id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,316,401 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ လောသကတိဿမထေရ်ဟာ နောက်ပိုင်းကာလမှာ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ နိုင်တဲ့အတွက်ကြောင့် အရဟတ္တဖိုလ် ၌ တည်သွားတော်မူခဲ့ပါတယ်။ |
1,316,402 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော်လည်း လာဘ်လာဘကတော့ နည်းပါးလျက်ပင် ရှိနေပါသေးတယ်။ |
1,316,403 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကဿပ ဘုရားရှင်သာသနာတော်အတွင်းက ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ ပါရမီ, ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဆက်လက် ဖြည့်ကျင့် ဆည်းပူးတော်မူလိုက်တဲ့ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ စွမ်းအားကြောင့် ရဟန္တာအဖြစ်သို့ ရောက်ရှိသော်လည်း သူတစ်ပါးတို့ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့အတွက် လာဘ်လာဘကတော့ နည်းပါးမြဲ နည်းပါးလျက် ပဲ ရှိပါတ... |
1,316,404 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပရိနိဗ္ဗာန် စံတော်မူပြီ |
1,316,405 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တဖြည်းဖြည်းနဲ့ပဲ အာယုသင်္ခါရ ကုန်ဆုံးသဖြင့် ပရိနိဗ္ဗာန် စံတော်မူမည့် နေ့သို့ ဆိုက်ရောက်လာပေပြီ။ |
1,316,406 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တရားစစ်မှူးကြီး အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ဆင်ခြင်တော်မူလိုက်တဲ့အခါ ပရိနိဗ္ဗာန် စံတော့မည့် အဖြစ်ကို သိရှိတော်မူပါတယ်။ |
1,316,407 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလောသကတိဿမထေရ်တော့ ဒီနေ့ ပရိနိဗ္ဗာန် စံတော့မယ်၊ ဒီနေ့ ငါဟာ ဒီသူတော်ကောင်းအတွက် အလိုရှိသလောက် ဘုဉ်းပေးသုံးဆောင်နိုင် ရန်အတွက် အစာအာဟာရကိုတော့ ပေးလှူသင့်တယ် --- |
1,316,408 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလို ဆုံးဖြတ်ချက်ချတော်မူပြီးနောက် လောသကတိဿမထေရ်ကို ခေါ်ဆောင်ကာ သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူပါတယ်။ |
1,316,409 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ထိုလောသကတိဿကို အမှီပြုပြီးတော့ ဆွမ်းရဖို့ကို မဆိုထားဘိ၊ သာဝတ္ထိမှာ ရှိနေတဲ့ လူများအပေါင်းရဲ့ လက်ကို ဆန့်တန်းပြီး လက်အုပ်ချီမိုး ရှိခိုးခြင်းမျှလောက်တောင်မှ မရရှာဘူး။ |
1,316,410 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါနဲ့ပဲ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်းပဲ ငါ့ရှင် သွားချေတော့၊ ဆွမ်းစား ဇရပ်မှာပဲ ထိုင်စောင့်နေပေတော့ဆိုပြီး လွှတ်တော်မူလိုက်ပါတယ်။ |
1,316,411 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာ ဒကာမတွေကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တို့အရှင် ကြွလာတော်မူပြီဆိုပြီးတော့ နေရာများ ခင်းကျင်းကာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြပါတယ်။ |
1,316,412 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါပေမယ့် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက မိမိ ရရှိတဲ့ဆွမ်းကို မိမိ မသုံးဆောင်ဘဲ ဒီဆွမ်းကို လောသကတိဿမထေရ်အား ပေးလှူပါဆိုပြီး အပို့ခိုင်းလိုက်တယ်။ |
1,316,413 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သွားပို့တဲ့ပုဂ္ဂိုလ်တွေက လောသကတိဿမထေရ်ကို အမှတ်မရဘဲ မိမိတို့ကိုယ်တိုင်ပဲ စားသုံးပစ်လိုက်ကြတယ်။ |
1,316,414 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးလည်း ဆွမ်းစားခြင်းကိစ္စ ပြီးလို့ နေရာမှ ထတော်မူကာ ကျောင်းတော်သို့ ပြန်ကြွတော်မူပါတယ်။ |
