id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,313,401
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗာလာ = မိုက်မဲကြကုန်သော။
1,313,402
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိတ္တကပညာ = နည်းပါးသော ပညာရှိကြကုန်သော။
1,313,403
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတံ ကိလေသံ = ထိုမင်းစည်းစိမ်အပေါ်၌ တွယ်တာမက်မော၍နေတဲ့ ကိလေသာကို။
1,313,404
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဇဟိတုံ = ပယ်စွန့်ခြင်းငှာ။
1,313,405
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န သက္ကောန္တိ = မစွမ်းနိုင်ကြလေကုန်။
1,313,406
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ ပန = ကျွန်တော်မျိုးသည်ကား။
1,313,407
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဇဟိဿာမိ = စွန့်ခွာ၍ သွားပေအံ့။
1,313,408
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်ရဲ့ အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား ထွေးသွားတဲ့ တံတွေးတွေနဲ့ ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စဆိုတာ ကျွန်တော့်မှာ မရှိပါဘူး။
1,313,409
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိုက်မဲပြီး နည်းပါးတဲ့ ပညာရှိသော သတ္တဝါတွေကသာလျှင် ဒီစည်းစိမ်ဥစ္စာတွေ အပေါ် မှာ တွယ်တာမက်မောနေတဲ့ ကိလေသာကို ပယ်စွန့်ခြင်းငှာ မစွမ်းနိုင် ဖြစ်ကြပါတယ်။
1,313,410
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်မျိုးတို့ကတော့ စည်းစိမ်ဥစ္စာတွေကို စွန့်ခွာသွားတော့မယ်။
1,313,411
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို စွန့်ခွာသွားမယ်ဆိုပြီးတော့ သူက ဘာဆက်ပြီးတော့ လျှောက်ထားသလဲ?
1,313,412
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- ကာမဂုဏ်တို့၏ အပြစ်
1,313,413
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပင်္ကော စ ကာမာ ပလိပေါ စ ကာမာ၊
1,313,414
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မနောဟရာ ဒုတ္တရာ မစ္စုဓေယျာ။
1,313,415
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတသ္မိံ ပင်္ကေ ပလိပေ ဗျသန္နာ၊
1,313,416
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟီနတ္တရူပါ န တရန္တိ ပါရံ။
1,313,417
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ = ခမည်းတော်မြတ်တို့ဘုရား။
1,313,418
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမာ = ကာမဂုဏ်တို့သည်ကား။
1,313,419
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပင်္ကော စ = ကပ်ငြိတတ်သောကြောင့် ညွန်ကြီးလည်း မည်ကြပါပေကုန်၏။
1,313,420
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမာ = ကာမဂုဏ်တို့သည်။
1,313,421
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပလိပေါ စ = ကျွံနစ်စေတတ်သော အနက်သဘောကြောင့် ညွန်ပျောင်းလည်း မည်ကြပါကုန်၏။
1,313,422
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမာ = ကာမ ဂုဏ်တို့သည်။
1,313,423
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မနောဟရာ = စိတ်နှလုံးကို သိမ်းကျုံးယူငင် ဆောင်ကြဉ်းခြင်းငှာ စွမ်းနိုင်ကြပါကုန်၏။
1,313,424
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒုတ္တရာ = ကူးခတ်ဖို့ရန် လွန်မြောက်နိုင်ခဲကြပါကုန်၏။
1,313,425
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မစ္စုဓေယျာ = သေမင်း၏ တည်ရာလည်း ဖြစ်ကြပါကုန်၏။
1,313,426
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတသ္မိံ ပင်္ကေ = ဤငြိကပ်တွယ်တာတတ်သော ကိလေသာ ညွန်ကြီး၌။
1,313,427
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတသ္မိံ ပလိပေ = ဤကျွံနစ်စေတတ်သော ကိလေသာ ညွန်ပျောင်း၌။
