id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,316,201 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လို တူးဖြိုတာလဲ? တူးတယ် ဖြိုတယ်ဆိုတာ ဒကာကြီးတွေ ကြည့်စမ်းကြည့်! တူးလို့ရှိရင် ဘာဖြစ်သွားလဲ? တွင်းက ဘာဖြစ်သွားလဲ? တူးလေ နက်လေပဲ။ |
1,316,202 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မိမိ နက်တဲ့ နေရာကို ဆင်းသွားဖို့ရန်အတွက် ကိုယ့်ကိုယ်ကို တူးဖြိုနေတာပဲ။ |
1,316,203 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လက်နဲ့ ယက်ပြီးတော့ အောက်ကို ဆင်းနေတဲ့ ပုံစံပဲနော်။ |
1,316,204 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီတော့ သူတစ်ပါး ကောင်းမှုကုသိုလ်ကို ကန့်ကွက်ရုံလေးနဲ့ပဲ ဘာကြောင့် ဒီလို လက်နဲ့ယက်ပြီး အောက်ကို ဆင်းရမလဲလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ |
1,316,205 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မေးစရာရှိတဲ့အခါကျတော့ အဖြေကတော့ သူတစ်ပါးတို့ရဲ့ ကောင်းမှုကုသိုလ်ကို ကန့်ကွက်တားမြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လောဘ, ဒေါသ, မောဟစတဲ့ အကုသိုလ်တရားတွေက နည်းပါးလို့ ကန့်ကွက်တာလား, များပြားလို့ ကန့်ကွက်တာလားလို့မေးရင် များပြားတဲ့ ထုထည်တွေ ရှိတယ်နော်။ |
1,316,206 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူခံပုဂ္ဂိုလ်အပေါ်မှာ မကျေနပ်လို့ ဒေါသဖြစ်လို့ ဒေါသကို အခြေခံ ပြီးတော့ သို့မဟုတ် လှူဖွယ်ဝတ္ထုအပေါ်မှာ တွယ်တာတပ်မက်တဲ့ လောဘ ဖြစ်နေလို့ လောဘကို အခြေခံပြီးတော့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ |
1,316,207 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူခံပုဂ္ဂိုလ်, အလှူပေးတဲ့ပုဂ္ဂိုလ် နှစ်ဖက်လုံးအပေါ်မှာ မကျေနပ်လို့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ |
1,316,208 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်တစ်ခုကတော့ ဣဿာ = မလိုမုန်းထားတဲ့ စိတ်ထား။ |
1,316,209 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မစ္ဆရိယ = ဝန်တိုတဲ့ စိတ်ထားတွေကြောင့် ကန့်ကွက်နေတာတွေလည်း မဖြစ်နိုင် ဘူးလား? ဖြစ်နိုင်တယ်။ |
1,316,210 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မာန = ကိုယ့်ထက်သာသွားမှာစိုးလို့။ |
1,316,211 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူရှင်က ဒီလိုလှူလိုက်လို့ရှိရင် ကိုယ်က နည်းနည်း လှူနိုင်တယ်။ |
1,316,212 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူက များများ လှူနိုင်တော့ ကိုယ့်ထက်သာ မနာလိုလို့ မကျေနပ်လို့ ကန့်ကွက်တာတွေလည်း မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ |
1,316,213 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယတရားတွေကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးနေတဲ့ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ တူးဖြို နေတဲ့ပုဂ္ဂိုလ်။ |
1,316,214 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်နေတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ |
1,316,215 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို တူးဖြိုနေတဲ့ ပုဂ္ဂိုလ်ရဲ့ လားရာဂတိသည် ကောင်းတဲ့ဂတိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ |
1,316,216 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အားလုံး ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ |
1,316,217 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထုံးကလေးတစ်ခုကိုတော့ နာဖူးထပ်မံအနေနဲ့ ပြောကြရအောင်နော်။ |
1,316,218 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်လောသကတိဿမထေရ်အလောင်း |
1,316,219 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်လောသကတိဿမထေရ်အလောင်းလျာဖြစ်တဲ့ သူတော်ကောင်းဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းတုန်းက --- သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူး ပါတယ်။ |
1,316,220 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | --- ဘိက္ခဝေ ဧသော ဘိက္ခု အတ္တနော အလာဘိဘာဝဉ္စ အရိယဓမ္မလာဘိဘာဝဉ္စ အတ္တနာဝ အကာသိ။ |
1,316,221 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အယဥှိ ပုဗ္ဗေ ပရေသံ လာဘန္တရာယံ ကတွာ အပ္ပလာဘီ ဇာတော၊ အနိစ္စံ, ဒုက္ခံ, အနတ္တာတိ ဝိပဿနာယ ယုတ္တဘာဝဿ ဗလေန အရိယဓမ္မလာဘီ ဇာတော။ |
1,316,222 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဧသော ဘိက္ခု = ဤရဟန်းသည်ကား။ |
1,316,223 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလာဘိဘာဝဉ္စ = လာဘ်လာဘ မရရှိနိုင်သည့် အဖြစ်ကိုလည်းကောင်း။ |
1,316,224 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရိယဓမ္မလာဘိဘာဝဉ္စ = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်ကို ရရှိသည်၏ အဖြစ်ကို လည်းကောင်း။ |
1,316,225 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကာသိ = ပြုလုပ်ခဲ့ လေပြီ။ |
1,316,226 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အယံ = ဤရဟန်းတော်သည်။ |
1,316,227 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုဗ္ဗေ = ရှေးအတိတ်ဘဝ၌။ |
1,316,228 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပရေသံ = သူတစ်ပါးတို့၏။ |
1,316,229 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လာဘန္တရာယံ = လာဘ်လာဘ၏ အန္တရာယ်ကို။ |
1,316,230 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကတွာ = ပြုကျင့်ခဲ့မိသည့်အတွက်ကြောင့်။ |
1,316,231 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အပ္ပလာဘီ = နည်းပါးသော လာဘ်လာဘကို ရခြင်းရှိတဲ့ ရဟန်းတော်သည်။ |
1,316,232 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဇာတော = ဖြစ်ခဲ့ရလေပြီ။ |
1,316,233 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သင်္ခါရေ = ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် ရုပ်+နာမ်+ ကြောင်း+ကျိုး = သင်္ခါရတရားတို့ကို။ |
1,316,234 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အနိစ္စံ, ဒုက္ခံ, အနတ္တာတိ = အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု။ |
1,316,235 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝိပဿနာယ = ဝိပဿနာကို။ |
1,316,236 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယုတ္တဘာဝဿ = ကြိုးစား အားထုတ်ခဲ့သည်၏ အဖြစ်၏။ |
1,316,237 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဗလေန = စွမ်းအားရှိန်စော် အာနုဘော်ကြောင့်။ |
