id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,323,101
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေထိန်းယောက်ျားကို မိတ်ဆွေ ပြောကြား
1,323,102
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬ အဲဒီလိုဖြစ်နေတဲ့ အခါ ကာလမယ်၊ အဲဒီ မြွေထိန်း ယောက်ျားရဲ့ အကျိုးစီးပွား အလိုရှိတဲ့ ပုဂ္ဂိုလ် တွေက လာပြောကြတယ်တဲ့။
1,323,103
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယဒါ စ ခေါ တေ အမ္ဘောပုရိသ ဣမေသံ စတုန္နံ အာသီဝိသာနံ ဥဂ္ဂတေဇာနံ ဃောရဝိသာနံ အညတရောဝါ အညတရောဝါ ကုပ္ပိဿတိ၊ တတော တွံ အမ္ဘော ပုရိသ မရဏံ ဝါ နိဂစ္ဆသိ၊ မရဏမတ္တံဝါ ဒုက္ခံ။
1,323,104
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အမ္ဘော ပုရိသ - အမောင်ယောက်ျား၊ ယဒါ - အကြင်အခါကာလ၌၊ ဣမေသံ စတုန္နံ အာသီဝိသာနံ - ၄ ကောင်သော မြွေကြီးတို့တွင်၊ ဥဂ္ဂတေဇာနံ - ထက်မြက်သော တန်ခိုးရှိသော၊ ဃောရဝိသာနံ - ကြမ်းတမ်းသော အဆိပ်ရှိကုန်သော၊ အညတရော ဝါ အညတရော ဝါ - တကောင်ကောင်သည်၊ တေ - သင့်အား၊ ကုပ္ပိဿဘိ - အမျက်ထွက်၍ စိတ်ဆိုးလတ္တံ့၊ အမ္ဘော ပုရိသ - အမောင်ယောက်ျား၊ တတ...
1,323,105
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဟောဒီ မြွေကြီး ၄-ကောင်ထဲက တစ်ကောင်ကောင်က စိတ်ဆိုးခဲ့လို့ ရှိယင် မင်းတော့ သေဖို့ရာပဲ၊ မသေတောင် သေလုမျောပါး ဒုက္ခရောက်မယ်၊ မြွေဆိုးကြီးတွေ ကိုက်လိမ့်မယ် လို့ ပြောတယ်တဲ့၊ မြွေထိန်းယောက်ျားက မြွေကြီးတွေရလာတော့ အဋ္ဌကထာကတော့ သရုပ်ပေါ်အောင်လို့ ပြတယ်၊ မြွေကြီးတွေရလာတော့ မိတ်ဆွေနဲ့ တွေ့တယ်၊ ဟေ့ မင်းတော့ ဘာတွေတုံးကွ ပြောစမ်းပါအ...
1,323,106
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အကျိုးစီးပွါး အလိုရှိတဲ့ ပုဂ္ဂိုလ်က ပြောတယ်တဲ့၊ မိတ်ဆွေ မင်းတယ်မိုက် တာပဲ၊ ဒီမြွေဆိုးကြီးတွေပဲ၊ မင်းဆိုသလို ကောင်းတဲ့ ဥစ္စာတွေမဟုတ်ဘူး၊ ဒါဟာ လှပတင့်တယ်တာတွေ မဟုတ်ဘူး၊ ကောင်းကျိုး ရဖို့ရာ မဟုတ်ဘူး၊ မြွေဆိုးကြီး တွေပဲ၊ မင်းလဲပဲ လူကောင်းတယောက် မဟုတ်ဘူး၊ တိုင်းပြည်မှာ မင်း လျှို့ဝှက် ပြီးတော့ မတော်မသင့်တဲ့ အမှုတွေ...
1,323,107
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီမြွေကြီးတွေ တနေ့ကျတော့ မင်းကို ကိုက်လိမ့်မယ်၊ မြွေကြီး ၄-ကောင်ပဲ၊ မြွေကြီး တစ်ကောင်က အိပ်ချင်နေတဲ့အခါ၊ မြွေကြီးတစ်ကောင် ထချင်နေမှာ၊ မြွေကြီး တစ်ကောင်က ရေချိုးချင်နေတဲ့ အခါမှာ မြွေကြီးတစ်ကောင်က အိပ်ချင်တယ်, စားချင်တယ်, ဒီလိုဖြစ်မှာ၊ အဲဒီတော့ မြွေကြီး ၄-ကောင်လုံး တပြိုင်ထဲ အိပ်ရာက ထချင်တယ်, တပြိုင်နက် ရေချိုးချင်တယ်, တ...
