id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,401
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဇ္ဇေကရတ္တိမတ္တကမေဝ = ဤ တစ်နေ့တစ်ညဉ့်မျှသာလျှင်။
1,312,402
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သေသံ = ကြွင်းကျန်ပေတော့၏။
1,312,403
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေ = ငါ၏။ ရညော = မင်းမြတ်အား။
1,312,404
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွေ = မနက်ဖြန်၌။
1,312,405
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဋ္ဌာပေဿာမိ = ပြီးဆုံးစေအံ့။
1,312,406
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကဲ ပညောင်ပင်စောင့်နေတဲ့နတ် ... ဒီနေ့တစ်ညပဲ ကျန်တော့တယ်။
1,312,407
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ သင်သည် ငါတို့ရဲ့ ဧသုကာရီဘုရင်မင်းမြတ်အား သားရတနာကို မပေးခဲ့ဘူးဆိုလျှင်တော့ မနက်ဖြန်ခါ သင့်ကို အဆုံးသတ်တော့မယ်။
1,312,408
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို လာပြီးတော့ ကြိမ်းဝါးသွားတယ်။
1,312,409
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကြိမ်းဝါးသွားတဲ့ အချိန်အခါကျတော့ ပညောင်ပင်စောင့်နတ်လည်း တော်တော်ကလေး စဉ်းစားခန်း ဝင်ရတယ်။
1,312,410
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီပုဏ္ဏားကတော့ ဒီ အမျိုးသမီးပြောတာကို တကယ် ယုံကြည်ပြီးတော့ ငါ့ရဲ့ ဘုံဗိမာန်ကို လာပြီး ဖျက်ဆီးတော့မှာပဲ။
1,312,411
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါ ဘယ်လိုလုပ်ရမလဲ? သူက ဒီလို စဉ်းစားပြီးတော့ စာတုမဟာရာဇ်နတ်မင်းကြီး (၄)ပါးထံ သွားတယ်။
1,312,412
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စာတုမဟာရာဇ်နတ်မင်းကြီး (၄)ပါးထံ အကျိုးအကြောင်း တင်ပြလျှောက်ထားတော့လည်း စာတုမဟာရာဇ်နတ်မင်းကြီးတွေက သားရတနာ မပေးနိုင် ဖြစ်နေကြတယ်။
1,312,413
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်သား လေးဦး
1,312,414
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နှစ်ကျိပ်ရှစ်ဦးသော နတ်စစ်သူကြီးတွေထံ သွားတောင်းပန်တော့လည်း နတ်စစ်သူကြီးများကလည်း သားရတနာ မပေးနိုင် ဖြစ်နေကြတယ်။
1,312,415
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါနဲ့ သိကြားမင်းကြီးထံ သွားပြီး တောင်းပန်တယ်။
1,312,416
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တောင်းပန်လိုက်တဲ့ အချိန်အခါမှာ သိကြားမင်းကြီးက နတ်ပြည် နတ်လောကကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ နတ်သား (၄)ဦးကို သွားတွေ့တယ်။
1,312,417
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနတ်သား (၄)ဦးက ဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတော့ လူ့ဘဝနေစဉ်အခါတုန်းက ရက်ကန်းသည်တွေ ဖြစ်ခဲ့ကြတယ်။
1,312,418
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရက်ကန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုစု ပျိုးထောင်တဲ့နေရာမှာ မိတ်ဆွေ (၄)ဦးတို့က စုပေါင်းညီညာပြီးတော့ ပြုလုပ်တဲ့ အတွက် ရရှိတဲ့ စည်းစိမ်ဥစ္စာတွေကို (၅)ပုံ ပုံကြတယ်။
