id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,313,501
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဩရုန္ဓိယာ နံ ပရိရက္ခိဿာမိ၊
1,313,502
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မာယံ ပုန လုဒ္ဒမကာသိ ကမ္မံ။
1,313,503
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
)မဟာရာဇ = မြတ်သောမင်းကြီး။
1,313,504
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အယံ မမ အတ္တဘာဝေါ = ဤ အကျွန်ုပ်ရဲ့ ခန္ဓာအိမ်သည်။
1,313,505
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုရေ = ဟိုရှေးယခင် မြင်းထိန်းဖြစ်စဉ် ဘဝတုန်းက။
1,313,506
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လုဒ္ဒံ ကမ္မံ = ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ထက်ကလူ ပြုမူခြင်း အမှုကို။
1,313,507
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကာသိ = ပြုခဲ့ဖူးပါပြီ။
1,313,508
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော အယံ မမ အတ္တဘာဝေါ = ထိုအကျွန်ုပ်ရဲ့ ခန္ဓာကိုယ် အတ္တဘောသည်။
1,313,509
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဿ ကမ္မဿ = ထိုရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှု အကုသိုလ်ကံ၏။
1,313,510
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပါကော = အကျိုးတရားကို။
1,313,511
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မယာ = အကျွန်ုပ်သည်။
1,313,512
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂဟိတော = ယူထားပြီး ဖြစ်ပါပေ၏။
1,313,513
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေ = အကျွန်ုပ် အဖို့။
1,313,514
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သံသာရဝဋ္ဋေ = သံသရာဝဋ် ဆင်းရဲဒုက္ခသည်။
1,313,515
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သတိ = ထင်ရှားရှိခဲ့ပါမူ။
1,313,516
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣတော အကုသလဖလတော = ဤမကောင်းမှု အကုသိုလ်ကံမှ။
1,313,517
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မောက္ခော = လွတ်မြောက်ခြင်းမည်သည်။
1,313,518
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဟိ အတ္ထိ = မရှိနိုင်သည်သာလျှင်တည်း။
1,313,519
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆင်ထိန်း မြင်းထိန်း စသည်တို့က ဟတ္ထိပါလ, အဿပါလ, ဂေါပါလ, အဇပါလခေါ်တဲ့ ဒီသတို့သား (၄)ယောက်ကို လူကြမ်း စိတ်ကြမ်းဖြစ်အောင် သင်ပေးထားကြတယ်။
1,313,520
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို သင်ပေးထားကြတဲ့အတွက် ဒီသတို့သား (၄)ယောက်နဲ့ အပေါင်းအဖော်တို့က လမ်းမှာ တွေ့တဲ့လူတွေ အကုန်လုံးကို သူတို့က ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ်နဲ့ ပြုမူကြတယ်၊ လုယူတယ်၊ ဖျက်ဆီးတယ်၊ ပုတ်ခတ်တယ်၊ သတ်ဖြတ်တယ်။
1,313,521
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရက်ရက် စက်စက် ကြမ်းကြုတ်တဲ့ အမှုတွေကို ကျွန်တော်မျိုးတို့ ပြုခဲ့ဖူးပါတယ်။
1,313,522
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ရက်စက်ကြမ်းကြုတ်နေတဲ့ ဒီခန္ဓာအိမ်ကြီးဟာ မကောင်းမှု အကုသိုလ်တွေကို ယူထားပြီး ဖြစ်နေပါပြီ။
1,313,523
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ထပ် သံသရာခရီးဆိုတာ ထင်ရှား ရှိနေဦးမယ် ဆိုလျှင်တော့ ကျွန်တော်မျိုးတို့ ပြုစုပျိုးထောင်ထားတဲ့ ဒီမကောင်းမှု အကုသိုလ်ကံတွေရဲ့ အကျိုးတရားမှ လွတ်မြောက်ခြင်းဆိုတာ ဘယ်လိုမှ မရှိနိုင်ဘူးတဲ့။
1,313,524
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣဒါနိ နံ ကာယဝစီမနောဒွါရာနိ ပိဒဟန္တော ဩရုန္ဓိတွာ ပရိရက္ခိဿာမိ။
1,313,525
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၅။
1,313,526
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီအဿပါလသတို့သားက ဧသုကာရီဘုရင်မင်းကြီးနှင့် ဖခင် ပုဏ္ဏားကြီးကို နောက်ထပ် ဘာဆက်ပြီး လျှောက်ထားသလဲ? သူ့ရဲ့ ဦးတည်ချက်ကလေးကို သူက လျှောက်ထားတယ်။