1,316,415 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျောင်း ရောက်တော့ လောသကတိဿမထေရ်က အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို လာရောက်ကာ ရှိခိုး ဝတ်ပြုပါတယ်။ |
1,316,416 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဆွမ်းရရှိပါသလားလို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ မရရှိပါ ကြောင်းကို လောသကတိဿမထေရ်က ပြန်လည် လျှောက်ထားတော်မူ လိုက်ပါတယ်။ |
1,316,417 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း သံဝေဂ အလွန် ရရှိ သွားတော်မူပါတယ်။ |
1,316,418 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အချိန်ကို မော်ကြည့်လိုက်တော့ မွန်းလွဲသွားပြီဆိုတာ သိရှိတော်မူပါတယ်။ |
1,316,419 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်း --- ကိုင်း ရှိစေတော့၊ အရှင်ဘုရား ဒီနေရာမှာပဲ ထိုင်သီတင်းသုံး စောင့်ဆိုင်းနေပါ ဆိုပြီးတော့ ဆွမ်းစားကျောင်းမှာ လောသကတိဿမထေရ်ကို နေစေလိုက် ပါတယ်။ |
1,316,420 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကောသလမင်းရဲ့ နန်းတော်သို့ ကြွသွားတော်မူလိုက်ပါတယ်။ |
1,316,421 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကောသလမင်းကြီးကလည်း မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ပြီးနောက် --- ဆွမ်းလှူရမယ့် အချိန်အခါတော့ မဟုတ်တော့ပြီလို့ နှလုံးပိုက်ကာ စတုမဓုကို အပြည့်ထည့်ကာ ပေးလှူလိုက်ပါတယ်။ |
1,316,422 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မထေရ်မြတ်ကြီးလည်း အဲဒီစတုမဓုကို ကျောင်းတော်သို့ ယူဆောင်ပြီးနောက် ငါ့ရှင် တိဿ ... လာပေတော့ --- ဒီစတုမဓုကို ဘုဉ်းပေးပါဆိုပြီးတော့ သပိတ်ကို မိမိလက်နဲ့ ကိုင်ထားပြီးတော့ ရပ်တည်နေလိုက်ပါတယ်။ |
1,316,423 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာကြောင့် ကိုင်ထားရသလဲ? လွှတ်လိုက်ပါက စတုမဓုတွေ ပျောက်ပျက်သွားမှာစိုးလို့ပါ။ |
1,316,424 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လောသကတိဿကိုယ်တော်ကလည်း အရှင်သာရိပုတ္တမထေရ်မြတ်အပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့အတွက် မဘုဉ်းပေးရဲ ဖြစ်နေတယ်။ |
1,316,425 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ အခါမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လောသကတိဿ မထေရ်မြတ်ကို --- |
1,316,426 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါ့ရှင်တိဿ ... လာသာလာပါ။ |
1,316,427 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါက ဒီသပိတ်ကို ကိုင်ပြီးတော့ ရပ်နေမယ်၊ သင်က ထိုင်ပြီးတော့ ဘုဉ်းပေးပါ။ |
1,316,428 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ငါက လက်လွှတ်လိုက်မယ် ဆိုလျှင် ဘာမှ မရှိ ဖြစ်ချင်ဖြစ်သွားမယ်။ |
1,316,429 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလို အမိန့်ရှိတော်မူလိုက်ပါတယ်။ |
1,316,430 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်လောသကတိဿမထေရ်မြတ်ကလည်း အဂ္ဂသာဝကလည်းဖြစ်၊ တရားစစ်မှူး အဦးအခိုင် ဓမ္မသေနာပတိလည်း ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သပိတ်ကိုကိုင်ကာ ရပ်တည်နေခိုက်မှာပဲ စတုမဓုကို ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ |
1,316,431 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယင်းစတုမဓုဟာလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ အရိယိဒ္ဓိဗလ ဟု ခေါ်ဆိုအပ်တဲ့ အရိယာတန်ခိုးစွမ်းအားကြောင့် ကုန်ခန်းခြင်းသို့ ရောက်ရှိမသွားတော့ဘူး။ |