1,312,419
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၅)ပုံ ပုံပြီးတော့ (၄)ပုံကို တစ်ယောက် တစ်ပုံစီ ယူပြီးတော့ ကျန်တဲ့ (၅)ပုံမြောက်ဖြစ်တဲ့ အပုံကိုတော့ ညီတူညာတူ စိတ်တူသဘောတူ ကောင်းမှုကုသိုလ် ပြုခဲ့ကြတယ်။
1,312,420
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကောင်းမှုကုသိုလ် ပြုပြီးတော့ ဘဝကို အဆုံးသတ်သွားတဲ့ အချိန်အခါမှာ ဒီနတ်သားတွေက နတ်ပြည် (၆)ထပ်မှာ စုန်တစ်ခါ ဆန်တစ်ခါနဲ့ ကျင်လည်နေကြတယ်။
1,312,421
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီတစ်ပတ် အလှည့်အကြိမ်မှာတော့ သူတို့က တာဝတိံသာနတ်ပြည်ကနေ ယာမာနတ်ပြည်သို့ တက်မယ့်အလှည့် ဖြစ်နေတယ်။
1,312,422
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနတ်သားတွေကလည်း နတ်သက်ကြွေတော့မယ်။
1,312,423
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်သက် ကြွေခါနီးမှာ တာဝတိံသာနတ်ပြည်ကနေ ယာမာနတ်ပြည် သွားအံ့ဆဲဆဲ ဖြစ်နေတဲ့ အချိန်ကလေးမှာ သိကြားမင်းကြီးကလည်း ဒီနတ်သားတွေထံ သွားပြီးတော့ တောင်းပန်တယ်။
1,312,424
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်သား (၄) ဦးတို့၏ မွန်မြတ်သော ဦးတည်ချက်
1,312,425
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အမောင် နတ်သားတို့ ... ယာမာနတ်ပြည်သို့ မသွားဘဲ လူ့ပြည်သို့ သွားဖို့အကြောင်း သွားပြီးတော့ တောင်းပန်တဲ့ အချိန်အခါမှာ နတ်သားတွေကလည်း သဘောတူလိုက်ကြပါတယ်။
1,312,426
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် နတ်သားတွေက ဘယ်လို ပြောလိုက်သလဲဆိုတော့ လူ့ပြည် လူ့လောကကိုတော့ သွားမယ်။
1,312,427
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် မင်းမျိုးမှာတော့ လူမဖြစ်လိုကြဘူး၊ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ အိမ်မှာပဲ လူဖြစ်ကြမယ်။
1,312,428
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော် ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်အခါမှာပဲ စည်းစိမ်ဥစ္စာတွေကို အကုန်စွန့်ကာ တောထွက်ပြီး ရှင်ရဟန်းပြုကြမယ်။
1,312,429
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူ့ပြည် လူ့လောက လူတောထဲမှာတော့ မနေလိုကြဘူး။
1,312,430
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူ့ပြည် လူ့လောက ရောက်သွားလို့ အချိန်တန် အရွယ်ရောက်ပြီဆိုလျှင်တော့ တောထွက်ကြမှာပဲ။
1,312,431
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုတော့ သိကြားမင်းကို ပြောပြလိုက်တယ်။
1,312,432
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကဲ တောထွက်ချင်လည်း ထွက်ကြပါ၊ မထွက်ချင်လည်း နေပါစေ။
1,312,433
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူ့ပြည်ကို ဆင်းမယ်ဆိုလျှင်တော့ တော်ပြီဆိုပြီး သိကြားမင်းကြီးကလည်း သဘောတူ လက်ခံလိုက်ပါတယ်။
1,312,434
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီဘုရင်မင်းကြီးမှာ သားရတနာမရှိ ဖြစ်နေတဲ့အတွက် ဧသုကာရီဘုရင်မင်းကြီးထံ ဆင်းပြီးတော့ လူဖြစ်ဖို့ရန်အတွက် သိကြားမင်းက တောင်းပန်ခြင်း ဖြစ်တယ်။
