id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,313,201 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခုက --- |
1,313,202 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အဝါရောင်ကသိုဏ်း |
1,313,203 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဝါရောင်ကသိုဏ်းကို ပြောင်းရှုတော့မယ်ဆိုကြစို့၊ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်းရဲ့ ကျင်ငယ် သို့မဟုတ် အဆီခဲကဲ့သို့ ဝါနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အဝါ အဝါလို့ ရှုနေပါ။ |
1,313,204 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ကျင်ငယ် သို့မဟုတ် အဆီခဲတွေ ပျောက်ပြီးတော့ အဝါရောင်ကသိုဏ်း အဝန်းအဝိုင်းအတိုင်း ပေါ်လာပါလိမ့်မယ်။ |
1,313,205 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကသိုဏ်းဝန်း ပေါ်လာလျှင်လည်း ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,206 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ပြန့်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်အထိ ပေါက်မြောက်အောင် ကြိုးစားလို့ လွယ်ကူသွားပါတယ်။ |
1,313,207 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အနီရောင်ကသိုဏ်း |
1,313,208 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နီလကသိုဏ်း = အညိုရောင်ကသိုဏ်း၊ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်းတွေကို ရှုလို့ အောင်မြင်ပြီဆိုလျှင် နောက်တစ်ခု လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်းကို ရှုတော့မယ့် ယောဂီပုဂ္ဂိုလ်က မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီရဲ့ သွေးကဲ့သို့ နီနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူ ရှုကြည့်ပါ။ |
1,313,209 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | များသောအားဖြင့် သွေးတွေက နှလုံးပတ်ဝန်းကျင်, အသည်းပတ်ဝန်းကျင်တွေမှာ အိုင်နေတတ်ပါတယ်။ |
1,313,210 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီသွေးကို အာရုံယူပြီး ရှုလိုကလည်း ရှုနိုင်ပါတယ်။ |
1,313,211 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့မဟုတ် အဲဒီ ယောဂီရဲ့ နှလုံးအိမ်အတွင်းမှာ တည်နေတဲ့ သွေးကို အာရုံယူပြီး ရှုလိုကလည်း ရှုနိုင်ပါတယ်။ |
1,313,212 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ သွေးရဲ့ နီမြန်းနေတဲ့သဘောကို အာရုံယူပြီးတော့ အနီ အနီလို့ ရှုနေပါ။ |
1,313,213 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနီရောင်ကသိုဏ်းအဖြစ်နဲ့ ရှုလိုက်တဲ့ အချိန်အခါမှာ သွေးတွေ ပျောက်ပြီးတော့ ဘာပေါ်လာမလဲ? အနီရောင် အဝန်းအဝိုင်း ပေါ်လာပါလိမ့်မယ်။ |
1,313,214 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါ်လာတဲ့ ကသိုဏ်းဝန်းမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,215 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီ ဆိုလျှင်တော့ အဲဒီ အနီရောင်အဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်သည့်တိုင်အောင် ဖြန့်ကြက်ပြီးတော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေ ပေါက်မြောက်အောင် ရှုလို့ ရပါတယ်။ |
