id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,101
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤကာမဂုဏ်တို့၌ အပြစ်ကား များပြားလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။
1,312,102
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (ရူပါရုံစသည်ကို သိတတ်တဲ့ မြင်တတ်တဲ့ စက္ခုဝိည...
1,312,103
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော) တစ်ခုတည်းသော အာရုံသဘောရှိတဲ့, တစ်ခုတည်းသော အာရုံသဘောကို မှီတဲ့, အခါခပ်သိမ်း လောကသားတို့ တပ်မက်စရာဖြစ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း လိုလား တပ်မက်ခြင်း = ဆန္ဒရာဂ၏ အကြွင်းမဲ့ ချုပ်ရာဖြစ်တဲ့ စတုတ္ထစျာနုပေက္ခာဆိုတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျ...
1,312,104
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၂။ သားတစ်နှင့် ပမာတူ၏
1,312,105
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ်၊ လင်းတတစ်ကောင်ကဖြစ်စေ, ဘုံမတီးငှက်တစ်ကောင်ကဖြစ်စေ, စွန်ရဲတစ်ကောင်ကဖြစ်စေ သားတစ်ကို ချီကိုက်ပြီးတော့ ပျံသွားတယ်ဆိုကြစို့။
1,312,106
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုသားတစ်ကို ချီကိုက်ပြီး ပျံသန်းနေတဲ့ ငှက်နောက်သို့ တခြားတခြားသော လင်းတတွေ ဘုံမတီးငှက်တွေ စွန်ရဲတွေဟာ အစဉ်တစိုက် လိုက်လိုက်ပြီးတော့ ထိုးဆိတ်ကြကုန်ရာတယ်။
1,312,107
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ကို လွှတ်ချသည့် တိုင်အောင် ထိုးဆိတ်ကြကုန်ရာတယ်။
1,312,108
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ယခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်ယူဆသလဲ? အကယ်၍ အသားကို ကိုက်ချီထားတဲ့ လင်းတ, သို့မဟုတ် ဘုံမတီးငှက်, သို့မဟုတ် စွန်ရဲဟာ ထိုအခါ သားတစ်ကို ခပ်မြန်မြန် မစွန့်လွှတ်ဘူးဆိုလျှင် ထိုသားတစ်ကို ကိုက်ချီထားတဲ့ ငှက်ဟာ တခြားငှက် အပေါင်းတို့က ထိုးဆိတ်ကြခြင်းဆိုတဲ့ အကြောင်းကြောင့် သေခြင်းသို့ဖြစ်စေ, သို့မဟုတ်...
1,312,109
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မှန်ပါသည် မြတ်စွာဘုရား ...ဟု ပြန်လည် လျှောက်ထားလေသည်။
1,312,110
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် သားတစ်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,111
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။
1,312,112
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့- အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာ...
1,312,113
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဤဟတ္ထိပါလဇာတ်တော်ဝယ် လာရှိသည့်အတိုင်း အာနာပါနစတုတ္ထစျာန် သို့မဟုတ် ကသိုဏ်းစတုတ္ထစျာန်ကဲ့သို့သော စတုတ္ထစျာန် များကို ဝင်စားလျက် ယင်းစတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာဖြင့် နေထိုင်နေသည်ဟု ဆိုလိုပေသည်။
1,312,114
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မြက်မီးရှူးနှင့် ပမာတူ
1,312,115
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောဦးမယ် --- ယောက်ျားတစ်ယောက်ဟာ တောက်လောင်နေတဲ့ မြက်မီးရှူးကို ကိုင်ဆောင်ကာ လေညာသို့ သွားတယ်ဆိုကြစို့ ...
1,312,116
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ယခု ငါဘုရားပြောမယ့်စကားကို သင် ဘယ်လို ထင်မြင်ယူဆသလဲ? အကယ်၍ ထိုယောက်ျားဟာ တောက်လောင် နေတဲ့ ထိုမြက်မီးရှူးကို လျင်မြန်စွာ မစွန့်လွှတ်ငြားအံ့၊ ထိုတောက်လောင်နေတဲ့ မြက်မီးရှူးဟာ ထိုယောက်ျား၏ လက်ကိုသော်လည်း လောင်ချင်လောင်မယ်၊ လက်မောင်းကိုသော်လည်း လောင်ချင်လောင်မယ်၊ ကိုယ်အင်္ဂါကြီးငယ် တစ်ခုခုကိုသော်လည်း လောင...
