id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,101 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ချုပ်ငြိမ်းခြင်း (နိရောဓ)ကြောင့် ဖြူစင်ခြင်း (နိရောဓမှ) ထခြင်းသည် ထင်ရှားပါသလော။ |
12,102 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတကြောင့် ဖြူစင်ခြင်း (အသင်္ခတမှ) ထခြင်းသည် ထင်ရှားပါသလော။ |
12,103 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်ဝင်စားသူအား ဝစီသင်္ခါရသည် ရှေးဦးစွာ ချုပ်သလော၊ ထို့နောက် ကာယသင်္ခါရ ထို့နောက် စိတ္တသင်္ခါရသည် ချုပ်ပါသလော၃။ |
12,104 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အသင်္ခတသို့ ရောက်သူအား ဝစီသင်္ခါရသည် ရှေးဦးစွာ ချုပ်သလော၊ ထို့နောက် ကာယသင်္ခါရ ထို့နောက် စိတ္တသင်္ခါရသည် ချုပ်ပါသလော။ |
12,105 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်မှ ထသူအား စိတ္တသင်္ခါရသည် ရှေးဦးစွာ ဖြစ်သလော၊ ထို့နောက် ကာယသင်္ခါရ ထို့နောက် စိတ္တသင်္ခါရသည် ဖြစ်ပါသလော။ |
12,106 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတမှ ထသူအား စိတ္တသင်္ခါရသည် ရှေးဦးစွာ ဖြစ်သလော၊ ထို့နောက် ကာယသင်္ခါရ ထို့နောက် ဝစီသင်္ခါရသည် ဖြစ်သလော။ |
12,107 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်မှ ထသူကို သုညတဖဿလည်းကောင်း၊ အနိမိတ္တဖဿလည်းကောင်း၊ အပ္ပဏိဟိတဖဿလည်းကောင်း ဤသို့ ဖဿသုံးမျိုးတို့သည် တွေ့ထိကုန်သလော။ |
12,108 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် တွေ့ထိကုန်၏။ |
12,109 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတမှ ထသူကို သုညတဖဿလည်းကောင်း၊ အနိမိတ္တဖဿလည်းကောင်း၊ အပ္ပဏိဟိတဖဿလည်းကောင်း ဤသို့ ဖဿသုံးမျိုးတို့သည် တွေ့ထိကုန်သလော။ |
12,110 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ်မှ ထပြီးသူ၏ စိတ်သည် ဆိတ်ငြိမ်မှုသို့ ညွတ်သည် ဆိတ်ငြိမ်မှုသို့ ကိုင်းသည် ဆိတ်ငြိမ်မှုသို့ ရှိုင်းသည် ဖြစ်ပါသလော။ |
12,111 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတမှ ထပြီးသူ၏ စိတ်သည် ဆိတ်ငြိမ်မှုသို့ ညွတ်သည် ဆိတ်ငြိမ်မှုသို့ ကိုင်းသည် ဆိတ်ငြိမ်မှုသို့ ရှိုင်းသည် ဖြစ်ပါသလော။ |
12,112 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၅၉။ ပရဝါဒီ။ |
12,113 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နိရောဓသမာပတ်သည် အသင်္ခတတည်းဟု မဆိုသင့်ပါသလော။ |
12,114 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခတတည်းဟု မဆိုသင့်ပါသလော။ |
12,115 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်နိရောဓသမာပတ်သည် အသင်္ခတတည်း၄။ |
12,116 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ္တိကထာ ပြီး၏။ |
12,117 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ခန္ဓာလေးပါးတို့၏ မဖြစ်ခြင်းသည်ပင် နိရောဓသမာပတ်မည်၏၊ သင်္ခတ အသင်္ခတ လက္ခဏာတို့ မရှိသောကြောင့် သင်္ခတဟူ၍လည်းကောင်း၊ အသင်္ခတဟူ၍လည်းကောင်း မဆိုအပ်။ |
12,118 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခတ မဟုတ်သောကြောင့် အသင်္ခတဟု အယူရှိသူ အန္ဓကနှင့် ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤနိရောဓသမာပတ္တိကထာကို ဟောတော်မူသည်။ |
12,119 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ အသင်္ခတတရားကြောင့် ဖြူစင်ခြင်း ထခြင်း မရှိနိုင်ရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,120 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဝိတက် ဝိစာရတို့သည် ဝစီသင်္ခါရမည်၏၊ ထွက်သက်ဝင်သက်သည် ကာယသင်္ခါရမည်၏၊ သညာ ဝေဒနာတို့သည် စိတ္တသင်္ခါရမည်၏။ |
12,121 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ပရဝါဒီဆရာသည် သင်္ခတ မဟုတ်သောကြောင့် အသင်္ခတဟု အယူရှိ၏၊ ဤအယူသည် အသင်္ခတဖြစ်၍ အကြောင်းယုတ္တိ မရှိပေ၊ ထို့ကြောင့် ထိုစကားကို ဆိုသော်လည်း မဆိုသည်နှင့် တူ၏။ |
12,122 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၈) ၆-အာကာသကထာ၁ |
12,123 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၀။ သကဝါဒီ။ |
12,124 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသသည် အသင်္ခတလော။ |
12,125 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအာကာသသည် ငြိမ်းအေးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ရွေ့လျောရာ မသေရာ ဖြစ်ပါသလော။ |
