id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,701 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အာယု စ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်လည်းကောင်း။ |
1,322,702 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | သုခဉ္စ၊ ချမ်းသာခြင်းသည်လည်းကောင်း။ |
1,322,703 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဗလဉ္စ၊ ခွန်အားသည်လည်းကောင်း။ |
1,322,704 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဓမ္မာ၊ အကျိုးကျေးဇူးတရားတို့သည်။ |
1,322,705 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။ |
1,322,706 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဒေသနာတော်၏အဆုံး၌ အာယုဝဍ္ဎနသတို့သားသည်လည်း သီတင်းသည်ဥပါသကာ ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
1,322,707 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဤမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ |
1,322,708 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အာယုဝဍ္ဎနသတို့သားဝတ္ထု ပြီး၏။ |
1,322,709 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ၈-သဟဿဝဂ် ၈-အာယုဝဍ္ဎနကုမာရဝတ္ထု |
1,322,710 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎါပစာယိနော။ |
1,322,711 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဒီဃလဃိကမြို့ကိုမှီ၍ တောကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဒီဃလဃိကမြို့သား သာသနာ့ပရိဟာရဟန်း လူထွက်၏ ခုနစ်ရက်မျှ အသက်ရှင်မည့်သားကို ဘုရားရှင်၏ပရိတ်တော်တန်ခိုးကြောင့် အသက်တရာ့နှစ်ဆယ်ရှည်သော အာယုဝဍ္ဎနကုမာရကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,322,712 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ဥပါသကာငါးရာနှင့်တကွ အာယုဝဍ္ဎနကုမာရတို့ သောတာပန်စသည်ဖြစ်ကြသည်။ |
1,322,713 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အနက် နိစ္စံ၊ အမြဲ။ |
1,322,714 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အဘိဝါဒနသီလိဿ၊ ရှိခိုးခြင်းရှိသော။ |
1,322,715 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎါပစာယိနော၊ မိမိထက် ဂုဏ် အသက် သိက္ခာအားဖြင့် ကြီးကုန်သောသူတို့၌ အရိုအသေပြုလေ့ရှိသော သူအား။ |
1,322,716 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အာယု၊ အသက်ရှည်ခြင်းလည်းကောင်း။ |
1,322,717 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝဏ္ဏော၊ အဆင်းလှခြင်းလည်းကောင်း။ |
1,322,718 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | သုခံ၊ ချမ်းသာခြင်းလည်းကောင်း။ |
1,322,719 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဗလံ၊ ခွန်အားကြီးခြင်းလည်းကောင်း။ |
1,322,720 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | စတ္တာရော ဓမ္မာ၊ အကျိုးထူးတရားလေးပါးတို့သည်။ |
1,322,721 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | စကားပြေ မိမိထက် ဂုဏ် သိက္ခာ အသက်ကြီးကုန်သော သူတို့ကို အမြဲအရိုအသေပြုလေ့ရှိ၍ ရှိခိုးလေ့ရှိသူအား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော အကျိုးထူးတရားလေးပါးတို့သည် တိုးပွားကုန်၏။ |
