id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,201
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။
1,312,202
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာ စကားကြောင့်။
1,312,203
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုဝတ္ထိ = ဘေးရန် ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။
1,312,204
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(သာဓု သာဓု သာဓုပါဘုရား ...)
1,312,205
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တပေါင်းလပြည့်ကျော် (၁)ရက်ကနေ တန်ခူးလပြည့်နေ့အထိကို ပါဠိလိုအားဖြင့် စိတြမာသလို့ ခေါ်ရိုးရှိပါတယ်။
1,312,206
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုစိတြမာသခေါ်တဲ့ နွေဦးလ အချိန်အခါမှာ တောအုပ်တစ်ခုကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အခါ အကယ်၍ ပင်လုံးကျွတ် အပွင့်တွေက ဝေဝေဆာဆာနဲ့ ပွင့်နေမယ်ဆိုလျှင် ထို တောအုပ်ကြီးသည် အင်မတန် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသလို ဘုရားရှင်သည် ပိဋကတ်သုံးပုံတည်းဟူသော တောအုပ်ကြီးကို အနက် သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဝေဆာဆာ ပြန့်ပြန့်ပြောပြော...
1,312,207
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဦးတည်ချက်နဲ့ ဟောတော်မူခဲ့သလဲလို့ ဦးတည်ချက်ကို လှမ်းပြီးတော့ ကြည့်လိုက်တဲ့ အချိန်အခါမှာ ---
1,312,208
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရမံ ဟိတာယ = လူ-နတ်-ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ။
1,312,209
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဒေသယိ = ကရုဏာ ရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။
1,312,210
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူ-နတ်-ဗြဟ္မာ သတ္တဝါအားလုံးတို့၏ အမြတ်ဆုံး ချမ်းသာလို့ ခေါ်ဆို အပ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရရှိ ပါစေခြင်း အကျိုးငှာ ရည်ရွယ်တောင့်တ၍ မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဆိုတဲ့ အမြတ်ဆုံး တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမ တော်မူပါတယ်။
1,312,211
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပိဋကတ်သုံးပုံဆိုတဲ့ အမြတ်ဆုံး တရားဒေသနာတော်တွေထဲက ဒီနေ့ညတော့ ဘုန်းကြီး ဟတ္ထိပါလဇာတ် တရားဒေသနာတော်ကို ဟောကြားပေးဖို့ ရည်ရွယ်ထားပါတယ်။
1,312,212
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဦးတည်ချက် စိရဿံ ဝတ ပဿာမာတိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနံ အာရဗ္ဘ ကထေသိ။
1,312,213
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၇၈။
1,312,214
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) စိရဿံ ဝတ ပဿာမာတိ ဣဒံ = စိရဿံ ဝတ ပဿာမ ဤသို့ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤဟတ္ထိပါလဇာတ် တရားဒေသနာတော်မြတ်ကို။
1,312,215
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္ထာ = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
1,312,216
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာဘိနိက္ခမနံ = မြတ်သော တောထွက်တော်မူခြင်းကို။
1,312,217
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးတို့ မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် စိရဿံ ဝတ ပဿာမ ဤသို့ အစရှိတဲ့ ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်ထားအပ်တဲ့ ဤဟတ္ထိပါလဇာတ် တရားဒေသနာတော်ကို မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။
1,312,218
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးတို့ မြတ်စွာဘုရားက ဘုရားဖြစ်မယ့် ဘဝမှာသာ တောထွက်တော်မူသည် မဟုတ်ဘူး၊ ဘုရားမဖြစ်မီ အလောင်းတော်ဘဝတုန်းကလည်း မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူခဲ့တဲ့ ဇာတ်ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။
1,312,219
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီမင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီး
1,312,220
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤဇာတ်ဒေသနာတော်ရဲ့ အကြောင်းအတ္ထုပ္ပတ်ကို ပြောရမယ်ဆိုလျှင် တစ်ချိန် ဘုန်းကြီးတို့ ဗာရာဏသီပြည်မှာ ဆိုကြစို့၊ ဧသုကာရီ အမည်ရှိနေတဲ့ ရှင်ဘုရင်ကြီး တစ်ဦးက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူပါတယ်။
1,312,221
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဧသုကာရီဘုရင်မြတ်ကြီးဆိုတာကတော့ သုဒ္ဓေါဒနမင်းကြီးရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။
1,312,222
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဧသုကာရီဘုရင်ကြီးရဲ့ မိဖုရားကြီးကတော့ မယ်တော် မာယာရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။