1,316,238 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရိယဓမ္မလာဘီ = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော တရားထူး တရားမြတ်ကို ရခြင်းရှိတဲ့ပုဂ္ဂိုလ်သည်။ |
1,316,239 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ချစ်သားရဟန်းတို့ ... ဒီလောသကတိဿရဟန်းတော်ဟာ မိမိရဲ့ လာဘ်လာဘ မရရှိခြင်းဆိုတဲ့ ဘဝကိုလည်း မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့တယ်၊ ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်ကို ရရှိခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်းပဲ မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့ပါတယ်။ |
1,316,240 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလောသကတိဿဟာ ဟို ရှေးအတိတ်ဘဝ ကဿပဘုရားရှင်လက်ထက်တော်အခါက ရဟန္တာမထေရ်မြတ် ဖြစ်တော်မူတဲ့ သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒီဘဝမှာ သူဟာ လာဘ်လာဘ မရရှိခြင်း ဖြစ်တယ်။ |
1,316,241 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါပေမယ့် သူဟာ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရားတွေကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့ဖူး ပြန်တယ်။ |
1,316,242 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် အတိတ်ဘဝကရော ယခုဘဝမှာရော သူ့ရဲ့ ဝိပဿနာ ဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးတဲ့ ဝိပဿနာကုသိုလ် ဝိပဿနာဉာဏ်တွေရဲ့ စွမ်းအားကြောင့် အရဟတ္တဖိုလ်တိုင်အောင်သော ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်တွေကို ရရှိခြင်း ဖြစ်တယ်လို့ ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပြီးနောက် --- သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မ... |
1,316,243 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော် သူ့ရဲ့ ဝိပဿနာဉာဏ်တွေဟာ သိပ်ပြည့်ပြည့်စုံစုံတော့ ပရမတ္ထ ဓာတ်သားတွေကို သိရှိဟန် မတူဘူး။ |
1,316,244 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အချို့အဝက်လောက်ပဲ သိပုံရတယ်။ |
1,316,245 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ |
1,316,246 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကြောင်းကတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းမှာ --- အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပြန်တယ် --- |
1,316,247 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို တကယ်လက်တွေ့ ရှုနိုင်လို့ အကြောင်းတရားနှင့် အကျိုးတရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတတ်တဲ့ ပိုင်းပိုင်းခြားခြား သိတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ပြည့်စုံတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ဝိပဿကပုဂ္ဂိုလ်ဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာ... |
1,316,248 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် အရှင်လောသကတိဿအလောင်းအလျာဖြစ်တဲ့ သူတော်ကောင်းရဲ့ ဝိပဿနာဉာဏ်ဟာ သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာ ပမာဏကို စံချိန်မီပုံတော့ မရဘူးလို့ ယူဆရပါတယ်။ |
1,316,249 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကြောင်း ကတော့ သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်ကြောင်းကြောင့် ဖြစ်ပါတယ်။ |
