id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,323,001 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၁။ ဘဒ္ဒ၊ ရှင်မ။ |
1,323,002 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တံ ဟိ၊ ထိုအမှုကိုလျှင်။ |
1,323,003 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အကရောန္တံ၊ ပြုသောသူကို။ |
1,323,004 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၂။ ဘဒ္ဒ၊ ရှင်မ။ |
1,323,005 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဗလဉ္စ၊ ဗိုလ်ပါသည်လည်း။ |
1,323,006 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ခီဏံ၊ ကုန်ပြီ။ |
1,323,007 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ |
1,323,008 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ပါဏူပရောဓာယ၊ အသက်၏ ပျက်စီးခြင်း၌။ |
1,323,009 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်္ကေ၊ ယုံမှား၏။ |
1,323,010 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဝဇာမိ၊ သွားအံ့။ |
1,323,011 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | နတ်မိမယ် နာမည်ကိုပြောပြီ |
1,323,012 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အသင်္ကာ သတို့သမီးသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး... သင်မင်းကြီးသည် ငါအမည်ကို မသိဟုဆို၏။ |
1,323,013 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | သင်မင်းကြီးသည် ငါ၏ အမည်ကို ဆိုအပ်သလျှင်ကတည်း၊ ဤအမည်သည်ကား ငါ၏အမည်တည်း၊ အဘအား ပြောဆို၍ ငါ့ကိုယူသွားလော့ ဟု ဆို၍ မင်းနှင့်တကွ စကားပြောလိုရကား- |
1,323,014 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၃။ ဧတဒေဝ ဟိ မေ နာမံ၊ ယံ နာမသ္မိ ရထေသဘ။ |
1,323,015 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာဂမေဟိ မဟာရာဇ၊ ပိတရံ အာမန္တ ယာမဟံ။ |
1,323,016 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ၃၃။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ |
1,323,017 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ယံနာမံ၊ အကြင်အာသင်္ကာဟူသော အမည်သည်။ |
1,323,018 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဧတဒေဝ ဟိ နာမံ၊ ထိုအာသင်္ကာဟူသော အကျွန်ုပ်၏ အမည်ကိုလျှင်။ |
1,323,019 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | တုဝံ၊ သင် မင်းကြီးသည်။ |
1,323,020 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာဂမေဟိ၊ ငံ့ဦးလော့။ |
1,323,021 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာမန္တယာမိ၊ တိုင်ပင်ဦးအံ့။ |
1,323,022 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | အာသင်္ကာကို ရပေပြီ |
1,323,023 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ဘုရားလောင်း၏ အထံသို့ သွား၍ အရှင်ဘုရား... အရှင်ဘုရားတို့၏သမီးသည် အာသင်္ကာမည်၏ ဟုဆို၏ မြတ်သောမင်းကြီး အမည်ကိုသိသော ကာလမှစ၍ ယူ၍သွားလော့ ဟုဆို၏။ |
1,323,024 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် ဘုရားလောင်းကို ရှိခိုး၍ ဖလ်ဗိမာန်တံခါးသို့သွား၍ ရှင်မ... သင့်အဖသည် ငါ့အား သင့်ကိုပေးအပ်ပြီ၊ လာလော့ ယခုသွားအံ့ ဟု ဆို၏။ |