1,323,108
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယံ တေ အမ္ဘော ပုရိသ ကရဏီယံ၊ တံ ကရောဟီ တိ။
1,323,109
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အမ္ဘော ပုရိသ - အမောင် ယောက်ျား၊ ယံ - အကြင် အမှုကို၊ ကရဏီယံ - ပြုသင့် ပြုထိုက်၏၊ တံ - ထိုပြုသင့်ပြုထိုက်သော အမှုကို၊ ကရောဟိ - စောစောစီးစီးက ကြိုတင်ပြုလော့၊ ဣတိ - ဤသို့၊ ဝဒေယျုံ - ဆိုကုန်ရာ၏။
1,323,110
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အကျိုးစီးပွား လိုလားတဲ့ ပုဂ္ဂိုလ်က ညွှန်ကြားတယ်၊ အမောင် မြွေထိန်းယောက်ျား၊ ပြုသင့်ပြုထိုက် တဲ့အမှုကို စောစောကတည်းက ဘေးရန်ကင်းအောင် ပြုပေတော့လို့ ညွှန်ကြားပါတယ်၊ ဘယ်လို လုပ်ရမတုံး ဆိုတော့ မင်း - မင်းချင်းယောက်ျားတွေ သတိလစ်နေတဲ့ အခါ မြွေကြီးတွေလဲပဲ သတိလစ်နေတဲ့အခါ၊ မင်း တိတ်တိတ်သာ ထွက်ပြေးပေတော့ ဟိုက ညွှန်ကြားတယ်။
1,323,111
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေထိန်းယောက်ျား ခန့်ထားတယ် ဆိုပြီးတော့ ပစ်ထားတာ မဟုတ်ဘူး၊ ကောင်းကောင်း ထိန်းသလား မထိန်းသလားလို့ အစောင့်အရှောက်က ရှိသေးတယ်၊ မင်းချင်း ယောက်ျားတွေ အစောင့်အရှောက်က ရှိသေးတယ်၊ မင်းချင်း ယောက်ျားတွေ အစောင့်အရှောက်တွေ၊ အဲဒီ အစောင့်အရှောက်တွေ အမှတ်တမဲ့ လစ်နေတဲ့အခါ ဒီမြွေကြီးတွေလဲပဲ အမှတ်တမဲ့ အိပ်ပြီး လစ်နေတဲ့အခါ အဲဒီလိုအခါမ...
1,323,112
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေထိန်းယောက်ျား ပြေးခြင်း
1,323,113
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬▬▬ အဲဒီတော့ မြွေထိန်း ယောက်ျားက ဟုတ်တယ်၊ ငါလဲပဲ မင်း၏ မသင့်မတော်တဲ့ အမှုတွေ အကျိုးမဲ့တွေ ငါပြုနေတာပဲ ငါ့အပြစ်တွေလဲ ရှိနေတာပဲ၊ ဒီတော့ ငါ့ကို ထင်ထင်ရှားရှားနဲ့ အပြစ်ဒဏ်ပေးလို့ မဖြစ်လို့ မြွေကြီးတွေ ကိုက်ပြီးတော့ သေအောင်လို့ ငါ့ကို မြွေထိန်းခန့်တာပဲ မိတ်ဆွေ ပြောတဲ့အတိုင်း ဟုတ်မယ်၊ ငါ့ကို တနေ့ကျတော့ ဒီမြွေကြီးတွေ ...
1,323,114
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထ ခေါ သော ဘိက္ခဝေ ပုရိသော ဘိတော စတုန္နံ အာသီဝိသာနံ ဥဂ္ဂတေဇာနံ ဃောရဝိသာနံ ယေန ဝါ တေန ဝါ ပလာယေထ။
1,323,115
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘိက္ခဝေ - ရဟန်းတို့၊ အထ ခေါ - ထိုအခါ၌၊ သော ပုရိသော - ထိုမြွေထိန်း ယောက်ျားသည်၊ ဥဂ္ဂတေဇာနံ - ထက်မြက်သော တန်ခိုး ရှိကုန်သော၊ ဃောရဝိသာနံ - ကြမ်းတမ်းသော အဆိပ်ရှိကုန်သော၊ စတုန္နံ အာသီဝိသာနံ - လေးကောင်သော မြွေကြီးတို့မှ (ဝါ) လေးကောင်သော မြွေကြီးတို့ကို၊ ဘီတော - ကြောက်လန့်သည်ဖြစ်၍၊ ယေန ဝါ, တေန ဝါ - အမှတ်မရှိသော တပါးပါး...