1,313,527
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှေးယခင်တုန်းက လူကြမ်း စိတ်ကြမ်း ကိုယ်ကြမ်းကြီးဖြစ်အောင် မိဘတွေက မြင်းထိန်းတွေထံ အပ်နှံပြီးတော့ သူတစ်ပါးတို့အား ညှဉ်းပန်းနှိပ်စက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းရပ်တွေကို သင်ကြားပေးခဲ့တယ်။
1,313,528
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုသင်ကြားပေးခဲ့တဲ့အတိုင်း ညီအစ်ကို (၄)ယောက်တို့ ဦးဆောင်နေတဲ့ လူကြမ်းကြီး တစ်စုတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။
1,313,529
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သံသရာခရီးဆိုတာ ထင်ရှားရှိနေခဲ့မယ်ဆိုလျှင် ကျွန်တော်မျိုးတို့အဖို့ ထိုရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်ကံတွေက တစ်ချိန်ကျတော့ အကျိုးပေးမှာ ဖြစ်ပါတယ်။
1,313,530
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီအကုသိုလ်ကံတွေကြောင့် ရရှိမယ့် အကျိုးတရားမှ ဘယ်လိုမှ ရှောင်လို့ မလွတ်နိုင်ပါဘူး။
1,313,531
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကျွန်တော်မျိုးသည် ယခုအခါမှာ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရလို့ ခေါ်ဆိုအပ်တဲ့ ဒွါရသုံးပါးတို့ကို သမထ-ဝိပဿနာဘာဝနာဆိုတဲ့ လက်နက်ကောင်းတို့ဖြင့် ပိတ်ဆို့ပြီးတော့ ရသေ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်လို့ လျှောက်ထားတယ်။
1,313,532
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟဥှိ ဣတော ပဋ္ဌာယ ပါပံ အကတွာ ကလျာဏမေဝ ကရိဿာမိ။
1,313,533
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အဟံ = ကျွန်တော်မျိုးသည်။
1,313,534
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါပံ = ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းမှုအကုသိုလ်ကံကို။
1,313,535
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကတွာ = မပြုမူ၍။
1,313,536
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကလျာဏမေဝ = ကောင်းမှုကုသိုလ်ကံကိုသာလျှင်။
1,313,537
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့အံ့။
1,313,538
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- ဟတ္ထိပါလသတို့သား နောက်သို့ လိုက်ပြီ
1,313,539
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနေ့က စပြီး နောက်ထပ် မကောင်းမှုအကုသိုလ် မှန်သမျှကို ဘာမျှ မပြုတော့ဘဲ ကောင်းမှုကုသိုလ်ကံ မှန်သမျှကိုသာလျှင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတော့မယ်။
1,313,540
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကျွန်တော်မျိုးကို ရှင်ရဟန်း ပြုဖို့ရန် အနူးအညွတ် ခွင့်ပြုတော်မူပါဆိုပြီး ခွင့်တောင်းတယ်။
1,313,541
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခွင့်တောင်းပြီးတော့ ယခု ဖခင်တို့နှင့် စကားပြောနေစဉ် အချိန်အခါမှာပဲ ကျွန်တော်မျိုးရဲ့သန္တာန်သို့ အို-နာ-သေရေး ဘေးဒုက္ခကြီးတွေက ဆိုက်ရောက်လာကြပြီ ဖြစ်ပါတယ်။
1,313,542
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကျွန်တော်မျိုးကို တောထွက်၍ ရသေ့ရဟန်း ပြုရန် ခွင့်ပြုတော်မူပါ ဆိုပြီးတော့ ခွင့်ပန်ပြီးတော့ မိမိရဲ့ အလုပ်အကျွေးတွေနှင့်တကွ တောထွက်တော်မူပြန်တယ်။
1,313,543
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တောထွက်ခြင်းသည် မြတ်သော လုပ်ငန်းကိစ္စရပ်ကြီးတစ်ခု ဖြစ်တယ်လို့ အသိအမှတ် ပြုထားတဲ့ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်အပေါင်းကလည်း နောက်တော်ကနေ လိုက်ပါသွားကြတယ်။
1,313,544
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သားကလည်း မိမိရဲ့ ညီငယ်ဖြစ်တဲ့ အဿပါလသတို့သားလည်း တစ်ယူဇနာ အတိုင်း အရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ ငါရဲ့ နောက်တော်သို့ လိုက်ပါပြီး တောထွက်လာပြီဆိုတာကို သိတော်မူပါတယ်။
1,313,545
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သိတော်မူတဲ့အတွက် ဘာလုပ်သလဲ?
