id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,320,901
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက ဒီလို ဖြေဆိုထားပါတယ်။
1,320,902
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
-- နာမရူပဝဝတ္ထာနေ ဉာဏန္တိ အဝတွာ ဧဝ ကသ္မာ ဓမ္မဋ္ဌိတိဉာဏန္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟဿ သိဒ္ဓတ္တာ။
1,320,903
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) နာမရူပဝဝတ္ထာနဉာဏ်လို့ ဟောကြားတော်မမူဘဲ ဘာကြောင့် ဓမ္မဋ္ဌိတိ ဉာဏ်လို့ ဟောကြားထားတော်မူရပါသလဲ? ဒါကတော့ မေးခွန်းပဲ။
1,320,904
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီမေး ခွန်းကို အဋ္ဌကထာဆရာတော်က ဒီလို အဖြေပေးထားပါတယ်၊ ဆိုလိုရင်းကို သဘောပေါက်အောင် ပြောမယ် ...။
1,320,905
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားတွေကို သိမ်းဆည်းခြင်းဖြင့် အကျိုးတရားကို သိမ်း ဆည်းခြင်း လုပ်ငန်းကိစ္စရပ်လည်း ပြီးစီးသွားတဲ့အတွက်ကြောင့် ဓမ္မဋ္ဌိတိဉာဏ် လို့ ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။
1,320,906
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မှန်ပါတယ် - အကျိုးရုပ်နာမ် တွေကို မသိမ်းဆည်းနိုင်လျှင် အကြောင်းရုပ်နာမ်ကို သိမ်းဆည်းဖို့ရန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
1,320,907
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားဆိုတာက အကျိုးတရားကို ဖြစ်စေနိုင်တဲ့ စွမ်းအင် သတ္တိရှိတဲ့တရားကို ဆိုလိုတယ်။
1,320,908
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ထိုစွမ်းအင်သတ္တိကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို မြင်ပါမှ ဒီစွမ်းအင်သတ္တိရှိတဲ့တရားဟာ အကြောင်းတရား ပဲလို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်မှာ ဖြစ်တယ်။
1,320,909
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကျိုးပစ္စယုပ္ပန်တရားတွေဟာ အကြောင်းတရားအပေါ်၌ တည်နေ ကြပါတယ်။
1,320,910
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တည်နေတယ်ဆိုတာကတော့ ဒီလိုပါ -- အကြောင်းတရားတွေ ထင်ရှားရှိကြပါမှ အကြောင်းတရားတွေက ဖြစ်ပေါ်လာအောင် ကျေးဇူးပြု ပေးကြပါမှ အကျိုးပစ္စယုပ္ပန်တရားတွေဟာ ဖြစ်ပေါ်လာနိုင်ခွင့် ရှိကြတယ်။
1,320,911
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားတွေက ကျေးဇူးပြုမပေးလျှင် ဖြစ်ပေါ်လာနိုင်တဲ့စွမ်းအင်တွေ မရှိကြဘူး။
1,320,912
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို အကျိုးပစ္စယုပ္ပန်တရားတို့ရဲ့ တည်နေကြောင်း ဖြစ်ပေါ် လာကြောင်းဖြစ်တဲ့ အကြောင်းတရားစုတွေကို ဓမ္မဋ္ဌိတိလို့ ခေါ်ဆို ပါတယ်။
1,320,913
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအကျိုးပစ္စယုပ္ပန်တရားစုတို့ရဲ့ တည်ရာ ဖြစ်ပေါ်လာရာ အကြောင်းတရား စုကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကိုလည်း ဓမ္မဋ္ဌိတိဉာဏ်လို့ပဲ ခေါ်ဆိုပါတယ်။
