id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,325,101
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သဘာဝကျတဲ့တရားကတော့ ဒီလို ဥပါဒါနက္ခန္ဓာ ငါးပါး တရားတွေပဲ ရှုရမယ်၊ ဥပါဒါနက္ခန္ဓာ ငါးပါး တရားတွေ အမှန်အတိုင်း သိလို့ အနိစ္စ, ဒုက္ခ, အနတ္တတွေ အမှန်အတိုင်း မြင်ပြီ ဆိုယင်တော့ နောက်ဆုံး ဘယ်ရောက်သွားလဲဆိုတော့ ခုနကပြောခဲ့တဲ့အတိုင်း “ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်” ဖြစ်တိုင်း ဖြစ်တိုင်း မှတ်ပါ၊ မြင်တိုင်း, က...
1,325,102
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေ သမ္မသနဉာဏ်က စပြီးတော့ ဒါလေးတွေဟာ သိလာပါတယ်၊ တို့ရှေးတုန်းက မသိလို့ပဲ၊ ရှုတော့ မြင်တာလေးတွေ ကြားတာ လေးတွေ ခဏမစဲ ဖြစ်ပျက်နေတဲ့တရားတွေပဲ၊ မြဲတဲ့တရား ဘာမှမရှိဘူး၊ ဘာမ ှကောင်းတဲ့ တရားတွေလဲ မဟုတ်ဘူး၊ ဖြစ်ပြီး ပျောက်သွားတာပဲ၊ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်ပျက်နေတာပဲ၊ တို့အစတုန်းကတော့ တသက်လုံး ယူဆနေတဲ့, ...
1,325,103
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥဒယဗ္ဗယ ဆိုတာသာ သိလာတာပဲ၊ ဘင်္ဂဉာဏ်မှာ ပိုသိတယ်၊ ဘယ, နိဗ္ဗိန္ဒတွေ အကုန်လုံး သိသွားတာပါပဲ၊ သင်္ခါရုပေက္ခာဉာဏ်ဆိုလျှင် ပြောစရာမရှိဘူး၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ သိတယ်၊ အဲဒါ မမြဲဆင်းရဲ သဘောပဲ၊ ဉာဏ်ထဲ ရှင်းတော့သည်၊ အထက်ဉာဏ်တွေ ရောက်လေလေ ကိုယ်ပိုင်ဉာဏ်လဲ ရှင်းလေလေပဲ၊ ဒီလိုသိဖို့ရာ အရေးကြီးတယ်။
1,325,104
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. အဝတ်လျှော်ခြင်းပမာ ဝိပဿနာရှုပါ ▬▬▬▬▬
1,325,105
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု တရားအားထုတ်တာ တွေတော့ ဒီလို နာရီပိုင်း ကကလေးမဟုတ်ပဲနဲ့ တနေ့လောက် မဟုတ်ပဲနဲ့၊ နှစ်ရက်၊ သုံးရက်လောက်လဲ မဟုတ်ပဲနဲ့ တော်တော်ကြာအောင် အားထုတ်ရတယ်၊ ဘာပြုလို့ အားထုတ်ရ တာတုံး၊ ဒီဉာဏ်တွေ ကိုယ့်ဟာကိုယ် ရှင်းအောင်လို့ လုပ်နေရတယ်၊ ကိုယ့်ဟာကိုယ် အားထုတ်မှ ကိုယ့်ဟာကိုယ် ရှင်းမှာ၊ ဆရာက နေပြီးတော့ ရွှေ့ပေးလို့ ဒီလို မဖြစ်ဘူး၊ ကို...
1,325,106
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘာနဲ့တူလဲဆိုတော့ အဝတ်လျှော်တာ များနဲ့တော့ တူတယ်၊ အဝတ်လျှော်တာ ရေလေးနဲ့ ဆွတ်လိုက် ညှစ်ထုတ်လိုက်၊ ချေးကျွတ်ပလား၊ မကျွတ်သေးလို့ရှိယင် ဆပ်ပြာလေးတိုက်လိုက်၊ တခါရေနဲ့ လောင်းလိုက်၊ ပွတ်လိုက်နယ်လိုက် ညှစ်လိုက်၊ စင်ကြယ်ရဲ့လား၊ မစင်ကြယ်သေးဘူး၊ မစင်ကြယ်သေးလို့ရှိယင် တခါ ဆပ်ပြာနဲ့ တခါတိုက်လိုက် ရေနဲ့တခါတည်း နယ်ပြီးတော့ ညှစ်ထုတ်လို...
1,325,107
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘုရားလက်ထက်တော် အခါကာလတုန်းက ရှုမှတ်ယင်းနဲ့ တထိုင်အတွင်း မဂ်ဖိုလ် ရသွားတာ ရှိတယ်၊ အဲဒါတွေကတော့ ရှေ့ရှေ့သော ဘဝတွေက မဂ်ဖိုလ်ရခါနီး ပုဂ္ဂိုလ်တွေ၊ ဟိုရှေးတုန်းက သူက မဂ်ဖိုလ်ကို မယူသေးလို့သာ ပါရမီ ဆုတောင်းနဲ့ လာတယ်၊ အခု ဂေါတမမြတ်စွာဘုရား လက်ထက်ကျမှ ကျွတ်တန်းဝင်ဖို့ ဆုတောင်း လာတာ ရှိတယ်၊ မဂ်ဖိုလ်တွေ ရလောက်တဲ့ အခြေ အနေ ရှိပေမ...
