id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,312,501 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စုတေပြီးတဲ့ အချိန်အခါကျတော့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာပဲ ပဋိသန္ဓေ ယူပြန်တယ်။ |
1,312,502 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မွေးဖွားလာတဲ့ အချိန်အခါမှာ ထိုသားရတနာကို အဇပါလ (= ဆိတ်ထိန်း = ဆိတ်ကျောင်းသား)ဆိုပြီးတော့ နာမည်ပေးကြတယ်။ |
1,312,503 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နာမည်ပေးပြီးတော့ အဲဒီ အဇပါလသတို့သားကလေးကို ဆိတ်ကျောင်းသားတွေထံမှာ အပ်နှံထားလိုက်တယ်။ |
1,312,504 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အားလုံး စိတ်ဓာတ်တွေကို ကြမ်းတမ်းသွားအောင် ပြုပြင်ပြောင်းလဲပေးဖို့ရန်အတွက်လည်း တာဝန်ပေးထားကြတယ်။ |
1,312,505 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သားရတနာတွေကို အသီးအသီး အပ်နှံပြီး တာဝန်ပေးထားတဲ့ အချိန်မှာ ဒီသားရတနာတွေ အချိန်တန် အရွယ်ရောက်လာလို့ ရသေ့ရဟန်းတွေကို ဖူးမြင်ရလျှင် ရသေ့ရဟန်း ပြုသွားမှာစိုးတဲ့အတွက်ကြောင့် ဘာလုပ် ထားကြသလဲ? |
1,312,506 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထိပါလသတို့သား တောထွက်တော်မူခန်း |
1,312,507 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ တိုင်ပင် ဆွေးနွေးခန်း |
1,312,508 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့ရဟန်းတွေကို ဖူးမြင်ရလျှင် ရသေ့ရဟန်း ပြုသွားမှာ ကြောက်ရွံ့တဲ့အတွက်ကြောင့် ကာသိတိုင်း တစ်တိုင်းလုံးမှာ ရှိနေတဲ့ ရသေ့ရဟန်းတွေကို နှင်ထုတ်ထားကြတယ်။ |
1,312,509 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို နှင်ထုတ်ထားရာကနေ ဟတ္ထိပါလသတို့သားကလေးလည်း (၁၆)နှစ်ခန့်အရွယ် ရောက်လာပြီဆိုကြစို့။ |
1,312,510 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ နှစ်ဦး တိုင်ပင်ကြတယ်။ |
1,312,511 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို တိုင်ပင်ကြသလဲ? ဟတ္ထိပါလသတို့သားတော့ တင့်တယ်တဲ့အရွယ်ဖြစ်တဲ့ (၁၆)နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်တယ်။ |
1,312,512 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထီးနန်းအပ်ဖို့ရန်အတွက်လည်း အချိန်အခါ သင့်တော်နေပြီ ဖြစ်တယ်။ |
1,312,513 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော်လည်း ဖြုန်းခနဲ ထီးနန်းကို အပ်လိုက်မယ်ဆိုလျှင်တော့ သူတို့ဟာ အင်မတန် တိုင်းပြည်ကို အစိုးရတဲ့ အလွန် တန်ခိုးအာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားပေလိမ့်မယ်။ |
1,312,514 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီအချိန်အခါမှာ သူတို့ရဲ့ အာဏာဖြင့် ရသေ့ရဟန်းတွေကို သူတို့က လက်ခံခိုင်းလို့ ကာသိတိုင်းထဲသို့ ရသေ့ရဟန်းတွေ ဝင်ရောက်လာတဲ့ အချိန်အခါမှာ ရသေ့ရဟန်းတွေကို ဖူးမြင်လိုက်ရလို့ သူတို့ တောထွက်သွားကြမယ်ဆိုလျှင်တော့ ကာသိတိုင်းကြီး တစ်တိုင်းလုံး ချောက်ချားသွားပေလိမ့်မယ်။ |
1,312,515 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဟတ္ထိပါလသတို့သားမှာ ရသေ့ ရဟန်း ပြုလိုတဲ့စိတ်ထား ရှိ,မရှိ သိရအောင် အရင် စုံစမ်းပြီးတော့မှ တို့ အဘိသိက်ခံပေးရလျှင်တော့ ပိုကောင်းမယ်လို့ ဒီလို တိုင်ပင်ကြတယ်။ |
1,312,516 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို တိုင်ပင်ပြီးတော့ ပုရောဟိတ်ပုဏ္ဏားကြီးနှင့် ဧသုကာရီဘုရင်မင်းကြီးတို့က ဘာလုပ်ကြသလဲ? သူတို့ကိုယ်တိုင် ရသေ့ရဟန်းအဝတ်တွေ ဝတ်ရုံလိုက်ကြတယ်။ |
1,312,517 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့ရဟန်းတို့ရဲ့ ပရိက္ခရာတွေ ထမ်းပြီးတော့ ဟတ္ထိပါလသတို့သားရှိတဲ့ ဆင်ထိန်းတို့နေရာကို သွားကြတယ်။ |
