id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,001 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို တိုင်ပင်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? သူ့ရဲ့ ပုဏ္ဏားပရိသတ်တွေကို အကုန်လုံး ခေါ်လိုက်တယ်။ |
1,314,002 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုဏ္ဏားလုလင်တွေ ခြောက်သောင်း ရောက်ရှိလာကြတယ်။ |
1,314,003 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရောက်ရှိလာတဲ့ အချိန်အခါမှာ ပုဏ္ဏားလုလင်တွေကို ဒီပုရောဟိတ်ပုဏ္ဏားကြီးက ကဲ - သင်တို့ ဘာလုပ်ကြမလဲလို့ မေးကြည့်တယ်။ |
1,314,004 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မေးလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားလုလင်တွေကလည်း အရှင်ပုဏ္ဏားကြီးကကော ဘာလုပ်မလဲလို့ ပြန်မေးကြ တယ်။ |
1,314,005 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပြန်မေးလိုက်တဲ့ အချိန်အခါကျတော့ ငါကတော့ ငါ့သားတော်တွေထံ သွားပြီး ရသေ့ရဟန်း ပြုတော့မယ်လို့ ပြန်ပြောလိုက်တယ်။ |
1,314,006 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စကားကို ကြားလိုက်တဲ့ အချိန်အခါကျတော့ ပုဏ္ဏားလုလင်တွေက သူတို့ရဲ့ ပုရောဟိတ် ဆရာကြီးကို ဘာပြန်ပြောကြသလဲ? |
1,314,007 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငရဲအပူဟူသည် |
1,314,008 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န တုမှာကမေဝ နိရယော ဥဏှော၊ မယမ္ပိ ပဗ္ဗဇိဿာမ။ |
1,314,009 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တုမှာကမေဝ = သင်တို့အားသာလျှင်။ |
1,314,010 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိရယော = ငရဲမီးသည်။ |
1,314,011 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဥဏှော = ပူသည်ကားမဟုတ်။ |
1,314,012 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မယမ္ပိ = ကျွန်တော်မျိုးတို့သည်လည်းပဲ။ |
1,314,013 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိဿာမိ = ရသေ့ရဟန်း ပြုကြပါကုန်အံ့။ |
1,314,014 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီစကားကလေးက သိပ်ကောင်းတယ်။ |
1,314,015 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ပြန်ပြောကြသလဲ? ငရဲမီးဆိုတာ အသင် ပုရောဟိတ်ဆရာကြီးအတွက်သာ ပူတာ မဟုတ်ပါဘူး။ |
1,314,016 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျွန်တော်မျိုးတို့အတွက်လည်း ပူတာပါပဲ။ |
1,314,017 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ကျွန်တော်မျိုးတို့လည်း ရသေ့ရဟန်း ပြုပါမယ်လို့ ပုဏ္ဏားလုလင်တွေက ပြန်ပြီး ပြောကြတယ်။ |
1,314,018 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ |
1,314,019 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း |
1,314,020 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ပြောဆိုပြီးတဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးကလည်း နောက်တော်ပါဖြစ်တဲ့ မိမိရဲ့ ပုဏ္ဏားလုလင်တွေ ခြံရံပြီးတော့ တောထွက်ကြပြန်တယ်။ |
1,314,021 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်သွားတဲ့ အချိန်အခါမှာလည်း တစ်ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး လိုက်ပါသွားကြပြန်တယ်။ |
1,314,022 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ပုရောဟိတ်ပုဏ္ဏားကြီး ဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည် ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြိုပြီးတော့ ဂင်္ဂါမြစ်ကမ်းမှာပဲ ခေတ္တ စောင့်ဆိုင်းပြီး နေရာချထားပေးပါတယ်။ |
1,314,023 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်သွားတော့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ ပုဏ္ဏေးမကြီးကလည်း ဘာဖြစ်လာသလဲ? |
1,314,024 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ပုဏ္ဏေးမကြီး တောထွက်ခန်း |
