id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,316,801
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) တစ်ချိန်မှာ ဘုရားရှင်နှင့် အတူတကွ ရဟန်းသံဃာတော်များ ဂင်္ဂါမြစ်ကို လှေဖြင့် ဖြတ်ကူးတော်မူသည့်အခါ ဘဒ္ဒဇိမထေရ်လည်း ပါဝင်ခဲ့ပါတယ်။
1,316,802
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘုရားရှင်ရဲ့ တိုက်တွန်းတော်မူချက်အရ အရှင်ဘဒ္ဒဇိမထေရ်က မိမိ မဟာပနာဒမင်းဖြစ်စဉ်က သိကြားမင်းကြီးရဲ့ အမိန့်အရ ဝိသကြုံနတ်သား ဖန်ဆင်း ပေးခဲ့တဲ့ ရတနာ (၇)ပါးတို့ဖြင့် ပြီးစီးနေတဲ့ ရွှေနန်းတော်ကြီးကို လှေဖြင့် တစ်ဖက်ကမ်းသို့ ကူးခတ်နေစဉ် ရဟန်းသံဃာတော်အား မိမိရဲ့ တန်ခိုးဖြင့် ထင်ရှားပြတော်မူခဲ့ဖူးပါတယ်။
1,316,803
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာကြောင့် ဒီနန်းတော်ကြီးက ဂင်္ဂါမြစ်ထဲမှာ ထင်ရှားရှိနေရပါသလဲလို့တော့ မေးစရာရှိတယ်။
1,316,804
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကသ္မာ ပနေသ ပါသာဒေါ န အန္တရဟိတောတိ? ဣတရဿ အာနုဘာဝါ။
1,316,805
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဘာကြောင့် ဒီနန်းတော်ကြီးဟာ မကွယ်ပျောက်ဘဲ တည်ရှိနေရပါသလဲ ဆိုရင် ဖခင်ဖြစ်သူရဲ့ ကောင်းမှုကုသိုလ်ဘုန်းကံကြောင့် မပျောက်ပျက်သေးဘဲ တည်ရှိနေခြင်း ဖြစ်တယ်။
1,316,806
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ သားဖြစ်သူ ဘဒ္ဒဇိမထေရ်နှင့် တစ်ချိန်က ကောင်းမှုကုသိုလ် အတူ ပြုခဲ့တဲ့ ဖခင်ဖြစ်ခဲ့ဖူးသူ နတ်သားမှာ နတ်ပြည်နတ်လောကမှာ နတ်သား အဖြစ်နှင့် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။
1,316,807
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ထိုနတ်သားမှာ နောင်အနာဂတ် ကာလဝယ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာလတ္တံ့သော အချိန်အခါကာလမှာ သင်္ခအမည်ရှိသော စကြာရတနာပိုင်ရှင် ရှင်ဘုရင်ကြီးတစ်ဦး ဖြစ်လိမ့်မယ်။
1,316,808
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအခါမှာ ထိုရှင်ဘုရင် အသုံးပြုဖို့ရန် အတွက် ထို နန်းတော်ပြာသာဒ်ကြီးသည် ဂင်္ဂါမြစ်အတွင်းမှ ကြည်းကုန်းထက်သို့ ပေါ်တက်လာမှာ ဖြစ်ပါတယ်။
1,316,809
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် ဒီနန်းတော်ပြာသာဒ်ကြီးက မကွယ်ပျောက်သေးခြင်းပဲ ဖြစ်ပါတယ်။
1,316,810
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဒီ၊၃၊၆၂။ ဒီ၊ဋ္ဌ၊၃၊၄၀။
1,316,811
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) သို့သော် ဒီသင်္ခစကြာမင်းကြီးဟာ ဒီနန်းတော်ကြီးကို ကြာရှည်စွာ အသုံး ပြုပြီးတော့ ထီးနန်းကို စိုးစံနေမှာတော့ မဟုတ်ပါဘူး။
1,316,812
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီနန်းတော်ကြီးမှာ ရှင်ဘုရင်အဖြစ်နှင့် ထီးဖြူတော်ကို ဆောင်းပြီးနောက် မကြာမီကာလအတွင်းမှာပဲ ဒီရတနာ (၇)ပါးတို့ဖြင့် ပြီးတဲ့ ရွှေနန်းတော်ကြီးကို ထုခွဲကာ သမဏ, ဗြာဟ္မဏ, အထီးကျန်လူမွဲ, ဖုန်းတောင်းယာစကာတို့အား လှူဒါန်းပြီးနောက် အရိမေတ္တေယျဘုရားရှင်၏ မျက်မှောက်တော်ဝယ် ဆံမုတ်ဆိတ်တို့ကို ရိတ်ဖြတ်ပြီးနောက် ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန...
