id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,601
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှေးသူတော်ကောင်းတွေက မွန်မြတ်တဲ့ ရသေ့ရဟန်းများ ကြွလာတဲ့ အချိန်အခါမျိုးမှာ အလွန်မြတ်ဆုံး, အကောင်းဆုံးဖြစ်တဲ့ ရေနဲ့ ခြေဆေးပေးချင်ကြတယ်။
1,312,602
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ညစ်ညစ်ပတ်ပတ်ရေတွေနဲ့ ခြေဆေးမပေးချင်ကြဘူး။
1,312,603
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် သူတို့က ရေတွေကို နံ့သာတွေနဲ့ ထုံမွမ်းပြီးတော့ အဲဒီနံ့သာရေဖြင့် ခြေဆေး ပေးကြပါတယ်။
1,312,604
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခြေဆေးပြီးတဲ့ အချိန်အခါမှာလည်း ဒီအတိုင်း မထားကြဘူး။
1,312,605
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခြေမှာ ကပ်နေတဲ့ ရေတွေကို စင်ကြယ်အောင် သုတ်ပြီးတဲ့အခါမှာ ခြေနယ်ဆီနဲ့ လိမ်းကျံပေးရတယ်။
1,312,606
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ခြေနယ်ဆီကိုလည်း လှူဒါန်းပေးကြတယ်။
1,312,607
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီခြေနယ်ဆီကိုလည်း အလှူခံတော်မူပါဆိုပြီးတော့ လျှောက်ထားကြတယ်။
1,312,608
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်ခု --- ဒီလောက်တွင်လားဆိုတော့ မဟုတ်သေးဘူး။
1,312,609
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလုံးစုံ မွန်မြတ်တဲ့ ပူဇော်မှုမှန်သမျှကို တပည့်တော်တို့အား အမိန့်ရှိတော်မူပါဆိုပြီးတော့လည်း ပန်ကြား လျှောက်ထားကြတယ်။
1,312,610
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလုံးစုံသော မွန်မြတ်တဲ့ ပူဇော်ဖွယ်မှန်သမျှကို တပည့်တော်တို့ ပူဇော်ပါရစေ၊ လှူဒါန်းပါရစေ၊ တပည့်တော်တို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းပူဇော်ဖွယ်ရာ အဖြာဖြာကို အရှင်ရသေ့တို့သည် ခံယူတော်မူပါဆိုပြီးတော့ လျှောက်ထားကြတယ်။
1,312,611
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယခုခေတ်စကားနဲ့ ပြောမယ်ဆိုလျှင်တော့ အလိုရှိရာ မွန်မြတ်သော ပစ္စည်းဝတ္ထုများကို အလှူခံယူတော်မူပါ ဒီလို လျှောက်ထားတဲ့ ပုံစံမျိုးပဲ။
1,312,612
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့က ဟတ္ထိပါလသတို့သားရဲ့ စိတ်ဓာတ်တွေ ချက်ချင်း နူးညံ့ပျော့ပျောင်းသွားတာကို တွေ့ရတော့ အလွန် စိတ်မကောင်း ဖြစ်သွားကြတယ်။
1,312,613
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိတ်မကောင်းဖြစ်သွားကြတဲ့အတွက်ကြောင့် ဟတ္ထိပါလ သတို့သားကို မေးကြတယ်။
1,312,614
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို မေးမြန်းကြသလဲ?
