id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,325,201 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါပေမယ်လို့ ဘုရားကို မကြည်ညိုနိုင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ ဘုရားလက်ထက်က ဘုရားကို မကြည်ညိုနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပုရာဏကဿပ၊ မက္ခလိဂေါသာလ အစရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ အများကြီးရှိပါတယ်၊ အဲဒီပုဂ္ဂိုလ်တွေကတော့ ဘုရားပွင့်လာတာ သူ့ခမြာတွေမှာ အကျိုးစီးပွား မရှိဘူး၊ အကုသိုလ် အများကြီး ဖြစ်တယ်၊ ဘုရား ကတော့ အားလုံးသော သတ္တဝါတွေ အကျိုး... |
1,325,202 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ အခု မြတ်စွာဘုရား သာသနာမှာလဲပဲ တရားနည်းလမ်း မှန်တွေကို ဟောတဲ့ ပုဂ္ဂိုလ် တွေကဟော၊ အဲဒီလို ဟောတဲ့ပြောတဲ့ ပုဂ္ဂိုလ်တွေဟာ အားလုံးသော သတ္တဝါတွေ အကျိုး များဖို့ရာပဲ၊ မြတ်စွာဘုရား တရားတွေ ကျင့်ပြီးတော့ အကျိုးများ ဖို့ရာတွေ ဟောတာပဲ၊ ဒါပေမယ်လို့ အဲဒါတွေ မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေက တထောင့် တနားက နေပြီးတော့ ဒီလိုဟာ မဖြစ်န... |
1,325,203 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ အဲဒီလို မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေဟာ မဂ္ဂင်ရှစ်ပါး တည်းဟူသော ဖောင်ကြီးကို ဘယ်လို ဖွဲ့နိုင်လိမ့်မှာတုံး၊ မဂ္ဂင်ရှစ်ပါးဖောင်၊ စဉ်းတောင် မစဉ်းစား ပါဘူး၊ သူ ဒါမဖြစ်နိုင်ပါဘူး ဆိုပြီးတော့ နှလုံးတောင် မသွင်းဘူး၊ သဒ္ဓမ္မဝိမုခ ခေါ်တယ်၊ သဒ္ဓမ္မ၊ သူတော်ကောင်းတရားကို။ |
1,325,204 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိမုခ၊ မျက်နှာမမူပဲနဲ့ ကျောပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ သဒ္ဓမ္မဝိမုခ၊ သူတော်ကောင်း တရားနဲ့ မျက်နှာ မမူပဲနဲ့ နောက်ကျောပေးနေတဲ့ ပုဂ္ဂိုလ်တွေ လို့ခေါ်တယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေမှာဆိုယင် မဂ္ဂင်ရှစ်ပါး တရားတည်းဟူသော ဖောင်ကြီးကို မဖွဲ့နိုင်ဘူးတဲ့၊ ဒါကြောင့် အဋ္ဌကထာက သဒ္ဓါတရား တည်းဟူသော လက်ဟာ အရေးကြီးတယ်၊ သဒ္ဓါတရား တည်းဟူသော လက်ရှိ... |
1,325,205 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . သဒ္ဓါ, သီလ, ဝီရိယ ရှိဖို့လို |
1,325,206 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ သဒ္ဓါတရား တည်းဟူသော လက်ကောင်းရမယ်၊ သဒ္ဓါတရား လက်ကောင်း လို့ ရှိယင် ခြေလဲသန်တော့တာပါပဲ၊ သီလ တည်းဟူသောခြေ သန်သန်စွမ်းစွမ်း ရှိရမယ်၊ ပြီးတော့ ဝီရိယ တည်းဟူသော ခွန်အားကလဲ ရှိရမယ်၊ အလုပ်တခု လုပ်တယ်ဆိုယင် ခွန်အားရှိမှကိုး၊ နေမကောင်း ထိုင်မသာဖြစ်ပြီး ချည့်နဲ့နေတဲ့ ပုဂ္ဂိုလ် ဘာမှမလုပ်နိုင်ဘူး၊ အလုပ်လုပ်ဖို့ နေနေသာသာ သူ... |
1,325,207 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ယခု သာသနာ့ရိပ်သာမှာ လာရောက်ပြီးတော့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ သဒ္ဓါတရားကလဲ ယုံကြည်လို့၊ အခုလို တရားနာနေတဲ့ ပုဂ္ဂိုလ်တွေဆိုတာ သဒ္ဓါတရားရှိလို့ လာတရားနာတာ၊ ယုံကြည်လို့ လာတာ၊ မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေက လာကို မလာနိုင်ဘူး၊ တရားနာဖို့ကို မလာနိုင်ဘူး၊ ယုံကြည်မှ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်က ယုံကြည်တဲ့အတွက် တရား နာတယ်၊ ... |
1,325,208 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တချို့ ပုဂ္ဂိုလ်တွေ တရားလုပ်ငန်းစဉ် မဝင်ခင်က အပြင်ကနေတော့ သာမန် ခပ်ပေါ့ပေါ့လောက် အောက်မေ့ရတယ်၊ တရားဝင်ပြီး အားထုတ်တဲ့ အခါကျတော့ တွေ့တာကိုး၊ တရားက သူက သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချကိုယ်တွေ့ မြင်နိုင်တဲ့တရားတဲ့၊ ကိုယ်တိုင်ကျင့်ယင် ကိုယ်တိုင်တွေ့တယ်တဲ့၊ မကျင့်ယင်တော့ မတွေ့ဘူး၊ ကျင့်မှပဲတွေ့တယ်၊ ကျင့်ကြည့်လို့ရှိယင်... |
