id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,313,101
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြည့်ပြီးတဲ့ အချိန်အခါမှာ ပီတိကို အလိုမရှိတဲ့စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို အလိုရှိတဲ့ စိတ်ထားကလေးဖြင့် အဲဒီ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။
1,313,102
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အားထုတ်စ ယောဂီများမှာတော့ များသောအားဖြင့် ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်သွားတဲ့အခါ ဒုတိယစျာန်သို့ပဲ ပြန်ဆိုက်နေတတ်ပါတယ်။
1,313,103
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအခါမှာ သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် ဒုတိယစျာန်မှ ထကာ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ပီတိကို ရုန့်ရင်းကြမ်းတမ်းတဲ့ သဘောအားဖြင့် တွေ့ရပါလိမ့်မယ်။
1,313,104
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ ပီတိကို ပယ်ရှားနိုင်ရေး, သိမ်မွေ့ ငြိမ်သက်တဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ရရှိရေးဆိုတဲ့ ဦးတည်ချက်နဲ့ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ရှုနေပါ။
1,313,105
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မကြာမီ အချိန်ကာလ အတွင်းမှာ ယင်းနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ် သက်ဝင်သွားပါလိမ့်မယ်။
1,313,106
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို နစ်မြုပ်သွားတဲ့ အချိန်အခါမှာ ပီတိလည်း ပြုတ်သွားတတ်ပါတယ်။
1,313,107
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပီတိ ပြုတ်သွားတာကိုလည်း ယောဂီပုဂ္ဂိုလ်က ကွဲကွဲပြားပြား သိနေတတ်ပါတယ်။
1,313,108
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအခါမှာ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးပဲ ကျန်တော့တယ်ဆိုတာကိုလည်း ယောဂီပုဂ္ဂိုလ်က တွေ့နေတတ်ပါတယ်။
1,313,109
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်သို့ ဆိုက်သွား ပါလိမ့်မယ်။
1,313,110
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။
1,313,111
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့, စတုတ္ထစျာန်သို့ ကူးချင်တဲ့ ယောဂီသူတော်ကောင်းက တတိယစျာန်ရဲ့ အပြစ်ကို မြင်အောင် ကြည့်ရပြန်တယ်။
1,313,112
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီတတိယစျာန်သည် ဒုတိယစျာန်ဆိုတဲ့ ရန်သူနဲ့ နီးကပ်တယ်။
1,313,113
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့်လဲ? တတိယစျာန်သည် အချိန်မရွေး ဒုတိယစျာန်သို့ လျှောကျသွားနိုင်တယ်။
1,313,114
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်ခုက စျာန်အင်္ဂါတွေကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဒီတတိယစျာန်သည် သုခ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ စျာန်ဖြစ်တဲ့အတွက် သုခ = ချမ်းသာလာပြီဆိုလျှင်လည်း ချမ်းသာတဲ့ အဲဒီ အာရုံကို အကြောင်းပြုပြီးတော့ စိတ်မှာ နှစ်သက်မြတ်နိုးတတ်တဲ့ တဏှာ ဝင်လာတတ်ပါတယ်။
1,313,115
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် သုခသည် ရာဂတည်းဟူသော ရန်သူနှင့် နီးကပ်တယ်ဆိုပြီး သုခရဲ့ ကြမ်းတမ်းနေတဲ့ အပြစ်ကိုလည်း မြင်အောင် ဆင်ခြင်ရပါတယ်။
1,313,116
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီသုခကြောင့် ဒီစျာန်မှ အချိန်မရွေး လျှောကျသွားနိုင်တယ်။
1,313,117
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီသုခကြောင့် ဒီတတိယစျာန်သည် အားနည်းတဲ့ စျာန်အင်္ဂါရှိတဲ့အတွက် ကျိုးပဲ့ ပျက်စီးလွယ်တဲ့သဘောလည်း ရှိတယ်။
1,313,118
