id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,801
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရာဇာနဉ္စ = ဧသုကာရီမင်းကြီးအားလည်းကောင်း။
1,312,802
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပိတရဉ္စ = ဖခင် ပုဏ္ဏားကြီးအားလည်းကောင်း။
1,312,803
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝန္ဒိတွာ = ရှိခိုး ဝပ်ချပြီး၍။
1,312,804
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိစာရကေ = အလုပ်အကျွေးတို့ကို။
1,312,805
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂဟေတွာ = ခေါ်ဆောင်၍။
1,312,806
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗာရာဏသိယံ = ဗာရာဏသီပြည်၌။
1,312,807
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရဇ္ဇံ = မင်းအဖြစ်ကို။
1,312,808
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿာမီတိ = ရသေ့ရဟန်း ပြုပေတော့အံ့ဟု။
1,312,809
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နဂရတော = ဗာရာဏသီမြို့မှ။
1,312,810
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိက္ခမိ = ထွက်ခွာတော်မူခဲ့လေ၏။
1,312,811
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မင်းစည်းစိမ်တစ်ခုလုံးကို အပ်နှင်းတာပဲ။
1,312,812
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လောကဘက်က ကြည့်မယ် ဆိုလျှင်တော့ မင်းစည်းစိမ်ဆိုတာက အလွန် ကြီးကျယ်နေတဲ့အတွက် မက်မောဖွယ်ရာကောင်းတဲ့ စည်းစိမ်ကြီးတစ်ခု ဖြစ်ပါတယ်။
1,312,813
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော်လည်း သူတော်ကောင်းတွေဘက်ကတော့ အဲဒီစည်းစိမ်ကို အလိုမရှိကြဘူး။
1,312,814
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကို ကြောက်ကြသလဲ? အိုရမယ့်ဘေး, နာရမယ့်ဘေး, သေရမယ့်ဘေး, နောက်ထပ်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေ နေရမယ့်ဘေးဒုက္ခတွေကို သူတော်ကောင်းတွေက အလွန် ကြောက်တော်မူကြတယ်။
1,312,815
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကြောက်တော်မူကြတဲ့အတွက်လည်း ဒီ အို-နာ-သေရေး ဒုက္ခဘေးကြီးမှ လွတ်အောင်ဆိုပြီးတော့ တရားတွေကို ရှာဖွေကြခြင်း ဖြစ်ပါတယ်။
1,312,816
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မအိုရာ, မနာရာ, မသေရာ ဖြစ်တဲ့ တရားစစ် တရားမှန်ကို ရရှိအောင် ကြိုးစားတော်မူကြခြင်း ဖြစ်ပါတယ်။
1,312,817
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယခု ဒီဇာတ်တော်မှာ ဟတ္ထိပါလသတို့သားက မအိုရာ, မနာရာ, မသေရာဖြစ်တဲ့ တရားကို ရှာဖွေမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ရသေ့ရဟန်းပြုဖို့ ခမည်းတော်တွေထံ ခွင့်တောင်းပြီးတဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းမြတ်ကြီးနှင့် ဖခမည်းတော်ဖြစ်တဲ့ ပုရောဟိတ်ပုဏ္ဏားကြီးတို့ကို ရှိခိုးပြီးတော့ ဗာရာဏသီပြည်မှာ ထီးဖြူအုပ်ချုပ်မင်းလုပ်ရမယ့် မင်းစည်းစိမ်ကို စွန...
1,312,818
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို တောထွက်သွားတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? သူ့ရဲ့ အလုပ်အကျွေးတွေကိုပါ တစ်ပါတည်း ခေါ်ဆောင် သွားတယ်။
1,312,819
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလုပ်အကျွေးတွေကိုပါ ခေါ်ဆောင်သွားတဲ့ အချိန်အခါကျတော့ တိုင်းသူပြည်သားတွေက ဘယ်လို ထင်ကြသလဲ?
