id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,316,001 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပူရေတွာန = ဖြည့်ကျင့်ဆည်းပူးတော်မူ ပြီး၍။ |
1,316,002 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဥတ္တမံ = မြတ်လှစွာသော။ |
1,316,003 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သမ္မာသမ္ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်မြတ်သို့။ |
1,316,004 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပတ္တော = ရောက်ရှိတော်မူခဲ့လေပြီ။ |
1,316,005 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ |
1,316,006 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တေ တုမှာကံ = သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား။ |
1,316,007 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမလပ် အခါခပ်သိမ်း။ |
1,316,008 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သောတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ |
1,316,009 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘုန်းကြီးတို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသော ကာလပတ်လုံး အသက်ကို စွန့်လွှတ် လှူဒါန်းခြင်း, သားမယားတို့ကို စွန့်လွှတ် လှူဒါန်းခြင်း, ပစ္စည်းကို စွန့်လွှတ် လှူဒါန်းခြင်း အစရှိတဲ့ ဒါနပါရမီ အခြေခံ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့် တော်မူခဲ့တယ်။ |
1,316,010 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာဦးတည်ချက်နဲ့ ဖြည့်ကျင့်ခဲ့သလဲ? သဗ္ဗညုတဉာဏ်ရဖို့ရန် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့်ခဲ့တယ်။ |
1,316,011 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုဝစီမင်္ဂလာ မှန်ကန်တဲ့ သစ္စာစကားကြောင့် သင်သတ္တဝါအပေါင်းတို့သည် ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေလို့ သစ္စာပြုနေတဲ့ ဂါထာကလေးတစ်ပုဒ် ဖြစ်ပါတယ်။ |
1,316,012 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မွန်မြတ်သော ဦးတည်ချက် |
1,316,013 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနေ့ ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဦးတည်ချက်တစ်ခုခုတော့ ရှိသင့် တယ်နော်။ |
1,316,014 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဦးတည်ချက်များစွာတို့တွင် အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်ကတော့ သမ္မာသမ္ဗောဓိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ သဗ္ဗညုတဉာဏ် အထွတ်တပ်ထားတဲ့ အရဟတ္တမဂ်ဉာဏ်ကို ရဖို့ရန် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ အဆင့်အတန်း အမြင့်ဆုံး ဒါနတစ်ခု, အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။ |
1,316,015 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီထက်တစ်ဆင့် နိမ့်လိုက်ရင်တော့ ပစ္စေကဗောဓိဉာဏ်ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ ဒုတိယ အကောင်းဆုံးသော ဦးတည်ချက်တစ်ခု ဖြစ်တယ်။ |
1,316,016 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတိယ အကောင်းဆုံး ဦးတည်ချက်ကတော့ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော် မြတ်ကြီးတို့ကဲ့သို့ အဂ္ဂသာဝကဗောဓိဉာဏ် ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေ ပြုခဲ့မယ်ဆိုရင်တော့ ထိုဦးတည်ချက်က တတိယအကောင်းဆုံး ဦးတည်ချက် ဖြစ်ပါတယ်။ |
1,316,017 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီထက်တစ်ဆင့် နိမ့်လိုက်တဲ့ အချိန်အခါမှာ အရှင်မဟာကဿပ, အရှင်အာနန္ဒာ, အရှင်မဟာကစ္စည်းအစရှိတဲ့ မထေရ်ကျော် ပုဂ္ဂိုလ်မြတ်ကြီးတို့ကဲ့သို့ မဟာသာဝကဗောဓိဉာဏ်ကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ထူးတွေကို ဆည်းပူးရှာဖွေခဲ့မယ်ဆိုရင်လည်း ထိုဦးတည်ချက်သည် စတုတ္ထအကောင်းဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။ |
1,316,018 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီထက်တစ်ဆင့် နိမ့်လိုက်တော့ ရိုးရိုးသာဝကတွေပေါ့။ |
1,316,019 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိသွားတော်မူတဲ့ ပကတိသာဝကဗောဓိဉာဏ်ကို ရည်ရွယ် တောင့်တပြီး ကောင်းမှုကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ခဲ့မယ်ဆိုရင်တော့ ထိုပြုစုပျိုးထောင်နေတဲ့ ကောင်းမှုကုသိုလ် ထိုဦးတည်ချက်မျိုးကိုတော့ ပဉ္စမ အကောင်းဆုံးသော ဦးတည်ချက်လို့တော့ သတ်မှတ်နိုင်ပါတယ်။ |
1,316,020 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ဦးတည်ချက်တွေကနေပြီးတော့ နောက်ထပ် ပုံစံတစ်မျိုး အနေ အားဖြင့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်တွေကို ပြုခဲ့မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ |
1,316,021 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော် ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ မိမိတို့ ရည်ရွယ်တောင့်တတဲ့ ဦးတည်ချက်အတိုင်း ဖြစ်နိုင်ရေးအတွက် အလှူခံပုဂ္ဂိုလ် ဘက်မှာ ရှိရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ |
1,316,022 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ထင်ရှားရှိနေရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ |
1,316,023 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ အင်္ဂါရပ်တွေနဲ့ ပတ်သက်လို့ သဘောပေါက်အောင် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ လာရှိတဲ့ ဝစ္ဆဂေါတ္တသုတ္တန်ကလေးကို အတိုချုပ်ပြီးတော့ ပြောကြရအောင်- |
1,316,024 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝစ္ဆဂေါတ္တပရိဗိုဇ်၏ မေးခွန်း (၄) ရပ် |
1,316,025 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တစ်ချိန်မှာ ဝစ္ဆအနွယ်မှာ ဖွားမြင်တဲ့အတွက်ကြောင့် ဝစ္ဆဂေါတ္တပရိဗိုဇ် အမည်ရတဲ့ ပရိဗိုဇ်တစ်ဦးက မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ အမှတ်ရဖွယ် စကားတွေ ပြောဆိုကြတယ်။ |
1,316,026 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပြောဆိုပြီးဆုံးစေပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားကို သူက လျှောက်ထား တယ်။ |
1,316,027 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လို လျှောက်ထားလဲ? |
1,316,028 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သုတံ မေတံ ဘော ဂေါတမ သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ၊ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။ |
1,316,029 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (အံ၊၁၊၁၆၁။ |
1,316,030 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) ဘော ဂေါတမ = အိုအရှင် ဂေါတမ ...။ |
1,316,031 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မေ = ဘုရားတပည့်တော် သည်။ |
1,316,032 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သုတံ = ကြားနာဖူးပါ၏။ |
1,316,033 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ဂေါတမ ...တပည့်တော် ဒီစကားကို ကြားဖူးနေတယ်။ |
1,316,034 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လို ကြားဖူးသလဲ? |
1,316,035 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သာမဏော ဂေါတမော = ရဟန်းဂေါတမသည်။ |
1,316,036 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဟ = ပြောဆို၍ နေပါ၏။ |
1,316,037 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ဂေါတမက ဒီလို ပြောတယ်ဆိုတဲ့ စကားကလေးတစ်ခုကို တပည့်တော် ကြားနေတယ်။ |
1,316,038 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလို ပြောတယ်ဆိုတာက ဘယ်လိုလဲ? |
1,316,039 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ = ငါဘုရားရှင်အားသာလျှင်။ |
1,316,040 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ |
1,316,041 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ = ငါဘုရားရှင်မှ တစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တို့အား။ |
1,316,042 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | န ဒါတဗ္ဗံ = မပေးလှူသင့် မပေးလှူထိုက်ပေ။ |
1,316,043 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့် သာဝကတို့အားသာလျှင်။ |
1,316,044 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးဖြစ်ကြကုန်သော သာဝကတို့အား။ |
1,316,045 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ = ငါဘုရားရှင်အားသာ လျှင်။ |
1,316,046 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ |
1,316,047 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ |
1,316,048 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နာညေသံ = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ |
1,316,049 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | န မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ |
1,316,050 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ |
1,316,051 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နာညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော သာဝကတို့အား။ |
1,316,052 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သမဏော ဂေါတမော = ရဟန်းဂေါတမသည်။ |
1,316,053 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဟ = ပြောဆို၍ နေပါပေ၏။ |
1,316,054 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဣတိ ဧတံ ဝစနံ = ဤကဲ့သို့သော စကားကို။ |
1,316,055 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သုတံ = ကြားနာ၍ နေရပါပေ၏။ |
1,316,056 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝစ္ဆဂေါတ္တပရိဗိုဇ် = ဝစ္ဆအနွယ်မှာဖြစ်တဲ့ ပရိဗိုဇ်ကြီးက မြတ်စွာဘုရားကို လျှောက်ထားတဲ့ စကားပဲနော်။ |
1,316,057 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မြတ်စွာဘုရား ... တပည့်တော်တော့ ဒီလို ကြားနေတယ်။ |
1,316,058 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရဟန်း ဂေါတမဟာ ငါဘုရားကိုသာလျှင် အလှူဒါန ပေးလှူထိုက်တယ်။ |
1,316,059 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားမှ တစ်ပါး အခြားတစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါနကို မပေးလှူထိုက်ဘူး။ |
1,316,060 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ အလှူဒါနကို ပေးလှူထိုက်တယ်။ |