1,325,108
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရင် တနေ့ကလဲ တခါ ပြောပြီးပါပြီ၊ သီဟိုဠ်က မထေရ်ကြီးတပါး အသည်းအသန် မကျန်းမမာ ဖြစ်တော့ ပတ်ဝန်းကျင် တဆယ့်နှစ် ယူဇနာက ရဟန္တာမထေရ်ကြီး ပရိနိဗ္ဗာန် စံလိမ့်မယ် ဆိုပြီးတော့ လာကြတယ်၊ ပရိနိဗ္ဗာန်စံတာ လာပြီးတော့ ဖူးမြော်ကြ၊ ပူဇော်ကြ၊ ကန်တော့ဖို့ လာကြတယ်၊ လာကြတော့ တပည့်ရဟန်းတပါးက ထပ်ပြီးတော့ သူ့ဆရာတော်ကြီးကိုမေးတယ်၊
1,325,109
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရှင်ဘုရား ရဟန်းကိစ္စများ ပြီးပါပလားလို့၊
1,325,110
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟ-ငါရဟန်းကိစ္စ မပြီးသေးဘူး၊ ဘာဖြစ်လို့တုံး၊ ငါ အရိမေတ္တေယျ မြတ်စွာဘုရား ဖူးမလို့၊ အရိမေတ္တယျ မြတ်စွာဘုရား လက်ထက်ကျမှ ငါနိဗ္ဗာန်ယူမယ်လို့ ဒီလိုဆုတောင်းထားတယ်၊
1,325,111
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အရှင်ဘုရား ဒီလိုဆိုလို့ရှိယင် လူတွေကတော့ ပတ်ဝန်းကျင်က လာကြတယ်ဘုရား၊ ရဟန္တာ ပရိနိဗ္ဗာန် စံမယ်ဆိုပြီးတော့ ဖူးမြော်ကန်တော့ကြမလို့ လာကြတယ်၊ ဒီလိုရဟန်းကိစ္စ မပြီးသေးဘူး ဆိုယင် သူတို့စိတ်မချမ်းသာတွေ ဖြစ်ကုန်တော့မှာပါပဲ ဘုရားလို့ လျှောက်တော့၊
1,325,112
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ မထေရ်ကြီးကပြောတယ်၊ ဒါဖြင့်ယင် ငါ့ထူပေးအုံး၊ ဒါနဲ့ ထူပေးတယ်၊ ထူပေးပြီးတော့ နည်းနည်းအပြင်ဘက်ထွက်အုံး၊ ဆိတ်ဆိတ်ငြိမ်ငြိမ် တပါးတည်း တရားအားထုတ် လိုက်အုံးမှပဲ ဆိုပြီး တရားအားထုတ်တာကိုး၊
1,325,113
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တပည့်ရဟန်းကလဲ အပြင်ဘက်ထွက်၊ တံခါးလေး ပိတ်ပြီးခါရှိသေးတယ်၊ ကြမ်းခေါက်လိုက်တယ်၊ ဒေါက်ဒေါက် ဆိုပြီးတော့၊ ဪ - ဆရာတော်ကြီး ဘာများ ပြောစရာ ရှိလိမ့်မလဲဆိုပြီးတော့ တပည့်ကပြန်လာတယ်၊ ဘာကိစ္စ ရှိလို့ပါလဲဘုရား၊ ဘာကိစ္စမှ မရှိပါဘူး၊ ကိစ္စပြီးပြီ၊
1,325,114
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နို့ဘုရား မြန်လှပါလား၊ မြန်တာတော့မပြောနဲ့၊ အရေးကြီးတာက သီလစင်ကြယ်ဖို့ အရေးကြီးတယ်၊ ဝါ- ခြောက်ဆယ်ဆိုတော့ အသက် ရှစ်ဆယ်လောက် ရှိမှာပေါ့၊ အဲဒါလောက် ရောက်သည့်တိုင်အောင် သီလဟာ ညှိုးနွမ်းတယ်လို့ မရှိခဲ့ဘူး၊ သီလမစင်ကြယ်တာလို့ မရှိခဲ့ဘူးတဲ့၊ သီလ စင်ကြယ်ဖို့ဟာ အရေးကြီးတယ်၊ သီလ စင်ကြယ်လို့ရှိယင် တရားအားထုတ်လိုက်ယင် ဖြစ်ပါတယ် ဆိုပ...
1,325,115
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါ ခု ပြောချင်တာကတော့ တခြားမဟုတ်ဘူး၊ အဲဒီမထေရ်ကြီးဟာ သူအခုဘဝတွင် လွယ်လွယ်လေး တရားအားထုတ်လို့ မဂ်ဖိုလ်ရနိုင်တယ်၊ ရဟန္တာဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီး၊ ဒါပေမယ့်လို့ သူ အရိမေတ္တေယျ ဘုရားဖူးမယ်ဆိုပြီးတော့ နေနေတယ်၊ အကယ်၍သာ တပည့် ရဟန်းကမလျှောက်ယင် အဲဒီအတိုင်းပဲ သူသွားတော့မှာ၊ သွားပြန်တော့ အရိမေတ္တေယျ မြတ်စွာဘုရား လက်ထက်ကျပြန်တ...
1,325,116
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု ဘုရားလက်ထက် အခုဘဝ တွင်တောင်မှ မဂ်ဖိုလ် လွယ်လွယ်ကူကူလေး သူက ခဏလေး ထိုင်ပေးပါအုံး ဆိုပြီးတော့ အပြင်ဘက် ထွက်ရုံကလေး ဘယ်လောက် ကြာမလဲ၊ တမိနစ်, နှစ်မိနစ် လောက် ရှိမှာပေါ့၊ ဒီလောက်ကလေးနဲ့ မဂ်ဖိုလ် ရောက်နိုင်တဲ့ ပါရမီအခြေခံတွေ ရင့်နေတာ ရှေ့က ဝိပဿနာတွေ သူအားထုတ် ပါလိမ့်မယ်၊ အားထုတ်ပြီးသား ဖြစ်ပါလိမ့်မယ်၊ ဝိပဿနာတွေက သူ သင်္ခ...
1,325,117
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီတော့ ရှေးရှေးသော ဘဝတွေက ဝိပဿနာဉာဏ်တွေ ရင့်ပြီးတော့ နေအောင် အားထုတ် ပြီးတော့ ဂေါတမဘုရားလက်ထက် ကြမှပဲ ကျွတ်တန်းဝင်လိုတဲ့ ပုဂ္ဂိုလ်တွေ ဆုတောင်းရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီမှာ မြတ်စွာဘုရား တရားဟောတဲ့အခါ တပုဒ် တဂါထာ နာကြားရုံနဲ့ တခဏလေး အတွင်းမှာ မဂ်ဖိုလ်နိဗ္ဗာန်တွေ ရောက်ကြတာ။
1,325,118
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါတွေဟာ ပါရမီ ရင့်နေတဲ့ပုဂ္ဂိုလ်တွေ၊ ဒါကြောင့် ရောက်ကြတယ်။
1,325,119
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. သက္ကာယခေါ်ရုပ်နာမ်ကို ဝိပဿနာရှုကြ ▬▬▬▬▬▬
1,325,120
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို မရင့်သေးတဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုယင်တော့ သူက အားထုတ်ရတယ်၊ တော်တော် အားထုတ်ရုံနဲ့ မဖြစ်ဘူး၊ အတော့ကို အားထုတ်ရတယ်၊ ကြေနေအောင် အားထုတ် ရတယ်၊ အဲဒီလို ကျင့်ပြီးသား ပုဂ္ဂိုလ်တွေက အခုဘဝတွင် မဂ်ဖိုလ် မယူသေးဘူး ဆိုယင်လဲ နောက်တခါကျတော့ လွယ်လွယ်ကူကူနဲ့ မဂ်ဖိုလ်ရောက်မယ့် ပုဂ္ဂိုလ် တွေပါပဲ၊ အဲဒါကြောင့် မြင်တိုင်း ကြားတိုင်း ဒ...
1,325,121
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဘက်ကမ်းလို့ ဆိုရတဲ့ ထင်ရှားတဲ့ ရုပ်နာမ်အပေါင်း မြင်တိုင်း, ကြားတိုင်း ဒွါရခြောက်ပါးမှ ထင်ရှား ပေါ်နေတဲ့ ရုပ်နာမ်အပေါင်းဟာ သက္ကာယ ခေါ်သည်၊ ဒုက္ခသစ္စာဟူ၍လဲ ခေါ်သည်၊ ဥပါဒါနက္ခန္ဓာငါးပါး ဟူ၍လဲ ခေါ်သည်၊ ဒီတရားတွေကို ဝိပဿနာ ရှုရတယ်၊ ဒီတရားတွေ ရှုလို့ရှိယင် “ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်”၊ မမြဲဆင်းရဲသဘ...
1,325,122
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ရုပ်နာမ်တရားတွေကို အဖြစ်အပျက်လေးတွေ သိလာတဲ့အခါမှာ အနိစ္စ စသည် ပေါ်လာပြီး ပျောက်သွားလို့ ဒါမမြဲတဲ့ တရားပဲလို့ သုံးသပ်ဆင်ခြင်တာ၊ သမ္မသနဉာဏ်၊ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲတွေချည်းထဲပဲ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် ဘာမှအသုံးကျတဲ့ တရားတွေ မဟုတ်ဘူး၊ ကောင်းတဲ့တရားတွေ မဟုတ်ဘူး၊ နှစ်သက်စရာ အားကိုးစရာတရားတွေ မဟုတ်ဘူး၊ ဆင်းရဲချည်း...