1,312,820
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇ္ဇာ နာမေသာ သောဘနာ ဘဝိဿတီတိ ဟတ္ထိပါလကုမာရေန သဒ္ဓိံ မဟာဇနော နိက္ခမိ။
1,312,821
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယောဇနိကာ ပရိသာ အဟောသိ။
1,312,822
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဧသာ ပဗ္ဗဇ္ဇာ နာမ = ဤရသေ့ရဟန်း ပြုလုပ်ခြင်းမည်သည်ကား။
1,312,823
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သောဘနာ = တင့်တယ်ကောင်းမြတ်သော လုပ်ငန်းရပ်သည်။
1,312,824
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဝိဿတီတိ = ဖြစ်ပေလိမ့်မယ်ဟု။
1,312,825
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလကုမာရေန = ဟတ္ထိပါလသတို့သားနှင့်။
1,312,826
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာဇနော = စဉ်းစားတဲ့ လူများအပေါင်းသည်။
1,312,827
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိက္ခမိ = တောထွက်ပေ၏။
1,312,828
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယောဇနိကာ = တစ်ယူဇနာတိုင်အောင်သော။
1,312,829
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိသာ = လူထုပရိသတ်သည်။
1,312,830
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိုင်းသူပြည်သားတွေက စဉ်းစားကြတယ်။
1,312,831
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ရဟန်း ပြုတော့မယ် ဆိုတဲ့ ဦးတည်ချက်ဖြင့် တောထွက်သွားတဲ့ ဟတ္ထိပါလသတို့သားကို ကြည့်ပြီးတော့ တိုင်းသူပြည်သားတွေဘက်ကနေ လှမ်းပြီးတော့ စဉ်းစားကြတယ်။
1,312,832
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို စဉ်းစားကြသလဲ? ဒီရသေ့ရဟန်း ပြုခြင်းဆိုတဲ့ လုပ်ငန်းရပ်မည်သည် တင့်တယ်ကောင်းမြတ်တဲ့ လုပ်ငန်းရပ် ဖြစ်ပေလိမ့်မယ်။
1,312,833
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို စဉ်းစားကြတယ်။
1,312,834
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ့်နှယ်တုံး မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ ဘယ်လိုများ စဉ်းစားကြသလဲ? အကုန်လုံး ငြိမ်နေကြတယ်။
1,312,835
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို စဉ်းစားရုံနဲ့ ကိစ္စ ပြီးမလား? ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ? မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ စဉ်းစားတယ်ဆိုပြီးတော့ တောမထွက်နိုင်လျှင်တော့ စံချိန်မီပါ့မလား? မမီနိုင်ဘူး။
1,312,836
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ရဟန်းပြုရေးသည် တင့်တယ်ကောင်းမြတ်သော လုပ်ငန်းရပ် တစ်ခု ဖြစ်ပေလိမ့်မယ်လို့ ဒီလို စဉ်းစားမိကြတဲ့ ပရိသတ်တွေ အားလုံး ဟတ္ထိပါလသတို့သားရဲ့ နောက်ကို လိုက်ပြီး တောထွက်သွားကြတယ်။
1,312,837
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိသတ် ဘယ်လောက် ရှိသွားသလဲလို့ မေးလျှင်တော့ တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတယ်တဲ့။
1,312,838
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါမြစ်ရေကို ကြည့်ကာ စျာန် သမာပတ်တွေကို ဖြစ်စေခြင်း
1,312,839
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော တာယ ပရိသာယ သဒ္ဓိံ ဂင်္ဂါယ တီရံ ပတွာ ဂင်္ဂါယ ဥဒကံ ဩလောကေတွာ ကသိဏပရိကမ္မံ ကတွာ စျာနာနိ နိဗ္ဗတ္တေတွာ စိန္တေသိ။
1,312,840
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သော = ထိုဟတ္ထိပါလသတို့သားသည်။
1,312,841
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တာယ ပရိသာယ = ထိုပရိသတ်နှင့်။
1,312,842
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါယ တီရံ = ဂင်္ဂါမြစ်ကမ်းပါးသို့။
1,312,843
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပတွာ = ဆိုက်ရောက်တော်မူသည်ဖြစ်၍။
1,312,844
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါယ ဥဒကံ = ဂင်္ဂါရေကို။
1,312,845
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဩလောကေတွာ = ကြည့်ရှုတော်မူ၍။
1,312,846
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကသိဏပရိကမ္မံ = ကသိုဏ်းပရိကမ်ကို။
1,312,847
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာနာနိ = စျာန်တို့ကို။
1,312,848
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဗ္ဗတ္တေတွာ = ဖြစ်စေ၍။
1,312,849
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိန္တေသိ = ကြံစည်တော်မူခဲ့လေ၏။
1,312,850
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာကြီး ဒါယိကာမကြီးတွေ ပါရမီဖြည့်ဖို့ ဘယ်လောက် ကောင်းသလဲ? သိပ်ကောင်းတယ်။
1,312,851
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သားက တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ ခရီးနှင်လိုက်တာ ဂင်္ဂါမြစ်ကမ်း ရောက်ရှိသွားတယ်။