1,312,223
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဧသုကာရီမင်းကြီးရဲ့ ဆရာဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးကတော့ အရှင်မဟာကဿပမထေရ်မြတ်ရဲ့ အလောင်း အလျာ ဖြစ်ပါတယ်။
1,312,224
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုပုရောဟိတ်ပုဏ္ဏားကြီးရဲ့ ကြင်ယာဖြစ်တဲ့ ပုဏ္ဏေးမကြီးကတော့ မယ်ဘဒ္ဒါရဲ့ အလောင်းအလျာ ဖြစ်ပါတယ်။
1,312,225
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပိပ္ပလိလုလင်လို့ အမည်ရှိနေတဲ့ အရှင်မဟာကဿပမထေရ်မြတ်ရဲ့ လူ့ဘဝတုန်းက ကြင်ယာ ဟောင်းပဲ ဆိုကြစို့။
1,312,226
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထီးမွေ နန်းမွေ ဆက်ခံမည့်သူ
1,312,227
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီဧသုကာရီမင်းကြီးနဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့က ငယ်ရွယ်စဉ် ကလေး သူငယ်ဘဝကတည်းက စပြီးတော့ အလွန် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။
1,312,228
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရမီဖြည့်ဘက်တွေ ဖြစ်နေကြတယ်။
1,312,229
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလွန် ခင်မင်ရင်းနှီး နေတဲ့ ဒီမိတ်ဆွေနှစ်ဦးမှာ ဘာပြဿနာ ဖြစ်နေသလဲ? ပြဿနာတစ်ခုကတော့ သားရတနာ သမီးရတနာ မထွန်းကားခြင်းဘဲ ဖြစ်ပါတယ်။
1,312,230
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီဘုရင်မင်းကြီးမှာလည်း သားရတနာ သမီးရတနာ မရှိ၊ ပုရောဟိတ် ပုဏ္ဏားကြီးမှာလည်း သားရတနာ သမီးရတနာ မရှိ ဖြစ်နေတယ်။
1,312,231
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်နေ့တော့ မိတ်ဆွေ နှစ်ဦးသားတို့ တစ်နေရာမှာ ဆုံစည်းရင်း အလ္လာပ သလ္လာပ စကား ပြောကြားရင်းနဲ့ မိမိတို့မှာ ထီးနန်းဆက်ခံမယ့် စည်းစိမ်ဥစ္စာ အမွေ တွေကို ဆက်ခံမယ့် သားရတနာ သမီးရတနာ မရှိခြင်းကို အကြောင်းပြုပြီး တော့ တစ်ဦးနဲ့တစ်ဦး ဘာပြောကြသလဲ?
1,312,232
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အမှာကံ ဣဿရိယံ မဟန္တံ၊ ပုတ္တော ဝါ ဓီတာ ဝါ နတ္ထိ၊ ကိံ နု ခေါ ကတ္တဗ္ဗံ။
1,312,233
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အမှာကံ = ငါတို့၏။
1,312,234
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣဿရိယံ = စည်းစိမ်ဥစ္စာသည်ကား။
1,312,235
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟန္တံ = ကြီးကျယ်များပြားလှပေ၏။
1,312,236
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တော ဝါ = အမွေဆက်ခံမည့် သားရတနာသော်လည်းကောင်း။
1,312,237
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓီတာ ဝါ = အမွေဆက်ခံမည့် သမီးရတနာသော်လည်းကောင်း။
1,312,238
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ္ထိ = မရှိပေ။
1,312,239
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ နု ခေါ = အသို့လျှင်။
1,312,240
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကတ္တဗ္ဗံ = ပြုသင့်ပြုထိုက်ပါသနည်း။
1,312,241
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တို့ရဲ့ စည်းစိမ်ဥစ္စာတွေက သိပ်ပြီး ကြီးကျယ်တယ်တဲ့။
1,312,242
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုရောဟိတ် ပုဏ္ဏားကြီး ကြည့်လိုက်လျှင်လည်း ထိုခေတ်က ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ ပုဏ္ဏားကြီး ဖြစ်ပါတယ်။
1,312,243
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုဋေရှစ်ဆယ်ဆိုတာကတော့ ယခု ခေတ်ကာလမှာ ဘယ်လောက်ပဲ သန်းပေါင်းများစွာ ချမ်းသာ ချမ်းသာ ထို ပုဂ္ဂိုလ်တွေကို သန်းကြွယ်သူဌေး မီလျံနာဆိုပြီးခေါ်တဲ့ ပုံစံလိုပဲ ရှေးခေတ်အခါတုန်းကတော့ ကုဋေရှစ်ဆယ်အထက် ဘယ်လောက်ပဲ များပါစေ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ သူဌေးတွေကို ပထမတန်းစား နံပါတ် တစ် သူဌေးရာထူးကို ပေးကြတယ်။
1,312,244
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပုဏ္ဏားကြီးကလည်း ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာနေတဲ့ သို့မဟုတ် ကုဋေရှစ်ဆယ်မက ကြွယ်ဝချမ်းသာတဲ့ သူဌေးရာထူးကို ရရှိထားတဲ့ ပုဏ္ဏားကြီးတစ်ဦး ဖြစ်ပါတယ်။
1,312,245
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီမင်းကြီးကို ကြည့်လိုက်မယ်ဆိုလျှင်လည်း အလွန် ကြွယ်ဝ ချမ်းသာနေတဲ့ စည်းစိမ်ဥစ္စာတွေ များပြားနေတဲ့ မင်းကြီးတစ်ဦး ဖြစ်ပါတယ်။
1,312,246
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ မင်းကြီးနဲ့ ဒီပုဏ္ဏားကြီးတို့မှာ အမွေဆက်ခံမယ့် သားရတနာ သမီးရတနာ ဆိုတာ တစ်ဦးမှ မရှိ ဖြစ်နေတော့ ဘယ်လိုလုပ်ကြရမလဲလို့ တစ်ဦးနဲ့တစ်ဦး တိုင်ပင် ဆွေးနွေးကြတယ်။
1,312,247
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို တိုင်ပင် ဆွေးနွေးကြတဲ့ အချိန်အခါမှာ ဧသုကာရီမင်းကြီးက ဘာပြောသလဲ?
