id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,316,301
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းတွေကို အချက်ကျကျ စီမံ ဆောင်ရွက်ပြီးတဲ့အခါ ကျောင်းကို ပြန်ကြွသွားလိုက်တော့ ထိုအာဂန္တုရဟန်းတော်ကို မတွေ့တော့ဘူး။
1,316,302
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
စဉ်းစားပြီ --- ဘယ်လိုစဉ်းစားသလဲ?
1,316,303
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဒ္ဓါ သော ဘိက္ခု ခီဏာသဝေါ မမ အဇ္ဈာသယံ ဝိဒိတွာ အညတ္ထ ဂတော ဘဝိဿတိ၊ အဟော မယာ ဥဒရဟေတု အယုတ္တံ ကတံ။
1,316,304
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဇာတက၊ဋ္ဌ၊၁၊၂၅၆။
1,316,305
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) = မချွတ်ဧကန်တော့ ဒီရဟန်းတော်ဟာ ကိလေသာအာသဝေါ ကုန်ခန်း တဲ့ ရဟန္တာကိုယ်တော်တစ်ပါး ဖြစ်ပုံရတယ်၊ ငါ့ရဲ့ မကောင်းတဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သိရှိတော်မူသည့်အတွက် အခြားတစ်နေရာသို့ ကြွသွားတာ ဖြစ်လိမ့်မယ်။
1,316,306
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဟာ ဝမ်းရေးကို အကြောင်းပြုပြီးတော့ မပြုသင့် မပြုထိုက်တဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခဲ့မိပြီပေါ့ ---
1,316,307
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဆိုပြီး အကြီးအကျယ် စိတ်မချမ်းသာမှု ဒေါမနဿတရားတွေ ထင်ရှား ဖြစ်ပေါ်ခဲ့တယ်။
1,316,308
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပြုခဲ့မိတာ မှားလေခြင်းဆိုတဲ့ ပြုမိတဲ့ ဒုစရိုက်ကို အကြောင်းခံပြီးတော့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရားတွေက စိတ်အစဉ်ဝယ် နေရာအပြည့် ယူနေကြပြီ ဖြစ်တယ်။
1,316,309
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကုက္ကုစ္စတရားဆိုတာက ပြုပြီးတဲ့ ဒုစရိုက်တွေကို အကြောင်းပြုပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတယ်။
1,316,310
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မပြုကျင့်မိ မပြုကျင့်လိုက်မိတဲ့ ကောင်းမှုသုစရိုက်တရားတွေကို အကြောင်းပြုပြီးတော့လည်း ဒီကောင်းမှုတွေကို ငါမပြုမိလိုက်ရလေခြင်း ဆိုပြီးတော့လည်း နောင်တတစ်ဖန် ပူပန်နေတယ်။
1,316,311
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဆူးစူးနေတဲ့နေရာကို အခြားဆူးတစ်ခုနှင့် ထပ်ပြီး ထွင်နေတာနဲ့ တူတယ်။
1,316,312
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ပူပန်နေတဲ့ သဘောတရားကို ကုက္ကုစ္စ လို့ ခေါ်တယ်။
1,316,313
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ ကုက္ကုစ္စ တရား စိတ်အစဉ်မှာ ထင်ရှားဖြစ်နေခြင်းဟာလည်း မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်နေတဲ့ လုပ်ငန်း တစ်ခုပဲ ဖြစ်တယ်။
1,316,314
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လူပြိတ္တာဘဝ
1,316,315
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ အလှူရှင်ဖြစ်တဲ့ ကျောင်းဒကာရဲ့ နောက်နောက်ရက်တွေမှာ ပြုလုပ်မယ့် ကောင်းမှုကုသိုလ်ရဲ့ အန္တရာယ်ကို ပြုလိုက်တာက အကြောင်းတစ်ခု၊
1,316,316
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ အလှူခံဖြစ်တဲ့ ရဟန္တာမထေရ်မြတ်ရဲ့ ရသင့် ရထိုက်တဲ့ လာဘ်လာဘကို အန္တရာယ်ပြုလိုက်တာက အကြောင်းတစ်ခု၊
1,316,317
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်း လုပ်ပြီးတော့ လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ-စတဲ့ အကုသိုလ်တရားတွေကို မွေးမြူရေး လုပ်လိုက်တာက အကြောင်းတစ်ခု၊ ---
1,316,318
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အကြောင်းတရား သုံးခု စုံမသွားဘူးလား? စုံသွားတယ်။
1,316,319
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို စုံသွားတဲ့အတွက် ဘာဖြစ်လာသလဲ?
