပါသည်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%81%e1%80%84%e1%80%b9%e1%80%9e%e1%80%ad%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%b1/
ရင်သားထွားထွား ရောဂါများများ
ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား။ ရင်သားထွားထွား ရောဂါများများ ဆိုတာကိုရော သတိထားမိရဲ့လား။ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ရင်သားကြီးတာက တကယ်ရောကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက တချို့သော ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောရတာက ရင်သား ကြီးတာက။ရင်သား ကြီးတာကကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီးကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ပခုံး၊ နောက်ကျော၊ ခါး စတဲ့နေရာတွေမှာနာတာရှည် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ဆိုရင် သင့်တော်တဲ့ ဘရာကို ဝတ်တာက ကောင်းဆုံးသော နည်းလမ်းပါ။ရင်သား အရွယ်အစား ကြီးမားတဲ့အမျိုးသမီးတွေဟာ ရင်သား အထက်ပိုင်းချိုင်းကြားနေရာတဝိုက်မှာ အဆီတက်တာကို ခံစားရနိုင်ပါတယ်။ လူကို အပေါ်ပိုင်း ကြီးသယောင်ယောင် ဖြစ်စေပါတယ်။ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာချွေးစိုစေပြီးအရေပြားမှာအင်ပျဉ်လို အဖုအပိမ့်တွေဖြစ်တာ၊ ကုတ်ရာကနေတဆင့် ပိုးဝင်တာ၊ အရေပြားမှာ ချွေးတွေ တစ်ချိန်လုံး စိုစွတ်နေရာကနေမှိုပိုးဝင်တာ၊ အသား ယားတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီအရေပြားပြဿနာက ကုသပေမယ့် ခဏခဏ ပြန်ဖြစ်နိုင်ပါတယ်။ ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာ ပိုးတွေ အလွယ်တကူ ခိုအောင်းနေနိုင်ပါတယ်။ရင်သားကြီးတာက နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေပါတယ်။လေ့ကျင့်ခန်းလုပ်တာကအစ ပုံမှန် လှုပ်ရှားမှု အဆုံး လုပ်ဆောင်မှု အားလုံးနီးပါးကို အခက်ခဲဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း သင့်တော်တဲ့ sport braကို ဝတ်ဆင်သင့်ပါတယ်။ရင်သား ကြီးတာက ရင်ဘတ်မှာ မလိုအပ်ဘဲ အလေးချိန် ပိုစေပြီး နေရထိုင်ရ သက်သောင့်သက်သာ မရှိစေရုံတင် မကပါဘူး။ အသက်ရှူရ မဝတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အဝတ်အစား ကျပ်ကျပ်တွေ ဝတ်တဲ့ အခါမှာပေါ့။ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်။ရင်သားတစ်ရှူးတွေ ပိုများတဲ့အတွက် ရင်သားသေးတဲ့ အမျိုးသမီးတွေထက်စာရင်တော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဖြစ်ကို ဖြစ်မယ်လို့ ပြောတာမဟုတ်ပေမယ့် မိမိရင်သားကို ပိုပြီး ဂရုစိုက် စစ်ဆေးသင့်ပါတယ်။ရင်သားထွားတာက ဒီလိုတွေတင် ထိခိုက်စေတာ မဟုတ်ဘဲ ရင်သွေးလေးကို နို့ချိုတိုက်ကျွေးရာမှာလည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြီးတိုင်း မကောင်းတဲ့အထဲမှာ ရင်သားကလည်း တစ်ခု အပါအဝင်လို့ ပြောပါရစေ။# ရင်သားကင်ဆာ ဖြစ်နိုင်လား ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/big-breast-health-risks/
ကိုယ့်ကိုယ်ကို အကောင်းပြောအားပေးခြင်းက ဘယ်လိုခြားနားခြင်းတွေ ပေးစွမ်းနိုင်သလဲ
ကိုယ့်ကိုယ်ကိုစကားပြောတယ်ဆိုတာကစိတ်ထဲမှာသင့်ကိုယ်ကိုသင်စကားပြောနေခြင်းပါ။ ယုံချင်ယုံ၊ မယုံချင်နေပါ။ သင့်ကိုယ်သင်ဘယ်လိုပြောလဲဆိုတာကသင့် စိတ်ခံစားချက်နဲ့အပြုအမူအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ဒါကြောင့်လည်းသင့်ကိုယ် သင် ပြောဖြစ်တဲ့ကိုယ်လက်လှုပ်ရှားမှုအကြောင်းတွေ၊ ကျန်းမာရေးအကြောင်း။တွေကိုသတိပြုမိဖို့လိုပါတယ်။ ဒါကသင့်ရဲ့အစီအစဉ်အတိုင်းလုပ်လုပ်မလုပ်လုပ်သင့်ရဲ့လုပ်ဆောင်ချက်တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။သင့်ကိုယ်သင် “ငါကကြံ့ခိုင်တဲ့အကောင်မှမဟုတ်တာ၊ဒီလိုလေ့ကျင့်ခန်းတွေဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဒီလိုမျိုးသင်ကျရှုံးစေနိုင်မယ့်စကားတွေမပြောပါနဲ့။ကံကောင်းစွာနဲ့ပဲသင့်ရဲ့မကောင်းမြင်တဲ့မိမိကိုယ်ကို ပြောစကားတွေကိုလက်တွေ့ကျတဲ့အကောင်းမြင်တဲ့အတွေးတွေအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။နောက်တစ်ခါ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီးသင့်အနေနဲ့မကောင်းတဲ့အတွေးတွေးမိရင်အဲဒီမကောင်းတဲ့အတွေးကိုပစ်ချပြီး ကောင်းမွန်တဲ့အားပေးစကားကိုမိမိကိုယ်ကိုပြန်ပြောနိုင်အောင်ကြိုးစားပါ။အဆိုးမြင်အတွေး။ဥပမာ-ငါအရင်တစ်ပတ်ကတစ်ရက်မှလမ်းမလျှောက်ခဲ့ဘူး။ ငါဟာလေ့ကျင့်ခန်းဘက်မှာလုံးဝအရှုံးသမားပဲ။အကောင်းဘက်ကပြန်တွေးရင်အရင်အပတ်က၇ရက်မှာ၄ရက်လမ်းလျှောက်ခဲ့တယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။အကောင်းကိုအဆိုးတွေးခြင်း။ဥပမာ-ငါကားကိုစတိုအပေါက်ဝကနေ အဝေးကြီးမှာ ပါကင်ထိုးတာက အနီးမှာထိုးစရာပါကင်ရှာမတွေ့လို့။အကောင်းဘက်ပြန်တွေးရင် ။ ။ ငါလမ်းလျှောက်ရတာကြိုက်လို့၊လမ်းလျှောက်တာကကျန်းမာရေးလည်းကောင်းလို့။အကြမ်းဖျင်းတွေးတောခြင်း။ဥပမာ-ငါမပြေးနိုင်ဘူး။ ဒါကြောင့်ငါကျန်းမာရေးကောင်းဖို့လုံလောက်တဲ့လေ့ကျင့်ခန်းမရခဲ့ဘူး။အကောင်းဘက်ပြန်တွေးရင်။ ။ ငါလမ်းလျှောက်ဖြစ်တာဝမ်းသာတယ်။ ဘာလေ့ကျင့်ခန်းမှမလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။အဆိုးဘက်ကအဓိပ္ပါယ်ကောက်ခြင်း။ဥပမာ-ဆရာဝန်ကငါလေ့ကျင့်ခန်းမလုပ်ခင်ခြေထောက်ကိုစစ်ဆေးခိုင်းတယ်။ ဒါက လေ့ကျင့်ခန်းလုပ်တာကငါ့ခြေထောက်အတွက်မကောင်းလို့နေမယ်။အကောင်းဘက်ကတွေးရင်။ ။ ငါ့မှာဆီးချိုရှိတဲ့အတွက်ငါ့ခြေထောက်ကိုဂရုစိုက်ရမယ်။ ဆရာဝန်ကစစ်ဆေးခိုင်းလိုက်တာကောင်းတယ်။တစ်ကိုယ်ကောင်းအတွေး။ဥပမာ-မိုးလေဝသကငါနဲ့ဆန့်ကျင်ဘက်ပဲ။ ငါလမ်းလျှောက်ဖို့စီစဉ်ထားပေမယ့် မိုးက သည်းကြီးမည်းကြီး တောက်လျှောက်ရွာနေတယ်။အကောင်းဘက်ကပြန်တွေးရင်။ ။ မိုးလေဝသဆိုတာခန့်မှန်းလို့မှမရပဲ။ ငါဒီနေ့လိုမျိုးမိုးရွာတဲ့နေ့တွေမှာအိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%bb%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%bb%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%bb%e1%80%b8%e1%80%b1/
ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ
ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေ တင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။တုပ်ကွေး ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာတုပ်ကွေး ကူးစက်နိုင်ခြေမြင့်တဲ့အပြင် သေဆုံးနိုင်သည်အထိ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။အသက် ၆လနဲ့ အထက် ကလေးတိုင်းကို တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးပေးဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကနေ တစ်ဆင့် ပိုပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက်တုပ်ကွေးကာကွယ်ဆေးကို မပျက်မကွက် ထိုးပေးရပါမယ်။အသက် ၆လ မပြည့်သေးတဲ့ ကလေးတွေကိုတော့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးလို့ မရသေးတဲ့အတွက် မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်တဲ့ အုပ်ထိန်းသူတွေ၊ အနီးအနားမှာရှိနေတဲ့ မိသားစုဝင်တွေက ထိုးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ တုပ်ကွေး ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ကလေးနဲ့ နီးနီးကပ်ကပ်နေတာမျိုး မလုပ်သင့်ပါဘူး။လက်ဆေးတဲ့ အလေ့အကျင့်ဟာ ကလေးတွေကို အအေးမိဖျားနာ ကူးစက်နိုင်ခြေကို အများအပြား လျှော့ချပေးနိုင်ပါတယ်။ ကလေးတွေဟာ အရာဝတ္ထုတွေကိုင်တွယ်ပြီး၊ လူတွေနဲ့ ထိတွေ့ပြီး လက်သေချာဆေးဖို့ မေ့တတ်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ ပါးစပ်၊ နှာခေါင်းထဲ ထည့်မိတဲ့အခါ၊ ထမင်းစားမိတဲ့အခါမှာ လက်မှာရှိတဲ့ ရောဂါပိုးမွှားတွေက ဗိုက်ထဲကို ဝင်ပြီး ဖျားနာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်သေချာဆေးဖို့ အလေ့အကျင့်လုပ်ပေးထားပါ။ကိုယ့်ရဲ့ ကလေး လက်သေချာ ဆေးကြောတတ်ဖို့အတွက် လူကြီးတွေက ဘေးနားကနေ အရင်လုပ်ပြပါ။ ပြီးတော့မှ ကလေးတွေကို ကိုယ်တိုင် ဆေးကြောခိုင်းကြည့်ပါ။ အစာမစားခင်နဲ့ အစာစားပြီးချိန်၊ အိမ်သာတက်ပြီး ထွက်လာတဲ့အခါ၊ ကစားပြီးတဲ့အခါ၊ အပြင်က ပြန်လာတဲ့အခါနဲ့ ဘယ်အရာဝတ္ထုကိုမဆို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာဆေးကြောဖို့အတွက် အလေ့အကျင့်လုပ်ထားပေးပါ။အလွယ်တကူ လက်ဆေးလို့ မရတဲ့ နေရာကို ရောက်နေတဲ့အခါမှာ လက်သန့်စင်ဆေးရည်တွေဟာ အသုံးဝင်ပါတယ်။ လက်ပေါ်က ဘက်တီးရီးယားပိုးတွေကို သေစေဖို့ အနံ့သိပ်မပြင်းတဲ့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုလို့ ရပါတယ်။အယ်လ်ကိုဟောလ် အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်စင်ဆေးရည်မျိုးတွေကို ဝယ်ထားပြီး ကလေးတွေ အိတ်ထဲမှာ ဆောင်ပေးထားပါ။ သတိထားရမှာကတော့ လက်သန့်စင်ဆေးရည်တွေဟာ လက်အတွက် သီးသန့်အသုံးပြုရတာ ဖြစ်ပြီး ပါးစပ်ထဲကို ဝင်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတတ်တယ်ဆိုတာကို ကလေးတွေ မှာထားပေးဖို့ လိုပါတယ်။လက်ကိုင်ပဝါနဲ့ ပါးစပ်အုပ်ပြီး ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ရောဂါပိုးတွေကို သူများတွေဆီ မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေကို ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ ပါးစပ်ကို အုပ်တဲ့ အလေ့အကျင့်ကို လုပ်ပေးထားပါ။အဓိကအနေနဲ့အိပ်ချိန်မှန်ရပါမယ်။ အိပ်ချိန်မှန်မှ ကိုယ်ခံအားကောင်းပြီး ဝင်လာမယ့် ရောဂါပိုးတွေကို ကောင်းကောင်းခုခံနိုင်မှာပါ။ ကလေးတွေအတွက် ဗီတာမင်ဓာတ်ပေါကြွယ်ဝပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးပါ။သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ ပဲ၊ ဥ၊အစေ့အဆန်အစရှိသဖြင့် အမျိုးအစားစုံလင်အောင် ချက်ပြုတ်ကျွေးမွေးဖို့ အရေးကြီးပါတယ်။တုပ်ကွေးကာကွယ်ဆေးကို လူကြီးတွေလည်း နှစ်စဉ် ထိုးပေးရပါမယ်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေကို အုပ်ထိန်းနေရတဲ့ လူကြီးတွေဆိုရင် ပိုပြီးတောင် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ ကလေးတွေကို ခေါ်သွားတာမျိုး တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။တုပ်ကွေးဟာ အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မိသားစုဝင်တွေမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် ကိုယ့်ကလေးနဲ့ နီးနီးကပ်ကပ် မနေသင့်ပါဘူး။ ကိုယ့်ရဲ့ကလေး ဖျားနေတယ်လို့ သံသယရှိပြီဆိုရင် နီးစပ်ရာဆေးခန်းကို သွားပြီး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကိုယ့်ရဲ့ ကလေး ကျန်းမာရေးအခြေအနေကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ အခုလို နည်းလမ်းလေးတွေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/preventing-flu/
ဆေးလိပ်ဖြတ်နည်း
ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးပါမကသင့်ပတ်ဝန်းကျင်ရှိလူများကိုပါကထိခိုက်စေသည်။ သို့သော်ဆေးလိပ်စွဲနေသူအများစုသည် ဆေးလိပ်သာနည်း မျိုးစုံဖြင့် စွဲသောက်နေကြကာ မည်ကဲ့သို့ဆေးလိပ်ဖြတ်ရမည်ကို မသိဖြစ်နေတတ်သည်။ အကယ်၍သင်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်နေခဲ့လျှင် ယခုဆောင်းပါးသည် အကျိုးရှိသည့် နည်းလမ်းများကို ပေးပါလိမ့်မည်။ပင်မအာရုံကြောစနစ် –စီးကရက်၏ ပါဝင်မှုတစ်ခုဖြစ်သော နီကိုတင်းသည် စိတ်ကိုပြောင်းလဲစေနိုင်သည်။ ခဏတာသာ။သင့်အားတက်ကြွလန်းဆန်းအောင်ဆောင်ရွက်ပေးနိုင်သောအရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်သင်သည် ဆေးလိပ်အားစွဲလမ်းလာ၍ပိုမိုပင်ပန်းလာတတ်သည်။အသက်ရှူလမ်းကြောင်းစနစ် –ဆေးလိပ်ငွေ့ကို အသက်ရှူလမ်းကြောင်းစနစ်ထဲသို့ရှူမိသောအခါသင်၏အဆုတ်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။ ကြာလာသောအခါ သင်၏အဆုတ်သည် ဘေးဥပဒ်ဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများအားစစ်ယူနိုင်သည့်စွမ်းအားကို ဆုံးရှံူးသွားလိမ့်မည်။အချို့သောအဖြစ်များသည့် အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါများမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊အအေးပက်ခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ဖြစ်သည်။နှလုံးနှင့်သွေးလည်ပတ်မှုစနစ် –နီကိုတင်းသည် နှလုံးနှင့်သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကို ထိခိုက်စေသည်။ ဆေးလိပ်ငွေ့အားရှူရှိုက်မိသောအခါ သင်၏သွေးထဲရှိသကြားဓါတ်သည် အနည်းငယ်မျှ တက်လာသည်။ တနည်းအားဖြင့်ဆိုသော် ဆေးလိပ်ငွေ့သည်ကောင်းသောကိုလက်စထရောပမာဏများကို လျော့ကျစေပြီးသွေးတိုးစေကာ သွေးခဲများဖြစ်ရန်ပိုမိုအားပေးတတ်သည်။အရေပြား၊ဆံပင်နှင့်လက်သည်း၊ခြေသည်းစနစ်များ –စီးကရက်ငွေ့သည် သင်၏အရေပြားပုံစံကို ပြောင်းလဲစေကာ အကွက်များ၊မှဲ့ခြောက်များနှင့်။ရုပ်ရင့်ခြင်းတို့ကိုဖြစ်စေနိုင်သည်။အစာလမ်းကြောင်းစနစ် –ဆေးလိပ်သောက်ခြင်းသည် သွားများပျက်စီးခြင်း၊သွားကျွတ်ခြင်း၊နှင့်ခံတွင်း နံ့ဆိုးခြင်း စသည့် ခံတွင်းရောဂါများကို ဖြစ်ပွားစေနိုင်သည်။ အချို့သော ခံတွင်း၊လည်ချောင်းနှင့် အစာမျို ပြွန်ကင်ဆာများသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟုယူဆရသည်။သင့်တော်သော ဆေးများ –မည်သည့်ဆေးဝါးများသည် သင်၏ နီကိုတင်းစွဲလမ်းမှုကို လျော့ကျ၍အစားထိုးပေးနိုင်သည်ကို သင်၏ဆရာဝန်အားမေးမြန်းပါ။နီကိုတင်းပီကယ်။နီကိုတင်းကပ်ခွာ။နီကိုတင်း နှာဖြန်းဆေး။နီကိုတင်းရှူဆေးစသည်ဖြင့် ရှိတတ်သည်။အကြံဉာဏ်၊အကူအညီတို့ကို တောင်းခံခြင်း –ထိုသို့ပြုလုပ်ခြင်းမှ သင့်ကိုယ်သင် သတိထားမိကာ ဖြစ်ပွားရသည့်အကြောင်းအရင်းကို သိလာနိုင်သည်။ ထို့နောက် နည်းဗျူဟာများချကာ ဆေးလိပ်ဖြတ်ရန် ဖြစ်နိုင်သည့် စီမံကိန်းများကို ဆောင်ရွက်၍ ဆေးလိပ်ပြန်လည်စွဲခြင်းကို ကာကွယ်နိုင်ပါသည်။သင်၏ဗဟုသုတကို မြှင့်တင်ခြင်း –အင်တာနက်၊သတင်းစာတို့မှ သတင်းအမှန်အကန်များနှင့် နားလည်တတ်ကျွမ်းသောပညာရှင်များထံမှ ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးနှင့် ကိုယ်တစ်ခုလုံးကိုထိခိုက်စေနိုင်သည့်အကြောင်းကို ရှင်းလင်းစွာသိရန် လေ့လာမေးမြန်းပါ။တိုင်းတာခြင်းနှင့် မှတ်သားထားခြင်း –မည်မျှဆေးလိပ်သောက်သည်နှင့်မည်မျှ။ဆေးလိပ်ဖိုးကုန်ကျသည်၊ဆေးလိပ်မသောက်ပါကမည်မျှစုဆောင်းနိုင်မည်ကို ရှင်းလင်းစွာသိစေရန်ဖြစ်သည်။နီကိုတင်း၏ဘေးအန္တရာယ်ကို သိလေလေ သင့်အတွက် ဆေးလိပ်ဖြတ်ဖို့အခွင့်အလမ်းပိုများလေလေဖြစ်သည်။ဆေးလိပ်ဖြတ်ခြင်းသည် သင်၏ကျန်းမာရေးနှင့်ခန္ဓါကိုယ်ကိုကောင်းမွန်စေသည်သာမက သင်၏ပတ်ဝန်းကျင်ရှိလူများ။အထူးသဖြင့် သင်၏ကလေးနှင့်မိန်းမတို့ကိုလည်း ကောင်းသောအကျိုးကျေးဇူးများပေးနိုင်ပါသည်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8/
မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့
ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲ ဖြစ်ဖြစ် အဆီပိုတွေ ရှိနေရင် ကြည့်မကောင်း ပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေ ရှိနေရင်လည်းကြည့်ရ ဆိုးပါတယ်နော်။ ဒီ အဆီပိုတွေက ကိုယ်နေ့စဉ် စားသုံးနေတဲ့အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတော့မျက်နှာမှာ အဆီ မတက်ချင်ဘူးဆိုရင် မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ လိုက်နာပေးသင့်တာလေးတွေ ကတော့။မျက်နှာလေ့ကျင့်ခန်းလုပ်ပါ။မျက်နှာ လေ့ကျင့်ခန်း လုပ်တာကအဆီပိုတွေဖယ်ရှားပေးပြီး မျက်နှာ အသားအရေကို တင်းရင်းလှပစေ ပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်း ကင်းစေဖို့လည်း အထောက်အပံ့ပေးမှာ အသေအချာပါ။နေ့စဉ် မျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပါ။ကိုယ်အလေးချိန်ထိန်းပါ။မျက်နှာမှာ အဆီတက် လာတာက အရမ်း ဝနေပြီဆိုတဲ့ ပြယုဂ်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ပုံမှန် ခန္ဓါကိုယ် ကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာပေါ်မှာ အဆီပိုတွေ မရှိအောင် လုပ်ဆောင်ပေးပါ။ တစ်ပတ်တာမှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ လောက် အထိ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ အပြေးလေ့ကျင့်တာ၊လမ်းလျှောက်တာနဲ့ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ကွတ်ကီးတွေ၊ ခရက်ကာ နဲ့ အခြားသောကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အဆီတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာ နဲ့ ခန္ဓါကိုယ်မှာ အဆီမစုစေချင်ရင် ကာဗိုဟိုက်ဒရိတ်အများကြီးမစားမိဖို့ သတိပြုပါ။အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အဓိကထားစားသုံးပေးပါ။အိပ်ရေးဝဝအိပ်ပါ။အိပ်ရေးဝတာက ကိုယ်အလေးချိန်ကျစေဖို့တော်တော်လေးအထောက်အကူ ပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ညစဉ် ၇ နာရီ ကနေ ၈နာရီအတွင်း အိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပါ။ အိပ်ရေးပျက်တာများလေလေကော်တီစောဟော်မုန်းပမာဏတိုးလာပြီး ဝိတ်တက်စေနိုင်ပါတယ်။ အဆီပိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/effective-tips-to-lose-fat-in-your-face/
ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ
ဗိုက်ထဲကနာလို့ ရေအိမ်ပြေးလိုက်တိုင်း ဝမ်းအရည်တွေပဲ သွားနေတယ်။ ဒါကလည်း တစ်နေ့မှာ တစ်ကြိမ်လောက်ပဲ မဟုတ်ဘဲ ခဏခဏ ဖြစ်နေတယ်။ ဒီလို ဝမ်းအရည်တွေ သွားနေတာ ဘာကြောင့်လဲ။ ဒီ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဘာလုပ်ရမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ……။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ ၊ လုပ်ဆောင်လို့ရမယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းက။ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ဒါလေးတွေ သုံးဆောင်ပေးလို့ ရပါတယ်။ဓာတ်ဆားရည်။ဒါကတော့ မဖြစ်မနေ သောက်ပေးရမှာပါ၊၊ ဝမ်းသွားပြီဆိုတာနဲ့ ဓာတ်ဆားက စသောက်ရမှာပါ။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်ကို မဖြည့်ရင် ရေဓာတ်ခမ်းခြောက်ပြီး အသက်အန္တရာယ်ရှိတာကြောင့် ဘာမှမသောက်ချင်ဘူးဆိုရင်တောင် ဓာတ်ဆားတော့ ဝင်အောင်သောက်ပေးပါ၊၊ ဝမ်းအရည်သွားတာ အများစုက အလိုလိုသက်သာနိုင်ခြေ ရှိတာကြောင့် ဒီမတိုင်ခင်မှာတော့ လိုအပ်တဲ့ ရေနဲ့ ဆားဓာတ်ကို ဖြည့်တင်းထားဖို့ လိုပါတယ်၊၊။ချင်း (ဂျင်း) က အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးများသလို ဝမ်းအရည်တွေ သွားနေတာကို သက်သာစေနိုင်ပြီး ဝမ်းဗိုက်ကလေး ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ရေနွေးဆူဆူ ထဲမှာ ချင်း (ဂျင်း) လက်တစ်ဆစ်လောက်ကို ထုထည့်ပြီး ရေနွေးနွေးလေးမှာ သောက်ပေးရုံပါ။ချင်း (ဂျင်း)ကမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလိုဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ချင်း (ဂျင်း) သတ္တုရည်ကို ဆားနည်းနည်းလောက်ထည့်ပြီး သောက်ပေးတာက ဝမ်းအရည်တွေ သွားတာကို သက်သာစေပြီး ဝမ်းဗိုက်လေးကို ကျန်းမာစေမှာပါ။အဝင်တော့ နည်းနည်းဆိုးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် သောက်ပေးရုံပါ။ တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာဆို လုံလောက်ပါတယ်။သံပုရာသီးက ဝမ်းအရည်သွားတာကို သက်သာစေနိုင်ပါတယ်။ နံနံပင်က အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ နံနံပင်ကို ကြိတ်ပြီး သံပုရာရည် နည်းနည်းထည့်လို့ သောက်ပေးတာကလည်း ဝမ်းအရည်သွားတာကို သက်သာစေနိုင်ပါတယ်။ပူဒီနံနဲ့ သံပုရာရည် အတွဲအစပ်က ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာခြေရည် ထွက်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း နံရံတွေကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ပူဒီနံကို အနှစ်ဖြစ်အောင် ကြိတ်လို့ သံပုရာရည်နဲ့ သောက်သုံးပေးတာက ဝမ်းအရည်တွေ သွားတာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။သံပုရာသီးက ဗိုင်းရပ်စ်တွေ နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ အစာအိမ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။သံပုရာရည်ကို ဆားလေးနဲ့ ဖျော်ပြီး သောက်ပေးတာကလည်း အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ဝမ်းအရည်တွေ သွားတာကို သက်သာစေနိုင်ပါတယ်။စမုံစပါးစေ့က အစာအိမ်ကို ကျန်းမာစေနိုင်ပါတယ်။ လေပွတာ၊ အစာမကြေတာတွေကို သက်သာစေနိုင်ပါတယ်။ ရေနွေးဆူဆူထဲကို စမုံစပါးထည့်ပြီး နာရီဝက်လောက် စိမ်ထားပြီး ခပ်နွေးနွေး အနေအထားမှာ သောက်ပေးရုံပါ။သလဲသီးကလည်း ဝမ်းအရည်တွေ သွားတာကို သက်သာစေနိုင်ပါတယ်။ သလဲသီးကို ကြိတ်လိုက်လို့ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။ဝမ်းသွားတာ အများစုက ရက်ပိုင်းလောက်နေရင် ပျောက်သွားပေမယ့် တကယ်လို့ မသက်သာရင်  အပေါ်က သောက်စရာတွေကို ဆက်မသောက်ပါနဲ့။ ဒါက အိမ်တွင်းကုထုံးတွေသက်သက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/home-remedies-for-watery-stool/
စားသလောက် ဝမလာရတဲ့အကြောင်းရင်း
အစားများလို့ဝလာတဲ့သူတွေဘက်က ကြည့်ရင် မနာလိုစရာဖြစ်နေပေမယ့် ကိုယ်ဘယ်လောက်စားစား ဝမလာနိုင်တာက စိတ်ကျေနပ်စရာမကောင်းလှပါဘူး။ လူဆိုတာ လှချင်တဲ့အမျိုးမို့ ပိန်လည်းမပိန်၊ ဝလည်းမဝတဲ့ အနေတော်အချိုးအစားလောက်ပဲ လိုချင်ကြမှာသေချာပါတယ်။ ပိန်ပိန်ပါးပါးနဲ့ လှတယ်ဘယ်လောက်ပြောပြောပြည့်ပြည့်လေးတော့(သိပ်မဝတဲ့)ဖြစ်ချင်ကြတာပေါ့။ယူတို့ ဘာလို့ ဝမလာရတာလဲဆိုတော့။အစားတော့စားနေတာပဲ၊ ပိန်နေမြဲ၊ ပိန်နေဆဲပဲဆိုတာက ကိုယ်စားတဲ့အစားအစာတွေထဲမှာ ခွန်အားဖြစ်စေမယ့်အရာတွေနည်းပြီး ကယ်လိုရီအလုံအလောက်မဖြည့်ပေးနိုင်တဲ့အရာတွေများနေတာဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင်အသီးအနှံေတွ၊ အသီးအရွက်တွေနဲ့ ဟင်းရည်တွေလိုမျိုး ဝိတ်လျှော့သူတွေစားသင့်တဲ့ပုံစံအတိုင်း ကိုယ်စားမိနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အနေနဲ့က ကယ်လိုရီများတာတွေ၊ပရိုတင်းများတာတွေကိုပိုစားပေးသင့်တယ်လေ။ ဒါပေမယ့်အဆီများတာ၊အချိုများတွေနဲ့ဝလာတာကိုတော့ရှောင်ပါ။အပေါ်မှာပြောခဲ့သလိုမျိုး လွဲမှားနေတဲ့ စားသောက်မှုပုံစံအတိုင်း ဆက်ပြီးသွားတာက ပိန်မြဲပိန်ဆဲအဖြစ်ကိုမွေးမြူနေတာပါပဲ။ ကျန်းမာရေးနဲ့ညီတဲ့ဘောင်အတွင်းမှာ ပုံစံလေးပြောင်းစားပါ။ အာဟာရနဲ့ကျန်းမာရေးကိုလေ့လာလိုက်စားပြီး အာဟာရကြွယ်ဝ၊ကယ်လိုရီများတဲ့ အစားအသောက်တွေကို မှတ်သားပါ။ ပုံမှန် ပလန်ချပြီး စားပါ။ အဆီမပါတဲ့အသား၊ ပင်လယ်စာ၊ ပဲ စတဲ့အသားဓါတ်ကြွယ်ဝတာတွေကိုလည်း ပိုစားပါ။စားလိုက်တဲ့ ကယ်လိုရီကို အကုန်ပြန်လောင်ကျွမ်းအောင်လုပ်လိုက်မိတယ်ဆိုပါစို့။ အဆီကျကျစ်လျစ်တဲ့ခန္ဓါကိုယ်ကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့။ ယူတို့ အသားပြည့်ပြည့်လေး မဖြစ်လာနိုင်တော့ဘူး။ ကယ်လိုရီစားတာနည်းရတဲ့အထဲ အကုန်ပြန်လောင်ကျွမ်းကုန်တော့ ကုန်ပြီလေ။ ဒါ့ကြောင့် ကယ်လိုရီပိုစားရမယ်ပြောတာပေါ့။အားကစားလုပ်တယ်ဆိုလည်း အကြမ်းတွေမလုပ်သင့်ဘူးနော်။ ဂျင်မ်သွားတယ်ဆိုပေမယ့် ဝိတ်ချချင်တဲ့သူတွေလို လုပ်မိရင်၊ နည်းလမ်းမှားနေရင် ပိုတောင်ကျသွားနိုင်တဲ့အန္တရာယ်ရှိတယ်။ ထရိန်နာကောင်းကောင်းနဲ့သေချာစနစ်ကျမှ အချိုးအစားကျကျ ကိုယ်အလေးချိန်တက်စေမှာပါ။တချို့ကျတော့ အစားအသောက်၊အနေအထိုင် အားလုံးဂရုစိုက်နေထိုင်ပါလျက်နဲ့ ဝိတ်တက်မလာတာက မျိုးဗီဇနဲ့ဆိုင်ပါတယ်တဲ့။လေ့လာမှုတွေအရ လူတွေရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့အခြေအနေတွေဟာ မျိုးဗီဇနဲ့ ၅၀%၊ ပတ်ဝန်းကျင်နဲ့ ၅၀% သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။ အနေအထားတူတဲ့သူတွေထဲမှာမှ တချို့က ဘာလို့ကိုယ်အလေးချိန်ပိုများရသလဲဆိုတာ သုတေသီတွေ အဖြေရှာကြဆဲပါပဲ။ သီအိုရီတစ်ခုကတော့ တချို့လူတွေဟာ သူများတွေထက် ကြီးထွားမှုဟော်မုန်းပိုများတာကြောင့်နေ့စဉ်လှုပ်ရှားမှုတွေအတွင်း ခွန်အားပိုသုံးရတာမျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။ဘယ်လိုကြိုးစားကြိုးစား ထူးမလာတော့ဘူး၊ ကိုယ်အလေးချိန်တက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးရောဂါရှာဖွေစစ်ဆေးပါ ဒါမှမဟုတ် ကိုယ်သောက်သုံးနေရတဲ့ဆေးတွေကို စစ်ဆေးပါ။သိုင်းရွိုက်ပြဿနာရှိနေတာ၊ ဆီးချိုဖြစ်နေတာကို မသိတာ၊ အစာအိမ်ပြဿနာတာရှည်နေတာတွေက အကြောင်းရင်းထဲပါဝင်နေနိုင်ပါတယ်။ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုရှိနိုင်တဲ့ရောဂါအခံတစ်ခုခုရှိနေတယ်ဆိုရင် အရင်ကုသလိုက်မှ ကျန်းမာဝဖြိုးလာနိုင်ပါလိမ့်မယ်။ကဲ ကျန်းမာရေးနဲ့မညီဘဲ ဝလာစေနိုင်တဲ့ ဝဆေးကို လိုက်ရှာနေမယ့်အစား အဟန့်အတားဖြစ်စေတဲ့အရာတွေကို အရင်ရှာဖွေဖြေရှင်းလိုက်တာပိုကောင်းပါတယ်။ ယူတို့ အမြန်ပဲ ကျန်းမာခြင်းနဲ့အတူ ဝလာနိုင်ပါစေနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9-%e1%80%9d%e1%80%99%e1%80%9c%e1%80%ac%e1%80%9b%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်
အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊အသားဖတ်လေးတွေရယ်ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။ ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။ တကယ်က ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ် ။တချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။တကယ်တော့ ဟော့ပေါ့ဟာဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊အပ်မှိုတွေ၊ပင်လယ်စာတွေ၊ အသီးအရွက်တွေချည်းရှိတော့တာမဟုတ်လား။ ပြီးရင်တော့ အသားတွေ အရွက်တွေကို ကီလိုဂရမ်နဲ့ချီပြီး ထည့်ပြုတ်ကာ အဝအလင် စားပစ်လိုက်ကြပါတော့တယ်။ တချို့များဆို အရည်တောင် ကုန်အောင်ခပ်သောက်ကြတာနော်။ဒီလိုပုံနဲ့တော့ ကိုယ်အလေးချိန်တိုးပြီး ဝလာတာသာ အဖတ်တင်ပါလိမ့်မယ်။ သွေးတိုးသမားတွေဆိုသွေးတိုးပါပိုဆိုးသွားနိုင်တာပေါ့။စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အထူးအရေးပါလှတဲ့ စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) ရဲ့ Department of Endocrinology ကတော့ ဒီအတိုင်းကို သတ်မှတ်ထားပါတယ်။ကျန်းမာရေးနဲ့ ကိုက်ညီတယ်ဆိုပေမယ့် စားသုံးသူပေါ်မှာတော့ မူတည်ပါတယ်တဲ့။ စားသုံးသူရဲ့ ရွေးချယ်မှုပုံသဏ္ဍာန် အပြုအမူတွေကပဲ ဘေးထွက်ဆိုးကျိုးတွေကို လက်ယပ်ခေါ်သလိုဖြစ်စေတာပါလို့ သူတို့ကဆိုပါတယ်။ ဘယ်လိုပါလိမ့်။ဟော့ပေ့ါဟာ ဆားပါဝင်မှုများပါတယ်။ ဒီတော့ ဆိုဒီယမ်ပါဝင်မှုလည်း အတော်ကိုများပါတယ်။ ပုံမှန် ဟော့ပေ့ါဟင်းရည်အိုးတစ်အိုးရဲ့ ဆိုဒီယမ်မာဏဟာ နေ့စဉ်လိုအပ်ချက်ထက် အများကြီး ပိုလွန်နေတတ်ပါတယ်။ဒါပေမယ့် SGH ရဲ့ အဆိုအရဆိုရင်တော့ ဟော့ပေါ့ဟင်းရည်မှာထက် အသားလုံးတွေ၊ ငါးလုံးတွေ၊ ဂဏန်းချောင်းတွေမှာ ပါဝင်တဲ့ ဆိုဒီယမ်ပမာဏဟာ ပိုလို့တောင်များပါတယ်တဲ့။ ပျမ်းမျှ အသားလုံး ၁ လုံးကို ဆိုဒီယမ် ၄၀၀ မီလီဂရမ်နဲ့ ကိုလက်စထရော ၃၀၀ မီလီဂရမ်လောက်ပါဝင်နေတာကို မမေ့ပါနဲ့။တကယ်တော့ ဟော့ပေ့ါဆိုတာဟင်းသီးဟင်းရွက်တွေကို အခြေခံထားတဲ့ အစားအစာတစ်ခုပါ။ ခေတ်တွေပြောင်းလဲလာတာနဲ့ အမျှ အသားတွေ၊ ကလီစာတွေနဲ့ တခြားအမယ်တွေ ထပ်တိုးလာပါတယ်။ အထူးသဖြင့် Saturated fats တွေ ပါဝင်တဲ့ အမယ်တွေ ပိုများလာနေတာကို သတိထားသင့်ပါတယ်။နောက်ပြီး တချို့သော ဟင်းရည်တွေမှာလည်းSaturated fatsတွေ ပါဝင်နေပါသေးတယ်။ ဥပမာ ချုံကင်းစတိုင် ဟင်းရည်၊ တုံယမ်းစတိုင် ဟင်းရည်၊ ဆီချွမ်စတိုင် အပူအစပ်ဟင်းရည်၊ Chinese herbal pork belly ဟင်းရည်နဲ့ ကွန်ဘူဒါရှီ ဂျပန်စတိုင်ဟင်းရည်မျိုးတွေမှာဖြစ်ပါတယ်။ဒါကြောင့် အဆီပိုတွေ ပိုများလာတာ၊ အဝလွန်တာတွေဖြစ်နိုင်သလို ရင်ပူတာ၊ ရေငတ်တာနဲ့ အစာမကြေတာတွေဖြစ်စေနိုင်ပါသေးတယ်။ဒီလိုဆို ဟော့ပေါ့ဆိုတာကြီးက ကျန်းမာရေးအတွက် မသင့်လျော်တော့ဘူးတဲ့လား။ ဒီလိုလည်းမဟုတ်ပါဘူး။ ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ် …..  ဟော့ပေါ့ကို နည်းမှန်လမ်းမှန် မှီဝဲချင်တယ်ဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။Base Soup ရွေးချယ်ရာမှာ Light Soup တွေကို အဓိကရွေးချယ်သင့်ပါတယ်။ Light Soup တွေမှာ ဆိုဒီယမ်ပါဝင်မှု နည်းပါးသလို ဂေါ်ဖီ၊ မှို၊ တိုဖူးစတာတွေပါဝင်တာမို့ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဟင်းရည်သောက်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။အသားလွှာရွေးချယ်ရာမှာ အဆီမပါတာကိုသာ အဓိကရွေးချယ်စားပါ။ ကလီစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ့်မှာ ဒီလိုအကျင့်မျိုးရှိနေရင် ဖျောက်ပါ။ဟော့ပေါ့စားသူအများစုဟာ ခေါက်ဆွဲ၊ ဒါမှမဟုတ် ထမင်းနဲ့ တွဲစားတတ်ကြပါတယ်။ ဒီအချက်က သင့်ကိုကယ်လိုရီရော ကာဘိုဟိုက်ဒရိတ်ပါ တက်လာအောင် လုပ်ပါလိမ့်မယ်။မုန်လာဥနီ၊ ဂေါ်ဖီ၊ ကညွတ်၊ မှို၊ ဂေါ်ဖီပွင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ တာအိုးရွက်၊ ပဲစိမ်းစတဲ့ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသောက်ပေးပါ။အချဉ်ရွေးချယ်ရာမှာ ငရုပ်သီး၊ ကြက်သွန်တို့ပါတဲ့ ဆော့စ်မျိုး၊ ဗီနီဂါပါတဲ့ ဆော့စ်မျိုး၊ ဆီသန့်ကို အခြေခံထားတဲ့ Light Sauce မျိုးတွေကို အဓိက ရွေးချယ်ပါ။အသားလုံးတွေ၊ ငါးလုံးတွေ၊ ပင်လယ်စာအလုံးတွေဟာPreserved Foodsအမျိုးအစားတွေဖြစ်ကြပါတယ်။ ဆိုဒီယမ်နဲ့ ကယ်လိုရီအပြင် ဓာတုဗေဒပစ္စည်းတွေလည်းများစွာပါဝင်နေပါတယ်။ စားချင်တယ်ဆို အိမ်လုပ်အသားလုံးကိုသာ စားပါ။ဟင်းရည်ကို ပြုတ်ရာမှာ အိုးအောက်က အပူမီးဟာ ကြာလေလေNitrite Levelတက်လာလေလေပါပဲ။ မိနစ် ၉၀ ဝန်းကျင်လောက်ကြာအောင် အပူပေးထားမိမယ်ဆိုရင် အန္တရာယ်များတဲ့ အနေအထားကို ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဟင်းရည်အိုးတည်ရာမှာ အချိန်သတ်မှတ်ထားဖို့ လိုသလို စားသောက်ရာမှာလည်း အချိန်သတ်မှတ်ဖို့ လိုအပ်ပါတယ်။ဖြည်းဖြည်းစားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။ ဦးနှောက်ဟာ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရဖို့ မိနစ် ၂၀ လောက် အချိန်ယူရလေ့ရှိပါတယ်။ ဖြေးဖြေးနဲ့ ကြေညက်စွာဝါးစားမယ်ဆိုရင် သိပ်အများကြီးစားစရာမလိုပဲ ဗိုက်ပြည့်နိုင်ပါတယ်။ အလွန်အကျွံစားမိတာမျိုး မဖြစ်တော့ဘူးပေါ့။စွပ်ပြုတ်ရည် ပူပူစပ်စပ်လေးထဲမှာ ဝက်သား ၃ ထပ်သားလွှာလေးကို စွက်ခနဲမြှုပ်ပြီး မကျက်တကျက်စားရတာမျိုး၊ ဟင်းရည်အိုးထဲ ရှိသမျှ အမယ်တွေအကုန်ပစ်ထည့်ပြီး အချိန်အလွန်ကြာမြင့်အောင် တည်ထားတာမျိုးတွေကို လူအတော်များများ လုပ်တတ်ကြပါတယ်။ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးတွေနဲ့သာ ဟော့ပေါ့ကို မကြာခဏစားနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာတာ၊ သွေးတိုးဝေဒနာစွဲကပ်လာတာ၊ ခေါင်းခဏခဏကိုက်လာတာ၊ အဆီပိုတွေများလာတာတွေ ဖြစ်လာမှာ အသေအချာပါပဲ။ပိုက်ဆံလည်းကုန် ကျန်းမာရေးလည်း ထိခိုက်တာမျိုး ဘယ်သူမှမဖြစ်မခံချင်ကြဘူးမဟုတ်လား။ ကိုယ်နှစ်သက်တဲ့ ဟော့ပေါ့ကို အေးအေးဆေးဆေး ဝဝလင်လင်စားရင်း ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေလည်း မဖြစ်ချင်ဘူးဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာပြီး စားသောက်ဖို့လိုမယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/tips-healthy-hot-pot/