1,316,813
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ရှင်ရဟန်းပြုပြီးတော့ ဘာတွေလုပ်မလဲ? ဒီလို ရှင်ရဟန်းပြုပြီးနောက် အဖော်မမှီး တစ်ယောက်ထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် သမထ-ဝိပဿနာ အစဖြာသည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ ကုသိုလ်တရားတွေမှာ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေလိမ့်မယ်။
1,316,814
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ခြံရံပြီးတော့ သမထ-ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်လိမ့်မယ်။
1,316,815
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလိုအားထုတ်တဲ့အပိုင်းမှာလည်း မိမိရဲ့ စိတ်ကို နိဗ္ဗာန်ဘက်သို့ အမြဲတမ်း စေလွှတ်ထားပြီး, တစ်နည်းပြောရရင်တော့ နိဗ္ဗာန် ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စိတ်ကို အမြဲတမ်း စေလွှတ်ထားပြီး အားထုတ်လိမ့်မယ်။
1,316,816
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလိုစေလွှတ်ပြီးတော့ သာသနာတော်မှာ နေထိုင်လိုက်တာ မကြာမီအချိန်ကာလအတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားမှာ ဖြစ်ပါလိမ့်မယ်။
1,316,817
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဒီ၊၃၊၆၄။ )
1,316,818
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
စိတ်ဓာတ်၏ စွမ်းအား
1,316,819
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီကြီးကျယ်ခမ်းနားလှတဲ့ မြင့်မားလှတဲ့ ရတနာ (၇)ပါးတို့ဖြင့် စီခြယ်ထားတဲ့ ဒီရွှေနန်းတော်ကြီးကို ဒီသင်္ခစကြာမင်းကြီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထုခွဲပြီးတော့ အလွှာအသီးအသီးမှာ တည်ရှိတဲ့ အလှူခံ ပုဂ္ဂိုလ်တွေကို လှူဒါန်းမှာလဲလို့တော့ မေးစရာရှိတယ်။
1,316,820
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဧဝံ ကိရဿ စိတ္တံ ဥပ္ပဇ္ဇိဿတိ အယံ ပါသာဒေါ ဝိပ္ပကိရိယတူတိ။
1,316,821
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သော ခဏ္ဍခဏ္ဍသော ဝိပ္ပကိရိဿတိ။
1,316,822
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဒီ၊ဋ္ဌ၊၃၊၄၁။
1,316,823
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) သင်္ခစကြာမင်းကြီးရဲ့ သန္တာန်မှာ --- ဤနန်းပြာသာဒ်ကြီးသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြိုပါစေသတည်းဆိုတဲ့ စိတ်ထား ဖြစ်ပေါ်လာပေလိမ့်မယ်။
1,316,824
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို စိတ်ဓာတ်ရဲ့ စွမ်းအားကြောင့် ဒီနန်းတော်ကြီးဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။
1,316,825
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီအခါမှာ အလွှာအသီးအသီးမှာ တည်ရှိနေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတို့အား အလိုရှိသလို ပေးလှူပြီးနောက် ရှင်ရဟန်း ပြုမှာ ဖြစ်ပါတယ်။
1,316,826
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီအလှူခံပုဂ္ဂိုလ်တွေထဲမှာ သမဏအမည်ရတဲ့ သူတော်ကောင်း ရဟန်းတော်တွေလည်း ပါဝင်ကြပါတယ်။
1,316,827
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အထူးသဖြင့် အရိမေတ္တေယျဘုရားရှင်၏ သာသနာတော်မှာ များစွာ စွန့်လွှတ်လှူဒါန်းမှာ ဖြစ်ပါတယ်။
1,316,828
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် ဖက်မိုး ကျူထရံကာကျောင်းကလေးကို လှူရလို့ စိတ်ထဲမှာ သိပ် ဝမ်းနည်းနေဖို့ မလိုပါဘူး။
1,316,829
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလှူခံပုဂ္ဂိုလ်ဘက်ကလည်း သီလရှိခြင်းစတဲ့ ဂုဏ်တွေနှင့် ပြည့်စုံလို့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က ရှိသင့်တဲ့ သီလရှိခြင်းစတဲ့ အင်္ဂါရပ်တွေနှင့် ပြည့်စုံမယ်ဆိုရင် အကျိုးတရားတွေဟာ များစွာ ပွင့်လန်းနေမှာ ဖြစ်တယ်။
