id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,322,801
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၁
ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ဤရွာသားသူငယ်သည် ယခုအခါ၌သာလျှင် ဥယျာဉ်ကိုဖျက်ဆီးတတ်သည်မဟုတ်သေး။
1,322,802
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၁
ရှေး၌လည်း ဥယျာဉ်ကို ဖျက်ဆီးဘူးသလျင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဥယာဉ်ကိုဖျက်ဆီးတတ်သော ရွာသားသူငယ်သည် ထိုအခါ မျောက်ကြီးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောယောက်ျားဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။
1,322,803
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၁
ပညာမဲ့သူ၊ အကျိုးထူ၊ ကျိုးမူမရ ပျက်စီးစွ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အာရာမဒူသကဇာတ်သည် ပြီး၏။
1,322,804
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၈။ အာရာမဒူသကဇာတ်
1,322,805
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဥယျာဉ်ဖျက်မျောက်
1,322,806
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ သဗ္ဗသမေတာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာရာမဒူသကဇာတ်ကို ဒက္ခိဏဂီရိ ဇနပုဒ်၌ မထင်ရှားသော ဥယျာဉ်စောင့်၏သားကို အကြောင်း ပြု၍ ဟောတော်မူ၏။
1,322,807
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
သဗ္ဗညူ မြတ်စွာဘုရားသည် ဝါကျွတ်ပြီး သည်ရှိသော် ဇေတဝန်ကျောင်းတော်မှ ထွက်၍ ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီကြွတော်မူသတတ်၊ ထိုအခါ တယောက်သော သီတင်းသည်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဘိတ်၍ ဥယျာဉ်၌ သီတင်းသုံးနေစေ၍ ယာဂုခဲဘွယ်တို့ဖြင့် ရောင့်ရဲစေ၍ အရှင်ကောင်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်သည်ရှိသော် ဥယျာဉ်စောင့်နှင့်တကွ လှည့်လည်စေကုန...
1,322,808
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ရဟန်းတို့သည် လှည့်လည်ကုန်သော် တခုသော သစ်ပင်ပြတ်ရာအရပ်ကို မြင်၍ ဤအရပ်ကား သစ်ပင်ပြတ်၏။
1,322,809
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဤအရပ်ကား သစ်ပင်သည် မရောက်၊ အကြောင်း အသို့နည်းဟု မေးကုန်၏။
1,322,810
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုအခါ ထိုရဟန်းတို့အား ဥယျာဉ်စောင့်သည် အရှင်ဘုရားတို့ တယောက်သော ဥယျာဉ်စောင့်သားသည် စိုက်ပျိုးအပ်ကုန်သော သစ်ပင်ငယ်တို့၌ ရေလောင်းသည်ရှိသော် အမြစ်ပမာဏဖြင့် ရေလောင်းအံ့ဟု နုတ်၍ အမြစ်ပမာဏဖြင့် ရေကိုလောင်း၏။
1,322,811
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုအကြောင်းကြောင့် ဤအရပ်၌ သစ်ပင်ပြတ်၏ဟု လျှောက်၏။
1,322,812
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ရဟန်းတို့သည် မြတ်စွာဘုရား အထံသို့သွား၍ ထိုအကြောင်းကို လျောက်၏။
1,322,813
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုသူငယ်သည် ဥယျာဉ်ကို ဖျက်သည်မဟုတ်သေး၊ ရှေး၌လည်း ဥယျာဉ်ကို ဖျက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,322,814
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဝိဿသေနမည်သော မင်းသည် မင်းပြုသည်ရှိသော် ပွဲသဘင်ကို ကြွေးကြော်သောအခါ၌ ဥယျာဉ်စောင့်သည် ပွဲသဘင်ကစားအံ့ဟု ဥယျာဉ်၌ နေကုန်သော မျောက်တို့ကို ဤဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။
1,322,815
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ငါသည် ခုနစ်ရက် ပွဲသဘင် ကစားချေအံ့၊ သင်တို့သည် ခုနစ်ရက်ပတ်လုံး စိုက် ပျိုးအပ်ကုန်သော သစ်ပင်တို့၌ ရေလောင်းရစ်ကုန်လော့ဟု ဆို၏။
1,322,816