1,313,216 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ခု ရသွားပြီလဲ? နီလကသိုဏ်း = အညိုရောင်ကသိုဏ်း၊ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း၊ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း၊ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းဆိုပြီး လေးခု ရသွားပြီ။ |
1,313,217 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ပထဝီကသိုဏ်း |
1,313,218 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ကသိုဏ်းလေးခုလုံး ပေါက်မြောက်အောင် အားထုတ်ပြီးတဲ့ ယောဂီပုဂ္ဂိုလ်က မိမိ ကြိုက်နှစ်သက်တဲ့ မနီလွန်း မမည်းလွန်းတဲ့ မြေကြီး တစ်နေရာကို ရွေးချယ်လိုက်ပါ။ |
1,313,219 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မြေကြီးတစ်နေရာကို တုတ်ကလေး တစ်ချောင်းနဲ့ဖြစ်စေ ဝိုင်းပြီးတော့ အဝိုင်းအတွင်းမှ မြက်ပင်တွေ ခဲလုံးတွေကို ဖယ်ရှားပစ်ပါ။ |
1,313,220 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဝိုင်းအတွင်းမှာ မြေကလေးကို ညီအောင် ညှိပြီးတော့ အဲဒီ မြေအဝန်းအဝိုင်းကိုပဲ မျက်လုံး ဖွင့်ကြည့်ပြီးတော့ ကသိုဏ်းနိမိတ် ယူကြည့်ပါ။ |
1,313,221 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြေ မြေလို့ပဲ ပွားပါ။ |
1,313,222 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုမြေရဲ့ မာတဲ့သဘောကို လှမ်းပြီးတော့ အာရုံ မယူပါနဲ့။ |
1,313,223 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မာတဲ့သဘောကို လှမ်းပြီး အာရုံယူလိုက်မယ်ဆိုလျှင်တော့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး မာသွားတတ်ပါတယ်။ |
1,313,224 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မာတဲ့သဘောကို အာရုံမယူဘဲ မြေဆိုတဲ့ ပညတ်အပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ |
1,313,225 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မြေအဝန်းအဝိုင်း အာရုံအပေါ်မှာ မျက်လုံးကို ဖွင့်ကြည့်လိုက် မှိတ်ကြည့်လိုက်နဲ့ ကြိမ်ဖန်များစွာ ရှုကြည့်ရပါတယ်။ |
1,313,226 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ မကြာမီ မျက်စိမှိတ်ပြီး ကြည့်လိုက်တဲ့အခါမှာ ပထဝီကသိုဏ်းဝန်း ပေါ်လာပါလိမ့်မယ်။ |
1,313,227 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ မပေါ်ဖြစ်ခဲ့လျှင် မိမိ ရပြီးတဲ့ ကသိုဏ်း တစ်ခုခုကို ပြန်ပြီးတော့ သမာဓိ ထူထောင်ရပါတယ်။ |
1,313,228 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာဓိ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ထိုသမာဓိမှ ထပြီးတော့ မျက်လုံး ဖွင့်ပြီး မြေအဝန်းအဝိုင်းနိမိတ်ကို ကြည့်ပါ။ |
1,313,229 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မျက်စိ ဖွင့်ကြည့်လိုက် မှိတ်ကြည့်လိုက်နဲ့ ရှုကြည့်လိုက်လို့ မှိတ်ရှုလိုက်တဲ့ အချိန်အခါမှာလည်း အဲဒီ နိမိတ်က ပကတိအတိုင်း ထင်လာပါလိမ့်မယ်။ |
1,313,230 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကသိုဏ်းဝန်း ထင်လာပြီဆိုလျှင်တော့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာမှာ သွားပြီး နှလုံးသွင်း ရှုပွားရပါတယ်။ |
1,313,231 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မြေကသိုဏ်းဝန်းကိုပဲ ပြန်အာရုံယူပြီးတော့ မြေ မြေလို့ပဲ ပွားနေပါ။ |
