id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,801 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဟဂ္ဂုတ် မဟုတ်သော စိတ်ကို။ |
11,802 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (မိမိထက်) မြင့်မြတ်ခြင်း ရှိသော စိတ်ကို။ |
11,803 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (မိမိထက်) မြင့်မြတ်ခြင်း မရှိသော စိတ်ကို။ |
11,804 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တည်ကြည်သော စိတ်ကို။ |
11,805 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မတည်ကြည် သော စိတ်ကို။ |
11,806 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မလွတ်မြောက်သော စိတ်ကို မလွတ်မြောက်သော စိတ်ဟူ၍ သိသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ရှိသည် မဟုတ်ပါလော။ |
11,807 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မလွတ်မြောက်သော စိတ်ကို မလွတ်မြောက်သော စိတ်ဟူ၍ သိသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ် ရှိခဲ့ပါမူ စေတောပရိယာယဉာဏ်သည် စိတ်အာရုံသာ ရှိ၏၊ အခြား အာရုံကား မရှိဟူ၍ မဆိုသင့်။ |
11,808 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၇။ သကဝါဒီ။ |
11,809 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဖဿဟူသော အာရုံ၌ သိသော ဉာဏ်ကို စေတောပရိယာယဉာဏ်ဟူ၍ ဆိုသင့်ပါသလော။ |
11,810 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဖဿအာရုံ၌ (သိသော) ဉာဏ်ကို စေတောပရိယာယဉာဏ်ဟူ၍ ဆိုသင့်ပါမူ စေတောပရိယာယဉာဏ်သည် စိတ်အာရုံသာ ရှိ၏၊ အခြားအာရုံကား မရှိဟူ၍ မဆိုသင့်။ |
11,811 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,812 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,813 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စေတနာဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,814 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စိတ်ဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,815 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သဒ္ဓါဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,816 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝီရိယဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,817 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သတိဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,818 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမာဓိဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,819 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,820 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,821 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,822 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟဟူသော အာရုံ၌ (သိသော) ဉာဏ်ကို။ |
11,823 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနောတ္တပ္ပဟူသော အာရုံ၌ (သိသော) ဉာဏ်ကို စေတောပရိယာယဉာဏ်ဟူ၍ ဆိုသင့်ပါသလော။ |
11,824 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် ဆိုသင့်ပါ၏။ |
11,825 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အနောတ္တပ္ပဟူသော အာရုံ၌ (သိသော) ဉာဏ်ကို စေတောပရိယာယ့ဉာဏ်ဟူ၍ ဆိုသင့်ပါမူ စေတောပရိယာယဉာဏ်သည် စိတ်အာရုံသာ ရှိ၏၊ အခြားအာရုံကား မရှိဟူ၍ မဆိုသင့်။ |
11,826 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿဟူသော အာရုံ၌ (သိသော) ဉာဏ်ကို စေတောပရိယာယဉာဏ်ဟူ၍ မဆိုသင့်ပါသလော။ |
11,827 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုဉာဏ်သည်) ဖဿပရိယာယဉာဏ် ဖြစ်ပါသလော။ |
11,828 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤသို့ကား မဆိုသင့်ပါ၃။ |
