id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,313,801
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အယံ = ဤသူသည်ကား။
1,313,802
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဟရကာလေ = အသက်အရွယ် ငယ်ရွယ်တဲ့ အချိန်အခါကာလ၌။
1,313,803
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရိဿတိ = သေပေလတ္တံ့။
1,313,804
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အယံ = ဤသူကတော့။
1,313,805
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟလ္လကကာလေ = အိုမင်းမစွမ်းဖြစ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ အချိန်အခါကာလကျမှ။
1,313,806
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကဿစိ = တစ်စုံတစ်ယောက်သော သတ္တဝါ၏။
1,313,807
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထေ ဝါ = လက်ဝါးပြင်ထက်၌ သော်လည်းကောင်း။
1,313,808
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါဒေ ဝါ = ခြေဖဝါးပြင်ထက်၌သော်လည်းကောင်း။
1,313,809
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိမိတ္တံ = အမှတ်အသား နိမိတ်သည်။
1,313,810
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ္ထိ = ထင်ရှားမရှိပေ။
1,313,811
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးမှာသော်လည်းကောင်း, ခြေဖဝါးမှာသော်လည်းကောင်း ဒီသူက ငယ်ရွယ်စဉ်မှာ သေမယ်၊ ဒီသူကတော့ အသက်အရွယ် ကြီးရင့်တဲ့အခါကျမှ သေမယ်လို့ ဒီလို အတိအကျ သတ်မှတ်ထားတဲ့ အမှတ်အသား နိမိတ် တံဆိပ်ဆိုတာ မရှိပါဘူးတဲ့။
1,313,812
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ မမ မရဏကာလံ န ဇာနာမိ၊ တသ္မာ ဣဒါနေဝ ပဗ္ဗဇိဿာမိ။
1,313,813
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အဟံ = ကျွန်တော်မျိုးသည်ကား။
1,313,814
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရဏကာလံ = သေရမယ့် အချိန်အခါကာလကို။
1,313,815
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န ဇာနာမိ = မသိရှိပါ။
1,313,816
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣဒါနေဝ = ဤယနေ့ပင်လျှင်။
1,313,817
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပေတော့အံ့။
1,313,818
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကျွန်တော်မျိုးသည် ဘယ်တော့ သေရမယ်ဆိုတဲ့ အချိန်အခါကာလကို မသိနိုင်ဘူး၊ အဲဒီ သေခြင်းတရားကို မသိနိုင်တဲ့အတွက် ဒီနေ့ပဲ ကျွန်တော်မျိုး ရသေ့ရဟန်း ပြုပါရစေဆိုပြီးတော့ မိဘတွေထံ ခွင့်တောင်းတယ်။
1,313,819
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခွင့်တောင်းတဲ့ အချိန်အခါမှာ နောက်ထပ် သူက သူ့ရဲ့ အတွေ့အကြုံကလေး (၂)ရပ်ကို တင်ပြ လျှောက်ထားတယ်။
1,313,820
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဇပါလသတို့သား၏ အတွေ့အကြုံ နှစ်ရပ်
1,313,821
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဿာမိ ဝေါဟံ ဒဟရံ ကုမာရိံ၊ မတ္တူပမံ ကေတကပုပ္ဖနေတ္တံ။
1,313,822
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘုတ္တဘောဂေ ပဌမေ ဝယသ္မိံ၊ အာဒါယ မစ္စု ဝဇတေ ကုမာရိံ။
1,313,823
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒေဝ = အို ဧသုကာရီဘုရင်မင်းမြတ်။
1,313,824
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ = ကျွန်တော်မျိုးသည်။
1,313,825
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မတ္တူပမံ = ပြုံးရယ်ခြင်း, ပြောဆိုခြင်း, စံပယ်ခြင်းတို့ဖြင့် ယစ်မူးသကဲ့သို့ ဖြစ်ပေထသော။
1,313,826
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကေတကပုပ္ဖနေတ္တံ = ဆတ်သွားဖူး ပွင့်ကြာအငုံကဲ့သို့ ကျယ်ပြန့်သော မျက်လုံး ကော့ဖြူးသော မျက်တောင်မွေးလည်း ရှိပေထသော။
1,313,827
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဟရံ = ငယ်ရွယ်နုနယ်သော။
1,313,828
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုမာရိံ = အမျိုးသမီးကို။
1,313,829
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဿာမိ = တွေ့မြင်ဖူးပါ၏။
1,313,830
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥတ္တမရူပဓရံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရူပါရုံကို ဆောင်နိုင်သော။
1,313,831
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဌမေ ဝယသ္မိံ = ပထမအရွယ်၌။
1,313,832
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝတ္တမာနံ = ဖြစ်ပေါ်တည်နေသော။
1,313,833
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုမာရိံ = အမျိုးသမီးငယ်ကို။
1,313,834
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘုတ္တဘောဂမေဝ = စည်းစိမ်ဥစ္စာတို့ကို မသုံးဆောင် မခံစားရသေးမီ အချိန်အတွင်းမှာပင်လျှင်။
1,313,835
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မာတာပိတူနံ = မိဘနှစ်ပါးတို့၏။
1,313,836
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပရိ = အထက်၌။
1,313,837
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟန္တံ = ကြီးကျယ်လှစွာ သော။
1,313,838
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သောကံ = စိုးရိမ်ပူဆွေးခြင်း သောကတရားကို။
1,313,839
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါတေတွာ = ကျရောက်စေ၍။
1,313,840
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မစ္စု = ရှင်သေမင်းသည်။
1,313,841
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာဒါယ = ယူဆောင်၍။
1,313,842
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝဇတေ = သွားပါပေ၏။
1,313,843
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူမြင်ဖူးတဲ့ အမျိုးသမီးကလေးအကြောင်း အဇပါလသတို့သားက ပြောပြတယ်။
1,313,844
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အို ဧသုကာရီဘုရင်မင်းကြီး ...အမျိုးသမီးငယ်ကလေးဟာ ကြည့်လိုက်မယ်ဆိုလျှင် ပြုံးရယ်နေတဲ့ အသွင်သဏ္ဌာန် ရှိတယ်။
1,313,845
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စကား ပြောဆိုရာမှာလည်း သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောဆိုတတ်တဲ့ ငယ်ရွယ်တဲ့ အရွယ်လည်း ဖြစ်တယ်။
1,313,846
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အင်မတန် တင့်တယ် စံပယ်စွာဖြင့် မိဘတွေ ချစ်ခင်မြတ်နိုးလောက်အောင် ပြောဆိုတတ်တဲ့ အမျိုးသမီးကလေး တစ်ဦး ဖြစ်ပါတယ်။
1,313,847
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူ့ရဲ့ မျက်လုံးကလေးတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ဆတ်သွားဖူး ပွင့်ချပ်ပုံသဏ္ဌာန်လို အင်မတန် ကျယ်ပြန့်ပြီးတော့ လှပတင့်တယ်တဲ့ မျက်လုံးလည်း ရှိတယ်။
1,313,848
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူ့ရဲ့ မျက်လုံး အစုံမှာ ပေါက်နေတဲ့ မျက်တောင်မွေးကလေးတွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း အလွန် လှပပြီးတော့ ကော့နေတယ်။
1,313,849
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလောက် လှပတင့်တယ်ပြီးတော့ ငယ်ရွယ်နုနယ်နေတဲ့ အမျိုးသမီးကလေးတစ်ဦးကို ကျွန်တော်မျိုး မြင်ဖူးပါတယ်။
1,313,850
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပထမအရွယ်မှာပဲ တည်နေတဲ့ အလွန် လှပတင့်တယ်ပြီးတော့ မြင့်မြတ်တဲ့ရုပ်အဆင်းကို ဆောင်နိုင်တဲ့ စွမ်းအားရှိတဲ့ အဲဒီ အမျိုးသမီးငယ်ကလေး တစ်ဦးကို ရှင်သေမင်းက ခေါ်ဆောင်သွားပြန်တယ်။
1,313,851
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအမျိုးသမီးငယ်ကလေးဟာ ကာမဂုဏ်ဆိုလို့ ဘာအာရုံမှ မခံစားဖူးသေးတဲ့ အမျိုးသမီးငယ်ကလေး ဖြစ်ပါတယ်။
1,313,852
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကာမဂုဏ်တွေကို မခံစားရသေးတဲ့ ပထမအရွယ်မှာပဲ ရှိနေသေးတဲ့ ဒီအမျိုးသမီးငယ်ကလေးတစ်ဦးကို မိဘတွေ အပေါ်မှာ ကြီးစွာသော ပူဆွေးသောကတရားတွေကို ကျရောက်စေပြီးတော့ ရှင်သေမင်းက ခေါ်ဆောင်သွားပါတယ်။
1,313,853
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ခေါ်ဆောင်သွားတဲ့ အမျိုးသမီး ငယ်ကလေး တစ်ဦးကို ကျွန်တော်မျိုး တွေ့မြင်ဖူးပါတယ်လို့ အဇပါလ သတို့သားက လျှောက်ထားတယ်။
1,313,854
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးတော့ မတွေ့ဖူးပေမယ့်လည်း ကြားဖူးထားတဲ့ အကြောင်းအရာကလေး တစ်ခုတော့ ရှိပါတယ်။
1,313,855
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးနဲ့ ခင်မင်ရင်းနှီးတဲ့ သီတင်းသုံးဖော်တစ်ဦး၊ ယခုအချိန်မှာတော့ သူက လူထွက်သွားပါပြီ။
1,313,856
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စပ်မိတော့ သူက သူရဲ့ အိမ်နီးချင်း ကလေးမကလေးတစ်ယောက်အကြောင်းကို ပြောပြတယ်။
1,313,857
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီကလေးမကလေးက အရွယ်အားဖြင့် (၁၂)နှစ်အရွယ်လောက်ပဲ ရှိသေးတယ်။
1,313,858
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီဇာတ်တော်မှာ လာရှိတဲ့အတိုင်း အဲဒီ ကလေးမကလေးရဲ့ မျက်တောင်ကလေးတွေ ကြည့်လိုက်လျှင်လည်း ကော့နေအောင် လှတယ်။
1,313,859
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နှုတ်ခမ်းကလေး ကြည့်လိုက်လျှင်လည်း ပကတိအတိုင်း အင်မတန် နီရဲနေတယ်။
1,313,860
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မျက်နှာအနေအထား ပုံသဏ္ဌာန် ကြည့်လိုက်မယ်ဆိုလျှင်လည်း ကျက်သရေ ရှိတယ်။
1,313,861
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မြင်တဲ့သူတိုင်း ဘယ်သူမဆို ဒီကလေးမကလေးကို အင်မတန် ချစ်ခင်မြတ်နိုးကြတယ်။
1,313,862
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိဘတွေကလည်း အလွန် ချစ်မြတ်နိုးကြတယ်။
1,313,863
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ချိန် ဘာဖြစ်လာသလဲ?
1,313,864
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကလေးမကလေးက သူ့ရဲ့ ညီမငယ်ကလေးကို စက်ဘီးပေါ် တင်ပြီးတော့ အိမ်ကနေ အထွက်မှာ ဖခင်ဖြစ်သူက ကလေးငယ်ကို ခေါ်မသွားဖို့ရန် လှမ်းပြီး အော်လိုက်တော့ ကလေးငယ်ကလေးကို အိမ်ထဲ ပြန်ချထားခဲ့တယ်။
1,313,865
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ချပြီးတဲ့အခါ စက်ဘီးကလေးနဲ့ အိမ်ကနေ ထွက်သွားတယ်။
1,313,866
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၅)မိနစ်လောက် ကြာတဲ့ အချိန်အခါကျတော့ အိမ်ရှေ့မှာ ကားတစ်စီး ဆိုက်လာတယ်။
1,313,867
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကလေးမကလေး ဆေးရုံရောက်နေတဲ့အကြောင်း လာပြီးတော့ အကြောင်းကြားတယ်။
1,313,868
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါနဲ့ မိဘတွေလည်း ဆေးရုံကို လိုက်သွားကြတယ်။
1,313,869
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆေးရုံ ရောက်တဲ့အခါမှာတော့ ကလေးမကလေးရဲ့ အလောင်းပဲ တွေ့ရတော့တယ်။
1,313,870
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အချိန်အခါမှာ မိခင်ဖြစ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်သွားသလဲ? မေ့ပြီး လဲကျသွားတယ်။
1,313,871
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေ့ပြီး လဲကျသွားတဲ့ အဲဒီမိခင်ကို မနည်း ကုယူရတယ်။
1,313,872
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုသာန်ရောက်တော့လည်း မိခင်ဖြစ်သူဟာ ခဏခဏ မေ့ပြီးတော့ လဲကျနေတယ်။
1,313,873
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီသဘောကို ယခု ဒီ ဇာတ်တော်က ပြောနေတယ်။
1,313,874
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လိုလဲ? ပဿာမိ ဝေါဟံ ဒဟရံ ကုမာရိံ၊ မတ္တူပမံ ကေတကပုပ္ဖနေတ္တံ။
1,313,875
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မတ္တူပမံ = ပြုံးရယ်ခြင်း, ပြောဆိုခြင်း, စံပယ်ခြင်းတို့ဖြင့် ယစ်မူးသကဲ့သို့ ဖြစ်သော။
1,313,876
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကေတကပုပ္ဖနေတ္တံ = ဆတ်သွားဖူး ပွင့်ကြာအငုံကဲ့သို့ ကျယ်ပြန့်သော မျက်လုံး, ကော့ဖြူးသော မျက်တောင်မွေးလည်း ရှိပေထသော။
1,313,877
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝတ္တမာနံ = ဖြစ်ပေါ် တည်နေသော။
1,313,878
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟန္တံ = ကြီးကျယ်လှစွာသော။
1,313,879
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အင်မတန် ငယ်ရွယ်နုနယ်သေးတဲ့ ကာမဂုဏ်စည်းစိမ်ဆိုလို့ ဘာမှ မခံစားရသေးတဲ့ ဒီအမျိုးသမီးငယ်ကလေးတစ်ဦးကို ရှင်သေမင်းက ရက်ရက်စက်စက်နဲ့ ခေါ်ဆောင်သွားတယ်တဲ့။
1,313,880
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှင်သေမင်းမှာ ကြင်နာသနားမှု ဘာမှ မရှိဘူး။
1,313,881
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိဘတွေရဲ့အပေါ်မှာ ကြီးစွာသော စိုးရိမ်ပူဆွေးတဲ့ သောကတရားတွေကို ကျရောက်စေပြီးတော့ ခေါ်ဆောင်သွားပါတယ်ဆိုပြီး အဇပါလ သတို့သားက တင်ပြ လျှောက်ထားတယ်။
1,313,882
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်ခု ဆက်ပြီးတော့ သူ့ရဲ့ အတွေ့အကြုံကလေးကို တင်ပြ လျှောက်ထားတယ်။
1,313,883
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယုဝါ သုဇာတော သုမုခေါ သုဒဿနော၊
1,313,884
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာမော ကုသုမ္ဘပရိကိဏ္ဏမဿု။
1,313,885
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိတွာန ကာမေ ပဋိကစ္စ ဂေဟံ၊
1,313,886
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနုဇာန မံ ပဗ္ဗဇိဿာမိ ဒေဝ။
1,313,887
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒေဝ = ဧသုကာရီဘုရင်မင်းမြတ်။
1,313,888
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုဇာတော = ကောင်းစွာ တည်သော လုံးရပ်သဏ္ဌာန်လည်း ရှိပေထသော။
1,313,889
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုမုခေါ = ရွှေကြေးမုံ လပြည့်ဝန်းနှင့်တူသော မျက်နှာလည်း ရှိပေထသော။
1,313,890
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သုဒဿနော = ရှုချင်စဖွယ် လည်း ရှိပေထသော။
1,313,891
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာမော = ရွှေအဆင်းနှင့် တူသော အသားအရေ အဆင်းလည်း ရှိပေထသော။
1,313,892
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကုသုမ္ဘပရိကိဏ္ဏမဿု = ဝတ်ပန်းပွင့် ဝတ်ဆံနှင့်တူသော သိမ်မွေ့သော ကောင်းစွာ ပေါက်ရောက်လျက်ရှိသော မုတ်ဆိတ် ကျင်စွယ်လည်း ရှိပေထသော။
1,313,893
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧဝရူပေါပိ ယုဝါ = ဤသို့သဘောရှိတဲ့ လုလင်ပျိုသည်သော်လည်းပဲ။
1,313,894
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မစ္စုဝသံ = သေမင်းရဲ့ အလိုနိုင်ငံသို့။
1,313,895
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂစ္ဆတိ = လိုက်ပါ၍ သွားရပါပေ၏။
1,313,896
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေဝ = အရှင်မင်းမြတ်။
1,313,897
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမေ စ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကိုလည်းကောင်း။
1,313,898
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂေဟံ စ = အိမ်ရာတည်ထောင် လူ့ဘောင်ကိုလည်းကောင်း။
1,313,899
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဋိကစ္စ = ရှေးမဆွကပင်။
1,313,900
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိတွာန = ပယ်စွန့်ထားခဲ့၍။