1,316,061 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ရဲ့ တပည့်သာဝကမှ အခြားတစ်ပါးသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို မပေးလှူထိုက်ဘူး။ |
1,316,062 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်အား ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ |
1,316,063 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အခြားအခြားသော ပုဂ္ဂိုလ်တွေအား ပေးလှူခဲ့ရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူး။ |
1,316,064 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ပေးလှူမှသာလျှင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ |
1,316,065 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ ရဟန်းဂေါတမက ပြောနေတယ်လို့ တပည့်တော်ကြားနေရပါတယ် ဆိုပြီးတော့ သူက လျှောက်ထားတယ်။ |
1,316,066 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို လျှောက်ထားပြီးတဲ့အခါမှာ သူ့စကားကတော့ မဆုံးသေးဘူး။ |
1,316,067 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မြတ်စွာဘုရားကို ဆက်လက်ပြီး သူက လျှောက်ထားပြန်တယ်။ |
1,316,068 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယေ တေ ဘော ဂေါတမ ဧဝမာဟံသု သမဏော ဂေါတမော ဧဝမာဟ မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ။ |
1,316,069 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ။ |
1,316,070 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ။ |
1,316,071 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။ |
1,316,072 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယေ တေ = အကြင်ပုဂ္ဂိုလ် တို့သည်ကား။ |
1,316,073 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဟံသု = ပြောဆိုကြကုန်၏။ |
1,316,074 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလိုပြောတယ်။ |
1,316,075 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လိုလဲ? သမဏော ဂေါတမော = ရဟန်းဂေါတမသည်။ |
1,316,076 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မယှမေဝ = ငါဘုရားအားသာလျှင်။ |
1,316,077 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ = အခြား တစ်ပါးသော ပုဂ္ဂိုလ်တို့အား။ |
1,316,078 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက် ပေ၏။ |
1,316,079 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ တစ်ပါးကုန်သော အခြားအခြားသော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ |
1,316,080 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါနံ= အလှူဒါနကို။ |
1,316,081 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ |
1,316,082 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | န မဟပ္ဖလံ = ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ |
1,316,083 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ |
1,316,084 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယေ တေ = အကြင်ပုဂ္ဂိုလ်တို့သည်။ |
1,316,085 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဟံသု = ပြောဆို၍ နေကြပါကုန်၏။ |
1,316,086 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ဂေါတမက ပြောနေတယ်။ |
1,316,087 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါ့ကိုသာလျှင် အလှူဒါနပေးလှူ ရမယ်။ |
1,316,088 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တခြားတခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါန မပေးလှူရဘူး။ |
1,316,089 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာလျှင် အလှူဒါန ပေးလှူရမယ်။ |
1,316,090 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တခြားတခြားသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို အလှူဒါန မပေးလှူရဘူး။ |
1,316,091 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ကို လှူမှသာလျှင် အကျိုးကြီးတယ်။ |
1,316,092 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူခဲ့ရင် အကျိုးမကြီးဘူး။ |
1,316,093 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေ ကို ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ |
1,316,094 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ အကြင်ပုဂ္ဂိုလ်တွေက ပြောနေ ကြတယ် အဲဒီလို ပြောတဲ့ပုဂ္ဂိုလ်တွေသည် ဘာဖြစ်လဲ? |
1,316,095 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ၁။ ကစ္စိ တေ ဘောတော ဂေါတမဿ ဝုတ္တဝါဒိနော? (အံ၊၁၊၁၆၁။ |
1,316,096 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) ဘော ဂေါတမ = အရှင်ဂေါတမ ...။ |
1,316,097 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကစ္စိ = အသို့ပါနည်း? တေ = ထိုပုဂ္ဂိုလ်တို့သည်။ |
1,316,098 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘောတော ဂေါတမဿ = အရှင်ဂေါတမအား။ |
1,316,099 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝုတ္တဝါဒိနော = အမှန်ကို ပြောဆို၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ |
1,316,100 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဟောန္တိ = ဖြစ်ကြပါ ကုန်သလား? |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.