id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,316,701 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထို လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို လိုလားတောင့်တနေတဲ့ သဘောလေးက တဏှာ။ |
1,316,702 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ |
1,316,703 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ခြံရံပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ |
1,316,704 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သင်္ကန်းလှူတယ်၊ ဆွမ်းလှူတယ်၊ ကျောင်းလှူတယ်၊ ကောင်းမှုကုသိုလ်တွေကို ပြုကြတယ်။ |
1,316,705 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ပြုတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်စေတနာတွေက သင်္ခါရ။ |
1,316,706 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသင်္ခါရတရားတွေသည် အနိစ္စတရားဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ပျက်သွား တယ်။ |
1,316,707 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပျက်သွားပေမယ့်လို့ ဒီရုပ်နာမ်အစဉ်မှာ နောင်တစ်ချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ဖြင့် တောင့်တထားသည့်အတိုင်း အနာဂတ်ခန္ဓာငါးပါး ဆိုတဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် သူက ချုပ်ပျက်သွားတယ်။ |
1,316,708 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်နော်။ |
1,316,709 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ -- အကြောင်းတရား (၅)ခု ဖြစ်ကြတယ်။ |
1,316,710 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီအကြောင်းတရား (၅)ခု စုံညီပြီးတော့ ကောင်းမှု ကုသိုလ်တစ်ခုကို ပြုတဲ့အခါမှာ ဒီလို အကြောင်းတရား (၅)ခု စုံညီသွားတဲ့ အတွက် ထိုကံက ရင့်ကျက်ခဲ့သော် မိမိတို့ လိုလားတောင့်တနေတဲ့ လူ့ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ နတ်ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ ဗြဟ္မာဘဝကို ဒီကံက ရောက်အောင် ပို့ပေးမယ်။ |
1,316,711 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော် ဗြဟ္မာ့ပြည်ကိုတော့ ဒီဒါနက တိုက်ရိုက် မပို့နိုင်ဘူးနော်။ |
1,316,712 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါနကောင်းမှုကုသိုလ်ပြုပြီးတဲ့ အချိန်အခါမှာ စိတ်ထားတွေကို နူးညံ့ပျော့ပျောင်းလာလို့ရှိရင် ဗြဟ္မာ့ပြည် ရောက်ကြောင်းဖြစ်တဲ့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရား အစရှိတဲ့ စျာန်ရနိုင်တဲ့ ဘာဝနာတွေကို တစ်ဆင့်တက်ပြီး စျာန်ရအောင် ကြိုးစားအားထုတ်ရတယ်နော်။ |
1,316,713 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို ကြိုးစားအားထုတ်ခဲ့သော် ထိုစျာန်အားလျော်စွာ ဗြဟ္မာ့ပြည်ကို ရောက်မယ်လို့ ဆိုလိုပါတယ်။ |
1,316,714 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) သို့သော် ဒီဗြဟ္မာ့ပြည်ကိုရောက်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဗြဟ္မာ့ပြည်ကို လိုလားတောင့်တနေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ခြံရံမှု ရှိနေရမယ်။ |
1,316,715 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေက စုံညီသွားလို့ရှိရင် မိမိတို့ လိုလားတောင့်တနေတဲ့ လူ, နတ်, ဗြဟ္မာဆိုတဲ့ ဒီဘဝတွေကို ရရှိမှာဖြစ်တော့ အဲဒီ လူ, နတ်, ဗြဟ္မာတွေကို လှမ်းပြီး ကြည့်လိုက်လို့ရှိရင် အို-နာ-သေရေး ဒုက္ခဘေး ကင်းတဲ့ဘဝ ဟုတ်သလား? မဟုတ်ဘူး။ |
