id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,301
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလတ္ထ = သင်ရရှိခဲ့ပါသနည်း။
1,312,302
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီသားတွေမှာ မြဲတဲ့ဖခင်ရယ်လို့ မရှိဘူးဆိုလျှင်တော့ သင် ဒီသား (၇) ယောက်ကို ဘယ်လိုများ ရရှိသလဲ? ဒီသား (၇)ယောက်ကို သင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရရှိပါသလဲလို့ ဒီလို မေးကြည့်တယ်။
1,312,303
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို မေးကြည့်လိုက်တဲ့ အချိန်အခါမှာ အမျိုးသမီးကလည်း နည်းနည်းတော့ ဉာဏ်ထက်တယ်နဲ့ တူပါတယ်။
1,312,304
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နည်းနည်း ဉာဏ်ထက်တဲ့ အချိန်အခါကျတော့ အဲဒီအမျိုးသမီးက ဘာပြန်ပြောသလဲ?
1,312,305
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာ အညံ ဂဟဏံ အပဿန္တီ နဂရဒွါရေ ဌိတံ နိဂြောဓရုက္ခံ ဒေဿတွာ သာမိ ဧတသ္မိံ နိဂြောဓေ အဓိဝတ္ထာယ ဒေဝတာယ သန္တိကေ ပတ္ထေတွာ လဘိံ။
1,312,306
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သာ = ထိုအမျိုးသမီးသည်။
1,312,307
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အညံ ဂဟဏံ = အခြား လက်ဆုပ်လက်ကိုင် ပြရမည့်ပုဂ္ဂိုလ်ကို။
1,312,308
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အပဿန္တီ = မတွေ့မြင်ရသည်ဖြစ်၍။
1,312,309
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နဂရဒွါရေ = မြို့တံခါးအနီး၌။
1,312,310
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဌိတံ = တည်ရှိသော။
1,312,311
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဂြောဓရုက္ခံ = ပညောင်ပင်ကြီးကို။
1,312,312
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေဿတွာ = လက်ညှိုးထိုး၍။
1,312,313
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာမိ = အို အရှင်။
1,312,314
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတသ္မိံ နိဂြောဓေ = ဤပညောင်ပင်၌။
1,312,315
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဓိဝတ္ထာယ = စိုးအုပ်၍ နေထိုင်သော။
1,312,316
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေဝတာယ = နတ်၏။
1,312,317
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သန္တိကေ = အထံ၌။
1,312,318
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပတ္ထေတွာ = သားဆုကို ပန်၍။
1,312,319
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လဘိံ = ရရှိခဲ့ပါ၏။
1,312,320
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ မြို့တံခါးဝရဲ့ မလှမ်းမကမ်းမှာ ပညောင်ပင်ကြီးတစ်ပင် ရှိနေတယ်။
1,312,321
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပညောင်ပင်ကြီးကို လက်ညှိုး လှမ်းထိုးပြပြီးတော့ အဲဒီ ပညောင်ပင်မှာ စိုးအုပ်နေထိုင်နေတဲ့ နတ်သားရဲ့ထံမှာ သားရလိုကြောင်း ဆုတောင်း ပန်ထွာတဲ့အတွက် သားရတနာတွေကို ရရှိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။
1,312,322
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတာယ မေ ပုတ္တာ ဒိန္နာ။
1,312,323
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဧတာယ = ထိုနတ်သားသည်။
1,312,324
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တာ = သားရတနာတို့ကို။
1,312,325
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒိန္နာ = ပေးအပ်ခဲ့ပါ၏။
1,312,326
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါ့ကို ဒီပညောင်ပင်ကို စောင့်နေတဲ့ နတ်က ဒီ (၇)ဦးသော သားရတနာတွေကို ပေးတာပါဆိုပြီးတော့ ပညောင်ပင်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်။
1,312,327
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို လက်ညှိုးထိုးပြလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီးကလည်း ယုံကြည်သွားပုံတော့ ရပါတယ်။
1,312,328
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟုတ်တယ် မဟုတ်ဘူးဆိုတာကတော့ တရားနာပရိသတ်တွေ နည်းနည်း စဉ်းစားလို့ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။
1,312,329
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပညောင်ပင်ကြီးကို လက်ညှိုးထိုးပြလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီးက ဘာလုပ်သလဲ? အဲဒီ ပညောင်ပင်ရှိရာကို သွားတယ်၊ ပညောင်ပင်ရဲ့ အကိုင်းအခက်တစ်ခုကို ဆွဲကိုင်လှုပ်ပြီးတော့ သူက ဘာပြောသလဲ?