1,312,852
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါမြစ်ကမ်း ရောက်ရှိတဲ့ အချိန်အခါမှာ ဂင်္ဂါမြစ်ရေအယဉ်ကို လှမ်းကြည့်ပြီးတော့ စျာန်တွေကို ရရှိအောင် ကြိုးစား အားထုတ်လိုက်တယ်။
1,312,853
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေလည်း ဒီဘက်က သံလွင်မြစ်က ရေတွေကို မမြင်ဖူးဘူးလား? မြင်ဖူးကြမှာပါ။
1,312,854
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာန်တွေ ရအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတောင် ဖြစ်ကြရဲ့လား? ဖြစ်တဲ့လူလည်း ရှိချင်ရှိမယ်။
1,312,855
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဖြစ်တဲ့လူက မများဘူးလား? များပါတယ်။
1,312,856
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယခု ဒီဇာတ်တော်မှာတော့ အလောင်းတော်ဟာ ဘယ်လောက် အားကျ ဖို့ကောင်းသလဲ? အဲဒီဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ ကသိုဏ်းပရိကမ်အဖြစ်နဲ့ စီးဖြန်းတော်မူတယ်။
1,312,857
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကသိုဏ်းပရိကမ်တွေကို စီးဖြန်းပြီးတော့ ဘာလုပ်သလဲ? စျာနာနိ = စျာန်တို့ကို။
1,312,858
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာန်တွေကို ဖြစ်အောင် ကြိုးစားအားထုတ်တယ်။
1,312,859
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြိုးစားအားထုတ်ပြီးတော့ ဘာဖြစ်သလဲ? စိန္တေသိ = ကြံစည်တော်မူခဲ့လေ၏။
1,312,860
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာန်တွေကို ရအောင် ကြိုးစားအားထုတ်ပြီးတော့ သူက စဉ်းစားတယ်။
1,312,861
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါမြစ်ကမ်းမှ စောင့်ဆိုင်းနေခြင်း
1,312,862
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အယံ သမာဂမော မဟာ ဘဝိဿတိ၊ မမ တယော ကနိဋ္ဌဘာတရော မာတာပိတရော ရာဇာ ဒေဝီတိ သဗ္ဗေ သပရိသာ ပဗ္ဗဇိဿန္တိ၊ ဗာရာဏသီ သုညာ ဘဝိဿတိ၊ ယာဝ ဧတေသံ အာဂမနာ ဣဓေဝ ဘဝိဿာမိ။
1,312,863
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၄။
1,312,864
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အယံ သမာဂမော = ဤလူများအပေါင်းရဲ့ စုစည်းတဲ့ အစည်းအဝေးကြီးသည်ကား။
1,312,865
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာ = ကြီးကျယ်သည်။
1,312,866
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မမ = ငါ၏။ တယော ကနိဋ္ဌဘာတရော = ညီငယ် (၃)ဦးတို့သည်လည်းကောင်း။
1,312,867
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မာတာပိတရော = မိဘနှစ်ပါးတို့သည်လည်းကောင်း။
1,312,868
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရာဇာ = ဧသုကာရီ ဘုရင်မင်းမြတ်သည်လည်းကောင်း။
1,312,869
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေဝီ = မိဖုရားကြီးသည်လည်းကောင်း။
1,312,870
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဗ္ဗေ သပရိသာ = ပရိသတ်နှင့်တကွသော အလုံးစုံသော သူတို့သည်။
1,312,871
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿန္တိ = ရသေ့ရဟန်းပြုပေကြကုန်လတ္တံ့။
1,312,872
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗာရာဏသီ = ဗာရာဏသီပြည်သည်။
1,312,873
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုညာ = လူသူမှ ကင်းဆိတ်သည်။
1,312,874
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတေသံ = ထိုလူထုပရိသတ်အပေါင်းတို့၏။
1,312,875
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယာဝ အာဂမနာ = လာသည့်တိုင်အောင်။
1,312,876
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣဓေဝ = ဤဂင်္ဂါမြစ်ကမ်း၌ပင်လျှင်။
1,312,877
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘဝိဿာမိ = ဖြစ်ပေအံ့။
1,312,878
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူတွေ ပေါင်းစုပြီးတော့ ကောင်းမှုကုသိုလ်ပြုတဲ့ အစည်းအဝေးကြီး တစ်ခုပဲ။
1,312,879
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အစည်းအဝေးကြီးကတော့ အလွန် ကြီးကျယ်လိမ့်မယ်။
1,312,880
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါ့ရဲ့ ညီငယ် (၃)ယောက်၊ မိဘ (၂)ပါး၊ ဧသုကာရီမင်းကြီးနှင့် မိဖုရားကြီး၊ အားလုံးသော ပရိသတ်တွေဟာ ရသေ့ရဟန်း ပြုကြလိမ့်မယ်။
1,312,881
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး လူသူဖြင့် ဆိတ်သုဉ်းသွားလိမ့်မယ်။
1,312,882
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလူထုပရိသတ်အပေါင်း ရောက်လာသည့်တိုင်အောင် ငါသည် ဤဂင်္ဂါမြစ်ကမ်းမှာပဲ နေထိုင်တော့မယ်လို့ ဒီလို ဆုံးဖြတ်တယ်။
1,312,883
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဆုံးဖြတ်ချက် ချပြီးတော့ သူက ဘာလုပ်သလဲ?