1,316,716 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် ဒီလူ့ဘဝကို တောင့်တမှု, နတ်ဘဝကို တောင့်တမှု, ဗြဟ္မာဘဝကို တောင့်တမှုကိုတော့ ဘုရားရှင်က ဟီနေ ဝိမုတ္တ = ယုတ်ညံ့တဲ့ ဘုံဘဝတွေမှာ တောင့်တနေတဲ့ စိတ်ထား၊ ဥတ္တရိ အဘာဝိတ = အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရန် ပွားများအားထုတ်မှု မရှိတဲ့စိတ်ထား ဆိုပြီးတော့ ဘုရားရှင်က ဒီလို သတ်မှတ်ပြီး ဟောတော်မူပါတယ်။ |
1,316,717 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါပေမယ့်လို့ အဲဒီလို တောင့်တတဲ့ အချိန်အခါမှာ တောင့်တတဲ့အတိုင်း အကုန်လုံး ပြည့်ရောလားလို့ မေးတော့ --- |
1,316,718 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလရှိသူအတွက်သာ |
1,316,719 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ။ |
1,316,720 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တဉ္စ ခေါ = ထိုသို့ ပြည့်စုံခြင်းသည်လည်းပဲ။ |
1,316,721 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလရှိတဲ့ပုဂ္ဂိုလ်သာ ဒီတောင့်တမှုတွေ ပြည့်စုံနိုင်တယ်။ |
1,316,722 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ ရနိုင်တယ်။ |
1,316,723 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရောက်နိုင်တယ်လို့ ငါဘုရား ဟောပါတယ်။ |
1,316,724 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလမရှိတဲ့ပုဂ္ဂိုလ် ရောက်နိုင်တယ်လို့ ဟောသလား? မဟောဘူး။ |
1,316,725 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | စေတောပဏိဓိ = စိတ်ရဲ့ တောင့်တချက်ဟူသမျှသည်။ |
1,316,726 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဣဇ္ဈတိ = မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ |
1,316,727 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြည့်စုံတတ်တယ်။ |
1,316,728 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘာကြောင့်လဲ? သီလစင်ကြယ်နေတဲ့အတွက်ကြောင့် တောင့်တချက်အားလုံး ပြည့်စုံသွားနိုင်တယ်။ |
1,316,729 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီလိုဆိုရင် ဒကာကြီးတွေ ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ သီလကလေးတော့ ဖြူစင်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ |
1,316,730 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မိမိတို့ဘက်က ရှိရမယ့် အင်္ဂါရပ်ကလေးတွေ ပြည့်စုံရမယ်။ |
1,316,731 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သီလရှိရမယ်၊ လှူဖွယ်ဝတ္ထုတွေက တရားသော နည်းလမ်းဖြင့် ရှာဖွေရတဲ့ ပစ္စည်းဝတ္ထု ဖြစ်ရမယ်၊ ကြည်လင်တဲ့ စိတ်ထားရှိရမယ်၊ ကံ-ကံရဲ့အကျိုးကို ယုံကြည်မှု ရှိရမယ်၊ ဒီလို အင်္ဂါရပ်နှင့် ပြည့်စုံရမယ်။ |
1,316,732 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို ပြည့်စုံလိုက်တဲ့ ဒါနမျိုးကို မဟပ္ဖလ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ ဒါန။ |
1,316,733 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လောက်အထိ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သလဲလို့ မေးရင်တော့ ဘုရားရှင်က ဟိုဝေလာမသုတ္တန် (အံ၊၃၊၁၉၅-၁၉၇။ |
1,316,734 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) များမှာတော့ သာသနာပ အချိန်အခါကာလမှာ (၇)ရက် (၇)လ (၇)နှစ် ထွန်တုံးပိတ် လှူနေတဲ့ အလောင်းတော် ဝေလာမပုဏ္ဏားကြီးရဲ့ ဒါနဟာသာသနာ- တော်အတွင်းမှာ သောတာပန်ပုဂ္ဂိုလ်တစ်ဦးကို တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်း ရတဲ့ အလှူဒါနလောက် မမြင့်မြတ်ဘူးလို့ ဘုရားရှင်က ဟောထားတော်မူတယ်။ |