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုမျောက်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။
1,322,817
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုဥယျာဉ်စောင့်သည် မျောက်တို့အား ကြိုး အိုးတို့ကိုပေး၍ ဖဲသွား၏။
1,322,818
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
မျောက်တို့သည် စိုက်ပျိုးအပ်သော သစ်ပင်ငယ်တို့၌ ရေလောင်းကုန်အံ့ဟု ဆို၏။
1,322,819
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုအခါ မျောက်အပေါင်းကို မျောက်ကြီးသည် အချင်းတို့ ငံ့ကြဦးလော့၊ ရေမည်သည်ကို အခါခပ်သိမ်း ရခဲ၏။
1,322,820
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုရေကို စောင့်ရှောက်အပ်၏။
1,322,821
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုဥယျာဉ်၌ သစ်ပင်ငယ်တို့ကို နုတ်၍ အမြစ်ပမာဏကိုသိ၍ ရှည်သော အမြစ်ရှိကုန်သော သစ်ပင်ငယ်တို့၌ များစွာသော ရေကို။
1,322,822
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တိုသော အမြစ်ရှိကုန်သော သစ်ပင်တို့၌ အနည်းငယ်သောရေကို လောင်းခြင်းငှါ သင့်၏ဟု ဆို၏။
1,322,823
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုမျောက်တို့သည် ကောင်းပြီဟုဝန်ခံ၍လျှင် အချို့ကုန်သော မျောက်တို့သည် သစ်ပင်တို့ကို နုတ်၍ သွားကုန်၏။
1,322,824
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အချို့ကုန်သောမျောက်တို့သည် စိုက်ပျိုး၍ ရေလောင်းကုန်၏။
1,322,825
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုကာလ၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တယောက်သော အမျိုးသားဖြစ်၏။
1,322,826
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ထိုဘုရားလောင်းသည် တစုံတခုသော ပြုဘွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွား၍ ထိုသို့ပြုကုန်သော ထိုမျောက်တို့ကိုမြင်၍ အဘယ်သူသည် သင်တို့ကို ဤသို့ပြုစေသနည်းဟု မေး၏။
1,322,827
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
မျောက်ကြီးသည် စီရင်အပ်သောကြောင့် ဤသို့ပြုအပ်၏ဟု ဆိုသည်ရှိသော် မျောက်ကြီးအား ပညာနည်း၏။
1,322,828
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
သင်တို့အားကား အဘယ်သို့ သဘောရှိလေအံ့နည်းဟု အနက်ကို ပြလိုရကား-
1,322,829
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၂။ ယော ဝေ သဗ္ဗသမေတာနံ၊ အဟုဝါ သေဋ္ဌသမ္မတော။
1,322,830
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တဿာယံ ဧဒိသီ ပညာ၊ ကိမေဝ ဣတရာ ပဇာ။
1,322,831
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၂။ သဗ္ဗသမေတာနံ၊ အလုံးစုံတူသော အမျိုး၌ဖြစ်ကုန်သော သတ္တဝါတို့တွင်။
1,322,832
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
သေဋ္ဌသမ္မတော၊ မြတ် သည်ဟု သမုတ်အပ်သည်။
1,322,833
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အဟုဝါ၊ ဖြစ်ပြီ။
1,322,834
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တဿ၊ ထိုသတ္တဝါ၏။
1,322,835
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အယံပညာ၊ ဤပညာသည်။
1,322,836
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဧဒိသီ၊ ဤသို့သဘောရှိ၏။
1,322,837
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဣတရာ၊ ဤမှတပါးသော။
1,322,838
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ပဇာ၊ သတ္တဝါသည်ကား။
1,322,839
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ကိမေဝ၊ အသို့လျှင် သဘောရှိအံ့နည်း။
1,322,840
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဘုရားလောင်း၏စကားကိုကြား၍ မျောက်တို့သည်-
1,322,841