1,322,722 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အသက်ရှည်ခြင်း—အနှစ်(၅၀)နေရမည့်ကံပါလာသူသည် (၂၅)နှစ်အရွယ်၌ အသက်အန္တရာယ်ကြုံလျှင် မိမိထက် အသက် ဂုဏ် သီလကြီးသူကို ရိုသေမှုပြုလျှင် ထိုအန္တရာယ်များ ငြိမ်းသွားသည်ကို အသက်ရှည်နိုင်သည်ဟု ဆိုနိုင်သည်။ |
1,322,723 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အဘိဝါဒနသီလိဿ = အဘိဝါဒနံ သီလံ အဿာတိ အဘိဝါဒနသီလီ။ |
1,322,724 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အဘိဝါဒန + သီလ + ဏီ။ |
1,322,725 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎါပစာယိနော = ဝုဍ္ဎော အပစာယတိ ဣတိ ဝုဍ္ဎာပစာယီ။ |
1,322,726 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎ + အပစာယီ။ |
1,322,727 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အပစာယီ = အပ + စယ + ဏီ။ |
1,322,728 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အာယု = အယတိ အဒ္ဓါနံ ဂစ္ဆတိ ယေနာတိ အာယု။ |
1,322,729 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အယ် + ဏု။ ဧတိ ဧတေနာတိ အာယု။ |
1,322,730 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဣ + ဏု။ |
1,322,731 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝဏ္ဏော = ဝဏ္ဏတိ ဣတိ ဝဏ္ဏော။ |
1,322,732 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝဏ္ဏ + အ။ |
1,322,733 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အာယုဝဍ္ဎနကုမာရဝတ္ထု ပြီး၏။ |
1,322,734 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ၈-သဟဿဝဂ် ၈-အာယုဝဍ္ဎနကုမာရဝတ္ထုပါဠိဂါထာ |
1,322,735 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ၂၆၂။ အဘိဝါဒနသီလိဿ, နိစ္စံ ဝုဍ္ဎာပစာယိနော၊စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ, အာယု ဝဏ္ဏော သုခံ ဗလံ။ |
1,322,736 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အဘိဝါဒနသီလိဿ၊ ရှိခိုးခြင်းအလေ့ရှိသော။ |
1,322,737 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာဂုဏ်ဝါကြီးရင့်သူတို့ကို လေး စားပူဇော်လေ့ရှိသူ၏။ |
1,322,738 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အာယု၊ အသက်လည်းကောင်း။ |
1,322,739 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝဏ္ဏော၊ အဆင်းလည်းကောင်း။ |
1,322,740 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | သုခံ၊ ချမ်းသာလည်းကောင်း။ |
1,322,741 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဗလံ၊ အား လည်းကောင်း။ |
1,322,742 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ) စတ္တာရော၊ ၄-ပါးကုန်သော။ |
1,322,743 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဓမ္မာ၊ အကျိုးတရားတို့သည်။ |
1,322,744 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎန္တိ၊ တိုးပွားကုန်၏။ |
1,322,745 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | (ပါ-၁၀၉) အဘိဝါဒနသီလိဿ။ |
1,322,746 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ။ အဘိဝန္ဒတီတိ အဘိဝါဒနံ၊ အဘိဝန္ဒီယတေ ဝါ အဘိဝါဒနံ၊ အဘိဝါဒနံ+သီလံ အဘိဝါဒနသီလံ၊ အဘိဝါဒနသီလံ+ အဿ အတ္ထီတိ အဘိဝါဒနသီလီ၊ [အဘိဝါဒနသီလ+ဤ၊-နိသာဋီ၊၃၅။ |