အရသာခါးပေမယ့် သင့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာများ
ခါးသက်သောအစားအစာကို ကျန်တဲ့အရသာရှိ အစားအစာတွေထက် လူကြိုက်နည်းပါတယ်။ အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်နေကြတဲ့ အစားအစာမျိုးစုံကြားမှာ များသောအားဖြင့် ခါးတဲ့အစာတွေကို ရွေးချယ်မှုနည်းတတ်ပါတယ်။ ဒါပေမယ့် ခါးတဲ့အစားအစာတွေဟာလည်းအာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးအာနိသင်များစွာ ပေးစွမ်းနိုင်ပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ကျန်းမာရေးကို အကျိုးပြုမယ့် ခါးသက်တဲ့အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ကြက်ဟင်းခါးသီးကို အာရှ၊ အာဖရိကနဲ့ ကရစ်ဘီယန်ပင်လယ်ဒေသတဝိုက်က နိုင်ငံတွေမှာ စားသုံးမှုများပါတယ်။ ကြက်ဟင်းခါးသီးဟာ အတော်လေးကို ခါးသက်တဲ့အရသာ ရှိပါတယ်။ ထူးခြားချက်ကတော့ triterpenoid၊ polyphenol နဲ့ flavonoid ဆိုတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အဟန့်အတားဖြစ်စေတဲ့ အထောက်အထားတွေ ရှိနေပါတယ်။တိုင်းရင်းဆေးပညာတချို့မှာ ကြက်ဟင်းခါးသီးကိုဆီးချိုဝေဒနာသည်တွေမှာ သွေးတွင်းအချိုဓာတ် လျှော့ချဖို့ အသုံးပြုကြပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဒီအုပ်စုမှာ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ Brussels sprout (ခေါ်) ကွမ်းသီးမုန်လာ စတဲ့ အနည်းငယ်ခါးသက်တဲ့ အရသာရှိသော စားစရာများ ပါဝင်ပါတယ်။ ဒီအုပ်စုဝင် ဟင်းသီးဟင်းရွက်တွေမှာ ဂလူကိုစီနောလိတ်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် အနည်းငယ်ခါးပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တွေကို အသည်းကတဆင့် ဖယ်ရှားရာမှာ ပါဝင်ကူညီပေးတယ်လို့ သိရပါတယ်။မြင်းခွာရွက်ဟာလည်း ခါးသက်တဲ့ အပင်တမျိုးဖြစ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးပါတယ်။ အထူးသဖြင့် ဗဟိုအာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။ မှတ်ဉာဏ် ထက်သန်စေပါတယ်။ သွေးကြောတွေကို တောင့်တင်းခိုင်မာစေပြီး သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေတာကြောင့် အနာကျက်ရာမှာ အထောက်အကူပြုပါတယ်။ခရင်ဘယ်ရီဟာ အနီရောင်ရှိပြီး အနည်းငယ်ခါးသက်တဲ့ အရသာရှိပါတယ်။ အသီးကို အစိမ်းအတိုင်းဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ ဖျော်ရည်အနေနဲ့ဖြစ်စေ အမျိုးမျိုးသုံးစွဲနိုင်ပါတယ်။ ခရင်ဘယ်ရီသီးမှာ ပါဝင်တဲ့ ပေါ်လီဖီနောတမျိုးဟာ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်ပါတယ်။ ဘက်တီးရီးယားများကြောင့် သွားများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်စေတဲ့ H Pylori ဘက်တီးရီးယား၊ အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကို ဒုက္ခပေးတဲ့ E Coli ဘက်တီးရီးယား စတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုကိုးစေ့ကနေ ထုတ်လုပ်ထားတဲ့ ကိုကိုးမှုန့်ဟာ အရသာခါးပေမယ့် တခြားအရသာရှိတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး စားသုံးနိုင်ပါတယ်။ ဥပမာ သကြားနဲ့ပေါင်းပြီး ချောကလက်ထုတ်လုပ်ပါတယ်။ သုတေသနတွေအရ ချောကလက်ကို ပုံမှန်စားပေးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုကိုးမှာ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ မန်ဂနိစ်၊ သံဓာတ် စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ခါးသက်သက်အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ကော်ဖီကို ချန်ထားခဲ့လို့ မရပါဘူး။ ကော်ဖီကို ကမ္ဘာတလွှားမှာ နှစ်ခြိုက်စွာ သောက်သုံးနေကြပါတယ်။ ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာ ဖြစ်ပွားနိင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ဝိုင်နီမှာ proanthocyanidin နဲ့ tannin ဆိုတဲ့ ပိုလီဖီနော နှစ်မျိုး ပါဝင်ပါတယ်။ ဒီနှစ်မျိုးကြောင့် ဝိုင်နီဟာ အနီရောင်ရှိပြီး ခါးသက်တဲ့ အရသာရှိနေရခြင်း ဖြစ်ပါတယ်။ အယ်လ်ကိုဟောနဲ့ အဆိုပါ ပိုလီဖီနောနှစ်မျိုး ပေါင်းစပ်တဲ့အာနိသင်ကြောင့် ကိုလက်စထရောဓာတ်တိုးခြင်းကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သွေးခဲခြင်းကို လျော့ကျစေပြီး သွေးကြောတွေကို ပိုမိုကျယ်ပြန့်လာစေပါတယ်။ သုတေသနတခုအရ ဝိုင်နီကို နေ့စဉ် နှစ်ခွက်နှုန်းနဲ့ တလထိသောက်သုံးခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပွားများလာစေပါတယ်။ ဒါ့အပြင် ဝိုင်နီဟာ ဆီးချို၊ အရိုးပွခြင်း စတဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။ဒါပေမယ့် အယ်လ်ကိုဟောကို လွန်ကဲစွာ သုံးစွဲရင်တော့ အသည်းကို ထိခိုက်စေပြီး ကျန်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/nutrition-bitter-foods/
ဖလံတောင်ဝှေး နဲ့ ကျန်းမာရေး
မိုးလေးကျလာပြီဆိုရင် ဖလံတောင်ဝှေးလေးတွေက အစို့လေးတွေထွက်လို့ အပြိုင်အဆိုင် ကြီးထွားလာကြပါပြီ။ မိုးအေးအေးမှ ဖလံတောင်ဝှေးကို ထုပြီး ပုစွန်ခြောက်လေးနဲ့ ဖြစ်ဖြစ် ပုစွန်ဆိတ်လေးနဲ့ဖြစ်ဖြစ် ကြော်စားတာကထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပေါ့။ ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးကစားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်းကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။အစိမ်းရောင် အရိုးတံရှည်ရှည်လေးတွေရှိနေတဲ့ တစ်တောင်သာသာလှီးဖြတ်ထားတဲ့ ဖလံတောင်ဝှေးလေးတွေကမြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါ။ဖလံတောင်ဝှေးက စားကောင်းတဲ့ ဟင်းတစ်ခွက်ဆိုတာထက်ဆေးဖက်ဝင်အပင်တစ်မျိုးဆိုရင် ပိုမှန်ပါမယ်။ ချက်ပြုတ်စားတဲ့ ပင်စည်တင်မကပဲ အမြစ်ကစလို့ ပွင့်လာမယ့် ပန်းအထိ အကုန်လုံးက ဆေးဖက်ဝင်ပါတယ်။ဖလံတောင်ဝှေးအမြစ်ကို သဘာဝသန်ချဆေးအဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေး အဆီကိုချောင်းဆိုးတာ၊ပန်းနာရင်ကြပ်နဲ့ လေထိုးလေအောင့်တာကို သက်သာစေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောတာကိုလည်း သက်သာစေနိုင်ပါတယ်။အစာ​ကြေစေဖို့လည်း အထောက်အကူပြုပေးပါသေးတယ်။ဖလံတောင်ဝှေးကို စားသုံးပေးတာက။ဖလံတောင်ဝှေးမှာအမျှင်ဓာတ်ပါဝင်တာ​ကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီးအူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေအပြင်သန်မထအောင်ပါ အထောက်အပံ့ပေးပါတယ်။ဖလံတောင်ဝှေးကို ပျားရည်နဲ့ ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန် စားသုံးပေးမယ်ဆိုရင် ကာလတိုမှတ်ဉာဏ်ပျောက်တာ၊ ခဏခဏမေ့တာနဲ့ အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့မှတ်ဉာဏ်ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ သားသားမီးမီးလေးတွေ ဉာဏ်ကောင်းစေဖို့အတွက်လည်း ကျွေးပေးလို့ရပါတယ်။ဖလံတောင်ဝှေးကိုကြက်သွန်ဖြူနဲ့ ရောစပ်ပြီး စားသုံးပေးမယ်ဆိုရင် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အဆီကင်းစေမှပြါ။ သွေးတွင်းအဆီနည်းတာက သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေပြီး နှလုံး ကျန်းမာစေမှာပါ။ခံတွင်းထဲကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွားနဲ့ သွားဖုံး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဘက်တီးရီးယား ကင်းတာ​ကြောင့် သွားနဲ့ ခံတွင်း ပြဿနာကင်းပြီး ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်မှု ကင်းစေမှာပါ။အအေးမိတာ​ကြောင့်နှာစေးနှာပိတ်မယ်ဆိုရင်အိမ်တွင်းကုထုံးတစ်ရပ် အနေနဲ့ ဖလံတောင်ဝှေးကို အသုံးပြုပေးလို့ရပါတယ်။  ဖလံတောင်ဝှေးကိုနှမ်းဆီ၊ ချင်း (ဂျင်း) တို့နဲ့ရောစပ်ပြီး စားပေးမယ်ဆိုရင် နှာစေးနှာပိတ်တာကို သက်သာစေမှာပါ။ဖလံတောင်ဝှေးကို မီးနွေးနွေးလေးနဲ့ ပြုတ်ပြီးရလာတဲ့ ပြုတ်ရည်ကို သောက်သုံးပေးတာက ပန်းနာရင်ကြပ် ဖြစ်တာနဲ့လေပြွန်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ဖလံတောင်ဝှေးကို အခြောက်ခံပြီး ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်လို့ အရေပြားကို ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေကို ကျန်းမာစေပြီး အသားအရောင် မညီတာ၊ဝက်ခြံနဲ့ နေလောင်ကွက်တွေကို သက်သာစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-and-uses-of-kuth/
အသင့်စား ကြက်အူချောင်းစားပြီး ကလေးများ ပြာနှမ်း ခြင်း
ခုတလောနဲ့ အသင့်စားကြက်အူချောင်းတွေ စားပြီး ကလေးတွေ ရုတ်တရက် ပြာနှမ်း တာကို တွေ့ရပါတယ်။ တချို့ဆို အသက်ပါ ဆုံးရှုံးတယ်လို့ ကြားသိကြပါတယ်။ ဒါက ကြက်အူချောင်းမှာပါတဲ့နိုက်ထရိတ်ဓာတ်ကြောင့်လို့လည်း ပြောကြပါတယ်။ ဘယ်လိုများ ဖြစ်တာပါလိမ့်။တကယ်တော့ နိုက်ထရိတ်ဆိုတာ ကြက်အူချောင်းအပါအဝင် အသားတွေမှာ ဘက်တီးရီးယားတွေ မပေါက်ပွားအောင်၊ကြာရှည်ခံအောင် ထည့်တဲ့ ဓာတုပစ္စည်းပါ။ FDAက သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းတဲ့ ပမာဏလောက်ဆို ပြဿနာမရှိပေမယ့် ပါဝင်မှုများနေမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။နိုက်ထရိတ်က သွေးထဲကို ရောက်တဲ့အခါသွေးနီဥထဲမှာ ရှိတဲ့ သံဓာတ်ကို ဓာတ်တိုးလိုက်ပါတယ်။ ဒါကြောင့် Fe2+ကနေ  Fe3+ ဖြစ်သွားပါတယ်။ ဓာတ်တိုးသွားတဲ့ သွေးနီဥက ပုံမှန်သွေးနီဥတွေလို အောက်ဆီဂျင် မသယ်နိုင်တော့ပါဘူး။ ဒါကြောင့် သွေးထဲမှာအောက်ဆီဂျင်နည်းပြီးပြာနှမ်းလာတာပါ။ ဒီလိုသွေးနီဥတွေ သွေးထဲမှာ များနေတာကိုတော့Methemoglobinemia(MetHb) လို့ခေါ်ပါတယ်။MetHb က မွေးရာပါ ဖြစ်တာလဲ ရှိသလို ပြင်ပပစ္စည်းတွေကြောင့် ဖြစ်တာလည်း ရှိပါတယ်။ ကြက်အူချောင်းမှာ ပါတဲ့ နိုက်ထရိတ်ဆိုတာ ပြင်ပပစ္စည်းပါ။ ကြက်အူချောင်းတင်မကဘဲ။အသက် ၆လအထက် ကလေးတွေမှာ MetHb ဖြစ်ပြီဆိုရင် ဒီလိုပြင်ပပစ္စည်းတွေကြောင့် ဖြစ်တာများပါတယ်။တွေ့ရတတ်တဲ့ လက္ခဏာတွေက သွေးထဲမှာ MetHb ပမာဏ ဘယ်လောက်လဲဆိုတာပေါ် မူတည်ပါတယ်။ ပုံမှန်ဆိုရင် သွေးထဲမှာ MetHb ပမာဏက ၁%  (၀-၃%) လောက်ပဲ ရှိပါတယ်။ ဒီထက်ပိုများလာမယ်ဆိုရင်တော့။စောစောသိဖို့တော့ လိုပါတယ်။ ကုသနည်းတွေကတော့ အခြေအနေတွေပေါ် မူတည်ပါတယ်။ ဒီလိုမျိုး နိုက်ထရိတ်အဆိပ်သင့်ပြီး ဖြစ်တာဆိုရင်တော့ အရေးပေါ် ချက်ချင်းကုသဖို့ လိုပါတယ်။ မွေးရာပါ MetHb ရောဂါကတော့ ကုသလို့ မရပါဘူး။အဆိပ်သင့်လို့ ပြာနှမ်းပြီး ရောက်လာတဲ့ ကလေးတွေကို။ပြီးရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ကုသမှု စတင်ရပါတယ်။ သွေးထဲမှာ MetHb ၂၀%နဲ့အထက် ရှိနေတာဖြစ်ဖြစ်၊ ကလေးမှာ တခြားရောဂါအခံရှိနေတာဖြစ်ဖြစ် ဆေးတွေပေးပြီး ကုသရပါတယ်။ ကုလို့ရတဲ့ နည်းတွေကတော့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/nitrates-in-sausages-and-methemoglobinemia/
နာကျင်မှုကို သဘာဝအတိုင်းသက်သာဖို့ ဒီအစားအစာတွေ များများစားကြစို့
နာကျင်ကိုက်ခဲမှုတိုင်းဟာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ရောင်ရမ်းခြင်းဖြစ်စဉ်နဲ့ ရောင်ရမ်းခြင်းတုံ့ပြန်မှုတို့အပေါ် မူတည်နေပါတယ်။ နှလုံးရောဂါ၊အဆစ်ရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ကင်ဆာစတဲ့ ရောဂါတွေမှာ နာတာရှည်ရောင်ရမ်းခြင်းဖြစ်စဉ်ကို တွေ့ရပါတယ်။ ရောင်ရမ်းခြင်းကို ကောင်းကောင်း ထိန်းချူပ်နာမယ်ဆိုရင် နာကျင်မှုတွေကို သက်သာစေပြီး ရောဂါကို ပိုမဆိုးလာအောင် ထိန်းထားနိုင်မှာပါ။ပေါင်မုန့်အဖြူ၊ သကြားများတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အချိူ့သော အစားအစာတွေကတော့ ရောင်ရမ်းခြင်းကို ပိုမိုသက်သာစေနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေက ရောင်ရမ်းခြင်းကို သက်သာစေသလဲဆိုတာ လေ့လာကြည့်ရအောင်။လေ့လာချက်များအရ သံလွင်ဆီကို နေ့စဉ်တိုက်ကျွေးခံရတဲ့ ကြွက်တွေရဲ့ အဆစ်ရောင်ရောဂါဟာ သက်သာလာတာကို တွေ့ရပါတယ်။ရောင်ရမ်းခြင်းဟာ သုံးပုံတစ်ပုံကနေ တစ်ဝက်ထိ လျော့ကျသွားတာတွေ့ရပါတယ်။ လူတွေမှာလည်းအိုမီဂါ 3 ဖက်တီးအက်စစ်ပါဝင်တဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေမှာပါ။အိုမီဂါ3ပါတဲ့ အစားအစာတွေကတော့ ဆယ်မွန်၊ တူနာငါး၊ သစ်အယ်စေ့၊ သစ်ကြားစေ့၊ ကြက်ဥအနှစ်၊ Chia seeds စတာတွေပဲ ဖြစ်ပါတယ်။ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့မှာ Quercetinလို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်တစ်မျိူး ပါဝင်ပါတယ်။ကြက်သွန်ဖြူ ၄မွှာလောက်ကို နေ့စဉ်စားပေးမယ်ဆိုရင်အိုမင်းရင့်ရော်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါများကို သက်သာစေပြီး နှလုံးရောဂါနှင့် သတိမေ့ရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးပါသေးတယ်။ရောင်ရမ်းခြင်းကို သက်သာစေတဲ့ super foodလို့တောင် တင်စားကြပါတယ်။ နေ့စဉ်သောက်ပေးခြင်းဖြင့် ကင်ဆာရောဂါများကိုကာကွယ်ခြင်း၊ဗိုက်အဆီကျစေခြင်း၊ စိတ်ကျရောဂါကို သက်သာစေခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း စတဲ့ ကောင်းကျိူးတွေကို ရရှိစေပါတယ်။ပဲအမျိူးမျိူး၊ ဆန်လုံးညို၊ Oatmeal၊ ဆန်ကြမ်းတွေကို စားခြင်းဖြင့် ရောင်ရမ်းမှု ဒြပ်ပေါင်းဖြစ်တဲ့ C-Reactive Proteinကို နည်းပါးစေပါတယ်။ ဒ့ါပြင်အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အစာခြေစနစ် အားကောင်းစေခြင်း၊ သွေးပေါင်ကို ထိန်းညှိပေးခြင်းစတဲ့ အကျိူးကျေးဇူးများစွာလည်း ရရှိနိုင်ပါတယ်။ရှေးနှစ်များစွာကပင် ရောင်ရမ်းခြင်းအတွက် ဆေးတစ်လက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။နနွင်းမှာပါတဲ့ Curcuminဓာတ်ကဓာတ်တိုးဆန့်ကျင်သတ္တိနဲ့ ရောင်ရမ်းခြင်းကိုသက်သာစေသော အာနိသင်များ ပါဝင်ပါတယ်။ ရေနွေးပူပူတစ်ခွက်မှာ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းစားထည့်ပြီး ၁၀မိနစ်ခန့်စိမ်ပြီးနောက် သောက်သုံးပေးပါ။ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တဲ့အတွက် ဆဲလ်တွေကို ရောင်ရမ်းစေတဲ့ free radicalများကနေ ကာကွယ်ပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ကျန်းမာရေးကောင်းကျိူးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။အစွမ်းထက်သော ရောင်ရမ်းမှုသက်သာစေတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပြီး ဟင်းချက်ရာမှာ ထည့်စားမယ်၊ ရေနွေးပူပူမှာ စိမ်သောက်မယ် စသည်ဖြင့် မိမိနှစ်သက်သလို စားပေးနိုင်ပါတယ်။တစ်နေ့ကို ချင်း၂ဂရမ်စားပါက ကြွက်သားနာကျင်ခြင်းကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီး နာကျင်ခြင်းတွေအတွက်ချင်းပြုတ်ရည်လေး သောက်ပေးနိုင်ပါတယ်။ကြက်စွပ်ပြုတ်မှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်နဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ အာနိသင်ပါရှိပါတယ်။ ဒါကြောင့် နေမကောင်းသူများနဲ့နာလန်ထလူနာတွေကို မြန်မြန်သက်သာစေဖို့ ကြက်စွပ်ပြုတ်သောက်ခိုင်းတာပဲ ဖြစ်ပါတယ်။ရေးသားသူ – လေပြေနုသွေး(ဆေး၂)။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/pain-releiving-foods/
လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ
လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ …… ဆေးလိပ်သောက်ခြင်းဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ စွဲလန်းဖွယ်ရာတစ်ခုအဖြစ် ရှိနေဆဲပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတော်တော်များများ အသက်အရွယ်မရွေး ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာကို သင်တွေ့ရမှာပါ။လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ….. သူတို့ ဘာလို့ ဆေးလိပ်သောက်သလဲ သင်စဉ်းစားဖူးပါသလား။လူငယ်ပိုင်းဆေးလိပ်သမားများနှင့် သူတို့အကြောင်းပြချက်။လူတွေက ဆေးလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်နေကြပါတယ်။ လူငယ်တွေကတော့ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြပါတယ်။ဆေးလိပ်သောက်တာက လူငယ်ကြိုက် ရုပ်ရှင်နဲ့ သီချင်းတွေမှာလည်း ပါဝင်တာဖြစ်တာကြောင့် သူတို့သဘောကျတဲ့ အနုပညာရှင်တွေအတိုင်း အထာကျကျနဲ့ အတုခိုးတတ်ကြပါသေးတယ်။မိဘတွေနဲ့ အစ်ကိုအစ်မတွေအပါအဝင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူကြီးတွေ ရှိရင် ပိုပြီး ဆေးလိပ်သောက်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။ အပေါင်းအသင်းတွေက ဆေးလိပ်သောက်တဲ့အခါမှာ လူငယ်သဘာဝအတိုင်း လိုက်သောက်လေ့ရှိပါတယ်။နောက်ပြီး လူငယ်သဘာဝအတိုင်း တားမြစ်ချက်တွေကို ကျော်လွန်စွန့်စားချင်တဲ့စိတ် ရှိတဲ့အတွက် လူငယ်ဘဝက တားမြစ်ခံရထားတဲ့ ဆေးလိပ်ကို စမ်းသပ်သောက်သုံးတတ်ကြပါတယ်။ကလေးလူငယ်တွေအတွက်ဆေးလိပ်သောက်ဖို့လုံလောက်တဲ့အချက်တွေ ရှိနေနိုင်ပြီး တစ်ခါတစ်ရံ ခိုးသောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။အရွယ်ရောက်ပြီးဆေးလိပ်သောက်သူများ။အရွယ်ရောက်သူများအဖို့တော့ သူတို့ဘာကြောင့် ဆေးလိပ်သောက်သလဲဆိုတာ ပြောဖို့ ပိုပြီး နက်နဲတဲ့ အကြောင်းတွေ ရှိပါတယ်။ဆေးလိပ်သောက်ခြင်းကနေတဆင့် နီကိုတင်းဓါတ်ကို ကျွန်တော်တို့ ခန္ဓါကိုယ်ကရရှိပါတယ်။ ဒီနီကိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ နာ့ဗ်ကြောကို လှုံ့ဆော်ပေးပြီး dopamine ဆိုတဲ့ ဓါတုဓါတ်တစ်မျိုးကို ထုတ်လွှတ်စေခြင်းဖြင့် လူကို ကျေနပ်ပျော်ရွှင်စေပါတယ်။ဆေးလိပ်သောက်ခြင်းဖြင့် ကောင်းမွန်တဲ့ ခံစားချက်တွေကို မိနစ်အနည်းငယ်တော့ ရရှိစေတဲ့ သဘောပါပဲ။ ဒါပြီးရင်တော့ သက်သောင့်သက်သာမဖြစ်တာ ဂနာမငြိမ်တာမျိုးတွေ ဖြစ်လာပြီး နောက်ထပ်တစ်လိပ် ထပ်သောက်ဖို့ ဦးတည်ပါတော့တယ်။ခန္ဓါကိုယ်က နီကိုတင်းဓါတ်ကို ရသွားမှ နေသာထိုင်သာ ဖြစ်သွားပါတယ်။ ဆေးလိပ်သမားတွေက ဆေးလိပ်သောက်လို့ ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ ခံစားချက်ကို ပိုမိုကြာရှည်ဖို့အတွက် နီကိုတင်းဓါတ်ကို မြှင့်တင်ဖို့ လိုလာပါတယ်။ဆေးလိပ်ကို အချိန်ကြာကြာသောက်ခဲ့တဲ့လူတွေ ဆေးလိပ်ဖြတ်ချင်တဲ့အခါမှာ နီကိုတင်းဓါတ်ကို လျှော့ချဖို့ လိုပါတယ်။ ဒါဆို အရွယ်ရောက်ပြီးလူတွေကို ဘယ်လိုအချက်တွေက တွန်းအားပေးနေလဲ ကြည့်ရအောင်ပါ။လူတွေက အရွယ်ရောက်လာတာနဲ့အမျှ မိသားစုအရေး၊ အချစ်ရေး၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ လုံးပန်းရင်ဆိုင်လာရပါတယ်။ဒါတွေက ဖိအားတွေဖြစ်လာတဲ့အခါမှာ စိတ်ကို ခဏတစ်ဖြုတ်အနားပေးဖို့ အချိန်လိုအပ်ပြီး စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်ဖို့ လိုပါတယ်။ တချို့ကတော့ ဖိအားနဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖို့ အရက်သောက်တတ်ကြပြီး တချို့ကတော့ ဆေးလိပ်သောက်ပါတယ်။တချို့က နှစ်ခုစလုံးလုပ်ကြပါတယ်။ ပထမဆုံး ဆေးလိပ်ကို မီးညှိချိန်မှာတော့ ဖိအားတွေနဲ့ စိတ်ရှုပ်ထွေးမှုဒဏ်တွေကို သည်းမခံနိုင်တော့လို့ သောက်ကြပြီးဆေးလိပ်မသောက်ရတဲ့အခါမှာ သက်သောင့်သက်သာမဖြစ်စေတာကို မသိလို့ သောက်ဖို့ ကြိုးစားကြခြင်းဖြစ်ပါတယ်။ဆေးလိပ်သောက်သူတွေထဲမှာ လျှပ်စစ်ဆေးလိပ် (E-cigar) အသုံးပြုသူတွေလည်း ရှိပါတယ်။ သူတို့တွေကို vaper လို့ခေါ်ပါတယ်။ဆေးလိပ်နဲ့ယှဉ်ရင် နီကိုတင်းပါဝင်မှု နည်းတဲ့အတွက် အန္တရာယ်သိပ်မဖြစ်စေဘူး ထင်ရပေမယ့် လူငယ်တွေအတွက်တော့ ဆေးလိပ်သောက်တဲ့ အလေ့အထ ရှုရှိုက်တဲ့ အလေ့အကျင့်တွေနဲ့ နီကိုတင်းကို တရားဝင်ရင်းနီးစေသလိုဖြစ်နေပါတယ်။vape သောက်တာက ခေတ်လူငယ်တွေအကြား အထာကျတဲ့ စတိုင်တစ်ခု ဖြစ်နေပါတယ်။ဆေးလိပ်က ယေဘူယျအားဖြင့်တော့ ဆိုးဝါးပါတယ်။ ဆေးလိပ်သောက်သမားတွေအတွက်တော့ နီကိုတင်း တစ်ဖြည်းဖြည်းလျှော့ချသွားပြီး ဆေးလိပ်လုံးဝဖြတ်ဖို့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ဆေးလိပ်မသောက်ဖူးသေးတဲ့ သူတွေအတွက် ဘယ်လိုပဲအခြေအနေဖြစ်ပါစေ စမသောက်ဖို့ ပြောချင်ပါတယ်။ စိတ်ကျေနပ်သာယာဖို့က ကိုယ်တိုင်ကြိုးစားပြီး ရရှိတဲ့အရာတစ်ခုဖြစ်သင့်ပြီး ဓါတုပစ္စည်းတစ်ခုခုအပေါ်မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/why-people-start-smoking-and-why-its-hard-to-stop/
Home Blood Pressure Test ( အိမ်မှာ သွေးပေါင်ဘယ်လိုချိန်မလဲ )
ဆေးရုံဆေးခန်းသွားစရာမလိုဘဲ သင့်သွေးပေါင်ချိန်ကို အိမ်မှာနေရင်းနဲ့ တိုင်းတာနိုင်ခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ချိန်ဆိုတာကတော့ သင့်သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းတာခြင်းအား ဆိုလိုပါတယ်။အိမ်မှာ သွေးပေါင်ချိန်တဲ့ လူအများစုကတော့ အလိုလျောက်တိုင်းတာနိုင်တဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုလေ့ရှိပါတယ်။သင့်လက်မောင်းမှာပတ်ထားတဲ့ အပတ်လေးကို တင်းပြီးဖောင်းလာအောင် လေညှစ်ထည့်ပေးခြင်းအားဖြင့် သွေးပြန်ကြောထဲမှာရှိတဲ့ သွေးစီးဆင်းမှုကို ယာယီရပ်ဆိုင်းသွားစေပါလိမ့်မယ်။ လက်မောင်းအပတ်ထဲက လေကို ဖြည်းဖြည်းချင်းပြန်လည် ထုတ်နေတဲ့အချိန်အတွင်း ဘယ်ဖိအားအတိုင်းအတာမှာ သွေးပြန်လည် စီးဆင်းသလဲဆိုတာကို စက်ကမှတ်သားပေးထားမှာ ဖြစ်ပါတယ်။သွေးပေါင်တိုင်းတာတဲ့အခါ ဂဏန်းနှစ်ခုကို အသုံးပြုပြီး မှတ်တမ်းတင်ပါတယ်။သွေးပေါင်ချိန်တိုင်းတာတဲ့ မူလကိရိယာတွေဟာ ပြဒါး (မာကျူရီ)ကို အသုံးပြုတဲ့အတွက် အဆိုပါ ဂဏန်းနှစ်ခုလုံးကို mm Hg (မီလီမီတာ မာကျူရီ) ဆိုတဲ့ ယူနစ်အတိုင်းအတာနဲ့ ပြသပါတယ်။ သွေးပေါင်ချိန်ဂဏန်းကို ဖတ်တဲ့အခါ အပေါ်သွေးကို အရင်ပြောပြီးမှ အောက်သွေးကို ပြောပါတယ်။ဥပမာ သင့်အပေါ်သွေးက ၁၂၀ ဖြစ်ပြီး အောက်သွေးက ၈၀ ဆိုရင် သင့်သွေးပေါင်ချိန်ကို ၁၂၀/၈၀ ဆိုပြီး ပြောလေ့၊ရေးမှတ်လေ့ရှိပါတယ်။အလိုလျောက်သွေးပေါင်ချိန်စက်များ။အလိုလျောက်သွေးပေါင်ချိန်စက်တွေဟာ ဘက်ထရီထည့်သွင်း အသုံးပြုရတဲ့ စက်တွေဖြစ်ပြီး သွေးခုန်ခြင်းကို သိရှိနိုင်ဖို့အတွက် မိုက်ခရိုဖုန်းကို အသုံးပြုပါတယ်။ သင်ခလုတ်နှိပ်လိုက်တဲ့အခါ သင့်လက်မောင်းမှာပတ်ထားတဲ့ လက်ပတ်လေးဟာ အလိုလျောက် ဖောင်းကားခြင်း၊ဖြေလျှော့ပေးခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ဆူပါမတ်ကတ်တွေ၊ဆေးဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေမှာ တွေ့ရှိရတတ်တဲ့ သွေးပေါင်ချိန်စက်တွေဟာ အများအားဖြင့် အလိုလျောက် သွေးပေါင်ချိန်စက်တွေပဲ ဖြစ်ပါတယ်။ သင့်လက်ချောင်းလေးတွေ ဒါမှမဟုတ် လက်ကောက်ဝတ်မှာ တိုင်းတာတဲ့ သွေးပေါင်ချိန်ဟာ တိကျမှုမရှိတာကြောင့် အသုံးမပြုသင့်ပါဘူး။ရိုးရိုးသွေးပေါင်ချိန်စက်များ။ဒီစက်တွေကတော့ ဆရာဝန်တွေ သွေးပေါင်ချိန်ရင် အသုံးပြုတဲ့ စက်တွေဖြစ်ပြီး sphygmomanometer လို့ ခေါ်ပါတယ်။ ရိုးရိုးသွေးပေါင်ချိန်စက်မှာ ပါဝင်တဲ့ ပစ္စည်းတွေက လက်မောင်းပတ်၊လက်မောင်းပတ်ကို လေဖောင်းပေးဖို့ လက်ညှစ်ဘောလုံးလေး၊နားကြပ် နဲ့ သွေးပေါင်ချိန်ပြပေးတဲ့ မီတာ/ဒိုင်ခွက်တို့ ဖြစ်ပါတယ်။(လက်မောင်းပတ်ကို ညှစ်ပေးခြင်းအားဖြင့်) လက်မောင်းသွေးကြောထဲမှာ သွေးစီးဆင်းမှု ခဏရပ်ဆိုင်းသွားအောင်လုပ်ခြင်း နဲ့ အဆိုပါ သွေးကြောပေါ်မှာ နားကြပ်တင်ပြီးနားထောင်ခြင်းတို့ကို ပြုလုပ်ပြီး သွေးပေါင်ချိန်ကို တိုင်းတာပါတယ်။ဘောလုံးလေးကို လျှော့ပြီး လက်မောင်းပတ်ထဲက လေကို ထုတ်ပေးလိုက်တဲ့အချိန်မှာ ပထမဆုံးပြန်ပေါ်လာတဲ့ သွေးခုန်သံကို နားထောင်ရပါတယ်။ ဒိုင်ခွက်ပေါ်မှာ မြှားတံလေးနဲ့ သွေးပေါင်ချိန်ကို ပြပေးမှာဖြစ်ပြီး လက်မောင်းပတ်ထဲမှာ လေဖိအားများလာတာနဲ့အမျှ ဒိုင်ခွက်မှာရှိတဲ့ မြှားတံလေးဟာ နာရီလက်တံအတိုင်းရွေ့လျားပါလိမ့်မယ်။ဖိအားပြန်နည်းသွားရင်တော့ မြှားတံလေးဟာ နာရီလက်တံပြောင်းပြန် ရွေ့လျားပါမယ်။ လက်မောင်းပတ်ထဲက ဖိအားပြန်ကျလာလို့ သွေးခုန်သံကို ပထမဆုံးပြန်ကြားရတဲ့ အချိန်မှာ ပြနေတဲ့ ဒိုင်ခွက်က အမှတ်ဟာ အပေါ်သွေးဖြစ်ပြီး အဆိုပါ သွေးခုန်သံလေးကို လုံးဝမကြားရတော့ဘဲ ပျောက်သွားတဲ့အမှတ်ဟာ အောက်သွေးဖြစ်ပါတယ်။အိတ်ဆောင်သွေးပေါင်ချိန်စက်များ။အဆိုပါ စက်လေးတွေဟာ သင့်ကိုယ်မှာ တနေ့တာလုံး ဝတ်ဆင်ထားရမယ့်(လက်မောင်းမှာ ပတ်ထားရမယ့်) စက်အသေးလေးတွေဖြစ်ပြီး အများအားဖြင့် ၂၄နာရီမှ ၄၈နာရီအထိ ပတ်ထားရလေ့ရှိကာ သင့်သွေးပေါင်ချိန်ကို အလိုလျောက်တိုင်းတာနေပါလိမ့်မယ်။ဆေးရုံဆေးခန်းတွေမှာ သွေးပေါင်တိုင်းရမှာကို ကြောက်သူတွေ (သူတို့အနေနဲ့ ဆေးရုံဆေးခန်းမှာ သွေးပေါင်တိုင်းရင် ကြောက်တဲ့အတွက် မူမမှန်စွာ သွေးပေါင်တက်နေလေ့ရှိပြီး ဒါကို ဂျူတီကုတ်ကြောက်လို့ သွေးပေါင်တက်ခြင်း – white-coat hypertension လို့ခေါ်ပါတယ်) နဲ့ အခြားနည်းလမ်းအသုံးပြုတိုင်းတာလို့ အဆင်မပြေသူတွေ အတွက် အဆင်ပြေတဲ့ နည်းလမ်းတခုအဖြစ် ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။အောက်ပါ အခြေအနေတွေမှာ အိမ်နေရင်း သွေးပေါင်တိုင်းဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။အိမ်နေရင်းတိုင်းတာတဲ့ သွေးပေါင်ချိန်ပမာဏအပေါ်မူတည်ပြီး သင်သုံးစွဲလျက်ရှိတဲ့ သွေးကျဆေးပမာဏကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပြောင်းလဲတာမျိုး မလုပ်ရပါဘူး။ သွေးပေါင်ချိန်ဟာ တရက်နဲ့တရက်မတူညီဘဲ ပြောင်းလဲနိုင်ပြီး တရက်ထဲမှာတောင် အချိန်နဲ့ အမျှ ပြောင်းလဲနေနိုင်ပါတယ်။ သွေးပေါင်ချိန်ဟာ မနက်ပိုင်းမှာ များနေတတ်ပြီး ညဖက်မှာ ကျတတ်ပါတယ်။ကိုယ်စိတ်ဖိစီးမှု၊ဆေးလိပ်သောက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊အစားစားခြင်း၊အအေးဒါဏ်၊နာကျင်ခြင်း၊ဆူညံမှု၊ဆေးဝါးတွေကြောင့်သာမက စကားပြောခြင်းကတောင် သွေးပေါင်ချိန်ပမာဏကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ တခါလောက်သွေးပေါင်တက်နေတာနဲ့ သွေးတိုးရှိနေပြီလို့ ပြောမရသလို တခါလောက် ပုံမှန်သွေးပေါင်ချိန်ဖြစ်သွားတာနဲ့ သွေးတိုးမရှိဖူးလို့လည်း မဆိုနိုင်ပါဘူး။ တကြိမ်တည်းတိုင်းတာ တာထက်စာရင် တနေ့တည်းမှာ အကြိမ်များစွာ တိုင်းတာခြင်းက ပိုပြီးတိကျမှန်ကန် အကျိုးဖြစ်စေပါတယ်။သင့်သွေးပေါင်ချိန်ဟာ ဆေးခန်း၊ဆေးရုံမှာ တိုင်းတာတဲ့အချိန်မှာပဲ တက်နေတာမျိုးလည်း ဖြစ်နေနိုင်ပြီး ဒါမျိုးကို “ဆေးရုံကြောက်ခြင်း (white-coat hypertension) လို့ခေါ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အိမ်မှာ သွေးပေါင်ချိန်မှန်မှန်တိုင်းတာမယ်ဆိုရင် ဆေးခန်းမှာ တိုင်းတာထက် သွေးပေါင်ပိုနည်းနေတာကို တွေ့ရမှာပါ။သွေးပေါင်မတိုင်းခင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ရပါမယ်။သင့်သွေးခုန်သံကို နားထောင်ရမှာ ဖြစ်တဲ့အတွက် တိတ်ဆိတ်တဲ့နေရာကို ရှာဖွေပါ။သွေးပေါင်မတိုင်းခင် ဆီးသွားထားပါ (ဆီးအိမ်ပြည့်နေရင်/ဆီးသွားချင်နေရင် သွေးပေါင်ချိန်မှားယွင်းနိုင်ပါတယ်)။အင်္ကျီလက်မောင်းကို ခေါက်တင်ပါ သို့မဟုတ် လက်နေရာမှာ ကျပ်နေတဲ့ အဝတ်မျိုးတွေဆို ချွတ်ပစ်ပါ။စားပွဲတလုံးဘေးမှာ ကုလားထိုင်လေးနဲ့ ငါးမိနစ် ဆယ်မိနစ်လောက်ထိုင်ပြီး အနားယူပါ။ သင့်လက်မောင်းကို နှလုံးနေရာနဲ့ တတန်းတည်းမှာ ထားပြီး သက်တောင့်သက်သာ အနားယူပါ။ ခါးမတ်မတ်ထိုင်ပါ။ ခြေမချိတ်ထားပါနဲ့။ သင့်လက်ကို စားပွဲပေါ် အလျားလိုက်တင်ထားပြီး လက်ဖဝါးကို ပက်လက်လှန်တဲ့ အနေအထားမှာ ရှိပါစေ။သင့်ညာဖက်လက်မောင်းမှာ တိုင်းတာလို့ရတဲ့ သွေးပေါင်ချိန်ဟာ ဘယ်ဖက်ထက် အနည်းငယ် ပိုများနေ ဒါမှမဟုတ် နည်းနေတတ်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်တိုင်းမှာ တူညီတဲ့ လက်မောင်းတဖက်တည်းမှာပဲ ချိန်ဖို့လိုပါတယ်။စစတိုင်းချင်းမှာ ငါးမိနစ် ဒါမှမဟုတ် ဆယ်မိနစ်လောက်ခြားပြီး သုံးကြိမ်လောက် ဆက်တိုက်တိုင်းသင့်ပြီး နောက်ပိုင်း အသားကျသွားရင်တော့ တကြိမ်၊နှစ်ကြိမ်လောက် တိုင်းရင် ရပါပြီ။ သွေးပေါင်ချိန်စက်အသုံးပြုနည်းကတော့ စက်အမျိုးအစားကိုလိုက်ပြီး အနည်းငယ်ကွာခြားမှာ ဖြစ်ပေမယ့် အချို့သော ယေဘုယျအချက်တွေကို အောက်မှာဖော်ပြပေးထားပါတယ်။သွေးပေါင်ချိန်ပြီးရင် ရလာတဲ့ သွေးပေါင်ကို နေ့ရက်အချိန်အတိအကျ မှတ်သားပါ။ မှတ်စုစာအုပ်၊ဖုန်း၊ကွန်ပြူတာ စသဖြင့် အဆင်ပြေရာနဲ့ မှတ်သားနိုင်ပါတယ်။ သွေးပေါင်မှတ်သားပေးနိုင်တဲ့ လုပ်ဆောင်မှုမျိုး သင့်သွေးပေါင်ချိန်စက်မှာ ပါဝင်ကောင်းပါဝင်ပါလိမ့်မယ်။တချို့စက်တွေဆိုရင် အဆိုပါ သွေးပေါင်ချိန်ရလာဒ်တွေကို ကွန်ပြူတာထဲကိုတောင် တိုက်ရိုက်ပို့ပြီး မှတ်သားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှု၊ထူးခြားမှုတွေ (ဥပမာ ဆေးသောက်ရမယ့်အချိန်၊ခေါင်းမူးလေ့ရှိတဲ့အချိန်၊နေရထိုင်ရ မကောင်းဖြစ်တတ်တဲ့အချိန် စသည်)ကိုလည်း မှတ်သားပါ။ဒီလိုမှတ်သားထားခြင်းအားဖြင့် သင့်သွေးပေါင်ချိန်အပြောင်းအလဲတွေကို လေ့လာရာမှာ ပိုပြီး လွယ်ကူအကျိုးရှိထိရောက်မယ့်အပြင် ဆရာဝန်အနေနဲ့ သင့်သောက်ရမယ့်ဆေးပမာဏကို ချိန်ဆရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။အသက် ၁၈နှစ်အထက် အရွယ်ရောက်ပြီးသူတွေအတွက် သွေးပေါင်ချိန် (mm Hg)။ပုံမှန်ရှိသင့်တဲ့ ပမာဏ-အပေါ်သွေး ၁၁၉နဲ့ အောက် ၊ အောက်သွေး ၇၉နဲ့အောက်။သွေးတိုးဖြစ်ခါနီး ပမာဏ-အပေါ်သွေး ၁၂၀ – ၁၃၉ ၊ အောက်သွေး ၈၀ – ၈၉။သွေးတိုးနေပြီလို့ ညွှန်းဆိုနေတဲ့ ပမာဏ-အပေါ်သွေး ၁၄၀ နဲ့ အထက် ၊ အောက်သွေး ၉၀ နဲ့ အထက်။ယေဘုယျအားဖြင့် သွေးပေါင်နည်းလေကောင်းလေပါပဲ။ဥပမာ ၉၀/၆၀ ထက်နည်းနေတယ်ဆိုရင်လည်း သင်နေလို့ထိုင်လို့ ကောင်းနေသရွေ့ အိုကေပါတယ်။ဒါပေမယ့် သွေးပေါင်ကျနေပြီး ခေါင်းမူးနေမယ်၊မိုက်ခနဲဖြစ်မယ် ဒါမှမဟုတ် အန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ဆေးရုံဆေးခန်းတခုချင်းစီပေါ်မူတည်ပြီး ပုံမှန်လို့ သတ်မှတ်ထားတဲ့ သွေးပေါင်ပမာဏက အနည်းငယ် ကွာခြားမှုရှိကောင်းရှိပါလိမ့်မယ်။သင့်သွေးပေါင်ချိန်နဲ့ ပတ်သက်လို့ မေးစရာလေးတွေ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ သွေးပေါင်တိုင်းပုံတိုင်းနည်းနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/home-blood-pressure-test-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%98%e1%80%9a%e1%80%b9/
နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။
ကိုယ့်ရဲ့ လုပ်နေကျ အမူအကျင့်တချို့ဟာ ချက်ချင်းဆို မသိသာပေမယ့် နောက်ပိုင်း အသက်ကြီးလာမှကျန်းမာရေးကိုထိခိုက်စေတာတွေ ရှိတတ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမည် ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ ခုတည်းက ကောင်းတဲ့ နေထိုင်မှုပုံစံတွေကို မွေးမြူထားမှ နောင် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်ပြီး နောင်တတွေ ကင်းတဲ့ ကိုယ် ဖြစ်နေမှာလေ။ ဒီတော့ ဘယ်လို နေထိုင်မှု ပုံစံတွေက နောင် ၁၀ နှစ်ကြာရင် သင့်ကျန်းမာရေးအတွက် နောင်တရစေမှာလဲ။ နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။ဘယ်လို အမူအကျင့်တွေလဲ ဆိုတော့ –။၁ ။ အထိုင်ပဲများနေပြီး ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ ။ ။ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးပြီး မလုပ်ဘဲ ထိုင်ပဲထိုင်နေရင် လက်ရှိအချိန်မှာတော့ သင်သက်သောင့်သက်သာ ရှိနေမှာ မှန်ပေမယ့် နောက် ၁၀ ကြာရင်တော့ သင့်ကျန်းမာရေးက ယိုယွင်းနေပါလိမ့်မယ်။အထိုင်များတာဟာအဝလွန်တာ၊ဆီးချိုသွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့အပြင် ထိုင်နေတဲ့အချိန်မှာ သင့်ကိုယ်ခန္ဓာ မတ်အောင် တာဝန်ယူထိန်းထားရတဲ့ခါးကိုပါ ထိခိုက်စေဦးမှာပါ။၂ ။ မနက်စာ မစားဘဲနေတာ ။ ။မနက်စာဆိုတာ သင့်ရဲ့ တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ အရာတစ်ခုပါ။ မနက်စာလေးစားလိုက်မှ နေ့တစ်နေ့ကို အစပြုဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ရရှိပြီး သင့်ဦးနှောက်၊ ကိုယ်ခန္ဓာ နဲ့ စိတ်တို့ ကြည်လင်လန်းဆန်းနေမှာပါ။ပိန်ချင်လို့ဆိုပြီး မနက်စာ မစားဘဲနေလိုက်ရင် နေ့လည်စာပိုစားမိပြီး ပိန်မှာလည်း မဟုတ်တဲ့အပြင် ကြီးလာတဲ့အချိန်ကျမှတ်ဉာဏ်တွေ ချို့ယွင်းနေပါလိမ့်မယ်။၃ ။ အသီးအရွက်တွေမစားတာ ။ ။အမျှင်ဓာတ်တွေ ကြွယ်ဝတာတွေ များများစားပေးမှဝမ်းချုပ်တာကင်းဝေးမှာပါ။ ဒါကို မကြိုက်ဘူးဆိုပြီး အသားချည်းပဲ စားနေလို့ကတော့ နာမည်ကြီး ကင်ဆာတွေ ဖြစ်တဲ့ အူမကြီးကင်ဆာတို့က သင့်ဆီ အလည်လာကြမှာဖြစ်ပါတယ်။၄ ။အိပ်ချိန်လုံလောက်မှု မရှိတာ ။ ။တစ်နေ့ကို ၇ နာရီလောက်မှ ကောင်းကောင်း အိပ်စက် အနားယူခြင်း မရှိတဲ့သူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ ချက်ချင်းထိခိုက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက် ၁၀ နှစ်ကြာရင် အိပ်ချိန်ပြည့်ဝစွာ အိပ်ခဲ့တဲ့ ရွယ်တူတွေနဲ့ ရုပ်ရည် အပိုင်းမှာရော၊ ကျန်းမာရေးအပိုင်းမှာရော၊ ဦးနှောက် စွမ်းဆောင်မှု အပိုင်းမှာရော ယှဉ်လို့ မရတော့ပါဘူး။၅ ။ ရေဓာတ် မပြည့်ဝတာ ။ ။ရေအသက် တစ်မနက်ဆိုတဲ့ စကားရှိတယ်လေ။ ကိုယ်ခန္ဓာရဲ့ ၇၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာကြောင့် အနည်းဆုံး တစ်နေ့ ၃ ပုလင်းလောက်တော့ သောက်ပေးဖို့လိုပါတယ်။ တစ်နေ့ ရေ ၃ ပုလင်းသောက်တဲ့ အကျင့်မမွေးထားရင်တော့ ကြီးလာရင်ရွယ်တူတွေကြားထဲမှာ အရွယ်အရင့်ဆုံးသူဖြစ်နေတော့မှာပါ။၆ ။ အသင့်စားသရေစာတွေ၊ ရယ်ဒီမိတ် အစားအသောက်တွေကို ပိုစားဖြစ်တာ။ ။ခေါက်ဆွဲပြုတ်တို့၊ ကြက်အူချောင်းတို့ စည်သွပ်ဘူးတို့ဆိုတာ လူတိုင်း ကြိုက်နှစ်သက်ကြတဲ့ အသင့်စား အစားအသောက်တွေပါ။ ဒါတွေက ခဏတာ အတွက်တော့ သင့်ကို ခံတွင်းမြိန်စေပေမယ့် ရေရှည်စားသုံးရင် သင့်ကျန်းမာရေးအတွက် ဘဝင်မကျစရာတွေ ဖြစ်စေပါလိမ့်မယ်။၇ ။ စိတ်ဖိစီးမှုများတာ ။ ။အလုပ်ကြောင့်၊ အိမ်တွင်းရေးကြောင့် ငွေကြေးကြောင့် ဆိုတဲ့ အကြောင်းအရင်းပေါင်းများစွာနဲ့အတူစိတ်ဖိစီးမှုတွေက သင့်ဆီ မခေါ်ဘဲနဲ့ ဝင်ဝင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရှိနေတဲ့ ရောဂါတွေကိုပိုဆိုးစေတဲ့အပြင် တခြားရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကိုလည်း အစပျိုးဖြစ်စေပါတယ်။ ဒ။ါကြောင့် လက်ရှိ အချိန်မှာ စိတ်ဖိစီးနေတာတွေကို မလျှော့ချဘဲ ဆက်ပြီး အဖိစီးခံနေမယ်ဆိုလို့ကတော့ နောင် ၁၀ ကြာရင် သင်နောင်တရနေပါလိမ့်မယ်။၈ ။ အရက်သောက်တာ ။။ယောက်ျားမှန်ရင် အရက်သောက်တတ်ရမယ်ဆိုတဲ့ စကားကို ဘယ်သူက စပြောခဲ့တာပါလိမ့်။ အသင့်အတင့်သာသောက်ရင် ကျန်းမာရေးအပေါ် ကောင်းကျိုး အနည်းငယ်ပေးနိုင်တယ်ဆိုလို့အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်နေတဲ့သူတွေ သင့်ပတ်ဝန်းကျင်မှာ လက်ချိုးရေလို့တောင် ရပါတယ်။ ဒါပေမဲ့ အားလုံးက ပျော်ပွဲရွှင်ပွဲတွေ၊ အပေါင်းအသင်းတွေနဲ့ night out တွေ ထွက်ပြီဆိုတာနဲ့ အရက်ကို တမုန်းမူးအောင် သောက်ကြတော့တာပါပဲ။ဒီလိုနဲ့ အရက်သောက်ရတာကို ကြိုက်သွားပြီး အရက်စွဲသွားပါလေရော။ ငယ်နေသေးတဲ့အချိန်မှာတော့ ဒီအချိန်လေးတွေက ပျော်စရာအမှတ်တရတွေ ဖြစ်နေပေမယ့် နောင် အသက်ကြီးလာတဲ့အချိန်မှာတော့ နောင်တရစရာ အတိတ်တစ်ခုဖြစ်နေပါလိမ့်မယ်။၉ ။ ဆေးလိပ်စွဲတာ ။ ။ဆေးလိပ်ဆိုတာ စွဲသွားရင် တကယ်ကို ဖြတ်ရခက်တဲ့ အရာတစ်ခုပါ။ စူးစမ်းချင်လို့ စတိုင်ကျချင်လို့ စိတ်ထွက်ပေါက်ရှာချင်လို့ ဆေးလိပ်စသောက်မိပြီး စွဲသွားပြီ ဆိုတာနဲ့ သင်နောက် ၁၀ နှစ်ကြာရင် နောင်တ ဗရပွနဲ့ ဖြစ်နေတော့မှာပါ။၁၀ ။ အိပ်ဆေးတွေ ၊ မူးယစ်ဆေးတွေ အလွန်အကျွံသုံးတာ ။ ။မူးယစ်ဆေးဆိုတာ သုံးနေတဲ့အချိန်မှာတော့ သင်က ဘုရင်ဖြစ်သလို ခံစားနေရပေမယ့် နောင် ၁၀ နှစ်ကြာရင်တော့ မူးယစ်ရဲ့ ကျေးကျွန်သင်ပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သင့်မှာ အဖော်ဆိုလို့ နောင်တတရား ပဲ ရှိနေပါလိမ့်မယ်။ကဲ နောက် ၁၀ နှစ်ကျ နောင်တ မရချင်ရင် ကိုယ့်မှာရှိနေတဲ့ ဒီမကောင်းတဲ့ အကျင့်တွေကို အမြန်ဆုံး ပြုပြင်လိုက်ရအောင် ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/happy-life-in-next-10-years/
ကလေးနှင့် အပူလောင်ခြင်း
ကလေးများသည် သေးငယ်ပြီး သိလိုစိတ်ပြင်းထန်ကြသည်။ သူ့တို့နားတွင်ရှိသောအရာများကိုစူးစမ်းလိုကြသည်။ သို့သော် ပူသောအရာ် (ဥပမာ ရေပူ ရေနွေးငွေ့ ဟင်းချက်ဆီပူ မီး နှင့်ပူနေသောအရာဝတ္ထု)ကို မထိရန်သတိမထားမိခြင်းကြောင့် အပူလောင်ခြင်းကိုဖြစ်စေနိုင်သည်။ ကလေးအသားသည် လူကြီးထက်ထိခိုက်လွယ်သည်။ အမေရိကန် အပူလောင်မှုဆိုင်ရာအဖွဲ့အစည်းက အပူလောင်ခြင်းကို အနက် အကျယ်အပေါ်မူတည်ပြီးမပြင်းထန်ခြင်း အတင့်အသင့်ပြင်းထန်ြခ်ငး အလွန်ပြင်းထန်ခြင်း ဟုခွဲထားသည်။အပူလောင်ခြင်း သို့မဟုတ် အပူကြောင့်ဖြစ်သောလောင်ကျွမ်းခြင်းသည် ပြင်းထန်မှုအဆင့်မျိုးစုံရှိသည်။ အချို့သော ဆေးကျွမ်းကျင်မှုများကအဆင့်အလိုက် ပထမဒုတိယ တတိယ ရှားပါးစွာ စတုတ္ထဟုခွဲထားသည်။ အချို့ခွဲခြားချက်က အပေါ်ယံ တဝက် သို့မဟုတ် အပြည့်လောင်ကျွမ်းခြင်းဟူ၍ခွဲထားသည်။ တခါတရံ တဝက်လောင်ကျွမ်းခြင်းက အပေါ်ယံနှင့်အနက် ဟုထက်ခွဲပြီး လေးမျိုးဆက်ခွဲထားသည်။အရေပြားကို အရေးကြီးသောအလွာသုံးခုဖြင့်တည်ဆောက်ထားသည်။အပီဒါးမစ်(အပေါ်ဆုံးအလွာ)။ဒါးမစ်(အရေပြား၏အနက်အလွာ)။တစ်သျူးအလွာ( တစ်သျူးအောက်ရှိအလွာ)။အပူလောင်ခြင်းပုံစံတိုင်းသည် လောင်သောပုံစံအတိုင်းရှိတတ်သည်( အချို့မီးလောင်ဒဏ်ရာများက ဒီသုံးမျိုးတစ်ပြိုင်ထဲပါသည်ကို သင်သိသင့်သည်)။အပေါ်ယံ သို့မဟုတ် ပထမအဆင့်လောင်ကျွမ်းခြင်း။ ထိုအရာသည် အပီဒါးမစ် အရေပြားအပေါ်ယံလွာသာပါဝင်သည်။ များသောအားဖြင့် နေလောင်သောပုံစံအဖြစ်လူအများကရင်းနှီးကြသည်။တစ်ဝက် သို့မဟုတ် ဒုတိယအဆင့်လောင်ကျွမ်းခြင်း။ ထိုအဆင့်တွင် အပီဒါးမစ်နှင့် ဒါးမစ်အနည်းငယ်ပါဝင်သည်။ ဒီအဆင့်ကို အပေါ်ယံနှင့် နက်ခြင်းဟုခွဲထားသည်။ ဒါးမစ်အနက်အပေါ်တွင်မူတည်သည်။အပေါ်ယံလက္ခဏာများမှာ နာခြင်း ယောင်ခြင်း ကိုင်ပါကဖြူသွားခြင်း ရေကြည်ဖုပေါက်ခြင်း အမျှင်များတော့ရှိနေနိုင်သေးသည်။နက်သောဒဏ်ရာလက္ခဏာများမှာ။ နာခြင်း မနာခြင်းတို့ဖြစ်နိုင်သည်။(အာရုံကြောပျက်စီးသည်အထိ နက်နိုင်သည်) စိုခြင်းခြောက်ခြင်း( အဆီအိတ်များပျက်စီးသည်အထိ)ကိုင်ပါကမဖြူသွားခြင်း အမျှင်များမရှိတော့ခြင်းတို့ဖြစ်နိုင်သည်။အပြည့်အ၀ သို့မဟုတ် တတိယအဆင့်လောင်ကျွမ်းခြင်း။အပြင်းထန်ဆုံးပုံစံဖြစ်သည်။ အပီဒါးမစ် ဒါးမစ်အကုန် -အရေပြားအပေါ်လွာနှစ်လွာအကုန်ပါဝင်သည်။ အာရုံကြောအဆုံး သွေးကြော အမျှင် အဆီအိတ် အားလုံးပျက်စီးနေသည်။ အရမ်းပြင်းပါက အရိုးကြွက်သားထိပါနိုင်သည်။အောက်ပါတို့က အိမ်တွင်ကုနိုင်သောကုထုံးဖြစ်သည်။အပူရှိသောနေရာမှ ဆက်လက်မလောင်ရန် လောင်နေသည့်နေရာမှဖယ်ထုတ်လာပါ။အပူလောင်ခြင်းကို ရေဖြင့်မိနစ်နှစ်ဆယ်ခန့်ဆေးချပါ-ရေခဲ ရေအေး သို့မဟုတ် ခရမ်တခုခု သို့မဟုတ် ချောဆီဥပမာ ထောပတ်တို့ကိုမသုံးပါနှင့်။အဝတ်ထည် လတ်ဝတ်လက်စားတို့ကိုဖယ်ထုတ်ပါ။ မီးလောင်သောနေရာနှင့်နီးသည့် ကလေး ခါးတောင်းကျိုက်အစဖယ်ပါ။ သို့သော် အရေပြားတွင်းစိုက်ဝင်နေသောပစ္စည်းကိုမဖယ်ပါနှင့်။လူနာကိုနွေးနွေးထွေးထွေးထားပါ။ စောင်သုံးခြင်း သို့သော် အပူလောင်သောနေရာကိုမပွတ်ပါနှင့်။အလွာတစ်ဆင့်ဖြင့် အပူလောင်သောနေရာကိုဖုံးအုပ်ထားပါ။ သန့်ရှင်းသောပလတ်စတစ်အိတ်ကိုလည်းအသုံးပြုနိုင်သည်။အနာသက်သာစေသောဆေး ဥပမာ ပါရာစီတမော့သို့မဟုတ် အိုင်ဘူပရိုဖန်ကိုအနာသက်သာရန်သုံးနိုင်သည်။မျက်လုံးသို့မဟုတ် မျက်နှာထိခိုက်မိပါက တတ်နိုင်သမျှထိုင်ပါ ယောင်ယမ်းခြင်းကိုသက်သာစေနိုင်သည်။အောက်ပါတို့ရှိပါကဆရာဝန်ကိုချက်ချင်းခေါ်ပါ။အပူလောင်သောနေရာသည် မဲသွားခြင်းသို့မဟုတ် ဖြူသွားခြင်း။အပူလောင်ခြင်းသည် မျက်နှာ လက် ခြေထောက် လိင်အဂါၤ သို့မဟုတ် အဆစ်တွင်ဖြစ်ပါက။အပူလောင်ခြင်းက ခန္ဓါကိုယ် ၁၀ %ကျော်ရှိနေပါက။ကလေးများကို မီးခြစ် သို့မဟုတ် မီးဖြစ်စေသောအရာများကိုပေးကိုင်ခြင်းရှောင်ပါ။ဆေးလိပ် ဆေးခြောက်သို့မဟုတ် အခြား ဆေးလိပ်ပစ္စည်များ အိပ်ခန်းတွင်မသောက်ပါနှင့်။ရေအပူချိန်ကို ၁၂၀ မှ ၁၂၅ ဖာရင်ဟိုက်တွင်ထားပါ။ ရေချိုးချိန်တွင် ရေအေးမဖွင့်ခင် ရေပူကိုအရင်ပိတ်ပါ။ရေနွေးအိုးအကိုင်ကို ကလေးများမမှီသောနေရာတွင်ထားပါ။ကလေးနှင့်ရေပူတပြိုင်နက်မသယ်ပါနှင့်။ရေနွေးပါသောခွက် ပန်းကန် များကို စားပွဲခုံထောင့် ကလေးများဆွဲယူနေသောနေရာမျိုးတွင်မထားပါနှင့်။ကလေးအား မီးကိုလေးစားရန် မီးနှင့်မိးလောင်နိုင်သောပစ္စည်းဖြင့်မဆော့ရန်သင်ထားပေးပါ။ အကျီမီးလောင်ပါက ရပ် လှဲ လိမ့် ဟူသောမီးငြိမ်းပုံကိုသင်ထားပေးပါ။အသက်အရွယ်မျိုးစုံတွင်အပူလောင်ခြင်းဖြစ်နိုင်သည်။ ပြင်းထန်သောမီးလောင်ခြင်းဖြစ်ပါက အသက်ရှင်သောလူ မိသားစု သာမက သူငယ်ချင်းများပါ စိတ်ပင်ပန်းစရာဖြစ်စေသည်။ ထိုကြောင့်ထိုသို့အပူမလောင်စေရန် ကြိုတင်ကာကွယ်ခြင်းများပြုလုပ်သင့်သည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%95%e1%80%b0-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
မိမိကိုယ်ကို သတ်သေလိုခြင်းမှ ကျော်လွှားနိုင်ဖို့ နည်းလမ်း ၅ချက်
လူသားတိုင်းရဲ့ဘဝတွင် စိတ်ခံစားချက်နှင့် အတွေးအခေါ်တွေအပေါ် သက်ရောက်စေသော အကြောင်းအရင်းများစွာရှိတယ်။ လုပ်ငန်းခွင်ပြဿနာ၊ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် ငွေကြေးပြဿနာတွေက လူတွေကို သတ်သေလိုစိတ်ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးက လူတွေကို သတ်သေလိုတဲ့စိတ်ခံစားမှု နဲ့ အတွေးအခေါ်တွေကို ကျော်လွှားနိုင်အောင် ကူညီပါလိမ့်မယ်။ကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်နှင့် ကိုယ်ခန္ဓာက သင့်ကို သတ်သေချင်တဲ့ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူတွေကနေ ကာကွယ်ပေးလိမ့်မယ်။ သင့်ရဲ့ ခံနိုင်ရည်နှင့် သည်းခံနိုင်မှုကို အောက်တွင်ပြထားတဲ့အချက်တွေက ကူညီနိုင်ပါလိမ့်မယ်။•သင့်မိသားစုဝင်များ သူငယ်ချင်းများနှင့် ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ပါ။ သင့်ကို ကူညီထောက်ပံ့နေတဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ သင်ဟာ တခြားလူတွေနှင့် ဝေးကွာနေတယ်လို့ ခံစားနေရပါက ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားပါ။ သင်အကူအညီလိုပါက သူတို့က သင့်ကို ကူညီနိုင်ပါလိမ့်မယ်။• လိုအပ်ပါက အကူအညီတောင်းပါ။ သင်ပျော်ရွှင်စေမယ့် အရာတွေလုပ်ဆောင်ပါ။ သင့်ပြဿနာဖြေရှင်းတဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။• သင်ဟာ ဆေးကုသမှုခံယူဖို့လိုအပ်ပါက မငြင်းဆန်ဘဲ ဆေးကုသမှုခံယူပါ။• သင့်စိတ်ရော ကိုယ်ပါကျန်းမာအောင်ထားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာတဲ့အစားအသောက်တွေ စားပါ။ လုံလောက်စွာ အိပ်စက်အနားယူပါ။သတိပေးအချက်တွေကို သိရှိခြင်းက သင့်ကို သတ်သေခြင်းကနေ လွတ်ကင်းစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာဒီအချက်တွေကို သတိထားမိလျှင် အကူအညီချက်ချင်းရှာဖွေပါ။ သတိထားရမယ့် အချက်တွေကတော့။• သင်ဟာ အရက်၊ ဆေးဝါးများနှင့် ဆေးလိပ်ကို ပိုသုံးစွဲလာလျှင်။• သင်ဟာ စိုးရိမ်ပူပန်မှု၊ မိမိကိုယ်ကို အပြစ်တင်မှုနှင့် စိတ်ဖိစီးမှုကို ခံစားရလျှင်။• အသက်ရှင်ဖို့အတွက် အကြောင်းရင်းမရှိတော့ဘူးလို့ မျှော်လင့်ချက်မဲ့ ခံစားရလျှင်။• သင်ဟာ အကူအညီမဲ့နေပြီး အသုံးမဝင်တော့ဘူးလို့ ခံစားရလျှင်၊ သင့်ပြဿနာအတွက် ပိုကောင်းလာစရာမရှိဘူးလို့ခံစားလာရလျှင်။• အမြဲစိတ်တိုနေလျှင်။• အဆိုးဆုံးအခြေအနေမှာ ပိတ်မိနေပြီး ထွက်ပေါက်မရှိသလိုခံစားရလျှင်၊ ဘဝကိုအဆုံးသတ်မှ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်လျှင်။• သင်ဟာ မိသားစု၊ သူငယ်ချင်းများနှင့် မနေလိုဘဲ တစ်ဦးတည်းနေလိုလျှင်။• သင်ဟာ အိပ်မရလျှင် (သို့ ) အိပ်လွန်းလျှင်။• သင်ဟာတခြားသူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ခံစားနေရလျှင်။• သတ်သေဖို့ တွေးနေလျှင်။• သတ်သေဖို့နည်းလမ်းတွေ ရှာဖွေနေလျှင်။ဒီအချက်တွေက သင့်ကိုသတ်သေမယ့် အခြေအနေတွေကနေ ကယ်တင်နိုင်မယ့် နည်းလမ်းတွေဖြစ်တယ်။ သင်ဟာ သင့်ရဲ့ဘဝနေနည်းတွေကို မြှင့်တင်ပြီး သတ်သေမယ့် အခြေအနေကို လျှော့ချနိုင်တယ်။ ဒီနည်းလမ်းတွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။• သင့်ကိုယ်ကို ပိုပြီးဂရုစိုက်ပါ။ ဈေးဝယ်ထွက်ပါ။• တခြားလူတွေနှင့် ပိုမိုဆက်သွယ်ပါ။• သင့်စိတ်ဖိစီးမှုနှင့် ပူပန်မှုတွေကို စနစ်တကျဖြေရှင်းပါ။• သင့်ဒေါသတွေကို ထိန်းချုပ်ပါ။ သင်ဟာ ဘယ်အခြေအနေမှာမဆို စိတ်တိုနိုင်ပါတယ်။ ဒါဟာ ထိခိုက်မှုကို တုံ့ပြန်တဲ့ သဘာဝနည်းလမ်းဖြစ်တယ်။ ဒါပေမယ့် ဒေါသကို မလွှတ်ပေးတာက သင့်ဘဝအတွက် ပိုမိုကောင်းမွန်စေပါတယ်။• သင့်ငွေရေးကြေးရေးကို စနစ်တကျအစီအစဉ်ချ ကိုင်တွယ်ပါ။ ငွေကြေးပြဿနာတွေက သတ်သေမှုကိုဖြစ်စေတဲ့အတွက် သင့်ငွေကြေးကို ဘယ်လိုထိန်းချုပ်ရမလဲ သင်ယူပါ။• တခြားလူတွေနှင့် ဆက်ဆံပါ။ လိုအပ်လျှင် အကူအညီတောင်းခံပါ။• အနားယူဖို့ သင်ယူပါ။ ကြိုက်နှစ်သက်တဲ့ သီချင်းနားထောင်ပါ။ ကြိုက်နှစ်သက်တဲ့ စာအုပ်ဖတ်ပါ။ အပြင်ကိုထွက်လည်ပါ။ကုသမှုကို မငြင်းဆန်ပါနဲ့။ တချို့ဆေးတွေ ကုထုံးတွေက သင့်ကို သတ်သေလိုတဲ့အတွေးတွေကနေ ကူညီနိုင်ပါတယ်။ ဆရာဝန် သို့ ကုထုံးတစ်မျိုးမျိုးကို ရှာဖွေပါ။ ဒါတွေက သင့်ကိုသတ်သေလိုမှု လျော့ကျစေပါလိမ့်မယ်။ သင်ဟာ သင့်ပြဿနာတွေကို အသိဆုံးလူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ကုသမှုကို အမြဲချိန်ဆပါ။သင်ဟာ အကူညီမဲ့တယ်လို့ခံစားရချိန်၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်တွေမှာ အကောင်းမြင်ဖို့ခက်ပါတယ်။ ဒါပေမယ့် ရှေ့မှာတောက်ပတဲ့ အနာဂတ်ရှိတာကို ယုံကြည်ပါ။ ဘဝကိုရှင်သန်သင့်တဲ့အချက်တွေကို ရှာဖွေပါ။ သင့်ဘဝက အမြဲတန်ဖိုးရှိတယ်လို့ နားလည်ပါ။ သင့်မိသားစုနှင့် သူငယ်ချင်းတွေက သင်နှင့်အတူအမြဲရှိပါတယ်။ သင်မလုပ်ဖူးသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တွေလည်း ရှိနေပါသေးတယ်။ ဘဝရဲ့စိန်ခေါ်မှုတွေက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ကောင်းမွန်သော အကူအညီရပြီး မကြာမီမှာ သင်ပိုပြီးကောင်းမွန်တာကို ခံစားရနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%9c%e1%80%ad%e1%80%af%e1%80%bc/
သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ
သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီးတချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ – အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။ချောင်းဆိုးနဲ့ အဖျားဆေးတွေမှာ နာကျင်မှုကို လျှော့ချဖို့ NSAIDs တွေပါဝင်ပါတယ်။ ဒါကြောင့် သူတို့က သွေးတိုးစေပါတယ်။ ဒါ့အပြင် ချောင်းဆိုးနဲ့ ဖျေားဆေးတွေမှာ ရင်ကျပ်ပျောက်ဆေးတွေပါပါတယ်။ ရင်ကျပ်ပျောက်ဆေးတွေမှာ သွေးတိုးနဲ့ နှလုံးခုန်နှုန်းကို မြင့်စေပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ NSAIDs ပါတဲ့ေးနဲ့ ရင်ကြပ်ပျောက်ဆေးပါတဲ့ဆေးတွေကိုရှောင်သင့်ပါတယ်။ သင့်ဆရာဝန်ကို အဖျား၊ တုတ်ကွေးနဲ့ နှာရည်ယိုနှာပိတ်ခြင်းနဲ့ ပတ်သက်တဲ့ပြသနာတွေကိုကုသဖို့ ဆရာဝန်ဆီကအကြံတောင်းနိုင်ပါတယ်။ ဥပမာ – antihistamines နဲ့ nasal sprays တွေဘဖြစ်ပါတယ်။တချို့ခေါင်းကုက်ပျောက်ဆေးတွေကသင့်ဦးခေ့င်းက သွေးကြောတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် သူကခေါင်းကိုက်ပျောက်စေပါတယ်။ ဒါပေမ့် သူကသွေးတိုးကို ဘေးဖြစ်နိုင်တဲ့ထိ မြင့်စေပါတယ်။အစားစားချင်စိတ်ပျောက်စေတဲ့ဆေးတွေဟာ နှလုံးခုန်နှုန်းမြင့်စေပြီး သွေးတိုးစေပါတယ်။ တချို့ အဆီကျဆေးတွေက သင့်နှလုံးရောဂါ ကိုပိုဆိုးစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို သင်ရှောင်သင့်ပါတယ်။နောက်ဆုံးအနေနဲ့ သွေးတိုးမြင့်နေတဲ့ကိုယ်ဝန်ဆောင်တွေဟာ သူတို့ရဲ့သွေးဖိအားကို သွေးတိုးဆန့်ကျင်တဲ့ဆေးတွေသုံးပြီးလျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် ဘယ်ဆေးကအထိရောက်ဆုံးလဲဆိုတာတော့ မသိရသေးပါဘူး။သွေးတိုးဆန့်ကျင်တဲ့ဆေးတွေရဲ့ရည်ရွယ်ချက်က ရုတ်တရက်သွေးတိုးကျခြင်းကြောင့် ခေင်းမူးခြင်း စိတ်ဖိစီးခြင်းတို့ မဖြစ်စေဘဲ မိခင်ရောကလေးကိုပါ ဘေးမဖြစ်စေဘဲ သွေးတိုးကိုမြန်မြန်လျှော့ချပေးဖို့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/33652-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%85%e1%80%ad%e1%80%90/
Baby Corn နဲ့ ကျန်းမာရေး
အစိမ်းကြော်ပဲစားစား၊ထမင်းပေါင်းပဲစားစား၊ ဟင်းချို အပါအဝင် စားစရာ တော်တော်များများမှာ ထည့်သွင်းတတ်ကြပြီး စားရတာ အရသာရှိတဲ့ ပြောင်းဖူး သေးသေးလေးBaby Cornက ဘယ်လိုအာဟာရဓာတ်တွေပါလို့ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။အဝါရောင်ခပ်ဖျော့ဖျော့ရှိပြီး စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။စည်သွပ်ဗူးတွေ ရှိသလို ရိုးရိုးအလွတ် baby corn လေးတွေလည်း ရှိပါတယ်။ ထမင်းကြော်၊အစိမ်းကြော်ကစလို့ဟော့ပေါ့နဲ့ မာလာရှမ်းကောအဆုံး စားစရာ တော်တော်များများမှာ ထည့်စားတတ်ကြပါတယ်။Baby Corn နဲ့ ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်စို့နော်။Baby corn က ကယ်လ်လိုရီ ပါဝင်မှု တော်တော်လေး နည်းပါတယ်။ Baby Corn ၁၀၀ ဂရမ်မှာ ကယ်လ်လိုရီ ပါဝင်မှုက ၂၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အသီးအရွက် ကြိုက်တတ်သူတွေ အတွက်တော့ကိုယ်အလေးချိန်ကို ထိန်းညှိပေးမယ့် စားစရာ တစ်ခုပေါ့။ဝိတ်ချချင်သူတွေအကြိုက်စားလို့ရတဲ့ အသီးအနှံတစ်ခုပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။Baby Corn က အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ စားစရာတစ်မျိုးပါ။ သိပ် မရင့် မနုဖို့တော့ လိုပါမယ်။ ဒါမှ လုံလောက်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်မှာပါ။Baby Corn မှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုကအဆာခံစေနိုင်ပြီး အဆီများတဲ့ အစားအစာတွေ မစားဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Baby Corn က အခြားဟင်းသီးဟင်းရွက်တွေနဲ့ နှိုင်းစာရင် အာဟာရ တော်တော်လေး ကြွယ်ဝပါတယ်။ Baby Corn မှာပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။Baby Corn ပန်းကန်တစ်ဝက်စာမှာ တစ်နေ့တာဗီတာမင် Aလိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်း၊ တစ်နေ့တာသံဓာတ်လိုအပ်ချက်ရဲ့  ၄ ရာခိုင်နှုန်း နဲ့ တစ်နေ့တာ ဗီတာမင် C လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်း အထိပါဝင်ပါတယ်။Baby corn မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုအူနံရံတွေက  ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အထောက်အကူပြုပေးသလို အစာကြေစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဝါဖန့်ဖန့် Baby corn လေးမှာ ပြောင်းဖူးထက်မနည်းတဲ့ carotenoids ပါဝင်နေပါတယ်။ ဒီ carotenoids က မျက်လုံးကို ကျန်းမာစေပြီး အတွင်းတိမ် ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အမြင်အာရုံကောင်းပြီးမျက်လုံးကျန်းမာစေဖို့ဆိုရင် Baby corn စားပေးပါ။Baby corns မှာ ဖောလိတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ဖောလစ်အက်ဆစ်က ဘေဘီလေးတွေမှာအာရုံကြော ပြဿနာကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရသလို အစားစစားမယ့်ဘေဘီလေးတွေကိုလည်း ကျွေးပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/baby-corn-health-benefits/
လက်ချောင်းခြေချောင်းထိခိုက်ခြင်း
ပြတ်ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်းကအဖြစ်အများဆုံးထိခိုက်မှုဖြစ်သည်။ တိုက်မိမှုကအောက်ရှိ တစ်သျူးအပျော့နှင့် အရိုးယောင်ခြင်း အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။(လေးသောအရာများ ခြေချောင်းပေါ်သို့ကျခြင်း နံရံကြားလက်ညှပ်ခြင်း)သို့သော် ဖြောင့်နေသောလက်မှ အရိုက်ခံရခြင်း(များသောအားဖြင့်ဘောလုံး) အားက အဆစ်မျက်နှာပြင်ပေါ်သို့သက်ရောက်ပြိး ဒဏ်ရာက ဂျန်လက်ချောင်းကိုဖြစ်စေသည်။ဂျန်လက်ချောင်းခြေချောင်းများ က ဖြောင့်နေသောလက်ချောင်း သို့မဟုတ် လက်ခ အရိုက်ခံရသည့်အခါမျိုးတွင်ဖြစ်သည်။ များသောအားဖြင့်ဘောလုံးနှင့်အရိုက်ခံရခြင်း။ ထိုအရာကို ထိခိုက်မှုကြောင့်ဖြစ်သောအဆစ်ယောင်ခြင်ဟုလည်းခေါ်သည်။ ဂျန်လက်ချောင်းဟုတ်မဟုတ် ကို လက်ချောင်းထိပ်အပြည့်ဆန့်နိုင်မဆန့်နိုင်နှင့်စမ်းသကိနိုင်သည်။ တခါတရံ လက်သည်းများလည်းပျက်စီးနေနိုင်သည်။ အရိုးကျိုးခြင်းလည်းအဖြစ်များသည်။ အရိုးပါကျိုးပါက ရောဂါပိုးဝင်ပြီး အရိုးယောင်ခြင်းပါတွဲဖြစ်တတ်သည်။ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်း ကအဖြစ်အများဆုံးဖြစ်သည်။ သင်ကလေးလက်ချောင်းခြေချောင်းကောင်းစွာလှုပ်နိုင်ပါက လက်သည်းခွံအထိထိခိုက်မှုမရှိပါက ရေခဲကပ်ခြင်းဖြင့် ယောင်ခြင်းကိုးသက်သာစေနိုင်သည်။ဂျန်လက်ချောင်းခြေချောင်း။ ဟုတ်မဟုတ်ကို လက်ချောင်းအဆုံးအဆစ်ပြေည့်အဝဆန့်နိုင်မနိုင်ဖြင့်စမ်းသက်နိုင်သည်အဘယ်ကြောင့်ဆိုသော် အားကအဆစ်မျက်နှာပြင်ပေါ်တွင်ဖြစ်ပြီး ဒဏ်ရာထိုနေရာတွင်ဖြစ်သည်။(ကားတံခါးစသည်)များသောအားဖြင့်လက်ချောင်းအဆုံးတွင် ပြတ်ချဒဏ်ရာသို့မဟုတ် သွေးကြည်ဖုပေါက်နိုင်သည်။ တခါတရံ လက်သည်းပျက်စီးပြီး အရိုးကျိုးခြင်းကရှားသည်။ လက်ချောင်းခြေချောင်းများသွေးထွက်နေပါက အနာကိုဖိထားပြီး အပေါ်မြှောက်ထားခြင်းက သွေးကိုရပ်စေသည်။ အနာကိုရေဆပ်ပြာဖြင့်ဆေးပြီး ပိုးဝင်သောလက္ခဏာ ဥပမာ နီခြင်း ယောင်ခြင်းရှိမရှိကိုကြည်ပါ။လက်ချောင်းထိပ်ဒဏ်ရာ။လက်သည်းခွံပါနေပါက တသက်လုံး ပုံမမှန်ခြင်းမှကာကွယ်ရန် ချုပ်ဖို့လိုအပ်သည်။ သို့သော် ခြေသည်းတွင်ဖြစ်သည်ကပိုအရေးကြီးသည်။လက်သည်းခွံအောက်ရှိ သွေးခဲများ။ ကြိတ်ခံရသောဒဏ်ရာ (တံခါးကြားလက်ချောင်းခြေချောင်းများညှပ်ခြင်း သို့မဟုတ် လေးသောပစ္စည်းပြုတ်ကျလာခြင်း တို့ကြောင့်ပိုဖြစ်နိုင်သည်။ များသောအားဖြင့် သိပ်မနာသင့်ပါ။ အချို့က အရမ်းနာခြင်း ကိုက်ခြင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက လက်သည်းရှိ ဖိအားကိုလျော့ချရန်လိုအပ်သည်။ ထိုမှသာနာခြင်း လက်သည်းခွံဆုံးရှုံးခြင်းမှကာကွယ်နိုင်သည်။အချို့က အလွန်နာပြီးကိုက်နေနိုင်သည်အချို့သောအရာက အဆစ်ကိုလွဲသွားစေသည်။ ဖိအားကိုဖယ်မှ လက်သည်းဆုံးရှုံးခြင်း နာခြင်းကိုသက်သာစေနိုင်သည်။အရိုးကျိုးခြင်း အဆစ်လွဲခြင်း။ အရိုးကျိုးခြင်း လက်ချောင်းခြေချောင်းပါခြင်းက နက်သည်ဟုယူဆပါက ဆေးဝါးအကူအညီကိုချက်ချင်းယူပါ။သင်လက်ချောင်းခြေချောင်းကိုထိခိုက်စေနိုင်သောနည်းလမ်းများစွာရှိသည်။ပုံစံမျိုစုံရှိသည်။သိပ်မပြင်းထန်သောထိခိုက်မှုကိုအိမ်တွင်ကုနိုင်သည်။အောက်ပါအချက်များကသင်အားကူညီပေးနိုင်သည်။အနာသက်သာစေရန် အစီတာမီနိုဖန် ထုတ်ကုန် ဥပမာ တိုင်လီနောကိုသောက်နိုင်သည်။အခြားရွေးချယ်စရာမှာ အိုင်ပရိုဖန် ဥပမာအက်ဗေးဖြစ်သည်။လိုအပ်သလိုအသုံးပြုပါ။ရေခဲရေအတွင်းသို့မိနစ် ၂၀စိမ်ထားပါ။လိုအပ်သလိုထပ်လုပ်ပါ။သွေးထွက်နေပါက အနာပေါ်သို့ဖိထားပါ။ ဂွမ်း သန့်စင်သောအဝတ်တို့ကိုသုံးနိုင်သည်။ ဆယ်မိနစ်ခန့်ဖိထားပါ။အနာကို ၅မိနစ်ဆန့်ရေနှင့်ဆပ်ပြာသုံးဆေးပါ။အနာတွင်ဖုန်ရှိပါက ဖြေးဖြေးချင်းသုတ်ပါ။ထိုသို့ဖြစ်ပါက ပိုးသတ်ဆေးလိမ်းဆေး ဥပမာ ပေါ်လီစပိုလင်ကိုလိမ်းပါ။ ဆေးဝါးညွန်ကြားချက်သက်သက်မလိုပါ။ပတ်တီးအစရှိသည်တို့နှင့်ပတ်ထားပါ။ နေ့စဉ်လဲပါ။သတိပေးချက်။ ပုံမှန်အတိုင်းလက်ချောင်းများအပြည့်အဝလှုပ်ရှားနိုင်သည်သေချာပါစေ။ ကွေးခြင်းဆန့်ခြင်းလုပ်နိုင်မလုပ်နိုင်ကြည့်ပါ။ အပြည့်အဝမလုပ်နိုင်ပါက ဆရာဝန်မှ အရိုးကျိုးခြင်းရှိမရှိကိုစမ်းသင့်သည်။လက်ခြေထောက်ကို မိနစ်၂၀ခန့်ရေအေးတွင်စိမ်ပါ။သိပ်မပြင်းထန်ပါက တိပ်ဖြင့်နောက်တစ်ချောင်းကိုကပ်ထားပါ။ရေ ဆပ်ပြာဖြင့် ငါးမိနစ်ခန့်ဆေးပါ။စုတ်ပြနြေသောအသေးအပိုင်းအစများကို ကပ်ကြေးဖြင့်ညှပ်ပါ။ အရက်ပြန်ဖြင့်အရင်ဆေးပါ။ပြတ်ရှဒဏ်ရာများရှိပါက ပိုးသတ်လိမ်းဆေး ဥပမာ ပေါ်လီစပိုလီကိုလိမ်းပါ။ ညွန်ကြားချက်မလိုပါ။ပတ်တီးဖြင့်စီးပါ။ကြမ်းတမ်းမှုမရှိပဲ လက်သည်းခွံကြေမွခြင်းဖြစ်ပါက ဒီတိုင်းထားနိုင်သည်။ကြီးစွာဖြစ်ပါက ဖြတ်ပစ်ပါ။ သန့်စင်သောကပ်ကြေးကိုသုံးပါ။ ဒဏ်ရာတောင်လျောက်အတိုင်းလုပ်ပါ။ရေအေးတွင် မိနစ်၂၀ ၃၀ခန့်ရေအေးတွင်စိမ်ပါ။ အနာသက်သာစေနိုင်သည်။ပေါ်လီစပိုလီကိုလိမ်းပါ။ ညွန်ကြားချက်မလိုပါ။ပတ်တီးဖြင့်စီးပါ။၇ရက်ကျော်ပါက လက်သည်းတွင် အရေပြားအသစ်ပေါ်သင့်သည်။ ထိုအချိန်တွင်မနာတော့ပါ။ လက်သည်းအသစ်က ၆ပါတ် ၈ ပါတ်တွင်ပေါ်နိုင်သည်။အောက်ပါတို့ရှိပါကဆရာဝန်ကိုခေါ်ပါ။အနာပြင်းထန်လာပါက။၃ရက်အတွင်းအနာမသက်သာပါက။၂ပါတ်ကျော်ကြာသည်အထိ လက်ချောင်းခြေချောင်းများပုံမှန်မဟုတ်ပါက။ကလေးကိုပြရန်လိုအပ်သည်ဟုသင်ထင်ပါက။သင်ကလေးကပိုဆိုးလာပါက။ကလေးဆရာဝန်ကိုချက်ချင်းခေါ်ပါ။လက်ချောင်းအဆစ်များ တောက်လျောက်တဖြောင့်တည်း သို့မဟုတ် ကွေးနေခြင်း။နြာခ်ငးယောင်းခြင်းများရှိပါက။၁၀မိနစ်ခန့်ဖိထားသော်လည်းသွေးမတိတ်ပါက။မြင်သာသောပုံမမှန်ခြင်းရှိပါက။သွေးများလက်သည်းအောက်တွင်စုပြုံနေပါက။ လက်သည်း ၃ပုံတစ်ပုံတွင်သွေးရှိခြင်းနှင့် အလွန်နာနေပါက။ခြစ်ရာရှရာများက ချုပ်ရန်လိုသည်အထိနက်ပါက။(အရေပြားကွဲသွားပါက ၁.၂ စင်တီမီတာရှည်ပါက)မေးခိုင်ထိုးရန်လိုအပ်နေပါက။အမှုန်များဒဏ်ရာတွင်ရှိပြီး မဖယ်နိုင်ပါက။ပြင်းထန်သည်ဟုသင်ထင်ပါက။ဆရာဝန်ကိုအလုပ်ချိန်အတွင်းခေါ်ပါ။အနာညစ်ပတ်ခြင်း မေးခိုင်ကို ၅နှစ်ထိမထိုးဘူးပါက။သန့်ရှင်းသောအနာဖြစ်သော်လည်း မေးခိုင်ဆေးကို ၁၀နှစ်ကျော်မထိုးဘူးပါက။၃ရက်အတွင်းအနာမသက်သာပါက။၂ပါတ်ကြာသည်အထိ လက်ချောင်းကိုပြန်မသုံးနိုင်ခြင်း။အခြားသင်သိလိုသည်များရှိပါက။လှုပ်ရှားမှုများများ ဥပမာ တူထုခြင်း စာရိုက်ခြင်းကြက်တောင်ရိုက်ခြင်း တို့ကိုလျော့ချပါ။လက်ဆစ်ကိုထိန်းပေးသော လက်ပတ်မျာကိုသုံးပါ။လုံခြုံစေသောပစ္စည်းများ ဥပမာ လက်အိတ် သုံးခြင်း။ကောင်းမွန်သောခြေအိတ်ဝတ်ခြင်းဖြင့် ပြသာနာကိုရှောင်ပါ။ သက်တောင့်သက်သာရှိသော အထောက်အပံ့ဖြစ်စေသည့်ဖိနပ်ကိုဝတ်ပါ။ခြေဖလာဖြင့် လမ်း ဥယဉ်တွင်လျောက်ခြင်းက အရာပေါ်ဖိမိခြင်းဖြစ်နိုင်သည်။Hello Health Groupသည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%ad/
အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ
အသည်းရောင် အသားဝါ ဗိုင်းရပ်စ်တွေမှာ A၊ B၊ C၊ D၊ E ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဗိုင်းရပ်စ် တစ်မျိုးချင်းစီအလိုက် ရောဂါပြင်းထန်မှုတော့ ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ။ သိထားတဲ့အချက်တွေမှာ ဘယ်အချက်တွေက မှန်လို့ ဘယ်အချက်တွေက မှားနေလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးပါ။အသည်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အသည်းရောင် အသားဝါ ဗိုင်းရပ်စ် တစ်မျိုးပေါ့။အသည်းရောင်အသားဝါ စီပိုး က ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကိုသွေးကတဆင့်အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီးခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွာခြားပါသေးတယ်။လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နေနိုင်တယ်လို့ သိရပါတယ်။ဗိုင်းရပ်စ်ပိုးရှိနေတဲ့ သွေးက စားပွဲ၊ ထိုင်ခုံတို့လိုမျိုး မျက်နှာပြင် တစ်ခုခု ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကိုရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေကူးစက်နိုင်ခြေများလေလေပါပဲ။နောက်တစ်ချက်က အသည်းရောင်အသားဝါ စီပိုးက ဆေးထိုးအပ်တွေထဲမှာ အချိန်ကြာကြာ ရှင်သန်နေနိုင်တာပါ။ ဆေးထိုးအပ် အသေးစားတွေထဲမှာ ၆၃ ရက်အထိ အသက်ရှင်နေနိုင်စွမ်းရှိပြီး ပိုကြီးတဲ့ဆေးထိုးအပ်တွေထဲမှာဆိုရင်တော့ ဒီထက်တောင် အချိန်ကြာကြာ ရှင်သန်နေနိုင်ပါတယ်။အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေမှားသိထားလဲ…… ဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရသူတိုင်းမှာလက္ခဏာပေါ်တယ်တော့ မဟုတ်ပါဘူး။ စီပိုး ကူးစက်ခံရသူတွေရဲ့ ၂၀% ကနေ ၃၀%  လောက်မှာပဲ ကူးစက်ခံရပြီး သိပ်မကြာခင်မှာ လက္ခဏာ ပြတာပါ။ လက္ခဏာတွေအနေနဲ့ကတော့ပင်ပန်းလွယ်တာ၊ ဗိုက်အောင့်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ လက္ခဏာမျိုးတော့ မဟုတ်ပါဘူး။တချို့ကလည်း အလိုလိုပျောက်သွားတတ်ပါတယ်။ တချို့ကလည်း နာတာရှည် အသည်းရောင်ဖြစ်ပြီးအသည်းခြောက်တာ၊ အသည်းကင်ဆာ နဲ့ ကျောက်ကပ်ထိခိုက်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေရောက်လို့ ဆေးစစ်ရာကနေမှ စီပိုး ကူးစက်ခံထားရတယ်ဆိုတာကို သိရတာ ပိုများပါတယ်။ဒီအယူအဆက အရင်ကာလတွေတုန်းကတော့ မှန်ပါတယ်။ အခုတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် အသည်းရောင် အသားဝါ စီပိုးကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်တဲ့ ဆေးဝါးတွေ ကုထုံးတွေ ရှိလာခဲ့ပါပြီ။ နောက်ထပ် သတင်းကောင်းတစ်ခုကတော့ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆေးဝါးတွေနဲ့ ကုထုံးတွေကဘေးထွက်ဆိုးကျိုးနည်းလာတယ်ဆိုတာပါ။အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက အသည်းရောင် အသားဝါ စီပိုးကို ကူးစက်စေနိုင်တယ်ဆိုပေမယ့် စီပိုးဟာ လိင်ဆက်ဆံမှုကနေပဲ ကူးစက်တယ်တော့ မဟုတ်ပါဘူး။ စီပိုးဟာ ရောဂါပိုးရှိနေတဲ့သွေး၊ ရောဂါပိုးရှိနေတဲ့သွေး ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေ တဆင့် ကူးစက်တာပါ။လိင်အင်္ဂါတဝိုက် ပေါက်ပြဲဒဏ်ရာရှိတာ၊ အတူနေစဉ် ထိခိုက်ပွန်းပဲ့တာကနေ သွေးထွက်တာ၊ စအိုနဲ့ ဆက်ဆံတာ၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာတွေကြောင့် ကူးစက်နိုင်ခြေ ပိုများပါတယ်။ကိုယ်ရဲ့ အိမ်ထောင်ဖက် တစ်ဦိးနဲ့သာ အတူနေမယ်။အကာအကွယ်သုံးမယ်။ ရာသီလာနေစဉ် နဲ့ လိင်အင်္ဂါတဝိုက် ထိခိုက်ပွန်းပဲ့ထားတာမျိုးတွေ ရှိနေချိန်မှာ အတူမနေဘူးဆိုရင် လိင်ဆက်ဆံမှုကြောင့် စီပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။အသည်းရောင် အသားဝါ စီပိုးက ပွေ့ဖက်တာ၊ နမ်းတာ၊ ကိုင်တွယ်ထိတွေ့တာတွေကနေတဆင့် မကူးစက်သလို ချောင်းဆိုးတာ၊ အစားအစာတွေ အတူတူ မျှစားတာ၊ မျက်မှန်တွေကနေတဆင့် ကူးစက်တာမျိုး မရှိပါဘူး။သွေးကနေတဆင့်ပဲ အဓိကကူးစက်တာဖြစ်တာကြောင့် ဆေးထိုးအပ်တွေကိုလိုမျိုး အရေပြားကို ဖောက်ရတဲ့ အရာတွေကနေတော့ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အသည်းရောင် စီပိုးရှိသူအတွက် မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်၊ သွားပွတ်တံ အပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို သီးသန့်ထားပေးတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ကူးစက်တတ်တဲ့ ရောဂါပိုး တော်တော်များများကို ခန္ဓာကိုယ်က တိုက်ထုတ်ပေမယ့် နိုင်အောင်တိုက်ထုတ်နိုင်ဖို့ ခက်ပါတယ်။ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရတဲ့ လူတချို့က လပိုင်းအတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၇၅ကနေ ၈၅ ရာခိုင်နှုန်းကတော့ နာတာရှည်အသားရောင်ရောဂါအဆင့်ကို ရောက်သွားတတ်ပါတယ်၊၊။ဒီကနေမှ မကုသဘူးဆိုရင် အသည်းခြောက်တာ၊ အသည်းကင်ဆာ၊ အသည်းပျက်စီးတာအထိ အဆင့်တက်သွားနိုင်ပါတယ်၊၊။အသည်းရောင် အသားဝါ စီပိုးက အသည်းကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အဆစ်တွေကို ထိခိုက်စေတာကြောင့် အဆစ်ရောင်တာလိုမျိုး ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်သလို ဆီးချို၊ ခြေကုန်လက်ပမ်းကျတာ၊ lymphoma (သွေးကင်ဆာ တစ်မျိုး)၊ အရေပြားပြဿနာတွေ အပါအဝင် ကျန်းမာရေး ပြဿနာ တော်တော်များများကို ခံစားရနိုင်ပါတယ်။Myth -7 …… အသည်းရောင် အသားဝါစီပိုးအတွက် ကာကွယ်ဆေးရှိတယ်၊၊။ခုချိန်ထိတော့ အသည်းရောင်အသားဝါစီပိုးအတွက် ကာကွယ်ဆေး မရှိသေးပါဘူး၊၊ အသည်းရောင် အသားဝါ အေနဲ့ ဘီအတွက်သာ ရှိပြီး ဒါတွေကလည်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေပဲ ဖြစ်ပါတယ်၊၊။ဒါကြောင့် အသည်းရောင်အသားဝါစီပိုးကို ကာကွယ်ဖို့အတွက် စိတ်မချရတဲ့နေရာက တက်တူးတွေ ထိုးတာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓားတွေ၊ သွားတိုက်တံတွေကို မျှဝေသုံးစွဲတာမျိုးကို ဆင်ခြင်သင့်ပါတယ်၊၊။ကဲ …… ကိုယ်တိုင်ရော သိထားတာတွေ မှန်ရဲ့လား ………..။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/myths-about-hepatitis-c/
ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ
ကန်စွန်းရွက်ကြော် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။ဒီလို အမြဲစားနေကျကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ကန်စွန်းရွက်ကြော် စားတာက-။ကန်စွန်းရွက် က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်ကြော် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် ကင်းစင်စေဖို့နဲ့ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ပြန်လည်ကုစားရာမှာ အထောက်အကူပေးပါတယ်။ အဆိပ်ပြေစေတယ် လို့ဆိုကြတဲ့ ကန်စွန်းရွက်ရဲ့ အစွမ်းသတ္တိတွေပေါ့။သံဓာတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဆို သံဓာတ်ကို ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။ သံဓာတ် ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး သွေးအားကောင်းစေမှာပါ။ ကန်စွန်းရွက်နုနုလေးတွေဟာသွေးအားနည်းသူတွေအတွက် အကောင်းဆုံး ဓာတ်စာပါပဲ။ကန်စွန်းရွက် ရဲ့ အမျှင်ဓာတ်တွေ က အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် လုံလောက်အောင် ရရှိတဲ့အခါအစာချေဖျက်နိုင်စွမ်းပိုကောင်းစေတယ်၊ ဝမ်းမှန်စေတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။မျက်စိအားကောင်းချင်တယ်ဆို ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက် မှာ မျက်စိကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ ဗီတာမင် အေ နဲ့ lutein ဓာတ်တွေ ပါဝင်တယ်လေ။ ကန်စွန်းရွက်က မျက်စိအတွင်းတိမ် ဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ glutathione ပမာဏ ကိုလည်း မြှင့်တင်ပေးပါတယ်။ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိနေတဲ့အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အစွမ်းကြောင့် ကိုယ်ခံအားစနစ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတာပါ။ကိုလက်စထရော တွေကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။ဗီတာမင် အေ နဲ့ စီ တို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါရှိတဲ့ အပြင် သွေးတွင်းကိုလက်စထရောပါ ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောပိတ်တာ၊ နှလုံးထိခိုက်တာ၊ လေဖြတ်တာတွေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ဖောလိတ်ဓာတ် ပါဝင်မှု ကြောင့် နှလုံးထိခိုက်၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေတဲ့ အန္တရာယ်ဓာတ်ပစ္စည်း homocysteine ကို ဟန့်တားပေးနိုင်တယ်၊ မဂ္ဂနီဆီယမ် ကြောင့် သွေးဖိအားကို ကျစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ကျောက်ကပ် မကျန်းမာလို့၊ ဆီး ပြဿနာတွေ ရှိလို့ ခံစားနေရတယ် ဆိုရင်လည်း ကန်စွန်းရွက် စားပေးတာ ကောင်းပါတယ်။ ကန်စွန်းရွက်မှာ ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ ဒါဆိုရင် ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားဆဲလ်တွေ အသစ် ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။အရေပြားမှာ အမာရွတ် ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက် ကိုက်တာကြောင့် အမာရွတ် ကျန်ခြင်းကို သက်သာစေချင်တယ် ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ဘာတွေ သတိထားရမလဲ။ကန်စွန်းရွက်က အများကြီး စားရင် ဝမ်းနူးနိုင်တာ​ကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/health-benefits-water-spinach/
သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်
သင်ဟာ ဆိုးဝါးတဲ့ချစ်သူတစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့အချစ်ရေးဟာ ကြမ်းတမ်းနေတယ်။ ဒါပေမယ့် အဖြေကို ရှာမတွေ့ဘူး ဆိုရင်တော့ သင့်ကိုသင် ပြန်လည်းဆန်းစစ် ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက် ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့ အချက် ၅ချက်ရှိပါတယ်။သင်ကဆိုးဝါးတဲ့ ချစ်သူဖြစ်နေပြီဆိုတာပြတဲ့ အချက်တွေက။သင်တို့ နှစ်ယောက်ဟာ ဘာပဲ စီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲ အမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊ သူ့မှာ ဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံး ရှိနေစေချင်တာမျိုးတွေ၊ သင်ဟာ သူ့ရဲ့ အရေးအကြီးဆုံးနဲ့ ပထမဦးစားပေး ဖြစ်ချင်တာမျိုးတွေပဲ ဖြစ်ပါတယ်။ကျွန်ုပ်တို့ အားလုံးဟာ ပြန်ခံပြောတတ် ကြပါတယ်။ ဒါပေမယ့် တချို့လူတွေဟာ အဲဒီလို ပြောတဲ့နေရာမှာ တော်တော်ဆိုး ပါတယ်။ သင်ဟာ တစ်ယောက်ယောက်က သူတို့ရဲ့ ပြဿနာတွေကို တစ်နေ့လုံး ထိုင်ပြောနေတာကို နားမထောင်ချင်သလိုမျိုး ပဲပေါ့။ သင့်ရဲ့ ချစ်သူ ဟာလည်း အဲဒီလိုပဲ ခံစားရမှာဖြစ်ပါတယ်။သူကိုယ်တိုင်က ဘာမှမလုပ်ဘဲအပြစ်ထိုင်ပြောခံနေရတာကို နားထောင်ရတာလောက် ငြီးငွေ့စရာ ကောင်းတာ မရှိပါဘူး။ သင်ဟာ လုံးဝကို အပြစ်ထိုင်ပြောတတ်သူကြီး ဆိုရင်တော့ သင့်ရဲ့ချစ်သူကတော့ ဘာမှပြောမှာ မဟုတ်ပေမယ့် သေချာတာ တစ်ခုကတော့ အဲဒါဟာ သင်တို့ရဲ့ ဆက်ဆံရေးကို လုံးဝ ဖျက်ဆီးနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။သင့်ရဲ့ချစ်သူဟာ သင့်ချစ်သူပါပဲ၊ သင်ဟာလည်း သင်ပါပဲ။ အကယ်၍ သင်တို့ရဲ့ ဆက်ဆံရေးမှာ ပြောင်းလဲဖို့ လိုလာရင် အဲဒီလို ပြောင်းလဲတာဟာ သဘာဝအတိုင်းလေးပဲ ဖြစ်သင့်ပါတယ်။ ဖိအား တစ်ခုခုကြောင့် မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ကို အတင်းအဓမ္မ ပြောင်းလဲဖို့ ကြိုးစားတာက လုံးဝ အဓိပ္ပာယ် မရှိပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့ သူကိုပေါ့။လူတော်တော်များများကတော့ အကျိုးရှိတဲ့၊ အကူအညီပေးနိုင်တဲ့ ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ချစ်သူကို လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်နေရင်တော့ အဲ့ဒါလုံးဝကို မကောင်းပါဘူး။ သင့်ရဲ့ဝေဖန်မှုဟာ အကျိုးရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင့်ရဲ့ဝေဖန်မှုပုံစံကြောင့် ရှိပြီးသား အကောင်းမြင်စိတ်တောင် ပျောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် သင်ဝေဖန်တော့မယ် ဆိုရင် သက်သောင့်သက်သာ ဖြစ်စေပြီး အပြုသဘောဆောင်တာမျိုးကို နှစ်ကိုယ်ကြားပဲ ပြောသင့်ပါတယ်။သင်ဟာ သင့်ချစ်သူနဲ့ ပြေလည်တဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ စကားပြောဆိုမှု ရှိရမယ် ဆိုတာကို သိပြီးသား နေမှာပါ။ ဒါပေမယ့် သင်ဟာ ဆက်ဆံရေး မကောင်းဘူး။ တစ်ခုခု အဆင်မပြေတဲ့အခါ သင့်ရဲ့ခံစားချက်တွေကို ဖွင့်ပြောပြလေ့ မရှိဘူး။အဆင်မပြေတဲ့ အချိန်မှာ သင်ကိုယ်တိုင်ကလည်း ပြဿနာတွေ သယ်လာလေ့ ရှိတယ်။ သင့်ရဲ့ခံစားချက်ကို လူချင်းတွေ့ပြီး ပြောရတာထက် စာရိုက်ပြောရတာကို ပိုနှစ်သက်တယ်။ ဒါတွေဟာ သင့်ကို ချစ်သူကောင်း တစ်ယောက် မဖြစ်နိုင်အောင် တားဆီးနေတဲ့ အရာတွေ ဖြစ်တယ်။သင်ကဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီလား ဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/5-facts-that-you-are-a-bad-love-partner/
ခံတွင်း အပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၆ သွယ်
တစ်ခါတစ်လေ ကြုံရလိမ့်မယ်။ ပူပူလောင်လောင် အစားအစာမျိုးတွေကို အလောတကြီး စားမိလိုက်တာမျိုး၊ရေနွေးပူပူကို ရုတ်တရက် သတိမထားမိပဲ သောက်မိလိုက်တာမျိုး တွေပေါ့။ ဒီလို အချိန်မျိုးဆိုရင်အာခေါင်တစ်ခုလုံး ပူလောင်ကျိန်းစပ်ပြီး နေမထိထိုင်မသာဖြစ်သွားတတ်ကြတယ်မဟုတ်လား။ဒီလိုအာခံတွင်း အပူလောင်ပြီဆိုရင် ဆိုးရွားလှတဲ့ ဝေဒနာကိုတင် ကြုံရတာမဟုတ်ပါဘူး၊ စားရေးသောက်ရေးပါ အခက်တွေ့ကြုံရပါလိမ့်မယ်။ အပူလောင်ထားတဲ့ ခံတွင်းကြောင့် အစာစားရာမှာအရသာမရှိတာလိုလို၊ စပ်နေတာလိုလို၊ ထုံနေတာလိုလိုနဲ့ ခံတွင်းထဲ အစာဝင်သွားရင်ကို နေရထိုင်ရ ခက်နေတော့တာပါပဲ။ ပထမအဆင့် ခံတွင်းအပူလောင်နာဟာ တစ်ရက်ဝန်းကျင်ကနေ ၁ ပတ်ဝန်းကျင်အထိ ကြာတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးကိုတော့ ဒုတိယအဆင့် ခံတွင်း အပူလောင်နာလို့ သတ်မှတ်လေ့ရှိပါတယ်။ဒီလို ဝေဒနာမျိုး ခံစားရချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင်မထင်မှတ်ထားတဲ့ အနီးနားက အစားအစာတချို့ဟာ အဲ့ဒီ အာခံတွင်း အပူလောင်တဲ့ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။ခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပထမအဆင့် ခံတွင်း အပူလောင်နာကို နေအိမ်မှာတင် အလွယ်တကူရရှိနိုင်တဲ့ အစားအစာတွေကို အသုံးပြုပြီး သက်သာအောင် ကုသနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ခံတွင်း အပူလောင်ထားပြီဆိုရင် အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်သလို ခံတွင်း သန့်ရှင်းနေအောင် ဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပထမအဆင့် အပူလောင်နာအတွက် အိမ်တွင်းကုသနည်းတွေနဲ့ ကုသနိုင်ပေမယ့် ဒုတိယအဆင့် အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မဖြစ်မနေလိုအပ်တယ်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%95%e1%80%b0%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80/
အကြောင်းရင်းမရှိဘဲ ကြောက်ခြင်း။ သင့်မှာအကြောက်လွန်ရောဂါ ဖြစ်နေပြီလား။
သင်ဟာ ရုတ်တရက်ကြောက်လန့်ခြင်းဖြစ်ပြီး ထိုကြောက်လန့်မှုကို မိနစ်ပေါင်းများစွာကြာသည်အထိ ခံစားရတာမျိုးဖြစ်ဖူးပါသလား။ ဒီအခြေအနေတွင် သင်ဟာ တခြားဘာကိုမှမစဉ်းစားနိုင်အောင် သို့ အလုပ်ဆက်မလုပ်နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကြောက်လွန်ရောဂါလို့ ခေါ်တယ်။ အကြောက်လွန်ရောဂါအကြောင်းကို သင်ကြားဖူးလား။ ဆန်းစစ်ကြည့်ရအောင်။လူတော်တော်များများဟာ သူတို့ရဲ့ဘဝမှာ အကြောက်လွန်ခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခံစားဖူးကြတယ်။ အကြောက်လွန်ခြင်းဟာ အလွန်ထိတ်လန့်စရာကောင်းပါတယ်။ အကြောက်လွန်နေချိန်တွင် သင်ဟာ ဘာကိုမှမတွေးနိုင်၊ အသက်မရှူနိုင်အောင် အသိစိတ်လွတ်နေတတ်တယ်။ အမှန်တကယ်အန္တရာယ်မရှိသော်လည်း အလွန်အမင်းစိတ်ပူနေတတ်တယ်။ စိတ်ဒဏ်ရာရစေတဲ့ စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေကျော်လွန်သွားတဲ့အခါ ဒီလက္ခဏာတွေဟာ သက်သာသွားတတ်တယ်။တချို့လူတွေက အကြောက်လွန်ခြင်းကြောင့် နှလုံးရပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန်ဖြစ်သွားတတ်ကြတယ်။အကယ်၍ သင့်မှာ အကြောက်လွန်ရောဂါရှိမယ်ဆိုရင် သင်ဟာဒီလက္ခဏာတွေကို ခံစားရနိုင်တယ်။• သင်ဟာ ရုတ်တရက် အကြောက်လွန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို ထပ်ခါထပ်ခါ ခံစားရနိုင်တယ်။ ဒီခံစားချက်က အမြဲလွှမ်းမိုးနေတတ်တယ်။• တခါတလေ သင်ဟာ အသိစိတ်လွတ်သွားသလို ခံစားရတယ်။ အသေအလဲကြောက်ရွံ့နေတတ်တယ်။• အကြောက်လွန်နေစဉ်မှာ နှလုံးခုန်သံကျယ်ပြီး အရမ်းမြန်ခြင်း၊ ချွေးထွက်ခြင်း၊ ချမ်းစိမ့်နေခြင်း၊ တုန်နေခြင်း၊ အသက်ရှူရခက်ခြင်း၊ အားနည်းခြင်း သို့မဟုတ် မူးဝေခြင်း၊ လက်တွေထုံကျဉ်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ပျို့တက်ခြင်းတို့ကို ခံစားရနိုင်တယ်။• ဒီလိုမျိုး နောက်တစ်ကြိမ်ဖြစ်မှာကို စိတ်ပူပန်နေတတ်တယ်။• အရင်က အကြောက်လွန်ခြင်းကို ခံစားထားဖူးတဲ့ နေရာမှာ ဆက်မနေလိုတော့ဘူး။• သင့်ရဲ့အကြောက်လွန်ခြင်းဟာ အဲဒီ အရာဖြစ်တဲ့အချိန်မှာ သင်တွေးနေ လုပ်နေတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်နေတတ်တယ်။အကြောက်လွန်ခြင်းကိုခံစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်တယ်။• နှလုံးခုန်မြန်လာမယ်။• ချွေးစီးတွေ ထွက်မယ်။• ချမ်းလွန်းပြီး အသက်ရှူရခက်မယ်။• ရင်ဘက်နှင့် ဗိုက်အောင့်မယ်။• အားနည်းမူးဝေသလို ခံစားရမယ်။• လက်တွေ ထုံနေမယ်။အကယ်၍ သင်ဟာ ကြောက်ရွံ့ခြင်းနှင့် စိတ်ပူပန်ခြင်းကို မကြာခဏခံစားရပြီး အကြောက်တရားက ဖုံးလွှမ်းနေလျှင် အကြောက်လွန်ရောဂါ ရနေတာဖြစ်တတ်တယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ကြောက်တိုင်း အကြောက်လွန်ရောဂါ ရနေတာမဟုတ်ပါဘူး။အကြောက်လွန်ရောဂါဟာ ကုသလို့ရပါတယ်။ သင့်မှာ အကြောက်လွန်ရောဂါ ရှိနေတယ်လို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသပါ။ စောစီးစွာကုသခြင်းက သင့်ကို ဒီအခြေအနေမှ ပြန်ကောင်းလာစေပြီး ရောဂါပိုဆိုးလာခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ကုသနည်းတွင် စိတ်ရောဂါကုထုံးနှင့် ဆေးဝါးများပါဝင်ပါတယ်။ သင်ဟာ အကြောင်းပြချက်မရှိဘဲ ကြောက်ခြင်းကို ခံစားနေရပါက ဆရာဝန်ကိုပြောပြနိုင်ပါတယ်။ ဆရာဝန်မှ သင့်အားအကြောက်လွန်ရောဂါ ရှိ၊မရှိ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ရောဂါရှိလျှင် ချက်ချင်းကုသမှု ခံယူပါ။ ရောဂါမရှိပါကလည်း ဆရာဝန်မှ သင့်အားရောဂါမဖြစ်စေရန် ကာကွယ်မှုပေးပါလိမ့်မယ်။သင့်ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချိန်ဆနိုင်ကြောင်း သတိပြုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်နည်းတွေက သင့်ကို အဆိုးမြင်တတ်တဲ့အတွေးအခေါ်တွေကင်းစေပြီး အကြောင်းရင်းမရှိဘဲ ကြောက်ခြင်းကို လျှော့ချပေးပါလိမ့်မယ်။ ကျန်းမာစေမယ့် အစားအစာကိုစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်ပါ၊ အကူအညီပေးနိုင်တဲ့ စိတ်ချရတဲ့ လူတွေနဲ့ စကားပြောပါ။ သင့်ဘဝတွင် စိတ်ဖိစီးစရာတွေကို ခွင့်မပြုပါနှင့်။သင်ဟာ တခါတလေမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ တစ်စုံတစ်ခုကို ကြောက်လန့်တာတွေကို ခံစားရနိုင်တယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး ဆေးကုသမှုမလိုအပ်ပါ။ ဒါပေမယ့် အကြောက်လွန်ရောဂါအဖြစ် ပြောင်းလဲသွားပြီး ကုသမှုမခံယူဘူးဆိုလျှင် သင့်အနေနဲ့ စိတ်ရောဂါပြဿနာကို ခံစားရပြီး သင့်အလုပ်၊ ကျောင်း နှင့် လူနေမှုဘဝတွေကိုပါ ထိခိုက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
ရွှေဖရုံရွက် နဲ့ ကျန်းမာရေး
ကြော်ချက်ပဲ ချက်စားစား၊ဟင်းချိုပဲ ချက်ချက်၊ ဟော့ပေါ့ထဲပဲ ထည့်စားစား စားရတာ ချိုချိုလေးနဲ့ အရသာရှိတဲ့ ရွှေဖရုံညွန့်လေးကို ကြိုက်တဲ့သူတွေရှိလား……. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အရမ်းကြိုက်တဲ့ ဟင်းတစ်ခွက်ကကျန်းမာရေးကို ဘယ်လို အကျိုးပြုနေသလဲ ဆိုတာကိုပါ။အဝါရောင်သန်းပြီး အရသာချိုချိုလေးနဲ့ စားလို့အရသာရှိလှတဲ့ ရွှေဖရုံသီးတွေသီးတဲ့ ရွှေဖရုံပင်ရဲ့ အရွက်လေးတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်နေပါတယ်။စားလိုက်ရင် အရသာရှိတဲ့ ရွှေဖရုံရွက်က။ကင်ဆာကာကွယ်ပေးတယ်။ကမ္ဘာတစ်လွှားမှာ သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ ရောဂါတစ်မျိုးပါ။ ကင်ဆာရောဂါတွေက အမျိုးအစားများသလို ခံစားနေရတဲ့သူ အရေအတွက်ကလည်း တစ်ကမ္ဘာလုံးမှာ မနည်းပါဘူး။ဒီကင်ဆာရောဂါဆိုးကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ ရွှေဖရုံရွက် စားပေးလို့ရပါတယ်။ ရွှေဖရုံရွက်က ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ phenolic ဒြပ်ပေါင်း ဖြစ်တဲ့ ( chlorophyll ) saponins၊ tannins၊ flavonoids၊ glycosides နဲ့  phytosterols တို့ပါဝင်နေပါတယ်။ကြွက်သားတွေအလိုလျောက် ကျုံ့ဆန့်တာကို သက်သာစေနိုင်တယ်။ရုတ်တရက် ပုံမှန်မဟုတ်ဘဲ ကြွက်သားတွေ သူ့အလိုလို ပြင်းပြင်းထန်ထန်လှုပ်တာမျိုး(အကြောဆွဲတာ) ခံစားနေရသူတွေအနေနဲ့ ဒီလက္ခဏာကို သက်သာစေဖို့ ရွှေဖရုံရွက် စားပေးလို့ရပါတယ်။ သွေးတွင်းမှာအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ ရှိနေတဲ့အခါ အဖျားရှိနေတဲ့အခါမျိုးတွေမှာ အဖြစ်များပါတယ်။ဒါက ခဏတဖြုတ်နဲ့ ပျောက်သွားမယ့် ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် လုံလောက်တဲ့ အာဟာရတွေကို ရရှိမယ်ဆိုရင် သက်သာမှာပါ။ ဒါကြောင့် ရွှေဖရုံရွက်ကို စားပေးသင့်ပါတယ်။သွေးချိုထိန်းညှိပေးတယ်။ရွှေဖရုံရွက် သွေးတွင်းသကြားဓာတ် ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့ဖြစ်ဖြစ် ဆီးချိုရှိနေသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ပဲဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။ကိုယ်ခံအားကောင်းစေတယ်။သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ သွေးနီဥဆဲလ်တွေကို အောက်ဆီဂျင် ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ကို ရောဂါတွေဒဏ်ကနေ ကာကွယ်ပေးပြီး ရောဂါတွေကို ခုခံဖို့ အားဖြည့်ပေးပါတယ်။သွေးနီဥဆဲလ်တွေကို အားဖြည့်ပေးလို့ ပျက်စီးသွားတဲ့ တစ်ရှူးတွေ၊ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပြီး ထိခိုက်မှုတွေကို သက်သာစေနိုင်ပါတယ်။အနာကျက်စေဖို့လည်း အားဖြည့်ပေးပါတယ်။အသားအရေကို အားဖြည့်ပေးတယ်။ရွှေဖရုံရွက်မှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် A ကြွယ်ဝမှုက ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေကိူ အထိရောက်ဆုံး ဖယ်ရှားနိုင်တာကြောင့် အသားအရေထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို နူးညံ့စေပြီး အာဟာရ ဖြည့်ပေးပါတယ်။အသားအရေခြောက်သွေ့တာအပါအဝင် အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။အဆစ်ရောင်နာကို သက်သာစေတယ်။ကိုယ်ထဲမှာ ဗီတာမင် B6 နည်းလာတဲ့အခါ အဆစ်ရောင်နာ ဖြစ်နိုင်ခြေမြင့်လာပြီး အဆစ်တွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ကိုက်ခဲတာကိုလည်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ဗီတာမင် B6 ပြည့်ဝဖို့ပါ။ အဆစ်နာတာကို သက်သာစေဖို့ဖြစ်ဖြစ် ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဖြစ်ဖြစ် ရွှေဖရုံရွက် စားပေးလို့ရပါတယ်။အရိုးတွေသန်မာစေတယ်။ရွှေဖရုံရွက်မှာ အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ ပါဝင်နေပါတယ်။ ဒါကြောင့် အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ phosphorus ပြည့်ဝစေဖို့ဆိုရင် ရွှေဖရုံရွက် စားပေးလို့ရပါတယ်။ရာသီအကြို လက္ခဏာတွေကို သက်သာစေနိုင်တယ်။လေဒီ အများစုခံစားရတဲ့ ရာသီအကြိုလက္ခဏာဖြစ်တဲ့ စိတ်ဆိုးလွယ်တာ၊ စိတ်ဆတ်တာ၊ စိတ်ဓာတ်ကျ၊ခေါင်းကိုက်တာ၊နေရထိုင်ရ မအီမသာဖြစ်တာမျိုးတွေကို သက်သာစေဖို့ဆိုရင် မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ လိုပါမယ်။ ဒီတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ရွှေဖရုံရွက်ကို စားတာ အကောင်းဆုံးဖြစ်မှာပါ။ဝမ်းမှန်စေတယ်။ရွှေဖရုံရွက်မှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပေးပါတယ်။ ဝမ်းပျော့ပျော့သွားစေပြီး အူကြွက်သားတွေကို ကျုံ့ဆန့်အားကောင်းစေပါတယ်။  ဝမ်းမှန်စေတဲ့အပြင်လိပ်ခေါင်းမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သွား နဲ့ ခံတွင်းကျန်းမာစေတယ်။ရွှေဖရုံရွက်မှာ သွား နဲ့သွားဖုံးတွေကို ကျန်းမာစေနိုင်တဲ့ phosphorus၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့ ပါဝင်နေပါတယ်။ မေးရိုးတွေကိုက သန်မာစေပြီး သွားတွေကို ခိုင်မာစေသလိုအပေါ်ယံကြွေလွှာတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကင်းစေတယ်။ရွှေဖရုံရွက်မှာ Copper ပါဝင်နေပြီး ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝနေတာက ဓာတ်တိုးပစ္စည်းတွေကြောင့် အရေးအကြောင်း ဖြစ်တာ၊ အသက်အရွယ်ကြောင့် အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ အရေပြား လျော့ရဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။လူတိုင်း ရွှေဖရုံညွန့်ကို စားပေးလို့ ရပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစားပါနဲ့။ အစာမကြေတာ၊ ဝမ်းချုပ်တာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-pumpkin-leaves/
လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့ စိတ်ရောဂါ သို့မဟုတ် Homophobia