1,323,025 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းကြီး ငံ့ဦးလော့၊ အကျွန်ုပ်သည် အဘကို တိုင်ပင်ဦးအံ့ ဟု ပြာသာဒ်မှ သက်၍ ဘုရားလောင်းကို ရှိခိုး၍ ကန်တော့၍ မင်း၏အထံသို့ လာ၏။ |
1,323,026 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မင်းသည် အာသင်္ကာ သတို့သမီးကိုယူ၍ ဗာရာဏသီပြည်သို့သွား၍ သားသမီးတို့ဖြင့် ပွားလတ်၍ ချစ်စွာသော နေခြင်းဖြင့်နေ၏။ |
1,323,027 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဘုရားလောင်းသည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။ |
1,323,028 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ အာသင်္ကာသတို့သမီး ဖြစ်ဖူးပြီ။ |
1,323,029 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ။ |
1,323,030 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,323,031 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | မိန်းမတို့မှာ၊ ချစ်သောခါ၊ လိုရာပေးတတ်သည် |
1,323,032 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာသင်္ကဇာတ် | ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အာသင်္ကာဇာတ်သည် ပြီး၏။ |
1,323,033 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သဠာယတနဝဂ္ဂသံယုတ် စာမျက်နှာ-၃၈၁ လာ) |
1,323,034 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အာသီဝိသောပမသုတ် တရားတော်” |
1,323,035 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁။ ဥပမာပိုင်း (၁၃၂၈ - ကဆုန်လကွယ်နေ့ ဟောကြားတော်မူသည်။ |
1,323,036 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) ဒုက္ခလက္ခဏာထင်တဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ်အတွက် ဟောခြင်း တရားအားထုတ်ရန် ရဟန်းပြုခြင်း အခုကာလ ရဟန်းပြုရန် လွယ်ကူခြင်း ရှေးတုန်းက ရဟန်းပြုရန် မလွယ်ကူ ပုဂ္ဂိုလ်အားလုံးအတွက် ဥပမာကစ၍ ဟောခြင်း |
1,323,037 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေကြီး ၄-ကောင် အသက်ရှင်ပြီး ချမ်းသာချင်သူ မြွေထိန်းအဖြစ် အပ်နှင်း ရှေးမင်းများ မြွေမွေးထားခြင်း အကြောင်း ဥပမာဆိုတာ နားလည်အောင် ပြောခြင်း မြွေထိန်းယောက်ျားကို မိတ်ဆွေပြောကြား မြွေထိန်းယောက်ျား ပြေးခြင်း မြွေတွေ အနံ့ခံလိုက်ခြင်း ရန်သူ ငါးယောက် နောက်ကလိုက်ခြင်း ငယ်ပေါင်းမိတ်ဆွေဖြစ်သည့် ရန်သူလိုက်ခြင်း မြွေထိန်းယောက်ျား ... |
1,323,038 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၂။ ဥပမေယျပိုင်း (၁၃၂၈-ခု၊ နယုန်လပြည့်နေ့ ဟောကြားတော်မူသည်) ဓာတ်ကြီး၄-ပါး မြွေကြီး ၄-ကောင် ဓာတ်ကြီး ၄-စင်း နေရာတကာ ဓာတ်ကြီး ၄-ပါး ရှိခြင်း ရုပ် (ဂ) ပါးတွဲဖြစ် ပထဝီဓာတ် (၂၀) လက္ခဏာ ၂-မျိုး လက္ခဏာ စသည် ပထဝီဓာတ် ရှုမှတ်သိ အာပေါဓာတ် ရှုမှတ်သိ တေဇောဓာတ် ရှုမှတ်သိ တေဇောဓာတ် ၄-မျိုး တရားအားထုတ်ကြောင်း ငါးပါး ဝါယောဓာတ် ရှုမှတ်သ... |
1,323,039 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၃။ ဓာတ်ကြီး ၄-ပါး ရှုမှတ်သိ (၁၃၂၈-ခု၊ နယုန်လကွယ်နေ့ ဟောကြားတော်မူသည်) မြွေကြီး ၄-ကောင်နှင့် ဓာတ်ကြီး ၄-စင်း စသည် ဝါယောဓာတ် ၆-ပါး ပထဝီဓာတ် ပထဝီဓာတ် ရှုမှတ်သိ ဘင်္ဂဉာဏ်ရောက်မှ အထည်ဒြပ်ပျောက် |