1,325,123
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အခု ဝိပဿနာရှုယင်သိတာကတော့ နာယင် နာတာလေး ဖြစ်ပျက်တာ၊ ဒီလို သိတာကတော့ အဖိုးတန်ပါတယ်၊ ဒါပေမယ်လို့ အရေးကြီးတာကတော့ သင်္ခါရဒုက္ခ မြင်ဖို့ရာ အရေးကြီးတယ်၊ ဖြစ်ပျက်သွားလို့ ဆင်းရဲတွေပဲလို့ ဆိုတာမြင်ရမယ်၊ သူ့သဘောအတိုင်း သူဖြစ်ပျက်သွားလို့ အနတ္တ တရားတွေပဲလို့ မြင်ရမယ်၊ ဒီလို ရှုယင်း ရှုယင်းနဲ့ သိနေတာ သမ္မသနဉာဏ် သုံးသပ်တယ်၊ သမ္မသ...
1,325,124
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူ့ဟာသူ ပျက်တယ်၊ သမ္မသနဉာဏ်ရင့်လာတဲ့အခါ အဖြစ်အပျက်ကလေးတွေ ပိုင်းခြားပြီးတော့ သိလာတယ်။
1,325,125
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥဒယဗ္ဗယဉာဏ် အဖြစ်အပျက်တွေ နိုင်လာတဲ့အခါ ကျတော့လဲ အဖြစ်တောင် မထင်တော့ဘူး၊ အပျက်ချည်းထဲပဲ မှတ်တိုင်းမှတ်တိုင်းဟာ အပျက်ချည်းထဲပဲ ထင်နေတာ၊ ဘင်္ဂဉာဏ်၊ မှတ်ရတဲ့ အာရုံရော မှတ်သိတဲ့ စိတ်ရော ဖြစ်ပြီးယင်း ပျောက်ယင်း၊ ဖြစ်ပြီးယင်း ပျောက်ယင်း။
1,325,126
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဘင်္ဂဉာဏ်ပြီးတော့ နောက်ဘယ၊ ဘေးထင်တာ ကြောက်စရာ ကောင်းတယ် ထင်လာတယ်၊ အာဒီနဝ အပြစ်မြင်လာတယ်၊ နိဗ္ဗိန္ဒငြီးငွေ့လာတယ်၊ မပျော်တော့ဘူး၊ မကောင်းတဲ့ဟာ ဆိုတော့ ဘယ်ပျော်တော့မှာတုံး၊ ကောင်းတယ်ထင်လို့ ပျော်နေတာ၊
1,325,127
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နိဗ္ဗိန္ဒငြီးငွေ့လာတော့ လွတ်မြောက်ချင်တဲ့ မုဥ္စိတုကမျတာဉာဏ် ဖြစ်လာတယ်၊ လွတ်မြောက် ချင်တော့ လွတ်မြောက်အောင် အားထုတ်တဲ့ ပဋိသင်္ခါဉာဏ် ဖြစ်လာတယ်၊ ပဋိသင်္ခါဉာဏ်က အားထုတ်လို့ ရင့်ကျက်လာတဲ့အခါ လျစ်လျူရှုတဲ့ သင်္ခါရုပေက္ခာဉာဏ် တခါဖြစ်လာတယ်၊
1,325,128
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းတက်ပြီဆိုတော့ နောက် အနုလောမဉာဏ် ကနေ ပြီးတော့ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့တရားကိုတော့ ဟိုဘက်ကမ်း ရောက်သွားရမှာ၊ ဒီဘက်ကမ်း တရားတွေရှုနေယင် ဟိုဘက်ကမ်း သူ့အလိုလို ရောက်ရမှာ၊ အဲဒါ အရေးကြီးပါတယ်။
1,325,129
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီကနေ့တော့ ဟိုဘက်ကမ်းတော့ မပြောသေးဘူး၊ ဟိုဘက်ကမ်းက နောက်နားကျမှ ပြောရမယ်၊ ဒီနေ့တော့ ဒီဘက်ကမ်းတွင်ပဲ၊ ဒီဘက်ကမ်းတရားတွေရှု၊ ဒီဘက်ကမ်း တရားတွေမှာ အနိစ္စ, ဒုက္ခ, အနတ္တတွေ ပိုင်ပိုင်နိုင်နိုင် သိယင် ဟိုဘက်ကမ်း ကိုရောက်သည်၊ ဒါပဲ၊ “ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်”၊ ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စုတွေ ဘယ်လိုကင်...
1,325,130
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“မမြဲဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲရှင်းတော့သည်”၊ စွဲမှုကင်းပျောက်ယင် “စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်”၊ စွဲမှုကင်းပျောက်လို့ ရှိယင်တော့ ဟိုဘက်ကမ်းနိဗ္ဗာန်ကို ရောက်ပါလိမ့်မည်၊
1,325,131
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီသုံးပုဒ်ကလေးတော့ ဆိုကြအုံးစို့။
1,325,132
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
1,325,133
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မမြဲဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲရှင်းတော့သည်။
1,325,134
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
1,325,135
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဘက်ကမ်းနဲ့တူတဲ့ ဒီဘက်ကမ်းလို့ဆိုရတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတရား သက္ကာယ တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုပါတဲ့၊ ဖြစ်တိုင်းမှတ်ရှုလို့ ရှိယင်ဖြင့် သက္ကာယ ရုပ်နာမ်တရားတွေ စွဲလမ်းမှုတွေ ကင်းသွားပါလိမ့်မယ်၊ စွဲလမ်းမှု ကင်းလို့ရှိယင် အရိယ မဂ်ဉာဏ်တွေပေါ်ပြီးတော့ ဟိုဘက်ကမ်း နိဗ္ဗာန်ကို ရောက်သွားပါလိမ့်မယ်၊ အဲဒီလို ဆိုလိုပါတ...
1,325,136
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟိုဘက်ကမ်း ရောက်ပုံကတော့ နောက်နားကျမှ ပြောရအုံးမယ်၊ ဒီကနေ့တော့ ဆောင်ပုဒ်ကလေး ဆိုပြီးတော့ သိမ်းကြဦးစို့။
1,325,137
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြွေလေးကောင်ကား(လ) ကယ်သူကား၊ ဘုရားမြတ်ပေတည်း။
1,325,138
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဤအာသီဝိသောပမသုတ္တန် တရားတော်ကို ရိုသေစွာ မှတ်သားကြရသော ဓမ္မသဝနကုသိုလ်ကံ တို့၏ အစွမ်းအာနုဘော်တို့ကြောင့် တရားနာပရိသတ် သူတော်ကောင်း အပေါင်းတို့သည် ဤသို့ ဒေသနာ၌ လာသည့်အတိုင်း သိသင့် သိထိုက်သော တရားတို့ကို သိအောင် ရှုမှတ်အားထုတ် နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ် အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ...