1,316,735 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သောတာပန် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် သကဒါဂါမ်ပုဂ္ဂိုလ်တစ်ပါး။ |
1,316,736 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သကဒါဂါမ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် အနာဂါမ်တစ်ပါး။ |
1,316,737 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အနာဂါမ်ပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုမြတ်တယ်။ |
1,316,738 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပိုပြီး အကျိုးကြီးပါတယ်။ |
1,316,739 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရဟန္တာပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုပြီး မြတ်တယ်။ |
1,316,740 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကျိုးကြီးတယ်။ |
1,316,741 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပစ္စေကဗုဒ္ဓါ အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူအား ဆွမ်းဝအောင် လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးတယ်။ |
1,316,742 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဆွမ်းဝအောင် တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်းရတဲ့ အလှူဒါနထက် ဘုရားအမှူးရှိတဲ့သံဃာကို ဆွမ်းလှူဒါန်းရတဲ့ အကျိုးက ပိုပြီး အကျိုးကြီးတယ်။ |
1,316,743 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးဟူသည် |
1,316,744 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကျိုးကြီးတယ်ဆိုတာက ဘာပြောတာလဲ? လူချမ်းသာ အလိုရှိရင် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရနိုင်တယ်။ |
1,316,745 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နတ်ချမ်းသာ အလိုရှိခဲ့ရင် ရနိုင်တယ်။ |
1,316,746 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဗြဟ္မာ့ချမ်းသာ အလိုရှိခဲ့ရင်လည်း စိတ်ထားနူးညံ့လာတဲ့အခါမှာ ဗြဟ္မာ့ပြည်ရောက်ကြောင်း စျာန်တွေကို ကြိုးစားအားထုတ်နိုင်ခဲ့ရင်လည်း ဗြဟ္မာ့ချမ်းသာကို ရနိုင်တယ်နော်။ |
1,316,747 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို ရနိုင်တာကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဒီလို သတ်မှတ်တယ်။ |
1,316,748 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးနဲ့ ပတ်သက်ပြီး နည်းနည်းကလေးတော့ ထပ်ပြောဖို့ လိုလာတယ်နော်။ |
1,316,749 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒကာကြီးတွေ လူ့လောကမှာ ကြည့်ပေါ့။ |
1,316,750 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူ့လောကမှာ လူတစ်ယောက် လာပြီဆိုလို့ရှိရင်တော့ ကျွေးချင်တဲ့, မွေးချင်တဲ့ပုဂ္ဂိုလ်တွေ၊ လှူချင် တန်းချင်တဲ့ ပုဂ္ဂိုလ်တွေ ပေါများတာနဲ့ ကျွေးမယ့်လူ မရှိ, မွေးမယ့်လူ မရှိ, လှူမယ့်လူ မရှိ, တန်းမယ့်လူ မရှိတဲ့ပုဂ္ဂိုလ်ဘဝ၊ အဲဒီ နှစ်ခု နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်ဒင်းက ပိုကောင်းမလဲ? သံသရာခရီး ကျင်လည်ခိုက်နော်။ |
1,316,751 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီဘဝမှာ နိဗ္ဗာန်ရအောင် အပြတ်ချမယ်။ |
1,316,752 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ရဟန္တာဖြစ်အောင်ကို ကြိုးစားမယ် ဆိုရင်တော့ ဒီဒါနတွေကို အဦးမူပြီးတော့ သိပ်ကြိုးစားနေဖို့ မလိုပါဘူး။ |