11,829 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အနောတ္တပ္ပဟူသော အာရုံ၌ (သိသော) ဉာဏ်ကို စေတောပရိယာယဉာဏ်ဟူ၍ မဆိုသင့် ပါသလော။ |
11,830 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုဉာဏ်သည်) အနောတ္တပ္ပပရိယာယဉာဏ် ဖြစ်ပါသလော။ |
11,831 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၈။ ပရဝါဒီ။ |
11,832 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “စေတောပရိယာယဉာဏ်သည် စိတ်သာလျှင် အာရုံရှိ၏၊ အခြားအာရုံ မရှိ”ဟူ၍ မဆိုသင့်ပါသလော။ |
11,833 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုဉာဏ်သည်) စေတောပရိယာယဉာဏ်မည်သည် မဟုတ်ပါလော။ |
11,834 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ (ထိုဉာဏ်သည်) စေတောပရိယာယဉာဏ် ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “စေတောပရိယာယဉာဏ်သည် စိတ်သာလျှင် အာရုံရှိ၏၊ အခြားအာရုံ မရှိ”ဟူ၍ ဆိုသင့်၏၄။ |
11,835 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စိတ္တာရမ္မဏကထာ ပြီး၏။ |
11,836 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ စေတောပရိယာယဉာဏ်ဟူသော စကားမျှကိုသာ ယူ၍ ထိုစေတောပရိယာယဉာဏ်သည် စိတ်လျှင် အာရုံရှိ၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ဝါဒကို တားမြစ်ရန် ဤစိတ္တာရမ္မဏကထာကို ဟောတော်မူသည်။ |
11,837 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ဖဿ၏ ဖုသနလက္ခဏာကို နှလုံးသွင်းသူအား ဖဿလျှင် အာရုံရှိသောကြောင့် ပရဝါဒီက ဝန်ခံသည်။ |
11,838 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဖဿပရိယာယဉာဏ်ဟု ပြသောသုတ် မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
11,839 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ သဒ္ဒါမျှကိုသာ နှလုံးသွင်း၍ မိမိအယူကို တည်စေသော်လည်း တည်စေသည် မမည်လေ။ |
11,840 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၀) ၈-အနာဂတဉာဏကထာ၁ |
11,841 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၃၉။ သကဝါဒီ။ |
11,842 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အနာဂတ်တရား၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,843 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်တရားကို တည်ရာ အကြောင်းအားဖြင့် သိပါသလော၊ ဖြစ်တတ်သော အကြောင်းအားဖြင့် သိပါသလော၊ အပ်နှင်းတတ်သော အကြောင်းအားဖြင့် သိပါသလော၊ ကောင်းစွာ ဖြစ်တတ်သော အကြောင်းအားဖြင့် သိပါသလော၊ စ၍ ဖြစ်တတ်သော အကြောင်းအားဖြင့် သိပါသလော၊ ဖြစ်စေတတ်သော အကြောင်းအားဖြင့် သိပါသလော၊ ဆောင်တတ်သော အကြောင်းအားဖြင့် သိပါသလော၊ အာရုံအားဖြင့် သိပါသလော၊ စ... |
11,844 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်တရား၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,845 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်တရား၌ ဟေတုပစ္စည်း၏ အဖြစ်ကို သိပါသလော၊ အာရမ္မဏပစ္စည်း၏ အဖြစ်ကို သိပါသလော၊ အဓိပတိပစ္စည်း၏ အဖြစ်ကို သိပါသလော၊ အနန္တရပစ္စည်း၏ အဖြစ်ကို သိပါသလော၊ သမနန္တရပစ္စည်း၏ အဖြစ်ကို သိပါသလော။ |
11,846 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဂေါတြဘူပုဂ္ဂိုလ်အား သောတာပတ္တိမဂ်၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,847 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား သောတာပတ္တိ ဖိုလ်၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,848 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အနာဂါမိဖိုလ်။ |
11,849 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား အရဟတ္တဖိုလ်၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,850 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၄၀။ ပရဝါဒီ။ |