1,313,546
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကောင်းကင်ခရီးကနေ ဆီးကြိုနေပါတယ်။
1,313,547
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရက်အနေနဲ့ ရေတွက်ကြည့်မယ်ဆိုလျှင်တော့ တစ်ရက် နှစ်ရက်လောက်ပဲ ရှိပါဦးမယ်။
1,313,548
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တစ်ရက် နှစ်ရက်လောက်ကလေး တောထွက်တဲ့ အချိန်အတွင်းမှာ စျာန်သမာပတ်တွေ ကိုလည်း ရရှိတော်မူတယ်။
1,313,549
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘိညာဏ်တွေကိုလည်း ရရှိတော်မူပါတယ်။
1,313,550
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကောင်းကင်ခရီးကနေ ကြွလာပြီးတော့ အဿပါလသတို့သား ဦးဆောင်တဲ့ တစ်ယူဇနာလောက် အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း လှမ်းပြီးတော့ ကြိုဆိုနိုင်တဲ့စွမ်းအားလည်း ရှိနေတယ်။
1,313,551
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဖြစ်လို့ ဒီလောက် လျင်လျင် မြန်မြန်ကြီး စွမ်းအားတွေ ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်သည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော် (၁၀)ပါးကို အစွမ်းကုန် ဖြည့်ကျင့်တော်မူခဲ့ပါတယ်။
1,313,552
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဖြည့်ကျင့်ထားတဲ့ ပါရမီစွမ်းဟုန်တို့ကြောင့် အလောင်းတော် ဟတ္ထိပါလသတို့သားရဲ့ စိတ်ဓာတ်တွေမှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေက ကိန်းဝပ်ပြီး လိုက်ပါလာကြပါတယ်။
1,313,553
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရမီတော် (၁၀)ပါးတို့ရဲ့ စွမ်းအားတွေက ကိန်းဝပ်ပြီး လိုက်ပါလာကြတဲ့အတွက် အချိန်အနည်းငယ်သော ရက်အတွင်းမှာပဲ စျာန်-အဘိညာဏ်တွေကို ရရှိတဲ့အဆင့်အထိ ရောက်ရှိသွားပါတယ်။
1,313,554
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကောင်းကင်ခရီးကနေ ကြွလာပြီးတော့ အဿပါလသတို့သား ဦးဆောင်တဲ့ တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ကြိုဆိုနိုင်တဲ့ စွမ်းအားတွေ ပေါ်လာရတယ်။
1,313,555
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနေ့ တရားနာနေကြတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း မိမိတို့ရဲ့ စိတ်ဓာတ်တွေမှာ ပါရမီတရားတွေ ကိန်းဝပ်လာအောင် ကြိုတင်ပြီးတော့ ပြုပြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။
1,313,556
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- ဂေါပါလသတို့သား တောထွက်တော်မူခန်း
1,313,557
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဿပါလသတို့သား ဦးဆောင်တဲ့ တယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားပြီးတော့ နောက်တစ်နေ့ ရောက်လာတဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးနဲ့ ဧသုကာရီဘုရင်မင်းကြီးတို့ကလည်း ကြွင်းကျန်နေသေးတဲ့ ဂေါပါလ အမည်ရှိတဲ့ သတို့သားထံ သွားကြပြန်တယ်။