1,312,330
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပညောင်ပင်စောင့်နတ်နှင့် ပုရောဟိတ်ပုဏ္ဏားကြီး
1,312,331
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အမ္ဘော ဒေဝတေ တွံ ရညော သန္တိကာ ကိံ နာမ န လဘသိ။
1,312,332
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၇၉။
1,312,333
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အမ္ဘော ဒေဝတေ = အို ပညောင်ပင် စောင့်နေတဲ့နတ်။
1,312,334
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရညော = ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းမြတ်၏။
1,312,335
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သန္တိကာ = အထံမှ။
1,312,336
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ နာမ = အဘယ်မည်သောအရာကို။
1,312,337
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န လဘသိ = မရရှိသည် ရှိပါသနည်း။
1,312,338
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အို ပညောင်ပင်စောင့်နေတဲ့နတ် ... သင် ပညောင်ပင်စောင့်နေတဲ့ နတ်သည် ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းကြီးထံမှ အဘယ်မည်သော အရာဝတ္ထုကို မရခဲ့ဖူးဘူးဆိုတာ ရှိရဲ့လား?
1,312,339
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရာဇာ တေ အနုသံဝစ္ဆရံ သဟဿံ ဝိဿဇ္ဇေတွာ ဗလိကမ္မံ ကရောတိ။
1,312,340
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်သည်။
1,312,341
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနုသံဝစ္ဆရံ = နှစ်စဉ်တို့ ကာလပတ်လုံး (ဝါ) နှစ်တိုင်း နှစ်တိုင်း။
1,312,342
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဟဿံ = တစ်ထောင်သော စည်းစိမ်ဥစ္စာတို့ကို။
1,312,343
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိဿဇ္ဇေတွာ = စွန့်လွှတ်၍။
1,312,344
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗလိကမ္မံ = ဗလိနတ်စာ ပူဇော်ခြင်းအမှုကို။
1,312,345
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကရောတိ = ပြုလုပ်၍နေပါ၏။
1,312,346
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းကြီးဟာ နှစ်စဉ် နှစ်တိုင်း တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ပြီးတော့ သင့်ကို ဗလိနတ်စာတွေ ကျွေးမွေးပူဇော်နေပါတယ်။
1,312,347
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီး ခုနက ဒီကျိုက်ဓာတ်သုတ်စေတီကုန်းတော်ပေါ်ကို တက်လာတုန်းက ဟိုနားမှာ ဘာလဲတော့ မသိဘူး။
1,312,348
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှေ့မှာ ကျောက်တုံးကြီး တစ်တုံး ချထားတာ တစ်ခုတော့ တွေ့လိုက်တယ်။
1,312,349
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သေသေချာချာတော့ ကြည့်လိုက်ပါတယ်။
1,312,350
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးမျက်စိက ကောင်းကောင်း မမြင်တော့ ဘာမှန်းမသိလိုက်ဘူး။
1,312,351
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝင်ပြီးတော့ ကျောက်တုံး မ,နေတဲ့ လူတွေလည်း ရှိလိမ့်မယ် ထင်ပါတယ်။
1,312,352
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီပုံစံမျိုးတော့ မဟုတ်ဘူး။
1,312,353
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗလိနတ်စာ ကျွေးတယ်ဆိုတာကတော့ ဒီလိုပါ။
1,312,354
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
-- ဘုန်းကြီးတို့ ရတနသုတ္တန်မှာလည်း မြတ်စွာဘုရား ဗလိနတ်စာ ကျွေးတဲ့ အကြောင်းကလေး ဟောကြားထားတော်မူပါတယ်။
