id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,313,701
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လက်ကလည်း တော်တော်ကလေး ဖွာတယ်။
1,313,702
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိုဟာလည်း လှူလိုက် ဒီဟာလည်း လှူလိုက်နဲ့ အဲဒီလို အလှူဒါနတွေမှာတော့ ခပ်သွက်သွက် ပြုလုပ်တတ်ကြတယ်။
1,313,703
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ဘက်ကတော့ ကောင်းနေတယ်။
1,313,704
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် အဲဒီလို အလှူဒါန ပြုပြီးတော့ တကယ်လက်တွေ့ သမာဓိကျင့်စဉ်တွေ ကျင့်ကြစို့၊ တကယ်လက်တွေ့ ပညာကျင့်စဉ်တွေ ကျင့်ကြစို့ဆိုတော့ ဘာလုပ်နေသလဲ?
1,313,705
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့် ဘယ်ကြောင့်, အမယ်ကြောင့်ဟု, အနှောင့်အရောက်, အထောင့် ဆင်ခြေ, အသင်္ချေနှင့်, နေသာ ထိုင်သာ, တစ်ခါခါမှာ, သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများငါတို့, ပါကြစို့ဟု။
1,313,706
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီဘုရား မပါလည်း နောက်ဘုရား ပွင့်လျှင်တော့ တို့ နိဗ္ဗာန်ပါလေရဲ့ ဆိုပြီးတော့ နောက်ဘုရားကို တစ်ခါ ပြောင်းပြီး ရွှေ့ပြန်တယ်။
1,313,707
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရွှေ့လိုက်တော့ ဘာဖြစ်သလဲ?
1,313,708
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဒ္ဓါသမျှ, ဒါန သီလ, လက်စဖွာဖွာ, နောက်ဘုရားမှ, အများငါတို့, ပါကြစို့ဟု, နောက်ဖို့ နောက်ဖို့, နောက်လို့ မဆုံး, အများထုံးလျှင်, မနုံးမနေ, အရှုံးနေဖြင့်, နေ့ပုပ် လပုပ်, ဘဝပုပ်လျက်, မြုပ်မြဲ မျောမြဲ, မြုပ်မြဲ မျောမြဲ, တလဲလဲ, မခွဲခုတိုင်, လာကြသည်။
1,313,709
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဘုရား ပွင့်လျှင်တော့ တို့ ကျွတ်လေရဲ့ဆိုပြီး ဆုကလေး တောင်းလိုက်ပြန်တယ်။
1,313,710
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဘုရား ပွင့်လာတဲ့အခါကျတော့လည်း နောက်ထပ် ဘုရား ပွင့်လျှင်တော့ တို့ ကျွတ်လေရဲ့ဆိုပြီးတော့ ဆုကလေး တောင်းလိုက် ပြန်တယ်။
1,313,711
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလိုနဲ့ နောက်ဘုရား နောက်ဘုရားဆိုပြီး ရွှေ့လာလိုက်တာ ဘဝတွေလည်း ပုပ်ခဲ့တာ များခဲ့လှပြီ၊ နေ့တွေ လတွေ ရက်တွေ ပုပ်ခဲ့တာလည်း များခဲ့လှပြီ။
1,313,712
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
များခဲ့တဲ့အတွက် ဘာဖြစ်သလဲ? သံသရာခရီးမှာ မြုပ်လိုက် မျောလိုက်နဲ့ တလဲလဲ လာလိုက်ကြတာ ဒီနေ့အထိပဲ။
1,313,713
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆုံးပြီလား? မဆုံးကြသေးဘူး။
1,313,714
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြမ္မာတော်ငြား, နောက်ဘုရားနှင့်, အလားသင့်ကာ, အခွင့်သာလည်း, တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍။
1,313,715
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကံကြမ္မာကလေးက အားပေးထောက်ပံ့လိုက်လို့ နောက်ဘုရားနဲ့ အကယ်၍ တွေ့ကြုံခဲ့မယ်ဆိုလျှင်လည်း ဘာဖြစ်ဦးမလဲ? ကံကလေးက လှုံ့ဆော်လိုက်တဲ့အတွက် နိဗ္ဗာန်ကို ရည်စူးပြီး ပြုထားတဲ့ ကောင်းမှုကုသိုလ် တွေ, နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ဖို့ ရည်စူးပြီးတော့ ဆုတောင်းပန်ထွာထားတဲ့ ကောင်းမှု ကုသ...
