id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,701 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ခိုင်မြဲသူ (အရိယာ) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိပါသလော။ |
11,702 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ခိုင်မြဲသူ (အရိယာ) အား မခိုင်မြဲသော'ပုထုဇဉ်'အဖြစ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။ |
11,703 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။ |
11,704 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား မခိုင်မြဲသော (ပုထုဇဉ်) အဖြစ်သို့ မရောက်ရန် ဉာဏ်သည် ရှိပါသလော။ |
11,705 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား မခိုင်မြဲသော (ပုထုဇဉ်) အဖြစ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။ |
11,706 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မခိုင်မြဲသူ (ပုထုဇဉ်) အား မခိုင်မြဲသော (ပုထုဇဉ်) အဖြစ်သို့ ရောက်ရန် ဉာဏ်သည် မရှိပါသလော။ |
11,707 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၂၉။ သကဝါဒီ။ |
11,708 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိပါသလော။ |
11,709 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ခိုင်မြဲသောမဂ်သည် ရှိပါသလော။ |
11,710 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် သတိပဌာန်တို့သည်။ |
11,711 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣဒ္ဓိပ္ပါဒ်တို့သည်။ |
11,712 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဇ္ဈင်တို့သည် ရှိပါကုန်သလော။ |
11,713 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ခိုင်မြဲသောမဂ်သည် မရှိပါသလော။ |
11,714 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ခိုင်မြဲသောမဂ် မရှိခဲ့ပါမူ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသော မဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
11,715 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဗောဇ္ဈင်တို့သည် မရှိပါကုန်သလော။ |
11,716 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဗောဇ္ဈင်တို့သည် မရှိခဲ့ပါကုန်မူ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိ၏ဟု မဆိုသင့်။ |
11,717 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၀။ သကဝါဒီ။ |
11,718 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဂေါတြဘူပုဂ္ဂိုလ်အား သောတာပတ္တိမဂ်၌ သိသောဉာဏ်သည် ရှိပါသလော။ |
11,719 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား အရဟတ္တဖိုလ်၌ သိသော ဉာဏ်သည် ရှိပါသလော။ |
11,720 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၁။ ပရဝါဒီ။ |
11,721 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မခိုင်မြဲသူ (ပုထုဇဉ်) အား ခိုင်မြဲသောမဂ်သို့ ရောက်ရန် ဉာဏ်သည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
11,722 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဤပုဂ္ဂိုလ်သည် မဖောက်ပြန်သောအားဖြင့် မိမိအခြားမဲ့၌ အကျိုးပေးမြဲသော မဂ် (သမ္မတ္တနိယာမ) သို့ ဆိုက်ရောက်လတ္တံ့၊ ဤပုဂ္ဂိုလ်သည် တရားကို ထိုးထွင်းသိခြင်းငှါ ထိုက်၏ဟူ၍ မြတ်စွာဘုရား သိတော်မူသည် မဟုတ်ပါလော။ |
11,723 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ “ဤပုဂ္ဂိုလ်သည် မဖောက်ပြန်သောအားဖြင့် မိမိအခြားမဲ့၌ အကျိုးပေး မြဲသော မဂ် (သမ္မတ္တနိယာမ) သို့ ဆိုက်ရောက်လတ္တံ့၊ ဤပုဂ္ဂိုလ်သည် တရားကို ထိုးထွင်းသိခြင်းငှါ ထိုက်၏”ဟု မြတ်စွာဘုရား သိတော်မူခဲ့ပါမူ ထိုအကြောင်းကြောင့် (မဂ်ဖြင့်) မမြဲသူ ပုထုဇဉ်အား နိယာမ (မဂ်) သို့ ရောက်ရန် ဉာဏ်သည် ရှိ၏ဟု ဆိုသင့်၏။ |
11,724 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိယာမကထာ ပြီး၏။ |
11,725 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ အကြင်ပုဂ္ဂိုလ်သည် မဂ်တည်းဟူသော သမ္မတ္တနိယာမသို့ သက်ရောက်လတ္တံ့၊ ထိုပုဂ္ဂိုလ်ကို ဤသူကား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းငှါ ထိုက်၏ဟု မြတ်စွာဘုရား သိတော် မူသောကြောင့် မြဲသောသဘောမရှိသော ပုထုဇဉ်သာလျှင် ဖြစ်လျက် မဂ်တည်းဟူသော နိယာမသို့ သက်ရန် ဉာဏ်သည်ရှိ၏ဟု အယူရှိသူ ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်ခြင်... |
11,726 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ထိုပုဂ္ဂိုလ်၏ ဉာဏ်ကို မြင်တော်မူ၍ ဤသူကား သစ္စာလေးပါးကို သိရန် ထိုက်၏ဟု အကြင် ပုဂ္ဂိုလ်ကို မြတ်စွာဘုရား သိတော်မူ၏၊ ထိုပုဂ္ဂိုလ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။ |
11,727 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ မဂ်ဖြင့် ခိုင်မြဲသူအား နိယာမမဂ်သို့ မရောက်ရန် ဉာဏ်မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
11,728 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ မရှိသောကြောင့်ပင် ပရဝါဒီက ဝန်ခံသည်။ |
11,729 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ မိမိဝါဒနှင့် ဆန့်ကျင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,730 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ပဌမမဂ်ဖြင့် ခိုင်မြဲသူအား တစ်ဖန် ထိုနိယာမမဂ်အကျိုးငှါ ဖြစ်သော ဉာဏ်မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,731 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ မိမိအယူနှင့် ဆန့်ကျင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,732 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၄၇) ၅-ပဋိသမ္ဘိဒါကထာ၁ |
