id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,001 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏။ |
12,002 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် ထိုအကြောင်းကြောင့် အကျိုးဖြစ်ရာ၌ မှန်ကန်သည်၏ အဖြစ် မချွတ်ယွင်းသည်၏ အဖြစ် တစ်မျိုးတခြား မဟုတ်သည်၏ အဖြစ် ဤအကျိုးတရားတို့၏ အကြောင်းတရား၏ အဖြစ်ကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဆိုအပ်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,003 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် ပဋိစ္စသမုပ္ပါဒ်သည် အသင်္ခတတည်း။ |
12,004 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၁။ သကဝါဒီ။ |
12,005 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟူသော ထိုစကား၌ အကြင်တရားတို့၏ တည်သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,006 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပုန်းအောင်းရာတို့သည် နှစ်ပါးတို့လော။ |
12,007 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူသော ထိုစကား၌ တရားတို့၏ တည်တံ့သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏ဟူသော ထိုစကား၌ တရားတို့၏ တည်တံ့သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,008 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတတို့သည် သုံးပါးတို့လော။ |
12,009 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပုန်းအောင်းရာတို့သည် သုံးပါးတို့လော။ |
12,010 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူသော ထိုစကား၌ တရားတို့၏ တည်သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏ဟူသော ထိုစကား၌ တရားတို့၏ တည်သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော။ |
12,011 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဇာတိဟူသော ကြောင်းကြောင့် ဇရာမရဏသည် ဖြစ်၏ဟူသော ထိုစကား၌ တရားတို့၏ တည်သည်၏ အဖြစ် မြဲသည်၏ အဖြစ်သည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,012 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတတို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
12,013 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပုန်းအောင်းရာတို့သည် တစ်ဆယ့်နှစ်ပါးတို့လော၊ မှီခိုရာတို့သည် တစ်ဆယ့်နှစ်ပါးတို့လော။ |
12,014 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိစ္စသမုပ္ပါဒကထာ ပြီး၏။ |
12,015 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ “ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ ဣဒပစ္စယတာ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ” အစရှိသော စကားကို နိဒါနဝဂ္ဂသံယုတ်၌ ဟောတော်မူသောကြောင့် ပဋိစ္စသမုပ္ပါဒ်သည် အသင်္ခတဟု အယူရှိသူ ပုဗ္ဗသေလိယနှင့် မဟိသာသကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်လို၍ ဤပဋိစ္စသမုပ္ပါဒကထာကို ဟောသည်။ |
12,016 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၂။ သကဝါဒီ။ |
12,017 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သစ္စာလေးပါးတို့သည် အသင်္ခတတို့လော။ |
12,018 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဟုတ်ပါ၏၂။ |
12,019 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပုန်းအောင်းရာတို့သည် လေးပါးတို့လော၊ မှီခိုရာတို့သည် လေးပါးတို့လော၊ ကိုးကွယ်ရာတို့သည် လေးပါးတို့လော၊ လဲလျောင်းရာတို့သည် လေးပါးတို့လော၊ မရွေ့လျောရာတို့သည် လေးပါးတို့လော၊ မသေရာတို့သည် လေးပါးတို့လော၊ နိဗ္ဗာန်တို့သည် လေးပါးတို့လော။ |
12,020 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်တို့သည် လေးပါးတို့လော။ |
12,021 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်လေးပါးတို့၏ မြင့်ကုန် နိမ့်ကုန်သည်၏ အဖြစ်သည်လည်းကောင်း၊ ယုတ်သည် မြတ်သည်၏ အဖြစ်သည်လည်းကောင်း၊ လွန်ကဲခြင်း ယုတ်လျော့ခြင်းသည်လည်းကောင်း၊ အပိုင်းအခြားသည်လည်းကောင်း၊ အကွဲအပြားသည်လည်းကောင်း၊ အရေးအကြောင်းသည်လည်းကောင်း ရှိပါသလော။ |