1,312,248
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နှစ်ဦးသားတို့၏ သဘောတူညီချက်
1,312,249
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သမ္မ သစေ တဝ ဂေဟေ ပုတ္တော ဇာယိဿတိ၊ မမ ရဇ္ဇဿ သာမိကော ဘဝိဿတိ၊ သစေ မမ ပုတ္တော ဇာယိဿတိ၊ တဝ ဂေဟေ ဘောဂါနံ သာမိကော ဘဝိဿတိ။
1,312,250
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သမ္မ = အဆွေပုရောဟိတ်ပုဏ္ဏား။
1,312,251
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဝ = သင်၏။
1,312,252
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂေဟေ = အိမ်၌။
1,312,253
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တော = သားရတနာသည်။
1,312,254
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဇာယိဿတိ = ဖွားမြင်ခဲ့သည်ရှိငြားအံ့။
1,312,255
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝံ သတိ = ဤသို့ ဖွားမြင်ခဲ့သည်ရှိသော်။
1,312,256
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မမ ရဇ္ဇဿ = ငါ့တိုင်းပြည်၏။
1,312,257
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာမိကော = အရှင်သခင်သည်။
1,312,258
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဝိဿတိ = ဖြစ်ပေလတ္တံ့။
1,312,259
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဆွေတော် ပုရောဟိတ်ပုဏ္ဏား ... သင့်အိမ်မှာ အကယ်၍များ သားရတနာတစ်ဦး ဖွားမြင်ခဲ့မယ်ဆိုလျှင်တော့ ထိုသားရတနာသည် ငါ့ရဲ့ တိုင်းနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမယ့် တိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်ပါလိမ့်မယ်။
1,312,260
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မမ = ငါရဲ့သန္တာန်၌။
1,312,261
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဇာယိဿတိ = မွေးဖွားလတ္တံ့။
1,312,262
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘောဂါနံ = စည်းစိမ်ဥစ္စာတို့၏။
1,312,263
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဝိဿတိ = ဖြစ်ပေလိမ့်မယ်။
1,312,264
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင့်အိမ်မှာ သားရတနာ မွေးဖွားခဲ့လျှင်လည်း ငါ့ရဲ့ နန်းတော်မှာ ရှင်ဘုရင်အဖြစ် တင်မြှောက်မယ်။
1,312,265
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါ့ရဲ့နန်းတော်မှာ သားရတနာ မွေးဖွားခဲ့မယ်ဆိုလျှင်လည်း သင့်အိမ်မှာရှိတဲ့ စည်းစိမ်ဥစ္စာတို့ရဲ့ အရှင်သခင် ဖြစ်ပေလိမ့်မယ်ဆိုပြီးတော့ ဒီလို ကတိကဝတ် ပြုထားကြတယ်။
1,312,266
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဧသုကာရီ မင်းကြီးက ကတိကဝတ်စကား ပြောကြားလိုက်တဲ့ အချိန်အခါမှာ ပုရောဟိတ် ပုဏ္ဏားကြီးကလည်း သဘောတူညီခဲ့ပါတယ်။
1,312,267
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားများတဲ့ အမျိုးသမီး
1,312,268
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို သဘောတူညီချက် ယူပြီးတော့ နေရင်းနဲ့ တစ်နေ့ ဘာဖြစ်လာသလဲ? ပုရောဟိတ်ပုဏ္ဏားကြီးက သူအပိုင်စားဖြစ်တဲ့ ရွာကလေး တစ်ရွာကို သွားတယ်။
1,312,269
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားလိုက်တဲ့ အချိန်အခါမှာ ထိုရွာကနေ ပြန်လာတဲ့အခါ ဗာရာဏသီမြို့ရဲ့ တောင်တံခါးဝအရောက်မှာ အမျိုးသမီးတစ်ယောက်ကို မြင်တယ်။
1,312,270
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအမျိုးသမီးကလည်း ဗဟုပုတ္တိက = သားရတနာ အလွန် များပြားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်။
1,312,271
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လောက်အထိ သားတွေက များသလဲလို့ မေးလျှင်တော့ အနာရောဂါ ကင်းစင်နေတဲ့ သားရတနာ (၇)ဦးတို့ ဖြစ်ကြတယ်။
1,312,272
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ယောက်က ထမင်းအိုးကလေးကို ရွက်ပြီးတော့ ရှေ့က သွားတယ်။