1,316,250 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူဟာ ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းတုန်းက သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ |
1,316,251 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူကြွယ်တစ်ဦးကို အမှီပြုပြီးတော့ ရွာငယ်ငယ်ကလေး တစ်ရွာမှာ သီတင်းသုံးခဲ့ပါတယ်။ |
1,316,252 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပင်ကိုသဘောအားဖြင့် သီလရှိတဲ့ သူတော်ကောင်း တစ်ဦးလည်း ဖြစ်တယ်၊ ဝိပဿနာဘာဝနာကို အပြင်းအထန် ကြိုးစားအားထုတ်သူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ |
1,316,253 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော် ကံဆိုးမိုးမှောင်ကျချင်တော့ တစ်နေ့မှာ မမျှော်လင့်သော အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်တယ်။ |
1,316,254 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဂန္တုက ရဟန္တာမထေရ်မြတ်ကို ပြစ်မှားမိခြင်း |
1,316,255 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တစ်နေ့မှာ ကျင့်ဝတ်ပဋိပတ်တွေကို အညီအမျှ ကျင့်သုံးလျက်ရှိတော်မူတဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးကလည်း အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာလိုက်တာ အဲဒီအလုပ်အကျွေး ဥပသကာတို့ နေထိုင်ရာ ရွာငယ်ကလေးသို့ ဆိုက်ရောက်တော်မူလာခဲ့ပါတယ်။ |
1,316,256 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူကြွယ်ကလည်း ရဟန္တာ မထေရ်မြတ်ကြီးရဲ့ သွားလာပုံ ဣရိယာပုထ်တွေကို ကြည့်ပြီးတော့ အလွန် ကြည်ညိုသွားတဲ့အတွက် မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ကာ အိမ်တွင်းသို့ ကြွရောက်တော်မူပါရန် ရိုရိုသေသေ ပင့်ဖိတ်ပြီးတော့ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို ဆက်ကပ်လှူဒါန်း ပူဇော်တယ်။ |
1,316,257 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဆွမ်းကိစ္စ ပြီးဆုံးသွားတဲ့ အခါမှာ မထေရ်မြတ်ကြီးက အလှူခံရဟန်းတော်များဘက်က ပြုကျင့်ရမယ့် တာဝန်ဝတ္တရားအတိုင်း တရားစကားလည်း အနည်းငယ် ဟောကြားပေး တော်မူပါတယ်။ |
1,316,258 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါယကာ သူကြွယ်ကလည်း တိုင်းထက်အလွန် ကြည်ညို သွားပြန်တယ်။ |
1,316,259 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မထေရ်မြတ်ကြီးကို ရှိခိုးပြီးတော့ သူက လျှောက်ထားပြန် တယ်။ |
1,316,260 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ဘုရား တပည့်တော် ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းသို့သာ ကြွတော်မူပါ၊ တပည့်တော်တို့လည်း ညနေချမ်းအခါမှာ လာရောက်ကာ ဖူးမြော်ကန်တော့ပါမယ်လို့ လျှောက်ထားလိုက်တယ်။ |
1,316,261 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရဟန္တာမထေရ်မြတ်ကြီးကလည်း ကျောင်းရောက်တဲ့အခါ အရှင်လောသကတိဿမထေရ်အလောင်းဖြစ်မယ့် ကျောင်းထိုင်ဆရာတော်ကို ရှိခိုး ဝတ်ပြုပြီးနောက် နေထိုင်ဖို့နေရာကို ပန်ကြားလျှောက်ထားပြီးတော့ သင့်တင့်တဲ့ တစ်နေရာမှာ ထိုင်လိုက်ပါတယ်။ |
1,316,262 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်းထိုင်ဆရာတော်ကလည်း ပဋိသန္ထာရစကား ပြောကြားပြီးနောက် ဆွမ်းအာဟာရမျှတအောင် ရရှိခဲ့ပါရဲ့လားလို့ မေးကြည့်တယ်။ |
