id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,325,001
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ပဉ္စုပါဒါနက္ခန္ဓာတိဿ ဝစနီယံ ဘိက္ခဝေ၊ ရဟန်းတို့။
1,325,002
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒုက္ခံအရိယသစ္စံ၊ ဒုက္ခအရိယသစ္စာသည်။
1,325,003
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ၊ အရိယာတို့သိအပ်သော ဆင်းရဲအမှန်တရားသည်။
1,325,004
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပဉ္စုပါဒါနက္ခန္ဓာတိ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ ဟူ၍။
1,325,005
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥပါဒါနက္ခန္ဓာငါးပါးလို့ အဖြေပေးရမယ်၊ ဒုက္ခသစ္စာဟာ ဘယ်တရားလဲ၊ ဥပါဒါနက္ခန္ဓာ ငါးပါး၊ သက္ကာယဆိုတာ ဘယ်တရားလဲ၊ ဥပါဒါနက္ခန္ဓာငါးပါး၊ သက္ကာယ, ဒုက္ခသစ္စာ, ဥပါဒါနက္ခန္ဓာငါးပါး၊ ဒီဟာအတူတူပဲ၊ ဒုက္ခသစ္စာတရားတွေ အတူတူ ချည်းထဲပဲ၊ ဝိပဿနာရှုယင် ဥပါဒါနက္ခန္ဓာငါးပါးပဲ ရှုရတယ်၊ ဒုက္ခသစ္စာတရား ရှုရတယ်၊ သက္ကာယမည်တဲ့ တရားတွေကို ရှုရတယ်၊ အခု...
1,325,006
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မှန်တယ်၊ ဝိပဿနာအခြေခံ တရားထဲမှာ ဘုန်းကြီးက ဆောင်ပုဒ် ပေးထားတယ်၊ “ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း၊ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း”၊ ဒီဥပါဒါနက္ခန္ဓာ ငါးပါး တရားရှုရတယ်လို့ ဒီလိုဆောင်ပုဒ် ပေးထားတယ်၊ ယခုပြောနေတာနဲ့ အတူတူပဲ၊ သက္ကာယဆိုတာနဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဆိုတာနဲ့ ဒုက္ခသစ္စာ ဆိုတာနဲ့ အတူတူပဲ၊ အဲဒ...
1,325,007
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ဖြစ်သနည်း။
1,325,008
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
” ဝိပဿနာဉာဏ် ဆိုတာ အင်မတန် ပေါ်နေပါတယ်၊ ဘယ်ဟာရှု၍ ဖြစ်သလဲ၊ တခုခုတော့ ရှုအုံးမှာပေါ့၊ ဝိပဿနာဆိုတာ ဘယ်ဟာ ရှုရတာတုံးဆိုတော့ “စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း” ဒါကအဖြေကလေး။
1,325,009
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ဖြစ်သတည်း။
1,325,010
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
” ဒါက ရှင်းနေတယ်၊ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုပြီးတော့ ဝိပဿနာဉာဏ် ဖြစ်သည်၊ အဲဒါလေးက လူတိုင်းလူတိုင်း ယောဂီပုဂ္ဂိုလ်တွေဟာ ရနေစရာ ကောင်းတယ်၊ ဒါက ဘယ်သူမှ မငြင်းနိုင်ဘူး၊ ဝိပဿနာ ရှုတယ်ဆိုတာ ဘယ်ဟာ ရှုရသလဲ၊ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရှုသည်၊ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးပဲ၊ ဥပါဒါန - စွဲလမ်းတတ်တဲ့ တရားတဲ့၊ ခန္ဓာဆိုတာက အ...
1,325,011
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒိဋ္ဌိရှုနှင့် ဝိပဿနာရှု
1,325,012
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီခန္ဓာငါးပါး ရှုတာကလဲ နည်းမှန်နဲ့ နည်းမှား နှစ်ခုတော့ ရှိသေးတယ်၊ ဒိဋ္ဌိဖြစ်တာကလဲ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုပြီးတော့ ဒိဋ္ဌိကဖြစ်တာပဲ၊ ဝိပဿနာဉာဏ်ကလဲ ဒီဟာရှုပြီးတော့ ဖြစ်တာပဲ၊ ပြီးတော့ ဘာထူးတုံး ဆိုတော့ အမှားအမှန် နည်းမှန်နှင့် နည်းမှားနှစ်ခု ကွာတယ်။
1,325,013
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒိဋ္ဌိဖြစ်လို့ရှိယင် မှားသောအားဖြင့် စွဲလမ်းနိုင်တဲ့ ဒီခန္ဓာငါးပါးပဲ၊ သူကလဲ ရှုပြီးတော့ ဖြစ်တာပါပဲ၊ သူကလဲ ဒီခန္ဓာငါးပါးကိုပဲ၊ ငါဆိုတဲ့အနေနဲ့ ငါကောင် အသက်ရှင်နေတဲ့ အကောင်အနေ ဒီလို ရှုပြီးတော့ ဖြစ်တယ်၊ အဝိဇ္ဇာကရှုပြီးတော့ ဖြစ်တဲ့ အခါလဲ နိစ္စ၊ အတ္တမြဲတယ်, ချမ်းသာတယ်, အတ္တကောင်ပဲ ဆိုတဲ့အနေရှုတယ်၊ ရှုပြီးတော့ သူလဲဖြစ်တယ်၊ အ...
1,325,014
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာ တရားကတော့ နည်းမှန်နဲ့ရှုပြီးတော့ အမှန်အတိုင်း ဖြူလျှင် ဖြူတဲ့အတိုင်း၊ မဲယင် မဲတဲ့အတိုင်း၊ ဖြစ်ယင် ဖြစ်တဲ့အတိုင်း၊ ပျက်ယင် ပျက်တဲ့အတိုင်း၊ အမြဲယင် မမြဲတဲ့အတိုင်း၊ သူဖြစ်တဲ့ အတိုင်းကလေး ရှုတယ်၊ ပိုပြီးတော့ မရှုဘူး၊ အဲဒါကြောင့် ဒါကစွဲလမ်းနိုင်ရာ ငါးခန္ဓာ၊ စာကဆိုပြီးတော့ အမှန်ရှုရမယ် ဆိုပြီးတော့ မှန်စွာလေး ထည့်ထားတယ...
1,325,015
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အမှန်အတိုင်းရှု
1,325,016
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း၊ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း” အမှန်အတိုင်း ရှုပြီးတော့ဖြစ်တာ၊ မြင်ယင်မြင်တာကို မြင်တဲ့အတိုင်းပဲ ရှုရမယ်၊ မြင်တာက တကယ်ဖြစ်တာကိုး၊ ကြားယင်လဲ ကြားတာ၊ တကယ်ဖြစ်တာပဲ၊ မဖြစ်ပဲနဲ့ အလကား စိတ်နဲ့ကူးပြီးတော့ ရှုတာမဟုတ်ဘူး၊ အလကား စိတ်ကူးပြီးတော့ ရှုလို့ရှိယင် မမှန်ဘူး၊ အဲ...