1,322,747 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ] ဤသို့ပြုလျှင် တဒ္ဓိတ်ပုဒ်, ဤကာရန္တတည်း၊ ပရိတ္တဋီ၊၉၄၌ “အာဒရံ+ ဝါဒနံ+သီလံ ပကတိ ယဿာတိ အဘိဝါဒနသီလိ”ဟု ပြု၏၊ “အဘိဝါဒနသီလော”ဟု ဆိုလိုလျက် သုရဘိဂန္ဓိကဲ့သို့ ကွစိ သမာသန္တသုတ်၌ ကာရ သဒ္ဒါဖြင့် လ၏အ-ကို ဣပြု၍ “အဘိဝါဒနသီလိ” ဖြစ်သည်ဟု ဆို၏၊ ဤဋီကာအလို သမာသ်ပုဒ်, ဣကာရန္တတည်း။ |
1,322,748 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | သက္ကတလာအကျိုး။ |
1,322,749 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ။ သက္ကတကပ္ပဒ္ဒုမ၌ |
1,322,750 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ၂အဘိဝါဒနှ <ီလသျ, နိတျံ ၕဒ္ဓေါပသေဝိနး၊စတွာရိ သံပြဝဒန္တေ, အာယု ဝဒ္ဓ်န္တေ, အာယု ဝိဒျာ ယေ ယ<ေါ ဗလမ်။ |
1,322,751 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အမြဲမပြတ်ရှိခိုးလေ့ရှိသူ, ကြီးသူကို မှီဝဲဆည်းကပ်သူမှာ အသက်, ပညာ, ကျော်စောခြင်း, ခွန်အားဟူသော အကျိုး၄ပါး တိုးပွားကုန်၏”ဟု ဆိုသည်။ |
1,322,752 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ဝုဍ္ဎာပစာယိနော။ |
1,322,753 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | ။ အပစယနသီလော အပစာယီ၊ အပပုဗ္ဗ စိ စယေတိ ဓာတု၊ စယ ပူဇာယန္တိ ဝါ ဓာတု၊ တဿီလာဒီသုတျာဒိနာ ဏီ၊ ဝုဍ္ဎေ အပစာယီ ဝုဍ္ဎာပစာယီ၊ ဋီကာယံ ပန “ဝုဍ္ဎေ+အပစာယနသီလံ ယဿ သမ္ဘဝတီတိ ဝုဍ္ဎာပစာယီ”တိ ဝုတ္တံ၊ တံ ပန ဓမ္မာတိမိနာ ဇနကဇညသံသာမိဘာဝေန သမ္ဗန္ဓနီယံ၊ ဓမ္မာတိ ဂုဏာ၊-နိသာဋီ၊၃၅။ |
1,322,754 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာ | အာယုဝဍ္ဎနကုမာရဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,322,755 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ၆။ အာရာမဒူသကဇာတ် |
1,322,756 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အရံဥယျာဉ်ကို ဖျက်ဆီးသည်၏ အကြောင်း |
1,322,757 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဝေ အနတ္ထကုသလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အရာမဒူသကဇာတ်ကို တခုသောကောသလရွာငယ်၌ သီတင်းသုံးနေတော်မူစဉ် ဥယျာဉ်ဖျက် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,322,758 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ ဒေသစာရီကြွတော်မူသည်ရှိသော် တခုသောရွာငယ်သို့ ရောက်တော်မူသတတ်၊ ထိုရွာငယ်၌ တယောက်သောသူကြွယ်သည် မြတ်စွာဘုရားကိုဘိတ်၍ မိမိဥယျာဉ်၌နေစေ၍ ဘုရားအမှူးရှိသောရဟန်းသံဃာအား အလှူကိုပေး၍။ |
1,322,759 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အရှင်ဘုရားတို့ အလိုတော်ရှိတိုင်း ဤဥယျာဉ်၌ နေတော်မူပါကုန်လောဟု လျှောက်၏။ |
1,322,760 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ရဟန်းတို့သည်ထကုန်၍ ဥယျာဉ်စောင့်ကိုခေါ်ကုန်၍ ဥယျာဉ်၌ လှည့်လည်ကုန်သည်ရှိသော် တခုသောမြေပြင်အရပ်ကိုမြင်၍ ဥယျာဉ်စောင့်ကို သီတင်းသည် ဥယျာဉ်သည် တပါးသောအရပ်၌ ပြည့်စုံသောအရိပ်ရှိ၏။ |
1,322,761 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဤအရပ်၌ကား တစုံတခုသောသစ်ပင်ကြီးသည်၎င်း သစ်ပင်ငယ်သည်၎င်းမရှိ၊ အကြောင်းကား အသို့နည်း၊ ဤသို့ မေးကုန်၏။ |
1,322,762 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အရှင်ဘုရားတို့ ဥယျာဉ်ကိုပျိုးသောကာလ၌ တယောက်သော ရွာသားသူငယ်သည် ရေကိုလောင်းသည်ရှိသော် ဤအရပ်၌ သစ်ပင်တို့ကို အမြစ်ကိုနုတ်သည်ကိုပြု၍ အမြစ်ပမာဏဖြင့်ရေကိုလောင်း၏။ |
