id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,315,801 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "သန္ဒိဋ္ဌိကော" ကိုယ်တိုင်မြင်နိုင်တယ်တဲ့။ |
1,315,802 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီကျင့်စဉ်ကို ကျင့်ရင် ဘယ်သူကျင့်ကျင့် ကျင့်တဲ့ပုဂ္ဂိုလ်တိုင်း ဒီအဆင့်ကို ရောက်မယ်။ |
1,315,803 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "သန္ဒိဋ္ဌိကော"။ |
1,315,804 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလိုရောက်ဖို့ဆိုတာ ဘယ်လောက်ထိအောင် ဘယ်နှစ်နှစ်စောင့်ရမှာတုန်း။ |
1,315,805 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အချိန်ဘယ်လောက်ယူရမှာတုန်းဆိုတော့ ယူစရာမလိုဘူးတဲ့။ |
1,315,806 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "အကာလိကော" နော်။ |
1,315,807 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ခုလုပ် ခုရတယ်။ |
1,315,808 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို ရသည့်အတွက်ကြောင့် ကိုယ်ရပြီးလို့ရှိရင် ကိုယ့်ရဲ့မိဘတွေမျိုးတွေ၊ ကိုယ့်ရဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေကို "လာစမ်းပါ၊ ကြည့်စမ်းပါ၊ လုပ်ကြည့်စမ်းပါ" လို့ ခေါ်ပြလို့ရတယ်။ |
1,315,809 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တကယ်မရှိတဲ့ဟာဆိုရင် ခေါ်ပြလို့ ဘယ်ရမလဲ။ |
1,315,810 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ်ကိုယ်တိုင် တွေ့တဲ့အခါမှာ ခေါ်ပြလို့ရတယ်။ |
1,315,811 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "လုပ်ကြည့်စမ်းပါ၊ မင်းလည်း ဒီအတိုင်းတွေ့မှာပဲ"။ |
1,315,812 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါကို "ဧဟိ ပဿိကော"။ |
1,315,813 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "ဩပနေယျိကော" အခုလုပ် အခုအကျိုးရှိတာမို့ တရားဓမ္မဟာ အခုနှလုံးသွင်း အခုစိတ်အေးချမ်းသာယာမှု ရတယ်။ |
1,315,814 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘယ်လောက်ပဲ သောကဖြစ်နေနေ၊ မြန်မာလူမျိုးတွေ စဉ်းစားကြတယ်လေ။ |
1,315,815 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သောကဖြစ်ရာ ကြုံတဲ့အခါ "ဩော် ပစ္စည်းသင်္ခါရ လူသင်္ခါရ" ဟော တွေးလိုက်တာနဲ့ပဲ စိတ်က သောကလျော့သွားတယ်။ |
1,315,816 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါသေချာတယ်။ |
1,315,817 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ထွက်ပေါက်ဆိုတာ ရသွားတာ။ |
1,315,818 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို မစဉ်းစားတတ်တဲ့သူကျတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့် ရောက်သွားတယ်။ |
1,315,819 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ထွက်ပေါက်မရှိဘူး။ |
1,315,820 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဟော ဒီလိုစဉ်းစားတာက ထွက်ပေါက်တစ်ခုပဲလေ။ |
1,315,821 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလိုနဲ့ သောကကို ဖြေနိုင်ကြတာပေါ့။ |
1,315,822 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ "ဩပနေယျိကော" စိတ်ထဲမှာ ချက်ချင်းပို့ထားလိုက်တယ်။ |
1,315,823 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ခံစားနိုင်ကြတယ်။ |
1,315,824 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မြတ်စွာဘုရားတရားတော်တွေဟာ တကယ့်ကို လူတိုင်းလူတိုင်း၊ ပုဂ္ဂိုလ်မရွေး၊ ဘာသာမရွေး၊ ကျားမမရွေး အကုန်လုံး လုပ်ရင်လုပ်သလို အကျိုးရှိနိုင်တယ်။ |
1,315,825 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အတိုင်းအတာတစ်ခုအရ အကျိုးရှိနိုင်တယ်။ |
1,315,826 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ အဲဒီတရားကိုပဲ "ဒါဟာ မှန်ကန်တဲ့တရား၊ မရတာ တို့မလုပ်လို့ မရတာ။ |
1,315,827 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လုပ်ရင် ရကို ရရမယ်" လို့ ဒီတရားပေါ်မှာ အားကိုးယုံကြည်မှု၊ အလေးထားမှု "ဓမ္မံ ယေဝ အဓိပတိံ ကတွာ" ဆိုတာ ဓမ္မပေါ်မှာ လေးစားတာ။ |
