id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,316,501
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါယကာကြီးတစ်ဦးက ထမနဲ အိုးကြီး ကျိုနေရာကနေ ဖြုန်းကနဲ အိုးကြီး ကွဲသွားတယ်။
1,316,502
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထမနဲအိုးကြီး ကွဲသွားတဲ့ အချိန်အခါကျတော့မှ သူက ဘာလုပ်သလဲ? ကဲ ... ခွေးတွေ လာကြ လာကြ။
1,316,503
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နင်တို့ကို ငါ လှူတယ်ဆိုပြီး လှူလိုက်တယ်။
1,316,504
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို လှူတတ်ခဲ့ရင် အကျိုးမရှိဘူးလား? အဲဒီလို လှူရင်တောင်မှ အကျိုးရှိတယ်လို့ ငါဘုရား ဟောတယ်။
1,316,505
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မနုဿဘူတေ = လူသားဖြစ်တဲ့ သတ္တဝါအပေါ်၌။
1,316,506
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်ကား။
1,316,507
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကော ပန ဝါဒေါ = အဘယ်ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။
1,316,508
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လူသားဖြစ်တဲ့ သတ္တဝါတစ်ဦးကို လှူမယ်ဆိုလို့ရှိရင်တော့ ဘာပြောဖွယ်ရာ ရှိတော့မလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။
1,316,509
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားက ငါဘုရားကို လှူမှသာလျှင် အကျိုးရှိတယ်။
1,316,510
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးရှိတယ်။
1,316,511
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြားပုဂ္ဂိုလ်တွေကို လှူခဲ့ရင် တခြား တပည့်သာဝကတွေကို လှူခဲ့ရင် အကျိုးမရှိဘူးလို့ ငါဘုရား မဟောပါဘူးတဲ့နော်။
1,316,512
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တံစီးတွင်း တံစီးအိုင် ရွှံ့ညွန်တွင်းမှာရှိတဲ့ ပိုးလောက်သတ္တဝါလေး တွေကိုသော်လည်း ပန်းကန်ဆေးရေ, အိုးခွက်ဆေးရေကို လှူရင်တောင် အကျိုးရှိတယ်လို့သာ ငါဘုရား ဟောနေတယ်။
1,316,513
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လူသားဖြစ်တဲ့ သတ္တဝါတွေကို လှူခဲ့မယ်ဆိုရင်တော့ ဘာပြောဖွယ်ရာ ရှိမလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။
1,316,514
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါပေမယ့်လို့ ကန့်သတ်ချက်ကလေးကိုတော့ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။
1,316,515
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်
1,316,516
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အပိ စာဟံ ဝစ္ဆ သီလဝတော ဒိန္နံ မဟပ္ဖလံ ဝဒါမိ၊ နော တထာ ဒုဿီလဿ၊
1,316,517
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အပိ စ = တကယ်စင်စစ်အားဖြင့်သော်ကား။
1,316,518
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလဝတော = သီလရှိတဲ့ ပုဂ္ဂိုလ်အား။
1,316,519
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနကို။
1,316,520
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။
1,316,521
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တထာ = ထိုသီလရှိတဲ့ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနအတူ။
1,316,522
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
န ဝဒါမိ = ဟောတော်မမူ။
1,316,523
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါပေမယ့်လို့ သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား ဟောပါတယ်။
1,316,524
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား မဟောဘူး။
1,316,525
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဓမ္မာဓိဋ္ဌာန် နည်းအားဖြင့် ဘုရားဟောတာနော်။
1,316,526
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ချင်လည်း ဖြစ်ပါစေ, သာသနာပပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ။
1,316,527
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလရှိနေခဲ့မယ်ဆိုရင်တော့ သီလရှိတဲ့ပုဂ္ဂိုလ်ကို လှူခဲ့ရင် သီလမရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာထက်တော့ ပိုပြီးတော့ အကျိုးကြီးတယ်လို့သာ ငါဘုရား ဟောတာပါ။
1,316,528
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားရဲ့ တပည့်သာဝကကိုသာ လှူရမယ်။
1,316,529
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ငါဘုရားကိုသာ လှူရမယ်။
1,316,530
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြား တပည့်သာဝကတွေကို မလှူရဘူး။
1,316,531
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တခြားပုဂ္ဂိုလ်တွေကို မလှူရဘူးလို့ ငါဘုရား ဒီလို ဟောတာ မဟုတ်ဘူး။
1,316,532
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အကျိုးမရှိဘူးလို့ ဟောနေတာလည်း မဟုတ်ပါဘူးလို့ ဆိုလိုပါတယ်။
1,316,533
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါပေမယ့် ဒီသီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘုရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။
1,316,534
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ
1,316,535
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သော စ ဟောတိ ပဉ္စင်္ဂဝိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။
1,316,536
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) သော စ = ထိုသီလရှိတဲ့ပုဂ္ဂိုလ်သည်လည်းပဲ။
1,316,537
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပဉ္စင်္ဂဝိပ္ပဟီနော = အင်္ဂါ (၅)ပါးကို ပယ်ထားပြီးသည်။
1,316,538
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပဉ္စင်္ဂသမန္နာဂတော = အင်္ဂါ (၅)တန်နှင့် ပြည့်စုံသည်။
1,316,539
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။
1,316,540
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်း ဖြစ်ရမယ်။
1,316,541
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?
