id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,313,301 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားလဲလို့ မေးလျှင်တော့ ဒီရုပ်တရားကြီးမှာ မျက်စိရောဂါ, နားရောဂါ, နှာခေါင်းရောဂါ စသည်ဖြင့် (၉၆)ပါးသော အနာရောဂါ အမျိုးမျိုးတွေ ဖြစ်ကြတယ်။ |
1,313,302 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မင်းပြစ် မင်းဒဏ်တွေ သင့်ပြီးတော့ (၃၂)ပါးသော ကံကြမ္မာတွေနဲ့ တွေ့ကြုံကြရတယ်။ |
1,313,303 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ဒုက္ခ အမျိုးမျိုးတွေ တွေ့ကြုံ ခံစားကြရတာ ဘာကြောင့်လဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ |
1,313,304 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ဦးနဲ့ တစ်ဦး ခိုက်ရန် ဒေါသတွေ ဖြစ်ကြတယ်၊ သတ်ကြတယ်၊ ပုတ်ကြတယ်။ |
1,313,305 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် စစ်ဖြစ်ကြတယ်၊ သတ်ကြတယ်၊ ဖြတ်ကြတယ်၊ ဘာကြောင့်လဲ? ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ |
1,313,306 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တချို့ ဒါယိကာမကြီးတွေ ငမူးရဲ့ အရိုက်ကို ခံကြရတယ်။ |
1,313,307 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီပရိသတ်ထဲလည်း ပါလိမ့်မယ် ထင်ပါတယ်။ |
1,313,308 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဖြစ်လို့ အရိုက်ခံရသလဲ? ဒီရုပ်တရားကြီး ရှိနေလို့ပဲ။ |
1,313,309 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငမူးဆိုတဲ့ ရုပ်တရားကလည်း ရှိတယ်။ |
1,313,310 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိမိဆိုတဲ့ ရုပ်တရားကလည်း ရှိတယ်။ |
1,313,311 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီရုပ်တရားကြီး ရှိနေတဲ့အတွက်ကြောင့် ဒီလို အရိုက်ခံရတယ်၊ အညှဉ်းပန်းအနှိပ်စက် ခံရတယ်။ |
1,313,312 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ ဒီရုပ်တရားကြီးသာ မရှိဘူးဆိုလျှင်တော့ အဲဒီလို ဒုက္ခမျိုးတွေနဲ့ တွေ့ပါဦးမလား? မတွေ့ရတော့ဘူး။ |
1,313,313 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မတွေ့နိုင်ဘူးဆိုတာကို သဘောပေါက်တဲ့ ယောဂီသူတော်ကောင်းတွေက ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားဖြင့် အရူပစျာန်တွေကို ပွားချင်တယ်ဆိုလျှင်တော့ ပထမဆုံး ပထဝီကသိုဏ်းပဲဆိုကြစို့၊ အဲဒီ ပထဝီကသိုဏ်းကို ဘုန်းကြီး ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း အရပ် (၁၀)မျက်နှာသို့တိုင်အောင် ကသိုဏ်းဝန်းကို ဖြန့်ကြက်ပြီးတော့ စတုတ္ထစျာန်ပေါက... |
1,313,314 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စတုတ္ထစျာန်မှ ထပြီးတဲ့ အချိန်အခါမှာ ဘုန်းကြီး ပြောခဲ့ပြီးတဲ့ ရုပ်တရားတွေရဲ့ အပြစ်တွေကို ဆင်ခြင် ရပါတယ်။ |
1,313,315 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ဖန် ဒီစတုတ္ထစျာန်ဟာ ငါ ရွံရှာစက်ဆုပ်နေတဲ့ ရုပ်တရားကိုပဲ အာရုံ ယူနေတယ်။ |
1,313,316 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တတိယစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူလည်း ရှိတယ်။ |
1,313,317 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက် ဖြစ်တဲ့ အာကာသာနဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူးလို့ အပြစ်နှင့် အကျိုးကို ဆင်ခြင်ရပါတယ်။ |
1,313,318 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ဆင်ခြင်ပြီးတဲ့အခါ ရူပါဝစရစတုတ္ထစျာန်ကို အလိုမရှိတဲ့ စိတ်ထား, အာကာသာနဉ္စာယတနစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ မိမိ ဖြန့်ကြက်ထားတဲ့ ပထဝီကသိုဏ်းရဲ့ အလယ်ခေါင် အဝန်းအဝိုင်းလောက်ကို အာရုံစိုက်ပြီးတော့ အာကာသရှိလေရဲ့လို့ အာကာသကို တစ်ဖက်သတ် နှလုံးသွင်း ရှုပွားလိုက်မယ်ဆိုလျှင် အဲဒီအချိန်မှာ အာကာသ ပေါ်လာပါလိမ့်မယ်။ |