1,316,320
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တတော ပဋ္ဌာယေဝ စ မနုဿပေတော ဟုတွာ န စိရေဿဝ ကာလံ ကတွာ နိရယေ နိဗ္ဗတ္တိ။
1,316,321
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) အဲဒီအချိန်အခါက စပြီး သူပြုစုပျိုးထောင်လိုက်တဲ့ အကုသိုလ်ကံတွေက ဒိဋ္ဌဓမ္မအကျိုးပေးပြီ။
1,316,322
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ခန့်မှန်းကြည့်ရတာ ကျောင်းဒကာကလည်း သဒ္ဓါတရား ပျက်ပြားသွားပုံရတယ်၊ ယခင်ကကဲ့သို့ လှူဒါန်းပုံမပေါ်တော့ဘူး။
1,316,323
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အငတ်ငတ် အပြတ်ပြတ်နဲ့ လူပြိတ္တာဘဝ ရောက်ရှိသွားတယ်။
1,316,324
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်ဖန် သေပြန်တော့လည်း ဘယ်ရောက်သွားပြန်သလဲ?
1,316,325
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလောသကတိဿမထေရ်အလောင်းဟာ ထိုဘဝမှာ အနှစ်နှစ်သောင်းတိုင်တိုင် သီလ, သမာဓိ, ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ကျင့်ခဲ့သော်လည်း ထိုကောင်းမှုကုသိုလ်တွေက သေခါနီးကာလမှာ သူ့ကို အပါယ်ဘေးမှ လွတ်အောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအား မရှိကြ တော့ဘဲ မိမိကိုယ်ကို နက်တဲ့နေရာသို့ သက်ဆင်းဖို့ရန် တူးဖြိုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတ...
1,316,326
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘီလူးဘဝခွေးဘဝ
1,316,327
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငရဲမှာ နှစ်သိန်းပေါင်းများစွာ ခံရပြန်တယ်။
1,316,328
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငရဲမှ ကျွတ်လာတဲ့အခါ ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ဘီလူး ဖြစ်ရပြန်တယ်။
1,316,329
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်နေ့မှ ဝမ်းပြည့်အောင် အစာကို မရရှိစဖူးဘူး။
1,316,330
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်ရက်မှာတော့ ကိုယ်ဝန်သည် အမျိုးသမီး မီးဖွားလို့ စွန့်ပစ်လိုက်တဲ့ ကိုယ်ဝန်အညစ်အကြေးတွေကို ဝမ်းပြည့် အောင် ရရှိဖူးတယ်။
1,316,331
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘီလူးဘဝ (၅၀၀)မှာ ဒီတစ်ကြိမ်ပဲ ဝမ်းပြည့်အောင် စားခဲ့ရဖူးတယ်။
1,316,332
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဘီလူးဘဝမှတစ်ဆင့် ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ခွေးဖြစ်ရ ပြန်တယ်။
1,316,333
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီခွေးဘဝတွေမှာလည်း တစ်ခုသော ခွေးဘဝမှာ တစ်ရက်တည်းပဲ အခြားခွေးတစ်ကောင်ရဲ့ အန်ဖတ်ကို ဝအောင် စားခဲ့ရဖူးတယ်။
1,316,334
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကြွင်းသောဘဝ ကြွင်းသောရက်တွေမှာ ဝမ်းပြည့်အောင် တစ်ခါမျှ အစာအာဟာရကို မစားသုံးခဲ့ရဖူးဘူး။
1,316,335
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဒီလိုနဲ့ပဲ သံသရာခရီးကို ဆင်းဆင်းရဲရဲနှင့် ဆက်လက်ပြီး ကျင်လည် လာလိုက်တာ လူ့ဘဝ တိရစ္ဆာန်ဘဝ စသည်ဖြင့် တော်တော် စုံလင်ခဲ့ပါတယ်။
1,316,336