1,323,040 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဉာဏ်ထက်လျှင် သင်္ခါရ မြန်မြန်သိခြင်း တချို့က ကိုယ်တိုင်မသိပဲ ဟောကြရေးကြ ပထဝီဓာတ် ထင်ပုံ အာပေါဓာတ် ထင်ပုံ တေဇောဓာတ် ထင်ပုံ ဝါယောဓာတ် ထင်ပုံ မြွေဖမ်းခြင်း၌ အကျိုးမဲ့ ငါးပါး ဘဝ, ဓာတ် ၄-ပါး သာယာမှု၌ အကျိုးမဲ့ ငါးပါး ပဋိသန္ဓေကလာတဲ့ အနာ ဓာတ်ကြီး ၄-ပါးကို ပြုစုနိုင်ခဲခြင်း ဓာတ်ကြီး ၄-ပါးကို ချဉ်းကပ်နိုင်ခဲခြင်း ကျေးဇူးမသိတတ်တ... |
1,323,041 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၄။ ဥပါဒါနက္ခန္ဓာ ၅-ပါး (၁၃၂၈-ခု၊ ပထမဝါဆိုလပြည့်နေ့ ဟောကြားတော်မူသည်) ရန်သူငါးယောက် ဥပါဒါနက္ခန္ဓာ ငါးပါး ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ ရုပ်ဥပါဒါနက္ခန္ဓာ ဥပါဒါန် ဥပါဒါန် ၄-ပါး ကာမုပါဒါန် တဏှာနှင့် ဥပါဒါန်မတူ အတ္တဝါဒုပါဒါန် အတ္တအစွဲပျောက်ခဲ သီလဗ္ဗတုပါဒါန် ဒိဋ္ဌို ပါဒါန် ဥပါဒါန် ၂-မျိုး ဥပါဒါနက္ခန္ဓာ သူသတ်ပမာ ငါးခန္ဓာ ကိုယ့်ဘဝ ... |
1,323,042 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၅။ ခန္ဓာငါးပါး၌ ဝိပဿနာရှုပုံ (၁၃၂၈-ခု၊ ပထမ ဝါဆိုလကွယ်နေ့ ဟောကြားတော်မူသည်) ဥပါဒါန် ဥပါဒါနက္ခန္ဓာ ဝိပဿနာ မရှုရတဲ့ တရား အရိယာမှာ သက္ကာယဒိဋ္ဌိ ကင်းပုံ ဖြစ်ပျက်သိယင် မစွဲလမ်း စွဲလမ်းမှု မဖြစ်အောင် ဝိပဿနာရှု ခန္ဓာငါးပါးမှ လွတ်အောင်တရားအားထုတ် ဘင်္ဂဉာဏ်ရောက်မှ လွတ်တာ အတွေ့ ၃-မျိုး ကွေးဆဲ၌ ဝိပဿနာရှုပုံ နာမရူပ ပရိစ္ဆေဒဉာဏ်ဖြစ်... |
1,323,043 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၆။ အတွင်းရန်သူ နန္ဒီရာဂ (၁၃၂၈-ခု၊ ဒုတိယဝါဆိုလပြည့်နေ့ ဟောကြားတော်မူသည်) ခန္ဓာရှိလို့ သေရတာ ငယ်ပေါင်းမိတ်ဆွေဖြစ်တဲ့ ရန်သူလိုက် နန္ဒီရာဂ မြင်ရာမှ စိတ်အစဉ် ဖြစ်ပုံ ဘဝင်စိတ်ဖြစ် ပဉ္စဒွါရာဝဇ္ဇန်း စသည်ဖြစ် မသွားတတ်သေးဘူး သဘောကျမနေနဲ့ မှတ်လိုက်ဦး ဂေါတြဘူထိအောင် သာယာတဲ့ နန္ဒီရာဂ ရွာပျက်ပမာ ခြောက်ဒွါရာ ဒမြပမာ ခြောက်ဖြာအာရုံ ဒီဘ... |
1,323,044 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၇။ ရွာပျက်ပမာ ခြောက်ဖြာဒွါရ ရှုမြင်ကြ (၁၃၂၈-ခု၊ ဒုတိယ ဝါဆို လပြည့်ကျော် ၈-ရက်နေ့ ဟောကြားတော်မူသည်။ |
1,323,045 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) ရွာပျက်ကုန်းပမာ ၆-ဖြာဒွါရ ဓာတ်ကြီး ၄-ပါးကြောက်လို့ တရားအားထုတ်ခြင်း ခန္ဓာငါးပါး သူသတ်သမား သူသတ်သမား ခန္ဓာကလွတ်အောင် တရားအားထုတ် နန္ဒီရာဂမှ လွတ်အောင် တရားအားထုတ် ရွာပျက်ပမာ ၆-ဖြာဒွါရ မြင်မှုဖြစ်ကြောင်း မျက်လုံး အသုံးမကျ အနှစ်မရှိ မျက်စိကို ရှုမှတ်သိ ရုပ်က နှိပ်စက်ပုံ ရုပ်၌ အစိုးမရခြင်း မြင်မှုက သိနိုင်ခဲ ဘင်္ဂဉာဏ် ရော... |
1,323,046 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၈။ ဤဘက်ကမ်းစ သက္ကာယ ဘေးရန်ထူပြွမ်း ဒီဘက်ကမ်း ဘေးရန်မသန်း ဟိုဘက်ကမ်း ဘေးရန်မသန်း နိဗ္ဗာန် ဟိုဘက်ကမ်း သက္ကာယ ဥပါဒါနက္ခန္ဓာ ဥပါဒါနက္ခန္ဓာကို ဝိပဿနာရှု ဒိဋ္ဌိရှုနှင့် ဝိပဿနာရှု အမှန်အတိုင်းရှု ဖြစ်တိုင်း မှတ်ရှု ရုပ်နာမ်ရှုယင်းနဲ့ နိဗ္ဗာန်ရောက် သက္ကာယနှင့် သက္ကာယဒိဋ္ဌိ အတ္တစွဲအမျိုးမျိုး သက္ကာယဒိဋ္ဌိ ကင်းရန် အရေးကြီး နိဗ္ဗ... |
1,323,047 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၉။ ရှစ်တန်မဂ္ဂင် ဖောင်ဖွဲ့ဆင် ဘေးရန်ထူပြွမ်း ဒီဘက်ကမ်း ယုံကြည်မှုသဒ္ဓါ အရေးကြီး ဖြစ်တိုင်း လိုက်ရှု မြင်သိမယ် သညာ ပြောင်းလိုက်ရုံပဲ ဖြစ်တိုင်း ရှုရုံသာရှုပါ သမ္မာဒိဋ္ဌိ ဖြစ်ပုံ မဂ္ဂ နိရောဓသစ္စာရအောင် အားထုတ်ကြ ဒုက္ခနှင့် သမုဒယကိုရှု ဖြစ်ပျက် အမြဲနှိပ်စက် ဖြစ်တိုင်း လိုက်ရှုနေ သတ္တဝါအကျိုးအတွက် ဘုရားပွင့်လာ သဒ္ဓါ သီလ ဝီ... |