1,316,753 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သံသရာခရီးဆိုတာက ရှိဦးမယ်၊ ရဟန္တာဖြစ်အောင်ကလည်း မကြိုးစားနိုင်သေးဘူးဆိုလို့ရှိရင်တော့ ဒါနရှင်နဲ့ ဒါနရှင် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ ကွာဟချက် မရှိနိုင်ဘူးလား? ရှိတယ်။ |
1,316,754 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပုံစံတစ်ခု ပြောမယ်။ |
1,316,755 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မဏ္ဍပဒါယိကာထေရီအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီးဟာ ကောဏာဂုံဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဘုရားရှင်ကို မဏ္ဍပ်တစ်ခု ဆောက်လုပ် လှူဒါန်းပြီးနောက် တိစီဝရိက်သင်္ကန်း (၃)ထည်နှင့် မွန်မြတ်သော ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကိုလည်း လှူဒါန်းပူဇော်ခဲ့ဖူးတယ်။ |
1,316,756 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဤကဲ့သို့သော ကောင်းမှုကုသိုလ်ကို ဆည်းပူးခဲ့တဲ့အတွက် ဒီဒါနကနေပြီးတော့ အကျိုးပေး လိုက်တာ သံသရာခရီးတစ်လျှောက် ဘာတွေဖြစ်သလဲ? --- |
1,316,757 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယံ ယံ ဇနပဒံ ယာမိ၊ နိဂမေ ရာဇဓာနိယော။ |
1,316,758 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သဗ္ဗတ္ထ ပူဇိတော ဟောမိ၊ ပုညကမ္မဿိဒံ ဖလံ။ |
1,316,759 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (ထေရီအပဒါန်၊၁၈၉။ |
1,316,760 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) ဘယ်ရွာကို သွားမလဲ, ဘယ်မြို့ကို သွားမလဲ? သွားချင်တဲ့ရွာကို, သွားချင်တဲ့ မြို့ကို သွား။ |
1,316,761 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီနေရာတိုင်းမှာ ပူဇော်မယ့်ပုဂ္ဂိုလ်တွေကိုသာ အမြဲ တွေ့နေရတယ်တဲ့။ |
1,316,762 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကြွတော်မူပါ, စားတော်မူပါ, ဒီပစ္စည်းလေးကို အလှူခံတော်မူပါ, ဤသင်္ကန်းကို အလှူခံတော်မူပါ, ဤဆွမ်းကို အလှူခံတော်မူပါ, ဤကျောင်းကို အလှူခံတော်မူပါလို့ ပင့်ဖိတ်လှူဒါန်းမယ့် ပုဂ္ဂိုလ်တွေကသာလျှင် နေရာတကာမှာ အမြဲတမ်း ရှိနေတယ်။ |
1,316,763 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကျွေးမယ့်လူ မရှိတဲ့ဘဝ, မွေးမယ့်လူ မရှိတဲ့ဘဝနဲ့ တိုင်းတာလိုက်ရင်တော့ ထိုဘဝမျိုးကို ကောင်းတယ်လို့တော့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ |
1,316,764 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အကောင်းစားကြီးလို့ကော ပြောမလား? အကောင်းစားကြီးတော့ မပြောနိုင်ဘူး။ |
1,316,765 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အိုနာသေရေး ဒုက္ခဘေးက မကင်းလို့ဘဲနော်။ |
1,316,766 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သို့သော် သံသရာခရီး ကျင်လည်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ ဒီဒါနဆိုတဲ့ ရွှေအိုးလေး ကပ်ပြီး ပါသွားမယ်ဆိုလို့ရှိရင်တော့ ရောက်လေရာဘဝမှာ ဆင်းရဲမှုဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ |
1,316,767 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | တစ်ဖက်ကတော့ ကောင်းတယ်လို့တော့ ပြောတန်သလောက်တော့ ပြောနိုင်တယ်နော်။ |
1,316,768 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါပေမယ့်လို့ ဘုရားရှင်ကတော့ အကောင်းစားကြီးလို့ မချီးမွမ်းပါဘူး။ |
1,316,769 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သံဃိကကျောင်းအလှူ |