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အပြစ်နှစ်ခုကို ဆင်ခြင်ပြီးတဲ့ အချိန်အခါမှာ ပိုပြီး ငြိမ်သက်နေတဲ့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါး ရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ကလေးနဲ့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။
1,313,119
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိုက်ကြည့်နေတဲ့အခါမှာ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်များအဖို့ များသောအားဖြင့် ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ်သက်ဝင်သွားတဲ့ အချိန်အခါမှာ တတိယစျာန်သို့ပဲ ဆိုက်ရောက်သွားတတ်ပါတယ်။
1,313,120
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ဖန် ယင်းစျာန်မှ သတိ သမ္ပဇဉ်ဉာဏ်ယှဉ်ကာ ထလိုက်ပြီးတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ သုခကို ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့်, ဥပေက္ခာ-ဧကဂ္ဂတာကို သိမ်မွေ့ အေးချမ်း ငြိမ်သက်တဲ့သဘောအားဖြင့် ထင်လာတတ်ပါတယ်။
1,313,121
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအခါမှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စျာန်အင်္ဂါရှိတဲ့ တတိယစျာန်ကို အလိုမရှိတဲ့စိတ်ထား, သိမ်မွေ့ အေးချမ်း ငြိမ်သက်တဲ့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေပါ၊ ရှုနေပါ။
1,313,122
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိုက်ကြည့်နေလိုက်လို့ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ်သက်ဝင်သွားတဲ့အခါမှာ သုခ ပြုတ်သွားပါလိမ့်မယ်။
1,313,123
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုခနေရာမှာ ဥပေက္ခာဝင်လာပြီး ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပါလိမ့်မယ်။
1,313,124
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ စတုတ္ထစျာန်အထိ ပေါက်မြောက်ပြီဆိုလျှင်တော့ စတုတ္ထစျာန်ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါတစ်ခုကတော့ အသက်မရှူခြင်းပဲ ဖြစ်ပါ တယ်။
1,313,125
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စတုတ္ထစျာန် ဆိုက်သွားပြီဆိုလျှင် အသက် လုံးလုံး မရှူတော့ပါဘူး။
1,313,126
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပိုပြီးတော့လည်း ငြိမ်သက်သွားပါမယ်။
1,313,127
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သိမ်မွေ့ ငြိမ်သက်နေတဲ့ ဒီ စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။
1,313,128
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ ဒီစတုတ္ထစျာန်က ဘယ်လိုသဘောရှိသလဲ?
1,313,129
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ -- (အံ၊၁၊၁၆၄။
1,313,130
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) စသည်ဖြင့် မြတ်စွာဘုရားက စတုတ္ထစျာန်ရဲ့ ဂုဏ်အင်္ဂါတွေကို ချီးမွမ်း ထားပါတယ်။
1,313,131
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ချီးမွမ်းထားတဲ့အထဲမှာ ပရိယောဒါတေဆိုတဲ့ စကားလုံးကလေး ပါနေတယ်။
1,313,132
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အင်းဝခေတ်အချိန်တုန်းက ထင်ရှားတော်မူခဲ့တဲ့ ရေစကြို ပခန်းဘက်မှာ သီတင်းသုံးတော်မူတဲ့ တောရဆောက်တည်တော်မူတဲ့ ရွှေဥမင်ဆရာတော်ဘုရားဆိုတာ ရှိခဲ့ဖူးပါတယ်။
1,313,133
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရွှေဥမင်ဆရာတော်ဘုရားက ပါရာဇိကဏ်အဋ္ဌကထာ အစရှိတဲ့ ဝိနည်းအဋ္ဌကထာကြီးတွေရဲ့ နိဿယတွေလည်း ရေးသားတော်မူခဲ့ပါတယ်။
1,313,134
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရေးသားတဲ့အပိုင်းမှာ ပါရာဇိကဏ်အဋ္ဌကထာမှာ ဒီပရိယောဒါတေဆိုတဲ့ စကားလုံးကို ဆရာတော်ဘုရားကြီးက ဘယ်လို ဘာသာပြန်သွားသလဲလို့ မေးလျှင်တော့ --- ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် ဒီလို ဘာသာပြန်သွားတော်မူပါတယ်။