1,312,518 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သွားလိုက်တဲ့ အချိန်အခါမှာ ဟတ္ထိပါလသတို့သားကလေးက ရသေ့ရဟန်း နှစ်ပါး ကြွလာတာကို တွေ့မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဘယ်လို လျှောက်ထားသလဲ? |
1,312,519 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထိပါလသတို့သားနှင့် တွေ့ဆုံခန်း |
1,312,520 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိရဿံ ဝတ ပဿာမ၊ ဗြာဟ္မဏံ ဒေဝဝဏ္ဏိနံ။ |
1,312,521 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာဇဋံ ခါရိဓရံ၊ ပင်္ကဒန္တံ ရဇဿိရံ။ |
1,312,522 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၈၁။ |
1,312,523 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဘန္တေ = အို ရှင်ရသေ့တို့။ |
1,312,524 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗြာဟ္မဏံ = မကောင်းမှုတို့ကို မျှောတော်မူတတ်ထသော။ |
1,312,525 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေဝဝဏ္ဏိနံ = အထူးသဖြင့် ချီးမွမ်းအပ်သော အကျင့်မြတ်ဟူသော ဂုဏ်လည်း ရှိတော်မူတတ်ထသော။ |
1,312,526 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာဇဋံ = မြတ်သော ဆံကျစ်လည်း ရှိတော်မူတတ်ထသော။ |
1,312,527 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခါရိဓရံ = ဆိုင်းထမ်းပိုးတည်းဟူသော ဝန်ကိုလည်း ဆောင်တော်မူတတ်ထသော။ |
1,312,528 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင်္ကဒန္တံ = အညစ်အကြေး ငြိကပ်သော သွားလည်း ရှိတော်မူထသော။ |
1,312,529 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရဇဿိရံ = မြူအလိမ်းလိမ်းကပ်သော ဦးခေါင်းလည်း ရှိတော်မူတတ်ထသော။ |
1,312,530 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တွံ = ရှင်ရသေ့ကို။ |
1,312,531 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိရဿံ = အလွန် ကြာမြင့်မှ။ |
1,312,532 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဿာမ ဝတ = ဖူးမြင်ကြရပါကုန်စွတကား။ |
1,312,533 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ချီးမွမ်းထိုက်တဲ့ ဂုဏ်တွေရှိသလဲ? ဃောရတပ = ရသေ့တို့ရဲ့ ကျင့်ဝတ်တွေကို အပြင်းအထန် ကျင့်ကြတယ်။ |
1,312,534 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရမတိက္ခိန္ဒြိယ = လွန်ကဲ မြင့်မြတ် အထက်တန်းကျတဲ့ ဣန္ဒြေစောင့်စည်းမှုလည်း ရှိကြတယ်။ |
1,312,535 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့တွေကို ကြည့်လိုက်မယ်ဆိုလျှင် ဣန္ဒြေသိက္ခာရှိပြီး သိပ်ပြီးတော့ တည်ငြိမ် နေကြတယ်။ |
1,312,536 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လောဘ-ဒေါသ-မောဟစတဲ့ ကိလေသာမြေခွေးအိုတွေ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံးဆိုတဲ့ ဒွါရခြောက်ပါး (= တံခါးကြီး ခြောက်ပေါက်)မှ ဝင်ရောက်မလာအောင် မိမိတို့ရဲ့ ကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကလေးကို သွတ်သွင်းထားနိုင်တဲ့အတွက် ငြိမ်သက် တည်ကြည် အေးမြ ကြည်လင်နေတဲ့ ဣန္ဒြေသိက္ခာတွေလည်း ရှိနေတယ်။ |
1,312,537 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဂုဏ်ပုဒ်တွေက ချီးမွမ်းထိုက်တဲ့ အကျင့်မြတ်တွေ ဖြစ်ကြတယ်။ |
1,312,538 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု -- ဆံကျစ်ဆိုတာကတော့ ရှေးတုန်းက ရသေ့တွေက ဆံကျစ်ထုံးတဲ့ အလေ့အထ ရှိကြတယ်။ |
1,312,539 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆံပင်ကို အရှည်ထားပြီးတော့ ထုံးဖွဲ့ ထားကြတယ်။ |
1,312,540 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် များသောအားဖြင့်တော့ ဘီးနဲ့ ဖီးတဲ့အလုပ်မျိုးတော့ လုပ်ပုံမရဘူး။ |
