id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
11,601
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၀။ သကဝါဒီ။
11,602
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက် ပြီးသည် ဖြစ်၍ ထိုဉာဏ်သည်ပင် (သောတာပတ္တိ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,603
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (သောတာပတ္တိဖိုလ်) သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,604
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီးဖြစ်၍ ထိုဉာဏ်သည်ပင် (သကဒါဂါမိ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,605
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (သကဒါဂါမိ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,606
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (အနာဂါမိ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,607
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ် မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (အနာဂါမိ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,608
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (အရဟတ္တ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,609
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် လွတ်မြောက်ပြီး ဖြစ်၍ ထိုဉာဏ်သည်ပင် (အရဟတ္တ) ဖိုလ်သို့ ရောက်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။
11,610
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ (ဝိမုတ္တိဉာဏ်ဟူသော အမည်သည် ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ ပစ္စဝေက္ခဏာ ဤလေးပါးသော ဉာဏ်တို့၏ အမည်တည်း။
11,611
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုတွင်ဝိပဿနာဉာဏ်သည် နိစ္စ နိစ္စနိမိတ် စသည်တို့မှ လွတ်မြောက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တဒင်္ဂဝိမုတ္တိအဖြစ်ဖြင့် လွတ်မြောက်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဝိမုတ္တိဉာဏ် မည်၏၊ မဂ်သည် သမုစ္ဆေဒဝိမုတ္တိ မည်၏၊ ဖိုလ်သည် ပဋိပဿဒ္ဓိဝိမုတ္တိ မည်၏၊ ပစ္စဝေက္ခဏာဉာဏ်သည်ကား ဝိမုတ္တိကို သိသောကြောင့် ဝိမုတ္တိဉာဏ် မည်၏၊ ဤလေးပါးတို့တွင် ဖိုလ...
11,612
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့် ဤမည်သော ဝိမုတ္တိဉာဏ်သည် ဝိမုတ္တိမည်၏ဟု မဆိုမူ၍ သာမညအားဖြင့်သာလျှင် ဝိမုတ္တိဉာဏ် (ဟူသမျှ) သည် ဝိမုတ္တမည်၏ဟု အယူရှိသော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ရန် ဤဝိမုတ္တိကထာကို အားထုတ်တော်မူသည်။
11,613
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပစ္စဝေက္ခဏာဉာဏ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
11,614
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ မဂ်ဉာဏ်၏ အာသဝ မရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
11,615
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ သောတာပတ္တိဖိုလ်၌ တည်သောသူအား ဉာဏ်သည် မဖြစ်သေးသောကြောင့် ဝိမုတ္တ မမည်သည့်အဖြစ်ကို စောဒနာလို၍ သကဝါဒီက ဤပုစ္ဆာကို မေးသည်။
11,616
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၄၄) ၂-အသေခဉာဏကထာ၁
11,617
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၁။ သကဝါဒီ။
11,618
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ်အား ကျင့်ပြီး ‘အသေခ’ ဉာဏ်သည် ရှိပါသလော။
11,619