1,316,432 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုအခါမှာပဲ အရှင်လောသကတိဿ မထေရ်မြတ်လည်း အလိုရှိသလောက် ဝမ်းပြည့်အောင် ဘုဉ်းပေး သုံးဆောင် တော်မူပါတယ်။ |
1,316,433 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်လောသကတိဿမထေရ်မြတ်လည်း ထိုနေ့မှာပဲ ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ အနုပါဒိသေသနိဗ္ဗာန်ဓာတ် ဖြင့် ပရိနိဗ္ဗာန် စံတော်မူပါတယ်။ |
1,316,434 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သံသရာဝဋ်ဆင်းရဲ ဒုက္ခမီးပုံကြီး အပြီးတိုင် ငြိမ်းသွားပြီ ဖြစ်တော်မူပါတယ်။ |
1,316,435 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သုံးခါသာ အဝစားရဖူးသည် |
1,316,436 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူတစ်ပါးဟု ခေါ်ဆိုအပ်တဲ့ ရဟန္တာအရှင်မြတ်၏ လာဘ်လာဘ၏ အန္တရာယ်ကို ပြုခဲ့သည့် ဘဝမှ စပြီး သံသရာတစ်လျှောက် ထမင်းဝအောင် စားရသည်မှာ သုံးဘဝသာ ရှိခဲ့ဖူးတယ်။ |
1,316,437 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ သုံးဘဝမှာလည်း တစ်သက်လုံး အဝစားရတာတော့ မဟုတ်ဘူး။ |
1,316,438 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တစ်ဘဝမှာ တစ်ကြိမ်သာ စားခဲ့ရဖူးတယ်။ |
1,316,439 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ သုံးဘဝက ဘာတွေလဲ? --- |
1,316,440 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ၁။ ဘီလူးဖြစ်စဉ်အခါက တစ်နေ့မှာ ကိုယ်ဝန်သည်ရဲ့ အညစ်အကြေးတွေကို တစ်ခါ ရခဲ့ဖူးတယ်။ |
1,316,441 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ၂။ ခွေးဖြစ်စဉ်က တစ်ခုသော ဘဝမှာ တစ်နေ့ဝယ် သူတစ်ပါးတို့ အန်ထားတဲ့ အန်ဖတ်ကို တစ်ခါ ရခဲ့ဖူးပါတယ်။ |
1,316,442 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ၃။ ယခု ပရိနိဗ္ဗာန် စံတော်မူမည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် စတုမဓု တစ်ကြိမ် ရခဲ့ဖူးတယ်။ |
1,316,443 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဧဝံ ပရဿ လာဘန္တရာယကရဏံ နာမ မဟာဒေါသန္တိ ဝေဒိတဗ္ဗံ။ |
1,316,444 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (ဇာတက၊ဋ္ဌ၊၁၊၂၅၉။ |
1,316,445 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) ဒါကြောင့် သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခြင်း မည်သည် အလွန့်အလွန် ကြီးလေးတဲ့ အပြစ်ဒဏ်တွေကို ခံစံရလိမ့်မယ်ဆိုတာကို အသိဉာဏ်ရှိကြစမ်းပါ။ |
1,316,446 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကိုင်း --- ဝစ္ဆဂေါတ္တသုတ္တန် ကို ပြန်ဆက်ကြရအောင် ... |
1,316,447 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် ဘုရားရှင်က ဝစ္ဆဂေါတ္တသုတ္တန် မှာ ဘာအမိန့်ရှိသလဲ? |
1,316,448 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ |
1,316,449 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပရံ ဒါနံ ဒဒန္တံ = သူတစ်ပါး ပေးလှူ၍နေသည်ကို။ |
1,316,450 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သော = ထိုတားမြစ်၍နေတဲ့ ပုဂ္ဂိုလ်သည်။ |
1,316,451 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပါရိပန္ထိကော = ဘေးဥပါဒ်အန္တရာယ်ကို ပြုလုပ်တတ်သည်။ |
1,316,452 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာသုံးမျိုးလဲ? |
1,316,453 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါယကဿ ပုညန္တရာယကရော ဟောတိ၊ ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊ ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။ |
1,316,454 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပဋိဂ္ဂါဟကာနံ = အလှူခံပုဂ္ဂိုလ်တို့၏။ |