11,733 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၂။ သကဝါဒီ။ |
11,734 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဉာဏ်အားလုံးသည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,735 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညတ်ကို သိသော (သမ္မုတိ) ဉာဏ်သည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,736 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမ္မုတိဉာဏ်သည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,737 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အလုံးစုံသောပုဂ္ဂိုလ်တို့သည် ပညတ်ကို သိကုန်၏၊ ထိုပုဂ္ဂိုလ်အားလုံးတို့သည်ပင် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ပါကုန်သလော။ |
11,738 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဉာဏ်အားလုံးသည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,739 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စေတောပရိယာယဉာဏ်သည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,740 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အလုံးစုံသောပုဂ္ဂိုလ်တို့သည် သူတစ်ပါးစိတ်ကို သိကုန်၏၊ ထိုပုဂ္ဂိုလ်အားလုံးတို့သည်ပင် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ပါကုန်သလော။ |
11,741 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဉာဏ်အားလုံးသည်ပင် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,742 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာအားလုံးသည်ပင် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,743 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပညာအားလုံးသည်ပင် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,744 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ပညာသည် ရှိသည် ဖြစ်၍ ထိုပညာသည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါသလော။ |
11,745 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာပေါကသိုဏ်းလျှင် အာရုံရှိသော။ |
11,746 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ တေဇောကသိုဏ်းလျှင် အာရုံရှိသော။ |
11,747 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဝါယောကသိုဏ်းလျှင် အာရုံရှိသော။ |
11,748 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ နီလကသိုဏ်းလျှင် အာရုံရှိသော။ |
11,749 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပီတကသိုဏ်းလျှင် အာရုံ ရှိသော။ |
11,750 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ လောဟိတကသိုဏ်းလျှင် အာရုံရှိသော။ |
11,751 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဩဒါတကသိုဏ်းလျှင် အာရုံရှိသော။ |
11,752 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာကာ သာနဉ္စာယတနဈာန်။ |
11,753 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဝိညာဏဉ္စာယတနဈာန်။ |
11,754 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာကိဉ္စညာယတနဈာန်။ |
11,755 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ နေဝသညာနာသညာ ယတနဈာန်ကို ဝင်စားသူအား။ |
11,756 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အလှူကို လှူသူအား။ |
11,757 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သင်္ကန်းကို လှူသူအား။ |
11,758 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဆွမ်းကို လှူသူအား။ |
11,759 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကျောင်းကို လှူသူအား။ |
11,760 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတား ဖြစ်သော ဆေးကို လှူသူအား ပညာသည် ရှိသည် ဖြစ်၍ ထိုပညာသည် ပဋိသမ္ဘိဒါ ဉာဏ် ဖြစ်ပါသလော။ |
11,761 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၃။ ပရဝါဒီ။ |
11,762 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဉာဏ်အားလုံးကို ပဋိသမ္ဘိဒါဉာဏ်ဟူ၍ မဆိုသင့်ပါသလော။ |
11,763 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လောကုတ္တရာပညာသည် ရှိသည် ဖြစ်၍ ထိုပညာသည် ပဋိသမ္ဘိဒါဉာဏ် မဟုတ်ပါသလော။ |
11,764 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် ဉာဏ်အားလုံးသည် ပဋိသမ္ဘိဒါဉာဏ် ဖြစ်၏။ |
11,765 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ‘အရိယာပုဂ္ဂိုလ်တို့၏ ဉာဏ်ဟူသမျှ အားလုံးသည် လောကုတ္တရာသာ ဖြစ်၏’ဟု ယူဆ၍ ‘ဉာဏ်အားလုံးသည် ပဋိသမ္ဘိဒါဉာဏ်သာ ဖြစ်၏’ဟု ယူဆသော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ဝါဒကို ပယ်ဖျက်ရန် ဤပဋိသမ္ဘိဒါကထာကို ဟောတော်မူသည်။ |
11,766 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ပထဝီကသိုဏ်းပညတ်၌ဖြစ်သော သမာပတ္တိဉာဏ်ကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,767 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ နိရုတ္တိဉာဏ်ကို ရည်ရွယ်၍ ဝန်ခံသည်။ |
11,768 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ပုထုဇဉ်တို့ကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။ |