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သေခပုဂ္ဂိုလ်သည် အသေခတရားကို သိသလောမြင်သလော၊ မြင်အပ်ပြီး သိအပ်ပြီး မျက်မှောက်ပြုအပ်ပြီး ဖြစ်၍ ပြည့်စုံလျက် နေပါသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေပါသလော၂။
11,620
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သေခပုဂ္ဂိုလ်သည် အသေခတရားကို မသိသည် မမြင်သည် မဟုတ်ပါလော၊ မမြင်အပ် မသိအပ် မျက်မှောက် မပြုအပ် ပြည့်စုံစေ၍ မနေအပ်သေးသည် မဟုတ်ပါလော၊ ကိုယ်ဖြင့် တွေ့ထိ၍ မနေအပ်သေးသည် မဟုတ်ပါလော။
11,621
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ သေခပုဂ္ဂိုလ်သည် အသေခတရားကို မသိ မမြင်ခဲ့ပါမူ မမြင်အပ်၍ မသိအပ် မျက်မှောက်မပြုအပ်၍ ပြည့်စုံစေလျက် မနေအပ်သေးခဲ့ပါမူ ကိုယ်ဖြင့် တွေ့ထိ၍ မနေအပ် သေးခဲ့ပါမူ သေခပုဂ္ဂိုလ်အား အသေခဉာဏ်သည် ရှိ၏ဟု မဆိုသင့်။
11,622
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသေခပုဂ္ဂိုလ်အား အသေခဉာဏ် ရှိသည် ဖြစ်၍ အသေခပုဂ္ဂိုလ်သည် အသေခ တရားကို သိပါသလောမြင်ပါသလော၊ မြင်အပ်ပြီး သိအပ်ပြီး မျက်မှောက်ပြုအပ်ပြီး ဖြစ်၍ ပြည့်စုံ စေလျက် နေပါသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေပါသလော။
11,623
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သေခပုဂ္ဂိုလ်အား အသေခဉာဏ် ရှိသည်ဖြစ်၍ သေခပုဂ္ဂိုလ်သည် အသေခတရားကို သိသလောမြင်သလော၊ မြင်အပ်ပြီး သိအပ်ပြီး မျက်မှောက်ပြုအပ်ပြီးသည် ဖြစ်၍ ပြည့်စုံစေလျက် နေပါသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ နေပါသလော။
11,624
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၂။ သကဝါဒီ။
11,625
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သေခပုဂ္ဂိုလ်အား အသေခဉာဏ် ရှိသည် ဖြစ်ပါလျက် သေခပုဂ္ဂိုလ်သည် အသေခတရားကို မသိပါသလောမမြင်ပါသလော၊ မမြင်အပ် မသိအပ် မျက်မှောက် မပြုရသေးသည် ဖြစ်၍ ပြည့်စုံစေလျက် မနေရသေးပါသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ မနေရသေးပါသလော။
11,626
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသေခပုဂ္ဂိုလ်အား အသေခဉာဏ် ရှိသည် ဖြစ်ပါလျက် အသေခပုဂ္ဂိုလ်သည် အသေခတရားကို မသိပါသလောမမြင်ပါသလော၊ မမြင်အပ် မသိအပ် မျက်မှောက်မပြုအပ်သည် ဖြစ်၍ ပြည့်စုံစေလျက် မနေရသေးပါသလော၊ ကိုယ်ဖြင့် တွေ့ထိ၍ မနေရသေးပါသလော။
11,627
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သေခပုဂ္ဂိုလ်အား အသေခဉာဏ်သည် ရှိပါသလော။
11,628
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဂေါတြဘူပုဂ္ဂိုလ်အား သောတာပတ္တိမဂ်၌ ဉာဏ်သည် ရှိပါသလော၃။
11,629
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား သောတာပတ္တိဖိုလ်၌ သိသော ဉာဏ်သည် ရှိပါသလော။
11,630
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်။
11,631
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်။
11,632
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်အား အရဟတ္တဖိုလ်၌ သိသောဉာဏ်သည် ရှိပါသလော။
11,633
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၃။ ပရဝါဒီ။
11,634
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သေခပုဂ္ဂိုလ်အား အသေခဉာဏ်သည် ရှိ၏ဟု မဆိုသင့်ပါသလော။
11,635
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သေခဖြစ်သော အသျှင်အာနန္ဒာအား ‘မြတ်စွာဘုရားသည် မြင့်မြတ်တော်မူ၏’ဟု သိသည် မဟုတ်ပါလော၊ အသျှင်သာရိပုတြာထေရ်သည်လည်းကောင်း၊ အသျှင်မဟာမောဂ္ဂလာန် ထေရ်သည် လည်းကောင်း ‘မြင့်မြတ်တော်မူ၏’ဟု သိသည် မဟုတ်ပါလော။
11,636