1,313,319 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသပေါ်လာတဲ့ အချိန်အခါမှာ အာကာသ အာကာသလို့ အာကာသကိုပဲ တစ်ဖက်သတ် နှလုံးသွင်းပြီးတော့ ဘာဝနာစိတ်ကို အဲဒီ အာကာသနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရ ပါတယ်။ |
1,313,320 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးစားလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ အာကာသ နိမိတ်ကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်လိုက်မယ်ဆိုလျှင်တော့ တဖြည်းဖြည်း အာကာသက ကျယ်ပြန့်သွားသည်နှင့် တစ်ပြိုင်နက်တည်း ပထဝီကသိုဏ်းဝန်းက တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။ |
1,313,321 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ဆုံး အာကာသသက်သက်ပဲ ကျန်တော့မယ်။ |
1,313,322 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အာကာသကို အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ရပါတယ်။ |
1,313,323 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အာကာသကို အာရုံယူပြီး အနန္တ အာကာသ အနန္တ အာကာသလို့ နှလုံးသွင်း ရှုပွားပြီး ဘာဝနာစိတ်ကလေးကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ |
1,313,324 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ကြိုးစားလိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်လာတဲ့အချိန်အခါမှာ ငြိမ်ဝပ်နေတဲ့စိတ်ကလေးကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်မယ်ဆိုလျှင် ဥပေက္ခာ- ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ အာကာသာနဉ္စာယတနစျာန်ကို တွေ့ရပါလိမ့်မယ်။ |
1,313,325 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသာနဉ္စာယတနစျာန်ဆိုတာကတော့ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ စျာန်လို့ ခေါ်ပါတယ်။ |
1,313,326 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ဝိညာဏဉ္စာယတနစျာန်သို့ |
1,313,327 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုအာကာသာနဉ္စာယတနစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါမှာ ထိုယောဂီသူတော်ကောင်းက ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိက ကူးနိုင်ပါတယ်။ |
1,313,328 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှေးဦးစွာ အပြစ်နှင့် အကျိုးကိုတော့ ဆင်ခြင်ရမယ်။ |
1,313,329 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအာကာသာနဉ္စာယတနစျာန်သည် စတုတ္ထစျာန် ဟူသော ရန်သူနှင့် နီးကပ်တယ်။ |
1,313,330 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက အပြစ်ပဲ။ |
1,313,331 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက်ဖြစ်တဲ့ ဝိညာဏဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ |
1,313,332 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိညာဏဉ္စာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့လည်း ဆင်ခြင်ရပါတယ်။ |
1,313,333 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက အကျိုးပဲ။ |
1,313,334 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အပြစ်နှင့် အကျိုးကို ဆင်ခြင်ပြီးတဲ့အခါ အာကာသာနဉ္စာယတနစျာန်ကို အလိုမရှိတဲ့ စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနဲ့ အာကာသမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံအာရုံထားပြီးတော့ ဝိညာဏံ ဝိညာဏံလို့ဖြစ်စေ သို့မဟုတ် အနန္တံ ဝိညာဏံလို့ပဲဖြစ်စေ ရှုရပါတယ်။ |