1,312,435
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်သားတွေဘက်ကလည်း မင်းမျိုးဆိုတာက တောထွက်ဖို့ရန်အတွက် အင်မတန် အခက်အခဲတွေ ရှိနိုင်တယ်လို့ မြင်ကြတယ်။
1,312,436
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် မင်းမျိုးမှာတော့ ပဋိသန္ဓေ မတည်နေလိုဘူး။
1,312,437
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုဏ္ဏားမျိုး ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ရဲ့ထံမှာပဲ ပဋိသန္ဓေ တည်နေပါရစေဆိုပြီးတော့ သိကြားမင်းထံ ကတိတောင်းနေခြင်း ဖြစ်ကြပါတယ်။
1,312,438
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို နတ်သားတွေရဲ့ သဘောတူညီချက်ရရှိတဲ့ အချိန်အခါမှာ ခုနက ပညောင်ပင်စောင့်နတ်ကို အကျိုးအကြောင်း ပြောပြလိုက်တော့ ပညောင်ပင်စောင့်နတ်ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ပြန်လာတယ်။
1,312,439
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူ့ပြည်ရောက်တော့ (၇)ရက်မြောက်တဲ့နေ့ ဖြစ်နေပြီ။
1,312,440
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ (၇)ရက်မြောက်တဲ့နေ့ ရောက်တော့ ပုရောဟိတ်ပုဏ္ဏားကြီးက လူတွေ စုပြီးတော့ ပေါက်တူးတွေ, တူရွင်းတွေ, ဓားတွေ အကုန်လုံး ကိုင်ပြီးတဲ့ အချိန်အခါမှာ ဒီပညောင်ပင်စောင့်နတ်ကို သွားပြီး ဘယ်လိုပြောသလဲ?
1,312,441
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုရောဟိတ်ပုဏ္ဏားကြီးနှင့် ပညောင်ပင်စောင့်နတ်တို့၏ သဘောတူညီချက်
1,312,442
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အမ္ဘော ဒေဝတေ အဇ္ဇ မယှံ တံ ယာစန္တဿ သတ္တမော ဒိဝသော၊ ဣဒါနိ တေ နိဋ္ဌာနကာလော။
1,312,443
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၀။
1,312,444
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အမ္ဘော ဒေဝတေ = အို ပညောင်ပင်စောင့်နတ်။
1,312,445
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယာစန္တဿ = သားရတနာတောင်း၍နေသော။
1,312,446
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မယှံ =ငါ့အဖို့။
1,312,447
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တမော ဒိဝသော = (၇)ရက်မြောက်သောနေ့သည်။
1,312,448
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟောသိ = ဖြစ်ခဲ့ လေပြီ။
1,312,449
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဋ္ဌာနကာလော = အပြီးအဆုံးသို့ရောက်အောင် ပြုလုပ်ရမယ့် အချိန်အခါကာလပါပေတည်း။
1,312,450
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင့်ထံမှာ သားရတနာ တောင်းနေတာ ဒီနေ့ဆိုလျှင် (၇)ရက်စေ့သွားပြီ။
1,312,451
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယခုအချိန်အခါကတော့ သင့်ကို အဆုံးသတ်ရမယ့်အချိန်သို့ ရောက်နေပြီ ဆိုပြီးတော့ ပြောလိုက်တယ်။
1,312,452
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ပညောင်ပင်စောင့်နတ်ကလည်း ပညောင်ပင် ခွကြားကနေ ကိုယ်ထင်ရှား ပြပြီးတော့ ပုရောဟိတ်ပုဏ္ဏားကြီးကို ပြန်ပြောတယ်။
1,312,453
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို ပြန်ပြောသလဲ?