1,325,017
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဆင်းတွေ၊ ဥပမာကိုယ်မှာ မမြင်ပါပဲနဲ့ ရုပ်အဆင်းတွေ ဖြစ်နေတယ်၊ ပျက်နေတယ် စဉ်းစားလို့ရှိယင် ဒီဥစ္စာ သဘာဝမကျဘူး၊ အဲဒီ အခိုက်အတန့် မြင်တာမှမဟုတ်ပဲ၊ ရူပါရုံ မမြင်ပဲနဲ့ ရူပါရုံတွေမှာ ဖြစ်ပျက်နေတယ်လို့ ရှုလို့ရှိယင် အဲဒါဟာ သဘာဝ မကျဘူး၊ သဒ္ဒါရုံ အသံကို မကြားပါပဲနဲ့ သဒ္ဒါရုံ အသံတွေဟာ ဖြစ်ပျက်နေတယ်ဆိုလို့ ရှုလို့ရှိယင် အဲဒါ သဘာဝမက...
1,325,018
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပထဝီဓာတ်တို့ အာပေါဓာတ်တို့ တေဇောဓာတ် ဝါယောဓာတ်တို့လဲ ဒီအတိုင်းပဲ၊ အဲဒါတွေ ကိုယ်က မတွေ့ပဲနဲ့ ပထဝီဓာတ် ခက်မာကြမ်းတမ်း နေတာဟာ ဖြစ်ပျက် နေတဲ့ တရားတွေပဲ၊ အဲဒီအခိုက်အတန့်မှာ ပထဝီဓာတ် တခုခုကို တွေ့ထိပြီးရှုယင်တော့ မှန်တယ်၊ တွေ့ထိတာ မဟုတ်ပဲနဲ့ အလွတ်ဆိုယင် ဒါမှန်တယ်လို့ မဆိုနိုင်ဘူး၊ အဲဒီ ပထဝီဓာတ်ဟာ ခက်မာကြမ်းတမ်းတဲ့ သဘောဟာ ဖြစ...
1,325,019
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပူအေးတဲ့ တေဇောဓာတ်တွေ ဖြစ်ပျက်နေတယ်လို့ ဒီလိုရှုနေတဲ့ ပုဂ္ဂိုလ်တွေလဲ ဒီအတိုင်းပဲ၊ အဲဒီ အခိုက်အတန့်မှာ တကယ်ပူတာ အေးတာ ကလေးတွေကို တွေ့ပြီဆိုယင်တော့ ဟုတ်မှာပေါ့၊ ဒီလိုမဟုတ်ပဲနဲ့ ပူတဲ့သဘော၊ အေးတဲ့ သဘော၊ နွေးတဲ့သဘော၊ တေဇောဓာတ်တရား ဖြစ်ပျက်နေတယ်၊ မမြဲဘူးလို့ ဆင်ခြင်နေတယ်၊ အဲဒီဆင်ခြင်တဲ့ ပုဂ္ဂိုလ်ကို မေးမြန်း စစ်ဆေး ကြည့်ယင် ...
1,325,020
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ်တွေ ဖြစ်ပျက်နေတယ်ဆိုပြီး ရှုပြန်ရော၊ အဲဒါကလဲပဲ သူ့ကိုယ်တိုင် တွေ့ပြီးတော့ ရှုတာ မဟုတ်လို့ရှိယင် ဒါလဲ သဘာဝ မကျဘူး၊ ဘယ်အနားက ဝါယောဓာတ်တုံး၊ တောင့်တင်းတာ ဘယ်အနားက တောင့်တာတုံး၊ ခေါင်းထဲကလား၊ လက်ထဲ ကလား၊ ကိုယ်ထဲကလား၊ ဘယ်အနား အစိတ်အပိုင်းက တောင့်တာတုံး၊ ဘယ်အနား အစိတ်အပိုင်းက တင်းနေတာတုံး၊ ဘယ...
1,325,021
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သဘာဝကျကျဆိုယင် တကယ်တွေ့တဲ့ တရားရှုရတယ်၊ တကယ်တွေ့တဲ့ တရားတွေကို တကယ်ဖြစ်နေတဲ့ တရားတွေ ရှုရတယ်၊ တကယ်ဖြစ်နေတဲ့ တရားတွေ့မြင်တဲ့ အခါကာလ မြင်ရတဲ့ အဆင်း၊ မြင်ရာဌာနမျက်စိ၊ မြင်မှုသဘော၊ ဒါက တကယ့်ကို ဖြစ်သွားတာပဲ၊ ဒါကြောင့်မို့ သက္ကာယ ထင်ရှားရှိတဲ့တရား၊ အဲဒါတကယ်ရှိတာ၊ ကြားတဲ့အခါ ကာလလဲ နားရုပ်ရယ်၊ ကြားရာဌာန နားရုပ်၊ အသံကြားသိနေတဲ...
1,325,022
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီပုဂ္ဂိုလ်တွေမှာ မြင်တိုင်း, ကြားတိုင်း၊ ဒွါရခြောက်ပါးက ပေါ်တိုင်း တရားတွေ ရှုနေတယ်၊ တကယ်ရှိတာတွေ ရှုနေတာ၊ ဟုတ်တာတွေ ရှုနေတာ၊ တွေးပြီး စဉ်းစားပြီး ရှုနေတာ မဟုတ်ဘူး၊ တကယ်ရှိတာ ရှုနေတာပဲ၊ ဖောင်းတယ် ပိန်တယ် ရှုနေတယ်၊ ဗိုက်ထဲကနေပြီး ဖောင်းတက်နေတဲ့ သဘော၊ ပိန်ကျသွားတဲ့သဘော၊ အဲဒါတွေဟာ တကယ်ရှိနေတဲ့သဘော၊ မဟုတ်ပဲနဲ့ တွေးပြီး ...
1,325,023
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါပေမယ်လို့ သဘာဝ အရင်းခံကတော့ ကာယဝိညေယျ တရားဆိုတာ ကာယ ဝိညာဏ်နဲ့ တွေ့ပြီးတော့ သိရတယ်၊ အဲဒါ အရှင်ဘုရား မျက်စိထဲမှာ မြင်ပြီးတော့ ဖြစ်ပျက်သွားတာက အမှန်ရှိတာက၊ စက္ခုဝိညေယျတရားဟာ ရူပါရုံတွေတရားတဲ့၊ ရူပါရုံတွေ အဆင်းတွေ မြင်ပြီးပျက် မြင်ပြီးပျက် ရူပါရုံတွေ ပျက်နေတာတဲ့၊ အဆင်းပျက်တာ၊ အဲဒီနေရာပျက် ဟိုနေရာပျက် အဲဒါတွေပျက်နေတာ၊ အဲဒ...
1,325,024
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရှုလဲ ရှုကာစမှာတော့ သတိတို့, သမာဓိတို့, ဉာဏ်တို့ဟာ အားနည်း နေသေးတော့ အမှန်အတိုင်း မသိသေးဘူးပေါ့၊ ရှုခါစပုဂ္ဂိုလ် မမှီသေးဘူး၊ ရုပ်နာမ်တွေက အင်မတန် မြန်နေတဲ့ တရားတွေ၊ ကိုယ်ကစပြီး ရှုခါစဆိုတော့ ရှုလို့သိတဲ့ ဉာဏ်ကလေးက မမြင်သေးပဲဟာကိုး၊ နှေးနေတယ်၊ သတိတို့ သမာဓိတို့ ဉာဏ်တို့ဟာ နှေးနေ သေးတယ်၊ နှေးနေတော့ သူ့လောက် မမြန်တော့ကို ...
