id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,316,101
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်ကြပါရဲ့လား? တစ်ချက်နော်။
1,316,102
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ န စ ပန ဘဝန္တံ ဂေါတမံ အဘူတေန အဗ္ဘာစိက္ခန္တိ။
1,316,103
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ပန = နောက်တစ်မျိုးသော်ကား။
1,316,104
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘဝန္တံ ဂေါတမံ = အရှင်ဂေါတမကို။
1,316,105
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဘူတေန = မဟုတ်မမှန်သော စကားဖြင့်။
1,316,106
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကစ္စိ န စ အဗ္ဘာစိက္ခန္တိ = မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား?
1,316,107
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို မဟုတ်မမှန် မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား? နောက်တစ်ခု ---
1,316,108
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ ဓမ္မဿ စာနုဓမ္မံ ဗျာကရောန္တိ၊ (အံ၊၁၊၁၆၁။
1,316,109
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဓမ္မဿ စ = အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့တရားကိုလည်း။
1,316,110
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အနုဓမ္မံ = အစဉ်လျော်ညီတဲ့ တရားကို။
1,316,111
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကစ္စိ ပန ဗျာကရောန္တိ = ပြောကြား၍ နေကြပါကုန်သလား?
1,316,112
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရှင်ဂေါတမ ဟောနေတဲ့တရားကို အစဉ်လိုက်ပြီး ဟောနေတာ ဟုတ်ကြပါရဲ့လား?
1,316,113
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ န စ ကောစိ သဟဓမ္မိကော ဝါဒါနုပါတော ဂါရယှံ ဌာနံ အာဂစ္ဆတိ? (အံ၊၁၊၁၆၁။
1,316,114
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ကောစိ = တစ်စုံတစ်ခုသော။
1,316,115
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဟဓမ္မိကော = အကြောင်းတရားနှင့် တကွသော။
1,316,116
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဝါဒါနုပါတော = အရှင်ဂေါတမ ပြောဆိုနေတဲ့ မူရင်းစကားအစဉ် နောက်သို့ အစဉ်ကျရောက်လျက်ရှိသော တစ်ဆင့်ပြောကြားသော စကားသည်။
1,316,117
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဂါရယှံ ဌာနံ = ကဲ့ရဲ့ထိုက်တဲ့ အရာဌာနသို့။
1,316,118
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
န စ အာဂစ္ဆတိ = မရောက်ဘဲ ရှိပါရဲ့လား?
1,316,119
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီပြောနေတဲ့ စကားတွေဟာ အကြောင်းတရားနှင့် လျော်ညီနေသော အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့ မူရင်းစကားနောက်ကို အစဉ်လိုက်ပြီးတော့ တစ်ဆင့်ပြောကြားနေတဲ့ မကဲ့ရဲ့ထိုက်တဲ့ စကားတွေ ဟုတ်ကြ ပါရဲ့လားတဲ့။
1,316,120
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အနဗ္ဘက္ခာတုကာမာ ဟိ မယံ ဘဝန္တံ ဂေါတမံ။
1,316,121
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) မယံ = ဘုရားတပည့်တော်တို့သည်ကား။
1,316,122
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အနဗ္ဘက္ခာတုကာမာ = မစွပ်စွဲကြလိုပါကုန်။
1,316,123
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တပည့်တော်တို့ဟာ အရှင်ဂေါတမကို မစွပ်စွဲလိုကြပါဘူးဆိုပြီးတော့ ဒီမေးခွန်း (၄)ရပ်ကို သူက မေးတယ်။
1,316,124
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို မေးမြန်းလျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားဘက်က ဘာအဖြေပေးတော်မူသလဲ?