1,323,048 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၀။ သုံးတန် သမာဓိမဂ္ဂင်၊ ဖောင်ဖွဲ့ဆင် မဂ္ဂင်ဖောင် နည်းကောင်း လမ်းကောင်း အပါယ်ဒုက္ခ နိဗ္ဗာန်ရဖို့ ဝိပဿနာ အားထုတ်တာ သမ္မာဝါယာမ အကုသိုလ်မဖြစ်အောင် အားထုတ် ဖြစ်ပြီး အကုသိုလ် ပယ်နိုင်အောင် အားထုတ် မမြင်ရယင် ကိလေသာငြိမ်းတယ် မြင်ယင် ကိလေသာဖြစ် ကုသိုလ်ဖြစ်အောင် အားထုတ် ဖြစ်ပြီးကုသိုလ် တိုးပွါးအောင်လုပ် သီလပြည့်စုံရုံမျှ စိတ်ချ... |
1,323,049 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၁။ မဂ္ဂင်ဖောင်ကြီး စီးလို့ကူး သီလမဂ္ဂင် သမာဓိမဂ္ဂင် ပန်းခူးသူပမာ ပညာမဂ္ဂင် အသိဉာဏ်နှင့် ပညာအစစ် သမ္မာဒိဋ္ဌိ ၅-ပါး ဈာန သမ္မာဒိဋ္ဌိ ဝိပဿနာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ရှုမှတ်တိုင်း သီလ သမာဓိ ပညာဖြစ် မဂ္ဂင်ဖောင်နှင့် ကူးရာ ဝီရိယအရေးကြီး အသက်မွေးမှု လေးခု လုံ့လအကျိုး ခံစားရသူ ကံအကျိုး ခံစားရသူ လုံ့လနှင့် ကံအကျိုး ခံစားရသူ လ... |
1,323,050 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောတာပန်၏ ဂုဏ်များ သောတာပတ္တိမဂ် ပယ်တဲ့ သံယောဇဉ် ၃-ပါး သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ဘုရား၌ ယုံမှား တရား၌ ယုံမှား သံဃာ၌ ယုံမှား အကျင့်သိက္ခာ၌ ယုံမှား သီလဗ္ဗတပရာမာသ ဆရာများတဲ့ ပုထုဇဉ် နည်းမှန် ကျင့်မှန် သံယောဇဉ် ၃-ပါး ကင်းရကျိုး တံခါးတိုင်ပုံဟန် သောတာပန် သံယောဇဉ် ၇-ပါး ကျန်သေး သကဒါဂါမိမဂ် ရောက် ဝါဒ အမျိုးမျိုး အနာဂါမိမဂ် ရောက... |
1,323,051 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဠာယတနဝဂ္ဂသံယုတ် စာမျက်နှာ-၃၈၁ လာ |
1,323,052 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာသီဝိသောပမသုတ် တရားတော် |
1,323,053 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၃၂၈-ခု၊ ကဆုန်လကွယ်နေ့ ဟောကြားတော်မူသည်။ |
1,323,054 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာပိုင်း |
1,323,055 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬ ဒီကနေ့တော့ သံယုတ္တနိကာယ်က သဠာယတနဝဂ္ဂသံယုတ် အာသီဝိသဝဂ္ဂ၊ အာသီဝိသောပမ သုတ္တန်ကြီးဆိုတာ ဟောရမယ်၊ အာသီဝိသောပမ သုတ္တန်ကြီး ဆိုတာကတော့ ဘုန်းကြီး ဟောခဲ့တာ အကြိမ်ပေါင်းများလှပါပြီ၊ ပထမစပြီး ကမ္မဋ္ဌာန်းတရား ဟောခဲ့ကတည်းက သူ့ကို ဟောလာ တာ ကြာလှပြီ၊ အရပ်ရပ် အနယ်နယ် နှံ့နှံ့ပြားပြား ဟောဖူးပါပြီ၊ ဒီသာသနာ့ရိပ်သာမှာကိုပဲ အယင်က ၂-က... |
1,323,056 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတခါတော့ ပါဠိတော်ထဲမှာ ရှိတဲ့အတိုင်း အကုန်လုံးဟောမှ ဖြစ်မှာ၊ အကျယ်ပဲ ဟောရမယ်။ |
1,323,057 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူ့ပါဠိကလဲပဲ သိပ်မကျယ်ပါဘူး ဒီသုတ်ကတော့ ခပ်ကျဉ်းကျဉ်းပါပဲ၊ သုတ်ထဲက တိုက်ရိုက်ကတော့ ကျဉ်းကျဉ်းပဲ၊ အဲဒီဥစ္စာကို နားလည်အောင် ချဲ့ပြီးတော့ ဟောရမယ်၊ သူ့ သုတ်ထဲမှာ ပါတဲ့အတိုင်း ဖြည်းဖြည်းချင်းပေါ့၊ ကုန်ချင်တဲ့ အခါတော့ ကုန်သွားမှာပေါ့၊ သူက ဟောလို့လဲ မကုန်နိုင်ဘူး၊ ဒီတော့ ဘုရား ဟောတော်မူတဲ့ အစဉ်အတိုင်း ပြည့်ပြည့်စုံစုံ ဒီတခါ ဟ... |
1,323,058 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခလက္ခဏာထင်တဲ့ ဝိပဉ္စိတညူ ပုဂ္ဂိုလ်အတွက် ဟောခြင်း |