1,312,355
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီမှာ ဗလိနတ်စာ (၅)မျိုးရှိတဲ့အနက်က ဒေဝတာဗလိဆိုတာကတော့ မိမိတို့ရဲ့ မြို့ရွာတွေ, ရပ်ရွာတွေ, မိမိတို့ကို လိုက်ပြီး စောင့်ရှောက်ပေးနေတဲ့ နတ်ကောင်း နတ်မြတ်တွေ ရှိကြပါတယ်။
1,312,356
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ နတ်ကောင်း နတ်မြတ်တွေကို ဘာလုပ်သလဲ? သွားပြီးတော့ ပူဇော်ပသတယ်။
1,312,357
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိတ်ကောင်း ဆွေကောင်းကဲ့သို့ သဘောထားပြီးတော့ သူတို့ကို ကျွေးမွေးတာပဲ။
1,312,358
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကျွေးမွေးတာကတော့ ကျွေးမွေးကောင်းပါတယ်။
1,312,359
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီနတ်တွေကို သွားပြီး ရှိခိုးခဲ့မယ်ဆိုလျှင်တော့ သရဏဂုံ ပျက်စီးသွားတယ်။
1,312,360
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိုးကွယ်အားထားရာအနေနဲ့ ရှိခိုးမယ်ဆိုလျှင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ဆိုပြီးတော့ ဒီလို မိမိတို့ ဆောက်တည်ထားတဲ့ သရဏဂုံက အလိုလို ပျက်စီးသွားပါတယ်။
1,312,361
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှိခိုးမှုတော့ မပြုကောင်းပါဘူး။
1,312,362
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိတ်ကောင်း ဆွေကောင်းတစ်ဦးကဲ့သို့ သဘောထားပြီး ကျွေးမွေးမယ်ဆိုလျှင်တော့ ကျွေးမွေးကောင်းပါတယ်။
1,312,363
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကျွေးမွေးတာကို ဗလိနတ်စာ ကျွေးတယ်လို့ ခေါ်ပါတယ်။
1,312,364
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ ဗလိနတ်စာ ကျွေးတယ်။
1,312,365
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပညောင်ပင်စောင့်နတ်ကို ဗလိနတ်စာ ကျွေးတဲ့ လုပ်ငန်းရပ်ကို ဧသုကာရီမင်းကြီးက ပြုလုပ်နေတယ်။
1,312,366
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဿ ပုတ္တံ န ဒေသိ။
1,312,367
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တဿ = ထိုဧသုကာရီဘုရင်မင်းမြတ်အား။
1,312,368
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တံ = သားရတနာကို။
1,312,369
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဒေသိ = မပေးပါ။
1,312,370
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ဗလိနတ်စာတွေကို တစ်နှစ် တစ်နှစ်မှာ တစ်ထောင် တစ်ထောင် အကုန်အကျခံပြီးတော့ ကျွေးမွေး လှူဒါန်းနေတဲ့ ငါတို့ရဲ့ ဧသုကာရီ ဘုရင်မင်းကြီးကိုတော့ သင်က သားရတနာ မပေးဘူး။
1,312,371
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတာယ ဒုဂ္ဂတိတ္ထိယာ တဝ ကော ဥပကာရော ကတော၊ (ဇာတက၊ဋ္ဌ၊၄၊၄၇၉။
1,312,372
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဧတာယ ဒုဂ္ဂတိတ္ထိယာ = ထိုဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးသည်။
1,312,373
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဝ = သင့်အား။
1,312,374
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကော ဥပကာရော = အဘယ်ကဲ့သို့သော ကျေးဇူးဥပကာရကို။
1,312,375
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကတော = ပြုလုပ်ဖူးပါသနည်း။
1,312,376
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အင်မတန် ဆင်းရဲနွမ်းပါးနေတဲ့ ဒီအမျိုးသမီးက သင့်ကို ဘယ်လို ကျေးဇူးတွေများ ပြုလုပ်ခဲ့ဖူးသလဲ?