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အငတ်ငတ် အပြတ်ပြတ်နဲ့သာ ကျင်လည်ခဲ့ရတယ်။
1,316,337
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်ဆုံးဘဝ
1,316,338
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်ဆုံးဘဝမှာတော့ ကောသလတိုင်းအတွင်း အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ တံငါရွာ တစ်ရွာမှာ ငါးစိမ်းသည်မ တစ်ဦးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ ယူလာပြန်တယ်။
1,316,339
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုအမျိုးကောင်းသား ပဋိသန္ဓေယူတဲ့နေ့က စပြီး တံငါရွာ တစ်ရွာလုံး ငါးရှာမရ ဖြစ်နေကြပြန်တယ်။
1,316,340
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအချိန်အခါက စပြီးတော့ တံငါသည်တွေရဲ့ တံငါလုပ်ငန်းရပ်တွေဟာ ဆုတ်ယုတ်ပျက်စီး လာကြတယ်။
1,316,341
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုအမျိုးကောင်းသား မိခင်ဝမ်းတွင်းမှာ တည်ရှိနေတုန်း အဲဒီတံငါရွာဟာ (၇)ကြိမ်တိုင်တိုင် မီးလောင်ခံရတယ်။
1,316,342
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(၇)ကြိမ်တိုင်တိုင် မင်းပြစ်ဒဏ် ခံကြရတယ်။
1,316,343
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တဖြည်းဖြည်း လူတွေဟာ သိပ်ဆင်းရဲလာကြတယ်။
1,316,344
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ အမျိုးကောင်းသား ထူထောင်ခဲ့တဲ့ အကုသိုလ်ကံရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံကြရတယ်။
1,316,345
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တဖြည်းဖြည်း တစ်ရွာလုံး ဆင်းရဲကုန်ကြတယ်။
1,316,346
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဇာတက၊ဋ္ဌ၊၁၊၂၅၂။
1,316,347
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတို့ စဉ်းစားကြပြီ
1,316,348
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ရှေးယခင်တုန်းက တို့မှာ ဒီလို ဆင်းရဲဒုက္ခမျိုး မရှိခဲ့စဖူးဘူး၊ ခုအခါမှာ တို့မှာ အကြီးအကျယ် ဆုတ်ယုတ်ပျက်စီးနေကြပြီ၊ တို့ရွာမှာတော့ လူယုတ်မာ တစ်ယောက်ယောက်တော့ ရှိနေပုံရတယ်။
1,316,349
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တို့ရွာကို နှစ်ခြမ်း ခွဲကြစို့ဆိုပြီး အိမ် (၅၀၀)စီ ထက်ခြမ်း ခွဲလိုက်ကြတယ်။
1,316,350
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူပါတဲ့အခြမ်း ထမင်းငတ်ပြန်တယ်၊ စီးပွားရေးတွေ ဆုတ်ယုတ်ပျက်စီးပြန်တယ်။
1,316,351
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူမပါတဲ့ အခြမ်းက ကြီးပွားတိုးတက်ပြန်တယ်။
1,316,352
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်တစ်ခါ ထပ်ပြီး သူပါတဲ့ တစ်ခြမ်းကို ထက်ဝက် စိတ်ပြန်တယ်။
1,316,353
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူပါတဲ့အစိတ်မှာ ဆင်းရဲပြန်တယ်။
1,316,354
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အငတ်ငတ် အပြတ်ပြတ် ဖြစ်ပြန်တယ်။
1,316,355
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူမပါတဲ့ အစိတ်အပိုင်းက စီးပွားရေး ပြေလည်ကာ ကြီးပွားတိုးတက်ပြန်တယ်။
1,316,356