1,316,263 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဂန္တု မထေရ်ကလည်း အရှင်ဘုရားတို့ရဲ့ အမြဲတမ်း ဆွမ်းခံနေကျ ဆွမ်းခံရွာမှာရှိတဲ့ သူကြွယ်အိမ်၌ ရရှိခဲ့ပါကြောင်း စသည်ဖြင့် တင်ပြလျှောက်ထားတယ်။ |
1,316,264 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလို ပဋိသန္ထာရစကားတွေကို ပြောကြားပြီးနောက် မိမိ သီတင်းသုံး ရမယ့် ကျောင်းအိပ်ရာနေရာကို မေးမြန်းလျှောက်ထားပြီး ကျောင်းကို သန့်ရှင်းရေးပြုလုပ်ကာ သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်းပြီးတော့ စျာန်ချမ်းသာ ဖလသမာပတ်ချမ်းသာတွေဖြင့် အချိန်ကို ကုန်လွန်စေလျက် သီတင်းသုံး တော်မူနေလိုက်ပါတယ်။ |
1,316,265 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူကြွယ်ကျောင်းဒကာကလည်း ညနေချမ်းအခါ နံ့သာပန်းဆီမီးတွေကို လက်စွဲပြီးတော့ ကျောင်းရောက်လာတယ်။ |
1,316,266 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်းထိုင်ဆရာတော်အား ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် အာဂန္တုရဟန်းတော်အကြောင်းကို မေးမြန်း လျှောက်ထားကာ အာဂန္တုရဟန်းတော်ကို သွားရောက်ကာ ရှိခိုးဝတ်ပြုပြီး ထိုင်နေလိုက်တဲ့အခါ အာဂန္တုရဟန်းတော်ကလည်း ဝတ္တရားအတိုင်း သင့်တင့်လျောက်ပတ်တဲ့ တရားစကားတော်များကို ဟောကြားပေးတော်မူလိုက် ပါတယ်။ |
1,316,267 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ညနေချမ်းအခါရောက်တော့ စေတီတော်နှင့် ဗောဓိပင်ကို ရှိခိုး ပူဇော်ပြီးနောက် မထေရ်မြတ်နှစ်ပါးလုံးကိုပဲ မနက်ဖြန်အတွက် ဆွမ်းဖြင့် ပင့်ဖိတ်ကာ ပြန်သွားလိုက်တယ်။ |
1,316,268 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဣဿာ မစ္ဆရိယ၏ စွမ်းအား |
1,316,269 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဂန္တုကိုယ်တော်အပေါ်၌ ကျောင်းဒကာရဲ့ ကြည်ညိုလေးစားမှု အပေါ်မှာ ကျောင်းထိုင်ဆရာတော် သို့မဟုတ် ကျောင်းနေရဟန်းဖြစ်တဲ့ အရှင်လောသကတိဿအလောင်း ရဟန်းတော်က မကျေမနပ် တော်တော် ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုတဲ့ ဣဿာတရား, ကိုယ့်ဒါယကာနှင့် ဆက်ဆံမှုကို သည်းမခံနိုင်တဲ့ မစ္ဆရိယတရားတွေကို မွေးမြူရေး လုပ်နေမိတယ်။ |
1,316,270 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီသူကြွယ်ကတော့ ငါ့ကို ပျက်စီးအောင် ဖျက်ဆီးနေပြီ၊ အကယ်၍ ဒီအာဂန္တုရဟန်းတော်ဟာ ဒီကျောင်းမှာ ဆက်လက်နေထိုင်မယ်ဆိုရင်တော့ ဒီဒကာဟာ ငါ့ကို ထည့်တောင် ရေတွက်မှာ မဟုတ်တော့ဘူးလို့ သူက ယူဆနေတယ်။ |
1,316,271 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဣဿာ, မစ္ဆရိယတရားတွေရဲ့ စွမ်းအားပဲ။ |
1,316,272 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် အာဂန္တု ရဟန်းတော်အပေါ်မှာ တော်တော်လေး မကျေမချမ်း ဖြစ်နေတဲ့အတွက် ဒီကျောင်းမှာ ဒီကိုယ်တော် မနေနိုင်အောင် ငါပြုလုပ်သင့်တယ်ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေတယ်။ |
1,316,273 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါနဲ့ သူက ဘာလုပ်သလဲ? |
1,316,274 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘုရားရှင်များက မိမိတို့ရဲ့ တပည့်သာဝကတွေကို ညနေချမ်းအခါ မထေရ်ကြီးများထံ ချဉ်းကပ်ကာ အဆုံးအမဩဝါဒကို ခံယူရမယ်လို့ ဆိုဆုံးမ ထားတော်မူတဲ့အတိုင်း ညနေချမ်းအခါမှာ အာဂန္တုကိုယ်တော်က မိမိထံသို့ ဆည်းကပ်လာတဲ့အခါ စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်တယ်။ |