1,325,025
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲ သတိ, သမာဓိဉာဏ်တွေ အားကောင်းလာတဲ့ အခါကာလ တကယ်ဖြစ်ပေါ်တဲ့ တရားလေး တွေကို အမှန်အတိုင်း သိတာပဲ၊ ဖြစ်တဲ့အတိုင်း တကယ်သိ၊ သိတဲ့အတိုင်း တကယ်ရှိ၊ ဖြစ်တဲ့အတိုင်း သိရုံတွင်မကဘူး၊ တော်တော်ကြာတော့ အစနဲ့ အဆုံးနဲ့ တပိုင်းစီတပိုင်းစီ ကလေးတွေ ပိုင်းခြားသိလာတယ်၊ မြင်တာလေးဟာ မြင်ပြီးပျောက်၊ ကြားတာလေးဟာ ကြားပြီးပျောက်၊ နံတာ, စားတာ, တွေ...
1,325,026
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို “စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း” စွဲလမ်းနိုင်တဲ့ တရားလေးတွေကို ခန္ဓာငါးပါးတရားလေးတွေ အမှန်အတိုင်း ရှုပါ၊ ပထမကတော့ ဖြစ်ခိုက် ဖြစ်ခိုက်ကလေးတွေ လိုက်ရှု၊ ဖြစ်ခိုက် ဖြစ်ခိုက်တွေ ရှုပါများလာတဲ့အခါ အစနဲ့ အဆုံးလေးတွေ တွေ့လာတော့ အဲဒါ မမြဲဘူးလို့လဲ သိလာတယ်၊ ဒါမှန်စွာ ရှုတာပဲ၊ ဒုက္ခ ဖြစ်ချည်ပျက်ချည်နဲ့ ဆ...
1,325,027
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ပထမတော့ သူ့သဘောမှန်ကလေးတွေ သိရုံမျှပဲ၊ သဘောမှန်ကလေးတွေ၊ ဥပမာ အတွေ့အထိ ဆိုလို့ရှိယင် တောင့်ယင် တောင့်တာလေး သဘောမှန်ပေါ့၊ လှုပ်ယင် လှုပ်တာလေး သဘောမှန် ဒီလောက်ပဲ၊ တေဇောဓာတ်ရှုတဲ့အခါလဲ ပူယင် ပူတာလေးဟာ သဘောမှန်ပဲ၊ အေးယင် အေးတာလေးဟာ သဘောမှန်ပဲ၊ နွေးယင်လဲ နွေးတာလေးဟာ သဘောမှန်ပဲ၊ ပထဝီဓာတ်ရှုနေတဲ့ အခါကာလလဲပဲ ခက်မာတဲ့ အတိုင်း ကြ...
1,325,028
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖြစ်တိုင်း မှတ်ရှု
1,325,029
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်”၊ ဖြစ်ခိုက်မှာ မရှုလို့ရှိယင် အဲဒီ ရုပ်နာမ် အစုအပေါ်မှာ စွဲလမ်းတယ်၊ နိစ္စ-မြဲတယ်လို့လဲ ထင်လိမ့်မယ်၊ သုခ-ချမ်းသာတယ် ကောင်းတယ် လှပတယ်လို့လဲ ထင်လိမ့်မယ်၊ တင့်တယ် တယ်လို့လဲ ထင်လိမ့်မယ်၊ အတ္တငါကောင်ပဲ အသက်ရှင်နေတဲ့ အကောင်ပဲလို့လဲ ထင်လိမ့်မယ်၊ အဲဒါ ဖြစ်ခိုက်တရားတွေ မရှုလို့ ပကတ...
1,325,030
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာ အခြေခံတရားမှာ ဘုန်းကြီး ဆောင်ပုဒ်ကလေးတွေ ပေးထားပါတယ်၊ “ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်”၊ ဖြစ်တိုင်းဖြစ်တိုင်းကို မှတ်ပါတဲ့၊ မြင်တိုင်းကြားတိုင်း ဖြစ်တိုင်းဖြစ်တိုင်းတွေကို မှတ်ရုံကလေးသာ မှတ်နေပါ၊ စွဲလမ်းမှုတွေ ပျောက်သွားပါလိမ့်မယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းရှုယင်တော့ ဖြစ်ပြီး ပျောက်သွားတာ တွေ့တာ...
1,325,031
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဩရိမံတီရန္တိခေါ၊ ဤမှာဘက်ကမ်းဟူသော ဤအမည်သည်။
1,325,032
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဿ၊ သက္ကာယတရား၏။
1,325,033
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ-သက္ကာယဿ၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၏။
1,325,034
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘေးရန် အန္တရာယ်တွေရှိနေတယ်၊ စိုးရိမ်စရာတွေရှိနေတယ်၊ စိတ်မချရဘူးဆိုတဲ့ ဒီဘက်ကမ်းဟာ တခြားမဟုတ်ဘူး၊ သက္ကာယခေါ်တဲ့ တရားတွေ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတရားတွေပဲ၊ မြင်တိုင်းကြားတိုင်း ဒွါရခြောက်ပါးက ထင်ရှားတွေ့နေရတဲ့ တရားတွေ၊ ဒါတွေဟာလဲ တခြားမှာ ရှိတာမဟုတ်ဘူး၊ ကိုယ်ထဲအမြဲ တွေ့နေတဲ့ တရားတွေ၊ အဲဒါတွေဟာ ဒီဘက်ကမ်းပဲ၊ ဒါတရားအားထုတ်တဲ့ ပ...
1,325,035
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်နာမ် ရှုယင်းနဲ့ နိဗ္ဗာန်ရောက်
1,325,036
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဘက်က ဝိပဿနာ ရှုနေတာဟာ စကတည်းက ဒီဘက်မှာချည်း ထဲပဲ၊ ဟိုဘက်ကမ်း မရောက်သေးဘူး၊ တချို့ဟာ ဟိုဘက်ကမ်း ရောက်ချင်လို့ စိတ်ကူးပြီးရောက်နေတာ၊ အဲဒါသဘာဝ မကျဘူး၊ စိတ်ကူးရောက်တာက တကယ်ရောက်တာမှ မဟုတ်ပဲ၊ ကူးတာလေး ရှုယင်းရှုယင်းနဲ့ သူ့အလိုလို ရောက်သွားမယ်၊ စိတ်မကူးပဲနဲ့ ရောက်သွားမယ်၊ ဒါမှသဘာဝကျတယ်၊ ဒါကြောင့် ဘုန်းကြီးများဆီမှာ တရား အာ...
1,325,037
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယနှင့် သက္ကာယဒိဋ္ဌိ
1,325,038
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါကြောင့် ဒီဘက်ကမ်းဆိုတာ သက္ကာယမည်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတရားပဲ၊ “ငါ ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်၊ “ငါ ငါ့ဥစ္စာဟု စွဲနိုင်တဲ့ တရားတွေ၊” ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်၊ “ခန္ဓာငါးပါး တရားတွေပဲ၊ ခန္ဓာငါးပါး တရားတွေကို သက္ကာယလို့ ခေါ်သည်၊ အတိုချုပ်အားဖြင့် ဆိုလျှင် မြင်ဆဲခဏမှာ မျက်စိရုပ်၊ အဆင်းရုပ်၊ မြင်သိတဲ့န...