1,312,541 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မလုပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ ဆံပင်တွေဟာ ရှုပ်ထွေးပြီးတော့ ဗျစ်ခဲကြီး ဖြစ်နေတယ်။ |
1,312,542 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? ရှေးခေတ်က ရသေ့တွေရဲ့ ဓလေ့က များသောအားဖြင့် ခန္ဓာကိုယ်ကို ဥပေက္ခာပါရမီ ခပ်များများ ထားတဲ့သဘော ရှိပါတယ်။ |
1,312,543 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဥပေက္ခာပါရမီ ခပ်များများ ထားတဲ့အတွက် ဆံပင်ကို အထူးသဖြင့် သန့်ရှင်းအောင်ဆိုပြီးတော့ ဖီးခြင်း, လိမ်းခြင်း စသည် မပြုလုပ်ကြဘူး။ |
1,312,544 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ဖီးလိမ်းပြင်ဆင်မှု မလုပ်ခြင်းသည်ပင် ရသေ့ရဟန်းတို့ရဲ့ ဂုဏ်ကျေးဇူး, ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။ |
1,312,545 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု -- ရှေးယခင်တုန်းက ရသေ့တွေဟာ ရသေ့ပရိက္ခရာကလေးတွေကို ဆိုင်းထမ်းပိုးကလေးနဲ့ ထမ်းပြီးတော့ လှည့်လည် သွားလာ ကြတယ်။ |
1,312,546 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အလေ့အထကလေးကလည်း ရသေ့ရဟန်းတို့ရဲ့ ဂုဏ်ကျေးဇူး, ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။ |
1,312,547 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု -- ပင်္ကဒန္တံဆိုတဲ့ စကားလုံးကလေးဟာ ဇာတ်တော်တွေ, နိပါတ်တော်တွေကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုလျှင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။ |
1,312,548 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့ တော်တော်ခပ်များများက သွားတွေကို ပြုပြင်တဲ့ အလေ့အထ ရှိပုံ မရဘူး။ |
1,312,549 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် သူတို့ရဲ့ သွားတွေကို ကြည့်လိုက်မယ်ဆိုလျှင် အညစ်အကြေးတွေ အလွန် ကပ်ငြိ လိမ်းကျံနေတယ်။ |
1,312,550 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အညစ်အကြေးတွေ ကပ်ငြိ လိမ်းကျံနေခြင်းသည်ပင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်တယ်။ |
1,312,551 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့် ဒီလို ထားရသလဲလို့ မေးလျှင်တော့ မိမိရဲ့ ခန္ဓာအိမ်ကို တသသ ပြုလုပ်နေတဲ့ လုပ်ငန်းကိစ္စကို သူတော်ကောင်းများက အလွန် စက်ဆုပ်ရွံရှာတော်မူကြပါတယ်။ |
1,312,552 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အတတ်နိုင်ဆုံး မိမိတို့ရဲ့ ခန္ဓာအိမ်ကို ဥပေက္ခာအရာမှာ ထားပြီးတော့ တရားဘာဝနာကိုသာ တစ်ဖက်သတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ အလေ့အထ ရှိကြပါတယ်။ |
1,312,553 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အလေ့အထ ရှိခြင်းကြောင့်လည်း ဒီ ပင်္ကဒန္တံဆိုတဲ့ ပုဒ်ကလေးအရ အညစ်အကြေးတွေ လူးလဲပေကျံပြီး ငြိကပ်နေတဲ့ သွားရှိခြင်းသည်ပင် ရသေ့တို့ရဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေတယ်။ |
1,312,554 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခုက ရသေ့တွေရဲ့ ဦးခေါင်းတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း မြူတွေ အလိမ်းလိမ်း အထပ်ထပ် ကပ်နေတယ်။ |
1,312,555 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မြူမှုန်တွေ ကပ်နေတာကိုပဲ ရသေ့တွေအဖို့တော့ ဂုဏ်ပုဒ်တစ်ခု ဖြစ်နေပါတယ်။ |
1,312,556 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? မိမိခန္ဓာအိမ်ကို ဥပေက္ခာပါရမီအရာ ထားပြီးတော့ ဖြည့်ကျင့် နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ |
1,312,557 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဂုဏ်ပုဒ်တွေကို ဟတ္ထိပါလ သတို့သားက ထုတ်ဖော်ပြီးတော့ ချီးမွမ်းနေခြင်း ဖြစ်ပါတယ်။ |
1,312,558 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ရသေ့တွေကို ဖူးမြင်လိုက်ရတော့ ဟတ္ထိပါလသတို့သား သန္တာန်မှာ သိပ်ပြီး ဝမ်းသာသွားတယ်။ |
1,312,559 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? အတိတ်က ဖြည့်ကျင့်ထားခဲ့တဲ့ ပါရမီ အရှိန်အဝါတွေက ဘွားခနဲ လှုံ့ဆော်ပေးလိုက်တဲ့အတွက်ကြောင့် ရသေ့တွေကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ အင်မတန် ကြည်နူးသွားတယ်။ |
1,312,560 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ပါရမီဆိုတာ မဖြည့်သင့်ဘူးလား? အလွန် ဖြည့်ကျင့်သင့်ပါတယ်။ |
1,312,561 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကဲ နောက်တစ်ခု နံပါတ် (၂) ဂါထာကို ဆက်ကြရအောင် --- |
1,312,562 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိရဿံ ဝတ ပဿာမ၊ ဣသိံ ဓမ္မဂုဏေ ရတံ။ |
1,312,563 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣသိံ = သီလ-သမာဓိ-ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို ဆည်းပူးရှာမှီးတော်မူလျက် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရပ်တည်တော်မူတတ်ထသော။ |
1,312,564 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဓမ္မဂုဏေ = သုစရိုက်တရား သုံးပါးတည်းဟူသော တရားဂုဏ်ကျေးဇူး၌။ |
1,312,565 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရတံ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူတတ်ထသော။ |
1,312,566 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာသာယဝတ္ထဝသနံ = ဖန်ရည်စွန်းသော အဝတ်ကိုလည်း ဝတ်ဆင်တော်မူတတ်ထသော။ |
1,312,567 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါကစီရံ = လျှော်တေသင်္ကန်းကိုလည်းပဲ။ |
1,312,568 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဋိစ္ဆဒံ = ဖုံးလွှမ်းထားတော်မူတတ်ထသော။ |
1,312,569 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဿာမ ဝတ = ဖူးမြင်ကြရကုန်စွတကား။ |
1,312,570 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သီလ-သမာဓိ-ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဆည်းပူးရှာမှီးကာ ယင်းသိက္ခာသုံးရပ် အကျင့်မြတ်၌ ရပ်တည်တော်မူနေတဲ့ သူတော်ကောင်းတွေကို ဣသိ (= ရသေ့)လို့ ခေါ်ပါတယ်။ |
1,312,571 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အဲဒီ ရသေ့တွေဟာ သုစရိုက်တရား (၃)ပါးဆိုတဲ့ ဂုဏ်ကျေးဇူးတို့နဲ့လည်း ပြည့်စုံကြတယ်။ |
1,312,572 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ခေါ်တဲ့ ဒီသုစရိုက်တရား (၃)ပါး ဆိုတဲ့ အကျင့်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူတဲ့ သူတော်ကောင်း တွေလည်း ဖြစ်ကြတယ်။ |
1,312,573 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သုစရိုက်တရားတွေမှာ အမြဲတမ်း ရပ်တည်တော် မူတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ |
1,312,574 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာသာယဝတ္ထဝသန = ဖန်ရည်စွန်းတဲ့ အဝတ်ကို ဝတ်ရုံ သုံးဆောင်တဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ |
1,312,575 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီစကားကလေးကို အကြောင်းပြုပြီးတော့ နည်းနည်းကလေး အချီအချ စကားတော့ များကြပါတယ်။ |
1,312,576 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီးတို့ ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ဝတ်ရုံနေတဲ့ ပုဂ္ဂိုလ်များ ဖြစ်ခဲ့လျှင် သုစရိုက်တရားမှာပဲ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရတယ်။ |
