id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,312,901 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် အဲဒီလို အားထုတ်လို့ ရဖို့ရန်အတွက်ကတော့ ပုဂ္ဂိုလ် နှစ်စား ရှိပါတယ်။ |
1,312,902 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေပြင်ကို တိုက်ရိုက် ကြည့်ပြီးတော့ ပွားများအားထုတ်လိုက်ရုံနဲ့ ချက်ချင်း စျာန်တွေ ရတယ်ဆိုတာကတော့ အတိတ်က ပါရမီရှိနေတဲ့ သူတော် ကောင်းတွေအတွက် လွယ်ကူဖွယ်ရာ ရှိပါတယ်။ |
1,312,903 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် အဲဒီလို ဂင်္ဂါမြစ်ရေ မျက်နှာပြင်မျိုးကို ကြည့်ရုံနဲ့ ချက်ချင်း ကသိုဏ်း ပရိကမ်ပြုလို့ မရဘူး၊ စျာန်ကလည်း မဖြစ်ဘူးဆိုလျှင်တော့ မဖြစ်တဲ့ ပုဂ္ဂိုလ်များအတွက် အခြား ကမ္မဋ္ဌာန်း တစ်ခုခုကိုတော့ ခိုင်ခိုင်ခံ့ခံ့ စီးဖြန်းရပါတယ်။ |
1,312,904 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက ပကတိသော ရေကို အာပေါကသိုဏ်းအဖြစ်နဲ့ စပြီး စီးဖြန်းလို့ မရတဲ့ပုဂ္ဂိုလ်အတွက် ပြောတာပါ။ |
1,312,905 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေကို ကသိုဏ်းပရိကမ်ပြုပြီး စီးဖြန်းလိုက်လို့ မဖြစ်တော့ဘူးဆိုလျှင်တော့ တခြား လွယ်ကူတဲ့ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိ တစ်ခုခုကို ခိုင်ခံ့အောင် ထူထောင်ရပါတယ်။ |
1,312,906 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ထူထောင်တဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတဲ့အထဲက မိမိ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိ ထူထောင် နိုင်ပါတယ်။ |
1,312,907 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီး မုပွန် ဒီကျိုက်ဓာတ်သုတ်စေတီတော် ဓမ္မာရုံမှာ ဓာတ်ကမ္မဋ္ဌာန်း ကို မကြာခဏ ဟောခဲ့ဖူးတော့ ယခု အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်ပုံကနေ စပြီးတော့ ကသိုဏ်း ကူးပုံကလေးကို ဟောဖို့ ရည်ရွယ်ထား ပါတယ်။ |
1,312,908 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်ပုံအပိုင်းကို ခပ်တိုတို ပြောရမယ်ဆိုလျှင်တော့ ဝင်သက်လေ ထွက်သက်လေ ထိထိသွားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ ဘာဝနာစိတ်ကလေးကို စိုက်ထားပါ။ |
1,312,909 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီမှာ စိတ်ကလေးကို စိုက်ထားလိုက်တဲ့ အချိန်အခါမှာ ထိတာကို ကြည့်ရမှာလား, လေကို ကြည့်ရမှာလားလို့ မေးလျှင်တော့ ဘယ်လို ဖြေမလဲ? လေကို ကြည့်ရမယ်။ |
1,312,910 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လေလဲလို့ မေးလျှင်တော့ ထိတဲ့လေကို ကြည့်ရမှာပါ။ |
1,312,911 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်နေရာမှာ ထိတဲ့လေလဲလို့ မေးလျှင်တော့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ ထိထိသွားတဲ့ လေကလေးကို ကြည့်ရမယ်။ |
1,312,912 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိမှုကို ကြည့်တာ မဟုတ်ပါဘူး။ |
1,312,913 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကို ကြည့်ရမှာလဲ? ထိတဲ့လေကို ကြည့်ရမယ်။ |
1,312,914 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျား တစ်နေရာမှာ လာထိတဲ့ ဝင်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ |
1,312,915 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ လေအပေါ်မှာ စိတ်ကလေးကို ငြိမ်အောင် ကပ်ကြည့်ပါ။ |
1,312,916 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ထိုင် နှစ်ထိုင် စသည်လောက် ထိုင်ကြည့်ပါ။ |
1,312,917 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုင်ကြည့်လိုက်လို့ စိတ်က ဝင်သက်လေ ထွက်သက်လေ အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး မတည်ဘူးဆိုလျှင်တော့ အဋ္ဌကထာဆရာတော် များက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ရန်အတွက် ညွှန်ကြားထားပါတယ်။ |
1,312,918 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေတွက်ခြင်း ဂဏနာနည်း |
1,312,919 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်လေ ထွက်လေ တစ် |
1,312,920 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှစ်အထိဆိုလျှင် တော်လောက်ပါပြီ။ |
1,312,921 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ဆယ်အထိလည်း ရေတွက် နိုင်ပါတယ်။ |
