id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,101 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂတမဂ္ဂံ = တောထွက်သွားရာဖြစ်တဲ့လမ်းကြောင်းကို။ |
1,314,102 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီစကားကလေးက သိပ်ကောင်းတဲ့ စကားကလေးပဲ။ |
1,314,103 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားကတော့ ကာမဂုဏ်တည်းဟူသော ပိုက်ကွန်ရက်တွေကို ဖြတ်တောက်ပြီးတော့ ထွက်ခွာသွားကြပြီ ဖြစ်တယ်။ |
1,314,104 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့ ထွက်ခွာသွားကြတဲ့ လမ်းကြောင်းအတိုင်း ငါ ဘာကြောင့် မလိုက်ပါဘဲ ရှိနိုင်ပါအံ့မလဲဆိုပြီးတော့ သူက ဒီဥဒါန်းကလေး ကျူးတယ်။ |
1,314,105 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဥဒါန်းကလေး ကျူးပြီးတော့ သူ့ရဲ့ အခြွေအရံဖြစ်တဲ့ ပုဏ္ဏေးမတွေ အားလုံးကို ခေါ်လိုက်တယ်။ |
1,314,106 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုဏ္ဏေးမတွေကို ခေါ်ပြီးတဲ့ အချိန်အခါမှာ --- ကဲ - သင်တို့ကော ဘာလုပ်ကြမလဲလို့ တိုင်ပင်ကြတယ်။ |
1,314,107 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်ပုဏ္ဏေးမကြီးကော ဘာလုပ်မလဲလို့ ပြန်မေးတဲ့အခါ ငါတော့ တောထွက်တော့မယ်။ |
1,314,108 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ သားတော်တွေနှင့် အိမ်ရှင်ယောက်ျားတို့ တောထွက်သွားရာ လမ်းကြောင်းအတိုင်း ငါလည်း လိုက်တော့မယ်လို့ သူက ပြန်ပြော လိုက်တယ်။ |
1,314,109 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့ အရှင်ပုဏ္ဏေးမကြီး တောထွက်ပြီး ရသေ့ရဟန်း ပြုမယ်ဆိုလျှင်တော့ ကျွန်တော်မတို့လည်း ရသေ့ရဟန်း ပြုကြမယ်ဆိုပြီး ပုဏ္ဏေးမတွေကလည်း အားလုံး သဘောတူကြတယ်။ |
1,314,110 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သဘောတူညီချက်ဖြင့် သူတို့က ဘာလုပ်ကြသလဲ? ရတနာတိုက်ခန်းတွေ, ရွှေငွေတိုက်ခန်းတွေ အားလုံး ဖွင့်ပြီးတဲ့အခါ ပေးလှူပြီးသာ ဖြစ်တယ် ဆိုပြီးတော့ ကမ္ဗည်းကျောက်စာတွေ ထိုးပြီးတော့ အကုန်လုံး တောထွက် သွားကြတယ်။ |
1,314,111 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံခါးတွေ ဖွင့်ပြီးတော့ ပုဏ္ဏေးမကြီး တောထွက်သွားတော့လည်း နောက်ကနေ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ပါသွား ပြန်တယ်။ |
1,314,112 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုဏ္ဏေးမကြီး ဦးဆောင်တဲ့ တစ်ယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေ ဆီးကြို ပြီးတော့ နေရာချထားပေးပါတယ်။ |
1,314,113 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | --- ဧသုကာရီဘုရင်ကြီး တောထွက်ခန်း |
1,314,114 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတစ်ပါးတို့ရဲ့ အံဖတ်ကို စားလိုတဲ့ ဧသုကာရီဘုရင်ကြီး |
1,314,115 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီးနှင့်တကွ ပုဏ္ဏေးမကြီးတို့ တောထွက်သွားကြပြီ ဆိုတဲ့ သတင်းကို ဧသုကာရီဘုရင်ကြီးက ကြားတယ်။ |
1,314,116 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စည်းစိမ်ဥစ္စာတွေကို အကုန်လုံး တံခါးဖွင့်ပြီးတော့ စွန့်လွှတ်ထားခဲ့ပြီဆိုတဲ့ သတင်းကိုလည်း ကြားတယ်။ |
1,314,117 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီသတင်းစကား ကြားလိုက်တဲ့ အချိန်အခါမှာ ဧသုကာရီ ဘုရင်မင်းကြီးက ဘာလုပ်သလဲ? ပိုင်ရှင်မရှိတဲ့ စည်းစိမ်ဥစ္စာသည် မင်းဘဏ္ဍာ ဖြစ်တယ်။ |