1,316,542
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကာမစ္ဆန္ဒော ပဟီနော ဟောတိ၊ ဗျာပါဒေါ ပဟီနော ဟောတိ၊ ထိနမိဒ္ဓံ ပဟီနံ ဟောတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ၊ ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။
1,316,543
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊၁၊၁၆၂။
1,316,544
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) နံပါတ် (၁) ကာမစ္ဆန္ဒ = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ လိုလားတပ်မက် တွယ်တာတပ်မက်နေတဲ့သဘောကို ကာမစ္ဆန္ဒ လို့ ခေါ်တယ်။
1,316,545
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကာမစ္ဆန္ဒနီဝရဏ ပဲ။
1,316,546
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ ကာမစ္ဆန္ဒနီဝရဏ ကို ပယ်ထားပြီး ဖြစ်ရမယ်။
1,316,547
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၁)။
1,316,548
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၂) ဗျာပါဒ = သတ္တဝါတွေကို သတ်ဖြတ်လိုတဲ့, ညှဉ်းပန်းနှိပ်စက် လိုတဲ့, ဖျက်ဆီးလိုတဲ့ စိတ်ထားကို ဗျာပါဒ လို့ ခေါ်တယ်။
1,316,549
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုဗျာပါဒကို ပယ်ထားပြီး ဖြစ်ရမယ်။
1,316,550
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူခံပုဂ္ဂိုလ်နော်။
1,316,551
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၃) ထိန မိဒ္ဓ = စိတ်စေတသိက်တွေက ထိုထို သမထ-ဝိပဿနာ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ် လုပ်ငန်းရပ်တွေအပေါ်၌ တွန့်ဆုတ်နေတဲ့သဘော။
1,316,552
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒကာကြီးတွေ တရားအားထုတ်ပါလား? ကျောင်းလာတဲ့ အချိန်အခါမှာ တရားတစ်ချိန်လောက် ထိုင်လိုက်ပါလား? မတတ်နိုင်သေးဘူးဘုရား ... တပည့်တော်တို့က အလုပ်ကလေးက ရှိနေသေးတယ်။
1,316,553
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာလေးက ရှိနေသေးတယ်။
1,316,554
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ညာလေးက ရှိနေသေးတယ်ဆိုပြီး ခပ်မြန်မြန် လစ်ပြေးတယ်နော်။
1,316,555
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီပုံစံမျိုးပဲ။
1,316,556
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါ စိတ်စေတသိက်တွေ ထိုင်းမှိုင်းနေတာ။
1,316,557
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကုသိုလ်ရေးလုပ်ငန်း, သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ ထိုင်းမှိုင်းနေတယ်နော်။
1,316,558
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို စိတ်စေတသိက်တွေကို ထိုင်းမှိုင်းစေတတ်တဲ့ ထိန-မိဒ္ဓတရား နှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။
1,316,559
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၃)။
1,316,560
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၄)ကျတော့ -- ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကို ပယ်ထားပြီး ဖြစ်ရမယ်။
1,316,561
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဥဒ္ဓစ္စက စိတ်မငြိမ်မသက်ဘူး။
1,316,562
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာဝနာအာရုံတစ်ခုပေါ်မှာ စိတ်ချထားရင် စိတ်က ငြိမ်ပြီး ကပ်မနေဘဲနဲ့ စိတ်က ဟိုရောက် ဒီရောက်။
1,316,563
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဟိုပျံ့ ဒီပျံ့နဲ့ ပျံ့လွင့်နေတဲ့ သဘော။
1,316,564
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကုက္ကုစ္စဆိုတာကတော့ ပြုပြီးတဲ့ ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန် နေတယ်။
1,316,565
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မပြုမိတဲ့ သုစရိုက်တရားတွေ, ကောင်းမှုကုသိုလ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတဲ့သဘော။
1,316,566
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ တရားနှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။
1,316,567
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နံပါတ် (၅)ကျတော့ -- ဝိစိကိစ္ဆာ။
1,316,568
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဝိစိကိစ္ဆာဆိုတာက သို့လော သို့လော တွေးတော ယုံမှားနေတဲ့ သဘောတရားတစ်ခုပဲ။
1,316,569
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဗ္ဗညုတဉာဏ်ကို ရတဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။
1,316,570
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို သံသယရှိတဲ့ ပုဂ္ဂိုလ်တွေ ခုခေတ်မှာလည်း မရှိဘူးလား? ရှိပါတယ်။
1,316,571
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘုန်းကြီးတို့ တစ်ချိန်ကပေါ့ -- လွတ်လပ်ရေးမရခင် ဂျပန်ခေတ် မတိုင်ခင်လောက်ကနဲ့ တူပါတယ်။
1,316,572
