id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,313,001 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ပထမဆုံး သတိမြဲနေပြီဆိုလျှင်တော့ အရှည်-အတိုကို သိအောင် ကြိုးစားပါ။ |
1,313,002 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှည်-အတိုမှာ သတိက ခိုင်လာပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း အစ-အဆုံး ကူးနိုင်ပါတယ်။ |
1,313,003 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အစ-အဆုံးမှာ ထင်ထင်ရှားရှား သိပြီဆိုတာနဲ့ အဲဒီ ဝင်သက်လေ ထွက်သက်လေကလေး ငြိမ်သက်စေရမယ်လို့ နှလုံးထားပြီးတော့ ပုံမှန်သာ အသက်ရှူနေပါ။ |
1,313,004 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုံမှန်သာ အသက်ရှူနေမယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ ဘာဖြစ်လာမလဲ? နိမိတ်ပေါ်လာတတ်ပါတယ်။ |
1,313,005 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်နာရီ နှစ်နာရီ စသည်ဖြင့် လေးကြိမ် ငါးကြိမ် ဆယ်ကြိမ်လောက်အထိ ဆက်တိုက် ငြိမ်လာပြီဆိုလျှင်တော့ များသောအားဖြင့် နိမိတ် ပေါ်တတ်ပါတယ်။ |
1,313,006 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်ပေါ်စ အခြေအနေ |
1,313,007 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို နိမိတ်ပေါ်လာတဲ့ အချိန်အခါမှာ ယောဂီတွေမှာ တစ်ဦးနဲ့ တစ်ဦး နိမိတ်ပေါ်ပုံကတော့ မတူကြပါဘူး။ |
1,313,008 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မတူတာကတော့ နိမိတ်မပေါ်မီ အချိန်ကလေးမှာ ဘာဝနာစိတ်ရဲ့ ကွဲပြားမှုကြောင့် မတူဘူးဆိုတာကိုတော့ အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။ |
1,313,009 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဘာဝနာသညာ ကွဲပြားတဲ့အတွက် နိမိတ်တွေလည်း ကွဲပြားသွားကြပါတယ်။ |
1,313,010 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဝနာသညာဆိုတာကတော့ နိမိတ်မပေါ်မီ အချိန်ကလေးမှာ ဒီလို နိမိတ်ကလေး ပေါ်လာလျှင်တော့ ကောင်းမယ်၊ ဟိုလို နိမိတ်ကလေး ပေါ်လာ လျှင် ကောင်းမယ် စသည်ဖြင့် မသိမသာ ဖြစ်သွားတဲ့ အမှတ်သညာကလေးတွေ ရှိပါတယ်။ |
1,313,011 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အမှတ်သညာကလေးတွေရဲ့ ကွဲပြားမှုကြောင့် နိမိတ်တွေ လည်း ကွဲပြားသွားကြပါတယ်။ |
1,313,012 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး နိမိတ်ချင်း မတူကြခြင်း ဖြစ်ပါတယ်။ |
1,313,013 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် ဒီအပိုင်းမှာ ယောဂီက စိတ်မကစားဖို့တော့ လိုအပ်ပါတယ်။ |
1,313,014 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ စိတ်ကစားနေမယ်ဆိုလျှင်တော့ နိမိတ်တွေက တော်ကြာ တစ်မျိုး၊ တော်ကြာ တစ်မျိုး ဖြစ်ပြီးတော့ နောက်ဆုံးတော့ သမာဓိလည်း မခိုင်ဘဲ ပျက်စီးသွားတတ်ပါတယ်။ |
1,313,015 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်လည်း ခဏခဏ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ |
1,313,016 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | များသောအားဖြင့်တော့ နိမိတ်က ပေါ်စမှာ မခိုင်တဲ့ ပုဂ္ဂိုလ်က များပါတယ်။ |
1,313,017 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တချို့ ပါရမီ ရင့်သန်နေတဲ့ သူတော်ကောင်းများ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ တစ်ထိုင် နှစ်ထိုင်အတွင်းမှာပဲ ဒီနိမိတ်သည် ခိုင်ခံ့သွားတာလည်း ရှိတတ်ပါတယ်။ |
1,313,018 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်က ပေါ်စဖြစ်လျှင်တော့ မခိုင်ခံ့တဲ့သဘော ရှိတဲ့အတွက် ပကတိ ဝင်သက်လေ ထွက်သက်လေကိုပဲ ကြည့်နေပါ။ |
1,313,019 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ ဘာဝနာစိတ်က ပေါ်လာတဲ့နိမိတ်မှာ ငြိမ်ဝပ်စွာ သွားပြီး ကပ်နေခဲ့မယ်ဆိုလျှင်တော့ မခွာလိုက်နဲ့တော့။ |
