id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,312,701 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတ္တဝါတွေဟာ မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတယ်တဲ့။ |
1,312,702 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စည်းစိမ်ဥစ္စာကို ရအောင် ရှာဖွေခြင်း, ဝေဒကျမ်းတွေကို သင်ယူခြင်း, သားသမီးတွေကို ရအောင် ရှာဖွေခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေက သတ္တဝါတွေကို အကျိုးပေးနေတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ |
1,312,703 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတ္တဝါတွေ ပြုစုပျိုးထောင်ထားတဲ့ ကံတရားကသာလျှင် သတ္တဝါတွေကို အကျိုးပေး နေတာ ဖြစ်ပါတယ်ဆိုပြီးတော့ သူက ပြန်ပြီး အဖြေပေးလိုက်တယ်။ |
1,312,704 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ပြန်ပြီးတော့ အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းမြတ်ကြီးကနေ ဟတ္ထိပါလသတို့သားကို ဘာပြန်ပြောသလဲ? |
1,312,705 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နှစ်ပေါင်းတစ်ရာ ကာလကြာအောင် မြင်ချင်ပါတယ် |
1,312,706 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဒ္ဓါ ဟိ သစ္စံ ဝစနံ တဝေတံ၊ |
1,312,707 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သကမ္မုနာ ဟောတိ ဖလူပပတ္တိ။ |
1,312,708 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇိဏ္ဏာ စ မာတာပိတရော တဝီမေ၊ |
1,312,709 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေဿယျုံ တံ ဝဿသတံ အရောဂံ။ |
1,312,710 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တာတ = ချစ်သားဟတ္ထိပါလ။ |
1,312,711 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တဝ = သင်ချစ်သား၏။ |
1,312,712 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧတံ ဝစနံ = ဤစကားသည်။ |
1,312,713 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဒ္ဓါ = မချွတ်ဧကန်။ |
1,312,714 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သစ္စံ = မှန်လှပါပေ၏။ |
1,312,715 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သကမ္မုနာ = မိမိ ဆည်းပူးပြုစုပျိုးထောင်ထားတဲ့ ကံကြောင့်။ |
1,312,716 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတ္တာနံ = သတ္တဝါတို့အား။ |
1,312,717 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖလူပပတ္တိ = အကျိုးတရားရဲ့ ဖြစ်ပေါ်လာခြင်းသည်။ |
1,312,718 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပန = ထိုသို့ပင် ဖြစ်ပါသော်လည်းပဲ။ |
1,312,719 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣမေ မာတာပိတရော = ဤမိဘနှစ်ပါးတို့သည်ကား။ |
1,312,720 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇိဏ္ဏာ = အိုမင်းမစွမ်းဖြစ်၍ နေကြပါကုန်၏။ |
1,312,721 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝဿသတံ = အနှစ်တစ်ရာ ကာလပတ်လုံး။ |
1,312,722 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောဂံ = အနာရောဂါ မရှိသည်ကို။ |
1,312,723 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေဿယျုံ = တွေ့မြင်လိုကြပါကုန်၏။ |
1,312,724 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ချစ်သား ... သင်ချစ်သား ပြောနေတဲ့ စကားတွေကတော့ ပြောတဲ့အတိုင်း မချွတ်ဧကန် မှန်ပါပေတယ်၊ မိမိ ပြုစုပျိုးထောင်ထားတဲ့ ကံရဲ့စွမ်းအင် ကမ္မသတ္တိကြောင့် သတ္တဝါတွေမှာ အကျိုးတရားတွေ ရရှိကြတယ်ဆိုတဲ့ စကား ဟာလည်း မှန်ပါတယ်၊ ဒါပေမယ့်လို့ သင်ချစ်သားရဲ့ မိဘနှစ်ပါးတို့ဟာ အိုမင်း မစွမ်း ဖြစ်နေကြပြီ၊ အိုမင်းမစွမ်း ဖြစ်နေကြတဲ့ ဒီမိဘနှစ်ပါးတ... |
