id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,901 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | များစွာကုန်သော လူတို့သည် ပင်ပန်းကုန်သည်ဖြစ်၍ သေကုန်၏။ |
1,322,902 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ဤမိန်းမဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဘုရားလောင်းအား ဆို၍ သွား၏။ |
1,322,903 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသင်္ကာ သတို့သမီးသည် ဖလ်လေသာပြတင်းကို ဖွင့်၍ ရပ်၏။ |
1,322,904 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | နတ်မိမယ် စကားကိုဆို |
1,322,905 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ထိုအာသင်္ကာ သတို့သမီးကို မြင်၍ ငါတို့သည် သင်၏အမည်ကို သိအံ့သောငှာ မတတ်နိုင်ကုန်၊ သင်သည် ဟိမဝန္တာအရပ်၌ သာလျှင် နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။ |
1,322,906 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး သွားသည်ရှိသော် ငါကဲ့သို့သော မိန်းမကို အဘယ်မှာ ရလတ္တံ့နည်း၊ တာဝတိံသာ နတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သော နွယ်သည်ရှိ၏။ |
1,322,907 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုအာသာဝတီနွယ်၏ အသီး၏ အတွင်း၌ နတ်အဖျော်သည် ဖြစ်၏။ |
1,322,908 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုနတ်အဖျော်ကို တစ်ကြိမ် သောက်သည်ရှိသော် လေးလတို့ပတ်လုံး ယစ်ကုန်၍ နတ်၏အိပ်ရာ၌ အိပ်ကုန်၏။ |
1,322,909 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုအာသာဝတီနွယ်၏ အသီးသည်ကား အနှစ်တစ်ထောင် ရှိသဖြင့် သီး၏။ |
1,322,910 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သူရာကြူးကုန်သော နတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏ အဖျော်ဖြစ်သော အသီးကို ရလတ္တံ့ဟု ချင်ခြင်းကိုသည်းခံ၍ အနှစ်တစ်ထောင်ပတ်လုံး မပြတ်သွား၍ ထိုအာသာဝတီနွယ်ကို ရောဂါကင်းပါ၏လောဟု ကြည့်ကုန်၏။ |
1,322,911 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်မင်းကြီးသည် တစ်နှစ်ဖြင့်သာလျှင် ငြီးငွေ့၏။ |
1,322,912 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တောင့်တ ခြင်း၏ အကျိုးကို ရခြင်းမည်သည် ချမ်းသာ၏။ |
1,322,913 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မငြီးငွေ့ လင့် ဟု ဆို၍- |
1,322,914 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၆။ အာသာဝတီ နာမ လတာ၊ ဇာတာ စိတ္တလတာဝနေ။ |
1,322,915 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တဿာ ဝဿသဟဿေန၊ ဧကံ နိဗ္ဗတ္တတေ ဖလံ။ |
1,322,916 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၇။ တံ ဒေဝါ ပယိရုပါသန္တိ၊ တာဝ ဒုရဖလံ သတိံ။ |
1,322,917 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသိသေဝ တုဝံ ရာဇ၊ အာသာ ဖလဝတီ သုခါ။ |
1,322,918 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ |
1,322,919 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ |
1,322,920 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသာဝတီ နာမ၊ အာသာဝတီမည်သော။ |
1,322,921 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဇာတာ၊ ဖြစ်၍။ |
1,322,922 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တဿာ၊ ထိုအာသာဝတီနွယ်အား။ |
1,322,923 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ |
1,322,924 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဧကံ၊ တစ်လုံးသော။ |
1,322,925 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | နိဗ္ဗတ္တတေ၊ ဖြစ်၏။ |
1,322,926 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ |
1,322,927 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဒုရဖလံ သတိံ၊ ဝေးသာ အသီးရှိသည်ဖြစ်လျက်။ |
1,322,928 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တံ၊ ထိုအာသာဝတီနွယ်ကို။ |
1,322,929 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ပယိရုပါသန္တိ၊ အကြိမ်များစွာ အဖန် တလဲလဲ ဆည်းကပ်ကုန်၏။ |
1,322,930 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသိသေဝ၊ တောင့် တ, ရာသလျှင်ကတည်း။ |
1,322,931 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသာဖလဝတီ၊ တောင့်တ ခြင်း၏ အကျိုးကို ရခြင်းသည်။ |
1,322,932 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းကြီး စိတ်ပျက်ပြန် |
1,322,933 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ထိုအာသင်္ကာ မင်း သမီး၏ စကားဖြင့်ကပ်ငြိ၍ တဖန် အမတ်တို့ကို စည်းဝေးစေ၍ ဖွဲ့ခြင်းကို ပြုစေ၍ အမည်ကိုရှာလျက် တဖန် တစ်နှစ်ပတ်လုံးလည်း နေ၏။ |
1,322,934 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုသတို့သမီး၏ အမည်ကား အဘယ်သို့နည်းဟု မေး၍ ဤအမည်ရှိဟု ဆိုသည်ရှိသော် ဘုရားလောင်းသည်ပယ်သလျှင်ကတည်း။ |
