id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,313,601 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | )ဧသုကာရီ = ဧသုကာရီအမည်ရှိတော်မူပါပေသော။ |
1,313,602 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရာဇ = အို ဘုရင်မင်းမြတ်။ |
1,313,603 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နဋ္ဌံ = ပျောက်ပျက်၍သွားသော။ |
1,313,604 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂဝံ = နွားကို။ |
1,313,605 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပဿမာနော = မတွေ့မမြင်ရသည်ဖြစ်၍။ |
1,313,606 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနွေသတိ ဧဝ = အစဉ်တစိုက် လိုက်ပါ၍ ရှာမှီးသကဲ့သို့။ |
1,313,607 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမ = ကျွန်တော်မျိုး၏။ |
1,313,608 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇ္ဇာသင်္ခါတော = ရသေ့ရဟန်း ပြုခြင်းဟု ဆိုအပ်သော။ |
1,313,609 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အတ္ထော = အကျိုးစီးပွားသည်။ |
1,313,610 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နဋ္ဌော = ပျောက်ပျက်၍ သွားခဲ့လေပြီ။ |
1,313,611 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သောဟံ = ထိုကျွန်တော်မျိုးသည်။ |
1,313,612 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိတာနံ = ရသေ့ရဟန်းပြု၍ သွားကြကုန်သော နောင်တော်တို့၏။ |
1,313,613 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဂ္ဂံ = ကြွသွားတဲ့ လမ်းကြောင်းကို။ |
1,313,614 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒိသွာ = တွေ့မြင်နေရသည်ဖြစ်ပါလျက်။ |
1,313,615 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကထံ = အဘယ် အကြောင်းကြောင့်။ |
1,313,616 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဂဝေသေယျံ = မရှာမှီးဘဲ ရှိနိုင်ပါအံ့နည်း။ |
1,313,617 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာတိကာနံ = နောင်တော် ဖြစ်ကြကုန်သော သူတော်ကောင်းတို့၏။ |
1,313,618 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတမဂ္ဂမေဝ = ကြွသွားသော လမ်းကြောင်းအတိုင်းသာလျှင်။ |
1,313,619 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂမိဿာမိ = လိုက်ပါ၍ သွားပေတော့အံ့။ |
1,313,620 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောင်တော်ဖြစ်တဲ့ ဟတ္ထိပါလသတို့သား, အဿပါလသတို့သားတို့ ကြွသွားတော်မူတဲ့ လမ်းအတိုင်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားတော့မယ်တဲ့။ |
1,313,621 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တောအတွင်းမှာ ပျောက်ဆုံးနေတဲ့ နွားတစ်ကောင်ကို လိုက်လံ ရှာဖွေလိုက်တဲ့အခါ နွားရဲ့ ခြေရာကို တွေ့ပြီဆိုလျှင်တော့ အဲဒီခြေရာအတိုင်း လိုက်ရှာတဲ့ အချိန်အခါမှာ နွားကို တွေ့သလိုပဲ၊ အလားတူပဲ ကျွန်တော်မျိုးရဲ့ ရသေ့ရဟန်းပြုခြင်းဆိုတဲ့ အကျိုးတရားတွေဟာ ပျောက်ပျက်၍ နေခဲ့ပါတယ်။ |
1,313,622 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခုအချိန်အခါမှာတော့ ကျွန်တော်မျိုးသည် ရသေ့ရဟန်းပြုသွားတဲ့ နောင်တော်တို့ရဲ့ ကြွသွားတော်မူတဲ့ ခြေရာလမ်းကြောင်းကြီးကို တွေ့မြင်နေပြီ ဖြစ်ပါ တယ်။ |
1,313,623 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အဲဒီ ခြေရာလမ်းကြောင်းကြီးကို တွေ့မြင်နေပြီ ဖြစ်ပါလျက် ကျွန်တော်မျိုးဟာ ဘာကြောင့် ရသေ့ရဟန်းအဖြစ်ကို မရှာမှီးဘဲ ရှိထိုက်ပါ့ မလဲ? နောင်တော်တို့ ကြွသွားတော်မူတဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်မျိုးလည်း ရသေ့ရဟန်း ပြုပါတော့မယ်ဆိုပြီးတော့ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကို လျှောက်ထားတယ်။ |
1,313,624 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လျှောက်ထားလိုက် တဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီးနဲ့ ပုရောဟိတ် ပုဏ္ဏားကြီးတို့ကလည်း ဘာပြန်ပြီး ပြောကြသလဲ? |