12,022 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသစ္စာသည် အသင်္ခတလော။ |
12,023 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသည် အသင်္ခတလော။ |
12,024 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာယိကဒုက္ခ စေတသိကဒုက္ခ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် အသင်္ခတတို့လော။ |
12,025 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသစ္စာသည် အသင်္ခတလော။ |
12,026 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသည် အသင်္ခတလော။ |
12,027 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာသည် အသင်္ခတလော။ |
12,028 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဂ္ဂသစ္စာသည် အသင်္ခတလော။ |
12,029 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဂ်သည် အသင်္ခတလော။ |
12,030 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမ္မာဒိဋ္ဌိသည်။ |
12,031 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သမ္မာသမာဓိသည် အသင်္ခတလော။ |
12,032 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသည် သင်္ခတလော။ |
12,033 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသစ္စာသည် သင်္ခတလော။ |
12,034 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာယိကဒုက္ခ စေတသိကဒုက္ခ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် သင်္ခတတို့လော။ |
12,035 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသည် သင်္ခတလော။ |
12,036 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသစ္စာသည် သင်္ခတလော။ |
12,037 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာသည် သင်္ခတလော။ |
12,038 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဂ္ဂသစ္စာသည် သင်္ခတလော။ |
12,039 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သမ္မာဒိဋ္ဌိသည်။ |
12,040 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သမ္မာသမာဓိသည် သင်္ခတလော။ |
12,041 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၃။ သကဝါဒီ။ |
12,042 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နိရောဓသစ္စာသည် အသင်္ခတဖြစ်၍ နိရောဓသည် အသင်္ခတလော။ |
12,043 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသစ္စာသည် အသင်္ခတဖြစ်၍ ဒုက္ခသည် အသင်္ခတလော။ |
12,044 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသစ္စာသည် အသင်္ခတဖြစ်၍ နိရောဓသည် အသင်္ခတလော။ |
12,045 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသစ္စာသည် အသင်္ခတဖြစ်၍ သမုဒယသည် အသင်္ခတလော။ |
12,046 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဂ္ဂသစ္စာသည် အသင်္ခတဖြစ်၍ မဂ်သည် အသင်္ခတလော။ |
12,047 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခသစ္စာသည် အသင်္ခတဖြစ်ပါလျက် ဒုက္ခသည် သင်္ခတလော။ |
12,048 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသစ္စာသည် အသင်္ခတဖြစ်ပါလျက် နိရောဓသည် သင်္ခတလော။ |
12,049 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒယသစ္စာသည် အသင်္ခတဖြစ်ပါလျက် သမုဒယသည် သင်္ခတလော။ |
12,050 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဂ္ဂသစ္စာသည် အသင်္ခတဖြစ်ပါလျက် မဂ်သည် သင်္ခတလော။ |
12,051 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၄။ ပရဝါဒီ။ |
12,052 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သစ္စာလေးပါးတို့သည် အသင်္ခတတို့ဟူ၍ မဆိုသင့်ပါသလော။ |
12,053 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “ရဟန်းတို့ ဤတရားလေးပါးတို့သည် မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ တစ်မျိုး တစ်မည် မဖြစ်ကုန်။ |
