id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,201 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝန္တာဒေါ = သူတစ်ပါး ထွေးအန်၍ ထားအပ်တဲ့ အန်ဖတ်ကို စား၍နေသော။ |
1,314,202 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယော ပုရိသော = အကြင်ယောက်ျားသည်။ |
1,314,203 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော ပုရိသော = ထို ယောက်ျားသည်။ |
1,314,204 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပသံသိယော = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းသင့် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်မျိုးသည်။ |
1,314,205 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဟောတိ = မဖြစ်နိုင်ပါ။ |
1,314,206 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုရောဟိတ်ပုဏ္ဏားကြီးဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာဆိုတဲ့ လိုချင်စရာ ဝတ္ထုကာမ ဟူသမျှတွေကို အကုန်လုံး ထွေးအန်ပစ်ခဲ့တယ်။ |
1,314,207 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ပုရောဟိတ်ပုဏ္ဏားကြီး ထွေးအန်ပစ်ခဲ့တဲ့ အန်ဖတ်ကို အရှင်မင်းကြီးဟာ တစ်ဖန် ကောက်ယူပြီးတော့ စားပြန်တယ်။ |
1,314,208 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတစ်ပါးရဲ့ အန်ဖတ်ကို စားနေတဲ့ ယောက်ျားကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က မချီးမွမ်းပါဘူးဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားတယ်။ |
1,314,209 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီကောင်မနှယ် ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီးတော့ ဒေါသ ဖြစ်သလား? မဖြစ်ဘူး။ |
1,314,210 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? ပါရမီဖြည့်ဘက်တွေ ဖြစ်ကြပါတယ်။ |
1,314,211 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုရားရှင်ရဲ့ မယ်တော်နဲ့ ခမည်းတော် ဖြစ်ဖို့ရန်အတွက် ကမ္ဘာ တစ်သိန်း တိုင်တိုင် ဆုထူးပန်ထွာပြီး ပါရမီတော်တွေကို အတူလိုက်ပြီး ဖြည့်နေကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတော့ တစ်ဦးက ဆိုဆုံးမလျှင် တစ်ဦးက ရိုသေစွာ နာယူကြတယ်။ |
1,314,212 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဒါယကာကြီးတွေ မယားစကားကို နားထောင် သင့်သလား, နားမထောင်သင့်ဘူးလားလို့မေးလျှင် ဘယ်လို ဖြေကြမလဲ? မှန်ကန်နေမယ်ဆိုလျှင်တော့ နားထောင်သင့်ပါတယ်။ |
1,314,213 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိန်းမ ရှိခိုး သွားမကျိုး |
1,314,214 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီး အစင်တောရမှာ နေစဉ်အခါတုန်းက ကပ္ပိယလုပ်နေတဲ့ ဒါယကာကြီးက မိန်းမ ရှိခိုးလျှင် သွားမကျိုးဘူးဆိုတဲ့ ထုံးကလေးတစ်ခုကို သူက ပြောပြတယ်။ |
1,314,215 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူက လမိုင်းသား ဖြစ်ပါတယ်။ |
1,314,216 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်ဘုရား ... မိန်းမ ရှိခိုး သွားမကျိုးဆိုတာ တကယ်မှန်တယ်ဘုရားလို့ သူက လျှောက်ထားတယ်။ |
1,314,217 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဖြစ်လို့လဲလို့ သူ့ကို မေးကြည့်လိုက်တော့ တပည့်တော် လမိုင်းမှာ နေစဉ် အချိန်အခါတုန်းက ငမူး လင်-မယားနဲ့ ကြုံဖူးတယ်ဘုရား။ |
1,314,218 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယောက်ျားလုပ်တဲ့သူက ငမူး ဘုရား။ |
1,314,219 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ညရောက်လာပြီဆိုလျှင် အမြဲတမ်း မိန်းမကို အင်မတန် ညှဉ်းပန်းနှိပ်စက်တယ်။ |
1,314,220 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြာလာတော့ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်က မတတ်နိုင်တော့ ဘာလုပ်သလဲ? တစ်နေ့ အဲဒီငမူး အရက်တွေ ဝအောင် သောက်ပြီးတော့ အိမ်မှာ ပက်လက်လှန်ပြီးတော့ အိပ်နေတယ်။ |
1,314,221 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငမူး အိပ်နေတဲ့ အချိန်အခါမှာ သုံးနှစ်ပျဉ်ပိုင်းတစ်ခုနဲ့ ပက်လက်လှန် အိပ်နေတဲ့ အဲဒီငမူးရဲ့ သွားတွေကို အကုန်လုံး ရိုက်ချိုးပစ်လိုက်တယ်။ |