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီနည်းအားဖြင့် ရွာကို ထပ်ထပ်ပြီး စိတ်လိုက်တာ နောက်ဆုံး သူတို့ တစ်အိမ်ပဲ ကျန်တယ်။
1,316,357
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတို့ မိသားစုကို လူယုတ်မာတွေ ဖြစ်ကြတယ်ဆိုတာ သိရှိကြတဲ့အတွက် ဒီလူယုတ်မာတွေကို ဒီမှာ လက်မခံနိုင်ဘူးဆိုပြီးတော့ နှင်ထုတ်ကြပြန်တယ်။
1,316,358
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကံဆိုတဲ့ တရားမင်းကြီးက စီရင်ချက်အမျိုးမျိုးကို ချမှတ်နေခြင်းပဲ ဖြစ်ပါတယ်။
1,316,359
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပစ္ဆိမဘဝိက = နောက်ဆုံးဘဝရှိသူ
1,316,360
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို နှင်အထုတ်ခံလိုက်ရတော့ မိခင်ဟာလည်း ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲနှင့်ပင် အသက်ရှင်ခဲ့ရတယ်။
1,316,361
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလိုနဲ့ပဲ ကိုယ်ဝန်က ရင့်ကျက်လာတဲ့အခါ တစ်နေရာမှာ မွေးဖွားလိုက်ရတယ်။
1,316,362
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပစ္ဆိမဘဝိကသတ္တံ န သက္ကာ နာသေတုံ၊ အန္တောဃဋေ ပဒီပေါ ဝိယ တဿ ဟဒယေ အရဟတ္တဿ ဥပနိဿယော ဇလတိ။
1,316,363
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) အရှင်လောသကတိဿအလောင်း သူတော်ကောင်းဟာ နောက်ဆုံး ဘဝရှိသူ ဒီဘဝမှာ ကိန်းသေ ရဟန္တာဖြစ်မယ့် ပစ္ဆိမဘဝိက သား ဖြစ်ပါတယ်။
1,316,364
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဟာဓနသူဌေးသား (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁-၈၄။
1,316,365
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
)တို့လို ပစ္ဆိမဘဝိကအတု မဟုတ်ဘဲ ပစ္ဆိမဘဝိက အစစ် ဖြစ်ပါတယ်။
1,316,366
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို ပစ္ဆိမဘဝိက အစစ်ဖြစ်နေတဲ့ သတ္တဝါမျိုးကို ဘယ်လိုမှ ပျက်စီးအောင် ဖျက်ဆီးလို့ မရနိုင်ပါဘူး။
1,316,367
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အိုးအတွင်း၌ ထွန်းညှိ ထားတဲ့ ဆီမီးတိုင်ကဲ့သို့ ထိုသူတော်ကောင်းရဲ့ နှလုံးသားထဲမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဲ့ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားတွေက အကျိုးပေးဖို့ရန် အသင့်စောင့်ဆိုင်းကာ ထွန်းလင်းတောက်ပလျက် ရှိနေပါတယ်။
1,316,368
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီမိခင်ကလည်း မိမိ မွေးထားတဲ့ သားအရင်းဖြစ်နေတဲ့အတွက် မစွန့်နိုင်သေးဘဲ ဒီကလေးကို ဆက်လက်ပြီး အသက်ရှင်ရေးအတွက် ပြုစုလုပ်ကျွေး လျက်ပင် ရှိနေပါသေးတယ်။
1,316,369
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီကလေး ဟိုဟိုဒီဒီ ပြေးသွားနိုင်တဲ့ အချိန်အခါမှာ ဒီကလေးရဲ့ လက်ထဲကို ခွက်ငယ်ကလေးတစ်ခု ထည့်ပေးပြီးတော့ --- ချစ်သား ဒီအိမ်ထဲကို ဝင်သွားပါ ဆိုပြီး ဝင်အတောင်းခိုင်းလိုက် ပါတယ်။
1,316,370
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကလေးကလည်း အဲဒီအိမ်ထဲ ဝင်သွားရော မိမိက ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
1,316,371
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်ထပ် ပြန်မတွေ့ကြတော့ဘူး။
1,316,372
