id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,501 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ယတ္ထ သာမာ-ယာ နာမ သာမာ၊ အကြင်သာမာ အမည်ရှိသော မိန်းမသည်။ |
1,502 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကာလကတာ၊ သေ၏။ |
1,503 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဣဒံ ဝစနံ၊ ဤစကားသည်။ |
1,504 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကား ဖြစ်သတတ်။ |
1,505 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ယံ ဝါတော၊ အကြင်လေသည်။ |
1,506 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပဗ္ဗတံ၊ တောင်ကို။ |
1,507 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဝဟေ၊ ဆောင်ရာ၏။ |
1,508 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သော ဝါတော၊ ထိုလေသည်။ |
1,509 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပဗ္ဗတဉ္စဝ၊ တောင်ကို၎င်း။ |
1,510 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သဗ္ဗမ္ပိ ပထဝိံ၊ အလုံးစုံသောမြေကို၎င်း။ |
1,511 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | စေ ဝဟေ၊ အကယ်၍ ဆောင်ရာ၏။ |
1,512 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဧတံ ဝစနံ ယထာ၊ ဤစကားကဲ့သို့။ |
1,513 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | န သဒ္ဓေယျံ ကိရ၊ မယုံကြည်အပ်သော စကားဖြစ်သတတ်။ |
1,514 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီး၏ စကားကိုကြား၍ ကချေသည်သည်- |
1,515 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၁။ န စေဝသာ ကာလကတာ၊ န စသာ အညမိစ္ဆတိ။ |
1,516 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဧကဘတ္တိကိနီ သာမာ၊ တမေဝ အဘိကင်္ခတိ။ |
1,517 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၁။ သာ၊ ထိုသာမာသည်။ |
1,518 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | န စေဝ ကာလကတာ၊ မသေသာလျှင်ကတည်း။ |
1,519 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အညံ၊ တပါးသော လင်ကို။ |
1,520 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | န စ ဣစ္ဆတိ၊ အလိုမရှိ။ |
1,521 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာ၊ သာမာသည်။ |
1,522 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဧကဘတ္တိကိနီ၊ တယောက်သောလင်ကို ဝယ်၏။ |
1,523 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | တမေဝ၊ ထိုဝယ်သောလင်ကိုသာလျှင်။ |
1,524 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အဘိကင်္ခတိ၊ အလိုရှိ၏။ |
1,525 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်း ဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ သာမာဖြင့် ငါအလိုမရှိဟု ဆို၍- |
1,526 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၂။ အသန္ထုတံ မံ စိရသန္ထုတေန၊နိမီနိ သာမာ အဓုဝံ ဓုဝေန။ |
1,527 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မယာပိ သာမာ နိမိနေယျ အညံ၊ဣတော အဟံ ဒူရတရံ ဂမိဿံ။ |
1,528 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဟူသော လေးခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။ |
1,529 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၂။ သာမာ၊ သာမာသည်။ |
1,530 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အသန္ထုတံ၊ မပေါင်းဘူးသော။ |
1,531 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | စိရသန္ထုတေန၊ ကြာမြင့်စွာ ပေါင်းဖော်သော သူဌေးသားဖြင့်။ |
1,532 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | နိမီနိ၊ လဲလှယ်၍ ယူ၏။ |
1,533 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အဓုဝံ၊ မမြဲသော ငါ့ကို။ |