1,314,118 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ပုဏ္ဏားကြီးအိမ်မှာ ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေကို မင်းဘဏ္ဍာတိုက်သို့ သွင်းစေဆိုပြီးတော့ မင်းချင်းယောက်ျားတွေကို အမိန့်ချ လိုက်တယ်။ |
1,314,119 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အမိန့်ချလိုက်တဲ့ အချိန်အခါမှာ မင်းချင်းယောက်ျားတွေက အဲဒီစည်းစိမ်ဥစ္စာတွေကို မင်းဘဏ္ဍာတိုက်သို့ လှည်းတွေနဲ့ သွင်းကြတယ်။ |
1,314,120 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သွင်းနေတဲ့ အခြင်းအရာကို မိဖုရားကြီးက မြင်တယ်။ |
1,314,121 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိဖုရားကြီး မြင်တဲ့အချိန်အခါကျတော့ မိဖုရားကြီးကလည်း ပညာရှိတဲ့ မိဖုရားကြီး တစ်ဦး ဖြစ်ခြင်းကြောင့် ဧသုကာရီဘုရင်မင်းမြတ်ကိုတော့ ငါ နည်းပရိယာယ် တစ်မျိုးဖြင့် ဆိုဆုံးမမှ တော်တော့မယ်လို့ သူက စိတ်ထဲမှာ ကြံစည်ထားတယ်။ |
1,314,122 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ကြံစည်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? |
1,314,123 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပါယ်တံမျဉ်ဖြင့် သိစေပုံ |
1,314,124 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အယံ ရာဇာ ဗြာဟ္မဏေန စ ဗြာဟ္မဏိယာ စ စတူဟိ ပုတ္တေဟိ စ ဇဟိတံ ဥက္ကာရံ မောဟေန မူဠှော အတ္တနော ဃရံ အာဟရာပေတိ၊ ဥပမာယ နံ ဗောဓေဿာမိ။ |
1,314,125 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၈၉။ |
1,314,126 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အယံ ရာဇာ = ဤဧသုကာရီဘုရင်မင်းကြီးသည်ကား။ |
1,314,127 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗြာဟ္မဏေန စ = ပုရောဟိတ်ပုဏ္ဏားကြီးသည်လည်းကောင်း။ |
1,314,128 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗြာဟ္မဏိယာ စ = ပုရောဟိတ် ပုဏ္ဏေးမကြီးသည်လည်းကောင်း။ |
1,314,129 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စတူဟိ ပုတ္တေဟိ စ = သားတော် (၄) ယောက်တို့သည်လည်းကောင်း။ |
1,314,130 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇဟိတံ = စွန့်ပယ်၍ ထားအပ်ခဲ့သော။ |
1,314,131 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥက္ကာရံ = အမှိုက်သရိုက်ကို။ |
1,314,132 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မောဟေန = မောဟတရားဖြင့်။ |
1,314,133 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မူဠှော = တွေဝေမိုက်မဲသည်ဖြစ်၍။ |
1,314,134 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဃရံ = နန်းတော်တွင်းသို့။ |
1,314,135 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဟရာပေတိ = ဆောင်ယူစေ၏။ |
1,314,136 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံ = ထိုဧသုကာရီဘုရင်မင်းမြတ်ကို။ |
1,314,137 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပမာယ = ဥပမာပရိယာယ်တစ်မျိုးဖြင့်။ |
1,314,138 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗောဓေဿာမိ = သိစေအံ့။ |
1,314,139 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဩော် ... ဒီမင်းကြီးကတော့ ပုရောဟိတ်ပုဏ္ဏားကြီး, ပုဏ္ဏေးမကြီး, သားတော် လေးဦးတို့ စွန့်ပစ်သွားတဲ့ အမှိုက်သရိုက်တွေကို မိမိရဲ့ နန်းတော် အတွင်းသို့ သယ်ဆောင်နေပါလားလို့ မိဖုရားကြီးက သုံးသပ်တယ်။ |
1,314,140 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာတွေကို ဘယ်လို မြင်ကြသလဲ? အမှိုက်သရိုက်တွေလို့ ဒီလို မြင်ကြတယ်။ |