1,325,209 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်တိုင်း ဖြစ်တိုင်းကလေးတွေ လိုက်ပြီးတော့ရှုနေယင် သမာဓိကလေးတွေ ဖြစ်ပြီးတော့ ဉာဏ်ဖြစ်လာတယ်၊ တော်တော်ကြာတော့ ရုပ်နာမ်တရားတွေ ကိုယ်တိုင် တွေ့တယ်၊ တခြားတပါး စိတ်တွေ ပျံ့လွင့်ပြေးသွားတာ ကကလေးတွေ၊ အဲဒါ ကလေး တွေလဲ တွေ့ရတယ်၊ ဒါလေးတွေ တွေ့ပြီးတော့ ဒါလေးတွေဟာ တော်တော်ကြာတော့ သိလာတယ်၊ စိတ်တွေ မပျံ့လွင့်ဘူး မှတ်ရတဲ့ အာရုံ၊ မှတ်သိ... |
1,325,210 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ခဏိက သမာဓိ |
1,325,211 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ▬▬▬▬▬▬ ရှုမိတဲ့ အာရုံကလေး အခိုက်အတန့် ကပ်ခနဲ ကပ်ခနဲ သိသွားတာ၊ အဲဒီ ခဏိက သမာဓိကလေး ဖြစ်လာတဲ့အခါမှာ သဒ္ဓါတရားတွေ တိုးတက်လာတယ်၊ ယုံကြည်လာတယ်၊ စောစောက ဒါတွေ မတွေ့ဖူးတာတွေ တွေ့လာတာကိုး ဆိုပြီးတော့ သဒ္ဓါတရားတွေ ဖြစ်လာတယ်၊ တော်တော် ကြာတော့ ရုပ်နဲ့နာမ်ကလေးတွေလဲ ကွဲလာတယ်၊ ခဏိကသမာဓိ ဖြစ်ယင် မကြာဘူး ရုပ်နာမ် ကလေးတွေ မှတ်ရတဲ့အာရုံ... |
1,325,212 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ ရုပ်နဲ့ နာမ် ၂-ခုရှိတယ်၊ ဒိပြင် ဘာမှမရှိဘူး ဆိုတာ ဒီကနေပြီးတော့ ရှင်းလာတာ အခြေခံပဲ၊ အဲဒီ နာမရူပပရိစ္ဆေဒကလေးက အချိုးကျမှ နောက်က ဉာဏ်တွေကလဲ အမှန်အတိုင်း ဖြစ်ရမှာ၊ ရှေ့က အချိုးမကျလို့ရှိယင် နောက်ဉာဏ်တွေ တက်ချင်တိုင်း တက်နေ မဖြစ်ပါဘူး၊ အဲဒီတော့ ရုပ်နဲ့နာမ်ကလေး ပိုင်းခြားပြီးတော့ သိလာတယ်၊ အဲဒီ ရုပ်န... |
1,325,213 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါကြောင့် တနေ့က မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိ ဆိုတာဖြစ်ပုံ တော်တော်လေး ပြောခဲ့ပါပြီ၊ သမ္မာဒိဋ္ဌိဆိုတာ သစ္စာလေးပါး တရားသိတဲ့ ဉာဏ်၊ အဲဒီသစ္စာ ၄-ပါး မှာလဲပဲ ဝိပဿနာ ရှုဆဲမှာ ဆိုယင်တော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ရှုပြီးတော့ သိတဲ့ဉာဏ်၊ အဲဒါကို ပွားများရတာပဲ၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို အာရုံပြုပြီးတော့ သိတဲ့ ဉာဏ်ကတော့ မဖြ... |
1,325,214 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | . ပုထုဇဉ် နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ အချိန် |
1,325,215 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | နိဗ္ဗာန်ဆိုတာက ပုထုဇဉ်ပုဂ္ဂိုလ်အနေနဲ့ အာရုံမပြုနိုင်ဘူး၊ အာရုံပြုနိုင်တဲ့ အချိန်ကလေး ရှိပါတယ်၊ ဘယ်အချိန်တုံး ဆိုတော့ အရိယမဂ် ရောက်ခါနီး ဂေါတြဘူဆိုတဲ့ စိတ်ကလေးရှိတယ်၊ မဂ်ရောက်တဲ့ အလှည့်မှာ ဝီထိစဉ်အားဖြင့် ပရိကံတဲ့၊ ဥပစာတဲ့၊ အနုလုံတဲ့၊ ဂေါတြဘူတဲ့၊ ရှေ့ကာမာဝစရစိတ်က ၄-ကြိမ်ကျတယ်၊ ကာမာဝစရစိတ် ဇော စိတ် ၄-ကြိမ်ကျတယ်၊ အဲဒီ ၄-က... |
1,325,216 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဂေါတြဘူ ဆိုတာကတော့ ရုပ်နာမ် သင်္ခါရတွေ ချုပ်ပြီးတော့ နိဗ္ဗာန် အာရုံထဲကို ပြေးဝင်သွား တယ်တဲ့၊ သူက အဲဒီအချိန်ကလေး ဂေါတြဘူ စိတ်ကလေး တကြိမ်မှာ ပုထုဇဉ်အဖြစ်နဲ့ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်၊ အာရုံပြုတယ် ဆိုပေမယ်လို့ နိဗ္ဗာန်ဆီကို ညွတ်ကိုင်းပြီးတော့ သွားတဲ့ သဘော ကလေးပဲ၊ ပိုင်ပိုင်နိုင်နိုင် သိတာ မဟုတ်ပါဘူး၊ အဲဒီ အချိန်ပဲ ရှိတ... |
1,325,217 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒိပြင်အချိန် အနေနဲ့ စောစောစီးစီးက နိဗ္ဗာန်အာရုံပြုတာ ကတော့ မဖြစ်နိုင်ဘူး၊ တခု မေးစရာရှိတယ်၊ ဒါဖြင့်ဗျာ အခု ကုသိုလ် ကောင်းမှုတွေ ပြုကြ၊ ဒါန သီလ ကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန် ရပါလို၏လို့ ဆုတောင်းနေတယ်၊ အဲဒီအခါမှာ နိဗ္ဗာန်ကို အာရုံပြုတာပဲ မဟုတ်လားလို့ မေးစရာရှိတယ်၊ ဒါကတော့ သာမညပဲ၊ ဒါကတော့ ဒါက နိဗ္ဗာန်အစ... |