1,313,625 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တာတ ဂေါပါလ ဧကာဟံ ဒွီဟံ အာဂမေဟိ၊ အမှေ သမဿာသေတွာ ပစ္ဆာ ပဗ္ဗဇိဿသိ။ |
1,313,626 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၈၆။ |
1,313,627 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တာတ ဂေါပါလ = ချစ်သား ဂေါပါလ။ |
1,313,628 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧကာဟံ ဒွီဟံ = တစ်ရက် နှစ်ရက်လောက်။ |
1,313,629 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဂမေဟိ = ဆိုင်းငံ့ပါဦးလော့။ |
1,313,630 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမှေ = ငါတို့ကို။ |
1,313,631 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမဿာသေတွာ = သက်သာရာရစေ၍။ |
1,313,632 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပစ္ဆာ = နောက်ကာလမှ။ |
1,313,633 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိဿသိ = ရသေ့ရဟန်းပြုပါ။ |
1,313,634 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ချစ်သား ဂေါပါလ ... တစ်ရက် နှစ်ရက်လောက်တော့ စောင့်ဆိုင်းပါဦး။ |
1,313,635 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တို့ကို စိတ်သက်သာရာရအောင် နောက်ပိုင်းကျတဲ့ အချိန်အခါရောက်မှ ရသေ့ရဟန်း ပြုပါဆိုပြီးတော့ တိုက်တွန်းတယ်။ |
1,313,636 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ဒီဂေါပါလသတို့သားက ဘာပြန်ပြီးတော့ လျှောက်ထားသလဲ? |
1,313,637 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ယနေ့ ပြုသင့်တာကို ယနေ့ပဲ ပြုလုပ်ပါ |
1,313,638 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာရာဇ အဇ္ဇ ကတ္တဗ္ဗကမ္မံ သွေ ကရိဿာမီတိ န ဝတ္တဗ္ဗံ၊ ကလျာဏကမ္မံ နာမ အဇ္ဇေဝ ကတ္တဗ္ဗံ။ |
1,313,639 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မဟာရာဇ = မြတ်သောမင်းကြီး။ |
1,313,640 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကတ္တဗ္ဗကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ |
1,313,641 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သွေ = မနက်ဖြန်ခါကျမှ။ |
1,313,642 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရိဿာမိ = ငါပြုပေအံ့။ |
1,313,643 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဝတ္တဗ္ဗံ = မဆိုသင့် မဆိုထိုက်ပေ။ |
1,313,644 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကလျာဏကမ္မံ နာမ = ကောင်းမှုကုသိုလ်မည်သည်ကား။ |
1,313,645 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဇ္ဇေဝ = ယနေ့၌ပင်လျှင်။ |
1,313,646 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကတ္တဗ္ဗံ = ပြုသင့်ပြုထိုက်လှပေ၏။ |
1,313,647 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြတ်သောမင်းကြီး ... ယနေ့ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို ယနေ့ပင် ပြုလုပ်ပါ။ |
1,313,648 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နက်ဖြန်ကျမှ ပြုလုပ်မယ်လို့ ဒီလို မပြောသင့်ပါဘူး။ |
1,313,649 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှုကုသိုလ်ဆိုတာ ယနေ့ ပြုသင့်တယ်ဆိုလျှင် ယနေ့ပဲ ပြုပါလို့ ဒီလို သူက ပြန်ပြီး လျှောက်ကြားတယ်။ |
1,313,650 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိယျောတိ ဟိယျတိ ပေါသော၊ |
1,313,651 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရေတိ ပရိဟာယတိ။ |
1,313,652 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနာဂတံ နေတမတ္ထီတိ ဉတွာ၊ |
1,313,653 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပန္နဆန္ဒံ ကော ပနုဒေယျ ဓီရော။ |
1,313,654 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | )မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ |
1,313,655 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယော ပေါသော = အကြင် ယောက်ျားသည်ကား။ |
1,313,656 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကတ္တဗ္ဗံ ကမ္မံ = ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ |
1,313,657 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိယျော = မနက်ဖြန်ခါကျမှ။ |
1,313,658 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရိဿာမိ = ပြုပေအံ့။ |
1,313,659 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ ထား၏။ |
1,313,660 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သွေ = မနက်ဖြန်ခါ၌။ |
1,313,661 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရေ = သန်ဘက်ခါကျမှ။ |
1,313,662 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော ပုရိသော = ထိုကဲ့သို့ ရက်ရွှေ့နေတဲ့ ယောက်ျားသည်။ |
1,313,663 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တတော = ထို ပြုလုပ်အပ်တဲ့ လုပ်ငန်းကိစ္စရပ်ကြောင့် ရရှိမည့် အကျိုးတရားမှ။ |
1,313,664 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပရိဟာယတိ = ဆုတ်ယုတ် ပျက်စီး၍ သွားတတ်၏။ |
1,313,665 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော =ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ |
1,313,666 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ ကမ္မံ = ထိုလုပ်ငန်းကိစ္စရပ်ကို။ |
1,313,667 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာတုံ = ပြုခြင်းငှာ။ |
1,313,668 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န သက္ကောတိ = မစွမ်းနိုင်သည် ဖြစ်တတ်၏။ |
1,313,669 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာရာဇ = မြတ်သော ဧသုကာရီမင်းကြီး။ |
1,313,670 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယံ ဖလံ = အကြင် ကံ၏ အကျိုးတရားသည်။ |
1,313,671 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနာဂတံ = မဖြစ်ပေါ်လာလတ္တံ့။ |
1,313,672 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧတံ = ထို မဖြစ်ပေါ်လာလတ္တံ့သော ကံ၏အကျိုးတရားဟူသည်။ |
1,313,673 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န အတ္ထိ = မရှိသည်သာ လျှင်တည်း။ |
1,313,674 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဉတွာ = သိရှိရသည်ဖြစ်၍။ |
1,313,675 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ ဥပ္ပန္နဆန္ဒံ = ထိုဖြစ်ပေါ်လာသော ကုသိုလ်ဆန္ဒတော်ကို။ |
1,313,676 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကော ဓီရော = အဘယ်မည်သော တစ်စုံတစ်ယောက်သော ပညာရှိသည်။ |
1,313,677 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပနုဒေယျ = နုတ်ပယ်နိုင်ရာပါအံ့နည်း။ |
1,313,678 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းမြတ် ... ပုဂ္ဂိုလ်သတ္တဝါတစ်ဦးဟာ ဒီနေ့ ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို မနက်ဖြန်ကျမှ ငါ ပြုလုပ်တော့မယ်လို့ ဒီလို မပြုဘဲနဲ့ လုပ်ငန်းကိစ္စတစ်ခုကို စွန့်လွှတ်ထားတယ်။ |
1,313,679 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနက်ဖြန်၌ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကိုလည်းပဲ သန်ဘက်ခါကျမှ ငါ အဲဒီ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်တော့မယ်ဆိုပြီး အဲဒီလို လုပ်ငန်းကိစ္စရပ်တွေကို စွန့်လွှတ်ထားပြန်တယ်။ |
1,313,680 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေ့ရွှေ့ ရက်ရွှေ့နေတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ ထိုလုပ်ငန်း ကိစ္စရပ်ကြောင့် ရရှိနိုင်တဲ့ အကျိုးတရားမှ ဆုတ်ယုတ် ပျက်စီးသွားတတ်ပါတယ်။ |
1,313,681 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုလုပ်ငန်းကိစ္စရပ်ကို တစ်ချိန် မပြုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ |
1,313,682 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှုကုသိုလ်ပဲဖြစ်စေ, မကောင်းမှုအကုသိုလ်ကံပဲဖြစ်စေ ကံတစ်ခုကို ပြုစုပျိုးထောင်ပြီးပြီဆိုလျှင်တော့ ထိုကံကြောင့် နောင်တစ်ချိန် အကျိုးတရား မဖြစ်ပေါ်လာဘူးဆိုတာ ဘယ်တော့မှ မရှိပါဘူး။ |
1,313,683 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ကံ-ကံရဲ့အကျိုးတရားဟာ တစ်ချိန် ကျိန်းသေဧကန် ဖြစ်မယ်ဆိုတာကို သိရှိနေတဲ့အတွက် ရသေ့ရဟန်းပြုဖို့ရန် ဖြစ်ပေါ်နေတဲ့ ဒီကုသိုလ်ဆန္ဒတော်ကို အဘယ်မည်သော တစ်စုံတစ်ယောက်သော ပညာရှိသူတော်ကောင်းသည်သော်လည်း နုတ်ပယ်သင့်ပါ့မလဲဆိုပြီးတော့ ဂေါပါလသတို့သားက ပြန်ပြီး လျှောက်ထားတယ်။ |
1,313,684 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လျှောက်ထားပြီးတော့ သူက ဆက်ပြီး ဘာလျှောက်ထားပြန်သလဲ? |
1,313,685 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ |
1,313,686 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီနေရာမှာ အဲဒီလို ရက်ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လယ်တီဆရာတော်ဘုရားကြီးက ဆုံးမထားတဲ့ အဆုံးအမ လင်္ကာကလေး တစ်ခုတော့ ရှိတယ်။ |
1,313,687 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်ဘုရား ...တပည့်တော်တို့က တရားတော့ အားထုတ်ချင်ပါတယ်။ |
1,313,688 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့်လို့ဆိုတဲ့ ဒီလို စကားကလေးကို ပြောပြောပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘုန်းကြီးကို လှိမ့်သွားတဲ့ပုဂ္ဂိုလ်တွေက တော်တော် ခပ်များများ ရှိပါတယ်။ |
1,313,689 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ လှိမ့်သွားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေလည်း ပါချင် ပါ,ပါလိမ့်မယ်။ |
1,313,690 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ပရိသတ်တွေအတွက် လယ်တီဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားသလဲ? |
1,313,691 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုက်သာဘဲ၊ |
1,313,692 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အင်မတန် ကောင်းမွန် မြင့်မြတ်နေတဲ့ သီလကျင့်စဉ်တွေကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါ၊ သမာဓိကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ၊ ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ ဒီလို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြား တိုက်တွန်းတော်မူပါတယ်။ |
1,313,693 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ဘုန်းကြီးတို့ကလည်း ဘုရားရှင်ရဲ့ တရားတော်တွေကို ဒါယကာ ဒါယိကာမတွေကို တစ်ဆင့် ပြန်ပြီး ဟောကြားပြသပေးတယ်။ |
1,313,694 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မသေရာ အမြိုက်နိဗ္ဗာန် ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ တရားတော်တွေကို ဘယ်လိုပင် ဟောပေးသော်လည်း ဘာဖြစ် နေသလဲ? |
1,313,695 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမြိုက်တရား, ဟောတုံငြားလည်း, ဘုရားအကြိုက်, မလိုက်သာဘဲ, ဘာကြောင့် ဘယ်ကြောင့်, အမယ်ကြောင့်ဟု, အနှောင့်အရောက်, အထောင့် ဆင်ခြေ, အသင်္ချေနှင့်, နေသာ ထိုင်သာ, တစ်ခါခါမှာ, သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများ ငါတို့, ပါကြစို့ဟု။ |
1,313,696 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အင်မတန် သတိထားဖို့ ကောင်းပါတယ်။ |
1,313,697 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ဘက်ကို ကြည့်လိုက်မယ် ဆိုလျှင်တော့ ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအကြောင်းကြောင့်နဲ့ ဆင်ခြေတွေ ပေးတတ်ကြတယ်။ |
1,313,698 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရားကတော့ အားထုတ်ချင်ပါတယ်၊ ဘယ်လို ဘယ်လို အကြောင်းကလေးတွေက ရှိနေသေးလို့ပါ စသည်ဖြင့် အဲဒီလို အကြောင်းအမျိုးမျိုးတွေ ပြကြတယ်။ |
1,313,699 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကြောင်းတွေ အမျိုးမျိုး ပြနေတဲ့ ပုဂ္ဂိုလ်တွေကို တစ်ဘက်က လှမ်းကြည့်လိုက်ပြန်တော့ ဘာဖြစ်နေသလဲ?တစ်ဘက်ကို ကြည့်လိုက်မယ်ဆိုလျှင်တော့ သဒ္ဓါတရားကလေးတွေက သိပ်ကောင်းကြတယ်။ |
1,313,700 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကိုယ်ကျင့်သီလလေးတွေကလည်း သိပ်ကောင်းကြတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.