1,325,139
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. “အာသီဝိသောပမသုတ် တရားတော်” ၁၃၂၈-ခု၊ ဝါခေါင်လကွယ်နေ့ ဟောကြားတော်မူသည်။
1,325,140
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အာသီဝိသောပမသုတ် နောက်ဆုံးပိုင်း ရောက်နေပါပြီ။
1,325,141
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြွေလေးကောင်လား(လ) သုံးစုံဒမြ၊ ဝင်လာကြ၍၊ ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍။
1,325,142
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မဂ္ဂင်ရှစ်ပါးဖောင်ဖွဲ့ပုံ ပြီးခဲ့တဲ့သီတင်းက အဲဒီကိုရောက်သွားပါပြီ၊ မြွေထိန်းယောက်ျား၊ မြွေကြီး ၄ - ကောင်မှ လွတ်ကင်းအောင်လို့ထွက်ပြေး၊ မြွေကြီး ၄-ကောင်ကလဲ နောက်ကလိုက်တယ်၊ နောက် ဘုရင်မင်းမြတ်က တွေ့ရာဖမ်းပြီးသတ်ဖို့ရာ သူ့ရန်သူ ကြီး ၅-ယောက်ကိုလဲပဲ အမိန့်ပေးပြီးတော့ လွှတ်လိုက်လို့ ရန်သူကြီး ငါးယောက် ကလဲပဲ လက်နက်တွေ စွဲကိုင်...
1,325,143
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရွာပျက်ကုန်းမှာလဲ ဒမြကြီး ၆-ယောက်က ဝင်လာလို့ ထွက်ပြီးတော့ ပြေးရတယ်၊ ဒမြကြီး ၆-ယောက်က နောက်ကလိုက်လျက်၊ ရန်သူကြီး ၅-ယောက် ကလဲ နောက်ကလိုက်လျက်၊ မိတ်ဆွေဖြစ်တဲ့ ရန်သူကလဲ နောက်ကလိုက်လျက်၊ ဒမြကြီး ၆-ယောက်ကလဲနောက်က၊ အဲဒီလို လိုက်တော့ ကြောက်တာနဲ့ အတင်းပြေးတော့ ရေပြင်ကျယ်ကြီးကို ရောက်သွားတယ်၊ အဲဒီရေပြင် ကျယ်ကြီး ရောက်သွားတဲ့ အခါ...
1,325,144
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
“ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊” ဒီဘက်ကမ်းမှာ နေလို့ရှိယင် နောက်ကလိုက်လာတဲ့ ဘေးရန် အန္တရာယ်တွေနဲ့ မလွတ်နိုင်ဘူး၊ မြွေကြီး ၄-ကောင်ဆိုတဲ့ ဓာတ်ကြီး ၄-ပါး ကလဲပဲ ကိုယ်ထဲ ရှိနေတာပဲ၊ ရန်သူကြီး ၅-ယောက်ဆိုတဲ့ ခန္ဓာငါးပါးကလဲ ဒီကိုယ်ထဲတွင် ရှိနေတာပဲ၊ သူသတ်သမားကြီး ၅-ယောက်၊ ကိုယ့်အတွင်းသားဖြစ်တဲ့ မိတ်ဆွေ ဖြစ်တဲ့ ရန်သူဆိုတာကလဲပဲ နန္...
1,325,145
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီဘေးရန်တွေ လွတ်တာက ဘယ်မှာတုံး၊ ဟိုဘက်ကမ်း ရောက်မှ၊ ဟိုဘက်ကမ်း ဆိုတာ ဘာလဲဆိုတော့ နိဗ္ဗာန်ပဲတဲ့၊ နိဗ္ဗာန်ရောက်မှ ဓာတ်ကြီး ၄-ပါးလဲပဲ မရှိဘူး၊ ခန္ဓာငါးပါး သူသတ်သမား တွေလဲပဲ မရှိဘူး၊ နိဗ္ဗာန်ရောက်တော့ အေးသွားတယ်၊ နန္ဒီရာဂ ခေါ်တဲ့ အတွင်းရန်သူလဲပဲ မရှိဘူး၊ ဒမြကြီး ၆-ယောက်ဆိုတဲ့ အာရုံ ၆-ပါး တရားတွေလဲ မနှိပ်စက်နိုင်တော့ဘူး၊ နိ...
1,325,146
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ယုံကြည်မှု သဒ္ဓါတရား အရေးကြီး
1,325,147
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ မဂ္ဂင်ရှစ်ပါး တရားတည်း ဟူသောဖောင်ကို ဖွဲ့တဲ့အခါ သန်ဖို့လိုတယ်၊ လက်လဲ သန့်ဖို့ လိုတယ်၊ ခွန်အားဗလလဲ ပြည့်စုံဖို့ရာ လိုတယ်တဲ့၊ ဟုတ်တယ်၊ ဒီဟာလိုတယ် ပြောခဲ့ပြီ၊ အဲဒီ အထဲမှာ လက်ဆိုတာက သဒ္ဓါတရား၊ ယုံကြည်မှု အရေးကြီးတယ်၊ မြတ်စွာဘုရား လက်ထက်က လဲပဲ၊ မြတ်စွာဘုရား တရားနာပြီး ကျွတ်တန်းဝင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာလဲပဲ ယုံကြည်လို့ပဲ ...
1,325,148
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေက ယုံမှမယုံပဲ၊ ဘုရားစကားကို လိုက်နာပြီးတော့ သူတို့မကျင့်ဘူး၊ မကျင့်တော့ သူတို့မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုသိုလ် တရားတွေလဲ မဖြစ်ဘူး၊ မဂ္ဂင်ရှစ်ပါး တရားတွေဆိုတာ ဝေးရောပဲ၊ ဘယ်ဖြစ်လိမ့်မှာတုံး၊ အဝေးကြီး၊ အဲဒါ ယုံကြည်တဲ့ သဒ္ဓါတရားက အရေးကြီးတယ်၊ ဘုရားပရိနိဗ္ဗာန် စံပြီးတဲ့ နောက်လဲပဲ ဒီအတိုင်းပဲ၊ မြ...
1,325,149
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တချို့က ဟောကြတယ်၊ ယုံတယ် ဆိုတာကတော့ ဒါက မျက်စိမှိတ်ပြီးတော့ မယုံနိုင်ဘူးတဲ့၊ တချို့က ဒီလိုလဲပြောတယ်၊ ကိုယ်တိုင် တွေ့ပြီးမှ ယုံကြည်နိုင်မယ်လို့ ပြောတယ်၊ ကိုယ်တိုင် တွေ့ပြီးမှ ယုံကြည်ရတာလဲရှိတယ်၊ မတွေ့ခင် စောစောကနေပြီး ယုံကြည်ရတာလဲ ရှိတယ်၊ ၂-မျိုး ရှိတယ်၊
1,325,150
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မတွေ့ခင် စောစောက ဘယ်လိုဟာ ယုံကြည်ရသလဲဆိုယင် အခုလောကထဲလဲ မတွေ့ခင် ယုံကြည်ရတာလဲ ရှိပါတယ်၊ ကိုယ်မရောက်ဖူးတဲ့ အရပ်တွေ ခရီး သွားကြတယ်၊ ခရီးသွားတော့ ရောက်ဖူးတဲ့ သွားဖူးတဲ့ ပုဂ္ဂိုလ်တွေက ပြောတယ်၊ ဒီလမ်းက ဒီလိုသွားရတယ်၊ ဒီလိုသွားယင် ဒီရောက်တယ်၊ ဥပမာ ရထားနဲ့ သွားရတယ်၊ မော်တော်ကားနဲ့ သွားရတယ်၊ သင်္ဘောနဲ့ သွားရတယ်၊ လှေနဲ့ သွားရတယ...