1,325,039
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါတွေကို ငါ ငါ့ဥစ္စာလို့ မစွဲရအောင်လို့ပဲ၊ ဝိပဿနာ ရှုနေရတာ။
1,325,040
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီသက္ကာယတွေကို အမှန်အတိုင်း သိပြီးတော့ နိစ္စ, သုခ, အတ္တ အစွဲအလမ်းတွေ မဝင်နိုင်အောင်လို့ အကုန်လုံး ရှုနေရတယ်၊ ဝိပဿနာဉာဏ် ရင့်လေလေ အစွဲအလမ်းတွေ ကင်းလေလေပဲ၊ နောက်ဆုံးကျတော့ အစွဲ အလမ်းတွေ လုံးဝကင်းပြီး ဒီဘက် ကမ်းကနေ ဟိုဘက်ကမ်းသူ့ဟာသူ ရောက်သွားမှာပဲ၊ ဘာမှ အထူးကြောင့်ကြ နေစရာမရှိဘူး၊ အလိုလို ရောက်သွားမယ်။
1,325,041
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါကြောင့် “ထင်ရှားရှိနေ၊ ရုပ်နာမ်တွေ၊ မှတ်လေသက္ကာယ”၊ ထင်ရှားရှိတဲ့ ရုပ်နာမ်တွေ ဟူသမျှဟာ သက္ကာယတွေ၊ မြင်ဆဲခဏ ကြားဆဲခဏ အခုနက အကုန်လုံး ပြောပြီးပြီ၊ ဒီခြောက်ဌာနက လွတ်ပြီးတော့ ဒီပြင်လဲ မရှိဘူး၊ မြင်ဆဲ, ကြားဆဲ, ဒွါရခြောက်ပါးက ထင်ရှားတဲ့ တရားတွေ၊ အဲဒါ သက္ကာယ တရားတွေပဲ။
1,325,042
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီသက္ကာယတရားတွေကို ငါကောင်ပဲ၊ အသက်ရှင်နေတဲ့ ငါပဲထင်လို့ ရှိယင် ဒါဒိဋ္ဌိခေါ်တယ်၊ သက္ကာယကတခြား၊ ဒိဋ္ဌိကတခြား၊ ဗမာပြည်မှာတော့ သက္ကာယကို ဒိဋ္ဌိမှတ်နေတယ်၊ သက္ကာယက တခြား၊ ဒိဋ္ဌိက တခြားပဲ၊ သက္ကာယဆိုတာက ရုပ်နာမ်အပေါင်း ဥပါဒါနက္ခန္ဓာငါးပါး၊ ဒုက္ခသစ္စာတရား၊ ဒိဋ္ဌိဆိုတာကတော့ သူက ကိလေသာပဲ၊ အဲဒီရုပ်နာမ် သက္ကာယတွေကို ငါပဲလို့ အသက်...
1,325,043
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယဒိဋ္ဌိဆိုတာ “ရူပံအတ္တတောသမနုပဿတိ” ရူပံ၊ ရုပ်ကို။
1,325,044
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တတော၊ အတ္တဟု, အသက်ရှင်သော အကောင်ဟု ငါဟု။
1,325,045
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမနုပဿတိ၊ ရှုမြင်၏။
1,325,046
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရှုမြင်ဆိုတာ ထင်တာပါပဲ၊ အသိအမှတ်ပြုတာပါပဲ၊ သူက ဝိပဿနာရှုသလို တမင်တကာ ရှုနေတာ မဟုတ်ပါဘူး။
1,325,047
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အနိစ္စန္တ သမနုပဿတိ-ဆိုတာမှာလဲ အနိစ္စ ရှုတာ၊ ပါဠိဟာအတူတူပဲ၊ အတ္တတော၊ အတ္တဟု။
1,325,048
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တကောင် ပဲလို့ ရှုတယ်၊ ဒီမှာလဲရှုတယ်လို့ပဲ ဟောတာပဲ၊ ဒါပေမယ်လို့ သူကတော့ ဝိပဿနာ ရှုသလို တမင်တကာတော့ မဟုတ်ဘူး၊ ရုပ်ဟာအတ္တပဲ စသည်ဖြင့် တမင်တကာ နှလုံးသွင်းနေရတာတော့ မဟုတ်ဘူး၊ သူ့ဟာသူ ရုပ်တရားတွေကို အာရုံပြုနေတိုင်း ပြုနေတိုင်း အဲဒီအစွဲအလမ်း သူ့ဟာသူပင် ရောက်နေတယ်၊ မြင်တိုင်းမြင်တိုင်း မျက်စိနဲ့အဆင်းဟာငါပဲ၊ မြင်သိတာပါပဲ၊ ဒ...
1,325,049
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“ရူပံအတ္တတောသမနုပဿတိ၊ ဝိညာဏံ အတ္တတောသမနုပဿတိ” ရူပံ၊ ရုပ်ကို။
1,325,050
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တတော၊ အတ္တဟု။
1,325,051
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ- စိတ်ကို။
1,325,052
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နောက် .. သင်္ခါရေ၊ ဝေဒနာသညာသင်္ခါရတို့ကိုလဲ။
1,325,053
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ခန္ဓာငါးပါးကို အတ္တဟု ရှုပုံကို တွေ့ပါတယ်၊ နှစ်ဆယ်တောင်ရှိပါတယ်၊ ဟောထားတာ။
1,325,054
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီတခုလောက်ဆိုယင် တော်ပါပြီ၊ နည်းနည်းရှုပ်နေလို့ “ရူပံဝန္တံ ဝါ အတ္တာနံဝါ, အတ္တနိဝါရူပံ, ရူပသ္မိံ ဝါ အတ္တာနံ” ဒါတွေက ပြောရနည်းနည်းရှုပ်တယ်၊ ဒီလောက် ဆိုယင် လုံလောက်နေပါပြီ၊ ရုပ်ကို အတ္တဟုရှု၏၊ ရုပ်ကို အတ္တထင်တယ်၊ အသက် ရှင်နေတဲ့ အကောင်ပဲလို့ ထင်တယ်၊ တချို့က ရုပ်ကိုပဲထင်နေတာပဲ၊ ရုပ်ဟာအသက်ရှင် နေတဲ့အကောင်ပဲထင်နေတယ်၊ တချို့က ...
1,325,055
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်ဆိုတာကလဲ သူကတော့ ဘာမှလုပ်တာ မဟုတ်ဘူး၊ သူများက ခိုင်းစေရာ ဖြစ်နေရသလိုပဲ၊ အသေသဘောမျိုးပဲ၊ နာမ်က တိုက်တွန်းပေးမှ ရုပ်က လှုပ်ရှားမှုတွေဖြစ်နိုင်တယ်၊ သူက ဘာမှ ကြောင့်ကြစိုက်ရတဲ့ သဘောမရှိဘူး။
1,325,056
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝေဒနာဆိုတာကလဲ ခံစားရုံမျှပဲ၊ အကောင်းအဆိုး ခံစားရုံမျှပဲ ကောင်းတဲ့သဘော၊ ဆိုးတဲ့ သဘောလေးမျှပဲ၊ ကောင်းကောင်းလိုက် ဆိုးဆိုးဖြစ်သွားကာမျှပဲ၊ ဘာမှ ကြောင့်ကြစိုက်ရတဲ့ သဘောမရှိဘူး။
1,325,057
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သညာဆိုတာကလဲ ပေါ်လာသမျှ မှတ်ရုံမျှလေးပဲ၊ ရုံးများ မှတ်တမ်းရေးတဲ့ စာရေးများလိုပဲ၊ သူက ဘာမျှ ကြိုတင်ပြီး လုပ်ရတာမဟုတ်ဘူး၊ သူများရေးပြီးသား ကူးပြီးသား မှတ်တမ်းတင်ရုံပဲ၊ ကြံဖန်ပြီးတော့ ဘာမှလုပ်စရာမလိုဘူး၊ သူရှိတဲ့ အတိုင်း လုပ်ရတယ်၊ လူများစာရင်းပေး ပေးတဲ့အတိုင်းမှတ်ယုံပဲ၊ အဲဒီလိုမဟုတ်ပဲနဲ့ ကိုယ်က တမင်တကာ ကူးပြီး တမျိုးတမည် ရ...