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်သကဝါဒီ သေခဖြစ်သော အသျှင်အာနန္ဒာအား ‘မြတ်စွာဘုရားသည် မြင့်မြတ် တော်မူ၏’ဟု သိခဲ့ပါမူ ‘အသျှင်သာရိပုတြာထေရ်သည်လည်းကောင်း၊ အသျှင်မဟာမောဂ္ဂလာန်ထေရ်သည်လည်းကောင်း ‘မြင့်မြတ်တော်မူ၏’ဟု သိခဲ့ပါမူ ထိုအကြောင်းကြောင့် သေခပုဂ္ဂိုလ်အား အသေခဉာဏ်သည် ရှိ၏ဟု ဆိုသင့်၏၄။
11,637
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသေခဉာဏကထာပြီး၏။
11,638
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ အာနန္ဒာမထေရ် အစရှိကုန်သော သေခပုဂ္ဂိုလ်တို့က ‘မြတ်စွာဘုရားသည် မြင့်မြတ်တော် မူပါပေ၏’ ဤသို့ အစရှိသောနည်းဖြင့် အသေခပုဂ္ဂိုလ်တို့ကို သိကြကုန်၏၊ ထို့ကြောင့် သေခပုဂ္ဂိုလ်အား အသေခဉာဏ်ရှိ၏ဟု အယူရှိကြသူ ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီ ဆရာတို့၏ ဝါဒကို ပယ်ဖျက်ရန် ဤအသေခဉာဏကထာကို ဟောတော်မူသည်။
11,639
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ကိုယ်တိုင်ရအပ်သော တရားကို သိသည်၏ အစွမ်းအားဖြင့် နေသလောဟု ဆိုလို၏။
11,640
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ အောက်အဆင့်၌ တည်သောပုဂ္ဂိုလ်အား အထက်အထက် ဖြစ်သော ဉာဏ်မရှိခြင်းကို ပြလို၍ မေးသည်။
11,641
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ပရဝါဒီဆရာက ထိုဉာဏ်သည် အသေခဖြစ်သော မြတ်စွာဘုရား၌ ဖြစ်သောကြောင့် ‘မြတ်စွာဘုရားသည် မြင့်မြတ်တော်မူ၏’ဟု သိသော ထိုအသေခဉာဏ်မည်၏ဟု အလိုရှိ၏၊ အမှန်စင်စစ်ကား ထိုဉာဏ်သည် အသေခဉာဏ် မဟုတ်၊ ထို့ကြောင့် မိမိဝါဒကို တည်စေသော်လည်း တည်စေသည် မမည်။
11,642
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၄၅) ၃-ဝိပရီတကထာ၁
11,643
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၄။ သကဝါဒီ။
11,644
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ ဉာဏ်သည် ဖြစ်ပါသလော။
11,645
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ဖြစ်ပါ၏၂။
11,646
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနိစ္စ၌ အနိစ္စဟု ဖောက်ပြန်ခြင်းသည် ဖြစ်ပါသလော၃။
11,647
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒုက္ခ၌ သုခဟုလည်းကောင်း။
11,648
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အနတ္တ၌ အတ္တဟုလည်းကောင်း။
11,649
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အသုဘ၌ သုဘဟုလည်းကောင်း ဖောက်ပြန်ခြင်းသည် ဖြစ်ပါသလော။
11,650
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသောဉာဏ်သည် ဖြစ်ပါသလော။
11,651
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(ထိုဉာဏ်သည်) အကုသိုလ်လော။
11,652
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(ထိုဉာဏ်သည်) ကုသိုလ်ဖြစ်သည် မဟုတ်လော။
11,653
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ဟုတ်ပါ၏၅။
11,654
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ (ထိုဉာဏ်သည်) ကုသိုလ်ဖြစ်ခဲ့ပါမူ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသောဉာဏ်သည် ဖြစ်၏ဟု မဆိုသင့်။
11,655
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနိစ္စ၌ နိစ္စဟု ဖောက်ပြန်သည် ဖြစ်၍ ထိုဖောက်ပြန်ခြင်းသည်လည်း အကုသိုလ်လော။
11,656
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ပေါ်လတ်သော် ထိုဉာဏ်သည်လည်း အကုသိုလ်လော။
11,657
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒုက္ခ၌ သုခဟုလည်းကောင်း၊ အနတ္တ၌ အတ္တဟုလည်းကောင်း၊ အသုဘ၌ သုဘဟု လည်းကောင်း ဖောက်ပြန်မှု ဖြစ်ပေါ်လတ်သော် ထိုဖောက်ပြန်မှုသည်လည်း အကုသိုလ်လော။
11,658
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ပေါ်လတ်သော် ထိုဉာဏ်သည်လည်း အကုသိုလ်လော။
11,659