1,312,725 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စကားမျိုးတွေကလည်း ဒီနေ့ခေတ်မှာ သားသမီးရှိနေတဲ့ မိဘတွေက သားသမီးတွေကို ပြောတတ်တဲ့ စကားမျိုး မဖြစ်ဘူးလား? ဖြစ်နေတယ်။ |
1,312,726 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီတော့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ သင့်ကို မြင်လိုတယ်ဆိုတော့ --- သားရတနာမှာလည်း နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ အသက်ရှည်ရမယ်၊ မြင်လိုတဲ့ မိဘတွေမှာလည်း နှစ်ပေါင်းတစ်ရာကျော်အောင် အနာရောဂါ ကင်းကင်းရှင်းရှင်းနဲ့ အသက်ရှင်ရမယ်။ |
1,312,727 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သင်ချစ်သားကလည်း အနှစ်တစ်ရာ အသက်ရှည်ရမယ်၊ အနှစ်တစ်ရာ အသက်ရှည်ပြီး အနာရောဂါ ကင်းရှင်းနေတဲ့ သားရတနာရဲ့ မိဘနှစ်ပါးတို့ကလည်း နောက်ထပ် နှစ်ပေါင်းတစ်ရာလောက် အသက်ရှည်ရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်မနေဘူးလား? ထွက်နေတယ်။ |
1,312,728 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဟတ္ထိပါလသတို့သားက နောက်ထပ် မိဘတွေကို ဘာပြန်ပြီး လျှောက်ထားသလဲ? |
1,312,729 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့ထားသူ မရှိပါ |
1,312,730 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယဿဿ သက္ခီ မရဏေန ရာဇ၊ |
1,312,731 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယော စာပိ ဇညာ န မရိဿံ ကဒါစိ၊ |
1,312,732 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၈၃။ |
1,312,733 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ရာဇ = ဧသုကာရီဘုရင်မင်းမြတ်။ |
1,312,734 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယဿ = အကြင်ပုဂ္ဂိုလ်အား။ |
1,312,735 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မရဏေန = သေခြင်းမရဏတရားနှင့်။ |
1,312,736 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သက္ခီ = အဆွေခင်ပွန်းဖွဲ့၍ထားခြင်းသည်။ |
1,312,737 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဿ = ရှိသည် ဖြစ်လေရာ၏။ |
1,312,738 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နရဝီရသေဋ္ဌ = လူတို့ထက် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်။ |
1,312,739 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇရာယ = အိုခြင်းတရားနှင့်။ |
1,312,740 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေတ္တီ = ချစ်မြတ်နိုးခြင်း မေတ္တာတရား ထင်ရှားရှိ၍ နေသည်။ |
1,312,741 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယော စာပိ = အကြင်ပုဂ္ဂိုလ်သည်လည်း ပဲ။ |
1,312,742 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကဒါစိ = တစ်ရံတစ်ဆစ်မျှ။ |
1,312,743 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န မရိဿံ = မသေရာ။ |
1,312,744 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇညာ = သိရှိခဲ့သည်ဖြစ်အံ့။ |
1,312,745 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧဝံ သတိ = ဤသို့ ဖြစ်ခဲ့သည်ရှိသော်။ |
1,312,746 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝဿသတံ = နှစ်ပေါင်းတစ်ရာ ကာလပတ်လုံး။ |
1,312,747 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောဂံ = အနာရောဂါကင်း၍နေသော။ |
1,312,748 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ = သင် မင်းကြီးကို။ |
1,312,749 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေဿယျုံ = တွေ့မြင်နိုင်ကြလေကုန်ရာ၏။ |