1,325,151
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သို့မဟုတ်လဲပဲ လမ်းလျှောက်ပြီးတော့ သွားရတယ်၊ ဒီလမ်းအတိုင်းသွား၊ ဒီကနေပြီး တော့ ဘယ်သွား၊ ဘယ်လောက် ရောက်တဲ့ အခါကျတော့ ဘယ်ရွာတွေ့လိမ့်မယ်၊ ဘယ်လမ်း တွေ့လိမ့်မယ်၊ အဲဒီကနေပြီးတော့ ဘယ်ဘက်ကိုသွား စသည်ဖြင့် ရောက်သွားဖူးတဲ့ပုဂ္ဂိုလ်က ညွှန်ကြားယင် အဲဒီဥစ္စာယုံကြည်ရတယ်၊ ကိုယ်မသွားဖူး တာနဲ့ ကိုယ်မရောက်သေးတာနဲ့ မယုံပဲနေယင် အဲဒီ ပုဂ္ဂ...
1,325,152
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒီကနေပြီး မန္တလေး သွားချင်တယ်ဆိုယင် ရထားစီး သွားရမယ်ဆိုတာ သွားဖူးတဲ့ ပုဂ္ဂိုလ်က ပြောတော့ ယုံရတာပဲ၊ သူများတွေလဲ သွားနေတော့ သူ့ဟာ ရောက်လောက် တယ်ဆိုတာ ခန့်မှန်း နိုင်တယ်၊ သင်္ဘောလမ်းက သွားချင်လို့ ရှိယင်လဲ သင်္ဘောခရီးက သွားယင်လဲ ရောက်တယ်ဆိုလဲ ယုံကြည်ရတာပဲ၊ ကိုယ်မရောက်ဖူးသေးတာနဲ့ သူများပြောတာ မယုံကြည်သေးပါဘူး၊ မယုံနိုင်ပါဘ...
1,325,153
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သွားပြီးတော့ ဟိုရောက်တဲ့အခါကျမှ ကိုယ်ရောက်ချင်တဲ့နေရာ ဟုတ်သလား မဟုတ် သလား စုံးစမ်းပေါ့၊ ဟုတ်လို့ရှိယင် ဒါယုံကြည်ရမှာပေါ့၊ ငါလာခဲ့တဲ့လမ်း မှန်တယ်၊ ဟိုပုဂ္ဂိုလ်တွေ ဟိုပုဂ္ဂိုလ်တွေ ညွှန်ကြားလိုက်တဲ့ ခရီးလမ်းဟာလဲ မှန်တယ်လို့ သေသေချာချာ ယုံကြည်ပြီး ဆုံးဖြတ်ရမယ်၊ တွေ့တဲ့အခါကျတော့၊ မတွေ့ခင်ကလဲပဲ အသင့်ယုတ္တိရှိတဲ့ ဥစ္စာဆိုတာယု...
1,325,154
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ဖြစ်တိုင်း လိုက်ရှု မြင်သိမယ်
1,325,155
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြတ်စွာဘုရား ဟောကြားထားတယ်၊ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး တရားတွေ ကျင့်လို့ရှိယင် အိုခြင်း, နာခြင်း, သေခြင်းကင်းတဲ့ နိဗ္ဗာန်တရား တွေ့တယ်လို့ ဟောထားတယ်၊ သောတာပတ္တိ မဂ်ဖိုလ်၊ သကဒါဂါမိမဂ်ဖိုလ်၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တမဂ်ဖိုလ်ဆိုတဲ့ မဂ် ၄-ပါး ဖိုလ် ၄ပါး ကိုရတယ်လို့ ဟောထားတယ်၊ ဒီတော့ ဟောထားတဲ့အတိုင်းဟာ ဟုတ်သလား မဟုတ်သလား စဉ်း...
1,325,156
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမ္မာဒိဋ္ဌိအမှန်အတိုင်း မြင်အောင်ဟာ ဘယ့်နှယ် လုပ်ရမလဲဆိုတော့ သမ္မာဒိဋ္ဌိ ရုပ်နာမ်တရားတွေ အမှန်အတိုင်း မြင်အောင် လိုက်ရှုရတာပဲ၊ အခုလဲ ဒီလိုပဲ၊ ရှုယင် သိတာပဲ၊ ဒီတော့ ဒီဥစ္စာ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်ရမှာပေါ့၊ မရှုပဲ နေလို့ရှိယင်ဖြင့် မမြင်ဘူး၊ မသိဘူး၊ ရှုလို့ရှိယင် မြင်မယ်၊ သိမယ်၊ ဒါယုံကြည်စရာပါပဲ။
1,325,157
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကိုယ်ထဲမှာ ရုပ်တရား နာမ်တရားတွေဟာ ခဏမစဲ ဖြစ်ပျက်နေတယ်၊ အဲဒီ ဖြစ်ပျက်နေတဲ့ တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ ရှုလို့ရှိယင် အမှန်အတိုင်း မြင်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ရုပ်နာမ် သဘောတရားတွေ ဖြစ်ပြီးတော့ ပျက်သွားလို့ မမြဲဘူးဆိုတာလဲ တွေ့ရတယ်၊ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲ တွေပဲဆိုတာလဲ တွေ့ရတယ်၊ သူ့သဘောအတိုင်း သူ ဖ...
1,325,158
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ရုပ်နာမ်တွေက သူ့ဟာဖြစ်ပျက်နေတာပဲ၊ အမြဲ တည်နေ တာမှ မဟုတ်၊ ခဏမစဲ ဖြစ်ပျက်နေတာ၊ ခဏမစဲဖြစ်ပျက်နေတော့ ဖြစ်တိုင်း ဖြစ်တိုင်း စောင့်ပြီးတော့ ကြည့်ရှုနေလို့ရှိယင် ဒီရုပ်နာမ်တရား တွေရဲ့ အဖြစ်အပျက်ကို တွေ့ရမှာပေါ့၊ ဘယ်သူ ကမှ ပြောဟောနေဖို့ ရာမလိုဘူး၊ ခက်ခက်ခဲခဲ ကြံနေဖို့ရာ မလိုဘူး၊ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့သာရှု၊ ရှုလို...
1,325,159
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
စောစောကတည်းက ဒါက တရားအားထုတ်ခင် ကတည်းက စဉ်းစားကြည့်ယင် ဒီဟာ ဖြစ်နိုင်တယ်၊ ယုံကြည်ဖို့ရာ တချို့၊ အဲဒီဘာဝနာ ကမ္မဋ္ဌာန်း တရားတွေ ဟောကြတယ်၊ ရုပ်တရား တွေဟာ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ အကြောင်းတွေ ဟောတယ်၊ ဘယ်လိုလုပ်ရမတုံး ဆိုတော့ ရုပ်က ဒီတရား၊ နာမ်ကဒီတရား၊ ဒီလိုဖြစ်တယ်၊ ဒီလိုပျက်တယ်၊ ဒါမှတ်ထား၊ မှတ်ပြီးတော့ အဖန်ဖန် နှလုံးသွင...
1,325,160
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. သညာ ပြောင်းလိုက်ရုံပဲ
1,325,161
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬▬▬▬ တချို့က ဒီလိုဟောတယ်၊ အဲဒါလဲ စဉ်းစားစားစရာ ရှိပါတယ်၊ တခါက ဆရာတော်ကြီးတပါး ဗဟုသုတတွေရှိတဲ့ ဆရာတော်ကြီးတပါး ဝိပဿနာ အကြောင်းနဲ့ ပတ်သက်ပြီးတော့ တရား ဆွေးနွေးယင်း ပြောတာပါပဲ၊ တရား ဟောတာ တော့ မဟုတ်ပါဘူး၊ အလွယ်လေးပဲတဲ့၊ သူက ပြောတယ်၊ သညာ ပြောင်းလိုက် ရုံပါပဲတဲ့၊ မူလက နိစ္စ, မြဲတယ်လို့ ထင်နေတာ၊ အနိစ္စ, မမြဲဘူး ပြောင်းလ...