1,313,020 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နိမိတ်မှာပဲ ဘာဝနာစိတ်ကို ကပ်သာ ထားလိုက်ပါ။ |
1,313,021 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဝနာစိတ်က နိမိတ်မှာ သွားပြီး ကပ်နေပေမယ့်လည်း အဲဒီ နိမိတ်က အထူးသဖြင့် ထိတဲ့နေရာမှာ ကပ်ပြီး ပေါ်လာမှ ပိုပြီး ခိုင်တဲ့သဘော ရှိပါတယ်။ |
1,313,022 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်က နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားနဲ့ ဝေးတဲ့နေရာမှာ ပေါ်ခဲ့မယ်ဆိုလျှင်တော့ ဘာဝနာစိတ်ကို သွားပြီး ကပ်ကြည့်လိုက်လျှင် မခိုင်တဲ့သဘော ရှိတတ်ပါတယ်။ |
1,313,023 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဝင်သက်လေ ထွက်သက်လေ ထိတဲ့နေရာကလေးကနေ စောင့်ပြီးတော့ လေကလေးမှာပဲ စိတ်ကို ကပ်ထားပါ။ |
1,313,024 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လေကလေးအပေါ်မှာ စိတ်ကပ်ထားလိုက်လို့ နိမိတ်ကလည်း တဖြည်းဖြည်း ခိုင်လာပြီဆိုလျှင်တော့ နိမိတ်အပေါ်မှာ ပြောင်းပြီး စိတ်ကပ်လို့ ရပါတယ်။ |
1,313,025 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လောက်အထိ နိမိတ်က ခိုင်ရမလဲလို့ မေးလျှင်တော့ အနည်းဆုံး နာရီဝက်ကျော်ကျော် တစ်နာရီလောက် ခိုင်နေပြီဆိုလျှင်တော့ နိမိတ်မှာ ပြောင်းပြီး စိတ်ကပ်လို့ ရတတ်ပါတယ်။ |
1,313,026 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်မှာ ပြောင်းပြီး စိတ်ကပ်တဲ့အပိုင်းမှာ ပကတိ ဝင်သက်လေ ထွက်သက်လေကို ပြန်မကြည့်ပါနဲ့၊ နိမိတ်ကိုသာ တစ်ဖက်သတ် ကြည့်နေပါ။ |
1,313,027 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပကတိ ဝင်သက်လေ ထွက်သက်လေကို ကြည့်လိုက်, နိမိတ်ကို ကြည့်လိုက် ပြုလုပ်နေလျှင်တော့ စိတ်က ဟိုပြောင်းလိုက် ဒီပြောင်းလိုက် ဖြစ်နေတဲ့အတွက် သမာဓိမဖြစ်ဘဲ ရှိတတ်ပါတယ်။ |
1,313,028 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရရှိထားပြီးတဲ့ သမာဓိမှ လည်း လျှောကျသွားတတ်ပါတယ်။ |
1,313,029 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်(၃)မျိုး-သမာဓိ(၃)မျိုး |
1,313,030 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဝင်သက်လေ ထွက်သက်လေအပေါ်မှာ စိတ်ကလေးကို ငြိမ်အောင် ကပ်နေတဲ့ အချိန်အခါမှာလည်း နိမိတ်ကို သွားသွားပြီး ခဏခဏ မကြည့်ပါနဲ့။ |
1,313,031 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်မှာ စိတ်ကပ်နေတဲ့ အချိန်အခါမှာလည်း ဝင်သက်လေ ထွက်သက်လေကို ခဏခဏ ပြန်မကြည့်ပါနဲ့။ |
1,313,032 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်မှာသာ ဘာဝနာစိတ်ကလေးကို ကပ်ထားပါ။ |
1,313,033 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ နိမိတ်က ပျောက်သွားခဲ့လျှင်တော့ ပကတိ ဝင်သက်လေ ထွက်သက်လေကိုပဲ ပြန်ရှုနေပါ။ |
1,313,034 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီနည်းစနစ်ဖြင့် လေ့ကျင့်လိုက်မယ်ဆိုလျှင်တော့ မကြာမီ အချိန်ကာလအတွင်းမှာပဲ နိမိတ်က လည်း ခိုင်ခံ့သွားတတ်ပါတယ်။ |
1,313,035 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်က ပေါ်စမှာ မကြည်ပါဘူး။ |
1,313,036 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မီးခိုးရောင်ကဲ့သို့ အလွန်ကြီး မဖြူသေးတဲ့ နိမိတ်ကို ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ |
1,313,037 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာဓိမှာ ပရိကမ္မသမာဓိပဲ ဖြစ်ပါတယ်။ |
1,313,038 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဝနာစိတ်က ယင်းနိမိတ်အပေါ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ခိုင်ခံ့တဲ့အခါမှာ နိမိတ်အပေါ်မှာ ပြောင်းပြီး စိတ်ကပ်လိုက်လို့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေခဲ့မယ် ဆိုလျှင်တော့ ဒီနိမိတ်သည် ဖြူလာပါလိမ့်မယ်။ |