1,312,117
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျားဟာ ထိုမြက်မီးရှူး လောင်မြိုက်ခြင်းတည်းဟူသောအကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာသည် မဟုတ်လောဟု မေးတော်မူ၏။
1,312,118
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မှန်ပါသည် မြတ်စွာဘုရား ...ဟု ပြန်လည် လျှောက်ထား၏။
1,312,119
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ...ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,120
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှကုန်၏ဟု မြတ်စွာဘုရား ဟောကြားထားတော်မူ၏။
1,312,121
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ ။
1,312,122
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပ ။ ဥပေက္ခာမျိုးကိုသာလျှင် ပွားများပြီး နေထိုင်တယ်။
1,312,123
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၄။ မီးကျီးတွင်းနှင့် ပမာတူ
1,312,124
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် ... မီးတောက် မီးလျှံ မီးခိုး ကင်းမဲ့နေတဲ့, ယောက်ျားတစ်ရပ် ပမာဏလောက်ရှိတဲ့, မီးကျီးခဲတို့ဖြင့် ပြည့်နှက်နေတဲ့ မီးကျီးတွင်းကြီးတစ်ခု ရှိတယ်ဆိုကြစို့ ...။
1,312,125
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအခါမှာ အသက်ရှည်လိုတဲ့, မသေလိုတဲ့, ချမ်းသာခြင်းကိုသာ အလိုရှိတဲ့, ဆင်းရဲကို ရွံရှာစက်ဆုပ်တဲ့ ယောက်ျားတစ်ယောက်ဟာ ရောက်ရှိလာတယ်ဆိုကြစို့ ...။
1,312,126
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျားကို အားကောင်းမောင်းသန်ကြတဲ့ ယောက်ျားနှစ်ယောက်တို့က လက်ရုံးနှစ်ဖက်တို့ကို အသီးအသီးကိုင်လျက် မီးကျီးတွင်းရှိရာသို့ ဆွဲငင်ခေါ်ဆောင်သွားကြတယ်ဆိုကြစို့ ...။
1,312,127
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? အမှန်အားဖြင့် ထိုယောက်ျားဟာ ဟိုဟိုဒီဒီ မိမိကိုယ်ကို ရုန်းကန် ရာသည် မဟုတ်လောဟု မေးမြန်းတော်မူလိုက်၏။
1,312,128
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မှန်ပါသည် မြတ်စွာဘုရား ...။
1,312,129
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ... ထိုယောက်ျားဟာ ငါသည် မီးကျီးတွင်းထဲသို့ ကျရပေတော့အံ့၊ ထိုသို့ ကျရောက်ခြင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်လေရာ၏ဟု သိနေသောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။
1,312,130
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ဤကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,131
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤကာမဂုဏ်တို့၌ အပြစ်ကား များလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။
1,312,132
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၅။ အိပ်မက်နှင့် ပမာတူ
1,312,133
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောဦးမယ် --- ယောက်ျားတစ်ယောက်ဟာ မွေ့လျော်ဖွယ် ကောင်းတဲ့ အရံ, မွေ့လျော်ဖွယ်ကောင်းတဲ့ တောအုပ်, မွေ့လျော်ဖွယ်ကောင်းတဲ့ မြေအပြင်, မွေ့လျော်ဖွယ်ကောင်းတဲ့ ရေကန်ကို အိပ်မက် မြင်မက်တယ် ဆိုကြစို့ ...။
1,312,134
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျားဟာ နိုးလာတဲ့အခါ တစ်စုံတစ်ခုကိုမျှ မတွေ့မမြင်ရာသကဲ့သို့ ---
1,312,135
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သား သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် အိပ်မက်နှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,136