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မုံရွာက ဇောက်ထိုးအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတင်းစာထဲမှာ သဗ္ဗညုတဉာဏ်ဆိုတာ ရှိပါသလားဆိုပြီးတော့ သတင်းစာထဲက ထည့်ရေးလို့ တစ်ပြည်လုံး တော်တော်လေး သွက်သွက်ခါသွားတယ်နော်။
1,316,573
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဗ္ဗညုတဉာဏ်ရှိတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား, ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။
1,316,574
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားတွေ တကယ်ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။
1,316,575
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မဂ် ဖိုလ် နိဗ္ဗာန်ကို သိတော်မူ မြင်တော်မူတတ်တဲ့ အရိယာသံဃာဆိုတာ တကယ် ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။
1,316,576
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေနဲ့ ပတ်သက်လို့လည်း သံသယရှိတယ်။
1,316,577
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီသီလကို ဖြည့်ကျင့်ရတာ ဘာအကျိုးရှိမှာလဲ။
1,316,578
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီသမာဓိတွေကို ခုခေတ်မှာ ထူထောင်လို့ ရမှ ရပါ့မလား? စားလိုက်တဲ့ အစာအာဟာရဓာတ်တွေက ဗီတာမင် အာဟာရဓာတ်တွေ လျော့နည်းနေတဲ့အတွက် ခန္ဓာကိုယ်တွေက ခန့်ကျန်းမှု မရှိတဲ့ အတွက် ခုခေတ်မှာ သမထ = သမာဓိကို ထူထောင်ရင် မဖြစ်နိုင်ဘူးလို့ သံသယ ရှိကြတယ်။
1,316,579
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒါဟာ သမာဓိသိက္ခာမှာ သံသယရှိတာ မဟုတ်ဘူးလား? ဟုတ်တယ်။
1,316,580
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်တစ်ခါ ပညာသိက္ခာ။
1,316,581
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပညာကျင့်စဉ်မှာလည်း သံသယရှိတယ်။
1,316,582
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘယ်လိုလဲ? ပညာဆိုတာက ဘုန်းကြီးတို့ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒီပညာဆိုတဲ့ စကားလုံးနဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံး, ဉာဏ်ဆိုတဲ့ စကားလုံး၊ ဒီစကားလုံးတွေကို အဓိပ္ပာယ်တူ အသုံးပြုထား တော်မူပါတယ်။
1,316,583
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီသမ္မာဒိဋ္ဌိကို ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ (မ၊၁၊၈၈။
1,316,584
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
)ဆိုပြီး (၄)ချက် ဟောထားတော်မူပါတယ်။
1,316,585
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒုက္ခသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, နိရောဓသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, မဂ္ဂသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ ဖြစ်တယ်။
1,316,586
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီတော့ ဒုက္ခသစ္စာ အမည်ရနေတဲ့ တရားတွေက ဘာတွေလဲလို့ မေးတော့-
1,316,587
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (သံ၊၃၊၃၆၉။
1,316,588
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) = အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားထားတော်မူတယ်။
1,316,589
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီတော့ ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။
1,316,590
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုဒုက္ခသစ္စာထဲက ဥပါဒါနက္ခန္ဓာ (၅)ပါးမှာ ရူပုပါဒါနက္ခန္ဓာ ဆိုတာက ဘာပြောတာလဲ? ဘုရားရှင်ကိုယ်တော်တိုင် ဟို ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ခန္ဓသုတ္တန် မှာ အတိအကျ ရှင်းထားတယ်နော်။
1,316,591
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကတမေ စ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ? ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ။
1,316,592
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။
1,316,593
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ ဝေဒနုပါဒါနက္ခန္ဓော။
1,316,594
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သညုပါဒါနက္ခန္ဓော။
1,316,595
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သင်္ခါရုပါဒါနက္ခန္ဓော။
1,316,596
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ဝိညာဏုပါဒါနက္ခန္ဓော။
1,316,597
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ အသိဉာဏ်နဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ အသိဉာဏ်နဲ့ နီးတဲ့ရုပ်တရား။
1,316,598
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပေါင်းတော့ (၁၁)မျိုး။
1,316,599
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံသည် သာသဝ = အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိခဲ့မယ်ဆိုရင်ပေါ့။
1,316,600
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုက်သလိုပေါ့နော်။