1,313,039 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါဂွမ်းစိုင်လို ဖြူလာတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ် (= ဘာဝနာဉာဏ်နှင့် ပိုင်းခြားယူလို့ရတဲ့ နိမိတ်)လို့ ခေါ်တယ်။ |
1,313,040 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာဓိမှာ ပရိကမ္မသမာဓိပဲ ဖြစ်ပါသေးတယ်။ |
1,313,041 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါဂွမ်းစိုင်လို ဖြူလာပြီဆိုလျှင်တော့ အဲဒီ ဖြူလာတဲ့နိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ဆက်ပြီး ကပ်ထားနိုင်မယ်ဆိုလျှင် နိမိတ်သည် သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာတတ်ပါတယ်။ |
1,313,042 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အလွန် ကြည်လင်တောက်ပတဲ့နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ |
1,313,043 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် များသောအားဖြင့် တချို့မှာ နိမိတ်က ပတ္တမြားရောင်လည်း ဖြစ်တတ်ပါတယ်။ |
1,313,044 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောင်ကတော့ တစ်ဦးနဲ့ တစ်ဦး မတူတဲ့သဘောလည်း နည်းနည်းပါးပါး ရှိပါတယ်။ |
1,313,045 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယေဘုယျအားဖြင့်တော့ အဖြူပေါ်တဲ့ပုဂ္ဂိုလ်က များပါတယ်။ |
1,313,046 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမစျာန်သမာဓိသို့ |
1,313,047 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နိမိတ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပြီ၊ နိမိတ်ကလည်း ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ကြည်လင်တောက်ပနေတဲ့ ဒီနိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။ |
1,313,048 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မီးခိုးရောင်အဆင့်လောက်မှာ ရှိနေတဲ့ နိမိတ်ကိုတော့ ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ |
1,313,049 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါဂွမ်းစိုင်လို ဖြူလာပြီ ဆိုလျှင်တော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ |
1,313,050 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ |
1,313,051 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ပဋိဘာဂနိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင် လေ့ကျင့်နိုင်ခဲ့မယ်ဆိုလျှင်တော့ ဥပစာရသမာဓိသို့ ဆိုက်ပြီ ဖြစ်ပါတယ်။ |
1,313,052 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဋိဘာဂနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ် မြုပ်ပြီးတော့ ငြိမ်ဝပ်စွာ မလှုပ်မယှက် တည်နေပြီဆိုလျှင်တော့ ဒီလို သမာဓိမျိုးကို အပ္ပနာ (= စျာန်သမာဓိ)လို့ ခေါ်ဆိုပါတယ်။ |
1,313,053 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငြိမ်ဝပ်နေတဲ့ ရှုနေတဲ့ စိတ်က နှလုံးအိမ် ဟဒယဝတ္ထုအတွင်းမှာ မှီပြီး ဖြစ်နေတဲ့အတွက် ဟဒယဝတ္ထု ရှိရာဘက်ကို လှမ်းပြီး ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။ |
1,313,054 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိတက် = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။ |
1,313,055 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ခါထပ်ခါ သုံးသပ် ဆင်ခြင်ခြင်းသဘော။ |
1,313,056 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။ |
1,313,057 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သုခ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားခြင်းသဘော။ |
1,313,058 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။ |
1,313,059 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ ဒီစျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါတယ်။ |