1,312,615
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သားရဲ့ တောထွက်လိုသည့် ကုသိုလ် ဆန္ဒဓာတ်တော်
1,312,616
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ချစ်သား ... ငါတို့ကို သင်က ဘယ်လို မှတ်ထင်လို့လဲဆိုပြီးတော့ မေးကြည့်လိုက်တော့ --- ဩော် ... အရှင်တို့ကို ဟိမဝန္တာတောမှ ကြွလာတော်မူကြတဲ့ ရှင်ရသေ့တွေလို့ ထင်ပြီး ဒီလို လျှောက်ထားနေခြင်း ဖြစ်ပါတယ် ဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားတယ်။
1,312,617
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြန်ပြီး လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ တို့ဟာ ... ဟိမဝန္တာမှ ကြွလာတဲ့ ရသေ့တွေ မဟုတ်ကြဘူး။
1,312,618
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တို့က ဧသုကာရီဘုရင်မင်းကြီးနှင့် သင့်ရဲ့ ဖခင်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်တဲ့အကြောင်း ပြန်ပြီးတော့ ပြောပြကြတယ်။
1,312,619
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့် ဒီလို ရသေ့ရဟန်းတို့ရဲ့ အသွင်အပြင်ကို ဝတ်ဆင်ယူပြီးတော့ ကျွန်တော်မျိုးရဲ့ အထံသို့ ကြွလာရပါသလဲလို့ မေးမြန်း လျှောက်ထားတဲ့ အချိန်အခါမှာ သင့်မှာ ရသေ့ရဟန်း ပြုလိုတဲ့ စိတ်ဓာတ်တွေများ ကိန်းဝပ်နေသေးသလား? ရှိသလား, မရှိဘူးလား သိရအောင် စုံစမ်းလိုတဲ့အတွက် ရသေ့ရဟန်းအသွင် ပြုခြင်းဖြစ်ကြောင်း ရှင်းပြကြတယ်။
1,312,620
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ သားတော်က ရသေ့ရဟန်း မပြုဘဲ ထီးဖြူအုပ်ချုပ် မင်းလုပ်မယ်ဆိုလျှင်တော့ သားတော်ကို ဒီနေ့ပဲ ထီးဖြူဆောင်းပြီးတော့ အဘိသိက် သွန်းပေးချင်တဲ့အတွက်ကြောင့် သားတော်ရဲ့စိတ်ဓာတ်ကို စူးစမ်းခြင်း ဖြစ်တဲ့အကြောင်း ပြောပြကြတယ်။
1,312,621
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဟတ္ထိပါလသတို့သားက ဘာပြန်ပြောသလဲ? မင်းစည်းစိမ်ကို ကျွန်တော်မျိုး အလိုမရှိပါဘူး။
1,312,622
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ ရဟန်းပြုလိုတဲ့ စိတ်ဓာတ်တွေသာ ကျွန်တော်မျိုးရဲ့ သန္တာန်မှာ ကိန်းဝပ် နေပါတယ်ဆိုပြီးတော့ သူက ပြန်ပြီးတော့ လျှောက်ထားတယ်။
1,312,623
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လို့ ဒီလို လျှောက်ထားရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က သုမေဓာရှင်ရသေ့ဘဝကနေ စပြီးတော့ ယခု ဟောနေတဲ့ ဟတ္ထိပါလဇာတ်တိုင်အောင် သို့မဟုတ် သိဒ္ဓတ္ထမင်းသားဘဝတိုင်အောင် ဘဝပေါင်း များစွာ ရသေ့ရဟန်းပြုပြီးတော့ တောထွက်ခဲ့တဲ့ဘဝတွေက အလွန် မ...
1,312,624
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပါရမီတော် ဓာတ်ခံတွေက လှုံ့ဆော်ပေးလိုက်တဲ့ အချိန်အခါမှာ ယခုလို ရသေ့ရဟန်းဆိုတဲ့ ဖူးတွေ့ဖွယ်ရာ အာရုံတစ်ခုခုကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက်တည်း ရသေ့ရဟန်းပြုချင်နေတဲ့ စိတ်ဓာတ်တွေ ချက်ချင်း တဖွားဖွား ဖြစ်ပေါ်လာတယ်။
1,312,625
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အတိတ်က ပါရမီဓာတ်တွေက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ဒီစိတ်ဓာတ်တွေ ကိန်းဝပ်လာခြင်း ဖြစ်ပါတယ်။
1,312,626
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို စိတ်ဓာတ်တွေ ကိန်းဝပ်လာခြင်းသည် ကောင်းသလား, မကောင်းဘူးလားလို့ တရားနာပရိသတ်တွေကို မေးမယ်ဆိုလျှင် ဘယ်လို ဖြေကြမလဲ? (ကောင်းပါတယ်) ကောင်းတယ် ဆိုတာက ဘာကောင်းတာလဲ? ဘယ်လိုတုံး မုပွန်က ဒါယကာကြီးတွေ ဘယ်လိုများ ဖြေကြမလဲ? ကဲ ကောင်းတဲ့အကြောင်းကလေးကို နည်းနည်း နာကြည့်ကြရအောင် ---
1,312,627
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို အတိတ်က ပါရမီဓာတ်တွေက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ရသေ့ရဟန်းပြုလိုတဲ့ စိတ်ဓာတ်တွေက ကိန်းဝပ်လာတယ်။
1,312,628
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကိန်းဝပ် လာတဲ့အတွက်ကြောင့် ရသေ့ရဟန်းပြုဖို့ရန်အတွက် ဧသုကာရီဘုရင်မင်းကြီးနဲ့ ခမည်းတော်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ထံမှာ သူက ခွင့်တောင်းတယ်။
1,312,629
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ခွင့်တောင်းလိုက်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?