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကံတရားရဲ့ အကျိုးပေးဆန်းကြယ်ပုံတွေဟာ သိပ်ဝမ်းနည်း ကြေကွဲဖို့ ကောင်း ပါတယ်။
1,316,373
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကျီးကန်းပမာ အသက်မွေးရသူ
1,316,374
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ လောသကတိဿအလောင်းအလျာဟာ အဲဒီအချိန်က စပြီးတော့ တစ်ယောက်ထီးတည်း အထီးကျန်ဖြစ်ကာ ဟိုဟိုဒီဒီ အရပ်ဒေသတွေမှာ သင့်သလို ထမင်းကို ရှာဖွေ စားသောက်နေရတယ်။
1,316,375
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်နေရာမှာ အိပ်တယ်၊ တစ်နေရာမှာ ရေချိုးတယ်၊ တစ်နေရာမှာ ကိုယ်လက်သုတ်သင်တယ်၊ မြေဘုတ်ဘီလူးကဲ့သို့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် အသက်မွေးနေရတယ်။
1,316,376
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလိုနဲ့ပဲ တဖြည်းဖြည်း (၇)နှစ်အရွယ် ရောက်ရှိလာပြီ။
1,316,377
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်နေ့ တစ်ခုသော ရွာတံခါးဝမှာ အိုးခွက်တွေဆေးပြီး ရေကို စွန့်ပစ်တဲ့နေရာမှာ ကျီးကန်းပမာ ထမင်းလုံး တစ်လုံးစီ တစ်လုံးစီကို ကောက်ပြီးစားနေတယ်။
1,316,378
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရှင်သာရိပုတ္တရာနှင့် တွေ့ဆုံခြင်း
1,316,379
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအခါမှာပဲ ဒီသူငယ်ကို တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆွမ်းခံလှည့်လည်ရင်း တွေ့မြင် တော်မူလိုက်ပါတယ်။
1,316,380
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို မြင်တွေ့လိုက်တဲ့အခါ ---
1,316,381
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဩော် ...ဤသတ္တဝါဟာ အလွန်သနားဖွယ်ကောင်းလှတဲ့ သတ္တဝါ အဖြစ်သို့ ရောက်ရှိနေပြီပေါ့။
1,316,382
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘယ်ရွာသားပါလိမ့်လို့ စဉ်းစားတော်မူပြီးနောက် အဲဒီသူငယ်အပေါ်၌ မေတ္တာစျာန်စိတ်ကို ပွားများတော်မူလိုက်ပါတယ်။
1,316,383
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မေတ္တာပွားတော်မူပြီးနောက် သူငယ် လာစမ်းပါဟု ခေါ်တော်မူ လိုက်ပါတယ်။
1,316,384
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီသူငယ်ကလည်း လာရောက်ပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ရှိခိုးပြီးတော့ မတ်တပ်ရပ်နေလိုက်ပါတယ်။
1,316,385
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က သင်ဟာ ဘယ်ရွာသားလဲ? သင့်မိဘတွေက ဘယ်မှာလဲ?လို့ မေးမြန်းတော်မူလိုက်ပါတယ်။
1,316,386
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရှင်ဘုရား ... တပည့်တော်ဟာ မှီခိုစရာ အကြောင်းတရား ကင်းမဲ့ နေသူ ဖြစ်ပါတယ်၊ တပည့်တော်ရဲ့ မိဘတွေဟာ တပည့်တော်ကို အမှီပြုပြီးတော့ ပင်ပန်းဆင်းရဲကြတဲ့အတွက် တပည့်တော်ကို စွန့်ပစ်ပြီး ထွက်ပြေးသွား ကြပါတယ်ဘုရားလို့ သနားစဖွယ် တင်ပြလျှောက်ထားလိုက်ပါတယ်။
1,316,387
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သင် ... ရှင်ပြုမလား = ကိုရင်ဝတ်မလားလို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ သူက ဘာပြန်လျှောက် ထားသလဲ?