1,325,058
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရကော်တာတွေဟာ ဒီကအသံဟာပြောနေယင် ပြောတဲ့အတိုင်းပဲ၊ မှားတဲ့အတိုင်းပဲ ပါသွားတော့ တာပဲ၊ မတတ်နိုင်ဘူး၊ ဒီဥစ္စာကမှားတာ၊ ငါပြင်ပြီး အသံဖမ်းလိုက် အုံးမှပဲလို့ ကြောင့်ကြစိုက်မှု မရှိဘူး၊ ဒီကဘုန်းကြီးက မှားတာပြောလဲ မှားတာ ပါသွားမှာပါပဲ၊ မှန်တာပြောလဲ မှန်တာပါသွားမှာပါပဲ၊ ဒီကမပြောပဲနဲ့ နားနေယင်လဲ နားနေတာ သူပါတယ်၊ ဒီနားမှာ တော်တော် ...
1,325,059
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိဉာဏ်ဆိုတဲ့ စိတ်ကလေး ကလဲပဲ သိရုံမျှလေးပဲ၊ ဘာမှ ကြောင့်ကြ ဗျာပါဒ စိုက်တဲ့ သဘော မရှိဘူး၊ အမှုကိရိယာတွေ ပြီးအောင် လုပ်နေတာက သင်္ခါရကလုပ်နေတာ၊ ဒါကြောင့် သင်္ခါရက ပြုပြင်တတ်တယ်၊ သူက ကွေးအောင်, ဆန့်အောင်, ထိုင်အောင်, ထအောင်, သွားအောင်, လာအောင်, အမျိုးမျိုးသော ကိုယ်အမူအရာတွေ ဖြစ်လာအောင်၊ အမျိုးမျိုးသော ကိုယ်အမူ အရာတွေ ဖြစ်လာ...
1,325,060
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တစွဲ အမျိုးမျိုး
1,325,061
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကျမ်းဂန်နဲ့ အတ္တစွဲ ပုဂ္ဂိုလ်တွေကတော့ ဘယ်လိုစွဲထားတုံး ဆိုတော့ ကာရက တဲ့၊ ကာရကအမှု ကိရိယာပြုလုပ်တဲ့ ဥစ္စာဖြစ်ယင်ဖြင့် အတ္တကောင်ပဲ၊ အတ္တအကောင်က လုပ်တာ၊ အသက်ရှင်နေတဲ့ အကောင်မရှိပဲ ဘယ်လုပ်တတ်မလဲ၊ ကျောက်ခဲတို့, တုံးတို့, တိုင်တို့, ဘာမှမလုပ်တတ်ဘူးတဲ့၊ ကွေးအောင်, ထိုင်အောင်, ထအောင်, သွားအောင်, လာအောင်လုပ်တတ်တယ်၊ အဲဒီလိုလုပ်တ...
1,325,062
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တစွဲထားလဲ ကျမ်းဂန်တွေက သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒက အတ္တ, အတ္တတွေ ကျမ်းဂန်တွေနဲ့ ကျကျနန ရှိတယ်၊ အိန္ဒိယ ဟိန္ဒူကျမ်းတွေမှာ ရှိတယ်၊ သာမိတဲ့၊ ခန္ဓာအိမ်ကြီးကို အစိုးရတယ်၊ သူအလိုရှိသလို လုပ်လို့ရတယ်၊ နိဝါသိ၊ ခန္ဓာအိမ်ထဲမှာ အမြဲရှိနေတဲ့ အတ္တလေး၊ တချို့လဲ ခန္ဓာအိမ်တခုလုံး ပြည့်နေ တယ်လို့ ပြောတယ်၊
1,325,063
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တက ခန္ဓာအိမ် ကြီးသလောက် အတ္တကလဲ ကျယ်ပြန့်ပြီးတော့ ခန္ဓာအိမ်ငယ်လို့ ရှိယင်လဲ ငယ်သလောက် သူက သေပြီးတော့ ရော်ဘာများလိုပဲ၊ ရော်ဘာဟာ ဆွဲလိုက်ယင် ရှည်လာတယ်၊ ပြန်လွှတ်လိုက်လို့ ရှိယင် ငယ်ငယ်ကလေး ပြန်ဖြစ် သွားတာပဲ၊ အတ္တကလဲ အကြီးအငယ် ရှိတယ်၊ ဆင်ကြီးတွေရဲ့ ကိုယ်ထဲမှာဝင်တဲ့ အတ္တကျတော့ ကြီးတယ်၊ ဆင်ကောင်ကြီးဟာ အကြီးကြီး ဖြစ်နေလို...
1,325,064
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့က ကိုယ်တကိုယ်လုံး တည်နေတယ် မဟုတ်ဘူး၊ နှလုံးအိမ်ထဲမှာ တည်နေတယ် ဆိုပြီး တချို့က ဒီလိုယူဆကြတယ်၊ ကိုယ်ထဲမှာ ဒီအတ္တက အမြဲတမ်း တည်နေတယ်လို့ ယူဆတယ်၊ ဒီခန္ဓာကိုယ်ကြီးက တခုပျက်သွားပြန်တော့လဲ ခန္ဓာကိုယ် တခုကို ပြောင်းသွားတယ် လို့ ဒီလို ဆိုတာကိုး။
1,325,065
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကျမ်းတခုကဆိုထားတယ်၊ ဒီကိုယ်ထဲမှာ ကိုယ်အကြမ်းနဲ့ ကိုယ်အနု နှစ်ခုရှိတယ်လို့ ဒီလို ယူဆတယ်၊ သေတဲ့အခါ ကာလကျတော့ ကိုယ်အကြမ်းကြီးက တခါတည်း ပုပ်ပွပြီးတော့ ပျက်စီးသွားတယ်၊ သေသွားတယ်ပေါ့လေ၊ ကိုယ်အနုကလေးက ဒီအတိုင်းထွက်သွားတယ်လို့ ပြောတယ်၊ ဘဝသစ်သွားဖြစ်တယ်၊ ဒီလိုယူဆတယ်ကိုး၊
1,325,066
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အတ္တအစွဲက ဒီလိုယူတယ်၊ အတ္တစွဲက သာမိအတ္တ၊ တကိုယ်လုံးကို အစိုးရတဲ့ အသက် ရှင်နေတဲ့ အတ္တ အကောင်ရှိတယ်လို့ ယူဆတာက သာမိအတ္တ၊ ခန္ဓာကိုယ်ထဲ၌ အမြဲ တည်ရှိနေတယ်လို့၊ အသက်ရှင်နေတဲ့ အကောင်ဟာ အမြဲတည်ရှိနေတယ်လို့ ထင်တာက နိဝါသိအတ္တ၊ ကာရကအတ္တ၊ အမျိုးမျိုးသော အမူအရာ ကိရိယာတွေ ပြုလုပ်တတ်တဲ့ အကောင်ဟာ ရှိတယ်တဲ့၊ အသက်ရှင်နေတဲ့ အကောင် ငါကောင...
