id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,316,601 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက် တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်းယူရာဖြစ်ခဲ့ရင် အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ သာသဝ ဥပါဒါနိယဖြစ်နေတဲ့ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတော်မူတယ်။ |
1,316,602 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (သံ၊၂၊၃၉၊၊) |
1,316,603 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေကိုလည်း ပုံစံတူပဲ ရှင်းထားတယ်နော်။ |
1,316,604 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အာသဝေါတရားတို့ရဲ့ အာရုံယူရာ နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းစွဲယူရာဖြစ်တဲ့ ခန္ဓာ (၅)ပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ |
1,316,605 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ဒုက္ခသစ္စာတရားကို သိအောင် ကျင့်တဲ့ ကျင့်စဉ်ကို ပညာသိက္ခာ = ပညာကျင့်စဉ်လို့ ခေါ်ပါတယ်။ |
1,316,606 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ကျင့်စဉ်တွေ လုပ်ငန်းရပ်ပေါ်မှာလည်း သံသယရှိတယ်။ |
1,316,607 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လို သံသယရှိလဲ? ဒီရုပ်ကလာပ်ကလေးတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ |
1,316,608 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီရုပ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ |
1,316,609 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနာမ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးလို့ ဒီနေ့ခေတ်က မပြောဘူးလား? ပြောနေကြတယ်။ |
1,316,610 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သံသယရှိလို့ ပြောတာလား? မရှိလို့ ပြောတာလား? သံသယရှိနေတယ်။ |
1,316,611 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘုရားဟော ပညာသိက္ခာကျင့်စဉ်အပေါ်မှာလည်း သံသယရှိတယ်။ |
1,316,612 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်တစ်ခု -- ဘုန်းကြီးတို့ ဒုက္ခသမုဒယေ ဉာဏံအရ ဘုရားရှင်က တဏှာကို သမုဒယသစ္စာလို့ ပဓာနနည်းအားဖြင့် ဝိဘင်းပါဠိတော်မှာ ဟောထားတယ်။ |
1,316,613 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပထမနည်းမှာ တဏှာကို သမုဒယသစ္စာလို့ ဟောတယ်။ |
1,316,614 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒုတိယ နည်းမှာ ကိလေသာ (၁၀)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ |
1,316,615 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတိယနည်း မှာ အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာလို့ ဟောတယ်။ |
1,316,616 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | စတုတ္ထနည်း ကျတော့ အကုသိုလ်တရားအားလုံးနှင့် ဝဋ္ဋနိဿိတဖြစ်တဲ့ အလောဘ, အဒေါသ, အမောဟ ကုသလမူလတရား (၃)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ |
1,316,617 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပဉ္စမနည်းကျတော့ ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာလို့ ဟောလိုက်တယ်။ |
1,316,618 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ပဉ္စမနည်းကတော့ အကြွင်းအကျန်မရှိ ကုန်စင်အောင် သမုဒယသစ္စာကို ဟောတဲ့နည်းပဲ။ |
1,316,619 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါက အဘိဓမ္မာနည်းနော်။ |
1,316,620 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (အဘိ၊၂၊၁၁၂-၁၁၅။ |
1,316,621 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) သုတ္တန်နည်းအရကတော့ မြတ်စွာဘုရားက ဟို တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။ |
1,316,622 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | )မှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိတဲ့ဉာဏ်ကို သမုဒယသစ္စာဆိုပြီး ဟောထား တော်မူတယ်။ |
1,316,623 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသမုဒယသစ္စာအမည်ရတဲ့ တရားတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရရှိအောင် ကျင့်နေတဲ့ ကျင့်စဉ်ကို ပညာကျင့်စဉ်၊ ပညာသိက္ခာလို့ပဲ ခေါ်တယ်။ |
1,316,624 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ သမုဒယသစ္စာကို သိရေးမှာ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် ကွင်းဆက်တွေပါ ပါဝင်နေတယ်။ |