1,313,335 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ ဒီအာကာသာနဉ္စာယတနစျာန်စိတ် အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဝိညာဏ်တစ်မျိုး ပေါ်လာပါမယ်။ |
1,313,336 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဝိညာဏ်ကိုတော့ ဝိညာဏဉ္စာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ |
1,313,337 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသာနဉ္စာယတနစျာန်စိတ်လျှင် တည်ရာအာရုံရှိနေတဲ့စိတ်လို့ ဆိုလိုပါတယ်။ |
1,313,338 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဝိညာဏဉ္စာယတနစျာန်စိတ်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် အာကိဉ္စညာယတနစျာန်ကို ကူးချင်တဲ့ သူတော်ကောင်းတစ်ဦးက ဘာလုပ်ရမလဲ? |
1,313,339 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အာကိဉ္စညာယတနစျာန်သို့ |
1,313,340 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဝိညာဏဉ္စာယတနစျာန်စိတ်ကို ပြန်ပြီးတော့ ဆင်ခြင်ရပြန်တယ်။ |
1,313,341 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆင်ခြင်တဲ့အပိုင်းမှာ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းမှာ ပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိကြဘူး။ |
1,313,342 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှုခံအာရုံဖြစ်တဲ့ အာကာသာနဉ္စာယတနစျာန်စိတ်နဲ့ ရှုနေတဲ့ ဝိညာဏဉ္စာယတနစျာန်စိတ် နှစ်ခုတို့က ပြိုင်တူ မဖြစ်ကြဘူး။ |
1,313,343 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်နေတဲ့ အချိန်အခါမှာ ဝိညာဏဉ္စာယတနစျာန်စိတ်က မဖြစ်သေးဘူး။ |
1,313,344 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိညာဏဉ္စာယတနစျာန်စိတ် ဆက်တိုက် ဖြစ်နေပြီဆိုလျှင်လည်း အာကာသာနဉ္စာယတနစျာန်စိတ်က မဖြစ်တော့ဘူး။ |
1,313,345 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မရှိလည်း မရှိတော့ဘူး။ |
1,313,346 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှု သဘောကလေးကို အာရုံယူပြီးတော့ နတ္ထိ ကိဉ္စိ = ဘာမျှမရှိဆိုပြီးတော့ ဒီလို ရှုရမှာ ဖြစ်ပါတယ်။ |
1,313,347 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုရမယ့်ပုဂ္ဂိုလ်ဟာ မရှုမီ ရှေးဦးစွာ အပြစ်နှင့် အကျိုးကို ဆင်ခြင်ရပါတယ်။ |
1,313,348 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဝိညာဏဉ္စာယတနစျာန်သည် အာကာသာနဉ္စာယတနစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။ |
1,313,349 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက်ဖြစ်တဲ့ အာကိဉ္စညာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ |
1,313,350 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကိဉ္စညာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့ ဒီလို အပြစ်နဲ့ အကျိုးကို ဆင်ခြင်ပြီးတော့ ဝိညာဏဉ္စာယတနစျာန်ကို အလို မရှိတဲ့စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ အာကိဉ္စညာယတနစျာန်ကို အလိုရှိတဲ့ စိတ်ထားနဲ့ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောကလေးကို အာရုံယူပြီးတော့ နတ္ထိ ကိဉ္စိ = ဘာမျှမရှိလို့ ရှုနေရပါတယ်။ |
1,313,351 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုနေတဲ့ အချိန်အခါမှာ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဘာဝနာစိတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ |
1,313,352 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဘာဝနာစိတ်ကိုတော့ အာကိဉ္စညာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ |
1,313,353 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- နေဝသညာနာသညာယတနစျာန်သို့ |
1,313,354 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အာကိဉ္စညာယတနစျာန်စိတ်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် နေဝသညာနာသညာယတနစျာန်ကို ကူးချင်တဲ့ ယောဂီပုဂ္ဂိုလ်က ဒီအာကိဉ္စညာယတနစျာန်စိတ်ကို အရှုခံအာရုံ ထားရပါတယ်။ |
1,313,355 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ်တို့မည်သည်မှာ သိစရာအာရုံတစ်ခုခု ရှိပါမှ ငြိမ်ဝပ်တတ်တဲ့သဘော ရှိပါတယ်။ |
1,313,356 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကိဉ္စညာယတနစျာန်စိတ်က အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတယ်။ |
1,313,357 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာမှ မရှိတဲ့သဘောအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဒီစိတ်ကလေးကို အရှုခံအာရုံ ထားပြီးတော့ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏လို့ ဒီလို ရှုရမှာ ဖြစ်ပါတယ်။ |
1,313,358 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ရှုချင်တဲ့ပုဂ္ဂိုလ်ဟာ အပြစ်နဲ့ အကျိုးကိုတော့ ရှေးဦးစွာ ဆင်ခြင်ရပါတယ်။ |
1,313,359 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအာကိဉ္စညာယတနစျာန်ဟာ ဝိညာဏဉ္စာယတနစျာန်ဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။ |
1,313,360 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက်ဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်လောက်လည်း မငြိမ်သက်ဘူး။ |
1,313,361 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အထက်ဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်က ပိုပြီး ငြိမ်သက်တယ်လို့ ဒီလို အပြစ်နှင့် အကျိုးကို ရှေးဦးစွာ ဆင်ခြင်ရပါတယ်။ |
1,313,362 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆင်ခြင်ပြီးတော့မှ အာကိဉ္စညာယတနစျာန်ကို အလိုမရှိတဲ့ စိတ်ထား, နေဝသညာနာသညာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနဲ့ အာကိဉ္စညာယတနဝိညာဏ်ကို အရှုခံအာရုံ ထားပြီးတော့ ဧတံ သန္တံ ဧတံ သန္တံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် ငြိမ်သက်၏လို့ ဖြစ်စေ, ဧတံ ပဏီတံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် မွန်မြတ်၏၊ ဤ ဝိညာဏ် သည် မွန်မြတ်၏လို့ဖြစ်စေ ရှုနေရပါတယ်။ |
1,313,363 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ အာကိဉ္စညာယတနစျာန်စိတ်အပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စိတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ |
1,313,364 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စိတ်ကို နေဝသညာနာသညာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ |
1,313,365 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အလွန့်အလွန် သိမ်မွေ့နူးညံ့နေတဲ့ နာမ်တရားတွေသာ ထင်ရှားရှိနေတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။ |
1,313,366 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ သမာပတ် (၈)ပါး ပြည့်သွားပြီ။ |
1,313,367 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်၊ ဒါက ရူပါဝစရစျာန် (၄)ပါး။ |
1,313,368 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်, နေဝသညာနာသညာယတနစျာန်တွေကတော့ အရူပါဝစရစျာန် (၄)ပါး။ |
1,313,369 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ သမာပတ် (၈)ပါး။ |
