id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,315,901
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
သူဌေးကြီးက ရိုးရိုးသားသား၊ ကြိုးကြိုးစားစား မခိုမကပ်လုပ်တဲ့ သူဆင်းရဲမလေးကို သုံးနှစ်မပြည့်ခင်မှာပဲ အကောင်းဆုံး အဝတ်တစ်စုံကိုသာမက တခြားအဝတ်များကိုပါ ပေး လိုက်တယ်။
1,315,902
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
သူဆင်းရဲမလေးဟာ ပျော်ရွှင်စွာနဲ့ သူဌေးကြီးပေးတဲ့ အကောင်းစားဝတ်စုံကို ယူပြီး သူငယ်ချင်းတွေနဲ့အတူ မြစ်ဆိပ်ကိုရေချိုးထွက်ခဲ့တယ်။
1,315,903
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
သူဆင်းရဲမလေးတို့ ရေချိုးနေတဲ့အချိန်မှာပဲ သူခိုးတွေက သင်္ကန်းကို လုယူသွားလို့ ခန္ဓာကိုယ်ကို သစ်ခက်သစ်ရွက်တို့နဲ့ ဖုံးအုပ်ထားရတဲ့ ရဟန်းတစ်ပါး ရေချိုးဆိပ်ကို ရောက်လာ ခဲ့တယ်။
1,315,904
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
အဲဒီရဟန်းကို မြင်လိုက်တဲ့ သူဆင်းရဲမလေးက ဒီရဟန်းရဲ့ သင်္ကန်းတွေကို သူခိုး တွေ လုယူသွားတာထင်တယ်၊ ငါဟာ အရင်ဘဝတွေက မလှူခဲ့ဖူးလို့ ဒီဘဝမှာ အကောင်းစား အဝတ်ကို လွယ်လွယ်ကူကူနဲ့ မရခဲ့ဘူး၊ ဒါကြောင့် ရလာတဲ့ အကောင်းစားအဝတ်ကို နှစ်ပိုင်း ဖြတ်ပြီး တစ်ပိုင်းကို ရဟန်းတော်ကို လှူလိုက်မယ်”ဆိုတဲ့ အတွေး ဖြစ်ပေါ်လာခဲ့တယ်။
1,315,905
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
အဲဒီလို တွေးပြီးတာနဲ့ ရေထဲက တက်၊ အဝတ်ကို အမြန်ဝတ်ပြီး အကောင်းဆုံး အဝတ်စကို အလယ်က ဖြတ်ပြီး တစ်ပိုင်းကိုလှူလိုက်တယ်။
1,315,906
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
ရဟန်းတော်က ချုံကွယ်ရှိရာကို သွားပြီး သူဆင်းရဲမလေးလှူတဲ့ အဝတ်ကိုဝတ်ရုံလိုက်တယ်။
1,315,907
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
အဝတ်အသစ်ကို ဝတ်ရုံလိုက်တဲ့ ရဟန်းတော်ရဲ့ ရုပ်အဆင်းက နေရောင်လိုပဲ ကြည်လင်တောက်ပသွားတယ်။
1,315,908
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
သူဆင်းရဲမလေးက ကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်းကို မြင်ရတဲ့အခါ “ရဟန်းတော် ဟာ အဝတ်သင်္ကန်း မဝတ်ထားတုန်းက ကြည့်လို့မကောင်းဘူး၊ အခု အဝတ်သင်္ကန်းကို ဝတ်ရုံလိုက်တော့ ကြည်ညိုဖွယ်ကောင်းတယ်၊ ကျန်တဲ့ တစ်ပိုင်းကို ထပ်ရုံလိုက်ရရင် ပိုပြီး ကြည် ညိုဖွယ် ကောင်းမှာပဲ”လို့ တွေးပြီး ကျန်တဲ့အဝတ်စကိုပါ ဝမ်းမြောက်ဝမ်းသာနဲ့ ထပ်လှူလိုက်တယ်။
1,315,909
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
လှူပြီးတော့ “အရှင်ဘုရား ဒီအကောင်းဆုံး အဝတ်စကို သင်္ကန်းအဖြစ် လှူရတဲ့ ကောင်းမှုကြောင့် တပည့်တော်သည် ဘဝဆက်တိုင်း ချမ်းသာကြွယ်ဝသူ ဖြစ်ရပါလို၏။
1,315,910
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
ဉာဏ် ပညာ ထက်မြက်သူဖြစ်ရပါလို၏။
1,315,911
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
အလွန်ချောမောလှပသူ ဖြစ်ရပါလို၏။
1,315,912
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