1,534 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဓုဝေန၊ မြဲသောလင်ဖြင့်။ |
1,535 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မယာပိ၊ ငါဖြင့်လည်း။ |
1,536 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | နိမိနေယျ၊ လဲလှယ်၍ ယူရာ၏။ |
1,537 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဣတော၊ ဤအရပ်မှ။ |
1,538 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဒူရတရံ၊ အလွန်ဝေးသော အရပ်သို့။ |
1,539 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဂမိဿံ၊ သွားအံ့။ |
1,540 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ငါ၏ တပါးသို့ သွားသောအဖြစ်ကို သာမာအား ပြောဆိုကြကုန်ဟု ဆို၍ ထိုကချေသည်တို့၏ မြင်စဉ်လျှင် အလွန်မြဲစွာ ပုဆိုးကိုဝတ်၍ မြန်စွာသော အဟုန်ဖြင့် ပြေး၏။ |
1,541 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကချေသည်တို့သည် သွား၍ ခိုးသူကြီးပြုသော အမူအရာကို ပြောဆိုကုန်၏။ |
1,542 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာသည် နှလုံးမသာ၍ မိမိသဘောဖြင့်လျှင် ကာလကိုလွန်စေ၏။ |
1,543 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,544 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ သူဌေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ဤရဟန်း၏ မယားဟောင်းသည် ထိုအခါ သာမာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုးသူကြီး ဖြစ်ဘူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,545 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကာမလိုက်စား၊ ကျင့်ဖောက်ပြား၊ မှောက်မှားဒုက္ခတွေ့ |
1,546 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏဝေရဇာတ်သည် ပြီး၏။ |
1,547 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍရီဇာတ် | စတုက္ကနိပါတ် - စူဠကုဏာလဝဂ် |
1,548 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍရီဇာတ် | ၁။ ကဏ္ဍရီဇာတ် |
1,549 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍရီဇာတ် | နရာန မာရာမကရာသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍရီဇာတ်၏ အကျယ်စကားသည် အသီတိနိပါတ် ကုဏာလဇာတ်၌ ထင်ရှားဖြစ်လတ္တံ့။ |
1,550 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍရီဇာတ် | ရှေးဦးစွာသော ကဏ္ဍရီဇာတ်သည် ပြီး၏။ |
1,551 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဧကကနိပါတ်-သီလဝဂ် |
1,552 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ၃။ ကဏ္ဍိဇာတ် |
1,553 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ကာမဂုဏ်၌ တပ်မက်မော၍ အသက်ပျက်စီးသော သမင်၏အကြောင်း |
1,554 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓိရတ္ထု ကဏ္ဍိနံ သလ္လံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,555 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုမယားဟောင်း၏ ဖျားယောင်းခြင်းသည်ကား အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကိုမှီ၍ အသက်ကုန်ခြင်းသို့ရောက်လေ၍ မီးကျီးစု၌ ကျက်ဘူးလေပြီဟု ထိုရဟန်းကို မိန့်တော်မူ၏။ |
1,556 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ |
1,557 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါး ဖုံးလွှမ်းသောအကြောင်းကို ထင်စွာတော်မူ၏။ |
1,558 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | * အမှာ * ဤဇာတ်မှ နောက်၌ကား ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း၊ ဘဝတပါး ဖုံးလွှမ်းသည်၏ အဖြစ်ကို၎င်း မဆိုမူ၍ အတီတံ အာဟရိ မျှကိုသာလျှင် ဆိုပေကုန်အံ့၊ ဤမျှကိုသာလျှင် ဆိုငြားသော်လည်း ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း တိမ်တိုက်တွင်းမှ လမင်းကို ထုတ်ဆောင်သော ဥပမာကို၎င်း ဘဝတပါး ဖုံးလွှမ်းသောအကြောင်း၏ အဖြစ်ကို၎င်း ဤအလုံးစုံကို ရှေး ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ယှဉ်၍သိအပ်၏။ |