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၃။ ဧဝမေဝ တုဝံ ဗြဟ္မေ၊ အနညာယ ဝိနိန္ဒသိ။
1,322,842
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ကထံ မူလံ အဒိသွာန၊ ရုက္ခံ ဇညာ ပတိဋ္ဌိတံ။
1,322,843
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၃။ ဗြဟ္မေ၊ သူမြတ်။
1,322,844
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အနညာယ၊ မသိမူ၍။
1,322,845
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဝိနိန္ဒသိ၊ ကဲ့ရဲ၏။
1,322,846
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အဒိသွာန၊ မမြင်မူ၍။
1,322,847
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ကထံ ဧညာ၊ အသို့သိခြင်းငှါ တတ်ကောင်းအံ့နည်း။
1,322,848
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၄။ နာဟံ တုမှေ ဝိနိန္ဒာမိ၊ ယေ စညေ ဝါနရာ ဝနေ။
1,322,849
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဝိဿသေနောဝ ဂါရယှော၊ ယဿတ္ထာ ရုက္ခရောပကာ။
1,322,850
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဟူသော သုံးခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
1,322,851
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
၅၄။ ဝါနရာ၊ မျောက်ဖြစ်ကုန်သော။
1,322,852
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ယေ တုမှေ၊ အကြင်သင်တို့သည်။
1,322,853
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တေ တုမှေ၊ ထိုသင်တို့ကို။
1,322,854
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
န ဝိနိန္ဒာမိ၊ မ ကဲ့ရဲ့။
1,322,855
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ယဿ၊ အကြင်ဝိဿသေနမင်း၏။
1,322,856
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
အတ္ထာ-အတ္ထာယ၊ အကျိုးငှါ။
1,322,857
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တုမှာဒိသာ၊ သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့သည်။
1,322,858
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ရုက္ခရောပကာ၊ သစ်ပင်ပျိုးကုန်၏။
1,322,859
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
သော ဝိဿသေနောဝ၊ ထိုဝိဿသေနမင်းကိုသာလျှင်။
1,322,860
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဥယျာဉ်ကို ဖျက်သော သူငယ်သည် ထိုအခါ မျောက်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,322,861
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
တမိုက်တထွာ၊ ဉာဏ်နုံချာ၊ လျင်စွာ ဥယျာဉ်ပျက်
1,322,862
ဇာတ်နိပါတ်, မြန်မာဘာသာ
အာရာမဒူသကဇာတ် -၂
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အာရာမဒူသကဇာတ်သည် ပြီး၏။
1,322,863
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
၅။ အာသင်္ကာဇာတ်
1,322,864
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ကာမဂုဏ်ကြောင့် ဆင်းရဲရခြင်းအကြောင်း
1,322,865
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဟောတော်မူရာဌာန... နက်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အာသာဝတီ နာမ လတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတေမူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,322,866
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ပစ္စုပ္ပန်ဝတ္ထု... (ပစ္စုပ္ပန်တ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။
1,322,867
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
) ဤအာသင်္ကာဇာတ်၌ကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေသနည်း ဟု မိန့်တော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြ...