1,325,218 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မဂ်ဆိုတာကတော့ ပုထုဇဉ် အဖြစ်နဲ့ အရိယမဂ်ကို ဘယ်လိုမှအာရုံ မပြုနိုင်ဘူး၊ မဂ်အာရုံ ပြုနိုင်တာက ဘယ်ကျမှတုံးဆိုယင် အောက်ထစ်ဆုံး အားဖြင့် သောတာပန် ဖြစ်ပြီးတော့မှ၊ အဲဒီတော့မှ ပစ္စဝက္ခဏာနဲ့ ပြန်ဆင်ခြင်တယ်၊ အဲဒီမှ အာရုံပြုနိုင်တယ်၊ အဲဒီက နောက်တော့ ကိုယ်ရပြီးသား မဂ်ကို ဘယ်အချိန်မဆို အာရုံပြုနိုင်ပါတယ်၊ ဒါက ကိုယ်ရပြီးသား အမွေ၊ သူမ... |
1,325,219 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခသစ္စာရှု |
1,325,220 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု ဒီမှာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်းတွေရှုနေတာ၊ ဘာတွေတုံး ဆိုယင် များသောအားဖြင့် ဒုက္ခသစ္စာတွေ ရှုနေတာပဲ၊ နှစ်သက် သာယာမှု ကလေးတွေ ဖြစ်တဲ့အခါ ရှုယင် ဒါသမုဒယ သစ္စာလို့ ဆိုရမှာပေါ့၊ နှစ်သက်သာယာမှု ကလေးတွေလဲ တခါတရှုရတယ်၊ သမုဒယသစ္စာ ကို ရှုတယ်လို့ပဲ ဆိုရမှာပေါ့၊ မြင်တိုင်း ကြားတိုင်း ဒွါ... |
1,325,221 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခံ အရိယသစ္စံ၊ အရိယာတို့ သိအပ်သော ဆင်းရဲ အစစ်အမှန် တရားသည်။ |
1,325,222 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခသစ္စာတရားတွေဟာ ဘယ်ဟာလဲဆိုယင် - |
1,325,223 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဉ္စုပါဒါနက္ခန္ဓာ တိဿဝစနီယံ။ |
1,325,224 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဉ္စုပါဒါနက္ခန္ဓာ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည်။ |
1,325,225 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခသစ္စာဟာ ဥပါဒါနက္ခန္ဓာ ငါးပါးပဲ၊ ဥပါဒါနက္ခန္ဓာ ဆိုတာလဲ ခဏ ခဏ ဟောနေတာ၊ အဲဒါ မြင်တိုင်း ကြားတိုင်း ထင်ရှားနေတဲ့ တရားတွေပဲ၊ မြင်ခိုက်မှာ ထင်ရှားတဲ့ တရား ဥပါဒါနက္ခန္ဓာငါးပါး၊ ကြားခိုက်မှာ ထင်ရှားတဲ့တရား ဥပါဒါနက္ခန္ဓာ ငါးပါး၊ နံခိုက်, စားခိုက်မှာ ထင်ရှားတဲ့တရားဟာ ဥပါဒါနက္ခန္ဓာငါးပါး၊ တွေ့ထိခိုက်မှာ ထင်ရှားတဲ့တရား ဥပါဒါန... |
1,325,226 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဒုက္ခသစ္စာတရား တွေရှုတော့ ပထမရှေးဦးစွာ ခုနက ပြောခဲ့တဲ့အတိုင်း သဘောတရား အမှန် ကလေးတွေ သိတယ်၊ သမာဓိဉာဏ် ရင့်လာတဲ့ အခါကျတော့ အဖြစ်အပျက် ကလေးတွေ အစနဲ့အဆုံးနဲ့ ပိုင်းခြားပြီးတော့ သိတယ်၊ အနိစ္စ၊ မမြဲဘူးဆိုတာ သိတယ်၊ ဒီမှာ သူ့ဟာ ဉာဏ်ဖြစ်တာ၊ ဒါက ကိုယ်ပိုင်ဉာဏ်၊ စာနဲ့ကျက်ပြီးတော့ မှတ်ထားတာ မဟုတ်ဘူး၊ ရှုယင်း ရှုယင်းနဲ့ ပျောက... |
1,325,227 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ မမြဲတဲ့တရားပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ သိရတယ်၊ ဆရာသမားတွေက ဟောနေဖို့မလိုဘူး၊ သူ့ဟာသူသိတယ်၊ ကိုယ်ထဲမှာ ဝေဒနာကလေးတွေ ဖြစ်တယ်၊ ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတာလေးတွေ ဖြစ်တယ်၊ အဲဒါလေးတွေလဲ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မှတ်တော့ ပျောက်ပျောက် သွားတာ တွေ့ရတော့ မမြဲတဲ့ တရားတွေပဲဆိုတာ တွေ့ရတယ်၊ အဲဒီလိုပဲ ရှုတိုင်းမှတ... |
1,325,228 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါ ဘုန်းကြီးက ဆောင်ပုဒ်ပေးထားတယ်၊ ဒါ အရေးကြီးတယ်၊ ရှုမှတ်ဆဲသိရမှာ၊ ကိုယ့်ဟာကိုယ် စိတ်ကူးစဉ်းစား ကြံစည် ပြီးတော့ သဘောပေါက် နေတာတွေ၊ အဲဒါတွေ မဟုတ်သေးဘူး၊ ရှုယင်း မှတ်ယင်းကို ပျောက်ပျောက် သွားတာတွေ့မှ မမြဲဘူးလို့ ဒီလိုသိမှ ဝိပဿနာဉာဏ် ခေါ်တယ်၊ ဆိုရမယ်။ |
1,325,229 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှုမှတ်ဆဲတွင် ပေါ်လာပြီးနောက်၊ ပျောက်သွားတာကို တွေ့ရ၍ မမြဲဟု သိတာက၊ အနိစ္စာနုပဿနာဉာဏ်။ |