1,313,232 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နိမိတ်က အကယ်၍ ပျောက်သွားခဲ့မယ်ဆိုလျှင်တော့ မိမိ ရပြီးတဲ့ ကသိုဏ်း (၄)မျိုးထဲက ကြိုက်နှစ်သက်တဲ့ ကသိုဏ်းတစ်ခုခုဖြင့် သမာဓိ ပြန်ထူထောင်ပါ။ |
1,313,233 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာဓိ ထူထောင်ပြီး လင်းရောင်ခြည်စွမ်းအားတွေ ကောင်းတဲ့အခါမှာ ထိုအလင်းရောင်ဖြင့် မိမိ ကြည့်ခဲ့ဖူးတဲ့ ဒီမြေအဝိုင်းကလေးကိုပဲ ပြန်ပြီး ထိုးစိုက်ကြည့်ပါ။ |
1,313,234 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ကြည့်နိုင်မယ်ဆိုလျှင်တော့ ဒီနိမိတ်ကလည်း ပြန်ပြီး ပေါ်လာတတ်ပါတယ်။ |
1,313,235 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် ဘုန်းကြီး သုတေသန ပြုလုပ်ကြည့်တဲ့အခါမှာ ဒီလောက်အထိ အခက်အခဲရှိတဲ့ ယောဂီကတော့ နည်းပါးပါတယ်။ |
1,313,236 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမ ကသိုဏ်း (၄)ခုလောက်မှာ အောင်မြင်မှုရပြီဆိုလျှင်တော့ မြေကသိုဏ်းမှာ လွယ်ကူသွားတဲ့ ယောဂီတွေက များကြပါတယ်။ |
1,313,237 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မြေအဝန်းအဝိုင်းအတိုင်း ပေါ်လာပြီ ဆိုလျှင်လည်း ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,238 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ရပါတယ်။ |
1,313,239 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်အခါမှာလဲ? ဒီနိမိတ်က ကြည်လင်တောက်ပပြီး သန့်ရှင်းလာတဲ့အခါမှာ ဖြန့်ကြက်ရပါတယ်။ |
1,313,240 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရပ် (၁၀)မျက်နှာတိုင်အောင် ဒီမြေအဝန်းအဝိုင်းကို ဖြန့်ကြက်လိုက်လို့ အရပ် (၁၀)မျက်နှာအထိ ပြန့်သွားတဲ့အခါ အဲဒီ ဖြန့်ပြီးတဲ့ ကသိုဏ်းဝန်းရဲ့ မိမိ ကြိုက်နှစ်သက်တဲ့ တစ်နေရာကို အာရုံယူပြီးတော့ မြေ မြေလို့ ရှုရပါတယ်။ |
1,313,241 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီမြေကသိုဏ်းမှာလည်း စတုတ္ထစျာန်ပေါက်အောင် ရှုပြီးတဲ့အခါ ဝသီဘော် (၅)တန် နိုင်နင်းအောင်တော့ လေ့ကျင့်ရပါတယ်။ |
1,313,242 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အာပေါကသိုဏ်း |
1,313,243 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြေကသိုဏ်းဖြင့် စတုတ္ထစျာန်ပေါက်အောင် အောင်မြင်မှု ရထားတဲ့ ယောဂီသူတော်ကောင်းအဖို့ သံလွင်မြစ်တို့လို မြစ်ထဲမှာ စီးနေတဲ့ ရေတွေကို မြစ်ကမ်းတစ်နေရာကနေ လှမ်းကြည့်ပြီးတော့ ရေကသိုဏ်းအဖြစ် ရှုလို့ ရပါတယ်။ |
1,313,244 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိမိ ကြိုက်သလိုသာ ကြည့်ပါ။ |
1,313,245 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြည့်တဲ့အချိန်အခါမှာ ရေရဲ့ အေးတဲ့ သဘောကိုတော့ သွားပြီး အာရုံမယူပါနဲ့။ |
1,313,246 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ကိုယ်လုံး ချမ်းလာတတ်ပါတယ်။ |
1,313,247 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ရေရဲ့ ပညတ်သဘောကိုပဲ အာရုံယူပြီး ရှုနိုင်မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ လွယ်ကူနေပါလိမ့်မယ်။ |
1,313,248 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဇာတ်တော်မှာတော့ ဟတ္ထိပါလသတို့သားဟာ ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ ရေကသိုဏ်းအဖြစ်နဲ့ လှမ်းရှုလိုက်တဲ့ အချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ပဲ စျာန်တွေ ရရှိသွားပါတယ်။ |