1,314,025 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမ စတ္တာရော ပုတ္တာ သေတစ္ဆတ္တံ ပဟာယ ပဗ္ဗဇိဿာမာတိ ဂတာ၊ ဗြာဟ္မဏောပိ ပုရောဟိတဋ္ဌာနေန သဒ္ဓိံ အသီတိကောဋိဓနံ ဆဍ္ဍေတွာ ပုတ္တာနညေဝ သန္တိကံ ဂတော။ |
1,314,026 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မမ = ငါ၏။ |
1,314,027 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စတ္တာရော ပုတ္တာ = သားတော် လေးယောက်တို့သည်ကား။ |
1,314,028 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သေတစ္ဆတ္တံ = ထီးဖြူကို။ |
1,314,029 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိဿာမာတိ = ရသေ့ရဟန်း ပြုကြကုန်အံ့ဟူ၍။ |
1,314,030 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတာ = ထွက်ခွာ၍ သွားကြလေကုန်ပြီ။ |
1,314,031 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗြာဟ္မဏောပိ = ပုရောဟိတ်ပုဏ္ဏားကြီးကလည်းပဲ။ |
1,314,032 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတဋ္ဌာနေန = ပုရောဟိတ်ပုဏ္ဏားရာထူးနှင့်။ |
1,314,033 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အသီတိကောဋိဓနံ = ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ချမ်းသာကို။ |
1,314,034 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆဍ္ဍေတွာ = စွန့်ပစ် ထားခဲ့၍။ |
1,314,035 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုတ္တာနညေဝ သန္တိကံ = သားတို့ရဲ့အထံသို့သာလျှင်။ |
1,314,036 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတော = လိုက်ပါ၍ သွားခဲ့လေပြီ။ |
1,314,037 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ သားတော် လေးယောက်တို့လည်း ထီးဖြူနှင့်တကွ မင်းစည်းစိမ်ကို စွန့်ခွာပြီးတော့ ရသေ့ရဟန်း ပြုမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တောထွက်သွားကြပြီ။ |
1,314,038 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ပုရောဟိတ်ရာထူးနှင့်တကွ ကုဋေ ရှစ်ဆယ် ကြွယ်ဝနေတဲ့ စည်းစိမ်ဥစ္စာတွေ အကုန်လုံးကို စွန့်ပစ်ထားခဲ့ပြီးတော့ သားတော်တို့ထံသို့ ရသေ့ရဟန်းပြုဖို့ရန်အတွက် လိုက်ပါသွားပြီ ဖြစ်တယ်။ |
1,314,039 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟမေဝ ဧကာ ကိံ ကရိဿာမိ၊ ပုတ္တာနံ ဂတမဂ္ဂေနေဝ ဂမိဿာမိ။ |
1,314,040 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အဟမေဝ ဧကာ = ငါ တစ်ယောက်ထီးတည်းပင်လျှင်။ |
1,314,041 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကိံ ကရိဿာမိ = ဘာလုပ်၍ နေနိုင်ပါအံ့နည်း။ |
1,314,042 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုတ္တာနံ = သားတို့၏။ |
1,314,043 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတမဂ္ဂေနေဝ = တောထွက်သွားရာလမ်းကြောင်းအတိုင်းသာလျှင်။ |
1,314,044 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂမိဿာမိ = ငါ လိုက်ပါ၍ သွားပေတော့အံ့။ |
1,314,045 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ တစ်ယောက်ထီးတည်း အိမ်မှာနေလို့ ဘာလုပ်တော့မလဲ? ငါ့သားတော်တွေ တောထွက်သွားရာလမ်းအတိုင်း ငါလည်း လိုက်သွားတော့မယ်လို့ ပုဏ္ဏေးမကြီးက စဉ်းစားတယ်။ |
1,314,046 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခုခေတ် ကုဋေရှစ်ဆယ်နဲ့ မတူတဲ့ ကုဋေ ရှစ်ဆယ် ဖြစ်ပါတယ်။ |
1,314,047 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရွှေပုံ ငွေပုံ ရတနာပုံတွေ အစုလိုက် အပုံလိုက်ကြီး ရှိနေတဲ့ ရွှေတိုက် ငွေတိုက်တွေနဲ့ အကြီးအကျယ် ချမ်းသာ ကြွယ်ဝနေတဲ့ သူဌေးတွေ ဖြစ်ကြတယ်။ |
1,314,048 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ စည်းစိမ်တွေကို တံတွေးလောက်မှ ငဲ့ကွက်မှု မရှိဘဲနဲ့ အကုန်လုံး စွန့်ခွာသွားဖို့ရန်အတွက် ယခုလို စဉ်းစားခန်း ဝင်နေခြင်း ဖြစ်တယ်။ |