1,313,370 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထဝီကသိုဏ်းကို အခြေခံပြီးတော့ သမာပတ် (၈)ပါးကို နိုင်နင်းအောင် လေ့ကျင့်ရသလို အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်းခေါ်တဲ့ ကျန်တဲ့ ကသိုဏ်း (၇)ပါးတွေမှာလည်း သမာပတ် (၈)ပါးလုံး ရအောင် လေ့ကျင့်ရပါတယ်။ |
1,313,371 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာကာသကသိုဏ်းကတော့ စတုတ္ထစျာန်အထိပဲ ပေါက်ပါတယ်။ |
1,313,372 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျန်ကသိုဏ်း (၉)ပါးကတော့ သမာပတ် (၈)ပါးလုံး ပေါက်နိုင်ပါတယ်။ |
1,313,373 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကသိုဏ်း (၉)ပါးလုံးမှာ သမာပတ် (၈)ပါးရအောင် လေ့ကျင့်နိုင်လျှင်တော့ ပိုကောင်းပါတယ်။ |
1,313,374 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရလဲ? ပထဝီကသိုဏ်းကနေ ဩဒါတကသိုဏ်းသို့တိုင်အောင် ကသိုဏ်း (၈)ပါးလုံးကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် ပြန်ပြီးတော့ ကြိတ်ခြေရပြန်တယ်။ |
1,313,375 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စျာန်တွေကို အစဉ်အတိုင်း ဝင်စားခြင်း, ခုန်ကျော်ပြီး ဝင်စားခြင်း စသည်ဖြင့် အဲဒီလို ကြိတ်ခြေနိုင်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က နောက်ဆုံး အဘိညာဏ် ကူးချင်တယ်ဆိုလျှင်တော့ ကူးလို့ ရသွားပါပြီ။ |
1,313,376 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဇာတ်တော်မှာ ဟတ္ထိပါလ သတို့သားက ဘာလုပ်သလဲ? အဲဒီ ပုံစံစနစ်ဖြင့် ဂင်္ဂါမြစ်ရေတွေကို ကြည့်တယ်။ |
1,313,377 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ဟတ္ထိပါလသတို့သား၏ စျာန်-အဘိညာဏ် |
1,313,378 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂင်္ဂါယ ဥဒကံ = ဂင်္ဂါမြစ်ရေကို။ |
1,313,379 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထိပါလသတို့သားက ဂင်္ဂါမြစ်ထဲမှာရှိတဲ့ ရေတွေကို ကြည့်ပြီး ကသိုဏ်းပရိကမ်ယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ? စျာန်-အဘိညာဏ်တွေ ရရှိသွားတယ်။ |
1,313,380 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အလောင်းတော်တို့က အဲဒီလို စျာန်-အဘိညာဏ်တွေကို လွယ်လွယ်ကူကူနဲ့ ရအောင် အားထုတ်နိုင်တာက ဘာကြောင့်လဲ? အတိတ်က ဆည်းပူးခဲ့တဲ့ ပါရမီ အရှိန် အဝါတွေက အားပေးထောက်ပံ့လိုက်တဲ့အတွက် ယခုလို ဂင်္ဂါမြစ်ရေကို ကြည့်ပြီးတော့ တရားအားထုတ်လိုက်တာ ချက်ချင်း စျာန်-အဘိညာဏ်တွေ ရရှိသွားပါတယ်။ |
1,313,381 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလိုဆိုလျှင်လည်း ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီကျင့်စဉ်တွေကို ပါရမီမျိုးစေ့အဖြစ် ထူထောင်တဲ့အနေအားဖြင့် ကျင့်ဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ |
1,313,382 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီကျင့်စဉ်တွေမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရစေနိုင်တဲ့ ဝိပဿနာဉာဏ်တွေကို သန့်ရှင်းလာအောင် ရင့်ကျက်လာအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအား တွေ ရှိကြပါတယ်။ |
1,313,383 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဘဝမှာပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်မယ်ဆိုလျှင်တော့ ပိုပြီး ကောင်းပါတယ်။ |
1,313,384 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ဂင်္ဂါမြစ်ဝှမ်းမှ စောင့်ဆိုင်းတော်မူခြင်း |
1,313,385 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခု ဒီဟတ္ထိပါလသတို့သားကတော့ ဂင်္ဂါမြစ်ရေတွေကို ကသိုဏ်းပရိကမ် ပြုပြီးတော့ စျာန်တွေကို ရအောင် ကြိုးစားအားထုတ်ပြီး အဘိညာဏ် အထိ ကူးသွားတယ်။ |