1,313,716
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ကံကလေးတွေက လှုံ့ဆော်ပေးလိုက်တဲ့ အတွက် နောက်ဘုရားနှင့် တွေ့ပြန်ပြီ။
1,313,717
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဘုရားနဲ့ တွေ့ကြုံရတဲ့ အချိန် အခါမှာ နိဗ္ဗာန်ရဖို့ရန်အတွက် အခွင့်အလမ်းက တော်တော်ကလေး သာသွား ပြီ။
1,313,718
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာပေမယ့်လို့ ဘာဖြစ်သလဲ?
1,313,719
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍။
1,313,720
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတွယ်လိုက်, သမီးတွယ်လိုက်, ဇနီးတွယ်လိုက်, မြေးတွယ်လိုက်, ပစ္စည်းတွယ်လိုက်နဲ့ ဒီလို တွယ်တာတပ်မက်နေတဲ့ တဏှာသခင် အရှင်တင်းလင်းရဲ့ လက်ကိုင်မိနေတယ်တဲ့။
1,313,721
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တရားတော့ အားထုတ်ချင်ပါတယ်၊ အိမ်ကို ပစ်ထားလို့ မရလို့။
1,313,722
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အိမ်က အဖိုးကြီးကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။
1,313,723
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဖွားကြီးကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။
1,313,724
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သားတွေ, သမီးတွေကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။
1,313,725
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အိမ်မှာရှိနေတဲ့ စီးပွားရေးလုပ်ငန်း ကိစ္စရပ်တွေကို ဒီအတိုင်း ပစ်ထားလို့ကလည်း မရဘူး။
1,313,726
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို မရဘူး မရဘူး ပြောနေတာက ဘာလဲ?တဏှာအရှင်သခင်ရဲ့ လက်တွင်းက ထွက်နိုင်လို့လား, မထွက်နိုင်လို့လား? မထွက်နိုင်လို့ဘဲ။
1,313,727
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြမ္မာတော်ငြား, နောက်ဘုရားနှင့်, အလားသင့်ကာ, အခွင့်သာလည်း, တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍, ရွှေ့မြဲ ရွှေ့လျက်, ဤသို့အလား, နောက်ဘုရားဟု, ဘုရားမဆုံး, နောက်မဆုံးဘဲ, တလုံးခဲထွေး, အရှည်တွေးလျက်, အရေးမပြု, အမှုမစိုက်, လူ့စရိုက်ဖြင့်, အမိုက်အမော, အလိုက်မျော၍, ပေါလောခုတိုင်, ရှိကြသည်။
1,313,728
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားမဆုံး နောက်မဆုံးတဲ့။
1,313,729
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားလည်း ဆုံးသေးလား? မဆုံးကြတော့ဘူး။
1,313,730
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဘုရား တစ်ခါ ရွှေ့ပြန်တယ်။
1,313,731
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဘုရားနဲ့ တစ်ခါ တွေ့ကြုံပြန်တော့လည်း နောက်ဘုရား တစ်ခါ ရွှေ့ပြန်တယ်။
1,313,732
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရွှေ့နေမယ်ဆိုလျှင်တော့ ဘုရားလည်း မဆုံးတော့ဘူး၊ နောက်လည်း မဆုံးတော့ဘူး။
1,313,733
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို မဆုံးဘဲ အမြဲ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။
1,313,734
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဏှာသခင်, အရှင်တင်းလင်း, သူ့လက်တွင်းက, အခင်းပဲ့ပြင်, မထွက်ချင်၍၊
1,313,735
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဏှာအရှင်သခင်ရဲ့ လက်တွင်းကနေ လွတ်အောင် ရုန်းထွက်နိုင်တဲ့ စွမ်းအင် မရှိလျှင်တော့ ဘုရားလည်း မဆုံးတော့ဘူး။
1,313,736
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်လည်း ဆုံးဦးမလား? မဆုံးနိုင်တော့ဘူး။