1,325,230 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စာနုပဿနာ ဆိုတာ ပေါ်ပြီးလို့ ပျောက်သွားလို့ မမြဲဘူးလို့ ကိုယ်ပိုင်ဉာဏ်နဲ့သိမှ အနိစ္စာနုပဿနာဉာဏ် လို့ခေါ်တယ်၊ ခုနက ပထမကပြောခဲ့တဲ့ သညာပြောင်းတာ မျိုးလေး မဟုတ်သေးဘူး၊ သညာပြောင်းယင် သညာပဲ ဖြစ်နေမှာ၊ ပညာ မဟုတ်ဘူး၊ ပညာနဲ့သညာက တခြားစီပဲ၊ သညာ ဆိုတာကတော့ကို သင်ပေးထားတဲ့အတိုင်း သူမှတ်မိပြီးတော့ သိနေတာကို ဒါ သညာ ခေါ်တယ်၊ ပညာက... |
1,325,231 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စဿ အနုပဿနာ အနိစ္စာနုပဿနာ။ |
1,325,232 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စဿ၊ မမြဲသော တရားကို။ |
1,325,233 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပဿနာ၊ ရှုသောသိမြင်သော သဘောသည်။ |
1,325,234 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စာနုပဿနာ၊ အနိစ္စာနုပဿနာ မည်၏။ |
1,325,235 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စ-မမြဲတဲ့ သဘောရှုတာ၊ သိမြင်တာတဲ့၊ တနည်းအားဖြင့် - |
1,325,236 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စန္တိ အနုပဿနာ အနိစ္စာနုပဿနာ။ |
1,325,237 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စန္တိ၊ မမြဲဟူ၍။ |
1,325,238 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနုပဿနာ၊ ရှုမြင်သိမြင်သော သဘောသည်၊ အနိစ္စာနုပဿနာ၊ အနိစ္စာနုပဿနာ မည်၏။ |
1,325,239 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စ အမြဲဘူးလို့ ဒီလိုသိမြင်သွားတာကို အဲဒါဟာ ဘယ်လိုမြင်ရမလဲဆိုယင် အနိစ္စလက္ခဏာ ကလေးက ဘာတုံးဆိုယင် အနိစ္စလက္ခဏာလေးဆိုတာ- |
1,325,240 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဟုတွာ အဘာဝါကာရော အနိစ္စလက္ခဏာ။ |
1,325,241 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဘာဝါကာရော၊ မရှိသော အခြင်းအရာသည်။ |
1,325,242 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အနိစ္စလက္ခဏာ၊ အနိစ္စလက္ခဏာ မည်၏။ |
1,325,243 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်ပေါ်ပြီးတော့ မရှိပဲနဲ့ ဖြစ်သွားတာတဲ့၊ ပျောက်သွားတာတဲ့၊ ဒါအနိစ္စ လက္ခဏာပဲတဲ့၊ အနိစ္စကို မှတ်သားရခြင်းရဲ့ အထိမ်းအမှတ်ပဲတဲ့၊ မမြဲဘူးလို့ မှတ်သားရခြင်းရဲ့ အထိမ်းအမှတ်၊ ရုပ်နာမ် တရားတွေကို မမြဲဘူးလို့ ဘာကြောင့် ခေါ်ရသလဲဆိုယင် ပျောက်သွားလို့တဲ့၊ ဟုတွာ၊ ဖြစ်ပေါ်ပြီး၍။ |
1,325,244 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဘာဝါကာရော၊ မရှိသော အခြင်းအရာ ပျောက်သွားသော။ |
1,325,245 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်ပေါ်လာပြီး အစက မရှိသေးဘူး၊ မရှိသေးတဲ့တရား ဗြုန်းကနဲ ဖြစ်လာတယ်။ |
1,325,246 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပမာအားဖြင့် မိုးရွာတဲ့အခါမှာ လျှပ်ရောင်ကလေးများ လက်လာသလို၊ လျှပ်ရောင် ကလေးဟာ အစက မရှိသေးဘူး၊ အသစ်ပေါ်လာတယ်၊ လက်ခနဲပေါ်လာတယ်၊ ပေါ်လာပြီးနောက် သူမရှိတော့ဘူး၊ အဲဒီလိုဟာ ပေါ်ပြီးတော့ ပျောက်သွားတယ်၊ အခုမြင်တာတွေ၊ ကြားတာတွေ၊ အဲဒီလိုဟာ ပေါ်ပြီးတော့ ပျောက်သွားတယ်၊ အခုမြင်တာတွေ၊ ကြားတာတွေ၊ နံတာ, စားတာတွေ, တွေ့ထိ တာတွေ၊ ဒါတွေဟာ... |
1,325,247 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကိုင်း ဆိုရအုံးမယ်၊ ဒါလေး ရသွားအောင်။ |
1,325,248 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှုမှတ်ဆဲတွင် ပေါ်လာပြီးနောက် ပျောက်သွားတာကို တွေ့ရ၍၊ မမြဲဟု သိတာက အနိစ္စာနုပဿနာဉာဏ်။ |
1,325,249 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြင်တိုင်း ကြားတိုင်း ดွါရ ၆-ပါးက ပေါ်လာတိုင်း, ပေါ်လာတိုင်းတွေကို လိုက်ပြီး ရှုယင်း ရှုယင်းနဲ့ ပျောက်ပျောက် သွားတာ ကလေးတွေကို တွေ့လိမ့်မယ်တဲ့၊ ယောဂီပုဂ္ဂိုလ်တွေ၊ အားထုတ်ပြီးသား ပုဂ္ဂိုလ်တွေ၊ ယောဂီဟောင်းတွေက များတယ်၊ တွေ့ပြီးသားတွေပါ၊ မတွေ့သေးတဲ့ ပုဂ္ဂိုလ်တွေလဲ အခုအားထုတ်ယင် တွေ့မှာပဲ၊ မှတ်သာမှတ်နေ၊ ပေါ်တိုင်း ပေါ်တိုင... |