1,313,135
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလားတူပဲ ဘုန်းကြီးတို့ မင်းတုန်းမင်းလက်ထက် မတိုင်မီမှာ ထင်ရှားတော်မူခဲ့တဲ့ ပြည်ဆရာတော်ဘုရားကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။
1,313,136
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မောင်းထောင်ဇာတိ ဖြစ်ပါတယ်။
1,313,137
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပြည်ဆရာတော်ဘုရားကြီးကလည်း သူ့ရဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိဿယ တတိယတွဲ စာမျက်နှာ (၁၂)မှာ ဒီပရိယောဒါတေဆိုတဲ့ စကားလုံးကို -- ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် ဒီလိုပဲ ဘာသာပြန်သွားတော်မူပါတယ်။
1,313,138
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီဘာသာပြန်ဆိုချက်တွေကတော့ အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် နိမိတ္တသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဟောကြားချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
1,313,139
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထို နိမိတ္တသုတ္တန်မှာ မြတ်စွာဘုရားက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေမှာ ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ အရောင်အလင်း ရှိကြောင်း အတိအကျ ဟောကြားထားတော်မူပါတယ်။
1,313,140
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အံ၊ဋ္ဌ၊၂၊၂၂၇။
1,313,141
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ၊ (မဟာဋီ၊၂၊၄၂၇။
1,313,142
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီလို ဖွင့်ဆိုထားတဲ့ ဋီကာဆရာတော်များ၏ အယူအဆအရ -- စတုတ္ထစျာန်ကဲ့သို့သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေမှာ အရောင်အလင်း မရှိ၊ သို့သော် အဲဒီ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေက အရောင်အလင်းကိုတော့ ဖြစ်စေနိုင်တယ်လို့ ဆိုလိုပါတယ်။
1,313,143
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျိုးဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်, ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိ နေတဲ့ တေဇောဓာတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်တွေ ရှိကြတယ်။
1,313,144
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်ကလာပ် နှစ်မျိုးမှာ တည်ရှိနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ရဲ့ အရောင်အလင်းသာ ဖြစ်ပါတယ်။
1,313,145
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျိုးဖြစ်တဲ့ ယင်းရုပ်တရားတို့ရဲ့ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေ မှာ တင်စားပြီးတော့ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်လို့ တင်စား ကာ ကာရဏူပစာရအားဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပါတယ်။
1,313,146
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ဒီစတုတ္ထစျာန်သမာဓိမှာ ပရိယောဒါတေ = ပြိုးပြိုးပြက် တလက်လက် တောက်ပလာပြီဆိုလျှင်တော့ ဘာဆက်လုပ်မလဲ? ကသိုဏ်း ကူးချင်တဲ့ ပုဂ္ဂိုလ်များအတွက် ဒီနေရာမှာ ကူးဖို့ အခွင့်အလမ်းတစ်ခု ဆိုက်လာ ပါတယ်။
1,313,147
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုလင်းရောင်ခြည်စွမ်းအားကို ခိုင်ခံ့အောင် လေ့ကျင့်ပြီးတော့ ဒီလင်းရောင်ခြည်စွမ်းအားဖြင့် မိမိရဲ့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်, မွေးညင်း, ခြေသည်း-လက်သည်း, သွား, အရေ စသည်ဖြင့် (၃၂) ကောဋ္ဌာသတွေကို မြင်အောင် ကြည့်ရပါတယ်။