1,313,737
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် နောက်ဘုရား နောက်ဘုရား ရွှေ့ဖို့ လိုသေးသလား? မလိုတော့ဘူး။
1,313,738
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရွှေ့နေတဲ့ ပုဂ္ဂိုလ်တွေသည် တကယ် ရသင့်ရထိုက်တဲ့ အကျိုးတရားတွေမှ ဆုတ်ယုတ် ပျက်စီးပြီး မသွားတတ်ဘူးလား? သွားတတ်တယ်။
1,313,739
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ဒီဂေါပါလသတို့သားကလေးက ---
1,313,740
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိယျတိ = မပြုဘဲ စွန့်လွှတ်၍ထား၏။
1,313,741
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တတော = ထိုပြုလုပ်အပ်တဲ့ လုပ်ငန်းကိစ္စရပ်ကြောင့် ရရှိမည့် အကျိုးတရားမှ။
1,313,742
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိဟာယတိ = ဆုတ်ယုတ်ပျက်စီး၍ သွားတတ်၏။
1,313,743
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န အတ္ထိ = မရှိသည်သာလျှင်တည်း။
1,313,744
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုသိုလ်ကံပဲဖြစ်ဖြစ်, အကုသိုလ်ကံပဲဖြစ်ဖြစ် ကံတစ်ခုကို ထူထောင်ပြီးလျှင်တော့ တစ်ချိန်မှာ အကျိုးဆိုတာ ကျိန်းသေဧကန် ဖြစ်ပေါ်လာမှာပဲ။
1,313,745
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျိုးတရား မဖြစ်တဲ့ ကံရယ်လို့ သံသရာမဆုံးသေးတဲ့ သတ္တဝါတွေအတွက် ရှိသလား? မရှိနိုင်ဘူးတဲ့။
1,313,746
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ပညာရှိ မှန်ခဲ့လျှင်တော့ ဒီလို ဖြစ်ပေါ်လာတဲ့ ကုသိုလ်ဆန္ဒဓာတ်တစ်ခုကို ဘယ်နည်းနှင့်မျှ ဖျက်သိမ်းခြင်းငှာ မသင့်ပါဘူးဆိုပြီးတော့ ဒီလို ပြန်ပြီးတော့ လျှောက်ထားတယ်။
1,313,747
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိဋ္ဌထ တုမှေ၊ တုမှေဟိ သဒ္ဓိံ ကထေန္တမေဝ မံ ဗျာဓိဇရာမရဏာနိ ဥပဂစ္ဆန္တိ။
1,313,748
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တုမှေ = အသင် ခမည်းတော်တို့သည်။
1,313,749
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တိဋ္ဌထ = တည်နေကြပါဦးတော့။
1,313,750
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တုမှေဟိ = သင်တို့နှင့်။
1,313,751
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကထေန္တမေဝ = စကား ပြောဆိုနေစဉ်အတွင်းမှာပင်လျှင်။
1,313,752
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မံ = ကျွန်တော်မျိုးရဲ့အထံသို့။
1,313,753
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗျာဓိဇရာမရဏာနိ = နာခြင်း ဗျာဓိတရား, အိုခြင်း ဇရာတရား, သေခြင်း မရဏတရားတို့သည်။
1,313,754
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပဂစ္ဆန္တိ = ကပ်ရောက်၍ လာကြပါကုန်၏။
1,313,755
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အသင် ဖခမည်းတော်နှင့် ဧသုကာရီဘုရင်မင်းကြီးတို့ ... အသင်မင်းကြီးတို့ တည်နေရစ်ခဲ့ကြပေတော့။
1,313,756
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အသင်မင်းကြီးတို့နှင့် ကျွန်တော်မျိုး အတူတကွ စကားပြောဆိုနေစဉ် အချိန်ကာလအတွင်းမှာပဲ ကျွန်တော်မျိုးထံသို့ ဖျားနာခြင်း ဗျာဓိတရား, အိုခြင်း ဇရာတရား, သေခြင်း မရဏတရားတွေက ကပ်ရောက်လာကြပြီ ဖြစ်ပါတယ်။
1,313,757
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ကျွန်တော်မျိုးကို တောထွက်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် ခွင့်ပြုတော်မူပါဆိုပြီးတော့ ရှိခိုး ဝန်ချ တောင်းပန်ပြီးတော့ မိမိရဲ့ အလုပ်အကျွေးတွေကို ခေါ်ဆောင်ပြီးတော့ ဂေါပါလသတို့သားကလည်း တောထွက်ပြန်တယ်။