1,313,428
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗျသန္နာ = နစ်မြုပ်၍ နေကြကုန်သော။
1,313,429
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟီနတ္တရူပါ = ယုတ်ညံ့သော စိတ်ထားရှိကြကုန်သည်ဖြစ်၍။
1,313,430
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရံ = နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့။
1,313,431
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န တရန္တိ = ရောက်ရှိအောင် မကူးမြောက်နိုင်ကြပါပေကုန်။
1,313,432
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်ဆိုတာ ငြိကပ်တတ်တဲ့သဘောရှိတဲ့အတွက် ညွန်နဲ့လည်း တူတယ်။
1,313,433
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ညွန်ကြီးလို့ သုံးထားတယ်။
1,313,434
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ညွန်ကြီးဆိုသော်လည်း သူက ရွှံ့ဗွက်ပါပဲ။
1,313,435
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလွန် ကြီးကျယ်တဲ့ ရွှံ့ဗွက်ကြီးနဲ့လည်း တူတယ်တဲ့။
1,313,436
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်ခု ပလိပ = ညွန်ပျောင်း။
1,313,437
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ညွန်ပျောင်းဆိုတာကတော့ သဲထူထပ်တဲ့ မြစ်ကမ်းပါး တွေမှာ များသောအားဖြင့် ရှိတတ်ပါတယ်။
1,313,438
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဲနဲ့ မြေနဲ့ ရောပြီးတော့ နုန်း တစ်ဝက် ဖြစ်နေတယ်။
1,313,439
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ နုန်းက လှုပ်လိုက်လျှင် မြုပ်သွားတယ်။
1,313,440
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုန်းထွက်ဖို့ အင်မတန် ခက်ခဲတယ်။
1,313,441
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီအတိုင်းပဲ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု ဆိုတာကလည်း ငြိကပ်တွယ်တာတတ်တဲ့သဘောကြောင့် ညွန်ကြီးနဲ့လည်း တူတယ်။
1,313,442
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုန်းထွက်ဖို့ရန် အင်မတန် ခက်ခဲတဲ့အတွက်ကြောင့် ညွန်ပျောင်းနဲ့လည်း တူပါတယ်။
1,313,443
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီကာမဂုဏ်တွေဆိုတာက သတ္တဝါတစ်ဦးရဲ့ စိတ်ဓာတ်ကို အလွန် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိပါတယ်။
1,313,444
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်ဆိုတဲ့ ရေအယဉ်ကျောမှာ မျောပါမိပြီ နစ်မြုပ်မိပြီဆိုလျှင်တော့ အဲဒီ ကာမဂုဏ် ဝဲဂယက်ကနေ လွတ်မြောက်အောင် ကူးခတ်ဖို့ရန် ဆိုတာလည်း အလွန် လွန်မြောက်နိုင်ခဲတဲ့သဘော ရှိပါတယ်။
1,313,445
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်ဆိုတဲ့ ညွန်အိုင်မှလည်း ကျော်လွှား လွန်မြောက်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်တဲ့။
1,313,446
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာကြီး ဒါယိကာမကြီးတွေ သူပြောလိုက်တဲ့ စကားကလေးကို သေသေချာချာ စဉ်းစားကြည့်စမ်းပါ။
1,313,447
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်တွေဟာ စိတ်ဓာတ်ကို အင်မတန် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိတယ်၊ ဒီကာမဂုဏ်တွေမှ လွတ်အောင် ရုန်းထွက်ဖို့ရန်အတွက်လည်း အလွန် ခက်ခဲတယ်တဲ့။
1,313,448
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။
1,313,449
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာကြီးတွေ ... ဒီနေ့ ဘုန်းကြီး ကျောင်းပြန်တဲ့အခါ လိုက်ခဲ့ပါလို့ ခေါ်လျှင် လိုက်နိုင်ပါ့မလား? မလိုက်နိုင်ဘူး။
1,313,450
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဖြစ်လို့လဲ? ဒီကာမဂုဏ်တွေက စိတ်ဓာတ်ကို မသွားပါနဲ့ မလိုက်ပါနဲ့လို့ ဆွဲခေါ်ထားတယ်။
1,313,451