1,325,250 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီအတိုင်းပဲ ဒီလိုဖြစ်ခိုက်ကို မရှုပဲနဲ့ အနိစ္စ ဖြစ်အောင်လို့ တွေးရတာကတော့ တယ်မလွယ်ဘူး၊ ဉာဏ်နဲ့ တော်တော်ကူရတယ်၊ ဟိုမှာ မီးနဲ့ရှို့ကြည့်ရ၊ ကြိတ်ချေ ကြည့်ရ၊ ဘာလုပ်ကြည့်ရ၊ အလုပ်တွေ အင်မတန်များတယ်၊ တချို့ ဝိပဿနာတရား တွေ ဒီလို ဟောတာပဲ၊ အမျိုးမျိုး ကိရိယာ တန်ဆာတွေနဲ့ ဖျက်ကြည့်လိုက်၊ ဘာလုပ်ကြည့်လိုက်၊ ကြိတ်ချေကြည့်လိုက်၊ ပြာချ... |
1,325,251 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီဟာတွေ ကိရိယာ တန်ဆာပလာတွေ ချဲ့နေရတာ။ |
1,325,252 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဖြစ်တိုင်း ဖြစ်တိုင်းကလေးတွေ လိုက်ပြီးတော့ ရှုရှုနေလို့ရှိယင် ဘာမှ မကျန်စေရဘူး၊ ရှုနေတာနဲ့ ဟိုကရှုယင်း ရှုယင်း ပျောက်လိုက် နေတာ၊ ရှုတဲ့စိတ်ကလေးတွေလဲ ရှုပြီးပျောက်တာပဲ၊ တည်နေတာ မဟုတ်ဘူး၊ ရှုလိုက် ပျောက်လိုက်၊ မှတ်လိုက် ပျောက်လိုက်၊ မှတ်လိုက်ပျောက်လိုက် မရှိဘူး၊ မရှိပဲနဲ့ ပျောက်ပျောက် သွားတာ ကလေးတွေ၊ အဲဒါ မမြဲတာပဲ၊ အဲဒီ ... |
1,325,253 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | လောကကြီးမှာ ရုပ်နာမ်တွေ ရှိနေတာ ဘယ်တုန်းကရယ်လို့ မပြောတတ်ဘူး၊ အနမတဂ္ဂ သံသရာအစ မထင်ဘူးဆိုတဲ့ ရှေးကလဲ ဖြစ်ပျက်နေတယ်တဲ့၊ ရုပ်နာမ်တွေချည်းပဲ၊ ဘယ်တော့ကမှ မမြဲခဲ့ဘူး၊ ဒါပေမယ်လို့ မရှုတဲ့ပုဂ္ဂိုလ်တွေမှာ မြဲနေတယ်၊ ဖြစ်ခိုက် ကလေးတွေ လိုက်ရှုတဲ့ ပုဂ္ဂိုလ်မှာ မမြဲတာ အမှန်အတိုင်း သိတယ်၊ ဒီတော့ မြဲနေတဲ့ တရားတွေကို ရှုယင်း ရှုယင်းနဲ... |
1,325,254 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပထမတုန်းက အမြဲတမ်း တည်နေတယ်လို့ ကိုယ့်စိတ်ထဲက ထင်နေတယ်၊ စာပေ ကျမ်းဂန်တွေက ခဏမစဲ ဖြစ်ပျက်နေတယ်လို့ ပြောပါတယ်၊ ဘုရားကို အားနာလို့ ယုံပါရဲ့လား ဆိုပါတော့၊ ဆရာသမားတွေ အားနာလို့ ယုံပါရဲ့၊ ယုံနေရတာ၊ အားနာပါးနာနဲ့ ယုံနေရတာ၊ ကိုယ့်စိတ်ထဲက ထင်တာကတော့ တည်နေတယ်လို့ပဲ ထင်နေတယ်၊ အဲဒါကတော့ အမှန်မမြင်သေးဘူး၊ အမြင်မှန် မဟုတ်သေးဘူး၊ အခု... |
1,325,255 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခေ ဉာဏံ၊ ဒုက္ခေ၊ သစ္စာတရား၌။ |
1,325,256 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဉာဏံ၊ အမှန်အတိုင်းသိသောဉာဏ်။ |
1,325,257 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒုက္ခသစ္စာတရားကို အမှန်အတိုင်း သိတာတဲ့၊ မြင်ရာက ဖြစ်ဖြစ်၊ ကြားရာက ဖြစ်ဖြစ်၊ နံရာ, စားရာ, တွေ့ထိရာက ဖြစ်ဖြစ်၊ ကွေးရာ, ဆန့်ရာက ဖြစ်ဖြစ်၊ လှုပ်ရှားရာက ဖြစ်ဖြစ်၊ ဖောင်းရာ, ပိန်ရာက ဖြစ်ဖြစ်၊ စိတ်ကူးစဉ်းစား ကြံစည်တာပဲ ဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ်၊ မှတ်တိုင်း မှတ်တိုင်းဟာ မှတ်ရာက နေပြီးတော့ ပေါ်ပြီး ပျောက်သွားလို့ မမြဲဘူး၊ ပေါ်ပြ... |
1,325,258 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိဖြစ်ယင် ကျန်မဂ္ဂင်ခုနစ်ပါးလဲဖြစ် |
1,325,259 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိဖြစ်ယင် သမ္မာသင်္ကပ္ပတွေက တခြား လုပ်ရအုံးမှာလား ဆိုတော့ မလုပ်ရပါဘူး၊ သမ္မာဒိဋ္ဌိဖြစ်ယင် သမ္မာသင်္ကပ္ပလဲ ဖြစ်တယ်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတွေလဲ ဖြစ်တယ်၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတွေလဲ အကုန်လုံးပဲ ဖြစ်ပါတယ်၊ ဒါပေမယ်လို့ ဒေသနာကတော့ တခုချင်း ဟောမှ၊ လုံးဟောလို့ မဖြစ်ဘူး၊ ဘာပြုလို့ တပေါင်းတည်း ဖြ... |
1,325,260 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကြောင့်ကြ စိုက်ပေးတော့ အမှတ်ရမှု သတိကလေးလဲရှိတယ်၊ မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့ သတိကလဲ မဖြစ်ပဲကို မနေနိုင်ဘူး၊ ဖြစ်ရမှာ၊ သူကမှတ်ရာမှာ သတိကလေး က ဖြစ်ရမယ်၊ မှတ်ရတဲ့ သတိက သမ္မာသတိမဂ္ဂင်တဲ့။ |