12,126 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသသည် အသင်္ခတလော၊ နိဗ္ဗာန်သည် အသင်္ခတလော။ |
12,127 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသသည် အသင်္ခတလော။ |
12,128 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသမဟုတ်သည်ကို အာကာသဟု ပြုလုပ်သော အချို့သူတို့ ရှိပါကုန်သလော။ |
12,129 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခတကို အသင်္ခတဟု ပြုလုပ်သော အချို့သူတို့သည် ရှိပါကုန်သလော။ |
12,130 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသကို အာကာသမဟုတ်ဟု ပြုလုပ်သော အချို့သူတို့ ရှိပါကုန်သလော။ |
12,131 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတကို သင်္ခတဟု ပြုလုပ်သော အချို့သူတို့ ရှိပါကုန်သလော။ |
12,132 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသ၌ ငှက်တို့သည် ပျံသွားကုန်သလော၊ လ နေတို့သည် သွားကုန်သလော၊ ကြယ်အပေါင်းတို့သည် သွားကုန်သလော၊ တန်ခိုးကို ဖန်ဆင်းကုန်သလော၊ လက်ရုံးကို လှုပ်ရှားစေကုန်သလော၊ လက်ကို လှုပ်ရှားစေကုန်သလော၊ ခဲကို ပစ်လွှင့်ကုန်သလော၊ ဆောက်ပုတ်ကို ပစ်လွှင့်ကုန်သလော၊ တန်ခိုးကို (လှံကို) ပစ်လွှင့်ကုန်သလော၊ မြားကို ပစ်လွှင့်ကုန်သလော။ |
12,133 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အသင်္ခတ၌ ငှက်တို့သည် ပျံသွားကုန်သလော၊ လ နေတို့သည် သွားကုန်သလော၊ ကြယ်အပေါင်းတို့သည် သွားကုန်သလော၊ တန်ခိုးကို ဖန်ဆင်းကုန်သလော၊ လက်ရုံးကို လှုပ်ရှားစေကုန်သလော၊ လက်ကို လှုပ်ရှားစေကုန်သလော၊ ခဲကို ပစ်လွှင့်ကုန်သလော၊ ဆောက်ပုတ်ကို ပစ်လွှင့်ကုန်သလော၊ တန်ခိုးကို (လှံကို) ပစ်လွှင့်ကုန်သလော၊ မြားကို ပစ်လွှင့်ကုန်သလော။ |
12,134 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၁။ သကဝါဒီ။ |
12,135 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသကို ဝန်းရံစေ၍ အိမ်တို့ကို ဆောက်လုပ်ကုန်သလော၊ ကျီကြတို့ကို ဆောက်လုပ်ကုန်သလော။ |
12,136 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဆောက်လုပ်ပါကုန်၏။ |
12,137 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတကို ဝန်းရံစေ၍ အိမ်တို့ကို ဆောက်လုပ်ကုန်သလော၊ ကျီကြတို့ကို ဆောက်လုပ်ကုန်သလော။ |
12,138 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရေတွင်းကို တူးအပ်သည်ရှိသော် အာကာသမဟုတ်သော အရာသည် အာကာသ ဖြစ်သလော။ |
12,139 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခတမဟုတ်သော အရာသည် အသင်္ခတ ဖြစ်ပါသလော။ |
12,140 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤ သို့ကား မဆိုသင့်ပါ။ |
12,141 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရေမရှိသော ရေတွင်းကို ရေဖြင့် ပြည့်စေအပ်သည်ရှိသော် စပါးမရှိသော ကျီကြကို (စပါးဖြင့်) ပြည့်စေအပ်သည်ရှိသော် အချည်းနှီးသော အိုးကို ရေဖြင့် ပြည့်စေအပ်သည်ရှိသော် အာကာသသည် ကွယ်ပျောက်ပါသလော။ |
12,142 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ကွယ်ပျောက်ပါ၏။ |
12,143 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသင်္ခတသည် ကွယ်ပျောက်ပါသလော။ |
12,144 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၂။ ပရဝါဒီ။ |
12,145 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသသည် အသင်္ခတဟူ၍ မဆိုသင့်ပါသလော။ |
12,146 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသသည် သင်္ခတလော။ |
12,147 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အာကာသသည် အသင်္ခတတည်း။ |
12,148 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသကထာ ပြီး၏။ |
12,149 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ အာကာသသည် ပရိစ္ဆေဒါကာသ၊ ကသိဏုဂ္ဃါဋိမာကာသ၊ အဇဋာကာသဟု သုံးပါးရှိ၏။ |
12,150 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုတွင် ပရိစ္ဆေဒါကာသသည် သင်္ခတ ဖြစ်၏၊ ကျန်နှစ်ပါးတို့သည် ပညတ်မျှသာ ဖြစ်ကုန်၏၊ ထိုပညတ်မျှဖြစ်သော အာကာသနှစ်ပါးတို့သည် သင်္ခတ မဟုတ်သောကြောင့် အသင်္ခတဟု အယူရှိသူ ဥတ္တရာပထကနှင့် မဟိသာသကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤအာကာသကထာကို ဟောတော်မူသည်။ |