1,312,922 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါးအထိလည်း ရေတွက်နိုင်ပါတယ်။ |
1,312,923 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေအားဖြင့် ဘုန်းကြီးတို့ကတော့ ရှစ်အထိပဲ သင်ပေးပါတယ်။ |
1,312,924 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျေးဇူးတော်ရှင် ကန္နီဆရာတော်ဘုရားရဲ့ ဩဝါဒအတိုင်းပါပဲ။ |
1,312,925 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်ကိုမှ မထွက်စေရဘူးလို့ အဲဒီလို စိတ်ကို ခပ်တင်းတင်းကလေး ထားပြီးတော့ ရေတွက်ရပါတယ်။ |
1,312,926 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ မရေတွက်ဘဲနဲ့ စိတ်က ငြိမ်နေလျှင်တော့ မရေတွက်ပါနဲ့၊ ရေတွက်တဲ့နည်းကို အသုံးပြုဖို့ မလိုပါဘူး။ |
1,312,927 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ်က မငြိမ်သက်ခဲ့ဘူးဆိုလျှင်တော့ ရေတွက်တဲ့ နည်းကလေးကို အသုံးပြုပေးရပါတယ်။ |
1,312,928 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရေတွက်တဲ့အပိုင်းမှာ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရဘူး၊ နောက်တစ်ခါလည်း တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရဘူး။ |
1,312,929 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို စိတ်ကို ခပ်တင်းတင်း ထားပြီးတော့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရေတွက်နေမယ်ဆိုလျှင်တော့ ရေတွက်တဲ့ စွမ်းအားကြောင့် တဖြည်းဖြည်း စိတ်ကလည်း ငြိမ်ဝပ်လာတတ်ပါတယ်။ |
1,312,930 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ငြိမ်ဝပ်လာလျှင်လည်း အနည်းဆုံး တစ်နာရီလောက် ငြိမ်အောင် ကြိုးစားနိုင်လျှင်တော့ ပိုကောင်းပါတယ်။ |
1,312,931 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေတွက်တဲ့နည်းဖြင့် တစ်နာရီလောက်အထိ စိတ်ကလေးက ငြိမ်လာပြီဆိုလျှင်တော့ ရေတွက်တဲ့နည်းကို လွှတ်လို့ ရပါပြီ။ |
1,312,932 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မရေတွက်ဘဲနဲ့ အဲဒီ ဝင်သက်လေ ထွက်သက်လေမှာပဲ စိတ်ကို စိုက်ကြည့်နေပါ။ |
1,312,933 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိုက်ကြည့်လိုက်လို့ စိတ်က တော်တော်ကလေး ငြိမ်လာပြီဆိုလျှင် ဘာဆက်လုပ်ရမလဲ? |
1,312,934 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှည်-- အတို |
1,312,935 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ |
1,312,936 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေက ရှည်လျှင် ရှည်တဲ့အတိုင်း သိပါ၊ ထွက်သက်လေက ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ။ |
1,312,937 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေ ထွက်သက်လေက ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိရမယ်။ |
1,312,938 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေ ထွက်သက်လေက တိုနေလျှင်လည်း တိုတဲ့အတိုင်း သိရမယ်။ |
1,312,939 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၁)က ရှည်လျှင် ရှည်တဲ့အတိုင်း သိပါ။ |
1,312,940 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၂)က တိုလျှင် တိုတဲ့အတိုင်း သိပါ။ |
1,312,941 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက ဘာပြောလိုတာလဲ? |
1,312,942 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တသ္မာ တေသံ ကာလဝသေန ဒီဃမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ တေ ဒီဃာ ဣတ္တရမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ ရဿာတိ ဝေဒိတဗ္ဗာ။ |
1,312,943 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဿာသပဿာသာနံ ဒေသဒ္ဓါနဝိသိဋ္ဌေန ကာလဒ္ဓါနဝသေနေဝ ဒီဃရဿတာ ဝုတ္တာ။ |
1,312,944 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာတို့မှာ ဖွင့်ဆိုထား ပါတယ်။ |
1,312,945 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အချိန် ခပ်ကြာကြာဖြစ်လျှင် ရှည်တယ်၊ အချိန် ခပ်တိုတိုဖြစ်လျှင် တိုတယ်။ |
1,312,946 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေ ထွက်သက်လေက အချိန်ကြာကြာဖြစ်လျှင် ရှည်တယ်၊ ဝင်သက်လေ ထွက်သက်လေက အချိန်တိုတိုဖြစ်လျှင် တိုတယ်။ |
1,312,947 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို သုံးထားပါတယ်။ |