1,559 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ |
1,560 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | မဂဓပြည်သူတို့၏ ကောက်မှည့်သောအခါ သမင်တို့အား ကြီးစွာသောဘေးသည် ဖြစ်၏။ |
1,561 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုသမင်တို့သည် တောင်ခြေရင်း၌ နေကုန်၏။ |
1,562 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုသမင်တို့တွင် တောင်ခြေရင်း၌နေသော တခုသောသမင်သည် ရပ်စွန်ရွာနား၌နေသော သမင်မငယ်တခုနှင့် မိတ်ဖွဲ့ခြင်းကိုပြု၍ ထိုသမင်တို့၏ တောင်ခြေရင်းမှသက်လတ်၍ တဖန် ရွာ၏အနီးသို့ သက်သောကာလ၌ သမင်မငယ်၌ တပ်စွန်းခြင်းစိတ်ရှိသည်၏အဖြစ်ကြောင့် တောတောင်သို့ မပြန်မူ၍ ထိုရွာနီးနေ သမင်တို့နှင့်အတူတကွသာလျှင် ရွာ၏အနီးသို့လိုက်၏။ |
1,563 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုအခါ သမင်မငယ်သည် အရှင်သင်ကား တောတောင်နေ သမင်ဖြစ်၏။ |
1,564 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ရွာအနီးအရပ်မည်သည်လည်း ရွံရှာဘွယ်ရှိ၏။ |
1,565 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဘေးဘျမ်းရှိ၏။ |
1,566 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ငါတို့နှင့်အတူ ရွာနီးအရပ်သို့ မလိုက်လင့်ဟု ဆို၏။ |
1,567 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုသမင်သည် အဆွေခင်ပွန်း သမင်မ၌ ကြိုက်နှစ်သက်သော စိတ်ရှိသည်၏အဖြစ်ကြောင့် မပြန်မူ၍ အတူတကွသာလျှင် လိုက်၏။ |
1,568 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | မဂဓတိုင်းသားတို့သည် ယခုအခါ သမင်တို့၏ တောင်မှဆင်းလာသောအခါတည်းဟု သိကုန်၍ ခရီးအနီးအပါး ဖုံးလွှမ်းအပ်သော အုံတို့၌နေကုန်၍ ထိုသမင်နှစ်ခုတို့၏ လာသောလမ်း၌ တယောက်သော မုဆိုးသည် ဖုံးလွှမ်းအပ်သောအုံ၌ နေ၏။ |
1,569 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သမင်မငယ်သည် လူနံ့နံ၍ တယောက်သောမုဆိုး စောင့်သည်ဖြစ်လတ္တံ့ ဟု ထိုသမင်မိုက်ကို ရှေ့ကသွားစေ၍ မိမိကား နောက်ကလိုက်၏။ |
1,570 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | မုဆိုးသည် မြားတချက်ပစ်သဖြင့်လျှင် သမင်ကို ထိုအရပ်၌ လည်းစေ၏။ |
1,571 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သမင်မငယ်သည် သမင်မိုက်အား မြားမှန်သည်၏အဖြစ်ကိုသိ၍ ခုန်လွှားလျက် လေကဲ့သို့မြန်သော အဟုန်ဖြင့် ပြေးလေ၏။ |
1,572 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | မုဆိုးသည် အုံမှထွက်၍ သမင်ကို ဖျက်ယူပြီးလျှင် မီးထည့်၍။ |
1,573 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | မီးကျီးတို့၌ ကောင်းသောအသားကိုကင်လျက် စားပြီးသော် ရေသောက်၍ ကြွင်းသော အသားတို့ကို ယိုစီးကုန်သော သွေးပေါက်တို့ဖြင့် ထမ်းယူ၍ သားမယားတို့ကို ကျွေးမွေးလိုရကား အိမ်သို့ သွား၏။ |
1,574 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုအခါ ဘုရားလောင်းသည် ထိုတောအုပ်၌ ရုက္ခဇိုဝ်းနတ်ဖြစ်၍ ရုက္ခဇိုင်းနတ်သည် ထိုအကြောင်းကိုမြင်၍ ဤသမင်မိုက်၏ သေခြင်းသည် အမိကိုအမှီပြု၍ မဖြစ်၊ အဘကို အမှီပြု၍လည်း မဖြစ်၊ စင်စစ်အမှန်ကား ကာမကိုအမှီပြု၍ သေခြင်းသည်ဖြစ်၏။ |
1,575 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုစကားသည်မှန်၏။ |
1,576 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သတ္တဝါတို့သည် ကာမဂုဏ်ကြောင့် သုဂတိ၌ လက်ဖြတ်ခြင်းအစရှိသော ဆင်းရဲသို့၎င်း ဒုဂ္ဂတိ၌ ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်းအစရှိသည်ဖြင့် အထူးထူးအပြားပြား များစွာသော ဆင်းရဲခြင်းသို့၎င်း ရောက်ကုန်၏။ |