11,851 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အနာဂတ်တရား၌ (သိသော) ဉာဏ်သည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
11,852 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “အာနန္ဒာ ပါဋလိပုတ်ပြည်အား မီးကြောင့်သော်လည်းကောင်း၊ ရေကြောင့်သော်လည်းကောင်း၊ အချင်းချင်း ကွဲပြားခြင်းကြောင့်သော်လည်းကောင်း အန္တရာယ်သုံးမျိုးတို့သည် ဖြစ်ကုန်လတ္တံ့”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော၄။ |
11,853 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အနာဂတ်တရား၌ (သိသော) ဉာဏ်သည် ရှိ၏။ |
11,854 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတဉာဏကထာ ပြီး၏။ |
11,855 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ အနာဂတ်အာရုံမည်သည် အာရမ္မဏိကတရား၏ အခြားရှိသော အာရုံသည်လည်း ရှိ၏။ |
11,856 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အခြားမရှိသော အာရုံသည်လည်း ရှိ၏။ |
11,857 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုတွင် အာရမ္မဏိကတရား၏ အခြားမရှိသော အာရုံ၌ ဖြစ်သောဉာဏ်သည် ဧကန်စင်စစ် မရှိနိုင်လေ၊ ထို့အတူပင် တစ်ခုသောဝီထိ တစ်ခုသောဇော၌ အကျုံးဝင်သော အာရုံဖြစ်သော ဉာဏ်သည်လည်း မရှိနိုင်လေ၊ ထိုအရာ၌ အနာဂတ်အာရုံအားလုံး၌ပင် ဖြစ်သောဉာဏ်ကို အလိုရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ထိုဝါဒကို ဖယ်ဖျက်ရန် ဤအနာဂတဉာဏကထာကို ဟောတော်မူသည်။ |
11,858 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ တည်ရာအကြောင်းစသော အကြောင်း ၁၀-မျိုးသည် အထူးမရှိ ပရိယာယ်တူ ဖြစ်သည်။ |
11,859 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ အခြားမဲ့၌ ဖြစ်သော စိတ်ကို ထိုတည်ရာစသော အခြင်းအရာတို့ဖြင့် သိခြင်းငှါ မတတ်ကောင်းသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
11,860 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ထိုသုတ်သည် အနာဂတ်အာရုံအားလုံး၌ ဖြစ်သောဉာဏ်ကို မပြီးစေနိုင်သောကြောင့် ထုတ်ဆောင်သော်လည်း ထုတ်ဆောင်သည် မမည်နိုင်ပေ။ |
11,861 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၁) ၉-ပဋုပ္ပန္နကထာ၁ |
11,862 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၄၁။ သကဝါဒီ။ |
11,863 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပစ္စုပ္ပန်တရား၌ (သိသော) ဉာဏ်သည် ရှိပါသလော။ |
11,864 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဉာဏ်ဖြင့် ထိုဉာဏ်ကို သိပါသလော၂။ |
11,865 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဉာဏ်ဖြင့် ထိုဉာဏ်ကို သိပါသလော။ |
11,866 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် သိပါ၏၄။ |
11,867 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဉာဏ်ဖြင့် ထိုဉာဏ်ကို ဉာဏ်ဟူ၍ သိပါသလော။ |
11,868 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဉာဏ်သည် ထိုဉာဏ်၏ အာရုံ ဖြစ်ပါသလော။ |
11,869 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဖဿဖြင့် ထိုဖဿကို တွေ့ထိပါသလော။ |
11,870 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဝေဒနာဖြင့် ထိုဝေဒနာကို ခံစားပါသလော။ |
11,871 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသညာဖြင့် ထိုသညာကို မှတ်သားပါသလော။ |
11,872 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုစေတနာဖြင့် ထိုစေတနာကို စေ့ဆော်ပါသလော။ |
11,873 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုစိတ်ဖြင့် ထိုစိတ်ကို သိပါသလော။ |
11,874 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဝိတက်ဖြင့် ထိုဝိတက်ကို ကြံစည်ပါသလော။ |
11,875 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဝိစာရ ဖြင့် ထိုဝိစာရကို သုံးသပ်ပါသလော။ |
11,876 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပီတိဖြင့် ထိုပီတိကို နှစ်သက်ပါသလော။ |