၂၁ ရာစုမှာ လိင်တူချစ်တယ်၊လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ချစ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုလူတွေကို အကြောင်းရင်းမရှိဘဲ မုန်းတီးနေတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ယခုအချိန်ထိကို တည်ရှိနေတုန်းပါပဲ။ သဘာဝကိုဖီဆန်တယ်လို့ ဆိုကြပေမယ့်လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုလည်း မဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုး လုံးဝမရှိပါဘူး။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ LGBT လူသားတွေအပေါ်မှာ ထားရှိတဲ့ လူတစ်ချို့ရဲ့ ကြောက်ရွံ့မှု စိတ်ဝေဒနာအကြောင်းပဲ ဖြစ်ပါတယ်။ဖိုးဘီးယား (Phobia) ဆိုတာ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုကို သာမန်ထက်ပို၍ ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်း၊ မနှစ်မြို့ခြင်းကို ပြောတာဖြစ်ပါတယ်။ ရာနဲ့ ချီနေတဲ့ ဖိုးဘီးယားစိတ်ဝေဒနာထဲမှာမှ LGBT နဲ့ ပတ်သက်ပြီး အတွေ့များတဲ့ ဖိုးဘီးယား ၃မျိုးကတော့။၁။ လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း (Homophobia)။၂။လိင်တူ၊ လိင်ကွဲချစ်ခြင်းကို မနှစ်သက်ခြင်း (Biphobia)။၃။ လိင်ခွဲစိတ်ပြောင်းလဲထားသူတွေကို မနှစ်သက်ခြင်း (Transphobia) တို့ပဲဖြစ်ပါတယ်။အမျိုးသားချင်း သို့မဟုတ် အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သော သူများအား အကြောင်းရင်းမရှိဘဲမုန်းတီးြခင်း၊ ရွံရှာခြင်း၊ အပြစ်မြင်ခြင်း၊ မယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီဖိုးဘီးယားဟာ ကမ္ဘာနဲ့အဝှမ်းမှာ လက်ရှိအချိန်အထိကို ရှိနေသေးတဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ Homophobia ရှိသူတွေဟာမိသားစု၊ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်၊ လွဲမှားတဲ့ ဘာသာရေးအယူဝါဒတွေကို လက်ကိုင်ထားပြီး လိင်တူချစ်ခြင်းကို စိတ်ရောဂါ သို့မဟုတ် ကုသလို့ရတဲ့ အခြေအနေအဖြစ် မြင်တတ်ကြပါတယ်။လိင်တူချစ်သူတွေကို လှောင်ပြောင်သရော်တာ၊ မသိစိတ်ကနေရော သိစိတ်ကနေရော ရွံရှာမုန်းတီးတာ၊လိင်စိတ်ခံယူမှုပေါ် အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာ၊ သဘာဝ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ဖိနှိပ်ဆက်ဆံတာ၊ စော်ကားတာ၊အနိုင်ကျင့်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လူတစ်ဖက်သားကို အရှက်ရအောင် ပြုမူပြောဆိုတာ၊ နားမခံသာစရာ စကားလုံးများ၊ နာမ်စားတွေ၊ အသုံးအနှုန်းတွေနဲ့ ခေါ်တာတွေဟာ ဒီ Homophobia စိတ်ဝေဒနာရှိသူတွေမှာ အတွေ့များတဲ့ လက္ခဏာပါပဲ။ကိုယ်ယုံကြည်ထားတဲ့ လွဲမှားတဲ့ အရာကို ဘာသာရေးခုတုံးလုပ်တတ်တဲ့သူတွေ၊ တင်းကြပ်လွန်းတဲ့ မိသားစု၊ ပွင့်လင်းမှုမရှိသော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေ၊ အတွေးအခေါ် တစ်ဖက်စွန်းရောက်သူတွေ၊မကောင်းမြင်ဝါဒီကြီးစိုးတဲ့သူတွေ၊ ဖြစ်တည်မှုတစ်ခုကို လက်သင့်မခံဘဲ ကိုယ်သာလျှင် မှန်တယ်လို့ အတွေးဝင်နေသူတွေ၊ လိင်ကွဲကိုသာ ချစ်ခင်နှစ်သက်သူတွေမှာ ဒီစိတ်ဝေဒနာ အဖြစ်များပါတယ်။၁။ အံ့သြဖို့ကောင်းတာ တစ်ခုက ကိုယ့်ရဲ့ မသိစိတ်ထဲမှာရှိနေတဲ့ လိင်တူချင်း ချစ်ခင်စိတ်ကို ဖုံးကွယ်ထားသူတွေ (အရပ်ခေါ် အပုန်း) ကိုယ်တိုင်မှာလည်း Homophobia ရှိနေတတ်ပါတယ်။ သူတို့ဟာ ပွင့်လင်းစွာ နေထိုင်တဲ့ လိင်တူချစ်သူတွေကို မုန်းတီးတတ်တဲ့အပြင် ကိုယ့်စိတ်အခံမှာ ဖြစ်တည်နေတဲ့ စိတ်ကိုလည်း ဘယ်သူမှမသိစေဖို့ ဖုံးကွယ်ချင်တာ၊ မိမိကိုယ်ကိုယ်ရော၊ မိမိလိုဖြစ်နေသူတွေကိုပါ မုန်းတီးတဲ့ စိတ်ဓါတ်ရှိပါတယ်။ ဒါကို စိတ်ပညာအရ Internalized Homophobia မသိစိတ်ထဲမှာ ရှိနေတဲ့ မိမိရဲ့ လိင်စိတ်ခံယူမှုကို ဖုံးကွယ်ခြင်းလို့ ခေါ်ပါတယ်။၂။ ဖော်ကောင်လုပ်ခြင်း (outing) ဆိုတာကတော့ မိမိရဲ့ လိင်တူချစ်သူတွေအပေါ် မုန်းတီးတဲ့ စိတ်ကို ပွင့်လင်းစွာ ဖော်ထုတ်ပြသပြီး ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ လိင်တူချစ်သူတွေရဲ့ ဘဝဇာတ်ကြောင်းကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ တခြားသူတစ်ယောက်ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိ အရှက်ရအောင်၊ စိတ်ဆိုးဒေါသထွက်အောင်၊ လူပုံအလယ်မှာ မျက်နှာငယ်ရအောင် မကောင်းမြင်စိတ်နဲ့ စော်ကားတဲ့ အပြုအမူတွေကိုလည်း ပြုလုပ်တတ်ပါတယ်။မိမိရဲ့ လိင်စိတ်ခံယူမှုကြောင့် ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်စော်ကားမှုတွေ ခံနေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ၊သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ ဖြစ်တာ၊ ဘယ်သူ့အပေါ်မှ ယုံကြည်လို့မရနိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်။၁။ ကိုယ့်လိုပဲ LGBT အဖွဲ့ဝင်တွေကို အကူအညီတောင်းပါ။ တိုင်ပင်ပါ။၂။ လိုအပ်လာရင် မိသားစု၊ သူငယ်ချင်းတွေကို ဖွင့်ပြောပြပါ။၃။ ကိုယ့်ကိုအနိုင်ကျင့်ေစာ်ကားဖို့ ကြိုးစားသူတွေနဲ့ ဝေးရာမှာနေပါ။၄။ ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ ရှက်ရွံ့စရာမဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေဖို့ မလိုအပ်ပါဘူး။၅။ စိတ်ကို ကြံ့ကြံ့ခိုင်အောင် ထားပါ။၆။ ဘယ်နေရာမှာမဆို ကိုယ့်ကို နားလည်ပေးနိုင်တဲ့သူတွေရော၊ ကဲ့ရဲ့ရှုံ့ချမယ့်သူတွေရော ရှိနေနိုင်တယ်ဆိုတာကို သိထားပေးပါ။၇။ ကိုယ်ထိလက်ရောက် အကြမ်းဖက်စော်ကားမှုတွေ ရှိလာရင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာကို အကြောင်းကြားပါ။ တရားဥပဒေနဲ့ ဖြေရှင်းပါ။၈။ တစ်ယောက်တည်း မြိုသိပ်ထားတဲ့အခါ ပြဿနာကပြေလည်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်မှာပဲ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်လာမှာပါ။၉။ နောက်ဆုံး ပတ်ဝန်းကျင်ရဲ့ စော်ကားမှုဒဏ်တွေကြောင့် စိတ်ဓါတ်ကျတာ၊ သေကြောင်းကြံစည်ချင်စိတ် ဖြစ်လာတဲ့အထိ ဝေဒနာခံစားနေရပြီဆိုရင် စိတ်ရောဂါကုထုံးပညာရှင် သို့မဟုတ် မိသားစုဝင်တွေကို ဖွင့်ပြောပြဖို့ လိုအပ်လာပါပြီ။ပြောရမယ်ဆိုရင် လိင်တူချင်းချစ်ခင်နှစ်သက်ခြင်းဆိုတာစိတ်ရောဂါတစ်ခုမဟုတ်သလို ကုသလို့ ရတဲ့ ပြဿနာမျိုးလည်း မဟုတ်ပါဘူး။ မွေးကတည်းက ပါလာတဲ့ လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုကို ဘယ်အရာကမှ ပြောင်းလဲအောင် လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ တစ်ဖက်သတ်မုန်းတီးတဲ့ စိတ်ကြောင့် တစ်ပါးသူရဲ့ ဘဝ ထိခိုက်နစ်နာခြင်းမရှိစေဖို့ လူတွေထဲက လူပီသတဲ့ စိတ်နှလုံးနဲ့ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b0%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
Cholesterol And Triglycerides Tests (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်ကို စစ်ဆေးနည်းတွေက)
ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်တွေကို စစ်ဖို့ သွေးနမူနာယူပြီး စစ်ဆေးနည်းတွေ လုပ်ရပါတယ်။ အဲဒီနည်းတွေက သွေးထဲမှာ အဆီနဲ့ဆိုင်တဲ့ အရာတွေ (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်) တွေ စုစုပေါင်း ပမာဏ ဘယ်လောက် ရှိနေတယ် ဆိုတာကို တိုင်းတာပေးပါတယ်။ကိုလက်စထရောဟာ ပရိုတင်းတစ်ခုနဲ့ အတူတွယ်ဆက်ပြီး သွေးထဲမှာ သွားလာနေပါတယ်။ အဲဒီလို ပရိုတင်းနဲ့ ကိုလက်စထရော အတွဲကို lipoprotein (လိုင်ပို ပရိုတင်း) လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် lipoprotein (လိုင်ပို ပရိုတင်း) ကို စစ်ဆေးခြင်းအားဖြင့် စုစုပေါင်း ကိုလက်စထရော၊ LDL ကိုလက်စထရော၊ HDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် ပမာဏကို တိုင်းတာပြီးသား ဖြစ်ပါတယ်။ကိုလက်စထရောတွေကို ခန္ဓါကိုယ်က ဆဲလ်တွေ တည်ဆောက်ဖို့နဲ့ ဟော်မုန်းတွေ ထုတ်ဖို့ အသုံးပြုပါတယ်။ ဒါ့ကြောင့် သွေးထဲမှာ ကိုလက်စထရော အရမ်း များသွားခြင်းဟာ သွေးလွှတ်ကြော အတွင်းဘက်မှာ plaque (အဖတ်) တွေကို ဖြစ်စေနိုင်ပါတယ်။ plaque တွေ များလာရင်တော့ နှလုံး အမောဖောက်ခြင်း၊ လေဖြတ်ခြင်းတွေ ဖြစ်ဖို့ အခွင့်အရေး ပိုများပါတယ်။HDL (သိပ်သည်းမှု များတဲ့ lipoprotein) ဟာ အဆီတွေကို သွေးစီးကြောင်းထဲမှာ သွားပေါင်းပြီး စွန့်ပစ်ဖို့ အသည်းဆီကို သယ်သွားပေးခြင်းအားဖြင့် ခန္ဓါကိုယ်ထဲက အဆီတွေကို ဖယ်ထုတ်ပေးဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် HDL ကို ကောင်းတဲ့ ကိုလက်စထရော အဖြစ် ခေါ်ကြပါတယ်။ HDL ပမာဏ များခြင်းဟာ နှလုံးရောဂါတွေ ဖြစ်ဖို့ အခွင့်အရေး နည်းစေပါတယ်။VLDL ( သိပ်သည်းမှု အလွန်နည်းတဲ့ lipoprotein) ဟာ အဆီအများစုနဲ့ အနည်းငယ်သော ပရိုတင်းတွေကို အသည်းမှတဆင့် တခြား ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီသို့ သယ်ဆောင်ပေးပါတယ်။LDL ပမာဏ တချို့ ခန္ဓါကိုယ်ထဲမှာ ရှိနေတာက ပုံမှန်ဖြစ်ပြီး ကျန်းမာရေး ကောင်းစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ LDL ဟာ လိုအပ်တဲ့ ခန္ဓါကိုယ် အစိတ်အပိုင်း တချို့ဆီကို ကိုလက်စထရောတွေ သယ်ပို့ပေးလို့ပါ။ ဒါပေမယ့် LDL ကို မကောင်းတဲ့ ကိုလက်စထရောလို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ LDL များခြင်းက နှလုံးရောဂါဖြစ်ဖို့ ပိုပြီး အခွင့်အရေး များစေလို့ပါ။VLDL (သိပ်သည်းဆ အလွန်နည်းသော Lipoprotein) မှာ ပရိုတင်း အနည်းငယ်သာ ပါပါတယ်။ VLDL ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသည်းက ထုတ်လုပ်လိုက်တဲ့ ထရိုင်ဂလစ်စရိုက် (triglycerides) တွေကို ဖြန့်ဝေပေးဖို့ပါ။ VLDL များနေခြင်းက သွေးလွှတ်ကြောတွေထဲမှာ ကိုလက်စထရောတွေကို တည်ဆောက်စေနိုင်တဲ့ အတွက် နှလုံးရောဂါနဲ့ လေဖြတ်တာကို ပိုဖြစ်စေပါတယ်။Triglycerides ဆိုတာ ခန္ဓါကိုယ်က အားအင်တွေ သိမ်းဆည်းထားဖို့နဲ့ ကြွက်သားတွေကို အားအင်ပေးဖို့ အသုံးပြုရတဲ့ အဆီတစ်မျိုး ဖြစ်ပါတယ်။ သွေးထဲမှာ triglycerides ပမာဏ အနည်းငယ်သာ တွေ့ရတတ်ပါတယ်။ triglycerides ပမာဏ များနေပြီး LDL ကိုလက်စထရောပါ များနေရင်တော့ LDL ကိုလက်စထရော တစ်ခုတည်း များတာထက်စာရင် နှလုံးရောဂါပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ပုံမှန် ၅ နှစ်တစ်ခါ ခန္ဓါကိုယ်အတွင်းရှိ အဆီပမာဏနဲ့ ပတ်သက်ပြီး စစ်ဆေးသင့်တယ်လို့ အကြံပေးထားပါတယ်။ အဲဒီလို စစ်ဆေးရာမှာ ကိုလက်စထရော၊ HDL, LDL နှင့် triglycerides ပမာဏတွေ ပါဝင်ပါတယ်။တကယ်လို့ သင်ဟာ triglycerides ပမာဏ များနေလို့ ကုသခြင်း ခံယူနေရတဲ့သူ ဆိုရင်တော့ ကုသမှု အခြေအနေ ဘယ်လောက် ကောင်းလာတယ်ဆိုတာ သိနိုင်အောင် ဒီလို စစ်ဆေးခြင်းကို ပိုပြီး ခဏခဏလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆီးချိုရောဂါ ရှိမယ်ဆိုရင်တော့ triglycerides ပမာဏကို စစ်ဆေးဖို့ ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ triglycerides ဟာ သွေးထဲမှာ ရှိတဲ့ အချိုပမာဏကို ပိုများစေလို့ပါ။ကလေးတွေအတွက် ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေဆိုရင် စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေ ဆိုတာက မိသားစုဝင်တွေမှာ နှလုံးရောဂါ ရှိဖူးခြင်း၊ ဆီးချိုရှိခြင်း၊ သွေးပေါင်ချိန် မြင့်ခြင်း၊ သို့မဟုတ် ပေါင်ချိန်များခြင်း စတဲ့အချက်တွေရှိတဲ့ ကလေးတွေ ဖြစ်ပါတယ်။ဖြစ်နိုင်ခြေများတဲ့ ကလေးတွေဟာ ပထမဆုံး အသက် ၂ နှစ် မှ ၁၀ နှစ်ကြားမှာ စစ်ဆေးသင့်ပါတယ်။ အသက်၂ နှစ်အောက် ကလေးတွေကတော့ အဲဒီလိုတွေ စစ်ဆေးဖို့ အရမ်းငယ်နေသေးပါတယ်။ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေ မလုပ်ခင် ဘာတွေသိဖို့ လိုအပ်သလဲ။ဆီးချိုရှိတယ် ဆိုရင်၊ သွေးထဲမှာရှိတဲ့ အချိုဓါတ်က ထိန်းချုပ်လို့ မရတဲ့ အခြေအနေ ရောက်နေရင်၊ triglycerides ပမာဏ များနေမှာပါ။Triglycerides ပမာဏဟာ အစာစားရင် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အစာစားပြီး နာရီ အနည်းငယ် အကြာမှာ တိုင်းတာဟာ အဆာခံ (ဘာမှမစားထားတာ) ထက် ၅ ဆ မှ ၁၀ ဆအထိ များနိုင်ပါတယ်။ အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတောင် တစ်နေ့နဲ့ တစ်နေ့ ကွဲပြားမှု ရှိပါတယ်။ ဒါ့ကြောင့် အစာမစားထားဘဲ တိုင်းတာရာမှာ တစ်နေ့နဲ့ တစ်နေ့ တော်ရုံ ပြောင်းလဲနေတာကို ပုံမှန် မဟုတ်ဘူးလို့ ထင်လို့ မရပါဘူး။Corticosteroids တွေ၊ HIV အတွက်သုံးတဲ့ protease inhibitors တွေ၊ ဘီတာ Blockers တွေ၊ oestrogen တွေ လိုမျိုး ဆေးတွေကလည်း သွေးထဲမှာရှိတဲ့ triglycerides ပမာဏကို များစေနိုင်ပါတယ်။လူတွေမှာ အစာမစားဘဲ မနေထားတဲ့ အခြေအနေနဲ့ triglycerides ပမာဏကို တိုင်းတဲ့နေရာမှာ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန် သွေးကြောထဲမှာ တကယ် လှည့်ပတ်နေတဲ့ triglycerides ပမာဏကို သိချင်ရင် အဆာမခံထားတဲ့ ပမာဏကို တိုင်းတာက ပိုထိရောက်လို့ပါ။အစာစားပြီး တိုင်းတဲ့ ပမာဏဟာ အစာမစားထားတဲ့ ပမာဏထက်စာရင် ခန္ဓါကိုယ်အတွင်း အဆီပမာဏကို ပိုပြီး ကိုယ်စားပြုနိုင်လို့ပါ။ ဒါပေမယ့် အစာစားပြီး ပမာဏကို တိုင်းရုံနဲ့တော့ ဖြစ်နိုင်ခြေကို သေချာအောင် မတွက်ချက်နိုင်သေးပါဘူး။ ယခုလက်ရှိ အထိတော့ ခန္ဓါကိုယ် အတွင်းရှိ အဆီပမာဏကို မတိုင်းတာခင် အစာမစားဘဲ နေရမယ်ဆိုပြီး ပြောင်းလဲ အကြံပြုထားတာတွေ မရှိပါဘူး။ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေ မလုပ်ခင် ဘယ်လို ပြင်ဆင်ထားရမလဲ။ဘယ်လို ကြိုတင် ပြင်ဆင်သင့်တယ် ဆိုတာကတော့ စစ်ဆေးမယ့် စစ်ဆေးချက် အမျိုးအစားပေါ် မူတည်ပါတယ်။ အစာမစားဘဲနေဖို့ လိုအပ်နိုင်သလို၊ မလိုအပ်တာလဲ ဖြစ်နိုင်ပါတယ်။ဆေးတွေကလည်း ဒီစစ်ဆေးချက်ရဲ့ အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ညွှန်ကြားထားတဲ့ဆေး ဖြစ်စေ၊ မညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတာ ဖြစ်စေ၊ သဘာဝ ဆေးဝါးတွေ သောက်သုံးနေတာ ဖြစ်စေ သင့်ဆရာဝန်ကို ပြောပြရပါမယ်။လွန်ခဲ့တဲ့ ၇ ရက်အတွင်းမှာ ရေဒီယို သတ္တိကြွ ပစ္စည်းတွေနဲ့ စစ်ဆေးရတဲ့ thyroid gland (လည်ပင်းရှိ ဂလင်း) နဲ့ အရိုး စစ်ဆေးမှုတွေ ရှိခဲ့ရင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။ဒီစစ်ဆေးချက် အတွက် လိုအပ်တာတွေ၊ လုပ်ပြီးဖြစ်နိုင်တဲ့ အချက်တွေ၊ ဘယ်လို စစ်ဆေးမယ်ဆိုတာ၊ အဖြေက ဘာကို ဆိုလိုတယ်ဆိုတာ စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သိလိုပါက သင့်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –။အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ်ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့အတိုင်း လိုက်နာသင့်ပါတယ်။ကိုလက်စထရော နဲ့ triglycerides စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး မေးစရာအချက်တွေ ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။အောက်မှာ ဖော်ပြမှာတွေက စစ်ဆေးပြီး ထွက်လာနိုင်တဲ့ အခြေခံ အုပ်စုအလိုက် triglycerides ပမာဏတွေကို မီလီဂရမ် per ဒက်ဆီလီတာနဲ့ ဖော်ပြထားပါတယ်။Hypertriglyceridemia ဆိုတာဟာ Triglycerides များနေခြင်း အတွက် အသုံးပြုတဲ့ ဆေးပညာအရ အခေါ်အဝေါ် ဖြစ်ပါတယ်။ပုံမှန် လူတွေမှာတောင် အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတွေက နေ့စဉ် ပြောင်းလဲနေတတ်ပါတယ်။ အစာမစားထားဘဲ တိုင်းတာထက် အစာစားထားတာက ၅ ဆ မှ ၁၀ ဆထိ မြင့်တက်စေနိုင်ပါတယ်။အစာမစားထားဘဲ တိုင်းတဲ့ ပမာဏတွေက ၁၀၀၀ မီလီဂရမ်/ဒက်ဆီလီတာ အထက်မှာ ရှိနေရင်တော့ မုန့်ချိုအိတ် ယောင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီလို ၁၀၀၀ ကျော် နေပြီဆိုရင်တော့ Triglycerides ပမာဏ လျှော့ချဖို့ ကုသမှု အမြန်ဆုံး ခံယူသင့်နေပါပြီ။Triglycerides ပမာဏ များနေပြီ ဆိုရင် ကိုလက်စထရော ပမာဏလည်း များနေနိုင်ပါတယ်။ အဲဒီလို အခြေအနေကို hyperlipidemia (ခန္ဓါကိုယ်အတွင်း အဆီများနေခြင်း) လို့ ခေါ်ပါတယ်။ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး ကိုလက်စထရောနဲ့ triglycerides ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/cholesterol-and-triglycerides-tests-%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%b9%e1%80%85%e1%80%91%e1%80%b1%e1%80%9b%e1%80%ac-%e1%80%94%e1%80%b2%e1%82%94-%e1%80%91%e1%82%90%e1%80%ad%e1%80%af/
ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ
စပါးလင် က အနံ့မွှေးသလို ခံတွင်းရှင်းစေနိုင်တဲ့ ပူရှိန်းရှိန်း အရသာ ရှိပါတယ်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများပါတယ်။ ဒီတစ်ခေါက်တော့ စပါးလင်ပါတဲ့ ဟင်းရည်တွေ၊ စပါးလင်နိုင်နိုင်နဲ့ ချက်ထားတဲ့​ ဟင်းတွေကို ဘေဘီလေးတွေ စားလို့ ရမလား …. ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား ……။ဘေဘီလေးက အသက် ၆ လဆိုရင် အစာမာတွေကို စစားနိုင်မှာ ဆိုပေမယ့် ဘေဘီလေးက အသက် ၁၂ လ (၁ နှစ်) ပြည့်မှ စပါးလင်ကို နည်းနည်း ချင်း စကျွေးလို့ ရပါမယ်။ကျွေးတဲ့အခါမှာလည်း သေချာလေး ကြိတ်ခြေပြီးမှာ ဟင်းထဲထည့်ချက်တာက အဆင်အပြေဆုံး ဖြစ်မှာပါ။ စကျွေးတဲ့အခါ ဘေဘီလေးကို နည်းနည်း စမ်းကျွေးတာမျိုး လုပ်ပေးရပါမယ်။ တစ်ခုရှိတာက မုန့်ဟင်းခါးက စပါးလင်ပါတယ်ဆိုပေမယ့် အငန်ဓာတ်များတာကြောင့် ဘေဘီလေးကို မကျွေးသင့်သေးပါဘူး။ တခြားဟင်းတွေကိုလည်း လူကြီးစားတဲ့ထဲက မကျွေးသင့်ပါဘူး။ ကလေးအတွက် သီးသန့်ချက်ပေးရပါမယ်။ဘေဘီလေးကို စပါးလင်ကျွေးပေးတဲ့အခါ အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာက ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ စပါးလင်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် ဘေဘီလေးတွေမှာ အဖြစ်များတဲ့ဆီးလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဝမ်းဗိုက်လေး ကျန်းမာမှ ဘေဘီလေးက ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဘေဘီလေးမှာ ရင်ပြည့်တာ၊ အစာမကြေတာတွေ ခံစားနေရရင် သက်သာစေဖို့နဲ့ ဘေဘီလေးကို အစာခြေ စနစ်ပြဿနာ ကင်းစေပြီး ကျန်းမာပျော်ရွှင်နေစေဖို့ စပါးလင်လေးက ထောက်ကူပေးပါတယ်။လေထတာ၊လေနာတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ လေထိုးလေအောင့် ကင်းစေဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။ဘေဘီလေးမှာ ခံစားရနိုင်တဲ့နို့ပွေးကစလို့အသားခြောက်တာ၊ ပိုးဝင်တာတွေကို သက်သာစေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရည်ကြိတ်ပြီး ရေသန့်သန့်လေးနဲ့ ရောပြီး လိမ်းပေးလို့ ရသလို ပြုတ်ရည် အဆီ စတာတွေကိုလည်း အသုံးပြုပေးလို့ ရပါတယ်။အရေပြား ပြဿနာကင်းပြီး ကျန်းမာစေဖို့လည်း စပါးလင်လေးက ထောက်ကူပေးနိုင်ပါသေးတယ်။ အရွယ်ရောက်လာချိန်မှာ အရေပြားပြဿနာ ကင်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။ဘေဘီလေးကို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုစေဖို့နဲ့ အဝမလွန်စေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်တွင်း အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပုံမှန်လေး ပြင်ဆင်ပေးတာက ဘေဘီလေးကို အဝမလွန်အောင် ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ကဲ ….. ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/health-benefits-of-lemongrass-for-kids/
အသည်း ရောဂါများ အကြောင်း
အသည်းဆိုတာက ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ဒီတစ်ခေါက်တော့ အသည်းလေးကခန္ဓာကိုယ် ကျန်းမာစေဖို့ဘယ်လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ်လိုကျန်းမာရေး ပြဿနာတွေခံစားရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲကအဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက ဘာလေးလဲဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေး ကျန်းမာနေမှ နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။အသည်းက အလုပ်များသလို ထိခိုက်လည်း လွယ်ပါတယ်။ အလုပ်တာဝန် အများကြီးကို မနားမနေ ထမ်းဆောင်ပေးနေတဲ့ အသည်းလေးမှာ အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။အသည်းရောဂါတွေကတော့ အများကြီးပါ။ ဒီထဲမှာမှ အဖြစ်များတဲ့ အသည်းရောဂါတွေက။ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့။ဆေးဝါးတွေ၊ အဆိပ်အတောက်တွေ၊အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးမှုတွေကြောင့် ဖြစ်တဲ့။ပြင်းထန်တဲ့ အသည်းရောဂါ တစ်ခုဖြစ်တဲ့။မျိုးရိုးလိုက်တဲ့ အသည်း ရောဂါများ ဖြစ်ကြတဲ့။အသည်းရောဂါ လက္ခဏာတွေက ရောဂါ အမျိုးအစားပေါ်လိုက်ပြီး ကွာခြားနိုင်ပေမယ့် ဗိုက်တွေ ဖောင်းကားလာတာ၊ ခြေလက်တွေ ရောင်တာ၊ ဆီး အရောင်ပြောင်းတာ၊ ဝမ်းအရောင် ပြောင်းတာ၊ အသားဝါတာ၊ မျက်ဖြူသား ဝါတာတွေကတော့ အသည်းရောဂါ အများစုမှာ အတူတူပါပဲ။တစ်ခါတလေ လက္ခဏာ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ပုံရိပ်ဖော် စစ်ဆေးမှုတွေ၊ အသည်းရဲ့ လုပ်ဆောင်မှုကို စစ်ဆေးတဲ့ စမ်းသပ်မှုတွေကနေ တဆင့် အသည်း ထိခိုက် ပျက်စီးတာကို သိနိုင်သလို အသည်း ရောဂါတွေကိုလည်း သိရှိနိုင်ပါတယ်။ဒီအချက်ရှိသူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/facts-need-to-know-about-liver-diseases/
ဘေဘီလေးတို့အတွက် Hib Vaccine
ဘေဘီလေးတွေကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေရေးမှာ အဓိကကျတဲ့ အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကိုကာကွယ်ဆေးတွေပြည့်စုံ လုံလောက်အောင် ထိုးနှံတာပါ။ ဘေဘီလေးကို ငယ်စဉ်ကတည်းက လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ပြည့်စုံအောင် ထိုးပေးမှ ရောဂါဆိုးတွေကြောင့် ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်စေမှာပါ။ဒီတစ်ခေါက်လည်း ဘေဘီလေးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေရေးမှာ အရေးပါတဲ့ ကာကွယ်ဆေး တစ်မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ Hib ကာကွယ်ဆေး ထိုးနှံပေးတာပါ။Hib ကာကွယ်ဆေးက ဘာလဲ။ ဘေဘီလေးကို ဘယ်လိုရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား မေမေဖေဖေတို့ရေ။Hib ဆိုတာကHaemophilus influenzae type Bကို ဆိုလိုတာပါ။ ဘက်တီးရီးယား ကူးစက်မှု တစ်မျိုးပါ။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ Hib Vaccine မထုတ်လုပ်နိုင်ခင်က ဒီဘက်တီးရီးယားကြောင့် ကလေးတွေမှာဦးနှောက်အမြှေးရောင်တာအဖြစ်များခဲ့ပါတယ်။ ဒီဘက်တီးရီးယားကြောင့် ကလေးတွေမှာ အဆုတ်ရောင်တာ၊ ပြင်းထန်တဲ့လည်ချောင်း ပိုးဝင်ကူးစက်တာတွေ အဖြစ်များပါတယ်။ဒီဘက်တီးရီးယားတွေက သွေးထဲ၊ အဆစ်တွေနဲ့ နှလုံးအမြှေးပါးထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။အသက် ၅ နှစ်အောက် ဘေဘီလေးတိုင်းကို Hib vaccine ထိုးပေးသင့်ပါတယ်။ အကြောင်းကတော့ hib vaccine မထုတ်လုပ်နိုင်ခင် ၁၉၈၇ ခုနှစ်အစောပိုင်းကာလတွေက နှစ်စဉ် ဒီရောဂါပိုးကြောင့် ကလေးဦးရေ 20000 လောက် နာမကျန်းဖြစ်ရပြီး နှစ်စဉ် ကလေး ၆၀၀ ကနေ ၁၂၀၀ လောက် အသက်ဆုံးရှုံးကြရပါတယ်။အကြောင်းကတော့ Hib ဘက်တီးရီးယားကဦးနှောက်အမြှေးပါးကို ရောင်ရမ်းစေနိုင်တာကြောင့်ပါ။ ဦိးနှောက်အမြှေးရောင်တာ ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ အမြှေးပါးလေးတွေထဲကို ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာပါ။ ဒီလို ကူးစက်တာ​ကြောင့်ဦးနှောက် ထိခိုက်ပျက်စီးတာ၊နားလေးတာတွေဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် hib ဘက်တီးရီးယားကအဆုတ်ရောင်တာ၊ လည်ချောင်း ပြင်းထန်စွာ ရောင်ရမ်းတာ၊ ပြင်းထန်တဲ့ ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။Hib vaccine ထုတ်လုပ်လိုက်နိုင်မှုကြောင့် hib ဘက်တီးရီးယားကြောင့် သေဆုံးမှုတွေက ၉၉ ရာခိုင်နှုန်းလေက်အထိ ကျဆင်းသွားပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကို ပြင်းထန်တဲ့ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Hib Vaccineကို ထိုးထားတာက အကောင်းဆုံး ဖြစ်မှာပါ။Hib vaccineကို ၃ ကြိမ် ဒါမှမဟုတ် ၄ ကြိမ် ထိုးရပါမယ်။ ဆေးအမျိုးအစားကိုလိုက်ပြီး ထိုးစမှာ ၂ ကြိမ် ကနေ ၃ ကြိမ်ထိုးရတာလည်း ရှိပါတယ်။ထပ်ဆောင်းကာကွယ်ဆေးကိုတော့ ဘေဘီလေး အသက် ၁၂ လ ကနေ ၁၅ လထဲမှာ ထိုးနှံပေးရမှာ ဖြစ်ပါတယ်။ဘေဘီလေးတွေကို။Hib vaccineရဲ့ ဘေးထွက် ဆိုးကျိုးကလည်း အခြား ကာကွယ်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေလိုပဲ။ဒီလက္ခဏာတွေက ဆေးထိုးပြီးတဲ့ရက်မှာ စခံစားရပြီး ဆေးထိုးပြီး ၂ ရက်အကြာမှာ သက်သာသွားတတ်ပါတယ်။ ဒီဆေးထိုးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတဲ့ လက္ခဏာတွေကို ကလေးတိုင်း ခံစားရတာ မဟုတ်ပါဘူး။ ၂၅ ရာခိုင်နှုန်းလောက်ပဲ ခံစားရတာပါ။ဒီလက္ခဏာတွေကို သက်သာစေဖို့ဆိုရင်။တကယ်လို့ ဘေဘီလေးက ကာကွယ်ဆေး ထိုးပြီးချိန်မှာ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/hib-vaccine-for-baby/
သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ
သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ ….. မိဘဆိုတာမျိုးကကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။ခုကာလက ရာသီအကူးအပြာင်းကာလဖြစ်တာမို့ တုပ်ကွေးတွေ သောင်းကျန်းတဲ့ကာလဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာCOVID-19ရောဂါကပ်ဘေးကလည်း သောင်းကျန်းနေတဲ့ကာလဖြစ်တာမို့ တွေးပူစရာတွေကတော့ အများသားရယ်ပါ။ဒီလိုကာလမျိုးမှာလည်ချောင်းနာတာ၊ချောင်းဆိုးတာ၊ ဖျားတာနာတာ၊ ကိုယ်လက်ကိုက်ခဲ့တာစသဖြင့် ရောဂါလက္ခဏာတွေ ပြသနေရင်တောင်မှ တုပ်ကွေးလား၊ ရိုးရိုးဖျားတာလား၊ ကိုဗစ်များလားဆိုပြီး တွေးပူနေရပါလိမ့်မယ်။ခုချိန်မှာ ကလေးဖျားပြီ နာပြီဆိုရင် စိုးရိမ်သောကများမနေပဲ နည်းမှန်လမ်းမှန်နဲ့ ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ COVID-19 ဖြစ်နေမယ်ဆိုရင်တောင်မှ ရောဂါလက္ခဏာမပြင်းထန်ရင် နေအိမ်မှာပဲHome Qဝင်ပြီး ကုစားရမှာဖြစ်သလို တုပ်ကွေးဆိုရင်လည်း ခုချိန်မှာ ဆေးခန်းပြသဖို့ အတန်ငယ်ခက်ခဲနေနိုင်တာမို့ ကိုယ်တိုင်ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ ဆိုရမလိုပါပဲ။အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာအသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ ဆိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ တကယ်လို့ ကိုယ့်ကလေးမှာ ဖျားနာဝေဒနာတစ်စုံတစ်ရာ ခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။ချစ်ရတဲ့ သားသားမီးမီးလေးတွေ ဖျားနာရင် ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးလိုက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/parent-tips-suspect-illness/
ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ
နို့မှုန့်ဟာ ကလေးအတွက် ဘယ်လို အာဟာရရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေမေတို့ အမြဲမေးတတ်ကြပါတယ်။ နို့မှုန့် အကြောင်းကို မပြောခင်မှာ ကလေးအတွက် အကောင်းဆုံး အာဟာရကတော့ မိခင်နို့ ဖြစ်တယ်ဆိုတာကို အရင်ဆုံး သိထားဖို့ လိုပါတယ်။မိခင်နို့မှာ ကလေးကြီးထွားမှုနဲ့ဉာဏ်ရည် ထက်မြက်စေဖို့အာဟာရဓာတ် အစုံအလင် ပါဝင်ပါတယ်။ ဒါ့အပြင်မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နဲ့ ကလေးကြား သံယောဇဉ်ကိုလည်း တိုးစေသလို ကလေးရဲ့ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် တချို့သော ရောဂါတွေ ဖြစ်မလာအောင်၊ ကလေး ကျန်းမာစေဖို့၊ အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးဖို့ အရေးကြီးပါတယ်။ကလေး အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့ကို တိုက်လို့ ရသလို အသက်အရွယ် အပိုင်းအခြားအလိုက် ဖြည့်စွက်အာဟာရတွေ၊ အမာစာတွေကိုလည်း နည်းနည်းချင်း စတင်ကျွေးသင့်ပါပြီ။ ဒီလို အရွယ်မှာ ကလေးတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးနိုင်ဖို့ နို့မှုန့်ကိုပါ သေချာရွေးဝယ်ဖို့ အရေးကြီးပါတယ်။ပုံမှန်အားဖြင့် အတွေ့များတဲ့ နို့မှုန့် အမျိုးအစားကတော့ (၄) မျိုးပါ။ အဓိက။များသောအားဖြင့် နွားနို့ကနေ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားကို ရွေးချယ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ ကလေးကနွားနို့နဲ့ ဓာတ်မတည့်ဘူးဆိုရင် ဆိတ်နို့ ဒါမှမဟုတ် ပဲနို့ အခြေပြု နို့မှုန့်တွေကို ရွေးချယ်လို့ ရပါတယ်။ တော်ရုံနဲ့ အစာမကြေတတ်တဲ့ ကလေးတွေ ဆိုရင်တော့ Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ်တာ အကောင်းဆုံး ဖြစ်မှာပါ။မိခင်နို့လောက်တော့ နို့မှုန့်ဟာ ကလေးတွေအတွက် အာဟာရဓာတ် မပေးစွမ်းနိုင်ဘူး ဆိုတာတော့ အမှန်ပါ။ ဒါကြောင့်လည်း ကလေးတွေအတွက် မိခင်နို့ကို မဖြစ်မနေ တိုက်ဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ ကလေး အသက် ကြီးလာတော့မှသာ တခြား ဖြည့်စွက်စာ အနေနဲ့ နို့မှုန့်တိုက်ကျွေးတာ အကောင်းဆုံး ဖြစ်မှာပါ။ နို့မှုန့်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးရမယ်ဆိုရင်။၁။ငါးကြီးဆီလို့လည်း လူသိများတဲ့ Omega-3 ဓာတ်ဟာ ကလေးတွေရဲ့ အရိုးအဆစ်တွေနဲ့ နှလုံးကို ကျန်းမာစေတယ်။ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ကူညီပံ့ပိုးပေးတဲ့အတွက် ကိုယ့်ရဲ့ ကလေး ငယ်စဉ်ကတည်းက Omega-3 ဓာတ်ကို အလုံအလောက် ရစေဖို့ ကျွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကလေးတွေ ပန်းနာရင်ကျပ် မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ မျက်စိအားကောင်းစေပြီးအမြင်အာရုံကို ကြည်လင်စေတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစွာ အလုပ်လုပ်စေလို့ ကိုယ့်ရဲ့ ကလေး စာသင်ကြားတဲ့ နေရာမှာ အထောက်အကူ ဖြစ်စေမှာပါ။ Omega-3 ဓာတ်ကို ကိုယ်ခန္ဓာက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် အစားအစာတစ်မျိုးတည်းကနေသာ ရနိုင်ပါတယ်။၂။DHA(Docosahexaenoic Acid) ဓာတ်သည် Omega-3 လိုပဲ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Fatty Acid အုပ်စုထဲမှာ ပါဝင်ပါတယ်။ ကလေး ငယ်စဉ်မှာ ဦးနှောက်ကို ကြီးထွားစေပြီး ဉာဏ်ရည် ထက်မြက်စေလို့ ကလေးရဲ့ အနာဂတ် ပညာရေးနဲ့ သင်ကြားရေးပိုင်းမှာ ကောင်းစွာ အထောက်အကူ ပေးနိုင်မှာပါ။၃။ နို့မှုန့်မှာ ပါဝင်တဲ့ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်က ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်တယ်။ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးသလို အရိုးအဆစ်တွေ သန်မာစေလို့ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကလေးက ပိန်ညှက်နေတာမျိုး မရှိတော့ဘဲ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာမျိုး ရစေမှာပေါ့။၄။ ကလေးကျန်းမာစေဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေကိုလည်း နို့မှုန့်ကနေ ရနိုင်ပါတယ်။ ဒီ အာဟာရဓာတ်တွေဟာ ကလေးရဲ့ ကိုယ်ခန္ဓာတွင်း ကောင်းစွာ အလုပ်လုပ်စေနိုင်ဖို့ ကူညီပေးသလို မလိုလားအပ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးပါတယ်။အသားအရေကို ကြည်လင်စေပြီး မျက်စိအားကောင်းစေတယ်။ မှတ်ဉာဏ်ကို ကောင်းစေပြီး ခဏခဏ မေ့တာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ဒါကြောင့် မေမေ ဖေဖေတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးအတွက်ဖြည့်စွက် အာဟာရ နို့မှုန့်တွေကို ရွေးတော့မယ်ဆိုရင် တွေ့ရာတံဆိပ်တွေ ရွေးချယ်တာထက် ကိုယ့်ကလေးအတွက် အကောင်းဆုံး ဖြစ်မယ့် နို့မှုန့်မျိုးကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ကလေးမွေးကင်းစအရွယ်ကနေ အနည်းဆုံး အသက် ၆လ ပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ဖို့၊ အဲ့ဒီနောက်ပိုင်းမှာ ကလေးရဲ့ ကျန်းမာရေးနဲ့ အာဟာရကို ပုံမှန်စစ်ဆေးဖို့ ဆရာဝန်နဲ့လည်း သေချာပြကြည့်ဖို့ အကြံဉာဏ် ပေးလိုက်ချင်ပါတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/choosing-a-formula2/
အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။
ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်းအရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် ၁၈ နှစ်ကျော်နေပြီ ကိုယ့်အရပ်ကိုလည်း စိတ်တိုင်းမကျဘူးဆိုရင် ထပ်ပြီး အရပ်ရှည်လာအောင် ဒါလေးတွေ လုပ်ကြည့်ပါ။ကိုယ်ခန္ဓာရဲ့ကြီးထွားဖွံ့ဖြိုးမှုအားလုံးဟာ အစားအသောက်ပေါ်မှာ ၁၀၀ ရာခိုင်နှုန်းမှီခိုနေတာပါ။ ဒီတော့ အရပ်ရှည်စေတဲ့ အစားအသောက်တွေ များများစားပါမှ ကြီးထွား ဟော်မုန်းတွေပါ လှုံ့ဆော်ပေးသလိုဖြစ်လို့ ပုနေတဲ့အရပ် ရှည်ထွက်လာမှာပါ။ ဒီတော့ဘယ်လို အစားအသောက်တွေ စားရမှာလဲ ။ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားစားများ – ခေါင်းတစ်ရာသား၊ အရိုးပြုတ်ဟင်းချို။ဗီတာမင် D– အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ တူတူပေါင်းအလုပ်လုပ်တဲ့ ဗီတာမင် D ကို မနက်ပိုင်းနေရောင်ခြည်ခံပေးတာနဲ့တင်ရပါတယ်။ဗီတာမင် B1– အမဲသား၊ အသဲအမြစ် ၊ အုတ်ဂျုံ။ဇင့် – အစေ့အဆံများ၊ ကောက်ပဲသီးနှံ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ အရှည်တဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့ အစားအသောက်တွေပါ။လူတိုင်း အမှတ်မှားနေကြတဲ့ ကိစ္စတစ်ခုက မနက်စာမစားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတာပါပဲ။ တကယ်တော့မှားနေပါတယ်။ မနက်စာမစားရင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မယ့်အပြင် အစာအိမ်ရောဂါတောင်ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုတောင် မရတော့လို့မနက်စာ မှန်မှန်မစားတဲ့သူတစ်ယောက်ဟာ အရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်ပါဘူး။ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဟာ အရပ်ရှည်ချင်တဲ့သူတစ်ယောက်အတွက် အရေးပါလှတဲ့ လေ့ကျင့်ခန်းတွေပါ။ အဲ့ဒီထဲမှာ အထူးခြားဆုံးကတော့ ဘားတန်းခိုပြီး ဘားတန်းပေါ် ခေါင်းရောက်အောင်တင်တာနဲ့၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်တာ နဲ့ယောဂေလ့ကျင့်တာတို့ ဖြစ်ပါတယ်။အိပ်ချိန် အပြောင်းအလဲကလည်း ကြီးထွားစေတဲ့ ဟော်မုန်းအပေါ်ကို အများကြီးသက်ရောက်တဲ့ အရာတစ်ခုပါ။ တစ်ရက်ကို ၈နာရီကနေ ၁၀ နာရီ အထိအိပ်ပေးမှ ကိုယ်ခန္ဓာက ကြွက်သားတွေ ပြေလျော့သွားပြီး ဆန့်နိုင်မှာဖြစ်လို့ အရပ်ရှည်ထွက်လာမှာပါ။အားကစားသမားတွေထဲမှာ သေးသေးကွေးကွေး ဘယ်နှစ်ယောက်များ တွေ့ဖူးပါလဲ။ အားကစားသမားတွေကို ကြည့်လိုက်ရင် အရပ်တွေ အရှည်ကြီး လူကောင်တွေ အကြီးကြီးတွေ များပါတယ်။ ဘက်စ်စကက်ဘော သမားတွေဆိုပိုပြီးရှည်တာပေါ့။ ဒီနိုင်ငံမှာက ဘက်စ်စကက်ဘောကို အားကစားက သိပ်ပြီး မတွင်ကျယ်သေးတာကြောင့် အရပ်ရှည်တဲ့ အားကစားတစ်ခုခု လိုက်စားချင်ရင် ကြက်တောင်ရိုက်တာတို့၊ရေကူးတာတို့ လုပ်ပေးလို့ရပါတယ်။ထိုင်တဲ့အချိန်မှာ ခါးကိုကုန်းပြီးထိုင်တာမျိုး၊ ပျင်းတွဲတွဲနဲ့ နောက်လျှောထိုင်နေတာမျိုးတွေက အရပ်ရှည်ဖို့အတွက် နှောင့်ယှက်နေတဲ့ အရာတွေပါ။ အရပ်ကလေး ဆန့်ဆန့်ရှည်ထွက်ဖို့ဆိုရင်တော့ ခါးကိုမတ်မတ်ထားပြီ ထိုင်တဲ့အကျင့်ကို မွေးရပါမယ်။ဆေးလိပ်တို့အရက်တို့ဆိုတာ ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေပဲ ပေးတယ်ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ ဆယ်ကျော်သက်အရွယ်တည်းက ဆေးလိပ်တွေ အရက်တွေ သောက်တတ်နေပြီဆိုရင်တော့ ရှည်ထွက်ဖို့တာဆူနေတဲ့ အရပ်လည်း တန့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်က အရပ်ရှည်ချင်ရင် ဆေးလိပ် အရက်တို့နဲ့ ဝေးဝေးရှောင်ပါ ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tall-height/
မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ
ခြင်ဆိုတာ တဝီဝီအသံနဲ့ အနှောင့်အယှက်ပေးရုံမက အကိုက်ခံရရင်လည်း ယားစပ်စပ်ဖြစ်ကျန်ခဲ့တဲ့ခံစားချက်က နေရခက်ပါတယ်။ ခြင်ကပေးတဲ့ပြဿနာက ဒါတင်မကပါဘူး။ ခြင်က သယ်ဆောင်လာတဲ့ရောဂါပိုးတွေကလည်း မနည်းမနောပါပဲ။ နောက်ဆက်တွဲအန္တရာယ်ကြီးမားတဲ့ရောဂါပိုးတွေကို ခြင်ကိုက်ခံရတဲ့အချိန်မှာ ကူးစက်ရရှိတတ်ပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။နေရာဒေသနဲ့ ခြင်အမျိုးအစားအလိုက် ကူးစက်ရရှိနိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိပေမယ့် အာရှဒေသဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီရောဂါတွေ အဖြစ်များပါတယ်။Aedes ခြင်အကိုက်ခံရတဲ့သူရဲ့ သွေးထဲကို ရောဂါပိုးဝင်ရောက်ပြီး ကူးစက်ခံရတာဖြစ်ပေမယ့်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တစ်ခါတရံမှာ သွေးလွန်တုပ်ကွေး လက္ခဏာတွေက အပျော့စားဖြစ်ပြီး တုပ်ကွေး သို့မဟုတ် တခြားရောဂါလက္ခဏာတွေအဖြစ် အထင်မှားတတ်ကြပါတယ်။ဒါပေမယ့်သွေးလွန်တုပ်ကွေးက ဒီအတိုင်းမသက်သာနိုင်ဘဲ ပိုပြင်းထန်လာနိုင်ပါတယ်။ ရောဂါသိတာနောက်ကျရင် ပြင်းထန်တဲ့ dengue hemorrhagic fever ဖြစ်လာပြီး အဖျားတက်ခြင်း၊ သွေးကြောတွေထိခိုက်ခြင်း၊ နှာခေါင်းနဲ့ သွားဖုံးသွေးယိုခြင်း၊ အသည်းကြီးခြင်းနဲ့ ခန္ဓာကိုယ်သွေးယိုခြင်းတို့ ခံစားရပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့Chikungunyaရောဂါဟာလည်း Aedes ခြင်ကနေ ကူးစက်ရရှိနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ကူးစက်ရရှိပြီး (၂ )ရက်ကနေ (၁၂ )ရက်အတွင်းမှာ ရောဂါအစပျိုးတတ်ပြီး လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း ၊ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့ အရေပြားနီမြန်းခြင်းတို့ ဖြစ်ပါတယ်။ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဟာ Culex ခြင်ကိုက်ခံရတာကြောင့် ကူးစက်ရရှိနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ လှုပ်ရှားရခက်ခဲခြင်း စတဲ့လက္ခဏာတွေကတော့ (၅) ရက်ကနေ (၁၅ )ရက်အတွင်း သိသာလာတတ်ပါတယ်။နောက်ပိုင်းမှာတော့ ဦးနှောက်တဝိုက်မှာ ရောင်ရမ်းလာတာနဲ့ ကိုမာ အခြေအနေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ကလွတ်နိုင်ခဲ့ရင်လည်း ဦးနှောက်ထိခိုက်မှု၊ ဦးနှောက်တစ်ရှူးတွေ ပျက်စီးမှုကြောင့် နောက်ဆက်တွဲချို့ယွင်းမှုတွေ ကျန်ရစ်စေနိုင်လောက်တဲ့ အန္တရာယ်ရှိပါတယ်။Anopheles ခြင်တွေမှာပါလာတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့်ငှက်ဖျားရောဂါရစေနိုင်ပါတယ်။ ငှက်ဖျားဖြစ်နေသူဟာ အဖျားတက်မယ်၊ ချမ်းတုန်မယ်၊ တုပ်ကွေးလိုလက္ခဏာတွေအပြင် ကြွက်သားနာကျင်မှုနဲ့ သွေးအားနည်းခြင်းကိုပါ ခံစားရနိုင်ပါတယ်။ သေချာကုသမှုမခံယူရင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်။ရောဂါဆိုးရွားလာပြီဆိုရင် ကိုယ်တွင်းအင်္ဂါထိခိုက်ခြင်းနဲ့ သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။ ငှက်ဖျားပိုးရှိတဲ့နေရာဒေသမှာ ခရီးသွားတွေက ဒေသခံတွေထက် ကူးစက်ခံရ ပိုလွယ်ပါတယ်။ဆင်ခြေထောက်ရောဂါ (Elephantiasis) ဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့အထဲမှာ ဖြစ်ခဲတဲ့ရောဂါဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ကူးစက်ခံရသူမှာ ဆင်ခြေထောက်လိုပုံစံ ခြေထောက်တွေ အဆမတန်ရောင်ရမ်းစေတဲ့အပြင် လက်၊ ရင်သားနဲ့ လိင်အင်္ဂါတွေမှာပါ အရေပြားကလည်း ဆင်အရေပြားလို ထူပိန်းပိန်း၊ မာကျော ရောင်ရမ်းစေနိုင်ပါတယ်။ကပ်ပါးပိုးရှိနေတဲ့လူကို ကိုက်ခဲ့တဲ့ခြင်ကတဆင့် နောက်တစ်ဦးကို ကူးစက်ပြန့်ပွားစေတာဖြစ်ပြီး ရောဂါပိုးက လူ့ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြောစနစ်အတွင်း ရှင်သန်နေထိုင်တာဖြစ်ပါတယ်။ Filarial worm လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ ဒီရောဂါမှာ အဆမတန်ရောင်ရမ်းလာတဲ့ ခြေလက်တွေကြောင့် ပုံမှန်လှုပ်ရှားနေထိုင်မှုမှာ ပြဿနာရှိလာပါတယ်။ဒီလိုကြောက်စရာကောင်းတဲ့ရောဂါတွေ မဖြစ်ရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတော့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/how-to-prevent-mosquito-infectcion-in-mm/
လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ
ယနေ့ခေတ်ဆယ်ကျော်သက်ကလေးတွေဟာ အရင်က ဆယ်ကျော်သက်တွေ ထက် အခက်အခဲတွေ ပိုများနိုင်ပါတယ်။ခန္ဓာ၊ စိတ်စတာတွေပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေဟာ လူမှုရေးကစလို့ကျန်းမာရေးအဆုံး အသစ်အသစ်သော ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။အွန်လိုင်းကနေ အနိုင်ကျင့်ဗိုလ်ကျတာ၊ ကျောင်းမှာ  အုပ်စုဖွဲ့ ရိုက်နှက်ခံရတာကစလို့ နောက်ဆုံး ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာတာမျိုး အထိ အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ဒီတော့ ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ချင်တယ်ဆိုရင် အရင်ခေတ်အခါနဲ့ မတူတော့တဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်အရွယ်မှာ ဘယ်တွေလိုကြုံရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အရာရောပြောင်းလဲနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ။ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆယ်ကျော်သက်တွေ ဟာ အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ရောဂါတွေဒဏ်ကို ခံနိုင်ရည် နည်းကြပါတယ်။ အာဟာရ မပြည့်ဝမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးတာတွေ ခံစားရနိုင်ပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အာဟာရ မပြည့်ဝတာကအဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် ၁၀ ဦးမှာ ၆ ဦးဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေကို ခံစားနေကြရပါတယ်။ဆယ်ကျော်သက်အရွယ်မှာ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဆေးလိပ်တွေဆေးရွက်ကြီးနဲ့ကွမ်းစတာတွေကို  အသုံးပြုကြတာမျိုး ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးက လူကို အကျိုးမပြုတဲ့အရာပါ။ဆေးလိပ်နဲ့ဆေးရွက်ကြီးကို သုံးစွဲမယ်ဆိုရင် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ၊ နှလုံးရောဂါ၊ရုတ်တရက် နှလုံး ရပ်တာတွေကို ခံစားရနိုင်ပါတယ်။၁၂ နှစ် ၁၃ နှစ်ကျော်လာတဲ့အချိန်မှာ အတုမြင် အတတ်သင်ဆိုတဲ့ သဘောအတိုင်းအယ်လ်ကိုဟောပါတဲ့ အရက်၊ဘီယာ၊ ဝိုင်စတာတွေကို စမ်းသပ်သောက်သုံးတာမျိုး လုပ်တတ်ကြပါတယ်။ အယ်လ်ကိုဟောက အသည်းအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေသလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။အရွယ်တိုင်းက ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် သတ်လတ်ပိုင်းတွေထက် ဆယ်ကျော်သက်တွေ နဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်လွယ်ပါတယ်။ ကားမောင်းရင်း မတော်တဆ ယာဉ်တိုက်မှု ဖြစ်တာ၊ လမ်းသွားရင်း မတော်တဆ ကားတိုက်ခံရတာ၊ စက်ဘီး ဆိုက်ကား တိုက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။ဒီလို ထိခိုက်မိနိုင်ခြေက လှုပ်ရှားသွားလာနေတဲ့ ဆယ်ကျော်သက်တွေ မှာ ပိုများပါတယ်။ဆယ်ကျော်သက်အရွယ်မှာ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အကြောင်းကတော့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲဖြစ်ပေါ်နေတဲ့ အရွယ်ဖြစ်နေလို့ပါ။ဒီကာလမှာစိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ အပါအဝင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတာ။ ဆိုရှယ်မီဒီယာမှာ အနိုင်ကျင့်ခံရတွေကြောင့်လည်း စိတ်ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်လို့ လိုအပ်တာကို မိဘတွေဘက်က ပံ့ပိုးပေးဖို့ လိုပါမယ်။ကိုယ့်ကိုယ်သတ်သေတဲ့ နှုန်းမှာစိတ်ဖိစီးမှုကြောင့် သတ်သေတာထက် ဆယ်ကျော်သက်အရွယ် သတ်သေမှုနှုန်းက ပိုများနေပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ဒါတွေအပြင် ဆယ်ကျော်သက်အရွယ်တွေ မှာ။လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ ကို သိပြီဆိုတော့ ကိုယ့်ရဲ့ သားသားမီးမီး ဆယ်ကျော်သက်တွေ ကို သေချာလေး ဂရုစိုက်လိုက်စို့နော်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/common-health-problems-in-teenagers/
ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။
ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။ ခုနောက်ပိုင်း လူနေမှုပုံစံတွေဟာ အထိုင်များပြီး စားစရာသောက်စရာတွေကလည်း ပေါများလာတာကြောင့် နောက်ပိုင်းလူတွေကို ကြည့်လိုက်ရင် ကိုယ်ခန္ဓါ အချိုးကျလှပတာထက်နေတဲ့သူတွေက ပိုများနေပါတယ်။ ဒီလို ပူလာတဲ့ ဗိုက်ကိုဘယ်လိုချချ မကျတဲ့သူတွေ အများကြီးရှိပါတယ်။ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ပူလာတဲ့ ဗိုက်ကို ဘယ်လိုချချ မကျရတဲ့ အကြောင်းအရင်းကဗိုက်ပြူခင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိတာကြောင့်ပါ။ ဒီတော့ ကိုယ့်ရဲ့ ပူနေတဲ့ ဗိုက်ကိုချဖို့အတွက် ဘယ်လိုကနေစပြီး ဗိုက်ပူလာလဲဆိုတာကိုတော့ သိဖို့လိုတယ်နော်။ ။ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင်။၁ ။ ဗိုက်မှာအဆီစုခြင်းကိုဖြစ်စေတာက ဘီယာ ဗိုက်ပါ။ ။ဘီယာတို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေတဲ့အပြင်အသည်းကနေအဆီလောင်ကျွမ်းစေတဲ့နှုန်းကိုလည်း နှေးစေပါတယ်။ ဒါ့အပြင်အရက်တို့ ဘီယာတို့မှာ ကယ်လိုရီပါဝင်မှုများနေရခြင်းဟာလည်း သ့င် ဗိုက်ကို ပူလာစေတဲ့အကြောင်းတစ်ခုပါပဲ။ ကယ်လိုရီကလည်းများ၊ ဝင်လာတဲ့ကယ်လိုရီတွေကိုလည်း ပြန်ပြီးမလောင်ကျွမ်းစေနိုင်တာကြောင့် ဘီယာဗိုက်ဆိုတာ ချဖို့ အလွန်ခက်တဲ့ အဆီတစ်မျိုးပါ။ ။ဘီယာဗိုက်ကို ချဖို့အတွက်ဆို ဘီယာတို့ အရက်တို့ကို မသောက်ဘဲနေမှရမှာပါ။ အရက်ဖြတ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ အသီးအရွက်များများစားပေးမယ်ဆိုရင်တော့ ခေါင်းမာနေတဲ့ ဘီယာဗိုက် ကျသွားပါလိမ့်မယ်။ ။၂ ။ ကလေးမွေးပြီးနောက် ဗိုက်မှာ အဆီစုခြင်း ။ ။ကိုယ်ဝန်ရှိတုန်းက ကလေး အာဟာရမရှိမှာစိုးလို့ဆိုပြီး ၂ ယောက်စာပေါင်းစားခဲ့လို့ တက်လာတဲ့ကိုယ်အလေးချိန်တွေ၊ အဆီတွေက ကလေးသာထွက်သွားပေမယ့် သူတို့ကတော့ ကျန်ခဲ့တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာအင်ဆူလင်ပမာဏကလည်း မြင့်တက်လာတာကြောင့် ဗိုက်မှာ အဆီတွေ ပိုစုရခြင်းဖြစ်ပါတယ်။ကလေးမွေးပြီးနောက် ပူလာတဲ့ ဗိုက်ကို ပြန်ချပ်စေဖို့ဆိုရင် ဗိုက်စည်းပေးရပါမယ်။ ထိုင်နေတာထက်စာရင် ကိုယ်လက်လှုပ်ရှားမှု အဖြစ် လမ်းလေးဘာလေး လျှောက်ပေးဖို့လိုအပ်ပါတယ်။ ကလေးက ဖြည့်စွက်စာစားတဲ့အရွယ်ရောက်ပြီဆိုတာနဲ့ မေမေတို့ ကိုယ်ခန္ဓါ အချိုးအစားကို ပြန်ထိန်းတဲ့အနေနဲ့ Diet Plan စသင့်တယ်နော်။၃။ စိတ်ဖိစီးမှု များလွန်းရင်လည်း ဗိုက်မှာ အဆီစုတတ်ပါတယ်။စိတ်ဖိစီးပြီဆိုတာနဲ့ ထွက်လာတဲ့ ကော်တီစုန်း ဟော်မုန်းက သင့်ဗိုက်ကို အစုစေတဲ့ အဓိက တရားခံပါ။ တစ်ချို့ရှိတယ်လေ။ အစားအသောက်တွေကို စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အရာအဖြစ် အသုံးချတာ။ ကိုယ်မှာ စိတ်ဖိစီးမှုကလည်းများ၊ အစားစားလို့ကလည်း ကောင်းဆိုရင်တော့ ဗိုက်မှာ အဆီစုတော့မှာ လုံးဝကို အသေအချာပဲနော်။ ။စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ ဗိုက်အဆီကိုချချင်ရင်တော့ ရှင်းပါတယ်.။ စိတ်ဖိစီးမှု ပြေလျော့အောင်နေ၊ အစားတွေလျှော့စား၊ လေ့ကျင့်ခန်းလုပ်။ ။၄ ။ ကိုယ်တွင်းဟော်မုန်းဓာတ်တွေ မညီမျှခြင်းကြောင့် ဗိုက်မှာ အဆီစုလာခြင်း ။ ။သင်ဟာ အမျိုးသားဆိုရင်တော့ testosterone 300 ng / dl အောက် ရောက်လေလေ သင်ဝလာလေလေဖြစ်မှာဖြစ်ပြီး အမျိုးသမီးတွေမှာတော့ testosterone 70 ng / dl ထက်များလေလေ ဝလာလေလေဖြစ်မှာဖြစ်ပါတယ်။ဒီဟော်မုန်းတွေကို ထိန်းညှိဖို့အတွက်ဆို omega 3 နဲ့ omega 6 တို့ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။ အသီးအရွက်တွေ များများစားပါ။နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်စားပါ။၅ ။ ဗိုက်လေပွခြင်းကြောင့် ဗိုက်ပူလာခြင်း ။ ။မနက်နိုးလာတဲ့အချိန်မှာတော့ ဗိုက်ကလေးက ချပ်နေတတ်ပြီး ကြာလာလေလေ ဗိုက်ကလေးက ဖောင်းလာလေလေဖြစ်ဖူးကြမှာပါ။ ဒါဟာ ကိုယ်စားလိုက်တဲ့ အစားတွေကြောင့် ပူလာတဲ့အပြင် အစားအသောက်တွေကို ခြေဖျက်ရာကနေ ထွက်လာတဲ့ gas တွေ ကြောင့်ဖြစ်ပါတယ်။ဒီလို လေပွလို့ ပူလာတဲ့ ဗိုက်ကို ပြန်ချဖို့ဆို သင့်အူတွေကို အားပြည့်စေတဲ့အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအသောက်တွေကို စားပါ။ အစာကြေလွယ်အောင် အစာကို နည်းနည်းနဲံအကြိမ်များများစားပါ။ အမျှင်ဓါတ်ကြွယ်ဝတာတွေစားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။ကဲ အပေါ်မှာ ပြောထားတဲ့ အထဲမှာ ကိုယ်က ဘယ်အမျိုးအစားထဲပါတာလဲဆိုတာ သေချာသိပြီါ်တဲ့ သကာလ ဘယ်လိုချရမလဲဆိုတဲ့ နည်းလေးတွေကိုလည်း လေ့လာပြီးတော့ ပူနေတဲ့ ဗိုက်လေးတွေ အမြန်ဆုံး ကျနိုင်ကြပါစေ ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/belly-fat-types/
လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ
ငါးဟင်းစားဖို့ကို လက်တွန့်သွားစေတဲ့အကြောင်းရင်းက အရိုးစူးမှာ ကြောက်ကြတာပါပဲ။ အရိုးလုံးဝမပါအောင် အရိုးနွှင်ဖို့ကလည်း လွယ်တာမှ မဟုတ်တာလေ။ အရိုးများတဲ့ငါးတွေဆို ပိုဆိုးပြီပေါ့။စားရင်းသောက်ရင်း အရိုးစူးတဲ့အခါ အသေးလေးတွေဆို ထမင်းမျိုချရုံ၊ငှက်ပျောသီးစားရုံနဲ့ သက်သာနိုင်ပေမယ့် အရိုးကြီးတာ၊ လည်ချောင်းမှာပိတ်ဆို့တာ၊ အနာဖြစ်စေတာတွေက အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။တစ်ခါတလေ ထမင်းစားနေရင်း အရိုးစူးပြီဆိုတာကို ရုတ်တရက်မပြောနိုင်ဘဲ အသက်မရှူနိုင်၊ လည်ချောင်းမရှင်းနိုင်ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘေးကနေ သတိထားမိပြီး အရေးပေါ်ကူညီပေးနိုင်ဖို့ အရေးကြီးပါတယ်။ အရိုးစူးနေသူဟာ –။အရိုးစူးတာက သက်သာသင့်တဲ့အချိန်မှာ မသက်သာတဲ့အခါ၊ ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှု မရှိတဲ့အခါ၊ ဘယ်လိုလုပ်လုပ် အရိုးကမကျသွားတဲ့အခါ၊ ဂရုမစိုက်ဘဲ ပေတေကြိတ်ခံနေတာကြာတဲ့အခါ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ငါးရိုးအများစုက ချွန်ထက်တာမို့  ငါးရိုးစူးတာ နဲ့ လည်ချောင်းထဲမှာ ကွဲရှတာ၊ ပွန်းပဲ့တာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အရိုးက အစာလမ်းကြောင်းထဲကျသွားပြီးရင်တောင်မှ အရိုးဆူးနေဆဲလိုလိုလည်ချောင်းထဲနာနေရတာ ဖြစ်တတ်ပါတယ်။ငါးရိုးဆူးရာကနေ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ –။တော်တန်ရုံအရိုးစူးတာတွေကို အိမ်မှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။ အဆင်မပြေရင်၊ ငါးရိုးစူးတာ အခြေအနေပြင်းထန်ရင်တော့ ဆေးရုံ၊ဆေးခန်းကိုသာ အမြန်ဆုံးပြေးသင့်ပါတယ်။အရိုးစူးရင် ဒီလိုလုပ်ကြည့်ပါ –။အရိုးကြောက်တာနဲ့ပဲငါးမစားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ငါးစားတိုင်းအရိုးမစူးသလို လူတိုင်းလည်းမစူးပါဘူးနော်။ ငါးကနေရရှိနိုင်မယ့် အာဟာရဓာတ်တွေက တခြားအသားအရင်းအမြစ်တွေထက် ပိုဘေးကင်းတာမို့ အရိုးကိုသာ သေချာနွှင်ပြီး ငါးစားပါလို့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%84%e1%80%ab%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%b0%e1%80%b8%e1%80%90%e1%80%ac/
ခွေးကိုက်ခံရရင် ဘာဆက်လုပ်ကြမလဲ။
ခွေးကိုက်ခံရရင် လူတွေအစိုးရိမ်ဆုံးကခွေးရူးရောဂါပါ။ ဘာလို့လဲဆိုတော့ ခွေးရူးရောဂါက လူ၁၀၀ဖြစ်ရင် ၉၉ယောက်က သေနိုင်လို့ပါ။ ဒါကြောင့် ခွေးကိုက်ခံရ ပြီးရင်ဘာလုပ်ကြမလဲ။ ခွေးရူးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ခွေးကိုက်ခံရ တယ်ဆိုပေမယ့် ကြောင်ကုတ်တာကနေလည်းခွေးရူးပြန်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ခွေးရူးရောဂါမဖြစ်အောင် လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါမယ်။ခွေးကိုက်ခံရရင် ကိုက်ခံရ ပြီးတာနဲ့ လုပ်စရာ ၃ ခုရှိပါတယ်။ခွေးကိုက်ခံရပြီးပြီးချင်း အရင်ဆုံးလုပ်ရမှာ အနာကို သန့်ရှင်းရေးလုပ်ရမှာပါ။ အနာကို ဒီအတိုင်းပစ်ထားရင် ခွေးရူးမပြန်ရင်တောင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်။မြန်မာနိုင်ငံမှာတော့ လမ်းဘေးခွေးကိုက်တာများတယ်။ ကိုက်ပြီးရင်လည်း ထွက်ပြေးသွားတဲ့အတွက် စောင့်ကြည့်ဖို့ မလွယ်ပါဘူး။ အိမ်မွေးခွေးကိုက်ခံရရင်တောင် ဒီခွေးက ကာကွယ်ဆေးထိုးထားလား။ ထိုးထားရင်တောင် ကိုယ့်အလစ်မှာ အပြင်တိရစ္ဆာန်နဲ့ ထိတွေ့မှုရှိနေရင် စိတ်မချရပါဘူး။ ဒါကြောင့် ကိုယ့်ဘက်ကစိတ်ချရအောင် ကာကွယ်ဆေးသွားထိုးသင့်ပါတယ်။ဒီနေရာမှာလည်း နှစ်ပိုင်းကွဲသွားပါတယ်။ အရင်ကခွေးရူးကာကွယ်ဆေးထိုးဖူးတဲ့သူကို ကာကွယ်ဆေးထိုးပေးတာနဲ့ တစ်ခါမှမထိုးဖူးတဲ့သူကိုကာကွယ်ဆေးထိုးပေးတာပါ။ဒီမှာတော့ လုံးဝမထိုးဖူးတဲ့သူတွေများပါတယ်။ အဲ့တော့ သူတို့ကို ထိုးမယ်ဆိုရင် နှစ်မျိုးထိုးရပါတယ်။ ကာကွယ်ဆေးရယ်၊ immunoglobulinလို့ခေါ်တဲ့ အဆိပ်ဖြေဆေးရယ်ပါ။ သူကတော့post exposure prophylaxisပါ။ ရောဂါပိုးနဲ့ ထိတွေ့ခံရတယ်လို့ ယူဆပြီး ထိုးတာပါ။ ကာကွယ်ဆေးက ၃ခါထိုး၊ ၄ခါထိုး၊ ၅ခါထိုးဆိုပြီးရှိပါတယ်။ အသုံးများတာ ၅ခါထိုးပါ။ ၀-၃-၇-၁၄-၂၈ဆိုပြီး ဖြစ်ဖြစ်ချင်း၊ ၃ရက်အကြာ၊ ၇ရက်အကြာ၊ ၁၄ရက်အကြာ၊၂၈ရက်အကြာမှာ ထိုးတာပါ။ နောက်အကျဆုံး ၄၈ကနာရီအတွင်း ထိုးရပါတယ်။ အသားဆေးပါ။ လက်မောင်း ဒါမှမဟုတ် ပေါင်မှာထိုးပါတယ်။ Immunoglobulinကတော့ ကိုက်ခံရတဲ့ အနာပတ်ပတ်လည် အရေပြားအောက်ကို ထိုးပါတယ်။ ပိုရင် အသားဆေးအနေနဲ့ ထိုးပါတယ်။ ဟိုအရင်ကလို ချက်ပတ်လည်ကို အလုံး၂၀ထိုးစရာမလိုတော့ပါဘူး။အရင်ကကာကွယ်ဆေးထိုးဖူးတယ်ဆိုရင်တော့ Immunoglobulinထိုးစရာ မလိုတော့ပါဘူး။ ကာကွယ်ဆေးကိုပဲ ဖြစ်ဖြစ်ချင်းတစ်ကြိမ်၊ ၃ရက်နေရင်တစ်ကြိမ် ၂ကြိမ်ပဲထိုးရတော့မှာပါ။ဒီလိုကာကွယ်မှုတွေလုပ်ထားပြီးရင်တော့ ခွေးရူးရောဂါဖြစ်နိုင်ချေတော်တော်နည်းသွားပါပြီ။ ဒီနေရာမှာ ပြောချင်တာက ခွေးရူးတာမသေချာလည်း ကာကွယ်ဆေးထိုးလို့ရပါတယ်။ ခွေးရူးရောဂါမရှိတာကို ကာကွယ်ဆေးထိုးမိလို့ ဘာမှမဖြစ်ပါဘူး။ မထိုးမိလို့ နောင်အခါမှာ ခွေးရူးပြန်လာရင် အသက်အန္တရာယ်ရှိပါတယ်။ခွေးရူးရောဂါ မဖြစ်အောင် သင့်အိမ်မွေးတိရစ္ဆာန်ကိုရော သင်ကိုယ်တိုင်ရော ကာကွယ်လို့ရပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aids-for-dog-bite/
အရမ်းစပ်နေတဲ့အခါ သက်သာစေဖို့
စပ်စပ်လေးမှ ခံတွင်းတွေ့တယ်ဆိုပြီးစားတယ်။ စားပြီးတဲ့အခါ အရမ်းစပ်ရင်လည်း နေမထိထိုင်မသာနဲ့။ တစ်ခါတစ်ခါ စိတ်ဆိုးလာတာတောင် ရှိတယ်လေ။ ဒီလိုမဖြစ်စေဖို့ အရမ်းစပ်တဲ့အခါ မြန်မြန်လေးသက်သာစေဖို့ဘာတွေများလုပ်ရမလဲ တူတူကြည့်လိုက်ရအောင်။စပ်တဲ့အရသာက ခံတွင်းတွေ့စေမယ့် အပူအစပ်တွေ စားပြီးတဲ့အခါ ပြင်းပြင်းရှရှ ပူစပ်တာကတော်တော်လေး ခံရခက်ပါတယ်။ ဒီတော့ခံတွင်းတွေ့စရာ ပူပူစပ်စပ် ဟင်းလျာလေးတွေ စားပြီးတိုင်း အစပ်သက်သာစေဖို့ဆိုရင်။နို့ နဲ့ နို့ထွက်ပစ္စည်းစားပေးပါ။အရမ်းစပ်နေတဲ့အခါ နို့အေးအေးလေး တစ်ခွက်လောက် သောက်လိုက်တာ၊ဒိန်ချဉ်တစ်ဇွန်းလောက် စားလိုက်တာက သိသိသာသာ အစပ် သက်သာစေမှာပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ casein လို့ခေါ်တဲ့ပရိုတင်းက ပူစပ်တဲ့ ခံစားမှုကို သက်သာစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ နို့ နဲ့ နို့ထွက် ပစ္စည်းတွေက ပူစပ်တဲ့ ခံစားမှုကို ဖြစ်စေတဲ့ capsaicin ကိုပါးစပ်ထဲမှာရှိတဲ့ ပူစပ်တာကို အာရုံခံတဲ့ အစိတ်အပိုင်းတွေဆီမရောက်အောင် ကာကွယ်ပေးတာ​ကြောင့် ပူစပ်မှုကို သက်သာစေမှာပါ။ဒါကြောင့် အစပ်တွေ စားပြီး အရမ်းစပ် တဲ့အခါမျိုးမှာ ရေသောက်တာထက် နို့အေး တစ်ခွက်လောက် သောက်ချလိုက်တာ၊ ဒိန်ချဉ် တစ်ဇွန်းလောက် စားချလိုက်တာမျိုး လုပ်ပေးပါ။သကြား။ဒါကတော့ တော်တော်များများ သိပြီးဖြစ်မှာပါ။ အရမ်းစပ်တဲ့အခါ သ​ကြားစားတာ၊ သကြားလုံး စားတာ၊ထန်းလျက်ဝါးတာမျိုး လုပ်တတ်ကြပါတယ်။ သကြားက လျှာပေါ်မှာဖြစ်နေတဲ့ ပူစပ်နေတဲ့ ခံစားမှုကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ အရမ်းစပ်တဲ့အခါ လျှာပေါ်ကို သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက် တင်ထားလိုက်ရုံပါ။ပျားရည်။ပျားရည်က သဘာဝ အချိုစာလေးပါ။ဆေးဖက်ဝင်သလို အစပ်ပြေစေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ စပ်တဲ့ခံစားမှုကို ဖြစ်စေတဲ့ capsaicin ကို လျင်လျင်မြန်မြန် စုပ်ယူပေးပြီး ပူစပ်တဲ့ ခံစားမှုကို မြန်မြန်လေး သက်သာစေနိုင်ပါတယ်။ အရမ်းစပ်တဲ့အခါ ပျားရည်လေး စားပေးပါ။ပေါင်မုန့်။ကစီဓာတ်ပါတဲ့ ပေါင်မုန့်၊ထမင်းစတာတွေက အစပ်ပြေစေဖို့ အကောင်းဆုံး အကူအညီပေးနိုင်သူတွေပါ။ အရမ်းစပ်နေတဲ့အခါ ပေါင်မုန့်ကြမ်း အလွတ်တစ်ချပ်ကို ဝါးစားလိုက်တာ၊ ထမင်းဖြူ တစ်လုတ်လောက် ကောက်ဝါးလိုက်တာက သင့်ကို အစပ်ပြေစေဖို့ အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာပါ။ ဒါတွေအပြင်အာလူးပြုတ်စားပေးတာကလည်း အစပ်သက်သာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။အချဉ်ဓာတ်ပါတဲ့ အသီးတွေ။အရမ်းစပ်တဲ့အခါခရမ်းချဉ်သီး၊သံပုရာသီး၊ လိမ္မော်သီး၊ နာနတ်သီးတို့လို အသီးမျိုးတွေကို စားပေးပါ။ ဒါတွေက အစပ်သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။အရမ်းစပ်တဲ့အခါ ခရမ်းချဉ်သီးအစိမ်းကို ရေစင်အောင် ဆေးပြီး ဝါးစားတာ၊သံပုရာရည်သောက်တာ၊ နာနတ်သီးစိတ် ကောက်ဝါးလိုက်တာ၊လိမ္မော်သီးစိတ် စားလိုက်တာမျိုး လုပ်ပေးပါ။ကဲ ………… စပ်နေရင် စိတ်တို၊ ရုပ်ပျက်မနေဘဲ ဒီနည်းလေးတွေ စမ်းကြည့်လိုက်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/effective-remedies-to-cool-your-mouth-after-eating-spicy-food/
နေမကောင်းတာနဲ့ အနွေးထည်အထူကြီး မချွတ်တမ်းဝတ်ထားစရာလိုသလား
ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ မတည်ငြိမ်တဲ့အခြေအနေမှာ ဖျားနာလွယ်၊နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကျောင်းမှာ၊ အိမ်မှာ၊ ရုံးမှာ တစ်ယောက်ကစဖြစ်လိုက်ရင်လည်း လိုက်မဖျားရင်တောင်မှနှာချေ၊နှာစေးတာလောက်တော့ ကူးတတ်ကြပါတယ်။အအေးမိ၊တုပ်ကွေးရောဂါပိုးတွေဆိုတာကအသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တဲ့သဘာဝဖြစ်နေတော့ တစ်နေရာတည်းမှာအတူရှိနေတဲ့သူအချင်းချင်း လက်ဆင့်ကမ်းကြတာမဆန်းပါဘူး။အရေးကြီးတာက ကိုယ့်မှာတုပ်ကွေးဖြစ်လာရင် သူများကိုမကူးစက်စေဖို့ ဆင်ခြင်နေထိုင်ဖို့ရယ်၊ ကိုယ့်ရောဂါကိုမြန်မြန်ပျောက်ကင်းအောင်နေတတ်ထိုင်တတ်ဖို့ရယ်၊ ကုသမှုကို တလေးတစားလိုက်နာဖို့ရယ်ပဲလိုပါတယ်။ ဒါပေမယ့်ကုသမှုကိုလိုက်နာတာ၊ သူများကိုမကူးအောင်နေတာ ဂရုစိုက်နိုင်တယ်ထားဦး။ ကိုယ့်ရဲ့ကျန်းမာရေးအသိကမှားယွင်းနေရင် ဒါမှမဟုတ် မှားယွင်းနေတာကို မသိရင် မလိုအပ်ဘဲရောဂါတာရှည်နိုင်တာ သတိထားသင့်ပါတယ်။တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် အရင်ဆုံးပြောတတ်ကြတာကနွေးနွေးထွေးထွေးနေနော်၊ အနွေးထည်ဝတ်ထား၊လေတိုက်မခံနဲ့ စသည်ဖြင့်။ ဒါ့ကြောင့် ဖျားပြီဆို အနွေးထည်လေးဝတ်၊စောင်လေးခြုံပြီးကွေးလိုက်တာ ထကိုမထတော့ပါဘူး။စောင်အထူကြီးခြုံ၊ အနွေးထည်အထူကြီးဝတ်ပြီးချွေးတွေထွက်လာရင် အဖျားကျတယ်၊ သက်သာတယ်ထင်ကြပါတယ်။ တကယ်တမ်းကျ အနွေးထည်နဲ့စောင်အထူကြီးတွေအောက်မှာ ချွေးတွေအထွက်များပြီးပြန်အအေးပတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ပြီးရင် အဖျားပြန်တက်လာတာချည်းပါပဲ။ချွေးစို့လာရင် အဖျားကျတယ်ဆိုတာ အတန်အသင့် ချွေးထွက်ခြင်းကအရေပြားကိုအေးမြစေပြီးခန္ဓာကိုယ်အပူချိန်ကို ကျစေလို့ပါ။ ဒါပေမယ့်အရမ်းပူလှောင်ပြီး ချွေးထွက်အရမ်းများတာမကောင်းပါဘူး။ အဖျားတက်လို့ချမ်းတုန်နေချိန်နွေးထွေးအောင်နေတာက လူနာကိုသက်တောင့်သက်သာရှိစေဖို့၊ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးဖို့ အထောက်အကူဖြစ်စေပေမယ့် စောင်အထူကြီးတွေ၊ အနွေးထည်အထပ်ထပ်နဲ့နေတာကရောဂါကိုပိုဆိုးစေနိုင်ပြီး အဖျားတောင်ပိုတက်စေနိုင်ပါတယ်။ အအေးမိ၊တုပ်ကွေးဝေဒနာလောက်ကတော့ ဖြစ်နိုင်ရင် အနွေးထည်ကို အထူကြီးဝတ်မယ့်အစား ၊စောင်တွေအထူကြီးခြုံမယ့်အစား မထူမပါးအနွေးထည်နဲ့စောင်လေးတစ်ထည်လောက်ဆို လုံလောက်ပါတယ်။အဖျားကျဖို့၊ဝေဒနာသက်သာဖို့ကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာနေထိုင်ရင် ရပါတယ်။ ဒါလေးတွေက နေမကောင်းဖြစ်ရင် သိထားသင့်တဲ့ အခြေခံအချက်တွေပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%94%e1%80%b1%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%94%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%8a%e1%80%ba/
ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့
ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့ ….. ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဗီတာမင် Bပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။ဗီတာမင် ​B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်။ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ကြွယ်ဝဖို့ ဆိုရင်။ဆယ်လ်မွန်မှာ ဗီတာမင် ​ B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ။အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့်ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက် အသည်း၊ ဆိတ်ကလီစာတို့မှာ။ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ကြက်ဥအရွယ်တော် တစ်လုံးမှာ။နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ။အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/healthy-foods-high-in-b-vitamins/
Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........