1,323,059 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီသုတ်က ဒုက္ခလက္ခဏာနဲ့ ဟောတဲ့သုတ်ပဲ၊ အဋ္ဌကထာ စိစစ်ဝေဖန်ပြီး ပြထား ပါတယ်၊ ဒုက္ခလက္ခဏာနဲ့ သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီမှာလဲပဲ ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်၊ ဝိပဉ္စိတညူ ပုဂ္ဂိုလ် တွေများအတွက် ဟောတယ်တဲ့။ |
1,323,060 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီအခါတုန်းက တရားနာမယ့် ရဟန်းတော်တွေဟာ တပါးချင်းနေတဲ့ ပုဂ္ဂိုလ် တွေလဲရှိတယ်၊ ၂-ပါး၊ ၃-ပါး၊ ၄-ပါး၊ ၅-ပါး စသည် သဘောတူတာတွေ စုပေါင်းပြီးတော့ နေကြတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိကြတယ်၊ အားလုံးသော ရဟန်းတော် တွေဟာ တရားအားထုတ်နေကြတဲ့ ဝိပဿနာ ယောဂီ ပုဂ္ဂိုလ်တွေပဲတဲ့၊ အခု သာသနာ့ရိပ်သာမှာ တရားအားထုတ်နေကြတဲ့ ရဟန်းတော်တွေလိုပေါ့လေ။ |
1,323,061 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရားအားထုတ်ရန် ရဟန်းပြုခြင်း |
1,323,062 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြတ်စွာဘုရား လက်ထက်တုန်းကတော့ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုတယ် ဆိုကတည်းက တရားအားထုတ်ဖို့ရာ ဝင်လာကြတာပဲ၊ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတွေ ကြားနာရတော့ အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေနဲ့ တို့တွေ့ နေရတယ်၊ တဘဝပြီး တဘဝ အသစ်သစ်ဖြစ်၊ ဖြစ်ရာဘဝမှာ အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ၊ ငိုကြွေးရ၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ တွေနဲ... |
1,323,063 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အင်မတန်ကို ချမ်းချမ်းသာသာ နေရတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါလောက် ချမ်းသာပြီးတော့နေတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရား သာသနာဘောင် ဝင်ပြီးတော့ ရဟန်းပြုကြတယ်။ |
1,323,064 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခုကာလ ရဟန်းပြုရန် လွယ်ကူခြင်း |
1,323,065 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟိုတုန်းက ရဟန်းပြုရတယ် ဆိုတာလဲပဲ လွယ်တဲ့ဥစ္စာ မဟုတ်ဘူး၊ အခုကာလ ရဟန်းပြုတာ အလွယ်ချည်းဟာပဲ၊ အခုကာလ ရဟန်းပြုတာက သင်္ကန်းကလေး ပရိက္ခရာ ကကလေးတွေ သွားဝယ်ပြီးတော့ သင်္ကန်းဝတ်၊ သင်္ကန်းဝတ်ပြီးတော့လဲပဲ နေစရာ ထိုင်စရာ ကျောင်းကလဲ အသင့် ရှိနေတာ၊ စားစရာကလဲပဲ မိမိတို့ ဆိုင်ရာ ကနေ ပြီးတော့ ဆွမ်းတွေလှူတော့ စားစရာလဲ အဆင်သင့်ရှိနေတာ၊ ဝတ... |
1,323,066 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှေးတုန်းက ရဟန်းပြုရန် မလွယ်ကူ |
1,323,067 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘုရား လက်ထက်တုန်းက ဒီလို မဟုတ်ဘူး၊ သာသနာ စခါစကဆိုယင် လှူဖွယ်တွေ ဆိုတာ ဘယ်ဒကာ ဒကာမကမှ လာလှူလိမ့်မယ် မဟုတ်ဘူး၊ ဆွမ်းခံ သွားရတယ်၊ ဆွမ်းခံသွားပြန်လဲ သာသနာပထမ စခါစက ဆိုလို့ရှိယင် ကြည်ညိုတဲ့ ပုဂ္ဂိုလ်က သိပ်ရှိသေးတာ မဟုတ်သေးဘူး၊ ဆွမ်းလောင်းမယ့် ပုဂ္ဂိုလ်လဲ သိပ်များများ ရှိတာ မဟုတ်သေးဘူး၊ ရချင်မှရတယ် သိပ်မသေချာဘူး၊ အဲဒီလို နေရ... |
1,323,068 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့် အဲဒီ အာသီဝိသောပမ သုတ္တန်ကို ဟောစဉ် အခါက လာတုန်းက တပါးချင်း တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတယ်၊ ၃-ပါး ၄-ပါး စသည် အတူတကွ နေပြီးတော့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဒုက္ခ လက္ခဏာ အထင်များနေတဲ့ ပုဂ္ဂိုလ်တွေတဲ့၊ အဲဒီ ပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားက ဒီ အာသီဝိသောပမ သုတ္တန်တရားကို ဟောတော်... |