1,316,770 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ကဲ - အဲဒီ ဘုရားအမှူးရှိတဲ့ သံဃာကို ဆွမ်းလှူရတဲ့ အလှူဒါနထက် အာဂတာနာဂတခေါ်တဲ့ အရပ် (၄)မျက်နှာမှလာတဲ့ သံဃာတော်ကို ရည်ညွှန်းပြီး သံဃိကကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းရတဲ့ အလှူဒါနက ပိုပြီး ကြီးကျယ်တယ်။ |
1,316,771 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသံဃိကကျောင်းသည် လေးတိုင်စင် ကျောင်းကလေး၊ ကျူထရံကာပြီးတော့ ဖက်မိုးထားတဲ့ ကျောင်းကလေး ဖြစ်ချင်ဖြစ်ပါစေ။ |
1,316,772 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီ ကျောင်းလှူရတဲ့ အလှူဒါနက ပိုပြီး အကျိုးကြီးတယ်။ |
1,316,773 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘယ်လောက်ထိ အကျိုးကြီးလဲမေးရင် ထိုကျောင်းလှူထားတဲ့ အလှူရှင်သည် ဖြစ်လေရာဘဝမှာ သံသရာခရီး ကျင်လည်ရလို့ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေရမယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းနေတဲ့ အမိဝမ်းတွင်းသော်လည်း (၁၂)တောင်တိုက်ခန်းအတွင်းမှာ ဝင်ပြီး နေထိုင်ရသလို ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ |
1,316,774 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါ ကျောင်းလှူရတဲ့အကျိုး ဘယ်လောက်ကြီးတယ်ဆိုတာကို ဖော်ပြတဲ့ အကြောင်းအရာများစွာထဲက တစ်ခုသော အကျိုးပါ။ |
1,316,775 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဘုရားရှင်လက်ထက်တော်မှာ ရဟန္တာဖြစ်သွားတဲ့ အရှင်ဘဒ္ဒဇိမထေရ်ကို ကြည့်ပါ။ |
1,316,776 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (ဒီ၊ဋ္ဌ၊၃၊၃၉-၄၀။ |
1,316,777 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) သူ့ရဲ့ ခမည်းတော်ကတော့ လာမယ့် အရိမေတ္တေယျ မြတ်စွာဘုရား သာသနာတော်မှာ သင်္ခအမည်ရှိတဲ့ စကြာမင်းကြီးဖြစ်မယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ |
1,316,778 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သူတို့သားအဖ နှစ်ဦးဟာ ဘဝတစ်ခုမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားတစ်ဆူကို လေးတိုင်စင်ကျောင်းလေး, ကျူထရံကာထားတဲ့ ဖက်မိုး ကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းခဲ့ဖူးကြတယ်။ |
1,316,779 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီကျောင်းကလေး ဆောက်လုပ်တဲ့အခါမှာ လိုအပ်တဲ့နေရာများမှာ အသုံးပြုတဲ့သစ်က ရေသဖန်းသားများ ဖြစ်ကြပါတယ်။ |
1,316,780 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ထိုကျောင်းကလေးမှာ သီတင်းသုံးစေတော်မူပြီးနောက် မိမိတို့ စွမ်းအားရှိသလောက် ပစ္စည်းလေးပါးတို့ဖြင့် ဆက်လက်ပြီး ပြုစုလုပ်ကျွေး ကြတယ်၊ လှူဒါန်းပူဇော်ကြတယ်။ |
1,316,781 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနေ့ အလှူရှင်တွေ လှူဒါန်းပူဇော်တဲ့ ကျောင်းကတော့ ဒီသားအဖလှူတဲ့ ကျောင်းထက်တော့ များစွာ ပိုကောင်းတဲ့ သဘော ရှိပါတယ်။ |
1,316,782 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယခုလို ကောင်းမှုကုသိုလ်တွေကို ဆည်းပူးစုဆောင်းပြီးနောက် လူ့ဘဝမှ ကွယ်လွန်သွားကြတဲ့အခါ နတ်ပြည်နတ်လောကမှာ သွားပြီး နတ်သားတွေ ဖြစ်ကြတယ်။ |
1,316,783 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီသားအဖနှစ်ယောက်တို့အနက် ဖခင်ဖြစ်တဲ့ နတ်သားကတော့ နတ်ပြည်နတ်လောကမှာပဲ ဆက်လက်ပြီးတော့ တည်ရှိနေပါတယ်။ |
1,316,784 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | သားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ နတ်ပြည်နတ်လောကမှ စုတေပြီးနောက် သုရုစိမင်းရဲ့ သုမေဓာအမည်ရှိတဲ့ မိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ လာရောက်ကာ ပဋိသန္ဓေ ယူပြန်တယ်။ |