1,320,914
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်ဖန် အကြောင်းတရားတို့ဆိုတာလည်း အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အတိုင်းပဲ ကိလေသဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား), ကမ္မဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား)သာ ဖြစ်ကြတယ်။
1,320,915
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရုပ်နာမ် မှ အလွတ်ဖြစ်တဲ့ အကြောင်းတရားဆိုတာ မရှိစကောင်းဘူး။
1,320,916
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် အကြောင်းရုပ်နာမ်တို့ကို သိမ်းဆည်းတတ်တဲ့ ပိုင်းခြားယူတတ်တဲ့ ဉာဏ် ကိုလည်း နာမရူပဝဝတ္ထာနဉာဏ်လို့ ခေါ်ဆိုသင့်တယ်။
1,320,917
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို ခေါ်ဆိုသင့် ပါလျက် မခေါ်ဆိုဘဲ ဓမ္မဋ္ဌိတိဉာဏ်ဆိုတဲ့ စကားလုံးကို ယူကာ ဟောကြား ထားတော်မူတဲ့အတွက်ကြောင့်ပင် ထိုဓမ္မဋ္ဌိတိအမည်ရတဲ့ အကြောင်းတရား စုရဲ့ အကြောင်းရင်းဖြစ်တဲ့ ရှေးက ပြီးစီးပြီးဖြစ်တဲ့ နာမရူပဝဝတ္ထာနဉာဏ် (= နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်တဲ့ဉာဏ်) ကို ဟောတော်မူပြီးသာ ဖြစ်တယ်လို့ သိပါ။
1,320,918
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) နည်းနည်းတော့ ထပ်ပြီးရှင်းပြဖို့ လိုဦးမယ်ထင်တယ်။
1,320,919
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်ပြဓာန်းတဲ့ ကိလေသဝဋ်အမည်ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား), ကုသိုလ်သင်္ခါရစေတနာ ဦးဆောင်ပြဓာန်းတဲ့ ကမ္မဝဋ် အမည် ရတဲ့ ခန္ဓာငါးပါး (= ရုပ်နာမ်တရား)ဆိုတဲ့ ကိလေသဝဋ် ကမ္မဝဋ် အမည်ရတဲ့ နာမ်ရုပ်တရားတွေဟာလည်း ယင်းနာမ်ရုပ်တို့ကို ဖြစ်ပေါ်စေတတ်တဲ့ ဆိုင်ရာ အကြောင်းတရားတွေ ထင်ရှားရှိကြတဲ့ တရားမျိုးတွေ...
1,320,920
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းကင်းပြီးတော့ အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာ ကြတဲ့ တရားမျိုးတွေတော့ မဟုတ်ကြဘူး။
1,320,921
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သင်္ခတပရမတ်နယ်မှာ အကြောင်း မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ တရားဆိုတာ မရှိစကောင်းတဲ့ အတွက်ကြောင့် ဖြစ်တယ်။
1,320,922
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဆိုလျှင် ကိလေသဝဋ် ကမ္မဝဋ်အမည်ရတဲ့ ဒီနာမ်ရုပ်တရားစုတို့ ဟာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားစုတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာ ကြရတဲ့ သဘာဝဓမ္မ သင်္ခတ ပရမတ်တရားများသာ ဖြစ်ကြတဲ့အတွက် ဒီကိလေသဝဋ် ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ဟာလည်း အကြောင်းတရားများ ကြောင့် ဖြစ်ပေါ်လာကြရတဲ့, အကြောင်းတရားများဘက်က ကြည့်လျှင် ပစ္စယုပ္ပန္နဓမ္မ (= ပစ...