1,325,162
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါဟာ ဘုန်းကြီးက စဉ်းစားတယ်၊ သညာပြောင်းယင် သညာဖြစ်မှာပဲ၊ ပညာ မဖြစ်ဘူး၊ ပကတိ အနေအားဖြင့် မြင်ရ, ကြားရ, တွေ့ရတဲ့ ဥစ္စာတွေဟာ အမြဲတမ်း မြင်နေတယ်၊ အမြဲတမ်း ကြားနေတယ်၊ အမြဲတမ်း တည်နေတယ်လို့ ပကတိ ပုဂ္ဂိုလ်တွေက ထင်နေတာကိုး၊ အဲဒါတွေကို မမြဲဘူး၊ မမြဲဘူးလို့ပြောယင် ကိုယ့်ဉာဏ် ထဲက ကိုယ့်စိတ်ထဲက တကယ်ထင်ဖို့ရာ အရေးကြီး တာကိုး၊ မမြဲ...
1,325,163
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကြာကြာကြီး နှလုံးသွင်းပါ များတော့ အနိစ္စ သညာလဲပဲ တော်တော်တန်တန် ခိုင်မြဲဖို့ရာ အကြောင်းတော့ ရှိပါတယ်၊ ဒါပေမယ်လို့ ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိ မဟုတ်တော့ ပျက်သွားနိုင်သေးတာပဲ၊ စာတွေကို ကျက်ထားတာလိုပဲ၊ ငယ်ငယ်က ကျက်ထားတဲ့ ဥစ္စာတွေများ အင်မတန် ကြေနေတာပဲ၊ မမေ့နိုင်ဘူးလို့ အောက်မေ့ ရတယ်၊ ဒါပေမယ့် မလေ့လာပဲနဲ့ ပစ်ထားယင် ကြာတော့...
1,325,164
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဗုဒ္ဓဘာသာမဟုတ်တဲ့ အပြင်ဘက်က ဘာသာခြား ပုဂ္ဂိုလ်တွေက ပြောကြတယ်၊ ဗုဒ္ဓဘာသာ တွေဟာ သူတို့ အနိစ္စ, ဒုက္ခ, အနတ္တတွေ နှလုံးသွင်းတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ ထင်တယ်ဆိုတာ ဟုတ်မှာပေါ့တဲ့၊ ဘာပြုလို့တုံးဆိုတော့ အစကတည်းက ဒီအတိုင်းထင်ပြီး နှလုံးသွင်းတာကြာတော့ နှလုံးသွင်း စိတ်ထဲကထင်တာပဲ၊ တကယ် သိတာ မဟုတ်ဘူး ဆိုပြီးတော့ အဲဒီလို အပြင်ဘက်...
1,325,165
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ဖြစ်တိုင်းရှုရုံသာ ရှုပါ
1,325,166
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬▬▬▬ အခု သတိပဋ္ဌာန် ဒေသနာတော် နည်းအရ ဒီမှာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ စိတ်ညွတ်ဖို့ရာ မဟုတ်ပါဘူး၊ ဆရာတွေက ပြောထားရတယ်၊ ရုပ်နာမ်ဆိုပြီးတော့ စိတ်မညွတ် နဲ့နော်၊ ဒါက ရုပ်လား၊ နာမ်လား သွားစဉ်းစား မနေနဲ့၊ ရုပ်ပဲ၊ နာမ်ပဲဆိုပြီး သွားနှလုံးသွင်းမနေနဲ့၊ ဒါဖြစ်တာလား ပျက်တာလားဆိုပြီး နှလုံးမသွင်းနဲ့၊ ဖြစ်တယ်ပျက်တယ် ဆို...
1,325,167
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သို့သော်လဲ သုတမယဉာဏ် ဖြစ်သင့်သလောက် ဖြစ်အောင် နည်းနည်းတော့ ပြောထားရတယ်၊ ကိုယ်ထဲမှာ ရုပ်နာမ် နှစ်ပါးသာ ရှိတဲ့အကြောင်း၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတရားမျှ ရှိတဲ့အကြောင်း၊ ဒုက္ခသစ္စာတရားတွေ သမုဒယ သစ္စာတရားတွေသာ ရှိတဲ့အကြောင်း၊ ဒါတွေကို ပြောထားရတယ်၊ ဒါလောက်ကတော့ သာမညတော့ သိရတယ်၊ စောစောက ရုပ်နာမ်မျှပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တပဲလ...
1,325,168
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. သမ္မာဒိဋ္ဌိ ဖြစ်ပုံ
1,325,169
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬ ဒါကြောင့် ဒီသမ္မာဒိဋ္ဌိဖြစ်ပုံက- ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓ ဂါမိနိယာ ပဋိပဒါယ ဉာဏံ။
1,325,170
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
လို့ တနေ့ကဟောခဲ့တဲ့ သမ္မာဒိဋ္ဌိဉာဏ် ၄-ပါးဖြစ်ပုံ၊ သစ္စာလေးပါးနဲ့ ဝေဖန်ပြီး ဟောတယ်။
1,325,171
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. မဂ္ဂ, နိရောဓသစ္စာ ရအောင် အားထုတ်ကြ
1,325,172
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီထဲမှာ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုတာ လောကုတ္တရာ သစ္စာတွေပဲ၊ ဒီသစ္စာတွေကတော့ စောစောကတည်းက မသိနိုင်ဘူး၊ စိတ်ညွတ်ရုံမျှပဲ၊ နိရောဓ သစ္စာဆိုတာဟာ နိဗ္ဗာန်တရား၊ ဣဋ္ဌံ ကန္တံ မနာပံ၊ ဣဋ္ဌံ၊ အလိုရှိအပ်တဲ့တရား။
1,325,173
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ကန္တံ၊ နှစ်သက်အပ်တဲ့တရား။
1,325,174
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မနာပံ၊ မြတ်နိုးအပ်တဲ့ တရားပဲ၊ ကောင်းတဲ့တရားပဲလို့ ဆိုလိုပါတယ်၊ မဂ္ဂသစ္စာဆိုတာ နိဗ္ဗာန်ကို မျက်မှောက် ပြုပြီးသိတဲ့ အရိယမဂ္ဂသစ္စာတရား၊ ဒါလဲ (ဣဋ္ဌ ကန္တ မနာပ) အလိုရှိအပ်တဲ့ တရား၊ နှစ်သက်အပ်တဲ့တရား၊ မြတ်နိုးအပ်တဲ့ တရားပဲလို့ စောစောကနေ ဒီလိုသိထားရမယ်၊ အဲဒီလိုသိပြီးတော့ (ဣဋ္ဌ ကန္တ မနာပ) ဖြစ်တဲ့ မဂ္ဂသစ္စာ မိမိသန္တာန်ဖြစ်အောင်...