1,314,049 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို စဉ်းစားတဲ့အပိုင်းမှာ ဒီစည်းစိမ်တွေကို စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်ကလေး ပေါ်လာတာကို ဝမ်းသာလွန်းလို့ သူက ဥဒါန်းကျူးတယ်။ |
1,314,050 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ဥဒါန်းကျူးသလဲ? |
1,314,051 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မယ်တော် ပုဏ္ဏေးမကြီး၏ ဥဒါန်းစကား |
1,314,052 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဃသ္မိ ကောဉ္စာဝ ယထာ ဟိမစ္စယေ၊ |
1,314,053 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တိ ပုတ္တာ စ ပတီ စ မယှံ၊ |
1,314,054 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သာဟံ ကထံ နာနုဝဇေ ပဇာနံ။ |
1,314,055 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အဃသ္မိံ = ကောင်းကင်၌။ |
1,314,056 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောဉ္စာ = ကြိုးကြာငှက်တို့သည်။ |
1,314,057 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အသဇ္ဇမာနာ = ငြိကပ်တွယ်တာမှု မရှိကြကုန်ဘဲ။ |
1,314,058 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တိ ယထာ စ = သွားကြကုန် သကဲ့သို့လည်းကောင်း။ |
1,314,059 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိမစ္စယေ = မိုးလ လွန်မြောက်၍ ဆောင်းလသို့ ရောက်သော အချိန်အခါကာလ၌။ |
1,314,060 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟံသာ = ဟင်္သာပျိုတို့သည်။ |
1,314,061 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကတာနိ = ပင့်ကူသည် ပြုလုပ်ထားအပ်ကုန်သော။ |
1,314,062 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇာလာနိ = ပင့်ကူ ကွန်ရက်တို့ကို။ |
1,314,063 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဒါလိယ = ဖောက်ခွဲကြကုန်လျက်။ |
1,314,064 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အသဇ္ဇမာနာ = ငြိကပ် တွယ်တာမှု မရှိကြကုန်ဘဲ။ |
1,314,065 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တိ ယထာ စ = သွားကြကုန်သကဲ့သို့လည်းကောင်း။ |
1,314,066 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုတ္တာ စ = သားတော်တို့သည်လည်းကောင်း။ |
1,314,067 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပတိ စ = အိမ်ရှင်ယောက်ျားသည်လည်းကောင်း။ |
1,314,068 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမဇာလံ = ကာမဂုဏ် တည်းဟူသော ပိုက်ကွန်ရက်ကို။ |
1,314,069 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆိန္ဒိတွာ = ဖြတ်တောက်၍။ |
1,314,070 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တိ = သွားကြ လေကုန်၏။ |
1,314,071 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သာဟံ = ထိုငါသည်။ |
1,314,072 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကထံ = အဘယ်အကြောင်းကြောင့်။ |
1,314,073 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဇာနံ = သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့၏။ |
1,314,074 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတမဂ္ဂံ = တောထွက် သွားရာဖြစ်တဲ့လမ်းကြောင်းကို။ |
1,314,075 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နာနုဝဇေ = မလိုက်ပါဘဲ ရှိနိုင်ပါအံ့နည်း။ |
1,314,076 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြိုးကြာငှက်တွေ ကောင်းကင်မှာ ပျံသန်းသွားလာကြပြီဆိုလျှင် ကောင်း ကင်မှာ ငြိကပ် တွယ်တာနေတဲ့ သဘောတရား ရှိသလား? မရှိဘူး။ |
1,314,077 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာမှ ငြိကပ် တွယ်တာစရာ မရှိကြဘူး။ |
1,314,078 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လွတ်လွတ်လပ်လပ်နဲ့ ကြိုးကြာငှက်တွေဟာ ကောင်းကင်မှာ ပျံသန်းသွားလာနိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်။ |
1,314,079 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက ဥပမာ စကားရပ်ကလေး တစ်ခုပဲ။ |