1,314,141 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မောဟနဲ့ တွေဝေမိုက်မဲပြီးတော့ ဒီမင်းကြီးဟာ မိမိရဲ့ နန်းတော်တွင်းကို စည်းစိမ်ဥစ္စာတွေကို သွင်းနေတယ်။ |
1,314,142 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဧသုကာရီဘုရင်မင်းမြတ်ကိုတော့ ငါ ဥပမာ ပရိယာယ်တစ်မျိုးဖြင့် အသိပေးမှ တော်တော့မယ်လို့ ဒီလို စဉ်းစားတယ်။ |
1,314,143 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါယကာကြီး ဒါယိကာမကြီးတွေ ဒီနေရာမှာ နည်းနည်းကလေး စဉ်းစား ကြည့်စမ်းပါ။ |
1,314,144 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလောက်တောင် ကြီးကျယ်ခမ်းနား များပြားနေတဲ့ စည်းစိမ် ဥစ္စာတွေကို ကိုယ့်ရဲ့ နန်းတော်အတွင်း သွင်းလာတယ်ဆိုလျှင်တော့ ဝမ်းသာ မလား, ဝမ်းနည်းမလား? များသောအားဖြင့်တော့ ဝမ်းသာလိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ |
1,314,145 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် ပညာရှိတဲ့ သူတော်ကောင်းတစ်ဦးအဖို့ကတော့ ဝမ်းသာသလား? ဝမ်းမသာဘူး။ |
1,314,146 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတစ်ပါးရဲ့ အမှိုက်သရိုက်တွေကို လိုချင်တဲ့ စိတ်ထား မရှိဘူး။ |
1,314,147 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီစိတ်ထားသည် ကောင်းသလား, မကောင်းဘူးလားလို့ မေးလျှင်တော့ တရားနာပရိသတ်တွေ ဘယ်လို ဖြေကြမလဲ? ကောင်းတယ်၊ သိပ်ကောင်းတယ်။ |
1,314,148 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာ မှန်ခဲ့လျှင် အလွန် ပြင်းထန်တဲ့ အဆိပ်အတောက်ရှိတဲ့ မြွေပွေး, မြွေဟောက်ကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရမယ်ဆိုပြီး ဒီလို ပညာရှိ သူတော်ကောင်းတွေက ဆိုဆုံးမထားကြတယ်။ |
1,314,149 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဝိ၊ဋ္ဌ၊၂၊၃၄၆။ |
1,314,150 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အဲဒီလို ဆိုဆုံးမထားတဲ့ စကားတွေက ဒီမိဖုရားကြီးရဲ့ နားထဲမှာ ဝနေပြီ။ |
1,314,151 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? ကမ္ဘာတစ်သိန်းနဲ့ ချီပြီး ပါရမီတော်တွေကို ဖြည့်ကျင့်လာခဲ့တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ |
1,314,152 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီမိဖုရားကြီးဆိုတာက တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး။ |
1,314,153 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားရဲ့ မယ်တော် မာယာ အလောင်းအလျာပဲ ဖြစ်ပါတယ်။ |
1,314,154 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အချိန်တုန်းက သူက ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်နေတယ်။ |
1,314,155 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်တဲ့ အခါကျတော့ ဘာလုပ်သလဲ? |
1,314,156 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မင်းချင်းယောက်ျားတွေကို စျေးမှာသွားပြီးတော့ အသားတွေ အကုန်လုံး ဝယ်ခိုင်းလိုက်တယ်။ |
1,314,157 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အသားတွေ ရလာတဲ့ အချိန်အခါမှာ မင်းရင်ပြင်မှာ ဒီအသားတွေကို စုပုံထားခိုင်းလိုက်တယ်။ |
1,314,158 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စုပုံထားခိုင်းပြီးတော့ ဒီအသားပုံကြီးရဲ့ ပတ်ဝန်းကျင်မှာ လှည့်ပြီးတော့ ပိုက်ကွန်တွေ ကာရံထားခိုင်းလိုက်တယ်။ |
1,314,159 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘေးပတ်ပတ်လည်က အကုန်လုံး လုံခြုံအောင် ကာရံထားပေမယ့်လည်း အပေါ်ကနေ ဆင်းဖို့ရန်အတွက် အပေါ်ဘက်မှာတော့ ပိုက်ကွန် ကာ မထားဘူး။ |