12,054 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤတရားသည် ဆင်းရဲတည်း၊ ဤသို့လျှင် ဤဆင်းရဲခြင်းသည် မှန်၏၊ ဤဆင်းရဲသည် မချွတ်ယွင်း၊ ဤဆင်းရဲသည် တစ်မျိုးတစ်မည် မဖြစ်။ |
12,055 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဤတရားကား ဆင်းရဲကြောင်းတည်း။ |
12,056 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဤတရားကား ဆင်းရဲချုပ်ရာတည်း။ |
12,057 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဤတရားကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်း၊ ဤသို့လျှင် ဤဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်သည် မှန်၏၊ ဤဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်သည် မချွတ်ယွင်း၊ ဤဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်သည် တစ်မျိုးတခြား မဖြစ်။ |
12,058 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤတရားလေးပါးတို့သည် မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ တစ်မျိုးတခြား မဖြစ်ကုန်”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,059 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် သစ္စာလေးပါးတို့ကား အသင်္ခတတို့တည်း။ |
12,060 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သစ္စကထာ ပြီး၏။ |
12,061 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ စတ္တာရိမာနိ ဘိက္ခဝေ တထာနိ အဝိတထာနိ ဟူသော သုတ်ကို အမှီပြု၍ သစ္စာလေးပါး တို့သည် မြဲကုန်၏၊ အသင်္ခတ ဖြစ်ကုန်၏ဟု အယူရှိသူ ပုဗ္ဗသေလိယဂိုဏ်းဝင်တို့ကို ရည်ရွယ်လျက် ဤသစ္စကထာကို ဟောတော်မူသည်။ |
12,062 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ဒုက္ခသမုဒယမဂ္ဂတို့၌ ဝတ္ထုသစ္စာသည် သင်္ခတ၊ လက္ခဏသစ္စာသည် အသင်္ခတ၊ နိရောဓ၌ ဝတ္ထုသစ္စာ မရှိ၊ အသင်္ခတသာ ဖြစ်၏ဟူသော အလိုဖြင့် ဝန်ခံသည်။ |
12,063 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ မိမိအယူ၏ အစွမ်းဖြင့် လက္ခဏသစ္စာကို ရည်ရွယ်၍ ဝန်ခံသည်။ |
12,064 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ဝတ္ထုသစ္စာကို ရည်ရွယ်၍ ပရဝါဒီက ပဋိပက္ခေပပြု၍ ဖြေသည်။ |
12,065 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၆) ၄-အာရုပ္ပကထာ၁ |
12,066 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၅။ သကဝါဒီ။ |
12,067 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသာနဉ္စာယတနတရားသည် အသင်္ခတလော။ |
12,068 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (အာကာသာနဉ္စာယတနသည်) နိဗ္ဗာန်လော၊ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ မရွေ့လျောရာ မသေရာ ဖြစ်သလော။ |
12,069 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနတရားသည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,070 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အကြားသည် ရှိပါသလော။ |
12,071 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနတရားသည် အသင်္ခတလော။ |
12,072 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနတရားသည် ဖြစ်ရာ'ဘဝ'လော၊ လားရောက်ရာ'ဂတိ'လော၊ သတ္တဝါတို့ တည်နေရာ ‘သတ္တဝါသ'လော၊ ကျင်လည်ရာ ‘သံသရာ'လော၊ ခန္ဓာအဖို့အစု ‘ယောနိ'လော၊ ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဋ္ဌိတိ'လော၊ အတ္တဘောကို ရခြင်းလော။ |
12,073 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသည် ဖြစ်ရာ ‘ဘဝ'လော၊ လားရောက်ရာ ‘ဂတိ'လော၊ သတ္တဝါတို့ တည် နေရာ ‘သတ္တဝါသ'လော၊ ကျင်လည်ရာ ‘သံသရာ'လော၊ ခန္ဓာအဖို့အစု ‘ယောနိ'လော၊ ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဋ္ဌိတိ'လော၊ အတ္တဘောကို ရခြင်းလော။ |
12,074 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘုံသို့ ရောက်နိုင်သော ကံသည် ရှိပါသလော။ |
12,075 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသို့ ရောက်နိုင်သော ကံသည် ရှိပါသလော။ |
12,076 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိပါကုန်သလော။ |