1,323,069 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပုဂ္ဂိုလ်အားလုံးအတွက် |
1,323,070 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬ ဒါဖြင့်ယင် ဒီသုတ်ဟာ ဒုက္ခလက္ခဏာနဲ့ သင့်တဲ့ ပုဂ္ဂိုလ်များသာ ထိုက်တန်ပါသလားလို့ ဆိုယင် ဒီလိုတော့ မဟုတ်ပါဘူးတဲ့၊ ဒီပြင် ပုဂ္ဂိုလ်တွေနဲ့လဲပဲ ဒီတရားဟာ အကျိုးများပါတယ် တဲ့၊ ဝိပဉ္စိတညူ ပုဂ္ဂိုလ်နဲ့သာ ထိုက်တန်ပါသလား ဆိုယင် ဒီလိုလဲ မဟုတ်ပါဘူးတဲ့၊ အကုန်လုံးပဲ အကျိုးများပါတယ်တဲ့၊ ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်တွေဆိုယင် အကျဉ်းဟောတာ ... |
1,323,071 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာက စ၍ ဟောခြင်း |
1,323,072 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ ပထမ ရှေးဦးစွာ မြတ်စွာဘုရားက ဥပမာက စပြီးတော့ ဟောပါတယ်၊ မြတ်စွာဘုရား ဟောတော် မူတဲ့ တရားတော်တွေမှာ တချို့ တချို့ သုတ်တရားတွေက အနက်အဓိပ္ပါယ်က စပြီးတော့ ဟောတယ်၊ အခုတော့ ဥပမာပြီးတော့မှ အနက် အဓိပ္ပါယ်နဲ့ ပြန်ပြီးတော့ နိဂုံးချုပ်တယ်၊ တချို့တချို့ သုတ်တရားတော် တွေကျတော့ ဥပမာက စပြီးတော့ ဟောတယ်၊ ဥပမာပြီးတော့ အနက် အဓိပ္ပ... |
1,323,073 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေကြီး ၄-ကောင် |
1,323,074 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬ သေယျထာပိ ဘိက္ခဝေ စတ္တာရော အာသီဝိသာ ဥဂ္ဂတေဇာ ဃောရဝိသာ။ |
1,323,075 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘိက္ခဝေ - ရဟန်းတို့၊ သေယျထာပိ - ဥပမာအားဖြင့်၊ ဥဂ္ဂတေဇာ - ထက်သော တန်ခိုး ရှိကုန်သော၊ ဃောရဝိသာ - ကြမ်းတမ်းသော အဆိပ် ရှိကုန်သော၊ စတ္တာရော အာသီဝိသာ - လေးကောင်သော မြွေကြီးတို့သည်၊ သိယျုံ - ရှိကုန်ရာ၏။ |
1,323,076 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာအားဖြင့် မြွေကြီး ၄-ကောင် ရှိတယ်ဆိုပါတော့၊ မြွေကြီး ၄-ကောင်၊ မြွေဆိုတာ ကြောက်စရာ ကောင်းတယ်၊ တချို့ မြွေက မြင်ရုံနဲ့တောင် ကြောက်စရာ ကောင်းတယ်၊ ရွံ့စရာလဲ ကောင်းတဲ့ ကောင်ကြီးတွေပဲ၊ သူဟာ လူနဲ့မတူပဲဟာကိုး၊ အနေအထိုင်ကိုက တမျိုးဖြစ်နေတယ်၊ မြွေဆိုတာ ခြေထောက်မရှိ၊ လက်မရှိ၊ ရှည်ရှည်ကြီး၊ တော်တော် ကြောက်စရာကောင်းတဲ့ ကောင်တွေပ... |
1,323,077 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဃောရဝိသာ - ကြမ်းတမ်းသော အဆိပ်ရှိသည်တဲ့။ |
1,323,078 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီမြွေကြီးတွေက တယ် ကြောက်စရာ ကောင်းတယ်တဲ့။ |
1,323,079 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိုက်လိုက်လို့ ရှိယင် ဆေးကုလို့ မရတော့တဲ့ မြွေကြီးတွေပဲ၊ အဲဒါ မြွေကြီး ၄-ကောင် ရှိပါသည်တဲ့၊ ဥပမာ ဒီ ပါဠိကတော့ ဒါလောက်ပဲ ရှိသေးတယ် နောက်မှ အကုန် စုပြော ရမယ်။ |
1,323,080 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အသက်ရှင်ပြီး ချမ်းသာချင်သူ |
1,323,081 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ ပုရိသော အာဂစ္ဆေယျ ဇီဝိတုကာမော အမရိတုကာမော သုခကာမော ဒုက္ခပ္ပဋိကူလော။ |