1,313,758
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဂေါပါလသတို့သား တောထွက်တော်မူတဲ့ အချိန်အခါမှာ နောက်က အတုလိုက်ပြီး တောထွက်သွားတဲ့ ပရိသတ်ကြီးကလည်း တစ်ယူဇနာ အတိုင်းအရှည် ရှိပြန်တယ်။
1,313,759
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အားလုံး ပရိသတ်ကြီးက ယူဇနာပေါင်း ဘယ်လောက် ရှိသွားပြီလဲ? (၃) ယူဇနာ အတိုင်းအရှည် ရှိသွားပြီ။
1,313,760
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- အဇပါလသတို့သား တောထွက်တော်မူခန်း
1,313,761
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂေါပါလသတို့သား တောထွက်တော်မူပြီး နောက်တစ်နေ့ရောက်တော့ ဧသုကာရီဘုရင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့ကလည်း ရသေ့ ပရိက္ခရာတွေ အသင့် ထမ်းဆောင် ဝတ်ရုံပြီးတော့ ရသေ့အသွင်ဖြင့် အဇပါလသတို့သားထံ ချဉ်းကပ်ကြပြန်တယ်။
1,313,762
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုံစံတူပဲ အဇပါလသတို့သားကလည်း ရသေ့တွေကို ရိုသေစွာဖြင့် ပင့်ဖိတ် လျှောက်ထားပါတယ်။
1,313,763
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အချိန်အခါမှာ မိမိတို့ဟာ ရသေ့ရဟန်းတွေ မဟုတ်တဲ့အကြောင်း သားတော်ကို ထီးဖြူ ဆောင်းမိုးပြီး အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းကာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းအဖြစ် တင်မြှောက်ဖို့ရန်အတွက် လာရောက်ကြောင်း ရှင်းပြကြတယ်။
1,313,764
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောင်တော်တွေ (၃)ဦး ရှိပါလျက်နဲ့ ကျွန်တော်မျိုးထံသို့ ဘယ်လို အကြောင်းကြောင့် လာရောက်ရပါသလဲလို့ မေးမြန်း လျှောက်ထားလိုက်တဲ့ အခါမှာ နောင်တော် (၃)ဦးတို့ တောထွက်သွားတဲ့အကြောင်း ဂင်္ဂါမြစ်ကမ်းမှာပဲ ယခုအခါ ထင်ရှားရှိနေသေးတဲ့အကြောင်းကို ပြန်ပြီးတော့ ရှင်းပြကြတယ်။
1,313,765
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အချိန်အခါကျတော့ ဒီအဇပါလသတို့သားကလေးကလည်း ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?
1,313,766
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နာဟံ မမ ဘာတိကေဟိ ဆဍ္ဍိတခေဠံ သီသေနာဒါယ ဝိစရိဿာမိ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။
1,313,767
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မမ ဘာတိကေဟိ = ကျွန်တော်မျိုး၏ နောင်တော်တို့က။
1,313,768
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆဍ္ဍိတခေဠံ = စွန့်ပစ် ထွေးပစ်အပ်တဲ့ တံတွေးကို။
1,313,769
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သီသေနာဒါယ = ဦးခေါင်းဖြင့် ခံယူ၍။
1,313,770
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဝိစရိဿာမိ = လှည့်လည် ကျက်စားခြင်းကို မပြုပါပေအံ့။
1,313,771
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟမ္ပိ = ကျွန်တော်မျိုးသည်လည်းပဲ။
1,313,772
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပေအံ့။
1,313,773
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်မျိုးရဲ့ နောင်တော်တွေ ထွေးသွားခဲ့တဲ့ တံတွေးကို ဦးခေါင်းဖြင့် ကျွန်တော်မျိုး မခံယူလိုပါဘူး။
1,313,774
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်မျိုးလည်း ရသေ့ရဟန်း ပြုပါမယ်။
1,313,775
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုပဲ ခွင့်တောင်းလိုက်တယ်။
1,313,776
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ရဟန်း ပြုဖို့ ခွင့်တောင်းလိုက်တဲ့ အချိန်အခါမှာ မိဘတွေက ဘာပြန်ပြီး ပြောကြသလဲ?
1,313,777
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
--- ချစ်သား ငယ်ပါသေးတယ်
1,313,778
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တာတ တွံ တာဝ ဒဟရော အမှာကံ ဟတ္ထဘာရော၊ ဝယပ္ပတ္တကာလေ ပဗ္ဗဇိဿသိ။
1,313,779
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၆-၄၈၇။
1,313,780
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တာတ = ချစ်သား အဇပါလ။
1,313,781
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တွံ = သင်ချစ်သားသည်ကား။
1,313,782
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တာဝ ဒဟရော = ငယ်ရွယ်လှသေး၏။
1,313,783
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထဘာရော = လက်ထဲ၌ ပွေ့ချီထားရမယ့် သားရတနာသာ ဖြစ်ပေ၏။
1,313,784
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝယပ္ပတ္တကာလေ = အရွယ်ရောက်သော အချိန်အခါကာလ၌။
1,313,785
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿသိ = ရသေ့ရဟန်း ပြုရပေလတ္တံ့။
1,313,786
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ချစ်သား အဇပါလ ... သားတော်ဟာ အလွန် ငယ်ရွယ်ပါသေးတယ်။
1,313,787
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခမည်းတော်တို့ရဲ့ လက်ထဲမှာ ပွေ့ချီထားရမယ့် အရွယ်မျှသာ ရှိနေပါသေးတယ်။
1,313,788
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ သားတော် အရွယ်ရောက်ခဲ့မယ်ဆိုလျှင်တော့ သားတော်ရဲ့ ဆန္ဒအတိုင်း ရသေ့ရဟန်း ပြုခွင့် ရရှိပါလိမ့်မယ်ဆိုပြီးတော့ မိဘတွေက ပြန်လည် နှစ်သိမ့်ကြတယ်။
1,313,789
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို နှစ်သိမ့်လိုက်တဲ့ အချိန်အခါမှာ ဒီအဇပါလသတို့သားကလည်း ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?
1,313,790
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ တုမှေ ကထေထ၊ နနု ဣမေ သတ္တာ ဒဟရကာလေပိ မဟလ္လကကာလေပိ မရန္တိယေဝ။
1,313,791
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၈၇။
1,313,792
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တုမှေ = သင်တို့သည်။
1,313,793
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ = အဘယ်စကားမျိုးကို။
1,313,794
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကထေထ = ပြောကြားလိုက်ကြပါကုန်သနည်း။
1,313,795
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣမေ သတ္တာ = ဤသတ္တဝါတို့သည်ကား။
1,313,796
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဟရကာလေပိ = ငယ်ရွယ်နုနယ်တဲ့ အချိန်အခါကာလ၌သော်လည်းကောင်း။
1,313,797
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟလ္လကကာလေပိ = အသက်အရွယ် ကြီးရင့်တဲ့ အိုမင်းမစွမ်း ဖြစ်တဲ့ အချိန်အခါကာလ၌သော်လည်းကောင်း။
1,313,798
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရန္တိယေဝ နနု = သေကျေပျက်စီးကြကုန်သည် မဟုတ်ပါလား။
1,313,799
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခမည်းတော်တို့ ...ဘယ်လို စကားတွေ ပြောလိုက်ကြတာလဲ? သတ္တဝါဆိုတာ ငယ်ရွယ်နုနယ်နေတဲ့ အချိန်အခါကာလမှာလည်း သေကျေ ပျက်စီးတတ်တယ် မဟုတ်ဘူးလား? အိုမင်းမစွမ်းဖြစ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ အချိန်အခါမှာလည်း သေကျေပျက်စီးတတ်တဲ့သဘော ရှိတယ် မဟုတ်ဘူးလားတဲ့။
1,313,800
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အယံ ဒဟရကာလေ မရိဿတိ၊ အယံ မဟလ္လကကာလေတိ ကဿစိ ဟတ္ထေ ဝါ ပါဒေ ဝါ နိမိတ္တံ နတ္ထိ။