12,077 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် ရှိပါကုန်၏။ |
12,078 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသို့ ရောက်သော သတ္တဝါတို့သည် ရှိပါကုန်သလော။ |
12,079 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘုံ၌ သတ္တဝါတို့သည် ဖြစ်ကုန်သလော၊ အိုကုန်သလော၊ သေကုန်သလော၊ ရွေ့လျောကုန်သလော၊ ပဋိသန္ဓေ နေကုန်သလော။ |
12,080 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတ၌ သတ္တဝါတို့သည် ဖြစ်ကုန်သလော၊ အိုကုန်သလော၊ သေကုန်သလော၊ ရွေ့လျောကုန်သလော၊ ပဋိသန္ဓေ နေကုန်သလော။ |
12,081 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘုံ၌ ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,082 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတ၌ ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,083 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘုံသည် စတုဝေါကာရဘဝလော။ |
12,084 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသည် စတုဝေါကာရဘဝလော။ |
12,085 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၆။ ပရဝါဒီ။ |
12,086 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရူပဈာန်လေးပါးတို့ကို အသင်္ခတတို့ဟူ၍ မဆိုသင့်ပါသလော။ |
12,087 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “အရူပဈာန်လေးပါးတို့ကို မတုန်လှုပ်သောတရားတို့”ဟူ၍ မြတ်စွာဘုရား ဟောအပ် ကုန်သည် မဟုတ်ပါလော၂။ |
12,088 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အရူပဈာန်လေးပါးတို့ကို မတုန်လှုပ်သော တရားတို့ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါကုန်မူ ထိုအကြောင်းကြောင့် အရူပဈာန်လေးပါးတို့သည် အသင်္ခတတို့တည်းဟူ၍ ဆိုသင့်၏။ |
12,089 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာရုပ္ပကထာ ပြီး၏။ |
12,090 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ စတ္တာရော အာရုပ္ပါ အာနေဉ္စာဟူသော စကားကို အမှီပြု၍ ထိုအရူပတရားအားလုံးတို့သည် အသင်္ခတတို့သာတည်းဟု အယူရှိသူတို့ကို ရည်ရွယ်၍ ဤအာရုပ္ပကထာကို ဟောတော်မူသည်။ |
12,091 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ သာဝကသုတ်ကို အနက်ကို မသိဘဲ ဆောင်အပ်သည်၏ အဖြစ်ကြောင့် ဆောင်သော်လည်း မဆောင်သည်နှင့် တူတော့သည်သာတည်း။ |
12,092 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၇) ၅-နိရောဓသမာပတ္တိကထာ၁ |
12,093 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၇။ သကဝါဒီ။ |
12,094 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နိရောဓသမာပတ်သည် အသင်္ခတလော။ |
12,095 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုနိရောဓသမာပတ်သည် ငြိမ်းအေးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ မရွေ့လျောရာ မသေရာ ဖြစ်သလော။ |
12,096 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်သည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,097 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်သည် အသင်္ခတလော။ |
12,098 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စိတ်စေတသိက်စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကုန် ရကုန် ဥပါဒ်စေကုန် ကောင်းစွာ ဥပါဒ်စေကုန် ပေါ်ပေါက်စေကုန် ကောင်းစွာ ပေါ်ပေါက်စေကုန် ဖြစ်ပေါ်စေကုန် ကောင်းစွာ ဖြစ်ပေါ်စေကုန် ဖြစ်စေကုန် ကောင်းစွာ ဖြစ်စေကုန်သော အချို့သူတို့သည် ရှိပါကုန်သလော။ |
12,099 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသို့ ရောက်ကုန် ရကုန် ဥပါဒ်စေကုန် ကောင်းစွာ ဥပါဒ်စေကုန် ပေါ်ပေါက်စေကုန် ကောင်းစွာ ပေါ်ပေါက်စေကုန် ဖြစ်ပေါ်စေကုန် ကောင်းစွာ ဖြစ်ပေါ်စေကုန် ဖြစ်စေကုန် ကောင်းစွာ ဖြစ်စေကုန်သော အချို့သူတို့သည် ရှိပါကုန်သလော။ |
12,100 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၈။ သကဝါဒီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.