1,312,454
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗြာဟ္မဏ တိဋ္ဌတု ဧကော ပုတ္တော၊ စတ္တာရော တေ ပုတ္တေ ဒဿာမိ။
1,312,455
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဗြာဟ္မဏ = ပုရောဟိတ်ပုဏ္ဏား။
1,312,456
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧကော ပုတ္တော = သားတစ်ယောက်ကို။
1,312,457
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိဋ္ဌတု = ထားလိုက်ပါဦး။
1,312,458
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တေ = သင်ပုဏ္ဏားအား။
1,312,459
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စတ္တာရော ပုတ္တေ = သား (၄)ယောက်တို့ကို။
1,312,460
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဿာမိ = ငါပေးပါအံ့။
1,312,461
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတစ်ယောက်တွင် မကဘူး။
1,312,462
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင့်ကို သား (၄)ယောက်ပေးမယ် ဆိုပြီးတော့ ပြောလိုက်တယ်။
1,312,463
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တယာ စ လဒ္ဓမတ္တာဝ ဘဝိဿန္တိ၊ အဂါရေ ပန အဋ္ဌတွာ ဒဟရကာလေယေဝ ပဗ္ဗဇိဿန္တိ။
1,312,464
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တယာ စ = အသင် ပုဏ္ဏားကြီးသည်လည်းပဲ။
1,312,465
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လဒ္ဓမတ္တာဝ = သားရရုံမျှသာလျှင်။
1,312,466
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဝိဿန္တိ = ဖြစ်ကြပေကုန်လိမ့်မယ်။
1,312,467
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဂါရေ ပန = အိမ်ရာ တည်ထောင် လူ့ဘောင်၌ကား။
1,312,468
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဋ္ဌတွာ = မတည်ကြကုန်မူ၍။
1,312,469
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဟရကာလေယေဝ = ငယ်ရွယ်နုနယ်တဲ့ အချိန်အခါကာလ၌ပင်လျှင်။
1,312,470
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿန္တိ = ရှင်ရဟန်းပြုကြပေကုန်လတ္တံ့။
1,312,471
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အသင် ပုဏ္ဏားကြီးအား သားရတနာ ရရှိမှာကတော့ သေချာပါတယ်။
1,312,472
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့်လို့ ဒီသားရတနာတွေကို သင် ရရုံမျှသာ ရှိပေလိမ့်မယ်။
1,312,473
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားရတနာတွေက အိမ်ရာတည်ထောင် လူ့တို့ဘောင်မှာ ရပ်တည်မနေကြဘဲ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလမှာပဲ ရသေ့ရဟန်း ပြုကြလိမ့်မယ် ဆိုပြီးတော့ ဒီလို ပြောလိုက်တယ်။
1,312,474
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?
1,312,475
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တွံ မေ ကေဝလံ ပုတ္တေ ဒေဟိ၊ အပဗ္ဗဇနကာရဏံ ပန အမှာကံ ဘာရော။
1,312,476
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သင်က တို့ကို သားပေးမယ်ဆိုလျှင်တော့ ပေးပါ၊ ဒီသားရတနာတွေရဲ့ ရှင်ရဟန်း မပြုအောင် ပြုလုပ်ဖို့ရန် အကြောင်းဥပါယ်တွေကို ပြုလုပ်ဖို့ရန်ကတော့ တို့ရဲ့တာဝန်ထားပါ။
1,312,477
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော် ငါ့ကို သား (၄)ယောက် မပေးဘဲ၊ ငါတို့ရဲ့ ရှင်ဘုရင် ဧသုကာရီဘုရင်မင်းကြီးကိုသာ ဒီသား (၄)ယောက် ပေးပါ ဆိုပြီး တောင်းပြန်တယ်။
1,312,478
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီဘုရင်မင်းမြတ်ကိုတော့ သား (၄)ဦး မပေးနိုင်ဘူး။
1,312,479
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင့်ကိုပဲ ပေးမယ်။
1,312,480
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုဆိုလျှင် ဧသုကာရီဘုရင်မင်းမြတ်ကို (၂)ယောက်, ငါ့ကို (၂)ယောက် ပေးပါ။
1,312,481