1,312,948 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှည်အောင်, တိုအောင် မလုပ်ပါနဲ့၊ ပုံမှန်သာ အသက်ရှူနေပါ။ |
1,312,949 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှည်တယ် တိုတယ်လို့လည်း မမှတ်ပါနဲ့။ |
1,312,950 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမှတ်ဘဲ မနေနိုင်လျှင်တော့ ဝင်လေ ထွက်လေလို့ပဲ မှတ်နေပါ။ |
1,312,951 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှည်လျှင် ရှည်တဲ့အတိုင်း သိဖို့၊ တိုလျှင် တိုတဲ့ အတိုင်း သိဖို့သာ အဓိက လိုအပ်ပါတယ်။ |
1,312,952 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလေကို အထဲအထိလည်း လိုက်မကြည့်ပါနဲ့၊ အပြင်ဘက်သို့လည်း လိုက်မကြည့်ပါနဲ့။ |
1,312,953 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိတဲ့နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ။ |
1,312,954 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေ ထွက်သက်လေ ထိမှု ထင်ရှားသည့်နေရာ |
1,312,955 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဝင်သက်လေ ထွက်သက်လေ ထိထိသွားတဲ့ နေရာကလေးမှာသာ သတိ ကလေးကို ကပ်ပြီး ရှုမှ ဒီအာနာပါနဿတိဘာဝနာက ပြည့်စုံနိုင်ပါတယ်။ |
1,312,956 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ထိတဲ့နေရာကို လွှတ်ပြီး ရှုလို့တော့ မရပါဘူး။ |
1,312,957 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထဲကို လိုက်ပြီး ကြည့်နေလျှင် အဇ္ဈတ္တဝိက္ခေပ = အတွင်းမှာ စိတ်ပျံ့လွင့်တယ်လို့ ခေါ်ပါတယ်။ |
1,312,958 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိတဲ့နေရာရဲ့ အပြင်ဘက်ကို လိုက်ပြီး ကြည့်ခဲ့မယ်ဆိုလျှင်လည်း ဗဟိဒ္ဓဝိက္ခေပ = အပြင်ဘက်မှာ စိတ်ပျံ့လွင့်တယ်လို့ ခေါ်ပါတယ်။ |
1,312,959 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အတွင်းဘက် အပြင်ဘက်တွေမှာ ဒီလို စိတ်တွေက ပျံ့လွင့်နေမယ်ဆိုလျှင်တော့ ဒီအာနာပါနဿတိ သမာဓိဘာဝနာသည် ဘယ်တော့မှ မပြည့်စုံနိုင်ပါဘူး။ |
1,312,960 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မပြည့်စုံနိုင်တဲ့အတွက် ပြည့်စုံအောင် ထိတဲ့နေရာမှာပဲ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း သိဖို့၊ တိုလည်း တိုတဲ့အတိုင်း သိဖို့သာ အဓိက လိုအပ်ပါတယ်။ |
1,312,961 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အရှည်-အတိုမှာ ဘယ်လောက်ကြာကြာ စိတ်က ငြိမ်သက်နေရမလဲလို့ မေးလျှင်တော့ တစ်နာရီ နှစ်နာရီ သုံးနာရီ စသည်ဖြင့် ငြိမ်နိုင်လျှင်တော့ ပိုကောင်းပါတယ်။ |
1,312,962 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ ဆိုလျှင်တော့ ဒီအပိုင်းမှာလည်း အာနာပါနနိမိတ် ပေါ်တတ်တယ်ဆိုပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာတော့ လာရှိပါတယ်။ |
1,312,963 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိသုဒ္ဓိ၊၁၊၂၆၄။ |
1,312,964 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အကယ်၍ တစ်ရက် နှစ်ရက် စသည် ကြာသည့်တိုင်အောင် ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်နေပါသော်လည်း နိမိတ်က မပေါ် ဖြစ်ခဲ့လျှင်တော့ နောက်တစ်ဆင့် ကူးနိုင်ပါတယ်။ |
1,312,965 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ် ပေါ်ခဲ့လျှင်လည်း နောက်တစ်ဆင့် ကူးရမှာ ဖြစ်ပါတယ်။ |
1,312,966 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ဆင့်က ဘာလဲ? |
1,312,967 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ပါ |
1,312,968 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ |
1,312,969 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝင်သက်လေမှာလည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင် ကျင့်ပါ၊ ထွက်သက်လေမှာလည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ |
1,312,970 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံးလို့ ဒီလိုတော့ လိုက်ပြီး မမှတ်ပါနဲ့။ |
1,312,971 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမှတ်ဘဲ မနေနိုင်လျှင်တော့ ဝင်လေထွက်လေလို့ပဲ မှတ်နေပါ။ |
1,312,972 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် ဝင်လျှင်လည်း အစ-အဆုံး အကုန်လုံး ထင်ထင်ရှားရှား တောက်လျှောက် သိရမယ်။ |