1,312,630
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုရောဟိတ်ပုဏ္ဏားကြီး၏ တိုက်တွန်းချက်
1,312,631
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဓိစ္စ ဝေဒေ ပရိယေသ ဝိတ္တံ၊
1,312,632
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တေ ဂေဟေ တာတ ပတိဋ္ဌပေတွာ။
1,312,633
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂန္ဓေ ရသေ ပစ္စနုဘုယျ သဗ္ဗံ၊
1,312,634
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရညံ သာဓု မုနိ သော ပသတ္ထော။
1,312,635
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၂။
1,312,636
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ ဟတ္ထိပါလ = ချစ်သား ဟတ္ထိပါလ။
1,312,637
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝေဒေ = ဝေဒကျမ်းတို့ကို။
1,312,638
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဓိစ္စ = သင်ဦး၍။
1,312,639
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိတ္တံ = စည်းစိမ်ဥစ္စာနှစ်ကို။
1,312,640
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိယေသ = ရှာဖွေပါဦးလော့။
1,312,641
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တေ = သားရတနာ, သမီး ရတနာတို့ကို။
1,312,642
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပတိဋ္ဌပေတွာ = တည်စေ၍။
1,312,643
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂန္ဓေ စ = ဂန္ဓာရုံတို့ကိုလည်းကောင်း။
1,312,644
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ စ = ရသာရုံတို့ကိုလည်းကောင်း။
1,312,645
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဗ္ဗံ = ဂန္ဓာရုံ, ရသာရုံမှ ကြွင်းကျန်သော ဝတ္ထုကာမ ဟူသမျှကိုလည်းကောင်း။
1,312,646
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပစ္စနုဘုယျ = သုံးဆောင်ခံစားပြီး၍။
1,312,647
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပစ္ဆာ မဟလ္လကကာလေ = နောက်ပိုင်း အသက်အရွယ် ကြီးရင့်သော အချိန်အခါကာလ၌။
1,312,648
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိတဿ = ရှင်ရဟန်းပြုသောပုဂ္ဂိုလ်၏။
1,312,649
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရညံ = တောသို့ ဝင်ရောက်ခြင်းသည်။
1,312,650
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာဓု = ကောင်းလှပါပေ၏။
1,312,651
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယော = အကြင်သူသည်ကား။
1,312,652
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝရူပေ ကာလေ = ဤသို့ အသက်အရွယ် ကြီးရင့်သော အချိန်အခါကာလ၌။
1,312,653
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇတိ = ရသေ့ရဟန်းပြု၏။
1,312,654
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော မုနိ = ထိုအသက်အရွယ် ကြီးရင့်၍ အိုမင်းမစွမ်းဖြစ်သော အချိန်အခါကာလမှ ရသေ့ရဟန်းပြု၍ တောထွက်သော ပုဂ္ဂိုလ်မျိုးကို။
1,312,655
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗုဒ္ဓါဒီဟိ အရိယေဟိ = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။
1,312,656
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပသတ္ထော = ချီးမွမ်းတော်မူအပ်ပါပေ၏။
1,312,657
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယခုခေတ်မှာ နည်းနည်း စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ် သို့မဟုတ် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ် ခပ်များများက မိမိတို့ရဲ့ သားရတနာ, သမီးရတနာတွေကို ပြောနေကြတဲ့ လက်သုံးစကား ပုံစံလိုပဲ ချစ်သား ... ငယ်ရွယ်စဉ် အချိန်အခါမှာ ဝေဒကျမ်းတွေ, ဗေဒင်တွေကို သင်ယူစမ်းပါ၊ စည်းစိမ်ဥစ္စာတွေကို ရှာဖွေစမ်းပါ၊ သားရတနာ, သမီးရတနာတွေကို အိမ်မှာ တည်အ...