1,325,261 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှတ်ရတဲ့ အာရုံကလေးမှာ တည်ကြည်သွားတယ်၊ အခိုက်အတန့် အားဖြင့် မှတ်ရတဲ့ အာရုံနဲ့ မှတ်စိတ်နဲ့ ကပ်ခနဲကပ်ခနဲ တည်သွားတာဟာ ခဏိကသမာဓိကလေး၊ သူက သမ္မာသမာဓိမဂ္ဂင် တဲ့။ |
1,325,262 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ရုပ်နာမ် တရားတွေ၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေ အမှန်အတိုင်းကို သိအောင်ဟာ စိတ်ညွတ်တဲ့ သဘောကလေး ရှိတယ်၊ မှန်တဲ့ အာရုံကလေးကို စိတ်က တန်းခနဲ တန်းခနဲ သွားတာ၊ တခြားဘက်ကို မလှည့်ဘူး၊ ရုပ်နာမ်တရား၊ ရုပ်နာမ်တရား အတိုင်း ပုဂ္ဂိုလ်သတ္တဝါ အနေလို့ သူကမလှည့်ဘူး၊ မမြဲတာမမြဲတဲ့ အတိုင်းပဲ၊ သူက အမှန်အတိုင်း ရှုဖို့ရာ စိတ်ညွတ်ပြီးတေ... |
1,325,263 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပကတိ ကြံစည်တာတွေလဲ ဒီအတိုင်းပဲ၊ ပကတိအားဖြင့် ကာမဝိတက်တို့၊ ဗျာပါဒဝိတက်တို့၊ ဝိဟိံသဝိတက်တို့ ဆိုတာတွေကို ကြံနေတာတွေ ရှိတယ်၊ ကာမဝိတက် ဆိုတာ ကာမဂုဏ် အာရုံတွေပေါ့လေ၊ ဒါတွေကြံနေတာ၊ အဲဒါ ဝိတက်က နေပြီး ဆွဲခေါ်သွားတာ၊ စိတ်တွေကို ဟိုမှာ ကာမအာရုံတွေဆီ ခေါ်ခေါ် သွားတယ်၊ မခေါ်ပါနဲ့လို့ ပြောလို့မရဘူး၊ သူက မတော်တာတွေ လျှောက်ပြီး စိတ... |
1,325,264 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | စိတ်ဆိုးနေတဲ့ အခါတွေကျတော့ စိတ်ဆိုးစရာ အာရုံနဲ့ ဗျာပါဒတွေ ဖြစ်နေတယ်၊ ဗျာပါဒတွေ သက်ရှိသက်မဲ့ အာရုံတွေကို ပျက်စီးစေလိုတဲ့ သဘောတွေနဲ့ သွားပြီး တိုက်ခိုက်နေတယ်၊ ခဏခဏ သွားပြီးတော့ ခလုတ်တိုက်နေသလိုပဲ၊ သွားသွား တိုက်နေတာ အဲဒီမှာလဲ ဗျာပါဒ ဝိတက်ကနေပြီး ဆွဲသွားတာ၊ စိတ်ကူးက စိတ်ဟာ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှုတွေ များလေလေ အဲဒီအက... |
1,325,265 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိဟိံသဝိတက် ဆိုတာလဲပဲ တဖက်သား ဆန့်ကျင်ဘက် ပုဂ္ဂိုလ်ကို ညှဉ်းဆဲဖို့, နှိပ်စက်ဖို့, ဖျက်ဆီးဖို့ ကို သူကလဲ ကြံနေတယ်၊ အဲဒါ ဝိဟိံသဝိတက်။ |
1,325,266 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ အခုရှုမှတ်တဲ့ အခါကာလကျတော့ အမှန်အတိုင်း သိဖို့ရာ ရုပ်နာမ် အဖြစ်အပျက် အမှန်တရား တွေဆီကို ဦးတည်ပြီးတော့ သူက တက်တက် သွားတယ်၊ လာကြဟေ့လို့ ဆွဲခေါ် သွားသလိုပဲ၊ ဒါကြောင့် အာရမ္မဏာဘိ နိရောပနလက္ခဏာ ရှိတယ်တဲ့။ |
1,325,267 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အာရမ္မဏာဘိနိရောပနလက္ခဏာ၊ အာရုံသို့ သမ္ပယုတ် တရားတို့ကို တင်ပေးခြင်း လက္ခဏာ ရှိသည်။ |
1,325,268 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြတင်းပေါက်က လူပမာ ဝိတက္ကာ |
1,325,269 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္ပယုတ်တရားတွေကို အာရုံပေါ် တက်သွားအောင် ဆွဲတင် လိုက်သလိုပဲတဲ့၊ တနည်းအားဖြင့် လူတဦးက အိမ်တို့, တိုက်တို့ အခန်းထဲမှာ နေနေတယ်၊ လူတယောက်က ပြတင်းပေါက်က နေပြီးတော့ လမ်းဘက်ကို မျက်နှာမူပြီးတော့ ကြည့်နေတယ်၊ လမ်းက ဖြတ်သန်းသွားလာတဲ့ လူတွေကို ပြတင်းပေါက်က ကြည့်နေ တဲ့လူက မြင်တယ်၊ မြင်တော့ သူကပြောတယ်၊ ဟေ့-ဟိုက မော်တော်ကားတစင်း လာ... |
1,325,270 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရှုတိုင်း မဂ္ဂင်ရှစ်ပါး ဖောင်ဖွဲ့ |
1,325,271 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါလိုပဲ၊ ဝိတက်ဆိုတဲ့သဘောက သူနဲ့ယှဉ်ဘော်ယှဉ်ဘက် ဖြစ်တဲ့စိတ် စေတသိက်တွေကို အာရုံပေါ်ကို တင်ပေးခြင်း သဘောလေးပဲ၊ ကြံစည်ခြင်း သဘော ဆိုတာ အခုဝိပဿနာ ရှုမှတ်ရာမှာလဲ ဒီအတိုင်းပဲ၊ တမင်တကာ နဖူးလက်တင် အကြာကြီးတော့ စဉ်းစားနေရတာ မဟုတ်ဘူး၊ ဒီမှာတော့ ရှုယင်းရှုယင်း တခါတည်း ရုပ်နာမ် အဖြစ်အပျက် တရားကလေးတွေကို အမှန်အတိုင်း သဘောကလေးတွေ ... |