1,323,116
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေကြီးကို အသာလေးချပြီးတော့ မြွေကြီးတွေ ကြောက်တာနဲ့ ယေနဝါ တေနဝါ - ဘယ်အရပ် ရယ်လို့ မဟုတ်ဘူး ဦးတန်းမိရာ သွားရတော့မှာ၊ ရှေ့က လမ်းသာရာကို ထွက်ရတော့မှာပဲ၊ ဘယ်အရပ်သွားယင် ကောင်းမယ် မကောင်းမယ် ရွေးနေလို့ မဖြစ်ဘူး၊ အဲဒါ ဦးတန်းမိရာကို အတင်း ပြေးရတယ်တဲ့။
1,323,117
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို အတင်းပြေးတော့ ခုနက ဘုရင်မင်းမြတ်က ကြားတယ်၊ မြွေထိန်းယောက်ျား တော့ဖြင့် ထွက်ပြေးပြီလို့ သတင်းကြားတော့ အောင်မယ် ငါ့အမိန့် ဩဇာကို နာမခံဘူး၊ အာဏာဖီဆန်မှု လွန်ကျူးပြီး ရှေးတုန်း ကတော့ အပြစ်မရှိသေးဘူး၊ ဒီတခါတော့ အပြစ်ရှိသွားပြီး၊ ရှေးတုန်းကတော့ သူပြုထားတဲ့အမှု အပြစ်တွေ ရှိပေမယ်လို့ ဘယ်မှုကို ဘယ်နေ့က ဘယ်အချိန်က ကျူးလွ...
1,323,118
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေကြီးတွေ အနံ့ခံ လိုက်ခြင်း
1,323,119
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬▬▬ အဲဒီတော့ ဒီကောင်ကို မြွေကြီးတွေက အနံ့ခံပြီးတော့ နောက်က လိုက်တယ်၊ ဟ-ငါတို့ အလုပ်အကျွေးဖြစ်တဲ့ မြွေထိန်း ယောက်ျားတော့ ပြေးပြီ ဆိုပြီးတော့ နောက်က အနံ့ခံပြီးတော့ လိုက်တယ်၊ တွေ့ရာမှာ ကိုက်မယ်လို့ လိုက်ကြတယ်၊ ဒါပေမယ်လို့ မြွေကြီးတွေကို အစကတည်း က ကြောက်စရာကောင်းမှန်း သိနေတော့ မြွေကြီးတွေ မမီအောင် ပြေးတယ်။
1,323,120
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရန်သူငါးယောက် နောက်က လိုက်ခြင်း
1,323,121
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬ မြွေနဲ့တော့ မဖြစ်သေးဘူး၊ ဒီလိုကို လိုက်ပြီးတော့ သတ်နိုင်တဲ့ လူစွမ်းကောင်းတွေ ရှာအုံးမှပဲ ဆိုပြီးတော့ တိုင်းပြည်မှာ မောင်းကြေးနင်း ခတ်တာပေါ့လေ၊ မြွေထိန်း ယောက်ျားဟာ မင်း၏ အာဏာကို ဖီဆန်ပြီး ထွက်ပြေးတယ်၊ အဲဒီယောက်ျားကို သတ်နိုင်တဲ့ပုဂ္ဂိုလ်ပေါ်လို့ရှိယင် ဆုငွေ တစ်ထောင် ပေးမယ်ဆိုတော့ အဲဒီ မြွေထိန်း ယောက်ျားနဲ့ အစက...