1,315,828 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ်ကျင့်ရမယ့် တရားပေါ်မှာ အလေးထားတယ်။ |
1,315,829 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "ငါးပါးသီလဆိုတာ သိပ်အရေးကြီးတယ်" လို့ သီလပေါ်မှာ အလေးထားတယ်။ |
1,315,830 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "ဒါနဆိုတာလည်း လုပ်သင့်တယ်" လို့ ဒါနပေါ်မှာ အလေးထားတယ်။ |
1,315,831 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "သမာဓိဆိုတာလည်း တို့စိတ်ငြိမ်အောင် ကြိုးစားရမှာ" လို့ သမာဓိတရားအပေါ်မှာ အလေးထားတယ်။ |
1,315,832 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘဝမှာ ဆင်ခြင်စဉ်းစားပြီးတော့ "အသိပညာဆိုတာလည်း အရေးကြီးတယ်" လို့- ဟော အသိပညာပေါ်မှာ အလေးထားတာ။ |
1,315,833 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို ဓမ္မရဲ့စွမ်းရည်ပေါ်မှာ အလေးထားပြီးတော့ အကုသိုလ်တွေကို ဖယ်ရှားလို့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားရမယ်။ |
1,315,834 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အလေးထားပုံ အလေးထားနည်းချင်း မတူဘူး။ |
1,315,835 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို အလေးထားလို့ ကြိုးစားတာက တစ်ခု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီးတော့ ကြိုးစားတာက တစ်ခု၊ ဓမ္မကို အလေးထားပြီးတော့ ကြိုးစားတာက တစ်ခု။ |
1,315,836 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို အလေးထား တန်ဖိုးထားပြီးတော့ ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စိတ်တွေမသွားအောင် (မကောင်းတာဆိုတာ အကုသိုလ်မဖြစ်အောင်)၊ ကောင်းတဲ့ဘက်ကို စိတ်တွေသွားအောင် (ကောင်းတာဆိုတာ ကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်အောင်)၊ ဒီလို ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်တဲ့။ |
1,315,837 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါကို မြတ်စွာဘုရားက အဓိပတေယျသုတ်ဆိုတာ ဟောထားတာရှိတယ်။ |
1,315,838 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီ အဓိပတေယျသုတ်ကို ခြုံငုံပြီးတော့ ဒီကနေ့ ဟောကြားပေးခြင်းဖြစ်တယ်။ |
1,315,839 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | "အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရားဟောကြားတဲ့ အမှန်တရားတွေကို အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တယ်။ |
1,315,840 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်။ |
1,315,841 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်။ |
1,315,842 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အကုသိုလ်မှန်သမျှရှောင်လို့၊ ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။ |
1,315,843 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ |
1,315,844 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီလိုလုပ်မှသာလျှင် "လူ့ဘဝတစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ" လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ |
1,315,845 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | ထိတ်စရာ လိပ်ပြာလှုပ်၊ ပြိတ္တာရုပ်သဖွယ် |
1,315,846 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | မဲချက်က ကဲတက်ကြွယ်၊ ကျွဲနက်ဝယ်မခြား |
1,315,847 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | ချေးသူဌေး မီးသွေးငိုသည်။ |
1,315,848 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | ကျီးမွေးကို ရှုံးရတကား |
1,315,849 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | ညစ်ထွေးလို့ ပြစ်ထွေးမှောင်တယ် |
1,315,850 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | သစ်စေးရောင်အလား၊ |
1,315,851 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | အနက်တွင် မက်လင်သားပါပဲ၊ |
1,315,852 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | မျက်မြင်အားအမှန်၊ |
1,315,853 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | အမူမှာ ငါးခူရှုံ့ရ၊ လဒူမုန့်ကျွမ်းသည့်သဏ္ဍာန်၊ |