1,313,060 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စျာန်အင်္ဂါ (၅)ပါးကို အနည်းဆုံး နိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေမှသာ ပြန်ပြီး ဆင်ခြင်ပါ။ |
1,313,061 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အားထုတ်စပုဂ္ဂိုလ်သည် စျာန်ကို ဝင်စားမှု များရမယ်၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းရမယ်ဆိုတဲ့ ဒီလို သတ်မှတ်ချက်တော့ ရှိပါတယ်။ |
1,313,062 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ခဏခဏတော့ မဆင်ခြင်ပါနဲ့။ |
1,313,063 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စျာန်အင်္ဂါများကို ဆင်ခြင်ပါ |
1,313,064 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်စားမှု စွမ်းအင်တွေက အရှိန် သိပ်ကောင်းလာတဲ့ အချိန်အခါမှာ ဒီစျာန်အင်္ဂါကို ဆင်ခြင်ကြည့်ပါ။ |
1,313,065 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့အပိုင်းမှာ --- |
1,313,066 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၁။ ဘဝင် (= မနောအကြည်ဓာတ်)ကို ဉာဏ်ဖြင့် သိမ်းဆည်းပါ။ |
1,313,067 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ၂။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို လှမ်းပြီး အာရုံယူပါ။ |
1,313,068 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)မှာ ထင်လာတဲ့အခါ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်ပါ။ |
1,313,069 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆင်ခြင်စမှာ ဉာဏ်က မထက်သေးတဲ့အတွက် တစ်လုံးစီပဲ ဆင်ခြင်ကြည့်ပါ။ |
1,313,070 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဉာဏ်က ဆင်ခြင်ပါများလို့ တဖြည်းဖြည်း ထက်လာပြီဆိုလျှင်တော့ အဲဒီ စျာန်အင်္ဂါ (၅)ခုလုံးကို ပြိုင်တူ ပေါ်သည်အထိ လေ့ကျင့်ပါ။ |
1,313,071 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပြိုင်တူ ပေါ်လာပြီဆိုလျှင်တော့ ဝင်စားချင်တဲ့အချိန်မှာ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ပါ။ |
1,313,072 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထချင်တဲ့အချိန်မှာလည်း အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ပါ။ |
1,313,073 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်နာရီ ဝင်စားချင်လျှင် တစ်နာရီ ဝင်စားလို့ ရအောင်, နှစ်နာရီ ဝင်စားချင်လျှင် နှစ်နာရီ ဝင်စားလို့ရအောင် လေ့ကျင့်ပါ။ |
1,313,074 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ |
1,313,075 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ လေ့ကျင့်မှုတွေကို အောင်အောင်မြင်မြင် ဖြစ်ပြီဆိုလျှင်တော့ ဒုတိယစျာန်ကို ကူးနိုင်ပါတယ်။ |
1,313,076 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒုတိယစျာန်ကို ကူးတော့မယ့် ယောဂီပုဂ္ဂိုလ်က ဒီပထမစျာန်သည် နီဝရဏရန်သူနဲ့ နီးကပ်တယ်။ |
1,313,077 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက အပြစ်တစ်ခု။ |
1,313,078 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိတက်-ဝိစာရတွေကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရတွေက ကြမ်းတမ်းတယ်။ |
1,313,079 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကလေးကို တင်တင်ပေးနေရတဲ့ သဘော၊ အာနာပါနပဋိဘာဂနိမိတ်ကို ထပ်ကာထပ်ကာ သုံးသပ်နေရတဲ့ သဘောကလေးကိုက စိတ်ထဲမှာ ကြမ်းတမ်းတဲ့ စိတ်အမူအရာတစ်မျိုး ဖြစ်နေတယ်။ |
1,313,080 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိမိက ငြိမ်သက်မှု သမာဓိကို လိုချင်နေတယ်။ |
1,313,081 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငြိမ်သက်မှု သမာဓိကို အလိုရှိနေတဲ့ သူတော်ကောင်းအဖို့ တင်ပေးနေရတဲ့ သုံးသပ်နေရတဲ့သဘော သည်ပင် စိတ်ရဲ့ ကြမ်းတမ်းနေတဲ့ အမူအရာတစ်မျိုး ဖြစ်နေတယ်။ |