1,316,625 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနေ့ ခေတ်မှာကတော့ အဲဒီ အတိတ်, အနာဂတ်ဟာ ဘယ်လိုမှ ရှုလို့ မရပါဘူး။ |
1,316,626 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝိပဿနာနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောနေတော့ ဒီပညာ ကျင့်စဉ်ကိုလည်း သံသယရှိတာ မဟုတ်ဘူးလား? ရှိနေတယ်နော်။ |
1,316,627 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် အဲဒီလို သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ် အပေါ်၌ သံသယရှိနေတဲ့တရားကို ဘာလို့ခေါ်လဲ? ဝိစိကိစ္ဆာ။ |
1,316,628 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ဝိစိကိစ္ဆာကို ပယ်ထားပြီး ဖြစ်ရမယ်။ |
1,316,629 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပေါင်းလိုက်တော့ နီဝရဏတရား (၅)ပါးပဲနော်။ |
1,316,630 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နီဝရဏတရား (၅)ပါးကို ပယ်ထားတာကို အင်္ဂါ (၅)ရပ် ပယ်ထားပြီး ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ |
1,316,631 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နီဝရဏတရား (၅)ပါးလို့ ခေါ်ဆိုအပ်တဲ့ ခေါင်းဆောင်ကြီး (၅)ခုကို ပယ်လိုက်ရင် နောက်လိုက်တွေ အားလုံး ကုန်သွားတယ်။ |
1,316,632 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကုသိုလ်တရားအားလုံး ကုန်သွားပြီနော်။ |
1,316,633 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါ ပယ်ရမယ့် အင်္ဂါ (၅)ချက်။ |
1,316,634 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပြည့်စုံရမယ့် အင်္ဂါ (၅)ချက်ကိုလည်း မြတ်စွာဘုရားက ဆက်ဟောတော်မူပါတယ်။ |
1,316,635 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာတွေလဲ? အင်္ဂါ (၅) ရပ်နှင့် ပြည့်စုံသူ |
1,316,636 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ၊ ဣမေဟိ ပဉ္စဟိ အင်္ဂေဟိ သမန္နာဂတော ဟောတိ။ |
1,316,637 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ ဝိမုတ္တိ အရဟတ္တဖိုလ်ကို တစ်ဖန်ပြန်ပြီး ဆင်ခြင်နေတဲ့ ပစ္စဝေက္ခဏာဉာဏ် ဂုဏ်ကျေးဇူးတွေ၊ အဲဒီ ဂုဏ်ကျေးဇူး (၅)မျိုးနဲ့ ပြည့်စုံရမယ်လို့... |
1,316,638 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကတော့ ဘုန်းကြီးတို့ အလှူခံဘက်က သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ပဲနော်။ |
1,316,639 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တစ်ခါ ဒီအလှူခံဘက်က ဒီအင်္ဂါ (၅)ရပ် ပြည့်စုံသလို အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ကလေးတွေနှင့် ပြည့်စုံမယ် ဆိုရင်တော့ သိပ်ကောင်းတယ်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်တယ်။ |
1,316,640 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဟို ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ --- ဘုရားရှင်က ဒီလို ဟောကြားထားတော်မူတယ်။ |
1,316,641 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ အလှူဒါန |
1,316,642 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယော သီလဝါ = အကြင် သီလရှိတဲ့ အလှူပေးတဲ့ပုဂ္ဂိုလ်သည်။ |
1,316,643 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဓမ္မေန လဒ္ဓံ = တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို။ |
1,316,644 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သုပသန္နစိတ္တော = အလွန် ကြည်လင်သော စိတ်ထားရှိသည် ဖြစ်၍။ |
1,316,645 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဥဠာရံ = ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ |
1,316,646 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကမ္မဖလံ = ကံ-ကံ၏အကျိုးတရားကို။ |
1,316,647 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဘိသဒ္ဒဟံ အဘိသဒ္ဒဟန္တော = အလွန် သက်ဝင် ယုံကြည်သည်ဖြစ်၍။ |
1,316,648 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလဝန္တေသု = သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တို့၌။ |
1,316,649 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တံ ဒါနံ = ထိုအလှူဒါနမျိုးကို။ |
1,316,650 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဝိပုလပ္ဖလန္တိ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏ဟူ၍။ |
1,316,651 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဗြူမိ = ဝဒါမိ = ဟောတော်မူ၏။ |