မနက်ခင်း မှာ အော့ချင်သလို အန်ချင်သလို ဖြစ်တာက အခြားသူတွေအတွက် သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် အိမ်ထောင်ရှင်မ လေဒီလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာ စိတ်ပူစရာ ကိစ္စနော်။ ဒါဆိုမနက်ခင်းမှာ အော့အန်တာခေါင်းကိုက်တာ မအီမသာဖြစ်တာတွေကကိုယ်ဝန်ရှိမှ ဖြစ်တတ်တာလားဆိုတော့ အဲ့လို တထစ်ချကြီး မှတ်ယူလို့ မရပါဘူး။မနက်ခင်းမှာ မကြည်မလင် နိုးထလာရတာ၊ခေါင်းကိုက်တာ၊ အော့အန်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း မနက်ခင်းမှာ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။Morning sickness ဖြစ်ရတဲ့ အကြောင်းအရင်းရဲ့နောက်ခံ အကြောင်းအရာက ကိုယ်ဝန်ရှိတာ တစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ အထက်လန်အောက်လျှော (stomach flu) ဒါမှမဟုတ်အစာအဆိပ်သင့်တာတွေကြောင့်လည်း Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာကို ခံစားရနိုင်ပါတယ်။ဒါတွေအပြင် အခြားသောကျန်းမာရေး အခြေအနေတွေကြောင့်လည်း မနက်ခင်းမှာ အန်ချင်တာကို ခံစားရနိုင်ပါတယ်။ အချို့သောအရာတွေက နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တဲ့အခါ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ညဘက်တွေ အိပ်မပျော်တာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိတာတွေ၊ ညဘက်တွေမှာ ကောင်းမွန်စွာ အနားမယူတာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီလို ထိခိုက်တဲ့အထဲမှာ အစာခြေစနစ်ကလည်း တစ်ခု အပါအဝင်ပါ။လေ့လာမှုတွေအရ အိပ်စက်မှုကို ထိန်းညှိပေးထားတဲ့ circadian rhythms တွေကအစာခြေစနစ်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ညဘက်မှာ အိပ်ချိန် ပြည့်ပြည့်ဝဝ မရှိတာ၊ အရွယ်ရောက်ပြီးသူ တစ်ယော်ကအနေနဲ့ တစ်ညကို ၇ နာရီကနေ ၉ နာရီအတွင်းအိပ်စက်ချိန်မရှိတာက အစာစားချင်စိတ် နဲ့ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်သလို မနက်ခင်းမှာလည်း ပျို့အန်တာ၊ ခေါင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို သကြားဓာတ်အဖြစ်ပြောင်းလဲပြီး တစ်နေ့တာလုံး ကောင်းစွာ လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ တစ်နေ့တာမှာ စားသုံးရမယ့် အစားအစာ တစ်နပ်နပ်ကို မစားဘဲ နေလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ် ကျဆင်းသွားတာကြောင့်  မနက်ခင်းမှာ မအီမသာဖြစ်တာ၊အားနည်းတာတွေကို ခံစားရနိုင်သလို ပျို့အန်ချင်သလို ခံစားရနိုင်ပါတယ်။ဒါ​ကြောင့် အစားအစာတွေကို ပုံမှန်စားပြီး ကိုယ်တွင်းမှာအချိုဓာတ်ကျသွားတာမျိုး မဖြစ်အောင် ထိန်းဖို့လိုပါမယ်။ အလွယ်တကူ စားလို့ရတဲ့ မုန့်လေး ဆောင်ထားတာမျိုး ဖြစ်ဖြစ်ပေါ့။မနက်ခင်းတိုင်းမှာ မအီမသာဖြစ်တာ၊ အားနည်းတာတွေ၊ ပျို့အန်ချင်တာ၊ ချွေးစေးတွေ ပြန်တာ၊ ကတုန်ကယင်ဖြစ်တာတွေကို ခံစားရမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။အိပ်ခါနီးမှာ အစာစားမိတာက မနက်ခင်း နိုးထမှုအပေါ်မှာ အတော်လေး သက်ရောက်နေပါတယ်။ ညအိပ်ခါနီးမှာ ကြေခဲတဲ့ အစားအစာတွေ စားမိတာက အစာခြေစနစ်ကို ဝန်ပိစေပြီး မနက်ခင်းမှာ မအီမသာ ခံစားရစေနိုင်ပါတယ်။အစာရေမျိုထဲကို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်တဲ့အခါ အစာရေမျိုကို နာကျင်စေတာ မအီမသာဖြစ်စေတာမျိုး ခံစားရစေနိုင်ပါတယ်။ ဒီအခြေအနေကလည်း မနက်ခင်းမှာ မအီမသာဖြစ်တာ၊ အားနည်းတာတွေ၊ ပျို့အန်ချင်တာတွေ ခံစားရနိုင်ပါတယ်။စိတ်ဖိစီးနေတာ၊ စိုးရိမ်စိတ် များတာတွေက မနက်ခင်းမှာ မအီမသာဖြစ်စွာနဲ့ နိုးထစေပါတယ်။ အထူးသဖြင့်တော့ ညဘက် အိပ်ခါနီးမှာ စိတ်ညစ်စရာ ကြုံရတဲ့အခါ ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ဟော်မုန်းတွေနဲ့ ဓာတုပစ္စည်းတွေက အစာခြေစနစ်အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒီလို ဓာတုပစ္စည်းတွေ မျှတညီညွတ်မှု မရှိတာက မအီမသာဖြစ်တာအပြင် အစာအိမ်ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။ကဲ……. Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဒီအချက်တွေကြောင့်ပါနော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/why-vomit-in-the-mornings/
ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ
၂၀၂၀ နှစ်သစ်စချိန်ကစပြီး ယနေ့ထိတိုင်အောင် trending ဖြစ်နေခဲ့၊ ဖြစ်နေဆဲ hot topic ဟာCOVID-19ပါပဲ။ ကြောက်စရာ ဒီရောဂါပိုးကြီးကို ဘယ်သူကမှ ကူးစက်မခံချင်ကြပါဘူး။ အဲဒီတော့ ကျွန်မတို့တွေဟာလက်ကိုခဏခဏဆေးခြင်း၊နှာခေါင်းစည်းတပ်ခြင်းတို့နဲ့ စနစ်တကျ ကာကွယ်ကြဖို့ အရေးကြီးသလို တစ်ဖက်မှာလည်း အကယ်၍ ကိုယ်သတိမထားမိလိုက်ချိန်မှာ မတော်တဆကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုးအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ယနေ့ထိ ကမ္ဘာမှာ COVID-19 ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ဆေးရော၊ ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ဆေးပါ မပေါ်သေးပါဘူး။ တီထွင်စမ်းသပ်နေကြဆဲပါ။ အဲ့ဒီအတွက် ယခုလက်ရှိမှာ ကျွန်မတို့ အားကိုးရမှာက ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ခံအားစနစ်ကိုပဲ ဖြစ်ပါတယ်။လူတိုင်းလူတိုင်းမှာ (immune system) ကိုယ်ခံအားစနစ်ဆိုတာ ရှိပါတယ်။ ပြင်ပက ရောဂါပိုးတစ်ခုခု ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က အဆိုပါပိုးကို တိုက်ထုတ်ဖို့ antibodies တုံ့ပြန်ပဋိပစ္စည်းတွေထုတ်လုပ်ပြီး ရောဂါပိုးကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ရန်သူတော်အသစ်စက်စက် COVID-19 ကို တွန်းလှန်ဖို့အတွက် ကိုယ်ခံအားကောင်းဖို့က အလွန်အရေးကြီးပါတယ်။အခုအချိန်မှာ ဆရာဝန်တစ်ယောက်အနေနဲ့ အမေးအခံရဆုံးမေးခွန်းပါပဲ။၁.အိပ်ရေးဝအောင် အိပ်ရပါမယ်။အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်စက်ချိန်တွေ မတူညီကြပါ။ဥပမာ- အသက် ၆၅နှစ်အထက် လူကြီးများ- ၇-၈နာရီ၊ လူရွယ် လူလတ်ပိုင်းများ- ၇-၉နာရီ၊ ဆယ်ကျော်သက်အရွယ်- ၈-၁၀နာရီ၊ တစ်နှစ်မှ ၉နှစ်အတွင်း – ၁၀နာရီအထက်၊ တစ်နှစ်အောက် ကလေးငယ်များ – ၁၂နာရီနှင့်အထက် တို့ပဲဖြစ်ပါတယ်။၂.အာဟာရပြည့်ဝစွာ စားသုံးပါ။အစာအာဟာရအုပ်စု ၃မျိုးလုံး ပါဝင်အောင် စားပေးရပါမယ်။ ပိုပြီးများများစားပေးရမှာကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါ။ အထူးသဖြင့် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ ချဉ်သောအသီးအနှံများ၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွသီး၊ ပန်းဂေါ်ဖီစိမ်းတို့ပါပဲ။ဒါ့အပြင် အသားဓာတ်ကိုလည်း မဖြစ်မနေ ပါဝင်အောင် စားပေးဖို့ လိုပါတယ်။၃. သင့်တော်တဲ့ကိုယ်အလေးချိန်ရအောင်ထိန်းထားပါ။မိမိရဲ့ အသက်အရွယ်၊ အရပ်တို့အပေါ်မူတည်ပြီး ရှိသင့်တဲ့BMIအတိုင်းအတာထဲမှာ ရှိနေရဲ့လားဆိုတာ မိမိကိုယ်ကို အမြဲဆန်းစစ်နေဖို့လိုပါတယ်။ ဝလွန်းခြင်း၊ ပိန်လွန်းခြင်းတို့ မဖြစ်စေဘဲ ပုံမှန် BMI အတိုင်းအတာထဲမှာ ရှိနေအောင်  ထိန်းထားဖို့လိုပါတယ်။၄.ဆေးလိပ်မသောက်ပါနဲ့။၅. အရက်အလွန်အကျွံမသောက်ပါနဲ့။၆.ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးပေါင်မတက်အောင် ထိန်းပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်ခြင်းတို့အပြင် ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုပေးပါတယ်။၇.စိတ်ဖိစီးမှုကို တတ်နိုင်သလောက် နည်း‌နိုင်သမျှနည်းအောင်နေပါ။ကိုယ့်ကို စိတ်ဖိစီးမှုပေးနိုင်တဲ့ လူ၊ ပတ်ဝန်းကျင်၊ အလုပ် စတာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေပါ။ အကောင်းမြင်စိတ်မွေးပါ။ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ကြရင်း ကပ်ရောဂါဘေးမှ အားလုံးကင်းဝေးကြပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ရေးသားသူ – Dr.Saint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%98/
ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ
“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။”။“ဘာဖြစ်တာတဲ့လဲ”။“အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ”။“ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော်လေ”။“ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။”။“ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တွန်းလို့။ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။”။ရင်ကျပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။ရင်ကျပ်ရောဂါ များဟုလူသိထားကြသော ရောဂါများထဲတွင် ပန်းနာရင်ကျပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ဓါတ်မတည့်ခြင်းဟုဆိုရာတွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထွက်သော အငွေ့နှင့်အနံ့များ၊ အမှုန်အမွှားများ၊ ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်အမွှေးအမျှင်များ စသဖြင့်ရင်ကြပ်ခြင်းကို ပိုဆိုးစေသော အရာများစွာ ရှိပါသည်။လူနာတစ်ယောက်နှင့်တစ်ယောက်ဓါတ်မတည့်ပုံခြင်း မတူတတ်ကြသဖြင့်လူနာများအနေဖြင့် မိမိဓါတ်မတည့်ဖြစ်ပြီး ရင်ကျပ်ဖူးသော အရာများကိုမှတ်သားရှောင်ကြဉ်ကြရပါမည်။ တချို့ဆိုလျှင်အစားအသောက်တစ်ခုခုနှင့်မတည့်ဘဲကျပ်သူများလည်း ရှိသည်။ ထို့သို့ဆိုလျှင်လည်း လူနာအနေနှင့်မိမိမတည့်သော အစားကိုသတိထားဆင်ခြင်ကြရပါမည်။ ဆရာဝန်များအနေဖြင့်အများနှင့် ခြုံငုံ၍သာအကြံပေးနိုင်သည်ဖြစ်ရာ တစ်ဦးချင်း မတည့်သည်ကိုလူနာကိုယ်တိုင်ကသာ ပိုမိုသိရှိနိုင်မည်ဖြစ်သဖြင့်မိမိမတည့်တတ်သည့်အရာများ အစားအစာများကိုလူနာကိုယ်တိုင်က မှတ်သားထားသင့်ပါသည်။လေပြွန်ရောင် ရင်ကျပ်ရောဂါအမျိုးအစားသည် အများအားဖြင့်အသက်၄၀နောက်ပိုင်းမှသာဖြစ်လာတတ်သည်။ ဆေးလိပ်သောက်ခြင်းနှင့်အများအားဖြင့်သက်ဆိုင်သည်။ သို့သော်တစ်ခါတစ်ရံဆေးလိပ်လုံးဝမသောက်သော်လည်း မီးသွေး ထင်းမီးဖိုများ၊ စက်ရုံ ခြင်ဆေးခွေစသည်မှထွက်သော အငွေ့များကို ရှူရပါများလာလျှင်လည်း ဖြစ်လာတတ်ပါသည်။ တစ်ချို့အမေကြီးများဆိုလျှင်ဆေးလိပ်လုံးဝမသောက်ပါဘဲနှင့်လည်း မီးသွေးထင်းစသည်နှင့်ထမင်းဟင်းချက်တာ ကြာလာပြီးဖြစ်ပွားကြခြင်းများလည်းရှိပါသည်။ ရင်ကျပ်ဖြစ်လာပြီဆိုလျှင်ပန်းနာရင်ကြပ်အမျိုးအစားသည်အများအားဖြင့်လူနာနှင့်ဓါတ်မတည့်သော အရာများကို ရှူမိထိတွေ့မိသော အချိန်တွင်ထဖောက်တတ်သည်။ သိပ်မဆိုးဘဲ ဆေးရှူလိုက်ရုံနှင့်သက်သာသွားတတ်သလိုတစ်ခါတစ်ရံအလွန်အမင်းပြင်းထန်ပြီး ဆေးရုံတက်ရခြင်း အသက်အန္ကရာယ်စိုးရိမ်ရခြင်းများပါဖြစ်တတ်ပါသည်။ ကြားထဲ ဓါတ်မတည့်သော အရာနှင့်ထိတွေ့ခြင်းမရှိချိန်တွင်မူပုံမှန်ကောင်းနေတတ်ပါသည်။ ထို့ကြောင့်ဓါတ်မတည့်တတ်သော အရာကိုရှောင်ရန်အလွန်အရေးကြီးပါသည်။လေပြွန်ရောင်ရင်ကျပ်ရောဂါမှာမူထိုသို့မဟုတ်ချေ။နာတာရှည်ချောင်းဆိုးနေတတ်ပြီးအနည်းငယ်လှုပ်ရှားရုံဖြင့်မောပန်းလွယ်နေတတ်သည်။ ရောဂါရင့်လာသည်နှင့်အမျှအဆုတ်သွေးကြောဖိအားများလာခြင်း၊ နှလုံးထိခိုက်လာခြင်းများဖြစ်လာပြီးကိုယ်လက်ဖောရောင်လာခြင်းများအထိဖြစ်လာတတ်သည်။ တခြားတွဲဖက်ဖြစ်တတ်သော ရောဂါများအနေဖြင့်နှလုံးသွေးကြောကျဉ်းခြင်း၊အရိုးပါးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အဆုတ်ကင်ဆာရောဂါများအထိဖြစ်တတ်ပါသည်။ ရင်ကျပ်ရောဂါနှစ်မျိုးလုံးတွင်အသည်းအသန်ရောဂါဖောက်သော အဆင့်ဟူ၍ ရှိတတ်ပြီးထိုအဆင့်တွင်စက်ဖြင့်ဆေးရှူရခြင်း၊ ထိုးဆေးထိုးရခြင်း၊ အသက်ရှူစက်တင်ရခြင်း စသည်တို့အထိပြုလုပ်ရတတ်ပြီး အသက်အန္ကရာယ်ပင်စိုးရိမ်ရတတ်ပါသည်။ပန်းနာရင်ကျပ်ရောဂါသည်များအနေဖြင့်အထက်တွင်ဖော်ပြခဲ့သလို မိမိမတည့်သော အရာများကိုသတိထားမှတ်သားပြီး ရှောင်ကြဉ်ကြရန်လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အမြဲတမ်းတော့လွယ်ကူမည်မဟုတ်ပါချေ။ မိသားစုဝင်များ အပေါင်းအဖော်များ၏ ကူညီဖေးမမှုလိုအပ်ပါသည်။ အိမ်တွင်လေကောင်းလေသန့်ရရန်၊ မီးဖို ခြင်ဆေးအမွှေးတိုင်စသည်တို့မှအငွေ့များ အိမ်တွင်းတွင်မပြန့်နေစေရန်၊အမွှေးပွပါသော စောင်၊ အရုပ်စသည်တို့ကိုရှောင်ကြဉ်ရန်၊ ဖုန်ထူမည့်နေရာများကိုရှောင်ကြဉ်ရန်၊ အိမ်တွင်တိရစ္ဆာန်များဖြစ်နိုင်ပါက မမွေးရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအလုပ်ထဲရှိအနံ့၊ အငွေ့စသည်တို့နှင့်မတည့်ဘဲ ရင်ကြပ်တတ်သူများဆိုလျှင်အလုပ်ပြောင်းရသည်အထိပင်ဖြစ်တတ်ကြပါသည်။လေပြွှန်ရောင်ရင်ကျပ်ရောဂါသည် ပန်းနာရင်ကြပ်ကဲ့သို့ ဓါတ်မတည့်သည် မဖြစ်တတ်သော်လည်းအနံ့များ မီးခိုးများစသည်တို့နှင့်ထိတွေ့ရလျှင်ပိုကြပ်တတ်ခြင်းများရှိတတ်ပါသည်။ ထို့အပြင်ရောဂါဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့်ဆေးလိပ်များ၊ မီးခိုး အငွေ့စသည်များကိုလုံးဝအပြည့်အဝမရှောင်ကြဉ်နိုင်ပါက ရောဂါပိုဆိုးလာခြင်းကိုမတားဆီးနိုင်ချေ။ ထို့ကြောင့်ဆေးလိပ်သောက်တတ်သူများအနေဖြင့်ဆေးလိပ်ကိုလုံးဝဖြတ်ရန်လိုအပ်ပါသည်။ လျှော့သောက်ရုံနှင့်ရောဂါပိုဆိုးခြင်းကိုမကာကွယ်နိုင်ပါ။ တခြား မီးခိုးနှင့်ထိတွေ့ရသော အကြောင်းများဖြစ်သည့်မီးသွေးမီးဖို၊ ခြင်ဆေးခွေ၊ အမွှေးတိုင်တို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရပါမည်။ကုသရာတွင်အသုံးပြုသော ဆေးဝါးများအနေဖြင့်ပြောရလျှင်ရှူရသောဆေးဂေါက်ဟုခေါ်လေ့ရှိသော Inhaler ရှူဆေးများသည်ပထမအဆင့်သုံးရသောဆေးများဖြစ်သည်။သောက်ဆေး ထိုးဆေးများထက်ဘေးထွက်ဆိုးကျိုးပိုနည်းပါသည်။ ထိုသည်ကိုလူနာတချို့က ရှူဆေးသည်နောက်ဆုံးအဆင့်ဟုအထင်မှားကာ မသုံးစွဲကြဘဲ သောက်ဆေးများကိုသာ ဦးစားပေးသောက်နေကြသည်ကိုတွေ့ရှိရသည်။ တချို့ဆိုလျှင်သောက်ဆေးများကိုစပ်ဆေးရောင်းသူများက ညွှန်သည့်အတိုင်းသောက်ရင်းမှ Prednisolone, Dexamethasone စသည့်ဆေးများကိုရေရှည်စွဲသောက်နေမိတတ်သည်။ထိုဆေးများသည် ရင်ကြပ်လက္ခဏာများကိုအမြန်သက်သာသွားစေနိုင်သည်မှာ မှန်သော်လည်း ရေရှည်စွဲသောက်မိလျှင်သွေးတိုးခြင်း၊ ဆီးချိုဝင်လာခြင်း၊ အရေပြားပါးလာခြင်း၊ အရိုးပါးကာ အရိုးကျိုးလွယ်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည့်အတွက်ရေရှည်မသုံးစွဲသင့်ချေ။Inhaler ရှူဆေးများသည်သောက်ဆေးထက်စာလျှင်ဆေးတန်ဖိုးပိုမိုများပြားတတ်ပါသည်။ ထို့ကြောင့်လည်း တချို့အနေနှင့်ငွေကြေးအခက်အခဲကြောင့်မရှူနိုင်ဘဲ ဖြစ်တတ်ပါသည်။ သို့သော်ဆေးပုံမှန်မသုံးစွဲခြင်းကြောင့်ရောဂါထဖောက်ကာ ဆေးရုံတက်ရခြင်းများဖြစ်လျှင်ကုန်ကျမည့်စရိတ်များနှင့်နှိုင်းယှဉ်တွက်ဆကြည့်ပါက ဆေးပုံမှန်သုံးစွဲခြင်းက တွက်ခြေပိုကိုက်ပါမည်။ Prednisolone။လိုသောက်ဆေးကလည်း ဈေးနှုန်းအားဖြင့်သက်သာသည်မှာ မှန်သော်လည်း သူ့ကြောင့်ဖြစ်လာသည့်ဘေးထွက်ဆိုးကျိုးများကိုလိုက်ကုရမည့်ကုန်ကျစရိတ်က ရေရှည်တွင်ပိုများသွားပါလိမ့်မည်။တချို့မှာ Inhaler ရှူဆေးသုံးစွဲနေကြသော်လည်း ရင်ကြပ်ချိန်မှရှူရမည့်ရှူဆေးနှင့်ပုံမှန်ရှူရမည့်ရှူဆေးကို မကွဲဘ ဲ စနစ်တကျသုံးစွဲခြင်း မရှိသည့်အတွက်ရောဂါမသက်သာသည်များရှိတတ်ပါသည်။ တချို့ကမူရှူဆေး ရှူပုံမမှန်သောကြောင့်မသက်သာခြင်းများလည်းရှိပါသည်။ ထို့ကြောင့်လည်းဆရာဝန်ညွှန်ကြားသည့်အတိုင်းစနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။ တချို့ဆေးမရှူတတ်သူများအတွက်ပြောင်းဟုအလွယ်ခေါ်ကြသော Spacer များတဆင့်ခံသုံးစွဲရန်ရှိပါသည်။ တချို့မှာမူInhaler အဆင့်နှင့်မရတော့သောကြောင့်သောက်ဆေးသောက်သုံးရသည်များ ရှိတတ်ပါသည်။ မကြာခဏဆေးသွားထိုးခြင်းသည်လည်း အခန့်မသင့်လျှင်ထိုးဆေးတချို့ကြောင့်Prednisolone ၏ဘေးထွက်ဆိုးကျိုးက ဲ့သို့ဆိုးကျိုးများဖြစ်ပေါ်တတ်ရာ မလိုအပ်ဘဲ ဆေးထိုးမိအစား ကျွမ်းကျင်သောဆရာဝန်နှင့်စနစ်တကျ ကုသမှုခံယူသင့်ပါသည်။အချုပ်အားဖြင့်ဆိုရသော်ရင်ကျပ်ရောဂါများသည်ရှောင်ကြဉ်သင့်သည်များကိုစနစ်တကျမရှောင်ကြဉ်ပါက ရောဂါသက်သာမည်မဟုတ်သလို ဆေးများကိုလည်း စနစ်တကျ မသုံးစွဲပါက ရောဂါမသက်သာခြင်း၊ ဘေးထွက်ဆိုးကျိုးများခြင်းများ ဖြစ်ပေါ်တတ်ပါသည်။Inhaler ခေါ် ရှူဆေးသည်လည်းနောက်ဆုံးအဆင့်ဆေးမဟုတ်ဘဲ စသုံးသင့်သော ဆေးဖြစ်သည်။ ရှူဆေးများတွင်လည်းအမျိုးအစားပေါ်မူတည်ပြီး ရင်ကြပ်မှရှူရန်လိုသော ဆေးနှင့်ပုံမှန်ရှူရမည့်ဆေးစသည်ဖြင့်ရှိရာဆရာဝန်ညွှန်ကြားမှုကို သေချာ မမှတ်သား မလိုက်နာဘဲ ပုံမှန်ရှူသင့်သည်ကို ပုံမှန်မရှူ၊ ကြပ်မှရှူသင့်သည်ကိုပုံမှန်ရှူနေပါကလည်း ထိရောက်မည်မဟုတ်ပါချေ။ ထို့ကြောင့်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကိုသေချာစွာ လိုက်နာကုသသွားကြပါရန်အသိပေးလိုက်ရပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%9b%e1%80%84%e1%80%b9%e1%80%80%e1%80%ba%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%82%94-%e1%80%9e%e1%80%ad%e1%80%b1%e1%80%80%e1%80%ac/
ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ
ကျွန်တော် လူတော်တော် များများကိုဗီတာမင် စီကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီကကိုလက်စထရောကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ အခြားသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင်။အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင်စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့အစားအစာမှာလည်း ဗီတာမင်စီ ကြွယ်ဝကြပါတယ်။ ဥပမာ-။သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီးဝမ်းခဏခဏသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင်စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။အထက်ဖော်ပြပါ ဗီတာမင် စီ ချို့တဲ့နိုင်တဲ့ သူများအနေနဲ့ သာမန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများ ပိုစားပေးဖို့လိုပါတယ်။ လိုအပ်မှသာ ဆေးဝါး အကူအညီကို ဆရာဝန် နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-c/
လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား
ရနံ့ခပ်သင်းသင်းနဲ့ ဘူးလှလှလေးတွေနဲ့ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည် (Hand Sanitizer) တွေဟာ ဒီကနေ့ခေတ်မှာ လူသုံးများကြပါတယ်။ အလျင်အမြန် ခြောက်သွေ့လွယ်တယ်၊ လက်ကို သန့်စင်စေတယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်စတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း လူကြိုက်များကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား ရမယ့် အချက်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။လက်သန့်ဆေးရည် (Hand Sanitizer) တွေကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံလိုနေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဒါမှမဟုတ် လူနာတွေနဲ့ လူနာစောင့်တွေအနေနဲ့ လက်မှာကပ်ညိလာနိုင်တဲ့ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်အောင် ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေဟာ နေ့စဉ်လူနာတွေကို ကိုင်တွယ်ထိတွေ့နေရတာမို့ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လက်ကို ဆပ်ပြာ၊ ရေသန့်တွေနဲ့ ဆေးကြောသန့်စင်ဖို့ အချိန်နည်းပါးတာမို့ ဒီနည်းလမ်းဟာ ထိရောက်ပြီး မြန်ဆန်တဲ့နည်းလမ်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ဆပ်ပြာနဲ့ ရေသန့်ကို အသုံးပြုပြီး လက်ကို သန့်စင်တာကအရေပြားမှာ ကပ်ညိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်သလို ထိရောက်စွာလည်း ဖယ်ရှားပေးနိုင်ပါတယ်။ လက်သန့်ဆေးရည်တွေကတော့ အရေပြားမှာ ကပ်ညိနေပြီး ပိုးမွှားတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၀% ပါဝင်တဲ့ လက်သန့်ဆေးရည်တွေဟာ သုံးစွဲဖို့အသင့်တော်ဆုံးဖြစ်ပြီး ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ အရေပြားပေါ်မှာ အယ်လ်ကိုဟော ပမာဏ အများအပြား ကျန်ရှိနေနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အကြိမ်များများသုံးလေလေ အရေပြားရဲ့ အပေါ်ယံ သဘာဝအလွှာတွေကို ထိခိုက်လေလေဖြစ်နိုင်ပါတယ်။အမေရိကန်အခြေစိုက် ရောဂါထိမ်းချုပ်ရေးဗဟိုဌာန (CDC) ရဲ့အဆိုအရ လက်ကို ဆပ်ပြာ၊ ရေသန့်တို့နဲ့ ဆေးကျောတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေမရနိုင်တဲ့ အခြေအနေမျိုးတွေမှာ လက်သန့်ဆေးရည်တွေကို သုံးနိုင်ပါတယ်တဲ့။ အနည်းဆုံးအယ်လ်ကိုဟော ပမာဏ ၆၀% – ၉၅% ကြားပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုဖို့ CDC က သတိပေးထားပါတယ်။ လက်သန့်ဆေးရည်တွေဟာ အကျိုးရှိသလို သုံးစွဲရာမှာ သတိထားသင့်တဲ့အချက်တွေလည်း ရှိနေပါတယ်။အဲဒါတွေကတော့ …။လက်သန့်ဆေးရည်တွေဟာ သင့်ရဲ့လက်ကို ထိခိုက်နာကျင်စေမှာမဟုတ်ပါဘူး။ ရောဂါပိုးမွှားတွေကိုလည်း ထိထိရောက်ရောက် သေစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ အဲဒါတွေကတော့ …။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/precautions-in-using-hand-sanitizer/
မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့
မနက်မိုးလင်းရင်ဝမ်းပုံမှန်သွား တတ်တဲ့ သူတွေကို အားကျနေမိပြီလား။ သူတို့ကို ကြည့်လိုက်ရင် မနက်မိုးလင်း အိပ်ရာက နိုးတာနဲ့ အိမ်သာသွားတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်ကရော ဒီလို အကျင့်ဖြစ်အောင်လုပ်လို့မရဘူးလား။လူတိုင်းက နေ့တိုင်း ဝမ်းသွားချင်မှ သွားတာပါ။ တချို့က တစ်ရက်ခြားလောက် သွားတာရှိသလို တချို့က တစ်ရက်ကို ၂ခါ သွားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ဝမ်း ၃ခါ သွားတယ်။ဝမ်းချုပ်တာ၊ ဝမ်းမာတာမျိုး မရှိဘူးဆိုရင် ဒါကို ဝမ်းပုံမှန်သွားတယ်လို့ပဲ သတ်မှတ်ပါတယ်။ နေ့တိုင်းသွားစရာ မလိုပါဘူး။ဒါပေမယ့် လူအများစု အထူးသဖြင့် အာရှသားတွေက ဝမ်းသွားတာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားချင်ကြပါတယ်။ ဝမ်းသွားမှ အပုပ်တွေကင်းတယ်၊ သန့်သွားတယ်ဆိုတဲ့ အစွဲက သူတို့ဆီမှာ ရှိပါတယ်။ ဒါကြောင့် နေ့တိုင်း ဝမ်းသွားဖို့ ကြိုးစားကြပါတယ်။အထူးသဖြင့်တော့ မနက်ပိုင်းမှာ ဝမ်းသွားလိုက်ရရင် ဗိုက်ထဲမှာ ပေါ့သွားပြီး အလုပ်တစ်ခုပြီးသွားသလို ပေါ့ပါးသွားကြပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ ဝမ်းသွားအောင် ကြိုးစားကြပါတယ်။ ဒီလိုနဲ့ မလိုအပ်ဘဲဝမ်းပျော့ဆေးတွေ၊ဝမ်းနှုတ်ဆေးတွေ သောက်တဲ့အထိ ဖြစ်သွားကြပါတယ်။တကယ်တော့ မနက်ပိုင်းမှာ ဝမ်းသွားဖို့က ဆေးတွေသောက်ဖို့ထိ မလိုပါဘူး။ အောက်ပါနည်းလမ်းတွေနဲ့ အရင်စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။အရေးကြီးဆုံးက အချိန်ပါပဲ။ တချို့ က မနက်ကို ဝမ်းသွားတတ်တဲ့ အကျင့်ရှိပေမယ့် ရုံးနောက်ကျမှာစိုးလို့ အောင့်အီးပြီး အိမ်ကနေ ထွက်သွားလိုက်ရတာမျိုးတွေ ရှိပါတယ်။ ကြာလာတော့ ဝမ်းအကျင့်ပျက်ပြီး ဝမ်းချုပ်တာပါ ဖြစ်လာပါတယ်။ ဒါကြောင့် အေးအေးလူလူ အိမ်သာတက်ဖို့ ၁၀မိနစ်- ၁၅မိနစ်လောက် ဖယ်ထားပါ။အိပ်ရာက နိုးတာနဲ့ ရေတစ်ဖန်ခွက်လောက် သောက်လိုက်ပါ။ အူထဲမှာ တင်းသွားတဲ့အတွက်အူလှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းကိုလည်း ပျော့စေပါတယ်။အထူးသဖြင့် ဝမ်းဗိုက်ကို အားစိုက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အူတွေကို လှုံ့ဆော်ပေးတဲ့အတွက် ဝမ်းသွားစေပါတယ်။ ဝမ်းချုပ်တတ်တဲ့သူတွေဆိုရင် သူတို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ယောဂလေ့ကျင့်ခန်း ၂-၃ခုလောက် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ (ယောဂလုပ်နည်းကို အင်တာနက်တို့ youtubeတို့မှာ ရှာနိုင်ပါတယ်။ Yoga for constipation လို့ရိုက်ရှာကြည့်ပါ။)။တချို့က အိမ်သာမသွားရင် အစားမစားဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။ အဟောင်းသွားမှ အသစ်လာမယ်ပေါ့။ တချို့ကျတော့လည်း နဂိုတည်းက မနက်စာ စားတဲ့ အလေ့အကျင့် မရှိတာပါ။ မနက်စာစားတဲ့အခါ အူထဲကို အစာတွေ ရောက်လာတဲ့အတွက် အူက စပြီး လှုပ်ရှားရပါတယ်။ ဒီလှုပ်ရှားမှုက အစာဟောင်းတွေကို ထွက်စေပါတယ်။ ဆိုလိုတာက ဝမ်းသွားဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ဘိုထိုင်အိမ်သာနဲ့ မြန်မာထိုင်အိမ်သာ ယှဉ်ရင် မြန်မာထိုင်အိမ်သာက ဝမ်းသွားရလွယ်စေပါတယ်။ မြန်မာထိုင်အိမ်သာမှာ ထိုင်တဲ့ပုံစံက အူလမ်းကြောင်းကို ဖြောင့်စေတဲ့အတွက် အားမစိုက်ရဘဲ ဝမ်းသွားရလွယ်စေပါတယ်။အသက်ကြီးတဲ့သူ၊ အဝလွန်တဲ့သူ၊ ဒူးမကောင်းတဲ့သူ၊ အိမ်သာ ဘိုထိုင်အိမ်သာပဲ ရှိတဲ့သူတွေကတော့ ခြေထောက်အောက်မှာ ခွေးခြေလေး ခုထားပါ။ ဒါဆို မြန်မာထိုင် အိမ်သာနဲ့ ခပ်ဆင်ဆင်လေး တူသွားပါပြီ။အားနဲ့ ဖိနှိပ်စရာ မလိုပါဘူး။ ဝမ်းဗိုက်ကို အသာအယာပွတ်သပ်ပေးလို့လည်း ရပါတယ်။ အိမ်သာတက်နေရင်းနဲ့ ဝမ်းဗိုက်ကို နှိပ်နယ်ပေးမယ်ဆိုရင်Gastro-colic reflexဖြစ်လာပြီး အူလှုပ်ရှားမှု ကောင်းစေတာကြောင့် ဝမ်းသွားရလွယ်စေပါတယ်။တစ်ရက်တည်းနဲ့တော့ ရချင်မှ ရမှာပါ။ နောက်ရက်တွေလည်း ဆက်ကြိုးစားကြည့်ပါ။ တတ်နိုင်သလောက် အချိန်မှန်ထပေးပါ။ ဒါမှ ခန္ဓာကိုယ်က မှတ်ထားပြီး နောက်ပိုင်းကျရင် သူ့အချိန်ရောက်တာနဲ့ အလိုလို ဝမ်းသွားချင်လာမှာပါ။အပေါ်မှာ ပြောခဲ့သလိုပဲ။ မဖြစ်မနေ မနက်မှာမှ သွားဖို့ မလိုပါဘူး။ တချို့တွေက ညမှ သွားတာလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တူချင်မှ တူမှာပါ။ ဝမ်းပုံမှန်သွား နေတယ်။ ဝမ်းချုပ်တာ၊ တခြားဝမ်းနဲ့ ပတ်သတ်တဲ့ ပြဿနာ မရှိဘူးဆိုရင် စိတ်ပူစရာ မလိုပါဘူး။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/how-to-achieve-morning-bowel-habit/