တရားထူး တရား မြတ်ကို ရသောသူဖြစ်ရပါလို၏” လို့ ဆုတောင်းတယ်။
1,315,913
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
သူဆင်းရဲမလေးဟာ ရဟန်းတော်ကို အဝတ်သင်္ကန်း လှူခဲ့ရတဲ့ကောင်းမှုကြောင့် နတ် သား၊ နတ်သမီးဘဝ အကြိမ်များစွာ ဖြစ်ခဲ့တယ်။
1,315,914
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
လူဖြစ်တဲ့အခါမှာလည်း သူဌေးအမျိုးမှာ ဖြစ်ရတဲ့အပြင် ဆုတောင်းခဲ့တဲ့အတိုင်း အလွန်ချောမောလှပတဲ့ မိန်းမချောလေးမာလာ ဖြစ် လာခဲ့တယ်။
1,315,915
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
။ ဥမ္မာဒန္တီဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပဉ္စမတွဲ။
1,315,916
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
၁၉၆။ ဇာ၊ ဋ္ဌ၊ ၅။
1,315,917
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
၂၂ဝ။
1,315,918
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍ဇာတ်လမ်းပြောပြီးသောအခါ ... ဇာတ်လမ်းပါအကြောင်းအရာများကို မေးခွန်းများမေး၍ ပြန်လည်သုံးသပ်ပြပါ။
1,315,919
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
ကလေးများ နားမလည်သောအချက်များကို ရှင်းပြပါ။
1,315,920
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
- ဇာတ်လမ်းအစမှာ သူဆင်းရဲမလေးက ဘာဖြစ်ချင်တာလဲ။
1,315,921
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-သူဖြစ်ချင်တာကိုရအောင် ဘယ်လို ကြိုးစားခဲ့သလဲ။
1,315,922
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-သူဆင်းရဲမလေးက သူအလွန်လိုချင်ခဲ့တဲ့ ဝတ်စုံကို ဘယ်သူ့ကို လှူဒါန်းလိုက်သလဲ။
1,315,923
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-ဘာကြောင့် လှူဒါန်းလိုက်တယ်လို့ ထင်သလဲ။
1,315,924
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-လှူဒါန်းပြီးတဲ့အခါမှာ သူဆင်းရဲမလေးရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။
1,315,925
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
နောင်ဘဝ မှာရော ဘယ်လို အကျိုးကျေးဇူးတွေ ခံစားခဲ့ရသလဲ။
1,315,926
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-သားတို့၊ သမီးတို့သာ သူဆင်းရဲမလေးရဲ့ နေရာမှာဆိုရင် ဘာလုပ်မလဲ၊ ဘာကြောင့်လဲ။
1,315,927
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
။ မိန်းမချောလေးမာလာဇာတ်လမ်း သရုပ်ဖော်ပုံများ။
1,315,928
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍ကလေးအရေအတွက်အပေါ် မူတည်၍ သင့်လျော်သလို အုပ်စုဖွဲ့ပါ။
1,315,929
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍မိန်းမချောလေးမာလာဇာတ်လမ်း သရုပ်ဖော်ပုံများကို သင်ပုန်း သို့မဟုတ် ဝှိုက်ဘုတ်ပေါ် တွင် အစဉ်အတိုင်း ကပ်ထားပါ။
1,315,930
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍ဇာတ်လမ်းကို အုပ်စုလိုက် သရုပ်ဆောင်ရင်း ပြန်လည်ပြောပြရမည်ဖြစ်ကြောင်း ပြောကြားထားပါ။