1,320,923
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားများ
1,320,924
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဆိုလျှင် ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ရဲ့ အကြောင်း တရားတွေက ဘာတွေလဲ? ဒီလိုတော့ မေးစရာရှိတယ်၊ အဖြေကို နားထောင် ကြည့်ပါ ...။
1,320,925
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော (မ၊၁၊၆၇။
1,320,926
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) = အာသဝေါတရား တို့ကို အကြောင်းခံ၍ အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာ၏ - လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူတဲ့အတွက် ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝဆိုတဲ့ အာသဝေါတရားတွေက အကြောင်းပစ္စည်း တရား, အဝိဇ္ဇာက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
1,320,927
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝေဒနာပစ္စယာ တဏှာ = ဝေဒနာကို အကြောင်းခံပြီးတော့ တဏှာ ဖြစ်ပေါ်လာတယ်လို့ ပဋိပစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတွက် ဝေဒနာက အကြောင်းပစ္စည်းတရား, တဏှာက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
1,320,928
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တဏှာပစ္စယာ ဥပါဒါနံ = တဏှာကို အကြောင်းခံကာ ဥပါဒါန်ဟာ ဖြစ်ပေါ်လာတယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့အတွက် တဏှာက အကြောင်းပစ္စည်းတရား, ဥပါဒါန်က အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
1,320,929
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဝိဇ္ဇာပစ္စယာ သင်္ခါရာ = သစ္စာလေးပါး အမှန်တရားကို မသိမှု ယောက်ျား မိန်းမစသည်ဖြင့် အသိမှားမှု အဝိဇ္ဇာကို အကြောင်းခံကာ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေ ထင်ရှားဖြစ်ပေါ်လာကြ တယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင် ဟောကြားထား တော်မူတဲ့အတွက် အဝိဇ္ဇာက အကြောင်းပစ္စည်းတရား, သင်္ခါရက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
1,320,930
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန်ကို အကြောင်းခံကာ ကမ္မဘဝ = ကံ နှင့် (ဥပတ္တိဘဝ)တို့ ဖြစ်ပေါ်လာကြတယ်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်မှာပဲ ဘုရားရှင်ဟောကြားထားတော်မူတဲ့အတွက် ဥပါဒါန်က အကြောင်းပစ္စည်းတရား, ကမ္မဘဝ = ကံက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။
1,320,931
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် အတိတ်အကြောင်းတရားများအဖြစ် သတ်မှတ်ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ဟာလည်း တစ်နည်းပြောရလျှင် တော့ -- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်ပြဓာန်းနေတဲ့ နာမ်ရုပ်တရားစုတို့မှာလည်း မိမိတို့ရဲ့ စွဲမှီရာ အတိတ်ဘဝက ဖြစ်ခဲ့တဲ့ ဆိုင်ရာ ဆိုင်ရာ အတိတ်အကြောင်းတရားတွေ ထင်ရှားရှိကြသည်သာ ဖြစ်ပါတယ်။
1,320,932
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် ဒီအတိတ် အဝိဇ္္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ဖြစ်ပေါ် စေတတ်တဲ့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများဘက်က ကြည့်ခဲ့မယ် ဆိုလျှင် ဒီအဝိဇ္္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်ပြဓာန်းနေတဲ့ နာမ်ရုပ်အစုအပုံတို့ဟာလည်း ပစ္စယုပ္ပန္နဓမ္မ (= ပစ္စယသမုပ္ပန္နဓမ္မ = အကြောင်း တရားတို့ကို စွဲမှီကာ ဖြစ်ပေါ်လာကြတဲ့ အကျိုးတရား) ဆိ...
1,320,933
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကယ်၍ ယောဂီပုဂ္ဂိုလ်က ပစ္စယသမုပ္ပန္န အမည်ရတဲ့ ဆိုင်ရာ အကြောင်းတရားတို့ကို စွဲမှီကာ ဖြစ်ပေါ်လာကြတဲ့ ကိလေသဝဋ် ကမ္မဝဋ်ဆိုပြီး နာမည်တပ်ထားတဲ့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင်နေတဲ့ နာမ်ရုပ်တရားစုတို့ကို ရှေးဦးစွာ မသိမ်းဆည်းနိုင်သေးဘူးဆိုလျှင် အဲဒီ နာမ်ရုပ်တရားစုဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့်...