1,325,067
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အမျိုးမျိုးသော ကိစ္စတွေ ပြီးမြောက်အောင်လို့ စီမံခန့်ခွဲတတ်တာ၊ ဒီကိုယ်ထဲမှာ ရှိတယ်၊ အဲဒီလို စီမံခန့်ခွဲတတ်တဲ့ အကောင်ကလေးဟာ ကိုယ်ထဲရှိနေတယ်တဲ့ သူအတ္တပဲ၊ ဒီလိုစွဲလမ်းကြတာကိုး၊ အဲဒါ ကျမ်းဂန်တွေနဲ့ ကျကျနန စွဲလမ်းတဲ့ ပုဂ္ဂိုလ်တွေ။
1,325,068
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို မဟုတ်သော်လဲပဲ သာမန်ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ ဒီအတိုင်း စွဲလမ်းတာပဲ၊ မြင်တိုင်း မြင်တိုင်းဟာကတော့ ငါပဲ၊ ကြားယင်လဲ ငါပဲ၊ နံယင်လဲငါပဲ၊ ငါ့ချည်းထဲပဲ၊ အကုန်လုံး စွဲလမ်းတယ်၊ ရုပ်ကိုယ်ကို အကြောင်းပြုပြီးတော့ ရုပ်ကိုယ်ကြီး တခုလုံးကိုလဲ ငါပဲလို့ စွဲလမ်းတယ်၊ “ရူပံ အတ္တတော သမနုပဿတိ”တဲ့၊ အကောင်းအဆိုး ခံစားမှုတွေ အကြောင်...
1,325,069
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြတ်စွာဘုရား ဟောတဲ့ တရားတော်တွေ ကြားနာရလို့ ဒီကိုယ်ထဲမှာ ရုပ်တရား နာမ်တရား မျှရှိတယ်လို့ ဒီလိုသိထားတဲ့ ပုဂ္ဂိုလ်တွေ နည်းနည်း သက်သာတယ်၊ သိပ်ပြီးတော့ အစွဲအလမ်း မကြီးဘူးပေါ့လေ၊ ဒါပဲရှိတယ်၊ လုံးလုံးကင်းသလား၊ လုံးလုံးတော့ မကင်းဘူး၊ လုံးလုံး ကင်းတာ ကတော့ အရိယမဂ်ဖိုလ် ရောက်မှပဲ ကင်းတယ်၊
1,325,070
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာတရား အားထုတ်လို့ ရုပ်နာမ် အဖြစ်အပျက်ကလေးတွေကို အမှန်အတိုင်း သိနေပြီ ဆိုတဲ့အခါ ကျယင်ဖြင့် အစွဲအလမ်း မရှိပါဘူး၊ မူလတုန်းက တို့ထင်နေတာ မြင်တာလဲ ငါပဲ၊ ကြားတာလဲ ငါပဲ၊ ဒီလို အောက်မေ့နေတာ၊ အပြီးသတ်တော့ မြင်တာလေးဟာလဲ မြင်ပြီး ပျောက်သွားတာပဲ။
1,325,071
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မမြဲတဲ့ သဘောတရား၊ ကြားကြားပြီး ပျောက်သွားတာပဲ၊ ထိသိတာလဲ ထိသိပြီး ပျောက်သွားတာပဲ၊
1,325,072
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စိတ်ကူးစဉ်းစား ကြံစည်တာလေးလဲ စိတ်ကူးစဉ်းစား ကြံစည်ပြီး ပျောက်သွားတာပဲ၊ ရှုတဲ့ စိတ်ကလေးလဲ ရှုပြီး ပျောက်သွားတာပဲ၊ ဘာမှ မြဲတည်နေတာ မရှိဘူး၊ သူ့ အခိုက်အတန့် ဖြစ်ပြီးပျက်သွားတဲ့ သဘောတရားမျှပဲ၊ ရှုယင်းရှုယင်း ရှင်းပြီးတော့ သိတယ်၊ အဲဒီအခါကျယင် ဒီအတ္တစွဲဟာ ဒီမှာ မစွဲဘူး၊ အတ္တစွဲကင်းသွားတယ်၊ အဲဒါ အခိုက်အတန့် လေးကင်းသွားတယ်၊ ဝိ...
1,325,073
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီအတ္တဟာ ပျောက်ပါတယ်၊ အဲဒီ မရောက်သေးဘူး ဆိုလို့ရှိယင်တော့ ခုနက ပြောတာ အနည်းနဲ့အများတော့ ရှိတယ်၊ အဲဒီအစွဲကို သက္ကာယဒိဋ္ဌိလို့ ခေါ်ပါတယ်၊ သက္ကာယဆိုတာ ထင်ရှား ရှိတဲ့ နာမ်အပေါင်း၊ “ထင်ရှားရှိနေ၊ ရုပ်နာမ်တွေ၊ မှတ်လေ သက္ကာယ၊” ခုနကဆိုပြီးပြီ၊ သက္ကာယ ဆိုလျှင် ရုပ်နာမ် အပေါင်းပဲ၊ ဒိဋ္ဌိ မဟုတ် သေးဘူး၊ ဒါလေး ခွဲထားရတယ်။
1,325,074
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယမှာ၊ ငါထင်တာ၊ သက္ကာယဒိဋ္ဌိမှတ်။
1,325,075
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယကို ငါပဲလို့ ထင်တဲ့ဥစ္စာဟာ သက္ကာယဒိဋ္ဌိ၊ သက္ကာယဆိုတာ ဘာလဲ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်း၊သက္ကာယဒိဋ္ဌိ ဆိုတာ ဘာလဲ၊ ထင်ရှားရှိတဲ့ ရုပ်နာမ်တွေကို ငါကောင်, အသက်ကောင်, သတ္တဝါကောင် လို့ ထင်မြင်တာတဲ့၊ စွဲလမ်းပုံ သာမန်တင်ရုံ မဟုတ်ဘူး၊ စွဲကို စွဲလမ်းတာကို သက္ကာယဒိဋ္ဌိ ခေါ်တယ်၊ မြင်ဆဲကြားဆဲ စသည်၌ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင...
1,325,076
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယနဲ့ သက္ကာယဒိဋ္ဌိဆိုတာ ကွဲသွားတယ်၊ သက္ကာယဆိုတာ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်း၊ မြင်ဆဲမှာ ထင်ရှားရှိတယ်၊ မျက်စိရုပ်၊ မြင်ရတဲ့အဆင်း၊ မြင်သိတဲ့နာမ်၊ အဲဒါ ခန္ဓာနဲ့ ဖွဲ့မယ်ဆိုယင် ခန္ဓာငါးပါးတရားပဲ၊ အဲဒါ သက္ကာယတရား၊ သစ္စာလေးပါးနဲ့ ပြောမယ်ဆိုယင် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ တရားပဲ၊ ဒုက္ခသစ္စာတရား၊ ဥပါဒါနက္ခန္ဓာတရား၊ သက္ကာယ မည်သ...
1,325,077
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရေးအကြီးဆုံးက အဲဒီသက္ကာယဒိဋ္ဌိ ကင်းအောင်လို့ ကျင့်ရမှာ၊ သက္ကာယဒိဋ္ဌိ ကင်းသွားမှ အပါယ် လေးပါးက အစဉ်ထာဝရ လွတ်မြောက်သွားတယ်၊ တချို့ကတော့ ပြောတတ်ကြတယ်၊ တရား အားထုတ်လို့ရှိယင် သက္ကာယဒိဋ္ဌိ ကင်းရမယ်၊ ဒီလိုလဲ ဆိုကြတယ်၊ သက္ကာဒိဋ္ဌိ ကင်းရမယ်၊ သက္ကာယဒိဋ္ဌိ မကင်းလို့ရှိယင် နိဗ္ဗာန် မရောက်နိုင်ဘူး၊ ဒီလိုလဲပြောကြတယ်၊ အဲဒါကတော့ ဒီလ...