1,316,652 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို ဒါနမျိုးကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတဲ့ ဒါနလို့ ငါဘုရား ဟောကြားတော်မူပါတယ်တဲ့။ |
1,316,653 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူခံဘက်က သီလရှိတဲ့ အလှူခံ ဖြစ်တယ်။ |
1,316,654 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလရှိတဲ့အထဲမှာ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ ခုနက ပြောခဲ့တဲ့ သီလသည် အသာဆုံး အမြတ်ဆုံးပဲ။ |
1,316,655 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း --- |
1,316,656 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နံပါတ် (၁) သီလရှိခြင်း။ |
1,316,657 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နံပါတ် (၂) တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုဖြစ်ခြင်း။ |
1,316,658 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နံပါတ် (၃) လှူဒါန်းနေတဲ့အချိန်, မလှူမီအချိန်, လှူပြီးတဲ့အချိန် အချိန် သုံးခုလုံးမှာ ကြည်လင်တဲ့စိတ်ထားရှိခြင်း။ |
1,316,659 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နံပါတ် (၄) ပြန့်ပြောကြီးကျယ် များမြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင် ယုံကြည်တဲ့ သဒ္ဓါတရားရှိခြင်း။ |
1,316,660 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီသဒ္ဓါတရားကတော့ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက်ရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရှေ့သွား ရှိနေတဲ့ သဒ္ဓါတရားပဲနော်။ |
1,316,661 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပေါင်းလိုက်တော့ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ပြည့်စုံရမယ့် အင်္ဂါ ဘယ်နှစ်ချက်လဲ? (၄)ချက်။ |
1,316,662 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလှူခံတဲ့ ပုဂ္ဂိုလ်ဘက်က သီလရှိခြင်း။ |
1,316,663 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသီလသည် ခုနက ပြောခဲ့တဲ့ ရဟန္တာပုဂ္ဂိုလ်တို့သန္တာန်မှာ တည်ရှိနေတဲ့ အင်္ဂါ (၅)ရပ်နဲ့ ပြည့်စုံနေတဲ့ သီလမျိုး ဖြစ်ရင်တော့ သိပ်ကောင်းတယ်နော်။ |
1,316,664 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ အင်္ဂါရပ်တွေ စုံညီခဲ့ရင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ |
1,316,665 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပါသလဲလို့ မေးရင်တော့ --- |
1,316,666 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဦးတည်ချက် အမျိုးမျိုး |
1,316,667 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘုရားရှင်က ဒါနူပပတ္တိသုတ္တန် (အံ၊၃၊ရဝ-၇၂။ |
1,316,668 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | )များမှာ ဟောထားတော်မူပါတယ်။ |
1,316,669 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုဂ္ဂိုလ်တစ်ဦးက ခုလို ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်း အစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို ပေးလှူတဲ့ အချိန်အခါမှာ သူက ခတ္တိယမဟာသာလလို့ခေါ်တဲ့ မင်းသူဌေးသူကြွယ်တွေ, ဗြာဟ္မဏမဟာသာလခေါ်တဲ့ ပုဏ္ဏားသူဌေးသူကြွယ်တွေ, ဂဟပတိမဟာသာလခေါ်တဲ့ ဂဟပတိသူဌေးသူကြွယ်တွေကို သူက မြင်ဖူးတယ်။ |
1,316,670 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မြင်ဖူးတဲ့အတွက်ကြောင့် ငါလည်းပဲ ဒီကောင်းမှုကုသိုလ်ကြောင့် တစ်ချိန်မှာ မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးသူကြွယ် တစ်ဦးဦး ဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေးပေါ်နေတယ်နော်။ |
1,316,671 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနေ့ အလှူရှင်များမှာ ဘယ်လိုစိတ်ထားပေါ်မယ်ဆိုတာတော့ မပြောတတ်ဘူးပေါ့နော်။ |
1,316,672 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို စိတ်ထားပေါ်နေတဲ့အတွက် သူက ဘာလုပ်သလဲ? |
1,316,673 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။ |
1,316,674 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သော = ထိုအလှူရှင်သည်။ |
1,316,675 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တံ စိတ္တံ = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ |
1,316,676 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒဟတိ = ထား၏။ |
1,316,677 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဓိဋ္ဌာတိ = အဓိဋ္ဌာန်၏။ |