1,314,160 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လဟာပြင်ပဲ ထားခိုင်းလိုက်တယ်။ |
1,314,161 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို မင်းရင်ပြင်မှာ အသားတွေကို စုပုံပြီးတော့ ဘေးပတ်ဝန်းကျင်ကနေ ပိုက်ကွန်တွေ ကာရံထားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? အသားတွေကို အဝေးကနေ လှမ်းမြင်ရတဲ့ လင်းတတွေဟာ ကောင်းကင်ကနေ ထိုးဆင်းလာကြတယ်။ |
1,314,162 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုးဆင်းလာပြီးတော့ အဲဒီ အသားတွေကို စားသောက်ကြတယ်။ |
1,314,163 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စားသောက် ပြီးတဲ့အချိန်မှာ ပညာရှိတဲ့ လင်းတတွေက ဘေးပတ်ဝန်းကျင်မှာ ပိုက်ကွန်တွေ ကာရံထားတဲ့အတွက် ဗိုက်ပြည့်အောင် စားထားမယ်ဆိုလျှင်တော့ အပေါ် တည့်တည့် ပျံတက်လို့ ရမှာ မဟုတ်ဘူးဆိုတာ သိကြတယ်။ |
1,314,164 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သိကြတဲ့အတွက် ပညာရှိတဲ့ လင်းတတွေက ဘာလုပ်ကြသလဲ? မိမိတို့ စားထားပြီးတဲ့ အစားအစာတွေကို အကုန်လုံး အန်ပစ်လိုက်ကြတယ်။ |
1,314,165 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အစာတွေကို အန်ပြီးတော့မှ အပေါ်တည့်တည့်မတ်မတ် ကောင်းကင်ကို ပျံတက်လိုက်တဲ့အတွက် ပိုက်ကွန်ရဲ့ ဘေးရန်ကနေ လွတ်သွားကြတယ်။ |
1,314,166 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် ပညာမရှိတဲ့ မိုက်မဲတဲ့ လင်းတတွေ တချို့ ပါကြတယ်။ |
1,314,167 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ လင်းတ တွေကတော့ ဘာလုပ်ကြသလဲ? မိမိတို့ကိုယ်တိုင်လည်း ပထမ အသားတွေကို ဝအောင် စားတယ်။ |
1,314,168 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပညာရှိတဲ့ လင်းတတွေ အန်ပြီး ထားပစ်သွားတဲ့ အန်ဖတ် တွေကိုလည်း ဝအောင် ထပ်ပြီးတော့ စားလိုက်တယ်။ |
1,314,169 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သူတစ်ပါးရဲ့ အန်ဖတ်တွေကိုလည်း အဝစားပြီးတော့မှ ထပြီး ပျံလိုက်တဲ့အချိန်အခါကျတော့ ဗိုက်ကြီးက လေးနေတဲ့အတွက် အပေါ်တည့်တည့် ပျံတက်လို့ မရတော့ဘူး။ |
1,314,170 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပေါ်တည့်တည့် ပျံတက်လို့ မရတဲ့အခါကျတော့ ဘေးစောင်း ပျံတက် လိုက်တဲ့ အချိန်အခါမှာ ပိုက်ကွန်ထဲ သွားပြီးတော့ ငြိတော့တယ်။ |
1,314,171 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပိုက်ကွန်ထဲ လာငြိတဲ့ လင်းတတွေကို ဖမ်းပြီးတော့ မင်းချင်းယောက်ျားတွေက မိဖုရားကြီးထံ ဆက်သကြတယ်။ |
1,314,172 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဆက်သလာတဲ့ လင်းတတွေကို ယူပြီးတော့ မိဖုရားကြီးက ဧသုကာရီဘုရင်မင်းကြီးထံ သွားပြီးတော့ လျှောက်ထားတယ်။ |
1,314,173 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်မင်းကြီး ... ကြွတော်မူပါ၊ မင်းရင်ပြင်တော်မှာ တစ်ခုသော ရှုခင်း တစ်ခုကို ကြည့်ကြရအောင်ဆိုပြီးတော့ ပရိယာယ်တစ်မျိုးနဲ့ သွားခေါ်လိုက်တယ်။ |
1,314,174 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်မင်းကြီး လိုက်ပါလာတဲ့ အချိန်အခါမှာ လေသာပြူတင်းပေါက်တစ်ခုကို ဖွင့်ပြီးတော့ မင်းရင်ပြင်မှာရှိတဲ့ ရှုခင်းကို ပြလိုက်တယ်။ |
1,314,175 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အချိန်အခါကျတော့မှ မိဖုရားကြီးက ဒီဧသုကာရီဘုရင်မင်းမြတ်ကို ဘာလျှောက်ထားသလဲ? |