1,313,249 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီပုံစံအတိုင်းပဲ ဒီနေရာမှာလည်း လွယ်လွယ်ကူကူနဲ့ စျာန်တွေကို ရရှိနိုင်ပါတယ်။ |
1,313,250 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အခက်အခဲ ရှိခဲ့မယ်ဆိုလျှင်တော့ ရေတွင်းထဲက ရေကိုပဲဖြစ်စေ, သို့မဟုတ် အင်တုံတစ်ခုထဲမှာ ထည့်ထားတဲ့ ရေကိုပဲဖြစ်စေ ရေနိမိတ်အာရုံယူပြီးတော့လည်း ရှုနိုင်ပါတယ်။ |
1,313,251 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှုလိုက်တဲ့ အချိန်အခါမှာ ယင်းရေနိမိတ်အာရုံက ကသိုဏ်းဝန်း ဖြစ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစား ရပါတယ်။ |
1,313,252 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်လည်း အဲဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ရပါတယ်။ |
1,313,253 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီရေကသိုဏ်းကို အာရုံယူပြီးတော့ စတုတ္ထစျာန်အထိ ပေါက်မြောက်အောင် အားထုတ်ပြီးတဲ့ အခါမှာလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ပြန်ပြီးတော့ လေ့ကျင့်ရပါတယ်။ |
1,313,254 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- တေဇောကသိုဏ်း |
1,313,255 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မီးကသိုဏ်း ရှုချင်တဲ့ပုဂ္ဂိုလ်က တစ်ချိန်တုန်းက တောမီးလောင်ဖူးတာတွေ, အိမ်ကို မီးလောင်ဖူးတာတွေ, ကြီးကြီးကျယ်ကျယ် မီးလောင်ဖူးတာတွေကို မြင်ဖူးလျှင်လည်း အဲဒီမီးကို ပြန်ပြီး အာရုံယူ ရှုပွားလို့ ရပါတယ်။ |
1,313,256 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ရှုပွားမလဲလို့ မေးလျှင်တော့ မိမိ ရထားပြီးတဲ့ သမာဓိတစ်ခုခုကို ပြန်ပြီး ထူထောင်ပါ။ |
1,313,257 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းလာတဲ့ အချိန်အခါမှာ မိမိ မြင်ဖူးတဲ့ မီးလောင်နေတဲ့ ရှုခင်းကို ပြန်ပြီး အာရုံယူ ထိုးစိုက်ပြီး ရှုကြည့်ပါ။ |
1,313,258 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုကြည့်လို့မှ မအောင်မြင်လျှင်တော့ လောလောဆယ် မီးဖိုမှာ ရှိတဲ့ မီးကို သွားပြီး ကြည့်ပါ။ |
1,313,259 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပေါ်မှာ တက်နေတဲ့ မီးညွန့်ရဲ့ မည်းနေတဲ့ အရောင်တွေကို မကြည့်ပါနဲ့။ |
1,313,260 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အောက်က ထင်းတွေကိုလည်း မကြည့်ပါနဲ့။ |
1,313,261 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အလယ်ခေါင် နီနေတဲ့အပိုင်းလောက်ကိုသာ ကြည့်ပါ။ |
1,313,262 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီမီးရဲ့ ပူတဲ့သဘော ကိုလည်း အာရုံမယူပါနဲ့။ |
1,313,263 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပူတဲ့သဘောကို သွားပြီး အာရုံယူလိုက်လျှင် တစ်ကိုယ်လုံး ပူပြီးတော့ မခံနိုင် ဖြစ်လာတတ်ပါတယ်။ |
1,313,264 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီမီးကို အာရုံယူပြီးတော့ မီး မီးလို့ ပညတ်အနေနဲ့ပဲ ရှုရပါတယ်။ |