1,315,931
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍အချိန်အနည်းငယ်ပေးပြီးနောက် တစ်အုပ်စုချင်း သရုပ်ဆောင်ရင်း ပြောပြကြပါစေ။
1,315,932
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍အားလုံးသရုပ်ဆောင်ပြီးသောအခါ လှူဒါန်းခြင်းနှင့်သက်ဆိုင်သော အနှစ်ချုပ်စကားများ ပြောကြားပေးပါ။
1,315,933
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
။ အလှူဒါန ပြုကြမယ်ကဗျာ။
1,315,934
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍အောက်ပါကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပြီး စုပေါင်းညီညာစွာ ရွတ်ဆိုကြပါစေ။
1,315,935
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
ထို့နောက် အုပ်စုများဖွဲ့၍ အလှည့်ကျ ဟန်အမူအရာဖြင့် ရွတ်ဆိုပါစေ။
1,315,936
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊မြတ်သောဒါနပါ။
1,315,937
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍ကဗျာရွတ်ဆိုပြီးပါက အောက်ပါမေးခွန်းများ မေး၍ ဆွေးနွေးပါ။
1,315,938
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-အလှူပေးတယ်ဆိုတာကို ဘယ်လို နားလည်သလဲ။
1,315,939
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-ဘယ်လို လူမျိုးတွေကို အလှူပေးသင့်သလဲ။
1,315,940
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
-ဘယ်နေရာတွေမှာ အလှူပေးသင့် သလဲ။
1,315,941
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍လူပုဂ္ဂိုလ်၊ နေရာဒေသတစ်ခုချင်းအပေါ်မူတည်၍ “ဘာကြောင့်လဲ”ဟူသော မေးခွန်းကို ဆက်မေးပါ။
1,315,942
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍အလှူပေးရမည့်သူများထဲတွင် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော သူများပါ ပါဝင်အောင်မေးပေးပါ။
1,315,943
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အလှူဒါနပြုကြမယ် (ဆရာ)
֍ဆရာက သင်ခန်းစာပါ အကြောင်းအရာများအားလုံးကို ခြုံငုံသုံးသပ်၍ မိမိတို့တတ်နိုင် သရွေ့ လုပ်အား၊ ငွေအား၊ ဝတ္ထုပစ္စည်း စသဖြင့် ပါဝင်လှူဒါန်းကြရန် တိုက်တွန်းနှိုးဆော်ပေးပါ။
1,315,944
သံပေါက်, မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ
အလှူပွဲသွင်း ဆင်ခြင်ရန်
၁။ ရုပ်သေးပွဲလမ်း၊ ငှားရမ်းအလှူ၊ ပေးသည့်သူ၊ ထိုသူ မုဆိုး၊ အသွင်-ကုသိုလ်ရှင်၊
1,315,945
သံပေါက်, မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ
အလှူပွဲသွင်း ဆင်ခြင်ရန်
၂။ အခငွေယူ၊ ပွဲပြသူ၊ ထိုသူမုဆိုး-ခွေးအသွင်။
1,315,946
သံပေါက်, မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ
အလှူပွဲသွင်း ဆင်ခြင်ရန်
၃။ ပွဲလာပွဲသွား၊ လူတလွှား၊ ခွေးတွေကိုက်စား-တောသမင်။
1,315,947
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူမြစ်တား သုံးပါးအန္တရာယ်
1,315,948