1,314,222 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရိုက်ချိုးပြီးတော့ အဲဒီ မိန်းမကလည်း ထွက်ပြေးသွားတယ်။ |
1,314,223 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒါကြောင့် မိန်းမ ရှိခိုး သွားမကျိုးဆိုတာ တကယ် မှန်တယ်ဘုရားလို့ ဒါယကာကြီးက ဘုန်းကြီး ကို ပြောပြတယ်။ |
1,314,224 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် နားထောင်သင့်တဲ့နေရာမှာ မယားစကားလည်း နားမထောင်ရဘူးလား? မှန်ကန်နေခဲ့လျှင်တော့ နားထောင်ရမယ်။ |
1,314,225 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဇာတ်တော်မှာ မိဖုရားကြီးက သူတစ်ပါးရဲ့ အန်ဖတ်ကို မစားသင့်တဲ့ အကြောင်းကို ဧသုကာရီဘုရင်မင်းကြီးကို အသိပေး လျှောက်ထားလိုက်တယ်။ |
1,314,226 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီစကား ကြားလိုက်ရတဲ့ အချိန်အခါမှာ ဧသုကာရီဘုရင်မင်းကြီး ဘာဖြစ်သွားသလဲ? |
1,314,227 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီဘုရင်ကြီး တောထွက်ပြီ |
1,314,228 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ သုတွာ ရာဇာ ဝိပ္ပဋိသာရီ အဟောသိ၊ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။ |
1,314,229 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တံ = ထိုမိဖုရားကြီး ပြောဆိုဆုံးမတဲ့ စကားကို။ |
1,314,230 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သုတွာ = ကြားနာရသည်ဖြစ်၍။ |
1,314,231 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရာဇာ = ဧသုကာရီဘုရင်မင်းကြီးသည်။ |
1,314,232 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိပ္ပဋိသာရီ = စိတ် နှလုံး မသာယာသည်။ |
1,314,233 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိဖုရားကြီး ပြောပြလိုက်တဲ့စကားကို ကြားရတဲ့ အချိန်အခါမှာ ဧသုကာရီ ဘုရင်မင်းကြီးလည်း စိတ်မချမ်းမသာ ဖြစ်သွားတယ်။ |
1,314,234 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော် စိတ်မချမ်းမသာ ဖြစ်တာက မိဖုရားကြီးအပေါ်မှာ မကျေနပ်လို့ ဖြစ်တာမျိုး မဟုတ်ဘူး။ |
1,314,235 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူ့ရဲ့ လောဘနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကျိတ်အခဲအပေါ်မှာ အင်မတန် သံဝေဂတွေ ရပြီးတော့ စိတ်မချမ်းမသာ ဖြစ်သွားခြင်း ဖြစ်တယ်။ |
1,314,236 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ်မချမ်းမသာ ဖြစ်ပြီးတော့ ဘာဖြစ်သွားသလဲ? |
1,314,237 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တယော ဘဝါ အာဒိတ္တာ ဝိယ ဥပဋ္ဌဟိံသု။ |
1,314,238 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တယော ဘဝါ = ကာမဘဝ-ရူပဘဝ-အရူပဘဝတည်းဟူသော ဘဝသုံးပါးတို့သည်။ |
1,314,239 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဒိတ္တာ ဝိယ = အလျှံတပြောင်ပြောင် တောက်လောင်နေတဲ့ မီးပုံကြီးကဲ့သို့။ |
1,314,240 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပဋ္ဌဟိံသု = ဉာဏ်၌ ထင်လာလေကုန်၏။ |
1,314,241 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမဘဝ-ရူပဘဝ-အရူပဘဝခေါ်တဲ့ ဘုံသုံးပါးလုံးဟာ သူ့ရဲ့ဉာဏ်ထဲမှာ မီးတဟုန်းဟုန်း တောက်နေတဲ့ မီးပုံကြီးကဲ့သို့ ထင်လာတယ်တဲ့။ |
1,314,242 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော အဇ္ဇေဝ ရဇ္ဇံ ပဟာယ မမ ပဗ္ဗဇိတုံ ဝဋ္ဋတီတိ ဥပ္ပန္နသံဝေဂေါ ဒေဝိယာ ထုတိံ ကရောန္တော ဂါထမာဟ။ |
1,314,243 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) သော = ထိုဧသုကာရီဘုရင်မင်းကြီးသည်။ |
1,314,244 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဇ္ဇေဝ = ယနေ့ပင်လျှင်။ |
1,314,245 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရဇ္ဇံ = တိုင်းနိုင်ငံကို။ |
1,314,246 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဟာယ = စွန့်ပယ်ထားခဲ့၍။ |
1,314,247 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိတုံ = ရသေ့ရဟန်းပြုခြင်းငှာ။ |