1,313,265 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှုလိုက်လို့ အဝန်းအဝိုင်း ဖြစ်လာပြီ ဆိုလျှင်တော့ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,266 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်ပေါက်အောင်ပဲ ရှုရပါတယ်။ |
1,313,267 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝသီဘော် (၅)တန် နိုင်နင်းအောင်လည်း ဆက်ပြီး လေ့ကျင့်ရပါတယ်။ |
1,313,268 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ဝါယောကသိုဏ်း |
1,313,269 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယောကသိုဏ်း ရှုချင်တဲ့ပုဂ္ဂိုလ်က မိမိ တရားထိုင်နေတဲ့ အချိန်အခါမှာ မိမိရဲ့ ပါးပြင် သို့မဟုတ် ခန္ဓာအိမ်မှာ လာတိုက်ခတ်နေတဲ့ လေကို အာရုံယူပြီးတော့လည်း ရှုနိုင်တယ်။ |
1,313,270 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုလို့ အခက်အခဲတွေ ရှိနေခဲ့မယ် ဆိုလျှင်တော့ မိမိ ရထားပြီးတဲ့ သမာဓိတစ်ခုခုကို ပြန်ပြီး ထူထောင်ပါ။ |
1,313,271 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထူထောင်ပြီးတဲ့ အချိန်အခါမှာ သစ်ပင်တွေမှာ တိုက်ခတ်နေတဲ့ လေကို အာရုံယူ ပြီး ရှုကြည့်ပါ။ |
1,313,272 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လေဆိုတဲ့နိမိတ် ပေါ်လာတတ်ပါတယ်။ |
1,313,273 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်ပေါ်လာပြီ ဆိုလျှင်လည်း ဘာဝနာစိတ်ကို အဲဒီ လေနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,274 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီ ဆိုလျှင်တော့ အဲဒီကသိုဏ်းဝန်းနိမိတ်ကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ပြီးတော့ ဒီလေကသိုဏ်းမှာလည်း စတုတ္ထစျာန်ပေါက်အောင်ပဲ ရှုရပါတယ်။ |
1,313,275 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်း။ |
1,313,276 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ အားလုံး ကသိုဏ် (၈)ပါး ဖြစ်သွားပြီ။ |
1,313,277 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အာလောကကသိုဏ်း |
1,313,278 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ထပ် အာလောကကသိုဏ်းနဲ့ အာကာသကသိုဏ်း (၂)ခုတော့ ကျန်သေးတယ်။ |
1,313,279 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် တချို့တချို့ အဘိညာဏ်တွေနဲ့ အလွန်ကြီး မပတ်သက်ဘူး။ |
1,313,280 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မပတ်သက်ပေမယ့်လည်း ရှုထားဖို့ရန် အဋ္ဌကထာက ညွှန်ကြား ထားပါတယ်။ |
1,313,281 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ကသိုဏ်း (၂)ခုက ဘယ်လို ရှုရမလဲ? အာလောကကသိုဏ်းကတော့ မီးချောင်းတို့လို, မီးလုံးတို့လို အရောင်အလင်း တစ်ခုကို အာရုံယူပြီး ရှုလို့ ရပါတယ်။ |
1,313,282 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေရောင်, လရောင်တွေကို အာရုံယူပြီး ရှုလို့လည်း ရပါတယ်။ |
1,313,283 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောင်သက်သက်ကိုပဲ နှလုံးသွင်း ရှုပွားရပါတယ်။ |
1,313,284 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို နှလုံးသွင်း ရှုပွားလိုက်လို့ အရောင် ပေါ်လာပြီဆိုလျှင်တော့ ဘာဝနာစိတ်ကို အဲဒီ အရောင်နိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,285 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အရောင်နိမိတ်ကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန် ပေါက်အောင် ရှုလို့ ရပါတယ်။ |