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နိဒါနကထာ အနုပုဗ္ဗိံ ကထန္တိ ဒါနာနန္တရံ သီလံ, သီလာနန္တရံ သဂ္ဂံ, သဂ္ဂါနန္တရံ မဂ္ဂန္တိ ဧဝံ အနုပဋိပါဋိကထံ။
1,315,949
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဘုရားရှင်သည် အချို့အချို့သော ကျွတ်ထိုက်သသူ ဝေနေယျတို့ကို ချေချွတ်တော်မူရာဝယ် ရံခါ အစဉ်အတိုင်းသော တရားစကားဟု ခေါ်ဆိုအပ်သည့် အနုပုဗ္ဗိကထာ တရားစကားကို ဟောကြားပေးတော်မူတတ်၏။
1,315,950
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား,
1,315,951
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ သီလကထာ = သီလနှင့်စပ်သော တရားစကား,
1,315,952
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား,
1,315,953
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ မဂ္ဂကထာ = အရိယမဂ်သို့ရောက်ကြောင်း သစ္စာလေးပါးနှင့် စပ်သော တရားစကား ---
1,315,954
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဤကဲ့သို့ အစဉ်အတိုင်း ဟောကြားတော်မူအပ်သော တရားစကားတော်ကို အနုပုဗ္ဗိကထာဟု ခေါ်ဆို၏။
1,315,955
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါနကထာ --- ဒါနနှင့်စပ်သော တရားစကားတော်ကို ရှေးဦးစွာ ဟောကြားတော်မူရခြင်းမှာ ဤဒါနကား လူအများစုတို့၌ ပြုလုပ်လွယ်ကြတဲ့သဘော ရှိတဲ့အတွက် ဒါနကုသိုလ်မှာ ဖြစ်လွယ်သောသဘောလည်း ရှိ၏။
1,315,956
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူပေး ပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ်, ဝေယျာဝစ္စဆောင်ရွက်သည့်ပုဂ္ဂိုလ် စသည်ဖြင့် လူအများနှင့် ဆက်ဆံသည့် ကုသိုလ်ရပ်တစ်ခုလည်း ဖြစ်၏။
1,315,957
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလ၌ ရပ်တည် နေဖို့ရန် သို့မဟုတ် ရပ်တည်နေသူဖြစ်ရေးအတွက် အကြောင်းဥပါယ်တစ်မျိုးလည်း ဖြစ်၏။
1,315,958
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုကြောင့် ဒါနကို ရှေးဦးအစ၌ ဟောကြားတော်မူခြင်း ဖြစ်၏။
1,315,959
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မှန်ပေသည် --- ပေးကမ်းစွန့်ကြဲလေ့ရှိသော ပုဂ္ဂိုလ်သည် ငါ့ဟာဟု သိမ်းပိုက် ထားသော ပစ္စည်းဝတ္ထုတို့၌ ငြိကပ်တွယ်တာမှုသဘော မရှိသည့်အတွက် ချမ်းသာလွယ်ကူစွာပင် သီလတို့ကို ဆောက်တည်ကျင့်သုံးနိုင်၏။
1,315,960
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဆောက်တည်ကျင့်သုံးထားပြီးဖြစ်တဲ့ ထိုသီလ၌ ခိုင်ခိုင်ခံ့ခံ့ မြဲမြဲမြံမြံ ကောင်းစွာ ရပ်တည်နိုင်၏။
1,315,961
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလကြောင့် အလှူပေးပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ် နှစ်ဖက်လုံး၌ စင်ကြယ်ခြင်းရှိသည့်အတွက် အလှူခံပုဂ္ဂိုလ်ဟူသည့် သူတစ်ပါးအား ချီးမြှောက်မှုကို ဟောပြပြီးသည့်အခါ သူတစ်ပါးတို့အား ညှဉ်းပန်းနှိပ်စက်မှုမှ ဆုတ်နစ်ကြောင်းတရားကိုလည်း ဟောကြားပြသသင့်သောကြောင့်လည်းကောင်း, သူတော်ကောင်းတို့ ပြုသင့်ပြုထိုက်သည့် ဒါနကျင့်ဝတ်ကို ဟောပြတော်မူပြီး...