11,769 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ ပုထုဇဉ်၏ဉာဏ်ကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,770 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ အရိယာပုဂ္ဂိုလ်၏ဉာဏ်ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
11,771 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ ကသိုဏ်းသမာပတ္တိပညာကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။ |
11,772 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၈။ လောကုတ္တရာပညာကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
11,773 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၄၈) ၆-သမ္မုတိဉာဏ ကထာ၁ |
11,774 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၄။ ပရဝါဒီ။ |
11,775 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပညတ်ကို သိမှု သမ္မုတိဉာဏ်သည် သစ္စာဟူသော အာရုံသာလျှင် ရှိ၏၊ အခြား အာရုံကား မရှိဟူ၍ မဆိုသင့်ပါသလော။ |
11,776 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မဆိုသင့်ပါ၂။ |
11,777 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဉာဏ်သည် ရှိသည် ဖြစ်၍ ပထဝီကသိုဏ်းသည်လည်း သမ္မုတိသစ္စာ၌် ဖြစ်သည် မဟုတ်ပါလော။ |
11,778 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ဝင်စားသူအား ဉာဏ်သည် ရှိသည် ဖြစ်၍ ပထဝီကသိုဏ်းသည်လည်း သမ္မုတိသစ္စာ၌ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပညတ် ကို သိသော ဉာဏ်သည် သစ္စာဟူသော အာရုံသာလျှင် ရှိ၏၊ အခြားအာရုံကား မရှိဟု ဆိုသင့်၏။ |
11,779 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမ္မုတိဉာဏ်သည် သစ္စာဟူသော အာရုံသာလျှင် ရှိ၏၊ အခြားအာရုံကား မရှိဟူ၍ မဆိုသင့်ပါသလော။ |
11,780 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာပေါကသိုဏ်းလျှင် အာရုံရှိသော။ |
11,781 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို လှူသူအား ဉာဏ်သည် ရှိသည် ဖြစ်၍ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးသည်လည်း သမ္မုတိသစ္စာ၌ ဖြစ်သည် မဟုတ်လော။ |
11,782 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ပေးလှူသူအား ဉာဏ်သည် ရှိသည် ဖြစ်၍ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးသည်လည်း သမ္မုတိသစ္စာ၌ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် သမ္မုတိဉာဏ်သည် သစ္စာဟူသော အာရုံသာလျှင် ရှိ၏၊ အခြားအာရုံကား မရှိဟူ၍ ဆိုသင့်၏။ |
11,783 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၅။ သကဝါဒီ။ |
11,784 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သမ္မုတိဉာဏ်သည် သစ္စာဟူသော အာရုံသာလျှင် ရှိပါသလော၊ အခြား အာရုံကား မရှိပါသလော။ |
11,785 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဉာဏ်ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိပါသလော၊ သမုဒယသစ္စာကို ပယ်စွန့်ပါသလော၊ နိရောဓသစ္စာကို မျက်မှောက်ပြုပါသလော၊ မဂ္ဂသစ္စာကို ပွါးစေပါသလော။ |
11,786 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမ္မုတိဉာဏကထာ ပြီး၏။ |
11,787 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ သစ္စာတို့သည် သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာဟူ၍ နှစ်ပါးရှိသည်တို့ကို မဝေဖန်ကုန်မူ၍ သစ္စာဟူသော စကားသာမညဖြင့် သမ္မုတိဉာဏ်သည်လည်း သစ္စာလျှင် အာရုံရှိ၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ဝါဒကို ဖျက်ဆီးရန် ဤသမ္မုတိ ဉာဏကထာကို ဟောတော်မူသည်။ |
11,788 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ပရမတ္ထသစ္စာကို ရည်ရွယ်၍ သကဝါဒီဆရာက ဝန်ခံသည်။ |
11,789 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၄၉) ၇-စိတ္တာရမ္မဏကထာ၁ |
11,790 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၆။ သကဝါဒီ။ |
11,791 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ စေတောပရိယာယဉာဏ်သည် စိတ်အာရုံသာ ရှိသလော၊ အခြားအာရုံ မရှိသလော။ |
11,792 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂနှင့်တကွဖြစ်သော စိတ်ကို ရာဂနှင့်တကွဖြစ်သော စိတ်ဟူ၍ သိသော တစ်စုံ တစ်ယောက်သောပုဂ္ဂိုလ် ရှိသည် မဟုတ်ပါလော။ |
11,793 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရာဂနှင့်တကွဖြစ်သော စိတ်ကို ရာဂနှင့်တကွဖြစ်သော စိတ်ဟူ၍ သိသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ် ရှိခဲ့ပါမူ စေတောပရိယာယဉာဏ်သည် စိတ်အာရုံသာလျှင် ရှိ၏၊ အခြားအာရုံ မရှိဟူ၍ မဆိုသင့်။ |
11,794 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂကင်းသော စိတ်ကို။ |
11,795 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဒေါသနှင့်တကွဖြစ်သော စိတ်ကို။ |
11,796 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသကင်းသော စိတ်ကို။ |
11,797 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟနှင့်တကွဖြစ်သော စိတ်ကို။ |
11,798 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟကင်းသော စိတ်ကို။ |
11,799 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကျဉ်းမြောင်းသော စိတ်ကို။ |
11,800 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပျံ့လွင့်သော စိတ်ကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.