1,320,934
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်မှုသဘော တရားကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူး။
1,320,935
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားနှင့် အကျိုး တရားတို့ကို ကြောင်း-ကျိုးစပ်ကာ - ဤကား အကြောင်းတရား, ဤကား အကျိုးတရား စသည်ဖြင့် ဘယ်လိုမှ သိမ်းဆည်းနိုင်မှာလည်း မဟုတ်ဘူး။
1,320,936
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားနှင့် အကျိုးတရားတို့ကို မသိမ်းဆည်းနိုင်ပါကလည်း ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ဘူး။
1,320,937
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကိလေသဝဋ် - ကမ္မဝဋ် - ဝိပါကဝဋ်
1,320,938
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နောက်တစ်နည်းပြောဦးမယ်၊ အတိတ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်ပြဓာန်းနေတဲ့ ကိလေသဝဋ် နာမ်ရုပ်တရားစုတို့ကို မသိမ်းဆည်းနိုင် သေးပါက အဲဒီကိလေသဝဋ်ကြောင့် အဲဒီအတိတ်မှာ သင်္ခါရ ကံဆိုတဲ့ ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ ဖြစ်ပေါ်လာရတာကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူး။
1,320,939
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပြီးတော့လည်း ဒီသင်္ခါရ ကံဆိုတဲ့ ကမ္မဝဋ်နာမ်ရုပ်တရားစုတွေကို မသိမ်း ဆည်းနိုင်သေးဘူးဆိုလျှင် ယင်းကမ္မဝဋ်ကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ ဝိပါကဝဋ် ဖြစ်ပေါ်လာတာကို ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ် ဘူး။
1,320,940
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံစတဲ့ ကြောင်းကျိုးဆက်နွယ်မှု သဘောတရားတွေကိုလည်း သိရှိနိုင်မှာ မဟုတ်တော့ဘူး။
1,320,941
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဆိုင်ရာအတိတ်အကြောင်းတရားတွေကြောင့် ဆိုင်ရာ အတိတ်အကျိုး တရားတွေ ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုး တရားတွေ ဖြစ်ပုံ, အနာဂတ် သံသရာခရီး မဆုံးသေးသူတို့အတွက် ဆိုင်ရာ အနာဂတ် အကြောင်းတရားတွေကြောင့် ဆိုင်ရာ အနာဂတ်အကျိုးတရားတွေ ဖြစ်ပုံတို့ကိုလည်း နည်းတူ သဘောပေါက်ပါ။
1,320,942
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် နာမရူပဝဝတ္ထာနဉာဏ်လို့ မသုံးစွဲလိုက်ဘဲ ဓမ္မဋ္ဌိတိဉာဏ်လို့ သုံးစွဲလိုက်ခြင်းဖြင့် ဒီဓမ္မဋ္ဌိတိဉာဏ် ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ ဓမ္မဋ္ဌိတိဉာဏ် မဖြစ်မီ ဓမ္မဋ္ဌိတိဉာဏ်ကို ရအောင်အားမထုတ်မီ ရှေးအဖို့မှာ ကြိုတင်ပြီးစီးထားပြီးဖြစ်ရမည့် အတိတ်နာမ်ရုပ် ပစ္စုပ္ပန်နာမ်ရုပ် နှစ်မျိုးလုံး ကို ပိုင်းခြားမှတ်သားခြင...
1,320,943
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဒီရှင်းလင်းချက်တွေကတော့ အထက်က တင်ပြခဲ့တဲ့ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာရဲ့ ဆိုလိုရင်းသဘောတရားတွေ ဖြစ်ကြပါတယ်။
1,320,944
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သစ္စာဒေသနာတော်နည်း
1,320,945
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာ -အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စတဲ့ အနုလောမ ပဋိစ္စသမုပ္ပါဒ်သဘောတရား (= အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ ကြောင်းကျိုးဆက်နွယ်ကာ အထပ်ထပ်ဖြစ်မှုသဘောတရား) ကို သမုဒယ သစ္စာဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူပါတယ်။
1,320,946
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) - သတိပဋ္ဌာန်ဒေသနာတော်မှာ လာရှိတဲ့ သမုဒယဓမ္မာနုပဿီပိုင်း ဖြစ်ပါတယ်၊ သံသရာရဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။
1,320,947
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နောက်တစ်ခု - အဝိဇ္ဇာရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှု ကြောင့် သင်္ခါရရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံစတဲ့ သံသရာ စက်ရဟတ်ရဲ့ ချုပ်ငြိမ်းပုံအစဉ်ကို ဖော်ပြတဲ့ ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘော တရားကိုလည်း နိရောဓသစ္စာအမည်နှင့် မြတ်စွာဘု...