1,316,830
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို စကြာမင်းကြီးရဲ့ ရွှေနန်းစည်းစိမ်နဲ့ သူတို့သားအဖတွေ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်အား စွန့်လွှတ်လှူဒါန်းပူဇော်ခဲ့တဲ့ ဖက်မိုးထားတဲ့ ကျူထရံကာထားတဲ့ ကျောင်းကလေးနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်မယ်ဆိုရင်တော့ မျှတပါ့မလား? မမျှတဘူးနော်။
1,316,831
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးပေးပုံကို သဘောပေါက်စေချင်လို့ ဒီဝတ္ထုဇာတ်ကြောင်းကို ပြောနေခြင်းပဲ ဖြစ်ပါတယ်။
1,316,832
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီအကျိုးတရားတွေဟာ အကောင်းစားကြီးလားလို့ မေးရင်တော့ အကောင်းစားကြီးတော့ မဟုတ်သေးဘူး။
1,316,833
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာကြောင့်လဲ? အို-နာ-သေရေး ဒုက္ခဘေးတွေမှ မလွတ်မြောက်သေးသောကြောင့်ပဲ ဖြစ်ပါတယ်။
1,316,834
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် သူတို့သားအဖတွေဟာ ဖက်မိုးထားတဲ့ ကျူထရံကာတဲကျောင်း ကလေးကို အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဆောက်လုပ်လှူဒါန်းပူဇော်တဲ့ အခါမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကဲ့သို့ သံသရာဝဋ်မှ ထွက်မြောက်လိုတဲ့ ဦးတည်ချက်လည်း ရှိခဲ့ပုံတော့ ပေါ်ပါတယ်။
1,316,835
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် သားဖြစ်သူက ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။
1,316,836
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဖခင်ဖြစ်သူကလည်း အရိမေတ္တေယျဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူမှာ ဖြစ်ပါတယ်။
1,316,837
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် ဘုရားရှင်က စက္ကဝတ္တိသုတ္တန်မှာ ဖခင်ဖြစ်သူ သင်္ခ စကြာမင်းကြီး ရဟန္တာဖြစ်သွားမှုကို အကြောင်းပြုကာ ရဟန်းတော်တို့ကို အောက်ပါအတိုင်း တိုက်တွန်း ဆုံးမထားတော်မူခဲ့ပါတယ်။
1,316,838
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
--- အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။
1,316,839
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
= ရဟန်းတို့ ... မိမိလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။
1,316,840
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မိမိလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။
1,316,841
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မပြုဘဲ မမှီခိုဘဲ သာသနာတော်မှာ နေထိုင်ကြပါ။
1,316,842
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဓမ္မကိုသာလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍, ဓမ္မလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍, ဓမ္မမှတစ်ပါး အခြားမှီခိုအားထားရာ မရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ စသည်ဖြင့် တိုက်တွန်းထားတော်မူပါတယ်။
1,316,843
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အို-နာ-သေရေး ဒုက္ခဘေး အဝဝတို့မှ လွတ်မြောက်ရေးအတွက် ဓမ္မကိုသာ မှီခိုအားထားရမှာ ဖြစ်တယ်။
1,316,844
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီနေရာမှာ --- အတ္တ = မိမိဆိုတာက ဘာလဲ? ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။
1,316,845
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကော ပနေတ္ထ အတ္တာ နာမ၊ လောကိယလောကုတ္တရော ဓမ္မော။
1,316,846
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တေနာဟ -- ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာတိ။
1,316,847
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဒီ၊ဋ္ဌ၊၃၊၃၀။