1,312,884
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော တတ္ထေဝ မဟာဇနဿ ဩဝါဒံ ဒေန္တော နိသီဒိ။
1,312,885
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော = ထိုဟတ္ထိပါလသတို့သားသည်။
1,312,886
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တတ္ထေဝ = ထိုဂင်္ဂါမြစ်ကမ်း၌ပင်လျှင်။
1,312,887
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာဇနဿ = လူများအပေါင်းအား။
1,312,888
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေန္တော = ပေးတော်မူလျက်။
1,312,889
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိသီဒိ = သီတင်းသုံးနေတော်မူလေ၏။
1,312,890
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိရဲ့ နောက်သို့ လိုက်ပါလာကြတဲ့ ပရိသတ်တွေကို အဆုံးအမ ဩဝါဒတွေ ပေးပြီးတော့ အဲဒီ ဂင်္ဂါမြစ်ကမ်းပါးမှာပဲ နေထိုင်တယ်။
1,312,891
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနေရာမှာ ဘုန်းကြီး ဒီဇာတ်ကြောင်းကလေး ခေတ္တ ရပ်နားပြီးတော့ ကသိုဏ်းပရိကမ် စီးဖြန်းပုံ အကြောင်းကို ဗဟုဿုတအဖြစ် ဟောပေးဖို့ ရည်ရွယ်ထားပါတယ်။
1,312,892
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သားက ဂင်္ဂါမြစ်ရေတွေကို ကြည့်ပြီးတော့ ကသိုဏ်းပရိကမ်ပြုပြီး စီးဖြန်းလိုက်တာနဲ့ ချက်ချင်း သူက စျာန်တွေ ရရှိသွားတယ်။
1,312,893
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူက စျာန်ရရုံတွင် မကဘူး၊ အဘိညာဏ်အထိ ကူးတက်သွားနိုင်တယ်။
1,312,894
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူက အဘိညာဏ်ဖြင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ မိဘ (၂)ပါးလည်း တောထွက်လိမ့်မယ်၊ ဧသုကာရီဘုရင်မင်းမြတ်ကြီးနှင့် မိဖုရားကြီးလည်း တောထွက်လိမ့်မယ်၊ ညီငယ် (၃)ယောက်တို့လည်း ပရိသတ် တွေနှင့်တကွ တောထွက်လိမ့်မယ်၊ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး တောထွက်ကြလိမ့်မယ်လို့ မြင်တော်မူတယ်။
1,312,895
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အင်မတန် ကြီးကျယ်တဲ့ ကောင်းမှု ကုသိုလ်ပြုတဲ့ လူထုအစည်းအဝေးကြီးတစ်ခုတော့ ဖြစ်လိမ့်မယ်ဆိုတာ လှမ်းပြီး မြင်တော်မူတယ်။
1,312,896
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို မြင်တာကတော့ ဘုန်းကြီးတို့ ဒိဗ္ဗစက္ခုအဘိညာဏ်ရဲ့ ဂိုဏ်းခွဲဖြစ်တဲ့ အနာဂတံသဉာဏ်တော် ဖြစ်ပါတယ်။
1,312,897
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောင် အနာဂတ်ကို လှမ်းပြီး ရှုမျှော်နိုင်တဲ့ အနာဂတံသဉာဏ်တွေလည်း ဒီဟတ္ထိပါလ သတို့သားက ရရှိသွားတယ်။
1,312,898
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လောက်ကြာကြာ အားထုတ်လို့ ရရှိသလဲလို့ မေးလျှင်တော့ မကြာ လှပါဘူး။
1,312,899
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ အားထုတ်လိုက်တာနဲ့ မကြာမီ အချိန် ကာလကလေးအတွင်းမှာ ရရှိသွားပါတယ်။
1,312,900
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ဂင်္ဂါမြစ်ရေကို ကြည့်ပြီး ကသိုဏ်းပရိကမ်အဖြစ်နဲ့ စီးဖြန်းလိုက်တဲ့အတွက်ကြောင့် စျာန်တွေ ရရှိတယ် ဆိုလျှင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီနေ့ သာသနာတော်အတွင်းမှာ ဒီရေတွေကို ကြည့်ပြီးတော့ စျာန်တွေကို ရရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ ကျင့်စဉ်ကလေးတွေကို သိထားလျှင် မကောင်းဘူးလား? သိပ်...