12,151 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၅၉) ၇-အာကာသော သနိဒဿနောတိကထာ၁ |
12,152 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၃။ သကဝါဒီ။ |
12,153 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသသည် မြင်အပ်သော သဘောရှိပါသလော။ |
12,154 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသသည် ရူပါရုံလော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ အညိုလော၊ အရွှေလော၊ အနီလော၊ အဖြူလော၊ မျက်စိဖြင့် မြင်ထိုက်ပါသလော၊ မျက်စိ၌ ထိခိုက်ပါသလော၊ မျက်စိအား ထင်ခြင်းသို့ ရောက်ပါသလော၂။ |
12,155 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသသည် မြင်အပ်သော သဘောရှိပါသလော။ |
12,156 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုကိုလည်းကောင်း၊ အာကာသကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
12,157 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဖြစ်ပါ၏၄။ |
12,158 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ အာကာသကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါ၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
12,159 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,160 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စက္ခုကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏ဟူသော သုတ္တန် (ပါဠိ) သည် ရှိခဲ့ပါမူ စက္ခုကိုလည်းကောင်း၊ အာကာသကိုလည်းကောင်း စွဲ၍ စက္ခု ဝိညာဏ်သည် ဖြစ်၏ဟူ၍ မဆိုသင့်။ |
12,161 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၄။ ပရဝါဒီ။ |
12,162 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသသည် မြင်အပ်သော သဘောရှိ၏ဟူ၍ မဆိုသင့်ပါသလော။ |
12,163 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သစ်ပင်နှစ်ပင်တို့၏ အကြားကိုလည်းကောင်း၊ တိုင်နှစ်လုံးတို့၏ အကြားကိုလည်းကောင်း၊ သံကောက် (သော့) ပေါက်ကိုလည်းကောင်း၊ လေသာပြူတင်းပေါက်ကိုလည်းကောင်း မြင်ရသည် မဟုတ်ပါလော။ |
12,164 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မြင်ရပါ၏။ |
12,165 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရှင်သကဝါဒီ သစ်ပင်နှစ်ပင်တို့၏ အကြားကိုလည်းကောင်း၊ တိုင်နှစ်လုံးတို့၏ အကြားကိုလည်းကောင်း၊ သံကောက် (သော့) ပေါက်ကိုလည်းကောင်း၊ လေသာပြူတင်းပေါက်ကိုလည်းကောင်း မြင်ရပါမူ ထိုအကြောင်းကြောင့် အာကာသသည် မြင်အပ်သော သဘောရှိ၏ဟူ၍ ဆိုသင့်၏၅။ |
12,166 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသော သနိဒဿနောတိကထာ ပြီး၏။ |
12,167 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ သံကောက်ပေါက် (သော့ပေါက်) အစရှိသည်တို့၌ ဉာဏ် (အမြင်) ဖြစ်ခြင်းကို အမှီပြု၍ အဇဋာကာသအားလုံးသည် မြင်အပ်သောသဘောရှိသော သနိဒဿနမည်၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောသည်။ |
12,168 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ အာကာသသည် သနိဒဿနသဘောရှိမူ ဤသို့ အပြားရှိရာ၏ဟု စောဒနာလို၍ ဤအမေးကို မေးသည်။ |
12,169 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဤသို့သဘောရှိသော သုတ်မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,170 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ တိုင်နှစ်လုံးတို့၏ အကြားဖြစ်သော အာကာသကို စက္ခုဝိညာဏ်ဖြင့် သိနိုင်ခြင်းကို အမှီပြု၍ ဝန်ခံသည်။ |
12,171 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ ဤနေရာ၌ သစ်ပင် စသည်တို့၏ အဆင်းကို မြင်၍ အကြား၌ ရုပ်မရှိသည်ကို အာကာသတည်းဟု မနောဒွါရဝိညာဏ် ဖြစ်ခြင်းမျှသာ၊ စက္ခုဝိညာဏ် မဟုတ်၊ (ထို့ကြောင့် ပရဝါဒီ၏စကား မတည်)။ |
12,172 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၀) ၈-ပထဝီဓာတု သနိဒဿနာတိအာဒီကထာ၁ |
12,173 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၅။ သကဝါဒီ။ |
12,174 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပထဝီဓာတ်သည် မြင်အပ်သော သဘောရှိပါသလော။ |
12,175 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပထဝီဓာတ်သည် ရူပါရုံလော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ အညိုလော၊ အရွှေလော၊ အနီလော၊ အဖြူလော၊ စက္ခုဖြင့် မြင်အပ်ပါသလော၊ စက္ခု၌ ထိခိုက်ပါသလော၊ စက္ခုအား ထင်ခြင်းသို့ ရောက်ပါသလော။ |