1,325,272 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မှတ်တိုင်း မှတ်တိုင်း သူက ရှေ့က တက်သွားတယ်၊ သူက တက်သွားတော့ သမ္မာဒိဋ္ဌိက အမှန် အတိုင်း မြင်လိုက်တယ်၊ နောက်ကနေပြီး ဖြစ်ယင်ဖြစ်တဲ့ သဘော၊ ပျက်ယင် ပျက်တဲ့ သဘောကို၊ မမြဲဘူး ဆိုယင်လဲ မမြဲတဲ့ သဘောတရားအတိုင်း နောက်ကနေပြီး ဆုံးဖြတ်ချက်ချ လိုက်နေတယ်၊ အဲဒါ သမ္မာဒိဋ္ဌိဖြစ်တယ်။ |
1,325,273 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ သမ္မာဝါယာမက အားထုတ်ပေးလို့၊ သမ္မာသတိက အမှတ်ရတယ်၊ အမှတ်ရတော့ သမ္မာသမာဓိက စူးစိုက် တည်ကြည်တယ်၊ စူးစိုက်တည်ကြည်တဲ့ အာရုံပေါ်မှာ သမ္မာသင်္ကပ္ပက ရှေးဦးစွာ တက်တယ်၊ သမ္မာဒိဋ္ဌိက နေပြီးတော့ အမှန်အတိုင်း မြင်တယ်၊ မဂ္ဂင် ၅-ပါး တပြိုင်တည်းဖြစ်တာ။ |
1,325,274 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အမှတ် တမှတ်မှာ ဒီ ၅-ပါး အကုန်လုံး ပါတယ်၊ မှတ်တိုင်း မှတ်တိုင်း ကြောင့်ကြစိုက်မှု ကလေးကလဲ ရှိတာပဲ၊ အမှတ်ရမှုလဲ ရှိတာပဲ၊ မှတ်ရာ အာရုံကလေးကို ကပ်ကနဲ ကပ်ကနဲ တည်သွားတဲ့ သဘောကလေးလဲ ရှိတာပဲ၊ မှတ်ရာ အာရုံဆီကို တက်သွားတဲ့ သဘောလေး ရှိတာပဲ၊ မှတ်ရတဲ့ အာရုံကလေးတွေ အဖြစ်အပျက် ကလေးတွေ ဖြစ်ပြီးပျောက်သွားလို့ မမြဲဘူးဆို တာ သိသွားတာလေးတ... |
1,325,275 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီမဂ္ဂင်တရား ၅-ပါးဖြစ်ယင် သမ္မာဝါစာ၊ သမ္မာကမ္မန္ထ သမ္မာအာဇီဝ ဆိုတဲ့ မဂ္ဂင် ၃-ပါးကလဲ စောစော ကတည်းက သီလ ဆောက်တည်ထားလို့ ပြည့်စုံနေပါပြီတဲ့၊ ဒီတော့ ဒီ ၃-ခုနဲ့ ပေါင်းလိုက်လို့ရှိယင် မဂ္ဂင်ရှစ်ပါးတရား ဖြစ်တယ်၊ ဝိပဿနာ ရှုနေတဲ့ပုဂ္ဂိုလ်တွေဟာ တခါမှတ်လိုက်၊ မဂ္ဂင်ရှစ်ပါးတရား တည်းဟူသော ဖောင်တခါ ဖွဲ့လိုက်၊ တခါမှတ်လိုက် ဖောင်တခါဖွ... |
1,325,276 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုလ္လန္တိ ခေါ ဘိက္ခဝေ အရိယဿေတံ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိယာ သမ္မာသင်္ကပ္ပဿ သမ္မာဝါစာယ သမ္မာကမ္မန္တဿ သမ္မာအာဇီဝဿ သမ္မာဝါယာမဿ သမ္မာသတိဿ သမ္မာသမာဓိဿ။ |
1,325,277 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (နှာ- ၃၈၃) ဘိက္ခဝေ၊ ရဟန်းတို့။ |
1,325,278 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကုလ္လန္တိ ခေါ ဧတံ၊ ဖောင်ဟူသော ဤအမည်သည်၊ အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော။ |
1,325,279 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါး တရားသည်။ |
1,325,280 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သေယျထိဒံ၊ အဘယ်နည်းဟူမူကား။ |
1,325,281 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိ၏။ |
1,325,282 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသင်္ကပ္ပဿ၊ သမ္မာသင်္ကပ္ပ၏။ |
1,325,283 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါစာယ၊ သမ္မာဝါစာ၏။ |
1,325,284 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာကမ္မန္တဿ၊ သမ္မာကမ္မန္တ ၏။ |
1,325,285 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာအာဇီဝဿ၊ သမ္မာအာဇီဝ၏။ |
1,325,286 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာဝါယာမဿ၊ သမ္မာဝါယာမ၏။ |
1,325,287 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသတိဿ၊ သမ္မာသတိ၏။ |
1,325,288 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမ္မာသမာဓိဿ၊ သမ္မာသမာဓိ၏။ |
1,325,289 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ မဂ္ဂင်ရှစ်ပါး တရားဟာ ဖောင်ပဲတဲ့၊ ရှုတိုင်း ရှုတိုင်းဟာ မဂ္ဂင်ရှစ်ပါးတရား ဖောင်ဖွဲ့နေတာ၊ ဒီဖောင်ဖွဲ့နေတာ ခုနက ပြောခဲ့တဲ့အတိုင်း သဒ္ဓါတရား တည်းဟူသော လက်ရှိလို့လဲ ဖွဲ့နိုင် ကြတယ်၊ သဒ္ဓါတရား ကောင်းတဲ့ ပုဂ္ဂိုလ်တွေမှလဲ ရှုနိုင် မှတ်နိုင်တာပဲ၊ သဒ္ဓါတရား ကောင်းတော့ သီလကလဲ စင်ကြယ်တယ်၊ သီလစင်ကြယ် တော့ သီလတည်းဟူသော ခြေလဲရှိ... |