1,314,176 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မဟာရာဇ = မြတ်သော ဧသုကာရီဘုရင်မင်းကြီး။ |
1,314,177 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧတေ ဝိဟင်္ဂမာ = ဤလင်းတတို့သည်။ |
1,314,178 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုတွာ စ = စားပြီး၍လည်းကောင်း။ |
1,314,179 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝမိတွာ စ = အန်ပြီး၍လည်းကောင်း။ |
1,314,180 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပက္ကမန္တိ = ကောင်းကင်သို့ ပျံတက်၍ သွားကြလေကုန်၏။ |
1,314,181 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယေ စ = အကြင် လင်းတတို့သည်ကား။ |
1,314,182 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုတွာ = စားပြီး၍။ |
1,314,183 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဝမိံသု = ထွေးအန်၍ မပစ်ကြလေကုန်။ |
1,314,184 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တေ = ထိုစားပြီး၍ ထွေးအန် မပစ်ကြတဲ့ လင်းတတို့သည်ကား။ |
1,314,185 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေ = ကျွန်တော်မ၏။ |
1,314,186 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟတ္ထတ္တံ = လက်အတွင်းသို့။ |
1,314,187 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဂတာ = ဆိုက်ရောက်၍ လာကြပါကုန်၏။ |
1,314,188 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်မင်းကြီး ...တချို့လင်းတတွေဟာ စားပြီးတော့ အန်ထုတ်ပစ်လိုက်ကြတယ်။ |
1,314,189 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အန်ထုတ်ပြီးတဲ့ အခါကျမှ ကောင်းကင်သို့ ပျံတက်ပြီး သွားကြပါတယ်။ |
1,314,190 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတို့က ကောင်းကင်ကို ပျံနိုင်တဲ့စွမ်းအား ရှိကြပါတယ်။ |
1,314,191 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် တချို့လင်းတတွေကတော့ စားပြီး အန်မပစ်ကြပါဘူး။ |
1,314,192 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မအန်ဘဲနဲ့ ကောင်းကင်သို့ ပျံတက်လိုက်တဲ့ အချိန်အခါမှာ မပျံနိုင်ဘဲနဲ့ ပိုက်ကွန်မှာ သွားပြီး ငြိကြပါတယ်။ |
1,314,193 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းကင်သို့ ပျံမတက်နိုင်ဘဲ ပိုက်ကွန်၌ ငြိတဲ့ အတွက်ကြောင့် အဲဒီ လင်းတတွေဟာ ကျွန်တော်မရဲ့ လက်အတွင်းသို့ ရောက်ရှိလာကြပါတယ်ဆိုပြီး မိဖုရားကြီးက ဥပမာကလေးတစ်ခုကို တင်ပြ လျှောက်ထားတယ်။ |
1,314,194 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဥပမာစကားရပ်ကလေးတစ်ခုကို တင်ပြ လျှောက်ထားပြီးတော့ ဧသုကာရီဘုရင်မင်းကြီးကို သူက ဘယ်လို ဆက်ပြီးတော့ ဆုံးမစကား ပြောကြားလိုက်သလဲ? |
1,314,195 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗြာဟ္မဏော = ပုရောဟိတ်ပုဏ္ဏားကြီးသည်။ |
1,314,196 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမေ = ဝတ္ထုအာရုံ ကာမဂုဏ်မှန်သမျှတို့ကို။ |
1,314,197 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဝမိ = ထွေးအန်၍ သွားခဲ့လေပြီ။ |
1,314,198 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော တွံ = ထိုအရှင်မင်းကြီးသည်။ |
1,314,199 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ = ထိုပုရောဟိတ်ပုဏ္ဏားကြီး ထွေးအန်သွားတဲ့ အန်ဖတ်ကို။ |
1,314,200 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပစ္စာဝမိဿသိ = တစ်ဖန် စားပြန်တော်မူပြန်ဘိ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.