1,315,962
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊ဋီ၊၃၊၂၂၁။
1,315,963
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ထိုသီလသည်ကား သံသရာဝဋ်ကို မှီနေသော သံသရာ၌ လည်ပတ်စေတတ်သော ဝဋ္ဋနိဿိတသီလဖြစ်အံ့၊ ထိုဝဋ္ဋနိဿိတသီလ၏ အကျိုးတရားသည်ကား ဘဝသမ္ပတ္တိ = လူ့ဘဝ, နတ်ဘဝဟူသည့် အထက်တန်းကျသော ဘဝနှင့် ပြည့်စုံခြင်းပင်တည်းဟု ညွှန်ပြတော်မူခြင်းငှာလည်းကောင်း, ဤ ဒါနမယကုသိုလ် သီလမယကုသိုလ်ဟူသော မြင့်သထက်မြင့် မြတ်သထက် မြတ် စသည်အားဖြင့် ကွဲပြားခြားနားကုန်သော ...
1,315,964
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ထိုနတ်ရွာသုဂတိဟူသည်မှာလည်း = နတ်စည်းစိမ်ချမ်းသာဟူသည်မှာလည်း သာယာဖွယ် မက်မောဖွယ် ရှုမောဖွယ် အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်ထားအပ်သည့် ရှုလို့မဝနိုင် ခံစားလို့မဝနိုင်သည့် ချမ်းသာသုခ ဖြစ်ခြင်းကြောင့် ရာဂ, ဒေါသ, မောဟ စသည့် ကိလေသာအညစ်အကြေး တို့ဖြင့် လူးလဲပေကျံလျက်ရှိ၏။
1,315,965
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် အရိယမဂ်တရားသည်ကား အချင်းခပ်သိမ်း ထိုကိလေသာအညစ်အကြေးတို့ဖြင့် လူးလဲပေကျံမှု မရှိဟု ညွှန်ပြတော်မူခြင်းငှာ ထိုသဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ မဂ္ဂကထာ = အရိယမဂ်နှင့်စပ်သော တရားစကားကို ဆက်လက် ဟောကြားပေးတော်မူလေသည်။
1,315,966
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) မဂ္ဂကထာ = အရိယမဂ်သို့ ဆိုက်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဟောကြားတော်မူရာဝယ် ထိုအရိယမဂ်သို့ ဆိုက်ရောက်ကြောင်း နည်းလမ်းကောင်းတို့ကို ညွှန်ပြတော်မူခြင်းငှာ အခြားအခြားသော ကာမဂုဏ်တွေကို မဆိုထားဘိ နတ်ရွာသုဂတိ၌ အကျုံးဝင်နေသည့် ချမ်းသာသုခပင် ဖြစ်ချင် ဖြစ်ပါစေ၊ မည်သည့်ကာမဂုဏ်မဆို ကာမဂုဏ်မှန်သမျှတို့မည်သည် မျက်မှောက် တမလွန်...
1,315,967
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယင်းသို့ ဟောကြားတော်မူရာ၌ ဤကာမဂုဏ်တို့ကား ယုတ်ညံ့၏၊ ရွာသူတို့၏ အလေ့အကျင့် ဖြစ်၏၊ ပုထုဇန် ငမိုက်သားတို့၏ အလေ့အကျင့် ဖြစ်၏။
1,315,968
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရိယာသူတော်စင်တို့၏ အလေ့အကျင့် မဟုတ်၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးစီးပွားနှင့် မစပ်ယှဉ် ဤသို့စသည် ကာမဂုဏ်တို့၏ ယုတ်ညံ့ပုံ = ဩကာရကိုလည်းကောင်း, ဘဝဟူသမျှအားလုံးတို့သည် ကိလေသာတို့၏ တည်ရာဝတ္ထု ဖြစ်ကြ၏ ဤသို့ စသည်ဖြင့် ထိုကာမဂုဏ်တို့၌ ညစ်နွမ်းမှု = သံကိလေသကိုလည်းကောင်း, အချင်းခပ်သိမ်း ယင်းညစ်နွမ်းမှု သံကိလေသတရားတို့မှ လ...