1,312,750 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းကြီးကို သားရတနာဖြစ်တဲ့ ဟတ္ထိပါလသတို့သားက ပြန်ပြောနေတဲ့ စကားပဲ။ |
1,312,751 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လူတို့ထက် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ် ... သတ္တဝါတစ်ဦးမှာ မရဏလို့ခေါ်တဲ့ ရှင်သေမင်းနဲ့ မိတ်ဆွေ အသင်းအပင်းဖွဲ့၍ ထားခြင်းဆိုတဲ့ ဒီသဘောတရားလည်း ထင်ရှား ရှိနေခဲ့မယ်၊ အိုခြင်းဆိုတဲ့ ဇရာတရားနဲ့ ချစ်မြတ်နိုးခြင်း မေတ္တာတရား မိတ်ဖွဲ့ထားခြင်းလည်း ထင်ရှားရှိနေခဲ့မယ်၊ နောက်ထပ် ဘယ်သောအချိန်အခါကာလမှလည်း... |
1,312,752 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် --- |
1,312,753 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လှေသူကြီးပမာ |
1,312,754 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယထာပိ နာဝံ ပုရိသော ဒကမှိ၊ ဧရေတိ စေ နံ ဥပနေတိ တီရံ။ |
1,312,755 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧဝမ္ပိ ဗျာဓီ သတတံ ဇရာ စ၊ ဥပနေတိ မစ္စံ ဝသမန္တကဿ။ |
1,312,756 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာရာဇ = မြတ်သော မင်းကြီး။ |
1,312,757 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရိသော = လှေကို လှော်တတ်တဲ့ လှေသူကြီးယောက်ျားသည်။ |
1,312,758 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒကမှိ = မြစ်ဆိပ်၌ တည်နေတဲ့ ရေအတွင်း၌။ |
1,312,759 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နာဝံ = လှေကို။ |
1,312,760 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရတီရဂါမိံ ဇနံ = ကမ်းတစ်ဖက်သို့ သွားလိုတဲ့ လူအပေါင်းကို။ |
1,312,761 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာရောပေတွာ = လှေပေါ်သို့ တင်၍။ |
1,312,762 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရိတ္တေန = ထိုးဝါးဖြင့်။ |
1,312,763 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပီဠေန္တော = ထိုးလျက်။ |
1,312,764 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖိယေန = တက်ဖြင့်။ |
1,312,765 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကဍ္ဎန္တော = လှော်လျက်။ |
1,312,766 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စေ ဧရေတိ = အကယ်၍ စေ့ဆော် ကြိုးကုတ် အားထုတ်ခဲ့သည် ဖြစ်ငြားအံ့။ |
1,312,767 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထ = ထိုသို့ ဆောင်ယူခဲ့သည် ဖြစ်၍။ |
1,312,768 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံ = ထိုကမ်းတစ်ဖက်သို့ သွားလိုတဲ့ လူသားအပေါင်းကို။ |
1,312,769 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တီရံ = ကမ်းတစ်ဖက်သို့။ |
1,312,770 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပနေတိ ယထာ = ကပ်ဆောင်၍ သွားသကဲ့သို့။ |
1,312,771 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧဝမ္ပိ = ဤအတူလည်း။ |
1,312,772 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗျာဓိ စ = ဖျားနာခြင်း တရားသည်လည်းကောင်း။ |
1,312,773 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇရာ စ = အိုခြင်းတရားသည်လည်းကောင်း။ |
1,312,774 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတတံ = အမြဲ။ |
1,312,775 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အန္တကဿ = ဇီဝိတိန္ဒြေ၏ အဆုံး အပိုင်းအခြားကို ပြုလုပ်တတ်သော ရှင်သေမင်း၏။ |
1,312,776 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝသံ = အလိုနိုင်ငံသို့။ |
1,312,777 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပနေတိ = ကပ်ဆောင်၍ နေပါပေ၏။ |