1,320,948
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဒီနိရောဓသစ္စာကတော့ ဥဒယဗ္ဗယဝိပဿနာဉာဏ်ထဲမှာ အကျုံးဝင်တဲ့ ပစ္စယတော ဝယဒဿနဉာဏ် (= အကြောင်းတရားအားဖြင့် ချုပ်ငြိမ်းမှုကို ရှုမြင်တတ်တဲ့ ဝိပဿနာဉာဏ်) နှင့် ထိုးထွင်းသိတဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။
1,320,949
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) အဲဒီနိရောဓသစ္စာကို သိတဲ့ ဝိပဿနာဉာဏ်နှင့်တကွသော မဂ္ဂင်တရား ကိုယ်တွေကတော့ လောကီမဂ္ဂသစ္စာတရားတွေ ဖြစ်ကြပါတယ်။
1,320,950
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုနိုင်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဒီလောကီမဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိနိုင်ပါတယ်။
1,320,951
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သတိပဋ္ဌာန်ဒေသနာ တော်နည်းအရ ဝယဓမ္မာနုပဿီပိုင်း ဖြစ်ပါတယ်။
1,320,952
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ် (ဖိုလ်ဉာဏ်) တို့ဖြင့် ထိုးထွင်းသိတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရား တော်မြတ်ကြီးကတော့ လောကုတ္တရာ နိရောဓသစ္စာတရား ဖြစ်ပါတယ်။
1,320,953
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ လောကုတ္တရာ နိရောဓသစ္စာကို ထိုးထွင်းသိတဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ်တွေကတော့ လောကုတ္တရာ မဂ္ဂသစ္စာတရား တွေ ဖြစ်ကြပါတယ်။
1,320,954
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဆိုတဲ့အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန်စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကတော့ ဒုက္ခသစ္စာတရားစုတွေ ဖြစ်ကြပါတယ်။
1,320,955
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပေါင်းလိုက်တော့ လောကီဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ သစ္စာတရားတွေက ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါး ဖြစ်ကြတယ်။
1,320,956
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လောကုတ္တရာဖြစ်တဲ့ အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ သစ္စာ ကလည်း လေးပါးပဲ ဖြစ်ကြပါတယ်။
1,320,957
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သို့သော် လောကုတ္တရာ အရိယမဂ် ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓ သစ္စာတရားတော်မြတ်ကိုသာ အာရမ္မဏပဋိဝေဓ (= အာရုံမျက်မှောက် တိုက်ရိုက်ပြုကာ ထိုးထွင်းသိခြင်း)ဖြင့် ထိုးထွင်းပြီး သိတယ်၊ ဒုက္ခ-သမုဒယ-မဂ္ဂဆိုတဲ့ ကျန်သစ္စာသုံးပါးကိုတော့ မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်သတ်သောအားဖြင့် ထိုးထွင်းသိခြင်...