1,316,785 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မဟာပနာဒ သတို့သားလို့ နာမည်ပေးထားကြတယ်။ |
1,316,786 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်ပိုင်းကာလ အရွယ်ရောက်လာတဲ့အခါမှာ မဟာပနာဒမင်းသားကို ထီးဖြူဆောင်းကာ အဘိသိက်သွန်းလောင်းလျက် မင်းမြှောက်ကြပါတယ်။ |
1,316,787 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အဲဒီလို ရှင်ဘုရင်ဖြစ်သွားတဲ့အခါမှာ မဟာပနာဒမင်းရဲ့ အတိတ်က ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖက်မိုး ကျူထရံကာ တဲကျောင်းကလေး ဆောက်လုပ်လှူဒါန်းခဲ့ရတဲ့ကုသိုလ် ပစ္စေကဗုဒ္ဓါဘုရားရှင်အား ပစ္စည်းလေးပါးတို့ဖြင့် စွမ်းအားရှိသလောက် လှူဒါန်းပူဇော်ခဲ့ရသည့် ကောင်းမှုကုသိုလ်၊ ဒီကုသိုလ် တွေရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် သိကြားမင်းကြီးက က... |
1,316,788 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လက်ပိုက်ကာ ကြည့်မနေနိုင်တဲ့အတွက် ဝိသကြုံနတ်သားကို မဟာပနာဒမင်းအတွက် နန်းတော်ကြီးတစ်ခုကို တည်ဆောက် ဖန်ဆင်းပေးရန် အမိန့်တော်မြတ် သတ်မှတ်ပေးလိုက်ပါတယ်။ |
1,316,789 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | လူမင်း ဘုန်းကြီးက နတ်မင်းမနေသာတဲ့ ထုံးဟောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ |
1,316,790 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနန်းတော်ကြီးကတော့ ရတနာ (၇)ပါးတို့ဖြင့် တည်ဆောက်ထားတဲ့ အထပ်ပေါင်း ရာနှင့်ချီရှိတဲ့ အလွန်မြင့်မားတဲ့ ပြာသာဒ်ကြီးတစ်ခု ဖြစ်ပါတယ်။ |
1,316,791 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယူဇနာနှင့်ချီပြီး အလွန် ကျယ်ဝန်းတဲ့ နန်းတော်ကြီး ဖြစ်ပါတယ်။ |
1,316,792 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | (ဒီ၊ဋ္ဌ၊၃၊၄၀။ |
1,316,793 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) မဟာပနာဒမင်းဟာ အသက်ထက်ဆုံး နန်းစည်းစိမ် ခံစားပြီးနောက် ကွယ်လွန်သွားတဲ့အခါ နတ်ပြည်သို့ ရောက်ရှိသွားပြန်တယ်။ |
1,316,794 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နတ်ရွာစံပြန်တယ်။ |
1,316,795 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | မဟာပနာဒမင်းကြီး နတ်ရွာစံသွားပြီးနောက် မကြာမီအချိန်ကာလ အတွင်းမှာပဲ ဒီနန်းတော်ကြီးဟာ ဂင်္ဂါမြစ်ထဲ မျောသွားပါတယ်။ |
1,316,796 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်ပိုင်း ဂင်္ဂါမြစ်ထဲသို့ မြုပ်သွားပါတယ်။ |
1,316,797 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒီနန်းတော်ကြီးရဲ့ ပင်မစောင်းတန်းဦးနှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ပယာဂဆိပ်ကမ်းမြို့ကလေး ဖြစ်ပါတယ်။ |
1,316,798 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ပြာသာဒ်အထွတ်နှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ကောဋိဂါမရွာ ဖြစ်ပါတယ်။ |
1,316,799 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ) နောက်ပိုင်းကာလ ရောက်ရှိလာတဲ့အခါမှာ ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာတဲ့ အချိန်အခါမှာ ထို သားဖြစ်သူ နတ်သားက နတ်ပြည်မှ စုတေပြီးနောက် လူ့လောကမှာ ဘဒ္ဒဇိအမည်ရှိတဲ့ သူဌေးတစ်ဦး လာဖြစ်ပါတယ်။ |
1,316,800 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | နောက်ပိုင်းကာလမှာ ဘုရားရှင်၏ ထံတော်မှောက်မှာပဲ ရှင်ရဟန်းပြုကာ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်တော်မူသည့်အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.