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါလည်း မပေးနိုင်ဘူး။
1,312,482
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင့်ကိုပဲ (၄)ယောက်လုံး ပေးမယ်။
1,312,483
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကဲ ဒီလိုဆိုလျှင် ပေးချင်လည်း ပေးပေတော့။
1,312,484
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီသားရတနာတွေရဲ့ ရှင်ရဟန်း မပြုဖို့ရန် အကြောင်းတရားတွေကို ပြုလုပ်ဖို့ရန် တာဝန်ကတော့ တို့ရဲ့ တာဝန်ထားလိုက်ပါဆိုပြီး ဒီလို ပြန်ပြောလိုက်တယ်။
1,312,485
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်သား လေးဦးတို့ လူ့ပြည်၌ ပဋိသန္ဓေ ယူကြပြီ
1,312,486
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ ကိစ္စချောမောသွားပြီဆိုကြစို့။
1,312,487
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိစ္စချောမောသွားပြီးတဲ့ အချိန်အခါမှာ မကြာမီကာလအတွင်းမှာပဲ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဖြစ်တဲ့ နတ်သားဆိုကြစို့။
1,312,488
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားအလောင်းတော် နတ်သားက နတ်သက်ကြွေပြီးတော့ ပုရောဟိတ် ပုဏ္ဏားကြီးရဲ့ ကြင်ယာဖြစ်တဲ့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေပါတယ်။
1,312,489
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားအလောင်းတော် မွေးဖွားလာတဲ့ အချိန်အခါမှာ ဟတ္ထိပါလ (= ဆင်ထိန်း = ဆင်ကျောင်းသား)ဆိုပြီးတော့ နာမည်တပ်ကြတယ်။
1,312,490
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နာမည်တပ်ပြီးတော့ အဲဒီ ဆင်ထိန်းတွေထံ ပို့လိုက်တယ်။
1,312,491
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိတ်ဓာတ်တွေ ပြောင်းလဲသွားအောင် ငယ်ရွယ်စဉ်အခါကတည်းက စိတ်ဓာတ်တွေကို ပြုပြင် ပြောင်းလဲပေးတဲ့ သဘောပဲ။
1,312,492
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆင်ထိန်းတွေထံ ပို့ပြီးတော့ စိတ်ဓာတ်တွေ ကြမ်းတမ်းသွားအောင် သူတို့က ပြုပြင် ဆုံးမပေးဖို့ရန် မှာကြားထားကြတယ်။
1,312,493
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဟတ္ထိပါလသတို့သား ခြေဖြင့်သွားနိုင်တဲ့ အရွယ်လောက်ရောက်တဲ့ အချိန်အခါမှာ နောက်ထပ် နတ်သားတစ်ဦး စုတေပြီးတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ တည်နေပြန်တယ်။
1,312,494
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မွေးဖွားလာတဲ့ အချိန်အခါကျတော့ အဿပါလ (= မြင်းထိန်း = မြင်းကျောင်းသား)ဆိုပြီး နာမည်ပေး ကြတယ်။
1,312,495
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နာမည်ပေးပြီးတော့ မြင်းထိန်းတွေရဲ့ အထံကို ပို့ဆောင်ပေးထားကြတယ်။
1,312,496
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အဿပါလသတို့သား ခြေထောက်နဲ့ သွားနိုင်တဲ့ အရွယ်ရောက်တဲ့ အချိန်အခါ နောက်ထပ် နတ်သားတစ်ဦး စုတေပြီးတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ ယူပြန်တယ်။
1,312,497
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မွေးဖွားလာတဲ့ အချိန်အခါကျတော့ ဂေါပါလ (= နွားထိန်း = နွားကျောင်းသား)ဆိုတဲ့ နာမည်ကလေး ပေးထားကြတယ်။
1,312,498
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂေါပါလဆိုတဲ့ နာမည်တပ်ပြီးတော့ ဘယ်ကို ပို့လိုက်သလဲ ဆိုလျှင် အဲဒီ နွားထိန်းတဲ့ နွားကျောင်းသားတွေထံကို ပို့အပ်လိုက်တယ်။
1,312,499
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို နွားထိန်းတဲ့ နွားကျောင်းသားတွေထံ ပို့အပ်ပြီးတဲ့နောက် ဂေါပါလ သတို့သား ခြေဖြင့် လျှောက်နိုင်တဲ့ အချိန်လောက်ဆိုကြစို့။
1,312,500
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအခါမှာ နောက်ထပ် နတ်သားတစ်ဦးက တာဝတိံသာနတ်ပြည်ကနေ စုတေသွားပြန်တယ်။