1,313,148
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပထမတော့ (၅)ခုစီ (၅)ခုစီပဲ ပိုင်း,ပိုင်းပြီးတော့ စိတ်ကလည်း ရွတ်ဆိုပြီး ရှုကြည့်ပါ။
1,313,149
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပိုင်း,ပိုင်းပြီး ကြည့်လိုက်လို့ အောင်မြင်မှု ရပြီ၊ (၃၂)ခုလုံး မြင်ပြီဆိုလျှင် ရွတ်ဆိုမှု မပြုတော့ဘဲ ဆံပင်ကနေ ကျင်ငယ်အထိ တိုးလျှိုပေါက် မြင်အောင် စိုက်ကြည့်နေပါ။
1,313,150
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျင်ငယ်ကနေ ဆံပင်အထိ တိုးလျှိုပေါက် မြင်အောင် အပြန်အားဖြင့်လည်း ကြည့်ပါ။
1,313,151
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို အပြန်ပြန် အလှန်လှန် စုန်-ဆန်ပြီး မြင်အောင် ကြည့်ရပါတယ်။
1,313,152
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အိမ်ရှေ့မှာ စိုက်ထားတဲ့ (၃၂)တိုင်သော ခြံတိုင်တွေကို အိမ်ပေါ်ကနေ ထိုင်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ တစ်-နှစ်-သုံး-လေး စသည်ဖြင့် ရေတွက်နေလျှင် ကြာနေလိမ့်မယ်။
1,313,153
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရေတွက်ဘဲနဲ့ လက်ဝဲဘက်ကနေ လက်ယာဘက် ဆုံးတဲ့အထိ၊ လက်ယာဘက်ကနေ လက်ဝဲဘက် ဆုံးတဲ့အထိ တန်းပြီး တစ်ခုပြီးတစ်ခု ကြည့်သွားလျှင် ပိုပြီး မြန်ပါတယ်။
1,313,154
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီပုံစံအတိုင်းပဲ ခပ်မြန်မြန် ကြည့်ရပါတယ်။
1,313,155
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြည့်လိုက်လို့ သွက်လာပြီဆိုလျှင်တော့ ဗဟိဒ္ဓ ရှေ့တည့်တည့်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင်အထိ ခပ်သွက်သွက် ရှုကြည့်ပါ။
1,313,156
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗဟိဒ္ဓမှာ အောင်မြင်ပြီဆိုလျှင် မိမိ အဇ္ဈတ္တမှာ ပြန်ရှုပါ။
1,313,157
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်-သတ္တဝါတွေကို ရှုပြီးတဲ့ အချိန် အခါမှာ အလင်းကို ဖြန့်ကြက်ပြီးတော့ တဖြည်းဖြည်း လွှတ်ကြည့်ပါ။
1,313,158
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလင်းထွက်သွားတဲ့ လမ်းထဲမှာ တွေ့နေရတဲ့ လူတွေ, ကျွဲတွေ, နွားတွေ, ခွေးတွေ, ဝက်တွေ, ကြက်တွေ, ငှက်တွေ တိရစ္ဆာန်တွေ အားလုံးကိုလည်း လိုက်ရှုနိုင်ပါတယ်။
1,313,159
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ အရပ် (၁၀)မျက်နှာ ဖြန့်ချင်တိုင်း ဖြန့်ကြည့်ပါ။
1,313,160
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခပ်ဝေးဝေးအထိ ဖြန့်နိုင်လေ ပိုကောင်းလေပဲ။
1,313,161
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ကသိုဏ်း ကူးလို့ ရနိုင်ပါတယ်။
1,313,162
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဖြူရောင်ကသိုဏ်းသို့
1,313,163
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၃၂)ကောဋ္ဌာသကနေ ကသိုဏ်းကို ကူးတဲ့အပိုင်းမှာ ယောဂီ တော်တော်ခပ်များများကို သုတေသန ပြုကြည့်လိုက်တဲ့အခါမှာ လွယ်ကူတဲ့သဘော ရှိပါတယ်။
1,313,164
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နမူနာအားဖြင့် ပြောရမယ်ဆိုလျှင်တော့ ဒီကသိုဏ်းတွေထဲမှာ အဖြူရောင်ကသိုဏ်းကို ဘုရားရှင်က အထွတ်အမြတ်ထားပြီး ဟောကြားထားတော်မူတဲ့အတွက် (အံ၊၃၊၃၀၆။
1,313,165
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပထမကောသလသုတ်) များသောအားဖြင့် ဘုန်းကြီးတို့လည်း အဖြူရောင်ကသိုဏ်းကိုပဲ စပြီး သင်ပေးတာက များပါတယ်။
1,313,166
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ကသိုဏ်းကူးတဲ့အပိုင်းမှာ ဗဟိဒ္ဓအရိုးကနေ စပြီး ကူးတယ် ဆိုကြပါစို့။
1,313,167