1,313,558
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုဂေါပါလသတို့သားထံသို့ သွားတဲ့အခါမှာလည်း ရသေ့ဝတ်နဲ့ပဲ သွားကြပါတယ်။
1,313,559
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့တွေကို ဖူးမြင်ရတော့ ဂေါပါလသတို့သားကလည်း ဟတ္ထိပါလသတို့သားအတူ ရသေ့တွေကို အိမ်ပေါ်ကြွဖို့ရန် ပင့်ဖိတ်ပြီးတော့ မွှေးကြိုင်နေတဲ့ ခြေဆေးရေတို့ဖြင့် ခြေဆေးဖို့ရန်အတွက် ဖိတ်ကြားပါတယ်။
1,313,560
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နေရာ ထိုင်ခင်းဖြင့်လည်း ဖိတ်ကြားတယ်။
1,313,561
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခြေနယ်ဆီဖြင့်လည်း ဖိတ်ကြားတယ်။
1,313,562
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧည့်ဝတ် ကျေပွန်စွာဖြင့် ပြုစုလုပ်ကျွေးပါတယ်။
1,313,563
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မွန်မြတ်တဲ့ ပစ္စည်းလေးပါးတို့ဖြင့် အမြတ်ဆုံးသော ပူဇော်မှုကို အလှူခံတော်မူဖို့ရန်အတွက်လည်း ရိုသေစွာဖြင့် ဖိတ်ကြားတယ်။
1,313,564
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဖိတ်ကြားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကလည်း ငါတို့ဟာ ရသေ့ရဟန်းတွေ မဟုတ်ကြပါဘူး။
1,313,565
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီဘုရင်ကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ပင် ဖြစ်တဲ့အကြောင်း အသိပေးကြတယ်။
1,313,566
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို အကြောင်းကြောင့် ကြွချီလာကြပါသလဲလို့ မေးလျှောက်လိုက်တဲ့ အချိန်အခါမှာလည်း သင်ချစ်သား အကယ်၍ တောမထွက်ဘူးဆိုလျှင်တော့ ဒီနေ့ပဲ သင်ချစ်သားကို အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းပြီးတော့ မင်းအဖြစ် တင်မြှောက်ဖို့ရန်အတွက် ကြွရောက်လာခြင်း ဖြစ်တဲ့အကြောင်း ပြန်လည်ပြီးတော့ အမိန့်ရှိကြတယ်။
1,313,567
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို အမိန့်ရှိလိုက်တဲ့ အချိန်အခါမှာ ဂေါပါလသတို့သားက ဘယ်လို ပြန်ပြီးတော့ လျှောက်ထားသလဲ? အစ်ကိုဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ ဘယ်ရောက်သွားကြသလဲဆိုပြီး မေးမြန်းလိုက်တဲ့ အခါမှာ တစ်ယူဇနာစီ, တစ်ယူဇနာစီ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးတွေကို ခေါ်ဆောင်ပြီးတော့ တောထွက်သွားကြတဲ့အကြောင်း ပြန်လည်ပြီး ပြောပြလိုက်တယ်။
1,313,568
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ပြောပြတဲ့ သတင်းစကားကို ကြားလိုက်တဲ့ အချိန်အခါမှာ ဒီဂေါပါလသတို့သားက ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ် ပုဏ္ဏားကြီးတို့ကို ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?