1,312,778 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြတ်သော မင်းကြီး ...လှေသမားတစ်ဦး ရှိတယ်။ |
1,312,779 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ လှေသမား တစ်ဦးဟာ တစ်ဖက်ကမ်းကို ကူးလိုနေတဲ့ လူအပေါင်းကို လှေပေါ် တင်ပြီးတော့ ထိုးဝါးတွေနဲ့ ထိုးပြီးတော့ တက်တွေဖြင့် လှော်ခတ်ပြီးတော့ ဟိုဘက်ကမ်းရောက်အောင် ပို့တယ်။ |
1,312,780 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဟိုဘက်ကမ်းရောက်အောင် ပို့သလိုပဲ သတ္တဝါတိုင်း သတ္တဝါတိုင်းရဲ့သန္တာန်မှာ ဗျာဓိခေါ်တဲ့ ဖျားနာခြင်းတရား ထင်ရှားရှိနေတယ်။ |
1,312,781 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇရာခေါ်တဲ့ အိုခြင်းတရားတွေ ထင်ရှားရှိနေတယ်။ |
1,312,782 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအိုခြင်း နာခြင်းတရားတွေက ဒီသတ္တဝါတွေကို ဘယ်ကို ရောက်အောင် ပို့ဆောင်ပေးနေသလဲလို့ မေးလျှင် ဇီဝိတိန္ဒြေရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်တတ်တဲ့ အလွန် ယုတ်မာတဲ့ ရှင်သေမင်းရဲ့ နိုင်ငံသို့ ရောက်အောင် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။ |
1,312,783 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထိပါလသတို့သား တောထွက်တော်မူပြီ |
1,312,784 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧဝံ ဣမေသံ သတ္တာနံ ဇီဝိတသင်္ခါရဿ ပရိတ္တဘာဝံ ဒေဿတွာ မဟာရာဇ တုမှေ တိဋ္ဌထ၊ တုမှေဟိ သဒ္ဓိံ ကထယန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ၊ အပ္ပမတ္တာ ဟောထာတိ ဩဝါဒံ ဒတွာ ရာဇာနဉ္စ ပိတရဉ္စ ဝန္ဒိတွာ အတ္တနော ပရိစာရကေ ဂဟေတွာ ဗာရာဏသိယံ ရဇ္ဇံ ပဟာယ ပဗ္ဗဇိဿာမီတိ နဂရတော နိက္ခမိ။ |
1,312,785 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣမေသံ သတ္တာနံ = ဤသတ္တဝါတို့၏။ |
1,312,786 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇီဝိတသင်္ခါရဿ = ဇီဝိတသင်္ခါရတရား၏။ |
1,312,787 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရိတ္တဘာဝံ = နည်းသောအဖြစ်ကို။ |
1,312,788 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေဿတွာ = ထင်ရှားဖော်ပြ၍။ |
1,312,789 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာရာဇ = မြတ်သောမင်းကြီး။ |
1,312,790 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုမှေ = သင်မင်းကြီးတို့သည်။ |
1,312,791 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိဋ္ဌထ = တည်နေရစ်ကြပါဦးတော့။ |
1,312,792 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုမှေဟိ = အရှင်မင်းကြီးတို့နှင့်။ |
1,312,793 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကထယန္တမေဝ = စကားပြောဆိုနေစဉ်အတွင်းမှာပင်လျှင်။ |
1,312,794 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗျာဓိဇရာမရဏာနိ = ဖျားနာခြင်းတရား, အိုခြင်းတရား, သေခြင်းတရားတို့သည်။ |
1,312,795 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မံ = သားတော်၏အထံသို့။ |
1,312,796 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပဂစ္ဆန္တိ = ကပ်ရောက်၍ လာကြကုန်၏။ |
1,312,797 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပ္ပမတ္တာ = ကုသိုလ်တရားတို့၌ မမေ့မလျော့ ကြကုန်သည်။ |
1,312,798 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟောထ = ဖြစ်ကြကုန်လော့။ |
1,312,799 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဩဝါဒံ = အဆုံးအမ ဩဝါဒကို။ |
1,312,800 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒတွာ = ပေးပြီး၍။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.