1,320,958
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို လောကီဝိပဿနာဉာဏ် လောကုတ္တရာမဂ်ဉာဏ်တို့ဖြင့် သစ္စာ လေးပါးကို ထိုးထွင်းမသိပါက မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါသလားလို့ မေးစရာရှိတယ်။
1,320,959
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သစ္စသံယုတ်မှာလာရှိတဲ့ ကူဋာဂါရ သုတ္တန် ကောက်နုတ်ချက်ကလေးကို နာကြားကြည့်ပါ။
1,320,960
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မြတ်စွာဘုရားရှင်သည် ဘယ်လို ဟောကြားထားတော်မူသလဲ? --
1,320,961
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကူဋာဂါရသုတ္တန်တရားတော် ကောက်နုတ်ချက်
1,320,962
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ - အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
1,320,963
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ယော စ ခေါ = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည်ကား။
1,320,964
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝဒေယျ = ပြောဆိုလာငြားအံ့။
1,320,965
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကိံ ဝဒေယျ = အသို့ ပြောဆို လေရာသနည်း။
1,320,966
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာတရားကို။
1,320,967
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပ ။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယ သစ္စာတရားကို။
1,320,968
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပ ။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ကြောင်း ဒုက္ခ ချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို။
1,320,969
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပ ။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို။
1,320,970
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် မသိမမြင်မူ၍။
1,320,971
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒုက္ခဿန္တံ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။
1,320,972
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကရိဿာမိ = ပြုလုပ် ပေအံ့။
1,320,973
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဧတံ ဌာနံ = ဤပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည်။
1,320,974
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
န ဝိဇ္ဇတိ = မရှိသည်သာတည်း။
1,320,975
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရဟန်းတို့...ပုဂ္ဂိုလ်တစ်ယောက်က ပြောလာပြီဆိုကြစို့၊ ဘယ်လို ပြောသလဲ? ငါဟာ ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယသစ္စာ, ဒုက္ခနိရောဓ အရိယသစ္စာ, ဒုက္ခချုပ်ရာနိဗ္ဗာန် (= ဒုက္ခနိရောဓ)သို့ ရောက်ကြောင်း ကျင့်စဉ် ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ မသိဘဲ မမြင်...
1,320,976
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ဟာ ပြောဆိုတဲ့အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာဟာ ဘယ်လိုမှ မရှိနိုင်ဘူး။
1,320,977
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဟောကြားထားတော်မူတဲ့ သစ္စာဒေသနာတော်များနှင့်အညီ အရိယ သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ကာ မသိပါက မမြင်ပါက သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်နိုင်တဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ ရလိုတဲ့ ရောက်လိုတဲ့ ပုဂ္ဂိုလ်...
1,320,978
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီသစ္စာလေးပါးထဲမှာ ဒီနေရာမှာ အထူးပြောလိုတာကတော့ လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် --
1,320,979
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံအပိုင်း
1,320,980
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယသစ္စာ ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာ ချုပ်ငြိမ်းပုံအပိုင်း --
1,320,981
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီအပိုင်း နှစ်ပိုင်း ဖြစ်ပါတယ်။
1,320,982
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုတဲ့အပိုင်းကို် သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က သမုဒယဓမ္မာနုပဿီပိုင်းတွင် ထည့်သွင်းကာ ဟောကြားထား တော် မူပါတယ်။
1,320,983
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယသစ္စာရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားစုတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံအပိုင်းကို တော့ သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က ဝယဓမ္မာနုပဿီပိုင်းတွင် ထည့်သွင်းကာ ဟောကြားထားတော်မူပါတယ်။