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီကာမဂုဏ်တွေကို လွတ်အောင် ရုန်းထွက်မယ်ဆိုလျှင်လည်း လွတ်အောင် ရုန်းထွက်နိုင်တဲ့ စွမ်းအားတွေက အင်မတန် လျော့နည်းနေတယ်။
1,313,452
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စွမ်းအင်တွေကလည်း မရှိ ဖြစ်နေတယ်။
1,313,453
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီကာမဂုဏ်တွေသည် မစ္စု (= သေမင်း)ရဲ့ တည်ရာလည်း ဖြစ်ကြတယ်တဲ့။
1,313,454
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့် သေမင်းရဲ့ တည်ရာ ဖြစ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလျှင်တော့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့သဘောကို ဘာခေါ်သလဲ? တဏှာလို့ ခေါ်တယ်။
1,313,455
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တဏှာတရားက ဘာသစ္စာ ခေါ်သလဲ? သမုဒယသစ္စာ။
1,313,456
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သမုဒယသစ္စာတရား ထင်ရှားရှိနေလျှင် နောက်ထပ် ဒုက္ခသစ္စာတရားတွေ ထင်ရှား မဖြစ်ဘူးလား? ဖြစ်မယ်။
1,313,457
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ဖြစ်မယ်။
1,313,458
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခန္ဓာ ငါးပါး ရုပ်တရား နာမ်တရား ရှိနေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လျှင် နောက်ထပ် မသေရဘူးလား? သေရဦးမယ်။
1,313,459
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကာမဂုဏ်တွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာတရား ထင်ရှားရှိနေတဲ့ ဒီပုဂ္ဂိုလ်သည် သေမင်းရဲ့ တည်ရာဖြစ်တဲ့ ဒုက္ခသစ္စာတရားတွေကို လှမ်းပြီး တွယ်တာမက်မောနေတာနဲ့ မတူဘူးလား? တူနေတယ်။
1,313,460
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီကာမဂုဏ် ညွန်ပျောင်းထဲမှာ နစ်နေတဲ့ သတ္တဝါတွေ မရှိကြဘူးလား? ရှိကြတယ်။
1,313,461
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ နစ်နေတဲ့ သတ္တဝါတွေဟာ ယုတ်ညံ့တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်တဲ့။
1,313,462
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာပြောတာလဲ? ကာမဂုဏ်ကို ခံစားချင်တဲ့ စိတ်ဓာတ်တွေကို ယုတ်ညံ့တဲ့ စိတ်ထားလို့ ခေါ်ပါတယ်။
1,313,463
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဖြစ်လို့ ယုတ်ညံ့သလဲ? ကာမဂုဏ်ကို ခံစားချင်တဲ့ စိတ်ဓာတ်က ကာမဂုဏ်တွေအပေါ်မှာ တွယ်တာတပ်မက်တဲ့ တဏှာကို အခြေခံတယ်။
1,313,464
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီတဏှာသည် အပါယ် (၄)ဘုံသို့ ရောက်တဲ့အထိ သတ္တဝါတွေကို ပစ်ချနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။
1,313,465
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်ကို ခံစားနေတဲ့ အဲဒီစိတ်ထားတွေဟာ အပါယ် (၄)ဘုံအထိ ပစ်ချနိုင်တဲ့ စွမ်းအား ရှိခြင်းကြောင့် ဒီလို စိတ်ထားမျိုးကို ယုတ်ညံ့တဲ့ စိတ်ထားလို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်ပါတယ်။
1,313,466
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာဒိတ္တပရိယာယသုတ္တန် ကောက်နုတ်ချက်
1,313,467
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ဘုရားရှင်ကလည်း အာဒိတ္တပရိယာယသုတ္တန်မှာ ဒီလို ဆိုဆုံးမထားတော်မူခဲ့ပါတယ်။
1,313,468
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။
1,313,469
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
1,313,470
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီပါဠိတော်က ဘာကို ဆိုလိုပါသလဲ? သတ္တဝါအချင်းချင်း မြင်တွေ့တဲ့ အခါ, တစ်ယောက်အသံကို တစ်ယောက်က ကြားတဲ့အခါ, တစ်ယောက်ရဲ့ အနံ့ကို တစ်ယောက် ခံယူရတဲ့အခါ သို့မဟုတ် တစ်ယောက်နှင့် တစ်ယောက် တွေ့ထိတဲ့အရသာကို ခံစားနေတဲ့အခါ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးရဲ့ အမှတ်နိမိတ...