1,313,386 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကူးသွားပြီးတဲ့ အချိန်အခါမှာ ထိုအဘိညာဏ် ဉာဏ်ဖြင့် လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ တောထွက်လာမယ့် လူထုပရိသတ် အစည်းအဝေးကြီးကတော့ သိပ်များမယ်ဆိုတာ သိတော်မူတဲ့အတွက် အဲဒီ ဂင်္ဂါမြစ်ကမ်းကနေ စောင့်ပြီးတော့ ပရိသတ်ကြီးကို ဆုံးမလျက် ဆက်လက်ပြီး နေထိုင်တော်မူပါတယ်။ |
1,313,387 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- အဿပါလသတို့သား တောထွက်တော်မူခန်း |
1,313,388 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထိပါလသတို့သား တောထွက်ပြီးတော့ ဂင်္ဂါမြစ်ကမ်းမှာ နေထိုင်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့က ဟတ္ထိပါလသတို့သားတော့ တောထွက်သွားပြီ၊ ဒုတိယဖြစ်တဲ့ အဿပါလသတို့သားတော့ ရှိသေးတယ်၊ တို့ အဿပါလသတို့သားထံသို့ သွားကြစို့ဆိုပြီး တိုင်ပင်ပြီးတဲ့ အချိန်အခါမှာ အဿပါလသတို့သားထံ သွားကြပြန်တယ်။ |
1,313,389 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဿပါလသတို့သားထံသို့ သွားတဲ့အချိန်အခါမှာလည်း ရသေ့အသွင်အပြင်နဲ့ပဲ သွားကြပါတယ်။ |
1,313,390 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရသေ့အသွင်အပြင်နဲ့ သွားလိုက်တဲ့ အချိန်အခါကျတော့ တကယ့်ရသေ့တွေ အောက်မေ့ပြီးတော့ ခုနက ဟတ္ထိပါလသတို့သား အတူပဲ အဿပါလသတို့သားကလည်း ပင့်ဖိတ်ပါတယ်။ |
1,313,391 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင့်ဖိတ်တဲ့အခါ သူတို့ဟာ ရသေ့မဟုတ်တဲ့အကြောင်း အဿပါလသတို့သားကို ထီးဖြူဆောင်းပြီးတော့ မင်းအဖြစ်ကို အဘိသိက် သွန်းလိုတဲ့အတွက် လာရောက်တဲ့အကြောင်းကို ဧသုကာရီဘုရင်မင်းကြီးနှင့်တကွ ပုရောဟိတ်ပုဏ္ဏားကြီးတို့က ပြောပြတဲ့အခါ အစ်ကိုတော် ဟတ္ထိပါလသတို့သား ရှိပါလျက်နဲ့ ဘယ်လိုအကြောင်းကြောင့် ကျွန်တော်မျိုး အဿပါလထံသို့ လာရောက်ပြီးတော့ ထီး... |
1,313,392 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ပြောပြလိုက်တဲ့ အချိန်အခါမှာ အဿပါလသတို့သားက ယခု အခါမှာ အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား ဘယ်မှာ ရှိနေသလဲလို့ ဆက်လက်ပြီး မေးမြန်း လျှောက်ထားလိုက်တဲ့အခါမှာတော့ ဂင်္ဂါမြစ်ကမ်းမှာ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ဆိုဆုံးမပြီး နေထိုင်တဲ့ အကြောင်း ပြန်ပြောလိုက်တော့ အဿပါလသတို့သားက ဘယ်လို ပြန်ပြီး လျှောက်ထားသလဲ? |
1,313,393 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- သူတစ်ပါးတို့ ထွေးအံထားတဲ့ တံတွေး |
1,313,394 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တာတ မမ ဘာတရာ ဆဍ္ဍိတခေဠေန ကမ္မံ နတ္ထိ၊ ဗာလာ ဟိ ပရိတ္တကပညာ သတ္တာ ဧတံ ကိလေသံ ဇဟိတုံ န သက္ကောန္တိ၊ အဟံ ပန ဇဟိဿာမိ။ |
1,313,395 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တာတ = အို ခမည်းတော်တို့။ |
1,313,396 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာတရာ = နောင်တော်ဖြစ်သော ဟတ္ထိပါလသတို့သားသည်။ |
1,313,397 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆဍ္ဍိတခေဠေန = ထွေး၍ ထားအပ်ခဲ့တဲ့ တံတွေးဖြင့်။ |
1,313,398 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကမ္မံ = ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စရပ်မည်သည် ကား။ |
1,313,399 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နတ္ထိ = ကျွန်တော်မျိုးမှာ မရှိပါ။ |
1,313,400 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိ = မှန်လှပေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.