1,316,455 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လာဘန္တရာယကရော = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ် တတ်သည်။ |
1,316,456 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုဗ္ဗေဝ ခေါ = ရှေးမဆွကပင်လျှင်။ |
1,316,457 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဿ = ထိုတားမြစ် ကန့်ကွက်နေတဲ့ပုဂ္ဂိုလ်သည်။ |
1,316,458 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ခတော စ = တူးဖြိုအပ်သည်လည်း။ |
1,316,459 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အောက်ထစ်ဆုံး အလှူဒါန --- တိရစ္ဆာန်ကို ပေးလှူခြင်း |
1,316,460 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ။ |
1,316,461 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ |
1,316,462 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဟံ ခေါ = ငါဘုရားသည်ကား။ |
1,316,463 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝဒါမိ = ဟောတော်မူပါပေ၏။ |
1,316,464 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာတော်ပရိဗိုဇ် ... ငါဘုရားကတော့ ဒီလို ဟောတယ်။ |
1,316,465 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လိုလဲ? ဒီနေ့ ဒကာကြီးတွေ အထူးသဖြင့် အလေးဂရုပြုပြီးတော့ နာယူသင့်တဲ့ ထိုဆုံးမချက်ကလေးတစ်ခုပဲနော်။ |
1,316,466 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ -- ယေ ဟိ တေ စန္ဒနိကာယ ဝါ ဩလိဂလ္လေ ဝါ ပါဏာ တတြပိ ယော ထာလိဓောဝနံ ဝါ သရာဝဓောဝနံ ဝါ ဆဍ္ဍေတိ -- ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တူတိ၊ တတော နိဒါနမ္ပာဟံ ဝစ္ဆ ပုညဿ အာဂမံ ဝဒါမိ။ |
1,316,467 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကော ပန ဝါဒေါ မနုဿဘူတေ! |
1,316,468 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ |
1,316,469 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကိံ ဝဒါမိ = အဘယ်သို့ ဟောတော်မူပါသနည်း။ |
1,316,470 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | စန္ဒနိကာယ ဝါ = တံစီးတွင်း၌လည်းကောင်း။ |
1,316,471 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဩလိဂလ္လေ ဝါ = ရွှံ့ညွန်အိုင်အတွင်း၌လည်းကောင်း။ |
1,316,472 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယေ ဟိ တေ ပါဏာ = အကြင် ပိုးလောက်စတဲ့ သတ္တဝါတို့သည်။ |
1,316,473 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတြပိ = ထိုတံစီးတွင်း ရွှံ့ညွန်အိုင်အတွင်း၌သော်လည်းပဲ။ |
1,316,474 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယော = အကြင် အမှတ် မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ |
1,316,475 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထာလိဓောဝနံ ဝါ = ပန်းကန်ဆေးတဲ့ ရေကိုသော်လည်းကောင်း။ |
1,316,476 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သရာဝဓောဝနံ ဝါ = အိုးခွက် ဆေးတဲ့ရေကိုသော်လည်းကောင်း။ |
1,316,477 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတြ = ထိုတံစီးအိုင်, ရွှံ့ညွန်အိုင် အတွင်း၌။ |
1,316,478 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယေ ပါဏာ = အကြင် သတ္တဝါတို့သည်။ |
1,316,479 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တေ ပါဏာ = ထိုသတ္တဝါတို့သည်။ |
1,316,480 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တေန = ထို ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေဖြင့်။ |
1,316,481 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယာပေန္တု = မျှတကြပါစေကုန်သတည်း။ |