1,314,080 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရွှေဟင်္သာတို့၏ ထုံးဟောင်းတစ်ရပ် |
1,314,081 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇာတ်တော်ကလေးတစ်ခု ရှိပါတယ်။ |
1,314,082 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဇာတ်တော်မှာ တစ်ချိန်က ရွှေဟင်္သာပေါင်း (၉၆၀၀၀)လောက် ဟိမဝန္တာ ရွှေလိုဏ်ဂူတစ်ခုအတွင်းမှာ နေထိုင်ကြပါတယ်။ |
1,314,083 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ရွှေလိုဏ်ဂူတစ်ခုအတွင်းမှာ မိုးလေးလကာလ ပတ်လုံး နေထိုင်တဲ့ အချိန်အခါမှာ အပြင်ကို ထွက်ပြီး အစာ မရှာကြဘူး။ |
1,314,084 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပြင် မထွက်တော့ သူတို့ ဘာလုပ်ကြသလဲ? မိုးလ မရောက်မီကတည်းက ကြိုတင်ပြီးတော့ သလေးစပါးတွေကို စုဆောင်းထားကြတယ်။ |
1,314,085 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိုးလေးလ ကာလပတ်လုံး စားနိုင်ဖို့ရန်အတွက် ရိက္ခာတွေ အပြည့်အစုံ ရွှေဂူထဲမှာ သွင်းပြီးတော့ ရွှေဂူထဲကနေ မထွက်ဘဲနဲ့ မိုးလေးလပတ်လုံး နေကြတယ်။ |
1,314,086 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟင်္သာပေါင်း (၉၆၀၀၀) ဒီရွှေဂူအတွင်းမှာ နေထိုင်တာကို ပင့်ကူကြီး တစ်ကောင်က သိတယ်။ |
1,314,087 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင့်ကူကြီးကလည်း လှည်းဘီးပမာဏလောက်ရှိတဲ့ အလွန်ကြီးမားတဲ့ ပင့်ကူကြီး ဖြစ်ပါတယ်။ |
1,314,088 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ပင့်ကူကြီးက ဘာလုပ်သလဲ? အဲဒီ ရွှေလိုဏ်ဂူရဲ့ အဝမှာ ပင့်ကူအိမ်တစ်ခု ဖန်တီးထားလိုက်တယ်။ |
1,314,089 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင့်ကူအိမ်ကြီးတစ်ခု ဖန်တီးထားပြီဆိုတာကို ဒီရွှေဟင်္သာတွေ အားလုံးကလည်း သိနေကြတယ်။ |
1,314,090 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သိနေတော့ သူတို့က ဘာလုပ်ကြသလဲ? ဟင်္သာတွေထဲက အင်မတန် အားကောင်းမောင်းသန်နေတဲ့ ဟင်္သာပျို နှစ်ကောင်ကို ရွေးချယ် လိုက်ကြတယ်။ |
1,314,091 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရွေးချယ်ပြီးတဲ့ အချိန်အခါမှာ အဲဒီ ဟင်္သာပျို နှစ်ကောင်ကို သူတို့က ဘာလုပ်ကြသလဲ? အလွန် အားကောင်းဖို့ရန်အတွက် နှစ်ဆ တိုးပြီးတော့ အစာတွေ ကျွေးထားကြတယ်။ |
1,314,092 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိုးလကုန်လို့ ဆောင်းလသို့ ရောက်တဲ့အခါမှာ ဘာလုပ်ကြသလဲ? အဲဒီ ဟင်္သာပျို နှစ်ကောင်က ပင့်ကူကြီး မှေးယှက်ထားတဲ့ ပင့်ကူကွန်ရက်တွေကို ထိုးဖောက်ပြီးတော့ ပျံထွက်သွားကြတယ်။ |
1,314,093 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဟင်္သာပျို နှစ်ကောင်က ပင့်ကူကွန်ရက်တွေကို ဖောက်ပြီးတော့ သွားတဲ့အချိန်အခါမှာ ဟင်္သာပျို နှစ်ကောင်တို့ ထွက်သွားတဲ့ လမ်းကြောင်းအတိုင်း (၉၆၀၀၀)သော ဟင်္သာတွေက အစဉ်တစိုက် လိုက်ပါပြီး သွားကြတယ်။ |
1,314,094 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘေးရန်မှ လွတ်ကင်းသွား ကြတယ်။ |
1,314,095 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီပင့်ကူကွန်ရက်ရဲ့ ဘေးရန်မှ လွတ်မြောက်သွားတဲ့ ထုံးကလေး တစ်ခု ရှိခဲ့ဖူးတယ်။ |
1,314,096 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီထုံးကလေးကို အာရုံယူပြီးတော့ ယခု ပုဏ္ဏေးမကြီးကလည်း ဥဒါန်းကျူးနေခြင်း ဖြစ်တယ်။ |
1,314,097 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇာလာနိ = ပင့်ကူကွန်ရက်တို့ကို။ |
1,314,098 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမဇာလံ = ကာမဂုဏ်တည်းဟူသော ပိုက်ကွန်ရက်ကို။ |
1,314,099 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တိ = သွားကြလေကုန်၏။ |
1,314,100 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဇာနံ = သားတော် လေးယောက်နှင့် အိမ်ရှင်ယောက်ျားတို့၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.