1,316,388
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရှင်ဘုရား ... တပည့်တော် ရှင်ပြုတယ်ပဲ ထားပါတော့၊ တပည့်တော်လို အထီးကျန် လူမွဲတစ်ယောက်ကို ဘယ်သူက ရှင်ပြုပေးမှာလဲဘုရားလို့ သူက ပြန်လျှောက်ထားပြန်တယ်။
1,316,389
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါ ရှင်ပြုပေးမယ်လို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အမိန့်ရှိတော်မူပြီးနောက် လောသကတိဿရဲ့ သဘောတူညီချက်နှင့် ကျောင်းသို့ ခေါ်ဆောင်တော်မူကာ ကိုယ်တိုင်ရေမိုးချိုးပေးပြီး ရှင်ပြုပေးတော်မူလိုက် ပါတယ်။
1,316,390
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အသက်ပြည့်တဲ့အခါ ရဟန်းပြုပေးတော်မူလိုက်ပါတယ်။
1,316,391
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အသက်အရွယ် ကြီးပြင်းလာတဲ့အခါ အလွန်ဘုန်းကံနည်းပါးတဲ့ အလွန် လာဘ်လာဘနည်းပါးတဲ့ လောသကတိဿမထေရ်လို့ ထင်ရှားခဲ့ပါတယ်။
1,316,392
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကောသလမင်းကြီးရဲ့ မိဖုရား မလ္လိကာဒေဝီ ဦးဆောင်တဲ့ အသဒိသဒါနပွဲကြီး မှာတောင် ဝမ်းပြည့်အောင် ဆွမ်းကို မရရှိခဲ့ဖူးဘူး။
1,316,393
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အသက်မသေဘဲ ဆက်လက်နေထိုင်နိုင်ရုံလောက်ကလေးသာ ရရှိခဲ့တယ်၊ အသက်မသေရုံကလေးလောက်သာ စားရတဲ့ဘဝဖြစ်တယ်။
1,316,394
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကံတရား၏ လှည့်ပတ်မှု
1,316,395
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ယာဂုတစ်ဇွန်းလောက် လောင်းထည့်လိုက်ရင် အလှူရှင်တွေရဲ့ မျက်စိမှာ သပိတ်နှုတ်ခမ်းအထိ ပြည့်နေသလို ထင်လာတယ်။
1,316,396
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအခါ ဒကာ ဒကာမတွေက ဒီကိုယ်တော်ရဲ့ သပိတ်ထဲတော့ ပြည့်နေပြီဆိုပြီးတော့ သူ့အောက် ဝါငယ်တဲ့ ရဟန်းတော်တွေကို ဆက်လှူဒါန်းကြပြန်တယ်။
1,316,397
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်ဖန် လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ထပ်လှူမယ်လုပ်လိုက်တော့ ဒကာ ဒကာမတွေရဲ့ ခွက်ထဲမှာ ယာဂုတွေက ကုန်သွားပြန်တယ်။
1,316,398
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အခြား ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကို လောင်းလှူတဲ့အခါမှာလည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေတတ်ပါတယ်။
1,316,399
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ရဟန္တာ မထေရ်မြတ်ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့ ကံရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။
1,316,400
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရဟတ္တဖိုလ်ဆိုက်ပြီ