1,322,868
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
သင်သည် ရှေး၌လည်း ဤမိန်းမကိုမှီ၍ စစ်အင်္ဂါလေးပါးနှင့် ယှဉ်၍ ဟိမဝန္တာအရပ်၌ ကြီးစွာသော ဆင်းရဲကို ခံလျက် သုံးနှစ်ပတ်လုံး နေရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,322,869
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ ရသေ့ရဟန်းပြု၍ တောသစ်မြစ် သစ်သီး အာဟာရရှိသည်ဖြစ်၍ အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌နေ၏။
1,322,870
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
သံသေဒဇမယ် ထိုအခါ ဘုန်းနှင့်ပြည့်စုံသော တစ်ယောက်သော သတ္တဝါသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ ထိုဟိမဝန္တာအရပ်၌ ပဒုမာကန်ဝယ် တစ်ခုသော ပဒုမာတိုက်၌ သူငယ်မအဖြစ်ဖြင့် ဖြစ်၏။
1,322,871
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ကြွင်းကုန်သော ပဒုမာတို့သည် ဟောင်းသည်၏ အဖြစ်သို့ ရောက်၍ ကြွေကုန်သော်လည်း ဤပဒုမာသည် ကြီးသောအငုံဖြစ်၍ တည်သည်သာတည်း၊ ရသေ့သည် ဤအကြောင်းကား အသို့နည်း ဟု ကြံ၍ ရေသနုပ်ကိုဝတ်၍ ကူးသွားပြီးလျှင် ထိုပဒုမာကိုဖွင့်၍ ထိုသူငယ်မကို မြင်လတ်သော် သမီး ဟူသောအမှတ်ကို ဖြစ်စေ၍ ကျောင်းသို့ဆောင်၍ မွေး၏။
1,322,872
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုသူငယ်မသည် နောက်အဖို့၌ တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ အလွန်အဆင်းလှ၏။
1,322,873
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
လူတို့၏ အဆင်းကို လွန်၏။
1,322,874
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
နတ်တို့၏အဆင်းကိုကား မမီတတ်။
1,322,875
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဖလ်ပြာသာဒ်ပေါ် နေရပြီ
1,322,876
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုအခါ သိကြားမင်းသည် ဘုရားလောင်းအား ခစားအံ့သောငှာ လာ၏။
1,322,877
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
သိကြားမင်းသည် ထိုသတို့သမီးကိုမြင်၍ ဤ သတို့သမီးကို အဘယ်မှရသနည်း ဟု မေး၏။
1,322,878
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ငါသည် ပဒုမာအိုင်မှ ရ၏ ဟူသော စကားကို ကြား၏။
1,322,879
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဤမိန်းမအား အဘယ်ကိုရခြင်း သင့်သနည်း ဟု မေး၏။
1,322,880
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
နေရာကိုလည်းကောင်း, အဝတ်တန်ဆာ ဘောဇဉ်အစီအရင်ကိုလည်းကောင်း ရခြင်းငှာ သင့်၏ ဟု ဆို၏။
1,322,881
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
သိကြားမင်းသည် အရှင်ဘုရား... ကောင်းပြီ ဟု ထိုရသေ့၏ ကျောင်းအနီး၌ ဖလ်ပြာဿဒ်ကို ဖန်ဆင်း၍ နတ်၌ဖြစ်သော အဝတ်တန်ဆာ နတ်၌ဖြစ်သော ထမင်း အဖျော်တို့ကို ဖန်ဆင်း၏။
1,322,882
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုပြာဿဒ်သည် ထိုသတို့သမီး၏ ကိုယ်လက်သုတ်သင်သော ကာလ၌ သက်၍ မြေ၌ တည်၏။
1,322,883
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
တက်သောကာလ၌ ပျံတက်၍ ကောင်းကင်၌ တည်၏။
1,322,884
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
မုဆိုးတွေ့၍ မင်းအားလျှောက်သော်
1,322,885