1,323,122
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တမေနံ ဧဝံ ဝဒေယျုံ “ဣမေ ခေါ အမ္ဘော ပုရိသ ပဉ္စ ဝဓကာ ပစ္စတ္ထိကာ ပိဋ္ဌိတော အနုဗန္ဓာ 'ယတ္ထေဝ နံ ပဿိဿာမ၊ တတ္ထေဝ ဇီဝိတာ ဝေါရောပေဿာမာ’ တိ၊ ယံ တေ အမ္ဘော ပုရိသ ကရဏီယံ၊ တံ ကရောတီ” တိ။
1,323,123
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အမ္ဘော ပုရိသ၊ အမောင်ယောက်ျား။
1,323,124
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တမေနံ၊ ထိုသို့ မြွေကြီးတွေကိုကြောက်၍ ထွက်ပြေးလေသော မြွေထိန်းယောက်ျားကို။
1,323,125
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝဒေယျုံ၊ ပြောကြားကြလေကုန်၏။
1,323,126
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပစ္စတ္ထိကာ၊ သင်၏ ရန်သူဖြစ်ကုန်သော။
1,323,127
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣမေ ဝဓကာ၊ ဤသူသတ်သမားကြီးတို့သည်။
1,323,128
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တေ၊ သင်၏။ ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ နောက်မှ။
1,323,129
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနုဗန္ဓာ၊ အစဉ်လိုက်၍ လာကြကုန်ပြီ။
1,323,130
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယတ္ထေဝ၊ အကြင်အရပ်၌ သာလျှင်။
1,323,131
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံ၊ ထိုမြွေထိန်း ယောက်ျားကို။
1,323,132
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဿိဿာမ၊ တွေ့ကုန်အံ့။
1,323,133
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေါရောပေဿာမိ၊ ချကုန်အံ့။
1,323,134
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣတိ၊ ဤသို့ ရည်ရွယ်ချက်ဖြင့်။
1,323,135
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနုဗန္ဓာ၊ နောက်မှ အစဉ်လိုက်၍ လာကြကုန်၏။
1,323,136
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကရဏီယံ၊ စောစောစီးစီးက ကြိုတင်၍ ပြုသင့် ပြုထိုက်၏။
1,323,137
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝဒေယျုံ၊ ပြောကြားလာလေကုန်၏။
1,323,138
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို မြွေကြီးတော့ ကြောက်လို့ ပြေးနေရတဲ့ အထဲမှာ နောက်က ရန်သူကြီး ငါးဦး ကလဲ သတ်ဖို့ရာ လက်နက်တွေနဲ့ လိုက်လာတယ်ဆိုတဲ့ အကြောင်းကို အကျိုးစီးပွား လိုလားတဲ့ ပုဂ္ဂိုလ်တွေက ပြောပါတယ်တဲ့၊ အခု မြွေကြီးတွေတွင် မကဘူး မင်း မြွေကြီး ၄-ကောင်ကလဲ နောက်က အနံ့ခံပြီး လိုက်လာနေကြတယ်၊ ဒါတွေမကဘူး မင်းနဲ့ ရှေးတုန်းက မတည့်တဲ့ တကယ် ရန်သူကြီးတ...
1,323,139
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထ ခေါ သော ဘိက္ခဝေ ပုရိသော ဘီတော စတုန္နံ အာသီဝိသာနံ ဥဂ္ဂတေဇာနံ ဃောရဝိသာနံ ဘီတော ပဉ္စန္နံ ဝဓကာနံ ပစ္စတ္ထိကာနံ ယေန ဝါ တေန ဝါ၊ ပလာယေထ။
1,323,140
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထေ ခေါ၊ ထိုအခါကာလ၌။
1,323,141
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ဝါ) အထ ခေါ၊ ထိုသို့ အကျိုးစီးပွားကို လိုလားသော ပုဂ္ဂိုလ်က ရန်သူကြီး ငါးဦး လိုက်လာကြောင်း ကို ပြောကြားသော ထိုအခါကာလ၌။
1,323,142