1,315,969
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ယခု စာဖတ်သူတို့၏ လက်ဝယ် ရောက်ရှိလာသော ဤဝစ္ဆဂေါတ္တသုတ္တန် တရားတော်သည်ကား ထိုကဲ့သို့သော အစဉ်အတိုင်း ဟောကြားတော်မူအပ်သည့် အနုပုဗ္ဗိကထာ တရားစကားတော်မျိုးကား မဟုတ်ပေ။
1,315,970
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်မျိုးတစ်ဖုံအားဖြင့် ထူးခြားသည့် အနုပုဗ္ဗိကထာ တရားစကားတော်မျိုး ဖြစ်ပေသည်။
1,315,971
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဤဝစ္ဆဂေါတ္တသုတ္တန်တွင် ဘုရားရှင်သည် အောက်တန်းအကျဆုံး ဒါနမှ အထက်တန်းအကျဆုံး ဒါနအထိ တစ်မူထူးခြားစွာ ဟောကြားထားတော်မူခဲ့၏။
1,315,972
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အိုး-ခွက်-ပန်းကန်ဆေးသည့်ရေကိုသော်လည်း လှူတတ်ပါက အကျိုး ရရှိနိုင်ပုံကိုပင် ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့၏။
1,315,973
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အထက်တန်းကျသည့် ဒါနကို ပြုစုပျိုးထောင်ရာ၌ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ဦးတည်လျက် ပြုစုပျိုးထောင်ခဲ့ပါမူ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ယင်းဒါနကုသိုလ်တို့က အားပေးထောက်ပံ့နိုင်သည့် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံအထိ ဟောကြားထားတော်မူပေသည်။
1,315,974
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဤဝစ္ဆဂေါတ္တသုတ္တန်၏ ထူးခြားချက် တစ်ခုကား --- သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်မှု မပြုလုပ်ရန် ဆိုဆုံးမတော်မူသည့် အချက်ပင် ဖြစ်၏။
1,315,975
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်သူသည်-
1,315,976
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ အလှူရှင်၏ ဒါနကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုခြင်း,
1,315,977
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ အလှူခံပုဂ္ဂိုလ်တို့ ရသင့်ရထိုက်သည့် လာဘ်လာဘ၏ အန္တရာယ်ကို ပြုခြင်း,
1,315,978
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ မိမိကိုယ်ကို မိမိ တူးဖြိုပြီးဖြစ်ခြင်း ---
1,315,979
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဤအန္တရာယ်သုံးမျိုးတို့ကို ပြုလုပ်ပြီးဖြစ်ကြောင်းများကိုလည်း ထည့်သွင်းကာ ဆိုဆုံးမထားတော်မူ၏။
1,315,980
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဆောင်ဖွယ်နှင့် ရှောင်ဖွယ် နှစ်မျိုးလုံးကို မြင်ကွင်းကျယ်ဇာတ်ခုံပေါ်၌ မီးမောင်းထိုးကာ စာတမ်းချိတ်ပြထားတော်မူသည့်သုတ္တန်တစ်ခုပင် ဖြစ်ပေသည်။
1,315,981
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုသုတ္တန်ကို ကွယ်လွန်သူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ဒေါ်ခင်ကြည်မိသားစုတို့က ဖားအောက်တောရတွင် သံဃိကကျောင်းဆောင် တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့၏။
1,315,982
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုကျောင်းရေစက်ချပွဲတွင် --- ဤဝစ္ဆဂေါတ္တသုတ္တန်ကို ဦးတည်လျက် ဆောင်ဖွယ် ရှောင်ဖွယ်တို့ကို ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားအဖြစ် ဟောကြားပေးတော်မူခဲ့၏။
1,315,983
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကျောင်းဒါယိကာမ မိသားစုတို့က ထိုတရားတော်ကို ကျမ်းစာအဖြစ် ရိုက်နှိပ်ကာ လှူဒါန်းပူဇော်လိုပါကြောင်းကို လျှောက်ထားလာကြသည့်အတွက် တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းလဲကာ စာဖတ်သူတို့၏ လက်ဝယ်သို့ ရောက်အောင် ပို့ဆောင်လိုက်ပါသည်။
1,315,984
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတော်ကောင်းအပေါင်းတို့သည် ဤသုတ္တန်မှာ လာရှိသည့်အတိုင်း ရှောင်ကြဉ်ဖွယ်အချက်အလက်တို့ကို မပြုမကျင့် ရှောင်ကြဉ်နိုင်ကြကုန်သည်ဖြစ်၍ လိုက်နာပြုကျင့်ဖွယ်အရပ်ရပ်တို့ကိုလည်း စွမ်းအားရှိသလောက် ဖြည့်ကျင့်နိုင်ကြပြီးလျှင် ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ အရှင်လောသကတိဿမထေရ်တို့ကဲ့သို့ ဝင်စံနိုင်ကြပါစေသောဝ်ဟု မေတ္တာမွန...