1,313,286 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အာကာသကသိုဏ်း |
1,313,287 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသကသိုဏ်းကို ရှုချင်တယ်ဆိုလျှင်တော့ ပြူတင်းပေါက်တို့လို အပေါက်မျိုးမှာ ရှုလို့ ရပါတယ်။ |
1,313,288 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ အခက်အခဲ ရှိခဲ့လျှင်တော့ ဥပမာ အပေါက်ဝိုင်းကလေးတစ်ခု ဖောက်ထားတဲ့ ဇလုံပေါက်ကလေးကို ကောင်းကင်ဘက်ကို လှည့်ပြီးတော့ ကောင်းကင်မှာလည်း သစ်ပင်တွေ, သစ်ခက်တွေ, မိုးရိပ်တွေ မထင်နိုင်တဲ့ ကောင်းကင်ပြင်ဘက် လှည့်ပြီးတော့ အပေါက်ကလေးရဲ့ အဝိုင်းကလေး တစ်နေရာကိုသာ စိုက်ကြည့်ပြီး ရှုရပါတယ်။ |
1,313,289 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိုက်ကြည့်လိုက်လို့ ဒီအာကာသကို တွေ့ပြီဆိုလျှင်တော့ အဲဒီ အာကာသကို တစ်နေရာမှာ ထိုင်ပြီး ပြန်ပြီးတော့ နိမိတ်ယူရပါတယ်။ |
1,313,290 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိမိတ်ယူပြီးတဲ့အခါ အဲဒီ အာကာသဆိုတဲ့ နိမိတ်ကို အာရုံယူပြီးတော့ ရှုရပါတယ်။ |
1,313,291 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှုလိုက်လို့ အဝန်းအဝိုင်းကလေး ပေါ်လာတဲ့အချိန်မှာ ဘာဝနာစိတ်ကို အဲဒီ အာကာသနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,292 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အာကာသအဝန်းအဝိုင်းကိုလည်း အရပ် (၁၀)မျက်နှာ ပြန့်အောင် ဖြန့်ကြက်ပြီးတဲ့ အချိန်အခါမှာ အဲဒီမှာလည်း စတုတ္ထစျာန်ပေါက်အောင် ရှုပွားနိုင်ပါတယ်။ |
1,313,293 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ ကသိုဏ်း ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? (၁၀)ပါး။ |
1,313,294 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အာကာသာနဉ္စာယတနစျာန်သို့ |
1,313,295 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကသိုဏ်း (၁၀)ပါးကို ပေါက်မြောက်ပြီးတဲ့ ယောဂီသူတော်ကောင်းက အဘိညာဏ်လိုင်းကို ကူးချင်တယ်ဆိုလျှင်တော့ (၁၄)မျိုးသော အခြင်းအရာအားဖြင့် ဒီစျာန်တရားတွေကို ကြိတ်ခြေရမှာ ဖြစ်ပါတယ်။ |
1,313,296 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ကြိတ်ခြေရမယ့်အပိုင်းမှာ ဒီ (၁၄)မျိုးသော အခြင်းအရာအားဖြင့် မကြိတ်ခြေမီ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? အရူပစျာန်တွေကို ကူးရပါတယ်။ |
1,313,297 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာပတ် (၈)ပါး ရအောင် ဆက်ပြီး အားထုတ်ရပါတယ်။ |
1,313,298 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမာပတ် (၈)ပါး ရအောင် ဆက်ပြီး အားထုတ်တော့မယ့် ယောဂီပုဂ္ဂိုလ်က ရူပါဝစရစျာန်တွေကို အလိုမရှိတဲ့ စိတ်ထား၊ အရူပစျာန်တွေကို အလိုရှိတဲ့ စိတ်ထားနဲ့ စိုက်ကြည့်ရမှာ ဖြစ်ပါတယ်။ |
1,313,299 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိုက်ကြည့်တဲ့အပိုင်းမှာ အရူပစျာန်တွေက ရူပဝိရာဂဘာဝနာလို့ ခေါ်ပါတယ်။ |
1,313,300 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားနဲ့ ရှုရမှာ ဖြစ်ပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.