1,325,175
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီနိရောဓသစ္စာ မဂ္ဂသစ္စာတွေ မျက်မှောက်ပြုနိုင်တဲ့ နည်းလမ်း ကျင့်ရမှာပါပဲ၊ ဘာလို့တုံး ဆိုလို့ရှိယင် အခု အလုပ်လုပ်ကြသလိုပဲ၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ နေ့စားနဲ့က လုပ်လုပ်ရတဲ့ ပုဂ္ဂိုလ် တနေ့ကို ၅-ကျပ် ရတယ် ဆိုပါတော့ အဲဒီငွေ ၅-ကျပ် ရဖို့ရာ သူကစိတ်ညွတ်ပြီးတော့ အလုပ်လုပ်ရတာ၊ အလုပ်လုပ်နေတဲ့အခါ ၅-ကျပ် ကလေးရပါစေလို့ ဆိုနေရတာ ...
1,325,176
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒါလိုပဲ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ စိတ်ညွတ်ပြီးတော့ အားထုတ်ရတယ် ဆိုတာ ဒီနိရောဓသစ္စာ၊ မဂ္ဂသစ္စာကိုရစေနိုင်တဲ့ အကျင့်လမ်းတွေကို အားထုတ်ရတာပါပဲ၊ အားထုတ်တဲ့ အခါကာလမှာ ရပါစေ၊ ရပါစေ၊ နိရောဓမဂ္ဂတွေကို စိတ်ညွတ်ပြီး တမင်တကာ ပို့နေရတာ မဟုတ်ပါဘူး၊ ရစေနိုင်တဲ့ အလုပ်ကို နည်းလမ်းမှန် အတိုင်း အချိုးတကျ လုပ်သွားယင် ပြီးတာပါပဲ၊ ဒါကြောင့...
1,325,177
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ဒုက္ခနှင့် သမုဒယကိုရှု
1,325,178
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬▬▬ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ရှုရတယ်တဲ့၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာတွေ၊ ဒုက္ခသစ္စာတွေဆိုတာ ဘာတုံးဆိုတော့ တနေ့က ခဏခဏလဲ ဟောခဲ့ပါပြီ၊ ဥပါဒါနက္ခန္ဓာတရားတဲ့၊ သက္ကာယနဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတရားပဲတဲ့၊ အဲဒါတွေက ဘယ်မှာ ရှိတာတုံး ဆိုယင် မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း, ကွေးတိုင်း, ဆန့်တိုင်း, စိတ်ကူ...
1,325,179
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ဒုက္ခသစ္စာ တရားတွေကိုပဲ ကောင်းတယ်လို့ ထင်ပြီးတော့ သာယာနှစ်သက်တဲ့ သဘောက သမုဒယသစ္စာပဲတဲ့၊ မြင်ရတာ ကောင်းတယ်ထင်ပြီး သာယာနှစ်သက် သဘောကျတယ်၊ ကြားရတာ ကောင်းတယ် ထင်ပြီး သာယာသဘောကျတယ်၊ နံရ စားရတာတွေ ကောင်းတယ် ထင်ပြီး သာယာနှစ်သက် သဘောကျတယ်၊ တွေ့ထိ ရတာတွေ အတွေ့အထိ အမျိုးမျိုးတွေ ကောင်းတယ်ထင်ပြီး သာယာသဘောကျတယ်၊ ကွေးရ, ဆန့်ရ,...
1,325,180
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သာယာနှစ်သက် သဘောကျတဲ့ သမုဒယသစ္စာနဲ့၊ မြင်တိုင်း၊ ကြားတိုင်း ဖြစ်ပေါ်ပြီး တော့နေတဲ့ ဒုက္ခသစ္စာနဲ့ ဒီဟာ ၂-ခုပဲရှိတယ်တဲ့၊ အဲဒီ ဒုက္ခသစ္စာဆိုတာ ဘယ်လို သဘောတုံး ဆိုလို့ရှိယင် ဒုက္ခသစ္စာဆိုတာ ဖြစ်ပြီး ပျက်နေတဲ့တရားတွေ။
1,325,181
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ဖြစ်ပျက် အမြဲနှိပ်စက်
1,325,182
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဘိဏှပဋိပီဠနာဒုက္ခာ - အဘိဏှပ္ပဋိပီဠနာ၊ မပြတ်နှိပ်စက်ခြင်းဟူသော အနက်သဘောကြောင့်။
1,325,183
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဒုက္ခာ၊ ဆင်းရဲပဲတဲ့။
1,325,184
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မပြတ်နှိပ်စက်တယ်၊ ဘာက မပြတ်နှိပ်စက်တုံး ဆိုတော့ (ဥဒယဝယပဋိပီဠနာ) ဖြစ်မှုပျက်မှုတွေ အမြဲနှိပ်စက်နေတယ်တဲ့၊ ဒီတရားတွေဟာ ပကတိပုဂ္ဂိုလ်တွေ ထင်တာကတော့ မဖြစ်မပျက်နဲ့ အမြဲတည်နေတယ်လို့ ထင်ရတယ်၊ မြင်ရတာ မြဲနေသလို၊ ကြားတာမြဲနေသလို၊ နံတာ, စားတာ, တွေ့ထိတာတွေ မြဲနေသလို၊ စိတ်ကူးစဉ်းစား ကြံစည်တာတွေ မြဲနေတယ်လို့ ထင်ရတယ်၊ အမှန်အားဖြင့် ခ...
1,325,185
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီ ဒုက္ခသစ္စာ တရားတွေ၊ အကြမ်းပြင်းအားဖြင့် စောစောက ဒါလောက်တော့ သိထားရမယ်၊ အဲဒီလို သိပြီးတော့၊ ဖြစ်တိုင်း ဖြစ်တိုင်းတွေ ရှုရုံပဲ၊ ရှုတဲ့အခါကျတော့ ဒါက ဒုက္ခသစ္စာပဲလို့ စဉ်းစားနေဖို့ မလိုပါဘူး၊ ဖြစ်ပျက်နေတာလဲ စဉ်းစားဖို့ မလိုဘူး၊ သူသိသင့်တဲ့ အချိန်ကျတော့ သိမှာပဲ၊ ပထမ စခါစကတော့ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးတော့ရှုနေရုံပ...
1,325,186
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နောက်တော့မှ ဒါကလက်ပဲ, ခြေပဲ, ခေါင်းပဲ, ကိုယ်ပဲ, ဒါကအသားပဲ၊ ဆံပင်ပဲ စသည်ဖြင့် နောက်ဒီဟာတွေက ရောက်သွားတာ၊ အစကတွေ့ခါစ၊ ထိခါစတုန်း ကတော့ မာမာကြမ်းကြမ်း တွေ့ယင် မာမာကြမ်းကြမ်းပဲ သိတာပဲ၊ ညမှောင်ထဲမှာ ဆိုပါတော့၊ ညမှောင်ထဲမှာ ကိုယ်မှာ လာပြီးတော့ ထိတယ်ဆိုပါတော့၊ ကိုယ်မှာလာပြီး တော့ ထိလိုက်လို့ရှိယင် မာမာကြမ်းကြမ်းနဲ့ ထိယင် မာမာ...
1,325,187
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
တုတ်ကလေးနဲ့လာထိယင် မာတာဖြစ်ယင် မာတာသိမှာပဲ၊ အဲဒါတုတ်ပဲ၊ ငါ့လာထိတာ တုတ်ပဲလို့ ထိထိချင်း မသိသေးပါဘူး၊ သူက လူတယောက်က လက်နဲ့ အသာကလေး သွားပြီးတော့ တို့လိုက်တယ ဆိုယင်ပဲ အဲဒီမာတာ တွေ့ယင် မာတာသိမှာပဲ၊ ကြမ်းတာတွေ့ယင် ကြမ်းတမ်းတာ သိမှာပဲ၊ ဒါလက်ပဲ၊ ဒါကလူပဲ၊ ယောက်ျားလက်ပဲ၊ မိန်းမလက်ပဲ စသည်ဖြင့် မသိသေးပါဘူး၊ ပထမ စခါစ ထိခါစထိတဲ့ သဘေ...