1,314,248 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝဋ္ဋတိ = သင့်လှပေ၏။ |
1,314,249 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပန္နသံဝေဂေါ = ဖြစ်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ခြင်း သံဝေဂဉာဏ် ထင်ရှားရှိသည်ဖြစ်၍။ |
1,314,250 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေဝိယာ = မိဖုရားကြီးအား။ |
1,314,251 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထုတိံ = ချီးမွမ်းခြင်းကို။ |
1,314,252 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရောန္တော = ပြုလုပ်လိုသည်ဖြစ်၍။ |
1,314,253 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂါထံ = ဂါထာကို။ |
1,314,254 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဟ = ရွတ်ဆို ခဲ့လေပြီ။ |
1,314,255 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမဘဝ-ရူပဘဝ-အရူပဘဝခေါ်တဲ့ ဘုံသုံးပါးလုံးကို မီးပုံကြီးကဲ့သို့ ထင်ပြီးတော့ ဒီနေ့ပဲ ငါလည်း မင်းစည်းစိမ်ကို စွန့်လွှတ်ပြီး ရသေ့ရဟန်း ပြုဖို့ရန်အတွက် သင့်တော်ပြီလို့ ဒီလို နှလုံးပိုက်ပြီးတော့ သံဝေဂဉာဏ်တွေလည်း အလွန် ဖြစ်ပေါ်လာခဲ့တယ်။ |
1,314,256 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိဖုရားကြီးကိုလည်း ချီးမွမ်းလိုတဲ့အတွက် ဂါထာကလေးတစ်ခုကို သူက ရွတ်ဆိုတယ်။ |
1,314,257 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတော်ကောင်းတို့၏ ဓမ္မတာတစ်ခု |
1,314,258 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင်္ကေ စ ပေါသံ ပလိပေ ဗျသန္နံ၊ ဗလီ ယထာ ဒုဗ္ဗလမုဒ္ဓရေယျ။ |
1,314,259 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧဝမ္ပိ မံ တွံ ဥဒတာရိ ဘောတိ၊ ပဉ္စာလိ ဂါထာဟိ သုဘာသိတာဟိ။ |
1,314,260 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ပဉ္စာလိ = ပဉ္စာလမင်းရဲ့သမီးဖြစ်တော်မူပေသော။ |
1,314,261 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘောတိ = အို မိဖုရား။ |
1,314,262 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပင်္ကေ စ = လိမ်းကျံကပ်ငြိတတ်သော ညွန်ဗွက်၌လည်းကောင်း။ |
1,314,263 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပလိပေ စ = ကျွံနစ်တတ်သော ညွန်နုန်း၌လည်းကောင်း။ |
1,314,264 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗျသန္နံ = နစ်မြုပ်၍ နေသော။ |
1,314,265 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒုဗ္ဗလံ = အားနည်းလျက်နေသော။ |
1,314,266 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါသံ = ယောက်ျားကို။ |
1,314,267 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗလီ = အားကောင်းမောင်းသန်တဲ့ ယောက်ျားတစ်ယောက်က။ |
1,314,268 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥဒ္ဓရေယျ ယထာ = ထုတ်ဆောင် ကယ်တင်လိုက်ဘိသကဲ့သို့။ |
1,314,269 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တွံ = ရှင်မသည်။ |
1,314,270 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သုဘာသိတာဟိ ဂါထာဟိ = ကောင်းစွာ ရွတ်ဆိုအပ်သော ဂါထာတို့ဖြင့်။ |
1,314,271 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥဒတာရိ = ထုတ်ဆောင် ကယ်တင်ခဲ့လေပြီ။ |
1,314,272 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မိဖုရားကြီးက ပဉ္စာလမင်းရဲ့သမီး ဖြစ်ပါတယ်။ |
1,314,273 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဉ္စာလမင်းရဲ့ သမီး ဖြစ်နေတဲ့အတွက် ပဉ္စာလမင်းရဲ့သမီးဖြစ်တဲ့ မိဖုရားကြီး ... သင်ဟာ ကောင်းစွာ ရွတ်ဆိုအပ်သော ဂါထာတို့ဖြင့် ငါ့ကို ထုတ်ဆောင် ကယ်တင်ခဲ့ပါတယ်။ |
1,314,274 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို ကယ်တင်သလဲဆိုတော့ အင်မတန် ငြိကပ်တတ်တဲ့ ညွန်ဗွက်တွေလည်းရှိတယ်၊ ကျွံနစ်တတ်တဲ့ ညွန်ပျောင်းဆိုတဲ့ ဗွက်တွေလည်းရှိတယ်။ |
1,314,275 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ညွန်ပျောင်း, ညွန်ဗွက်ထဲမှာ နစ်မြုပ်နေတဲ့ အားနွဲ့နေတဲ့ ယောက်ျား တစ်ယောက်ကို အားကောင်းမောင်းသန်နေတဲ့ ယောက်ျားတစ်ဦးက ထုတ်ဆောင် ကယ်တင်လိုက်သလိုပဲ သင်ဟာ ငါ့ကို ကာမဂုဏ်တည်းဟူသော ညွန်ပျောင်းမှ ထုတ်ဆောင် ကယ်တင်လိုက်ပါတယ်ဆိုပြီးတော့ သူက အင်မတန် ဝမ်းသာတဲ့စိတ်ထားဖြင့် ချီးကျူးလိုက်တယ်။ |