1,312,377
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယေနဿာ သတ္တ ပုတ္တေ အဒါသိ။
1,312,378
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ယေန = အကြင် အကြောင်းတရားကြောင့်။
1,312,379
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဿာ = ထိုအမျိုးသမီး အား။
1,312,380
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တ ပုတ္တေ = (၇)ယောက်ကုန်သော သားတို့ကို။
1,312,381
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဒါသိ = ပေးလေ သနည်း။
1,312,382
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို ကျေးဇူးတွေ ပြုလုပ်ခဲ့ဖူးလို့ ဒီဆင်းရဲနွမ်းပါးနေတဲ့ အမျိုးသမီးအား သား (၇)ယောက်တောင် ပေးရတာလဲ?
1,312,383
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သစေ အမှာကံ ရညော ပုတ္တံ န ဒေသိ၊ ဣတော တံ သတ္တမေ ဒိဝသေ သမူလံ ဆိန္ဒာပေတွာ ခဏ္ဍာခဏ္ဍိကံ ကာရဿောမိ။
1,312,384
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သစေ = အကယ်၍။
1,312,385
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရညော = ဧသုကာရီဘုရင် မင်းမြတ်အား။
1,312,386
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဒေသိ = မပေးခဲ့သည်ဖြစ်အံ့။
1,312,387
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝံ သတိ = ဤသို့ မပေးခဲ့သည်ရှိသော်။
1,312,388
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တံ = သင့်ကို (ဝါ) သင်ပညောင်ပင်ကို။
1,312,389
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တမေ ဒိဝသေ = (၇)ရက်မြောက်သော နေ့၌။
1,312,390
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သမူလံ = အမြစ်ရင်းနှင့်တကွ။
1,312,391
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆိန္ဒာပေတွာ = ဖြတ်တောက်စေ၍။
1,312,392
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခဏ္ဍာခဏ္ဍိကံ = အပိုင်းပိုင်း အပြတ်ပြတ်။
1,312,393
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာရဿောမိ = ပြုလုပ်စေပေအံ့။
1,312,394
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ ဒီနေ့ကနေ စပြီးတော့ (၇)ရက်မြောက်သောနေ့တိုင်အောင် ငါတို့ရဲ့ ဧသုကာရီဘုရင်ကြီးအား သားရတနာ မပေးခဲ့ဘူးဆိုလျှင်တော့ အမြစ်ပါမကျန် အကုန်လုံး အပိုင်းပိုင်း အပြတ်ပြတ် ဖြတ်တောက်ပစ်မယ် ဆိုပြီးတော့ ဒီပညောင်ပင်စောင့်နတ်ကို သွားပြီး သူက ကြိမ်းဝါးတယ်။
1,312,395
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပညောင်ပင်စောင့်နတ်ကို ပထမရက်မှာ ကြိမ်းဝါးပြီးတော့ ပြန်သွားတယ်။
1,312,396
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်နေ့ကျတော့လည်း လာပြီး ကြိမ်းဝါးပြန်တယ်။
1,312,397
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပုံစံတူနဲ့ (၆)ရက်တိုင်တိုင် လာပြီး ကြိမ်းဝါးတယ်။
1,312,398
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၆)ရက်တိုင်တိုင် ပုံစံတူ ကြိမ်းဝါးပြီးတဲ့ အချိန်အခါမှာ ဘာဆက်ပြီး ကြိမ်းဝါးပြန်သလဲ?
1,312,399
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုက္ခဒေဝတေ အဇ္ဇေကရတ္တိမတ္တကမေဝ သေသံ၊ သစေ မေ ရညော ပုတ္တံ န ဒေသိ၊ သွေ တံ နိဋ္ဌာပေဿာမိ။
1,312,400
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ရုက္ခဒေဝတေ = သစ်ပင်စောင့်နတ်။