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သော ပုရိသော၊ ထိုမြွေထိန်း ယောက်ျားသည်။
1,323,143
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥဂ္ဂတေဇာနံ၊ ထက်မြက်သော တန်ခိုးရှိကုန်သော။
1,323,144
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဃောရဝိသာနံ၊ ကြမ်းတမ်းသော အဆိပ်ရှိကုန်သော။
1,323,145
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စတုန္နံ အာသီဝိသာနံ၊ လေးကောင်သော မြွေကြီးတို့မှ။
1,323,146
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ- မြွေကြီးတို့ကို။
1,323,147
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘီတော၊ ကြောက်လန့်သည် ဖြစ်၍။
1,323,148
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စန္နံ ဝဓကာနံ၊ ငါးဦးသော သူသတ်သမားကြီးတို့ကို။
1,323,149
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘီတော၊ ကြောက်လန့်သည်ဖြစ်၍။
1,323,150
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယေန ဝါ တေန ဝါ၊ အမှတ်မရှိ တပါးပါးသော အရပ်ဖြင့်လည်း။
1,323,151
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပလာယေထ၊ ပြေးသွားလေရာ၏။
1,323,152
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ မြွေကြီးတွေက နောက်က လိုက်လာတော့ မြွေကြီးတွေလဲ ကြောက်ရတယ်၊ ရန်သူကြီးငါးဦး ကလဲပဲ မင်းအမိန့်နဲ့ ဆိုတော့ အမိန့်ရ သူသတ်သမားကြီးတွေ ကြောက်ရတာကိုး။
1,323,153
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူက အမိန့် မရတောင်မှ ငါးဦးဆိုတော့ ငါးဦးနဲ့ တယောက်နဲ့ ပြိုင်ဖြစ်လို့တော့ မဖြစ်ပေဘူး၊ ငါးဦးတောင် လိုက်လာတာတဲ့၊ သူတို့က လက်နက် ကိုယ်စီနဲ့ လိုက်လာတာ၊ သူတို့လဲ ကြောက်ရတယ်၊ ဒီတော့ ကြောက်တော့ ခြေဦး တန်းရာ ထိုထိုအရပ်ဒေသတွေကို ပြေးရတယ်တဲ့၊ နောက်က မြွေတွေကလဲ မမီ လာအောင်၊ ရန်သူကြီးတွေလဲ မမီလာအောင် အမျိုးမျိုး လှည့်စားပြီး ပြေးနေရ...
1,323,154
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ပြေးနေတယ်ဆိုတဲ့ သတင်းကို ဘုရင်မင်းမြတ်က ကြားပြန်တော့ မူးမတ်တွေနဲ့ တိုင်ပင်တယ်၊ တိုင်ပင်တော့ ဒီလိုတော့ မဖြစ်သေးဘူး၊ မြွေကြီးတွေဆိုတာလဲ ကိုက်တတ်မှန်းသိတယ်၊ အဆိပ် ပြင်းထန်တဲ့ အကောင်ကြီးတွေပဲ၊ ဒါကြီးတ ွေကြောက်တော့ သူ့မြွေကြီးတွေမမီအောင် လှည့်စားပြီး တော့ သူပြေးနေတယ်၊ ရန်သူကြီး ငါးဦးဆိုတာလဲ အစကတည်းက သူနဲ့ မတည့်တဲ့ လ...
1,323,155
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘုရင်မင်းမြတ်ကြီးက အဲဒီလို ယူဆပြီးတော့ တိုင်းပြည်မှာ မောင်းကြေးနင်း ခတ်တယ်။
1,323,156
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ငယ်ပေါင်း မိတ်ဆွေဖြစ်သည့် ရန်သူလိုက်ခြင်း
1,323,157
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬▬ မောင်းကြေးနင်းခတ်တော့ သူနဲ့ ငယ်ငယ်ကတည်းက ကစားဖော် ကစားဘက် ပြောမနာဆိုမနာ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေက ထွက်လာတယ် ဆိုတာကိုး၊ မိတ်ဆွေဆိုတာလဲ ဒီလိုပါပဲ၊ ကိုယ့်ကျိုး ကိုယ့်စီးပွားအတွက်ကျတော့ ဒီလို လုပ်ကြရ တာပဲ၊ စစ်သူကြီး ဌာနန္တရကို ပေးမယ် ဆိုပြီးတော့ ဒီလူကို သတ်နိုင်လို့ရှိယင် စစ်သူကြီးဌာနန္တရ ပေးမယ်ဆိုပြီး ဘုရင်မင...