1,314,276 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတော်ကောင်းဆိုတာ အကြောင်း-အကျိုးကို ထင်ရှားပြပြီး တရားသောနည်းလမ်းဖြင့် ဆိုဆုံးမလာခဲ့လျှင်တော့ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ကာ လိုက်နာရတဲ့ ဓမ္မတာ ရှိပါတယ်။ |
1,314,277 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို သူတော်ကောင်းတို့ရဲ့ ဓမ္မတာကို လက်တွေ့ လိုက်နာပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ |
1,314,278 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မိဖုရားကြီးကို ချီးကျူး ပြီးတဲ့ အချိန်အခါကျတော့ ဧသုကာရီဘုရင်မင်းကြီးက ဘာလုပ်သလဲ? ဒီ အကြောင်းကို မြတ်စွာဘုရားက ဆက်ပြီး ဟောကြားတော်မူပါတယ်။ |
1,314,279 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီမင်းကြီး ထီးနန်း စွန့်ပြီ |
1,314,280 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣဒံ ဝတွာ မဟာရာဇာ၊ ဧသုကာရီ ဒိသမ္ပတိ။ |
1,314,281 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၉၁၊၊) |
1,314,282 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣဒံ = ဤစကားကို။ |
1,314,283 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝတွာ = ပြောဆိုပြီး၍။ |
1,314,284 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒိသမ္ပတိ = အရပ်မျက်နှာ တို့ကို အစိုးရပေသော။ |
1,314,285 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာရာဇာ = ဧသုကာရီအမည်ရှိတဲ့ ဘုရင်မင်းကြီးသည်။ |
1,314,286 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နာဂေါ = ဆင်ပြောင်ကြီးသည်။ |
1,314,287 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဗန္ဓနံ = အနှောင်အဖွဲ့ကို။ |
1,314,288 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆေတွာ ဣဝ = ဖြတ်တောက်၍ သွားဘိသကဲ့သို့။ |
1,314,289 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရဋ္ဌံ = တိုင်းနိုင်ငံကို။ |
1,314,290 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိတွာန = စွန့်ပယ်ထားခဲ့၍။ |
1,314,291 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇိ = ရသေ့ရဟန်း ပြုခဲ့လေပြီ။ |
1,314,292 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဆင်ပြောင်ကြီး တစ်ကောင်ဟာ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပြီးတော့ တောထဲသို့ ထွက်သွားသလိုပဲ ဧသုကာရီဘုရင်မင်းကြီးဟာလည်း တိုင်းနိုင်ငံတည်းဟူသော အနှောင်အဖွဲ့ကို ဖြတ်တောက် စွန့်ပစ်ထားခဲ့ပြီးတော့ ရသေ့ရဟန်း ပြုသွားတယ်။ |
1,314,293 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ရသေ့ရဟန်း ပြုသွားတဲ့ အချိန်အခါမှာ- |
1,314,294 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အတ္ထိကာ သေတစ္ဆတ္တံ ဥဿာပေန္တု။ |
1,314,295 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၉၁။ |
1,314,296 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အတ္ထိကာ = အလိုရှိတဲ့ပုဂ္ဂိုလ်တို့သည်။ |
1,314,297 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥဿာပေန္တု = ဆောင်းကြစေသတည်း။ |
1,314,298 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အလိုရှိတဲ့ပုဂ္ဂိုလ်သည် ထီးဖြူဆောင်းစေသတည်းဆိုပြီးတော့ ဒီလို စာတမ်း ချိတ်ဆွဲပြီးတော့ တောထွက်တော်မူပါတယ်။ |
1,314,299 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်သူ့ကို ရှင်ဘုရင် အဖြစ် တင်မြှောက်သွားမယ်လို့ ဒီလို စိတ်ထားလည်း မရှိဘူး။ |
1,314,300 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧသုကာရီ ဘုရင်မင်းကြီး တောထွက်တော်မူတဲ့ အချိန်အခါမှာ နောက်တော်က မှူးကြီး မတ်ရာ သေနာပတိတွေနှင့်တကွ အားလုံး သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး ပါသွားပြန်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.