12,176 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပထဝီဓာတ်သည် မြင်အပ်သော သဘောရှိပါသလော။ |
12,177 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုကိုလည်းကောင်း၊ ပထဝီဓာတ်ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
12,178 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ ပထဝီဓာတ်ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
12,179 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ “စက္ခုကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိခဲ့ပါမူ စက္ခုကိုလည်းကောင်း၊ ပထဝီကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူ၍ မဆိုသင့်။ |
12,180 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၆။ ပရဝါဒီ။ |
12,181 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပထဝီဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ မဆိုသင့်ပါလော။ |
12,182 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြေကို ကျောက်ကို တောင်ကို မြင်ရသည် မဟုတ်ပါလော။ |
12,183 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ မြေကို ကျောက်ကို တောင်ကို မြင်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပထဝီဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ ဆိုသင့်ပါ၏။ |
12,184 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာပေါဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟု မဆိုသင့်ပါလော။ |
12,185 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရေကို မြင်ရသည် မဟုတ်ပါလော။ |
12,186 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရေကို မြင်ခဲ့ပါမူ ထိုအကြောင်းကြောင့် အာပေါဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ ဆိုသင့်၏။ |
12,187 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တေဇောဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ မဆိုသင့်ပါသလော။ |
12,188 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တောက်လောင်နေသော မီးကို မြင်ရသည် မဟုတ်ပါလော။ |
12,189 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တောက်လောင်နေသော မီးကို မြင်ရပါမူ ထိုအကြောင်းကြောင့် တေဇောဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ ဆိုသင့်၏။ |
12,190 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝါယောဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟု မဆိုသင့်ပါသလော။ |
12,191 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လေသည် လှုပ်ရှားစေအပ်သော သစ်ပင်တို့ကို မြင်ရသည် မဟုတ်ပါလော။ |
12,192 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ လေသည် လှုပ်ရှားစေအပ်သော သစ်ပင်တို့ကို မြင်ရခဲ့ပါမူ ထိုအကြောင်းကြောင့် ဝါယောဓာတ်သည် မြင်အပ်သော သဘောရှိ၏ဟူ၍ ဆိုသင့်၏။ |
12,193 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပထဝီဓာတု သနိဒဿနာတိအာဒိကထာ ပြီး၏။ |
12,194 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ကျောက် ရေ မီးလျှံ သစ်ပင်လှုပ်ခြင်း စသည်တို့နှင့် စက္ခုစသော ဣန္ဒြေငါးပါးတို့၏ တည်ရာ စသည်တို့၏ အဆင်းဟူသော ဝဏ္ဏာယတနကိုလည်းကောင်း၊ ကာယဝိညတ်ဖြစ်သောအခါ၌ လက်ခြေ စသည်တို့၏ အဆင်းကိုလည်းကောင်း မြင်ရ၍ ပထဝီဓာတ် စသည်တို့သည် သနိဒဿနတို့တည်းဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
12,195 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၁) ၉-စက္ခုန္ဒြိယံ သနိဒဿနန္တိအာဒိကထာ |
12,196 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၇။ သကဝါဒီ။ |
12,197 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ စက္ခုန္ဒြေသည် မြင်အပ်သော သဘောရှိပါသလော။ |
12,198 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုန္ဒြေသည် ရူပါရုံလော၊ ရူပါယတနလော၊ ရူပဓာတ်လော။ |
12,199 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စက္ခုအား ထင်ခြင်းသို့ ရောက်ပါသလော။ |
12,200 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုန္ဒြေသည် မြင်အပ်သော သဘောရှိပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.