1,323,158
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တမေနံ၊ ထိုမြွေကြီး လေးကောင်နဲ့ ရန်သူကြီးငါးယောက်ကို ကြောက်၍ ပြေးသွား လေသော မြွေထိန်းယောက်ျားကို။
1,323,159
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတ္ထသာဓကာ၊ အကျိုးစီးပွားကို လိုလားသော ပုဂ္ဂိုလ်တို့သည်။
1,323,160
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝဒေယျုံ၊ ပြောကြားလာကုန်၏။
1,323,161
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တေ၊ သင်၏။ အန္တရစရော၊ အတွင်းသား ဖြစ်သော။
1,323,162
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆဋ္ဌော၊ ခြောက်ခုမြောက်ဖြစ်သော။
1,323,163
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အယံဝဓကော၊ ဤ သူသတ်သမား တယောက်သည်။
1,323,164
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥက္ခိတ္တာသိကော၊ ချီမိုးအပ်သော သန်လျက်ဓားရှိသည် ဖြစ်၍။
1,323,165
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ ဓားကိုထမ်းလျက်။
1,323,166
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ နောက်မှ။
1,323,167
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနုဗန္ဓော၊ အစဉ်လိုက်၍ လာခဲ့၏။
1,323,168
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယတ္ထေဝ၊ အကြင် အရပ်၌သာလျှင်။
1,323,169
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံ၊ ထို မြွေထိန်း ယောက်ျားကို။
1,323,170
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဿိဿာမိ၊ တွေ့မြင်ရ၏။
1,323,171
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပါတေဿာမိ၊ ချစေအံ့။
1,323,172
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါပါတေဿာမိ၊ ကျစေအံ့။
1,323,173
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနုဗန္ဓော၊ အစဉ်လိုက်၍ လာ၏။
1,323,174
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တေ၊ သင်သည်၊ ကရဏီယံ၊ ပြုသင့်ပြုထိုက်၏။
1,323,175
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အကျိုးစီးပွါး လိုလားတဲ့ ပုဂ္ဂိုလ်က လာပြီးတော့ ပြောတယ်၊ မြွေထိန်းယောက်ျား၊ မြွေကြီး လေးကောင်ကလဲ နောက်က လိုက်တယ်၊ ရန်သူကြီး ငါးယောက်ကလဲ နောက်ကလိုက်တယ်၊ ဒီအထဲမှာ မင်းငယ်ငယ်ကတည်းက အင်မတန် ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံပြီးတော့ လာတဲ့ မိတ်ဆွေ အရင်းအချာဖြစ်တဲ့ အတွင်းသား ပုဂ္ဂိုလ်ကလဲ ဘုရင်မင်းမြတ်က ချီးမြှောက်မဲ့ ဆုလာဘ်လာဘက...
1,323,176
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီမှာ မိတ်ဆွေဖြစ်တဲ့ အတွင်းသား ပုဂ္ဂိုလ်ကလဲပဲ အဝေးကနေပြီးတော့ သတင်းပို့ အော်ပြီးတော့ ပြောတယ်၊ “မင်း ပြေးမနေနဲ့၊ မင်းအထင်မလွဲနဲ့၊ ငါဟာ မင်းနဲ့ ငယ်ငယ် ကတည်းက အင်မတန် ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်ပဲကွာ၊ မင်းအကျိုး ငါ လိုလားပါတယ်၊ ငါ့အကျိုးလဲ မင်းလိုလားပါတယ်၊ ငါ့အကြောင်းလဲ မင်းသိ၊ မင်းအကြောင်းလဲ ငါသိနေတာပဲ၊ တစ်ဦးနှင့်တစ်ဦး မယု...
1,323,177
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ့်လို့ ဟိုက အကျိုးစီးပွါးလိုလားတဲ့ ပုဂ္ဂိုလ်က ပြောထားတော့ အနားကို အကပ်မခံဘူး၊ သာပြီးတောင် ပြေးရတယ်၊ မြွေကြီး လေးကောင်ကလဲ လိုက်၊ ရန်သူကြီး ငါးဦးကလဲ လိုက်၊ ကိုယ့်မိတ်ဆွေ အရင်းအချာဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲ ရန်သူကြီးဖြစ်ပြီးတော့ သူကလဲ တွေ့ရာသင်္ချိုင်း သတ်ဖို့ရာ လိုက်လာတော့ကို ပြေးရတယ်။
1,323,178
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေထိန်းယောက်ျား ရွာပျက်ကုန်း ရောက်ခြင်း ▬▬▬▬▬▬▬▬▬
1,323,179
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထ ခေါ သော ဘိက္ခဝေ ပုရိသော ဘီတော စတုန္နံ အာသီ ဝိသာနံ ဥဂ္ဂတေဇာနံ ဃောရဝိသာနံ, ဘီတော ပဉ္စန္နံ ဝဓာကာနံ ပစ္စတ္ထိကာနံ, ဘီတော ဆဋ္ဌဿ အန္တရစရဿ ဝဓကဿ ဥက္ခိတ္တာသိကဿ ယေန ဝါ တေန ဝါ ပလာယေထ၊ သော ပဿေယျ သုညံ ဂါမံ၊ ယည ဒေဝ ဃရံ ပဝိသေယျ၊ ရိတ္တကညေဝ ပဝိသေယျ၊ တုစ္ဆေကညေဝ ပဝိ သေယျ၊ သုညကညေဝ ပဝိသေယျ၊ ယည ဒေဝ ဘာဇနံ ပရိမသေယျ၊ ရိတ္တကညေဝ ပရိမသေယျ၊ တုစ္...