1,312,658
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုဏ္ဏားတို့ရဲ့ အယူဝါဒကတော့ ဗေဒင်ကျမ်းတွေကို သင်ရေးသည် သူတို့ရဲ့ တာဝန်ဝတ္တရားတစ်ခု ဖြစ်နေတယ်။
1,312,659
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဝေဒကျမ်း ဗေဒင်ကျမ်းတွေကို သင်ယူရုံတွင် မကဘူး၊ စည်းစိမ်ဥစ္စာနှစ်တွေကိုလည်း ရှာဖွေပါဦးတဲ့။
1,312,660
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလောက်တွင်လား? မဟုတ်သေးဘူး။
1,312,661
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်ဆိုအပ်တဲ့ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုဖြစ်တဲ့ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကိုလည်း သုံးဆောင် ခံစားစမ်းပါ။
1,312,662
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကို တဝကြီး မြိန်မြိန်ရှက်ရှက် ခံစားပြီးလို့ နောက်ပိုင်း အိုမင်းမစွမ်းဖြစ်လို့ အသက်အရွယ် အလွန် ကြီးရင့်လာတဲ့ အချိန်အခါကျတော့မှ ရသေ့ရဟန်း ပြုပြီးတော့ တောထွက်ပါ။
1,312,663
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို အသက်အရွယ် ကြီးရင့်လို့ အိုမင်းမစွမ်း ဖြစ်လာတဲ့ အချိန်အခါကျတော့မှ ရသေ့ရဟန်းပြုပြီး တောထွက်တဲ့ လုပ်ငန်းကိစ္စရပ်မျိုးကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းတော်မူပါတယ် ဆိုပြီးတော့ ပြန်ပြီး တိုက်တွန်းတယ်။
1,312,664
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုဏ္ဏားကြီး ပြောလိုက်တဲ့စကားကို မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေကတော့ လက်ခံလိမ့်မယ်လို့ ဘုန်းကြီးဘက်က မျှော်လင့်ပါတယ်။
1,312,665
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လက်မခံဘူးလို့ ပြောနေပေမယ့်လည်း ဒါယိကာမကြီးတွေမှာတော့ သနပ်ခါးတွေ ဖုန်နေတာပဲ။
1,312,666
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟုတ်သလား? ဟုတ်နေတယ်။
1,312,667
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့မှ ဟတ္ထိပါလသတို့သားက ဘယ်လို ပြန်ပြီး လျှောက်ထားသလဲ?