1,322,763 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထို့ကြောင့် သစ်ပင်ငယ်တို့သည် ညှိုးကုန်၍ သေကုန်၏။ |
1,322,764 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဤအကြောင်းကြောင့် ဤအရပ်၌ မြေအပြင်သာရှိ၏ဟု ဥယျာဉ်စောင့် လျှောက်၏။ |
1,322,765 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ရဟန်းတို့သည် မြတ်စွာဘုရားသိုကပ်၍ ထိုအကြောင်းကိုလျှောက်ကုန်၏။ |
1,322,766 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုရွာသားသူငယ်သည် အရံကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အရံကိုဖျက်ဆီးဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,322,767 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ဗာရာဏသီပြည်၌ နက္ခတ်သဘင်ကိုကြွေးကြော်ကုန်၏။ |
1,322,768 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | နက္ခတ်သဘင်စည်သံကို ကြားသောကာလမှစ၍ အလုံးစုံသောမြို့နေလူတို့သည် နက္ခတ်သဘင်ကိုမှီကုန်သည်ဖြစ်၍ လှည့်လည်ကုန်၏။ |
1,322,769 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုအခါ မင်းဥယျာဉ်၌ များစွာကုန်သောမျောက်တို့သည် နေကုန်၏။ |
1,322,770 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဥယျာဉ်စောင့်သည် မြို့၌ နက္ခတ်သဘင်ကိုကြွေးကြော်ကုန်၏။ |
1,322,771 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အကြင်မျှလောက် ငါသည် မလာအံ့၊ ထိုမျှလောက် မျောက်တို့ကို ရေလောင်းကြကုန်လောဟုဆိုပြီး၍ ငါသည် နက္ခတ်သဘင်ကစားအံ့ ဤသို့ကြံ၏။ |
1,322,772 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ကြံပြီး၍ မျောက်အကြီးသို့ကပ်၍ အချင်း မျောက်ကြီး ဤဥယျာဉ်သည် သင်တို့အားကျေးဇူးများ၏။ |
1,322,773 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | သင်တို့သည် ဤဥယျာဉ်၌ အပွင့် အသီး အရွက်တို့ကို စားရကုန်၏။ |
1,322,774 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | မြို့၌ နက္ခတ်သဘင်ကို ကြွေးကြော်၏။ |
1,322,775 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ငါသည် နက္ခတ်သဘင်ကို ကစားအံ့၊ အကြင်မျှလောက် ငါသည်မလာအံ့၊ ထိုမျှလောက် ဥယျာဉ်၌ သစ်ပင်ငယ်တို့၌ ရေကိုလောင်းအံ့သောငှါ တတ်နိုင်ကုန်လတ္တံ့ လောဟု ဥယျာဉ်စောင့်သည် မေး၏။ |
1,322,776 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | မျောက်ကြီးသည် ကောင်းပြီ လောင်းအံ့ဟု ဆို၏။ |
1,322,777 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုသို့တပြီးကား မမေ့မလျော့ကုန်သည် ဖြစ်ကုန်လောဟု ရေလောင်းစိမ့်သောငှါ ထိုမျောက်တို့အား သားရေအိတ်တို့ကို၎င်း သစ်သားအိုးတို့ကို၎င်း ပေး၍သွား၏။ |
1,322,778 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | မျောက်တို့သည် သားရေအိတ်တို့ကို၎င်း သစ်သားအိုးတို့ကို၎င်းယူကုန်၍ သစ်ပင်ငယ်တို့၌ ရေလောင်းကုန်၏။ |
1,322,779 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုအခါ မျောက်ငယ်တို့ကို မျောက်အကြီးသည် အိုမျောက်တို့ ရေမည်သည်ကို စောင့်အပ်၏။ |
1,322,780 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | သင်တို့သည် သစ်ပင်ငယ်တို့၌ ရေလောင်းကုန်သည်ရှိသော် နှုတ်၍ အမြစ်ကိုကြည့်ကုန်၍ နက်သောအမြစ်ရှိသော သစ်ပင်ငယ်တို့၌ ရေများစွာလောင်းကြကုန်လော၊ တိမ်သောအမြစ်ရှိကုန်သော သစ်ပင်ငယ်တို့၌ ရေအတန်ငယ်လောင်းကြကုန်လော၊ နောက်၌ ငါတို့အား ရေရခဲသည်ဖြစ်လတ္တံ့ ဤသို့ဆို၏။ |