1,325,290 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အမှန်အတိုင်းမြင် |
1,325,291 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတော့ သမ္မာဒိဋ္ဌိဆိုတာ အခု အမှန်အတိုင်း မြင်ပုံ၊ ဒုက္ခသစ္စာ တရားတွေ မှတ်တိုင်း မှတ်တိုင်း အနိစ္စ အမှန်အတိုင်း မြင်သည်၊ အနိစ္စမြင်ယင် ဒုက္ခလဲပဲ မြင်ပါတယ်၊ ဖြစ်ပြီး ပျက်သွားလို့ မမြဲဘူးသိယင် ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲချည်းထဲပဲ၊ ဘာမှ နှစ်သက် စရာ သာယာစရာ မဟုတ်ဘူး၊ ပကတိကတော့ မြဲတယ်, တည်နေတယ် အောက်မေ့လို့ အကောင်းမှတ်နေတာ... |
1,325,292 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပြီးတော့ သူ့ဟာသူဖြစ် သူ့ဟာသူပျက်နေတော့ ဘယ်သူကမှ ဖြစ်အောင်လုပ်လို့ မဖြစ်၊ မပျက်အောင် လုပ်လို့လဲပဲ တားလို့မရ၊ အဖြစ်အပျက်တွေကို တွေ့နေတာပဲ၊ သူ့ဟာ သူဖြစ် သူ့ဟာသူ ပျက်သွားတာပဲ၊ မဖြစ်ပါစေနဲ့လို့ တောင့်တလို့ မရဘူး၊ မပျက် ပါစေနဲ့လို့လဲ တောင့်တလို့ မရဘူး၊ ဘယ်ဟာမှ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ အဲဒီတော့ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်န... |
1,325,293 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တခါ ရှုမှတ်ယင် လက္ခဏာ ၃-ပါး တခုချင်းသိ |
1,325,294 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သို့သော်လဲ တခါမှတ်တဲ့ အချိန်မှာ အနိစ္စတခုယင်လဲ သိမယ်၊ ဒုက္ခ တခုယင်လဲ သိမယ်၊ အနတ္တတခုယင်လဲ သိမယ်၊ အဲဒီလို တခုချင်းပဲ သိမယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ တပြုံလုံး စုပြီးတော့ သိတာတော့ မဟုတ်ဘူး၊ ဒီလိုသိလို့ မဖြစ်ဘူး၊ သာမည ပြောတဲ့အခါတော့ လုံးရိုက်ကြီးပဲ နှလုံးသွင်းလို့ ပြုလို့ရပါတယ်၊ ဒါပေမယ်လို့ တကယ် တရားအားထုတ်တဲ့အခါ သိတာကတော့ တခ... |
1,325,295 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီအနိစ္စ, ဒုက္ခ, အနတ္တတွေ ရှုယင်း ရှုယင်း မြင်နေတာဟာ ဒါအမှားလား အမှန်လားဆိုယင် အမှန်တွေတဲ့၊ မရှုလို့ မသိတာ ရှုယင် သိမယ်၊ အနိစ္စ မမြဲတာလဲ ဟုတ်တယ်၊ ဒုက္ခ - ဆင်းရဲ ဆိုတာလဲ ဟုတ်တယ်၊ အနတ္တ - ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရား ဆိုတာလဲ ဟုတ်တယ်၊ အဲဒီ အမှန်တွေကို မြင်လို့ သမ္မာဒိဋ္ဌိ မှန်စွာမြင်ခြင်း၊ ဒါက ဝိပဿနာက မြင်တာနော်။ |
1,325,296 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဝိပဿနာ မြင်တာတွေဟာ အစဉ်အတိုင်း မြင်သွားလို့ အဲဒီ အနိစ္စ, ဒုက္ခ, အနတ္တ အစအဆုံး မြင်တာ သမ္မသနဉာဏ်ပဲ ရှိသေးတယ်၊ သမ္မသနဉာဏ်ထက် အားကောင်း တဲ့ ဥဒယဗ္ဗယ အဖြစ်အပျက်ကို မြင်တယ်၊ အရောင်အလင်း ပီတိ၊ ပဿဒ္ဓိတွေ မြင်တယ်၊ အဲဒါတွေဟာ တယ်လဲ ဝမ်းသာစရာ ကောင်းပါတယ်၊ ယောဂီတွေ ခဏခဏလဲ တွေ့ပါတယ်၊ ဒီနေရာ ရောက်သွားလို့ ရှိယင်လဲ ဟန်ကျပြီ၊ အဲဒီ... |
1,325,297 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘင်္ဂဉာဏ်ရောက်ယင် ပုံသဏ္ဌာန် မရှိ |
1,325,298 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဥဒယဗ္ဗယဉာဏ် ပြီးယင် ဘင်္ဂဉာဏ်ဆိုတာ အင်မတန် ကောင်းပါတယ်၊ မှတ်တိုင်းမှတ်တိုင်း အာရုံကလေးတွေဟာ ပျောက်တာပဲ တွေ့ရတယ်၊ ပုံသဏ္ဌာန် အထည်ဒြပ် မရှိဘူး၊ တချို့ ပုဂ္ဂိုလ်တွေကတော့ ဖောင်းတယ် ပိန်တယ်၊ ကွေးတယ် ဆန့်တယ်၊ ကြွတယ် လှမ်းတယ် ချတယ်၊ မှတ်နေတယ်လို့ ကြားတော့ တချို့ ပုဂ္ဂိုလ်တွေက သူတို့က ရယ်စရာ အောက်မေ့နေတယ်၊ ဖောင်းတယ် ပိန်တ... |
1,325,299 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သမိဉ္စိတေ၊ ကွေးသည်ရှိသော်။ |
1,325,300 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပသာရိတေ၊ ဆန့်သည်ရှိသော်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.