1,316,848
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဒီနေရာမှာ အတ္တ = မိမိ --- ဆိုတာက ဓမ္မကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။
1,316,849
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဓိပ္ပာယ်အယူအဆ လွဲမှားသွားမှာစိုးလို့ ဘုရားရှင်က အတ္တဒီပါစသည်ဖြင့် ဟောတော်မူပြီးနောက် ဓမ္မဒီပါစသည်ဖြင့် ဆက်လက် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
1,316,850
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလိုဆိုလျှင် ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။
1,316,851
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဋ္ဌကထာက --- စက္ကဝတ္တိသုတ္တန်ပါဠိတော် (၆၄) စသည်၌ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သတိပဋ္ဌာန်လေးပါး အစဉ်ပွားလျက် နေထိုင်ပုံနည်းစနစ်ကို ဓမ္မလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ နေထိုင်သည်မည်ကြောင်း အဆို အမိန့်အတိုင်း --- လောကိယဓမ္မနှင့် လောကုတ္တရဓမ္မတွေကို ဓမ္မလို့ ခေါ်ဆိုပါတယ်လို့ ဖွင့်ဆိုထားပါတယ်။
1,316,852
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်နည်းပြောရရင်တော့ သတိပဋ္ဌာန်လေးပါးစတဲ့ ဗောဓိပက္ခိယတရားတွေကို ဆိုလိုပါတယ်။
1,316,853
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ ဗောဓိပက္ခိယတရားတွေကို အဆီညှစ်ထုတ်ယူလိုက်တဲ့အခါ ဓမ္မဆိုတာ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေပဲ ဖြစ်ကြပါတယ်။
1,316,854
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လောကီမဂ္ဂင်တရား, လောကုတ္တရာမဂ္ဂင်တရားတွေဟာ ဓမ္မတွေ ဖြစ်ကြပါတယ်။
1,316,855
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီမဂ္ဂင် (၈)ပါးကို အကျဉ်းထပ်ချုပ်လိုက်တော့ ---
1,316,856
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ သမ္မာဝါစာ = မှန်တဲ့စကားကို ပြောဆိုိခြင်း၊
1,316,857
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ သမ္မာကမ္မန္တ = မှန်တဲ့အလုပ်ကို ပြုလုပ်ခြင်း၊
1,316,858
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ သမ္မာအာဇီဝ = မှန်တဲ့အသက်မွေးမှုရှိခြင်း၊
1,316,859
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီမဂ္ဂင်သုံးမျိုးတို့က သီလမဂ္ဂင်တွေ ဖြစ်ကြပါတယ်။
1,316,860
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီတော့ သီလဆိုတဲ့ ဓမ္မကို မှီခိုအားထားပြီးတော့ သာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။
1,316,861
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ သမ္မာဝါယာမ = မှန်တဲ့အားထုတ်ခြင်း၊
1,316,862
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၅။ သမ္မာသတိ = မှန်တဲ့အမှတ်ရခြင်း၊
1,316,863
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၆။ သမ္မာသမာဓိ = မှန်တဲ့သမာဓိ၊
1,316,864
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီမဂ္ဂင် (၃)ပါးကတော့ သမာဓိမဂ္ဂင် (၃)ပါးပဲ ဖြစ်ကြပါတယ်။
1,316,865
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးတို့ ဖြစ်ကြပါတယ်။
1,316,866
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီသမာဓိမဂ္ဂင်ဆိုတဲ့ စျာန်သမာပတ် စျာန်သမာဓိတွေကိုလည်း ပွားများပြီးတော့ ဒီသာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။
1,316,867
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၇။ သမ္မာဒိဋ္ဌိ = သစ္စာလေးပါးကို သိတဲ့ဉာဏ်။
1,316,868
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၈။ သမ္မာသင်္ကပ္ပ = သစ္စာလေးပါးအာရုံစသည်ပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော ---
1,316,869