1,320,984
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နောက်တစ်ခုကတော့ ... သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ (မ၊ဋ္ဌ၊၁၊၂၈၁။
1,320,985
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) စတဲ့ အဋ္ဌကထာကြီးများရဲ့ ညွှန်ကြားချက် အတိုင်း ဒီဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ရဲ့ ဥပါဒ်အားဖြင့် ဘင်အားဖြင့် တစ်နည်း - ခဏအားဖြင့် ဖြစ်မှုပျက်မှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး လက္ခဏာရေးသုံးတန်သို့ တင်ကာ ဆက်လက်ပြီးတော့ ဝိပဿနာ ရှုရမှာ ဖြစ်ပါတယ်။
1,320,986
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အထက်က ကိုးကားတင်ပြထားခဲ့တဲ့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးအတိုင်း ဖြစ်မှုကို ရှုခြင်းက နိဗ္ဗတ္တိလက္ခဏာကို ရှုခြင်းဖြစ်တယ်၊ ပျက်မှုကို ရှုခြင်းက တော့ ဝိပရိဏာမလက္ခဏာ (= ခန္ဓာတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ လက္ခဏာ)ကို ရှုခြင်းဖြစ်တယ်။
1,320,987
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နိဗ္ဗတ္တိလက္ခဏာကို သမုဒယဓမ္မ, ဝိပရိဏာမလက္ခဏာကို ဝယဓမ္မဆိုတဲ့ အမည်နှင့် သတိပဋ္ဌာန်ဒေသနာတော်မှာ ဘုရားရှင်က ဟော ကြားထားတော်မူပါတယ်။
1,320,988
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ခုပြောခဲ့တာတွေကို တစ်နည်းထပ်ပြီးတော့ ပြောဦးမယ် ...။
1,320,989
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ်ခန္ဓာငါးပါးထဲမှာ ဆိုင်ရာအတိတ်အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဝိပါကဝဋ်ခန္ဓာငါးပါးတွေလည်း ပါဝင်ကြတယ်၊ ပစ္စုပ္ပန် ဝိပါကဝဋ်ခန္ဓာ စသည်တို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်တဲ့ ကိလေသဝဋ်ခန္ဓာ, သင်္ခါရ ကံဦးဆောင်တဲ့ ကမ္မဝဋ်ခန္ဓာတွေ လည်း ပါဝင်ကြတယ်။
1,320,990
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ ပစ္စုပ္ပန်ခန္ဓာငါးပါးထဲမှာလည်း အတိတ်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် ဖြစ်ပေါ်နေတဲ့ ဝိပါကဝဋ်ခန္ဓာတွေလည်း ပါဝင် ကြတယ်၊ နောင်အနာဂတ်ဝိပါကဝဋ်ခန္ဓာတို့ရဲ့ အကြောင်းရင်း ဖြစ်ကြတဲ့ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေတဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေလည်း ပါဝင်ကြတယ်။
1,320,991
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ အနာဂတ်ခန္ဓာတွေထဲမှာလည်း ပစ္စုပ္ပန်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေကြောင့် ဖြစ်ပေါ်လာမည့် ဝိပါကဝဋ်ခန္ဓာတွေလည်း ပါဝင် ကြတယ်၊ နောက်ထပ် ဒုတိယအနာဂတ် စတဲ့ ထိုထို လာလတ္တံ့သော အနာဂတ်အတွက် ရည်ရွယ်ပြုစုပျိုးထောင်လတ္တံ့ဖြစ်တဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေလည်း ပါဝင်ကြတယ်။
1,320,992
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဘုရားရှင်ညွှန်ကြားတော်မူတဲ့ -- ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စတဲ့ ရှုကွက်မှာ -- အတိတ်, အနာဂတ်, ပစ္စုပ္ပန်ခန္ဓာငါးပါးထဲမှာ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ခန္ဓာတွေ အားလုံး ပါဝင်ကြတယ်လို့ သဘောပေါက်ပါ။
1,320,993
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာတွေကို သိမ်းဆည်းခြင်း
1,320,994
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်ပိုင်းမှာ မြတ်စွာဘုရားက အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားနေတော်မူပါတယ်။
1,320,995
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်က ရှေ့ဦးစွာ အတိတ်ခန္ဓာငါးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်ဖို့ လိုပါ တယ်။
1,320,996
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း ရှေ့ဦးစွာ ပစ္စုပ္ပန်ခန္ဓာငါးပါးတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်း တတ်ဖို့ လိုပါတယ်။
1,320,997
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အနာဂတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုလိုတဲ့ ယောဂီ ပုဂ္ဂိုလ်ဟာလည်း ရှေ့ဦးစွာ အနာဂတ်ခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်ဖို့ လိုပါတယ်။
1,320,998
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် နာမရူပဝဝတ္ထာနဉာဏ် ဖြစ်ပါတယ်။
1,320,999
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နောက်တစ်ခု ပြောဦးမယ် ...။
1,321,000
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်အကျိုးတရားဝိပါကဝဋ်ခန္ဓာတွေဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း အကြောင်းတရားဖြစ်တဲ့ အတိတ်ကိလေသဝဋ်ခန္ဓာ အတိတ်ကမ္မဝဋ်ခန္ဓာတို့ကိုရော ပစ္စုပ္ပန်အကျိုးဝိပါကဝဋ်ခန္ဓာတွေကိုရော ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်ဖို့ လိုပါတယ်။