1,312,273
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ယောက်က အိပ်တဲ့ အိပ်ရာဖျာလိပ်ကလေး ထမ်းပြီးတော့ သွားတယ်။
1,312,274
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ယောက်ကတော့ ထိုအမျိုးသမီးရဲ့ ရှေ့က ကပ်ပြီး လိုက်ပါသွားတယ်။
1,312,275
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ယောက်ကတော့ အမျိုးသမီးရဲ့ နောက်က ကပ်ပြီး လိုက်ပါသွားတယ်။
1,312,276
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်သားတစ်ယောက်ကျတော့ အမျိုးသမီးရဲ့ လက်ကို ဆွဲပြီး သွားတယ်။
1,312,277
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်သားတစ်ယောက်ကတော့ သူ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ပြီးတော့ လိုက်ပါလာတယ်။
1,312,278
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်သားတစ်ယောက် ကြည့်လိုက်တော့ သူ့ရဲ့ ပုခုံးထက်မှာ ထိုင်ပြီးတော့ လိုက်ပါလာတယ်။
1,312,279
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပေါင်းလိုက်တော့ သား ဘယ်နှစ်ဦး ရှိသလဲဆိုတော့ (၇)ဦးပဲ။
1,312,280
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သား (၇)ဦးကို မြင်လိုက်ရတော့ ပုရောဟိတ်ပုဏ္ဏားကြီးက တော်တော်ကလေး အံ့အားသင့်သွားတယ်။
1,312,281
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အံ့အား သင့်သွားတဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးက ဒီအမျိုးသမီးကို မေးကြည့်တယ်။
1,312,282
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို မေးသလဲ?
1,312,283
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဒ္ဒေ ဣမေသံ ဒါရကာနံ ပိတာ ကုဟိံ။
1,312,284
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဘဒ္ဒေ = အို ညီမ။
1,312,285
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣမေသံ ဒါရကာနံ = ဤကလေးသူငယ်တို့၏။
1,312,286
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပိတာ = ဖခင်သည်ကား။
1,312,287
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုဟိံ = အဘယ်မှာပါနည်း။
1,312,288
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အို ညီမ ... ဒီကလေးတွေရဲ့ ဖခင်ဟာ ဘယ်မှာလဲဆိုပြီး မေးလိုက်တဲ့ အချိန်အခါကျတော့ အဲဒီအမျိုးသမီးက ဘာပြန်ပြောသလဲ?
1,312,289
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာမိ ဣမေသံ ပိတာ နာမ နိဗဒ္ဓေါ နတ္ထိ။
1,312,290
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သာမိ = အို အရှင်။
1,312,291
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣမေသံ = ဤကလေးသူငယ်တို့၏။
1,312,292
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပိတာ နာမ = ဖခင်မည်သည်ကား။
1,312,293
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဗဒ္ဓေါ = မြဲသော ဖခင်မည်သည်။
1,312,294
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီကလေးသူငယ်တွေမှာ မြဲတဲ့ ဖခင်ရယ်လို့ မရှိပါဘူး။
1,312,295
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူက ဒီလို ပြန်ပြောတယ်။
1,312,296
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မြဲတဲ့ ဖခင်မရှိဘူးဆိုတဲ့ ဒီစကားကို ပုဏ္ဏားကြီးက ကြားလိုက်တဲ့အခါ ဘာပြန်မေးသလဲ?
1,312,297
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝရူပေ သတ္တ ပုတ္တေ ကိန္တိ ကတွာ အလတ္ထ။
1,312,298
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဧဝရူပေ = ဤသို့ သဘောရှိကြကုန်သော။
1,312,299
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တ ပုတ္တေ = သား (၇)ယောက်တို့ကို။
1,312,300
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိန္တိ ကတွာ = အဘယ်သို့ပြု၍။