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၃၂)ကောဋ္ဌာသကို အဝါးဝစွာ ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းက မိမိရဲ့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ ယောဂီသူတော်ကောင်း တစ်ဦးရဲ့ ဦးခေါင်းခွံ အရိုးလောက်ကို ဖမ်းစိုက်ကြည့်ပါ။
1,313,168
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ကိုယ်လုံး ခြုံပြီး ရှုလို့ရလျှင်လည်း ခြုံရှုကြည့်ပါ။
1,313,169
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြိုက်သလို ရွေးချယ်ခွင့် ရှိပါတယ်။
1,313,170
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခြုံရှုလို့ မကောင်းဘူး၊ ဦးခေါင်းခွံလောက်ပဲ ရှုလို့ ပိုကောင်းတယ်ဆိုလျှင်လည်း ဦးခေါင်းခွံလောက်ကိုပဲ စိုက်ပြီးတော့ ခေါင်းခွံရဲ့ ဖြူနေတဲ့သဘောကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ ရှုပါ။
1,313,171
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အချိန်အခါမှာ ဦးခေါင်းခွံအရိုးတွေ အားလုံး ပျောက်ပြီးတော့ အရိုးက အဖြူရောင်အဝန်းအဝိုင်း ဖြစ်လာပါလိမ့်မယ်။
1,313,172
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အဖြူအဝန်းအဝိုင်းကို အဖြူ အဖြူလို့ ဆက်ပြီး ရှုလိုက်လျှင် အလွန် ကြည်လင်တောက်ပလာပါလိမ့်မယ်။
1,313,173
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလွန် ကြည်လင်တောက်ပနေတဲ့ အဲဒီ အဖြူမှာ တစ်နာရီ နှစ်နာရီလောက် စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။
1,313,174
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရမီရှိနေတဲ့ သူတော်ကောင်းတွေမှာတော့ အဲဒီ အဖြူအဝန်းအဝိုင်းကို မဖြန့်ကြက်ဘဲနဲ့ အလိုလို ပြန့်သွားတာကို တွေ့ရတတ်ပါတယ်။
1,313,175
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရမီက ဝေးနေမယ် သို့မဟုတ် နုံ့နေမယ်ဆိုလျှင်တော့ အဲဒီ အဖြူအဝန်းအဝိုင်းသည် အဝိုင်းအတိုင်းပဲ တည်နေတတ်ပါတယ်။
1,313,176
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ကြည်လင်တောက်ပနေတဲ့ အဖြူအဝန်းအဝိုင်းမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ ထိုအဖြူ အဝန်းအဝိုင်းကို သုံးလက်မ ပြန့်ပါစေလို့ အဝန်းအဝိုင်းအတိုင်း ပြန့်သွားအောင် ဖြန့်ကြက်ကြည့်ပါ။
1,313,177
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖြန့်ကြက်လိုက်လို့ အောင်မြင်မှု ရခဲ့လျှင်တော့ နောက်ထပ်လည်း သုံးလက်မ ထပ်ပြီး ဖြန့်ကြည့်ပါ။
1,313,178
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဖြူ အဖြူလို့ပဲ ရှုနေပါ။
1,313,179
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကသိုဏ်းဝန်းက ပြန့်သွားလို့ လှုပ်သွားခဲ့လျှင် ငြိမ်သွားအောင် ပြန်ပြီး ရှုနေပါ။
1,313,180
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငြိမ်သွားပြီဆိုလျှင် နောက်ထပ် ထပ်ပြီး ဖြန့်ကြည့်ပါ။
1,313,181
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို တဖြည်းဖြည်း ဖြန့်ကြက်လိုက်လို့ တဖြည်းဖြည်း ပြန့်လာပြီဆိုလျှင်တော့ တစ်ပေ ပြန့်ပါစေ, နှစ်ပေ ပြန့်ပါစေ စသည်ဖြင့် တဖြည်းဖြည်း ပြန့်သွားအောင် ဖြန့်ကြက်ပြီး ရှုရပါတယ်။
1,313,182
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပြန့်သွားအောင် ဖြန့်ကြက်ရှုလိုက်လို့ အရပ် (၁၀)မျက်နှာ ကြည့်လိုက်တိုင်း အားလုံး ဖြူနေပြီ၊ မိမိ ခန္ဓာကိုယ်ကို ကြည့်လိုက်လည်း အားလုံး ဖြူသွားပြီဆိုလျှင်တော့ အဲဒီ အဖြူမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။
1,313,183
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖြူနေတဲ့ နံရံတစ်ခုမှာ ဦးထုပ်ကလေးတစ်လုံးကို ချိတ်ဆွဲထားသလို အဲဒီဖြူနေတဲ့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားအောင် ကြိုးစားကြည့်ပါ။
1,313,184