Mulberries ကပေးတဲ့ ကျန်းမာရေး
တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ကြပြီး ​မြေပြန့်ဒေသမှ လူသိနည်းကြတဲ့ Mulberries ကသဖန်းသီးနဲ့ မျိုးရင်းတူပါတယ်။ mulberry ပင်ရဲ့ အသီးလေးပါ။ ချစ်စရာကောင်းသလို စားလို့လည်း ကောင်းပါတယ်။ ဒီချစ်စရာကောင်းတဲ့ အသီးလေးတွေ သီးတဲ့ mulberry ပင်က အရွက်ကနေ ပေါက်တတ်တဲ့ အပင်တစ်မျိုးပေါ့။အထူးသဖြင့် အာရှ နဲ့ မြောက်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အရောင်အသွေးစုံတဲ့ဘယ်ရီသီးလေးတွေ သီးပြီး အသီးလေးတွေက အနက်ရောင်၊ အဖြူ၊ရောင် နဲ့ အနီရောင် ဆိုပြီး အရောင်အသွေးစုံလင်လှပါတယ်။ ဒီအသီးတွေကို ဝိုင်လုပ်ဖို့၊ သစ်သီးဖျော်ရည်လုပ်ဖို့နဲ့ ဆီသွတ်ဗူး၊ ယိုထိုးတာတွေ လုပ်ဖို့ အသုံးပြုကြတာ များပါတယ်။အရသာချိုသလိုအာဟာရဓာတ်ပါဝင်မှုမြင့်ပြီးကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုပေးပါတယ်။ချိုချိုချဉ်ချဉ်နဲ့စားလို့ကောင်းတဲ့ mulberries သီးလေးက ချစ်စရာ အသွင်အပြင် အပြင်။mulberries သီးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanins ကြွယ်ဝစွာ ပါဝင်နေပါတယ်။သွေးလည်ပတ်မှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဒါ့အပြင် anthocyanins အသီးခြောက်မှာ resveratrol လို့ ခေါ်တဲ့အရွယ်တင်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို နုပျိုစေမှာပါ။ resveratrol က သွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။mulberries သီး တစ်ခါစားစာမှာ အမျှင်ဓာတ်က တစ်နေ့တာ လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ နေ့စဉ်စားသောက်မှုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမဏကို ကျဆင်းစေနိုင်ပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော ပါဝင်မှုကအစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။mulberries သီးခြောက် တစ်ပန်းကန်စာမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့ ၁၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ဗီတာမင် C ကကိုယ်ခံအားကို အားဖြည့်ပေးသလိုတစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အမြင်အာရုံကို ကျန်းမာစေပါတယ်။ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပြီးဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာ၊နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။mulberries သီးကပရိုတင်းကြွယ်ဝစွာ ပါဝင်နေပါတယ်။ mulberries သီး တစ်ပန်းကန်စာမှာ နေ့စဉ် ပရိုတင်း လိုအပ်မှုပမာဏရဲ့ ၄ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ သံဓာတ်ကလည်း နေ့စဉ် သံဓာတ် လိုအပ်ချက် ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ်ကလည်း နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်မှု ပမဏရဲ့ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး ကိုယ်တွင်းက သွေးဆဲလ်တွေဆီအောက်ဆီဂျင်ရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ကယ်လ်ဆီယမ်ကအရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေပြီးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ပရိုတင်းကအရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/mulberries/
နေ့တိုင်း ဝမ်းသွား ဖို့ လိုသလား။
အာရှသားတွေကဝမ်းသွား တာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားရမယ်။ မနက်တိုင်း ဝမ်းသွားရမယ်။ နေ့တိုင်း မသွားရင်ဝမ်းချုပ်နေတာ။ဝမ်းနှုတ်ဆေးသောက်ရမယ် စတဲ့ အစွဲလေးတွေ ရှိပါတယ်။ ဆရာဝန်တွေက တတ်နိုင်သလောက် ရှင်းပြပေးပေမယ့် တစ်ရက်လောက်မှ ဝမ်းမသွားရရင် နေမထိ ထိုင်မသာ ဖြစ်ပြီး ဝမ်းနှုတ်ဆေးလာတောင်းကြတဲ့သူတွေ ရှိနေတုန်းပါပဲ။တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံက မတူကြပါဘူး။Scandinavian Journal of Gastroenterologyက လေ့လာချက်အရဆိုရင် သာမန်လူတွေအချင်းချင်းမှာတောင် တစ်ပတ်ကို ၃ခါပဲသွားတဲ့သူကနေ တစ်ရက်ကို ၃ခါ သွားတဲ့သူအထိ ရှိနိုင်ပါတယ်တဲ့။ သူတို့ ၂ယောက်လုံးက ပုံမှန်ပါပဲ။တစ်ပတ်ကို ၃ခါပဲ သွားတဲ့သူက နေ့တိုင်း ဝမ်းသွားချင်မှ သွားမှာပါ။ သူ့ကို နေ့တိုင်း ဝမ်းသွားတဲ့သူနဲ့ ယှဉ်ပြီး ဝမ်းချုပ်တယ်လို့ ပြောလို့မရပါဘူး။ ဒီလိုပဲ တစ်ရက်ကို တစ်ခါပဲ သွားတဲ့သူက တစ်ရက် ၃ခါသွားလေ့ရှိသူကို ဝမ်းလျှောနေတယ်လို့ သွားပြောလို့ မရပါဘူး။ဒါကြောင့် ဝမ်းချုပ်တယ် မချုပ်ဘူးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ရတာ မဟုတ်ပါဘူး။ သူ့အရင်က ဝမ်းအကျင့်နဲ့ ယှဉ်ရတာမျိုးပါ။သူကျတော့ နေ့တိုင်းသွားတယ်။ ငါကျတော့ ဘာလို့ ရက်ခြားပဲ သွားရတာလဲဆိုပြီး မေးစရာ ရှိပါတယ်။ အောက်ပါအချက်တွေကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။အူမကြီးက ပိုနေတဲ့ ရေကို စုပ်ယူလေ့ရှိတာကြောင့် ရေနည်းနည်းပဲ သောက်လေ့ရှိသူက ဝမ်းမာနိုင်ပါတယ်။ မာတဲ့ ဝမ်းက ပျော့တဲ့ဝမ်းထက်စာရင် သွားရခက်ပါတယ်။ ဒီတော့ ဝမ်းခဏခဏ သွားမှာ မဟုတ်ပါဘူး။အသက်ကြီးလာတဲ့အခါ သဘာဝအရကို အူလှုပ်ရှားမှုက နည်းလာပါတယ်။ ဒါကြောင့် အသက်ကြီးလာရင် ဗိုက်လည်း သိပ်မဆာတော့ဘဲ အစားနည်းသွားတာပါ။ ဒီလိုပဲ ဝမ်းသွားတာလည်း နည်းသွားပါတယ်။ ဒါ့ပြင် အသက်ကြီးလာလို့ ဆေးတွေ သောက်နေရတဲ့အခါ ဆေးတွေကြောင့်လည်း ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။အထိုင်များတဲ့သူက လှုပ်လှုပ်ရှားရှားနေတဲ့သူထက် ဝမ်းသွားရခက်မှာပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးတာက အူလမ်းကြောင်း လှုပ်ရှားမှုကိုပါ ကောင်းစေတာကြောင့် ဝမ်းသွားရလွယ်စေပါတယ်။အမျှင်ဓာတ်က ဝမ်းချုပ်တတ်တဲ့သူတွေအတွက်တော့ ဓာတ်စာပါပဲ။ အမျှင်ဓာတ်ကို အသီးအရွက်တွေမှာ အများဆုံး တွေ့ရပါတယ်။ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က လုံးဝကြေအောင် မခြေဖျက်နိုင်တဲ့အတွက် အူလမ်းကြောင်းနောက်ကို ပို့ရင်း ပို့ရင်း အူလှုပ်ရှားမှုကို ဖြစ်စေပြီး ဝမ်းသွားစေပါတယ်။သိုင်းရွိုက်ရောဂါတွေ၊ အူလမ်းကြောင်းရောဂါတွေ၊ အူလှုပ်ရှားမှုနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေကလည်း ဝမ်းသွားတဲ့ ပုံစံကို ပြောင်းလဲစေပါတယ်။ ဝမ်းချုပ်တာ ဖြစ်နိုင်သလို၊ ပုံမှန်ထက် ဝမ်းပိုသွားတာလည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေက ဝမ်းသွားတာကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေက ဒီဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့ရာသီလာခါနီးရင် အိမ်သာခဏခဏ သွားချင်တာကို တွေ့ရပါတယ်။တချို့တွေက အများသုံးအိမ်သာတွေ မတက်တတ်ပါဘူး။ ဒီလို လူမျိုးတွေ ခဏခဏ ခရီးသွားရပြီဆိုရင် ဝမ်းမသွားနိုင်ဘဲ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ကြုံရလေ့ရှိပါတယ်။ အစကတော့ နောက်မှ သွားမယ်ဆိုပြီး အောင့်အောင့်ထားပေမယ့် နောက်ပိုင်းကျတော့ အကျင့်ဖြစ်ပြီး ဝမ်းချုပ်သွားပါတော့တယ်။လူတစ်ယောက်က တစ်ရက်ကို ၃ခါပဲ သွားသွား၊ တစ်ပတ်ကို ၃ရက်ပဲ သွားသွား သူ့ဝမ်းက မာမနေဘူး။ဝမ်းလျှောသလို အရည်တွေပဲ သွားမနေဘူး။ သက်သောင့်သက်သာနဲ့ ညှစ်စရာမလိုဘဲ သွားလို့ရတယ်ဆိုရင် ဒါပုံမှန်ပါပဲ။ဒီလိုမဟုတ်ဘဲ ဝမ်းက အရည်တွေချည်း သွားနေမယ်။ ဝမ်းချုပ်နေပြီး တစ်ခါသွားဖို့ အားနဲ့ ညှစ်နေရမယ်။ စမြင်းခံနေမယ်။ လောက်စာလုံးလို အလုံးလေးတွေ သွားနေမယ်ဆိုရင်တော့ နေ့တိုင်း တစ်ရက်တစ်ခါ သွားနေပါစေ။ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ဒီလို နာတာရှည် ဝမ်းလျှောတာ၊ ဝမ်းချုပ်တာက နောက်ပိုင်းမှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်သလို ရောဂါတစ်ခုခု ဖြစ်နေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက် ဝမ်းချုပ်တာက ပြဿနာ မဟုတ်ပါဘူး။ စားသောက်နေထိုင်ပုံလေး ပြောင်းသွားတဲ့အခါ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဝမ်းသွားတဲ့ ပုံစံပြောင်းသွားတာ (ဝမ်းလျှောတာဖြစ်ဖြစ်၊ ဝမ်းချုပ်တာဖြစ်ဖြစ်) ၁-၂ပတ်လောက် ကြာနေပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/do-you-need-to-poop-everyday/
မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု
မနက်အိပ်ရာထချိန်ဟာ နေ့တစ်နေ့ရဲ့ အစပြုချိန်ဖြစ်တာကြောင့် ကိုယ်ဖြတ်ကျော်ရမယ့် တစ်နေ့လုံးစာအတွက် အစကောင်းမှဖြစ်မှာပါ။ စစချင်းတည်းက အမှားတွေလုပ်နေရင် ကျန်းမာရေးအတွက် ကမောက်ကမတွေ ဖြစ်ကုန်တော့မှာလေ။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆို မနက်ဘက် ဒါတွေကိုယ်လုပ်မိနေသလား ပြန်ကြည့်ကြနော်။ ကဲ တိုက်ကြည့်လို့ရအောင် မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု က ဘာတွေလဲဆိုတာကို လေ့လာလိုက်ပါ။မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှားတွေကတော့။(၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ။နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက် ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို နေ့တိုင်းပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်း သိပ်မထူးပါဘူး။(၂) အိပ်ရာထဲကနေ ဝုန်းခနဲ ကုန်းထတာ။အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်ကို သွေးအမြန်ရောက်စေပြီး သွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့အခါ ဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။(၃) ကော်ဖီ မသောက်လိုက်ရတာ။မဖြစ်မနေသောက်ဖို့ မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျ ကော်ဖီချိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့ တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊ အိုင်ဒီယာမထွက်တဲ့အပြင် လူက  အရမ်းပင်ပန်းနေသလိုလို၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။(၄) သွားတိုက်ဖို့ မေ့တာ။မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံး ကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေ စုနေပါလိမ့်မယ်။ သွားချေးတွေကနေ ဆေးခန်းမှာ သွားခြစ်ပစ်မှ ရမယ့် သွားချိုးကပ်တာတွေ ဖြစ်လာမယ်။ မခြစ်ပစ်ရင်သွားဖုံးတွေ ရောင်တာ၊ သွေးထွက်တာ၊ သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်လာနိုင်တယ်။(၅) အွန်လိုင်းဖွင့်တာ။မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။ ခဏပဲအမြန်စစ်ပြီးပြန်ပိတ်သင့်ပါတယ်။စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တဝိုက်မှာဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာကောင်းပါတယ်။(၆) ပြဿနာတွေအကြောင်း တွေးနေတာ။အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ ရှိနေတဲ့ သို့မဟုတ် ပြီးခဲ့တဲ့ နေ့က ပြဿနာတွေ အကြောင်း ခေါင်းထဲ ရောက်လာတာက နေ့သစ်တစ်ရက်အတွက် အဆိပ်အတောက် ပါပဲ။ အရင်ဆုံး ခေါင်းထဲမှာ ရှင်းပစ်ပြီး ကြည်ကြည်လင်လင် နိုးထပါ။ ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှ ရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့ မဖြစ်ဘူး ဆိုရင်တော့ အရေးကြီးဆုံး ဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီး စီထားလိုက်ပါ။(၇) မနက်စာလွတ်တာ။မနက်စာပုံမှန်စားတဲ့သူတွေက အတွေးဉာဏ်ပိုထက်ပြီး ခန္ဓာကိုယ် အဆီတက်နိုင်ခြေပိုနည်းတယ်၊ ဆီးချိုနဲ့ နှလုံးဖြစ်နိုင်ခြေပိုနည်းတယ်။ မနက်စာက တစ်နေ့လုံးလှုပ်ရှားနိုင်ဖို့ ခွန်အားပေးတဲ့ဆေးတစ်ခွက်ဖြစ်လို့ အငတ်မခံပါနဲ့။(၈) အချိုတွေ အစားများတာ။မနက်စာဆိုပြီး စားလိုက်တာက အဆီများ၊ အချိုများတဲ့ မုန့်တွေ ဖြစ်နေရင် အာဟာရကနည်းပြီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို တိုးစေပြီး လူက လှုပ်ရှားရ ပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။(၉) နေလောင်ကာခရင်မ် မလိမ်းတာ။အသားလှဖို့၊ အသားမမည်းဖို့ထက်အရေပြားကင်ဆာနဲ့ အရေးအကြောင်းတွေကို မဖြစ်စေဖို့ ခရမ်းလွန် ရောင်ခြည် ကာကွယ်မယ့် နေလောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။ အိမ်ထဲမှာလည်း နေရောင်ဝင်နိုင်တယ်ဆို လိမ်းဖို့ လိုသလို အပြင်မသွားခင် ၁၅ မိနစ်အလိုမှာ ထပ်လိမ်းပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/eight-morning-mistakes-we-all-make/
လူငယ်တွေရဲ့ ကျန်းမာရေးက ဘာလို့အရေးကြီးတာလဲ..ဘယ်လိုဂရုစိုက်ပေးရမလဲ
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလိုပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့်စိတ်ရော ကိုယ်ပါကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ဆယ်ကျော်သက်သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ဖိုးဖိုးဖွားဖွားအရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။အသိပညာကြွယ်ဝပြီး ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ ဆိုရင်တော့ လေ့လာသင်ယူပြီး တိုးတက်ဖို့ အရှိန်ယူနေတဲ့ဆယ်ကျော်သက်အရွယ် ကလေးတွေကို သေချာ ကျန်းမာအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကောင်းမွန်တဲ့အရာတွေကို ဖန်တီးမယ့် လက်တစ်စုံကို ပိုင်ဆိုင်ထားတဲ့ လူငယ်တွေကို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးနိုင်စေဖို့ဆိုရင် သူတို့လေးတွေရဲ့ ကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့ လိုမယ်ဆိုတာ အသေအချာပါ။လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် အောက်ပါအချက်တွေကို ဂရုစိုက်ပေးပါ။ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အဝလွန်တာ၊အာဟာရချို့တဲ့တာတွေ ကင်းစေဖို့နဲ့ ကလေးကို သင်ယူနိုင်စွမ်း စဉ်းစားတွေးခေါ်နိုင်စွမ်း ကောင်းမွန်စေဖို့ အာဟာရပြည့်ဝအောင် ကျွေးပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်လိုရီ၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့သတ္တုဓာတ်တွေပြည့်ဝ မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ဒါမှရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေမှာပါ။နေ့စဉ် စာတွေ၊ သင်ယူစရာတွေ များလွန်းတာကြောင့် မအားဘူးဆိုရင်တောင်အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကနေ ၁၅ မိနစ်လောက် ရုန်းထွက်ခွင့်ပေးလိုက်ပါ။ တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းတာကအဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာ ရောက်ပါတယ်။ဒါတင်မကဘဲ အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်။သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့်ကိုလည်း ရရှိစေမှာပါ။ငယ်စဉ်ကတည်းက တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ တစ်ကိုယ်ရေကျန်းမာရေး အလေ့အထကောင်းတွေ သင်ပေးတာက ကလေးကို တစ်သက်လုံး ကျန်းမာပျော်ရွှင်စေမယ့် အမွေကို ပေးတာပါ။ကလေးက သူ့ရဲ့ အတွေ့အကြုံ အခက်အခဲတွေကို ရင်ဖွင့်လာတဲ့အခါ နားထောင်ပေးပါ။ အကြံပေးပါ။ ဒါကလည်း ကလေးကို စိတ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတာပါပဲ။ ကလေးနဲ့ မိဘကြားမှာလည်း ချစ်ခြင်းမေတ္တာ တိုးစေပါတယ်။ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စေဖို့ အရေးအပါဆုံးက မိဘကနေ ချစ်ပေးဖို့ပါ။ချစ်ခြင်းမေတ္တာပြည့်ဝစွာ ရရှိတဲ့ ကလေးတွေက ကျန်းမာပျော်ရွှင် ကြပါတယ်။အပြောင်းအလဲတွေကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်လေးတွေကို ချစ်ပေးတာက ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/tips-for-raising-teens/
အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ
အသည်းရောင်ရောဂါ က အဖြစ်များတဲ့အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက်အသည်းရောင်ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာအသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ လိုပါတယ်။၂၀၁၆ ဒေတာတွေအရ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၃၉၉,၀၀၀ကအသည်းရောင် အသားဝါစီပိုးကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ ခုဆိုရင် ဒီထက်များကောင်းများနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးတွေ၊ စီပိုးတွေ ဆိုတာက အသည်းခြောက်တာ၊ အသည်းကင်ဆာကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။အသည်းရောင် အသားဝါ စီပိုးက မိခင်နို့ကနေတဆင့် ကူးစက်တတ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အမေက နို့သီးခေါင်းကွဲပြီး သွေးထွက်နေချိန်မှာတော့ ရှောင်ကြဉ်သင့်ပါတယ်။အသည်းရောင် အသားဝါ ဘီတွေ၊ စီတွေက ချက်ကြိုးကနေတဆင့် ကူးစက်တတ်တာမျိုး မဟုတ်ပါဘူး။ အများစုက မွေးတဲ့အချိန်မှာ သွေးကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ ဒါတောင် ဘီနဲ့ စီမှာ စီကအဖြစ်နည်းပါတယ်။ ကူးစက်မှုကို လျှော့ချနိုင်ဖို့ မွေးဖွားနည်းကို ဆရာဝန်နဲ့ တိုင်ပင်တာ၊ ကလေးကို ကာကွယ်ဆေးထိုးတာတွေ လုပ်ပေးနိုင်ပါတယ်။နာမည်က အသည်းရောင်အသားဝါဆိုပေမယ့် အသည်းရောင်တဲ့သူတိုင်း အသားမဝါကြပါဘူး။ အသားဝါတာာက အသည်းရောင်တာ၊ အသည်းရောဂါရဲ့ လက္ခဏာတစ်ခုဆိုတာ မှန်ပေမယ့် အသည်းရောင်တိုင်း အသားဝါမှာ မဟုတ်ပါဘူး။ ဒီလိုပဲ အသားမဝါလို့ အသည်းရောင်ရောဂါမရှိဘူးလို့ ပြောလို့မရပါဘူး။အသည်းရောင်ရောဂါ ပိုးတွေက ဘာလက္ခဏာမှမပြဘဲနဲ့လည်း ကိုယ်ထဲမှာ ရှိနေနိုင်ပါတယ်။အသည်းရောင် အသားဝါ ဘီပိုး ဖြစ်ထားရင် စီပိုးထပ်မဖြစ်တော့ဘူးတို့၊ အသည်းရောင်အသားဝါ အေပိုး ဖြစ်ထားပြီးလို့ ဘီပိုးကို ခံနိုင်ရည်ရှိသွားပြီဆိုတာတွေက မဟုတ်ပါဘူး။ ဒါက သီးခြားဗိုင်းရပ်စ်တွေဖြစ်တဲ့အတွက် တစ်မျိုးကူးထားပြီးရုံနဲ့ နောက်တစ်မျိုးကို ကာကွယ်ပြီးသား မဖြစ်စေပါဘူး။ ဒါ့ပြင် လူတစ်ယောက်တည်းမှာ ဘီပိုးရော စီပိုးရော ကူးစက်ခံရတာမျိုး ရှိနိုင်ပါတယ်။ဘီပိုးတွေက ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ပွားနှုန်းကို နှေးအောင်၊ ပိုးကောင်ရေ လျော့သွားအောင်၊ အသည်းပျက်စီးတာကို သက်သာအောင်  ကုသပေးနိုင်ပါတယ်။ ဘီပိုးရှိပေမယ့်အသည်းမပျက်စီးဘဲ သက်တမ်းစေ့နေသွားသူတွေ ရှိပါတယ်။စီပိုးဆိုရင် ဘီပိုးထက်အောင်  ကုရတာ ပိုအဆင်ပြေပါတယ်။ စက်ကနေ စစ်နိုင်တဲ့ အောက် (undectetable level)ကို ရောက်သွားအောင် ပိုးကို ထိန်းထားနိုင်စွမ်း ရှိပါတယ်။အသည်းရောင် အသားဝါပိုးတွေ အားလုံးအတွက် ကာကွယ်ဆေး မရှိပါဘူး။ အသည်းရောင် အသားဝါ အေပိုးနဲ့ ဘီပိုးအတွက်သာ ရှိပါတယ်။ အထူးသဖြင့် ဘီပိုးကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ ဒါပြင့် အသည်းရောင် အသားဝါရောဂါပိုး ကူးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/myths-about-hepatitis/
နို့တိုက်မိခင် အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ
နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှကမိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။နို့တိုက်မေမေတွေက။မြန်မာနိုင်ငံက နို့တိုက်မေမေတွေရဲ့ လွဲမှားနေတဲ့ မီးတွင်းအစားအစာကတော့ ငါးကြော်နဲ့ ဟင်းခါးပါပဲ။ ဒါပဲ စားပြီး ကျန်တာတွေ သိပ်မစားတဲ့အခါကျတော့ ကလေးမှာပါ အာဟာရချို့တဲ့တာတွေ ဖြစ်လာပါတယ်။ ကလေး သန်ထမယ် ဆိုပြီး အသားရှောင်တယ်။ ဗိုက်ပွမယ်ဆိုပြီး ပဲမစားဘူး။ လေထမှာ စိုးလို့ အသီးအရွက်ရှောင်တယ်။ ဒါတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မေမေလည်း အာဟာရချို့တဲ့သလို ကလေးလည်း ကျန်းမာရေး ထိခိုက်လာပါတယ်။အာဟာရချို့တဲ့လာတဲ့ကလေးတစ်ယောက်အတွက်နောက်ဆက်တွဲရောဂါပေါင်းများစွာက စောင့်ကြိုနေပါတယ်။အမှန်တော့နို့တိုက်မိခင်တွေက အောက်ပါအစားအသောက်တွေကလွဲရင် အစားရှောင်စရာ မလိုပါဘူး။ ပုံမှန်လူတွေလိုပဲ အကုန်စားလို့ရပါတယ်။ သူတို့ ရှောင်ရမှာက။အလွန်အမင်း အစားအသောက်ရှောင်တာကြောင့် မြန်မာနိုင်ငံက နို့တိုက်မေမေတွေမှာ အောက်က အာဟာရဓာတ်တွေ ချို့တဲ့နေကြတာ တွေ့ရပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ ဆက်ကြည့်ရအောင်။မိခင်နို့မှာ ရေဓာတ် ၉၀ရာခိုင်နှုန်းတောင် ပါပါတယ်။ ဒါကြောင့် မေမေတွေ ရေကို လုံလုံလောက်လောက် သောက်ဖို့လိုပါတယ်။ ပြီးတော့ ရေဓာတ်ပြည့်ဝနေရင် မေမေလည်း ဝမ်းမချုပ်တော့ဘူးပေါ့။ဒါကြောင့် မေမေတို့ ရေတစ်နေ့ ၂လီတာလောက် ဝင်အောင် သောက်ပါ။ ရေအပါအဝင် တခြားအရည် ဥပမာကြက်ပေါင်းရည်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ ဟင်းချိုရည် စတာတွေလည်း သောက်လို့ရပါတယ်။ အလွယ်နည်းအနေနဲ့ ကလေးကို နို့မတိုက်ခင်တစ်ခါ၊ နို့တိုက်ပြီးတစ်ခါ ရေ သို့မဟုတ် အရည် တစ်ခုခုသောက်လို့လည်း ရပါတယ်။မေမေတွေက နို့တိုက်ချိန်ဆို ကယ်လိုရီဆိုတဲ့ ခွန်အားဖြစ်စေမဲ့ဓာတ်တွေ ပိုလိုပါတယ်။ မိခင်နို့ရည် ၁၀၀မီလီလီတာ ထွက်တိုင်းမှာ ၇၀ ကယ်လိုရီ လောင်ကျွမ်းပါတယ်။ တစ်နေ့ကို နို့က ၇၅၀မီလီလီတာလောက် ထွက်နေတော့ မေမေတွေအနေနဲ့ ပိုစားပေးရမှာပေါ့။ဒါကြောင့် အရင်စားနေကျထက် ပိုစားပေးပါ။ တစ်နေ့ ၃နပ်စားတာထက် နည်းနည်းနဲ့ ခဏခဏ စားတာက ပိုဝင်ပါလိမ့်မယ်။ မေမေအားရှိမှ ကလေးကို ကောင်းကောင်းပြုစုနိုင်မှာပါ။ ပြီးတော့မေမေအားရှိမှ အာဟာရပြည့်ဝတဲ့ နို့ရည်လည်း ထွက်မှာဆိုတာ မမေ့ပါနဲ့နော်။မေမေတွေက ခုနပြောခဲ့သလိုပဲ အစားရှောင်ပြီး အသားမစား၊ ပဲမစားနေတဲ့အခါကျတော့ ပရိုတင်း ချို့တဲ့တာပေါ့။ မိခင်နို့ပါတဲ့ ပရိုတင်းဓာတ်ဆိုတာ လူသိပြီးသား ကြွက်သားတည်ဆောက်တဲ့ အသားဓာတ်ထက်ပိုပါတယ်။ကလေးအတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ပဋိပစ္စည်းတွေ၊ဟော်မုန်းတွေအများကြီးပါပါတယ်။ အထူးသဖြင့် ကလေးရဲ့ ပထမဆုံး ကာကွယ်ဆေးလို့ တင်စားခေါ်ကြတဲ့ နို့ဦးရည်မှာ ပိုတောင်ပါပါသေးတယ်။ ဒါကြောင့် မေမေတို့ အသားမစား၊ ပဲမစားဘူးဆိုရင် ကလေးလေးက ဒီဓာတ်တွေ ရမှာမဟုတ်ပါဘူး။လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်တင်းဖို့ နည်းလမ်းကတော့ မေမေ အသားစား၊ ပဲစားဖို့ပါပဲ။ အိမ်မှာ သန့်သန့်ရှင်းရှင်း၊ ကျက်အောင် သေချာချက်ပြုတ်ထားတဲ့ အသားတွေ၊ ပဲတွေ စားပေးပါ။အသားနေ့တိုင်း မစားချင်ရင် အသားပြုတ်ရည်လေးတွေ ဥပမာ ကြက်ပေါင်းရည်လေးတွေ သောက်လို့ရပါတယ်။ ကူဖော်လောင်ဖက်မရှိလို့၊ အသားနေ့တိုင်း မစားချင်လို့ ဆိုလည်း စျေးကွက်ထဲမှာ ဓာတုပစ္စည်းမပါတဲ့ စိတ်ချရတဲ့ ကြက်ပေါင်းရည်တွေ ဝယ်သောက်လို့ရပါတယ်။ တချို့က ဟော်မုန်း အပြောင်းအလဲကြောင့် အနံ့မခံနိုင်ဘူးဆိုလည်း အနံ့မပြင်းတာတွေ ရှိနေပြီဆိုတော့ စိတ်ကြိုက် ရွေးပြီးသောက်ပါ။ အရေးကြီးတာက အသားဓာတ်ပြည့်ဖို့ပါပဲ။လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်းမှာ ကြက်ပေါင်းရည်မှာ သောက်မယ်ဆိုရင် အသားဓာတ်နဲ့ niacin ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် သွေးထဲက မကောင်းတဲ့ကိုလက်စထရောကိုလည်း ကျစေပါတယ်တဲ့။အဆီထုတ်ထားတဲ့ ကြက်ပေါင်းရည်ဆိုရင် ပြီးတော့ တခြားပရိုတင်းတွေ ဖြစ်တဲ့ နို့ဦးရည်မှာပါတဲ့ EGF၊ TGF-2နဲ့ Lactoferrinကို များစေတာကြောင့် ကလေး အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အထူးသဖြင့် ကလေးက လမစေ့ဘဲ မွေးလာရင် ဒီဓာတ်တွေ ပိုချို့တဲ့နိုင်လို့ မေမေတို့ သတိထားပြီး အသားဓာတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။မေမေတို့အတွက်ဆိုရင်လည်း အာဟာရပြည့်ဝတဲ့အပြင် ကလေးမွေးထားတာကြောင့် မီးတွင်းမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာတွေ မြန်မြန်ပြန် နာလန်ထူနိုင်မှာပါ။ကလေးလေး ရောဂါကင်းကင်းနဲ့ ကြီးပြင်းလာဖို့အတွက် မေမေနို့မှာပါတဲ့ ဗီတာမင် A၊ C၊ B အုပ်စု၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့် စတာတွေ လိုအပ်ပါတယ်။ မေမေက ကလေး လေနာမှာစိုးလို့ဆိုပြီး အသီးအရွက်တွေ မစားရင် ကလေးလေးမှာ ဒီအာဟာရတွေ ချို့တဲ့ နေမှာပါ။ဒါ့ပြင် မေမေ့မှာလည်း ဗီတာမင် B1 ချို့တဲ့တာကြောင့် ခြေထုံ လက်ထုံ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ကလေးမှာပါ B1 ချို့တဲ့ခြင်းက ဘယ်ရီဘယ်ရီရောဂါဖြစ်စေပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မေမေတို့ မီးတွင်းမှာ အရွက်ကြော်တာ၊ ဟင်းရည်ချက်သောက်တာတွေ စားပေးပါ။အမျှင်ဓာတ်တွေ ပါတော့ မေမေတို့အတွက် ဝမ်းမချုပ်စေတဲ့ အကျိုးကျေးဇူးလည်း ရစေမှာပါ။ဒီတော့ မေမေတို့အနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း မျှတလုံလောက်အောင်စားသုံးပေးဖို့ လေးလေးနက်နက် မှာပါရစေ။ ကိုယ် စားတာ မလုံလောက်ဘူးလို့ထင်ရင်၊ နို့ထွက်နည်းနေရင်တော့ မိသားစုဆရာဝန်တွေ၊ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးပါလို့လည်း အကြံပြုတိုက်တွန်းချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/common-nutrition-problems-of-breastfeeding-mom/