1,316,125
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယေ တေ ဝစ္ဆ ဧဝမာဟံသု -- သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ။
1,316,126
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။
1,316,127
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊၁၊၁၆၁၊၊)
1,316,128
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒကာတော် ဝစ္ဆပရိဗိုဇ် ... အကြင်ပုဂ္ဂိုလ်တွေဟာ ရဟန်းဂေါတမဟာ ငါ့ကိုသာ ပေးလှူရမယ်။
1,316,129
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြားတခြားသော ပုဂ္ဂိုလ်တွေကို မပေးလှူ ရဘူး။
1,316,130
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ ပေးလှူရမယ်။
1,316,131
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို မပေးလှူရဘူး။
1,316,132
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူရင် အကျိုးမကြီးဘူး၊ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးကြီးတယ်၊ အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို လှူရင် အကျိုးမကြီးဘူးဆိုပြီးတော့ ရဟန်းဂေါတမ ပြောနေပါတယ်လို့ အကြင်ပုဂ္ဂိုလ်တွေက ပြောကြတယ်တဲ့နော်။
1,316,133
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေသည် အမှန်ကို ပြောတာ ဟုတ်ရဲ့လားဆိုတာကို မြတ်စွာဘုရားက ဆက်ပြီး အဖြေပေးတော်မူတယ်။
1,316,134
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
န မေ တေ ဝုတ္တဝါဒိနော။
1,316,135
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) တေ = ထိုပုဂ္ဂိုလ်တို့သည်။
1,316,136
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မေ = ငါဘုရားအား။
1,316,137
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဝုတ္တဝါဒိနော = အမှန်ကိုသာ ပြောဆို၍ နေကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။
1,316,138
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
န ဟောန္တိ = မဖြစ်ကြပါကုန်။
1,316,139
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ငါဘုရားကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။
1,316,140
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဗ္ဘာစိက္ခန္တိ စ ပန မံ အသတာ အဘူတေန။
1,316,141
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) မံ စ = ငါဘုရားကိုလည်းပဲ။
1,316,142
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အသတာ = ထင်ရှားမရှိတဲ့။
1,316,143
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဘူတေန = မဟုတ်မမှန်တဲ့ စကားဖြင့်။
1,316,144
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဗ္ဘာစိက္ခန္တိ = စွပ်စွဲ၍ နေကြပါကုန်၏။
1,316,145
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားရှင်ကို ထင်ရှားမရှိတဲ့ မဟုတ်မမှန်တဲ့ စကားဖြင့် စွပ်စွဲနေကြတာသာ ဖြစ်ပါတယ်။
1,316,146
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို အဖြေပေးပြီးတော့မှ ဒီနေ့ တရားနာပရိသတ်တွေ လိုက်နာသင့် လိုက်နာထိုက်တဲ့ သိသင့်သိထိုက်တဲ့ အချက်ကလေးတွေကို မြတ်စွာဘုရား အနည်းငယ် ဆက်ပြီး ဟောပေးတော်မူပါတယ်။
1,316,147
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါး၏ အလှူဒါနကို တားမြစ်သူအတွက် အန္တရာယ် (၃) မျိုး
1,316,148
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ။
1,316,149
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော် ပရိဗိုဇ် ...။
1,316,150
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယော ခေါ = အကြင်သူသည်ကား။
1,316,151
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပရံ ဒါနံ ဒဒန္တံ = သူတစ်ပါး ပေးလှူ၍ နေသည်ကို။
1,316,152
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဝါရေတိ = တားမြစ်တတ်၏။
1,316,153
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါး ပေးလှူနေတာကို ပုဂ္ဂိုလ်တစ်ယောက်က တားမြစ်တတ်တယ်။
1,316,154
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒကာကြီးတွေက လှူချင်ရင် ဒကာမကြီးတွေက ကန့်ကွက်တယ်။
1,316,155
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒကာမကြီးတွေက လှူချင်ပြီဆိုရင် ဒကာကြီးက ကန့်ကွက်တယ်။
1,316,156
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သားသမီး တွေက လှူချင်ရင် မိဘတွေက ကန့်ကွက်တယ်။
1,316,157
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မိဘတွေက လှူချင်ရင် သားသမီးတွေက ကန့်ကွက်တယ် စတဲ့ ပုံစံမျိုးပဲနော်။
1,316,158
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါး ပေးလှူတော့မယ်ဆိုရင် ထိုပေးလှူနေတဲ့ အလှူဒါနကို လာပြီး တားမြစ်တယ်။
1,316,159
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ တားမြစ်တဲ့ပုဂ္ဂိုလ် ဘာလုပ်တာလဲ?
1,316,160
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ၊ တိဏ္ဏံ ပါရိပန္ထိကော။
1,316,161
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။
1,316,162
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သော = ထိုတားမြစ်တတ်တဲ့ ပုဂ္ဂိုလ်သည်။
1,316,163
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တိဏ္ဏံ = သုံးမျိုးတို့၏။
1,316,164
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အန္တရာယကရော = အန္တရာယ်ကို ပြုလုပ်တတ်သည်။
1,316,165
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပါရိပန္ထိကော = ဘေးဥပါဒ်တို့ကို ပြုလုပ် တတ်သည်။
1,316,166
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အန္တရာယ် (၃)မျိုး, ဘေးဥပါဒ် (၃)မျိုးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
1,316,167
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါး ပေးလှူနေတဲ့ အလှူဒါနတစ်ခုကို သွားပြီး တားမြစ်ရင် ဒီတားမြစ်တဲ့ ပုဂ္ဂိုလ်သည် အန္တရာယ် (၃)မျိုးကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။
1,316,168
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ (၃)မျိုးဆိုတာက ဘာတွေလဲ?