1,313,471
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက မျက်နှာ, ဒါက လက်, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုကိုသော်လည်း စွဲယူနေမိတတ်တယ်။
1,313,472
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို စွဲယူရုံတွင် မကဘဲ တစ်ကိုယ်လုံးအပေါ်မှာ သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်မှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင် ဖြစ်နေမယ်။
1,313,473
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ဘုရားရှင်က ----
1,313,474
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။
1,313,475
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ လှ-မလှ စသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။
1,313,476
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိဋ္ဌေယျ = ဖြစ်ပေါ် တည်နေလေရာ၏။
1,313,477
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်-ခြေ-သဏ္ဌာန်-ပြုံးဟန်-ရယ်ဟန် စသော အမှတ်နိမိတ်ငယ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။
1,313,478
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး စသည်ဖြင့် စွဲယူမိခဲ့လျှင် ယောက်ျား-မိန်းမ-သား-သမီးစတဲ့ အမှတ်နိမိတ် တစ်ခုလုံး အပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာတယ်။
1,313,479
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့မဟုတ် လက်-ခြေ-သဏ္ဌာန်-ပြုံးဟန်-ရယ်ဟန်စတဲ့ အသေးစိတ် ကိုယ်အမှုအရာ တစ်ခုခု အပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာတယ်။
1,313,480
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိညာဏန္တိ ကမ္မဝိညာဏံ။
1,313,481
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ကို ကမ္မဝိညာဏ်လို့ ခေါ်ဆိုပါတယ်။
1,313,482
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ဝိညာဏ်မျိုး ဖြစ်ပါတယ်။
1,313,483
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို ပဋိသန္ဓေ မျိုးကို ပေးမှာလဲ? ဘုရားရှင်က ဆက်ပြီး ဟောတော်မူပါတယ်။
1,313,484
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။
1,313,485
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ဘုံဘဝမူလည်းဖြစ်သော။
1,313,486
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အညတရံ ဂတိံ = အမှတ်မထား တစ်ပါးပါးသော ဂတိသို့။
1,313,487
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယံ ဂစ္ဆေယျ = အကြင် လားရောက်လေရာ၏။
1,313,488
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧတံ ဌာနံ = ဤငရဲ-တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ဆိုအပ်သော ဤအကြောင်းအရာသည်။
1,313,489
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာတည်း။
1,313,490
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတ္တဝါတွေဟာ တစ်ဦးအပေါ်မှာ တစ်ဦးက နှစ်သက်သာယာမှု, ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုတွေ ရှိကြတယ်။
1,313,491
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို နှစ်သက်သာယာမှုတွေဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဟာ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်ကို ဖြစ်စေပါတယ်။
1,313,492
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေလွန်သွားခဲ့လျှင် ဒီစိတ်အစဉ်တွေကလည်း မရဏာသန္နဇောရဲ့ နေရာအထိ အပြည့် ယူသွားခဲ့မယ်ဆိုလျှင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီသဘောတရားကတော့ ထင...
1,313,493
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ် ဗွက်ညွန်အိုင်အတွင်းမှာ ထာဝစဉ် နစ်မြုပ်နေတဲ့ ရုန်းမထွက်နိုင်သေးတဲ့သူတွေ စဉ်းစားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
1,313,494
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုဆိုလျှင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီလို ကာမဂုဏ်ကို ခံစားချင်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေ ရှိရမလား, မရှိရဘူးလား? မရှိရဘူးတဲ့။
1,313,495
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ ရှိနေခဲ့မယ်ဆိုလျှင် ဘယ့်နှယ်လုပ်မလဲ?
1,313,496
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န တရန္တိ = မကူးမြောက်နိုင်ကြပါပေကုန်။
1,313,497
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ယုတ်ညံ့တဲ့စိတ်ထားမျိုး ရှိနေမယ်ဆိုလျှင် နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူးတဲ့။
1,313,498
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- မကောင်းမှုကို ပြုပြီး ဖြစ်ခဲ့သော် မကောင်းကျိုးမှ မလွတ်မြောက်နိုင်
1,313,499
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အယံ ပုရေ လုဒ္ဒမကာသိ ကမ္မံ၊
1,313,500
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွာယံ ဂဟီတော န ဟိ မောက္ခိတော မေ။