1,313,569
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ စိရတော ပဋ္ဌာယ ပဗ္ဗဇိတုကာမော ဝနေ နဋ္ဌဂေါဏံ ဝိယ ပဗ္ဗဇ္ဇံ ဥပဓာရေန္တော ဝိစရာမိ၊ တေန မေ နဋ္ဌဂေါဏဿ ပဒံ ဝိယ ဘာတိကာနံ ဂတမဂ္ဂေါ ဒိဋ္ဌော၊ သွာဟံ တေနေဝ မဂ္ဂေန ဂမိဿာမိ။
1,313,570
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ = ဖခင်တို့။
1,313,571
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ = ကျွန်တော်မျိုးသည်ကား။
1,313,572
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိရတော = ကြာမြင့်စွာသော အချိန်အခါကာလမှ။
1,313,573
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိတုကာမော = ရသေ့ရဟန်းပြုခြင်းငှာ အလိုရှိ၍ နေပါပေ၏။
1,313,574
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝနေ = တောအတွင်း၌။
1,313,575
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နဋ္ဌဂေါဏံ = ပျောက်ပျက်သွားသော နွားကို။
1,313,576
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပဓာရေတိ ဝိယ = စူးစမ်း ဆင်ခြင်သကဲ့သို့။
1,313,577
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းရဲ့အဖြစ်ကို။
1,313,578
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပဓာရေန္တော = စူးစမ်း ဆင်ခြင်လျက်။
1,313,579
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိစရာမိ = လှည့်လည်ကျက်စား၍ နေပါ၏။
1,313,580
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တေန = ထို အကြောင်းကြောင့်။
1,313,581
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေ = ကျွန်တော်မျိုးအဖို့။
1,313,582
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နဋ္ဌဂေါဏဿ = ပျောက်ဆုံး သွားသော နွား၏။
1,313,583
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဒံ = ခြေရာကို။
1,313,584
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဿာမိ ဝိယ = တွေ့မြင်၍ နေရလေဘိသကဲ့သို့။
1,313,585
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာတိကာနံ = နောင်တော်ဖြစ်ကြကုန်သော ဟတ္ထိပါလ သတို့သား, အဿပါလသတို့သားတို့၏။
1,313,586
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂတမဂ္ဂေါ = တောထွက်၍ သွားသော လမ်းကြောင်းကြီးကို။
1,313,587
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒိဋ္ဌော = မြင်တွေ့၍ နေရပါပေ၏။
1,313,588
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွာဟံ = ကျွန်တော်မျိုးသည်ကား။
1,313,589
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တေနေဝ မဂ္ဂေန = ထိုနောင်တော်တို့ ကြွသွားတော်မူတဲ့ လမ်းခရီးအတိုင်းသာလျှင်။
1,313,590
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂမိဿာမိ = သွားရောက်ပါတော့အံ့။
1,313,591
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- ခြေရာခံ၍ လိုက်ပေအံ့
1,313,592
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်မျိုးဟာ ကြာမြင့်စွာသော အချိန်အခါ ကာလက စပြီးတော့ ရသေ့ရဟန်း ပြုဖို့ရန်အတွက် ကြံစည် စိတ်ကူးခဲ့ပါတယ်။
1,313,593
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ရဟန်းပြုလိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေလည်း များစွာပဲ ကိန်းဝပ်ခဲ့ဖူးပါတယ်။
1,313,594
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တောအတွင်းမှာ နွားတစ်ကောင် ပျောက်ဆုံးသွားတဲ့ နွားရှင်သည် ထိုနွားရဲ့ ခြေရာကို ခံပြီးတော့ အဲဒီ နွားကို လိုက်ပြီး ရှာဖွေသကဲ့သို့ အလားတူပဲ ကျွန်တော်မျိုးဟာလည်း ရသေ့ရဟန်း ပြုဖို့ရန်အတွက် အမြဲတမ်းပဲ စူးစမ်းဆင်ခြင်ပြီးတော့ လှည့်လည် ကျက်စား နေထိုင်ခဲ့ပါတယ်။
1,313,595
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ပျောက်ဆုံးသွားတဲ့ နွားတစ်ကောင်ရဲ့ ခြေရာကို တွေ့ရသလို ယခုအခါမှာလည်း နောင်တော်ဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ရဲ့ ကြွသွားတော်မူတဲ့ တောထွက်ပြီး ရသေ့ရဟန်းပြုခြင်းဆိုတဲ့ လမ်းကြောင်းကြီးကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
1,313,596
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကျွန်တော်မျိုးကိုလည်း နောင်တော်များ သွားတဲ့ လမ်းကြောင်းအတိုင်း ရသေ့ရဟန်းပြုဖို့ရန်အတွက် သွားပါရစေဆိုပြီးတော့ ဧသုကာရီ ဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ထံ သူက ခွင့်တောင်းပါတယ်။
1,313,597
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂဝံဝ နဋ္ဌံ ပုရိသော ယထာ ဝနေ၊
1,313,598
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနွေသတီ ရာဇ အပဿမာနော။
1,313,599
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝံ နဋ္ဌော ဧသုကာရီ မမတ္ထော၊
1,313,600
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သောဟံ ကထံ န ဂဝေသေယျံ ရာဇ။