1,316,169
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ ဒါနကုသိုလ်၏ အန္တရာယ်
1,316,170
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ ဒါယကဿ ပုညန္တရာယကရော ဟောတိ၊ (အံ၊၁၊၁၆၁။
1,316,171
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) နံပါတ် (၁)နော်။
1,316,172
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါယကဿ = အလှူရှင်၏။
1,316,173
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပုညန္တရာယကရော = ကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။
1,316,174
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါနဆိုတာက လှူခဲ့မယ်ဆိုရင် အလှူရှင်ဒါယကာမှာ ကုသိုလ်တရားတွေ တိုးပွားမယ့်လုပ်ငန်း ဖြစ်တယ်။
1,316,175
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူရှင် ဒါယကာက လှူဖွယ်ဝတ္ထုပစ္စည်း တစ်ခုကို လှူတော့မယ်ကြံရင် မလှူဖို့ရန် ကန့်ကွက်တယ်။
1,316,176
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လှူမယ်ဆိုတဲ့ အလှူရှင်အတွက် ကုသိုလ်တရားတွေ ဖြစ်ဦးမလား? မဖြစ်ဘူး။
1,316,177
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကုသိုလ် ခေါ်တဲ့ ပုည = ကောင်းမှုကုသိုလ်တရားတွေကို မဖြစ်ပေါ်အောင် အန္တရာယ် ပြုလုပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။
1,316,178
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါက နံပါတ် (၁)နော်။
1,316,179
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၂)ကတော့ ဘာလဲ?
1,316,180
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ လာဘ်လာဘ၏ အန္တရာယ်
1,316,181
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊ (အံ၊၁၊၁၆၁။
1,316,182
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ပဋိဂ္ဂါဟကာနံ = အလှူခံပုဂ္ဂိုလ်တို့၏။
1,316,183
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လာဘန္တရာယကရော = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။
1,316,184
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူခံပုဂ္ဂိုလ်တွေ ရသင့်ရထိုက်တဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကိုလည်း ပြုလုပ်တတ်တယ်။
1,316,185
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။
1,316,186
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၃)ကျတော့ ဘာလဲ?
1,316,187
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ မိမိကိုယ်ကို မိမိ တူးဖြိုနေသူ
1,316,188
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။
1,316,189
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ပုဗ္ဗေဝ = ရှေးမဆွကပင်လျှင်။
1,316,190
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဿ = ထိုကန့်ကွက်၍နေတဲ့ ပုဂ္ဂိုလ်သည်။
1,316,191
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အတ္တာ = မိမိကိုယ်ကို။
1,316,192
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ခတော စ = ဂုဏ်ပျက်အောင် တူးဖြိုအပ်ပြီးသည်လည်း။
1,316,193
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဥပဟတော စ = ဂုဏ်သိက္ခာပျက်ပြားအောင် ညှဉ်းပန်းနှိပ်စက်အပ်ပြီးသည်လည်း။
1,316,194
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ကန့်ကွက်နေတဲ့ ပုဂ္ဂိုလ်ကို လှမ်းကြည့်နော်။
1,316,195
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူဟာ ကျေနပ်လို့ ကန့်ကွက်တာလား, မကျေနပ်လို့ ကန့်ကွက်တာလား? မကျေနပ်ဘူး။
1,316,196
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မကျေနပ်တာမှာ သူ့မှာ လောဘကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဒေါသ ကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဣဿာ, မစ္ဆရိယတွေ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားတွေ, ဝန်တိုတဲ့စိတ်ထားတွေကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်နော်။
1,316,197
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယစတဲ့ ဒီအကုသိုလ်တရားတွေ ဝင်ပြီး နှောင့်ယှက်ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို မိမိ ရှေးမဆွတည်းက မိမိဂုဏ်သိက္ခာတွေ ကျဆင်းသွားအောင် ကြိုတင်ပြီးတော့ တူးဖြိုနေတာပဲ။
1,316,198
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သိပ်လောဘကြီးတာပဲ၊ သိပ်ဒေါသကြီးတာပဲ၊ သိပ် မောဟထူပြောတာပဲ၊ သိပ်ပြီးတော့ ဣဿာ, မစ္ဆရိယတွေ များပြားတာပဲ စသည်ဖြင့် ဘေးပုဂ္ဂိုလ်တွေက ဝေဖန်ကြတော့မယ်။
1,316,199
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မိမိမှာ ရှိရင်းစွဲဖြစ်တဲ့ သီလ, သမာဓိ, ပညာဂုဏ်သိက္ခာတွေ အားလုံး ကျဆင်းသွားတာပဲ။
1,316,200
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီကိလေသာလက်နက်တွေနဲ့ မိမိကိုယ်ကို မိမိ တူးဖြိုနေပြန်တယ်။