1,322,935 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တဖန် မင်းသည် ငါ့အား ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟု ဆို၍ သွား၏။ |
1,322,936 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုသတို့ သမီးသည်လည်း ပြတင်း၌ ရပ်၍ ကိုယ်ကို ပြ၏။ |
1,322,937 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဗာရာဏ သီမင်းသည် သင်သည် နေရစ်လော့ ငါတို့သည် သွားကုန်အံ့ ဟု ဆို၏။ |
1,322,938 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | နတ်မိမယ်စကားဆို |
1,322,939 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး အဘယ်ကြောင့် သွားအံ့နည်းဟု ဆို၏။ |
1,322,940 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်၏အမည်ကို သိခြင်းငှာ မတတ်နိုင်ဟု ဆို၏။ |
1,322,941 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး အဘယ့်ကြောင့် အမည်ကို မသိလတ္တံ့နည်း၊ တောင့် တခြင်း ဟူသည်ကား မပြည့်စုံသောမည်သည် မရှိ၊ တစ်ခုသောဗျိုင်းသည် တောင်ထိပ်၌တည်လျက် မိမိတောင့်တအပ်သည်ကို ရ၏။ |
1,322,942 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့ ရှိအံ့နည်း။ |
1,322,943 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး... သည်းခံဦးလော့ ဟုဆို၍ မြတ်သောမင်းကြီး တစ်ခုသောဗျိုင်းသည် တစ်ခုသော ပဒုမာအိုင်၌ အစာကိုယူ၍ တောင် ထိပ်၌ နား၏။ |
1,322,944 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုဗျိုင်းသည် တစ်နေ့သ၌ ထို တောင်ထိပ်၌လျှင် နေ၍ နက်ဖြန်နေ့၌ ငါသည် ဤတောင်ထိပ်၌ ချမ်းသာစွာ နေလျက် ဤတောင်ထိပ်မှ မသက်မူ၍ ဤအရပ်၌ နေလျက်လျှင် အစာကိုယူ၍ ရေကိုသောက်၍ ဤနေ့ပတ်လုံး နေရမူကား ကောင်း၏ဟု ကြံ၏။ |
1,322,945 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုအခါ ထိုနေ့၌လျင် သိကြားမင်းသည် အသုရာတို့ကို နှိပ်နင်း၍ တာတိံသာနတ်ပြည်၌ နတ်စည်း စိမ်ကို ခံစားလျက် ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ |
1,322,946 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တစ်ပါးသော တစ်စုံ တစ်ယောက်သော နှလုံးအလိုမပြည့်သော သူသည် ရှိလေသေးသလောဟု ကြံ၏။ |
1,322,947 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ကြံပြီး၍ သိကြားမင်းသည် ဆင်ခြင်သည်ရှိသော် ထိုဗျိုင်းကိုမြင်၍ ဤဗျိုင်း၏ နှလုံးအလိုကို အပြီးသို့ရောက်စေအံ့ဟု ဗျိုင်း၏နေရာမှ မနီးမဝေးသော အရပ်၌ မြစ်တစ်ခုသည် ရှိ၏။ |
1,322,948 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ထိုမြစ်ကို သိကြားသည် ရေအလျဉ်ဖြင့် ပြည့်သည်ကိုပြု၍ တောင်ထိပ်သို့ စီးစေ၏။ |
1,322,949 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဗျိုင်းသည် ထိုတောင်ထိပ်သို့ စီးသောမြစ်၌ နေလျက်လျင် ငါးတို့ကိုစား၍ ရေကိုသောက်၍ ထိုနေ့ပတ်လုံး ထိုတောင်ထိပ်သို့ စီးသော မြစ်၌လျှင် နေ၏။ |
1,322,950 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ရေသည်လည်း လျှောကျ၍ သွား၏။ |
1,322,951 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး.ဤသို့ ဗျိုင်းသည်လျက်လည်း ရှေးဦးစွာ တောင့်တခြင်း အကျိုးကို ရ၏။ |
1,322,952 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင် မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း ဟု ဆို၍- |
1,322,953 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၈။ အာသီသေတေဝ သော ပက္ခီ၊ အာသိသေတေဝ သော ဒိဇော။ |
1,322,954 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တဿ စာသာ သမိဇ္စျတိ၊ တာဝ ဒူရဂတာ သတိ၊အာသိသေဝ တုဂဝံ ရာဇ၊ အာသာ ဖလဝတီ သုခံ |
1,322,955 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဒုရဂတာ သတိ၊ ဝေးစွာသော အဖြစ်သည် ဖြစ်လျက်။ |
1,322,956 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သော ပက္ခီ၊ ထိုဗျိုင်းငှက်သည်။ |
1,322,957 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသိသေတေဝ၊ တောင့်တသလျင်ကတည်း။ |
1,322,958 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သော ဒိဇော၊ ထိုဗျိုင်းငှက်သည်။ |
1,322,959 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသိသေတေဝ၊ တောင့်တသလျှင်ကတည်း။ |
1,322,960 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တဿ စ၊ ထိုဗျိုင်းငှက်အားလည်း။ |
1,322,961 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသာ၊ တောင့်တခြင်း၏ အကျိုးသည်။ |
1,322,962 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သမိဇ္စျတိ၊ ပြည့်စုံသေး၏။ |
1,322,963 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ရာဇ၊ မင်းကြီး တုံဝံ၊ သင်မင်းကြီးသည်။ |
1,322,964 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ |
1,322,965 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသာဖလဝတီ၊ တောင့်တခြင်း၏ အကျိုးကို ရခြင်းသည်။ |
1,322,966 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းကြီးစိတ်ပျက်ပြန်ခြင်း |
1,322,967 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် သတို့သမီး၏ စကားကိုကြား၍ အဆင်း၌ တပ်စွန်း၍ စကားဖြင့်ကပ်ငြိ၍ သွားအံ့ငှာ မတတ်နိုင်၍ အမတ်တို့ကို စည်းဝေးစေ၍ အမည်တစ်ရာကို ပြုစေ၏။ |
1,322,968 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အမည်တစ်ရာ၏ အစွမ်းအားဖြင့် ရှာလျက်လည်း မင်းအား တစ်ဖန် တစ်နှစ်သည် လွန်ပြန်၏။ |
1,322,969 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် သုံးနှစ်လွန်သဖြင့် ဘုရားလောင်းသို့ ကပ်၍ အမည်တစ်ရာ၏ အစွမ်းအားဖြင့် ဤအမည်ရှိသည် ဖြစ်လတ္တံ့ဟု မေး၏။ |
1,322,970 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး သင်သည် မသိဟု ဆို၏။ |
1,322,971 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ယခု ငါတို့သည် သွားကုန်အံ့ဟု ဘုရားလောင်းကို ရှိခိုး၍ သွား၏။ |
1,322,972 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသင်္ကာ သတို့သမီးသည်လည်း ဖလ်လေသာပြတင်းကိုမှီ၍ ရပ်၏။ |
1,322,973 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ထိုသတို့သမီးကိုမြင်၍ သင်သည် နေရစ်တော့၊ ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ |
1,322,974 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မြတ်သောမင်းကြီး အဘယ်ကြောင့်သွားအံ့နည်းဟု ဆို၏။ |
1,322,975 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်သည် ငါ့အား စကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ |
1,322,976 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ကာမနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ၊ သင်၏ သာယာသော စကားဖြင့် ကပ်ငြိ၍နေသော ငါ့အား သုံးနှစ်တို့သည် လွန်ကုန်ပြီ၊ ယခုအခါ သွားအံ့ဟု ဆို၍- |
1,322,977 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၉။ သမ္ပေသိ ခေါ မံ ဝါစာယ၊ န စ သမ္ပေသိ ကမ္မုနာ။ |
1,322,978 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မာလာ သေရေယျကဿေဝ၊ ဝဏ္ဏဝန္တာ အဂန္ဓိကာ။ |
1,322,979 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၀။ အဖလံ မဓုရံ ဝါစံ၊ ယော မိတ္တေသု ပကုဗ္ဗတိ။ |
1,322,980 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အဒဒံ အဝိဿဇံ ဘေါဂံ၊ သန္ဓိ တေနဿ ဇီရတိ။ |
1,322,981 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၁။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။ |
1,322,982 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၂။ ဗလဉ္စ ဝတ မေ ခီဏံ၊ ပါထေယျဉ္စ န ဝိဇ္ဇတိ။ |
1,322,983 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်္ကေ ပါဏူပရောဓာယ၊ ဟန္ဒ ဒါနိ ဝဇာမဟံ။ |
1,322,984 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၂၉။ ဘဒ္ဒ၊ ရှင်မ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ |
1,322,985 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ |
1,322,986 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာဂန္ဓိကာ၊ အနံ့ မရှိသော။ |
1,322,987 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မာလာ ဣဝ၊ ပန်းကဲ့သို့။ |
1,322,988 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဝါစယ ခေါ၊ စကားဖြင့်သာလျှင်။ |
1,322,989 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သမ္ပေသိ၊ ရောင့်ရဲစေ၏။ |
1,322,990 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ကမ္မုနာ၊ အမှုဖြင့်ကား။ |
1,322,991 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | နေဝ သမ္ပေသိ၊ မရောင့်ရဲစေ။ |
1,322,992 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၀။ ဘဒ္ဒေ၊ ရှင်မ ယော၊ အကြင်သူသည်။ |
1,322,993 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အဒဒံ၊ မပေးဘဲလျက်။ |
1,322,994 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အဝိဿဇံ၊ မစွန့်လွှတ်ပဲလျှက်။ |
1,322,995 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အဖလံ၊ အကျိုးမရှိသော။ |
1,322,996 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မဓုရံ၊ သာယာသော။ |
1,322,997 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ပကုဗ္ဗတိ၊ ပြောဆို၏။ |
1,322,998 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သဒ္ဓိံ၊ တကွ အဿ၊ ထိုအဆွေ ခင်ပွန်း၏။ |
1,322,999 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သန္ဓိ၊ မိတ်ဖွဲ့ခြင်းသည်။ |
1,323,000 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဇီရတိ၊ ပျက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.