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီမဂ္ဂင် (၂)ပါးကတော့ ပညာမဂ္ဂင်နှစ်ပါး ဖြစ်ကြပါတယ်။
1,316,870
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သင်ရဟန်းတို့ တစ်တွေဟာ ဒီသာသနာတော်မှာ သီလကို ဖြူစင်အောင် ဆေးကြော သုတ်သင်ပြီးနောက် ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိတို့ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်လျက် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပြီး နေထိုင်ကြပါလို့ ဘုရားရှင်က ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။
1,316,871
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ကာယ - ဝေဒနာ - စိတ္တ - ဓမ္မ အမည်ရတဲ့ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို အစဉ်အတိုင်း အရဟတ္တဖိုလ်ပေါက် ပွားများအားထုတ်ပြီး နေထိုင်ရန် ဘုရားရှင်က စက္ကဝတ္တိသုတ္တန် (ဒီ၊၃၊၆၄။
1,316,872
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
)မှာ ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။
1,316,873
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘုန်းကြီးကလည်း အလားတူပဲ ဓမ္မကိုသာ မှီခိုအားထားပြီး နေထိုင်ကြရန် ကျောင်းဒါယကာ ဒါယိကာမ, ဆွမ်းဒါယကာ ဒါယိကာမတွေကို ထပ်မံ တိုက်တွန်းအပ်ပါတယ်။
1,316,874
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယခုလို ဒါနကြောင့် ရရှိလာတဲ့ စကြဝတေးမင်း စည်းစိမ်ပင် ဖြစ်ပေမယ့်လို့ အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းသေးတဲ့အတွက် ဝေလာမသုတ္တန်မှာ ဘုရားရှင်က ဘယ်လို ဆက်ပြီး ဟောတော်မူသလဲ?
1,316,875
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဆင့်ဆင့် အကျိုးကြီးပုံ
1,316,876
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းတဲ့အတွက် မြတ်စွာဘုရားက ဒီဒါနထက်ကို သရဏဂုံ ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က ပိုပြီး အကျိုးကြီးတယ်လို့ ဟောတော်မူပြန်တယ်။
1,316,877
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
စာတုဒ္ဒိသာကျောင်းတစ်ကျောင်း ဆောက်လုပ် လှူဒါန်းတဲ့ဒါနထက် ဘာဖြစ်လို့ သရဏဂုံက အကျိုးကြီးရသလဲလို့မေးတော့ သရဏဂုံ ဆောက်တည်တယ်ဆိုတာက ဘုရား, တရား, သံဃာခေါ်တဲ့ ရတနာ (၃)ပါးကို မိမိတို့ရဲ့ ကိုယ်အသက်ကို ငဲ့ကွက်ခြင်း မရှိဘဲ စွန့်လွှတ် လှူဒါန်းတဲ့လုပ်ငန်း။
1,316,878
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပြင်ပပစ္စည်းဝတ္ထုကို လှူဒါန်းတဲ့ လုပ်ငန်းနှင့် အသက်ကို လှူဒါန်းတဲ့လုပ်ငန်း၊ ဒီနှစ်ခု တိုင်းတာနှိုင်းစာလိုက်ရင် အသက်ကို လှူဒါန်းတဲ့လုပ်ငန်းက ပိုပြီး အကျိုးမကြီးနိုင်ဘူးလား? အကျိုးကြီးတယ်။
1,316,879
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် အဲဒီ သရဏဂုံ ဆောက်တည်ကျင့်သုံးတဲ့ ကုသိုလ်ထက်ကို (၅)ပါးသီလ ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။
1,316,880
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါနကံနှင့် သီလကံ၊ ဒီနှစ်ခု တိုင်းတာလိုက်ရင် သီလက ပိုပြီး စင်ကြယ်ခဲ့သော် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ပေးတယ်။
1,316,881
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘာကြောင့်လဲ? သတ္တဝါအားလုံးကို အဘယဒါနခေါ်တဲ့ ဘေးမဲ့အလှူဒါနကြီး ပေးလှူနေသောကြောင့် ဖြစ်တယ်။
1,316,882
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ ဒါန, သီလထက်ကို အဆင့်မြင့်တဲ့ကောင်းမှု မရှိတော့ဘူးလားမေးတော့မှ ဘုရားရှင်က ဆက်ပြီးတော့ ဒီဒါန, (၅)ပါးသီလထက်ကို ပိုပြီး အကျိုးကြီးတာကတော့ မနက်မှာ နွားနို့တစ်ညှစ်ခန့်, နေ့လယ်မှာ နွားနို့တစ်ညှစ်ခန့်, ညနေမှာ နွားနို့တစ်ညှစ်ခန့်လောက် မေတ္တာစျာန်တွေ ဝင်စားခဲ့မယ်ဆိုရင်တော့ ထိုမေတ္တာစျာန်ဝင်စားနေတဲ့ကုသိုလ်က ပိုပြီး အကျိုးကြီ...