1,313,082 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်မပေးနိုင်ဘူးဆိုလျှင် မသုံးသပ်နိုင်ဘူးဆိုလျှင် ဒီစျာန်မှ ချက်ချင်း လျှောကျသွားတော့မယ်။ |
1,313,083 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ဝိတက်-ဝိစာရတို့ရဲ့ ရုန့်ရင်းကြမ်းတမ်းမှုကြောင့် ဒီစျာန်ဟာ ကျိုးပဲ့ ပျက်စီးလွယ်တဲ့သဘောလည်း ရှိနေတယ်။ |
1,313,084 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဒီ ဝိတက်-ဝိစာရကို အလိုမရှိတဲ့ စိတ်ထားဖြင့် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်သာ ကြည့်နေပါ၊ မမှတ်ပါနဲ့။ |
1,313,085 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မှတ်နေလျှင်တော့ ဝိတက်-ဝိစာရက ပြန်ဝင်လာပါလိမ့်မယ်။ |
1,313,086 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို နိမိတ်ကို စိုက်ရှုနေတဲ့ အချိန်အခါမှာ ဘာဝနာစိတ်ကလည်း နိမိတ်ထဲမှာ နစ်မြုပ်သွားတတ်ပါတယ်။ |
1,313,087 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အားထုတ်စ ယောဂီများမှာတော့ ယေဘုယျအားဖြင့် ယင်းသို့ အာနာပါနပဋိဘာဂနိမိတ်ထဲမှာ ဘာဝနာစိတ်ကလေး နစ်မြုပ်နေတဲ့အချိန်မှာ သမာဓိ မှာ ပထမစျာန်သမာဓိပဲ ဖြစ်ပါတယ်။ |
1,313,088 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် ယင်း ပထမစျာန်သမာဓိမှ ထပြီးတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဝိတက်-ဝိစာရတို့ဟာ ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့် ထင်လာမယ်။ |
1,313,089 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပီတိ-သုခ-ဧကဂ္ဂတာတို့ကို ငြိမ်သက် အေးချမ်းတဲ့သဘောအားဖြင့် ထင်လာမယ်။ |
1,313,090 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်ရေး, သိမ်မွေ့တဲ့ စျာန်အင်္ဂါတွေနှင့် ပြည့်စုံတဲ့ ဒုတိယစျာန်ကို ရရှိရေးဆိုတဲ့ ဦးတည်ချက်နှင့် အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ရှုပါ။ |
1,313,091 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မကြာမီ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပါလိမ့်မယ်။ |
1,313,092 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိတက်-ဝိစာရတွေ ပြုတ်သွားတာကိုလည်း ယောဂီက တွေ့ရှိနေပါလိမ့်မယ်။ |
1,313,093 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမှတ်ဘဲနဲ့ နိမိတ်ကို စိုက်ကြည့်နေ မယ်ဆိုလျှင် ထိုအချိန်အခါမှာ ဝိတက်-ဝိစာရ ပြုတ်သွားပါမယ်။ |
1,313,094 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါးရှိတဲ့ ဒုတိယစျာန်သို့ ဆိုက်သွားပါလိမ့်မယ်။ |
1,313,095 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ |
1,313,096 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒုတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ဒုတိယစျာန်သည် ပထမစျာန်ဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ ပထမစျာန်သို့ အချိန်မရွေး ပြန်ပြီး လျှောကျသွားနိုင်တယ်။ |
1,313,097 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဒုတိယစျာန်ရဲ့ စျာန်အင်္ဂါ (၃)ပါးထဲမှာ ပီတိကို ပြန်ပြီး ဆင်ခြင်ရပြန်တယ်။ |
1,313,098 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပီတိသည် စိတ်လှုပ်ရှားမှု တစ်မျိုး ဖြစ်နေတယ်။ |
1,313,099 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာရုံ တစ်ခုအပေါ်မှာ သိပ်ပြီး နှစ်သက်လာပြီဆိုလျှင် စိတ်ဓာတ်တွေက မငြိမ်သက်ဘဲ လှုပ်ရှားနေတတ်ပါတယ်။ |
1,313,100 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အချိန်အခါမှာ ဒီပီတိရဲ့ လှုပ်ရှားမှု ကြမ်းတမ်းတဲ့သဘောကလေးကို မြင်အောင် ကြည့်ရပါတယ်၊ အဲဒီ ပီတိကြောင့် ဒုတိယစျာန်မှ အချိန်မရွေး လျှောကျနိုင်တာကိုလည်း မြင်အောင် ကြည့်ရပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.