1,323,082 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ - ထိုအခါကာလ၌၊ ဇီဝိတုကာမော - အသက်ရှင်ခြင်းငှါ အလိုရှိသော၊ အမရိတုကာမော - သေခြင်းငှါ အလိုမရှိသော၊ သုခကာမော - ချမ်းသာကို အလိုရှိသော၊ ဒုက္ခပ္ပဋိကူလော - ဆင်းရဲကို ရွံ့မုန်း စက်ဆုပ်သော၊ ပုရိသော - တစုံတယောက်သော ယောက်ျားသည်၊ အာဂစ္ဆေယျ - ရောက်လာရာ၏။ |
1,323,083 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ မြွေကြီး ၄-ကောင် ရှိနေတဲ့နေရာမှာ လူတယောက် ရောက်လာတယ် ဆိုပါတော့ တဲ့၊ ဘယ်လို လူတုံး တဲ့၊ အဲဒီလူက မသေချင်တဲ့လူ၊ အသက်ရှည်ချင်တဲ့လူ၊ သေချင်တဲ့လူ ဆိုလို့ ရှိယင်တော့ တချို့က သေဖို့ရာ ရှာနေတာကိုး၊ တချို့ စိတ်ညစ်နေတော့ သေချင်နေတော့ တချို့ ရေထဲ ခုန်ချသေတာ ရှိတယ်၊ ကြိုးဆွဲချ သေတာ ရှိတယ်၊ အဆိပ်စား သေတာ ရှိတယ်၊ ပြီးတော့ မြွေကိ... |
1,323,084 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ပုဂ္ဂိုလ်က အဲဒီ လူတယောက် ရောက်လာပါတယ်တဲ့။ |
1,323,085 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေထိန်းအဖြစ် အပ်နှင်း |
1,323,086 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ တမေနံ ဧဝံ ဝဒေယျုံ ဣမေ တေ အမ္ဘောပုရိသ စတ္တာရော အာသီဝိသာ ဥဂ္ဂတေဇာ ဃောရဝိသာ၊ ကာလေန ကာလံ ဝုဋ္ဌာပေတဗ္ဗာ၊ ကာလေန ကာလံ နှာပေတဗ္ဗာ၊ ကာလေန ကာလံ ဘောဇေတဗ္ဗာ၊ ကာလေန ကာလံ သံဝေသေတဗ္ဗာ။ |
1,323,087 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တမေနံ - ထို အသက်ရှင်ချင်သော မသေချင်သော ဆင်းရဲကို ရွံမုန်းကြောက်သော ချမ်းသာကို အလိုရှိသော ယောက်ျားကို၊ ဧဝံ - ဤသို့၊ ဝဒေယျုံ - ပြောကြားကြလေကုန်ရာ၏၊ ဘယ်သူက ပြောကြားတယ်လို့တော့ မပါဘူး၊ တော်တော်ကြာမှ ရှင်းပြီးတော့ ပြောရမယ်။ |
1,323,088 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမ္ဘောပုရိသ - အမောင်ယောက်ျား၊ ဥဂ္ဂတေဇာ - ထက်မြက်သော တန်ခိုး ရှိကုန်သော၊ ဃောရဝိသာ - ကြမ်းတမ်းသော အဆိပ်ရှိကုန်သော၊ ဣမေ စတ္တာရော အာသီဝိသာ - ဤလေးကောင်သော မြွေကြီးတို့ကို၊ ကာလေန ကာလံ - သင့်လျော်သောအခါ သင့်လျော်သောအခါ၌၊ ဝုဋ္ဌပေတဗ္ဗာ - အိပ်ရာမှ ထစေအပ်ကုန်၏၊ ကာလေန ကာလံ - သင့်လျော်သောအခါ သင့်လျော်သောအခါ၌၊ နှာပေတဗ္ဗာ - ရေ... |
1,323,089 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ဆင်းရဲကြောက်ပြီးတော့ ချမ်းသာချင်တဲ့ ပုဂ္ဂိုလ်၊ အသက်ရှင်ပြီး မသေချင်တဲ့ ပုဂ္ဂိုလ်၊ အဲဒီ ယောက်ျားကို မြွေကြီး ၄-ကောင် အပ်နှင်းတယ်တဲ့။ |
1,323,090 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမောင်ယောက်ျား ဟောဒီမှာ မြွေကြီး ၄-ကောင်တဲ့၊ ထိန်းသိမ်းရမယ်၊ ဒီ မြွေကြီးတွေဟာ သာမန် မြွေကြီးတွေ မဟုတ်ဘူး၊ အင်မတန် အဆိပ်ထက်တဲ့ အင်မတန် အဆိပ်ပြင်းတဲ့ အင်မတန် အဆိပ်ကြမ်းတဲ့ မြွေကြီးတွေ၊ အဲဒီ မြွေကြီး ၄-ကောင် မင်း ထိန်းသိမ်းရမယ်၊ ဒီ မြွေကြီးတွေကို သူ့အချိန်အခါကာလမှာ အိပ်ရာကလဲ နှိုးပြီးတော့ ပေးရမယ်၊ ကလေးထိန်းများလိုပေါ့လေ၊ ... |
1,323,091 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှေးမင်းများ မြွေ မွေးထားခြင်း အကြောင်း |
1,323,092 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬▬ မင်းတဦးက မြွေကြီးတွေ မွေးထားတယ်တဲ့၊ မြွေကြီး ၄-ကောင် မွေးထားတယ်၊ မင်းတဦးက ရှေးတုန်းက မင်းများဟာ မြွေကြီးတွေ သူ့နေရာနဲ့သူ အသုံးချဖို့ရာ မွေးထားတယ်လို့ ဆိုတယ်၊ ဘေးရန် အန္တရာယ်တွေ ပေါ်ပေါက်လာတဲ့ အခါကာလ ကျလို့ရှိယင် အဲဒီ မြွေကြီးတွေကို ရန်သူ ဘက်ကို မြွေကြီးတွေ လွှတ်ဖို့ရာ ဒီလို အသုံးချဖို့ရာ မွေးထားတာလဲ ရှိတယ်တ... |