1,312,577 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သုစရိုက် တရားမှာပင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရမလားဆိုတော့ မဟုတ်ဘူးတဲ့။ |
1,312,578 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ဆင်မြန်းတဲ့ပုဂ္ဂိုလ်မှန်ခဲ့လျှင် (၁၀)ပါးသီလ မြဲရပါမယ်လို့ ဒီလို ဆိုထားပါတယ်။ |
1,312,579 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လယ်တီဆရာတော်ဘုရားကတော့ (၁၀) ပါးသီလ မြဲတဲ့ဘက်ကပဲ ဆုံးဖြတ်တော်မူပါတယ်။ |
1,312,580 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု -- လျှော်တေသင်္ကန်းဆိုတာကတော့ တန်ဘိုးနည်းပါးတဲ့ ပစ္စည်းဖြစ်တဲ့ လျှော်နဲ့ ရက်လုပ်ထားအပ်တဲ့ သင်္ကန်း ဖြစ်ပါတယ်။ |
1,312,581 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရလွယ်တဲ့ ပစ္စည်းလည်း ဖြစ်တယ်။ |
1,312,582 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လျှော်တေသင်္ကန်းတွေကိုလည်း ဖုံးလွှမ်း ဝတ်ရုံထားကြတယ်။ |
1,312,583 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဖုံးလွှမ်းဝတ်ရုံထားတဲ့ ရှင်ရသေ့တို့ကို အလွန် ကြာမြင့်တဲ့ အချိန်အခါကျမှ တပည့်တော်တို့ဟာ ဖူးမြင်ကြရပါတယ်ဆိုပြီးတော့ နောက်ထပ် ဂါထာကလေးတစ်ခုနဲ့ လျှောက်ထားပြန်တယ်။ |
1,312,584 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု နံပါတ် (၃) ဂါထာဖြင့် ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ? |
1,312,585 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာသနံ ဥဒကံ ပဇ္ဇံ၊ ပဋိဂဏှာတု နော ဘဝံ။ |
1,312,586 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နော = ဘုရားတပည့်တော်တို့၏။ |
1,312,587 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာသနဉ္စ = ထိုင်စရာနေရာကိုလည်းကောင်း။ |
1,312,588 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥဒကဉ္စ = ခြေဆေးစရာ နံ့သာရေကို လည်းကောင်း။ |
1,312,589 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဇ္ဇဉ္စ = ခြေနယ်ဆီကိုလည်းကောင်း။ |
1,312,590 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဋိဂဏှာတု = အလှူခံတော်မူပါ။ |
1,312,591 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဂ္ဃေ = အလုံးစုံသော ပူဇော်သက္ကာရတို့ကို။ |
1,312,592 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘဝန္တံ = ရှင်ရသေ့ကို။ |
1,312,593 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုစ္ဆာမ = ပန်ကြားလျှောက်ထားကြပါကုန်၏။ |
1,312,594 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘဝံ = ရှင်ရသေ့သည်။ |
1,312,595 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဂ္ဃံ = အလုံးစုံသော မွန်မြတ်သော ပူဇော်မှုကို။ |
1,312,596 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကုရုတု = ခံယူတော်မူပါ။ |
1,312,597 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့ရဟန်းတွေ ကြွလာတဲ့အချိန်အခါမှာ အိမ်ရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်များက ဒီလို ဖိတ်ကြားရပါတယ်။ |
1,312,598 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေရာထိုင်ခင်းများလည်း ခင်းပေးရပါတယ်။ |
1,312,599 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီနေရာမှာ ထိုင်၍ သီတင်းသုံးတော်မူပါဆိုပြီးတော့ ပန်ကြား လျှောက်ထားရတယ်။ |
1,312,600 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီနေရာမှာတော့ ခြေဆေးဖို့ရန်အတွက် နံ့သာရေ, ခြေသုတ်ပုဆိုး ရှိပါတယ် စသည်ဖြင့် ဆောင်ယူပြီး ဖိတ်ကြားပုံကလေးကို အဋ္ဌကထာက ဖွင့်ထားပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.