1,316,275 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဂန္တု ရဟန္တာမထေရ်မြတ်ကလည်း ဒီကျောင်းထိုင်ဘုန်းကြီးရဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သူတစ်ပါးတို့ရဲ့ စိတ်ကို သိနိုင်တဲ့ ပရစိတ္တဝိဇာနနအဘိညာဏ် ဉာဏ်တော်ဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်တဲ့အခါ ကောင်းကောင်းကြီး သိရှိ သွားတော်မူပါတယ်။ |
1,316,276 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အင်း ဒီကိုယ်တော်ကတော့ ဒကာ ဒကာမတွေအပေါ် ဂိုဏ်းဂဏတွေအပေါ်မှာ ငါ့ရဲ့ တွယ်တာမှု မက်မောမှု ကြောင့်ကြမှု တောင့်တမှု မရှိတဲ့ သဘောတရားကို သိပုံတော့ မရဘူးလို့ ဒီလို နှလုံးပိုက်ကာ မိမိနေရာဌာနသို့ ပြန်ကြွကာ စျာန်ချမ်းသာ အရဟတ္တဖိုလ်သမာပတ်ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေလိုက်တယ်။ |
1,316,277 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်တစ်နေ့ နံနက် မိုးသောက်အလင်းသို့ ရောက်ရှိလာပြီ၊ ဘာလုပ်သလဲ? ကျောင်းထိုင်ဘုန်းကြီးက လက်သည်းဖြင့် ခေါင်းလောင်းထိုးစည်ကို တီးလိုက်တယ်၊ လက်သည်းဖြင့် အာဂန္တုကိုယ်တော်ရဲ့ ကျောင်းတံခါးကို ခေါက် လိုက်တယ်။ |
1,316,278 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပြီးတော့ သူတစ်ပါးတည်း ကျောင်းဒကာ သူကြွယ်အိမ်ကို ကြွသွားလိုက်တယ်။ |
1,316,279 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်းဒကာကလည်း ဘုန်းကြီးရဲ့ သပိတ်ကို ဆီးယူကာ အိမ်တွင် အသင့်ခင်းထားတဲ့ နေရာသို့ အရောက်ပင့်ဆောင်သွားလိုက်ပါတယ်။ |
1,316,280 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာက အာဂန္တုကိုယ်တော်အကြောင်းကို မေးမြန်းလျှောက်ထားတဲ့ အခါ ကျောင်းထိုင်ဘုန်းကြီးက ဘာပြောသလဲ? --- |
1,316,281 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာ ... မင်းဘုန်းကြီးအကြောင်းတော့ ငါမသိဘူး၊ ငါက ထိုးစည် ထိုးတာတောင်မှ, တံခါးကို ရိုက်ခတ်နှိုးတာတောင်မှ မနိုးနိုင်ဘူး၊ မနေ့က မင်းအိမ်မှာ မွန်မြတ်တဲ့ ခဲဖွယ် ဘောဇဉ်အကောင်းတွေကို အားရှိပါးရှိ တဝကြီး စားခဲ့ဟန်တူတယ်။ |
1,316,282 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် အစာကို ကျက်အောင် မခြေချက်နိုင် ဖြစ်နေပုံ ရတယ်။ |
1,316,283 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ခုအထိ အိပ်ပျော်နေတုန်းပဲ ရှိပုံရတယ်။ |
1,316,284 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မင်းက ကြည်ညိုတဲ့အခါ ဒီလိုပုဂ္ဂိုလ်မျိုး ဒီလိုနေရာဌာနမျိုးတွေကိုမှ ကြည်ညိုတာကိုးလို့ ဒီလို သူက ပြောလိုက်တယ်။ |
1,316,285 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီအချိန်လောက်မှာပဲ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ် ကလည်း မိမိရဲ့ ဆွမ်းခံချိန်ကို ကောင်းစွာ မှတ်သားပြီးတော့ ကိုယ်လက်သုတ်သင်ခြင်းအမှု ပြုကာ သပိတ်သင်္ကန်းကို ယူဆောင်ပြီးတော့ စျာန်အဘိညာဏ် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်တော်မူကာ အခြားအရပ်တစ်ပါးသို့ ကြွသွားတော်မူလိုက်ပါတယ်။ |
1,316,286 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်းဒကာကလည်း လိမ္မာပါးနပ်သူ ဖြစ်လေတော့ ကျောင်းထိုင်ဘုန်းကြီးကို ထောပတ်-ပျား-သကာတို့ဖြင့် စီမံထားတဲ့ နို့ဃနာဆွမ်းကို ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် သပိတ်ကို အနံ့ပျောက်အောင် နံ့သာမှုန့်တွေနဲ့ သုတ်သင်ကာ နောက်ထပ် အလားတူ စီမံထားတဲ့ နို့ဃနာဆွမ်းတွေကို သပိတ်အပြည့်ထည့်ကာ --- |