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤ ကာမဂုဏ်တို့၌ အပြစ်ကား များလှ၏ဟု မြတ်စွာဘုရားသည် ဟောကြားထားတော်မူ၏။
1,312,137
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၆။ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူ
1,312,138
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် --- ယောက်ျားတစ်ယောက်ဟာ ငှားရမ်းထားတဲ့ ဥစ္စာ ဖြစ်တဲ့ ယာဉ်, ယောက်ျားနှင့် ထိုက်တန်တဲ့ ပတ္တမြားနားဋောင်းကို ငှားရမ်းကာ ထိုငှားရမ်းထားတဲ့ ဥစ္စာတို့ဖြင့် ဝတ်ဆင် ဗန်းပြလျက် စျေးအတွင်းသို့ ဝင်ရောက်သွားတယ်ဆိုကြစို့ ...။
1,312,139
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျားကို လူအများက မြင်တွေ့လိုက်တဲ့အခါ --- အချင်းတို့ ဤယောက်ျားသည် ဥစ္စာရှိပေစွတကား ...၊ ဥစ္စာရှိသူတို့သည် ဥစ္စာတို့ကို ဤသို့ပင် ခံစားကြကုန်၏ဟု ပြောဆိုရာ၏။
1,312,140
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော် ထိုယောက်ျားကို ဥစ္စာရှင်တို့က တွေ့လေရာရာ အရပ်၌သာလျှင် ဥစ္စာတို့ကို ပြန်ယူကုန်တယ် ဆိုကြစို့ ...။
1,312,141
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? ထိုယောက်ျားအား တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါမည်လောဟု မေးတော်မူ၏။
1,312,142
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မြတ်စွာဘုရား ...ဖြစ်နိုင်ရာပါ၏။
1,312,143
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ... ဥစ္စာရှင်တို့က မိမိတို့ပိုင်ဆိုင်တဲ့ ဥစ္စာတို့ကို ပြန်ယူကုန်သောကြောင့် ဖြစ်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။
1,312,144
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် ခေတ္တခဏမျှ ငှားရမ်းဝတ်ဆင်ထားသော စည်းစိမ်ဥစ္စာနှင့် ပမာတူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,145
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၇။ အသီး,သီးသော သစ်ပင်နှင့် ပမာတူ
1,312,146
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်မျိုးကို ငါဘုရား ပြောပြဦးမယ် --- ရွာ၏ မနီးမဝေးသော အရပ်၌ သို့မဟုတ် နိဂုံး၏ မနီးမဝေးသော အရပ်၌ တစ်ခဲနက် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိတယ် ဆိုကြစို့ ...။
1,312,147
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုတောအုပ်ထဲမှာ သစ်ပင်တစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီးလည်း ရှိတယ်၊ များပြားလှတဲ့ အသီးလည်း ရှိတယ်၊ မြေပေါ်မှာ ကြွေကျ နေတဲ့ အသီးတစ်လုံးတလေမျှလည်း မရှိဆိုကြစို့ ...။
1,312,148
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအခါမှာ သစ်သီးကို အလိုရှိတဲ့အတွက် သစ်သီးရှာဖွေတဲ့ ယောက်ျား တစ်ယောက်ဟာ သစ်သီးရှာ လှည့်လည်လာရာ ထိုတောအုပ်အတွင်းသို့ ဝင်ပြီးတော့ ချိုမြိန်ကောင်းမြတ်တဲ့ အသီးများများရှိတဲ့ ထိုသစ်ပင်ကို တွေ့မြင်ပြီဆိုကြစို့ ...။
1,312,149
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျား၏ သန္တာန်မှာ ဤသို့သော စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာလေရာတယ် --- ဤသစ်ပင်ဟာ ချိုမြိန်ကောင်းမြတ်တဲ့ အသီးလည်း ရှိတယ်၊ အသီးလည်း များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီးလည်း တစ်လုံးမျှ မရှိဘူး၊ ငါဟာ သစ်ပင်တက်ရန် နားလည် ကျွမ်းကျင်တယ်၊ ဤသစ်ပင်ကို တက်ပြီးတော့ အလိုရှိသလောက် စားကာ ခါးပိုက်ကိုလည်း ပြည့်အောင် သစ်သီးတွေကို ဆွတ်...