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုသတို့သမီးသည် ဘုရားလောင်းအား ဝတ်ကြီး ဝတ်ငယ်ကို ပြုလျက် ပြာသာဒ်၌ နေ၏။
1,322,886
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုသတို့သမီးကို တစ်ယောက်သော တောသွားမုဆိုးသည်မြင်၍ အရှင်ဘုရား... ဤသတို့သမီးသည် အရှင်ဘုရားနှင့် အဘယ်သို့တော်သနည်း ဟု မေး၍ ငါ၏ သမီးတည်း ဟူသော စကားကိုကြား၍ ဗာရာဏသီပြည်သို့သွား၍ အရှင်မင်းကြီး... အကျွန်ုပ်သည် ဟိမဝန္တာအရပ်၌ ဤသို့သဘောရှိသော တစ်ယောက်သော ရသေ့သမီးကို မြင်ခဲ့၏ဟု မင်းအား ကြား၏။
1,322,887
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
မင်းကြီးလာ၍တောင်းခြင်း
1,322,888
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဗာရာဏသီမင်းသည် ကြားခြင်းဟူသော နှီးနှောခြင်းဖြင့်ဖွဲ့အပ်သည်ဖြစ်၍ မုဆိုးကို ခရီးညွှန်ပြု၍ စစ်အင်္ဂါ လေးပါးဖြင့် ထိုအရပ်သို့သွား၍ သစ်တပ်တည်၍ မုဆိုးကိုခေါ်၍ အမတ်အပေါင်း ခြံရံလျက် ကျောင်းသို့ဝင်၍ ရဟန်းတို့အား ဝတ်ကိုပြု၍ အရှင်ဘုရား မိန်းမတို့ မည်သည်ကား မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းအား မလျောက်ပတ်၊ အရှင်ဘုရားတို့၏ သမီးကိ...
1,322,889
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဘုရားလောင်းသည်ကား ဤပဒုမာ၌ အဘယ်နည်းဟု တွေးတောခြင်း ရှိသည်ဖြစ်၍ ရေသို့သက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့် သတို့သမီးအား အာသင်္ကာ ဟူသော အမည်ကို မှည့်၏။
1,322,890
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
နာမည်ကို ပြောနိုင်လျှင် ယူသွားလေ
1,322,891
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဘုရားလောင်းသည် မြတ်သော မင်းကြီး. ဤသတို့ သမီးကို ယူ၍သွားလော့ ဟု ဖြောင့်စွာ မဆိုမူ၍ မြတ်သော မင်းကြီး ဤသတို့သမီးအား လျှို့ဝှက်အပ်သော သိမ်မွေ့သော အမည်ရှိ၏။
1,322,892
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
အမည်ကို သိသည်ရှိသော် ယူသွားလေလော့ ဟု ဆို၏။
1,322,893
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
အရှင်ဘုရား... အရှင်ဘုရားတို့သည် ဆိုအပ်ကုန်သည်ရှိသော် သိရကုန်အံ့ ဟု ဆို၏။
1,322,894
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ငါသည် သင်မင်းကြီးအားမဆို၊ သင်မင်းကြီးသည် အမည်ကိုသိလျှင် ယူ၍ သွားလေလော့ ဟု ဆို၏။
1,322,895
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဗာရာဏသီ မင်းသည်လည်းကောင်းပြီ ဟု ဝန်ခံ၍ ထိုနေ့မှစ၍ အမတ်တို့နှင့်တကွ ဤသတို့သမီးသည် ဘယ်အမည် ရှိသနည်း ဟု အမည်ကို ဆင်ခြင်၏။
1,322,896
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုဗြဟ္မဒတ်မင်းသည် သိနိုင်ခဲကုန်သော အကြင်အမည်တို့သည် ရှိကုန်၏။
1,322,897
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ထိုအမည်တို့ကို ကြား၍ ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ဤအမည်မဟုတ် ဟု ဆို၏။
1,322,898
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
မင်းအားလည်း အမည်ကို ဆင်ခြင်စဉ် တစ်နှစ်လွန်၏။
1,322,899
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
ဆင် မြင်း လူ သူတို့ကို ခြင်္သေ့ အစရှိကုန်သော သတ္တဝါတို့သည် ဖမ်းကုန်၏။
1,322,900
ဇာတ်နိပါတ်, မြန်မာဘာသာ
အာသင်္ကဇာတ်
မြွေတို့သည် နှိပ်စက်ကုန်၏။