1,316,678 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာဝေတိ = ဖြစ်စေ၏၊ ပွားများ၏။ |
1,316,679 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးခေါ်တဲ့ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကလေးကို ထားတယ်။ |
1,316,680 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို ဆောက်တည် ထားတယ်။ |
1,316,681 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဆောက်တည်တယ်ဆိုတာကတော့ ဒီနေ့ ခေတ်အပြောနဲ့ ပြောရင်တော့ ဆုတောင်းတယ်ပေါ့နော်။ |
1,316,682 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို တိုးအောင်, ပွားအောင်, များအောင် ပြုလုပ်နေတယ်။ |
1,316,683 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပြုလုပ်တဲ့အတွက် ဘာဖြစ်လဲ? |
1,316,684 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တဿ = ထိုအလှူရှင်၏။ |
1,316,685 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဟီနေ ဝိမုတ္တံ = ယုတ်ညံ့တဲ့ဘုံဘဝ၌ ညွတ်ကိုင်းရှိုင်းလျက်ရှိတဲ့။ |
1,316,686 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တံ စိတ္တံ = ထိုစိတ်ထားသည်။ |
1,316,687 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တတြူပပတ္တိယာ = ထိုထို မိမိညွတ်ကိုင်းရှိုင်းနေတဲ့ ထိုထို ဘုံဘဝ၌ ဖြစ်ခြင်းငှာ။ |
1,316,688 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သံဝတ္တတိ = ဖြစ်ပေ၏။ |
1,316,689 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပွားများအားထုတ်မယ် ဆိုရင်တော့ ဒါက မွန်မြတ်တဲ့ လုပ်ငန်းပဲ၊ မွန်မြတ်တဲ့ ဦးတည်ချက်ပဲ။ |
1,316,690 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါပေမယ့် ခုလို မင်းသူဌေးဘဝ, ပုဏ္ဏားသူဌေးဘဝ, ဂဟပတိသူဌေးဘဝခေါ်တဲ့ သူဌေးဘဝတစ်ခုခုကို ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ထားကိုတော့ ဟီနေ ဝိမုတ္တ = ယုတ်ညံ့တဲ့ ဘုံဘဝမှာ ညွတ်ကိုင်းရှိုင်းတယ်လို့ ဒီလို ဘုရားရှင်ကဟောတော်မူပါတယ်။ |
1,316,691 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာကြောင့် ယုတ်ညံ့တယ်လို့ ပြောရလဲ? လူ့ဘဝ၊ ဒကာကြီးတွေ ဓာတ်ခွဲကြည့်စမ်း၊ ခု ဒကာကြီးတွေ ထိုင်နေတဲ့ ခန္ဓာအိမ်ကိုပဲ ဓာတ်ခွဲကြည့်စမ်း၊ ဆံပင်ရှိတယ်, မွေးညင်းရှိတယ်, ခြေသည်း-လက်သည်း, သွား, အရေ, အသား, အကြော, အရိုးစတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတွေ မရှိဘူးလား? ရှိတယ်။ |
1,316,692 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူ့ဘဝကို လိုလားတောင့်တရင် ဒီ (၃၂)ကောဋ္ဌာသကို လိုလား တောင့်တတာနဲ့ မတူဘူးလား? အဲဒီ (၃၂)ကောဋ္ဌာသထဲမှာ ချေးထုပ်ကြီးလည်း မပါဘူးလား? အဲဒီ ချေးထုပ်ကြီးရပါစေလို့ တောင့်တနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။ |
1,316,693 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ချေးထုပ်ကြီးတွေကို လိုချင်ပါတယ်ဆိုတဲ့ စိတ်ထားသည် ယုတ်ညံ့သလား? မြင့်မြတ်သလား? ယုတ်ညံ့တယ်။ |
1,316,694 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်တစ်ခု --- ဒီလူ့ဘဝကို ကြည့်ဦး၊ အိုခြင်းတရား ကင်းသလား? မကင်းဘူး၊ နာခြင်းတရား မကင်းဘူး၊ သေခြင်းတရား မကင်းဘူး။ |
1,316,695 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | စိုးရိမ်ရမှု, ပူဆွေးရမှု, ငိုကြွေးရမှု, ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှု, ပြင်းစွာပူပန်ရမှုှုဆိုတဲ့ ဒုက္ခတွေ ကင်းသလား? မကင်းဘူး။ |
1,316,696 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် လူ့ဘဝကို လိုလားတောင့်တရင် လူ့ဘဝမှာ အိုရပါလို၏, နာရပါလို၏, သေရပါလို၏, စိုးရိမ်ရပါလို၏, ပူဆွေးရပါလို၏, ငိုကြွေးရပါလို၏ စသည်ဖြင့် ဆုတောင်းနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။ |
1,316,697 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူ့ဘဝ - နတ်ဘဝ - ဗြဟ္မာဘဝသို့ ဦးတည်ချက် |
1,316,698 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အလားတူပဲ --- နောက်တစ်ခု နတ်ဘဝကို လိုလားတောင့်တတယ်။ |
1,316,699 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်တစ်ခု ဗြဟ္မာဘဝကို လိုလားတောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေပြုတယ်နော်။ |
1,316,700 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီတော့ ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံ, ရုပ်နာမ်အစုအပုံ ဒုက္ခသစ္စာတရားတွေပဲလို့ မသိဘဲ လူလို့, နတ်လို့, ဗြဟ္မာလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.