1,577 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သူတပါးတို့အား သေခြင်း ဆင်းရဲကိုဖြစ်စေခြင်းမည်သည်ကိုလည်း ဤလောက၌ ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင်ဇနပုဒ်ကို မိန်းမသည် စီရင်ဆုံးမ၏ မိန်းမအကြီးမူသော ထိုဇနပုဒ်ကိုလည်း ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင် သတ္တဝါတို့သည် မိန်းမ၏အလိုသို့လိုက်ကုန်၏။ |
1,578 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ထိုသူတို့ကိုလည်း ကဲ့ရဲ့အပ်သည်သာလျှင်ကတည်းဟု ဂါထာဖြင့် သုံးပါးသော ဂရဟဝတ္ထုတို့ကိုပြ၍ တောစောင့်နတ်တို့သည် ကောင်းချီး ပေးကုန်လျက် နံ့သာပန်းအစရှိသည်တို့ဖြင့် ပူဇော်အပ်ကုန်သည်ရှိသော် ထိုတောအုပ်ကို ပဲ့တင်ထပ်စေလျက်- |
1,579 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ၁၃။ ဓိရတ္ထု ကဏ္ဍိနံ သလ္လံ၊ ပုရိသံ ဂါဠဝေဓိနံ။ |
1,580 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဓိရတ္ထု တံ ဇနပဒံ၊ ယတ္ထိတ္ထီ ပရိဏာယိကာ၊တေ စာပိ ဓိက္ကိတာ သတ္တာ၊ ယေ ဣတ္ထီနံ ဝသံ ဂတာ၊ |
1,581 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဟူသော ဤဂါထာဖြင့် တရားဟော၏။ |
1,582 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ၁၃။ ဘော၊ အချင်းတို့။ |
1,583 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | သလ္လံ၊ စူးဝင်တတ်သော။ |
1,584 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ကဏ္ဍိနံ၊ မြားရှိထသော။ |
1,585 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဂါဠဝေဓိနံ၊ ပြင်းစွာပစ်တတ်သော။ |
1,586 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ပုရိသံ၊ ယောက်ျားကို။ |
1,587 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဓိရတ္ထု၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်၏။ |
1,588 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ယတ္ထ၊ အကြင်ဇနပုဒ်၌။ |
1,589 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဣတ္ထီ၊ မိန်းမသည်။ |
1,590 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ပရိဏာယိကာ၊ အမှုကိစ္စကို စီရင်၏။ |
1,591 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | တံ ဇနပဒံ၊ ထိုဇနပုဒ်ကိုလည်း။ |
1,592 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ |
1,593 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဣတ္ထီနံ၊ မိန်းမတို့၏။ |
1,594 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဝသံ၊ အလိုသို့။ |
1,595 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဂတာ၊ လိုက်ကုန်၏။ |
1,596 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | တေ စာပိ သတ္တာ၊ ထိုသတ္တဝါတို့ကိုလည်း။ |
1,597 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဓိက္ကိတာ၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်ကုန်၏။ |
1,598 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဤသို့ ဘုရားလောင်းသည် တဂါထာဖြင့် သုံးပါးကုန်သော ဂရဟဝတ္ထုတို့ကိုပြ၍ တောကိုပဲ့တင်ထပ်စေလျက် ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် တရားကိုပြလေပြီ၊ သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
1,599 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် နှစ်ပါးသောဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ တောင်၌နေသော သမင်ဖြစ်လေပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်း၏ မယားဟောင်းသည် ထိုအခါ သမင်မငယ်ဖြစ်လေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကာမဂုဏ်၌ အပြစ်ကိုပြ၍ တရားဟောတတ်သော ရုက္ခဇိုဝ်းနတ် ဖြစ်လေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,600 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏ္ဍိဇာတ် | ကာမကိုလိုက်၊ တပ်နှစ်ခြိုက်၊ အငိုက်မိကာ သေတတ်ရှာ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏ္ဍိဇာတ် ပြီး၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.