1,312,150
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုယောက်ျားဟာ စိတ်ကူးထားတဲ့အတိုင်း ထိုသစ်ပင်ကို တက်ပြီးတော့ အလိုရှိတိုင်း စားပြီးတော့ ခါးပိုက်ကိုပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးနေတယ်ဆိုကြစို့ ...။
1,312,151
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒုတိယ နောက်ယောက်ျားတစ်ယောက်ကလည်း သစ်သီးကိုပဲ အလိုရှိတဲ့ အတွက် ထက်လှစွာသော ဓားမကို ယူဆောင်ပြီးတော့ သစ်သီးရှာ လှည့်လည် လာရာ ထိုတောအုပ်အတွင်းသို့ပင် သက်ဝင်ပြီးတော့ ချိုမြိန်တဲ့ အသီးများများ ရှိတဲ့ ထိုသစ်ပင်ကို မြင်တွေ့ပြီဆိုကြစို့ ...။
1,312,152
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဒုတိယယောက်ျား၏ သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာပြန်တယ် --- ဤသစ်ပင်ဟာ ချိုမြိန်တဲ့ အသီးလည်း ရှိတယ်၊ အသီးလည်း များတယ်၊ မြေပေါ်မှာ ကြွေကျနေတဲ့ အသီးလည်း တစ်လုံးမျှ မရှိဘူး။
1,312,153
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါဟာ သစ်ပင်ကို တက်ရန် နားမလည် မတက်တတ်၊ ငါဟာ ဤသစ်ပင်ကို အရင်းမှ ဖြတ်ပြီးလျှင် အလိုရှိတိုင်း စားကာ ခါးပိုက်ပြည့်အောင် သစ်သီးတွေကို ဆွတ်ခူးရမူ ကောင်းလေစွဆိုတဲ့ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်လာတဲ့ အတွက် ထိုဒုတိယယောက်ျားဟာ ထိုသစ်ပင်ကို အရင်းကနေပဲ ဓားဖြင့် ခုတ်ဖြတ်လှဲပြီဆိုကြစို့ ...။
1,312,154
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ခု ငါပြောမယ့်စကားကို သင် ဘယ်လို ထင်မြင် ယူဆသလဲ? ပထမဦးစွာ သစ်ပင်ထက်သို့ ရောက်ရှိနေတဲ့ ဤမည်သော ယောက်ျားဟာ အကယ်၍ သစ်ပင်မှ လျင်မြန်စွာ မဆင်းသက်ငြားအံ့၊ ထို သစ်ပင်လဲတဲ့အခါ ထိုယောက်ျား၏ လက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊ ခြေထောက်သည်မူလည်း ကျိုးပဲ့ပျက်စီးရာ၏၊ အင်္ဂါကြီးငယ် တစ်ခုခုသည်လည်း ကျိုးပဲ့ပျက်စီးရာ၏၊ သစ...
1,312,155
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မှန်ပါသည် မြတ်စွာဘုရား ...ဟု လျှောက်ထား၏။
1,312,156
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ကာမဂုဏ်တို့သည် ချိုမြိန် ကောင်းမြတ်သော အသီးရှိတဲ့ သစ်ပင်နှင့် တူကုန်၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။
1,312,157
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤသို့လျှင် ထိုအာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ သိသော ပညာဖြင့် သိမြင်၍ (အဆင်း-အသံ-အနံ့- အရသာ-အတွေ့အထိတည်းဟူသော) အမျိုးမျိုးသော အာရုံသဘောကို အာရုံပြုနေတဲ့, အမျိုးမျိုးသော အာရုံသဘောကို မှီနေတဲ့ အလယ်အလတ် ခံစားမှု ဥပေက္ခာမျိုးကို ရှောင်ကြဉ်ကာ (အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာ...