1,312,973 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထွက်လျှင်လည်း အစ-အဆုံး အကုန်လုံး ထင်ထင်ရှားရှား တောက်လျှောက် သိရမယ်။ |
1,312,974 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်နေရာကနေ သိနေရမှာလဲဆိုလျှင်တော့ ထိတဲ့နေရာကနေ သိရမယ်။ |
1,312,975 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နှာသီးဖျားမှာ ထိမှု ထင်ရှားလျှင် နှာသီးဖျားက စောင့်ကြည့်နေပါ။ |
1,312,976 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထဲအထိလည်း လိုက်မကြည့်ပါနဲ့၊ အပြင်ဘက်အထိလည်း လိုက်မကြည့်ပါနဲ့။ |
1,312,977 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက်နှုတ်ခမ်းဖျားမှာ ထိမှု ထင်ရှားလျှင်လည်း အထက်နှုတ်ခမ်းဖျားကသာ စောင့်ကြည့်နေပါ။ |
1,312,978 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ လာလာပြီး ထိနေတဲ့ ဝင်သက်လေကလေး စပြီး ဝင်တာကနေ ဆုံးသွားတဲ့ အထိ၊ ထွက်သက်လေကလေး စထွက်တာကနေ ဆုံးတဲ့အထိ ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။ |
1,312,979 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ ဒီအပိုင်းမှာလည်း နိမိတ် ပေါ်တတ်ပါတယ်။ |
1,312,980 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် နိမိတ် ပေါ်သည်ဖြစ်စေ, မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့် တက်ရပါမယ်။ |
1,312,981 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ဆင့် ကျင့်ရမှာက ဘာလဲ? |
1,312,982 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငြိမ်အောင် = ငြိမ်းအောင် ကျင့်ပါ |
1,312,983 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို။ |
1,312,984 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို။ |
1,312,985 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝင်သက်လေ, ရုန့်ရင်းကြမ်းတမ်းနေတဲ့ ထွက်သက်လေကို သိမ်မွေ့စေရမယ်၊ ငြိမ်သက်စေရမယ်၊ ငြိမ်းစေရမယ်လို့ ဒီလို နှလုံးထားပြီးတော့ အသက်ရှူပါတဲ့။ |
1,312,986 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အားလုံးကို အစဉ်အတိုင်း ပြန်ပြောရမယ်ဆိုလျှင်တော့ --- |
1,312,987 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၁။ အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း။ |
1,312,988 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၂။ အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း။ |
1,312,989 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၃။ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစား အားထုတ်ခြင်း။ |
1,312,990 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၄။ ငြိမ်အောင် = ငြိမ်းအောင် ကျင့်ခြင်း။ |
1,312,991 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအသက်ရှူပုံ နည်းစနစ်တွေကတော့ သမထစျာန်တွေကို အခြေခံလျက် ဝိပဿနာ ကျင့်သုံးလိုတဲ့ သူတော်ကောင်းများအတွက် အသက်ရှူပုံ နည်းစနစ်ကို မြတ်စွာဘုရားက နောက်ဆုံး သင်ပေးခြင်း ဖြစ်ပါတယ်။ |
1,312,992 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၁) အရှည်။ |
1,312,993 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၂) အတို။ |
1,312,994 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၃) အစ အဆုံး။ |
1,312,995 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၄) ငြိမ်သက်အောင် = ငြိမ်းအောင် ကျင့်တယ်။ |
1,312,996 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ ဘယ်နှစ်ဆင့် ရှိသလဲ? (၄)ဆင့်။ |
1,312,997 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ (၄)ဆင့်ကို အစဉ်အတိုင်း ကျင့်ရာကနေ နောက်ဆုံးတော့ တဖြည်းဖြည်း ဝင်သက်လေ ထွက်သက်လေကလေး သိမ်မွေ့စေရမယ်လို့ စိတ်ကို နှလုံးသွင်းထားရမယ်။ |
1,312,998 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သက်သက် သိမ်မွေ့အောင်တော့ မလုပ်ပါနဲ့။ |
1,312,999 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သက်သက် သိမ်မွေ့အောင် တမင်တကာ ကြိုးစားနေလျှင်တော့ အသက်ရှူလို့ မဝ ဖြစ်ပြီး မောလာတတ်ပါတယ်။ |
1,313,000 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာဓိလည်း ပျက်သွားတတ်ပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.