1,323,180
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သောပုရိသော၊ ထိုမြွေထိန်းယောက်ျားသည်။
1,323,181
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥဂ္ဂတေဇာနံ၊ ထက်သော တန်ခိုးရှိကုန်သော။
1,323,182
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စတုန္နံ၊ လေးကောင်ကုန်သော။
1,323,183
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာသီဝိသာနံ၊ မြွေကြီးတို့ကို။
1,323,184
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘီတော၊ ကြောက်သည်ဖြစ်၍ လည်းကောင်း။
1,323,185
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စန္နံ၊ ငါးဦးကုန်သော။
1,323,186
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပစ္စတ္တိကာနံ ဝဓကာနံ၊ ရန်သူဖြစ်သော သူသတ်သမားကြီးတို့ကို။
1,323,187
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆဋ္ဌဿ၊ ခြောက်ခုမြောက် ဖြစ်သော။
1,323,188
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အန္တရစရဿ၊ အတွင်းသားဖြစ်သော။
1,323,189
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥက္ခိတ္တာသိကဿ ဝဓကဿ၊ ဓားမိုး၍ လိုက်လာသော သူသတ်သမားကို။
1,323,190
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယေန ဝါ တေန ဝါ၊ အမှတ်မရှိ တစ်ပါးပါးသော ဦးတန်းမိရာ အရပ်ဖြင့်။
1,323,191
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပလာယေထ၊ ပြေးလာရာ၏။
1,323,192
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သော၊ ထိုသို့ ဦးတန်းမိရာ ပြေးသွားသော ယောက်ျားသည်။
1,323,193
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညံဂါမံ၊ လူတို့မှ ဆိတ်သော ရွာပျက်ကုန်းကို။
1,323,194
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဿေယျ၊ တွေ့မြင်လေရာ၏။
1,323,195
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလိုပြေးတော့ တိုင်းစွန်ပြည်နား လူတွေဘာတွေ မနေနိုင်လို့ ပျက်နေတဲ့ ရွာပျက်ကုန်း ရောက်သွားတယ်၊ ရွာပျက်ကုန်း ဆိုတာ ရွာတော့ ရွာပါပဲ၊ ဒါပေမယ်လို့ လူမရှိတော့ဘူး၊ လူ မနေနိုင်တော့ဘူး၊ လူတွေ ဘေးရန်ကြောင့် မနေနိုင်တော့ဘူး၊ ရွာကအိမ်ကလေးတွေသာ ရှိတယ်၊ အိမ်ကလေး ၆-ခု ရှိတယ်တဲ့၊ အဋ္ဌကထာက ထည့်တယ်၊ နောက်အနက် အဓိပ္ပါယ်က ၆-ခု လာရမှာ မို...
1,323,196
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယညဒေဝ ဃရံ၊ အကြင် အကြင် အိမ်သို့သာလျှင်။
1,323,197
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဝိသေယျ၊ ဝင်ရာ၏။
1,323,198
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရိတ္တကညေဝ၊ စားဖွယ်သောက်ဖွယ် သုံးဖွယ်မှကင်း၍ သာလျှင်။
1,323,199
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဝိသေယျ၊ ဝင်ရောက်လေရာ၏။
1,323,200
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တုစ္ဆကညေဝ၊ အချည်းအနှီးဖြစ်သော အိမ်ကို သာလျှင်။