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၅။ သကဝါဒီ။
11,660
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနိစ္စ၌ နိစ္စဟု ဖောက်ပြန်မှု ဖြစ်လတ်သော် ထိုဖောက်ပြန်ခြင်းသည်လည်း ကုသိုလ်လော။
11,661
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အနတ္တ၌ အတ္တဟုလည်းကောင်း၊ အသုဘ၌ သုဘဟုလည်းကောင်း ဖောက်ပြန်မှု ဖြစ်လတ်သော် ထိုဖောက်ပြန်မှုသည်လည်း ကုသိုလ်လော။
11,662
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၆။ သကဝါဒီ။
11,663
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ပါသလော။
11,664
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန္တာသည် ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားရာသလော။
11,665
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ဝင်စားရာပါ၏။
11,666
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ ရဟန္တာသည် ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားခဲ့ပါမူ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်၏ဟု မဆိုသင့်။
11,667
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ခဲ့၍် ရဟန္တာသည် ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားရာသလော။
11,668
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ဝင်စားရာ၏။
11,669
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန္တာအား ဖောက်ပြန်မှုသည် ရှိပါသလော။
11,670
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ရှိပါ၏၇။
11,671
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန္တာအား သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ ရှိပါသလော။
11,672
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန္တာအား သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသသည် မရှိပါသလော။
11,673
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရှင်ပရဝါဒီ ရဟန္တာအား သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ မရှိခဲ့ပါမူ့ရဟန္တာအား ဖောက်ပြန်မှု ရှိ၏ဟူ၍ မဆိုသင့်။
11,674
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၇။ ပရဝါဒီ။
11,675
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်၏ဟူ၍ မဆိုသင့်ပါသလော။
11,676
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ကသိုဏ်းအားလုံးတို့သည်ပင် ပထဝီဖြစ်ပါကုန်သလော။
11,677
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ပါ၏။
11,678
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်ပါသလော။
11,679
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နိမိတ္တပထဝီသည် ရှိသည် ဖြစ်၍ ပထဝီကို ပထဝီအားဖြင့် ဝင်စားသော တစ်စုံ တစ်ယောက်သောပုဂ္ဂိုလ်သည်လည်း ရှိသည်သာ မဟုတ်ပါလော။
11,680
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ နိမိတ္တပထဝီသည် ရှိသည်ဖြစ်၍ ပထဝီကို ပထဝီအားဖြင့် ဝင်စားသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်လည်း ရှိခဲ့ပါမူ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသောဉာဏ်သည် ဖြစ်၏ဟု မဆိုသင့်။
11,681
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နိမိတ္တပထဝီသည် ရှိသည်ဖြစ်၍ ပထဝီကို ပထဝီအားဖြင့် ဝင်စားသူအား ဖောက်ပြန်မှုသည် ဖြစ်ပါလော၈။
11,682
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နိဗ္ဗာန်သည် ရှိသည်ဖြစ်၍ နိဗ္ဗာန်ကို နိဗ္ဗာန်အားဖြင့် ဝင်စားသူအား ဖောက်ပြန်မှုသည် ဖြစ်ပါသလော။
11,683