1,316,883
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ခုနက ဒါနကြောင့်, သီလကြောင့် ရောက်နိုင်တဲ့ ဘုံဘဝကို တိုင်းတာကြည့်လိုက်ရင် လူ့ချမ်းသာနဲ့ နတ်ချမ်းသာပဲ ရှိတယ်။
1,316,884
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မေတ္တာစျာန်ဝင်စားလို့ ဒီမေတ္တာစျာန်တွေ မလျောကျဘဲနဲ့ ဘဝကို အဆုံးသတ်ခဲ့ရင် ထိုမေတ္တာစျာန်ကြောင့် ရနိုင်တဲ့ဘဝက ဗြဟ္မာ့ချမ်းသာ ဖြစ်တယ်။
1,316,885
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လူ့ချမ်းသာ, နတ်ချမ်းသာနဲ့ ဗြဟ္မာ့ချမ်းသာ တိုင်းတာလိုက်ရင်တော့ နှိုင်းစာလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။
1,316,886
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သက်တမ်းအားဖြင့်လည်း နှိုင်းစာလို့ မရဘူး။
1,316,887
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ချမ်းသာစည်းစိမ်အားဖြင့်လည်း နှိုင်းစာလို့ မရတဲ့အတွက် ဗြဟ္မာ့ချမ်းသာကတော့ ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတယ်၊ ကြီးကျယ်တယ်နော်။
1,316,888
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီထက်ကောင်းတဲ့ ကြီးကျယ်တဲ့ အကျိုးရှိတဲ့ ကုသိုလ် မရှိတော့ဘူးလားလို့မေးတော့ - အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက နောက်ဆုံး ဆက်ဟောတာကတော့ ---
1,316,889
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယော စ အစ္ဆရာသံဃာတမတ္တမ္ပိ အနိစ္စသညံ ဘာဝေယျ၊ ဣဒံ တတော မဟပ္ဖလတရန္တိ။
1,316,890
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊၃၊၁၉၇။
1,316,891
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ထိုမေတ္တာစျာန်ကို ပွားများသည်ထက် အနိစ္စသညာဆိုတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လက်ဖျစ်တစ်တွက်ခန့်လောက် ပွားများခဲ့မယ်ဆိုရင် ထိုဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ပွားများနေတဲ့ ကုသိုလ်က ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဟောကြားတော်မူပါတယ်။
1,316,892
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီနေရာမှာ ဆိုလိုတဲ့ အနိစ္စသညာကတော့ ဘယ်လို သညာမျိုးလဲ?
1,316,893
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အနိစ္စသညန္တိ မဂ္ဂဿ အနန္တရပစ္စယဘာဝေန သိခါပတ္တဗလဝဝိပဿနံ။
1,316,894
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊ဋ္ဌ၊၃၊၂၇၂။
1,316,895
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဒီနေရာမှာ အနိစ္စသညာဆိုတာက အရိယမဂ်ဉာဏ်ကို မိမိ အနိစ္စသညာ ဆိုတဲ့ ဝိပဿနာနောင် ဖြစ်ပေါ်နိုင်လောက်အောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ အားကောင်းမောင်းသန်တဲ့ ဝိပဿနာဉာဏ်ကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။
1,316,896
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဖြစ်ခါစ ဝိပဿနာမျိုးကိုတော့ မဆိုလိုပါဘူး။
1,316,897
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီဝေလာမသုတ္တန်အရ ပြန်ပြီး အကျဉ်းချုပ် ပြောမယ်ဆိုရင် --
1,316,898
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ ဒါနအမျိုးမျိုးထက် သရဏဂုံဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။
1,316,899
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီနေရာမှာ ---
1,316,900
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သရဏံ ဂစ္ဆေယျာတိ ဧတ္ထ မဂ္ဂေနာဂတံ အနိဝတ္တနသရဏံ အဓိပ္ပေတံ။