1,312,158
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤကား မဇ္ဈိမပဏ္ဏာသပါဠိတော် ပေါတလိယသုတ္တန် (မ၊၂၊၂၇-၃၀။
1,312,159
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
)တို့၌ လာရှိသော ကာမဂုဏ်တို့၏ အပြစ်များပင် ဖြစ်ကြပေသည်။
1,312,160
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ဖန် ဘုရားရှင်က ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်တို့ကိုလည်း ဆက်လက် ဟောကြားတော်မူ၏။
1,312,161
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏ --- ဘုရားရှင်၏ တပည့်သာဝက တစ်ဦးကား ဤကဲ့သို့သော ကာမဂုဏ်တို့၏ အပြစ်တို့ကို ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း ရှုမြင်ပြီးနောက် ယင်းကဲ့သို့သော စတုတ္ထစျာန်နှင့် ယှဉ်နေသည့် ဥပေက္ခာကိုသာလျှင် ပွားများပြီး နေထိုင်တယ်။
1,312,162
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤမျှတွင်လားဆိုလျှင် မကသေးဘူး။
1,312,163
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရူပါဝစရစတုတ္ထစျာန်ကို အခြေခံ၍ အရူပစျာန်တွေကိုလည်း ဆက်လက်ကာ ကြိုးပမ်းပြန်တယ်။
1,312,164
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ဖန် ပထဝီကသိုဏ်းစသည့် ကသိုဏ်းတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ယင်းစျာန်သမာပတ် (၈)ပါးတို့ကို (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိတ်ခြေပြီးနောက် (ဝိသုဒ္ဓိ၊၂၊၂-၄။
1,312,165
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေ့၌ နေခဲ့ဖူးသည့်ခန္ဓာအစဉ်ကို အစဉ်လျှောက်ကာ အောက်မေ့နိုင်သည့် အဘိညာဏ်၊
1,312,166
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၂။ ဒိဗ္ဗစက္ခုအဘိညာဏ် = နတ်မျက်စိကဲ့သို့သော အနီးအဝေး ရှိသမျှ အလုံးစုံကို သိမြင်နိုင်သော အဘိညာဏ်၊
1,312,167
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၃။ အာသဝက္ခယဉာဏ် = ကိလေသာအာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သည့် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် ---
1,312,168
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤဝိဇ္ဇာသုံးပါးတို့ကို ရရှိအောင် ဆက်လက် ကြိုးပမ်းပြန်တယ်။
1,312,169
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယင်းကဲ့သို့သော ကိလေသာအာသဝေါတရားများ ကင်းစင်နေသည့် ရဟန္တာသခင် အရှင်မြတ်ကိုသာလျှင် လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးစွဲမှု မပြုတော့ဘဲ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ ဤဆိုခဲ့ပြီးသည့် အရဟတ္တဖိုလ် တိုင်အောင်သော ကျင့်စဉ်နည်းလမ်း အတိုင်းအရှည်ဖြင့်သာလျှင် အခါခပ်သိမ်း လုံးဝဥဿုံ လူဟူသော ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်း ပြတ်ခြင်းသည် ဖြ...
1,312,170
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားရှင်သည် ဤသာသနာတော်မြတ်ကြီးတည်းဟူသော စံအိမ်ကြီးကို အရဟတ္တဖိုလ် နိဗ္ဗာန်ကို အထွတ်တပ်လျက် တည်ထောင်ထားတော်မူခဲ့၏။
1,312,171
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ရှေးဦးစွာ လိုအပ်ချက်တစ်ခုသည်ကား ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ခြင်းပင် ဖြစ်၏။
1,312,172
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ် အနှောင်အဖွဲ့တို့ကို စွန့်လွှတ်ပြီးနောက်တွင်ကား သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ် တရားတို့ကို စနစ်တကျ ပြည့်ပြည့်စုံစုံ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ရမည် ဖြစ်ပေသည်။
1,312,173
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤဟတ္ထိပါလဇာတ်တော်တွင်ကား အလောင်းတော် ဟတ္ထိပါလက မိမိ၏ တပည့်သာဝကတို့အား သီလကျင့်စဉ်နှင့် သမာဓိကျင့်စဉ်ပိုင်းများကို လောကီအဘိညာဏ် ငါးပါးတို့ကို ရသည်အထိ စနစ်တကျ သင်ကြားပြသ ဆိုဆုံးမပေးတော်မူခဲ့၏။
1,312,174
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤစာကို ဖတ်ရှုသူတို့အတွက် ထိုကျင့်စဉ်တို့တွင် အာနာပါနကျင့်စဉ်နှင့် ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါး ကျင့်စဉ်တို့ကိုလည်း အကျဉ်းချုပ်ကာ ရေးသား တင်ပြထားပေသည်။
1,312,175
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်တို့တွင် ဤကျမ်းစာငယ်၌ သမ္ပဇဉ်ပိုင်းကျင့်စဉ်တို့ကိုသာလျှင် အကျဉ်းချုပ်ကာ တင်ပြ ထားပေသည်။
1,312,176
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