1,325,188
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. ဖြစ်တိုင်း လိုက်ရှုနေ
1,325,189
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬▬▬▬ အဲဒါ ဖြစ်ခိုက်ကို ရှုမယ်ဆိုယင် အဲဒါလောက်ပဲ သိတယ်၊ ထိတာ မှတ်လိုက်ယင် ထိတဲ့သဘောပဲ သိတယ်၊ ပူတာ, အေးတာ, နွေးတာနဲ့ ထိတဲ့အခါ ပူတာ, အေးတာ, နွေးတာပဲ သိတယ်၊ တောင့်တင်းတာ၊ လှုပ်ရှားတာ, တွေ့ထိတဲ့အခါ တောင့်တင်း လှုပ်ရှားတာ၊ တွန်းကန်တာ၊ ဒါလောက်ပဲ သိတယ်၊ ဗိုက်က ဖောင်းတာ, ပိန်တာ ရှုနေလို့ရှိယင် အထူးအားဖြင့် တောင့်တာ, တင်းတာ...
1,325,190
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
နာမ်တရားထဲက ဆိုလို့ရှိယင် စိတ်အာရုံဆီ သွားတာ၊ အာရုံဆီသွားတဲ့ သဘောပဲ သိတယ်၊ သွားတာ သွားတဲ့သဘော၊ နှစ်သက်ယင် နှစ်သက်တဲ့သဘော၊ လိုချင်ယင် လိုချင်တဲ့သဘော၊ သဘောမှန်ကလေးတွေ စပြီးတော့ သိတယ်၊ ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတာ, ဝေဒနာတွေ ဆိုလို့ရှိယင်လဲ အခံခက်တဲ့ သဘောကလေးတွေ၊ ဒါပဲသိတယ်၊ စိုက်ပြီးတော့ ရှုလိုက်ယင် သဘောကလေးတွေ သိတယ်၊ ...
1,325,191
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အသိဉာဏ်တွေက မြန်လာတဲ့ အခါကျတော့ အဲဒီဖြစ်ပေါ်တဲ့ သဘောလေးတွေ အစနဲ့ အဆုံးနဲ့ ပိုင်းခြားပြီးတော့ အဖြစ်အပျက် ကကလေးတွေ သိတယ်၊ ဖြစ်ပြီးပျောက်သွားလို့ မမြဲဘူး ဆိုတာ လေးတွေလဲ သိရတယ်၊ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲချည်းထဲပဲ ဘာမှကောင်းတဲ့ တရားတွေ မဟုတ်ဘူးလို့လဲပဲ သိရတယ်၊ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်ပျက်နေတာပဲ၊ ဖြစ်အောင်လို့လဲ တောင့်တ...
1,325,192
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဥပမာအားဖြင့် အခုလေတွေ တိုက်နေတယ်၊ ဒီလေတွေ လာအောင်လို့ တောင့်တလို့ မဖြစ်ဘူး၊ မလာပါနဲ့လို့ ဒီလို ပြောလို့လဲ မဖြစ်ဘူး၊ တိုက်ပြီးတော့ လွန်သွားတာတွေ မသွားပါနဲ့လို့ တားထား လို့လဲ မရဘူး၊ အဲဒါလိုပဲ ကိုယ်ထဲမှာ ရှိနေတဲ့ တရား တွေကလဲပဲ ဒီလိုပဲ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်ပြီး ပျောက်သွားတာပဲ၊ အခုလေတွေ တိုက်နေတာနဲ့ တော်တော်ကို တူပါတယ...
1,325,193
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
အဲဒီလို သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အနတ္တတရားပဲဆိုတာ သူ့ဟာသူသိတယ်၊ အဲဒီတော့ တရားအားမထုတ်ခင် ကတည်းက သေသေချာချာ စဉ်းစားကြည့်မယ် ဆိုလို့ရှိယင် ဒီသတိပဋ္ဌာန် နည်းနဲ့ ဖြစ်ခိုက်ဖြစ်ခိုက်ကလေး ရှုလို့ ရှိယင် သဘောအမှန် ကလေးတွေ ဧကန်သိနိုင်တယ်၊ ဖြစ်ပြီး ပျောက်သွားတဲ့ အစနဲ့ အဆုံးလဲ သိနိုင်တယ်၊ ဖြစ်ပြီး ပျောက်သွားလို့ မမြဲဘူး ဆိုတ...
1,325,194
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သူ့သဘောအတိုင်း သူဖြစ်ပျက်နေလို့ အနတ္တသဘောတရား တွေပဲဆိုတာ သိနိုင်တယ် ဆိုတာ စောစောကတည်းကပဲ ယုံကြည်ရတယ်၊ သဒ္ဓါတရား ယုံကြည်မှုဟာ အရေးကြီးတယ်၊ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ အားထုတ်တာ၊ တချို့က မယုံကြည်ဘူး၊ မယုံကြည်ရုံတင် မဟုတ်ဘူး၊ ဒီလို အားထုတ်တဲ့ ဥစ္စာ မဖြစ်နိုင်ဘူးဆိုပြီးတော့ အဲဒီလို ဆန့်ကျင်ဘက်တွေ လျှောက်ပြောဟောနေတဲ့ ပုဂ္ဂိုလ်တ...
1,325,195
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
. သတ္တဝါ အကျိုးအတွက် ဘုရားပွင့်လာ
1,325,196
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
▬▬▬▬▬▬▬▬▬ ဒီပုဂ္ဂိုလ်တွေကတော့ သူတို့ကတော့ အကုသိုလ်တွေ ပွါးနေတာပါပဲ၊ ဘုန်းကြီးက စဉ်းစား ကြည့်တယ်၊ လောကမှာ - ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ။
1,325,197
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါအပေါင်းတို့၏။
1,325,198
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
ဟိတာယ၊ အကျိုးစီးပွား အလို့ငှါ။
1,325,199
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
သမုပ္ပန္နော၊ ပွင့်ထွန်းပေါ်ပေါက် လာပါပေ၏။
1,325,200
Uncategorized
အာသီဝိသောပမသုတ် တရားတော်-ဒု
မြတ်စွာဘုရား လောကမှာ ပွင့်ထွန်းလာတယ်ဆိုတာ ဘယ်သူ့အတွက်တုံး ဆိုယင် အားလုံးသော သတ္တဝါတွေ အတွက်ပဲတဲ့၊ လူတွေအတွက်ရော၊ နတ်တွေအတွက်ရော၊ ဗြဟ္မာတွေအတွက်ရော၊ တိရစ္ဆာန်တွေ အတွက်ရော၊ အားလုံးသော သတ္တဝါ တွေအတွက်၊ လူထဲက ဆိုလို့ရှိယင် အထက်တန်းစား ပုဂ္ဂိုလ်တွေ အတွက်သာ မဟုတ်ဘူး၊ အောက်တန်းစား ပုဂ္ဂိုလ်တွေအတွက်သာ မဟုတ်ဘူး၊ အားလုံးပုဂ္ဂိုလ...