1,315,854 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | သပိတ်နှင့် ငချိတ်ဆန်လို၊ မနိပ်ဟန်ဆင်ကွဲပ၊ |
1,315,855 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | မင်ခဲနှင့် ပုလင်းဖင်လို၊ မဲမှောင်လို့ညို၊ |
1,315,856 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | မီးလောင်သည့် တုံးငုတ်တိုမှာ၊ |
1,315,857 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလှဘွဲ့ တေးထပ် | ပုံးစုတ်ကို စွပ်ထားသို့လေး။ |
1,315,858 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | မိန်းမချောလေး မာလာ |
1,315,859 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ဆင်းရဲသူလေး မာလာသည် အဝတ်အစားလှလှ လိုချင်ကြောင်း မိခင်ကို ပူဆာသည်။ |
1,315,860 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | သို့သော် မိခင်မှာ ဆင်းရဲသဖြင့် ဝယ်မပေးနိုင်ခဲ့ချေ။ |
1,315,861 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | မာလာက အဖိုးတန်ဝတ်စုံ လိုချင်သဖြင့် သူဌေးကြီးထံ အလုပ်တောင်းသည်။ |
1,315,862 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | သုံးနှစ်အလုပ်လုပ်လျှင် အဖိုးတန်အဝတ်အစားများ ပေးမည်ဟု သူဌေးကြီးက ကတိပေးသည်။ |
1,315,863 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | အလုပ်ကြိုးစားသော မာလာကို သူဌေးကြီးက သုံးနှစ်မပြည့်မီ အဝတ်အစားများ ပေးလိုက်သည်။ |
1,315,864 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | မာလာသည် အဝတ်အစားများကို ယူပြီး သူငယ်ချင်းများနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးဆင်းခဲ့သည်။ |
1,315,865 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ရေချိုးနေစဉ်မှာပင် မာလာသည် သင်္ကန်းအလုခံရသော ရဟန်းတစ်ပါး ဖြတ်သွားသည်ကို မြင်လိုက် ရသည်။ |
1,315,866 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | သုံးနှစ်နီးပါး အလုပ်လုပ်၍ရသော အဝတ်အစားသစ်ကို ရဟန်းတော်အား လှူလိုက်၏။ |
1,315,867 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | “ဘဝတိုင်း အလွန်ချောမောလှပသူ ဖြစ်ရပါလို၏”ဟု ဆုတောင်းခဲ့သည်။ |
1,315,868 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ထိုကုသိုလ်ကြောင့် မာလာသည် နတ်သားဘဝ၊ နတ်သမီးဘဝ အကြိမ်များစွာ ဖြစ်ရသည်။ |
1,315,869 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | လူဖြစ်သောအခါ၌လည်း အလွန်ချောမောလှပသော သူဌေးသမီးလေး ဖြစ်ခဲ့လေသည်။ |
1,315,870 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊ |
1,315,871 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | မြတ်သောဒါနပါ။ |
1,315,872 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | စေတနာ ကောင်းစွာထား၊ |
1,315,873 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ကုသိုလ်အလွန်များ။ |
1,315,874 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | သူတစ်ပါးလည်း စိတ်ချမ်းသာ၊ |
1,315,875 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ကိုယ်လည်း စိတ်ချမ်းသာ။ |
1,315,876 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | အကျိုးမှာ ဘယ်မနှေး၊ |
1,315,877 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် | ဧကန်မုချပေး။ |
1,315,878 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ။ မိမိတတ်နိုင်သရွေ့ ပေးကမ်းလှူဒါန်းခြင်းဖြင့်ကောင်းကျိုးများရရှိကြောင်း သိရှိစေရန်။ |
1,315,879 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ֍ကလေးများကို အောက်ပါမေးခွန်းများ မေး၍ ဆွေးနွေးပါ။ |
1,315,880 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ကလေးများသိသလောက်သာ ဖြေပါစေ။ |
1,315,881 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | -“ကလေးတို့တွေ အလှူလုပ်တာ၊ အလှူပေးတာ တွေ့ ဖူးလား။ |
1,315,882 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ကိုယ်တိုင်ရော အလှူကို သွားဖူးသလား။ |