1,316,287 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ဘုရား ... အဲဒီမထေရ်ကြီးဟာ ခရီးပန်းလာပုံရပါတယ် ဘုရား ဤဆွမ်းကို အဲဒီမထေရ်မြတ်ကြီးအတွက် ဆောင်ယူသွားတော်မူပါဘုရားလို့ ဒီလိုလျှောက်ထားပြီး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ |
1,316,288 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မိမိကိုယ်ကို မိမိ တူးဖြိုလိုက်ပြီ |
1,316,289 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်းထိုင်ဘုန်းကြီးကလည်း ကျောင်းဒကာစကားကို မလွန်ဆန်ချင်တဲ့အတွက် မပယ်မြစ်တော့ဘဲ ယူဆောင်လာခဲ့ပါတယ်။ |
1,316,290 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လမ်းခုလတ် တစ်နေရာရောက်တော့ သူက စဉ်းစားတယ်၊ ဘယ်လိုစဉ်းစားသလဲ? |
1,316,291 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကယ်၍ ဒီကိုယ်တော်ဟာ ဒီလို ကောင်းမွန်တဲ့ နို့ဃနာဆွမ်းတွေကိုသာ ဘုဉ်းပေးသုံးဆောင်နေရမယ်ဆိုရင် လည်ပင်းဆွဲပြီးတော့ နှင်ထုတ် တောင်မှ ဒီကျောင်းက ထွက်ခွာသွားမှာ မဟုတ်ဘူး။ |
1,316,292 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကယ်၍ ငါက ဒီနို့ဃနာဆွမ်းကို လူတွေကို ပေးလိုက်မယ်ဆိုရင်လည်း ငါ့ရဲ့ လုပ်ရပ်က သိပ်ထင်ရှားသွားမယ်၊ အကယ်၍ ရေထဲ သွားသွန်လောင်းချလိုက်မယ်, မျှော လိုက်မယ်ဆိုရင်လည်း ရေမျက်နှာပြင်ပေါ်မှာ ထောပတ်ဆီတွေက ပေါ်တက် လာကာ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားနေပေလိမ့်မယ်။ |
1,316,293 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကယ်၍ မြေပြင်ပေါ်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်လည်း ကျီးကန်းတွေ စုရုံးရောက်ရှိလာတာနဲ့ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားပေါ်လွင်လာလိမ့်မယ်။ |
1,316,294 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါဘယ်မှာ သွားစွန့်ပစ်ရရင် ကောင်းမလဲလို့ သူက စဉ်းစားခန်းဝင်နေတယ်။ |
1,316,295 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မိမိကိုယ်ကို မိမိ တူးဖြိုဖို့ရန်အတွက် လက်နဲ့ယက်ပြီး ဆင်းဖို့ရန်အတွက် အကွက်ကို ရှာဖွေနေခြင်း ဖြစ်တယ်။ |
1,316,296 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလို စဉ်းစားဆင်ခြင်ပြီးတော့ သူဘာလုပ်သလဲ? |
1,316,297 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မလှမ်းမကမ်းကို လှမ်းကြည့်လိုက်တော့ မီးလောင်နေတဲ့ လယ်ခင်း တစ်ခုကို သွားတွေ့တယ်။ |
1,316,298 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီနေရာကို အရောက်သွားပြီးတော့ မီးကျီးခဲ တွေကို ဘေးကို ယက်ထုတ်လိုက်တယ်၊ ပြီးတော့ ကျန်နေတဲ့ မီးကျီးခဲတွေ ပေါ်ကို နို့ဃနာဆွမ်းတွေကို လောင်းချလိုက်တယ်။ |
1,316,299 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နို့ဃနာဆွမ်းတွေရဲ့ အထက်က မီးကျီးခဲတွေနဲ့ ထပ်ပြီး ဖုံးထားလိုက်တယ်။ |
1,316,300 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လက်ငုပ်မပေါ်အောင် မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းကို ပိပိရိရိ ဆောင်ရွက်လိုက်ခြင်းပဲ ဖြစ်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.