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိ ကြိုက်နှစ်သက်တဲ့ နေရာမှာ ကပ်ထားလိုက်လို့ ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ ကသိုဏ်းဝန်းကလည်း အလွန် ကြည်လင်တောက်ပလာပြီဆိုလျှင် တော့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။
1,313,185
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ကသိုဏ်းဝန်းထဲမှာ နစ်မြုပ်နေပြီဆိုလျှင်တော့ ဒီလို နစ်မြုပ်နေတဲ့ သမာဓိကို စျာန်သမာဓိလို့ ခေါ်ပါတယ်။
1,313,186
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအချိန်အခါမှာ စျာန်အင်္ဂါတွေလည်း ထင်ရှားလာပါလိမ့်မယ်။
1,313,187
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါး ထင်ရှားလာလျှင်တော့ ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။
1,313,188
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လေ့ကျင့်ခန်းတွေက အောင်မြင်မှု ရလာတဲ့အချိန်အခါမှာ ဒုတိယစျာန်သို့ ကူးချင်တဲ့ ယောဂီပုဂ္ဂိုလ်က ဝိတက်-ဝိစာရ ပြုတ်ချင်တဲ့ စိတ်ထားနဲ့ အဲဒီ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။
1,313,189
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒုတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတော့ ပီတိကို အလိုမရှိတဲ့ စိတ်ထား, ပိုပြီး ငြိမ်သက်နေတဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို အလိုရှိတဲ့ စိတ်ထားကလေးဖြင့် အဲဒီ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။
1,313,190
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပီတိ ပြုတ်သွားတာကိုလည်း ယောဂီ ပုဂ္ဂိုလ်က တွေ့ရှိနေပါလိမ့်မယ်။
1,313,191
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်သွားပါလိမ့်မယ်။
1,313,192
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့် ပြီးတဲ့အခါမှာ သုခရဲ့ ကြမ်းတမ်းနေတဲ့ အပြစ်ကိုလည်း မြင်အောင် ဆင်ခြင်ပြီးတော့ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ကလေးနဲ့ အဖြူရောင်ကသိုဏ်းနိမိတ်ကိုပဲ စိုက်ကြည့်နေပါ။
1,313,193
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိုက်ကြည့်နေလိုက်လို့ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ် သက်ဝင်သွားတဲ့ အခါမှာ သုခ ပြုတ်သွားပါလိမ့်မယ်။
1,313,194
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပါလိမ့်မယ်။
1,313,195
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အဖြူရောင်ကသိုဏ်းမှာ စတုတ္ထစျာန်ကို ပေါက်သွားပြီဆိုလျှင်တော့ ကျန်တဲ့ ကသိုဏ်းတွေကို ပြောင်းနိုင်ပါတယ်။
1,313,196
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- အညိုရောင်ကသိုဏ်း
1,313,197
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အညိုရောင်ကသိုဏ်းကို ပြောင်းရှုတယ်ဆိုကြစို့၊ မိမိရဲ့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ ယောဂီသူတော်ကောင်းရဲ့ ဆံပင်ကဲ့သို့ ညိုနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီးတော့ အညို အညိုလို့ ရှုနေပါ။
1,313,198
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆံပင်တွေ ပျောက်ပြီးတော့ အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ပေါ်လာပါလိမ့်မယ်။
1,313,199
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အညိုရောင်ကသိုဏ်း အဝန်းအဝိုင်း ဖြစ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။
1,313,200
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြိုးစားပြီးတော့ ထိုအဝန်းအဝိုင်းကို အရပ် (၁၀) မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ ဆက်လက် ကြိုးစားမယ်ဆိုလျှင်လည်း ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို အစဉ်အတိုင်း ပေါက်မြောက်နိုင်ပါတယ်။