1,315,883 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | -“ဘာကြောင့် အလှူလုပ်တာ၊ အလှူပေးတာလို့ထင်သလဲ။ |
1,315,884 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ”-“ကလေးတို့ရော အလှူပေးဖူးသလား။ |
1,315,885 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ”-“ဘယ်သူတွေကို ပေးလှူဖူးသလဲ”-ဘယ်နေရာတွေမှာ ပေးလှူဖူးသလဲ” (ကလေးတို့ပေးလှူဖူးသောလူ၊ နေရာ တစ်ခု ချင်းပေါ်မူတည်၍ မေးခွန်းဆက်မေးပါ။ |
1,315,886 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | )-“ကလေးတို့က ဘာဖြစ်လို့လှူရတာလဲ” (ကလေးတို့ကိုယ်တိုင် ဘာဖြစ်ချင်တာလဲ၊ အလှူခံသူကိုရော ဘာဖြစ်စေချင်တာလဲ) |
1,315,887 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ֍ကလေးများဖြေပြီးပါက အလှူပေးခြင်းအကြောင်းကို အောက်ပါအတိုင်း ရှင်းပြပေးပါ။ |
1,315,888 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | အလှူပေးတယ်ဆိုတာ အမှန်တကယ်လိုအပ်နေတဲ့သူတွေ၊ လိုအပ်နေတဲ့ နေရာတွေ မှာ အသုံးပြုနိုင်ဖို့အတွက် မိမိတတ်နိုင်သရွေ့ ပေးကမ်းလှူဒါန်းခြင်း၊ ကူညီပေးခြင်း ဖြစ်တယ်။ |
1,315,889 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ဒီလို ပေးကမ်းလှူဒါန်းလိုက်တဲ့အတွက် လောလောဆယ်မှာလှူတဲ့ လူကိုယ် တိုင်ရဲ့ စိတ်ထဲမှာ ကျေနပ်ဝမ်းသာတယ်၊ ပီတိဖြစ်တယ်၊ တကယ်လိုအပ်နေတဲ့သူတွေ၊ လိုအပ်တဲ့နေရာတွေအတွက်လည်း အထောက်အပံ့ အကူအညီတွေရစေနိုင်တယ်။ |
1,315,890 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ” ֍ထို့နောက် “အလှူဒါနပြုခြင်းဟာ အခု လောလောဆယ်မှာလည်း ကောင်းကျိုးတွေရှိ သလို . နောင်ဘဝတွေမှာလည်း .. ကောင်းကျိုးတွေပေးနိုင်တယ်ဆိုတဲ့ အကြောင်းကို နောက်စာသင်ချိန်မှာ ဆက်ပြောပြမယ်နော်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,315,891 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ။ မိန်းမချောလေးမာလာ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။ |
1,315,892 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | “အလှူ ဘာဖြစ်လို့ လုပ်ကြလဲ၊ အလှူလုပ်ရင် ဘာအကျိုးရတတ်သလဲဆိုတာကို ဇာတ် လမ်းလေးနဲ့ ပြောပြမယ်နော်”ဟု အစပျိုးပြီး အောက်ပါ မိန်းမချောလေးမာလာ ဇာတ်လမ်း ကို အသံနေအသံထားဖြင့် ပြောပြပါ။ |
1,315,893 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | မိန်းမချောလေးမာလာ |
1,315,894 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ အလွန်ဆင်းရဲတဲ့ သူဆင်းရဲမလေးတစ် ယောက်ရှိတယ်။ |
1,315,895 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရ၊ သောက်ရတဲ့အထိ ဆင်းရဲတယ်။ |
1,315,896 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | တစ်နေ့မှာ တစ်တိုင်းပြည်လုံး ပျော်ပွဲရွှင်ပွဲကျင်းပတော့ အကောင်းစားအဝတ်အစားနဲ့ ရတနာတွေဝတ်ပြီး ပွဲသွားကြတဲ့သူတွေကို သူဆင်းရဲမလေးက မြင်နေရတယ်။ |
1,315,897 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | အဲဒါကြောင့် အဝတ်အစားသစ်ဝယ်ပေးဖို့ ဖေဖေ၊ မေမေတို့ကို ပူဆာတယ်။ |
1,315,898 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | သူဆင်းရဲမလေးရဲ့ မေမေက “သမီးလေး... မေမေတို့မိသားစု ဆင်းရဲတာ သမီးသိပါတယ်၊ သမီးလေးကို လှလှပပ ဝတ်စေချင်တာပေါ့၊ ဒါပေမဲ့ မေမေတို့ဆီမှာ ပိုက်ဆံမှ မရှိတာကွယ်” လို့ စိတ်မကောင်းစွာနဲ့ ပြောရှာတယ်။ |
1,315,899 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | စိတ်ထက်သန်နေသော သူဆင်းရဲမလေးက “သမီးကိုယ်တိုင် သူဌေးအိမ်မှာ အလုပ် လုပ်ပြီးဝယ်ပါရစေ၊ မေမေတို့ခွင့်ပြုပေးပါ”လို့ ခွင့်တောင်းတယ်။ |
1,315,900 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူဒါနပြုကြမယ် (ဆရာ) | မိဘခွင့်ပြုချက် ရပြီးတဲ့နောက် သူဌေးကြီးတစ်ဦးဆီသွားပြီး “အကောင်းဆုံး အဖိုးတန်ဆုံး ဝတ်စုံတစ်စုံ လိုချင်ပါတယ်ရှင်၊ ဒီအိမ်မှာ ကျွန်မလုပ်နိုင်တဲ့အလုပ်ရှိရင် အလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ လက်ခံပေးပါ”လို့ ပြောလိုက်တော့ သူဌေးကြီးက “သုံးနှစ် အလုပ်လုပ်နိုင်ရင် လိုချင်တာကိုပေးမယ်”လို့ ကတိ ပေးလိုက်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.