1,325,078
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သောတာပတ္တိမဂ် မရောက်သေးခင် ဝိပဿနာရှုနေတုန်း သင်္ခါရုပေက္ခာဉာဏ် ရောက်နေလဲ ကင်းတယ်လို့တော့ မဆိုရဘူး၊ သို့သော်လဲ ဖြစ်တော့ ဖြစ်ခဲ့တာပေါ့လေ၊ ဝိပဿနာဉာဏ်နဲ့ ရုပ်နာမ်တွေ ဖြစ်လိုက်ပျက်လိုက်တွေ ရှုမှတ်ပြီးတော့ တွေ့နေတဲ့ ပုဂ္ဂိုလ်က ဒီကိုယ်ထဲမှာ အတ္တကောင်ရယ်လို့ မရှိဘူး၊ ဖြစ်ပျက်နေတဲ့ တရားတွေပဲဆိုတာ ရှင်းပြီးတော့ သိနေပါတယ်။
1,325,079
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါပေမယ်လို့ အဲဒါလောက်နဲ့ ရပ်ထားလို့ ရှိယင် တော်တော်ကြာတော့ အတ္တလေး ဟုတ်ထင်ပါရဲ့ ဖြစ်လာမှာ၊ ဝိစိကိစ္ဆာ ရောက်လာမှာ၊ ဝိစိကိစ္ဆာ အားကောင်းလာပြီးတော့ အတ္တတွေ ရှိနေတာပါပဲ ဆိုပြီးတော့ အတ္တဒိဋ္ဌိ ပြန်ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တဲ့ သဘောရှိတယ်၊ ဝိပဿနာ ဉာဏ်စဉ်အတိုင်း အားထုတ်လို့ အနုလောမ ဉာဏ်ကနေပြီးတော့ ဂေါတြဘူဉာဏ်၊ နောက်ဆုံး အရိယမဂ်ဉ...
1,325,080
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူများလိုပဲ သာမန်နေတဲ့ အခါတော့ သူများလိုပါပဲ၊ မထူးပါဘူး၊ သောတာပန်ဆိုတာ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းတာကိုး၊ ဒိပြင် ကိလေသာတွေက ကင်းတာ မဟုတ်တော့ လောဘလဲ ရှိနိုင်သမျှ ရှိသေးတာပဲ၊ အပါယ်လေးပါး ကျလောက်တဲ့ ကြမ်းတမ်းတဲ့ လောဘတွေသာ မရှိတာကိုး၊ အပါယ် လေးပါး ကျတတ်တဲ့ ဒေါသတွေသာ မရှိတာ၊ သာမန်လောဘ, ဒေါသကတော့ သူ့မှာကင်းတာ မဟုတ်တော့ သူမ...
1,325,081
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒိပြင်ပုဂ္ဂိုလ် တွေကတော့ သောတာပတ္တိမဂ်ကို မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေက စဉ်းစားတိုင်း စဉ်းစားတိုင်း အတ္တစွဲတွေ ရောက်လာတယ်၊ ရုပ်နာမ်ကို လုံးလုံး မသိသေးတဲ့ ပုဂ္ဂိုလ်တွေဆိုယင် စဉ်းစားယင်း တကယ့်ကို အတ္တဟာ ရှိနေတာပါပဲ၊ ဥပမာ ဝိပဿနာ ရှုတောင်မှ ဝိပဿနာဉာဏ် မရင့်သေးတဲ့ ပုဂ္ဂိုလ်ဆိုယင် အတ္တစွဲလေးဟာ ကောင်းကောင်း ကင်းတာ မဟုတ်သေးဘူး၊ ရ...
1,325,082
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရိယမဂ်ဉာဏ် ရောက်ပြီးသား ပုဂ္ဂိုလ်ကတော့ စဉ်းစားဆင်ခြင်တိုင်း အတ္တလေး မရှိဘူး၊ အခု ရုပ်နာမ်တွေ ဝိပဿနာ ရှုတုန်းက ဖြစ်ပျက်နေတဲ့ တရားတွေ တွေ့ခဲ့တဲ့ အတိုင်းဟာ ဒီအတိုင်းပါပဲ၊ သူဖြစ်ပျက်နေတာပဲ၊ ဒီလိုပဲ ရုပ်နာမ်ပဲဆိုတာ ရှင်းပြီးတော့ အကောင်လေး မရှိဘူး၊ အဲဒါကြောင့် “ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ”၊ သက္ကာယဒိဋ္ဌိ ကင်းပုံကို ...
1,325,083
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီအတ္တစွဲ မရှိတဲ့ပုဂ္ဂိုလ်က ငါလေး ကောင်းစားအောင်လို့ မကြောင့်ကြတော့ဘူး၊ ဘာပြုလို့လဲ ဆိုတော့ ငါဆိုတဲ့ အစွဲမရှိပဲဟာကိုး၊ ရုပ်နာမ်သင်္ခါရ တရားတွေပဲ၊ ဒီသင်္ခါရတရားတွေအတွက် ငါကောင်းအောင် မလုပ်နိုင်ပါဘူး၊ မတော်တာတွေ မလုပ်ဖြစ်ဘူး၊ နောက်ပြီးတော့ သူတပါးတွေလဲ ငါလို့ သတ္တဝါလို့ မထင်ပဲ၊ သေပါစေ၊ ပျက်ပါစေ စသည်ဖြင့် ဒီထိအောင်လဲ သူက က...
1,325,084
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယေ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ။
1,325,085
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သက္ကာယေ၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၌။
1,325,086
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒိဋ္ဌိ၊ ငါပဲ သတ္တဝါကောင်ပဲ, အသက်ရှိတဲ့အကောင်ပဲ, ထင်မြင်ယူဆ စွဲလမ်းခြင်းသည်။
1,325,087
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ထင်ရှားရှိနေတဲ့ ရုပ်နာမ်တွေကိုပဲ ရုပ်နာမ်ရယ်လို့ မသိပဲနဲ့ ဖြစ်ပျက်နေတဲ့ တရားလို့၊ မသိပဲနဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တ ရယ်လို့မသိပဲနဲ့ အသက်ရှင်နေတဲ့ အကောင်ကလေးပဲ၊ ဒီလိုထင်မှာ၊ အဲဒါ သက္ကာယဒိဋ္ဌိ ခေါ်တယ်၊ အဲဒီ သက္ကာယဒိဋ္ဌိဟာ အရိယမဂ် အောက်ထစ်ဆုံး သောတာပတ္တိမဂ် ရောက်ယင်ကို ဒါ ကင်းရတယ်၊ ဒါကြောင့်မို့ “ရုပ်နာမ်အစု၊ ငါကောင်ဟု” ရုပ်...
1,325,088
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှု မရှိပါ။
1,325,089
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်နာမ်အစု မြင်ဆဲခဏမှာ ထင်ရှားရှိတဲ့ ရုပ်နာမ်အစု၊ ကြားဆဲခဏမှာ ထင်ရှားရှိတဲ့ ရုပ်နာမ်အစု၊ နံဆဲ, စားဆဲ, ထိဆဲ, ထင်ရှားရှိတဲ့ ရုပ်နာမ်အစု၊ ကွေးဆဲ, ဆန့်ဆဲ, လှုပ်ရှား ပြုပြင်ဆဲမှာ ထင်ရှားရှိတဲ့ ရုပ်နာမ်အစု၊ ရှုဆဲ မှတ်ဆဲမှာ ထင်ရှားရှိတဲ့ ရုပ်နာမ်အစု၊ အကုန်လုံး ရုပ်နာမ်အစုတွေ ချည်းထဲပဲ၊ အဲဒီ ရုပ်နာမ်အစုတွေ ငါပဲ ငါက မြင်တယ်၊ င...