1,315,985
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဘုရားရှင်နှင့် ဝစ္ဆပရိဗိုဇ်တို့၏ ဆွေးနွေးခန်း)
1,315,986
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဝစ္ဆဂေါတ္တသုတ္တန်)
1,315,987
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တရားဦးပလ္လင်
1,315,988
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရွာမှ ကွယ်လွန်သွားသူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ကျန်ရစ်ခဲ့သူ ဒေါ်ခင်ကြည်အမှူးရှိတဲ့ မိသားစုတို့က ဖားအောက်တောရစင်္ကြံကျောင်း၌ သမထ-ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူတဲ့ သံဃာတော်တို့အား ရည်စူး၍ သံဃိကကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်း ...
1,315,989
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုကျောင်းဆောက်လုပ်လှူဒါန်းသည့်ပွဲ၌ ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလည်း ဆက်ကပ် လှူဒါန်း ပူဇော်ကြပါတယ်။
1,315,990
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုကောင်းမှုကုသိုလ်တို့ရဲ့ အဖို့ဘာဂကို ဒါယကာကြီး ဦးမောင်ပိန်အမှူးရှိတဲ့ (၃၁)ဘုံ၌ ကျင်လည်ကြတဲ့ သတ္တဝါတို့အားလည်း ကုသိုလ်အဖို့ဘာဂကို အမျှရကြပါစေခြင်းအကျိုးငှာ ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေလိုတယ်လို့ လျှောက်ထားကြတယ်။
1,315,991
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလားတူပဲ မော်လမြိုင်မြို့မှ ဒါယကာ မောင်ကျော်မြင့်မိသားစုတို့ကလည်း သင်္ကန်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းတဲ့ အတွက် ဒီနေ့ ကြုံကြိုက်နေတဲ့အတွက် ပေါင်း၍ ရေစက်ချမယ်လို့ လျှောက်ထားကြတယ်။
1,315,992
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုကျောင်းအလှူ, ဆွမ်းအလှူ, သင်္ကန်းအလှူ အလှူဒါနပွဲ၌ ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ်ဖြစ်တဲ့ အနုမောဒနာတရားတစ်ပုဒ် ချီးမြှင့် ပေးတော်မူပါလို့ လျှောက်ထားကြတဲ့အတွက် ဒီနေ့ အနုမောဒနာတရား ကလေးတစ်ပုဒ် နာကြားကြည့်ကြရအောင်။
1,315,993
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပရိတ်တရားတော်ကလေး တစ်ပုဒ်နဲ့ပဲ နိဒါန်းပျိုးကြရအောင် ---
1,315,994
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
1,315,995
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။
1,315,996
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဟာကာရုဏိကော = ကြီးမြတ်သော ကရုဏာရှိတော်မူသော။
1,315,997
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နာထော = ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုရားမြတ်စွာသည်။
1,315,998
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဗ္ဗပါဏိနံ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့၏။
1,315,999
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဟိတာယ = လောကီ လောကုတ္တရာ အကျိုးစီးပွား ချမ်းသာအလို့ငှာ။
1,316,000
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဗ္ဗာ ပါရမီ = ခပ်သိမ်းဥဿုံ အလုံးစုံသော ပါရမီတော်မြတ်အပေါင်းကို။