[အကျယ်ကို သိရှိလိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာကြီး (၅)တွဲတွင်လည်းကောင်း, နိဗ္ဗာနဂါမိနိပဋိပဒါ (အကျဉ်း) ကျမ်းစာငယ် (၉)တွဲတွင်လည်းကောင်း ကြည့်ရှုလေကုန်ရာသည်။
1,312,177
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
] ဟတ္ထိပါလသတို့သား ဦးဆောင်သည့် အလောင်းတော်ကြီးတို့သည် ထီးနန်းစည်းစိမ်စတဲ့ နှစ်သက်မြတ်နိုးဖွယ်ရာ ကာမဂုဏ်တို့၏ အပြစ်တို့ကို ရှုမြင်ကာ ကာမဂုဏ်တို့ကို စွန့်လွှတ်ကာ တောထွက်တော်မူကြပြီးနောက် သဗ္ဗညုတဉာဏ် ရရှိရေး, အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ပါရမီတရားအပေါင်းတို့ကို ဆည်းပူးရှာဖွေတော်မူခဲ့ကြ၏။
1,312,178
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖြည့်ကျင့်တော်မူခဲ့ကြ၏။
1,312,179
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလားတူပင် စာဖတ်ပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်း --- ကိုယ်ထင်လျှင်, ကုတင်ရွှေနန်းဟူသော ရှေးရိုးစဉ်လာ စကားပုံအတိုင်း မိမိ မိမိတို့ အသီးအသီး ပိုင်ဆိုင်နေကြသည့် ရွှေနန်းအိမ် အသီးအသီးနှင့် ကိုယ်တော်တို့ ပိုင်သသည့် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ ရသေ့ ရဟန်းဘဝဖြင့် အရဟတ္တဖိုလ် နိဗ္ဗာန်နန်းကို ရည်ရွယ်မျှော...
1,312,180
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(တိပါလဇာတ် တရားဒေသနာတော်)
1,312,181
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၁၂)ရက်နေ့ည မော်လမြိုင်မြို့၊ မုပွန်ရပ်၊ ကျိုက်ဓာတ်သုတ်စေတီတော် ဓမ္မာရုံအတွင်း၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော ဟတ္ထိပါလဇာတ် တရားဒေသနာတော် --
1,312,182
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တရားဦးပလ္လင်ပိုင်း
1,312,183
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီတရားဒေသနာတော်ကတော့ တောထွက်ခန်းကလေးတစ်ခု ဖြစ်ပါတယ်။
1,312,184
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီတောထွက်ခန်းကလေး မဟောမီ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံဆိုတဲ့ တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အပိုင်း၌ ဘုရားရှင်၏ မူလဦးတည်ချက်ကို သဘောပေါက်ရန် ရတနသုတ္တန်မှာ လာရှိတဲ့ နွေလဖွဲ့ ဂါထာတစ်ခုဖြင့် တရားနိဒ္ဒါန်း ပျိုးကြရအောင် ...
1,312,185
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နွေလဖွဲ့ဂါထာ
1,312,186
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။
1,312,187
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
1,312,188
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ခုဒ္ဒကပါဌ၊၇။
1,312,189
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုတ္တနိပါတ၊၃၁၄။
1,312,190
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဂိမှာနံ = နွေလတို့၏။
1,312,191
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဌမသ္မိံ ဂိမှေ = ရှေးဦးအစ နွေလဖြစ်သော။
1,312,192
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မာသေ = စိတြမာသ တန်ခူးလ၌။
1,312,193
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖုဿိတဂ္ဂေ = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။
1,312,194
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝနပ္ပဂုမ္ဗေ = တောအုပ်သည်။
1,312,195
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သသိရိကော ယထာ = အသရေရှိလှဘိသကဲ့သို့။
1,312,196
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တထူပမံ = အနက် သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာ ပြန့်ပြော ထိုတောအုပ်လျှင် ပုံပမာရှိသော။
1,312,197
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဗ္ဗာနဂါမိံ = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။
1,312,198
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓမ္မဝရံ = သုံးပုံပိဋကတ်တည်းဟူသော တရားမြတ်ဒေသနာတော်ကို။
1,312,199
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရမံ ဟိတာယ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ။
1,312,200
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဒေသယိ = ကရုဏာရှေ့သွား မေတ္တာ ထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။