1,325,090
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ထင်ရှားရှိတဲ့ရုပ်နာမ်ကို အသက်ရှိတဲ့သတ္တဝါကောင်၊ ငါကောင်ပဲလို့ ထင်တာ၊ အဲဒါ သက္ကာယဒိဋ္ဌိ၊ အဲဒီ သက္ကာယဒိဋ္ဌိမျိုး မရှိဘူး၊ အရိယာပုဂ္ဂိုလ်မှာ မရှိဘူး၊ ဒါကိုဆိုတယ်၊ “ရုပ်နာမ်အစု၊ ငါကောင်ဟု”၊ ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစုကို အသက်ရှင်နေတဲ့ ငါကောင်ပဲလို့ ထင်မှတ်စွဲလမ်းမှု မရှိပါဘူး၊ ဒါတွေ မရှိအောင်ကို့ အားထုတ်ရမှာ၊ အဲဒီ သက္ကာယဒိ...
1,325,091
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီနေရာမှာ သက္ကာယဒိဋ္ဌိ ကတော့ မပါဘူး၊ သက္ကာယတဲ့ ဒီမှာပါတယ်၊ ဒီမှာ မပါပေမယ်လို့ သက္ကာယနဲ့ သက္ကာယဒိဋ္ဌိ လုံးနေမှာ ဆိုလို့ သက္ကာယဒိဋ္ဌိနဲ့ ခွဲပြော နေရတယ်၊ ဒီသုတ်ထဲမှာ သက္ကာယဒိဋ္ဌိက မပါဘူး၊ သက္ကာယ တင်ပဲ၊ သက္ကာယက ဒီဘက်ကမ်း၊ နိဗ္ဗာန်က ဟိုဘက်ကမ်း၊ ဒါပဲ၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာ ငါးပါးတရားတွေ ရှုရတယ်၊ ခုနက ပြောတဲ...
1,325,092
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ ဒီဒုက္ခသစ္စာတရားတွေ ဝိပဿနာရှုနေတာ ဘယ်ရောက်နေလဲ ဆိုတော့ ဒီဘက်ကမ်းပဲ ရှိသေးတယ်၊ ဟိုဘက်ကမ်း မရောက်သေးဘူး၊ ဒါဖြင့် ဟိုဘက်ကမ်း ကျော်ပြီး ရှုလိုက်ပါလား ဆိုတော့ အဲဒီလိုကျော်ရှုလို့တော့ မဖြစ်ဘူး၊ ဒီလို ရှုလို့ရှိယင် လွယ်လွယ်လေး နေမှာပေါ့၊ နိဗ္ဗာန် ဟိုဘက်ရွှေ့လိုက်ပါလား ဆိုတော့ ကိုယ့်ဟာကိုယ် ရွေ့လို့ မဖြစ်ဘူး။
1,325,093
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့တရား အားထုတ်ကြတယ်၊ ဝိပဿနာဉာဏ်တွေဟာ သူတို့ဟာသူတို့ပဲ အဆင့်ဆင့် တက်ကြတယ်၊ နာမရူပပရိစ္ဆေဒဉာဏ် ဆိုပြီးတော့လဲ နာမ်တရား ရုပ်တရား နာမ်နဲ့ရုပ်သာ ရှိတယ်၊ ဆိုပြီးတော့ နှလုံးသွင်းပြီးတော့ နာမရူပပရိစ္ဆေဒ ဉာဏ် လုပ်တာကိုး၊ ဒီတော့အကြောင်းနဲ့ အကျိုး တရားတွေ ဆင်ခြင်ပြီးတော့ အကြောင်း အကျိုးတရား၊ နာမရူပပရိစ္ဆေဒဉာဏ် အတော်ကြေပြီလို့ ...
1,325,094
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒါပေမယ်လို့ သူဘယ်ကျတော့ ရပ်သွားတုံးဆိုတော့ သင်္ခါရုပေက္ခာက နေပြီးတော့ အရိယမဂ်ဉာဏ်ကျတော့ ဒီတော့ တက်လို့ မဖြစ်ဘူး၊ သင်္ခါရုပေက္ခာဉာဏ် ကျေပြီး ဒီတခါဖြင့် အနုလောမဉာဏ်ကနေပြီးတော့ မဂ်ဉာဏ်တက်လိုက်မှပဲလို့ ဒီလို တက်လို့တော့ မဖြစ်ဘူး၊ ဒီလို တက်တော့ ဟုတ်မှာမှ မဟုတ်ပဲကိုး၊ တော်တော်ကြာ တော့ ရှေ့ကအပိုင်းတွေက ကိစ္စမရှိဘူး၊ ဝိပဿနာဉာဏ...
1,325,095
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရွှေ့လို့ရှိယင်ဖြင့် ရုပ်နာမ်သက္ကာယ ခေါ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးက ဟိုဘက်ကမ်း၊ ဒီတော့ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်းတွေ ရှုနေတာဟာ ဒီဘက်ကမ်း ရောက်နေတာပဲ၊ ဟိုဘက်ကမ်း မရောက်သေးဘူး၊ ဟိုဘက်ကမ်း ရောက်အောင်လို့ နိဗ္ဗာန်ရည်မှန်းပြီးတော့ တက်လိုက်မှပဲ ဆိုပြီးတော့ လှမ်းတက် လိုက်လို့ရှိယင် အလွယ်လေးနေမှာပေ...
1,325,096
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဘက်ကမ်းက တရားတွေ အမှန်အတိုင်း သိအောင်ရှုတယ်၊ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးက အင်မတန် သဘာဝ ကျပါတယ်၊ သဘာဝကျတာတွေ သိရအောင် ခုနကပြောပြီးပြီ၊ အဲဒါ ဒီဘက်ကမ်း တရားတွေ ရှုနေရတာ၊ ဒီဘက်ကမ်းတရားတွေ ရှိနေသမျှကာလပတ်လုံး ဘေးရန် တော့ မကင်းသေးဘူးပဲ၊ မကင်း သေးယင် ဟိုဘက်ရှုပါတော့လား ဆိုတော့ ကိုယ့်ဟာကိုယ် ရှုလို့တော့ မဖြစ်ဘူး၊ ဒီလ...
1,325,097
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သပ္ပဋိယံ၊ ကြောက်ဖွယ်ဘေးရှိသော။
1,325,098
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ-သက္ကာယဿ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၏။
1,325,099
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝါ- သက္ကာယဿ၊ ဒုက္ခသစ္စာ၌ အတွင်းဝင်သော ရုပ်နာမ်အပေါင်း၏။
1,325,100
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်း အမည်ပဲ၊ ထင်ရှားရှိတဲ့ ရုပ်နာမ်တွေ တွေ့နေသမျှ ကာလပတ်လုံး ဒီဘက်ကမ်းပဲ ရှိသေးသည်၊ ဒါပေမယ်လို့ ဒီဘက်ကမ်း အသုံးကျပါတယ်၊ ဒီဘက်ကမ်းကပဲ ရှုပြီးတော့ ရောက်ရမယ်၊ ဟိုဘက်ကမ်းကို မျှော်ရှုလို့ မဖြစ်ဘူး၊ တချို့ပုဂ္ဂိုလ်တွေ ဗဟုသုတလဲ ရှိပုံမရပါဘူး၊ သူတို့ဟောပြော နေတဲ့ လူတွေ နိဗ္ဗာန်အာရုံ ပြုတယ်၊ တရား အားထု...