1,322,781 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုမျောက်ငယ်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ထိုမျောက်ကြီးဆိုတိုင်းပြုကုန်၏။ |
1,322,782 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုအခါ တယောက်သော ပညာရှိယောက်ျားသည် မင်း၏ဥယျာဉ်၌ ထိုမျောက်တို့ကို မျောက်ကြီးဆိုတိုင်း ပြုကုန်သည်တို့ကိုမြင်၍ အို မျောက်တို့ အဘယ့်ကြောင့် သင်တို့သည် သစ်ပင်ငယ်တို့နှုတ်၍ အမြစ်ပမာဏဖြင့် ရေလောင်းကြကုန်သနည်းဟု မေး၏။ |
1,322,783 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုမျောက်တို့သည် ဤသို့ ငါတို့အား မျောက်ကြီးသည်ဆုံးမ၏ဟု ဆိုကုန်၏။ |
1,322,784 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ထိုပညာရှိသော ယောက်ျားသည် ထိုမျောက်တို့၏စကားကိုကြား၍ အို သူမိုက်တို့ ပညာမရှိကုန်သောသူတို့သည် အကျိုးစီးပွားကိုပြုကုန်အံ့ဟု အကျိုးမဲ့ကိုသာပြုကုန်၏။ |
1,322,785 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | စင်စစ်အံ့ဘွယ်ရှိစွဤသို့ကြံ၍- |
1,322,786 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ၄၆။ န ဝေ အနတ္ထကုသလနေ၊ အတ္ထစရိယာ သုခါဝဟာ။ |
1,322,787 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဟာပေတိ အတ္ထံ ဒုမ္မေဓော၊ ကပိ အာရာမိကော ယထာ။ |
1,322,788 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ၄၆။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ |
1,322,789 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဟာပေတိ၊ ယုတ်စေတတ်၏။ |
1,322,790 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အနတ္ထကုသလေန၊ အကျိုးရှိသည်၌ မလိမ္မာသောသူသည်။ |
1,322,791 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အတ္ထစရိယာ၊ ချမ်းသာ နှစ်ပါးဟူသော အကျိုးစီးပွားကိုကျင့်ခြင်းသည်။ |
1,322,792 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | န သုခါဝဟာ၊ ချမ်းသာကို ဆောင်ရွက်ခြင်းငှါမတတ်နိုင်။ |
1,322,793 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အာရာမိကော၊ ဥယျာဉ်စောင့် ဖြစ်သော။ |
1,322,794 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အနတ္ထမေဝ၊ အကျိုးမဲ့ကိုသာလျှင်။ |
1,322,795 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ကရောတိ ယထာ၊ ပြုသကဲ့သို့။ |
1,322,796 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ယော ကောစိ၊ အမှတ်မရှိသော။ |
1,322,797 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | တနည်းကား... အကျိုးရှိသည်၌ မလိမ်မာသောသူသည်။ |
1,322,798 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အတ္ထစရိယံ၊ အကျိုးစီးပွားကို ကျင့်ခြင်းကို။ |
1,322,799 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | အာဝဟိတုံ၊ ရွက်ဆောင်ခြင်းငှါ။ |
1,322,800 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာရာမဒူသကဇာတ် -၁ | ဤသို့ ထိုပညာရှိသောယောက်ျားသည် ဤဂါထာဖြင့် မျောက်ကြီးကိုကဲ့ရှု၍ မိမိ၏ပရိသတ်ကိုယူ၍ ဥယျာဉ်မှ ထွက်ခဲ့၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.