1,312,668
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သား၏ ပြန်လည် ချေပချက်
1,312,669
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝေဒါ န သစ္စာ န စ ဝိတ္တလာဘော၊ န ပုတ္တလာဘေန ဇရံ ဝိဟန္တိ။
1,312,670
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂန္ဓေ ရသေ မုစ္စနမာဟု သန္တော၊ သကမ္မုနာ ဟောတိ ဖလူပပတ္တိ။
1,312,671
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ = ဖခင်ပုဏ္ဏားကြီး။
1,312,672
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝေဒါ = ဝေဒကျမ်းတို့သည်ကား။
1,312,673
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န သစ္စာ = နတ်ရွာ-နိဗ္ဗာန်-မဂ်-ဖိုလ်တရားကို ရတတ်သည်ဟု ပြောဆိုသော စကားသည်ကား မမှန်ပါ။
1,312,674
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိတ္တလာဘော စ = စည်းစိမ်ဥစ္စာကို ရှာဖွေ၍ ရရှိခြင်းသည်လည်း။
1,312,675
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဟောတိ = ရန်သူငါးတန်တို့နှင့် ဆက်ဆံနေသည့်အတွက်ကြောင့် ဧကန်စင်စစ် တစ်ဖက်သတ် မှန်သည် မဟုတ်ပါ။
1,312,676
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုတ္တလာဘေန = သားရတနာ, သမီးရတနာကို ရရှိခြင်းကြောင့်။
1,312,677
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဇရံ = အို-နာ-သေရေး ဒုက္ခဘေးကို။
1,312,678
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဝိဟန္တိ = မကျော်လွှား မလွန်မြောက်နိုင်ကုန်။
1,312,679
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သန္တော = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က။
1,312,680
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂန္ဓေ = ဂန္ဓာရုံမှ။
1,312,681
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ = ရသာရုံမှ။
1,312,682
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မုစ္စနံ = လွတ်မြောက်ခြင်းကို။
1,312,683
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာဟု = ဟောကြားပြသ ဆိုဆုံးမတော်မူကြပါကုန်၏။
1,312,684
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သကမ္မုနာ = မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံ၏ စွမ်းရည် သတ္တိကြောင့်။
1,312,685
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖလူပပတ္တိ = အကျိုးတရားရဲ့ ဖြစ်ပေါ်လာရခြင်းသည်။
1,312,686
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝေဒကျမ်းတွေကို သင်ယူခဲ့မယ်၊ ဝေဒကျမ်းတွေအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုလျှင် နတ်ရွာသုဂတိ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်ပါတယ်ဆိုတဲ့ ဒီစကားသည် မမှန်ပါဘူးတဲ့။
1,312,687
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စည်းစိမ်ဥစ္စာကို ရအောင် ရှာဖွေခြင်းဆိုတာလည်း ဧကန်ရမယ်လို့ ကျိန်းသေ မပြောနိုင်ဘူးတဲ့။
1,312,688
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာ့ကြောင့်လဲ? ရန်သူငါးတန်နဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့အတွက်ကြောင့် မိမိ ရှာဖွေနေတဲ့ စည်းစိမ်ဥစ္စာသည် ရှာဖွေတဲ့အတိုင်း ဧကန်ရမယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူးတဲ့။
1,312,689
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားရတနာ, သမီးရတနာတွေကို ရှာဖွေပါလို့ ဖခင်ကြီးက တိုက်တွန်းတယ်။
1,312,690
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို တိုက်တွန်းတဲ့အတိုင်း သားရတနာ, သမီးရတနာတွေကို ရအောင် ရှာဖွေသဖြင့် ရရှိခဲ့မယ်ဆိုလျှင်လည်း ဒီသားရတနာ, သမီးရတနာ တွေက အို-နာ-သေရေး ဒုက္ခဘေးကြီးကို ပယ်ဖျောက်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိပါဘူး။
1,312,691
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကတော့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်ဆိုအပ်တဲ့ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေမှ ထွက်မြောက်ဖို့, လွတ်မြောက်ဖို့ရန်သာ ဟောကြားတော်မူပါတယ်။
1,312,692
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီအာရုံ (၅)ပါး ကာမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ရအောင် စုဆောင်းရှာဖွေဖို့ မဟောပါဘူး။
1,312,693
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိကိုယ်တိုင် သံသရာအဆက်ဆက်ကနေ ပြုစုပျိုးထောင်ထားတဲ့ ကံရဲ့ စွမ်းအားကြောင့်သာလျှင် အကျိုးတရားဆိုတာ ဖြစ်ပေါ်လာရပါတယ်။
1,312,694
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီ ဝေဒကျမ်းတွေကို သင်ယူနေလို့လည်း ဒီအကျိုးတရားတွေက ဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။
1,312,695
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် သတ္တဝါတွေဟာ ---
1,312,696
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အတ္တနာ ကတကမ္မေနေဝ သတ္တာနံ ဖလူပပတ္တိ ဖလနိပ္ဖတ္တိ ဟောတိ။
1,312,697
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကမ္မဿကာ ဟိ တာတ သတ္တာတိ။
1,312,698
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ = ဖခင်။
1,312,699
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တာ = သတ္တဝါတို့သည်ကား။
1,312,700
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါကုန်၏။