1,316,482 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဆဍ္ဍေတိ = စွန့်ပစ်လေ၏။ |
1,316,483 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတော နိဒါနမ္ပိ = ထိုကဲ့သို့ ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေကို လှူဒါန်းခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ။ |
1,316,484 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုညဿ = ကောင်းမှုကုသိုလ်၏။ |
1,316,485 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အာဂမံ = လာရှိခြင်းကို။ |
1,316,486 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုဂ္ဂိုလ်တစ်ဦးပေါ့။ |
1,316,487 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနေ့ နေ့တိုင်းရနိုင်တယ်။ |
1,316,488 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာကြီးတွေ နေ့တိုင်း ပန်းကန် မဆေးဘူးလား? ဆေးတယ်။ |
1,316,489 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နေ့တိုင်း အိုးခွက်တွေ မဆေးဘူးလား? ဆေးတယ်။ |
1,316,490 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ပန်းကန်ဆေးတဲ့ရေလေး, အိုးခွက်ဆေးတဲ့ရေလေးကိုသော်လည်းပဲ တံစီးတွင်းလို့ ခေါ်ဆိုအပ်တဲ့ မစင်တွင်းတွေမှာ ရှိနေတဲ့ ပိုးလောက် သတ္တဝါတွေ, ရွှံ့ညွန်အိုင်အတွင်းမှာ ရှိနေတဲ့ ပိုးလောက်သတ္တဝါတွေ ဒီပန်းကန် ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေလေးဖြင့် မျှတကြပါစေလို့ နှလုံးပိုက်ပြီးတော့ လှူဒါန်းတတ်မယ်ဆိုရင် ထိုတံစီးတွင်း တံစီးအိုင်အတွင်းမှာ ... |
1,316,491 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါက အောက်ထစ်ဆုံးပဲနော်။ |
1,316,492 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူခံပုဂ္ဂိုလ်ဘက် ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း အညံ့ဆုံးလို့ မပြောနိုင်ဘူးလား? အလှူပေးတဲ့ ဝတ္ထုပစ္စည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း စားလို့ သောက်လို့ ပိုလို့ ပန်းကန်ဆေးထားတဲ့ရေလေး, အိုးခွက်ဆေးထားတဲ့ရေလေး ဖြစ်တယ်။ |
1,316,493 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီပန်းကန်ဆေးရေ, အိုးခွက်ဆေးရေဆိုတဲ့ အညံ့ဆုံးဖြစ်နေတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကို အညံ့ဆုံးဖြစ်တဲ့ ပိုးလောက်စတဲ့ သတ္တဝါလေးတွေကို လှူဒါန်းရင်လည်း အကျိုးရှိသလား, မရှိဘူးလား? ရှိပါတယ်။ |
1,316,494 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကောင်းမှုကုသိုလ်ရှိတယ်လို့သာ ငါဘုရား ဟောတယ်။ |
1,316,495 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အိုးကွဲတဲ့ ထမနဲကိုသော်လည်း |
1,316,496 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် ဒီအချက်ကလေးကို ကြည့်ပြီးတော့ နာမည်ကျော်ဖြစ်တဲ့ စလေဦးပုညကတော့ --- အိုးကွဲတဲ့ ထမနဲကိုသော်လည်း လှူတတ်က နိပ္ဖလ မဖြစ်ပါဘူးဆိုပြီးတော့ သူက ဒီလို မေတ္တာစာတစ်ခုမှာ ရေးထားတယ်။ |
1,316,497 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အိုးကွဲတဲ့ ထမနဲကိုပင် လှူတတ်က နိပ္ဖလမဖြစ်ဘူး ။ |
1,316,498 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နိပ္ဖလ မဖြစ်ဘူးဆိုတာ အကျိုးမဲ့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်။ |
1,316,499 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အိုးကွဲသွားတဲ့ ထမနဲကိုတောင် လှူတတ်လို့ရှိရင် အကျိုးရှိတယ်တဲ့။ |
1,316,500 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထုံးကလေးထောက်ပြထားတာကတော့ ဘုန်းကြီးတို့ ပုဂံခေတ်ကနဲ့ တူပါတယ်နော်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.