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုကြောင့်ပင် ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဖောက်ပြန်မှု၌ သိသော ဉာဏ်သည် ဖြစ်၏ဟု မဆိုသင့်။
11,684
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝိပရီတကထာ ပြီး၏။
11,685
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ‘အကြင်ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်း၌ ပထဝီဟု ဖြစ်သော ဈာန်နှင့် ယှဉ်သော သညာရှိသည် ဖြစ်၍ ဈာန်ကို ဝင်စား၏၊ ထိုပုဂ္ဂိုလ်၏ ထိုပထဝီကသိုဏ်း၌ ဖြစ်သော ဉာဏ်သည် ဖောက်ပြန်သောဉာဏ်မည်၏’ဟု အယူရှိကြသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ရန် ဤဝိပရီတကထာကို ဟောတော်မူ၏။
11,686
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ သသမ္ဘာရပထဝီကို မှီ၍ဖြစ်သော ပဋိဘာဂနိမိတ်သည် သသမ္ဘာရပထဝီ မဟုတ်၊ ဤဈာနလာဘီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၌ ပထဝီဟု အမှတ်လည်း ရှိ၏၊ ထို့ကြောင့် ဖောက်ပြန်သောဉာဏ်မည်၏ဟူသော အလိုဖြင့် ပရဝါဒီက ဝန်ခံသည်။
11,687
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ သကဝါဒီဆရာကား လက္ခဏပထဝီသည်လည်းကောင်း၊ သသမ္ဘာရပထဝီသည်လည်းကောင်း၊ နိမိတ္တပထဝီသည်လည်းကောင်း၊ ပထဝီနက်သည်လည်းကောင်း ထိုအလုံးစုံသည် ပထဝီပင် ဖြစ်ခဲ့၏၊ ထိုပထဝီတို့၌ ပထဝီဟူသော အသိဉာဏ်သည် ဖောက်ပြန်သော အသိဉာဏ် မဟုတ်၊ အနိစ္စ၌ နိစ္စဟု ဖောက်ပြန်မှားယွင်းသောအားဖြင့် နှလုံးသွင်းခြင်းသည်သာလျှင် ဖောက်ပြန်သော ဉာဏ်မည်၏ဟု စောဒနာလို၍ ဤပုစ...
11,688
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ဝိပလ္လာသလက္ခဏာ မရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
11,689
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ သေခပုထုဇဉ်ဉာဏ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
11,690
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ ဝိပလ္လာသလက္ခဏာ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
11,691
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ ပထဝီနိမိတ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။
11,692
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ အကြင်ဝတ္ထုသည် အကြင်အခြင်းအရာအားဖြင့် ထင်ရှားရှိ၏၊ ထိုဝတ္ထုကို ထိုအခြင်းအရာ အားဖြင့် ဝင်စားသူ၏ ဉာဏ်သည် ဖောက်ပြန်သောဉာဏ် ဖြစ်ခဲ့ပါမူ နိဗ္ဗာန်သည် ထင်ရှားရှိသည် ဖြစ်၍ ထိုနိဗ္ဗာန်ကို ဝင်စားသောပုဂ္ဂိုလ်သည်လည်း ခပ်သိမ်းသော ဝိပလ္လာသကို အကြွင်းမဲ့ ပယ်နုတ်ကြောင်းဖြစ်သော မဂ်ဉာဏ်သည်လည်း ဖောက်ပြန်သည် ဖြစ်ခဲ့ရာ၏ဟု စောဒနာလို၍ သကဝါ...
11,693
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၄၆) ၄-နိယာမကထာ၁
11,694
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၂၈။ သကဝါဒီ။
11,695
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသော မဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိပါသလော။
11,696
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ခိုင်မြဲသူ (အရိယာ) အား မခိုင်မြဲသော'ပုထုဇဉ်'အဖြစ်သို့ ရောက်ရန် ဉာဏ်သည် ရှိပါသလော။
11,697
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ခိုင်မြဲသူ (အရိယာ) အား မမြဲသော ‘ပုထုဇဉ်’ အဖြစ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။
11,698
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် မရှိပါ ၄။
11,699
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသော မဂ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။
11,700
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိပါသလော။