id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,313,901 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုပါပေအံ့။ |
1,313,902 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မံ = ကျွန်တော်မျိုးကို။ |
1,313,903 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနုဇာန = အနုဇာနာထ = ခွင့်ပြုတော်မူကြပါ။ |
1,313,904 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဇပါလသတို့သားက သူ တွေ့မြင်ခဲ့ဖူးတဲ့ လုလင်ပျိုကလေး တစ်ဦး အကြောင်းကို တင်ပြ လျှောက်ထားတယ်။ |
1,313,905 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းမြတ် လုလင်ပျိုကလေးတစ်ဦးဟာ လုံးရပ်သဏ္ဌာန်အားဖြင့် သိပ်ပြီး လှတယ်၊ အချိုးကျတယ်။ |
1,313,906 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မျက်နှာကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ရွှေကြေးမုံ လပြည့်ဝန်းလို အင်မတန် ကြည်လင်သန့်ရှင်းပြီးတော့ ဖြူစင်လှပတဲ့ လုလင်ပျိုကလေး ဖြစ်ပါတယ်။ |
1,313,907 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူ့ကို ကြည့်ရှုလိုက်ရလျှင် သုဒဿန = အလွန် ကြည့်ရှုလို့ ကောင်းတဲ့ လုလင်ပျိုကလေး ဖြစ်ပါတယ်။ |
1,313,908 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အသားအရောင်ကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ရွှေအဆင်းလို ဝါဝင်းနေတယ်။ |
1,313,909 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူ့မှာ မုတ်ဆိတ် ကျင်စွယ် ကလေးတွေလည်း ရှိတယ်။ |
1,313,910 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မုတ်ဆိတ် ကျင်စွယ်တွေကလည်း ဝတ်ပန်းပွင့်ရဲ့ ဝတ်ဆံကလေးတွေလို အလွန် လှပတင့်တယ်တဲ့ မုတ်ဆိတ် ကျင်စွယ် ကလေးတွေ ဖြစ်နေကြတယ်။ |
1,313,911 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေးကိုသော်လည်းပဲ အင်မတန် ကရုဏာ ကင်းမဲ့တဲ့ ရှင်သေမင်းက ခေါ်ဆောင်သွားပါတယ်။ |
1,313,912 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဒီလို အင်မတန် လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေးသော်လည်းပဲ သေမင်းရဲ့ အလိုနိုင်ငံသို့ လိုက်ပါရပါသေးတယ်။ |
1,313,913 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျွန်တော်မျိုးတို့ဆိုလျှင် အဘယ်မှာ ဆိုဖွယ်ရာ ရှိနိုင်ပါတော့မလဲ? ဒါကြောင့် အရှင်မင်းမြတ်တို့ ကျွန်တော်မျိုးကို တောထွက်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် ခွင့်ပြုတော်မူကြပါ။ |
1,313,914 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမဂုဏ်တွေကို မခံစားရသေးမီမှာပဲ အိမ်ရာ တည်ထောင်တဲ့ လူ့ဘောင်ဘဝကို ကြိုတင်ပြီးတော့ ကျွန်တော်မျိုး စွန့်လွှတ်ပါရစေတဲ့။ |
1,313,915 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တထာဝိဓမ္ပိ ဟိ သိနေရုံ ဥပ္ပါတေန္တော ဝိယ နိက္ကရုဏော မစ္စု အာဒါယ ဂစ္ဆတိ။ |
1,313,916 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဒီလောက် လှပတင့်တယ်နေတဲ့ လုလင်ပျိုကလေး တစ်ယောက်ကို သော်လည်းပဲ အင်မတန် ကြင်နာခြင်း ကင်းမဲ့တဲ့ ရှင်သေမင်းက ခေါ်ဆောင်သွားသေးတယ်ဆိုလျှင် ကျွန်တော်မျိုးကိုလည်း တစ်နေ့မှာ ခေါ်ဆောင်မှာ ဖြစ်ပါတယ်။ |
1,313,917 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်နေ့မှာ ရှင်သေမင်းက ခေါ်ဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်မျိုးဟာ အိမ်ရာတည်ထောင်တဲ့ လူတို့ဘောင်သို့ မရောက်မီ, ကာမဂုဏ်တွေကို မခံစားရသေးမီ အချိန်ကာလအတွင်းမှာ တောထွက်ပြီး ရသေ့ ရဟန်း ပြုပါရစေလို့ ခွင့်တောင်းတယ်။ |
1,313,918 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေဝ ပုတ္တဒါရဗန္ဓနသ္မိဥှိ ဥပ္ပန္နေ တံ ဗန္ဓနံ ဒုစ္ဆေဒနီယံ ဟောတိ၊ (ဇာတက၊ဋ္ဌ၊၄၊၄၈၇။ |
1,313,919 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဒေဝ = အို အရှင်မင်းမြတ်။ |
1,313,920 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုတ္တဒါရဗန္ဓနသ္မိံ = သားမယားတည်းဟူသော အနှောင်အဖွဲ့သည်။ |
1,313,921 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပန္နေ = ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ |
1,313,922 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ ဗန္ဓနံ = ထိုအနှောင်အဖွဲ့သည်။ |
1,313,923 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒုစ္ဆေဒနီယံ = အလွန် ဖြတ်နိုင်ခဲသည်။ |
1,313,924 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သားမယားဆိုတဲ့ အနှောင်အဖွဲ့တွေ အကယ်၍ ဖြစ်လာခဲ့မယ်ဆိုလျှင်တော့ အဲဒီ သားမယားဆိုတဲ့ အနှောင်အဖွဲ့တွေဟာ အလွန် ဖြတ်နိုင်ခဲပါတယ်တဲ့။ |
1,313,925 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စကားကလေးကို တရားနာပရိသတ်တွေ လက်ခံနိုင်ပါ့မလား? ဘယ်လို ဖြေကြမလဲ? သားမယားရယ်လို့ ဖြစ်လာပြီ၊ သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေ ဖြစ်လာပြီဆိုလျှင် ဒီအနှောင်အဖွဲ့ဟာ ဖြတ်တောက်ဖို့ရန်အတွက် အလွန် ခက်ခဲတယ်။ |
1,313,926 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်ပါတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ကတော့ အသံက ခပ်နည်းနည်းပဲ။ |
1,313,927 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီနေ့ပဲ ယောဂီ ဒါယကာကလေးတစ်ယောက် အထုပ်ကလေးနဲ့ ကျောင်း ရောက်လာတယ်။ |
1,313,928 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်လဆိုလား, ဘယ်လောက်ဆိုလား? သူက တရား အားထုတ်မယ်ဆိုပြီး ကြိမ်းဝါးပြီးတော့ လာတာပဲ။ |
1,313,929 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီနေ့ပဲ အထုပ်ကလေးနဲ့ ပြန်ပါသွားတယ်။ |
1,313,930 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒါကိုသာ ကြည့်ပေတော့ ... ဖြတ်တောက်ဖို့ရန် မခက်ခဲဘူးလား? အင်မတန် ခက်ခဲတယ်။ |
1,313,931 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အဇပါလသတို့သားက ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ? |
1,313,932 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တေနာဟံ ပုရေတရညေဝ ကာမေ စ ဂေဟဉ္စ ဟိတွာ ဣဒါနေဝ ပဗ္ဗဇိဿာမိ၊ အနုဇာန မံ။ |
1,313,933 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တေန = ထို့ကြောင့်။ |
1,313,934 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရေတရညေဝ = အိမ်ရာတည်ထောင် လူ့ဘောင်ကို မရရှိသေးမီ, ကာမဂုဏ်တို့ကို မခံစားရ သေးမီ ရှေးမဆွကပင်လျှင်။ |
1,313,935 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမေ စ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု တို့ကိုလည်းကောင်း။ |
1,313,936 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂေဟဉ္စ = အိမ်ရာတည်ထောင် လူ့ဘောင်ကိုလည်းကောင်း။ |
1,313,937 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိတွာ = ပယ်စွန့်ခဲ့၍။ |
1,313,938 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣဒါနေဝ = ဤယခုအခါ၌ပင်လျှင်။ |
1,313,939 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုမှေ = သင် ခမည်းတော်တို့သည်။ |
1,313,940 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနုဇာန = ခွင့်ပြုတော်မူကြပါ။ |
1,313,941 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီအနှောင်အဖွဲ့တွေ ကျွန်တော့်မျိုးထံ မရောက်လာမီ အချိန်ကာလအတွင်းမှာပဲ ကြိုတင်ပြီးတော့ ကျွန်တော်မျိုး ရသေ့ရဟန်း ပြုပါရစေ။ |
1,313,942 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျွန်တော်မျိုးကို ခွင့်ပြုပါဆိုပြီးတော့ ခွင့်တောင်းတယ်။ |
1,313,943 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလိုဆိုလျှင် ဒါယကာကြီး ဒါယိကာမကြီးတွေ အပျိုကြီးဘဝ လူပျိုကြီးဘဝမှာ ရှိနေတုန်း ကြိုတင်ပြီးတော့ ရသေ့ရဟန်းပြုဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ |
1,313,944 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် ကောင်းတယ်လို့ ခေါင်းညိတ်တဲ့ ပုဂ္ဂိုလ်ကတော့ အလွန် နည်းပါတယ်။ |
1,313,945 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ခွင့်တောင်းပြီးတဲ့ အချိန်အခါကျတော့ အဇပါလသတို့သားက ဘာလုပ်သလဲ? |
1,313,946 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၈၈။ |
1,313,947 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တုမှေ = သင် ဖခမည်းတော်တို့သည်။ |
1,313,948 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိဋ္ဌထ = တည်နေကြဦးတော့။ |
1,313,949 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုမှေဟိ = သင် ခမည်းတော်တို့နှင့်။ |
1,313,950 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကထေန္တမေဝ = စကားပြောဆိုနေစဉ် အချိန်အခါကာလအတွင်းမှာပင်လျှင်။ |
1,313,951 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မံ = ကျွန်တော်မျိုးထံသို့။ |
1,313,952 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖခမည်းတော်တို့ ... ဖခမည်းတော်တို့တော့ ဒီနေရာမှာပဲ တည်နေရစ်ကြပေတော့ ... ဖခမည်းတော်တို့နှင့်အတူ စကားပြောနေစဉ် အချိန်ကာလအတွင်းမှာပဲ ကျွန်တော်မျိုးထံသို့ နာခြင်း = ဗျာဓိတရားတွေ, အိုခြင်း = ဇရာတရားတွေ, သေခြင်း = မရဏတရားတွေဟာ ကပ်ရောက်လာကြပြီ ဖြစ်ပါတယ်။ |
1,313,953 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ကျွန်တော်မျိုးကို ရသေ့ရဟန်း ပြုရန်အတွက် ခွင့်ပြုတော်မူပါဆိုပြီးတော့ ရှိခိုးပြီး ဝန်ချ တောင်းပန်တယ်။ |
1,313,954 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရှိခိုး ဝန်ချ တောင်းပန်ပြီးတော့ အဇပါလသတို့သားကလည်း သူ့ရဲ့ အလုပ်အကျွေးတွေကို ခေါ်ဆောင်ပြီးတော့ တောထွက်ပြန်တယ်။ |
1,313,955 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တော်ကနေ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး လိုက်ပါ သွားပြန်တယ်။ |
1,313,956 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အားလုံး ပရိသတ် ယူဇနာ ဘယ်လောက် ရှိသွားပြီလဲ? လေးယူဇနာ ရှိသွားပြီ။ |
1,313,957 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အဇပါလဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြို ပြီးတော့ နေရာချထားတယ်။ |
1,313,958 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တို့ရဲ့ တောထွက်တဲ့ လူထုပရိသတ်ကြီးကတော့ အင်မတန် ကြီးကျယ်လိမ့်မယ်။ |
1,313,959 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဒီဂင်္ဂါမြစ်ကမ်းကပဲ တို့ စောင့်ဆိုင်းကြဦးစို့ဆိုပြီးတော့ စောင့်ဆိုင်းနေကြတယ်။ |
1,313,960 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ညီနောင် လေးဦးတို့ ဦးဆောင်ပြီး တောထွက်သွားတဲ့ (၄)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ဂင်္ဂါမြစ်ကမ်းကနေ စောင့်ဆိုင်းနေကြတဲ့ အချိန်အခါမှာ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း စဉ်းစားခန်း ဝင်ပြီးတော့ ပုဏ္ဏေးမကြီးနဲ့ တိုင်ပင်ပြန်တယ်။ |
1,313,961 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နှစ်ဦးသား တိုင်ပင်တဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးက ပုဏ္ဏေးမကြီးကို ဘာပြောသလဲ? |
1,313,962 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း |
1,313,963 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လူ့သစ်ငုတ်တိုဘဝ |
1,313,964 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမ ပုတ္တာ ပဗ္ဗဇိတာ၊ ဣဒါနာဟံ ဧကကောဝ မနုဿခါဏုကော ဇာတောမှိ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။ |
1,313,965 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မမ ပုတ္တာ = ငါရဲ့ သားတော်တို့သည်ကား။ |
1,313,966 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိတာ = ရသေ့ရဟန်းပြု၍ သွားကြလေကုန်ပြီ။ |
1,313,967 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟံ = ငါသည်ကား။ |
1,313,968 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧကကောဝ = သားမရှိဘဲ တစ်ယောက်တည်းသာလျှင်။ |
1,313,969 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနုဿခါဏုကော = လူ့သစ်ငုတ်သည်။ |
1,313,970 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇာတော = ဖြစ်၍နေသည်။ |
1,313,971 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟမ္ပိ = ငါသည်လည်းပဲ။ |
1,313,972 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိဿာမိ = ရသေ့ရဟန်းပြုပေအံ့။ |
1,313,973 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ သားတော် (၄)ယောက် အကုန်လုံး တောထွက်ပြီး ရသေ့ရဟန်း ပြုသွားကြပြီ။ |
1,313,974 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခုအခါမှာတော့ ငါ့မှာ သားမရှိတော့တဲ့အတွက် မနုဿခါဏုကခေါ်တဲ့ လူ့သစ်ငုတ်တိုကြီးတော့ ဖြစ်နေပြီ။ |
1,313,975 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါလည်းပဲ တောထွက်ပြီး ရသေ့ရဟန်းပြုတော့မယ်ဆိုပြီးတော့ သူ့ရဲ့ ပုဏ္ဏေးမကြီးကို ပြောပြတယ်။ |
1,313,976 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သာခါဟိ ရုက္ခော လဘတေ သမညံ၊ |
1,313,977 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဟီနသာခံ ပန ခါဏုမာဟု။ |
1,313,978 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဟီနပုတ္တဿ မမဇ္ဇ ဘောတိ၊ |
1,313,979 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါသေဋ္ဌိ ဘိက္ခာစရိယာယ ကာလော။ |
1,313,980 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဝါသေဋ္ဌိ = ဝါသေဋ္ဌအနွယ်၌ဖြစ်ပါပေသော။ |
1,313,981 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘောတိ = အို ပုဏ္ဏေးမ။ |
1,313,982 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သာခါဟိ = အခက်အလက်တို့ကြောင့်။ |
1,313,983 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရုက္ခော သမညံ = သစ်ပင်ဟူသော အမည်ကို။ |
1,313,984 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လဘတေ = ရရှိပါပေ၏။ |
1,313,985 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဟီနသာခံ ပန = အခက်အလက် ကျိုးပြတ်နေတဲ့ သစ်ပင်ကိုကား။ |
1,313,986 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခါဏုံ = သစ်ငုတ်တိုဟူ၍။ |
1,313,987 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဟု = ပြောဆို ကြပါကုန်၏။ |
1,313,988 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဟီနပုတ္တဿ = စွန့်ပယ်၍ ထားအပ်သော သားရှိသော။ |
1,313,989 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမ = ငါ့အဖို့။ |
1,313,990 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘိက္ခာစရိယာယ = ရသေ့ရဟန်းပြုဖို့ရန် အတွက်။ |
1,313,991 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာလော = အချိန်ကာလပါပေတည်း။ |
1,313,992 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သစ်ပင်ကြီး တစ်ပင် ရှိတယ်ဆိုကြစို့၊ ဘာဖြစ်လို့ သစ်ပင်လို့ ခေါ်ရသလဲလို့ မေးလျှင်တော့ အခက်အလက်တွေ ထင်ရှား တည်ရှိနေတဲ့အတွက်ကြောင့် သစ်ပင်လို့ ခေါ်ရတယ်။ |
1,313,993 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အခက်အလက်တွေ လုံးလုံး မရှိတော့ဘူး ဆိုလျှင်တော့ အဲဒီသစ်ပင်ကြီးကို ဘယ်လိုခေါ်သလဲ? သစ်ငုတ်တိုလို့ လောက ဝေါဟာရအားဖြင့် ခေါ်တယ်တဲ့။ |
1,313,994 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သားတွေ မရှိတော့ဘူးဆိုလျှင်တော့ အကိုင်းအခက် မရှိတာနဲ့ တူတယ်။ |
1,313,995 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကိုင်းအခက် မရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကို သစ်ငုတ်တိုလို့ ခေါ်သလို သားမရှိတဲ့ ငါ့ကိုလည်းပဲ လူ့သစ်ငုတ်တိုလို့ ခေါ်ကြတော့မယ်။ |
1,313,996 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါယကာကြီး ဒါယိကာမကြီးတွေ မြင်ဖူးကြပါလိမ့်မယ်။ |
1,313,997 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သစ်ငုတ်တိုတစ်ခု တွေ့ပြီဆိုလျှင် ခွေးတွေက ဘာလုပ်ကြလဲ? ဘယ့်နှယ်တုံး ပရိသတ်တွေ သိကြပါလိမ့်မယ်။ |
1,313,998 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီအတိုင်းပဲ သစ်ငုတ်တိုဘဝ ရောက်ပြီဆိုလျှင်တော့ လူလည်း မရိုသေဘူး၊ ခွေးကလည်း မရိုသေတော့ဘူး။ |
1,313,999 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်သူမှ သိပ်ပြီး မရိုသေချင်ဘူး။ |
1,314,000 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အဲဒီ သစ်ငုတ်တိုဘဝ ရောက်နေတဲ့ ငါလည်းပဲ ယခုအခါမှာ ရသေ့ရဟန်း ပြုဖို့ရန်တော့ တော်ပြီဆိုပြီးတော့ သူ့ရဲ့ ပုဏ္ဏေးမကြီးကို တိုင်ပင်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.