1,323,093 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခုတော့ လူတယောက်က တိုင်းနိုင်ငံမှာ ဆိုးသွမ်းနေတယ်တဲ့ (အာဂုစာရီ) လျှို့ဝှက် ပြီးတော့ မကောင်းမှုတွေပြုတယ်တဲ့၊ တိုင်းသူပြည်သားတွေ အကျိုးမဲ့ မင်း၏ အကျိုးမဲ့ ဖြစ်အောင်ဟာ သူလုပ်တယ်တဲ့၊ ဒီလူဟာ ဒါပေမယ်လို့ သူက သက်သေ သက္ကာယနဲ့လဲ ရှာလို့မရဘူး၊ ရုံးတင်ပြီး တရားစွဲလို့လဲ မဖြစ်ဘူးတဲ့၊ သူက သက်သေ မရှိဘူးတဲ့၊ လိမ်မာပါးနပ်ပြီးတော့ လျှိ... |
1,323,094 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ကဲ့ရဲ့စရာလဲ မဖြစ်အောင်လို့ အဲဒီလူဆိုးကို ခေါ်ပြီးသကာလ သူမွေးထားတဲ့ မြွေကြီး ၄-ကောင်ကို မင်းက အပ်တယ်တဲ့၊ မောင်မင်း အစိုးရ အမှုထမ်းအဖြစ်၊ မင်းမှုထမ်းအဖြစ် မင်းကို ခန့်တယ်၊ မင်းလုပ်ရမယ့် အလုပ်ကတော့ ဘာတုန်းဆိုတော့ ဟောဒီငါ့မှာ မြွေကြီးတွေ မွေးထားတာ ရှိတယ်၊ အဲဒီ မြွေကြီးတွေ မင်းထိန်းသိမ်း ရမယ်၊ ထိန်းကျောင်းရမယ်၊ ဒီမ... |
1,323,095 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေထိန်းအဖြစ်နဲ့ ခန့်ပြီးတော့ မြွေကြီးတွေလဲပဲ အဲဒီမင်းက ပြောကြားလိုက်တယ်တဲ့၊ မြွေကြီးတို့၊ မင်းတို့အလုပ်အကျွေး ပေါ်လာပြီ၊ ဟောဒီလူဟာ မင်းတို့ကို လုပ်ကျွေးမယ့် စောင့်ရှောက်မယ့် ပုဂ္ဂိုလ်ပဲ၊ မင်းတို့ ချမ်းချမ်းသာသာ နေရအောင် ဟောဒီ မြွေထိန်းယောက်ျားက ကြည့်ပြီး စောင့်ရှောက်လိမ့်မယ်၊ မင်းတို့ သဘောကျသလို ကြည့်ပြီးတော့သာပဲ၊ ဒီ... |
1,323,096 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာဆိုတာ နားလည်အောင် ပြောခြင်း |
1,323,097 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ ဒါက ဥပမာကိုး၊ ဥပမာ ဆိုတာကတော့ နောင်ဟောမယ့် တရားတွေရဲ့ အနက် အဓိပ္ပါယ် နားလည် အောင်လို့ ပြောတာကိုး။ |
1,323,098 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီလို မြွေကြီးတွေ ရှိနိုင်ပါ့မလား၊ ဒီလို လူကပြောလို့ မြွေကြီးတွေက နားလည်ပါ့မလား ဒီလိုဖြစ်နိုင်ပါ့မလားလို့ ဒီလိုတော့ စဉ်းစားနေစရာ မလိုဘူး၊ ဒါက ဥပမာပဲ၊ ဥပမာ ဆိုတာကတော့ နားလည်အောင်လို့ ပြောတာ၊ တကယ်ရှိရှိ, မရှိရှိ, ဟုတ်ဟုတ်, မဟုတ်ဟုတ်, ဖြစ်ဖြစ်, မဖြစ်ဖြစ်, ဥပမာဖြစ်နဲ့ နားလည်ဖို့ရာပဲ ဟောတာပဲ၊ ဥပမာဟာ ဥပမာပဲ၊ ဥပမာဆိုတာ ဖြစ်ဖူ... |
1,323,099 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လိုရင်းတရား ဟောမယ်လို့ အဲဒီတော့ မြွေကြီးတွေက တို့အလိုရှိတာ ရပြီဆိုပြီးတော့ မြွေကြီး တကောင်က မြွေထိန်းယောက်ျားရဲ့ ညာဘက်ခြေကနေပြီး တက်ပြီးတော့ ညာဘက်လက်မောင်း လက်ကောက်ဝတ်ကနေပြီးတော့ အခွေအခွေ ရစ်ပြီးတော့ လက်မောင်းရင်းပခုံး, ပခုံးက နေပြီး တော့ နပန်းစွန်းနားမှာ သွားပြီးတော့ ခေါင်းတင် ပြီးတော့ အိပ်နေတယ်တဲ့၊ နောက် မြွေကြီး တကေ... |
1,323,100 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကတော့ အတော်အတန် တူအောင်လို့ပြတာ၊ မြွေကြီးတွေ ကိုယ်ထဲ ရောက်နေတယ် ဆိုတာ သိအောင်လို့ အဋ္ဌကထာက အတော်အတန် တူအောင်လို့ ပြတာ၊ စင်စစ်ကတော့ မြွေကြီးတွေ လက်တွင် ဘယ်ဟုတ်လိမ့်မှာတုံး တကိုယ်လုံးမှာ မြွေကြီးတွေ ပြည့်နေတာ၊ တော်ကြာတော့သိမှာ၊ သေသေချာချာ စဉ်းစားကြည့်လို့ ရှိယင် တကိုယ်လုံးမှာ နေရာတကာမှာ မြွေကြီးတွေ ရှိနေတာပဲ၊ ကိုယ်ထဲမှ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.