11,877 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသတိဖြင့် ထိုသတိကို အောက်မေ့ပါသလော။ |
11,878 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပညာဖြင့် ထိုပညာကို သိပါသလော။ |
11,879 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသန်လျက်ဖြင့် ထိုသန်လျက်ကို ဖြတ်ပါသလော။ |
11,880 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပုဆိန်ဖြင့် ထိုပုဆိန်ကို ပေါက်ပါသလော။ |
11,881 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဓားမဖြင့် ထိုဓားမကို ခုတ်ပါသလော။ |
11,882 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပဲခွပ် ဖြင့် ထိုပဲခွပ်ကို ရွေပါသလော။ |
11,883 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအပ်ဖြင့် ထိုအပ်ကို ချုပ်ပါသလော။ |
11,884 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုလက်ချောင်းဖျားဖြင့် ထိုလက် ချောင်းဖျားကို သုံးသပ်ပါသလော။ |
11,885 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုနှာခေါင်းဖျားဖြင့် ထိုနှာခေါင်းဖျားကို သုံးသပ်ပါသလော။ |
11,886 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို ဦးထိပ်ဖြင့် ထိုဦးထိပ်ကို သုံးသပ်ပါသလော။ |
11,887 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုကျင်ကြီးဖြင့် ထိုကျင်ကြီးကို ဆေးကြောပါသလော။ |
11,888 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို ကျင်ငယ်ဖြင့် ထိုကျင်ငယ်ကို ဆေးကြောပါသလော။ |
11,889 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုတံတွေးဖြင့် ထိုတံတွေးကို ဆေးကြောပါသလော။ |
11,890 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပြည်ဖြင့် ထိုပြည်ကို ဆေးကြောပါသလော။ |
11,891 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသွေးဖြင့် ထိုသွေးကို ဆေးကြောပါသလော၅။ |
11,892 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၄၂။ ပရဝါဒီ။ |
11,893 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပစ္စုပ္ပန်တရား၌ (သိသော) ဉာဏ်သည် ရှိသည်ဟု မဆိုသင့်ပါသလော၆။ |
11,894 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သင်္ခါရအားလုံးကို မမြဲသောအားဖြင့် ရှုမြင်အပ်သည် ရှိသော် ထိုဉာဏ်သည်လည်း မမြဲသော အားဖြင့် ရှုမြင်အပ်ပြီးသည် မဟုတ်ပါလော။ |
11,895 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဟုတ်ပါ၏၇။ |
11,896 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ သင်္ခါရအားလုံးတို့ကို မမြဲသောအားဖြင့် ရှုမြင်အပ်သည် ဖြစ်၍ ထိုဉာဏ်သည်လည်း မမြဲသောအားဖြင့် ရှုမြင်အပ်ပြီး ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပစ္စုပ္ပန်တရား၌ (သိသော) ဉာဏ်သည် ရှိ၏ဟု ဆိုသင့်၏။ |
11,897 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋုပ္ပန္နကထာ ပြီး၏။ |
11,898 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ “အလုံးစုံသော တေဘူမကသင်္ခါရတရားတို့ကို အနိစ္စအားဖြင့် မြင်ကုန်သည်ရှိသော် ထိုဉာဏ်သည်လည်း အနိစ္စအားဖြင့် မြင်အပ်သည် မည်၏”ဟူသော စကားကို အမှီပြု၍ သာမညအားဖြင့် ပစ္စုပ္ပန်အာရုံအားလုံး၌ ဖြစ်သောဉာဏ်သည် ရှိ၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏အယူကို တားမြစ်ရန် ဤပဋုပ္ပန္နကထာကို ဟောတော်မူသည်။ |
11,899 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ သာမညအားဖြင့် ပစ္စုပ္ပန်တရား၌ ဉာဏ်သည် ရှိနိုင်ခဲ့ပါမူ ခဏပစ္စုပ္ပန်တရား၌လည်း ထိုဉာဏ်သည် ဖြစ်ခဲ့ရာ၏။ |
11,900 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသို့ဖြစ်ခဲ့သော် ဉာဏ်နှစ်ပါးတို့၏ တစ်ပြိုင်နက် မရှိသောကြောင့် ထိုဉာဏ်ဖြင့်ပင် ထိုဉာဏ်ကို သိနိုင်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို ဟောသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.